Showing posts with label သူတို့တတွေ လည်စင်းခံကြလေပြီ. Show all posts
Showing posts with label သူတို့တတွေ လည်စင်းခံကြလေပြီ. Show all posts

Sunday, August 12, 2012

သူတို့တတွေ လည်စင်းခံကြလေပြီ

အသေအခြာဖတ်ပြီးသုံးသပ်ပါ ဖြစ်နိုင်၊မဖြစ်နိုင် ငါတို့ကရင်တွေအတွက်အရေးကြီးတဲ့အချိန်ကိုရောက်နေချိန်မှာစေတနာမမှန်တဲ့ငြိမ်းချမ်းရေး
သမားတွေကိုသတိထားပြီးအမျိုးသားထုလမ်းမှားမရောက်ဘို့ရန်အတွက်ကာကွယ်တား
ဆီးရန် ကရင်တိုင်းတာဝန်ရှိပါတယ်။
-------------------------------------------------------------------------------------------------------------------


သူတို့တတွေ လည်စင်းခံကြလေပြီ
တမန်တော် ရွှေဥသြ

ခုတလော KNU နှင့် ကြပ်ပြေးသိန်းစိန်အစိုးရအဖွဲ့တို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှ တပိုင်းတစဖြစ်ပေါ်လာတဲ့ရလဒ်အပေါ် ပြည်တွင်းပြည်ပ နယ်စအနှံ့ဝေဖန်သံနဲ့ပတ်သက်ပြီး ဆွေးနွေးပွဲတရပ်ပြုလုပ်ခဲ့ကြပါတယ်။ ထိုဆွေးနွေးပွဲ နောက်ဆုံးရက်မှ ထွက်ပေါ်လာသည့် အကြောင်းရပ်တခုကို ကရင်အမျိုးသားတရပ်လုံးနှင့် သက်ဆိုင်သည်ဟုယူဆသဖြင့် တင်ပြလိုက်ရပါသည်။

အစည်းအဝေးကို ဇွန်လဒုတိယအပတ် မြို့တမြို့ပြုလုပ်ကြပါတယ်။ အစည်းအဝေးရှိရာမြို့သို့ သောကြာနေ့ညနေ (ရ)နာရီမှာကျွန်တော်ရောက်ခဲ့ပါတယ်။ လာရောက်ကြိုဆိုသူ အသက် (၂၀)၀န်းကျင် လူငယ်အမျိုးသမီးတဦးနှင့် အမျိုးသားတဦးကိုတွေ့ရတော့ ကရင်အမျိုးသားရေးကို ကရင်လူငယ်မောင်မယ်များ ယခုလိုနိုးကြားတက်ကြွစွာ ပါဝင်တာဝန်ယူလာသည်ကိုတွေ့ရ၍ ကျေနပ်ပီတိဖြစ်ရပါသည်။
အစည်းအဝေးရဲ့အဓိကရည်မှန်းချက်ကတော့ KNU သည် ကရင့်တမျိုးသားလုံး၏အရေးကို ကိုယ်စားပြုသော နိုင်ငံရေး ဥသျှောင်အဖွဲ့ကြီး ဖြစ်သည်။ တိုင်းရင်းသားလူမျိုးစုများကို မဟာဝါဒီ အုပ်ချုပ်သူတစုက နည်းမျိုးစုံဖြင့် သွေးခွဲ မြှောက်ထိုးပင်းကော်၊ သပ်လျှိုထိုးခွဲမှုများ တစိုက်မတ်မတ် စနစ်တကျပြုလုပ်နေကြသည်။ သို့ရာတွင် KNU သည် ကရင်လူမျိုးတို့၏ အမျိုးသားရေး၊ နိုင်ငံရေး စုရပ်မဏ္ဍိုင်တခုအဖြစ်ရှိနေ၍ ကရင်လူမျိုးတို့သည် နွားကွဲကျားကိုက်၊ ခေါင်းတွဲပျက်သောရထားအဖြစ်သို့မရောက်ဘဲ လူမျိုးတမျိုးအဖြစ် ကမ္ဘာ့အလယ်တွင်ယနေ့တိုင် ရပ်တည်နေနိုင်လျက်ရှိပါသည်။ ထိုထက်မက လူမျိုးတမျိုး၏ ဘ၀တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် စော်ကားပိတ်ပင်၊ ဖိနှိပ်တိုက်ခိုက်လာသော မဟာအုပ်ချုပ်သူများအား ပြန်လည်တိုက်ခိုက်ကာ (၆၃)နှစ်ကြာ ကရင်-ဗမာ စစ်ပွဲကြီးကို KNU ၏ဦးဆောင်မှုဖြင့် ကရင်တမျိုးသားလုံးက ခုခံတိုက်ခိုက်လျက် အိနြေ္ဒမပျက်၊ ပန်းပန်လျက်ဖြင့်ဆက်လက် ချီတက်နေသည်သာမက အခြားသောတိုင်းရင်းသားလူမျိုးစုများအားလုံးနှင့် စုပေါင်းကာ အမျိုးသားတော်လှန်ရေးမဟာမိတ်အဖွဲ့ကြီးကို စုပေါင်းတည်ဆောက်ပြီး စစ်မှန်သောတိုင်းရင်းသားတို့၏ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်၊ ဖယ်ဒရယ်ပန်းတိုင်သို့ တစိုက်မတ်မတ် ချီတက်လျက်နေပါသည်။ ထို့ကြောင့် ပြည်တွင်းပြည်ပမှ ကရင်တမျိုးသားလုံးသည် အမိ KNU ကိုအမျိုးသားမဏ္ဍိုင်အဖြစ်ထားရှိကာ KNU အရေးသည် ကရင်တမျိုးသားလုံး၏အရေးဖြစ်ကြောင်းကို ကရင်လူမျိုးတိုင်းနားလည်သဘောပေါက်ရန်အတွက်ဖြစ်ပါသည်။
အစည်းအဝေးကို စနေနေ့မနက် (၇) နာရီတွင် တာဝန်ရှိပုဂ္ဂိုလ်များနှင့် လူကြီးများစုပေါင်း၍ တကြိမ်၊ မနက် (၁၀)နာရီတွင် ကိုယ်စားလှယ်ကြီးများနှင့် သီးသန့်ပုဂ္ဂိုလ်များတကြိမ်၊ မွန်းလွဲ (၂) နာရီတွင် ဒေသခံ၊ နယ်ခံများနှင့်တကြိမ် စုစုပေါင်း သုံးနေရာ၊ သုံးကြိမ်ပြုလုပ်သည်။ နောက်တနေ့ တနင်္ဂနွေနေ့တွင် နောက်ထပ်အစည်းအဝေးသုံးကြိမ်အပြင် အမျိုးသမီးအဖွဲ့၊ လူငယ်အဖွဲ့ သီးသန့်အစည်းအဝေးများလည်း ပြုလုပ်ခဲ့ပြီး ညနေ (၅) နာရီတွင် နှစ်ရက်တာအစည်းအဝေးကိုအောင်မြင်စွာ အဆုံးသတ်နိုင်ခဲ့ပါသည်။ ညနေ (၆)နာရီတွင်တော့ နောက်ဆုံး ညစာစားပွဲပြုလုပ်ခဲ့ပါသည်။ ကျနော် ညစာစားပွဲခန်းမသို့အ၀င်တွင် လူငယ်အမျိုးသမီးတဦးက ကျနော့်ဆီခပ်သွက်သွက်လျှောက်လာပြီး-

“ခွင့်ပြုပါဦးလေး၊ ကရင်လူကြီးတဦးက ဦးလေးနဲ့စကားပြောချင်တယ်” ဟုယဉ်ကျေးစွာပြောဆိုရင်း သူ့လက်ထဲမှလက်ကိုင်ဖုန်းကို ကျနော့်အားပေးလိုက်ပါသည်။

ဖုန်းထဲမှစကားပြောလာသူမှာ ဆေးရုံတခုတွင် တက်ရောက်ဆေးကုသခံနေသော ကရင်လူကြီးတဦးဖြစ်ပြီး မျိုးရိုးစဉ်ဆက်အရရော၊ သူကိုယ်တိုင်ရော တော်လှန်ရေးတွင် အဆက်မပြတ် ပါဝင်တာဝန်ထမ်းဆောင်လာခဲ့သူ ဖြစ်လေသည်။
ကျနော်ကသူ့ကို လေးစားစွာ နှုတ်ခွန်းဆက်စကားပြောအပြီးမှာ သူက-
“ကျွန်တော်နေတဲ့မြို့မှာ ခုလိုအစည်းအဝေးလာလုပ်တာ ကျေးဇူးတင်ပါတယ်။ အစည်းအဝေး အေးဆေးအောင်မြင်စွာ ပြီးမြောက်သွားတာကိုသိရလို့လည်း ၀မ်းသာပါတယ်။ ဟိုလူတစုကိစ္စကို ခင်ဗျားတို့ ဘာတွေဆွေးနွေးကြသေးလဲ” ဟုဆက်ပြီးမေးပါတယ်။

သူဘာကိုဆိုလိုမှန်းကျွန်တော်မသိသဖြင့် ကျနော်က

“ဘယ်လူတစုလဲ” လို့ပြန်မေးပါတယ်။
သူက “စောဘဦးကြီးနဲ့ ကရင်ခေါင်းဆောင်ကြီးများက ကရင့်တမျိုးသားလုံးဘ၀လုံခြုံရေးအတွက် တည်ဆောက် ထားပေးခဲ့တဲ့ ကရင့်တော်လှန်ရေးအိမ်ကြီးကိုဖြိုဖျက်ရောင်းစားနေတဲ့ ထူးထူးလေး၊ ဒေးဗစ်ထော၊ မူတူးစေးဖိုး၊ ကွယ်ထူး တို့အုပ်စုလေ။ ဒီလူတွေနဲ့ပတ်သက်ပြီး ဒီအစည်းအဝေးမှာ ဘာတွေပြောဆို ဆွေးနွေးကြသလဲ” တဲ့။

ကျနော်ထမင်းစားခန်းထဲသို့မ၀င်တော့ဘဲ

“ဟုတ်ကဲ့၊ ကျေးဇူးပြု၍ ခဏကလေးနော်” ဟုဆိုကာ ခန်းမ၏ရုံးခန်းဘက်သို့ သွား၍ထိုင်ပြီး

“ဟုတ်ကဲ့၊ ဆက်ပြောပါ” ဟု ပြောလေသည်။

ဤတွင်သူက စကားကလ္လင်ခံမနေတော့ဘဲ အောက်ပါအတိုင်း ရင်ဖွင့်ပြောလာပါတော့သည်။
“ဒီလူစုဟာ KNU ရဲ့ရာထူးနဲ့ အမည်ကိုအသုံးပြုပြီး ထင်ရာစိုင်းနေကြတယ်။ ကရင်တမျိုးသားလုံးရဲ့ မိခင်မဏ္ဍိုင်ဖြစ်တဲ့ KNU ဗဟိုကချမှတ်ထားတဲ့လမ်းကြောင်းကို သွေဖီပြီး ကြပ်ပြေးအစိုးရနောက် တကောက်ကောက်လိုက်နေတယ်။ သူတို့နည်းဗျူဟာကနေတော့ ငြိမ်းချမ်းရေးကိုအကြောင်းပြပြီး ရန်သူကိုအနီးကပ်ပူးသတ်တဲ့လမ်းစဉ်ပါ။ ငြိမ်းချမ်းရေးဆိုတာ လူကြီးတင်မက လူမမယ်၊ ခလေးအရွယ်ကအစ အားလုံး လိုလားကြတာပါ။ အထူးသဖြင့်နှစ်ပေါင်း (၆၃) နှစ်ကြာ ကရင်-ဗမာ စစ်ပွဲဟာလည်း ကျုပ်တို့သားစဉ်မြေးဆက် ထာဝရငြိမ်းချမ်းရေးရရှိချင်လွန်းလို့ တိုက်နေရတာပါ။ ဒီလူစု သိရမှာက ဦးနုခေတ်မှအစ နေ၀င်းခေတ် စောမောင်ခေတ် ခင်ညွန့်ခေတ် သန်းရွှေခေတ်မှ ယခု ကြပ်ပြေးသိန်းစိန်ခေတ်အထိ အစိုးရအဆက်ဆက်လုပ်ခဲ့တဲ့ ငြိမ်းချမ်းရေးဟာ ငါတို့ကရင်တော်လှန်ရေးနှင့်တကွ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့များကို ဖြိုဖျက် ထိုးခွဲရန်လှည့်စားခြင်းသာဖြစ်တယ်။ မဟာဝါဒကိုသူတို့လက်ကိုထားသမျှကာလပတ်လုံး ငါတို့တိုင်းရင်းသားအားလုံးက စုပေါင်းညီညာစွာလက်တွဲပြီး အမျိုး သားတော် လှန်ရေး တပ်ပေါင်းစုကြီးနဲ့ ပြောင်ပြောင်တင်းတင်းပြန်လည်စိန်ခေါ်ပြီး စုပေါင်းတိုက်ခိုက်ရန်မှတပါး အခြားဘာမှရွေးစရာလမ်းမလိုဘူး”။
သူကခဏနားပြီး
“ဒီလိုဝါဒလမ်းစဉ်ကိုင်ဆောင်တဲ့လူကို ကိုယ်တို့က အနီးကပ်ပူးသတ်ရမလိုလို၊ အချိုသပ် Non-Violence နည်းသုံးသလိုလိုနဲ့ သိန်းစိန်၊ အောင်မင်းတို့နဲ့ ရောရောထွေးထွေး ဖက်လဲတကင်းလုပ်နေရင်တော့ မဟာဝါဒီတွေရဲ့ ငြိမ်းချမ်းရေးထောက်ချောက်ထဲ ရောက်ကုန်တော့မှာဘဲ။ ပိုပြီးဆိုးတာက ဒီလူတစုကလုပ်နေတာတချို့ကို KNU ဗဟိုကဘာမှမသိဘူး။ ဥပမာ- ငြိမ်းချမ်းရေးကော်မရှင် အမည်ကိုအသုံးပြုပြီး ဒေးဗစ်ထောတို့က ဦးအောင်မင်းနဲ့ ထင်ရာတွေပြောကြ၊ ယုံကြည်မှု၊ နားလည်မှုတည်ဆောက်ကြတာတွေ၊ အလားတူဘဲ ဗိုလ်မူတူးစေးဖိုးတို့ရဲ့ အပစ်အခတ်ရပ်စဲရေးနဲ့ ပတ်သက်တဲ့လုပ်ရပ်တွေဟာလည်း ရန်သူ့အလိုအတိုင်း လည်စင်းခံလိုက်တာဘဲ။
အပစ်အခတ်ရပ်စဲတယ်ဆိုတာ၊ KNU ရဲ့အဓိကလုံခြုံရေးနယ်မြေတွေကို ကာကွယ်ထားရမယ့်အပြင် တိကျပြတ်သားတဲ့တပ်နေရာချထားမှုနဲ့ နှစ်ဖက်တပ်ရဲ့အနေအထား၊ တပ်တည်နေရာ စည်းမျဉ်း စည်းကမ်းချက်များကို စနစ်တကျအကျေအလည်ဆွေးနွေးဖို့ အမှန်တကယ်လိုအပ်ပါတယ်။ အဲဒီကမှတဆင့် စစ်ရေးနိုင်ငံရေးကို အာဏာပိုင်တွေရဲ့သဘောတူညီချက်နဲ့ ကာကွယ်ရေးဝန်ကြီးတို့ အတည်ပြုလက်မှတ်ရေးထိုးရမည့်အစား ငြိမ်းချမ်းရေးလေအိုး အောင်မင်းက “ KNU တောင်းဆိုတဲ့ အချက်တွေကို အားလုံးလက်ခံတယ်။ ဒီ (၁၃) ချက်အပြင်တခြားဟာတွေလည်းထပ်တောင်းနိုင်ပါတယ်” ဆိုတာနဲ့ ဘာတခုမှမဆွေးနွေးတော့ဘဲ လက်မှတ်ရေးထိုးလိုက်ကြတယ်။ KNU ဗဟိုကော်မတီကိုဘာမှ အသိမပေးဘဲ KNLA တပ်မှုးရာထူးကိုအလွဲသုံးစား လုပ်ပြီး မူတူးစေးဖိုးက KNLA တပ်တွေကို အပစ်အခတ်ရပ်စဲဘို့ မလုပ်အပ်တဲ့ညွှန်ကြား မှုထုတ်ပြန်လိုက်တယ်။ ခေတ် အဆက်ဆက် မှတော်လှန်ရေးခေါင်းဆောင်နှင့်တပ်သားများ၊ ပြည်သူလူထုများကတည်ဆောက်ထားတဲ့ တော်လှန်ရေးနယ်မြေရဲ့လုံခြုံမှုနေမြေအတွင်း ရန်သူအ၀င်မခံဘို့ တာဝန်ယူကာကွယ်ရမယ့်အစား ဗဟိုကော်မတီဝင်ရဲ့ဆုံးဖြတ်ချက်မပါဘဲ ရန်သူအကြိုက် ဆက်သွယ်ရေးရုံးတွေကို ထပ်မံ၍ တပ်မဟာ (၆) နယ်မြေအတွင်း ဖွင့်လှစ်ခွင့်ပေးခဲ့ပြန်တယ်”။
ဆက်သွယ်ရေးရုံးဆိုတာ ဟန်ပြလှည့်ကွက်တခုဘဲဖြစ်တယ်။ ရန်သူတွေ ဖန်တီးမှု၊ ပရိယာယ်ထောင်ချောက်တခုသာဖြစ်တယ်။ ခင်ညွန့်လက်ထက်က ငြိမ်းချမ်းရေးယူခဲ့ကြတဲ့ အဖွဲ့အားလုံးတွေဟာ ဒီဆက်သွယ်ရေးရုံးထောင်ချောက်ကြောင့်ဘဲ အောက်ခြေနဲ့ဗဟို သဘောထားတွေ ကွဲလွဲအောင်ဖန်တီးခံခဲ့ရရုံမက အချင်းချင်းလုပ်ကြံသတ်ဖြတ်ကြသည်အထိ ဗဟိုအာဏာ လျော့ရဲပျက်သုဉ်းသွားအောင် ရန်သူကဖန်တီးနိုင်ခဲ့ကြတယ်။
KNU အုပ်ချုပ်ရေးယန္တယားဟာ စစ်ရေး၊ နိုင်ငံရေး၊ ဌာနဆိုင်ရာ အဆင့်ဆင့်ဖြင့် ကျစ်လစ်ခိုင်မာစွာရှိနေပြီး ရှေ့တန်း၊ အောက်ခြေမှဗဟိုအထိ နာရီပိုင်းအတွင်းအစီရင်ခံချက် တင်ပြခြင်းနှင့် ပြန်လည်ညွန်ကြားချက်များ ချက်ခြင်းလုပ်နိုင်ပါတယ်။ အဲဒါကြောင့် ဘာကြားခံဆက်ဆံရေးရုံးမှ ထားရှိစရာမလိုပါဘူး။ ရန်သူကရှေ့တန်းဆက်သွယ်ရေးရုံး ထားရှိခြင်းဟာ အောက်ခြေမြို့နယ် ခရိုင်နှင့် တပ်ရင်း တပ်မဟာများကို တရားဝင်ကူးလူးဆက်ဆံပြီး စည်းရုံးဖဲ့ထုတ်ဖို့ဖြစ်တယ်။ KNU ဗဟိုရဲ့အာဏာချိန်ခွင်ကို ထိုးနှက်ဖြိုခွင်းဘို့ဖြစ်တယ်။ ဒါကြောင့် KNLA ဟာ KNU အုပ်ချုပ်ရာ မိမိနယ်မြေအတွင်း လုံခြုံမှုတာဝန်ကိုယူပြီး ရန်သူရဲ့စစ်ရေး နိုင်ငံရေး ဘာတခုမှလာရောက် အခြေချ ခြေရှုပ်မှုမပြုနိုင်အောင် လုပ်ရမယ့်အစား ရန်သူရဲ့အခြေခံစခန်းတွေဖြစ်မယ့် ဆက်သွယ်ရေးရုံးတွေ လိုက်ဖွင့်ပေးနေမယ်ဆိုရင်တော့ ကိုယ့်လည်ပင်းကိုယ် ကြိုးကွင်းစွပ်နေတာနဲ့အတူတူဘဲ”။
အလားတူဘဲ ခရိုင်ဥက္ကဌရာထူးယူထားတဲ့ ကွယ်ထူးတို့က ပင်လယ်ရေနက်ဆိပ်ကမ်းအတွက်လေ့လာရေး (Survey) အတွက်ရယ်လို့ အကြောင်းပြပြီး KNU ဗဟိုကိုဖြစ်ကြောင်းကုန်စင်အစီရင်မခံဘဲ ရန်သူ့လူ Egress တွေ၊ ကုမ္ပဏီတွေနဲ့ပေါင်းပြီး ကရင့်လယ်မြေတွေဖျက်၊ ကရင်နယ်မြေအတွင်း လမ်းမကြီးတွေဖောက်လို့ ဘိတ်၊ ထားဝယ်ခရိုင်တခုလုံးကို ရန်သူ့လက်ထဲပုံအပ်ရောင်းစားနေတယ်”။


ကရင်ပြည်သူတို့ရဲ့ ရင်တွင်းပဲ့တင်သံများကြားမှ
တမန်တော်ရွှေဥသြ


ဆက်ရန် (မကြာမီမျှော်)

11ReadMore-2.jpg

Template by:

Free Blog Templates