ကျွန်မ တွေးပြီး ရေးတဲ့ ကဗျာ
အမှိုက် မပါအောင်တော့ ရှင်းထားတယ်
ပကတိ ဖြူစင်စိတ်နဲ့
“ သတိမမူ ဂူမမြင် ” . . . တဲ့
အဖြစ်မျိုး . . . မဖြစ်ရအောင်လို့ပေါ့
လူ မျိုးချင်းတူ ခံစားချက်ချင်း တူတဲ့
တစ်မြေတည်းဖွား တိုင်းရင်းသားတွေမို့
လဲနေသူကို . . . ထူ . . . မှားနေသူကို . . . ပြင်
အားနည်းသူကို လိုရာပေးလို့ သွေးချင်း စကား ပြောရအောင်
ရှောင်ရှားသင့်တဲ့ အမှားတွေ
တရားရေမှာ . . . အမြိုက်ဆေးလို့
နောင်တ တရားတွေ မဝေရအောင် မေတ္တာ တရားထားကြပါ
ဆင်းရဲခြင်း တရားက နယ်နှင်ဒဏ်ပေးလို့
မိဘ ရင်ခွင်ရိပ်နဲ့ ဝေးနေကြရတဲ့
ဒို့ အမျိုးသမီးမလေးတွေကို
မင်းတို့ ထင်ကြေးနဲ့တော့
ဇာတ်တူသား မစားစေချင်ဘူး
ဝဋ် . . ဆို . . တာ . . လည် . . တတ် . . တယ်
နိုင်ငံရေးကို မစွမ်းဆောင်နိုင်လည်း
လူမျိုး အရေးတော့ ဖေးကူကြပါ
ကလေးဘ၀က . . . . .
ထိုင်ရာက ထတတ်အောင် သင်ခဲ့ရသလို
ယိုင်နေတဲ့ မင်းတို့ စိတ်ကလေးတွေ
ခိုင်းစေဖို့ သင်ကြားရင်း
အမြင် မမှားအောင် နေကြပါ
သတိ နဲ့ အသိ တူယှဉ်မိရင်တော့
မင်းတို့ လူစင်စစ် ဖြစ်ပြီဆိုတာ မှတ်လိုက်တော့
((( . . . . . အကြောင်းအမျိုးမျိုးကြောင့် ပြည်ပကို ရောက်နေကြရသော
မြန်မာအမျိုးသမီးများအတွက် ကိုယ်ချင်းစာနာတတ်စေဖို့
ရည်ရွယ်ပြီး ဒီကဗျာကို ရေးဖွဲ့ရခြင်း ဖြစ်ပါတယ်ရှင် . . . . . )))
တော်ဝင်နန်း
ပေးပို့လာတဲ့ညီမလေးအားကျေးဇူးတင်ပါတယ်
0 comments:
Post a Comment