Showing posts with label သာမညကျေးရွာသူ ရွာသားများ၏ နိုင်ငံတော်သမ္မတထံ အသိပေးခြင်း. Show all posts
Showing posts with label သာမညကျေးရွာသူ ရွာသားများ၏ နိုင်ငံတော်သမ္မတထံ အသိပေးခြင်း. Show all posts

Monday, January 16, 2012

သာမညကျေးရွာသူ ရွာသားများ၏ နိုင်ငံတော်သမ္မတထံ အသိပေးခြင်း

ဘားအံမြို့နယ် သာမညကျေးရွာသူ ရွာသားများ၏ နိုင်ငံတော်သမ္မတထံ အသိပေးခြင်း(ပေးစာကဏ္ဍ)
Author: ကိုးဒီသွေး | Posted at: 4:59 PM | Filed Under: article
ကရင်ပြည်နယ် ၀န်ကြီးချုပ်ဦးဇော်မင်း လုပ်ရပ်များအပေါ် မြန်မာနိုင်ငံသူနိုင်ငံသားအားလုံး သိရှိနိုင်ရန်၊ ကမ္ဘာတ၀ှမ်း လူထု သိရှိနိုင်ရန်နှင့် နိုင်ငံတော်သမ္မတပါ သိရှိနိုင်ရန် တင်ပြပေးပါရန်။

ရက်စွဲ- ဇန်န၀ါရီလ (၁၃)၊ ၂၀၁၂။

၁) ယခုအခါ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သည် ခေတ်စနှစ် လိုအပ်ချက်အရ ဒီမိုကရေစီနိုင်ငံ တော်သို့ လျှောက်လှမ်းနေပါပြီးဟု ဆိုပါသည်။

၂) ပြည်ထောင်စု မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် မှီတင်း နေထိုင်ကြကုန်သော ကျေးလက်၊ မြို့ပြည်သူလူထု အားလုံး၏ ဆန္ဒသည် ပြည်ထောင်စုလွှတ်တော်တွင် အတည်ပြုပြီးသော ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ် ရေးမှူး ဥပဒေအရ ခေတ်စနှစ်နှင့်လျောညီစွာ အသစ်ပြန်လည်ရွေးချယ် တင်မြှောက်ချင်ကြပါသည်။

၃) ကရင်ပြည်နယ် ဘားအံမြို့နယ်မှ ကျနော်၊ ကျမတို့ သာမညကျေးရွာတွင်လည်း ရွာသူရွာသားအားလုံး နှင့် ရပ်မိရပ်ဖများသည် ကျေးရွာအုပ်ချုပ်ရေးမှူးကို ပြောင်းလဲပေးပါရန် ပြည်နယ်ဝန်ကြီးချုပ်မှလည်း ကောင်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်မှလည်းကောင်း၊ တိုင်းရင်းသားရေးရာဝန်ကြီးမှလည်းကောင်း အကြိမ်ကြိမ် တင်ပြခဲ့ပါသည်။ ခရိုင်အုပ်ချုပ်ရေးမှူးမှာ အရေးယူပြောင်းလဲချင်သော ဆန္ဒရှိသော်လည်း ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မင်းမှာ လုံးဝ လုံးဝ အသစ် လဲလှယ်တင်မြှောက်လိုသော ဆန္ဒမရှိဘဲ လူထု၏ သဘောထားကို ဖြည့်ပေးခြင်း မရှိပါ။

၎) ကျနော်/ကျမတို့ သာမညကျေးရွာ အုပ်ချုပ်ရေးမှူးသည် ပြည်သူလူထု၏ ဆန္ဒသဘောထားကို ဖြည့် ဆည်းမှု မရှိဘဲ ၎င်းက တင်သလို အာဏာရှင်ဆန်ဆန် အုပ်ချုပ်ပါသည်။

၅) ကျေးရွာတွင် ပြည်ထောင်စု စာရင်း ပြုလုပ်မှုနှင့်ပတ်သက်ပြီး အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် ၂,၅၀၀ နှုန်း ကောက်ခံသော်လည်း ယခုထက်တိုင် အိမ်ထောင်စုစာရင်းမှာ ရရှိခြင်းမရှိဘဲ ငွေကြေးလိမ်လည်ကာ ကိုယ်ကျိုးအတွက် အသုံးပြုပါသည်။

၆) ကျေးရွာမှ ကောက်ယူသော လစဉ် ငွေစာရင်းများကိုလည်း တစ်ကြိမ်တစ်ခါမျှ စာရင်းရှင်းလင်းခြင်း မရှိပါ။

၇) ကျေးရွာ မီးလင်းရေးဆောင်ရွက်ရာတွင်လည်း တရားမျှတစွာ ကောက်ခံခြင်းမရှိဘဲ ၎င်း၏ ဆန္ဒအရ သာ လုပ်ဆောင်ပြီး ပြည်သူများ၏ဆန္ဒ၊ ပြည်သူ၏အသံကို လုံးဝလစ်လျူရှုထားကာ အာဏာရှင်ဆန်ဆန် လုပ်ဆောင်ပါသည်။

၈) ယခုအခါတွင် သာမညဆရာတော်မရှိသည့်နောက်ပိုင်းမှာ တိုင်းရင်းသားစည်းလုံးညီညွတ်မှု ပျက် ပြားပြီး ရွာသူရွာသားများမှာလည်း အားလုံးစိတ်ဝမ်းကွဲကာ အခြေအနေမှာ တဖြေးဖြေး ဆိုးရွားလာပါ သည်။ ယခုလက်ရှိ နာယက ဆရာတော်များမှာလည်း စိတ်ဆင်းရဲနေရပါသည်။

၉) ၁၀. ၁. ၂၀၁၂ ရက်နေ့ည ၇နာရီခန့်တွင် အုပ်ချုပ်ရေးမှူး၏ မတရားမှုကို သီးမခံနိုင်သော ရွာသား ၃၀၀ဦးခန့်သည် ၎င်းတို့၏ အိမ်ရှေ့တွင် ငြိမ်းချမ်းစွာ သပိတ်မှောက်ဆန္ဒပြပါသည်။

၁၀) ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေအရ ကရင်ပြည်နယ် ၀န်ကြီးချုပ်ဦးဇော်မင်းမှာ ကရင်လူမျိုး မဟုတ် ဘဲ ဗမာလူမျိုးဖြစ်သောကြောင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ညီညွတ်ခြင်းမရှိသည့်အပြင် ကရင် ပြည်နယ်သူ၊ ပြည်နယ်သား၏ သဘောထားဆန္ဒ၊ ပြည်နယ်သူ ပြည်နယ်သား၏ အကျိုးစီးပွားကို စွမ်းစွမ်း တမံ ဆောင်ရွက်နိုင်မည်မဟုတ်ဟု ယုံကြည်ကာ လူထုကြိုက်နှစ်သက်ခြင်း မရှိချေ။

၁၁) ၎င်းအပြင် ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မင်းသည် ပြည်နယ်သူပြည်နယ်သားတို့ တောင်းဆိုသော ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးအသစ် လဲလှယ်တင်မြှောက်ခြင်းကို လုံးဝ စိတ်ဝင်စားခြင်းမရှိဘဲ နယ်စပ်မြို့ဖြစ်သည့် မြ၀တီမြို့မြေကွက်သစ်များ ဖော်ထုတ်ရောင်းဝယ်ခြင်းနှင့် လန(၃၉)ကို ဈေးကြီးကြီး ယူ၍ လုပ်ကိုင်ဆောင်ရွက်ခြင်းကိုသာ စိတ်ဝင်စားပါသည်။

၁၂) ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မင်းသည် ၎င်း၏ရာထူးနှင့် အာဏာတည်မြဲရေးအတွက် ဘားအံမြို့နယ် ဇွဲကပင်တောင်အနီး ကျောက်ကလပ် ဆရာတော်ထံတွင် အမြဲတမ်း ယတြာနှင့် ဓါတ်ရိုက် ဓါတ်ဆင်များ ပြုလုပ်ကြောင်းလည်း သိရှိရပါသည်။

၁၃) အထက်ပါ အကြောင်းအရာနှင့်ပတ်သက်ပြီး မြန်မာတ၀ှမ်းလုံးတွင် သိရှိနိုင်ရန်၊ ကမ္ဘာကပါ သိရှိနိုင် ရန်နှင့် နိုင်ငံတော်သမ္မတပါ သိရှိနိုင်ရန် လေးစားစွာဖြင့် တင်ပြအပ်ပါသည်။

မှတ်ချက်။ ။ ယ္ခု ကရင်ပြည်နယ် ၀န်ကြီးချုပ် ဦးဇော်မင်းသည် ယ္ခင် န.၀.တ ခေတ် အရှေ့တောင် တိုင်း စစ်အုပ်ချုပ်မှ ဒုတိုင်းမှူးအနေနှင့် ကရင်ပြည်နယ်ကို ဥက္ကဌအားဖြင့် ဆောင်ရွက်ခဲ့ပြီး ယ္ခု သမတ ဦးသိန်းစိန်လက်ထက်တွင် ကရင်ပြည်နယ် ၀န်ကြီးချုပ်အဖြစ် ပြန်လည် အုပ်ချုပ်ရသူတစ်ဦး ဖြစ်ပါသည်။


လေးစားစွာဖြင့်
ရွာသူ/ရွာသားများ
သာမညကျေးရွာ၊ ဘားအံမြို့နယ်
ကရင်ပြည်နယ်။

11ReadMore-2.jpg

Template by:

Free Blog Templates