Wednesday, November 24, 2010

လက်နက်ချမလား၊ စစ်တိုက်မလား...

ဗိုလ်မှူးချူပ် စောလာဘွယ် (ခ) ဗိုလ်နှုတ်ခမ်းမွှေးဦးဆောင်တဲ့ DKBA တပ်ကို စစ်အစိုးရစစ်တပ် အထူးစစ်ဆင်ရေး အဖွဲ့မှူးက လက်နက်ချဖို့ ဆက်သွယ် ဖိအားပေးခဲ့တယ်လို့ သိရပါတယ်။ ယမန်နေ့လည် ၁၂ နာရီလောက်မှာ စစ်အစိုးရ အရှေ့တောင် တိုင်းမှူးဟောင်း ဗိုလ်မှူးချူပ် သက်နိုင်ဝင်းက DKBA တပ်မှူး ဗိုလ်မှူးချူပ် စောလာဘွယ်ကို တယ်လီဖုန်းနဲ့ တစ်နာရီလောက် ကြာအောင် ဆက်သွယ်စကား ပြောပြီး လက်နက်ချခိုင်းခဲ့ပါတယ်။

DKBA ရဲ့ ကလိုထူးဝေါ စစ်ဗျူဟာက ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူး ဆန်းအောင်က လက်နက်ချ ရမယ်ဆိုတဲ့ အသုံးအနှုန်း ကိုဆိုရင် ဗိုလ်မှူးချူပ် နှုတ်ခမ်းမွှေး အပါအ၀င် တပ်ဗိုလ် တပ်မှူးအားလုံးက ဘယ်လိုမှ လက်ခံမှာ မဟုတ်တဲ့ အကြောင်း မိမိတို့ဟာ နိုင်ငံရေးအရ အဖြေတစ်ခု ရဖို့အတွက် စစ်တိုက် နေကြတာပဲ ဖြစ်ပြီး စစ်သွေးကြွပြီး စစ်တိုက်ချင်လို့ တိုက်နေကြရတာ မဟုတ်တဲ့ အကြောင့် ပြောပါတယ်။ အခုလို ရာဇသံ ပေးတာရှိသလို မြ၀တီမြို့မှာလည်း ဗိုလ်းမှူးချူပ် စောလာဘွယ်ကို ဘယ်လို သဘောထားကြမှာ လည်းဆိုတဲ့ အစည်းအဝေး တစ်ခုကို နအဖ အရှေ့တောင်တိုင်း တိုင်းမှူး ဗိုလ်မှူးချူပ် ထွန်းနေလင်းက ဦးဆောင်ပြီး ကျင်းပခဲ့ပါသေးတယ်။

ဒီအစည်းအဝေးနဲ့ ပက်သက်ပြီး DKBA ကလိုထူးဝေါ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ကျောက်သက်က အရှေ့တောင်တိုင်း တိုင်းမှူး ၊ မြ၀တီကဗျူဟာမှူး ၊ အစိုးရရဲ့ နယ်ခြားစောင့်တပ် ကိစ္စ လက်ခံသွားတဲ့ DKBA တပ်မှူးဟောင်း ဗိုလ်မှူးချစ်သူ ၊ ကရင်ဆရာတော်တစ်ပါး နဲ့ သာထူးကျော်တို့ပါဝင် ဆွေးနွေးကြတဲ့အကြောင်း ပြောပါတယ်။ ဒီအစည်းအဝေးမှာ ဆုံးဖြတ်ချက် တစ်စုံတစ်ရာ မချနိုင်ပဲ ပြီးဆုံးသွား ခဲ့ရတယ်လို့ဆိုပေမယ့် နအဖဖက်ကတော့ စစ်ဆင်ရေး တိုးမြင့်မယ်ဆိုတဲ့ အရိပ်အယောင်မျိုး ပြောသွားတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း ဘုရားသုံးဆူကို ရောက်နေတဲ့ နအဖစစ်ကူ တွေကတော့ အင်အား ၄၀၀ ကျော်သာရှိနေပြီး ဝေါလေစခန်းဖက်က တပ်မ ၂၂ရဲ့ နည်းဗျူဟာ တပ်တွေကလည်း မိုင်းကွင်းထဲ ပိတ်မိနေတယ်လို့ သိရှိရပါတယ်။ (ကိုးကား - http://www.bbc.co.uk/burmese/burma/2010/11/101122_dkba_ultimatum.shtml)

0 comments:

Post a Comment

Template by:

Free Blog Templates