Showing posts with label ဗလီတွင် ၀တ်ပြုပြီး ပြန်အထွက် မိုးကြိုးပစ်ခံရ၍ ၁၀ ဦးသေ၊ ၂၀ ဒဏ်ရာရ. Show all posts
Showing posts with label ဗလီတွင် ၀တ်ပြုပြီး ပြန်အထွက် မိုးကြိုးပစ်ခံရ၍ ၁၀ ဦးသေ၊ ၂၀ ဒဏ်ရာရ. Show all posts

Saturday, August 11, 2012

ဗလီတွင် ၀တ်ပြုပြီး ပြန်အထွက် မိုးကြိုးပစ်ခံရ၍ ၁၀ ဦးသေ၊ ၂၀ ဒဏ်ရာရ

http://www.narinjara.com/burmese/?p=1635
ဗလီတွင် ၀တ်ပြုပြီး ပြန်အထွက် မိုးကြိုးပစ်ခံရ၍ ၁၀ ဦးသေ၊ ၂၀ ဒဏ်ရာရ

မြန်မာ အိမ်နီချင်း ဘင်္ဂလာဒေခ်ျ့နိုင်ငံ၌ ဗလီဝတ်ပြုပြီး ပြန်အထွက်တွင် မိုးကြိုးပစ်ခံရ၍ လူ ၁၀ ဦးသေဆုံးကာ ၂၀ ဦး ဒဏ်ရာ ရရှိသွားကြောင်း ယနေ့ထုတ် The Daily Star သတင်းစာတွင် ဖေါ်ပြသည်။
ဘင်္ဂလာဒေခ်ျ့ ဘာသာရေးပွဲတော် တစ်ခု ပြန်လာသူများအား တွေ့ရစဉ်။
မိုးကြိုးပစ်ခံရသူများသည် ယမန်နေ့ ည ၉ နာရီခွဲတွင် ဗလီဝတ်ပြု အပြီး အိမ်သို့ ပြန်ရန် ဗလီပြင်ပတွင် စုရုံးနေစဉ် မိုးကြိုးပစ်ခံရခြင်း ဖြစ်ကြောင်း သတင်းတွင် ဖေါ်ပြထားသည်။
သေဆုံးသွားသူများမှာ နိုင်ငံ မြောက်ပိုင်း စူနာဂန်ဂျီ ခရိုင် ဓမ္မပါချာ မြို့နယ် ညချာရာဝတ်တီပူရ် ကျေးရွာမှ ဖြစ်ကြသည်။

သေဆုံးသူများ၏ အလောင်းအား ယနေ့နံနက်က အနီးအနားရှိ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်ဟု ဆိုသည်။

11ReadMore-2.jpg

Template by:

Free Blog Templates