Showing posts with label သတငိး. Show all posts
Showing posts with label သတငိး. Show all posts

Monday, September 26, 2011

ကရင်တပ်ဖွဲ့လက်ချက်ဖြင့် အစိုးရစစ်သည် ၄ဦးကျဆုံးသလို မှန်လုံကားတစီး မီးလောင်

စောသိန်းမြင့်(ကေအိုင်စီ)

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်တွင် ယမန်နေ့က ကရင်တပ်ပူးပေါင်းတပ်ဖွဲ့များသည် ကြောင်လျှာကုန်းရှိ အစိုးရ စစ်တပ်များ အား ၀င်ရောက်ပစ်ခတ်ခဲ့ရာ အစိုးရတပ်ဘက်က ၄ဦးသေဆုံးခဲ့သည်ဟု ကရင်တပ်ဖွဲ့ဘက်က ပြောသည်။

စက်တင်ဘာလ ၂၅ရက်နေ့ မွန်းလွဲ ၁နာရီခန့်တွင် ကရင်ပူးပေါင်းတပ်ဖွဲ့များဖြစ်ကြသည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အ မျိုးသား တပ်မတော်(ဒီကေဘီအေ) ကလို့ထူးဝါးဗျူဟာနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ကေအဲန်အယ်လ် အေ)တို့ပူးပေါင်းပြီး ကြောင်လျှာကုန်းစခန်းရှိ အစိုးရစစ်တပ် ခလရ(၉၇)နှင့် ခမရ(၃၅၇)တပ်ရင်းအား တစ်နာရီဝန်းကျင်ခန့် ၀င် ရောက်ပစ်ခတ်ခဲ့သည်ဟု ဒီကေဘီအေ၏ ပြောခွင့်ရသူ ဗိုလ်မှူးဆန်းအောင်က ပြောသည်။

“မနေ့က ၁နာရီအချိန်မှာ ကြောင်လျှာကုန်းမှာရှိတဲ့ ရန်သူ့တပ် ရတခ (အရှေ့တောင်တိုင်းစစ်ဌာနချုပ် လက်အောက်ခံ) ခလရ ၉၇နဲ့ တပ်မ(၂၂)က ခမရ(၃၅၇)တပ်ရင်းတွေကို ကျနော်တို့ ကလိုထူးဝါးဗျူဟာမှူး ဗိုလ်မှူးကျော်သက် ဦးစီးပြီး ၀င်ရောက်ပစ် ခတ်တယ်။ ရန်သူ့ဘက်က ၄ဦး သေတယ်။ ကျနော်တို့ဘက်ကတော့ တယောက်မှ မထိဘူး။”ဟု ပြောသည်။

ထို့အပြင် ထိုနေ့မွန်းလွဲ ၃နာရီအချိန်တွင် ကော့ကရိတ်မြို့၏ အရှေ့မြောက်ဘက်ခြမ်း (၂၅)ကီလိုမီတာ အကွာအဝေးရှိ အောက်ဘိုတဲနေရာတွင် အဆိုပါပူးပေါင်းတပ်ဖွဲ့က ကော့ကရိတ်-မြ၀တီကားလမ်းတွင် ပြေးဆွဲနေသော မှန်လုံကားတစ်စီးကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု သိရသည်။

၎င်းကိစ္စနှင့်ပတ်သက်၍ ကေအိုင်စီမှ ဗိုလ်မှူးစောဆန်းအောင်အား မေးမြန်းရာ “ကြံ့ဖွံ့အစိုးရနဲ့ ကိုယ်ကျိုးကြည့်နေတဲ့ လက် နက်ကိုင်အဖွဲ့တွေ ပူးပေါင်းပြီး စီးပွားရှာနေတဲ့ ကားမှန်သမျှကို လုပ်နိုင်သလောက် လုပ်ပါလို့ ကျနော်တို့ ဗိုလ်ချုပ်စောလား ပွယ်က ညွှန်ကြားထားပါတယ်။ သာမန်အရပ်သားဥစ္စာက လွဲရင်ပေါ့။ ဒါကြောင့် ကျနော်တို့လုပ်တာဖြစ်တယ်။”ဟု ပြန်လည် ဖြေကြားသည်။

ကားသမားများနှင့် ရင်းနှီးသူတစ်ဦးက “အခုမီးရှို့ခံလိုက်ရတဲ့ ကားသမားက အပြောမတတ်တာလည်း ပါတယ်။ ဟိုက တောင်း တာက ၂သိန်း။ အဲဒါကို ကားသမားက ၆သောင်းပဲပါတယ်။ ယူချင်ယူ မယူချင်နေဆိုတော့ လူတွေကို ဆင်းခိုင်းပြီး ကားကို မီး ရှို့ပစ်လိုက်တာပေါ့။ ကားပိုင်ရှင်က ဖြေရှင်းဖို့လိုက်ပါသေးတယ်။ ဒါပေမဲ့ မမှီတော့ဘူးလေ။ ကားမောင်းသူက ဘယ်ရှုံးမလဲ။ ကားအုံနာပဲ နစ်နာတာပေါ့။”ဟု ဆိုသည်။

အဆိုပါ မှန်လုံကားကြီး မီးရှို့သည့်အချိန်တွင် ကော့ကရိတ်မြို့ နေပူခံကုန်းရှိ အစိုးရစစ်တပ်၏ လက်နက်ကြီးတပ်ဖွဲ့မှ လက် နက်ကြီးများဖြင့် လှမ်း၍ပစ်ခတ်မှုများ အချိန်အတော်ကြာ လုပ်ခဲ့သေးသည်ဟု ဗိုလ်မှူးစောဆန်းအောင်က ဆက်ပြောသည်။

ပြီးခဲ့သည့် ရက်သတ္တပတ်ကလည်း နယ်ခြားစောင့်တပ်မှ ဗိုလ်ချစ်သူ လက်မှတ်ပါသည့် ဟိုင်းလက်ကားတစ်စီးကိုလည်း ဒီကေ ဘီအေ အဖွဲ့မှ မီးရှို့ခဲ့သေးသည်ဟုလည်း ကုန်သည်များနှင့် ကားသမားများက ပြောဆိုနေကြသည်။

ဗိုလ်မှူးချုပ်စောလားပွယ် ဦးစီးသည့် ဒီကေဘီအေ အဖွဲ့သည် ယခုနှစ် ဖေဖော်ဝါရီလက မြ၀တီ-ကော့ကရိတ် တောင်ပေါ်ကား လမ်းတွင် သွားလာနေသည့် ကားကြီးကားငယ်များကို တနှစ်စာ အခွန်ပေးဆောင်ရန် စာထုတ်ထားပြီးနောက် ကားသမားများ ထံမှ ငွေကောက်ခံနေခြင်းဖြစ်သည်။

အလားတူ စက်တင်ဘာလ ၂၄ရက်နေ့ ညနေ ၆နာရီကျော်အချိန်တွင် ဒီကေဘီအေ ကလို့ထူးဘောဌာနချုပ်စစ်ကြောင်းနှင့် ကေအဲန်အယ်လ်အေ(၂၀၁)တပ်ရင်းတို့ပူးပေါင်း၍ မြ၀တီမြို့၏ တောင်ဘက်ခြမ်း ဝေါ်လေဒေသ၊ ဗျူဟာကုန်းရှိ ဗိုလ်မှူးကြီး ရဲမင်း ဦးစီးသည့် နည်းဗျူဟာ(၂)ကို ဆယ်မိနစ်ကျော် ၀င်ရောက်ပစ်ခတ်ခဲ့သော်လည်း ထိခိုက်ကျဆုံးမှုကို မသိရှိရကြောင်း ကေအဲန်အယ်လ်အေဘက်က ပြောသည်။


11ReadMore-2.jpg

ပထမဆုံး KIA တပ်ရင်းတစ်ခုအား မြန်မာအစိုးရတပ်က သိမ်းပိုက်

kachinnews.com

ရှမ်းပြည်မြောက်ပိုင်းမှ ပထမဆုံး ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA)၏ တပ်ရင်းတစ်ခုအား မြန်မာစစ်တပ်မှ စက်တင်ဘာ (၂၅)၊ တနင်္ဂနွေနေ့ ညနေပိုင်းတွင် သိမ်းပိုက်လိုက်သည်။


ကွတ်ခိုင်အနီး လွယ်ကန်ဌာနချုပ် KIA တပ်မဟာ (၄) အောက် ဗိုလ်မှူး မခေါလရိန် ဦးစီးသည့် ဒတ်နိုင်း အခြေစိုက် KIA တပ်ရင်း (၉) အား မကွေး တပ်မ(၈၈)နှင့် မိတ္ထီလာ တပ်မ(၉၉)မှ နှစ်ရက်ကြာ ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်ပြီး သိမ်းယူလိုက်သည်ဟု တပ်မဟာ (၄) KIA အရာရှိများပြောသည်။

နှစ်ရက်ကြာတိုက်ပွဲတွင် KIA မှ ဗိုလ်တစ်ဦးနှင့် စစ်သားတစ်ဦးတို့ အစိုးရတပ် အမြောက်ဆံထိမှန် ကျဆုံးခဲ့ကြောင်း KIA အရာရှိများ ဆိုသည်။

အစိုးရစစ်တပ်ဘက်မှ ဒါဇင်နှင့်ချီ ကျဆုံးပြီး (၁၀၀) ခန့် ဒဏ်ရာရရှိကြသည်ဟု ရှေ့တန်းမှ KIA အရာရှိများပြောသည်။

မြန်မာစစ်တပ်က ၁၂၀ မမ အမြောက်ကျည်များ ဆက်တိုက်ပစ်ခတ်မှုကို မခံနိုင်သောကြောင့် ဒတ်နိုင်း (KIA တပ်ရင်း (၉) အခြေစိုက်စခန်း)မှ KIA တပ်ဖွဲ့များ ဆုတ်ခွာပေးလိုက်ခြင်းဖြစ်သည်ဟု KIA အရာရှိများပြောသည်။


ထို့အပြင် တနင်္ဂနွေနေ့ မှာပဲ နမ္မတူအနီး အခြေစိုက် KIA တပ်ရင်း (၈) နှင့် အစိုးရစစ်ကြောင်းများ မံတုံမြို့နယ်ခွဲ နမ်ဟိုင်းအနီးတွင်လည်း ပြင်းထန်သည့်တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

ယင်းတိုက်ပွဲတွင် KIA တပ်သား ၅ ဦးကျဆုံးပြီး အစိုးရဘက်တွင် အများအပြား ကျဆုံး ထိခိုက် ဒဏ်ရာရရှိမှုရှိသည်ဟု တပ်ရင်း (၈) သတင်းရပ်ကွက်က ဆိုသည်။ တိုက်ပွဲများ ဆက်ဖြစ်နေကြောင်း သိရသည်။။

စက်တင်ဘာ ၂၄၊ စနေနေ့ကစပြီး အင်အား ၁၀၀၀ ကျော်ပါဝင်သည့် မြန်မာစစ်တပ် တပ်မနှစ်ခုနှင့် KIA ကြား KIA တပ်မဟာ (၄) ပတ်ဝန်းကျင် တပ်ရင်း၂၊ တပ်ရင်း ၈ နှင့်တပ်ရင်း ၉ နေရာများတွင် ဖြစ်ပွားခြင်းဖြစ်သည်။

KIA တပ်ရင်း (၉) ကျရှုံးသွားပြီးနောက်ပိုင်း ရှမ်းပြည်မြောက်ပိုင်းတွင် တိုက်ပွဲများ ပိုမို ကျယ်ပြန့် ပြင်းထန်လာမည်ဟု KIA အရာရှိများပြောသည်။

ပိုမိုပြင်းထန်လာသော စစ်ပွဲများကြောင့် တရုတ်နယ်စပ် မုန်းကို သို့ တိမ်းရှောင်လာကြသည့် ကချင်၊ ရှမ်းနှင့် အခြား စစ်ပြေးဒုက္ခသည်များကို တရုတ်နိုင်ငံဘက် မ၀င်လာရန် တရုတ်စစ်သားနှင့် နယ်ခြားစောင့်တပ်များက တားမြစ် စောင့်ကြပ်နေကြောင်း မုန်းကို ဒေသခံများပြောသည်။

.

11ReadMore-2.jpg

Sunday, September 25, 2011

နယ်ခြားစောင့်တပ် စီးပွားရေးလုပ်ငန်းပိုင် ကားတစီး မီးရှို့ခံရ

http://www.naytthit.net/?p=20084


ကရင်ပြည်နယ် ကော့ကရိတ်မြို့အထွက် ကြောင်ရှာကုန်းမှာ ကြံ့ဖွံ့စစ်အစိုးရ စစ်တပ် ခလရ ၉၇ တပ်ရင်းကို ဒီကေဘီအေ အဖွဲ့မှ ဗိုလ်မှူး ကျော်သက် ဦးစီးတဲ့ တပ်ဖွဲ့တွေဟာ ဒီကနေ့ ၁ နာရီခွဲလောက်မှာ ပြောက်ကျားတိုက်ခိုက်ခဲ့တယ်။ ကြံ့ဖွံ့အ စိုးရဘက်မှ တပ်သားတဦး ကျဆုံးခဲ့တယ်လို့ သိရှိရပါတယ်။

တဆက်တည်းမှာပဲ မြဝတီ ကော့ကရိတ် ကုန်သည်ကားလမ်းပေါ်က အောက်ဗိုလ်တဲနေရာမှာ ညနေ ၃ နာရီလောက်က ကရင်ပြည်နယ် နယ်ခြားစောင့်တပ်မှ ဗိုလ်ချစ်သူ ဦးစီးလုပ်ကိုင်နေတဲ့ မြဝတီ ဘားအံ သယ်ယူပို့ဆောင်းရေးလုပ်ငန်းမှ မှန်လုံကားကြီးတစီးကို ဒီကေဘီအေ တပ်ဖွဲ့ဝင်တွေက မီးရှို့ပစ်ခဲ့တယ်လို့ သိရှိရပါတယ်။

အောက်ဗိုလ်တဲ့မှာ ဒီကနေ့ ဖြစ်ပျက်ခဲ့တဲ့ အခြေအနေနဲ့ ပတ်သက်လို့ ဒီကေဘီအေ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး ဆန်းအောင် က ခုလို့ ရှင်းပြပါတယ်..

“ဟုတ်တယ် ဒီကနေ့ ကျနော်တို့ တပ်ဖွဲ့တွေ ကုန်းသည်ကားလမ်းပေါ်မှာပဲ လှုပ်ရှားမှု ၂ ခု လုပ်ခဲ့တယ်။ ကြောင်ရှာကုန်း မှာ တပွဲ၊ အောက်ဗိုလ်တဲ့မှာကတော့ ကြံ့ဖွံ့စစ်စိုးရနဲ့ ပတ်သက်ပြီး စီးပွားရေးလုပ်နေတဲ့ မှန်လုံကားကြီးတစီးကို မီးရှို့လိုက် တယ်။ ကျနော်တို့ ခေါင်းဆောင်း ဗိုလ်စောလားပွယ်က ကျနော်တို့ အားလုံးကို ညွှန်ကြားထားပါတယ်။ ရိုးရိုးသားသား စီးပွားရှာနေတဲ့ ပြည်သူတွေကို စောင့်ရှောက်ရမယ်။ ကြံ့ဖွံ့အစိုးရနဲ့ ပတ်သက်တဲ့ စီးပွားရေးလုပ်ငန်း၊ နယ်ခြားစောင့်တပ်နဲ့ ပတ်သက်တဲ့ စီးပွားရေးလုပ်ငန်းတွေကို ချေမှုန်းပစ်ရမယ်လို့ ညွှန်ကြားထားတယ်။ ဒါတွေနဲ့ ပတ်သက်ပြီးတော့လဲ ဒေသခံ ပြည်သူတွေကို အသိပေးထားပြီးဖြစ်တယ်။” လို့ ပြောပြသွားပါတယ်။

http://www.naytthit.net/?p=20084

11ReadMore-2.jpg

KIA တပ်မဟာ (၄)အား သိမ်းပိုက်ရန် မြန်မာစစ်အင်အား အလုံးအရင်းနှင့် ထိုးစစ်ဆင်

KNG


KIA တပ်မဟာ ၄ ဌာနချုပ်၊ လွယ်ကန်



မြန်မာအစိုးရသည် ရှမ်းပြည်မြောက်ပိုင်းရှိ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA)၊ တပ်မဟာ (၄) ဌာနချုပ်ကို သုံးရက်အတွင်း သိမ်းပိုက်ရန် စစ်အင်အား ၁၀၀၀ ကျော်ပါဝင်သည့် “မုန်တိုင်း ထိုးစစ်” ကို စက်တင်ဘာ ၂၇၊ စနေနေ့က စတင်လိုက်သည်။

“ဇွန် ၉ ရက် နောက်ပိုင်းဖြစ်ပွားတဲ့ တိုက်ပွဲများတွင် ယခုတိုက်ပွဲမှာ မြန်မာစစ်အင်အား အကြီးဆုံးဖြစ်တယ်။ ဒါဟာ KIA အား စစ်အင်အား အလုံးအရင်းနှင့် မုန်တိုင်း ထိုးစစ် ဆင်နေခြင်းဖြစ်တယ်။” ဟု တပ်မဟာ (၄) KIA အရာရှိတစ်ဦးပြောသည်။

စနေနေ့ နံနက် ၄ နာရီ မှစ၍ ကွတ်ခိုင်အနီး KIA တပ်မဟာ (၄) ဌာနချုပ် လွယ်ကန် ဒေသ၀န်းကျင်တွင် နှစ်ဘက်တပ်များကြား ပြင်းထန်သောတိုက်ပွဲများ ဖြစ်လာသည်ဟု တပ်မဟာ (၄) KIA အရာရှိတစ်ဦးပြောသည်။

တိုက်ပွဲများ ကွတ်ခိုင် အထက် မန္တလေး-မူဆယ် တရုတ်နယ်စပ်ကုန်သွယ်ရေးလမ်းမ၏ တဖက်တချက်ရှိ ဟိုဖက်၊ မန်ဂျေ၊ မုန်းခေါမ်၊ ဘန်ဖိတ်၊ ဒီမားစသည့် ရွာများအနီးနှင့် လွိုင်လမ်န်ဘွမ် (Loi Lem Bum) တောင်ခြေ တွင် ဖြစ်ပွားသည်ဟု ဆိုသည်။

KIA တပ်ရင်း (၂)၊ (၈) နှင့် (၉)မှ တပ်သားများက ယခုအချိန်ထိ မြန်မာစစ်တပ် မကွေးအခြေစိုက် တပ်မ (၈၈)နှင့် မိတ္ထီလာအခြေစိုက် တပ်မ (၉၉) ထိုးစစ်ကို ခုခံနေကြောင်း သိရသည်။
ယင်းတပ်မ နှစ်ခုတွင် တပ်ရင်း(၁၈)နှင့် စစ်အင်အား ၁၀၀၀ ကျော်ပါဝင်သည့် မုန်တိုင်း ထိုးစစ်အား အထူးစစ်ဆင်ရေးအဖွဲ့-၂ (BSO-2) မှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်သန်းထွဋ်က ဦးဆောင်နေသည်ဟု KIA အရာရှိများပြောသ
ဒုတိယဗိုလ်ချုပ်ကြီး အောင်သန်းထွဋ်က ဦးဆောင်နေသည်ဟု KIA အရာရှိများပြောသည်။

ယခုလို မြန်မာအစိုးရမှ KIA တပ်မဟာ (၄) အား ထိုးစစ်ဆင်ခြင်းသည် ရခိုင်ပြည်နယ် ရွှေဓါတ်ငွေ့ ပိုက်လိုင်းဖြတ်သန်းမည့် လမ်းကြောင်းရှိ KIA တပ်မဟာ (၄) အား စစ်အင်အားဖြင့် အဓ္ဓမ မောင်းထုတ်ရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု KIA အရာရှိများ ယူဆထားသည်။

ဒီမားကျေးရွာထဲသို့ အစိုးရတပ်မှ အမြောက်ကျည် ၂ လုံး ကျရောက်ပေါက်ကွဲနေသော်လည်း သေကြေဒဏ်ရာရရှိမှု ရှိမရှိ မသိရသေးကြောင်း ရွာသားများပြောသည်။

တိုက်ပွဲဖြစ်ရာဒေသထဲမှ ရွာသားများအား လုံခြုံသောနေရာသို့ပြောင်းရွှေ့ရန် KIA က ညွှန်ကြားထားသည်ဟု ၎င်းဒေသမှ ဒေသခံများပြောသည်။

စစ်ပွဲကြောင့် စစ်ဖြစ်ရာဒေသမှ ကချင်နှင့် ရှမ်း ဒုက္ခသည် ထောင်ဂဏန်း ထွက်ပေါ်လာပြီး အများစုသည် တရုတ်နယ်စပ် မုန်းကိုသို့ ထွက်ပြေးရောက်ရှိနေသည်ဟု မျက်မြင်သက်သေများ ပြောသည်။

စစ်ပြေးဒုက္ခသည်များ တရုတ်နယ်စပ်မြို့ မံဟိုင်း ၀င်လာခြင်းအား မံဟိုင်းတွင် အခြေစိုက် ထားသော တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ (PLA) စစ်သား (၁၀၀) ကျော်နှင့် တရုတ်နယ်ခြားစောင့်တပ် ၈၀ ကျော်က တင်းကြပ်စွာ ဟန့်တားနေသည်ဟု မုန်းကို ဒေသခံများ ပြောသည်။

သို့သော် မြန်မာပြည်ထဲ စီးပွားရေး လာလုပ်သော တရုတ်နိုင်ငံသားများ ပြန်ဝင်လာခွင့်ပြုနေသည်ဟု ဆက်ဆိုသည်။

11ReadMore-2.jpg

မြန်မာစစ်တပ်၏မိုင်းနင်းမိပြီး ကချင်လင်မယားနှစ်ဦး ဒဏ်ရာရ


KNG



kachin mine victim

ရွာအနီး မြန်မာစစ်တပ် ထောင်ထားတဲ့ မိုင်းနင်းမိကာ ထိခိုက်ဒဏ်ရာ ရရှိသွားသော ရှထူးဇွပ် ကချင် လင်မယားနှစ်ဦး။
စက်တင်ဘာ ၂၁၊ ဗုဒ္ဓဟူးနေ့ ၁၀ နာရီကျော်ခန့်က တနိုင်းမြိ့နယ် လီဒိုလမ်းမပေါ်မှ ရှထူးဇွပ်ကျေးရွာ ကချင်လင်မယားနှစ်ဦးမှာ ရွာအနီး မြန်မာစစ်တပ် ထောင်ထားသော မိုင်းနင်းမိကာ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။


မိုင်းကြောင့် ဦးလဂျော်နော်မှာ တစ်ကိုယ်လုံး ဒဏ်ရာရရှိသွားပြီး ၎င်း၏ဇနီးသည် လွယ်လမ်လု မှာ ညာဘက် ခြေထောက်ကြိုးသွားခဲ့သည်။
sahtuzup-myen
ဒဏ်ရာ ပြင်းထန်မှုကြောင့် ၎င်းတို့နှစ်ဦးအား ကားမိုင်းဆေးရုံသို့ ပို့ထားရာမှ ယခုအချိန် မြစ်ကြီးနားဆေးရုံကြီး သို့ ပြောင်းရွှေ့ထားကြောင်း လူနာနှင့်နီးစပ်သူများပြောသည်။

ရွာမှ ရိုမင်ကက်သလစ် အသင်းတော်၏ လက်ဝါးကပ်တိုင်တောင် အနီးတွင် ထောင်ထားသောမိုင်းကို လင်မယားနှစ်ဦး နင်းမိပြီး ထိခိုက်ဒဏ်ရာရရှိခြင်းဖြစ်သည်ဟု ရွာသားများပြောပါသည်။

ထို မိုင်းအား ရွာအခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် အောက် ခလရ (၂၉၇) မှ ထောင်ထားသည်ဟု ရွာသားများ ကချင်သတင်းဌာနသို့ ပြောသည်။

11ReadMore-2.jpg

Friday, July 29, 2011

နယ်ခြားစောင့် ၁၀ဦး KNLA တပ်မဟာ(၇)ထံ လာရောက် ပူးပေါင်း

စောသိန်းမြင့် (ကေအိုင်စီ)

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် နယ်စပ်တနေရာတွင် အခြေစိုက်သည့် နယ်ခြားစောင့်တပ် တပ်ဖွဲ့ဝင် ၁၀ဦးသည် ယမန်နေ့က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ(၇)ထံသို့ လာရောက်ပူးပေါင်းခဲ့ကြသည်။

နယ်ခြားစောင့်(၁၀၁၂)တပ်ရင်း၊ တပ်ခွဲ(၁)မှ တပ်ကြပ်ကြီး စောဒီ့ကျူ ဦးစီးသည့် တပ်ဖွဲ့ဝင် ၁၀ဦးသည် နယ်ခြားစောင့်အနေ ဖြင့် ဆက်လက် တာဝန်ထမ်းဆောင်လိုစိတ် မရှိတော့သောကြောင့် KNLA နှင့် ယခုလို လာရောက်ပူးပေါင်းခြင်းဖြစ်ကြောင်း စောဒီ့ကျူက ပြောသည်။

“ကျနော်တို့ လူမျိုးတွေကို အစိပ်စိပ်အမွှာမွှာဖြစ်အောင် ဖျက်ဆီးနေတဲ့ ဒီအစိုးရလက်အောက်မှာ မလုပ်ချင်တော့လို့ ကျနော်တို့ ညီအစ်ကိုတွေနဲ့ လာရောက်ပူးပေါင်းတာ ဖြစ်တယ်။ ကျနော်တို့တပ်ရင်းမှူး ဗိုလ်ဘိလည်း အစိုးရကို ပြန်တော်လှန်နေပြီလေ။ ဒါ ကြောင့် ကျနော်တို့လည်း တပ်ရင်းမှူးနဲ့အတူ အစိုးရကို ပြန်တော်လှန်ဖို့ ဒီလိုလုပ်တာပါ။”ဟု စောဒီ့ကျူက ပြောသည်။

အဆိုပါ နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၁၀ဦးမှာ တပ်ကြပ်ကြီး ဒီ့ကျူ ၅၀နှစ်၊ ဒုတပ်ကြပ် ဖားဆွဲ့ ၄၀နှစ်၊ တပ်ကြပ် ဖားနို ၂၃နှစ်နှင့် တပ်သားများဖြစ်သည့် ဒီ့တို ၂၁နှစ်၊ ဖောကလူ ၁၉နှစ်၊ ဒီ့ကွီ ၁၈နှစ်၊ ဒို့ဝါး ၁၇နှစ်၊ တာ့ဘလယ့် ၁၆နှစ်၊ အယ်ခူ ၁၅နှစ်၊ မောင် သန်း ၁၃နှစ်တို့ဖြစ်ပြီး ၎င်းတို့နှင့်အတူ AR ၆လက်၊ မက္ကဇင်း ၂၄ချပ်၊ AR စက်လတ် ၁လက်၊ မက္ကဇင်း ၁ချပ်၊ 79 ၁လက်၊ ကျည် ၂၀လုံး၊ AK ၁လက်၊ မက္ကဇင်း ၂ချပ်၊ အီကွင့်မန့် ၅စုံ၊ စကားပြောစက် ၂လုံး ပါရှိသည်။

ကေအဲန်အယ်လ်အေနှင့် လာရောက်ပူးပေါင်းသည့် အဆိုပါ နယ်ခြားစောင့်တပ်ဖွဲ့ဝင်များသည် အစိုးရအား ပြန်လည် တော် လှန်ခုခံရန် အလွန် စိတ်အားထက်သန်လျှက်ရှိသည်ဟု ပြောသည်။

တပ်သားဒီ့တိုက “ဒီမှာ တရက်နှစ်ရက်နေပြီးရင် ခေါင်းဆောင်တွေ ညွှန်ကြားတဲ့အတိုင်း တပ်ရင်းမှူး ဗိုလ်ဘိဆီကို ပြန်သွားပြီး အစိုးရစစ်တပ်ကို ပြန်တိုက်မယ်။ ကြုံတွေ့ရမယ့် အခက်အခဲတွေကို ခံနိုင်ဖို့အတွက် ကျနော်တို့တွေ အားလုံး ပြင်ဆင်ထား တယ်။”ဟု ကေအိုင်စီကို ပြောသည်။

ထိုသို့ ရောက်ရှိလာသည့် ဘီဂျီအက်ဖ်တပ်ဖွဲ့ဝင် ၁၀ဦးအနက် ၄ဦးမှာ အသက်မပြည့်သေးသည့် ကလေးစစ်သားများဖြစ်၍ နှစ် ဦးနှစ်ဖက် ညှိနှိုင်းတိုင်ပင်ပြီး အဆိုပါ ကလေးစစ်သားများ၏ ရှေ့ရေးကို အကောင်းဆုံး စီစဉ်ဆောင်ရွက်သွားမည်ဟု ကေအဲန် အယ်လ်အေ တပ်မဟာ(၇)ရုံးထိုင်မှူး ဗိုလ်မှူးစောအယ်ဆဲဆဲက ကေအိုင်စီကို ယခုလို ပြောသည်။
“ဒီကေဘီအေကနေ နယ်ခြားစောင့် အသွင်ပြောင်းမယ့်အချိန်မှာ တပ်အင်အား မပြည့်တဲ့အတွက် အစိုးရက မဖြစ်မနေ အတင်း အဓမ္မ လိုက်လံစုဆောင်းခိုင်းလို့ ဒီကလေးတွေ ပါသွားတာဖြစ်တယ်။ ကျနော်တို့ ကေအဲန်အယ်လ်အေမှာ အသက်မပြည့်သေး တဲ့ ကလေးစစ်သားတွေကို လုံးဝ လက်မခံဘူး။ အဲဒါကြောင့် ဒီကလေးတွေ နားလည်အောင်ရှင်းပြပြီးတော့ သူတို့အတွက် အ ကောင်းဆုံး စီစဉ်ပေးမှာပါ”ဟု ပြောသည်။

ကေအဲန်အယ်လ်အေ တပ်မဟာ(၇)တွင် ယခုလ ဇူလိုင်လအတွင်း နယ်ခြားစောင့်တပ်-BGF ၂၆ဦး လက်နက်ခဲယမ်းများနှင့် အတူ လာရောက်ပူးပေါင်းခဲ့ပြီး ၎င်းအထဲတွင် တပ်ကြပ်ကြီး ၄ဦး ပါဝင်သည်ဟု ကေအဲန်အယ်လ်အေမှတ်တမ်းအရ သိရသည်။

11ReadMore-2.jpg

Tuesday, July 26, 2011

ပြည်တော်မပြန်နိုင်တဲ့ ဒုက္ခသည်အိမ်မက် မှတ်တမ်းရုပ်ရှင်



ချင်းမိုင် (မဇ္ဈိမ) ။ ။ တချိန်တုန်းက မြန်မာနိုင်ငံမှာ ရရှိခဲ့တဲ့ ဘဝမျိုးကို စေးစေးလာ အနေနဲ့ အိပ်မက်တွေထဲမှာ သာ ပြန်လည် ရရှိနိုင်ပါတော့တယ်။ သူဟာ သူ့မိသားစု ပိုင်ဆိုင်ခဲ့တဲ့ လယ်ကွင်း၊ သူရဲ့ အချစ်ဆုံး ကျွဲ တွေကို အမှတ်တရ ဖြစ်နေသလို တဘက်မှာလည်း သူအသက် ငါးနှစ်အရွယ်မှာ မြန်မာအာဏာပိုင်တွေရဲ့ အဖမ်းခံရမှု၊ အာဏာပိုင်တွေက သူ့ရဲ့အဖေကို သတ်ခဲ့မှုတွစတဲ့ အကြောင်းအရာတွေကို ပြန်ပြောင်းပြီး အိပ်မက်ဆိုးတွေ မက်နေခဲ့ပါတယ်။
“Burmese Dreaming” မှတ်တမ်းတင် ရုပ်ရှင်ဟာ ထိုင်းနိုင်ငံ ဒုက္ခသည်စခန်းတခုမှာ ရောက်ရှိနေတဲ့ မိန်းကလေးငယ် တယောက်ရဲ့ ခံစားချက်နဲ့ အတူ ကိုယ့်နေရပ်ဒေသကို အိပ်မက်ထဲမှာသာ ပြန်နိုင်တော့တဲ့ ဒုက္ခသည်တွေရဲ့ ဇာတ်ကြောင်းကို ရိုက်ကူး တင်ပြထားတာ ဖြစ်ပါတယ်။

မှတ်တမ်းတင် ရသ ရုပ်ရှင် “Burmese Dreaming” ဟာ စေးစေးလာ ရဲ့ ဖြစ်ရပ်မှန် ဇာတ်ကြောင်းနဲ့အတူ မြန်မာ အာဏာပိုင်တွေရဲ့ ဒုက္ခပေးမှုတွေကြောင့် မြန်မာလူမျိုးတွေနဲ့ တိုင်းရင်သား အများအပြား ရင်ဆိုင်ဖြတ်သန်း နေရတဲ့ ဆင်းရဲဒုက္ခတွေကို တင်ဆက်ထားတာ ဖြစ်ပါတယ်။

စေးစေးလာ ထိုင်းနိုင်ငံကို ထွက်ပြေးလွတ်မြောက် လာခဲ့ပေမယ့် ငါးနှစ်ကြာလာတဲ့ အချိန်အထိ သူ့အိမ်ကို ပြန်နိုင်ခြင်း မရှိသေးပါဘူး။

“Burmese Dreaming” ဟာ မိသားစုထဲကနေ ခွဲထုတ်ခြင်း ခံရပြီး မြန်မာစစ်တပ်ရဲ့ အကျဉ်းချခြင်းလည်း ခံခဲ့ရတဲ့ အထီးကျန် မိန်းကလေးငယ် တယောက်ရဲ့ ရင်နင့်ဖွယ် ဇာတ်ကြောင်းပဲ ဖြစ်ပါတယ်။ မှတ်တမ်းတင် ရုပ်ရှင်က သူ့ဘဝရဲ့ ပျော်ရွှင်မှုတွနဲ့ ခါးသီးမှုတွေကို သူ့ရဲ့အိပ်မက်တွေ၊ ပြန်ပြောင်း သတိရမှုတွေ၊ စိတ်ကူးယဉ်မှုတွေကို အသုံးပြုပြီး ပုံဖော်ထားတာပါ။

“သမီး နိုးလာပါပြီ၊ သမီးဟာ အခုဆို ထိုင်းမြန်မာ နယ်စပ်burmese-dreaming-film-2
က ဒုက္ခသည် စခန်းမှာ ရောက်ရှိနေပါတယ်။ ဒီကို
ရောက်လာတာ ငါးနှစ်ရှိပေမယ့် သမီးရဲ့ စိတ်ကတော့
ဒီမှာ မရှိပါဘူး။ သမီးရဲ့ စိတ်ကူးတွေ၊ အိပ်မက်တွေထဲမှာ
မွေးရပ်နိုင်ငံ အကြောင်းပဲ ရှိနေပါတယ်” လို့ သူက
ပြောပြထားပါတယ်။

မှတ်တမ်းတင် ရုပ်ရှင်ကားထဲမှာ ဒုက္ခသည် စခန်းတွေ ထဲက မြင်ကွင်းတွေ၊ မီဒီယာ လွတ်လပ်ခွင့် မရှိတဲ့
မြန်မာနိုင်ငံထဲမှာ ရိုက်ကူးခဲ့တဲ့ မြင်ကွင်းတွေကို တလှည့်စီ ရောထွေး တင်ဆက်ထားပါတယ်။

သြစတြေးလျ ဓာတ်ပုံဆရာနဲ့ ရုပ်ရှင်ရိုက်ကူးသူ Timothy Syrota က သူ့အနေနဲ့ ၁၉၉၆ မြန်မာ့ခရီးသွားနှစ် အပြီး တနှစ်အကြာ ၁၉၉၇ ခုနှစ်မှာ မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် သွားရောက်ခဲ့ပြီးတော့ ဒီမှတ်တမ်း ရုပ်ရှင်ကို ရိုက်ကူးဖို့ စိတ်ကူးရလာတာလို့ ပြောခဲ့ပါတယ်။

အဲဒီ့အချိန်က မြန်မာနိုင်ငံဟာ နိုင်ငံခြား ဧည့်သည်တွေကို လက်ခံနိုင်တဲ့ အနေအထား သိပ်မရှိသေးပါဘူး။ “ကျနော်
ငယ်ငယ်ကတည်းက အာရှတခွင် နေရာတော်တော် များများကို သွားခဲ့ဖူးပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံလို ဖွံ့ဖြိုးမှုတွေ၊ အခြေခံ အဆောက်အဦးတွေ ချို့တဲ့ပြီး နောက်ကို
ပြန်ဆုတ်နေတဲ့ နိုင်ငံ၊ လာဘ်စားမှုတွေ ဖိနှိပ်မှုတွေ ပေါများတဲ့ နိုင်ငံမျိုး တွေ့လိမ့်မယ်လို့ မျှော်လင့်မထားခဲ့ပါဘူး” လို့ Syrota က ပြောခဲ့ပါတယ်။

“ဒါကြောင့် မှတ်တမ်းတင် ရုပ်ရှင်ကားတကား ရိုက်ကူးဖို့အတွက် ပြန်သွားဖို့ ကျနော် ဆုံးဖြတ်ခဲ့ပါတယ်။ ကျနော့်ရဲ့ ပထမဆုံး ခရီးစဉ်နှစ်ခုအပြီး သြစတြေးလျကို ပြန်ရောက်တဲ့အခါမှာ ကျနော့်ရဲ့ ပထမစာအုပ် ဖြစ်တဲ့ “Welcome to Burma and Enjoy the Totalitarian Experience” ကို ထုတ်ဝေနိုင်ခဲ့ပါတယ်။ (၂ဝဝ၁ ခုနှစ်တွင် Orchid စာပုံနှိပ်တိုက်က ထုတ်ဝေခဲ့သည်။) နောက်ပြီး ကျနော်မြန်မာနိုင်ငံမှာ ရိုက်ကူးခဲ့တဲ့ ဓာတ်ပုံတွေကို ဓာတ်ပုံပြပွဲတွေ လုပ်ခဲ့ပါသေးတယ်။ ဒါကြောင့်မို့ မှတ်တမ်းတင် ရုပ်ရှင်ရိုက်ကူးရေးက အနည်းငယ် ကြန့်ကြာသလို ဖြစ်သွားပေမယ့် လုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်က ကျနော့်စိတ်ထဲမှာ အမြဲရှိနေခဲ့ပါတယ်”လို့ သူက ထပ်ပြောခဲ့ပါတယ်။

မြန်မာနိုင်ငံနဲ့ ပတ်သတ်တဲ့ သတင်း အချက်အလက်တွေ နည်းပါးနေမှုကြောင့် Syrota အနေနဲ့ ရုပ်ရှင် ရိုက်ကူးသင့်တယ်လို့ ခံစားမိပြီး မြန်မာနိုင်ငံသားများ ခံစားနေရတဲ့ ဒုက္ခအကျပ်အတည်း အပေါ် လေးလေးနက်နက် ကရုဏာ သက်မိတယ်လို့လည်း ပြောခဲ့ပါသေးတယ်။

အဲဒီ့မှတ်တမ်းတင် ရုပ်ရှင်ကို ရိုက်ကူးတဲ့နေရာမှာ စံချိန်မီ ကင်မရာ သုံးပြီး ပေါ်တင် ရိုက်ကူးခဲ့တဲ့ အတွက်
အာရုံအစိုက် ခံရကာ ဦးနှောက် ခြောက်စရာတွေလည်း ကြုံခဲ့ရတယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံဟာ
နိုင်ငံခြားသား သတင်းထောက်တွေ အတွက် သတင်းထောက်လှမ်း ရိုက်ကူးဖို့ ခက်ခဲတဲ့ နိုင်ငံဖြစ်ပြီး
မိသွားခဲ့ရင်လည်း ချက်ခြင်း နှင်ထုတ်ခံရမှာ ဖြစ်ပါတယ်။

“ရွေးချယ်စရာ နှစ်ခု ရှိပါတယ်။ တတ်နိုင်သမျှ လျှို့လျှို့ဝှက်ဝှက် ရိုက်ကူးဖို့နဲ့ ဒုတိယနည်းကတော့ ပေါ်တင် ရိုက်ကူးဖို့ ဖြစ်ပါတယ်။ ပေါ်တင် ရိုက်ရင်တော့ သံသယတွေကို လျော့ပါးစေနိုင်ပါတယ်” လို့ Syrota က
ပြောခဲ့ပါတယ်။

“ကျနော်ကတော့ ဒုတိယနည်းကို ရွေးခဲ့ပါတယ်။ ကျနော့်အနေနဲ့ အာဏာပိုင်တွေနဲ့ ပြဿနာတက်ပြီး အဆုံးသတ်သွားမှာကိုတော့ အမြဲစိုးရိမ် ခဲ့ပါတယ်။ ကျနော့် အနေနဲ့ ပထမတခေါက် မြန်မာနိုင်ငံကို သွားတုန်းက ပြဿနာ အနည်းအကျဉ်း ရှိခဲ့ပါတယ်။ ကျနော် ရိုက်ကူးထားတဲ့ tape တွေကို ကူညီချင်တဲ့ ခရီးသွားတွေရဲ့ အကူအညီနဲ့ မြန်မာနိုင်ငံ အပြင်ဘက်ကို ထုတ်ခဲ့ရပါတယ်” လို့လည်း အခက်အခဲကို
ပြောပြပါတယ်။

ဒုက္ခ အကြီးအကျယ် ရောက်မှာကိုလည်း အမြဲပူပန်နေရကြောင်း Syrota က ထပ်ပြောပြန်ပါတယ်။

“တရက် တရက်မှာ ကျနော် ဘာတွေကို ရိုက်ကူးချင်တယ် ဆိုတာကို အစီအစဉ်ချ ရိုက်ကူးပြီးတော့ တခြားအပိုတွေကိုတော့ သိပ်မရိုက်ကူးဖြစ်ပါဘူး” လို့ သူက ဆိုပါတယ်။
burmese-dreaming-film-3
“ပြဿနာတွေ တက်တဲ့ အခါမှာတော့ ကျနော့် တိပ်ခွေတချို့ အသိမ်းခံလိုက် ရပါတယ်။ နောက်နေ့မှာ ဗြိတိသျှ သံရုံးရဲ့ ကျေးဇူးနဲ့ ကျနော် နိုင်ငံကနေ ထွက်ခွာခဲ့ပါတယ်” လို့ Syrota က ပြောခဲ့ပါတယ်။

ရုပ်ရှင်ရိုက်ကူးသူ Miahael Moore နဲ့ Meryl Streep တို့ကို ကူညီပေးခဲ့တဲ့ အမေရိကန်နိုင်ငံ ကာလီဖိုးနီးယား
ပြည်နယ် Beverly Hills မှာ အခြေစိုက်တဲ့ Ostrow & Company ထိပ်တန်း ထုတ်လုပ်ဖြန့်ချိရေး ကုမ္ပဏီကလည်း ဒီမှတ်တမ်းတင် ရုပ်ရှင်ကားကို ကူညီခဲ့ပါတယ်။ အဲဒီ့ကုမ္ပဏီဟာ တနှစ်ကို ရုပ်ရှင်ကား အနည်းငယ်ပဲ လက်ခံ
ဆောင်ရွက်တဲ့ ကုမ္ပဏီလည်း ဖြစ်ပါတယ်။

အစပိုင်းမှာ မှတ်တမ်းတင် ရုပ်ရှင်ကားရဲ့ အိပ်မက်ဆန်ဆန် ရိုက်ကူး တင်ဆက်ထားမှုကြောင့် အလုပ်မဖြစ်မှာကို အနည်းငယ် စိုးရိမ်ခဲ့တယ်လို့ Syrota က ဆိုပါတယ်။

“အိပ်မက်ဆန်ဆန် ရိုက်ကူးထားမှုကြောင့် Ostrow & Company အနေနဲ့ ဈေးကွက်တင် ဖြန့်ဖြူးဖို့ အခက်အခဲတွေ ရှိမှာကို စိုးရိမ်မိတယ်လို့ အစောပိုင်း ဆွေးနွေးပွဲတွေမှာ ကျနော်က ပြောခဲ့ပါသေးတယ်။ ဒါပေမယ့် ကုမ္ပဏီရဲ့ အလုပ် အမှုဆောင်အဖွဲ့ဝင်တွေက ကုမ္ပဏီအနေနဲ့ ဒီရုပ်ရှင်ကို အထူးတလည် စိတ်ဝင်စားရတာဟာ အဲလိုရိုက်ကူးတင်ဆက် ထားမှုတွေကြောင့် အဓိကဖြစ်တယ်လို့ ပြောကြပါတယ်” လို့ Syrota က ရှင်းပြခဲ့ပါတယ်။

“Burmese Dreaming” မှတ်တမ်းတင် ရုပ်ရှင်ဟာ ထိုင်းနိုင်ငံ ဒုက္ခသည်စခန်းတခုမှာ ရောက်ရှိနေတဲ့ မိန်းကလေးငယ် တယောက်ရဲ့ ခံစားချက်နဲ့ အတူ ကိုယ့်နေရပ်ဒေသကို အိပ်မက်ထဲမှာသာ ပြန်နိုင်တော့တဲ့ ဒုက္ခသည်တွေရဲ့ ဇာတ်ကြောင်းကို ရိုက်ကူး တင်ပြထားတာ ဖြစ်ပါတယ်။

http://www.mizzimaburmese.com/news/inside-burma/8020-2011-07-26-08-57-32.html

11ReadMore-2.jpg

Monday, July 18, 2011

၅ဝဝဝ တန် အတုမိ

 
 
Written by ကိုဝိုင်း (မဇ္ဈိမ)   
  
ရန်ကုန်တိုင်း ကျောက်တံတားမြို့နယ် မြန်မာနိုင်ငံသားများဘဏ် Myanmar Citizens Bank –MCB ရုံးချုပ်တွင် ၅ဝဝဝ တန် ငွေအတုများ တွေ့ရှိရကြောင်း ရန်ကုန်အခြေစိုက် မော်ဒန်သတင်း ဂျာနယ်တွင်
 ဖော်ပြသည်။

စားအုန်းဆီကိုယ်စားလှယ်တချို့ ဘဏ်သို့လာသွင်းသည့် ငွေထုတ်များထဲတွင် “အဆက်မပြတ်” တွေ့ရှိနေသည်ဟု ဘဏ်တာဝန်ရှိသူကို မေးမြန်းပြီး ဇူလိုင် ၁၅ ရက်နေ့ထုတ်တွင် ဖော်ပြထားသည်။

ငါးထောင်တန် တထုတ်ကို အတုတရွက်နှုန်းဖြင့် ထည့်နေသည်ကို သတိထားမိသည့် ဘဏ်တာဝန်ရှိသူက “ဂိုဏ်းနဲ့ တောင်လုပ်နေလား ထင်စရာ ဖြစ်လာတယ်။ အရင်က ခြောက်လမှ အတု တရွက် နှစ်ရွက်ပဲ ရတာ၊ အခုလို များများ မရဖူးဘူး” ဟု မော်ဒန်ဂျာနယ်ကို ပြောထားသည်။

ဝန်ထမ်းများက ငွေအတုများအစား ငွေအစစ်များဖြင့် အစားထိုး လျော်ပေးနေရသည့်ငွေမှာ ဇူလိုင်လ ပထမအပတ် အတွင်း ၄၅ဝ,ဝဝဝ ကျော်ပြီဟု ဂျာနယ်က ရေးသားထားသည်။

မဇ္ဈိမက MCB ဘဏ်မှ ဝန်ထမ်းတဦးကို မေးမြန်းရာ အတုတွေ့ရှိရကြောင်း ပြောဆိုလိုက်ပြီး “ဗဟိုဘဏ်ကို
 ပြန်အပ်တဲ့အခါကျတော့ ဒီအတုတွေကို ဝန်ထမ်းတွေကပဲ တာဝန်ယူရတာပါ။ အတုပါတာ နံပတ်မတူတာ။ စုတ်ပြဲတာတွေကို ဝန်ထမ်းတွေကပဲ လျော်ပေးရတာပါ” ဟု ပြောသည်။

ငွေတုများတွေ့ရှိမှုကို ယနေ့အထိ အမှုဖွင့်တိုင်တန်းခြင်းမရှိသေးကြောင်း ဘဏ်ဝန်ထမ်းများက ပြောသည်။

ရန်ကုန်အခြေစိုက် ကမ္ဘောဇဘဏ်၊ အာရှ ရန်ကုန်ဘဏ်၊ ထွန်းဖောင်ဒေးရှင်းဘဏ်တို့နှင့် MCB ဘဏ် မန္တလေးဌာနခွဲတို့ကမူ MCB ရန်ကုန်ရုံးချုပ်များတွင်ရှိ ယင်းတို့ဘဏ်များတွင်လည်း အတုမတွေ့ရှိကြောင်းကို တညီတည်း ဖြေကြသည်။

၂ဝဝ၉ ခု အောက်တိုဘာလမှစ၍ ဗဟိုဘဏ်မှ စတင်ဖြန့်ဝေသည့် ၅,ဝဝဝ တန် ငွေစက္ကူ အတုများ ထွက်ပေါ်သဖြင့် ဗဟိုဘဏ်က အသိပေးကြေညာမှုပြုလုပ်ထားရာ ငွေစက္ကူအတုတွင် စက္ကူထောင့် ဖြတ်ရာပါရှိခြင်း၊ ငွေစက္ကူ၏ ဘယ်ဘက်ထောင့်အလယ်၌ လုံခြုံရေး အမှတ်အသားဖြစ်သည့် ရေစာ၊ ငွေကြိုးပေါ်တွင် ငွေစက္ကူတန်ဖိုး ဖော်ပြသည့် စာသား၊ ငွေစက္ကူညာဘက်ထောင့် အလယ်၌ ဗဟိုဘဏ်မှ ရိုက်နှိပ်ထားသောရေစာ စသည်တို့ မပါရှိကြောင်း
 ဖော်ပြခဲ့ဖူးသည်။

မည်သူမဆို ငွေစက္ကူ၊ ဘဏ်ငွေလက်မှတ်များကို အတုပြုလုပ်လျင် ရာဇသတ်ကြီး ပုဒ်မ ၄၈၉ (က) အရ ထောင်ဒဏ် တသက် သို့မဟုတ် ၁ဝ နှစ် ချမှတ်နိုင်သည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။
 ငွေအတုမှန်းသိလျက်နှင့် သုံးစွဲရန်ကြံရွယ်ကာ လက်ဝယ်ထားပါက ထောင်ဒဏ် ၇ နှစ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်ဟုလည်း ဥပဒေပြဋ္ဌာန်းထားသည်။

စီးပွားရေးပညာရှင် ဦးခင်မောင်ညိုက “ကြီးကျယ်တဲ့ ကိစ္စမဟုတ်ဘူး။ ဒါတွေက တွေ့နေကျပဲ။ တနေရာမှာ အရွက်ဘယ်နှစ်သိန်း၊ ဘယ်နှစ်သောင်းတွေ့တာ မဟုတ်ပဲ။ အခုက ၅,ဝဝဝ တန် အရွက် ၁ဝဝ တောင်မရှိဘူး” ဟု စီးပွားရေးလောကအပေါ် အကျိုးမသက်ရောက်နိုင်ကြောင်း ပြောသည်။

၂ဝ၁ဝ ခု ဇန်နာဝါရီလအတွင်းက ပဲခူးမြို့ မြို့မဈေးတွင် ရဲဝန်ထမ်းတဦးက ၅,ဝဝဝ တန်အတုဖြင့် ဈေးဝယ်နေစဉ် ဖမ်းဆီးမိခဲ့ဖူးကြောင်း လွတ်လပ်သည့်အာရှအသံ RFA က သတင်းထုတ်လွင့်ခဲ့ဖူးသည်။

ငွေစက္ကူ တထောင်တန်အစစ် တသိန်းနှင့် အတု ၁ဝ သိန်းကို ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ ဆိုင်ကယ်သမားတဦးထံမှ လဲလှယ်၍ ရန်ကုန်တိုင်း ဒေါပုံမြို့နယ်တွင် ပြန်လည်သုံးစွဲသူ ၃ ဦးကို ဒေါပုံရဲစခန်းက ဖမ်းဆီးခဲ့ကြောင်း ၂ဝ၁ဝ မေလထုတ် ပြည်မြန်မာဂျာနယ်ကဖော်ပြခဲ့သည်။

11ReadMore-2.jpg

Wednesday, May 4, 2011

ဘုရားသုံးဆူမြို့သို့ ဝင်ရောက်တိုက်ခိုက်မည်ကို အာဏာပိုင်များ စိုးရိမ်

http://ehkhaungthaunt.blogspot.com/



ဂျူရီချိုင်း - နယ်ခြားစောင့်တပ်ကို လက်မခံသည့် ဒီကေဘီအေ တပ်ဖွဲ့ဝင်များ ယမန်နေ့ ညဦးပိုင်းတွင် ဘုရားသုံးဆူမြို့စွန်သို့ ခေတ္တရောက်ရှိလာပြီးနောက် မြို့ကို ဆက်လက်တိုက်ခိုက်မည်ကို အာဏာပိုင်များ စိုးရိမ်လျက် ရှိသည်။

ယမန်နေ့ည ၇ နာရီခန့်တွင် ဒီကေဘီအေ တပ်မဟာ ၅ မှ စစ်ဆင်ရေးမှူး ဗိုလ်မှူးဆန်းအောင် ဦးစီးသည့် ဒီကေဘီအေ တပ်ဖွဲ့ဝင် အင်အား ၃၀ ခန့်က ဘုရားသုံးဆူမြို့ တောင်ဝိုင်းရပ်ကွက်သို့ ရောက်ရှိလာခြင်း ဖြစ်သည်။

“ခဏဝင်လာပြီးတော့ ပြန်ထွက်သွားတယ်၊ လူတွေကလည်း တိုက်ပွဲဖြစ်မှာကို စိုးရိမ်နေကြတယ်” ဟု အာဏာပိုင်နှင့် နီးစပ်သူ မြို့ခံတဦးက ပြောသည်။

ကေအင်ယူ၊ ဒီကေဘီအေနှင့် မွန်ပြည်သစ်ပါတီတို့ ပူပေါင်းပြီး ဘုရားသုံးဆူမြို့ကို ဝင်ရောက် တိုက်ခိုက်လိမ့်မည်ကို အာဏာပိုင်တို့က ခန့်မှန်း ပြောဆိုနေသည်ဟုလည်း သူက ပြောသည်။

ဒီကေဘီအေ တပ်ဖွဲ့ဝင်များ မြို့တွင်းသို့ ဝင်ရောက်လာပြီးနောက်တွင် မြို့တွင်းလုံခြုံရေးများကို ရုပ်သိမ်းလိုက်ပြီး ခလရ ၂၈၄ တပ်ရင်းအတွင်း စုစည်းထားခဲ့သည်ဟု သူက ဆက်ပြောသည်။

ဘုရားသုံးဆူမြို့တွင် ဗိုလ်မှူးကြီး စောရန်နိုင် ဦးစီးသည့် ခလရ ၂၈၄ ရှေ့တန်းတပ်ရင်း အခြေစိုက်လျက် ရှိသည်။

လွန်ခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲအပြီး နိုဝင်ဘာလ ၈ ရက်နေ့တွင် ဒီကေဘီအေ ၉၀၆ တပ်ရင်းမှ ဗိုလ်မှူး စောအေဝမ်း ဦးစီးသည့် ဒီကေဘီအေတပ်ဖွဲ့ဝင်များ ဘုရားသုံးဆူမြို့သို့ ဝင်ရောက် တိုက်ခိုက်ခဲ့သေးသည်။

11ReadMore-2.jpg

Monday, May 2, 2011

ကရင်နီပြောက်ကြားတိုက်ပွဲ ၄ ဦးကျဆုံး ၂ ဦးလွတ်မြောက်


ကရင်နီပြည်နယ် ဘောလခဲခရိုင် မယ်စဲ့မြို့နယ် နန်းဖောင်းချောင်းနှင့် နန်းမားကြားတွင် ဟင်းရှာနေသော အစိုးရစစ်တပ်တို့ကို ကရင်နီ တပ်မတော်ဘက်မှ ခြုံခိုတိုက်ခိုက်မှုကြောင့် ၄ ဦးကျဆုံးခဲ့သည့်ဟု သိရသည်။
ခရီးထွက်နေကြသော ကရင်နီ စစ်သားများ (ဓါတ်ပုံ-KA)
ခရီးထွက်နေကြသော ကရင်နီ စစ်သားများ (ဓါတ်ပုံ-KA)
ကရင်နီတပ်မတော်မှ စစ်ဦးစီးတပ် တပ်ကြပ်ကြီး စောထူးဂေ ဦးဆောင်သည့် အဖွဲ့သည် ပြီးခဲ့သည့် ဧပြီလ ၁၆ ရက်နေ့ နေ့လည် ၁၂ နာရီခွဲအချိန်တွင် အစိုးရစစ်တပ် ခလရ ၁၃၅ အား ခြုံခိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ဖြစ်သည်။

“အဲဒီ နအဖတွေက ငါးထွက်ရှာတယ်လေ။ ဟင်းထွက်ရှာတာပေါ့။ အဲမှာ စောထူးဂေတို့အဖွဲ့က သူတို့ကို စောင့်ပြီးတော့မှ တိုက်ပွဲဖြစ်တာပေါ့” ဟု ကရင်နီတပ်မတော်မှ ပြောရေးဆိုခွင့်ရှိသူ စောထိထာစွေ့က ပြောသည်။

အဆိုပါတိုက်ပွဲ၌ ကရင်နီဘက်မှ တစုံတရာထိခိုက်မှုမရှိဘဲ အစိုးရတပ်ဖွဲ့မှ ၆ ဦးအနက် တပ်ကြပ် တစ်ဦးနှင့် တပ်သား ၃ ဦး သေဆုံးခဲ့ပြီး ကျန် ၂ ဦးမှာ လွက်မြောက်သွားခဲ့ကြသည်ဟု ဆိုသည်။

11ReadMore-2.jpg

Friday, March 11, 2011

ဂျပန်ပြည်တိုကျိုနှင့် မိုင် ၂၄၀ အကွာ ပစ္စဖိတ်ပင်လယ်ဗဟိုပြု ၈.၈ေ မဂ္ဂါစကေးငလျင်လှုပ်

လွန်ခဲ့သော ကြာသာပတေးနေ့ အစောပိုင်းက ဂျပန်နိုင်ငံ မြောက်ပိုင်း Honshu ဒေသမှ စတင်ခဲ့သော မြေငလျင်သည် ၆.၃ Magnitude နှုန်းဖြင့် လှုတ်ခတ်ခဲ့ပြီး တစ်ရက်အတွင်းမှာပင် Sendai-shi ဒေသကို ဗဟိုပြုပြီး ၇.၂ အဆင့်ရှိ ငလျင်ကြီးတိုးမြှင့် လှုတ်ခတ်ခဲ့ပြီး ယနေ့အချိန်အထိ ထပ်မံလှုတ်ခတ်လာသော ငလျင်၏ ပြင်းအားမှာ ၈.၉ Magnitude အဆင့်အထိ တိုးမြှင့် လှုတ်ခတ်လာခဲ့သဖြင့် ရေမျက်နှာပြင် ၃၀.၃ ပေ အမြင့်အထိ တက်လာခဲ့ကြောင်း အင်တာနက် သတင်းများအရ သိရသည်။

တိုကျိုရှိ အမေရိကန် အခြေစိုက် ဘူမိဗေဒ ဌါ၏ ပြောကြားချက်အရ ငလျင် စက်ဝန်းမှာ ၃၇၃ ကီလိုမီတာ (၂၃၁ မိုင်) ရှိပြီး တိုကျိုမြို့တော် အထိပင် ရောက်ရှိနေပြီဟု သိရသည်။ လက်ရှိ အခြေအနေအရ ပြည်သူပေါင်း ၇၀၀၀ အထက် ဒုက္ခရောက်နေကြောင်း နှင့် တိုကျိုမြို့တွင် မြေအောက် ဘူတာရုံ နှင့် လမ်းများ အားလုံး ပိတ်သွားပြီ ဖြစ်သည်။

ယခု တိုက်ခတ်သော ငလျင်မှာ ဂျပန်နိုင်ငံ သမိုင်းတစ်လျောက် အကြီးမားဆုံး ငလျင်တစ်ခုဖြစ်ပြီး ကမ္ဘာ့စံချိန်မှာ လွန်ခဲ့သော မေလ ၂၂ ၊ ၁၉၆၀ ခုနှစ်က ချီလီနိုင်ငံတွင် လှုတ်ခတ်ခဲ့သော ၉.၅ အဆင့်ရှိသော ငလျင်ကြီးဖြစ်သည်။

ယခု ငလျင်ကြော ကျရောက်ရာ ဒေသများတွင် ချိုင့်ဝှမ်းကြီးများကို အရှိန်အဟုန် ကြီးများစွာဖြင့် တစ်ခုပြီးတစ်ခု ပေါ်ပေါက်စေပြီး တိုကျို ပတ်ဝန်းကျင်ရှိ ၄ သန်းခန့်ရှိသော အိမ်ယာများ ရေအောက် မြုပ်မှုများ ဖြစ်ပေါ်ခဲ့သလို လျပ်စစ်လိုင်းများ လုံးဝပြတ်တောက်သွားပြီး အချို့နေရာများတွင် မီးလောင်ကျွမ်းမှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။

လောင်စာဆီ သိုလှောင်ကန်များ မီးလောင်နေစဉ်

၁၉၃၃ ခုနှစ်က ၈.၁ Magnitude အဆင့်ရှိ ငလျင်တစ်ခု ဂျပန် အရှေ့မြောက် ပစိဖိတ်ဒေသအတွင်း လှုတ်ခတ်ခဲ့ဖူးရာ လူပေါင်း ၃၀၀၀ ခန့် သေဆုံးခဲ့ရသည်။ နောက်ဆုံးသိရသော သတင်းများအရ Chiba, Ibaraki, Fukushima မြို့များတွင်လည်း အဆိုးဝါးဆုံး ငလျှင်နှင့် ရေကြီးမှုဒါဏ်တို့ကို ခံစားနေရလျက် ရှိနေသည်။

Updated 3:45 PM
...... ယခုအချိန်အထိ သေဆုံးသူပေါင်း ၁၉ ဦးအထိ ရှိသွားပြီဟု သိရပြီး အချိန်နှင့်အမျှ သေဆုံးသူ အရေအတွက် တိုးလားနေလျက် ရှိသည်။
Updated 4:15 PM
....... Mutdfan.com က Niigata city နေ မြန်မာ တစ်ဦးအား ဆက်သွယ်မေးမြန်းခဲ့ရာ...

မေး - အမရေ ငလျှင်အခြေအနေလေး သိချင်လို့ပါ

ဖြေ - အခုတော့ တီဗီကနေ ငလျှင်သတင်းတွေကို အဆက်မပြတ် ကြေငြာနေတယ်
ရှီးဗာမှာက ဂတ်စ်သိုလှောင်ရုံတွေ ပေါက်တာ အခုထိ မီးလောင်တာ မရပ်သေးဘူး

မေး - အမနေတဲ့Niigata မြို့ အခြေအနေလေးကရော
နေ့လည် ၁နာရီလောက်က ၅.၀ လောက်နဲ့ စလှုပ်တယ် သိပ်ပြီး ဆိုးဆိုးဝါးဝါး မခံစားလိုက်ရဘူး တခြားမြို့တွေလောက် သိသိသာသာတော့ မခံစားလိုက်ရဘူး

မေး - ရေကြီးတာက Fukushima မြို့မှာဆို။ အတော်လေး ဆိုးလား တီဗီမှာပြတာတော့ မြို့ထဲကို ရေတွေ ၀င်လာတာတွေ့မိတယ်။
ဖြေ - ကားတွေ မျောပါကုန်တယ်။ ပင်လယ် ကမ်းခြေနဲ့ နီးတဲ့နေရာမှာ ဖြစ်တာ
ကားထဲက လူတစ်ယောက်နဲ့ သဘော်ထဲက တစ်ယောက် ပါသွားတယ်တော့ကြားတယ်
Sendai မြို့ကတော့ အဆိုးဆုံးလို့ တွေ့နေရတယ်။ ညနေ ၃နာရီ ၅၅မိနစ်လောက်မှာ ကား အစီး ၂၀လောက်ပါသွားတယ် ၈.၄ မီဂါလောက် ရှိပြီး အခု ပြောနေတုန်းမှာဘဲ ကျွန်မနေတဲ့ Niigata မှာ ထပ်လှုပ်နေတယ်
နေ့လည်က လှုပ်တုန်းကဆိုရင် ခေါင်းတွေမူးပြီး အန်တောင် အန်တယ်။
Sendai မြို့မှာ လေယာဉ်ပြေးလမ်းကြောင်းတွေပါ ရေတွေမြုတ်သွားတယ်လို့ လေဆိပ်က တာဝန်ရှိသူက ပြောနေတာ အခု တီဗီမှာ တွေ့နေရတယ်။
ဂျပန်ရဲ့ မြောက်ဘက် Hokkaido Tokushima မှာ ၂.၄၆ မိနစ်တုန်းက တိုင်းတာချက်အရ Level 7 ရှိနေတာကြောင့် က လူတွေကိုပင်လယ်နဲ့ ဝေးရာ ဘေးလွတ်ရာကို ရွေ့ဖို့ စီစဉ်နေကြပြီ

မေး - ဘာတွေများ တခြား ဖြစ်သေးလဲဗျ။
ဖြေ - တိုကျိုမှာတော့ ရထားတွေ ရပ်ကုန်လို့ ခရီးသည်အကုန် လမ်းလျောက်သွားနေရတယ်။ တိုကျိုက သူငယ်ချင်းတစ်ယောက်တော့ တက္ကသိုလ်ဝင်းထဲမှာ ပိတ်မိနေတယ်လို့ ပြောတယ်။
Tokyo မြို့လယ် Odaiba ဘက်မှာတော့ မီးတွေ လောင်နေတယ်လို့ ပြောတယ်။
တီဗွီင်္မှာတော့ တခြား အစီအစဉ် လုံးဝမပြတော့ဘဲ ငလျှင်သတင်းတွေကိုချည်း ပြနေတယ်။ ဖြစ်ပြီးသွားတာတွေရော ဖြစ်နေဆဲဟာတွေရောပေါ့။
ဟုတ် အခုလို ဖြေကြားပေးတဲ့ အတွက် ကျေးဇူးပါဘဲဗျာ။
(အထက်ပါ သတင်းအား ဂျပန်နိုင်ငံသို့ ကိုမှူးသခင် က ဆက်သွယ် ရယူထားခြင်း ဖြစ်ပါသည်။ )
Updated 4:48 : ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ မတ်ဖန် ပရိသတ် တစ်ဦးဖြစ်သော ကိုဖန်ခါးသီး အားဆက်သွယ် မေးမြန်းခဲ့ရာ အိမ်တွင်းရှိ ပစ္စည်းများအကုန် ပျက်စီး ကုန်သော်လည်း လူထိခိုက်မှု မရှိကြောင်း အခြားသော နီးစပ်ရာ မြန်မာများကို မေးမြန်းကြည့်ခဲ့ရာတွင်လည်း လူထိခိုက်ခြင်း ရှိသည့်သတင်း မကြားရကြောင်း သိရသည်။ ငလျင်များ အနေဖြင့်မူ အနည်းငယ် ဆက်လက် လှုတ်နေသေးကြောင်း သိရသည်။ Chanel News Asia သတင်းအရ သေဆုံးသူ ၄၉ ဦးအထိ ရှိသွားပြီ ဖြစ်ကြောင်း သိရသည်။ ပစိဖိတ် သမုဒ္ဒရာနှင့် ထိစပ်နေသော နိုင်ငံ အတော်များများက ဆူနာမီ သတိပေးချက် ထုတ်ပြန်နေကြသည်။ (ထပ်မံ ဖြည့်စွက် ပေးပါမည်။)

News Updated 4:54 PM. ဂျပန်နိုင်ငံနေ မတ်ဖန်ပရိသတ် ကိုဖန်ခါးသီးက အောက်ပါအတိုင်း သတင်းပေးပို့သည်။
"ဆက်လက် လှုတ်ခတ်နေဆဲ ငလျင်များမှာ ဂျပန်နိုင်ငံ မြောက်ပိုင်းပင်လယ်ကို ဗဟိုပြုနေပါတယ်။ ။ ဖုန်းလိုင်းတွေ အားလုံးပြတ်နေပြီး ရထား၊ကား အားလုံး ရပ်သွားပါပြီ။ နေ့လည် ၃နာရီလောက်က လှုတ်သွားတဲ့ ငလျင်က တိုကျိုမှာ တော်တော်ပြင်းပြင်း။လှုတ်သွားပါတယ်။ ခုလဲ နည်းနည်း နဲ့ အကြိမ်ကြိမ်လူပ်တုန်းပါဘဲ။ မြန်မာတွေ အသေအပျောက် မရှိဘူးလို့ ကြားရပါတယ်။ အခုလက်ရှိ နောက်ဆုံးသတင်းအရ ၃၆ ၊ပျောက် ၄၅ယောက် ပျောက်ဆုံးနေတယ် ပြီး နေရာကွတ်ကြား မီးတွေလောင်နေပါတယ်။ "


News Updated 5:14 PM ဂျပန်နိုင်ငံတွင် အင်အား ၈.၉ Magnitude ရှိ ငလျင်ကြီးလှုတ်ခဲ့ပြီးနောက် ယခုအချိန်အထိ နယူးဇီလန်၊ ဖီလစ်ပိုင်၊ အင်ဒိုနီးရှား၊ Papua New Guinea, ဟာဝိုင်အီ နှင့် ပစိဖိတ် သမုဒ္ဓရာနှင့် ထိပ်စပ်နေသော နိုင်ငံ အတော်များများက မကြာမီ နာရီအနည်းငယ်အတွင်း ဆူနာမီ ကဲ့သို့ ရေကြီးမှုများ ဖြစ်လာနိုင်သည်ဟု သတိပေးချက် ထုတ်ပြန်ထားသည်။ ဂျပန်မှ ကိုဖန်ခါးသီး ပေးပို့သော သတင်းအရ ၄၁ သေ၊ ၉၀ ဒဏ်ရာရ သည်ဟု နောက်ဆုံး သိရသည်။

News Updated 5:50 PM ဂျပန်နိုင်ငံတွင် အင်အား ၈.၉ Magnitude ရှိ ငလျင်ကြီးလှုတ်ခဲ့ပြီးနောက် ယခုအချိန်အထိ နယူးဇီလန်၊ ဖီလစ်ပိုင်၊ အင်ဒိုနီးရှား၊ Papua New Guinea, ဟာဝိုင်အီ၊ သြစတေးလျှ၊ နှင့် ပစိဖိတ် သမုဒ္ဓရာနှင့် ထိပ်စပ်နေသော နိုင်ငံပေါင်း ၂၀ က မကြာမီ နာရီအနည်းငယ်အတွင်း ဆူနာမီ ကဲ့သို့ ရေကြီးမှုများ ဖြစ်လာနိုင်သည်ဟု သတိပေးချက် ထုတ်ပြန်ထားကြောင်း သိရသည်။
News Updated 6:50 PM ဂျပန်နိုင်ငံနေ ကို ဖန်ခါးသီး၏ သတင်းပေးပို့ချက်အရ သေဆုံးသူ ၆၃ ယောက် ရှိသွားပြီ ဖြစ်ကာ ဒဏ်ရာရ ၂၄၄ယောက်ဖြစ်နေပြီ ဟုသိရပြီး သေဆုံး ဒဏ်ရာရသူစာရင်းမှာ အချိန်နှင့်အမျှ တိုးနေပြီး မကြာမီ များစွာ ထပ်မံစရင်း တိုးလာဖွယ် ရှိကြောင်း သိရသလို အဆက်အသွယ် အားလုံး ပြတ်တောက် သွားပြီဟုလည်း ဆိုသည်။
http://mm-medicalstudents.com/

11ReadMore-2.jpg

Thursday, February 10, 2011

ကော့ကရိတ်တွင် တိုက်ပွဲဖြစ် BGF ထိခိုက်သေဆုံးမှုရှိ

ဖေဖော်ဝါရီလ ၁၀ရက်။ ကေအိုင်စီ

ကရင်ပြည်နယ် ကော့ကရိတ်မြို့မှအထွက် နယ်ခြားစောင့်တပ် အပါအ၀င် စစ်တပ်၊ ရဲနေရာများတွင် ယနေ့နံနက်စောစော၌ အချိန်အတော်ကြာ တိုက်ပွဲဖြစ်ပွားရာ နယ်ခြားစောင့်ဘက်မှ ထိခိုက်ကျဆုံးမှုများရှိသည်ဟု ကေအိုင်စီက စုံစမ်းသိရှိရသည်။

အဆိုပါတိုက်ပွဲမှာ မနက် ၄နာရီမှ ၉နာရီခန့်အထိ ကော့ကရိတ်မြို့ ချက်ပွိုင့်မှသွားလျှင် ကြောင်လျှာကုန်း၊ တောင်ပြတ်စခန်း စသည့်နေရာများတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ထိုလမ်းကြောင်းကို သွားလာနေသည့် ဆိုင်ကယ်သမားတစ်ဦးက ယခုလို ပြောသည်။

သူက “တိုက်ပွဲက မနက် ၄နာရီလောက်ကတည်းကဖြစ်တာ။ မနက် ၉နာရီနီးပါးအထိပဲလေ။ ဒီနေ့က ကားတန်းအတက်ဆို တော့ တိုက်ပွဲရပ်ပြီး ၁၀နာရီလောက်မှ ကားတန်းတွေကို လွှတ်ပေးလိုက်တာ။ ကားသမားတွေပြောတာက သူတို့ကားတန်း ထွက်လာပြီးနောက်မှာတောင်မှ လက်နက်ကြီးအသံတွေ ခပ်ဝေးဝေးမှာ လှမ်းကြားရသေးတယ်တဲ့။”ဟု ဆိုသည်။

ယခုတိုက်ပွဲမှာ ဒီကေဘီအေ တပ်မဟာ(၅) ဗျူဟာ(၂)မှူး ဗိုလ်မှူးကြီးစောကျော်သက် ဦးစီးသည့်အဖွဲ့နှင့် ကေအဲန်ယူတပ်ဖွဲ့ ၀င်များက ကော့ကရိတ်နှင့် အောက်ဘိုတဲစခန်းကြားရှိ BGF နေရာများကို တိုက်ခိုက်ခြင်းဖြစ်နိုင်ကြောင်း ခန့်မှန်းရသော်လည်း ထိုတိုက်ပွဲတွင် BGF ၁ဦးသေကာ ၂ဦး ထိခိုက်မှုရှိသည် ဒီကေဘီအေမှ စစ်ဆင်ရေးမှူး ဗိုလ်မှူးစောဆန်းအောင်က ပြောသည်။

ဗိုလ်မှူးစောဆန်းအောင်က “အခုဖြစ်တာက ဗိုလ်ကျော်သက်တို့အဖွဲ့တွေလို့ပဲ ခန့်မှန်းရတယ်။ ကျနော်ကြားသလောက်က BGF တွေ ၁ယောက်သေတယ်။ ၂ယောက် ဒဏ်ရာရတယ်။ အတိအကျတော့ မသိရသေးဘူး။”ဟု ကေအိုင်စီကို ပြောသည်။

ကော့ကရိတ်၊ အောက်ဘိုတဲနှင့် ချက်ပွိုင့်ကြားတွင် နယ်ခြားစောင့်တပ်၊ စစ်တပ်နှင့် ရဲတို့ နေရာချထားသည့်အတွက် ယနေ့ တိုက်ပွဲတွင် BGF တပ်ဖွဲ့ဝင် ၂၀ဦးခန့် ကျဆုံးကြောင်း ကြားသိရသော်လည်း မည်သူမျှ အတည်ပြုပြောဆိုနိုင်ခြင်းမရှိပေ။

ဒီကေဘီအေမှ ဗိုလ်မှူးကြီးစောကျော်သက်သည် ကော့ကရိတ်မြို့သို့ ဆင်းသွားကြောင်း နအဖ စစ်တပ်အာဏာပိုင်များက သတင်းရရှိနေကြသည်ဟု စစ်တပ်အသိုင်းအ၀ိုင်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

11ReadMore-2.jpg

Monday, January 10, 2011

DKBA နှင့် နအဖ တိုက်ပွဲကြောင့် ထိုင်းစစ်တပ် နယ်စပ်လုံခြုံရေး

  
ကရင်ပြည်နယ် မြ၀တီခရိုင် ဖလူးဒေသ၌ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) နှင့် နအဖ တပ်ဖွဲ့များအကြား ယနေ့ဖြစ်ပွားသည့် တိုက်ပွဲတွင် ထိုင်းနိုင်ငံဘက်သို့ လက်နက်ကြီးကျည်များ ထပ်မံ ကျရောက် ပေါက်ကွဲသဖြင့် ထိုင်းစစ်တပ်က နယ်စပ်လုံခြုံရေး တိုးမြှင့်ထားလိုက်သည်။

dkba-and-knu-11
တိုက်ပွဲဝင် DKBA နှင့် KNUပူးပေါင်းအဖွဲ့၏ လက်ဖြောင့် တပ်သားများ (ဓာတ်ပုံ - ဧရာဝတီ)
ယနေ့နံနက် ၇ နာရီခန့်က စတင် ဖြစ်ပွားသည့် နှစ်ဘက် တိုက်ပွဲတွင် စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် (စကခ) ၁၂ လက်အောက်ခံ နအဖ တပ်ဖွဲ့ဝင်များက DKBA တပ်ဖွဲ့များ ရှိသည့်ဟု ယူဆရသည့် ကဆောဝါးလေး တောင်တန်း တလျှောက် လက်နက်ကြီး ကျည် အလုံး ၁၀၀ ခန့် ကြိုကြား ပစ်ခတ်လျက်ရှိရာ ထိုင်းနိုင်ငံဘက်သို့ လက်နက်ကြီးကျည် ၆ လုံး ယနေ့ မွန်းလွဲပိုင်းတွင် ကျရောက် ပေါက်ကွဲခဲ့ခြင်း ဖြစ်ကြောင်း ထိုင်းစစ်တပ်က ပြောသည်။

ယမန်နေ့က ဖြစ်ပွားခဲ့သည့် နှစ်ဘက် တိုက်ပွဲတွင်လည်း နအဖ တပ်ဘက်မှ


လက်နက်ကြီးကျည် အလုံး ၁၀၀ ခန့်ပစ်ခတ်ခဲ့ရာ ထိုင်းဘက်ခြမ်း မဲဆောက်မြို့နယ် မဲ့ကိုကင်း ရွာရှိ ကော်မနောင်း အနီးတွင် ၁၁ လုံးကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရသည်။

နအဖ ဘက်မှ ပစ်ခတ်သည့် လက်နက်ကြီးကျည်များ ထိုင်းဘက်ကျရောက် ပေါက်ကွဲမှု ဖြစ်စဉ်ကို ထိုင်းဘက်မှ စစ်ဆေးလျက် ရှိပြီး လိုအပ်ပါက ထိုင်း-မြန်မာ နယ်ခြား ကော်မတီမှ တဆင့် မြန်မာဘက်သို့ ကန့်ကွက်သွားမည်ဟု မဲဆောက် အခြေစိုက် အမှတ် (၄) ဒေသဆိုင်ရာ ကွပ်ကဲရေး တပ်မှ တပ်မှူးတဦးက သတင်းထောက်များကို ပြောသည်။

တိုက်ပွဲဖြစ်စဉ်နှင့် ပတ်သက်၍ ဖလူးဒေသတွင် စစ်ရေးလှုပ်ရှားနေသည့် DKBA တပ်မဟာ ၅ မှ စစ်ဆင်ရေးမှူး ဗိုလ်မှူးဆန်းအောင် က နှစ်လတာ တိုက်ပွဲကာလအတွင်း DKBA နှင့် ကရင်အမျိုးသား အစည်းအရုံး(KNU)တပ်ဖွဲ့ဝင်များ၏ ပြောက် ကျားစနစ်ဖြင့် ချုံခိုတိုက်မှုကြောင့် နအဖ ဘက်က ထိခိုက်ဒဏ်ရာရ သေဆုံးမှုများစွာ ရှိခဲ့သည့်အတွက် ဖလူးဒေသကို စိုးမိုးမှု အမြန်ရယူရန် ယခုကဲ့သို့ လက်နက်ကြီးများဖြင့် တိုက်ခိုက်ခြင်းဖြစ်သည်ဟု ပြောသည်။

“နအဖ က ပြောက်ကျားစနစ်ကို ကြောက်တယ်။ သူတို့ဘက်က အကျအဆုံးထဲမှာ ကျနော်တို့နဲ KNUပူးပေါင်း တပ်ဖွဲ့တွေရဲ့လက်ဖြောင့် တပ်ဖွဲ့ဝင်(စနိုက်ပါ သမား)တွေကြောင့် ဖြစ်တယ်”ဟု ဗိုလ်မှူးဆန်းအောင်က ဆိုသည်။

၎င်းက ဆက်လက်ပြီး“လက်နက် အင်အား၊ လူအင်အားချင်း ကွာခြားမှုအရ ကျနော်တို့က ပြောက်ကျားစစ်နစ်ကို သုံးတာဖြစ် တယ်။ ဒီနည်းနဲ့ နအဖ ဘက်က တလကို ထိခိုက်ကျဆုံးမှု များတာရှိတဲ့အတွက် အခုလိုမျိုးကျနော်တို့ကို လက်နက်ကြီး အလုံး ရေ ရာနဲ့ချီပြီးတော့ တိုက်နေတာဖြစ်တယ်”ဟု ပြောသည်။

ပြီးခဲ့သည့် နှစ်ဘက်တိုက်ပွဲများအတွင်း ထိခိုက် ဒဏ်ရာရ သေဆုံးမှုများနှင့် ပတ်သက်ပြီး သီးခြားအတည်ပြုချက် ရယူနိုင်ခြင်း မရှိသေးပါ။

ယနေ့ဖြစ်ပွားသည့် တိုက်ပွဲတွင် နှစ်ဘက် ထိခိုက်ကျဆုံးမှုများရှိခဲ့ပြီး နအဖ တပ်ဖွဲ့ဝင်များ၏ ထိခိုက်ကျဆုံးမှုကို မသိရှိရသေး သော်လည်း DKBA ဘက်မှ တပ်ဖွဲ့ဝင် ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု DKBA တပ်မှူး တဦးက ပြောသည်။

တိုက်ပွဲကြောင့် ယနေ့နှင့် ယမန်နေ့က ရာနှင့် ချီသည့် ဖလူး ဒေသခံ ရွာသားများ ထိုင်းဘက်ခြမ်း မဲဆောက်မြို့နယ် အတွင်း သို့ ၀င်ရောက်ခိုလှုံလျက်ရှိသည်ဟု ၎င်းတို့၏ ကျန်းမာရေးနှင့် စားဝတ်နေရေးကိစ္စများကို ကူညီဆောင်ရွက် ပေးနေသည့် မဲဆောက်မြို့ မယ်တော် ဆေးခန်းမှ ဆေးမှူး စောနေဦးက ပြောသည်။

နောက်ဆုံးရရှိသည့် သတင်းများအရ ယမန်နေ့ကစတင်သည့် နအဖ ထိုးစစ်သည် ဖလူးဒေသကို စစ်မျက်နှာဖွင့်ထားပြီး DKBA တပ်မဟာ(၅)ဌာနချုပ် ရှိသည့် ဝေါ်လေဒေသသို့ နအဖ တပ်များ ထိုးစစ်ဆင်ရန်အတွက် စစ်ချီရာတွင် လွယ်ကူစေရန် စစ် ပရိယယ် သုံးခြင်းဖြစ်သည်ဟု ထိုင်း နယ်ခြားစောင့် တပ်မှူးတဦးက သုံးသပ်ပြောကြားသည်။

မြ၀တီခရိုင်မှတဆင့် ဝေါ်လေဒေသရှိ DKBA တပ်မဟာ(၅)ကိုရောက်ရှိရန် နအဖ တပ်များ လာမည့် ပုံမှန်လမ်းကို DKBA နှင့် KNU တပ်များ ပိတ်ဆို့ထားသဖြင့် အခြားတောလမ်းများမှ လာရောက်ရန်ကြိုးစားနေသော နအဖ တပ်များ မိုင်းကွင်းများနှင့် ပြောက်ကျား စစ်ကြောင့် အဆိုးဝါးဆုံး အနေအထားများနှင့် ရင်ဆိုင်ကြရမည်ဟု ဝေါ်လေအခြေစိုက် KNU တပ်ရင်း ၂၀၁ ၏ ဒု တပ်ရင်းမှူး ဗိုလ်မှူးကြည်အောင် ကလည်း ပြောသည်။

ရွေးကောက်ပွဲ ကျင်းပနေစဉ် နိုဝင်ဘာလ ၇ ရက် နှင့် ၈ ရက်နေ့က မြ၀တီမြို့နယ် အပါအ၀င် ဘုရားသုံးဆူမြို့နှင့်ကြာအင်း ဆိပ်ကြီးမြို့နယ်များတွင် စစ်အစိုးရတပ်နှင့် DKBA တပ်မဟာ ၅ တို့ တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ပြီးနောက် နေ့စဉ် နီးပါး တိုက်ပွဲ များ ဆက်တိုက် ဖြစ်ပွားလျက်ရှိသည်။

11ReadMore-2.jpg

နအဖနှင့် ကရင်တပ်ဖွဲ့ဝင်များ တိုက်ပွဲ နှစ်ဘက်ထိခိုက်မှုများရှိ


ဇန်န၀ါရီလ ၁၀ရက်။ စောသိန်းမြင့် (ကေအိုင်စီ)

ကရင်ပြည်နယ် ဝေါ်လေဒေသ၊ ဖလူးကျေးနယ်တွင် နအဖနှင့် ကရင်တပ်ဖွဲ့ဝင်များအကြား ယမန်နေ့နှင့် ယနေ့ဖြစ်ပွားခဲ့သည့် တိုက်ပွဲသည် ယခင်တိုက်ပွဲများထက် ပြင်းထန်သောကြောင့် နှစ်ဘက်ထိခိုက်မှုများရှိသည်ဟု သိရှိရသည်။

ယနေ့ နံနက် ၈နာရီခန့်မှ ညနေ ၄နာရီအကျော်အထိ ဖြစ်ပွားခဲ့သည့် KNLA၊ DKBA ပူးပေါင်းတပ်ဖွဲ့နှင့် နအဖ စကခ(၁၂) လက်အောက်ခံ တပ်ဖွဲ့ဝင်များအကြား တိုက်ပွဲတွင် နအဖဘက်မှ ထိခိုက်ဒဏ်ရာရရှိမှု အတိအကျ မသိရှိရသော်လည်း နအဖ ဘက်မှ လက်နက်ကြီးကျည်မြောက်များစွာ ပစ်ခတ်ခဲ့သောကြောင့် DKBA တပ်သား ၂ဦး ကျည်ဆံထိမှန်ခဲ့သည်ဟု ဒီကေဘီ အေ တပ်မဟာ ၅မှ စစ်ဆင်ရေးမှူး ဗိုလ်မှူးစောဆန်းအောင်က ပြောသည်။

၎င်းက “နအဖဘက်က လက်နက်ကြီး အလုံး ၁၀၀ထက်မနည်း လိုက်လံပစ်ခတ်တော့ ကျနော်တို့ဘက်က ၂ယောက် ထိတယ်။ ဒဏ်ရာအပြင်းအထန်တော့ မဟုတ်ဘူး။ ကျနော်တို့လူတွေလည်း တက်လာတဲ့ နအဖစစ်ကြောင်း အပိုင်စောင့်ပစ်တော့ နအဖ ဘက်ကလည်း တော်တော် အထိနာတယ်။ အရေအတွက်တော့ မသိရှိရသေးဘူး။”ဟု ပြောသည်။

အလားတူ ယမန်နေ့ကလည်း အဆိုပါ တပ်ဖွဲ့ဝင်များအကြား နှစ်ဘက်ပစ်ခတ်မှုတွင် နအဖတပ်မှူးတပ်သား ၂၀ဦးခန့် ထိခိုက် သေဆုံးခဲ့ရာ နအဖဘက်မှ လက်နက်ကြီးကျည်အလုံး ၁၀၀ကျော် ပစ်ခတ်ခဲ့သော်လည်း ကရင်တပ်ဖွဲ့ဘက်မှ ထိခိုက်မှုမရှိ ကြောင်း ကရင်တပ်ဖွဲ့ဘက်က ပြောသည်။

ထိုပစ်ခတ်မှုကြောင့် ထိုင်းဘက်ခြမ်းရှိ မဲဆောက်မြို့နယ် မဲ့ကော်ကင်းကျေးရွာအနီးတွင် လက်နက်ကြီးအလုံး ၁၀ကျော် ကျ ရောက်ခဲ့သောကြောင့် ထိုင်းဘက်ခြမ်းမှ နယ်စပ်လုံခြုံရေးတပ်များ တိုးမြှင့်ချထားလိုက်သည်ဟု သိရသည်။

၎င်းတိုက်ပွဲများကြောင့် မြန်မာပြည်ဘက်ခြမ်းရှိ ရာနှင့်ချီသည့် ဖလူးကျေးနယ်မှ ဒေသခံလူထုများ ထိုင်းဘက်ခြမ်းသို့ ထွက်ပြေး ခိုလှုံခဲ့ရသည်ဟု ၎င်းယာယီစစ်ပြေးဒုက္ခသည်များအား ကျန်းမာရေးနှင့် နေထိုင်ရေးနှင့် စားနပ်ရိက္ခာများကို ကူညီဆောင်ရွက် ပေးနေသည့် ကျန်းမာရေးလုပ်သားများက ပြောသည်။

11ReadMore-2.jpg

Friday, January 7, 2011

နအဖမှ လက်နက်ရိက္ခာ၊ အင်အား အစုံအလင်ဖြင့် ကေအဲန်ယူနယ်မြေ သို့ ရောက်ရှိလာ

ဇန်န၀ါရီလ ၇ရက်။ နန်းဖော့ဂေ (ကေအိုင်စီ)

နအဖ စစ်အစိုးရ တပ်ဖွဲ့ဝင်များသည် ဗျူဟာအလိုက် တပ်ရင်းပေါင်းများစွာဖြင့် ကေအဲန်ယူ တပ်မဟာ(၆)နှင့် တပ်မဟာ(၇) နယ်မြေများကို ရှင်းလင်းရန် လက်နက်ကြီးငယ်၊ ရိက္ခာ၊ ဆေးပစ္စည်း အစုံအလင်ဖြင့် ဇန်န၀ါရီလ ၅ရက်နေ့က နယ်စပ်ဘက်ကို ရောက်ရှိလာသည်ဟု ကေအိုင်စီက စုံစမ်းသိရှိရသည်။

TE စစ်ကား၊ ဆယ့်နှစ်ဘီးကားကြီးများနှင့် ခြောက်ဘီးကားများတွင် စစ်သားများ၊ စစ်သူနာပြုများနှင့် ထောင်အကျဉ်းသားများ တင်ဆောင်လာသည့် ကားတန်းများ မြ၀တီတောင်ပေါ်လမ်းအတိုင်း ဇန်န၀ါရီလ ၄ရက်နေ့က တက်လာသည်ကို ကိုယ်တိုင်မြင် တွေ့ခဲ့သူ ခရီးသည်တဦးက ပြောသည်။

“လက်နက်အကြီးအသေး စက်လက်အစုံပါတဲ့ စစ်ကားတန်းဟာ ယာဉ်ကြောပြောင်းပြန်နဲ့ ၄ရက်နေ့ နေ့လည် ၁၂နာရီကျော်မှာ တက်လာတယ်။ သူတို့တက်လာတော့ ရာနဲ့ချီတဲ့ ခရီးသည်တင်ကားတွေ၊ အရပ်သားကားတွေက တောင်ပေါ်လမ်း ချောက် ကမ်းပါးအနားက အလှူခံနေရာမှာ ရပ်ထားပေးရတယ်။ ကားတွေက ကျနော် ရေကြည့်သလောက် ၂၈စီးရှိတယ်။ အရပ်သား ကားတွေဖြစ်တဲ့ ၁၂ဘီးကား၊ ၆ဘီးကားတွေလည်း ချောဆွဲခံရလို့ ပါလာတာထင်တယ်။”ဟု ပြောသည်။

ထိုသို့ တက်လာသည့် ကားတန်းထဲတွင် အရပ်သားကားများဖြစ်သည့် ဆယ့်နှစ်ဘီးကား ၆စီး၊ ခြောက်ဘီးကား ၆စီးနှင့် စစ်ကား TE ခြောက်ဘီးကား ၁၆စီးတို့ပါဝင်ပြီး ၎င်းကားများအနက် အမျိုးသမီး စစ်သူနာပြုဦးရေ ၄၀ခန့်ရှိ စစ်ကားတစီးအပြည့်နှင့် လုံခြုံရေးစစ်သား ၁၀ဦးနှင့် ရဲဘက်အကျဉ်းသား ၅၀ခန့်စီ တင်ဆောင်ထားသည့် စစ်ကား ၇စီး ပါဝင်ကြောင်းလည်း အဆိုပါမြင် တွေ့ခဲ့သူက ဆိုသည်။

သူက “တီအီးစစ်ကားတစ်စီးမှာဆိုရင် စစ်သူနာပြုမလေးတွေက ငယ်ငယ်လေးတွေ အယောက် ၃၀-၄၀လောက် ပါမယ်ထင် တယ်။ နောက် ရဲဘက်တွေ အပြည့်တင်လာတဲ့ကားက ၇စီး။ တစီးကို လုံခြုံရေးစစ်သား ၁၀ယောက်စီလောက် ပါတယ်။ နောက်ထပ် တီအီးကား ၉စီးမှာလည်း စစ်သည်အင်အားက အနည်းဆုံး ၅၀လောက်စီ ရှိမယ်။ ဒါလည်း လက်နက်ခဲယမ်းအ ပြည့်၊ အမြှောက်တပ်တွေ၊ ဆေးတပ်တွေနဲ့ ကျနော် မြင်ခဲ့တာနော်။”ဟု ပြောသည်။

ဖားအံမြို့ခံတစ်ဦးက “ပြီးခဲ့တဲ့ရက်က နအဖ စစ်ကြောင်းတွေက ထောင်သားတွေကို ပေါ်တာခေါ်ပြီး လှိုင်းဘွဲနဲ့ မြ၀တီဘက် တက်သွားတယ်။ ထောင်သားတွေကတော့ ဖားအံ (တောင်ကလေး)ထောင်က အနည်းအကျဉ်းလောက်ပဲ။ အထက်က ပါလာ တာများတယ်။”ဟု ပြောသည်။

ယခုတက်လာသည့် နအဖ တပ်များမှာ စကခ(၁၂) နည်းဗျူဟာ(၁)နှင့် (၂)လက်အောက်ခံ ခလရ(၂၃၁)၊ ခမရ(၅၄၆)၊ ခမရ (၅၄၈)၊ ခမရ(၅၄၉)၊ ခမရ(၃၅၆)၊ ခမရ(၃၅၇)နှင့် ခမရ(၅၄၅) တပ်ရင်းများဖြစ်ပြီး ကေအဲန်ယူ၊ ဒီကေဘီအေတပ်များနှင့် ထိပ် တိုက်ရင်ဆိုင်နေရသည့် နအဖတပ်များမှာ ချူကလီးဒေသတွင် စကခ(၁၉) နည်းဗျူဟာ(၂)မှ ခလရ(၂၉၉)ကလည်းကောင်း၊ အူးကလေးထာ့ရွာတွင် ခမရ(၅၈၆)ကလည်းကောင်း အခြေစိုက်လှုပ်ရှားနေသည်ဟု နယ်စပ်သတင်းများအရ သိရသည်။

ဒီကေဘီအေမှ ဗိုလ်မှူးစောဆန်းအောင်က “နအဖတွေက ဝေါ်လေကို မဖြစ်မနေ တိုက်ဖို့အတွက် တက်လာတာပဲ။ သူတို့က ချူကလီးနဲ့ ကျိုက်ဒုံကြားက ပေ ၃၀ရှိတဲ့ နယ်စပ်မဟာဗျူဟာလမ်းကနေ ၀င်လာဖို့များတယ်။”ဟု သုံးသပ်ပြောဆိုသည်။

အလားတူ ဖားအံမြို့အခြေစိုက် နအဖ တပ်မ(၂၂) လက်အောက်ခံ နည်းဗျူဟာ(၂၂၂)သည် ကမမောင်းကျေးရွာဘက်သို့ လည်းကောင်း၊ နည်းဗျူဟာ(၂၂၃)သည် ရှမ်းရွာသစ်သို့လည်းကောင်း ဇန်န၀ါရီလ ၅ရက်နေ့က ရောက်ရှိနေပြီဖြစ်ကြောင်း ကေ အဲန်ယူ တပ်မဟာ(၇)မှ တပ်မှူးတစ်ဦးက ယခုလို ပြောသည်။

၎င်းက “နအဖ တပ်မ(၂၂)ရဲ့ ဗျူဟာနှစ်ခုက ကမမောင်းကနေ မြစ်ဆုံအောက်ဖက် မယ်ပရွာအထိ ရှင်းလင်းရေးအတွက် သူတို့ ဌာနချုပ်ကနေ ၄ရက်နေ့မှာထွက်လာပြီး ၅ရက်နေ့မှာ ရောက်လာတယ်လို့ ကျနော်တို့ သိရတယ်။ နည်းဗျူဟာ(၂၂၂)ဆို ကမ မောင်းဘက်ကို ရောက်နေပြီ။ နည်းဗျူဟာ(၂၂၃)ကတော့ မာနယ်ပလောဂွင်ကို ရှင်းဖို့အတွက် ရှမ်းရွာသစ်ကို ရောက်နေပြီလို့ ကြားတယ်။”ဟု ယနေ့ ပြောဆိုသည်။

ထိုသို့ ရောက်ရှိလာသည့် နည်းဗျူဟာ(၂၂၂) လက်အောက်ခံတပ်များမှာ ခမရ (၂၀၉)၊ (၂၀၁)၊ (၂၀၂)နဲ့ (၂၀၅)တို့ဖြစ်ပြီး နည်း ဗျူဟာ(၂၂၃) လက်အောက်ခံတပ်များမှာ ခလရ(၈၁)၊ ခမရ(၂၀၄)၊ (၂၀၈) တပ်များမှာ ဆင်ဖြူတောင်(ကဆောဝါးလေး)ဒေသ များကို ရှင်းလင်းသွားမည်ဖြစ်ကြောင်း ကေအဲန်ယူဘက်က ခန့်မှန်းလျှက်ရှိသည်။

နအဖ စစ်ကြောင်းများ ယခုလို အင်အားအပြည့်ဖြင့် ရောက်ရှိလာခြင်းသည် သောင်းကျန်းသူများကို အမြစ်ပြတ်အောင် ချေမှုန်း ရန် ရည်ရွယ်ချက်ဖြစ်ပြီး ယခုအချိန်ထိ စစ်ရေးလှုပ်ရှားမှု မရှိသေးကြောင်းနှင့် ဆက်လက်၍ နအဖတပ်များ ထပ်မံ တက်လာ မည့် အခြေအနေတွင် ရှိနေကြောင်းလည်း မြ၀တီမြို့ရှိ နယ်ခြားစောင့်တပ်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

11ReadMore-2.jpg

လူကုန်ကူးမှုများတွင် UNHCR နှင့် IOM ၀န်ထမ်းများ ပါဝင်ပတ်သက်

မြန်မာ ၀ီကီလိခ် မှကူးယူဖော်ပြပါသည်

အမေရိကန်နှင့်အနောက်နိုင်ငံအချို့သို့ တရားမ၀င် ဒုက္ခသည်အယောင်အဆောင်များကို
ဒုက္ခသည် များ အဖြစ်ဖန် တီးပေးပြီး လူကုန်ကူးမှုဆောင်ရွက်ရာတွင် UNHCR ,IOM နှင့်ဒုက္ခသည်စခန်းမှတာဝန်ရှိ သူအချို့ပူးပေါင်းလုပ်ဆောင်နေကြသည်မှာ အချိန်ကာလ
အတော်ကြာ မြင့်ပြီ ဖြစ်သည်ဟု ယခင် မဲဆောက် ကုလသမဂ္ဂဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံးတွင် အမှု ထမ်းဖူးသူ တစ်ဦး၏ မြန်မာ ၀ီကီလိခ်ထံပေးစာတွင် ဖော်ပြထားသည်။ အစစ်အမှန် ပြည်တွင်းစစ်ဘေးဒဏ်ကြောင့်ထွက်ပြေးလာကြ သည့်ကရင်ဒုက္ခသည် မိသားစုများနေရာတွင်လူအစားထိုးဆောင်ရွက်ကြခြင်းဖြစ်သည်။ လူတဦးအစားထိုးခမှာ
ဘတ်ငွေ၁သိန်း ၅သောင်းမှ ၂ သိန်း ထိပေါက်ဈေးရှိသည်။

အစား ထိုးမှု များ တွင် ကရင် ဒုက္ခသည် များ သာမက မြန်မာ နိုင်ငံရေး အကျဉ်းသား
များ နှင့် အကျဉ်းသား ဟောင်းများ ၏ နာမည် များ ကို ပါ အစားထိုးဖော်ပြသည် ။အချို့ 
နိုင်ငံရေး အကျဉ်းသားများ မှာ ထပ်မံ ထောဒဏ် အပြစ်ပေး ခံရပြီး မြန်မာ အကျဉ်းထောင်
ထဲတွင် ရှိသော် လည်း ၎င်း တို့ ၏ နာမည် များ နှင့် အစားထိုး လူစားများ
မှာ အမေရိကန် နှင့် ဥရောပ နိုင် ငံများ တို့ ရောက် နှင့်နေပြီး ဖြစ်သည်။

မိသားစုဝင် ၆ဦး ၇ဦးထိလူစားထိုးမှုများရှိသည်။ ထိုသို့လူစားထိုးရာတွင် ကာယကံရှင်မိသားစုမှာ တဦးလျင်ဘတ်ငွေ ၁သောင်း၅ထောင်မှ ၂သောင်းထိသာရကြပြီး UNHCR , IOM ၀န်ထမ်းများနှင့်ဒုက္ခသည်စခန်း တာဝန်ရှိသူတို့ခွဲဝေယူကြသည်။ UNHCR မှဝန်ထမ်း အောင်ကျော်ဦးမှာမြန်မာ နိုင်ငံ ရန်ကုန်မြို့ရှိ တရုပ်သူဌေးများ ၏ မသိသူမရှိ ဖြစ် သည်။

မြန်ပြည်၇ှိသူဌေးများသည် အမေရိကန်ပြည်ဝင်ခွင့်ရရန်ခက်ခဲသောကြောင့် ဒုက္ခသည်ယောင်ဆောင်ပြီးအမေရိကန်သို့ထွက်ခွာသွားကြသည်မှာ ထောင်နှင်ချီရှိနေပြီဖြစ်သည်။ ထိုသူများမှာဒုက္ခသည်စခန်းတွင်တညကိုမအိပ်ဘူးသူများဖြစ်ကြသည်။ လုပ်ငန်းစဉ်အဆင့်ဆင့်စစ်ဆေးမှုများတွင် ရန်ကုန်မှလေယာဉ်ဖြင့်မနက်ထွက်လာ ဘန်ကောက်မှနေ မဲဆောက်သို့ ညကားစီး
ထိုမှတဆင့် ဒုက္ခသည်စခန်းတွင်သွားရောက်အစစ်ဆေးခံပြီးညနေတွင်ဘန်ကောက်သို့ပြန် ပြီးမြန်မာပြည်သို့ လေယာဉ်ဖြင့်ပြန်ကြကြောင်းသိရသည်။အချို့မှာနောက်ဆုံးထိုင်းနိုင်ငံမှ ထွက်ခွာမည့်ရက်တွင် IOM အကူအညီဖြင့်ဘန်ကောက်လေဆိပ်မှစောင့်ဆိုင်းပြီးအမေရိကား သို့ထွက်ခွာကြသည်။

နောက်တမျိုးလူစားထိုးခြင်းမှာ ကာယခံရှင်မှာငွေကြေးတပြားတချပ်မှမရဘဲ စခန်းအာဏာပိုင်နှင့် UNHCR, IOM၀န်ထမ်းများပူးပေါင်းလုပ်ဆောင်ကြခြင်းဖြစ်သည်။ ဒုက္ခသည်စခန်းနေထိုင်သောဒုက္ခသည်မိသားစုမှာ TBBC ထောက်ပံ့သော ရိက္ခာမလောက်ငှသောကြောင့်အပြင်သို့လနဲ့ချီပြီး အလုပ်ထွက်လုပ်နေကြသူများဖြစ်ကြသည်။ ထိုအချက်ကိုအခွင့်ကောင်းယူပြီးလူးစားထိုးကြခြင်းဖြစ်သည်။ တနှစ်စောင့်အမေရိကန်ကမခေါ်၊ ၂နှစ်စောင့်မခေါ်လို့အမေရိကန်သံရုံးကခိုင်းစေထားသော OPE(Oversea Processing Entity) (IRC) ရုံးကိုသွားမေးတော့အခါမှာ မိမိမိသားစုအားလုံး နာမည်ဖြင် အမေရိကန်ရောက်နေကြာင်းသိကြရသည်။

တချို့မှာယနေ့ထက်တိုင်လုံးဝသိရှိခြင်း မရှိသေးပေ။လွန်ခဲ့သည့် တစ်လကျော်က မဲလ ဒုက္ခသည်စခန်း မှ နိုင်ငံခြား သို့ ထွက်ခွာအသင့် ဖြစ်နေ သည့်မြန်မာ-ကရင် လူမျိုး လင်မယား နှစ်ဦး မှာ နာမည် နှင့် လူအစား ထိုး ပြီး ၀င်ရောက်လာခြင်း ကို ၎င်း တို့ ထွက် ခွာမည့်  သက်ဆိုင်ရာနိုင်ငံမှ စစ်ဆေး
တွေ့ ရှိသဖြင့် အရေးယူစီစစ်ရာထိုလင်မယားနှစ်ဦးမှာ မဲဆောက် ထောင်ထဲ တွင် ထောင်ဒဏ်အပြစ်ပေး အကျဉ်းကျခံနေရ သော်လည်း ၎င်းတို့ အား ပွဲ စားလုပ်ပေး ခဲ့သည့် စခန်းမှ တာဝန် ရှိသူ များ ၊ ထိုင်းလူမျိုး အချို့နှင့် ဒုက္ခသည် များ ပြည်ပထွက်ခွာရေး ဧဂျင်စီ အချို့ မှ ၀န်ထမ်းများ မှာ မူ အရေးယူခြင်း မခံရ ဟု ပေးစာတွင် ဖော်ပြထားသည်။

11ReadMore-2.jpg

မိနစ်ပိုင်း ပြောက်ကျားတိုက်ပွဲတွင် နအဖ ၃ဦးကျ

ဇန်န၀ါရီလ ၇ရက်။ ကေအိုင်စီ
မြ၀တီမြို့နယ် ဖလူးလေးရွာအနီးတွင် နအဖ စကခ(၁၂) လက်အောက်ခံ တပ်ဖွဲ့ဝင်များနှင့် ဒီကေဘီအေတပ်များ ယမန်နေ့က ပြောက်ကျားတိုက်ပွဲ ဖြစ်ပွားခဲ့ရာ နအဖဘက်မှ ၃ဦး ကျဆုံးခဲ့သည်ဟု ဒီကေဘီအေဘက်က ပြောသည်။
ထိုနေ့ မွန်းလွဲ ၁နာရီခွဲအချိန်တွင် ဒီကေဘီအေမှ ဗိုလ်ကြီးစောဘလာနာ့၏ တပ်ဖွဲ့နှင့် နအဖ တပ်များ မိနစ်ပိုင်းအတွင်း ပြောက်ကျားပစ်ခတ်မှုဖြစ်ပွားခဲ့ရာမှ နအဖဘက်မှ ယခုလို ပွဲချင်းပြီး ၃ဦးကျဆုံးခဲ့သလို တစ်ဦးမှာ မိုင်းနင်းမိသွားခဲ့ကြောင်း ဒီကေဘီအေ တပ်မဟာ(၅)မှ စစ်ဆင်ရေးမှူး ဗိုလ်မှူးစောဆန်းအောင်က ပြောသည်။
“ဗိုလ်ကြီးဘလာနာ့အဖွဲ့ကတော့ ဖလူးလေးအနားမှာ နအဖကို ပြောက်ကျားသွားတိုက်တာပဲ။ နအဖကို ငါးချက်သွားပစ်တာ ၃ ယောက် ကျသွားတယ်။ ၂ချက်ကတော့ မထိလို့။ နအဖဘက်ကတော့ လက်နက်ကြီးတွေနဲ့ ပြန်ပစ်တာတော့ ရှိတာပေါ့။ နောက် သူတို့လူတစ်ယောက်လည်း မိုင်းနင်းမိတယ်လေ။”ဟု ဆိုသည်။

11ReadMore-2.jpg

Thursday, January 6, 2011

စစ်အစိုးရက DKBA နှင့် အပစ်ရပ်ရေး ဆွေးနွေးမည်

ထိုင်း-မြန်မာ နယ်စပ်နှင့် ကရင်ပြည်နယ် အတွင်း ဖြစ်ပွားနေသည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) နှင့် နအဖ တပ်ဖွဲ့ဝင်များ၏ တိုက်ပွဲများ အပစ်ရပ်ရေး အတွက် နအဖ ဘက်က ဇန်န၀ါရီ ၇ ရက်တွင် လာရောက် ဆွေးနွေးရန် ရှိကြောင်း DKBA နှင့် ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) က ပြောသည်။ ကရင်ပြည်နယ် ကော့ကရိတ် မြို့နယ် ဝေါ်လေ ဒေသ၌ DKBA တပ်မဟာ (၅) မှ တပ်မဟာမှူး ဗိုလ်ချုပ် စောလားပွယ် (ဗိုလ်နှုတ်ခမ်းမွေး) နှင့် နအဖဘက်က လာရောက် ဆွေးနွေးမည် ဖြစ်သည်ဟု DKBA နှင့် ပူးတွဲ စစ်ရေး လှုပ်ရှားနေသည့် KNLA ဒု တပ်ရင်းမှူး တဦးက ပြောပြသည်။

11ReadMore-2.jpg


11ReadMore-2.jpg

Tuesday, January 4, 2011

နအဖ တပ်သားတဦး ဒီကေဘီအေ ထံ ထပ်မံ လက်နက်ချ

KIC သတင်းမှ.........

ကရင်ပြည်နယ် ဝေါ်လေဒေသတွင် ၀င်ရောက်လှုပ်ရှားသည့် နအဖ စစ်ကွပ်ကဲရေးဌာနချုပ်-စကခ(၁၉) လက်အောက်ခံ တပ် ရင်းမှ တပ်သားတဦးသည် ယနေ့မွန်းလွဲ ၂း၃၀နာရီအချိန်တွင် ဒီကေဘီအေ တပ်မဟာ(၅)ထံသို့ ထပ်မံ လာရောက်လက်နက် ချသည်ဟု ဒီကေဘီအေဘက်က ပြောသည်။

အဆိုပါ လာရောက်လက်နက်ချသည့် စကခ (၁၉)လက်အောက်ခံ ခမရ(၅၈၆) တပ်ခွဲ(၁)မှ တပ်သား ၀င်းရန်နိုင် ၂၀နှစ် ကိုယ် ပိုင်နံပါတ် တ/၄၃၂၄၇၀သည် ၎င်းတို့တပ်ရင်းလှုပ်ရှားရာ ဝေါ်လေဒေသ အူကလေ့ထာ့ကျေးရွာ မောတုတောင်ဘက်ခြမ်းရှိ ဗိုလ်ချစ်သဲ ဦးစီးသည့် ဒီကေဘီအေတပ်ဖွဲ့သို့ လက်နက်အပြည့်အစုံနှင့်အတူ လာရောက်လက်နက်ချခြင်းဖြစ်သည်ဟု ဒီကေ ဘီအေ တပ်မဟာ(၅)မှ ဗိုလ်မှူးစောဆန်းအောင်က ပြောသည်။

၎င်းက“ ဒီနေ့ မွန်းလွဲ ၂း၃၀အချိန်မှာ ကျနော်တို့ ဒီကေဘီအေ တပ်မဟာ(၅)မှ ဗိုလ်ချစ်သဲဆီကို လာရောက်လက်နက်ချတယ်။ လက်နက်အပြည့်အစုံနဲ့ပဲ။ လောလောဆယ် ဗိုလ်ချစ်သဲဆီမှာပဲ ရှိသေးတယ်။ ကျနော်တို့ တပ်မဟာဌာနချုပ်ကို မရောက်သေး ဘူး။”ဟု ပြောသည်။

စစ်သက်တမ်း ၂နှစ်ရှိ ၎င်းတပ်သား ၀င်းရန်နိုင်သည် ၎င်းတို့တပ်ရင်း၌ ရိက္ခာပြတ်လပ်မှုနှင့် စစ်တိုက်လိုစိတ်မရှိသောကြောင့် MA-1 ၁လက်၊ ကျည် ၂၅၀တောင့်နှင့် မက္ကဇင်း ၆ချပ်နှင့်အတူ ယခုလို ဒီကေဘီအေထံသို့ လာရောက်လက်နက်ချခြင်းဖြစ်ပြီး ဒီကေဘီအေတပ်ဖွဲ့အနေဖြင့် ၎င်းဖြစ်ချင်သည့်ဆန္ဒအတိုင်း အတတ်နိုင်ဆုံး ကူညီဆောင်ရွက်သွားမည်ဟု ဗိုလ်မှူးစောဆန်း အောင်က ပြောသည်။

အလားတူ လွန်ခဲ့သည့် ၂၀၁၀ခုနှစ် ဒီဇင်ဘာလ ၂၉ရက်နေ့တွင်လည်း ဝေါ်လေဒေသတွင် လှုပ်ရှားနေသည့် ခလရ(၂၉၉) တပ်ရင်းမှ တပ်သားတဦး ဒီကေဘီအေ တပ်မဟာ(၅)ထံသို့ လက်နက်ခဲယမ်းများနှင့်အတူ လာရောက်လက်နက်ချခဲ့သည်။

11ReadMore-2.jpg

Template by:

Free Blog Templates