Showing posts with label သာမညတောင်တွင်ဆန္ဒပြမှုဖြစ်ပွား. Show all posts
Showing posts with label သာမညတောင်တွင်ဆန္ဒပြမှုဖြစ်ပွား. Show all posts

Wednesday, January 11, 2012

သာမညတောင်တွင်ဆန္ဒပြမှုဖြစ်ပွား

2 14:12 Written by မိအိန်ပိုင်

Hta_Ma_Nya_01ယမန်နေ့ည (၇) နာရီခွဲလောက်တွင် ကရင်ပြည်နယ်၊ ဖါးအံမြို့နယ် သာယာကုန်းကျေးရွာ အနီး၌ ရှိသော သာမညတောင် ကျေးရွာ ဥက္ကဌ အိမ်ရှေ့တွင် လူ (၃၀)ကျော် ဆန္ဒပြမှုဖြစ်ပွားခဲ့ပါသည်။ ဆန္ဒပြသူများသည် ကျေးရွာ ဥက္ကဌအိမ်ကိုလည်း ခဲဖြင့်ပစ်ပေါက်ခဲ့ကြသည်ဟု သာမည ရွာခံတဦးက ပြောပါသည်။

ဤကဲ့သို့ဆန္ဒပြရခြင်းသည် ယခုတက်လာသော ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့သစ်သည်၊ လျှပ်စစ်မီတာခ တပ်ဆင်ရေး ကိစ္စမှာ အရင်ကထက် နှစ်ဆလောက်ဈေးတင်ထားသည်ကို မကြေနပ်သဖြင့် ဆန္ဒပြရခြင်းဖြစ်သည်ဟု ဆိုပါသည်။ ယခင်ကျေးရွာ ကော်မီတီအဟောင်းတွင် လျှပ်စစ်မီတာခ တပ်ဆင်မှုတွင် ကျပ် (၇၅၀၀၀)ဖြင့် တပ်ဆင်ခဲ့ပြီး ယခုကော်မီတီအသစ်တွင်မူ ကျပ်တသိန်းခွဲ တောင်းခံသည့် အတွက် မကြေနပ်ရာက ဆန္ဒပြမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပါသည်။

Hta_Ma_Nya_02(ဓါတ်ပုံ - အင်တာနက်)

ဤကိစ္စတွင် ဖါးအံမြို့နယ် အုပ်ချုပ်ရေးမှုးများ လာရောက်ဖြေရှင်းခဲ့ရသည်အထိ ဖြစ်ပွားခဲ့ပါသည်။ သာမညတောင် ကျေးရွာ သည်၊ ယခင်သာမညဆရာတော် သက်တော်ထင်ရှားရှိစဉ်က ထင်ရှားလာသည့်ကျေးရွာလေးဖြစ်ပြီး စည်ပင်ခဲ့သော်လည်း သာမညဆရာတော် ပျံလွန်သွားသည့်နောက်ပိုင်းတွင် ကျေးရွာလေးသည် ကျေးရွာစည်းကမ်းများ ပြိုပျက်လာပြီး စီးပွားရေး ဆန်လာကာ လူမှုရေးပြသနာများနှင့် မနိုင်မနင်းဖြေရှင်းနေကြရသည်ဟု ရွာခံများကပြောပါသည်။

11ReadMore-2.jpg

Template by:

Free Blog Templates