Showing posts with label ကရင်သတင်း. Show all posts
Showing posts with label ကရင်သတင်း. Show all posts

Saturday, July 2, 2011

KNLA တပ်ဖွဲ့ဝင်များ စောင့်ကြိုပစ်ခတ်မှုကြောင့် ခမရ(၅၄၇) တပ်ရင်းမှူးကျဆုံး

ဇူလိုင်လ ၂ရက်။ စောသိန်းမြင့် (ကေအိုင်စီ)

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် ခလယ့်ဒေးကားလမ်းအတိုင်း တက်လာသည့် အစိုးရစစ်တပ်အား ယနေ့မွန်းလွဲပိုင်းတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်ဖွဲ့များက စောင့်ကြိုပစ်ခတ်ခဲ့ရာ အစိုးရတပ်ဘက်က တပ်ရင်းမှူး တစ်ဦး အပါအ၀င် ၂ဦး ကျဆုံးကာ ၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု KNLA ဘက်က ပြောသည်။

ယနေ့ မွန်းလွဲ ၁း၂၀နာရီအချိန်တွင် ခလယ့်ဒေးကျေးရွာ ကားလမ်းအတိုင်း ချီတက်လာသည့် အစိုးရ စစ်တပ် ခမရ(၅၄၇) စစ် ကြောင်း(၁)အား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ(၇)တပ်ဖွဲ့ဝင်များက စောင့်ကြိုပစ်ခတ်ခဲ့မှု ကြောင့် ယခုလို အစိုးရစစ်ဘက်က ထိခိုက်ကျဆုံးခြင်းဖြစ်သည်ဟု KNLA တပ်မဟာ(၇)၏ ရုံးထိုင်မှူး ဗိုလ်မှူးစောအယ်ဆဲဆဲ က ပြောသည်။

၎င်းက “ဒီနေ့မွန်းလွဲ ၁း၄၅နာရီအချိန်မှာ ခလယ့်ဒေးကားလမ်းအတိုင်း တက်လာတဲ့ ခမရ(၅၄၇)တပ်ရင်းကို ကျနော်တို့လူတွေ သွားစောင့်ပစ်တယ်။ အဲဒီမှာ ရန်သူ့ဘက်က ၂ဦးသေ၊ ၄ဦး ဒဏ်ရာရတယ်။ သေဆုံးသူ ၂ဦးထဲမှာ တပ်ရင်းမှူး ၁ဦးနဲ့ တပ်ခွဲမှူး ၁ဦးပါတယ်။ ဒဏ်ရာရရှိသူထဲမှာ တပ်ခွဲမှူး ၁ဦးနဲ့ တပ်ကြပ်ကြီး ၁ဦး ပါတယ်။ ဒဏ်ရာရတဲ့ တပ်ခွဲမှူးက လည်ပင်းမှာ ထိမှန်တဲ့ အတွက် အသည်းအသန်ပဲ။”ဟု ပြောသည်။

အဆိုပါ ပစ်ခတ်မှုမှာ မိနစ်ပိုင်းခန့်သာဖြစ်ပွားခဲ့ပြီး KNLA ဘက်က အပိုင်နေရာယူထားသောကြောင့် ထိခိုက်ကျဆုံးမှု တစုံတရာ မရှိကြောင်း ဗိုလ်မှူးစောအယ်ဆဲဆဲက ပြောသည်။

KNLA တပ်မဟာ(၇)တွင် ယခုလအတွင်း အစိုးရစစ်တပ်နှင့် ပထမဦးဆုံးအကြိမ် ပစ်ခတ်မှုဖြစ်ပွားခြင်းဖြစ်ပြီး ယခင် ပစ်ခတ်မှု များကလည်း ယခုကဲ့သို့ အစိုးရစစ်တပ်ဘက်မှ တပ်ရင်းမှူးအဆင့်ရှိ သေဆုံးမှုများ ရှိခဲ့သည်။

တဆက်တည်းတွင် ပြီးခဲ့သည့် ဇွန်လ ၂၉ရက်နေ့ည ၁၂နာရီအချိန်တွင် နယ်ခြားစောင့်တပ်(BGF) တပ်ရင်း(၁၀၁၂) တပ်ရင်း မှူး ဗိုလ်မှူးစောဘိ ဦးစီးသည့်တပ်ဖွဲ့များက ဖာပွန်မြို့နယ်၊ ကမမောင်းကျေးရွာရှိ အစိုးရစစ်တပ်အား ၀င်ရောက်ပစ်ခတ်ခဲ့သလို ဇွန်လ ၃၀ရက်နေ့ ညနေ ၄နာရီအချိန်တွင် လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးရွာအနီးရှိ တခေါ့ဖိုးတွင် BGF တပ်ဖွဲ့ဝင် အချင်းချင်း ပစ် ခတ်မှု ဖြစ်ပွားခဲ့သည်။

၎င်းပစ်ခတ်မှုများကို ဖြေရှင်းရန်အတွက် ယနေ့မနက်တွင် BGF အကြံပေးပုဂ္ဂိုလ် စောချစ်သူ(ယခင် ဒီကေဘီအေ ၉၉၉ တပ်မ ဟာ ဗျူဟာမှူး)နှင့် BGF (၁၀၂၂) တပ်ရင်းမှူး ဗိုလ်မှူးမုတ်သုန်တို့သည် ကားအစီး ၂၀ကျော်ဖြင့် မြိုင်ကြီးငူဒေသဘက်သို့ ချီ တက်သွားသည်ဟု ကိုယ်တိုင်မြင်တွေ့သူများရှိသလို စစ်ဘက်ဆိုင်ရာ သတင်းရပ်ကွက်အရလည်း သိရသည်။

11ReadMore-2.jpg

Monday, May 30, 2011

ဗိုလ်ချုပ်စောလားဘွယ်နဲ့ အဖွဲ့ DKBA ဌာနချုပ်နေရာကို ပြန်သိမ်းပိုက်

RFA မှ.........
DKBA Colonel Kway Thet listens to radio reports from the frontline
Source Photo from http://www.demotix.com
ဗိုလ်ချုပ်စောလားဘွယ်နဲ့ အဖွဲ့

DKBA ဌာနချုပ်နေရာကို ပြန်သိမ်းပိုက်
2011-05-30

ဗိုလ်ချုပ်စောလားဘွယ်ရဲ့ DKBA အဖွဲ့နဲ့ တခြား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့တွေ ပူးပေါင်းပြီး လှိုင်းဘွဲ့မြို့နယ် သံလွင်မြစ်အနီးက DKBA ဌာနချုပ် နေရာကို လွန်ခဲ့တဲ့ ၂၄ ရက်နေ့ကစလို့ ပြန်ပြီး သိမ်းပိုက်လိုက်တယ်လို့ သိရပါတယ်။

တိုးတက်သော ကရင် ဗုဒ္ဓဘာသာ တပ်မတော် (DKBA) မှ ဗိုလ်နှုတ်ခမ်းမွေး ခေါ် ဗိုလ်မှူးကြီး စောလားပွယ်သည် မြန်မာစစ်အစိုးရ၏ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး ဖိအားပေးမှုကို လက်မခံသည့် တပ်မဟာ ၅ တပ်မှူး ဖြစ်ပါသည်။

အဲဒီနေရာဟာ သူတို့အဖွဲ့အတွက် အရေးပါတဲ့ ဒေသတခု ဖြစ်တဲ့အတွက် ပြန်သိမ်းပိုက်တာလို့ DKBA အဖွဲ့က ဗိုလ်မှူးကျော်သက်က ပြောပါတယ်။

ဒါ့အပြင် နိုင်ငံရေးအကျဉ်းသား အားလုံး ခြွင်းချက်မရှိ လွှတ်ပေးမှသာ လက်ရှိ ဦးသိန်းစိန်အစိုးရကို အရပ်သားအစိုးရ စစ်စစ်လို့ သတ်မှတ်နိုင်မယ့်အကြောင်းလည်း DKBA ဗိုလ်မှူးဆန်းအောင်က RFA ကို ပြောပါတယ်။

“အခုဟာက လွတ်ငြိမ်းချမ်းသာခွင့် ပေးတယ်ဆိုပြီးတော့ ထောင်သားတွေကို တနှစ်လား လျှော့ပေးတာတို့၊ တချို့က လပိုင်းလေးကျန်တယ်၊ တချို့က ရက်ပိုင်းလေး ကျန်တယ်၊ အဲဒါပဲ လွှတ်ပေးတယ်နော်။ လွတ်ငြိမ်းချမ်းသာခွင့်လို့ ကျနော်တို့ မမြင်ဘူး။ တကယ်တော့ ဒီအစိုးရဟာ ဒီပုပ်ထဲက ဒီပဲပဲ။ တကယ်လို့ အစိုးရသစ် ဆိုလို့ရှိရင် ပြီးခဲ့တာ ကန့်လန့်ကာချပြီး ဘဝသစ် တည်ဆောက်ရမယ်။ ကျနော်တို့ တိုင်းရင်းသားတွေနဲ့လည်း ဘာမှ အထူးအထွေ ကမ်းလှမ်းတာ မရှိသေးဘူး။ ဒီအစိုးရကို လက်ရှိအနေအထားအရ လုံးဝ ယုံကြည်မှု မရှိဘူး။ ဒါကြောင့် ကျနော်တို့ ရောက်တဲ့နေရာမှာ ပြည်သူလူထုနဲ့ ပူးပေါင်းတယ်၊ တော်လှန်ရေးအင်အားစုနဲ့ ပူးပေါင်းပြီးတော့ ကျနော်တို့ တိုက်နေတယ်”

DKBA ရဲ့ အဆိုအရ အခုသိမ်းပိုက်မှုမှာ နယ်ခြားစောင့်တပ်ရဲ့ တပ်မှူးတဦးဖြစ်တဲ့ ဗိုလ်ချုပ်ကျော်သန်းကို ဖမ်းမိခဲ့ပေမယ့် ပြန်ပြီး ထွက်ပြေးလွတ်မြောက်သွားပြီး ဘားအံကို ရောက်နေတယ်လို့ သိရပါတယ်။ ဒါ့အပြင် ဒီတိုက်ပွဲမှာ KNU တပ်မဟာ (၇) နဲ့ ABSDF ကျောင်းသားတပ်မတော်က ရဲဘော်တွေလည်း ပူးပေါင်းဆင်နွှဲခဲ့တယ်လို့ DKBA တပ်မှူးတွေက ပြောပါတယ်။

11ReadMore-2.jpg

ဘုရားသုံးဆူ စခန်းထိုင်တပ် တိုက်ခိုက်ခံရ

နေ့သစ်

ကရင်ပြည်နယ် မြဝတီမြို့ အနီး ကော့ကရိတ်၊ ဝေါ်လေ နဲ့ မြိုင်ကြီးငူ ဒေသတွေမှာ ဒီကေဘီအေ၊ ကေအန်ယူ ပူးပေါင်းတပ်ဖွဲ့တွေနဲ့ ကြံ့ဖွံ့အစိုးရ စစ်တပ်အပြင် နယ်ခြားစောင့်ကို လက်ခံတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေ အပြန်အလှန်တိုက်ခိုက်မှုတွေဟာ ဒီရက်ပိုင်းထဲမှာ ပိုမိုများလာတာကို ပြည်ပ သတင်းဌာနတွေမှာ တွေ့မြင်နေရပါတယ်။

မွန်၊ ကရင် ပူတွဲဒေသတခုဖြစ်တဲ့ ဘုရာသုံးမှာ ဒီကနေ့မနက်ကပဲ ဘုရားသုံးဆူ စခန်းထိုင် ကြံ့ဖွံ့အစိုးရ စစ်တပ် ခလရ ၂၈၄ တပ်စခန်းကို ကေအန်ယူ တပ်မဟာ ၆၊ တပ်ရင်း ၁၆ တပ်ဖွဲ့ဝင်တွေက ဝင်ရောက်တိုက်ခဲ့ပါတယ်။ တိုက်ပွဲပြီးဆုံးချိန်မှာ ကြံ့ဖွံ့အစိုးရ တပ်ဆီက လက်နက်ငယ်တလက် သိမ်းဆီးရရှိခဲ့ပြီး၊ ထိခိုက်ကျဆုံးမှုကိုတော့ မသိရှိရသေးပါ။

ဘုရားသုံးဆူဒေသဟာ ဒီကေဘီအေနဲ့ နအဖ စစ်အစိုးရတို့ အပစ်ခတ်ရပ်စဲရေးတွေ ပျက်ပြားပြီး ၂၀၁၀ နိုင်ဝင်ဘာလအတွင်းက တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားခဲ့တဲ့ ဒေသတွေထဲက တခုအပါအဝင် ဖြစ်ပါတယ်။

11ReadMore-2.jpg

Thursday, May 26, 2011

ကော့ကရိတ်မြို့ ချက်ပွိုင့်ကို ဒီကေဘီအေ ဝင်ရောက်တိုက်ခိုက်

 


DKBA နဲ့ ပူတွဲတိုက်ပွဲဝင်နေတဲ့ ABSDF ရဲဘော်
ဒီကနေ့ ညနေ ၅ နာရီ မိနစ် ၂၀ လောက်မှာ ကော့ကရိတ်မြို့ အဖွဲ့ပေါင်းစုံထိုင်တဲ့ ဂိတ်နဲ့ ခလရ ၂၃၁ ကို ဒီကေဘီအေ တပ်ဖွဲ့ဝင်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ ဝင်ရောက်တိုက်ခိုက်ရာတွင် ဒီကေဘီအေ တပ်ဖွဲ့မှ ဗိုလ်မှူးကျော်သက် ဦးဆောင်တယ်လို့  ဒေသခံ ပြည်သူများ ပြောပြချက်အရ သိရှိရပါတယ်။ တိုက်ပွဲအတွင်း ထိခိုက် ဒဏ်ရာရရှိမှုတွေကိုတော့ မသိရှိရသေးပါ။

မေလ ၁၁ နေ့ကလည်း ကော့ကရိတ်မြို့ပတ်လည်က နေရာအတော်များများက ကြံ့ဖွံ့အစိုးရတပ်တွေ ရှိတဲ့ နေရာတွေ ကို ဒီကေဘီအေတပ်တွေ ဝင်ရောက်တိုက်ခိုက်တဲ့ဖြစ်စဉ်တွေမှာ ကြံ့ဖွံ့အစိုးရ စကခ (၁၂) လက်အောက်ခံ ခမရ ၂၃၀ က အရာရှိတဦး သေဆုံးခဲ့ကြောင်း သိရှိရပါတယ်။

11ReadMore-2.jpg

နယ်ခြားစောင့်တပ် ဗိုလ်မှူးတဦး ပစ်ခတ်ခံရ

 

http://ehkhaungthaunt.blogspot.com/


  
ဗိုလ်မှူးဘသိန်း (ညာ)


11ReadMore-2.jpg

Wednesday, May 18, 2011

ပစ်ခတ်မှု အရပ်သား ၃ဦးသေဆုံး၊ ၈ဦး ထိခိုက်ဒဏ်ရာရရှိ

မေလ ၁၇ရက်။ စောသိန်းမြင့် (ကေအိုင်စီ)

တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံဘက်တွင် ခိုလှုံနေရသည့်စစ်ပြေးရွာသား မိသားစုများ (Photo-KHRG)





ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကျိုက်ဒုံမြို့နယ်ခွဲတွင် ပြီးခဲ့သည့် ဧပြီလကုန်ပိုင်းက အစိုးရစစ် တပ်နှင့် လက်နက် ကိုင်ကရင်တပ်ဖွဲ့တို့ကြား ပစ်ခတ်မှုများအတွင်း အရပ်သား ၃ဦးသေဆုံးပြီး ၈ဦး ထိခိုက်ဒဏ်ရရှိခဲ့သည်ဟု ကရင်လူ့အခွင့်အ ရေးအဖွဲ့ KHRGက ယနေ့ သတင်းထုတ်ပြန်သည်။

ပြီးခဲ့သည့် ဧပြီလ ၂၂ရက်နေ့မှ ၃၀ရက်နေ့အထိ အစိုးရစစ်တပ်နှင့် ကရင်တပ်ဖွဲ့တို့ကြား လက်နက်ကြီး လက်နက်ငယ်များဖြင့် အပြန်အလှန် ပစ်ခတ်မှုကြောင့် ဒေသခံရွာသားများ ထိုကဲ့သို့ ထိခိုက်သေဆုံးခဲ့ ရခြင်းသည်ဟု KHRG၏ သတင်းထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။



လက်နက်ကြီး ကျည်စထိမှန်သည့်ရွာသားတစ်ဦး (Photo-KHRG)

၎င်းပစ်ခတ်မှုများကြောင့် ကျိုက်ဒုံမြို့နယ်ခွဲရှိ အဇင်း၊ ဘုရားငုတ်တို၊ တအေးရှေး၊ မိနန်းအပ် စသည့်ကျေးရွာ များမှ ရွာသား ၁၄၃ဦးသည် ထိုင်းနိုင်ငံနယ်စပ်တစ်နေရာသို့ ထွက်ပြေးခိုခဲ့ရသည့်အပြင် လူနေအိမ်တချို့ကို လည်း အစိုးရစစ်တပ်မှ မီးရှို့ဖျက် ဆီးခဲ့သည်ဟု KHRG က ပြောသည်။

ကရင်လူ့အခွင့်အရေးအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ စောအဲလ်ဘတ်(Albert)က “အဲဒီပစ်ခတ်မှုတွေကြောင့် ထိခိုက်ဒဏ်ရာရရှိတဲ့ လူတချို့ကို ကျနော်တို့လူတွေ ကိုယ်တိုင်ကိုယ်ကျ သွားပို့ခဲ့ရတယ်။ ကျိုက်ဒုံဆေးရုံမှာ တယောက်သေတယ်။ နောက် တစ် ယောက်ကတော့ မျက်လုံးထိမှန်သွားတော့ အခု ထိုင်းဘက်ခြမ်း၊ အုန်းဖန်ဆေးရုံမှာ ဆေးကုသမှု ခံယူနေပါတယ်။”ဟု ပြော သည်။

ထိုင်းနိုင်ငံနယ်စပ်တွင် ထွက်ပြေးခိုလှုံနေသည့် အဆိုပါရွာသားများသည် လက်ရှိအချိန်တွင် အလုပ်ခွင်အ တွင်းသို့ ပြန်လည် လုပ်ကိုင်ကြပြီဖြစ်သော်လည်း နယ်မြေမတည်ငြိမ်သည့် အခြေအနေကြောင့် စိုးရိမ်မှု များဖြင့် အလုပ်လုပ်ကိုင်နေရသည်ဟု စော အဲလ်ဘတ်က ပြောသည်။

“အခုချိန်မှာတော့ ရွာသားတွေ အလုပ်ပြန်ဆင်းကြပြီ။ ဒါပေမယ့် အခြေအနေက တည်ငြိမ်မှု အပြည့်အ၀ မရှိသေးတဲ့အချိန်ဆို တော့ သူတို့သားသမီးတွေကို နယ်စပ်မှာပဲ ထားခဲ့ရတယ်။ စိုးရိမ်စိတ်တွေ၊ ကြောက် စိတ်တွေရှိပေမယ့် အလုပ်ကိုတော့ သူတို့ ချန်ထားပစ်လို့မရဘူးလေ။”ဟု ပြောသည်။

၎င်းပစ်ခတ်မှုတွင် အစိုးရစစ်တပ်နှင့် ကရင်တပ်ဖွဲ့တို့သည် နှစ်ဘက်ထိခိုက်သေဆုံးမှုများရှိသလို ယင်းပစ် ခတ်မှုများကြောင့် ကျိုက်ဒုံမြို့နယ်မှ ဒေသခံပြည်သူ ၇၀၀ကျော် ထိုင်းနိုင်ငံ၊ အုန်းဖန်မြို့နယ်၊ ပိုင်ခလန်ကျေး ရွာနှင့် အနီးတ၀ိုက်တွင် ထွက်ပြေးခို လှုံခဲ့သည်ဟု ထိုင်းနယ်စပ်အခြေစိုက် သတင်းဌာနများ က ဖော်ပြခဲ့သည်။

ကျိုက်ဒုံမြို့နယ်ခွဲအတွင်း ရက်သတ္တပတ်ကြာ ပစ်ခတ်မှုဖြစ်ပွားခဲ့သည့်နောက်ပိုင်း အစိုးရစစ်တပ်နှင့် ကရင်တပ်ဖွဲ့တို့ကြား ပစ် ခတ်မှုများ ဖြစ်ပွားလျှက်သော်လည်း နောက်ထပ် အရပ်သား ထိခိုက်သေဆုံးမှုများ မရှိတော့ကြောင်း KHRG က ပြောသည်။

11ReadMore-2.jpg

Monday, May 16, 2011

မြန်မာစစ်တပ်နဲ့ DKBA တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွား

By မအေးအေးမာ

တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေက မြန်မာအစိုးရ ထိန်းချုပ်ရာ နယ်မြေထဲအထိ ၀င်ရောက် တိုက်ခိုက်မှုတွေ လုပ်အပြီး နောက်တနေ့ဖြစ်တဲ့ ဒီကနေ့မှာလည်း တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပါတယ်။ မွန်ပြည်နယ် မုဒုံမြို့ထဲက အစိုးရ အဆောက်အဦးတခုကို ကရင်လက်နက်ကိုင် တပ်ဖွဲ့တွေ မနေ့က ၀င်တိုက်ခဲ့သလို ဒီကနေ့လည်း မြန်မာစစ်တပ်နဲ့ တိုက်ပွဲတွေ ဆက်ဖြစ်နေတာပါ။ နယ်စပ်ဒေသက လက်နက်ကိုင် ပဋိပက္ခတွေရဲ့ နောက်ဆုံး အခြေအနေတွေကိုတော့ ဆက်သွယ် စုံစမ်းထားတဲ့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက တင်ပြပေးထားပါတယ်။

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ထဲက နေပူခံစခန်း၊ အောက်ဗိုလ်တဲစခန်းနဲ့ မြန်မာစစ်တပ် ခမရ ၂၃၀၊ ခမရ ၁၃၁ တပ်တွေကို တိုက်ခိုက်မှုတွေ လုပ်ခဲ့တဲ့ တိုးတက်သော ကရင်ဗုဒ္ဓဘာသာ တပ်တွေနဲ့ KNU ပူးပေါင်းတပ်တွေဟာ မေလ ၁၅ ရက်နေ့ မနက်မှာပဲ ကော့ကရိတ်မြို့နယ်ထဲက တမိုင်ကုန်းနဲ့ ချောင်းတောင်ဆိုတဲ့ နေရာတွေမှာရှိတဲ့ စစ်တပ်ရဲ့ စခန်းတွေကို ထပ်မံ တိုက်ခိုက်မှုတွေ လုပ်ခဲ့ပါတယ်။ DKBA တပ်မှူး ဗိုလ်မှူး စောဆန်းအောင် ပြောပြတာက…
“ကျနော်တို့ ဒီနေ့ ကော့ကရိတ် တမိုင်ကုန်းမှာ စစ်တပ်တခုရှိတယ်၊ လွန်ခဲ့တဲ့နေ့မှာတော့ မနက် ၅ နာရီခွဲကစပြီး ကော့ကရိတ် နေပူခံစခန်း၊ တောင်ခြေက အောက်ဗိုလ်တဲ၊ ၂၃၀၊ ၁၃၁ တပ်တွေကို ကျနော်တို့ တပ်ဖွဲ့က ၀င်ရောက်တိုက်ခိုက်တယ်။”

မနေ့ကဖြစ်ခဲ့တဲ့ မွန်ပြည်နယ် မုဒုံမြို့နယ်က ကြေးနန်း ဆက်သွယ်ရေးရုံးကို ၀င်ရောက် တိုက်ခိုက်မှုဟာလည်း DKBA နဲ့ KNU မဟာမိတ် တပ်ဖွဲ့တွေရဲ့လက်ချက် ဖြစ်ကြောင်းတွေကိုလည်း ပြောသွားပါတယ်။
“မုဒုံမြို့ကို ၀င်ရောက်တိုက်ခိုက်တာ ကျနော်တို့ရဲ့ တပ်မဟာ ၆ ဗျူဟာမှူးနဲ့ တပ်ရင်း ၁၆၊ တပ်ရင်း ၁၇ တို့ အသီးသီး အောင်နိုင်ကျော်ကြား စစ်ဆင်ရေး စီမံချက်ကို ကျနော်တို့ ရေးဆွဲထားတယ်။ လက်ရှိ အောင်နိုင်ကျော်ကြား စစ်ဆင်ရေးအရ ဆိုရင် ကျနော်တို့က ၀င်ရောက်တိုက်ခိုက်နိုင်တဲ့ အဆင့်ကို ကျနော်တို့ ၀င်ရောက်တိုက်ခိုက်မယ်။ လက်ရှိလည်း မွန်ပြည်နယ် မုဒုံသော်လည်းကောင်း၊ မော်လမြိုင်သော်လည်းကောင်း၊ ဘိတ်၊ ထားဝယ်၊ တနင်္သာရီတိုင်း အသီးသီးပေါ့လေ။”
မနေ့က မုဒုံမြို့က ပစ်ခတ်မှုမှာတော့ ရဲတပ်သားတဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

DKBA ကတော့ တိုင်းရင်းသားတွေနဲ့ စစ်မှန်တဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ မလုပ်သရွေ့ ဆက်လက် တိုက်ခိုက်မှုတွေ ရှိနေဦးမှာဖြစ်ကြောင်း၊ တိုင်းရင်သားတွေရဲ့ ဒေသတွေမှာ မြန်မာအစိုးရ တပ်တွေက အကြမ်းဖက် တိုက်ခိုက်မှု၊ ဒေသခံ ကျေးရွာသားတွေကို ဖိနှိပ်မှု၊ သတ်ဖြတ်မှု၊ ပေါ်တာဆွဲမှု၊ တောင်ယာတွေကို ဖျက်ဆီးမှုတွေ ရှိနေတယ်လို့လည်း စွပ်စွဲ ပြောဆိုနေပါတယ်။ မေလ ၁၁ ရက်နေ့ကတော့ တိုက်ပွဲတွေကြောင့် ကရင်ပြည်နယ် ဘားအံ၊ ကော့ကရိတ်၊ မြ၀တီကားလမ်းကို မနက်ပိုင်းကနေ နေ့လယ်အထိ အာဏာပိုင်တွေဘက်က ယာယီ ပိတ်လိုက်ရပြီး အခြေအနေ တင်းမာမှုတွေ ဖြစ်ခဲ့ပါတယ်။

ဒီလထဲမှာ ဖြစ်နေတဲ့ မွန်ပြည်နယ် မုဒုံမြို့နယ်က ပစ်ခတ်မှုနဲ့ ကရင်ပြည်နယ်တွင်းက ပစ်ခတ်မှုတွေဟာ အစိုးရ ထိန်းချုပ်ရာနေရာ ဖြစ်တာကြောင့် ပြည်သူတွေကတော့ စိုးရိမ် ထိတ်လန့်မှုတွေ ရှိနေပါတယ်။
DKBA အဖွဲ့ဟာ ၁၉၉၅ ခုနှစ်မှာ မြန်မာအစိုးရနဲ့ အပစ်အခတ် ရပ်စဲပြီး ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ မတိုင်မီ နယ်ခြားစောင့်တပ် လုပ်ခိုင်းတာကစလို့ တင်းမာမှုတွေ ဖြစ်ခဲ့တာပါ။ ရွေးကောက်ပွဲကာလမှာ မဲမသမာမှုလုပ်တယ်၊ ပြည်သူတွေကို အတင်းအကျပ် မဲထည့်ခိုင်းတယ်ဆိုပြီး ရွေးကောက်ပွဲလုပ်တဲ့ နောက်တနေ့မှာပဲ မြန်မာအစိုးရ တပ်တွေနဲ့ တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီး ဒီကနေ့ တိုက်ပွဲတွေ ဖြစ်နေရတဲ့အထိ တင်းမာမှုတွေ ရှိနေဆဲ ဖြစ်ပါတယ်။

11ReadMore-2.jpg

Sunday, May 1, 2011

KNLA တပ်မဟာ(၄)တွင် နအဖဒုတပ်ရင်းမှူး အပါအ၀င် (၆)ဦးကျဆုံး


http://ninedeblood.blogspot.com


နအဖတို့၏ အရပ်သားအစိုးရအမည်ခံ ဗိုလ်ချုပ်ဟောင်းဦးသိန်းစိန်၏နေပြည်တော်အစိုးရသစ်တက်လာ
သော်လည်း ပြည်တွင်းစစ်ရပ်ဆဲဖို့နေနေသာသာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့်
ပို၍ပင် တင်းမာမှုများရှိလာပြီး တိုက်ပွဲဖြစ်ပွားမှုနှုန်းလည်း ပို၍ မြင့်တက်လာပါသည်။

ထိုသို့တိုက်ပွဲများစိပ်လာရခြင်းအကြောင်းရင်းမှာ နအဖတို့သည် တိုင်းရင်းသားအသီးသီး၏ နှစ်လရှည်
စွာ လိုလားတောင်းဆိုနေသော နိုင်ငံရေးပြသနာများကို နိုင်ငံရေးအရ စားပွဲဝိုင်းပေါ်သို့ရောက်အောင်
ခေါ်ဆောင်မသွားပဲ ထိုးစစ်ဆင်တိုက်ခိုက်လာခြင်းကြောင့်ဖြစ်သည်ဟု တိုင်းရင်းသားများက ရှုမြင်သုံး
သပ်ကြပါသည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အသီးသီးများက နအဖတို့အား ကျူးကျော် ရန်စမှုမရှိပဲ နအဖတပ်
များကသာ တိုက်စစ်ဆင်ကျူးကျော်လာပြီး တိုင်းရင်းသားလက်နက်ကိုင်တို့မှ နယ်မြေကျွမ်း ကျင်မှုနှင့် စောင့်ကြိုပစ်ခတ်နိုင်မှုကြောင့်နအဖဘက်ကသာ အထိနာရစမြဲသာ ဖြစ်သည်။



 ဧပြီလ(၂၄)ရက်နေ့တွင်လည်း ဗမာစစ်အစိုးရတပ်နှင့် KNLA တပ်မဟာ ၄ တပ်ရင်း ၁၂ တို့ မြိတ်ထားဝယ်ခရိုင်၊ ကစယ်ဒိုမြို့ ပေါင်းချောင်းဂွင်တွင် ရင်ဆိုင်တိုက်ပွဲဖြစ်ခဲ့ပြန်ပါသည်။
ဒုစစ်ကြောင်းမှုးကိုကိုလွင် ဦးဆောင်သော ခမရ ၃၈၅ ကို တပ်မဟာ ၄ တပ်ရင်း ၁၂မှ စောင့်ကြို ပစ်ခတ်ခြင်းဖြစ်ပြီး ဗမာစစ်အစိုးရတပ်ဖက် ၃ဦးသေကာ ၃ ဦးဒဏ်ရာရခဲ့ပါသည်။ 
သေဆုံးသူများထဲတွင် ဒုတပ်ရင်းမှုး ၁ဦးနှင့် ဒုဗိုလ် ၁ ဦးပါဝင်ပါသည်။ 
ဧပြီလ ၂၃ ရက်တွင်လည်း ခမရ ၄၀၃နှင့်ရင်ဆိုင်တိုက်ပြွဲဖစ်ရာ   ဗမာစစ်အစိုးရတပ်မှ ၃ ဦးသေပြီး
၅ဦးဒဏ်ရာရခဲ့ပါသည်။    သေဆုံးသူများထဲတွင်  တပ်ကြပ်ကြီး ၁ဦးပါဝင်ကြောင်း သတင်းရရှိပါသည်။

11ReadMore-2.jpg

Tuesday, April 5, 2011

ဝေါ်လေဒေသတိုက်ပွဲ ဆက်လက် ဖြစ်ပွားနေဆဲ


နန်းထူးစံ(ကေအိုင်စီ)



ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်တောင်ပိုင်း ဝေါ်လေဂွင်တွင် ယနေ့ နေ့လည်ဘက်တွင် စစ်ကွပ်ကဲရေးဌာနချုပ်(၅) လက်အောက်ခံ တပ်များကို ကေအဲန်ယူ တပ်ဖွဲ့များက အလစ်ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၁ဦး ကျဆုံးပြီး ၂ဦး ဒဏ်ရာရရှိသွား ကြောင်း ကေအဲန်ယူ၏ လက်နက်ကိုင်အဖွဲ့ ကေအဲန်အယ်လ်အေဘက်က ပြောသည်။

ယနေ့နေ့လယ် ၁၁း၃၃အချိန်၌ ဝေါ်လေဒေသရှိ ထီးသဲလယ်နဲ့ မောခီးတွင် လှုပ်ရှားနေသည့် စကခ(၅)လက်အောက်ခံ ခမရ(၃၇၂)၊ (၅၄၄)တပ်ဖွဲ့ကို အလစ်ဝင်တိုက်ခိုက်ခဲ့ရာ မြန်မာစစ်တပ်ဘက်မှ ယင်းသို့ ကျဆုံးထိခိုက်ခြင်းဖြစ်သည်။

ဝေါ်လေဒေသအခြေစိုက် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ရင်း (၂၀၁)မှ ဗိုလ်မှူးတဦးက “ဒီနေ့ ထီးသဲ လယ်၊ တေ့တေ့ဝေကျိုးဒေသမှာ ခမရ(၃၇၂)၊ (၅၄၄) တပ်ဖွဲ့နဲ့ ကျနော်တို့လူတွေ တစ်ပွဲဖြစ်တယ်။ မိနစ်ပိုင်းလောက်ပါပဲ။ မနေ့က လည်း တိုက်ပွဲတယ်၊ ပြီးခဲ့တဲ့ ၂ရက်နေ့ကလည်း ဖြစ်သေးတယ်။”ဟု ပြောသည်။

ဧပြီလ ၃ရက်နေ့က ထိုအစိုးရတပ်ဖွဲ့နှင့် KNLA (၂၀၁)တပ်ဖွဲ့တို့အကြား တိုက်ပွဲ နှစ်ကြိမ်ဖြစ်ပွားခဲ့ရာတွင် အစိုးရတပ်ဘက်က ၃ဦး ကျဆုံးကာ ၃ဦး ဒဏ်ရာရရှိခဲ့သလို ၂ရက်နေ့တွင်လည်း ဝေါ်လေဒေသတွင်းရှိ ဘုရင့်နောင်ကုန်းတွင် တိုက်ပွဲတစ်ကြိမ်ဖြစ်ခဲ့ပြီး မြန် မာတပ်ဖွဲ့ဘက်မှ တပ်ကြပ်ကြီး ၁ဦးသေဆုံးခဲ့ပြီး တပ်သား ၂ဦး ဒဏ်ရာရရှိခဲ့သည်ဟု ကေအဲန်အယ်လ်အေမှ ဗိုလ်မှူးစောကြည် အောင်က ပြောသည်။

အဆိုပါ တိုက်ပွဲများသည် ပြောက်ကျားတိုက်ပွဲများသာဖြစ်၍ KNLA တပ်ဖွဲ့ဘက်မှ ထိခိုက်ကျဆုံးမှု မရှိခဲ့ပေ။

11ReadMore-2.jpg

Monday, April 4, 2011

အစိုးရသစ်ကို ယုံကြည်မှုမရှိကြာင်း KNU ကြေညာချက်ထုတ်ပြန်


အစိုးရသစ်ကို ယုံကြည်မှုမရှိကြာင်း KNU ကြေညာချက်ထုတ်ပြန်
ဧပြီလ ၄ရက်။ စောခါးစူးညား (ကေအိုင်စီ)
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အခြေခံပြီး တိုင်းရင်းသားလူမျိုးစုများအတွက် အာမခံချက်မရှိသော ၂၀၁၀ ရွေးကောက်ပွဲ ကျင်းပပြီးသည့်နောက် ယခုတက်လာသည့် စစ်ယူနီဖောင်းချွတ် အစိုးရသစ်ကို ယုံကြည်လက်ခံမှုမရှိကြောင်း ကရင်အမျိုးသား အစည်းအရုံး(KNU)က ယနေ့ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်သည်။

အစိုးရသစ်သည် နအဖ ထိပ်ပိုင်းစစ်ခေါင်းဆောင်များ၏ ချုပ်ကိုင်မှုအောက်တွင် ဆက်လက်ရှိနေသေးသည့်အတွက် မြန်မာတ နိုင်ငံလုံး စစ်မှန်သည့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး၊ မဖြစ်မနေ လိုအပ်နေသည့် တိုင်းရင်းသား ပြန်လည်သင့်မြတ်ရေးနှင့် တည်ငြိမ်အေးချမ်းမှုတို့ကို တာဝန်ယူနိုင်မည်မဟုတ်ဟု ၎င်းကြေညာချက်တွင် ဖော်ပြထားသည်။

KNU တွဲဖက်အထွေထွေအတွင်းရေးမှူး(၁) ဗိုလ်မှူးစောလှငွေက “ဒီအစိုးရသစ် တက်လာတာ နိုင်ငံတကာက တချို့တိုင်းပြည် က မြန်မာနိုင်ငံ ပြောင်းလဲရေးအတွက် ခြေလှမ်းတရပ်လို့ မြင်ကြပေမဲ့ လက်ရှိ ဖြစ်ပျက်နေတဲ့ အခြေအနေကိုနှိုင်းကြည့်ရင် လက်မခံပါဘူး။ နိုင်ငံရေးအကျဉ်းသားတွေအားလုံး လွှတ်ပေးပြီး တိုင်းရင်းသား ဒေသတွေမှာ ထိုးစစ်ဆင်မှုရပ်၊ နောက် တတိုင်းပြည်လုံးအတိုင်းအတာနဲ့ ပစ်ခတ်ရပ်စဲရေးလုပ်ပြီး တိုင်းရင်းသားတရပ်လုံးနဲ့ တွေ့ဆုံဆွေးနွေးပွဲလုပ်မှသာ နိုင်ငံရေးပြ ဿနာက ဖြေလည်နိုင်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ ဒီကြေညာချက်ကို ထုတ်တာပါ။”ဟု ပြောသည်။

ယခု တက်လာသည့် အစိုးရသစ်သည် ယခင်အစိုးရအတိုင်း မူမပြောင်းလျှင် တိုင်းပြည်မှာ ချွတ်ခြုံကျလာပြီး မကျေနပ်မှုများ ကြောင့် တပ်မတော်အတွင်း၌ပင် အောက်ခြေထုတပ်သားများ၏ ဆန့်ကျင်မှုများ ပေါ်လာနိုင်သလို တပ်မတော်အတွင်း ဒီမိုက ရေစီ လိုလားသူများနှင့် အာဏာရှိသူများအကြား အကွဲအပြဲဖြစ်ကာ တိုင်းပြည် မငြိမ်မသက် ဖြစ်လာနိုင်ကြောင်း ဗိုလ်မှူးစော လှငွေက ဆက်လက် သုံးသပ်ပြောဆိုသည်။

မြန်မာစစ်တပ်သည် ရွေးကောက်ပွဲအပြီး အပြစ်မဲ့အရပ်သားများကို မတရား ဖမ်းဆီးထိန်းသိမ်းမှု၊ ညှင်းပမ်းနှိပ်စက် သတ်ဖြတ်မှု၊ အတင်းအဓမ္မ ခိုင်းစေမှုနှင့် အကာအကွယ်အဖြစ် အရပ်သားများကို ရှေ့တန်း၌ အသုံးပြုသည့်အပြင် တိုင်းရင်းသားလူမျိုးစု အရပ်သားပြည်သူများက လေးလံသည့် တပ်ရိက္ခာနှင့် ခဲယမ်းမီးကျောက်များကို နေ့စဉ်နှင့်အမျှ သယ်ပေးနေရကာ ကုန်တင် ကား၊ မော်တော်ဆိုင်ကယ်နှင့် နွားလှည်းများမကျန် လုပ်အားပေးခိုင်းရသည်ဟု ကြေညာချက်တွင် ထောက်ပြရေးသားထား သည်။

စစ်အစိုးရသည် လက်ရှိ မြန်မာနိုင်ငံအတွင်း အရပ်သားပြည်သူများ၏ လုံခြုံရေးနှင့် အသက်ရှင်ရပ်တည်ရေးအတွက် ပထမခြေ လှမ်းအနေဖြင့် တိုင်းရင်းသားဒေသအတွင်းရှိ ထိုးစစ်ဆင်မှုကို ရုပ်သိမ်း၍ ပစ်ခတ်ရပ်စဲရေး ပြုလုပ်ပြီး နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းကာ တွေ့ဆုံဆွေးနွေးပွဲ စတင်ရန် ကေအဲန်ယူက တောင်းဆိုထားသည်။

၎င်းအပြင် စစ်အစိုးရတပ်များ၏ အရပ်သားပြည်သူများအား လုပ်အားပေးခိုင်းစေမှု၊ ပစ်မှတ်ထား တိုက်ခိုက်မှုနှင့် အဓမ္မ ပစ္စည်း သိမ်းယူမှု စသည့်လူ့အခွင့်အရေးချိုးဖောက်မှုများကို ရပ်တန့်စေပြီး တွေ့ဆုံဆွေးနွေးပွဲများ အမြန်ဆုံး လုပ်ဆောင်ရန် ကမ္ဘာ့ ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာအသိုင်းအ၀ိုင်းမှ တိုက်တွန်းရန်လည်း နှိုးဆော်ထားသည်။

ကေအဲန်ယူသည် ၁၉၄၉ခုနှစ်မှစ၍ မြန်မာစစ်အာဏာရှင် အဆက်ဆက်ကို ယခုအချိန်ထိ တော်လှန်တိုက်ခိုက်နေသည့် တိုင်း ရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတခုဖြစ်ပြီး ၂၀၁၀ ရွေးကောက်ပွဲအပြီး ယခင်လ မတ်လ ၃၀ရက်နေ့က အစိုးရသစ် သမ္မတ ဦးသိန်းစိန် ကျမ်းသစ္စာကျိန်ဆိုပြီးနောက် ပထမဆုံးအကြိမ် ကြေညာချက်ထုတ်ပြန်သည့် လက်နက်ကိုင်အဖွဲ့ဖြစ်သည်။


11ReadMore-2.jpg

Thursday, March 24, 2011

အမှတ် (၁၉) နယ်ခြားစောင့်တပ်ရင်း သရက်ဖြူစခန်း တိုက်ခိုက်သိမ်းပိုက်ခံရ




ကရင်ပြည်နယ် မြဝတီအနီးက မယ်ပလဲ၊ ဝှေ့ရှမ်း၊ ထိပေါပလော ကြားမှာရှိတဲ့ သရက်ဖြူစခန်းမှာ အခြေပြုတဲ့ နယ်ခြား စောင့်တပ် တပ်ရင်း ၁၉ ကို ကေအန်ယူနဲ့ ဒီကေဘီအေ ပူးပေါင်းတပ်ဖွဲ့တွေက မတ်လ ၂၂ ရက်နေ့က ဝင်ရောက်တိုက် ခိုက် သိမ်းပိုက်လိုက်ပါတယ်။

တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ ဒီကေဘီအေ မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး ဆန်အောင် ပြောပြတာက ..

“ဒီ သရက်ဖြူစခန်းမှာ တာဝန်ယူတာက BGF တပ်ရင်း ၁၉ ပါ ဗိုလ်မှူး ဒီးဒီး က ဦးဆောင်တယ်။ ၂၂ ရက်နေ့ နေ့ခင်း ၁၁ လောက်မှာ ကျနော်တို့ဘက်က စခန်းကို သိမ်းပြီး မီးရှို့ပစ်ခဲ့တယ်။ စစ်အာဏာရှင်လက်အောက်မှာ နယ်ခြားစောင့် အဖြစ်နဲ့ ကျန်ခဲ့တဲ့ ညီအစ်ကိုတွေကို ကျနော်တခုပြောချင်တယ်၊ ကျနော်တို့ တော်လှန်းရေးညီအကိုတွေအချင်းချင်း အ မြန်ပူးပေါင်းဖို့လိုပြီ စစ်အာဏာရှင်က နယ်ခြားစောင့်တပ်တွေကို ရှေ့မှာထားပြီး ထိုးကျွေးထားတာဖြစ်တယ်။ ဒီအတိုင်း ဆက်သွားမယ်ဆိုရင်တော့ လုံးပါးပါးပြီး ပျောက်သွားလိမ့်မယ်။ ကျနော်တို့လည်း ညီအကိုအချင်းချင်းမတိုက်ချင်ပါဘူး၊ ခုလောလောဆယ် သူတို့တွေဟာ စစ်အာဏာရှင်ရဲ့ ဒေါက်တိုင်၊ စစ်အာဏာရှင်က အသုံးချခံဖြစ်နေတဲ့ အတွက် မဖြစ်မ နေတိုက်နေရတာဖြစ်တယ်” လို့ ပြောပြသွားပါတယ်။

ကော့ကရိတ်မြို့နယ်ထဲက ထိပိုးစံရွားအနီးမှာလည်း ကေအန်ယူ တပ်ရင်း ၁၀၁ နဲ့ ဒီကေဘီကေ တပ်ရင်း ၉၀၅ တို့ ပူး ပေါင်း တပ်ဖွဲတွေက နအဖ ခလရ (၉၇) ကို မတ်လ ၂၃ ရက်နေ့က တိုက်ခိုက်ခဲ့ပါတယ်။ တိုက်ပွဲအခြေအနေ အသေး စိတ်ကိုတော့ မသိရှိရသေးပါ။

အခုဆိုရင် ကေအန်ယူနဲ့ ဒီကေဘီအေတပ်ဖွဲ့တွေဟာ မြဝတီမြို့နယ် ကော့ကရိတ်မြို့နယ်တွေမှာ လူထု စည်းရုံးရေး လုပ်ငန်းတွေ လူထု အုပ်ချုပ်ရေးလုပ်ငန်းတွေ ပြုလုပ်နေပြီး နအဖ တပ်စခန်းတွေကို ဆက်လက်ထိုးနှက်တိုက်ခိုက်ဖို့ ပြင်ဆင်နေတယ်လို့လဲ ကြားသိရပါတယ်။

http://www.naytthit.net/?p=10991

11ReadMore-2.jpg

Monday, March 21, 2011

စစ်ပြေးဒုက္ခသည် မရှိကြောင်း ပြန်ကြားရေးဥက္ကဋ္ဌပြောဆို

http://www.rfa.org/burmese
ထိုင်းမြန်မာနယ်စပ်မှာ နေထိုင်တဲ့ စစ်ပြေးဒုက္ခသည် အမည်ခံတွေထဲက အများစုဟာ သူတို့ဆန္ဒ အလျောက် တဖက်နိုင်ငံမှာ နေထိုင်သူတွေသာ ဖြစ်ကြောင်း အစိုးရ ပြန်ကြားရေးအဖွဲ့ဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းက လွှတ်တော်မှာ ပြောကြားလိုက်တယ်လို့ သိရပါတယ်။

(Photo: Free Burma Rangers)
အစိုးရ စစ်တပ်၏ လိုက်လံ တိုက်ခိုက် သတ်ဖြတ်မှုများကြောင့် တောတောင်များထဲတွင် ထွက်ပြေး ပုန်းအောင်းနေရသော ကရင် ရွာသူရွာသားများကို တောတွင်းတနေရာမှာ တွေ့ရပုံ ဖြစ်ပါသည် ။ (Photo: Free Burma Rangers)

လှိုင်းဘွဲ့ မြို့နယ် အမတ် ဦးစောသိန်းအောင်ရဲ့ အမေးကို ပြန်လည် ဖြေဆိုရာမှာ ဦးကျော်ဆန်းက အဲဒီလို မှတ်ချက်ပြု ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဦးစောသိန်းအောင်က ကရင်ပြည်သူတွေအနေနဲ့ နယ်မြေ ငြိမ်းချမ်းရေးအတွက် ပါဝင်ကူညီလိုကြောင်း မေးခွန်းအပြင်၊ ကရင်ပြည်နယ်တွင်းက စစ်ပြေး ဒုက္ခသည်တွေအရေးနဲ့ ပတ်သက်ပြီး မေးမြန်းခဲ့ကြောင်း ပြည်သူ့ လွှတ်တော် အစည်းအဝေး တက်ရောက်နေတဲ့ NDF ပါတီက ဦးကြီးမြင့်က ပြောပါတယ်။

“အဲဒီတော့ အစိုးရအနေနဲ့ ငြိမ်းချမ်းရေးကို လိုလားပါတယ်၊ စစ်လည်း မဖြစ်ချင်ပါဘူးပေါ့လေ။ ငြိမ်းချမ်းရေးကလည်း ဖြစ်စေချင်ပါတယ်၊ ပြည်သူတွေ ပါဝင်ဖို့ ဆိုတာလည်း ကြိုဆိုပါတယ်၊ တကယ်လည်း လိုအပ်တဲ့အချက် ဖြစ်ပါတယ်ပေါ့လေ။ နောက် စစ်ပြေး ဒုက္ခသည်တွေနဲ့ ပတ်သက်လို့ကတော့ စစ်ပြေး ဒုက္ခသည်၊ စစ်ပြေးလို့သာ ပြောပေမဲ့ ဒီ တဖက်နိုင်ငံရဲ့ နယ်စပ်မှာ ရှိတဲ့ ဒီနယ် အပိုင်းမှာ ရှိတဲ့ ဟို refugees တွေ ဆိုတာက သူတို့ အကြောင်းနဲ့ သူတို့ နေချင်လို့ နေတဲ့ ပုဂ္ဂိုလ်တွေ များပါတယ်ပေါ့။ ကျန်တာတွေကတော့ တကဲ့လူတွေက ကူညီပြီးတော့ သူ့နေရာသူ ရောက်သွားကြတာတွေ ရှိတယ်ပေါ့လေ။ အဲဒီလောက်ပဲ ဖြေသွားတယ်။”

ဒီကနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ မေးခွန်း ၅ ခု မေးမြန်းခဲ့တာ ဖြစ်ပြီး အဆို ၂ ရပ် တင်သွင်းခဲ့ကြောင်း သိရပါတယ်။

မေးခွန်းတွေထဲမှာ ပညာရေးကဏ္ဍနဲ့ ပတ်သက်တဲ့ မေးခွန်းတွေကို လွှတ်တော်အမတ် ဦးခင်မောင်ရီ၊ ဘူးသီးတောင် မဲဆန္ဒနယ်က ဦးရွှေမောင်နဲ့ ဦးစောသိန်းအောင်တို့က မေးမြန်းခဲ့တာ ဖြစ်ပြီး တင်သွင်းတဲ့ အဆိုနှစ်ရပ်ကတော့ လျှပ်စစ်ဓာတ်အား ရရှိရေးနဲ့ ပတ်သက်တဲ့ အဆိုနဲ့ အလုပ်သမားရေးရာနဲ့ ပတ်သက်တဲ့ အဆိုတွေကို တင်သွင်းခဲ့တာပါ။

အဲဒီအဆိုနှစ်ရပ်အနက် အလုပ်သမားရေးရာနဲ့ ပတ်သက်တဲ့ အဆိုကို မနက်ဖြန် မတ်လ ၂၂ ရက်မှာ ဆက်လက် ဆွေးနွေးမယ်လို့ သိရပါတယ်။

11ReadMore-2.jpg

ကနဲလေးစခန်းအနီးအနားတွင် နအဖ တပ်များ တိုက်ခိုက်ခံရ


(ကေအိုင်စီ)

ကရင်ပြည်နယ်၊ ဝေါ်လေဒေသအတွင်းရှိ ကနဲလေးတပ်စခန်း အနီးအနားတွင် ၀င်ထွက်သွားလာနေသည့် နအဖ တပ်ဖွဲ့များကို ကရင်တပ်ဖွဲ့ဝင်များက ယနေ့မနက်ပိုင်း၌ နှစ်ကြိမ်တိုင် အလစ်ဝင်တိုက်ခိုက်ခဲ့ရာ နအဖ တပ်ဘက်မှ ၇ဦးသေဆုံးပြီး ၃ဦးဒဏ်ရာရရှိခဲ့ကြောင်း ကရင်တပ်ဖွဲ့ဝင်ဘက်က ပြောသည်။

ကရင်အမျိုးသား လွှတ်မြောက်ရေး တပ်မတော် KNLA တပ်ရင်း (၂၀၁)မှ ဒုရင်းမှူး ဗိုလ်မှူး စောကြည်အောင်က “ဒီမနက် ၅နာရီ မိနစ် ၂၀လောက်မှာ တစ်ကြိမ်၊ ၇နာရီခွဲလောက်မှာ တစ်ကြိမ်၊ သူတို့စခန်း (ကနဲလေးစခန်း) အနီးအနားမှာပဲ ကျနော်တို့ လူတွေ ၀င်ပစ်တာ အဲဒီမှာ သူတို့လူတွေ ၇ဦးသေတယ်။ ၃ဦး ဒဏ်ရာရတယ်။ ကျနော်တို့ လူတွေ ထိခိုက်တာမရှိ။”ဟု ကေအိုင်စီကို ပြောသည်။

အဆိုပါ ကနဲလေးစခန်းရှိ နအဖ တပ်ဖွဲ့ဝင်များသည် တပ်ရိက္ခာများ သယ်ယူပို့ဆောင်ရေးတွင် အသုံးပြုရန် ၄င်းတို့ စခန်းတွင် မြင်း ၁၇ကောင် ခေါ်ယူထားကြောင်း ထိုဗိုလ်မှူးက ပြောသည်။

လက်ရှိ ကနဲလေးစခန်းတွင် နအဖ ခြေမြန်တပ်ရင်း-ခမရ (၃၄၆)၊ (၅၄၄)နှင့် ခြေလျှင်တပ်ရင်း-ခလရ (၃၁၀) တပ် ဖွဲ့ဝင်များ ၀င်ထွက်သွားလာ လှုပ်ရှားလျှက်ရှိသည်ဟု သိရသည်။

11ReadMore-2.jpg

Friday, March 18, 2011

ပြောက်ကျားတိုက်ပွဲကြောင့် နအဖ အရာရှိများပါ ထိခိုက်

မတ်လ ၁၈ရက်။ ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ) တပ်မဟာ(၇)နယ်မြေရှိ ကလို့ယော်ထာ့တွင် ကေအဲန်အယ်အေ တပ်ဖွဲ့ဝင်များက နအဖတပ်ဖွဲ့ကို မတ်လ ၁၅ရက်နေ့က ပြောက်ကျားတိုက်ခိုက်ရာ နအဖဘက်မှ တပ်ရင်းမှူး အပါအ၀င် ၃ဦး ထိခိုက်သွားခဲ့ သည်ဟု ကေအဲန်အယ်လ်အေဘက်က ပြောသည်။

ထိုနေ့မနက် ၅း၃၀နာရီတွင် စစ်ကွပ်ကဲရေးဌာနချုပ် စကခ(၁၂) လက်အောက်ခံ ခမရ(၅၄၆)တပ်ကို ကရင်အမျိုးသားလွတ် မြောက်တပ်ဖွဲ့(ကေအဲန်အယ်လ်အေ) တပ်မဟာ(၇)လက်အောက်ခံတပ်ရင်းများ ပြောက်ကျားတိုက်ခိုက်မှုကြောင့် တပ်ရင်းမှူး နှင့် တပ်ကြပ် ၂ဦး ဒဏ်ရာရရှိသွားခဲ့သည်ဟု ကေအဲန်အယ်လ်အေ တပ်မဟာ(၇)မှူး ဗိုလ်မှူးချုပ်စောဂျော်နီက အတည်ပြု ပြောဆိုသည်။

သူက “မနက် ၅နာရီခွဲလောက်မှာ ပစ်ခတ်မှုဖြစ်တာ ခဏလေးပါပဲ။ နအဖဘက်က တက်လာတော့ ကျနော်တို့ဘက် တပ်ရင်း (၁၉)နဲ့ တပ်ရင်း(၂၁)က ရဲဘော်တွေနဲ့ ပစ်ခတ်မှုဖြစ်တယ်လေ။ အဲဒီမှာ ကျနော်တို့ သိရသလောက်က ခမရ(၅၄၆) တပ်ရင်းမှူး နဲ့ တပ်ကြပ်နှစ်ယောက် ထိခိုက်တယ်။ အဲဒီထဲမှာ တပ်ကြပ်တယောက်က ဒဏ်ရာပြင်းတယ်လို့ သိရတယ်။”ဟု ဆိုသည်။

ထိုနေ့မတိုင်ခင် မတ်လ ၁၄ရက် မွန်းလွဲ ၁နာရီခန့်ကလည်း ကော့ကရိတ်မြို့အထွက် ကြောင်လျှာကုန်းနှင့် အနီးတ၀ိုက်တွင် ဒီကေဘီအေမှ နအဖ၊ ဗိုလ်မှူးမုတ်သုန်၏ နယ်ခြားစောင့်တပ်များနှင့် တိုက်ပွဲဖြစ်ပွားရာတွင် နအဖ၊ နယ်ခြားစောင့်တပ်ဘက်မှ ထိခိုက်ကျဆုံးမှု အနည်းငယ်ရှိသည်ဟု သိရသော်လည်း အတိအကျကိုမူ မသိရှိရပေ။

11ReadMore-2.jpg

နအဖတပ်မှ ကရင်ရွာသားတစ်ဦးကို ပစ်သတ်


မတ်လ ၁၇ရက်။ နန်းထူးစံ (ကေအိုင်စီ)

ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် လက်ရှိ လှုပ်ရှားနေသည့် နအဖ ခြေမြန်တပ်မ ဌာနချုပ်- တမခ (၁၁)လက်အောက်ခံ တပ် ရင်းမှ ကျွဲအရောင်းအ၀ယ်လုပ်နေသည့် ရွာသားများကို သွားရောက်ပစ်ခတ်ခဲ့သည့်အတွက်ကြောင့် ခေးထာ့ရွာသားတစ်ဦး ပွဲ ချင်းပြီး သေဆုံးသွားခဲ့သည်ဟု ဒေသခံတဦးက ကေအိုင်စီကို ပြောသည်။

သေဆုံးသွားခဲ့သည့် အသက် ၃၉နှစ်အရွယ် ဖားမော့လောသည် ခေးထာ့ရွာမှနေ၍ ကျိုးခိုဒဲရှိ ကျွဲများကိုဝယ်ယူရန် ကျွဲပိုင်ရှင် နှင့် ဆွေးနွေးပြောဆိုနေစဉ် တမခ(၁၁)လက်အောက်ခံ ခမရ(၂၁၄)မှ ဗိုလ်ပြုံးမောင်မောင် ဦးစီးသောအဖွဲ့က တမင်သွားရောက် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းဒေသခံက ပြောသည်။

သူက “စစ်တပ်က ရွာသားတွေ ကျွဲအရောင်းအ၀ယ်လုပ်တာကို ကြိုသိထားလို့ဖြစ်မယ်။ လာပြီးပစ်တာ။ ကျွဲရောင်းတဲ့လူတွေ ထွက်ပြေးလွတ်မြောက်ပေမဲ့ ဖားမော့လောက ထိသွားတယ်။ အဲဒီမှာပဲ သေဆုံးသွားတယ်။ သူ့မှာပါလာတဲ့ ထိုင်းဘတ်ငွေ သုံး သောင်းကိုလည်း စစ်တပ်က အကုန်ယူလိုက်တယ်။”ဟု ပြောသည်။

ယင်းသို့ ဖားမော့လော သေဆုံးသွားသည့်အတွက် ၎င်းအား မှီခိုနေရသူ ဇနီးသည်နှင့် သားသမီး ၃ဦးတို့သည် ယခုအချိန်တွင် စိတ်သောကရောက်နေရကြောင်း သိရသည်။

လက်ရှိ ဖာပွန်ဒေသရှိ နအဖတပ်များသည် တပ်ရိက္ခာ ပို့ဆောင်နေဆဲဖြစ်ပြီး ရိက္ခာပို့ဆောင်ရေးအတွက် ဗိုလ်ပြုံးမောင်မောင် နှင့်အဖွဲ့သည် ခေါပူနှင့် ဆာ့ညာ့ကျေးနယ်အကြားတွင် လုံခြုံရေးတာဝန်ယူကာ လှုပ်ရှားနေကြောင်း ဖာပွန်ခရိုင်အတွင်းရှိ KNU တပ်မဟာ(၅) ရုံးထိုင်မှူး ဗိုလ်မှူးစောကလယ်ဒို့က ပြောသည်။

ဖာပွန်ဒေသတွင် နအဖ တပ်များမှ ပစ်သတ်၊ သတ်ဖြတ်မှုကြောင့် ၂၀၁၀ခုနှစ်အတွင်းတွင် ရွာသူရွာသား ၅ဦး သေဆုံးခဲ့ပြီး ယခု ၂၀၁၁ခုနှစ်တွင် ဖားမော့လောသည် ပထမဦးဆုံး ပစ်သတ်ခံရသည့် ရွာသားတဦးဖြစ်သည်ဟု သိရသည်။
Collapse...

11ReadMore-2.jpg

Thursday, March 10, 2011

ယနေ့တိုက်ပွဲ နအဖ ၁၀ဦးကျော်ထိခိုက်ကျဆုံး

မတ်လ ၁၀ရက်နေ့။ (ကေအိုင်စီ)

ကရင်ပြည်နယ်ရှိ ဝေါ်လေဒေသ၌ ယနေ့ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများတွင် နအဖ စစ်တပ်ဘက်မှ ၁၀ဦးကျော် ထိခိုက် သေဆုံးခဲ့သည်ဟု ကရင်တပ်ဖွဲ့ဝင်ဘက်က ပြောသည်။

ယနေ့ညနေ ၅နာရီခွဲခန့်တွင် ဝေါ်လေဒေသရှိ ကနဲလေးစခန်းအနီးတွင် နအဖ တပ်ဖွဲ့ဝင်များနှင့် ကရင်တပ်ဖွဲ့ဝင် များအကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ နအဖ တပ်ဘက်မှ ဒုဗိုလ်တဦးအပါအဝင် ၅ဦးသေဆုံးခဲ့ပြီး ၃ဦး ဒဏ်ရာရရှိခဲ့သည်ဟု ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) တပ်ရင်း(၂၀၁)မှ တပ်မှူးတဦးက ပြောသည်။

လက်ရှိ ကနဲလေးစခန်းတွင် နအဖ ခမရ (၃၄၆)၊ (၄၀၄) တပ်ဖွဲ့ဝင်တချို့နှင့် ခလရ (၉၇)တပ်ဖွဲ့ဝင်တချို့ ဝင်ထွက်လှုပ်ရှားလျှက်ရှိသည်ဟု ၎င်းက ပြောသည်။

ယနေ့မနက် ၁၀နာရီကျော်၌လည်း ယင်းသွားလာလှုပ်ရှားနေသည့် ခမရ(၃၄၆)တပ်ရင်းနှင့် ကရင်တပ်ဖွဲ့ဝင်တို့သည် ကနဲလေးစခန်းနှင့် မနီးမဝေး ထီးဘောကော်ဒေသတွင် တိုက်ပွဲဖြစ်ပွားခဲ့ရာ နအဖ ဘက်က ၂ဦးသေဆုံး၊ ၃ဦးဒဏ်ရာရရှိခဲ့ပြီး ကရင်တပ်ဖွဲ့ဝင်ဘက်က ထိခိုက်မှုမရှိဟု ကရင်တပ်ဖွဲ့ဝင်ဘက်က ပြောသည်။

11ReadMore-2.jpg

Saturday, March 5, 2011

တိုင်းရင်းသား တပ်ဖွဲ့များကို ဖြတ်လေးဖြတ် အစီအစဉ်ဖြင့် ချေမှုန်းမည်

://www.bur.irrawaddy.org/index.php/news/
 
နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းရေးကို လက်မခံသော တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ ထိန်းချုပ်ဒေသများကို ဖြတ်လေးဖြတ် အစီအစဉ်ဖြင့် ချေမှုန်းရန် စစ်အစိုးရခေါင်းဆောင်များက ညွှန်ကြားထားကြောင်း သိရသည်။

20880-Karen
၂၀၁၀ ဇန်နဝါရီလအတွင်းက ဆေးစစ်ဆေး ကုသမှုခံယူရန် စောင့်ဆိုင်းနေသည့် စစ်ပြေးဒုက္ခသည် ကရင် အမျိုးသမီးများနှင့် ကလေးငယ်များ (ဓာတ်ပုံ - AP)
၁၉၇၀ ပြည့်နှစ်များတွင် ဗမာပြည် ကွန်မြူနစ်ပါတီနှင့် ကရင်အမျိုးသား အစည်းအရုံး (KNU) တို့အပေါ် ဗိုလ်ချုပ်ကြီးနေဝင်း၏ မဆလခေတ် အစိုးရ ဆင်နွှဲခဲ့သည့် စစ်ဆင်ရေးများတွင် စတင်ကျင့်သုံးခဲ့သော ဖြတ်လေးဖြတ် အစီအစဉ်မှာ လက်နက်ကိုင်အဖွဲ့များ၏ စားနပ်ရိက္ခာ အရင်းအမြစ်ကို ဖြတ်တောက်ခြင်း၊ ဘဏ္ဍာငွေ အရင်းအမြစ်များကို ဖြတ်တောက်ခြင်း၊ သတင်းအရင်းမြစ်ကို ဖြတ်တောက်ခြင်းနှင့် တပ်ဖွဲ့ဝင်သစ် မစုဆောင်းနိုင်ရန် ဖြတ်တောက်ခြင်း တို့ဖြစ်သည်။


ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်နှင့် တနင်္သာရီတိုင်း ဒေသများတွင် ယင်းဖြတ်လေးဖြတ်အစီအစဉ်ကို ပြန်လည်အကောင်အထည်ဖော်ရန် စစ်ရုံးက သက်ဆိုင်ရာ စစ်ဌာနချုပ်များသို့ ညွှန်ကြားထားကြောင်း စစ်ဘက်ဆိုင်ရာ အသိုင်းအဝိုင်းမှ သိရသည်။

အဆိုပါ စစ်ဘက်ဆိုင်ရာ သတင်းများအရ ဖြတ်လေးဖြတ်အပြင် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များအချင်းချင်း ဆက်သွယ်ရေးလမ်းကြောင်းများကိုပါ ဖြတ်တောက်မည့် အစီအစဉ်လည်း ထပ်တိုးထားသည်ဟု ဆိုသည်။

တရုတ်-မြန်မာနယ်စပ် အခြေစိုက် စစ်ရေးလေ့လာသူ ဦးအောင်ကျော်ဇော်က ဖြတ်လေးဖြတ် အစီအစဉ်သည် ကုန်းအတွင်းပိုင်း ဒေသများ၌ ကျင့်သုံးအောင်မြင်ခဲ့ကြောင်း၊ သို့သော် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များသည် နယ်စပ်ဒေသများတွင် အခြေစိုက်လှုပ်ရှားသောကြောင့် ထိရောက်နိုင်ဖွယ် မရှိကြောင်း ပြောသည်။

“ဖြတ်လေးဖြတ် အစီအစဉ်က ကုန်တွင်းပိုင်းမှာ လက်နက်ကိုင် တပ်ဖွဲ့တွေကို စစ်ရေးဆင်နွှဲဖို့ စီမံထားတဲ့ မဟာဗျူဟာပါ။ အထူးသဖြင့် ပဲခူးရိုးမမှာ လှုပ်ရှားနေတဲ့ ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ KNU ကို တိုက်ဖို့ပါပဲ။ ဒါပေမယ့် အခု ပစ်မှတ်ထားနေတဲ့ တိုင်းရင်းသားအုပ်စုတွေက တရုတ်-မြန်မာနယ်စပ်၊ ထိုင်း-မြန်မာနယ်စပ်တွေမှာ လှုပ်ရှားနေကြတာ” ဟု ဦးအောင်ကျော်ဇောက ပြောသည်။

လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ကွပ်ကဲမှု နယ်မြေအလိုက် ဆက်သွယ်ရေး လမ်းကြောင်းများအား ဖြတ်တောက် ပိတ်ပင်ခြင်း၊ လူနှင့် စားသုံးကုန် ပစ္စည်းများ မ၀င်ရောက်စေရန် တားဆီးခြင်း၊ ကွပ်ကဲမှု နယ်မြေများအလိုက် အ၀င်အထွက်လမ်းများတွင် တပ်၊ ရဲ၊ ပြည်သူ့စစ် (ပသစ) တို့ ပူးပေါင်း၍ ပိတ်ဆို့ ရှာဖွေ တားဆီးခြင်းနှင့် လက်နက်ကိုင် အဖွဲ့အစည်း အချင်းချင်းဆက် သွယ်နိုင်မည့်လမ်းကြောင်းများကိုလည်း ဖြတ်တောက်ပိတ်ဆို့ခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ထို့အပြင် လက်နက်ကိုင်အဖွဲ့များ ၀င်ထွက်သွားလာနိုင်သော နေရာများကို လှုပ်ရှားစစ်ကြောင်းများဖြင့် နယ်မြေ စိုးမိုးရန်နှင့် ကင်းပုန်းဝပ်ခြင်း၊ ကွပ်ကဲမှု နယ်မြေအလိုက် သတ်မှတ်နယ်မြေအတွင်း လူသစ်စုဆောင်းခြင်း၊ ဆက်ကြေးကောက်ခံခြင်း၊ သတင်းအား ရယူခြင်း၊ ရန်သူ့ အမာခံများကို ရှင်းလင်း ဖော်ထုတ် ဖမ်းဆီးခြင်းလည်း ပါဝင်ကြောင်း သိရသည်။

ဖြတ်လေးဖြတ် အစီအစဉ်ကြောင့် တိုင်းရင်းသားဒေသများတွင် အဓမ္မ လုပ်အားပေး ခိုင်းစေခြင်း၊ ရွာမီးရှို့ခြင်း၊ သတ်ဖြတ်ခြင်း စသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများ ပိုမိုမြင့်တက်လာနိုင်ကြောင်း လေ့လာအကဲခတ်သူများက ပြောသည်။

စစ်အရာရှိဟောင်း ဗိုလ်ထက်မင်းက “စစ်အစိုးရက ဖြတ်လေးဖြတ် အစီအစဉ်ကို ပြန်ပြီး မွမ်းမံထားတာပါ။ ကျနော် တပ်ထဲမှာ ရှိတုန်းကဆို ဒီလို သံသယရှိတဲ့ ရွာသားတွေကို မောင်းထုတ်ပြီး ရွာတွေကို မီးရှို့ပစ်တာကို တံမြက်စည်းလှည်းတယ် လို့ ခေါ်ပါတယ်” ဟု ပြောသည်။

ယခု အမေရိကန်ပြည်ထောင်စုတွင် နိုင်ငံရေး ခိုလှုံနေသော ဗိုလ်မှူးဟောင်း အောင်လင်းထွဋ်က မြန်မာပြည်အရှေ့ဘက်ခြမ်းတွင် အကြီးအကျယ် ပြောင်းရွှေ့နေရာချထားခြင်းများသည် ဖြတ်လေးဖြတ် အစီအစဉ်နှင့် ပတ်သက်နေကြောင်း၊ ၁၉၉၀ နှစ်များအတွင်းက စစ်ရုံးမှ တိုက်ရိုက်ညွှန်ကြားသည့် အကုန်ရှင်းရေး မူဝါဒ (No Man’s Land Policy) ဖြစ်ကြောင်း ပြောသည်။

No Man’s Land Policy ဆိုသည်မှာ စစ်ဆင်ရေး ဧရိယာအတွင်းတွင် တွေ့ရသော ကလေးလူကြီး မကျန်ကို သတ်ဖြတ်ပစ်ရန် ညွှန်ကြားခြင်းဖြစ်ကြောင်း သိရသည်။

နအဖ စစ်အစိုးရက ဖြတ်လေးဖြတ် ပြုလုပ်ရန် ညွန်ကြားချက်ထွက်ပေါ်ချိန်တွင် ဖေဖော်ဝါရီလအတွင်းက ရှမ်းပြည်တပ်မတော် (SSA) မြောက်ပိုင်း ၀မ်ဟိုင်း ဌာနချုပ်ဘက်သို့ ဖြတ်သန်းသွားလာနေသော ခရီးသည်တင်ကားနှင့် ကုန်တင်ကားကြီးများကို သွားလာခွင့် ပိတ်ပင်မှုများနှင့် တိုက်ဆိုင်နေသည်။

ဝမ်ဟိုင်း ဒေသသည် ရှမ်းပြည်နယ် မိုင်းရယ်မြို့နှင့် မိုင်းရှုးမြို့နယ် ကြားတွင်ရှိပြီး ယင်းဒေသ အနောက်ဘက်ခြမ်းတွင် ကျောက်မဲမြို့ အခြေစိုက် စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် (စကခ) ၁ နှင့် လွိုင်လင် အခြေစိုက် (စကခ) ၂ လက်အောက်ခံ တပ်ရင်း ၇ ရင်းနှင့် သံချပ်ကာ ကား ၂၀ ကျော်ကို ပြီးခဲ့သည့် ဖေဖော်ဝါရီလဆန်းပိုင်းက တိုးချဲ့ချထားကြောင်း သိရသည်။

မိုင်းလား တပ်ဖွဲ့ အထူး ဒေသ (၄) အမျိုးသား ဒီမိုကရေစီမဟာမိတ် တပ်မတော် (NDAA) နှင့် “ဝ” ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) တို့သည် စစ်အစိုးရ၏ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို လက်မခံဘဲ ငြင်းဆန်ထားသည်။

UWSA ငြိမ်းချမ်းရေး ယူပြီးနောက်တွင် လက်နက်ကိုင် အဖွဲ့ ၁ဝ ဖွဲ့ထက် မနည်း ငြိမ်းချမ်းရေးယူခဲ့ကြသည်။ ၁၉၈၉ မှ ၁၉၉၅ အတွင်း အပစ်အခတ်ရပ်စဲပြီး ငြိမ်းချမ်းရေးယူခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ စုစုပေါင်း ၁၇ ဖွဲ့ ရှိသည်ဟု စစ်အစိုးရ၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။

စစ်အစိုးရက အပစ်ရပ် တပ်ဖွဲ့များ နယ်ခြားစောင့်တပ် ပြောင်းလဲဖွဲ့စည်းရေးကို ၂၀၀၉ ခုနှစ် ဧပြီလကတည်းက စတင် အကောင်အထည် ဖော်ခဲ့သည်။

အပစ်အခတ် ရပ်စဲထားသော တိုင်းရင်းသား အဖွဲ့များက စစ်အစိုးရ ထိန်းချုပ်မှုအောက်တွင် နယ်ခြားစောင့် တပ်ဖွဲ့ရန် ငြင်းဆန်ကာ လက်ရှိ အခြေအနေအတိုင်း ဆက်လက် နေထိုင်ခွင့်ရရှိရန် ကြိုးပမ်းလျက်ရှိကြောင်း၊ ထိုသို့ ငြင်းဆန်မှုကြောင့် စစ်ရေးအရ တင်းမာမှုများ ပေါ်ပေါက်နေသည်။

11ReadMore-2.jpg

Wednesday, March 2, 2011

ကော့ကရိတ်မြို့ လူထုကို ဒီကေဘီအေ ဆက်ကြေးကောက်မယ်လို့ နအဖ က ဝါဒဖြန့်ခြိမ်းခြောက်

http://www.naytthit.net/

ဒီကေဘီအေ တပ်မှူးတွေ ဓါတ်ပုံနဲ့အတူ တွေ့ရင်အကြောင်းကြားပေဖို့ စကခ ၁၂ ဖုန်းနံပါတ်ပါတဲ့  ကြော်ငြာ စာတွေကို မတ်လ ၁ ရက်နေ့က ကော့ကရိတ်မြို့နေရာ အတော်များများမှာ ကပ်ထားတာတွေ့ရတယ်လို့ ကုန် သည်တွေထံမှတဆင့် ကြားသိရပါတယ်။

ကော့ကရိတ်မြို့က ကပ်ထားတဲ့ စာတွေကို တွေ့ခဲ့တဲ့ ကုန်သည်တဦး ပြောပြတာကတော့ …
“ကျနော်တို့တွေ့ခဲ့တာ ကော့ကရိတ် ၇ ရပ်ကွက်မှာ၊ သူတို့ကပ်ထားတဲ့ပုံတွေက ပြန်တိုက်တဲ့ ဒီကေဘီအေအဖွဲ့ က ဗိုလ်မှူး ကျော်သက်နဲ့ ဗိုလ်မှူးဆန်းအောင် တို့ရဲ့ ပုံတွေပါ၊ ဒီနှစ်ယောက်ကိုတွေ့ရင် စကခ ၁၂ ကို အ ကြောင်းကြားဘို့ ဖုန်းနံပါတ် တခုလည်းပါ ပါတယ်။ ရေးထားတဲ့ စာတွေကတော့ဗျာ ဒီအဖွဲ့တွေဟာ ငတ်နေပြီ လူထုဆီက အတင်းခြိမ်းခြောက်ပြီး ဆက်ကြေးကောက်တာ လုပ်လိမ့်မယ် ဘာညာပေါ့နော်။ အဲဒီလောက်ပါပဲ” လို့ ပြောပြသွားပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်လို့ ဒီကေဘီအေ ဗိုလ်မှူးကျော်သက် ကို မေးမြန်ကြည့်တဲ့ အခါမှာတော့ ..
“အဲဒီလိုလုပ်တဲ့ သူတို့ ရည်ရွယ်ချက်က ကျနော်တို့ လူထုကို ကျနော်တို့နဲ့ မဆက်စပ်အောင် လုပ်တာပါ။ ကျနော်တို့ဘက်က ကိုယ့်လူထုကို ခြိမ်းခြောက်ဘို့ အနိုင်ကျင့်ဘို့ မလိုပါဘူး။ ကျနော်တို့ လူထုက မထောက်ခံ ဘူ၊ လူထုကမချစ်ဘူး။ နအဖကို ထောက်ခံတယ်ဆိုရင် ကျနော်တို့ တော်လှန်ရေး နှစ်ပေါင်း ၆၀ ကျော် ဘယ်လို လုပ်ရပ်တည်နိုင်မှာတုန်း။ နအဖ စစ်အပ်စုကသာ လူထုကို တလျောက်လုံး အနိုင်ကျင့်လာခဲ့တာဖြစ်လို့ လူထု ထောက်ခံတာတို့ လူထုကချစ်တာတို့ ဘယ်တုန်းကမှာ ခံစားဘူးခဲ့တာ မဟုတ်ဘူး။ ကျနော်တို့ မာနယ်ပလော တိုက်ပွဲတုန်းက တပ်ပျက်ပြီး သံလွင်မြစ်ထဲမှာ ကစဉ့်ကလျားပြေးနေကြတဲ့ နဝတ တပ်တွေကို တွေ့ရာ လူထုက သုတ်သင်ချေမှုန်းလိုက်တာဖြစ်တယ်။ အခု သူတို့ ဓါတ်ပုံတွေနဲ့ စာကပ်တယ်ဆိုတာကလဲ လူထုအနေနဲ့ ကျနော်တို့ကို မကူညီအောင် နအဖ က လူထုကို ခြိမ်းခြောက်တာသာ ဖြစ်တယ်” လို့ ရှင်းပြသွားပါတယ်။

ဒီကေဘီအေနဲ့ နအဖတို့ တိုက်ပွဲတွေ စဖြစ်ခဲ့တဲ့ ၂၀၁၀ နိုဝင်ဘာ ၈ နေ့ မြဝတီမြို့ထဲ တိုက်ပွဲတုန်းကလည်း မြဝ တီမြို့က လူထုပိုင်ပစ္စည်းတွေကို ဒီကေဘီအေ တပ်ဖွဲ့တွေက လုယက်တာ၊ မီးရှို့တာ၊ ဖျက်ဆီးခဲ့တာတွေ မလုပ် ခဲ့တဲ့အပြင် မြို့တွင်းတိုက်ပွဲ ဖြစ်နေတဲ့ အချိန်မှာကိုပဲ လူထုတချို့က ဒီကေဘီအေ တပ်ဖွဲ့ဝင်တွေရဲ့ အခက်အခဲ တွေကိုတောင် ဝိုင်းဝန်းဖြေရှင်းပေးခဲ့တာတွေကို ဒေါနမြေက ဖြန့်ချိတဲ့ မြဝတီတိုက်ပွဲ မှတ်တမ်းရုပ်သံမှာ ဖေါ်ပြ ထားတာတွေ့ရှိခဲ့ရပါတယ်။

11ReadMore-2.jpg

Monday, February 28, 2011

ဒီကေဘီအေ ဗိုလ်မှူးချုပ် စောလားဘွယ်ရဲ့ လတ်တလော နိုင်ငံရေးအမြင် သဘောထားများ

http://soneseayar.blogspot.com

နယ်ခြားစောင့်တပ်အပေါ် ဗိုလ်မှူးချုပ်စောလားဘွယ် သဘောထား

အမှန်တကယ်တော့ DKBA နဲ့ BGF က အတူတူဘဲ၊ သဘောတား တခုထဲဘဲ။ ဒီ နအဖ ရဲ့ သွေးခွဲတဲ့ မက်လုံးနဲ့ တဖက်က မိသားစု အခက်အခဲ၊ စားဝတ်နေရေး အခက်အခဲတွေကြောင့် ဖြစ်ရတာ။ BGF ဖြစ်သွားတဲ့ ကျနော်တို့ ရဲဘော်တွေ အပေါ်မှာ ကျနော်နားလည်တယ်။ ကျနော့် ရဲဘော်ရဲဘက်တွေလိုဘဲ သဘောထားပါတယ်။ အခြေအနေ တခုကြောင့်သာ သူတို့လုပ်ရတာ ဖြစ်ပါတယ်။ တချိန်မှာ ကျနော်တို့အားလုံး ပြန်လည် ပေါင်းစည်နိုင်ကြမှာပါ။

BGF လုပ်လိုက်ရင် ဘာဖြစ်မလဲ၊

ကျနော်တို့ တိုင်းရင်းသားတွေက နအဖ လုပ်ခိုင်းတဲ့ BGF လုပ်လိုက်ရင် ကျနော်တို့ရဲ့ တိုင်းရင်းသား လက်ခဏာတွေ ပျောက်ကုန်မယ်။ ကရင်ဆိုရင် ကရင့်အမျိုးသား လက္ခဏာ ပျောက်သွားမယ်။ ဥက္ကဌ ကြီးစောဘဦးကြီးမူ (၄) ချက်လည်း ပျောက်သွားမယ်။ အဲဒီလိုဘဲ မွန်၊ ကချင်၊ ရှမ်း သူတို့ လုပ်ရင် သူတို့ရဲ့ အမျိုးသားရေး လက္ခဏာ ပျောက်သွားမယ်။

နအဖ တပ်မှူးတပ်သားများအပေါ် သဘောထား

ဒီ နအဖ တပ်မှူး တပ်သားတွေအပေါ်မှာလည်း ကျနော်နားလည်တယ်။ မေတ္တာ ထားတယ်။ ကျနော့်ညီအကို မောင်နှမသားချင်းတွေလို သဘောထားတယ်။ အထက်က သူတို့ ခေါင်းဆောင်တွေခိုင်းလို့ လုပ်ရတာဆိုတာ ကျနော်သိတယ်။ ကျနော်တို့ မတိုက်ချင်ဘူး။ ကျနော်တို့ကို လာတိုက်လို့ ကျနော်တို့ ခုခံကာကွယ်နေရတာပါ။

နယ်စပ်မှာရှိတဲ့ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့များ

ကျနော်တို့ နယ်စပ်တလျှောက်မှာရှိတဲ့ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အစည်းတွေကလည်း စည်းလုံး ညီညွတ်ရမယ်။ တဖွဲ့ကိုထိရင် ကျန်တဲ့အဖွဲ့တွေက ဒါ ငါနဲ့မဆိုင်ဘူး၊ ငါ့ကို လာတိုက်တာ မဟုတ်ဘူး၊ အဲ့ဒီလို နေလို့ မရဘူး။ တဖွဲ့ကိုထိတာနဲ့ ကျန်တဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေကလည်း စစ်ရေးအရရော၊ နိုင်ငံရေးအရပါ ဝိုင်းတိုက်ရမယ်။ ဒါမှ ကျနော်တို့လိုချင်တဲ့ ဒီမိုကရေစီရမယ်။ ဥပမာပြောရရင် ကျွဲတကောင်ကို တယောက်ထဲ သယ်လို့ မရဘူး။ တပိုင်းစီ ခုတ်ထစ်ပြီး ဝိုင်းသယ်မှရမယ်။ အဲ့ဒီလိုဘဲ ဒီမိုကရေစီကို ဒေါ်အောင်ဆန်းစုကြည် တယောက်ထဲ၊ ကျနော်တို့ တိုင်းရင်းသားတဖွဲ့ထဲ လုပ်လို့မရဘူး။ တိုင်းရင်းသားတွေအားလုံး ညီညီညွတ်ညွတ်နဲ့ စုပေါင်းပြီး ဝိုင်းလုပ်ကြမှရမှာပါ။

11ReadMore-2.jpg

Thursday, February 24, 2011

ကရင်စစ်ြေ့ပးဒုက္ခသည် ၁သောင်းကျော် စားဝတ်နေရေးခက်ခဲ



11ReadMore-2.jpg

Template by:

Free Blog Templates