Showing posts with label အလွဲသုံးစားမှုဖြင့် မီးရထားဝန်ထမ်း ၄၄ ဦးကို တာဝန်မှ ရပ်စဲ. Show all posts
Showing posts with label အလွဲသုံးစားမှုဖြင့် မီးရထားဝန်ထမ်း ၄၄ ဦးကို တာဝန်မှ ရပ်စဲ. Show all posts

Monday, July 30, 2012

အလွဲသုံးစားမှုဖြင့် မီးရထားဝန်ထမ်း ၄၄ ဦးကို တာဝန်မှ ရပ်စဲ






မြတ်ကျော်သူ | တနင်္လာနေ့၊ ဇူလိုင်လ ၃၀ ရက် ၂၀၁၂ ခုနှစ် ၁၉ နာရီ ၃၀ မိနစ်


.

ရန်ကုန် (မဇ္ဈိမ)။ ။ လောင်စာဆီ အလွဲသုံးစားမှုဖြင့် ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်မှ မီးရထားဝန်ထမ်း ၄၄ ဦးကို တာဝန်မှ ရပ်စဲလိုက်သည်ဟု မိုးညှင်းမြို့နယ်မှ အမည်မဖေါ်လိုသူ မီးရထားဝန်ထမ်းများက မဇ္ဈိမကို ပြောသ

တာဝန်မှ ရပ်စဲခံရသည့် ဝန်ထမ်းများမှာ စက်မှု/သွားလာ ဌာနမှ ဖြစ်ပြီး ဝန်ထမ်းလုပ်သက် နှစ် ၃၀ ထိ ရှိသူများ ပါဝင်ကာ ရာထူးအမြင့်ဆုံး စက်ခေါင်းအုပ်မှ အနိမ့်ဆုံး စက်ခေါင်းမောင်း လက်ထောက်ထိ ပါဝင်ကြောင်း သိရသည်။

ရပ်စဲခံရသည့် ဝန်ထမ်းများမှာ ရာထူးအလိုက် တဦးလျှင် သိန်း ၈၀ မှ သုံးသောင်းအထိ လျော်ကြေးများ ပေးခဲ့ကြရသည် ဟုလည်း သိရသည်။ ဝန်ထမ်းများက ၎င်းတို့ ထုတ်ယူ ရောင်းစားခဲ့သည့် ဒီဇယ်ဆီ ဂါလံ အရေအတွက်နှင့် လျော်ကြေး
ငွေများကိုမူ ထုတ်ဖေါ်ပြောဆိုခြင်း မရှိပေ။

“အရင်တုန်းက ကိစ္စတွေ။ ကျနော်တို့ ဆီယူရတဲ့ ပုံစံတွေကတော့ အမျိုးမျိုးရှိတာပေါ့ဗျာ။ ဒါပေမယ့် ပြောပြလို့မရဘူး။ ကျနော်တို့ အလုပ်လုပ်နေရတာက သူတို့အောက်မှာလေ” ဟု မီးရထား စက်ခေါင်းမောင်း တဦးက ဆိုသည်။

တာဝန်မှ ရပ်စဲခံရသည့် မီးရထား ဝန်ထမ်းများမှာ မိမိနေထိုင်ရာရွာများသို့ ပြန်သွားကြသည်များ ရှိပြီး ယခင်နေထိုင်သည့် မီးရထား ဝန်ထမ်းလိုင်းခန်းများတွင် မိသားစု အနည်းငယ်သာ ကျန်တော့ကြောင်းလည်း ဝန်ထမ်းများ က ဆိုသည်။

စက်မှု/သွားလာဌာန၏ လောင်စာဆီ သုံးစွဲမှုကို နေပြည်တော်ရှိ ရထားပို့ဆောင်ရေး ဝန်ကြီးဌာနက တိုက်ရိုက်ညွှန်ကြား သည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ရထားပို့ဆောင်ရေးဝန်ကြီးဌာနသို့ မဇ္ဈိမက ဆက်သွယ် မေးမြန်းခဲ့သော်လည်း ဖြေကြားရန်
ငြင်းဆိုကြသည်။

11ReadMore-2.jpg

Template by:

Free Blog Templates