Showing posts with label ရှမ်းပြည်နယ် နယ်စပ်တိုက် ပွဲတွင် မြန်မာအစိုးရ စစ်သား ၃၀ကျော် ကျ. Show all posts
Showing posts with label ရှမ်းပြည်နယ် နယ်စပ်တိုက် ပွဲတွင် မြန်မာအစိုးရ စစ်သား ၃၀ကျော် ကျ. Show all posts

Friday, November 25, 2011

ရှမ်းပြည်နယ် နယ်စပ်တိုက် ပွဲတွင် မြန်မာအစိုးရ စစ်သား ၃၀ကျော် ကျ


nov25-kaihtik-myenမြန်မာပြည်မြောက်ပိုင်း ကချင်ပြည်နယ် ဗန်းမော်-နမ့်ခမ်း-မူဆယ်လမ်းမ ၃ နေရာတွင် နိုဝင်ဘာလ ၂၄ ရက် နံနက်ပိုင်း၌ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) နှင့်တိုက်ပွဲဖြစ်ပွားရာ မြန်မာအစိုးရစစ်သား ၃၀ ကျော် ကျဆုံးသည်ဟု ဒေသခံများပြောသည်။


နမ့်ခမ်းမှ မံဝင်းဘက်သို့ ချီတက်လာသည့် မြန်မာအစိုးရတပ်သားတင် စစ်ကား ၅ စီးကို KIA တပ်ရင်း ၁ က မြေမြှုပ်မှိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ရာ မြန်မာအစိုးရစစ်သား အနည်းဆုံး ၁၀ ဦးသေဆုံးသည်ဟု နမ့်ခမ်းဒေသခံများပြောသည်။

ထိုနေ့နံနက် ၁ နာရီခန့်တွင်လည်း ကိုင်ထိပ်ရှိ မြန်မာအစိုးရတပ်စခန်းမှ လှည့်ကင်းစစ်ကြောင်းတစ်ခုအား KIA တပ်ရင်း ၁ က ခြုံခိုတိုက်ခိုက်ရာ မြန်မာအစိုးရစစ်သား ၂၀ ကျော် သေဆုံးသည်ဟု KIA တပ်ရင်း ၁ မှအရာရှိများပြောသည်။

ထို့အပြင် ရွှေလီမြစ်ကူးတံတား၊ နမ့်ခမ်းနှင့် မံဝင်းမြို့တွင်း၌လည်း နှစ်ဖက်တိုက်ပွဲငယ်များ အဆက်မပြတ် ဆက်လက်ဖြစ်ပွားနေသည်ဟု ထိုမြို့များရှိ ဒေသခံများပြောသည်။

မြို့တွင်းတိုက်ပွဲများတွင်လည်း မြန်မာအစိုးရစစ်သားများ သေကြေဒဏ်ရာရမှုများရှိသော်လည်း စာရင်းအတိအကျ မသိရသေးဟု ဒေသခံများဆိုသည်။

ထိုတိုက်ပွဲများတွင် ရာချီရှိသည့် မိတ္ထီလာအခြေစို်က် တပ်မ အမှတ် (၉၉) နှင့် ပဲခူးအခြေစိုက် တပ်မ အမှတ် (၇၇)မှ မြန်မာအစိုးရစစ်သားများနှင့် ဒါဇင်နှင့်ချီသည့် တပ်ရင်း ၁ နှင့် ၂၇ မှ KIA တပ်များကြား ဖြစ်ပွားခြင်းဖြစ်သည်။

ဗန်းမော်-နမ့်ခမ်း-မူဆယ်လမ်းကို ရှင်းလင်းရန်အတွက် နိုဝင်ဘာလအစောပိုင်းမှ သမ္မတဦးသိန်းစိန်အစိုးရက အောက်မြန်မာပြည်မှ တပ်မ နှစ်ခုကို ကချင်ပြည်တောင်ပိုင်းသို့ ပို့ထားခြင်းလည်းဖြစ်သည်ဟု ဆိုသည်။

ယခုချိန် ထိုလမ်း၏ အစိတ်အပိုင်းအများစုကို KIO/KIA ကထိန်းချုပ်ထားဆဲဖြစ်သည်ဟု ဆိုသည်။

11ReadMore-2.jpg

Template by:

Free Blog Templates