Showing posts with label ပေးစာ. Show all posts
Showing posts with label ပေးစာ. Show all posts

Monday, December 20, 2010

``နားလည်ပေးမှု၊ စာနာပေးမှု`


တစ်ခါတုန်းက……….
အလင်းမရှိဘဲ မှောင်နေတဲ့အခန်းတစ်ခန်းထဲမှာ
ဖယောင်းတိုင်ကလေး(၅)တိုင်ရှိတယ်။ အဲဒီ ဖယောင်း
တိုင်တွေမှာအလင်းကိုယ်စီနဲ့ပေါ့။ ဖယောင်းတိုင်(၅)တိုင်ရဲ့
အလင်းအားကြောင့် မှောင်မည်းနေတဲ့

အခန်းဟာ လင်းထိန်နေတော့တယ်။ဒီအခန်းထဲကို လေပြေပျော့လေး တိုက်ခတ်နေသတဲ့။
တစ်ခါတစ်ခါမှာ
လေဟာပြင်းသွားလိုက်၊ တစ်ခါတစ်ခါမှာ လေဟာငြိမ်သွားလိုက်နဲ့ပေါ့။ လေတစ် ချက်အဝေ့မှာ
ဖယောင်းတိုင်လေး တစ်တိုင် မီးငြိမ်းသွားတယ်။ အခန်းဟာအလင်း အားနည်းနည်း
လျော့သွားတယ်။ အဲ့ဒီဖယောင်းတိုင်လေးကို ``အချစ်`` လို့ နာမည်ပေး ကြည့်ရအောင်။
``အချစ်ဆိုတဲ့ အလင်းအားလေး`` လျော့သွားတော့ အခန်းဟာနည်းနည်းလေး မှောင်သွားတယ်။
နောက်ထပ် လေအဝှေ့မှာ ဒုတိယ ဖယောင်းတိုင်လေး မီးငြိမ်းသွားပြန်တယ်။ အဲဒီ
ဖယောင်းတိုင်လေးကို ``သံယောဇဉ်`` လို့ နာမည်ပေးကြည့်ရအောင်။ ဒီအခန်းထဲမှာ``အချစ်``
ဆိုတဲ့ အလင်းရောင်ရယ်၊ ``သံယောဇဉ်`` ဆိုတဲ့ အလင်းရောင်ရယ်မရှိတော့ဘူး။ အခန်းဟာ
အမှောင်ထု ကြီးစိုးလာတော့တယ်။ ဒီလိုနဲ့ နောက်ထပ် ```လေတစ်ချက်`` အဝေ့မှာ တတိယ
ဖယောင်းတိုင်လေးငြိမ်းသွားပြန်တယ်။ အဲဒီဖယောင်းတိုင်လေးကို ``မေတ္တာတရား`` လို့
နာမည်ပေးကြည့်ရအောင်။

ဒီလိုပဲ…နောက်ထပ် လေအဝေ့တစ်ချက်မှာ စတုတ္ထဖယောင်းတိုင်လေးငြိမ်းသွားပြန်တယ်။
ဒီဖယောင်းတိုင်လေးကိုတော့ ``ကရုဏာ တရား`` လို့နာမည်ပေးကြည့်ရအောင်။ဖယောင်းတိုင်
(၅) တိုင် အလင်းအားရှိတဲ့ ဒီအခန်းဟာ ဖယောင်းတိုင်(၁)တိုင်မျှသာ အလင်းအားရှိတော့တယ်။
ဒီနောက်ဆုံး ဖယောင်းတိုင်လေးသာလေအဝေ့မှာ မီးညွန့်ကလေးငြိမ်းသွားခဲ့ရင်
ဒီတစ်ခန်းလုံး
မှောင်မည်းသွားတော့ မှာပါပဲ။

ဖြစ်ချင်တော့ ဒီအခန်းထဲကို လူတစ်ယောက် ရောက်လာတယ်။``အခန်းကြီးက
မှောင်းမည်းနေတာပဲ။ တော်သေးတာပေါ့။
ဖယောင်းတိုင်လေးတစ်တိုင်လင်းနေေ သးလို့``ပြောပြောဆိုဆို ဖယောင်းတိုင်ရဲ့
မီးညွန့်ကို
လက်ဝါးလေးနဲ့ ကာလိုက်တယ်။အလင်းရောင် မှိန်ပျပျအောက်မှာ မီးငြိမ်းနေတဲ့
ဖယောင်းတိုင် (၄)တိုင်ကိုတွေ့သွားတယ်။ ချက်ချင်းဆိုသလိုပဲ နောက်ဆုံးကျန်နေတဲ့
ဖယောင်းတိုင်ရဲ့
မီးညွန့်ကိုကူးပြီး မီးငြိမ်းသွားခဲ့တဲ့
ဖယောင်းတိုင်လေးတွေကိုမီးကူးပေးလိုက်တယ်။ ဒီအခန်းကအရင်
အတိုင်းပဲ ပြန်ပြီးလင်းထိန်သွားပါတော့တယ်။

**********
သူငယ်ချင်းကို မေးပါရစေ……ဒီနောက်ဆုံးကျန်တဲ့ ဖယောင်းတိုင်လေးကို
ကျွန်မတို့ နာမည်ပေး ကြည့်ကြရအောင်။ သူငယ်ချင်းလည်း ကြိုက်သလို
နာမည်ပေးပါ။ကျွန်မပေးထားတဲ့ နာမည်လေးတော့
ရှိတယ်။ ကျွန်မက နောက်ဆုံးဖယောင်းတိုင်လေးရဲ့ နာမည်ကို ``နားလည်ပေးမှု၊
စာနာပေးမှု ဖယောင်းတိုင်``လို့ နာမည်ပေးထားတယ်။တွေးကြည့်ရအောင် ။
လူတစ်ယောက်နဲ့ တစ်ယောက်အကြားမှာ ``နားလည်ပေးမှု၊ စာနာပေးမှု`` ဆိုတဲ့အလင်းအား
ရှိတဲ့ ဖယောင်းတိုင်လေးသာ ရှိနေသေးရင် ``အချစ်``ဆိုတာပြန်ဖြစ်နိုင်တယ်။
``သံယောဇဉ်`` ဆိုတာ ပြန်ဖြစ်နိုင်တယ်။ ``မေတ္တတရား၊ကရုဏာတရား``တွေ
ပြန်ဖြစ်နိုင်တယ်။ ``နားလည်ပေးမှု၊ စာနာပေးမှု`` ဆိုတဲ့ဖယောင်းတိုင်လေးသာ
မီးငြိမ်းသွားခဲ့ရင်… အခန်းကြီး မှောင်မည်းသွားသလို အချစ်တွေ၊ မေတ္တာတရားတွေ၊
သံယောဇဉ်တွေ၊ ကရုဏာတရားတွေ ပြန်ဖြစ်ဖို့
မလွယ်တော့ပါဘူး။ လူ့ဘဝရဲ့ အနှစ်သာရလည်း ပျက်စီးသွားတော့မှာပါပဲ။

မိသားစု အချင်းချင်းအကြားမှာ၊
သူငယ်ချင်းနှစ်ယောက်အကြားမှာ၊ေ မာင်နှ်မနှစ်ယောက်အကြားမှာ၊
လင်းမယားနှစ်ယောက်အကြားမှာ၊အဖွဲ့အစည်းတစ်ခုနဲ့ တစ်ခုအကြားမှာ
``နားလည်ပေးမှု၊ စာနာပေးမှု``ဆိုတဲ့ဖယောင်းတိုင်လေး
လင်းနေဖို့ လိုမယ်ထင်ပါတယ်။ ဒီဖယောင်းတိုင်လေးသာ မီးငြိမ်းသွားခဲ့ရင်…
လူမှုဆက်ဆံရေးရဲ့
ပျော်စရာကောင်းတဲ့ သဘာဝကိုခံစားနည်းလည်နိုင်တော့မှာ မဟုတ်ပါဘူး။
ချစ်သူနှစ်ယောက်အကြားမှာ ``နားလည်ပေးမှုနဲ့ စာနာပေးမှု`` ရှိရင်
ပျော်စရာသိပ်ကောကင်းမှာပဲ။

မိဘအပေါ်မှာ နားလည်ပေးတက်တဲ့ သားသမီးတွေကို ပိုင်ဆိုင်ခွင့်ရတဲ့ မိသားစုဟာ
ပျော်စရာကြီးပါ။ ဒီလိုပါပဲ နားလည်ပေးတက်တဲ့၊ စာနာပေးတက်တဲ့ မိဘတွေရဲ့ သားသ
မီးဖြစ်ခွင့်ရရင်လည်းပျော်စရာပါပဲနော်။

ကိုယ့်ကို နားလည်ပေးတဲ့၊ စာနာပေးတဲ့ ချစ်သူနဲ့သာ အတူနေခွင့်ရရင်အချစ်ဆိုတာ
ပျော်စရာပဲလို့ ခံစားမိမှာပါ။အပြန်အလှန် နားလည်ပေးတဲ့၊ စာနာပေးတဲ့
လူ့အဖွဲ့အစည်းတွေသာ ကျွန်မတို့ ဝန်းကျင်းမှာရှိခဲ့ရင် ကျွန်မတို့
လူ့ဘောင်လောကကြီးဟာ
ဒီထက်ပိုပြီးသာယာလာပါမယ်။
ငြိမ်းချမ်းလာပါမယ်။တိုးတက်လာပါမယ်။ပျော်စရာလည်းကောင်းလာပါမယ်။
ဒါကြောင့် ဘယ်နေရာမှာ မဆို ``နားလည်ပေးမှုနဲ့ စာနာပေးမှု``အပြန်အလှန်ရှိကြမယ်ဆိုရင်
လောကကြီးဟာငြိမ်းချမ်းနေမှာပါ။
ဒါပေမယ့်….
``နားလည်ပေးမှုနဲ့ စာနာပေးမှု `` ကိုတော့ အလွဲသုံးစား
မလုပ်သင့်ဘူးနော်။``နားလည်ပေးမှုနဲ့
စာနာပေးမှု`` ကို အခွင့်ကောင်းမယူသင့်ဘူး။``နားလည်ပေးမှုနဲ့ စာနာပေးမှု`` ကို
တန်ဖိုးမဲ့အောင် မလုပ်သင့်ဘူးနော်။ူ သူငယ်ချင်းလည်း နောက်ဆုံး ဖယောင်းတိုင်လေးရဲ့ နာမည်ကို ဘယ်လိုများ မှည့်ခေါ်ချင်ပါသလဲ....


ပေးပို့လာတဲ့ညီမလေးဖူးအားကျေးဇူးတင်ပါတယ်

11ReadMore-2.jpg

Sunday, December 5, 2010

ရင်ဖွင့်စာ

http://phutarmite.blogspot.com




ကရင်ညီအစ်ကိုမောင်နှမများသို့ ရင်ဖွင့်စာ

(nanyaminwai)

ကျမ,ချစ်သော ကရင်ညီအစ်ကိုမောင်နှမများရှင့် ကျမ,မသိခြင်းများစွာနဲ့စာရေးလိုက်ပါတယ်
မေးလည်းမေးချင်ပါတယ် ပြောစရာလည်းရှိပါတယ်။
ကျမတို့ဟာ ညီအကိုမောင်နှမချင်းတွေမို့ အားမနာတမ်းဝေဖန်ချင်ပါတယ်။
အပြစ်ပြောတာမဟုတ်ဘူးနော် အလုပ်တစ်ခုအောင်မြင်နေတာဟာ သူ့မှာ အချက်အလက်အများကြီးရှိပါတယ် ကိုယ်လုပ်နေတဲ့အလုပ်ဟာ ဘာလဲဆိုတာအလျင်သိဖို့ လိုပါတယ် တစ်ဦးချင်းအတွက်လား? အများအတွက်လား? ဆိုတာ။
ပြီးရင်ကိုယ့်ကိုယ်ကို ကိုယ်ဘာလဲဆိုတာ ပြန်ဆန်းစစ်ကြည့်ပါ။
အမြဲတမ်းလုပ်ရမဲ့အလုပ်ဆိုတာ ကိုယ့်ကိုကိုယ် ဆန်းစစ်ကြည့်ချင်းပါပဲ။

ကဲအခုမပြောမပြီးမတီးမမြည်ဆိုသလို ကရင်ဆိုတော့ကရင်အကြောင်းပဲပြောရမှာပဲလေ။
၊အခုတလော ကရင်ဘလော့တော်တော်များများမှာ သဘောထားကွဲလွဲပြစ်တင်ဝေဖန်နေကြတာတွေ အတော်များတွေ့နေရပါတယ် ကျမတို့တွေအချင်းချင်း အမြင်မကြည်နေကြတာကို အပြင်လူတွေသိသွား လျင်ဝမ်းသာနေမှာပေါ့။
ကျမ,တစ်ခုပြောချင်ပါတယ် စွမ်းရည်ထက်တဲ့ ကရင်လူမျိုးတွေ အများကြီးရှိပါတယ်၊ ကိုယ်ထင်ရာကို ကိုယ်စိုင်းနေကြတယ်။

ဒါတွေထားပါဦး အခုကျမပြောမှာက ခေါင်းဆောင်အကြောင်းပါ။
ဥပမာ တစ်ခုအနေနဲ့ ပြောရလျင် ဒီကေဘီအေတပ်က တပ်မဟာ ၆ ကိုဝင်တိုက်တာနော် ကရင်အချင်းချင်း တိုက်တာနော် စဉ်းစားကြည့်ပါ။
အပြစ်မဲ့ပြည်သူ ၄၀၀၀ ကျော်ထွက်ပြေးတိမ်းရှောင်ပြီး ဒုက္ခသည်အမည်ခံနေရတယ်ဆိုတာ အားလုံးအသိပဲ။
တခြားလူတွေကိုပြောစရာမရှိဘူး ပြောဖို့လည်းမလိုအပ်ဘူး။
ကိုယ်ညံ့လို့ကိုယ်ခံရတာ ရန်သူဘက်က,တော်လို့မဟုတ်ဘူး” ဆိုတာ ဗိုလ်မှုးချုပ်ဂျော်နီကိုယ်တိုင်
ပြောခဲ့တာပဲ။
ကဲ ခေါင်းဆောင်ဆိုတာ ခေါင်းရှောင်မဟုတ်ဘူး ။နာမည်ယူဖို့ အတွက်မဟုတ်ဘူး။
နေရာယူရုံသက်သက်မဟုတ်ဘူး။ ကိုယ့်ကိုယုံကြည်တဲ့ လူတွေအတွက် လုပ်ပေးနိုင်ရမယ်။

ကျမတို့ အစ်ကိုတွေအစ်မတွေ ကိုယ့်ကိုကိုယ် သိပ်အထင်မကြီးကြပါနဲ့ ။
ပွဲရှိလာပြီဆိုရင် ဆိုကြတာပဲလေ ခန်းအနားအဖွင့်မှာဖြစ်ဖြစ်အပိတ်မှာပဲဖြစ်ဖြစ် သီချင်းဆိုကြတာပဲလေ။ ပွဲပြီးသွားရင်သီချင်းက သီချင်းဖြစ်သွားရော။
ဘာထူးလဲ။ သီချင်းမှာအတုယူစရာအများကြီးလေ ပြင်သင့်လုပ်သင့်တာအများကြီးလေ။ ခေတ်အဆက်ဆက်ဆိုလာခဲ့တာပဲ အခုထိစည်းလုံးမှုမရသေးဘူး။


ဦးခင်ညွန့် ပြောဖူးပါတယ် ဗိုလ်ချုပ်မြကို ဖထီးကရင်တွေအတွက်ပဲပြောပါ တဲ့ ဟုတ်တယ်။
ကျမ,တို့ တွေဟာ ကိုယ့်ဇာတ်တောင် ကိုယ်မနိုင်သေးပဲနဲ့ ကိုယ်လုပ်ချင်တယ်လို့ ဆိုလိုလိုက်တာ။

ပြောခဲ့သလိုပဲ စည်းလုံးမှုကဘယ်တော့ရမှာလဲ ကရင်ပြည်ဘယ်နေ့ရမှာလဲ? ပြန်စဉ်းစားကြည့်ပါဦး။
ကိုယ့်အတွက်ပဲလုပ်မယ်ဆိုလုပ်ပါ တခြားလူစိတ်ပျက်အောင်မလုပ်ပါနဲ့။
လုပ်နိုင်တဲ့သူရှိတယ် လုပ်လည်းလုပ်ခဲ့တယ်။

စည်းလုံးမှုမရသေးသရွေ့တော့ ကျမတို့ကရင်ပြည်မရနိုင်ဘူး။
ကရင်တွေ ရန်ကုန်ဆင်းပြီးအကုန်လည်စင်းမခံသေးသရွေ့ ကာလ,ပတ်လုံးတော်လှန်ရေးမကျဆုံးဘူး လို့
ကျမ,တို့ ခေါင်းဆောင်ကြီးပြောခဲ့ပါတယ်။ သူတို့အလကားပြောခဲ့တာမဟုတ်ဘူး သူခေတ်နဲ့သူ တချိန်က တော်လှန်ရေးစကားနဲ့ပြောခဲ့တာ။

အခုရန်ကုန်ဆင်းဘာဖြစ်လဲပြောမှာပေါ့။ ဆင်းလည်း အမျိုးပျောက်မှာလေ။
ကိုယ့် ကိုကိုယ်ဘာလုပ်နေလဲဘာဖြစ်နေလဲဆိုတာ ကိုယ့်ဟာကိုယ်သိပါတယ် ကိုယ့်လိပ်ပြာကိုယ်သိပါတယ်။ ဘာတွေဘယ်လိုလုပ်သင့်သလဲဆိုတာ ကျမထက်အသက်ကြီးကြတဲ့ လူတွေပဲလေ ကျမပြောစရာမလိုဘူးထင်တယ် ။
အကိုတို့ အမတို့ မှာ လုပ်နိုင်တဲ့အရည်အချင်းတွေ အများကြီးရှိပါတယ်။

စည်းဝေးထိုင်ခုံပေါ်မှာထိုင်နေသေးသရွေ့တော့ ကိုယ့်အတွက်နောက်ဆုံးမှာစဉ်းစားပါ ပုဂ္ဂိုလ်ရေးကိုဘေးဖယ်ထားပါ။ ကိုယ်ဖြစ်ချင်တဲ့အကြာင်းအရာကို အချက်လက်ခိုင်လုံစွာတင်ပြပါ။
တခြားသူကို ကန့်ကွက်ချင်ရင်လည်းအကြောင်းပြချက် ခိုင်လုံအောင်လုပ်ပါ။

အခုလည်းတခြားလူတွေကြားမှာကျမ တို့ကရင်တွေအပြောခံနေရပါတယ် ဘာပြောသလဲဆိုတော့ ကရင်အချင်းချင်းမတည့်ကြဘူးတဲ့ ။မှန်တယ်လို့ဝန်ခံချင်ပါတယ်။
စိတ်ထဲမှာကသိကအောင့်ကြီး ။မခံချင်ပေမဲ့ခံနေရတယ်။
ဘယ်တော့များမှ စည်းလုံးကြမှာလည်းမသိဘူးနော်။


ကနေ့လူငယ်အများစုထဲက လူငယ်တယောက်ရဲ့ ရင်ဘတ်ထဲက လာတဲ့တကယ့်ပေါက်ကွဲသံတွေပါ။
ဒီလူငယ်မျိုး ကျုပ်တို့ကရင့်အဝန်းအဝိုင်းမှာ များများရှိလာလေ ကရင်စည်းလုံးရေးဆိုတာလည်း
နီးလာမှာပါပဲ။

ကရင်အမျိုးသားစည်းလုံးညီညွတ်ရေးကို တကယ်လိုချင်ကြတယ်ဆိုလျင်တော့ မန်းထက်ခေါင်ရဲ့ စကားကို ဂရုတစိုက်လေး ရှိစေချင်ပါတယ်။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

11ReadMore-2.jpg

Saturday, December 4, 2010

ဘယ်သူကိုမှ မရည်ရွယ်ပါဘူး

http://phutarmite.blogspot.com/

ဘယ်သူကိုမှ မရည်ရွယ်ပါဘူး
(nanyaminwai)

မျိုးချစ်ကရင်တယောက်ပေါ့ကျမကိုဒီလိုပြောတယ် မင်းကမိန်းခလေးဝင်ပါစရာမလို့ဘူးတဲ့ ဘေးက ထိုင်ကြည့်ပါတဲ့ ကျမဘယ်လောက်ခံစားရမလည်းဆိုတာ စဉ်စားကြည်ပါနော်။

ကျမချစ်သော ကရင်ညီအစ်ကိုမောင်နှမများရှင့် မောရင်ထိုင်နေလုပ်နိုင်တဲ့လူလုပ်လိမ့်မယ်ဆိုတာမှန်ပါတယ်။ထိုင် နေတဲ့လူကပါးစပ် မပါတာမှမဟုတ်တာပဲလေ။ ပြီးတော့ အချောင်ခိုတဲ့စိတ်ဓာတ်က ကရင်တို့ရဲ့စိတ်ရင်းအမှန်မဟုတ် ဘူးလေ။
သူများတွေဆောက်ပြီးသားအိမ်ကိုအဆင်သင့် တက်နေရအောင်လည်းကိုယ့်ကိုကိုယ်မရှက်ဘူးလား။ ကိုယ့်လုပ်အားတစ်ပြားမှ မပါပဲနဲ့တော့မရှက်တတ်ဘူးလား။ ဒါကိုဘာလို့ ပြောနေရလဲဆိုတော့ တစ်ယောက်
တည်းနဲ့မပြီးတဲ့ကိစ္စမို့လိုပါ။ တစ်ယောက်တည်းနဲ့ပြီးရင် အကိုအမတို့ကိုပြောမနေပါဘူး။
လုပ်ပြီးသွားတာကြာလှပြီ။

ကောင်းပါတယ်။ တစ်ယောက်တည်းရှိရင် တစ်ယောက်တည်းလုပ်မယ်ဆိုတဲ့စိတ်ဓာတ်ကို အရမ်းသဘောကျပါတယ်။ ဒါပေ မဲ့တစ်ယောက်တည်းနဲ့မပြီးနိုင်ပါဘူး။ လက်ညီတက်ညီလုပ်ဖို့ လိုပါတယ်။ အဘက်ဘက်ကနေပိုကောင်းအောင် စဉ်းစားကြပါ။
ခေါင်းတစ်လုံးထက် ၁၀ လုံးက ပိုကောင်းပါတယ်။ တိုင်ပင်ကြပါ၊ညှိနှိုင်းကြပါ၊ ဘာလို့ မဖြစ်နိုင်ရမှာလဲ၊ ဒါပေမဲ့လိုတာတစ်ခု (ဒါမှမဟုတ်) လိုအပ်ဆုံးတစ်ခုကတော့ စည်းလုံးခြင်းဆိုတာပါပဲ။အဲဒါက အခြေခံပဲ ၊အုတ်မြစ်ပဲ၊ အဲဒါဟာကိုကျော်ပြီး။
ဘာမှလုပ်လို့မရဘူးဆိုတာနားလည်ထားပါ။

ဥပမာတွေကတော့အများကြီးပါပဲ ဒါပေမဲ့ ကျမကြုံဖူးခဲ့တဲ့မာနယ်ပလောတိုက်ပွဲ အကြောင်းနဲ့ပဲပြောပါရစေ။ ထောင်ချီနေတဲ့ ကရင်တပ်သားတွေခွဲထွက်သွားကိုက တစ်ယောက်နဲတစ်ယောက်မတည့်ကြဘူး ဆိုတာပြတာပဲလေ။

ဘယ်လိုပဲပြောပြော လမ်းကြောင်းချင်းက ပြောင်းပြန်ဖြစ်သွားကြပြီ။ အချင်းချင်းနော်ညီအစ်ကိုချင်းနော် ဒီလိုဖြစ်သွားတာ သူများတော် တာမဟုတ်ဘူး၊ ၀ါးအစည်းလိုက်ကွဲထွက်သွားတာ ရန်သူက ခုတ်ရ လွယ်သွားတာပေါ့။
ဗျူဟာတွေ ဗျူဗျက် တွေ ပြောမနေနဲ့လေ စည်းလုံးခြင်းမရှိကတည်းကိုက ရန်သူကို ၅၀% ရှုံးနေပြီလေ။
ဘယ်သူကိုမှအပြစ်ပြောနေစရာ မလိုဘူး။သူများကိုလက်ညိုးသွားမထိုးနဲ့ ၊ကိုယ့်ဘက်ကို(၄)ချောင်း ပြန်ပြန်ထိုးခံရတာ ခုထိမသိကြသေးဘူးလား။

အခုချိန်ထိလည်းလုပ်နေတုန်းပဲ အမျိုးသားစည်းလုံးညီညွတ်ရေးတဲ့ ၊လုပ်လာတာဘယ်နှစ် ဘယ်နှစ်ခေတ် တောင်ရှိပြီလဲမသိဘူး မရေနိုင်အောင်ပဲ။ တစ်ခါပဲတွေ့ သေးတယ် စည်းလုံးတာ(၁၉) ရာစုနောက် ပိုင်း တစ်ခါပဲတွေ့ ရသေးတယ်။ အခုချိန်ထိလုပ်နေကြတာပဲလေ ရုပ်လုံးပေါ်အောင်မှမလုပ်နိုင်သေးတာ။
အဲဒါကြေင့်ပြောတာ ကိုယ့်ကိုကိုယ်အထင်မကြီးကြနဲ့လို့ ပြောတာ။

အဲလိုစည်းလုံးအောင်လုပ်နိုင်တဲံလူတွေဟာကိုယ့်နဲ့ဘာမှနှိုင်းစရာမလိုလောက်အောင် တော်တယ်ဆိုတာလက်ခံလိုက်ပါ။ ကိုယ့်ခေတ်မှာကိုယ်ညံ့နေရင်တော့ ကိုယ်ခံရရုံတင်မဟုတ်ဘူး နောင်လာနောက်သားတွေလည်းခံရအုံးမှာပဲ။

ဒီလိုပဲပြေးလွားပုန်းရှောင် စားရမဲ့သောက်ရမဲ့ဘ၀ ဖြစ်နေအုံးမှာပဲလေ။ ဒါကမထူးဆန်းပါဘူး၊ လူတိုင်းသိတယ်ဆိုတာ ဟုတ်တယ် ဒါပေမဲ့သိတာကိုမပြင်နိုင်ရင်တော့မထူး ဘူးလေ၊ သိပြီးရင်တော့ လုပ်ရမယ်လေ အခုပွဲပြီး ပြီးသွားတာမဟုတ်ဘူး ၊ဘ၀မှာအိမ်စာတွေအများကြီးပါပဲ သင်သေမှလောကီကိစ္စပြီးတာ အဲဒီအိမ်စာက ၊ဒါတောင်လောကုတ္တရာကိစ္စလာအုံးမှာ သင်ပေးမယ် အိမ်စာပေးမယ်။ဒီလိုပဲလေ သေသွားပြီဆိုပြီး ၀ဋ်ကျွတ်တယ်ထင်မနေနဲ့လာအုံးမယ် ကဲဒါကတော့
အကြီးကြီးပဲ ပြောနေတာ။
အမျိုးသားတစ်ရပ်လုံးအတွက်အကြီးကြီးကိုပြောတာ အဲဒါမပြောပါနဲ့ အကိုအမတို့ အခုကျမတို့ အချင်းချင်းပဲ အရင်ညီညွတ်အောင် လုပ်ကြပါအုံး။

နားလည်ပေးကြပါအုံး။တစ်ယောက်နဲ့တစ်ယောက်နားများမလည်နိုင်ကြသေးတာ ဘယ်လိုလုပ်ပြီးစံပြဖြစ်
မှာလဲ? ကိုယ့် ကိုလည်းအထင်မသေးနဲ့အုံး။ ကျမတို့ဟာကရင်ပြည်သူတွေရဲ့မျက်စိတွေနားတွေဖြစ်တယ်ဆိုတာမမေ့နဲ့အုံး။
နန်းယမင်းဝေ
လေးစာလျှက်
ခင်မင်ရင်နှိးစွာဖြင့်

ပို့ပေးလာတဲ့ နန်းယမင်းဝေ ကို အထူးကျေးဇူးတင်ပါတယ်၊ လူငယ်တွေရဲ့ ရင်ထဲက စကားတွေကို
များများကြားချင်တာအမှန်ပါ။ တခုတော့ရှိပါတယ် အပြုသဘောလေးတွေပေါ့၊ တော်လှန်ရေးသက် တမ်းကြာညောင်းလာလို့ တယောက်ကိုတယောက် အပြစ်တင်တဲ့ ခပ်ကြောင်ကြောင်စကားမျိုးကိုတော့ မကြားချင်တာအမှန်ပါ။
မင်းစိုစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

11ReadMore-2.jpg

Template by:

Free Blog Templates