Showing posts with label new. Show all posts
Showing posts with label new. Show all posts

Thursday, April 7, 2011

မြ၀တီဗုံးတလုံး ထပ်မံ ပေါက်ကွဲ


ဧပြီလ ၇ရက်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ မြ၀တီမြို့တွင်းရှိ အထက်တန်းကျောင်းဝင်း၌ ယနေ့ည မြန်မာစံတော်ချိန် ၈နာရီကျော်တွင် ဗုံးတစ်လုံး ပေါက် ကွဲခဲ့ရာ ထိခိုက်မှုမရှိဟု မြို့ခံတစ်ဦးက ပြောသည်။
“ဒီည ၈နာရီ ၁၅မိနစ်မှာ ဗုံးတစ်လုံးပေါက်တယ်။ အထက်တန်းကျောင်းဝင်းထဲက အိမ်သာထဲက ပေါက်တာ။ ပေါက်ကွဲသံက အကျယ်ကြီးပဲ။ ဒါပေမဲ့ ညဘက်ဆိုတော့ ဘယ်သူမှတော့ ထိခိုက်တာမရှိဘူး။”ဟု အဆိုပါမြို့ခံက ဆိုသည်။
မြ၀တီမြို့၊ ဘုရင့်နောင်လမ်းမ ဘယ်ဖက်ရှိ ၎င်းအထက်တန်းကျောင်းမှာ နေ့ခင်းဘက်တွင် ကျောင်းဆရာ၊ ဆရာမများက စာဖြေလွှာများကို အမှတ်ခြစ်နေသည့်အချိန် ဖြစ်သော်လည်း ယခုဗုံးပေါက်ကွဲမှုမှာ ညဘက်ဖြစ်၍ ထိခိုက်မှုမရှိခြင်းဖြစ်သည်။
အဆိုပါ အထက်တန်းကျောင်းသည် မရကရုံးအနီးတွင်ရှိပြီး မြို့နယ်အာဏာပိုင်များ အစည်းအဝေးလုပ်နေကျ သောင်ရင်းခမ်းမ နှင့် ကပ်လျက်တွင် ရှိသည်။

11ReadMore-2.jpg

Friday, April 1, 2011

KNU တပ်မဟာ(၆)၏ ပစ်ခတ်မှုကြောင့် နအဖ ဗိုလ်ကြီးတဦး ကျဆုံး


ဧပြီလ ၁။ စောသိန်းမြင့် (ကေအိုင်စီ)
မွန်-ကရင်နယ်စပ် ဘုရားသုံးဆူမြို့နယ်တွင် သွားလာလှုပ်ရှားနေသည့် နအဖစစ်တပ်အား ပြီးခဲ့တဲ့ရက်ပိုင်းက KNU တပ်မဟာ (၆)တပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် နအဖဘက်က ဗိုလ်ကြီး ၁ဦး သေဆုံးပြီး တပ်သား ၃ဦး ထိခိုက် ဒဏ်ရာရရှိခဲ့သည်ဟု ကေအဲန်ယူဘက်က ပြောသည်။

ပြီးခဲ့သည့် မတ်လ ၂၉ရက်နေ့နှင့် ၃၀ရက်နေ့က နအဖစစ်တပ် အနောက်ပိုင်းတိုင်းစစ်ဌာချုပ်-နပခ လက်အောက်ခံ ခမရ (၃၇၃)တပ်ရင်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း(၁၆)မှ ဘုရားသုံးဆူမြို့နယ်ရှိ မြိုင်သာယာ နှင့် အပလုံကျေးရွာစပ်ကြားတွင်တစ်ကြိမ်၊ ကျောက်ပူနှင့် တာဒေ့ကျေးရွာကြားတွင်တစ်ကြိမ် ချုံခိုတိုက်ခိုက်ခဲ့သည်ဟု KNLA တပ်ရင်း(၁၆)မှ အရာရှိတဦးက ပြောသည်။
၎င်းက “မတ်လ ၂၉ရက်နေ့ မနက်ပစ်ခတ်မှုမှာ နအဖ ခမရ(၃၇၃) စစ်ကြောင်း(၂)က တပ်ခွဲမှူး ဗိုလ်ကြီးဘိုဘိုမောင် ကျသွား တယ်။ ၃၀ရက်နေ့ မနက် ၉နာရီအချိန်မှာလည်း အဲဒီ နအဖတပ်ရင်းကို နောက်တကြိမ် ထပ်ပစ်တယ်။ နအဖဘက်က တပ် သားချည်းပဲ ၃ယောက် ဒဏ်ရာထပ်ရတယ်။”ဟု ပြောသည်။

အဆိုပါတိုက်ပွဲတွင် ကေအဲန်အယ်လ်အေဘက်မှ ထိခိုက်ကျဆုံးမှု မရှိဟု ကေအဲန်ယူဘက်က ပြောဆိုသည်။
၎င်းနအဖတပ်ရင်းသည် ကေအဲန်ယူတပ်ဖွဲ့ဝင်များ၏ ချုံခိုတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုများရှိခဲ့သော်လည်း ဒေသခံရွာသား များကို အကြပ်ကိုင်၊ အပြစ်ရှာမှုများ တစုံတရာ လုပ်ဆောင်ခြင်းမရှိကြောင်း ဒေသခံတစ်ဦးက ပြောသည်။

11ReadMore-2.jpg

Wednesday, March 30, 2011

KIO အုပ်ချုပ်ရေးပိုင်း အရာရှိ ၃ ဦး မြန်မာတပ်၏ဖမ်းဆီးခံနေရ


  KNG

မတ်လအတွင်း ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) အရပ်ဖက်အုပ်ချုပ်ရေးပိုင်းမှ အရာရှိ ၃ ဦးကို မြန်မာစစ်အစိုးရတပ်က ဖမ်းဆီးထားကြောင်း KIO က ပြောသည်။

၎င်းတို့သည် KIO အောက် “DGA (Department of General Administration)” ခေါ် အရပ်ဖက်အုပ်ချုပ်ရေးဌာန မှ ဒုတိယ တိုက်နယ်မှူးအဆင့် ရှိသူများဖြစ်သည်ဟု KIO အရာရှိများပြောသည်။

kachin_army_kachin_state
ကချင်ပြည်နယ် အရှေ့ဘက်ခြမ်း ရှေ့တန်းနယ်မြေတွင် ရောက်ရှိသော KIA တပ်သားများ။
ကချင်ပြည်နယ်အနောက်ဘက် ဖားကန့်မြို့နယ်၊ ဆိုင်းတောင်မြို့ (KIO ၏ ဆိုင်းဇွပ်တိုက်နယ်) မှ ဒုတိယ အုပ်ချုပ်ရေးမှူး တပ်ကြပ် မရော်ဘရန်မိုင်နှင့် ဆလန်ကဘာ လဆိုင်းတို့ကို မတ်လ ၂၄ ရက်၊ ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီခွဲတွင် မြန်မာစစ်တပ် ခလရ (၇၄)က ဖမ်းဆီးခဲ့သည်။
ဆိုင်းတောင်မြို့ရှိ “ရွှေခြင်္သေ့ ဆီဆိုင်” သို့ အခွန်ကောက်ရန်ရောက်ရှိလာသည့် ယင်း KIO တိုက်နယ်အရာရှိနှစ်ဦးကို မြန်မာစစ်သား ၁၀ ယောက်ကျော်က ၀န်းရံဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

မြန်မာစစ်တပ် ခလရ (၇၄)သည် မိုးကောင်း နယ်မြေခံတပ်ရင်းဖြစ်ပြီး ယခုချိန် ဖားကန့်စစ်ဗျူဟာကွပ်ကဲမှုအောက် ဆိုင်းတောင်တွင် တာဝန်ကျနေကြောင်း ဒေသခံများပြောသည်။

ဆိုင်းတောင် KIO တိုက်နယ်အရာရှိ နှစ်ဦးကို “လုံခြုံရေး” အကြောင်းပြချက်ဖြင့် စစ်ဗျူဟာ အခြေစိုက်စခန်းတွင် ဖမ်းဆီးထားရာမှ မတ်လ ၂၆ ရက်နေ့တွင် ဖားကန့်ရဲစခန်း အချုပ်ခန်းသို့ ပြောင်းရွှေ့ခဲ့သည်ဟု ဖါးကန့်ကျောက်စိမ်းမှော်ဒေသဆိုင်ရာ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်ရင်း ၆ မှ အရာရှိများကဆိုသည်။

ရဲစခန်းသို့မပို့ခင် ၎င်းတို့ နှစ်ဦးအား စစ်ဗျူဟာစခန်းတွင် ပြင်းပြင်းထန်ထန် ရိုက်နှက်ညှင်းပန်းခြင်းများ ပြုလုပ်ခဲ့သည်ဟု KIA တပ်ရင်း ၆ က ဆိုသည်။

ယမန်နှစ် အောက်တိုဘာလတွင် မြန်မာစစ်တပ်က KIO ကို “သောင်းကျန်းသူ” ဟု ပြန်လည်ခေါ်ဆိုပြီးနောက် KIO က ကချင်ပြည်နယ်အတွင်း အခွန်ကောက်ခံခြင်း ပြန်လုပ်လာသည်။

အစောပိုင်းက ဒု-တိုက်နယ်မှူးအဆင့်ရှိ ယော်ဘောမ်ကို မြစ်ကြီးနားတပ် ခလရ (၃၇) က မတ်လ ၁၀ ရက်တွင် နန်းကွေ့ချောင်းအနီး ဖမ်းဆီးလိုက်သည်။

သူ့ကို ဖမ်းဆီးရခြင်းအကြောင်းပြချက်နှင့် ချုပ်နှောင်ထားသည့်နေရာကိုမူ မသိရသေးပေ။

တစ်ချိန်ထဲမှာ ကချင်လူငယ်တစ်ဦး မရန်ဘရန်ဆန်အောင် ကိုလည်း “မှတ်ပုံတင် ကိုင်ဆောင်ထားခြင်းမရှိခြင်း အကြောင်းပြချက်ဖြင့်” မြစ်ကြီးနား-တနိုင်းကြား နောင်းလုံဂိတ်တွင် တနိုင်းစစ်တပ် ခမရ ၃၁၈ က မတ်လ ၂၀ တွင် ဖမ်းဆီးပြီး ၎င်းအား မြစ်ကြီးနားအနီး ပင်ဒေါင် စစ်သင်တန်းကျောင်းသို့ ပို့ထားကြောင်း လူငယ်နှင့် နီးစပ်သူများကဆိုသည်။

၂၀၁၀ သြဂုတ်လ ၃၀ ရက် စစ်အစိုးရ၏ နယ်ခြားစောင့်တပ်အသွင်ပြောင်းရေးကို KIO က လက်မခံသည့်နောက်ပိုင်း KIO/KIA အဖွဲ့ဝင်များကို စစ်ဆေးဖမ်းဆီးခြင်းများ မြန်မာစစ်အစိုးရ ပိုပြုလုပ်လာသည်။

KIO သည် မြန်မာနိုင်ငံ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များတွင် ဒုတိယ အင်အားအကြီးဆုံးဖြစ်ပြီး ပြီးခဲ့သည့်လတွင် ဖွဲ့စည်းခဲ့သော “ညီညွှတ်သောတိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ (UNFC)” ၏ အဓိကကျသည့် အဖွဲ့ဝင်လည်းဖြစ်သည်။

မြန်မာစစ်အစိုးရက KIO အား သောင်းကျန်းသူ ဟု ခေါ်ဆိုခဲ့သော်လည်း စစ်ရေးအရ တိုက်ခိုက်ချေမှုန်းခြင်း မရှိသေးပါ။

11ReadMore-2.jpg

Monday, March 28, 2011

နအဖ ပူးပေါင်းတပ် ထပ်မံ ထိခိုက်ကျဆုံး


မတ်လ ၂၈ရက်။ (ကေအိုင်စီ)

ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့နယ်တွင် လှုပ်ရှားနေသည့် နအဖ၊ နယ်ခြားစောင့် BGF ပူးပေါင်းတပ်များနှင့် KNU တပ်မဟာ(၇) လက်အောက်ခံတပ် တို့ကြား ပြီးခဲ့သည့်ရက်ပိုင်းက ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ရာ နအဖနှင့် BGF ပူးပေါင်းတပ်မှ ထပ်မံ ထိခိုက်သေဆုံးသည်ဟု ကေအဲန်ယူ တပ်မဟာ(၇) က ပြောသည်။

မတ်လ ၂၆ရက်နေ့ ညနေ ၅နာရီခွဲတွင် ပိုင်ကျုံမြို့နယ်ရှိ မဲ့လာအားခီးနှင့် စေဖိုးခီးအကြားတွင် နအဖ ခမရ(၃၅၇)တပ်ရင်း၊ BGF တပ်ရင်း(၁၀၁၆) ပူးပေါင်းတပ်ဖွဲ့နှင့် ကေအဲန်အယ်လ်အေ တပ်ရင်း(၂၂)တို့ကြား ပစ်ခတ်မှုတကြိမ် ထပ်မံဖြစ်ပွားခဲ့ရာ နအဖမှ ၅ဦးကျဆုံးပြီး ၂ဦး ထိခိုက်သလို BGF ၁ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟုလည်း ကေအဲန်အယ်လ်အေဘက်က ပြောသည်။

ပြီးခဲ့သည့် မတ်လ ၂၅ရက်နေ့က နအဖ စကခ(၁၂) လက်အောက်ခံ ခမရ(၅၄၆) တပ်ရင်း၊ ခမရ(၃၅၇)တပ်ရင်းနှင့် BGF တပ်ရင်း (၁၀၁၆) ပူး ပေါင်းတပ်ဖွဲ့ဝင်များကို ကေအဲန်ယူ တပ်မဟာ(၇) လက်အောက်ခံ တပ်ရင်းတို့ ချုံခိုတိုက်ခိုက်ခဲ့ရာ ထိခိုက်ဒဏ်ရာရခဲ့သည့် တပ်ရင်းမှူး အပါအ ၀င် အခြားတပ်ဖွဲ့ဝင်များကို နောက်တန်းပြန်အပို့တွင် တိုက်ခိုက်ခံရခြင်းဖြစ်သည်။

ယင်းသို့ တိုက်ခိုက်ရာတွင် နအဖ တပ်ရင်းမှူးကို သယ်ဆောင်သွားသည့်ကားမှာ လွတ်သွားခဲ့ပြီး နောက်ထပ် စစ်ကားတစ်စီးကို ထိခိုက်ခဲ့သဖြင့် ထိုကားမှာ မဲ့လာအားဂွင်၌ ပျက်စီးသွားကြောင်း မြင်တွေ့ခဲ့သူများက ပြောသည်။

၂၅ရက်နှင့် ၂၆ရက်နေ့ ကေအဲန်အယ်လ်အေ တပ်မဟာ(၇)၏ ပြောက်ကျားတိုက်ခိုက်မှုတွင် နအဖနှင့် နယ်ခြားစောင့်တပ်များ ထိခိုက်ကျဆုံးမှု ရှိခဲ့ သော်လည်း ကေအဲန်အယ်လ်အေဘက်မှ အထိအခိုက် အကျအဆုံးမရှိကြောင်း ကေအဲန်ယူဘက်က ထုတ်ဖော်ပြောဆိုသည်။

ကေအဲန်ယူ တပ်မဟာ(၇)နယ်မြေ၊ ပိုင်ကျုံမြို့နယ်တွင် အခြေစိုက်သည့် နအဖတပ်ရင်းများသည် တပ်မ(၂၂)၊ စကခ(၁၂)၏ လက်အောက်ခံ တပ် များဖြစ်ပြီး ဗိုလ်မှူးစောမြတ်ခိုင် ဦးဆောင်သည့် BGF တပ်ရင်း(၁၀၁၆)နှင့် KNU တပ်မဟာ(၇)တပ်ရင်းများ လှုပ်ရှားလျှက်ရှိသည်။

11ReadMore-2.jpg

Friday, March 25, 2011

စကခ (၅) လက်အောက်ခံ တပ်ဖွဲ့ ချောဆွဲ

Burma Army soldiers (In background) with villagers forced to porter. May 25, 2006 , http://www.freeburmarangers.org
စကခ (၅) လက်အောက်ခံ တပ်ရင်း ၃၇၁ ဟာ မဲနတာခီး ရေတံလျှောက်ဂိတ်မှ လာသမျှ ခရီးသည် ဈေးသည်နဲ့ ယာဉ်တွေ ကို အတင်းအဓမ္မလိုက်လံ ချောဆွဲနေတယ်လို့ ဒီကနေ့ သိရှိရပါတယ်။
နအဖ ဗိုလ်မှူး သန်းနိုင်လွင် ဦးစီးတဲ့ တပ်ရင်း ၃၇၁ တပ်ဖွဲ့ဟာ မဲနတာခီး ရေတလျောက်ဂိတ်ကနေ ထိတပေါင်စခန်းကို တပ်ရိက္ခာတွေ ပို့ပေးဖို့အတွက် ခရီးသည် ဈေးသည်နဲ့ ထော်လာဂျီယာဉ်တွေကို အတင်းလိုက်လံ ချောဆွဲနေပါတယ်။ ရေတံလျှောက်ဂိတ်ဟာ မြဝတီမြို့တောင်ဘက် ထိုင်းနယ်စပ်နဲ့ တမိုင်ခရီးလောက်ရှိပါတယ်။
ရေတံလျှောက်ဂိတ်ကနေ ထိုင်းဘက်ကို ရောက်လာတဲ့ ဈေးသည်တဦးက သူတွေ့ကြုံရတဲ့ အခြေအနေကို ပြောပြတာက
“လာသမျှ အကုန် ချောဆွဲနေတာပဲ လူလည်းဆွဲတယ် ကားတွေ ထော်လာဂျီတွေလည်းဆွဲတယ်။ သူတို့ ရိက္ခကို ပို့ဖို့လုပ် နေတာလေ။ ထိတပေါင်စခန်းကိုပို့မှာ၊ မိုးကလည်း ရွာတယ် လမ်းတွေလည်းမကောင်းဘူး။ အရင်နှစ်တွေက ဒီလို့ ရိက္ခာ ပို့တဲ့ကိစ္စ ခုလို ဖမ်းတယ်ဆီးတယ် ချောဆွဲတယ် မကြုံဖူးဘူး၊ အခုဟာက ဒီကေဘီအေနဲ့ ပြန်ပြီး ပစ်ကြခတ်ကြဖြစ် ကုန် တော့ သူတို့လည်း ရိက္ခာသယ်ပို့ရတာ ခက်ကုန်ပြီ ဖြစ်မယ်” လို့ ပြောပြသွားပါတယ်။

11ReadMore-2.jpg

Tuesday, March 22, 2011

အရပ်သားများကို နအဖက အဓမ္မရိက္ခာပို့ခိုင်းပြီး အကာအကွယ်ယူနေ

စောခါးစူးညား (ကေအိုင်စီ)


ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်အတွင်း လှုပ်ရှားနေသည့် နအဖ တပ်များသည် ၎င်းတို့ စစ်တပ်စခန်းရှိရာ သံလွင်မြစ်နံဘေးတ လျှောက် ရိက္ခာပို့ရန် ဒေသခံအရပ်သားလူထုများကို အဓမ္မခိုင်းသည့်အပြင် အကာအကွယ်အဖြစ် အသုံးပြုနေသည်ဟု ဒေသခံ ရွာသားများ၏ ပြောပြချက်အရ သိရသည်။

ရှေ့တန်းတပ်စခန်းသို့ ရိက္ခာပို့နေသည့် အဆိုပါ နအဖ စစ်ဗျူဟာဌာနချုပ်-စဗခ(၁)လက်အောက်ခံ ခြေမြန်တပ်ရင်း ခမရ (၄၃၄)နှင့် ခြေလျင်တပ်ရင်း ခလရ(၁၉)သည် ၎င်းတို့ကို နယ်မြေခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့ (KNLA)တပ်ဖွဲ့ဝင် များ မနှောက်ယှက်နိုင်ရန် ဖာပွန်မြို့နယ်ရှိ ထို့ဖိုးပါ့ဒဲ၊ ကျိုးခို့ဒဲ၊ ဟိဖိုးဒဲနှင့် ချောဘွဲဒဲရွာမှ အရပ်သားများအား မတ်လ ၁၄ရက်မှစ ၍ ယခုအချိန်ထိ အလှည့်ကျစနစ်ဖြင့် အဓမ္မခိုင်းနေသည်ဟု ဖာပွန်ခရိုင်မှ KNU တာဝန်ရှိတဦးဖြစ်သူ တီးဝေါ်က ယခုလို ပြော သည်။

သူက “သူတို့(နအဖ)ကို ကျနော်တို့ တိုက်လို့မရအောင် ရွာသားတွေကို ရိက္ခာသယ်ခိုင်းတာပဲ။ ရွာသားတွေက သူတို့ရဲ့ ရိက္ခာ ကို ကမမောင်းနဲ့ ဖာပွန်မြို့ကတဆင့် စသယ်ပေးရတယ်။ နောက် ရိက္ခာထမ်းပေးရသလို ရိက္ခာသယ်တဲ့ သူတို့ရဲ့ မြင်းကိုလည်း ဆွဲပေးရတယ်လေ။ ရွာသားတွေက သူတို့နဲ့ ရောနေတဲ့အခါကျတော့ တိုက်မယ်ဆိုရင် အရပ်သားပါ ထိမှာစိုးတယ်။ ရွာသား တွေကို ခိုင်းလည်းခိုင်း၊ အသုံးလည်းချတဲ့သဘောပဲ။ ရိက္ခာသယ်တာကတော့ ဒီလကုန်ခံနီးလောက်မှ သူတို့ ပြီးနိုင်မယ်။”ဟု ကေအိုင်စီကို ပြောသည်။

နအဖတပ်များသည် သက်ဆိုင်ရာ ရွာသူကြီးများအဆင့် ၎င်းတို့ရိက္ခာသယ်ပေးရန် ရွာထဲရှိ ရွာသားများကို စုခိုင်းပြီး ရွာကြီးရွာ ငယ်အလိုက် တရက်လျှင် ၁၀ဦးနှင့် ၁၀ဦးအထက် သွားနေရကြောင်းကို ဒေသခံတဦးက “ကျနော်တို့ ရွာတရွာကို သူတို့က ဒီရက် ၁၀ယောက်သွားရင် နောက်တရက် အခြား ၁၀ယောက်က သွားရတယ်။ အဲလို အလှည့်ကျနဲ့ သွားရတယ်။ ကိုယ်ပိုင်အ လုပ်ပျက်တာထက် လူတိုင်းက ကြောက်လို့သွားရတာပဲ။”ဟု ပြောဆိုသည်။

၎င်းခမရ(၄၃၄)နှင့် ခလရ(၁၉)တပ်ရင်းများ ဖာပွန်မြို့နယ်မှ ၎င်းတို့တပ်စခန်းရှိရာ ခေါပို့၊ ကဟီးကျိုး၊ နတ်တောင်(လယ်တိုး)၊ ကျောက်ညှပ်၊ ၀ါ့လူ၊ မဲ့တရိထာ့စခန်းသို့ ရိက္ခာပို့ရာတွင် လမ်းလုံခြုံရေးအဖြစ် တပ်မ(၁၁) လက်အောက်ခံ ခလရ(၂၁၄)တပ် ရင်းက တာဝန်ယူရပြီး လက်ရှိအချိန်တွင် ရိက္ခာများမှာ ချောဘွဲဒဲရွာတွင် ရောက်ရှိနေသည်ဟု သိရှိရသည်။

ထို့အပြင် နအဖ တပ်မ(၁၁) လက်အောက်ခံ ခမရ(၂၀၂)၊ (၂၅၄)တပ်ရင်းတို့သည် ပဲခူးတိုင်း၊ ကျောက်ကြီးမှတဆင့် ဖာပွန်မြို့ နယ် တေးမူဒဲကျေးနယ်အတွင်းမှ ၎င်းတို့တပ်စခန်းများဖြစ်သည့် မော်ဖူး၊ လယ်ကလေးကျိုးစခန်းများသို့ ရိက္ခာပို့ရန် ရဲဘက် (အကျဉ်းသား)နှင့် မြင်းများကို အသုံးပြုနေပြီး မတ်လ ၁၆ရက်နေ့၌ ၎င်းရိက္ခာများ မော်ဖူးတွင် ရောက်ရှိနေနှင့်ပြီဟု ဒေသခံများ က ပြောသည်။

ယင်းသို့ ရိက္ခာသယ်ယူရာ လမ်းလုံခြုံရေးကို တပ်မ(၁၁) လက်အောက်ခံ ခမရ(၂၅၁)နှင့် (၂၅၃)က တာဝန်ယူပေးသည်ဟု ဒေသခံများက ပြောသည်။

11ReadMore-2.jpg

Sunday, March 20, 2011

တပ်မဟာ ၄မှ တိုက်ပွဲသတင်း



 တပ်မဟာ ၄တပ်ဗိုလ်တပ်မှူးများနှင့် တပ်ဖွဲ့ဝင်များ။
ကေအဲန်ယူ တပ်မဟာ ၄က လွန်ခဲ့တဲ့ မတ်လ ၁၂ရက်နေ့က နအဖတပ်ကို စောင့်ကြို ပစ်ခတ်ရာ နအဖဘက်မှ ၉ယောက် ထိခိုက်ဒဏ်ရာရသည်ဟု တပ်မဟာ ၄ပြန်ကြားရေး ထုတ်ပြန်ချက်အရ သိရသည်။

တိုက်ပွဲ ဖြစ်ပွားသည့် နေရာသည် တပ်မဟာ ၄ တပ်ရင်း ၁၁နယ်မြေ တနင်္သာရီ မြို့နယ်အတွင်းမှာ ဖြစ်ပြီး တပ်မဟာ၎လက်အောက်ခံ တပ်ရင်း ၁၁ တပ်ခွဲ ၂နှင့် နအဖ တပ်ရင်း ၂၂၄နှင့် တပ်ရင်း ၁၇ စစ်ကြောင်တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ ခြင်းဖြစ်သည်။

တိုက်ပွဲ ဖြစ်ပွားချိန် ၁၀မိနစ် ကြာမြင့်ခဲ့ပြီး နအဖဘက်က ၉ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အနက် ၆ယောက်ကျဆုံး ၃ယောက်ဒဏ်ရာရကာ ကေအဲန်အယ်အေ တပ်မဟာ ၄ဘက်က ထိခိုက်ကျဆုံးမှု မရှိကြောင်း တပ်မဟာ ၄သတင်းထုတ်ပြန်ချက်အရ သိရပါသည်။
ကိုးကား-ကွယ်ကလူ
အဲခေါင့်သောင့်

11ReadMore-2.jpg

Wednesday, March 9, 2011

သေ့ပေါပိုး တောင်နီနဲ့ ကွီးတာဟိုးမှာ ဒီကေဘီအေ ပြောက်ကျားတိုက်ခိုက်

နေ့သစ်


မတ်လ ၈ ရက်နေ့ နေ့လယ် ၁၂ နာရီလောက်က ဝေါ်လေ၊ အုက္ကရေ့ထ၊ ချူကလိသွားတဲ့လမ်းပေါ်က ကွီးတာဟိုး နေ ရာမှာ ခမရ ၂၀၆ တပ်ရင်းကို ဒီကေဘီအေဘက်မှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ နအဖ ဘက်မှာ ၆ ဦးသေပြီး ၅ ဦး ဒဏ်ရာ ရ ရှိခဲ့တယ်။
အဲဒီနေ့ တနေ့ထဲမှာပဲ ညနေ ၃ နာရီလောက်မှာ သေပေါပိုး တောင်နီမှာ ခမရ ၂၀၃ တပ်ရင်းကို ဒီအေဘီအေဘက်မှာ ပြောက်ကျားတိုက်ခိုက်ခဲ့တဲအတွက် နအဖ ဘက်မှ ၃ ယောက်သေ ၆ ယောက် ဒဏ်ရာရတယ်လို့ သိရှိရပါတယ်။

မနေ့က ဒီကေဘီအေနဲ့ ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး ဒီကေဘီအေ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ဆန်းအောင်က ပြော ပြတာကတော့ …
“နေ့လယ်ကဖြစ်တဲ့ နေရာက ကွီးတာဟိုး မှာ ဖြစ်တာ၊ ဒီနေရာမှာ ကားလမ်းရှိတယ်။ ဒီကားလမ်းက ဖလူး ကချောဝါး လေးကနေ ဝေါ်လေနားက အုက္ကရေ့ထ ကိုရောက်တယ်၊ ပြီးတော့ ဆက်သွားရင် ကွီးတာဟိုး ချူကလိ ရောက်တယ်၊ ဒီ ရက်ပိုင်းတွေက ချူကလိမှာ မြို့သစ်တည်ဖို့ ပစ္စည်းတွေ ဝန်ထမ်းတွေ သယ်နေတော့ ကားလမ်းကို လုံးခြုံရေးတွေ အ တော်များများ ယူထားတယ်။ ကျနော်တို့က အဲဒီတပ်တွေကို ဝင်တိုက်တာ” လို့ ပြောပြသွားပါတယ်။

ဒီရက်ပိုင်းတွေထဲ မြဝတီမြို့နယ်ခွဲ့ တခုအဖြစ် ချူကလိနေရာမှာ မြို့သစ်စတည်နေပါတယ်။ အဲဒီအတွက် တာဝန်ကျတဲ့ ဝန်ထမ်းတွေကို မဲစနစ်နဲ့ မဲနှိုတ်ပြီး မဲပေါက်တဲ့သူက ချူကလိမှာ တာဝန်သွားထမ်းဆောင်းရမှာ ဖြစ်တယ်လို့ မြဝတီမြို့ သူ မြို့သားတွေက ပြောပြချက်အရ သိရှိရပါတယ်။

11ReadMore-2.jpg

Monday, March 7, 2011

ချူကလိ ကားလမ်းလုံးခြုံရေးတပ် တိုက်ခိုက်ခံရ



နေ့သစ်

photo by DVB
မြဝတီမြို့နယ် ဝေါ်လေရွာနားက ကနဲလေးအနီး နေရာ ၂ ခုမှာ မတ်လ ၇ နေ့က တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ ညနေ့ ၂ နာ ရီမှာ တကြိမ်၊ ၃ နာရီမှာ တကြိမ် ဖြစ်ခဲ့ပါတယ်။ ကားလမ်းလုံးခြုံရေးယူထားတဲ့ နအဖ ခမရ ၃၄၆ တပ်ရင်းကို ကေအန် ယူ နဲ့ ဒီကေဘီအေတပ်ဖွဲ့ဝင်တွေက တိုက်ခိုက်ခဲ့တာ ဖြစ်တယ်။
မနေ့က ဒီကားလမ်းကနေ ချူကလိဒေသ မြို့သစ်တည်ဖို့အတွက် အစိုးရဝန်းထမ်းတွေကို ပို့ဆောင်နေတဲ့ လမ်းဖြစ်ပါ တယ်။
မြဝတီမြို့က ကျောင်းဆရာ၊ ဆေးဆရာ၊ ရဲ၊ လဝက၊ ရယက စတဲ့ ဝန်ထမ်းတွေကို ကံစမ်းမဲစနစ်နဲ့ လျှို့ဝှက်မဲနိုက်ပြီ တာ ဝန်ပေးပါတယ်။ မဲပေါက်တဲ့ ဝန်ထမ်းက ချူကလိမှာ တာဝန်သွားထမ်းဆောင်ရမှာ ဖြစ်ပါတယ်။ ဒီဒေသက တိုက်ပွဲတွေ လဲ မပြတ် ဖြစ်နေတယ်။ အဲဒီကိုရောက်ဖို့ကလည်း တိုက်ပွဲတွေဖြစ်နေတဲ့ နေရာတွေကို ဖြတ်သွားရမှာ ဖြစ်တယ်၊ ငှက် ဖျား အလွန်ကြမ်းတဲ့ ဒေသဖြစ်တာကြောင့် မဲပေါက်တဲ့ ဝန်ထမ်းတွေအနေနဲ့ စိတ်ပျက်လက်ပျက် ဖြစ်နေကြတယ်လို့ က ရင်သတင်းစဉ် အင်တာနက်စာမျက်နှာမှာ ဖေါ်ပြထားပါတယ်။

ချူကလိ နေရာမှာ မြို့သစ်တည်ပြီး ထိုင်းနယ်စပ်မှာရှိတဲ့ မြန်မာဒုက္ခသည်တွေကို နေရာချထားမဲ့ အစီအစဉ်ရှိပါတယ်။ ဒီအစီအစဉ်ကို ၂၀၁၀ ရွေကောက်ပွဲပြီးလို့ ၂၀၁၁ ခုနှစ်မှာ စပိုင်းမှာ အကောင်အထည် ဖေါ်ဖို့ရှိပေမယ့် ခုချိန်ထိ ဒုက္ခ သည်တွေကို ချူကလိမှာ နေရာချမယ့်အစီအစဉ်ဟာ အကြောင်း ကြောင်းတွေကြောင့် မစနိုင်သေးဘဲ ရှိနေပါသေးတယ် လို့ ဒီကေဘီအေ မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ဆန်းအောင် က ပြောပြပါတယ်။

နောက်ဆုံးကြားသိရတဲ့ သတင်းတွေအရ အမျိုးသမီး ရဲဝန်းထမ်းတွေကိုပါ မြို့သစ်တည်မယ့် ချူကလိ နေရာကို မနေ့က ပို့လိုက်တယ်လို့ မြဝတီမြို့ခံတွေရဲ့ ပြောပြချက်အရ သိရှိရပါတယ်။

11ReadMore-2.jpg

Friday, March 4, 2011

နယ်ခြားစောင့်တပ် ၁၀၂၂ တပ်ရင်းနေရာ ဒေသခံပြည်သူများ လက်မခံကြ


http://www.naytthit.net/?

စောချစ်သူ ၊ ဗိုလ်မုတ်သုန် (ဓါတ်ပုံ .. ဧရာဝတီ မှ)
၂၀၁၀ ခုနှစ် သြဂုတ်လ ၁၈ ရက်နေ့ကစပြီး အပစ်ရပ် ဒီကေဘီအေ တပ်ဖွဲ့မှ နယ်ခြားစောင့်တပ်အဖြစ် ကူးပြောင်းခဲ့ရတဲ့ ကရင်ပြည်နယ်အတွင်းက တပ်ဖွဲ့တွေကို တပ်ရင်းနေရာတွေ သတ်မှတ်၊ တပ်ရင်းတည်းဆောက်ရေး လုပ်ငန်းတွေ အ တွက် ကုန်းကျစရိတ်တွေ ချပေးခဲ့ပါတယ်။ ကရင်ပြည်နယ်တွင်း နယ်ခြားစောင့်တပ်ဖွဲ့ထဲကမှ ဗိုလ်မုတ်သုန် ဦးဆောင်း တဲ့ နယ်ခြားစောင့်တပ် ၁၀၂၂ တပ်ရင်းနေရာချထားမှုကို ဒေသခံရွာသားတွေက လက်မခံနိုင်ပဲ ဖြစ်နေကြပါတယ်။

နအဖ တပ်ရင်း ၃၅၃ နဲ့ အပြင်ကွင်းကလေးကြားမှာရှိတဲ့ မင်းသမီးတောင်နေရာကို နယ်ခြားစောင်တပ်ရင် ၁၀၂၂ အ တွက် တပ်ရင်းတည်းဆောက်ရေးပြင်ဆင်နေချိန်မှာပဲ မတ်လ ၄ ရက်နေ့က ဒေသခံပြည်သူတွေက လက်မခံ ကန့်ကွက် တဲ့အတွက် သက်ဆိုင်ရာ ဒေသအကြီးအကဲတွေနဲ့ ပြန်ပြီ ညှိနှိုင်းနေရပါတယ်။
အခြေအနေကို အပြင်ကွင်းကလေးရွာသားတဦး ပြောပြတာက…
“သူတို့ နယ်ခြားစောင့်တပ်နေရာယူတာက ဘာပဲပြောပြော ကျနော်တို့ ရွာသားပိုင်မြေတွေပါ။ သူတို့ တပ်လာတည်တာ လည်း နစ်နာသူတွေအတွက် ဘာနစ်နာကြေးမှမရဘူး၊ တည်ဆောက်ရေးအတွက် ငွေတွေလဲ ရထားကြတာပဲ၊ နောက် တခုက သူတို့က ကျနော်တို့ ရွာသားတွေကြားထဲ လာနေရင် ဟို တောထဲက တိုက်နေတဲ့ အဖွဲ့တွေ ခဏခဏလာတိုက် ရင် ကျနော်တို့ ရွာသားတွေက ကြားထဲက ခံရအုံးမယ်၊ ကျနော်ကတော့ လက်မခံဘူး။ သူတို့က ရွာလူကြီးကိုလည်း ညှိ နေတယ် မရဘူး၊ ခု ကွင်းကလေး ဆရာတော်ကို ဝင်ညှိပေးဖို့ သူတို့သွားစည်းရုံးနေတယ်” လို့ ပြောပြသွားပါတယ်။

ကရင်ပြည်နယ်အတွင်း နယ်ခြားစောင့်တပ်ရင်းတွေကို ၁၀ ရင်းအထိ ဖွဲ့စည်းထားပြီး အင်အား ၂၀၀၀ လောက်ရှိပါတယ်။ တာဝန်ထမ်းဆောင်နေတဲ့ အနိမ့်ဆုံးအဆင့်ကို လုပ်ခလစာ ၃ သောင်ခွဲအထိ သတ်မှတ်ထားပါတယ်။ နယ်ခြားစောင့် တပ်ရင်း တရင်းကို တပ်ရင်းတည်းဆောက်ရေးအတွက် ကျပ်ငွေ သိန်း ၁၀၀၀ သတ်မှတ်ပေးထားတယ်လို့လဲ သိရှိရပါ တယ်။

11ReadMore-2.jpg

Thursday, March 3, 2011

နအဖတပ်မှ သံတောင်ကြီးမြို့နယ်ရှိ ရွာသားတဦးကို အကြောင်းမဲ့ သတ်ဖြတ်ခဲ့

မတ်လ ၃ရက်။ (ကေအိုင်စီ)
ပဲခူးတိုင်း အရှေ့ခြမ်းရှိ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် အခြေချလှုပ်ရှားလျှက်ရှိသည့် နအဖ စစ်တပ်မှ ပြီးခဲ့သော ဖေဖော်ဝါရီလကုန်ပိုင်းတွင် ဒေသခံရွာသားတဦးကို အကြောင်းမဲ့ သတ်ပစ်ခဲ့ကြောင်း ထိုဒေသမှလာ သည့်အရ သိရသည်။

ပြီးခဲသည့် ဖေဖော်ဝါရီလ ၂၆ရက်နေ့က သံတောင်မြို့နယ်တွင် အခြေချလှုပ်ရှားနေသည့် နအဖ စကခ (၇) လက်အောက်ခံ ခြေမြန်တပ်ရင်း- ခမရ (၄၂၆)မှ သဘါဖဲ့ရွာသားတစ်ဦးဖြစ်သူ စောမောင်ရွဲ (၄၈)နှစ်ကို ၄င်းတို့ တပ်စခန်း တည်ရှိရာ သံတောင်ကြီးမြို့(ဘုရင့်နောင်တပ်မြို့)တွင် ဖမ်းဆီးခေါ်ဆောင်သွားပြီး သတ်ပစ်လိုက်သည် ဟု ဒေသခံတဦးက ကေအိုင်စီကို ယနေ့တွင် ပြောဆိုသည်
သူက “ဒီဒေသမှာ လှုပ်ရှားတဲ့ နအဖတပ်တွေက ရွာသားတွေကို မထင်ရင် မထင်သလို ဖမ်းဆီးလိုက်၊ သတ် လိုက်တာပဲ။ ဘာကြောင်းအရာမှ မရှိဘူး။ ရွာသားတွေရဲ ပိုက်ဆံတွေကိုလည်းယူတယ်။ အကုန်ပြောရရင်တော့ ဓါးပြလည်းတိုက်တယ်။ လူလည်းသတ်တယ်ဗျာ။ အရင်ကလည်း အဲလိုမျိုး လုပ်တာပဲ။”ဟု ကေအိုင်စီကို ပြောသည်။
သဘါဖဲ့ကျေးရွာသည် သံတောင်ကြီးမြို့ (ဘုရင့်နောင်တပ်မြို့)၏ အရှေ့ဘက်တွင် တည်ရှိပြီး အကွာအဝေးအားဖြင့် ခြေလျှင်နဲ့ သွားလာလျှင် ၂နာရီကျော်သာ လျှောက်ရသည်ဟု သိရသည်။
လွန်ခဲ့သည့် ၂၀၁၀ခုနှစ်မှစ၍ ယခု ၂၀၁၁ခုနှစ်၊ မတ်လ ၃ရက်နေ့အထိ ကရင်ပြည်သူလူထုများ နေထိုင်သည့် သံတောင်၊ ထန်းတပင်မြို့နယ်နှင့် တောင်ငူဒေသများတွင် လှုပ်ရှားနေသည့် နအဖစစ်တပ်၏ ပစ်သတ်ခြင်း၊ သတ်ဖြတ်ခြင်းကြောင့် ဒေသခံရွာသား ၆ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU)၊ တောင်ငူခရိုင်၏ မှတ်တမ်းအရသိရသည်။

အဆိုပါဒေသများတွင် နအဖ စစ်ကွပ်ကဲရေးဌာနချုပ် – စကခ (၇)နှင့် (၉) လက်အောက်ခံတပ်ရင်းများအပြင် အခြားတိုင်းတပ်ရင်းများလည်း လှုပ်ရှားလျှက်ရှိပြီး လက်ရှိအချိန်တွင် ၄င်းတို့ တပ်စခန်းများသို့ ရိက္ခာများ ပို့ဆောင်နေဆဲဖြစ်ပြီး ထို့ရိက္ခာများသွယ်ရန်အတွက် ဒေသခံရွာသူရွာသားများကို နေ့စဉ်လိုလို ခေါ်ယူခိုင်းစေသည့် အပြင် စစ်ကြောင်းများ သွားရာလမ်းများတွင်လည်း မိုင်းရှင်းလင်းရန်အတွက် ရွာသူရွာသားများကို ခေါ်ယူအသုံးပြု လျှက်ရှိကြောင်း တောင်ငူဒေသံများ၏ ပြောပြချက်အရ သိရသည်။

11ReadMore-2.jpg

Tuesday, March 1, 2011

စစ်အစိုးရတပ်က ဖာပွန်ခရိုင်အတွင်းရှိကျေးရွာကို လက်နက်ကြီးဖြင့် ပစ်ခတ်

11ReadMore-2.jpg

Sunday, February 27, 2011

မြဝတီ ကော့ကရိတ်ကားလမ်းဘေးက ရွာတရွာကို နအဖ က လက်နက်ကြီးတွေနဲ့ တိုက်ခိုက်

http://www.naytthit.net/


ဒီကေဘီအေတပ်ဖွဲ့တွေက မြဝတီမြို့နယ်နဲ့ ကော့ကရိတ်မြို့နယ်ကြားက ကားလမ်းတလျှောက်ရှိတဲ့ နအဖ တပ်စခန်း တွေကို မကြာခဏ စစ်ဆင်တိုက်ခိုက်ခဲ့ပြီး၊ ဒီကားလမ်းပေါ်မှာ အရပ်သားပြည်သူတွေ ထိခိုက်မှုမရှိစေဖို့အတွက် ပြည်သူလူထုအနေနဲ့ ကားလမ်းအသုံးပြုတာကိုလည်း ဒီကေဘီအေ ဘက်က ပိတ်ပင်တားမြစ်ခဲ့ထားပါတယ်။ နအဖတပ် ဖွဲ့တွေဘက်ကလည်း ဒီကားလမ်းပေါ်မှာ စစ်ဆင်တိုက်ခိုက်နေတဲ့ ဒီကေဘီအေ တပ်ဖွဲ့တွေကို ရှင်းလင်းမယ်ဆိုတဲ့ သ တင်းတွေ ထွက်ပေါ်ခဲ့ပြီး ဒီအေဘီအေ ခိုအောင်းနိုင်မယ့် တောတောင်တွေ ရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ရှင်း လင်းလျက်ရှိပါတယ်။

မနေ့က ညနေ ၄ နာရီမှာ စကခ ၁၂ လက်အောက်ခံ ၅၄၅ တပ်ရင်းက ကော့ကရိတ်မြို့နယ်အနီး တောင်းသုံးလုံးနားက ကောင်းမှုရွာထဲကို လက်နက်ကြီး အလုံး ၄၀ ကျော် ပစ်ထဲ့ခဲ့တယ်လို့ ကြားသိရပါတယ်။
နအဖ တပ်တွေက ကောင်းမှုရွာထဲကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာနဲ့ ပတ်သက်ပြီး ဒီကေဘီအေ ကလိုထူးဘော စစ်ဗျူဟာမှ ဗိုလ်မှူးကျော်သက် ပြောပြတာက …
“မနေ့ညနေက သူတို့ ကောင်းမှုရွာထဲကို လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ထဲ့တယ်။ ဒီရွာတွေမှာ ကျနော်တို့ တပ်ဖွဲ့တွေ ရှိတယ်ထင်ပြီးပစ်တာ၊ နောက်ဆို ဒီကားလမ်းလုံခြုံရေးအတွက်ဆိုပြီး ကားလမ်းနားက ရွာတွေကိုတောင် အတင်းပြောင်း ရွှေ့ခိုင်းနိုင်တယ်။ သူတို့ဘက်က အားကြီးတယ်ဆိုပြီး လုပ်ချင်သလုပ် ဖြေရှင်းချင်သလို ဖြေရှင်းလို့ကတော့ နအဖ ဟာ သူတို့ရွေးချယ်တဲ့ လမ်းကိုပဲ သူတို့ လျှောက်ရလိမ့်မယ်” လို့ ပြောပြသွားပါတယ်။

ဒီကေဘီအေတပ်ဖွဲ့တွေနဲ့ နအဖ တပ်တွေဟာ ၂၀၁၀ ရွေးကောက်ပွဲကျင်းပတဲ့ နေ့မှာပဲ နှစ်ဘက်တင်းမာမှုတွေ ဖြစ်ခဲ့ပြီး အပစ်ခတ်ရပ်စဲရေးတွေ ပျက်ပြားခဲ့ရတယ်။ အပစ်ရပ်အဖွဲ့တွေကို နယ်ခြားစောင့်တပ်ဖွဲ့ လုပ်ခိုင်းတာ လက်မခံဘူး။ ၂၀၁၀ ရွေးကောက်ပွဲကို လက်မခံဘူး စတဲ့အချက်တွေနဲ့ ဒီကေဘီကဘက်က ပြန်လည်တော်လှန်တိုက်ပွဲဝင်ခဲ့တာလို့ သိရှိရပါ တယ်။

11ReadMore-2.jpg

Saturday, February 26, 2011

ဝေါ်လေအနီး နအဖ ကားလမ်းလုံခြုံရေးတပ်တွေ တိုက်ခိုက်ခံရ


http://www.naytthit.net/wp-content/uploads/2011/02/dkba26feb2011.png

နေ့သစ်


ဖေဖော်ရီလ ၂၃ ရက်နေ့ကစလို့ မြဝတီနဲ့ ပတ်ဝန်းကျင်ဒေသတွေဖြစ်တဲ့ ကော့ကရိတ် ကုက္ကိုနေရာတွေမှာ ဒီကေဘီအေ ဘက်က ဝင်ရောက် စစ်ဆင်တိုက်ခိုက်မယ်ဆိုတဲ့ သတင်းတွေအရ စစ်တပ်လုံးခြုံရေးတွေ ထူထပ်စွာချထားခဲ့ရတယ်။ အဲဒီရက်ထဲမှာပဲ နအဖ ဘက်က ထောက်ပို့ကားတန်းတွေ မြဝတီကို ရောက်ရှိလာကာ ဖလူးနဲ့ ဝေါ်လေဘက်ကို ဆက် သွားမယ်လို့လည်း သတင်းတွေ ရရှိခဲ့ပြီး။ ဒီကနေ့မှာ ဝေါ်လေဘက်ကိုတက်မယ့် နအဖ စစ်ကားတန်းကို လုံခြုံရေးယူ ထားတဲ့ တပ်တွေကို ဒီကေဘီ နဲ့ ကေအန်ယူ ပူးပေါင်းတပ်ဖွဲ့တွေက ကနဲ့လေးနဲ့ ဘလဲ့ဒို့ ဘက်မှာ တိုက်ခိုက်ခဲ့တယ်လို့ ကြားသိရပါတယ်။

နအဖ တပ်မ ၂၂ လက်အောက်ခံတပ်တွေကို ဒီကနေ့ နေ့လည်ပိုင်းက ဝေါ်လေအနီးက ကနဲလေးနေရာမှာ ဒီကေဘီအေ နဲ့ ကေအန်ယူပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်လိုက်တာ ဖြစ်ပါတယ်။ ဒီထိတွေမှုမှာ နအဖ ဘက်က ၄ ယောက် သေပြီး ၁၀ ယောက် ဒဏ်ရာရတယ် လို့ သိရပြီး၊ ဘလဲ့ဒို့ ဘက်မှာတော့ နအဖ ဘက်က ၂ ယောက်သေ၊ ၄ ယောက်ဒဏ်ရာရ တယ်လို့ သိရှိရပါတယ်။

ဒီကေဘီအေ တပ်မဟာ ၅ စစ်ဆင်းရေးမှူး ဗိုလ်မှူးဆန်းအောင် ပြောပြတာက …

“ဟုတ်ကဲ့ ဒီနေ့နေ့လည် ကနဲ့လေမှာ ဖြစ်တယ်။ သူတို့ဘက်က ရိက္ခာနဲ့ စစ်သားတွေသယ်လာတဲ့ ကားတန်းတွေအတွက် လုံခြုံးရေးလမ်းကင်းကို တိုက်လိုက်တာဖြစ်တယ်။ သူတို့ဘက်က ၄ ယောက်သေပြီး ၁၀ ယောက် ဒဏ်ရာရတယ်။ အခု ဒီရက် ပိုင်းထဲမှ တက်လာတဲ့ နအဖ ကားတန်းတွေက ရိက္ခာတွေအပြင် ချူကလီးနေရာမှာ မြို့တည်ဖို့လိုအပ်တဲ့ ပစ္စည်း တွေပါ ပါ နိုင်တယ်။ ဒီနေ့လည်က တိုက်ပွဲဖြစ်တဲ့နေရာမှာ မိုးတွေလည်း တအားရွာနေတယ်၊ ဒီနေ့ တနေ့ထဲပဲ ဝေါ်လေ အနီးက ဘလဲဒို့ မှာလည်း ဒီကေဘီအေဘက်က ပြောက်ကျားစစ်ဆင်ခဲ့တဲ့အတွက် နအဖ ဘက်က ၂ ယောက်သေပြီး လေးယောက် ဒဏ်ရာရတယ်” လို့ ပြောပြသွားပါတယ်။

နအဖ အနဲ့နဲ့ ဝေါ်လေအနီးက ချူကလီးနေရာမှာ မြဝတီမြို့နယ်ခွဲတခု တည်ဖို့အတွက်ပြင်နေတယ်ဆိုတာ ကြားသိရပြီး လုံခြုံရေအတွက် ရဲတပ်ဖွဲ့အင်အား ၁၀၀ နဲ့ မြို့နယ်အုပ်ချုပ်ရေးဝန်ထမ်း၊ အထွေးထွေရုံဝန်ထမ်းတွေ ဆောက်လုပ်ရေး ဝန်ထမ်းတွေကို တာဝန်သတ်မှတ်ပြီးဖြစ်တယ်လို့လဲ သိရှိရပြီး အရပ်သားဝန်ထမ်းတွေ အနေနဲ့ အခု မြို့တည်မယ့် နေရာ အခြေအနေကို ကြိုတင်စုံစမ်းတာတွေလုပ်နေပြီး သွားရောက်တာဝန်ထမ်းဆောင်ရမှာ အထူးစိုးရိမ်နေတယ်လို့လဲ ကြား သိရပါတယ်

11ReadMore-2.jpg

ပြည်တွင်းစစ် ရပ်ဆိုင်းရန် KNU တောင်းဆို

နယူးဒေလီ (မဇ္ဈိမ)။ ။ ပြည်တွင်းစစ်ပွဲများ ရပ်ဆိုင်းပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အားလုံးပါဝင်သည့် တွေ့ဆုံဆွေးနွေးပွဲ ဖြစ်ပေါ်လာစေရန် စစ်အစိုးရကို နိုင်ငံတကာက ဖိအားပေးရန် ကရင်အမျိုးသားအစည်းအရုံး KNU က တောင်းဆိုလိုက်သည်။

တိုင်းရင်းသားဒေသများတွင် စစ်အစိုးရတပ်များ၏ ထိုးစစ်ဆင်တိုက်ခိုက်မှုများကြောင့် ဒေသခံလူထု ထိခိုက်နေရပြီး၊ တွေ့ဆုံဆွေးနွေးရေးဖြင့်သာ နိုင်ငံရေးပြဿနာများကို ဖြေရှင်းနိုင်လိမ့်မည်ဟု ယုံကြည်သောကြောင့် ယခုတပတ် ကြာသပတေးနေ့တွင် ကြေညာချက်ထုတ်ကာ တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

“စစ်တပ်က လူထုတွေကိုသုံးပြီး အမျိုးမျိုး အနိုင်ကျင့်တယ်။ ဒါကိုဆက်လုပ်မယ်ဆိုရင် တိုင်းရင်းသားတွေက ဒီ့ထက် ပိုပြီး ခံစားနေရမှာ။ အဲဒါကြောင့် နိုင်ငံတကာက နအဖကို အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေး ဖြစ်လာဖို့၊ ဖိအားပေးဖို့ ကျမတို့က တောင်းဆိုတာ” ဟု KNU အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန်က မဇ္ဈိမကို ပြောသည်။

သုံးပွင့်ဆိုင်ဆွေးနွေးရေးအတွက် KNU နှင့် အခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက အဆင့်သင့်ရှိနေကြောင်း ကြေညာချက်က ဆိုသည်။ ထို့ပြင် KNU ၏ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် အပြစ်မဲ့ပြည်သူများ ထိခိုက်သေဆုံးနေကြောင်း စစ်အစိုးရအာဘော် သတင်းစာများတွင် ဖော်ပြလေ့ရှိပြီး၊ ၎င်းဖော်ပြချက်မှာ အခြေအမြစ် မရှိသည့် စွပ်စွဲချက်များဟုလည်း ကြေညာချက်ထဲတွင် ငြင်းဆိုထားသည်။

စစ်အစိုးတပ်များကသာ အရပ်သားများကို လူသားမိုင်းရှင်းကိရိယာအဖြစ် အသုံးပြုခြင်း၊ ရှေ့တန်းစစ်ဆင်ရေးများတွင် ဒေသခံပြည်သူများကို ရိက္ခာသယ်ရန် ပေါ်တာဆွဲခြင်းများကို ပြုလုပ်လျက်ရှိသည်ဟု နော်စီဖိုးရာစိန်က မဇ္ဈိမကို ပြောသည်။

နအဖ တပ်များကသာ အရပ်သားများကို ပစ်ခတ်မှုကိုခွင့်ပြုထားပြီး စစ်ဆင်ရေးများတွင် ဒေသခံများကို ရိက္ခာသယ်ရန် ပေါ်တာစွဲခြင်း၊ လူသားမိုင်းရှင်းကိရိယာအဖြစ် အသုံးပြုခြင်းများ ရှိကြောင်းနှင့် KNU အနေဖြင့် တွေ့ဆုံဆွေးနွေးရေးကို တောင်းဆိုနေသော်လည်း စစ်အစိုးရက စစ်ရေးဖြင့် ဖိအားပေးလာလျှင် တိုင်းရင်းသား လက်နက်ကိုင်များပူးပေါင်းကာ ပြန်လည်ကာကွယ်သွားမည်ဟု ဆိုသည်။

KNU သည် နှစ်ပေါင်း ၆၀ ကျော်ကြာအောင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် တောင်းဆိုခဲ့ပြီိး ထိုင်း-မြန်မာနယ်စပ်တွင် ခြေကုပ်ယူလှုပ်ရှားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ဖြစ်သည်။

ပြည်သူများကို ငဲ့ကွက်ခြင်းမရှိသည့် စစ်အစိုးရ၏ သဘောထားတင်းမာမှုကြောင့်သာ တွေ့ဆုံဆွေးနွေးရေးမှာ ခက်ခဲနေဆဲဖြစ်သည်ဟု တရုတ်အခြေစိုက် စစ်ရေးအကဲခတ် ဦးအောင်ကျော်ဇောက သုံးသပ်သည်။

“လူ့အခွင့်အရေး တစက်မှ နားမလည်တဲ့၊ လူမျိုးရေးစိတ်နဲ့ ဖြေရှင်းနေတဲ့ စစ်တပ်နဲ့ ငြိမ်းချမ်းရေးရဖို့ဆိုတာ နိုင်ငံတကာ ဖိအားမပါဘဲ မရနိုင်ဘူး။ ပြည်တွင်းစစ်အကြောင်းပြပြီး စစ်တပ်ကြီးကြီး ထောင်ထားမယ်၊ စစ်တပ်ကြီးကြီးနဲ့ တိုင်းပြည်ကို လုပ်ချင်သလို လုပ်မယ်။ ဒါ့ကြောင့် သူတို့က ပြည်တွင်းစစ်ကို မရပ်စဲချင်ဘူး။ သူတို့သဘောနဲ့ သူတို့တော့ စားပွဲဝိုင်းကို လာမှာမဟုတ်ဘူး” ဟု မဇ္ဈိမကို သုံးသပ်သည်။

အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အတိုက်အခံပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးရန် စစ်အစိုးရကို ကုလသမဂ္ဂနှင့် နိုင်ငံတကာ အဖွဲ့အစည်းများမှ တောင်းဆိုနေကြသော်လည်း ယနေ့အထိ အကောင်အထည်ဖော်ခြင်း မရှိပေ။

နှစ်ပေါင်း ၂၀ ကျော်အပြီး ထွက်ပေါ်လာသည့် လွှတ်တော်က တင်မြှောက်သည့် သမ္မတထွက်ပေါ်လာချိန်ကလည်း ကုလအထွေထွေအတွင်းရေးမှူး ဘန်ကီမွန်းက အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အားလုံးပါဝင်သည့် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ရန် ယခုလ ၄ ရက်နေ့တွင် စစ်အစိုးရကို ထပ်မံတောင်းဆိုခဲ့သေးသည်။

စစ်အစိုးရက ပြီးခဲ့သည့်နှစ် မေလမှစ၍ ငြိမ်းချမ်းရေးယူထားသည့် အပစ်ရပ်အဖွဲ့များကို စစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းလဲရန်အတွက် ဖိအားပေးခဲ့သည့်နောက်ပိုင်း အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအကြား သဘောထားတင်းမာမှု ဖြစ်ပေါ်ခဲ့သည်။

“၀”ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် UWSA၊ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO၊ မွန်ပြည်သစ်ပါတီ NMSP၊ ရှမ်းပြည်တပ်မတော်တောင်ပိုင်း SSA-S၊ မိုင်းလား ခေါ် အမျိုးသားဒီမိုကရေစီ မဟမိတ်အဖွဲ့ NDAA တို့က နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးအတွက် ငြင်းဆန်ထားကြသည်။

ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ ရွေးကောက်ပွဲနောက်ပိုင်း ထိုင်း-မြန်မာနယ်စပ်တလျှောက်တွင် စစ်အစိုးရတပ်များနှင့် ကရင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား နေ့စဉ်နီးပါး တိုက်ပွဲများ ဖြစ်ပေါ်ခဲ့သည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက တွေ့ဆုံဆွေးနွေးရေးအတွက် တဖက်တွင် တောင်းဆိုနေသော်လည်း စစ်အစိုးရက စစ်ရေးဖြင့် ဖိအားပေးလာပါက ကာကွယ်ရန်အတွက် တိုင်းရင်းသားအဖွဲ့ ၁၂ ဖွဲ့ ပါဝင်သည့် “ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ” (United Nationalities Federal Council-Union of Burma) ကို ယခုလ ၁၇ ရက်နေ့တွင် ဖွဲ့စည်းခဲ့သေးသည်။

ထိုင်း-မြန်မာနယ်စပ်တွင် ဖွဲ့စည်းသည့် အဆိုပါကောင်စီတွင် အပစ်မရပ်နှင့် အပစ်ရပ် အဖွဲ့များသာမက ပြည်ပအခြေစိုက် တိုင်းရင်းသား အဖွဲ့အစည်းအချို့လည်း ပါရှိသည်။

11ReadMore-2.jpg

ယနေ့သတင်း (၂၆ ရက် ဖေဖော်ဝါရီလ ၂၀၁၁)


 ဆုံဆည်းရာ၊ ၂၆ ရက် ဖေဖော်ဝါရီလ ၂၀၁၁


သတင်း
နံနက် (၁၀ နာရီ ၄၀ မိနစ်) ကေအိုင်အို ထိန်းချုပ်ရာနယ်မြေဒေသ၀န်းကျင်တွင် နအဖ ဘက်က စစ်အင်အား တိုးမြှင့်ချလိုက်ပါတယ်။ ဖေဖော်ဝါရီလဆန်းပိုင်းက ကေအိုင်အေ ထိန်းချုပ်နယ်မြေသို့ ကျူးကျော် ၀င်ရောက်ခဲ့သော နအဖ တပ်များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ရာ နအဖ ဘက်မှ ဒု ဗိုလ်မှူးကြီးတဦး ကျဆုံးသွားပြီးတဲ့ နောက်ပိုင်း စစ်ရေးအရ နှစ်ဘက် တင်းမာမှုတွေ ဖြစ်ခဲ့တာပါ။ ဒါ့အပြင် ကေအိုင်အေက ပြည်သူ့စစ်တပ် ဖွဲ့စည်းမယ်ဆိုပြီး ကြေညာပြီး နောက်ပိုင်းနှင့် ကေအိုင်အို ထိန်းချုပ်ရာဒေသ လိုင်ဇာဌာနချုပ် နယ်မြေအတွင်းသို့ ပျံသန်းဝင်ရောက်သွားတဲ့ ထူးကုမ္ပဏီ၏ ရဟတ်ယာဉ် တစင်းကို ကေအိုင်အေ တပ်ဖွဲ့ဝင်များက ပစ်ခတ်သတိပေးမှုတွေ ပြီးတဲ့နောက်ပိုင်း နအဖ စစ်တပ်ဘက်က မကျေနပ်မှုတွေ ပိုမိုများပြားလာတယ်လို့ သိရပါတယ်။ နအဖ စစ်တပ်နှင့် ကေအိုင်အေ ထိန်းချုပ်ရာဒေသနှင့် ထိစပ်လျှက်ရှိတဲ့ စစ်မျက်နှာ သုံးနေရာမှာ နအဖ စစ်က တပ်အင်အားတိုးမြှင့်ချထားပြီး ကေအိုင်အိုဘက်မှ ၄င်းတို့ထိန်းချုပ်ရာ နယ်မြေဒေသအတွင်းသို့ နအဖ စစ်တပ်များ နယ်ကျွံဝင်ရောက်လာလျှင် ပစ်မိန့် ပေးထားသောကြောင့် လက်နက်ကိုင် စစ်ရေးပဋိပက္ခ အချိန်မရွေး ဖြစ်ပေါ်လာနိုင်ကြောင်း ဒေသခံတဦးက သုံးသပ်ပြောဆိုပါတယ်။

နံနက် (၁၀ နာရီ ၂၇ မိနစ်) ဖေဖော်ဝါရီလ ၂၁ ရက်နေ့က ဝေါလေဒေသ ကနဲလေးဂွင်အတွင်း လက်ရှိလှုပ်ရှားနေသည့် နအဖ စကခ(၈) လက်အောက်ခံ ခမရ(၄၀၄)တပ်ရင်းနေရာ ကို စကခ(၅) လက်အောက်ခံ ခမရ (၃၄၆) တပ်ရင်းက တပ်အပြောင်းအလဲ လုပ်နေကြောင်း သိရပါတယ်။

နံနက် (၁၀ နာရီ ၁၅ မိနစ်) ကရင်ပြည်နယ်၊ မြ၀တီမြို့နယ် ကနဲလေးဂွင်ရှိ ဖို့ခဲတဒို့နှင့် ခီးကုဒေါ့်ခီးဂွင်ဖောမု ဘောထာ့နေရာတွင် DKBA-KNLA ပူးပေါင်းတပ်နှင့် နအဖ စကခ(၅) လက်အောက်ခံ ခမရ(၅၆၃)၊ စကခ(၈) လက်အောက်ခံ ခမရ(၄၀၄)တပ်ရင်းများအကြား ၂၃ ရက်နှင့် ၂၄ ရက် နှစ်ရက်အတွင်း တိုက်ပွဲဖြစ်ပွားခဲ့ရာ နအဖဘက်မှ ၇ ဦး ကျဆုံးပြီး ၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရပါတယ်။ (ကိုးကား - ကေအိုင်စီ)

နံနက် (၁၀ နာရီ ၇ မိနစ်) တာချီလိတ်မြို့နယ် လေယာဉ်ကွင်းအနီးတွင် မူးယစ်ဆေးဝါးဂိုဏ်း ရောင်းဝယ်မှုမှ အချင်းချင်း ပစ်ခတ်မှု ဖြစ်ပွားရာ ရဲများ ရောက်ရှိပြီး ပစ်ခတ်မှု ထပ်မံဖြစ်ပွားခဲ့ပါတယ်။ ရဲနဲ့ မူးယစ်ဂိုဏ်းများ ပစ်ခတ်မှုဖြစ်နေစဉ် စစ်တပ်မှ ရောက်ရှိပြီး ပစ်ခတ်မှုများ ထပ်မံဖြစ်ပွားခဲ့ပါတယ်။ ထိုပစ်ခတ်မှုကြောင့် လူနှစ်ဦးသေဆုံးကြောင်း သိရှိရပါတယ်။

11ReadMore-2.jpg

Wednesday, February 23, 2011

မြ၀တီ မြို့နယ်ခွဲ အသစ် DKBA တိုက်မည်ဟု သတိပေး

  ဧရာဝတီ  

  
ကရင်ပြည်နယ် မြ၀တီခရိုင် အတွင်း မကြာမီ ဖွင့်လှစ်မည့် ချူးကလိ မြို့နယ်ခွဲကို တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) က တိုက်ခိုက်မည့် စစ်ဆင်ရေး ရှိသည့်အတွက် တာဝန်ကျ ဌာနဆိုင်ရာဝန်ထမ်းများ ကြိုတင် ရှောင်တိမ်းနိုင်ရန် သတိပေးထားသည်။

dkba-and-knu-11
တိုက်ပွဲဝင် DKBA နှင့် KNUပူးပေါင်းအဖွဲ့၏ လက်ဖြောင့် တပ်သားများ (ဓာတ်ပုံ - ဧရာဝတီ)
DKBA တပ်မဟာ ၅ ၏ စစ်ဆင်ရေးမှူး တဦးဖြစ်သည့် ဗိုလ်မှူးဆန်းအောင်က “မကြာခင် နအဖ က မြ၀တီမြို့နယ်ခွဲ ဆိုပြီး ချူးကလိမှာ ဖွင့်ပွဲလုပ်ဖို့ရှိတယ်၊ အဲဒီမြို့သစ် ဖွင့်ဖို့အတွက် အင်္ဂါနေ့က မြ၀တီမြို့ထဲ စစ်ကားကြီးအစီး ၄၀ ကျော်ဝင်လာ တယ်၊ မြို့သစ်မှာ တာဝန်ကျတဲ့ ဆေးရုံ ၀န်ထမ်းတွေ၊ ပညာရေးဌာနက လူတွေ၊ အခြားဌာနက လူတွေကို ကျနော်တို့ ကြိုပြီး သတိပေးတာ ဖြစ်တယ်”ဟု ဧရာဝတီသို့ ပြောသည်။

မြ၀တီမြို့နယ်ခွဲ ချူးကလိမြို့သစ်သည် မြ၀တီတောင်ဘက် မိုင် ၃၀ ကျော်အကွာ မြ၀တီနှင့် ကြာအင်းဆိပ်ကြီး မြို့နယ် အစပ်တွင် တည်ရှိပြီး လက်ရှိလုံခြုံရေး တာဝန်ကို ရဲ ၀န်ထမ်း ၁၀၀ ကျော်က တာဝန်ယူထားသည်ဟု သိရသည်။
“ကျနော်တို့ရဲ့ အဓိက ပစ်မှတ်က နအဖပဲ ဖြစ်တယ်၊ ဒါပေမယ့် စစ်ဆင်ရေး လုပ်တဲ့အချိန်မှာ အရပ်သား တချို့ကို ထိခိုက် ခဲ့တာတွေရှိတဲ့ အတွက် ကြိုတင်အသိပေးရတာ ဖြစ်တယ်”ဟု ဗိုလ်မှူးဆန်းအောင်က ဖြည့်စွက် ပြောကြားသည်။

DKBA ၏ အဆိုအရ ၎င်းမြို့သစ်တွင် ထိုင်းနိုင်ငံဘက်၌ ရောက်ရှိနေသည့် မြန်မာဒုက္ခသည်များအား မြန်မာဘက်ကပြန် လည်လက်ခံမည့် အစီအစဉ်ကို နှစ်ဘက် အာဏာပိုင်များ သဘောတူညီမှု ရရှိထားသည်ဟုလည်း သိရသည်။

မြန်မာအစိုးရအား ဆန့်ကျင်တိုက်ခိုက်နေသည့် အဖွဲ့အစည်းများကို ထိုင်းနိုင်ငံက အားပေးမည်မဟုတ်ကြောင်းနှင့် ထိုင်း နယ်မြေကိုလည်း ခြေကုတ်ယူခွင့်မပြုဟု ထိုင်းအာဏာပိုင်များက မကြာသေးမီက ထုတ်ဖော်ပြောဆိုမှုများနှင့် ပတ်သက် ၍လည်း DKBA က လက်မခံနိုင်ကြောင်း ပြောဆိုသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ DKBA ၏ ပြောရေးဆိုခွင့်ရှိသူလည်းဖြစ်သည့် ဗိုလ်မှူးဆန်းအောင်က“ကျနော်တို့တော်လှန်ရေး လုပ်တာက ကိုယ့်အားကိုယ်ကိုးပဲ၊ ထိုင်းကိုမှီခိုပြီး လုပ်နေတာမဟုတ်ဘူး၊ ထိုင်းဆီကလည်း ဘာမှအလကားမရဘူး၊ နအဖ ကို တော်လှန်နေတဲ့အဖွဲ့တွေကို တင်းကျပ်မှုတွေလုပ်နေတာက သူ့အကျိုးစီးပွားနဲ့ မြ၀တီတံတားပြန်ဖွင့်ဖို့ အတွက် နအဖ ကို မျက်နှာလုပ်တာဖြစ်တယ်”ဟု ပြောသည်။

ထိုင်း-မြန်မာ နယ်စပ် မဲဆောက်-မြ၀တီ ချစ်ကြည်ရေးတံတား ပိတ်သည့်ပြဿနာသည် နှစ်နိုင်ငံနယ်ခြား သောင်ရင်းမြစ် အတွင်း ထိုင်းဘက်မှ ကမ်းထိန်းနံရံတည်ဆောက်ရာ မြန်မာဘက်ကမကျေနပ်၍ ချစ်ကြည်ရေးတံတားကိုပိတ်လိုက်ခြင်း ဖြစ်ပြီး DKBA အပါအ၀င် မည်သည့်တော်လှန်ရေး အဖွဲ့အစည်းများနှင့် တစုံတရာပတ်သက်မှုမရှိကြောင်းလည်း ဗိုလ်မှူးဆန်းအောင် က ပြောဆိုသည်။

ဖေဖော်ဝါရီ လလယ်ပိုင်းကလည်း ကရင်ပြည်နယ် မြ၀တီ-ကော့ကရိတ် ကားလမ်းကို ဖြတ်တောက်မည့် စစ်ဆင်ရေး ရှိသည့်အတွက် ယနေ့မှစ၍ အရပ်သားများ ခရီးသွားလာခြင်းမပြုလုပ်ရန် DKBA က သတိပေးခဲ့ပြီး ဖေဖော်ဝါရီ ၁၇ ရက်တွင် မြ၀တီ-ကော့ကရိတ် ဒေါနတောင်ကျော် ကားလမ်းပေါ်ရှိ ကျောက်တလုံးစခန်းကို တိုက်ခိုက်မှုကြောင့် မြ၀တီ မှ ကော့ကရိတ်သို့ ထွက်ခွာသည့် ယာဉ်တန်းများ၏ ထက်ဝက်ခန့်မှာ မြ၀တီသို့ နောက်ကြောင်းပြန်လှည့်ခဲ့ရသည်။

ဗိုလ်မှူးကြီး စောလားပွယ်(ဗိုလ်နှုတ်ခမ်းမွေး) ဦးဆောင်သည့် အဆိုပါ DKBA တပ်မဟာ ၅ တပ်ဖွဲ့သည် နယ်ခြားစောင့် တပ် ဖွဲ့စည်းရေးကို လက်မခံဘဲ ရွေးကောက်ပွဲ ကျင်းပနေသည့် ၂၀၁၀ နိုဝင်ဘာ ၇ ရက်နှင့် ၈ ရက်နေ့များမှစတင်၍ ကရင်ပြည်နယ် အတွင်းရှိ နအဖ တပ်များကို တိုက်ပွဲများ ဆင်နွှဲနေခဲ့သည်။
Collapse...

11ReadMore-2.jpg

Friday, February 18, 2011

ဗိုလ်မှူး စောစန်းအောင်၏ တိုက်တွန်းပြောဆိုချက်


http://ehkhaungthaunt.blogspot.com/

နအဖ ဖက်စစ် အကြမ်းဖက် တပ်တွေကို သုတ်သင် နှိမ်နှင်းပြီး ကရင်ပြည်ကနေ မောင်းထုတ်နေသူ DKBA တပ်မဟာ ၅မှ ဗိုလ်မှူး စောစန်းအောင်ကို သူရဲ့ ခဏတာ မအားမလပ်တဲ့ ကြားထဲကနေ ယနေ့ (ဖေဖော်ဝါရီလ  ၁၈ရက်နေ့) ညနေ ၈နာရီခွဲ အချိန်မှာ ဖုန်းနဲ့ ဆက်သွယ်စကား ပြောဆို နိုင်ခဲ့ပါတယ်။


အဆိုပါ ခဏတာ စကားပြောဆို နေချိန်အတွင်း ကရင်လူထုများ၊ လွတ်မြောက်မှု လိုလားသူများနဲ့ တော်လှန်ရေး သမားများ အားလုံးကို ဗိုလ်မှူးစန်းအောင်ကနေ အောက်ပါအတိုင်း တိုက်တွန်း အမှာ စကားတချို့ ပြောဆိုသွားခဲ့ပါတယ်။

”လွတ်မြောက်မှုအတွက် တော်လှန်တိုက်ပွဲဝင် နေတဲ့ တော်လှန်ရေးသမားများ အားလုံး တော်လှန်ရေးကို ဆက်လုပ်ကြပါ၊ တော်လှန်ရေးကို မလုပ်စားကြပါနဲ့ လို့ပဲ တော်လှန်ရေး သမားတွေ အားလုံးကို မှာချင်တယ်။ ဒီစကားကို သတင်းတွေမှာ တင်ချင်တယ်ဆိုရင်လည်း အစ်ကို့နာမယ်နဲ့ တင်ပါ။ မှန်တာကို ပြောမှာပဲ။ မှန်ကန်ရင် ကွဲတယ်” ဟု တော်လှန်သူတွေ အားလုံးကို ဗိုလ်မှူး စောစန်းအောင်က တိုက်တွန်း ပြောဆိုသွား ပါတယ်။

”နိုင်ငံတကာရောက် သွားကြသော်လည်း ကိုယ့်လူမျိုး၊ ကိုယ့်တော်လှန်ရေးအတွက် မမေ့ကြပဲ ပြန်လည် လှည့်ကြည့် ကူညီနေကြတဲ့ လူတွေကို အထူးပင် လေးစားမိပါတယ်။ ကျနော်တို့ တိုက်ပွဲဝင်နေ တာကလည်း အားလုံး မျက်နှာမငယ်ရအောင် အသက်ပေး တိုက်ပွဲ ၀င်နေတာ ဖြစ်တယ်။ ဘယ်လောက်ပဲ ဆင်းရဲပင်ပန်းနေပါစေ မမှုဘူး။ ကျနော်တို့ ဆက်ပြီး တိုက်ပွဲ ၀င်သွားမယ်”ဟု နိုင်ငံတကာရောက် ကရင်ပြည်သူတွေကို ဗိုလ်မှူးစန်းအောင်က ပြောဆိုသွားပါတယ်။

လက်ရှိ ဖြန့်ချိ ထုတ်ဝေနေတဲ့ ဒေါနမြေမှ ဟစ်ကြွေးသံ တိုက်ပွဲ ဗီဒီယိုခွေအပေါ် ရန်သူအတွက် စစ်ရေး ပစ်မှတ်တွေ ဖြစ်လာနိုင်မှာကို စိုးရိမ်နေသူများ အတွက်ကိုလည်း ဗိုလ်မှူး စောစန်းအောင်က အခုလို ပြန်လည် တုန့်ပြန် ပြောဆိုသွားပါသေးတယ်။
”အဲဒီခွေနဲ့ ပါတ်သက်ပြီး ဘာမှမပူပါနဲ့။ ဖြန့်သာ ဖြန့်ပါ၊ ရန်သူက သူတို့နည်း သူတို့ဟန်နဲ့ စစ်ရေး ရှိသလို ကျနော်တို့လည်း စစ်ရေးနည်းပရိယာယ်တွေ အများကြီး ရှိတယ်။ ဒီခွေကို ထုတ်ဝေဖြန့်ချိ နေရတာကလည်း ကျနော်တို့ တော်လှန်ရေး တိုက်ပွဲဝင်နေတာကို လူတွေကို အသိပေးချင်လို့ပါ။ ကျနော်တို့ ကရင်တွေ တော်လှန်ရေး လုပ်တာ နှစ် ၆၀တောင် ကျော်နေပြီး မှတ်တမ်းတွေ အရမ်းနည်းခဲ့တယ်။ တချို့လူတွေဆိုရင် ကရင်တော်လှန် ရေးကိုတောင် မသိကြဘူး။ နောက်ပြီး ရဲဘော်တွေ ဘယ်လောက် ဆင်းရဲ ပင်ပန်းလည်း ဆိုတာကိုလည်း ပြစေချင်တာပါ”ဟု တုန့်ပြန် ပြောဆိုသွားပါတယ်။
 
အထက်ပါ တိုက်တွန်းမှာကြားချက်တွေ အားလုံးဟာ မအားမလပ်တဲ့ ကြားကနေ အချိန်ပေးပြီး မှတ်တမ်းဗီဒီယိုတွေ ထဲကလိုပဲ အာပေါင်အားရင်း သန်သန်နဲ့ ဗိုလ်မှူး စောစန်းအောင် ဖုန်းထဲကနေ ပြောဆိုသွားတာ ဖြစ်ပါတယ်။

11ReadMore-2.jpg

Tuesday, February 15, 2011

မြဝတီ ကော့ကရိတ် ကားလမ်း ပိတ်ပင်လိုက်ရတဲ့အပေါ် ဒီကေဘီအေ ဗိုလ်မှူးဆန်းအောင် မှ ရှင်းလင်းချက်



၂၀၁၁ နှစ်ဆန်းပိုင်းမှာပဲ ဒီအေဘီအေဘက်က မြဝတီ ဘားအံကားလမ်းပေါ်မှာ တိုက်ခိုက်မှု ၅ ကြိမ် တိုက်ခိုက်ခဲ့ပါတယ်။ ဇန်နဝါရီလ ၁၄ ရက်၊ ဇန်နဝါရီလ ၁၆ ရက်နေ့၊ ဇန်နဝါရီလ ၃၀ ရက်နေ့၊ ဇန်နဝါရီလ ၃၁ ရက်နေ့နဲ့ ဒီကနေ့ အပါအဝင် မြဝတီ ဘားအံ ကားလမ်းပေါ်တိုက်ပွဲပေါင်း ၅ ကြိမ်ထိ ဖြစ်ပွားခဲ့ပါတယ်။ ဒီတိုက်ပွဲတွေမှာ နအဖ စစ်တပ်ဘက်က ထိခိုက် သေဆုံးတာတွေရှိသလို နအဖ နဲ့ ဖက်စပ်လုပ်နေတဲ့ စီးပွားရေးသမားတွေ၊ ခရီးသွားအရပ်သားတွေအနေနဲ့လည်း ထိ ခိုက်မှုတွေ ရှိခဲ့ပါတယ်။
အခုဆိုရင် ဖေဖော်ဝါရီလ ၁၂ ရက်နေ့က စပြီး ဒီကေဘီအေဘက်က မြဝတီ ကော့ကရိတ် ကုန်သည်လမ်းကို အရပ်သား ပြည်သူလူထုတွေအနေနဲ့ အသွားအလာတွေမလုပ်ကြဘို့ တားမြစ်လိုက်တယ်လို့ သိရှိရပါတယ်။ 

တားမြစ်ရတဲ့ အကြောင်းရင်းကို ဒီကေဘီအေ ဗိုလ်မှူးဆန်းအောင် ရှင်းပြတာက …
“ဟုတ်ပါတယ်။ မြဝတီ ကော့ကရိတ်ကားလမ်းကို လူထုအနေနဲ့ အသုံးမပြုကြဘို့ ဒီကေဘီအေ အနေနဲ့ ဖေဖော်ဝါရီလ ၁၂ နေ့ ကတည်းက တားမြစ်ပိတ်ပင်လိုက်တာ ဖြစ်ပါတယ်။
ပထမ တချက်အနေနဲ့ ဒီလမ်းကြောင်းဟာ နအဖ စစ်အုပ်စုရဲ့ စီးပွားရေးအရ အသက်သွေးကြောတွေထဲက တခု ဖြစ်ပါ တယ်။ အဲဒါကြောင့် ကျနော်တို့ အနေနဲ့ ဒီကားလမ်းကို ပိတ်ရခြင်းဖြစ်ပြီး၊
ဒုတိယအကြောင်းကတော့ နအဖ စစ်တပ် စစ်ယာဉ်တန်းတွေဟာ အရပ်သားကားတွေ အရပ်သားတွေကို ကာဘာယူပြီး ဒီလမ်းကို အသုံးပြုနေတဲ့ အတွက် ကျနော်တို့ဘက်က ရန်သူကို စစ်ဆင်တဲ့အခါမှာ ပြည်သူကို သူတို့က ကာဘာယူထား တဲ့အတွက် စစ်ဆင်ရတာ အခက်အခဲရှိတဲ့အပြင် ပြည်သူလူထုပါ ထိခိုက်မှုတွေရှိလာပါတယ်။
ကျနော်တို့ဘက်က ကိုယ့်ပြည်သူလူထုကို ပစ်မှတ်ထားပြီး ထိခိုက်စေတာမျိုးကို မရည်ရွယ်ခဲ့ပါဘူး။ ရန်သူဘက်ကသာ လူထုကို ကာဘာယူ စစ်ဆင်ရေးနည်းတွေသုံးနေလို့ အရပ်သားပြည်သူဘက်က ထိခိုက်ခဲ့ရတာဖြစ်ပါတယ်။
နောက်ပိုင်းမှာ ကျနော်တို့ဘက်က ဒီ့ထက် ကားလမ်းစစ်ဆင်ရေးတွေ ပိုလုပ်လာမှာဖြစ်ပြီး လူထုအနေနဲ့ ထိခိုက်မှုမရှိ ရအောင် ခုလို့ ပိတ်ပင်တားမြစ်ရတာ ဖြစ်တယ်” လို့ ရှင်းပြသွားပါတယ်။
ဒီကေဘီအေတပ်ဖွဲ့တွေဟာ ဒီရက်ပိုင်းတွေအတွင်းမှာ မြို့တွင်းတိုက်ပွဲတွေ ပိုမိုပြီး စစ်ဆင်လာတာတွေ့ရပါတယ်။ ဖေဖော် ဝါရီလ ၁၃ ရက်နေ့ကလည်း နအဖ စစ်အုပ်စုတွေ ဇိမ်ခံအပန်းဖြေတဲ့ ကော့ကရိတ်ဂေါက်ကွင်းကို ဒီကေဘီအေ တပ်ဖွဲ့ဝင် တွေဘက်က ဝင်ရောက်တိုက်ခိုက်တာတွေ ဖြစ်ခဲ့ပါတယ်။

11ReadMore-2.jpg

မြ၀တီ-ကော့ကရိတ် ကားလမ်း မသွားရန် DKBA သတိပေး

ကရင်ပြည်နယ် မြ၀တီ-ကော့ကရိတ် ကားလမ်းကို ဖြတ်တောက်မည့် စစ်ဆင်ရေး ရှိသည့်အတွက် ယနေ့မှစ၍ အရပ်သားများ ခရီးသွားလာခြင်း မပြုလုပ်ရန် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) က သတိပေး ပြောကြား ထားသည်။

IMG_0025-56
မြ၀တီ၊ ကော့ကရိတ်၊ ဘားအံ မြို့များသို့ တရက်ခြားပြေးဆွဲနေသည့် ယာဉ်များ (ဓာတ်ပုံ - ဧရာဝတီ)
မြ၀တီမြို့နှင့် ကော့ကရိတ်မြို့အား ဆက်သွယ်ထားသည့် ဒေါနတောင်ကျော် ကားလမ်းကို DKBA က ပိတ်ဆို့ ဖြတ်တောက်မည် ဖြစ်ရာ အရပ်သားများ ထိခိုက်မှုမရှိစေရန် သတိပေးခြင်းဖြစ်ကြောင်း DKBA စစ်ဆင်ရေးမှူး တဦး ဖြစ်သည့် ဗိုလ်မှူး ဆန်းအောင် က ဧရာဝတီ သို့ ပြောသည်။

၎င်းက“ဒီလမ်းကို ကျနော်တို့ပိတ်ဆို့ ဖြတ်တောက်မှုတွေလုပ်မယ်၊ အဓိကပစ်မှတ်က နအဖ ပဲ၊ အရပ်သားတွေ အနေနဲ့ စစ်ကား စီးတာတွေ အရပ်သားကားမှာ စစ်သားတင်တာတွေ မလုပ်ကြဖို့ အသိပေးတာပါ၊ အခုဆိုရင် ဒီလမ်းကြောမှာ နအဖ တပ်က လူတွေ တပ်ပြောင်းတာကအစ အရပ်ဝတ်နဲ့ပဲပြောင်းရွှေ့သွားလာနေတာတွေကြောင့် သတိပေးရတာပါ၊ တိုက်ခိုက်မှုတွေဖြစ်ခဲ့ရင် မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်နိုင်လို့ပါ”ဟု ပြောသည်။


စစ်ဆင်ရေးမှာ အချိန်မရွေး ဖြစ်နိုင်သောကြောင့် ယနေ့မှစ၍ အရပ်သားများအနေနှင့် ခရီး သွားလာခြင်း မပြုလုပ်ရန် စစ်ဆင်ရေး ဧရိယာအတွင်းရှိ ဒေသခံများကိုလည်း အသိပေးထားပြီးဖြစ်သည်ဟု ဗိုလ်မှူး ဆန်းအောင် က ပြောသည်။

ယခု ရက်သတ္တပတ်အတွင်း မြ၀တီနှင့် ကော့ကရိတ် ကားလမ်းပေါ်ရှိ နအဖ တပ်စခန်းများနှင့် စစ်ဆေးရေး ဂိတ်များကို DKBA အဖွဲ့က လေးကြိမ်ထက် မနည်း ၀င်ရောက်တိုက်ခိုက်မှုများပြုလုပ်ခဲ့သောကြောင့် ခရီးသည်နှင့် ကုန်တင်ယာဉ်များ သိသာစွာလျော့နည်းသွားသည်ဟု မြ၀တီ-ဘားအံ မော်တော်ယာဉ်လိုင်းမှ ယာဉ်မောင်းတဦးက ပြောသည်။

“ဒီလမ်းမှာ ခရီးသည်နဲ့ ကုန်သည်တွေလည်း အတော်နည်းသွားတယ်၊ လမ်းမှာ ခဏခဏတိုက်ပွဲတွေဖြစ်တော့၊ ခရီးသွား တွေလည်းကြောက်တော့ အခုရက်ပိုင်း သွားလာတာတွေ အတော်လေးကို နည်းသွားတယ်၊ စစ်တပ်ကလည်း ပါးတယ်၊ အရင်ကဆိုရင် ကားအတက်အဆင်း သူတို့ဘာသာ သီးသန့်သွားတယ်၊ အခုကျတော့ အရပ်သားကားတွေကို အရှေ့နဲ့အနောက်မှာထားပြီး စစ်ကားတွေက အလယ်ကနေလိုက်တယ်၊ စစ်ကားတွေကိုကျော်လို့လည်းမရ၊ ချန် ထား လို့လည်း မရနဲ့ တကယ်စိတ်ပျက်ဖို့ ကောင်းတယ်”ဟု ၎င်းက ပြောဆိုသည်။

ယခင်က ခရီးသည်ကားများကို စစ်ကားများက လုံခြုံရေးယူပေးခဲ့သော်လည်း ယခုအချိန်တွင် အရပ်သားကားများက စစ်ကားများကို လုံခြုံရေးပေးနေရကြောင်း၊ လမ်းခရီးတလျှောက်ရှိ စစ်ဆေးရေးဂိတ်ကြီး ဂိတ်ငယ် ၃၀ ခန့်ကို အရပ်သား ကားများပုံမှန်ပေးနေရသည့် တရားမ၀င် ဂိတ်ကြေးများမှာမူ လျော့နည်းသွားခြင်းမရှိဟု ကြက်သွန် ကုန်သည် တဦးက ဆိုသည်။

DKBA က နအဖ စစ်ကားများကို တိုက်ခိုက်ရာတွင် စစ်သည်နှင့် ကားများ ထိခိုက် သေဆုံးမှုများရှိသော်လည်း တချို့တိုက်ခိုက်မှုများတွင် အရပ်သားတချို့ထိခိုက်သေဆုံးမှုများရှိသည်ဟု မြ၀တီမြို့ခံယာဉ်မောင်းတဦးကလည်း ပြောသည်။

ရွေးကောက်ပွဲကျင်းပနေစဉ် ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၇ ရက်နှင့် ၈ ရက်များတွင် မြ၀တီမြို့နယ် ရဲစခန်းနှင့် နယ်စပ် ဂိတ် တချို့ကို ဗိုလ်မှူးကြီး စောလားပွယ် ၏ DKBA တပ်ဖွဲ့ဝင်များက ၀ိုင်းထားခဲ့ပြီးနောက်ပိုင်း ကရင်ပြည်နယ်အတွင်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေခြင်း ဖြစ်သည်။

စစ်အစိုးရ ကမ်းလှမ်းထားသော နယ်ခြားစောင့် တပ်ဖွဲ့ရေးကို DKBA တပ်ဖွဲ့ဝင် အများစုက ပြီးခဲ့သည့်နှစ် ဇူလိုင်လ ကုန် ပိုင်း တွင် လက်ခံခဲ့ကြသော်လည်း ဗိုလ်မှူးကြီး စောလားပွယ်၏ တပ်ဖွဲ့ကမူ ယင်း အစီအစဉ်ကို သဘောမတူသောကြောင့် ခွဲထွက်ခဲ့သည်။

11ReadMore-2.jpg

Template by:

Free Blog Templates