ဒီကနေ့  အောက်ဗိုလ်တဲနဲ့ ချောက်ကမ်းပါးကြားမှာ နအဖဘက်က စစ်ကူတက်လာတဲ့   စစ်ယာဉ်တန်းကို ဒီကေဘီကေဘက်မှ တိုက်ခိုက်တဲ့အတွက် စစ်ကားတစီး   ချောက်ထဲထိုးကျသွားတယ်လို့ ကြားသိရပါတယ်။
စစ်ယာဉ်တန်းတွေဟာ  ဖလူးစစ်သေသအတွက် စစ်ကူလိုက်လာတဲ့ စစ်ကားတွေဖြစ်ပြီး  ချောက်ထဲထိုးကျ  သွားတဲ့ စစ်ကားထဲမှာ နအဖ စစ်သား ၂၀ လောက်ပါသွားတယ်လိုလဲ  သိရှိရပါတယ်။
ဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီ  မြဝတီမြို့ခံတွေကို မေးမြန်ကြည့်ရာ  စစ်ယဉ်တန်းကို  မိုင်းခွဲတိုက်ခိုက်တာတော့ ကြားသိရတယ်လို့ ပြန်ပြောပြပါတယ်။   အခြားအသေးစိတ်တွေတော့ သူတို့မသိဘူးလို့လဲ ပြောပါတယ်။
ဒီနေ့ထိ  ဖလူးစစ်ဒေသနဲ့ ဝေါ်လေစစ်ဒေသတို့မှာ လက်နက်ကြီးများနဲ့   ပစ်ခတ်တိုက်ခိုက်မှုတွေ အမြဲလိုလိုရှိ နေပြီး ဒီနေ့ နေ့လည်မှာ ဖလူးဘက်ကနေ   လေးဒေးစခန်းဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှု တွေ ရှိခဲ့ပါတယ်။
တဆက်တည်းမှာပဲ  ဒီကေဘီအေ ဗိုလ်မှူးမူဆေး ဦးဆောင်တဲ့ တပ်ဖွဲ့တွေနဲ့  ကေအန်ယူ တပ်ရင်း ၁၈  တို့ ပူးပေါင်းအင်အားဟာ ကော့ကရိတ်မြို့နယ်  လမ်းဖါးရွာအနီးမှာ စကခ ၅  လက်အောက်ခံတပ်တွေကို ဝင် ရောက်  တိုက်ခိုက်ခဲ့ပါတယ်။ ကျိုက်ဒုံမြို့နယ်  ရှိုထရွာအနီးမှာလည်း ဒီကေဘီအေ  ဗိုလ်မောင်ပိန်နဲ့ ဗိုလ်ပိဒါး ဦးဆောင်တဲ့  တပ်ဖွဲ့တွေနဲ့ နအဖ တပ်တွေ  တိုက်ပွဲတွေ ဖြစ်ခဲ့ပါတယ်။ ဝေါ်လေဘက်မှာတော့ နအဖ  ဘက်က ဒဏ်ရာရ စစ်သား ၆  ဦးကို ထိုင်းနိုင်ငံကိုဖြတ်ပြီး မြဝတီဘက်ကို  သယ်သွားတယ်လို့  ကြားသိခဲ့ရပါတယ်။




0 comments:
Post a Comment