Thursday, November 25, 2010

ဝါရင့်နိုင်ငံရေးသမားများအားပူဇော်ပွဲတွင်ဒေါ်စုပြောသောမိန့်ခွန်း

ကိုရွှေမဟာတို့ရေ မင်းတို့လဲ တိုင်းရင်းသားပါပဲနော် မင်းတို့ခေါင်းဆောင်ကိုယ်တိုင်ကပြောနေပြီး
တိုင်းရင်းသားလို့ပြောရင်လက်မခံချင်တဲ့ အမောင်တို့ ရေ ကိုယ့်ကိုယ်ကို သိပါတယ်နော်။

ကျမတို့ ဒီတိုင်းပြည်မှာ စစ်မှန်တဲ့ စိတ်ဓာတ်တော် လှန်ရေးကြီးကို အောင်အောင်မြင်မြင် လုပ်ချင်တယ်ဆိုရင် အားနည်းချက်တွေကိုလည်း အားလုံးနဲ့ဆိုင်တယ် ဆိုတဲ့ စိတ်ဓာတ်ထားရမယ်။ အောင်မြင်ချက်တွေကိုလည်း အားလုံးနဲ့ဆိုင်တယ်ဆိုတဲ့ စိတ်ဓာတ်ကို ထားရ မယ်။ ဒါဟာ တကယ့်ကို ညီညွတ်ရေးရဲ့အခြေခံပါပဲ။ဒီတော့ ကျမတို့ ပင်လုံစိတ်ဓာတ်ကို ထူထောင်နိုင်ရင် ကျမတို့တိုင်းရင်းသားအားလုံး ... ကျမ တိုင်းရင်းသားထဲ မှာ ဗမာကိုပါ ထည့်ပြီးတော့ ပြောလိုက်မယ်။ ဗမာနဲ့ တိုင်းရင်းသားဆိုတာ ဒါပြောစရာမလိုဘူး။ ကျမတို့လည်း တိုင်းရင်းသားလူမျိုးပဲ။ ဒီထဲက တိုင်းရင်းသားတစုပဲ။ အဲဒီတော့ ကျမတို့ တိုင်းရင်းသားအားလုံးရဲ့ လုပ်ဆောင် ချက်ကြောင့် အောင်မြင်တယ်ဆိုတာကိုပဲ ကျမတို့ ရှေ့ရှုပြီးတော့ ကြိုးစားသွားပါ့မယ်လို့ … ကျမ … ကတိပြု တယ်ပဲပြောပါရစေ။ ကျမ … ကျမကတိ သိပ်ပြီးတော့လည်း မပေးချင်ဘူး။ ကတိဆိုတာ သေချာတည်နိုင် တယ်ဆိုတဲ့ဟာကို အာမခံချက်ရှိမှ။ အဲဒီတော့ ကျမ လုပ်နိုင်သလောက်လုပ်သွားပါ့မယ်။ ကျမ တတ်နိုင်သ လောက် ဒီတာဝန်ကို ကျေပွန်အောင်လုပ်သွားပါ့မယ်လို့ပဲ ပြောပါရစေ။ အားလုံးကို ကျေးဇူးတင်ပါတယ်။ (လက်ခုပ်သံများ ....)

11ReadMore-2.jpg

DKBAနှင့် နအဖတိုက်ပွဲသတင်း Nov 26/2010

 

ဆုံဆည်းရာ မှကူးယူဖေါ်ပြသည်။


နံနက် (၁၀ နာရီ ၁၄) ယနေ့မနက်ပိုင်း ၁၀ နာရီတွင် ဝေါလေဒေသ၊ ဖလူးကျေးရွာဘက်မှာ နအဖ နဲ့ ဒီကေဘီအေ တပ်များ တိုက်ပွဲဖြစ်ပွားနေပါတယ်။ ယခုအချိန်အထိ တိုက်ပွဲများဖြစ်ပွားနေပြီး နအဖ ဘက်မှ ဘုရားသုံးဆူမြို့နယ် သံဖြူဇရပ်မှ မြ၀တီသို့ ယမန်နေ့က ရောက်ရှိလာသည့် တနင်္သာရီတိုင်းအခြေစိုက် စကခ(၈) လက်အောက်ခံ ခလရ(၆၂)တပ်ရင်း အင်အား ၈၀ ကျော်ခန့်နဲ့ ဒီကေဘီအေ တပ်ဖွဲ့များ ဖြစ်တယ်လို့ သိရှိရပါတယ်။ မိုင်းကွင်းထဲမှာရောက်နေတဲ့ နအဖ တပ်မ ၂၂ လက်အောက်ခံ နည်းဗျူဟာတပ်တွေကို ရိက္ခာသွားရောက်ပို့ဆောင်သည့် နအဖ ခလရ(၆၂)တပ်ရင်းနဲ့ ဒီကေဘီအေ တပ်များ တိုက်ပွဲဖြစ်ပွားတာပါ။

11ReadMore-2.jpg

SSA တောင်ပိုင်းနှင့် စစ်အစိုးရ တိုက်ပွဲဖြစ်၊ ၂ ဦး ကျဆုံး


ဧရာဝတီ

နအဖ စစ်တပ်နှင့် ရှမ်းပြည် တပ်မတော် တောင်ပိုင်း (SSA-S) တပ်ဖွဲ့ဝင်များ ယခုတပတ် အင်္ဂါနေ့ မနက်က တိုက်ပွဲ ဖြစ်ပွား ခဲ့ရာ နအဖ ဘက်က တပ်ကြပ်ကြီးအဆင့် အပါအ၀င် ၂ ဦး ကျဆုံး၍ ၂ ဦး ဒဏ်ရာရရှိသွားကြောင်း သိရသည်။

ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းတုံမြို့နယ်၊ ပုံပါကျင်မြို့နယ်ခွဲ ဒေသ တ၀ိုက်တွင် နအဖ၏ ခြေလျင်တပ် ရင်း (ခလရ) ၆၅ တပ် ဖွဲ့ဝင်များနှင့် တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

SSA-S တပ်သားများသည် ယင်း ဒေသ တ၀ိုက်တွင် ကင်းလှည့်နေစဉ် နအဖ တပ်ဖွဲ့ဝင်များနှင့် နာရီဝက်ခန့် အကြာ ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း SSA-S ၏ ပြောခွင့်ရပုဂ္ဂိုလ် စိုင်းလောင်ဆိုင်းက ဧရာဝတီသို့ ပြောသည်။

တိုက်ပွဲတွင် နအဖ ဘက်မှ ၂ ဦးကျဆုံးခဲ့ပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ SSA-S တပ်သား ၁ ဦး ထိခိုက် ဒဏ်ရာ၍ သေဆုံးမှု မရှိကြောင်း ၎င်းက ဆိုသည်။

ယင်း တိုက်ပွဲဖြစ်ပွားခဲ့သော ဒေသသည် ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင်၊ ချင်းဒေါင်းမြို့နယ်စပ်မှ ခန့်မှန်းခြေ ၈ မိုင်ခန့် အကွာအဝေး တွင် ရှိကြောင်း သိရသည်။ သို့သော် တိုက်ပွဲဖြစ်ပွားမှုကြောင့် ထိုင်းနိုင်ငံ ဘက်ကမ်းသို့ ဒေသခံများ ထွက်ပြေးတိမ်းရှောင်မှုကို မသိရှိရသေးပေ။

ထို့အပြင် ရှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမှ မိုင်းလားသို့ စားသောက်ကုန်ပစ္စည်းများ တင်ပို့ခွင့် မပြုရန် စစ်အစိုးရဘက်က ယခု ရက်ပိုင်း အတွင်း ညွန်ကြားထားကြောင်း သျှမ်းသံတော်ဆင့် သတင်းစဉ်မှ အယ်ဒီတာ ဦးစိန်ကြည်က ပြောသည်။

“မိုင်းလားနဲ့ ကျိုင်းတုံကြား ဆက်သွယ်ထားတဲ့ နမ့်လွေချောင်းကူး တံတားမှာ နယ်စပ်ဂိတ်ရှိတယ်၊ နအဖ ထိန်းချုပ်နယ်မြေနဲ့ မိုင်းလား ထိန်းချုပ်နယ်မြေ နယ်ခြား၊ အဲဒီ အ၀င်အထွက်ကို စားသောက်ကုန် ပစ္စည်းတွေ တင်တဲ့ ကုန်တင်ကားတွေဆို ၀င်ခွင့် မပေးဘူး၊ ခရီးသည်တင်ကားတွေ မပါဘူး”ဟု ၎င်းက ဆိုသည်။

ကုန်ပစ္စည်း တင်ပို့ခွင့် ပိတ်ထားခြင်းသည် မိုင်းလားအဖွဲ့ကို စစ်ရေးအရ ဖိအားပေးရန် စစ်အစိုးရဘက်က အစပျိုးလိုက်ခြင်း ဖြစ် သည်ဟု စစ်ရေးလေ့လာသူ တချို့က သုံးသပ် ပြောဆိုကြသည်။

SSA-S ပြောခွင့်ရ ပုဂ္ဂိုလ် စိုင်းလောင်ဆိုင်းကမူ“နယ်ခြားစောင့်တပ် အဖွဲ့ လက်မခံတဲ့ လက်နက်ကိုင် တပ်ဖွဲ့ အားလုံးကို သူတို့ က(နအဖ) တရားဝင် အနေနဲ့ မတရားအသင်းဆိုပြီးတော့ ထုတ်ပြန်ကြေညာတာ မရှိပေမယ့် သူတို့ စိတ်ထဲမှာတော့ အပစ် အခတ် ရပ်စဲရေး ယူထားတဲ့ လက်နက်ကိုင် အဖွဲ့တွေကို သူတို့က တရားမ၀င်တော့ဘူးလို့ပဲ သဘောထားတော့မယ် ထင် တယ်။ ဒါကြောင့်မို့ သူတို့ကလည်း နည်းလမ်း အမျိုးမျိုးကို သုံးပြီးတော့ ဖိအားပေးတာဖြစ်တယ်”ဟု ၎င်းက ဆိုသည်။

တရုတ်နိုင်ငံနှင့် နယ်မြေချင်း ထိစပ်လျက်ရှိသည့် မိုင်းလားမြို့သည် အပစ်ရပ် အဖွဲ့တဖွဲ့ဖြစ်သော မိုင်းလား တပ်ဖွဲ့ (NDAA) အထူးဒေသ (၄) အခြေစိုက်ရာ မြို့ဖြစ်ပြီး နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို ငြင်းဆန်ထားသည့် အဖွဲ့ဖြစ်သည်။

အပစ်အခတ် ရပ်စဲထားသော တိုင်းရင်းသား အဖွဲ့များက စစ်အစိုးရ ထိန်းချုပ်မှုအောက်တွင် နယ်ခြားစောင့်တပ်ဖွဲ့ရန် ငြင်းဆန် ထားကြပြီး လက်ရှိ အခြေအနေအတိုင်း ဆက်လက် နေထိုင်ခွင့်ရရှိရန် ကြိုးပမ်းလျက်ရှိကြောင်း၊ ထိုသို့ ငြင်းဆန်မှုကြောင့် စစ် ရေးအရ တင်းမာမှုများ ပေါ်ပေါက်နေခြင်း ဖြစ်ကြောင်း သတင်းဖော်ပြချက်များ အရ သိရသည်။

စစ်အစိုးရက အပစ်ရပ် တပ်ဖွဲ့များကို နယ်ခြားစောင့်တပ် ပြောင်းလဲဖွဲ့စည်းရေးအတွက် ၂၀၀၉ ခုနှစ် ဧပြီလကတည်းက စတင် အကောင်အထည် ဖော်ခဲ့သည်။ ၁၉၈၉ မှ ၁၉၉၅ အတွင်း အပစ်အခတ်ရပ်စဲပြီး ငြိမ်းချမ်းရေးယူခဲ့သည့် တိုင်းရင်းသား လက် နက်ကိုင်အဖွဲ့ စုစုပေါင်း ၁၇ ဖွဲ့ ရှိသည်ဟု စစ်အစိုးရ၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။

11ReadMore-2.jpg

About these poor people သိပ်သနားစရာကောင်းတဲ့ လူတွေရဲ့အကြောင်း



11ReadMore-2.jpg

မြန်မာကျောင်းသားစစ်သည်တော်များအဖွဲ့ သဘောထားထုတ်ပြန်ချက်




http://democracyforburma.wordpress.com

11ReadMore-2.jpg

DKBA နှင့် KNU တပ်ဖွဲ့များက နအဖတပ် လာရာလမ်းကြောင်းတွင် ခြေကုပ်ယူထား

နိုဝင်ဘာလ ၂၅ရက်။ စောသိန်းမြင့် (ကေအိုင်စီ)

အင်အား ၁၀၀နီးပါးရှိ နအဖ တပ်ဖွဲ့ဝင်များသည် ကရင်ပြည်နယ် မြ၀တီခရိုင် ဝေါ်လေဒေသရှိ နယ်မြေခံတပ်များအား လစာလာ ပေးရန်အတွက် ယနေ့မနက် ရောက်ရှိလာရာ ၎င်းတို့လာရာ လမ်းကြောင်းများကို ဒီကေဘီအေနှင့် ကေအဲန်ယူတပ်ဖွဲ့များက ခြေ ကုပ်နေရာယူထားသောကြောင့် နအဖစစ်တပ်များ တက်လာရန် အခက်ကြုံနေရသည်ဟု သိရသည်။

ဒီကေဘီအေ (၉၀၉)တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး စောစတီးက “အခု သူတို့ (နအဖ)ဖလူးရွာကို ရောက်ပြီးလို့ သိရတယ်။ တပ်ရင်းတစ် ရင်းပဲတဲ့။ အင်အား (၇၀-၈၀)ကျော်လောက် ရှိတယ်။ အခုသူတို့ လာမယ့်လမ်းကြောင်းတလျှောက်မှာ ကျနော်တို့လူတွေ အကုန် လုံး စောင့်နေတယ်ဆိုတော့ တက်လာဖို့ အခက်တွေ့နေတယ်။ ကျနော်တို့နယ်မြေထဲကို ၀င်လာရင်တော့ ထိပ်တိုက်ပဲ။ လမ်းအခြေ အနေကို ကြည့်ရင်းလာရတယ်ဆိုတော့ ဒီည သူတို့တပ်တွေ ရှိတဲ့နေရာကို ရောက်ချင်မှ ရောက်မယ်။”ဟု ပြောသည်။

ဝေါ်လေဒေသရှိ နအဖစစ်တပ် စကခ(၈)လက်အောက်ခံတပ်ရင်းများနှင့် တိုင်းတပ်များအား ထုံးစံအတိုင်း လမကုန်ခင် လစာလာ ပေးရန်အတွက် တနင်္သာရီတိုင်းအခြေစိုက် စကခ(၈) လက်အောက်ခံ ခလရ(၆၂)တပ်ရင်းသည် ဘုရားသုံးဆူမြို့နယ် သံဖြူဇရပ်မှ မြ၀တီသို့ ယမန်နေ့က ရောက်ရှိလာပြီး ယနေ့မနက်တွင် မြ၀တီမှတဆင့် ဝေါ်လေဒေသ ဖလူးကျေးရွာသို့ စစ်ကား ၃စီးဖြင့် ရောက် ရှိလာသည်ဟု ဒီကေဘီအေဘက်က ပြောသည်။

လက်ရှိအချိန်တွင် အဆိုပါ နအဖစစ်တပ်များ တက်လာနိုင်မည့်လမ်းကြောင်းများဖြစ်သော ပလောတပို၊ တခေါ်ထူ၊ ကျောက်ခက်၊ ဘလယ်ဒို၊ သေဘောဘိုး၊ လေးဝေါ်၊ ဆုံဆည်းမြိုင်၊ အူကလေ့ထာ့စသည့်နေရာများတွင် ကေအဲန်အယ်လ်အေနှင့် ဒီကေဘီအေ တပ်ဖွဲ့ဝင်များ ၀င်ရောက်နေရာယူထားပြီးဖြစ်ကြောင်း သိရသည်။

ဝေါ်လေဒေသတွင် နအဖစစ်တပ်မှ လှုပ်ရှားတပ်များဖြစ်ကြသော စကခ(၈)လက်အောက်ခံ ခမရ(၄၀၁)၊ (၄၀၄)၊ (၄၀၉)တပ်ရင်း များနှင့် တိုင်းတပ်မှ ခလရ(၉၇)တပ်ရင်းတို့သည် ယခုလို ၀င်ရောက်လာသော ခလရ(၆၂)တပ်ရင်းအတွက် လုံခြုံရေးယူပေးနိုင်ခြင်း မရှိကြောင်း ကေအဲန်အယ်လ်အေ တပ်ရင်း(၂၀၁)မှ တပ်ကြပ်ကြီး စောထီးခုက ယခုလို ပြောသည်။

“ဒီမှာရှိ နအဖ လှုပ်ရှားတဲ့တပ်တွေက လှုပ်ရှားတပ်ပဲ အမည်ခံပဲဖြစ်နေတယ်။ တချိန်လုံး စခန်းထဲမှာပဲ ပုန်းအောင်းနေတယ်။ သူတို့ အတွက်လည်း သူတို့က လုံခြုံရေးယူထားရတယ်ဆိုတော့ အခု တက်လာတဲ့ တပ်ရင်းကို ဘယ်လိုလုပ်လာပြီးတော့ လုံခြုံရေးလာ ယူပေးနိုင်မှာလဲ။”ဟု ကေအိုင်စီကို ပြောသည်။

ဝေါ်လေဒေသ ဘုရင့်နောင်ကုန်း၊ ကနဲလေး၊ မောခီးတို့တွင် လှုပ်ရှားနေသော နအဖ စကခ(၈)နှင့် တိုင်းတပ်မှ တပ်ရင်းများသည် ယခုလဆန်းပိုင်းက နအဖနှင့် ဒီကေဘီအေ တပ်ဖွဲ့တို့ကြား အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ထီးတပလယ်ကျေးရွာ တောင်ကုန်းရှိ ခလရ(၉၇)တပ်ရင်းသည် ရိက္ခာပြတ်လပ်မည့် အခြေအနေတွင် ရှိသည်ဟုလည်း သိရသည်။

11ReadMore-2.jpg

Template by:

Free Blog Templates