Showing posts with label သေ့ဘောပိုးအနီး ဆုံဆည်းမြိုင်မှာ တိုက်ပွဲဖြစ်ပွား. Show all posts
Showing posts with label သေ့ဘောပိုးအနီး ဆုံဆည်းမြိုင်မှာ တိုက်ပွဲဖြစ်ပွား. Show all posts

Saturday, September 10, 2011

သေ့ဘောပိုးအနီး ဆုံဆည်းမြိုင်မှာ တိုက်ပွဲဖြစ်ပွား


မြဝတီမြို့တောင်ဘက် သေ့ဘောပိုးရွာအနီး ဆုံဆည်းမြိုင်မှာ ကြံ့ဖွံ့အစိုးရစစ်တပ် တပ်မ ၂၂ လက်အောက်ခံ ခမရ ၂၀၄ တပ်ရင်းကို DKBA တပ်ရင်း ၉၀၉ မှ ဗိုလ်ကြီး မင်းဇော်ဦး ဦးဆောင်တဲ့ တပ်ဖွဲ့၊ ကျောင်းသားတပ်မတော် တပ်ဖွဲ့၊ ရခိုင် လွတ်မြောက်ရေး တပ်ဖွဲ့ဝင်တွေ ပူးပေါင်းပြီး ဒီကနေ့ နေ့လည် ၁၁ နာရီလောက်မှာ စစ်ဆင်တိုက်ခိုက်ခဲ့တာ ဖြစ်တယ်။
တိုက်ပွဲဖြစ်ပွားချိန် ၁၅ မိနစ်လောက်ကြာခဲ့ပြီး ထိခိုက်သေဆုံးမှု မသိရှိရသေးပါ။
ဖလူး သေ့ဘောပိုး ဝေါ်လေ ကားလမ်းတလျောက်က စစ်ကြောင်းတက်လာတဲ့ ခမရ ၂၀၄ တပ်ရင်းကို နေရာအတော်များ များက စောင့်ကြိုတိုက်ခိုက်ဖို့ ပြင်ဆင်ထားတာဖြစ်တဲ့အတွက် ညနေ ၅ နာရီလောက်မှာလည်း သေ့ဘောပိုးအနီးမှာ တိုက်ပွဲတွေ ထပ်ဖြစ်ခဲ့ပါသေးတယ်။ အဲဒီအချိန်မှာတော့ ကြံ့ဖွံ့အစိုးရစစ်တပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ဆံ တွေ သေပေါ့ပိုးရွာထဲကို ကျရောက်ပေါက်ကွဲခဲ့ပါတယ်။ အဲဒီ အကြောင်းကိုတော့ ထိုင်းနိုင်ငံဘက်ခြမ်းကို ထွက်ပြေးလာ တဲ့ သေ့ပေါပိုး ရွာသားတဦး ပြောပြတာက …
“အခြေအနေတွေ ရှုပ်ထွေးနေတာတော့ တရက် နှစ်ရက်လောက်ရှိပြီး ဒီနေ့မှ တိုက်ပွဲဖြစ်သံကြားရတာ ရွာနဲ့ နဲနဲဝေးတော့ အေးဆေးသတိနဲ့ နေ နေကြတယ်။ ညနေရောက်တော့ တိုက်ပွဲဖြစ်သံထပ်ကြားတယ် အဲဒီအချိန်မှာပဲ ရွာထဲကို လက်ကြီး တွေ ကျတာ အဲဒါနဲ့ ကျနော်တို့လည်း ထိုင်းဘက်ခြမ်းကို ပြေးလာကြတာ” လို့ ပြောပြသွားခဲ့ပါတယ်။
ဒီနေ့ ထိုင်းမြန်မာနယ်စပ် သေ့ဘောပိုးရွာမှာ ဖြစ်နေတဲ့ အခြေအနေတွေကို DKBA မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး ဆန်းအောင် ကို မေးမြန်းခဲ့ရာ …
“ဟုတ်တယ် ဒီနေ့ သေ့ဘောပိုးနားက ဆုံဆည်းမြိုင်မှာ တိုက်ပွဲဖြစ်တယ်။ ညနေပိုင်းတိုက်ပွဲဖြစ်တဲ့ အချိန်မှာတော့ ရန်သူ က သေ့ဘောပိုးရွာထဲကို လက်နက်ကြီးတွေ ပစ်ထဲ့ခဲ့တယ်။ အထိအခိုက်ကိုတော့ အတိအကျ မသိရသေးဘူး။ မြန်မာနိုင် ငံက စစ်အုပ်စု အစိုးရကတော့ ဒီလိုပဲ လက်နက်မရှိရင် အနိုင်ကျင့်မယ်။ အဖွဲ့သေးရင် ချေမှုန်းမယ် အပေါ်စီးက စကား ပြောမယ်။ အဖွဲ့ကြီးလို့ စမ်းလို့မရဘူးထင်ရင် မျက်နှာချိုသွေးမယ် ဖြည်းဖြည်းချင်း သပ်လျှိုဖြိုခွဲမယ် နောက်ဆုံးချေမှုန်း မယ်။ ဒါ သူတို့ လုပ်နေကျပဲ။ ကျနော်တို့ လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းတွေ တဖွဲ့နဲ့ တဖွဲ့ နေသာသလို နေ နေကြပြီး မစည်းလုံးကြသရွေ့တော့ မြန်မာ စစ်အုပ်စုက လုပ်နေကျ နည်းတွေနဲ့ ဆက်ထိန်းထားအုံးမှာပဲ” လို့ ပြောပြ သွားခဲ့ပါတယ်။

11ReadMore-2.jpg

Template by:

Free Blog Templates