Saturday, December 15, 2012
Wednesday, December 12, 2012
ဦးအောင်မင်းနှင့် ဦးစိုးသိန်းအကြောင်း တစေ့တစောင်း
အသိပေးတင်ပြသူ... အပြောင်းအလဲကို လိုလားသော စစ်သားဟောင်းတစ်ဦး။
တိုက်ပုံအင်္ကျီဝတ်ပြီး သူတော်ကောင်းယောင်ဆောင်နေသေ
ပြည်ထောင်စု ၀န်ကြီး - စက်မှု (၁)၊ စက်မှု (၂)၊ MIC ဥက္ကဌ တာဝန်ယူထားသော ဒေါင်းယောင်ဆောင်နေသည့် ကျီးဖြစ်သူ ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ဦးစိုးသိန်း၊ အစိုးရအဖွဲ့ ရှိနေသ၍ တိုင်းပြည်ဖွံ့ ဖြိ
စက်မှု(၂) ၀န်ကြီးဖြစ်စဉ်မှာလည်း စက်မှုဇုန်ကားထုပ်လုပ်ခွင့်
ရွှေးကောက်ပွဲ နီးသည့်အခါ စက်မှုဇုန်ကားလိုင်စင် ထပ်မံချပေးပြီး မဲဆွယ်ခဲ့ပါတယ်။ ရွှေးကောက်ပွဲမှာ စက်မှုဇုန်မှ လုပ်ငန်းရှင်များ၊ အလုပ်သမားများ အရေအတွက် များသည့်အတွက် မဲအရေအတွက် များများရကာ ပြည်ထောင်စု ၀န်ကြီးထပ်မံဖြစ်လာပါသည်။
ဝန်ကြီးဖြစ်လာသည့်အခါ ကျပ် ၁ဝ သိန်းလာဘ်ယူပြီးထုပ်ပေးထားေ
စက်မှုဇုန်များမှ လုပ်ငန်ရှင်များနှင့်ပြည်သူ
နောက်တစ်ခုက တရုပ်ပြည်မှ ကားများကို စက်မှု (၂) မှ ထုပ်၍ရောင်းသည်ဟု ပြောပြီး စက်မှု (၂) တံဆိပ် တပ်ပြီး ရောင်းချသော WAGON ကားများကို တင်သွင်းပေးသည့် ကုပ္မဏီများမှ တစ်စီးလျှင်ဒေါ်လာ (၃၀၀၀) သူ့ အတွက် ပေးရသည့်အတွက် မူရင်းစက်ရုံတွင် မှာယူသည့်အခါ သူ့ အတွက် ပေးရသည် လာဘ်ငွေ ဒေါ်လာ (၃၀၀၀) အတါက်ကို တရုပ်စက်ရုံများမှ Quality လျော့ချပြီး မှာရသည့်အတွက် (၆) လအတွင်း ဂရင်းတိုက်ဂါးများ ပျက်စိးသွား၍ ပြည်သူ ပြည်သားများ နစ်နာ ဆုံးရှုံးခြင်းဖြစ်ပြီး သူ့ ကတော့ ချမ်းသာပြီးရင် ချမ်းသာသွားပါသည်၊ ကားတင်သွင်းခွင့်ပေးတဲ့ ကုန်ပနီတွေကတော့ နံမယ်တွေ ပျက်ပြီး ကျန်ခဲ့တာပေါ့၊ အစီးရေ (၅၀၀၀) သွင်းထားတော့ သူဘယ်လောက်ရမယ်ဆိုတာ တွက်ကြည့်ပါဆိုပြီး တရုတ်ကားတင်သွင်းတဲ့ ကုပ္မ္မဏီမှ ၀န်ထမ်းများက ပြောကြားပါတယ်။ ဒီကိစ္စကို စုံစမ်း စစ်ဆေးရင် အမှန်အတိုင်းပြောကြားမည့်လု
ဦးစိုးသိန်းရဲ့လုပ်ရပ်တွေ၊ ဒုက္ခပေးတာတွေကိုခံစားရတဲ့ စက်မှုဇုန်လုပ်ငန်းရှင်များ
အဆိုးဆုံးတွေထဲမှာတော့ ဒေါ်အောင်ဆန်းစုကြည် ကျွန်းစုမြို့ နယ် မဲသွားဆွယ့်သည့်အချိန်မှာ ဦးစိုးသိန်းက လျှပ်ပြေးယာဉ်မငှားရဟု လုပ်ငန်းရှင်များကို ပြောပြီး ငှားသည့်သူ တစ်ကွေ့ ကွေ့ မှာ ဒုက္ခပေးမယ်၊ မင်းတို ယခင်က ငါးခိုးတာတွေ၊ မှောင်ခိုချတာတွေကို ဖေါ်ထုပ်ပြီး အရေးယူမည် ဟု ခြိမ်းခြောက်သော စကားပြောဆိုသည့်အတွက် လျှပ်ပြေးယာဉ်ပိုင်ရှင်များ
နောက်တစ်ခုက ဆူဇူကီးကုမ္ပဏီ ကို ပညာပြထားပြီး ထုပ်လုပ်ခွင့်ကို တစ်စီးလျှင် လာဘ်ငွေ ဒေါ်လာ (၃၀၀၀) မရသည့်အတွက် ညစ်ထားတာကို တစ်တိုင်းပြည်လုံး အသိဖြစ်ပြီး လွတ်တော်ကနေတဆင့် ထုပ်လုပ်ခွင့်သက်တမ်းတောင်း
ကားတင်သွင်းမှုနှင့်ကိုယ်ကျ
ကားတင်သွင်းခွင့်ကို ကုန်သွယ်ရေးမှ မူ(၆) ခါပြောင်းရတဲ့ အကြောင်းအရင်းကတော့ ကားတင်သွင်းရေး ကော်မတီမှာ နာယက ဖြစ်တဲ့ MIC ဥက္ကဌ ဦးစိုးသိန်းနဲ့ ဦးအောင်မင်းတို့ ရဲ့ မတော်လောဘတွေကြောင့်ပြည်သူေ
သမ္မတကြီးရဲ့ ရည်ရွယ်ချက်က ပြည်သူတွေ သက်သက်သာသာ နှင့် ကားစီးစေချင်တာပါ၊ ယခုအခါမှ ကားတင်သွင်းရေးကော်မတီမှာပါ
ဥပမာ ဦးစိုးသိန်းနဲ့ သမ္မတကြီးကို ပေါင်းညာ ဖို့ သွေးသောက်ဖွဲ့ ထားတဲ့ ကိုအောင်မင်းဆိုပါတော့၊ ကိုအောင်မင်းရဲ့တူတွေသားတွေ
ငြိမ်းချမ်းရေးဆွေးနွေးမှု မအောင်မြင်ရခြင်းရဲ့ ဇစ်မြစ်များ
ဝန်ကြီး ဦးစိုးသိန်းဟာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ လိုက်ပြီး ဂတိတွေပေး အထင်ကြီးအောင် သမ္မတကြီးမှ သူ့ ကို အထူးအာဏာကုန်လွှဲအပ်တယ်၊ ပြန်ပြီး တင်ပြစရာမလိုဘူးလို့ အထင်ကြီးအောင် ပြောပြီး တရားမ၀င် ကားတွေ ကိုလိုင်စင်ပေးမည်ဟု ပြောဆိုစည်းရုံးပြီး မင်္ဂလာဝင်ယူနေပြီး သူဟာ သမ္မတကြီးရဲ့ လူယုံသူလုပ်လျှင်အားလုံး ဖြစ်တယ် ပြောဆိုကတိတွေပေးပြီး နေရာဝင်ယူပါတယ်။ ပြေဆိုလို့ မရတဲ့ DKBA ခွဲထွက်အဖွဲ့  ဗိုလ်ချုပ် နှုတ်ခမ်းမွှေးအဖွဲကိုတော့ ထိုင်းအစိုးရထံ အကူအညီတောင်းပြီး မူးယစ်ဆေးဝါး လုပ်ကိုင်သူတွေ အဖြစ် ချောက်တွန်းပြီး ဒုက္ခပေးခဲ့တယ်။ ထိုင်းအစိုးရအဖွဲကို ရင်းနှီးတဲ့ တစ်ချိန်က ၀ါးလတ်၊ ငါးဖမ်းလှေ ပိုင်ရှင်တွေကတစ်ဆင့် ဆက်သွယ်ပြီး ဒုက္ခပေးခဲ့တဲ့အကြောင်း ဗဟု အဖွဲ့ မှ အစည်းအဝေးတစ်ခုမှာ ဆုံခဲ့တဲ့ ပုဂ္ဂိုလ်တစ်ဦးမှ သတင်းပေးပို့ ခဲ့ပါသည်၊
သွေးသောက်ကြီး ကိုအောင်မင်းကလဲ အရင် ထောက်လှမ်းရေးဟောင်း လို့  မပြောရဘူး။ ထောက်လှမ်းရေးညာဏ်တွေရှိနေတ
ကချင်ကို ခင်ဗျားတို့ သွားစည်းရုံးလိုက်တာလဲ ဖားကန့် မှာ ကျောက်တောင် တူးလို့ မရတော့ဘူး။ စည်းရုံးတယ်ဆိုတာ စက်မှု ၂ က နံမယ်ခံထုပ်တဲ့တရုပ်ကား ၃ စီးလောက်ကို ခေါင်းဆောင်ပိုင်းတွေပေးပြီ
ခင်ဗျားတို့ စည်းရုံးရေးဆင်းခဲ့တဲ့ ဗိုလ်နှုတ်ခမ်းမွေးတို့ အဖွဲ့ လဲ အောက်တိုဘာ ၁၀ရက်နေ့ လောက်တည်းတွေ လမ်းမှာ ဂိတ်ထိုးပြီး ဆက်ကြေးပြန်တောင်းနေတာ ကိုကြည့်ရင် ခင်ဗျားတို့ စည်းရုံးရေး အောင်မြင်လား မအောင်မြင်လား သိသာနိုင်တယ်။ ကိုအောင်မင်းကြီးတိုင်းရင်း
ပြည်တွင်း ငြိမ်းချမ်းရေးကို တကယ်လိုချင်တယ်ဆိုရင် တကယ် ဖေါ်ဆောင်နိုင်ဖို့ အတွက် အပြောနဲ့ အလုပ်တွေ အကုန်ညီမှဖြစ်မယ်။ ပြောနေတာတစ်မျိုး လုပ်နေတာတစ်မျိုးဖြစ် လို့ မရဘူး။ မူရော လူရော ပြင်ဖို့ လိုတယ်။ ဥပမာ အခြေခံအကျဆုံး သဘောတရားလေး ပြောပြမယ်။
မြန်မာတစ်နိုင်ငံလုံး ဒီမိုကရေစီစနစ်နဲ့ ကျင့်သုံးနေပါပြီဆိုပြီးတေ
နဂိုးကတည်းက လူပေလူညစ်အဖြစ်နံမယ်ကြီးတဲ့
ပိုဆိုးတာက ငြိမ်းချမ်းရေး ဆွေးနွေးတဲ့ အစိုးရ ကိုယ်စားလှည် ရွေးချယ်မှု။ သူ့ ထက် အသက်အများကြီးငယ်တဲ့မိုးသီး
ခင်ဗျားပြောတာတွေကလဲ မသိတဲ့သူတွေအတွက်ကတော့ အဟုတ်တွေကြီးဘဲ။ ခင်ဗျား ထောက်လှမ်းရေး ဘ၀တုံးက ဘယ်သူ့ မှ ထောင်မချခဲ့ပါဘူးတဲ့။ အဲဒီတုံးက ခင်ဗျားရထားတဲ့နေရာက ထောင်ချ လို့ မရတဲ့ အဆင့် ဖြစ်နေတယ်ဆိုတာပါ ဆက်ပြောပြသင့်တာပေါ့။
ဒီထက်ပိုပြီးတော့ ပြောပြသင့်တာက ခင်ဗျား တိုင်းမှူးဘ၀တုံးက ကရင်တွေကို အပြတ်ရှင်းခဲ့တဲ့ အကြောင်းကြတော့ ဘာဖြစ်လို့ ချန်ထားတာဘဲဗျ။ အဲဒါတွေ ခင်ဗျားမလုပ်လို့ ဘယ်သူလုပ်ခဲ့တာလဲ။ သူတို့ က ခင်ဗျား ပုဆိုးနဲ့  တိုက်ပုံ ၀တ်လာလို့  အဲဒါတွေ မေ့သွားကြပြီထင်နေလား။
ခင်ဗျား မရှက်ဘူးလားဗျာ ထိုင်းမှာတုံးက ခင်ဗျားကို စာအိတ်ထဲ သေနတ်ကြည်ဆံ လာပေးသွား တယ်ဆိုတာ။ သမ္မတကြီး ကို မျက်နှာရချင်တာနဲ့ ခင်ဗျားလုပ်တဲ့ အလုပ်က ဘဲ အသက်ဘေးတောင် ရှိသလို ဖွလိုက်သေးတယ်။ ဘယ်မှာလဲ အဲဒီသေနတ်ကြည်ဆံ။ ခင်ဗျားကို ဘယ်သူကမှ ကျည်ဆံအကုန်ခံပြီးတော့ ချိန်းချောက်မှာ မဟုတ်ပါဘူး။
ခင်ဗျားနဲ့  ခင်ဗျား သွေးသောက်ကြီး ဦးစိုးသိန်းကတော့ စံပါဘဲဗျာ။ သမ္မတကြီး အထင်ကြီးအောင် အသံကောင်းတွေ ဟစ်ပြ။ ပြီးရင် ပိုရလာတဲ့ အဏာနဲ့ ခွင်တွေ အပြည့်ရိုက်ကြ။ ဦးအောင်မင်းရဲ့ တူ အောင်စိုးသာ ကားအဟောင်းတွေ မဖျက်သိမ်းခင်တုံးက အစီး ရာနဲ့ ချီပြီးတော့ အရင် ၀ယ်ပြီးတော့မှ ဦးစိုးသိန်းက ဥပဒေထုပ်တယ်။ ဘယ်လောက် သိန်းနဲ့ သန်းနဲ့ ချီပြီးတော့ မြတ်ခဲ့ကြလဲဆိုတာ ခင်ဗျားတို့  သမ္မတကြီးကို မပြောပြကြဘူးလား။
ရိုဟင်ဂျာတွေ ဘယ်လိုရောက်လာသလဲ?
သမ္မတရုံး ၀န်ကြီး ဦးစိုးသိန်းမှ ၀င်ရောက်ခွင့်ပေးလို့ ရောက်လာရတာပါ။
ဦးစိုးသိန်း တပ်မတော်ရေတပ်တွင် တာဝန် ထမ်းဆောင်စဉ် ၁၉၉၀ ခုနှစ်မှစပြီး ပင်လယ်ပြင်တွင် ရေတပ် ဂိတ် (၄) ခု စစ်ဆေးရေး ဂိတ်အနေဖြင့် ထားပြီး လှေတစ်စီးကို တစ်ဂိတ် (၂) သိန်း နှုန်း နှင့် (၄ ) ဂိတ်အတွက် ကျပ် (၈) သိန်းပေးပြီး ၀င်ရောက်ခွင့်ရသည့်အတွက် ရောက်ရှိလာကြောင်း ရိုဟင်ဂျာ အဖွဲ့ မှ အတိအလင်းပြောကြားပါသည်။ တာဝန်ရှိသူများ အနေဖြင့် တိုင်းပြည်ကို ဒုကရောက်အောင် မစဉ်းစား မဆင်ခြင်ဘဲ နှင့် လာဘ်ငွေယူပြီး ခြံဝယ် အိမ်ဝယ်နဲ့  တိုင်းပြည်ကတော့ ဒုက္ခရောက်ခဲ့ပါတယ်။
ရေတပ်က အရာရှိအရာခံများကို ဦးစိုးသိန်းကို ကြိုက်မကြိုက် စစ်တမ်းကောက် ကြည့်ရင် ၉၅% က မကြိုက်ဘူး။ ကြိုက်တဲ့ ရာခိုင်းနန်းကလဲ သူ့ ဆွေမျိုးမကင်းတွေ ဘဲဖြစ်လိမ့်မယ်။
ဒါတင်မကဘဲ နာဂစ်ဖြစ်တုန်းကလည်း သူ့ လက်အောက်ရှိ ရေတပ် သင်္ဘောတွေကို လောင်စာဆီတွေ မထုပ်ပေးဘဲ ထားတာကြောင့် နာဂစ်ဖြစ်တဲ့ အချိန်မှာ ရေတပ် သဘောင်္တွေ ဆီမရှိတာကြောင့်နစ်မြုပ်ခြင
ယခုအခါလည်း သူ့ ပိုင်အိမ်ခြံမြေများကို သားတပည့်ဖြစ်သူ မားသားလမ်(န်) ကုပ္မဏီမှ ဦးအောင်မြတ် ဆိုသူကို အားလုံး ရောင်းချခိုင်းပြီး နိုင်ငံခြားတွင် ပို့ ခိုင်းထားကာ သူတော်ကောင်းယောင်ဆောင်ပြီး
နိုင်ငံတော်ကို အကြည်အငြိုပျက်စေသူ
MIC ဥက္ကဌရဲ့ အာဏာကိုယူပြီး တရုပ်ကား ကုပ္မဏီ (၂) ခုကို တစ်စီး ဒေါ်လာ (၃၀၀၀) ယူပြီး တရားမ၀င်တင်သွင်းပြီး စက်မှု (၂) တံဆိပ်တပ်ပြီး ရောင်းတဲ့ တရုပ်ကားတွေကို အခွန်ကင်းလွတ်ခွင့်ရအောင် MIC ခွင့်ပြုမိန့် စီစဉ်ပေးပြီး ကားများကို တစစီဖြုတ်၍ ပြန်လည် တပ်ဆင်ပြီး တရားဝင် ရောင်းချရန် စီစဉ်နေကြောင်း စက်မှု (၁) ၀န်ထမ်းများက သတင်းပေးထားပါသည်၊
ဦးစိုးသိန်းရဲ့ သားတပည့်တစ်ဦးဖြစ်သူ မားသားလင်းဒ် ကုမ္ပဏီ မှ ဦးအောင်မြင့် အသိုင်းအ၀ိုင်းမှ ကြားသိရသည်မှာ သမ္မတကြီးကိုယ်စား ဦးစိုးသိန်းအား လုပ်ပိုင်ခွင့်ပေးထားသော ၀န်ကြီးဌာနများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
၁) စက်မှုဝန်ကြီးဌာန
၂) ရထားပို့ ဆောင်ရေး ၀န်ကြီးဌာန
၃) သတ္တုတွင်းဝန်ကြီးဌာန
၎) ဆောက်လုပ်ရေး ၀န်ကြီးဌာန
၅) ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန
၆) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန
၇) အလုပ်သမား ၀န်ကြီးဌာန
၈) ပို့ ဆောင်ရေး ၀န်ကြီးဌာန
၉) စွမ်းအင်ဝန်ကြီးဌာန
၁၀)ဟိုတယ်နှင့်ခရီးသွား ၀န်ကြီးဌာန
၁၁) စီးပွားကူးသန်း
အဆိုပါ ၀န်ကြီးဌာနများနှင့် ဆက်သွယ်လုပ်ဆောင်လိုပါက အကုန်လုံး ဆက်သွယ်လုပ်ပိုင်ပေးနိုင်မည
မြန်မာနိုင်ငံရင်းနှီးမြုပ်
နိုင်ငံခြားခရီးများတွင် ဦးစိုးသိန်းရဲ့လုပ်ဆောင်ချက
သူ့ ကိုယ်သူ ၁ ၁/
ဘဏ်မတည်ငြိမ်မှု ပြသနာ ရဲ့ အရင်းအမြစ် ကောလဟာလ သတင်းဟာလဲ သမ္မရုံးဝန်ကြီး (၀န်းအန်ဟက်) ၁ ၁/
သမ္မတကြီး၏သားမက်ဖြစ်သူ စင်္ကာပူတွင် ဆေးသွားကုသည်ကို ကန်ဘောဇ ဘဏ်က စပွန်စာ ပေးခဲ့သည့် ကိတ်စကို မကျေနပ်တဲ့အတွက် ယခုလို ပြောကြားသွားခဲ့ခြင်းဖြစ်တယ
နောက်ပိုင်းမှာတော့ ရွေတောင် ဆောက်လုပ်ရေးမှ အောင်ဇော်နိုင်နှင့် ဦးစိုးသိန်း အစည်းအဝေးလုပ် ကြပြီး ကန်ဘောဇ ဘဏ်နှင့် ပတ်သက်သည့် ကောလ ဟာလ အောင်မြင်ကြောင်း ၂ ဦးပြောကြားကြ။
ကိုရီးယားနိုင်ငံကိုရောက်ရှ
လက်နက်များမှာပြီး လွတ်တော် အဖွဲ့ ကို လုပ်ကြံရန် ကြံစည်နေကြောင်းကိုးရီးယား အသိုင်းအ၀ိုင်းမှ ပြောကြားပါသည်။
ဦးစိုးသိန်း (နာဂစ်) ၏ အခြားလုပ်ဆောင်ချက်များ
သူ့ ၏လက်အောက်တွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသော ရေချုပ် ဦးဥာဏ်ထွန်းကို ဒုတိယ သမ္မတ နေရာ မပေးချင်သည်အတွက် ရန်ကုန်တိုင်းဝန်ကြီးချုပ်က
ခဲ့သော ၁ နှစ်ခွဲ ကွာရှင်းထားကြောင်း အတုလုပ်ခိုင်းပြီး ဒုတိယ သမ္မတ
နေရာသို့ ပေးရန် ကြံစည်ခဲ့ပြီး လွတ်တော် ဥကဌ သူရရွေမန်း နှင့် ဦးဌေးဦးတို့ မှ လက်မခံသည့်အတွက် သူတင်သော ဦးမြင့်ဆွေ ဒုတိယ သမ္မတ မဖြစ်ခဲ့ပါ။
ဦးဥာဏ်ထွန်း သာ ဒုတိယ သမ္မတ ဖြစ်ခဲ့သည့်အတွက် နောက်တဖုံ ကြံစည်ပြီး ဒုတိယ သမ္မတရဲ့ လုပ်ပိုင်ခွင့် များ လျော့နည်းလာပြီး သူ၏လုပ်ပိုင်ခွင့်များပိုမျ
ဦးစိုးသိန်းရဲ့ သားနဲ့ သမီး အမေရိကားမှ ကောင်းကောင်နေဖို့ အတွက် ပိုက်ဆံတွေ ရွေ့ ခိုင်းထားတယ်။ တပည့်ဖြစ်သူအောင်မြတ်ကို ရွေတွေ ၀ယ်ခိုင်းပြီး စုဆောင်းခိုင်း နေတာ နောက်ရွေးကောက်ပွဲအတွက် ထုပ်သုံးဖို့ ရန်ပုံငွေရှာနေတာလား။ ထိုင်ဝမ် ထောက်လှမ်းရေး ဒုံးပျံဂျံစက်ကကိုကိုကြီးနဲ
ခင်ဗျားတို့ ဒေါင်းယောင်ဆောင်တဲ့ ကျီးနှစ်ယောက် ဆရာကို အာခံရင် အာခေါင် လှံစူးတတ်တတ်ဆိုတာ မြဲမြဲ မှတ်ထားပါ။ ခင်ဗျားတို့  လာဘ်စားထားနိုင်ခဲ့တဲ့ငွေတေ
ဦးစိုးသိန်းရောဘဲ။ ခင်ဗျား သမီး အမေရိကားမှာ အမေ၇ိကန်နဲ့  အိမ်ထောင်ကျပြီးတော့ အမေရိကားမှာဘဲ နေတာတောင်မှာ ခင်ဗျားက ၁ ၁/၂ သမ္မတကြီး (ခေါ်) သမ္မတရုံးဝန်ကြီး တက်ဖြစ်နိုင်သေးရင် ဒေါ်အောင်ဆန်းစုကြည် သမ္မတရွေးဖို့ ကျတော့ ဥပဒေက ဘာဖြစ်တယ် ညာဖြစ်တယ် လုပ်နေတာလဲဗျာ။ ဘာလဲ ဥပဒေကဘဲ ၂ မျိုး ပြဌန်းထားလို့ လား။
ဦးစိုးသိန်းနဲ့ ဦးအောင်မင်းတို့ နှစ်ယောက် အင်တာဗျူးတွေမှာ ရွန်းရွန်းဝေအောင် ပြောတာထက်စာရင် ကိုယ့်ဖာသာကိုယ်
- ကိုယ့်အတွက် အလုပ်အလုပ်နေကြတားလား
- တိုင်းပြည်အတွက် အလုပ်လုပ်နေကြတာလား
- သမ္မတကြီးကို လိမ်ဖို့ အလုပ်လုပ်နေကြတာလား
အရင်ဆုံး သေချာအောင် ပြန်စဉ်းစားကြည့်ကြစဉ်းပါအံ
အစိုးရက ပြုပြင်ပြောင်းလဲရေးတွေ တကယ်လုပ်ချင်တယ်ဆိုရင် တစ်ခြားဝန်ကြီးတွေ ဖယ်သလို ဒီလိုလူမျိုးတွေကို ဖယ်ဖို့ သင့်ပြီ။
ဒီထက်ပိုဖြစ်သင့်တာက ကာယကံရှင်ဖြစ်တဲ့ ခင်ဗျားတို့ တွေမှာ တိုင်းပြည်ကို တကယ်ကောင်းစေချင်တဲ့စေတနာေ
ခင်ဗျားတို့  ရှိတာနဲ့ လဲ ခင်ဗျားတို့ မိသားစုတွေ နောက် ၁၀ သက် စားမကုန်ပါ ဘူးဗျာ။
တိုင်းပြည်နဲ့  ပြည်သူတွေမျက်နှာကို ငှဲ့ ပါအုံး။
အသိပေးတင်ပြသူ...
အပြောင်းအလဲကို လိုလားသော စစ်သားဟောင်းတစ်ဦး။
Yamoun Nar Facebookမှ ကူးယူသည်။
Saturday, December 8, 2012
Sunday, December 2, 2012
သံဃာတော်တွေကို အကြမ်းဖက်ခဲ့တဲ့ အစိုးရလုပ်ရပ် DKBA ရှုံ့ချ(RFA)
2012-12-01
နိုဝင်ဘာလ ၂၉ရက်နေ့ မုံရွာခရိုင် လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းရပ်တန့်ရေး သပိတ်စခန်းဖွင့်ပြီး ဆန္ဒပြခဲ့ကြတဲ့ သံဃာတော်တွေကို အစိုးရတာဝန်ရှိသူတွေက အကြမ်းဖက် ဖြိုခွဲခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး DKBA စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးဆန်းအောင်က မနေ့က ကန့်ကွက်လိုက်ပါတယ်။၂ဝဝ၇ ရွှေဝါရောင်အရေးအခင်းတုန်းက မိမိတို့ လက်ပိုက်ကြည့်နေခဲ့ရပေမဲ့၊ ၂ဝ၁၂လက်ပန်းတောင်းတောင်အရေးမှာ တာဝန်ရှိသူတွေကို အစိုးရက အရေးမယူဘူးဆိုရင် ငြိမ်းချမ်းရေးကိစ္စကိုပါ ထိခိုက်လာနိုင်ကြောင်းလည်း ဗိုလ်မှူးကြီးဆန်းအောင်က ပြောပါတယ်။
တိုင်းရင်းသား မဟာမိတ်အဖွဲ့တွေအနေနဲ့လည်း ဒီကိစ္စအပေါ် ခွင့်လွှတ်နိုင်ကြမှာ မဟုတ်ဘူးလို့မြင်ကြောင်းလည်း ဗိုလ်မှူးကြီးဆန်းအောင်က ပြောကြားခဲ့ပါတယ်။
Sunday, October 14, 2012
KNU ခေါင်းဆောင် ပဒိုဒေးဗစ်ထော ကွယ်လွန်
Monday, October 8, 2012
ဗိုလ်ချုပ်မူးတူးစေးကို ထုတ်ပယ်ရခြင်းနှင့် ပတ်သက်၍.........
အဲခေါင်သောင့် at 10:04 AM တစ်ဆင့်ပြန်လည်ကူးယူဖေါ်ပြသည် ကေအဲန်ယူဝင်တိုင်း လိုက်နာလုပ်ဆောင်ရမည့်စည်းကမ်းသတ်မှတ်ချက်များ- ကေအဲန်ယူအဖွဲ့ဝင်တိုင်း လိုက်နာရမည့်စည်းကမ်းဆိုသည်မှာ- (၁) အဖွဲ့အစည်း အထွေထွေလုပ်ငန်းစဉ် (သို့) ဖွဲ့စည်းပုံအခြေခံဥပဒေမှ ကင်းကွာသော လုပ်ကိုင်မှု။ စည်းမျဉ်းစည်းကမ်းနှင့် မကိုက်ညီသော လုပ်ကိုင်မှု။ အဖွဲ့အစည်းပေါ် တာဝန်ခံ ရပ်တည်မှုမရှိခြင်း၊ စည်းအဝေးဆုံးဖြတ်ချက်များနှင့် သဘောထားများအပေါ် အာမခံခြင်း။ မရပ်တည်မလုပ်ဆောင်ခြင်း။ သီးခြင်းဝါဒ။ဂိုဏ်းဂန၀ါဒ။ အချောင်းသမားဝါဒများကို သက်ရောက်စေသော လုပ်ဆောင်ခြင်း။ အဖွဲ့ဝင် အချင်းချင်း ဂုဏ်သိက္ခာ ပျက်ပြားအောင်ပြောဆိုခြင်း ပြုလုပ်ခြင်းများနှင့်.... (၂) တော်လှန်ရေးကို ဘမ်းပြ ကိုယ်ကျိုးရှာမှုများ။ အကျင့်စာရိတ္တပျက်ပြားခြင်းများ (ကာမဂုဏ်လိုက် စားခြင်း သောက်စားမူးယစ်ခြင်း။ တလင်တမယားစနစ်ကို ဆန့်ကျင်ဘက်ပြုလုပ်ခြင်း။ လောင်းက စားမှုများ)တာဝန်ပျက်ကွက်ခြင်း။ အဂတိလိုက်စားခြင်း။ အချောင်းသမားဝါဒ အလွန်အကျွံဒီမိုကရေစီဝါဒ။ အလွန်အကျွံသာတူညီမျှမှုများကို ရှောင်ကြဉ်တိုက်ဖျက်သွားရမည်ဟုဆိုထားပါသည်။။ မှတ်ချက်။။ ဤစည်းမျဉ်းစည်းဥပဒေများသည် ကေအဲန်ယူအဖွဲ့ဝင်တိုင်း လိုက်နာရမည့်စည်းကမ်းဖြစ်ပြီး ကေအဲန်ယူခေါင်းဆောင်များက စည်းမျဉ်စည်းကမ်းများကိုအာမခံပြီး တာဝန်ယူဆောင်ရွက်ရမည်။ ဗိုလ်ချုပ်ကြီး မူတူစေးဖိုး၏ တာဝန်နှင့်ဝတ္တရား လက်ရှိတာဝန်မှ ရပ်စဲခံလိုက်ရသော ကေအဲန်အယ်(လ်)အေစစ်ဦးစီးချုပ်ဗိုလ်ချုပ်ကြီးမူတူစေးဖိုးသည် ကေအဲန်ယူမှ ချမှတ်ထားသော မူ၊ လမ်းစဉ်နှင့်စည်းမျဉ်းစည်းကမ်းများကို တာဝန်ခံ တာဝန်ယူ ဆောင်ရွက်ရ သော ခေါင်းဆောင် တစ်ဦဖြစ်ပြီး စစ်ဦးစီးချုပ်တာဝန်ယူနေသော တပ်ဘက်ဆိုင်ရာ အကြီးဆုံး ခေါင်းဆောင် တစ်ဦးဖြစ်သည်။ ဖြစ်ရပ်မှန်အခြေအနေကို သုံးသပ်ချက်(၁) မြန်မာအစိုးရမှငြိမ်းချမ်းကမ်းလှမ်းချက်အပေါ် ကေအဲန်ယူအဖွဲဏ္ဍအစည်းကြီးမှ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရန် သဘောထားရှိသည့်အတိုင်း ဗဟိုကော်မတီအစည်းအဝေးကိုခေါ်ယူပြီး ဦးသိန်းစိန်အစိုးရနှင့် အပစ်အခတ် ရပ်စဲကာ နိုင်ငံရေးဆွေးနွေးရန် သဘောတူဆုံးဖြတ်ချက်ရရှိခဲ့သည်။။ွှ ဤသဘောတူညီချက်အတိုင်း ငြိမ်းချမ်း ရးလုပ်ငန်းစဉ်ကို အကောင်အထည်ဖော်ရန် ကော်မတီဖွဲ့စည်းတာဝန်အပ်နှင်းပြီး ဤက်ာမတီ ငြိမ်းချမ်း ရေး ဆောင်ရွက်ချက်များကို ကေအဲန် ယူ အလုပ်အမှုဆောင်မှ ကြီးကြပ်ကွပ်ကဲရန် တပါးတည်းဆုံးဖြတ်ချက် ချနိုင်ခဲ့ပါသည်။ ဗိုလ်ချုပ်ကြီးမူတူးစေးဖိုး၏ ကေအဲန်ယူ လမ်းစဉ်၊ မူနှင့် စည်းမျဉ်းစည်ကမ်းချက်များကို ဆန်ဏ္ဍကျင်သည့်လုပ်ရပ်များ- ပထမတစ်ကြိမ်- ကေအဲန်ယူထိပ်ပိုင်းခေါင်းဆောင်များ၏ အဆိုရ ဗိုလ်ချုပ်ကြီးမူတူစေးဖိုးသည်ပထမဆုံးအကြိမ် ပြည်နယ် အဆင့်တွေ့ဆုံဆွေးနွေးပွဲတွင် “အပစ်ခတ် ရပ်စဲရေးသဘောတူညီချက်ကို” ကေအဲန်ယူ ဗဟိုမှ လုပ်ပိုင်ခွင့် အာဏာ (Mandate)မပေးသည့်ကြားမှ လက်မှတ်ရေးထိုးခဲ့သည်။ ကေအဲန်ယူထိပ်ပိုင်း ခေါင်းဆောင်များ အဆိုရ လက်မှတ်ရေးထိုးမည့်ဆဲဆဲ လက်မှတ်မထိုးရန် အတန်တန်သတိပေးခဲ့သည်ဟုဆိုထားသည်။ ဤဖြစ်စဉ်ကို သုံးသပ်ခြင်းအားဖြင့် ဗိုလ်ချုပ်ကြီးမူတူစေးဖိုးသည် သူအထက်တွင် မည်သူမျှမရှိစေရဟု ဆိုလို ခြင်းဖြစ်သည်။ တနည်းအားဖြင့် အာဏာရှင်ဆန်သောလုပ်ရပ်ဖြစ်သည်။ အပြင်းထန်ဆုံးစွပ်စွဲရလျှင် အပစ်ခတ် ရပ်စဲရေးကို နာရီအနည်းငယ်သာ ဆွေးနွေးပြီးလက်မှတ်ရေးထိုးခြင်းကို ထောက်ရှုခြင်းအားဖြင့် ရန်သူနှင့် လျို့ဝှက်စွာ ဆွေးနွေးမှုများရှိနိုင်သည့်ဟု ကောက်ချက်ချလိုရပါသည်။ (၁) စည်းကမ်းဖောက်ဖျက်ခြင်း(၁) - ဗိုလ်ချုပ်ကြီးမူတူးစေးဖိုးသည် ကေအဲန်ယူ အဖွဲ့ဝင်တိုင်း လိုက်နာ ရမည့် စည်းမျဉ်းစည်းကမ်းများဖြစ်သည့် အဖွဲ့အစည်း၏ အထွေထွေလုပ်ငန်းစဉ် (သို့) ဖွဲ့စည်းပုံ အခြေ ခံဥပဒေမှ ကင်းကွာသော လုပ်ကိုင်မှု။ စည်းမျဉ်းစည်းကမ်းနှင့် မကိုက်ညီသော လုပ်ကိုင်မှု၊ အဖွဲ့ အစည်းပေါ် တာဝန်ခံ ရပ်တည်မှုမရှိခြင်း၊ ဤစည်းအဝေးဆုံးဖြတ်ချက်များနှင့် သဘောထားများအပေါ် အာမခံခြင်း၊ မရပ်တည်မလုပ်ဆောင်ခြင်း။ သီးခြင်းဝါဒ။ဂိုဏ်းဂန၀ါဒ။ အချောင်းသမားဝါဒများကို သက် ရောက်စေသော လုပ်ဆောင်ခြင်း။ အဖွဲ့ဝင်အချင်းချင်း ဂုဏ်သိက္ခာ ပျက်ပြားအောင်လုပ်ဆောင်ခြင်းကို ကျူးလွန်ခဲ့သည်။ ဤလုပ်ရပ်သည် ပထမအကြိမ်ကျူးလွန်သော အမှုကိစ္စဖြစ်သည်။ သို့သော်လည်းဘဲ မိခင်ကေအဲန်ယူ ခေါင်းဆောင်များသည်ကရင်ပြည်သူလူထုမျက်နှာကို ထောက်ထားသနား သော အားဖြင့်သော် လည်းကောင်း။ အမျိုးသားသွေးစည်းညီညွတ်ရေးကို ရှေရှုခြင်းအားဖြင့်သော်လည်းကောင်း သိုသိုသိပ် သိပ် ပညာရှိရှိ ဖြေရှင်းနိုင်ခဲ့သည်။ ဖြစ်ရပ်မှန်အခြေအနေကို သုံးသပ်ခြင်း(၂) နှစ်ပေါင်း (၆၃)နှစ်ကြာဆင်နွဲခဲ့သော တော်လှန်ရေးကြီးကို နာရီအနည်းငယ်မျှ ဆွေးနွေးပြီးအပစ်ခတ် ရပ်စဲရေး သ ဘော တူ လက်မှတ်ရေးထိုးပြီးသည့်နှင့် တပြိုက်နက်တည်း ကမ္ဘာအရပ်ရပ်မှရှိသော ကရင်အမျိုး သားများ လွန်စွာမှ စိတ်မကောင်းဖြစ်ရသည်။ အကြောင်းမှာ ကရင်အမျိုးသားများ. ဆင်နွဲ ခဲ့ သော တော်လှန်ရေးဂုဏ်ရောင်ကို ကျဆင်းစေခဲ့ခြင်ကြောင့်ဖြစ်သည်။ နိုင်ငံတကာမှလည်း မြန်မာ ပြည်အပေါ်ပိတ်ဆို့ထားမှုများကို ချက်ချင်းလျှော့ချခဲ့သည်။။ နိုင်ငံခြားတွင် ကရင့်အမျိုးသားများအတွက်လှုပ်ရှားနေသော“ကေ ခေါ် ခေ”အဖွဲ့အစည်းများအတွက်လည်း စိတ်ဓါတ် လျော့ကျစေခဲ့သည်။ ဤသို့ ကျဆင်းနေသော ကေအဲန်ယူ. ဂုဏ်သိက္ခာကို ပြန်လည်အဖတ်ဆည်ရန် မူအပေါ်ရပ်တည် သည့်ခေါင်းဆောင်များမှ အဖွဲ့အစည်းညီညွတ်မှုကို ဦးထိပ်ထားပြီး သဘောထားကြီးစွာ ခွင့်လွတ် နားလည် သဘောတူခဲ့ကြသည်။။ ဒုတိယတစ်ကြိမ် တတိယအကြိမ် ဦးသိန်းစိန်အစိုးရနှင့် တွေဆုံဆွေးနွေးပွဲလုပ်ရန် ကျင့်ဝတ်စည်းကမ်း။ တပ်အပြောင်း အရွှေ့လုပ်ရန် ဆွေးနွေးတိုင်ပင်မှုများသည် အဖွဲ့အတွင်း သဘောထားကွဲလွဲမှုများရှိခဲ့သည်။။ သိုသော်လည်းဘဲ ကေအဲန်ယူအဖွဲ့အစည်းသည် ဒီမိုကရေစီ ကျင့်စဉ်များနှင့် အညီ ဆောင်ရွက်သည့်အလျှောက် အများသဘောတူ ကျင့်ဝတ်စည်းကမ်း တပ်အပြောင်းအရွှေ့များကို ဆွေးနွေးတိုင်ပင်ပြီး တတိယ အကြိမ်သွားရောက်ဆွေးနွေးခဲ့သည်။။ ဤရီးစဉ်တွင်ဗိုလ်ချုပ်ကြီးမူတူး စေးဖိုးသွား ရောက်ရန်အစီအစဉ်ရှိသောလည်း ဆွေးနွေးမည့် သဘောတူညီချက်များကို သဘောမတူသည့်အတွက် သွယ်ဝိုက် သော နည်းများဖြင့် နှောက်ယှက်ခဲ့သည်။ ပြစ်မှုကျူးလွန်ခြင်း (၂) တတိယအကြိမ်အစိုးရနှင့်တွေ့ဆွေးနွေးပွဲအပြီးငြိမ်းချမ်းရေးဖြစ်စဉ်များအပေါ် ပြန်လည်သုံးသပ်ချက် ကေအဲန်ယူအရေးပေါ်ဗဟိုကော်မတီကို ခေါ်ယူရာတွင် ဗိုလ်ချုပ်ကြီးမူတူးစေးဖိုး နှင့် အခြားသော ဗဟိုကော်မတီတချို့မှ အစည်းအဝေးကို မတတ်ရောက်ခဲ့ပေ။ ဗိုလ်ချုပ်ကြီးမူတူစေးဖိုး နှင့်ပဒိုဒေးဗစ် ထော၏အဖွဲ့ အစည်း မဆန်သောလုပ်ရပ်အပေါ် တတ်ရောက်လာသော ဗဟိုကော်မတီ များ၏သ ဘော ထားစုစည်းကာ ခေါ်ယူမေးမြန်းတွေ့ဆုံရန် အလုပ်အမှုဆောင်ကော်မတီသို့ တာဝန်လွဲ အပ်ခဲ့ သည်။။ အလုပ်မှုဆောင်မှ ပထမအကြိမ် တွေ့ဆုံမေးမြန်းရန် ခေါ်ဆိုရာတွင် မတတ်ရောက်ခဲ့ပေ။ ဒုတိယ အကြိမ် အလုပ်အမှုဆောင်အစည်းအဝေးခေါ်ယူပြီး ထပ်မံတွေ့ဆုံမေးမြန်းခေါ်ဆိုရာတွင် မတတ်ရောက် သည့်အပြင် ဂိုဏ်းဂနဆန်ဆန် တပ်မဟာအချို့မှ ခေါင်းဆောင်များခေါ်ယူပြီး အစည်း အဝေးလုပ်ကာ ကေအဲန်အလ်အေ ဗဟိုဆက်ဆံရေးရုံးဖွင့်လှစ်ရန် ဖားအံ့မြို့သို့ထွက်ခွာသွားသည်။ ဗဟိုဆက်သွယ်ရေးရုံးမဖွင့်လှစ်ရန် ကေအဲန်ယူဗဟိုမှ ၄င်းတို့မှာ အစီအစဉ်ရှိသည်၊ မသွားရောက် ဖွင့်လှစ်ရန် တားမြစ်ခဲ့သည်။ ဤသည်ကို လိုက်မနာဘဲ ထွက်ခွါသွားခဲ့သည်အတွက် ဗဟိုမှ ထုတ်ပြန် ကြေညာချက် ထုတ်ခဲ့ရသည်။။ ဤဖြစ်စဉ်ကိုကြည်ခြင်းအားဖြင့် ဗိုလ်ချုပ်ကြီးမူတူးစေးဖိုးသည် ဗဟို အမိန့်ကို ဆန့်ကျင့်ကာ အာဏာထူထောင်သည့်လုပ်ရပ်များကို လုပ်ဆောင်လာလေသည်။ ဤသည် ကို အရေးမယူလျှင်ကေအဲန်ယူအဖွဲ့ကို မည်သူတစ်ဦးတစ်ယောက်မှ အလေးထား တော့မည်မဟုတ်သည့် အတွက်ကတစ်ကြောင်း၊ တော်လှန်ရေး ပျက်စီးမည့်ကိန်းဆိုက်နေသည့်ကတစ်ကြောင်း၊ ကရင်အမျိုးသား များ၏ လာမည့်အနာဂတ်အတွက် မတွေးဝံ့သည့်တို့အတွက် ကေအဲန်ယူ၏ မူ၊ လမ်းစဉ် နှင့် စည်းမျဉ်းစည်းကမ်းများအတိုင်း အရေးယူဆောင်ရွက်ခဲ့ရသည်ဖြစ်သည်ဟုသုံးသပ်ရသည်။ ဤဖြစ်စဉ်များကို ဖော်ပြရာတွင် ကေအဲန်ယူကို ပြိုကွဲစေချင်သည့်ဆန္ဒလုံးဝမပါရှိဘဲ ကရင်တစ်မျိုး သားလုံးအနာဂတ်တွက် လုပ်သင့်လုပ်ထိုက်လို့ ရေးသားလိုက်ရပါကြောင်း တင်ပြလိုက်ရပါသည်။ “မူနှင့် လူကို ရှင်းရှင်းလင်းလင်းခွဲခြားတတ်ရန်လိုပါသည်။။” ကိုးဒီသွေးမှ ကူးယူသည်
Sunday, September 16, 2012
ဝန်ကြီးမောင်ဦး ဆဲရေးတိုင်းထွာလူကြီးမဆန်ခြင်းသတင်း

ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ၀န်ကြီးဟောင်း ဦးမောင်ဦး စည်းရုံးရေးခရီးစဉ်တွင် ပြည်သူများကို ရိုင်းပြစွာ ဆက်ဆံ
Written by မိုးဇော် Sunday, 16 September 2012 16:16
ရခိုင်ပြည်နယ်သို့ စည်းရုံးရေး ခရီးစဉ်ဖြင့်ရောက်ရှိလာသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ပြည်ထဲရေးဝန်ကြီးဟောင်း ဦးမောင်ဦးသည် ရသေ့တောင်ခရီးစဉ်အတွင်း ပြည်သူများကို ဆဲဆိုကြိမ်းမောင်းကာ ရိုင်းပြစွာ ဆက်ဆံခဲ့ကြောင်း သတင်းရရှိသည်။
စက်တင်ဘာလ (၁၆) ရက်နေ့ နံနက် (၁၀)နာရီ(၁၅)မိနစ် အချိန်တွင် ပြည်ထဲရေးဝန်ကြီးဟောင်း ဦးမောင်ဦးသည် ရသေ့တောင် ဆိပ်ကမ်းသို့ အရပ်ဖက်သုံး အမြန်ရေယာဉ်တစ်စီးနှင့် ရောက်ရှိလာစဉ် ဆိပ်ကမ်းတွင် ကြိုနေသူများထဲမှ ဒေသခံတစ်ဦးက ဖုန်းဖြင့် မှတ်တမ်းဓါတ်ပုံရိုက်ယူခဲ့ခြင်းနဲ့ ပတ်သက်၍ ကြိုဆိုသော ဒေသခံများအား ကြမ်းကြုတ်သောစကားလုံးများနှင့် ဆဲဆိုခဲ့ကြောင့် သိရသည်။
" ဦးမောင်ဦးဟာ စပီးဘုတ်နဲ့ လာမယ်ကြားလို့ ဆိပ်ကမ်းမှာ ရဲတွေ၊ မြို့နယ်မှူး၊ စခန်းမှူး၊ ဒုတပ်ကြပ်၊ တပ်ကြပ်ကြီးနှင့် လူထုတွေက ကြိုဆိုနေကြတယ်။ အဲဒါကို လာပြီးတော့ အစအနမရှိဘဲနဲ့ ဆဲဆိုပါတယ်။ ဦးမောင်သောင်းဆိုတဲ့ ပုဂ္ဂိုလ်က ဦးဝေကျန်အောင်ဆိုတဲ့ ပုဂ္ဂိုလ်ကို ဓါတ်ပုံရိုက်ပါတယ်။ ဦးမောင်ဦးဟာ ငါ့ကို ဘာကြောင့် ဓါတ်ပုံရိုက်တာလဲ။ ဘယ်သူ့အာဏာနဲ့ ရိုက်ခိုင်းတာလဲ။ ဒီလူကို ဖမ်းပေးပါ။ မင်းတို့က ဘယ်ကောင်လဲ။ မင်းတော့ ဒီလိုလုပ်လို့ရမလား။ ဟေး ရဲတွေ ဒီကိုလာ ဒီကောင်ကိုဖမ်းပေးပါ။ သင်္ဘောဆိပ်ကမ်းဘေးမှာ ဦးထွန်းသာစိန် အသုဘရှိပါတယ်။ အသုဘမှာလည်း လူတွေအများကြီးရှိပါတယ်။ လူများတဲ့ဘက်ကိုလှည့်ပြီးတော့ အရုပ်ဆိုးတဲ့ စကားလုံးများကိုသုံးပြီး ဆဲဆိုပါတယ်။ ကျနော်ကလည်း အသုဘမှာရှိပါတယ်။ အပြင်ကိုထွက်ပြီးတော့ ကျနော်က ဦးမောင်ဦးကို တောင်းပန်ပါတယ်။ လူကြီးတစ်ယောက်အနေနဲ့ အဲလိုမပြောပါနဲ့ ဒီမှာလဲ အသုဘဖြစ်နေပါတယ်။ အသုဘဖြစ်တဲ့အတွက် လူတွေကလည်း စိတ်ညစ်နေကြပါတယ်။ အဲလိုမျိုးပြောလိုက်တော့ ဦးမောင်ဦးဟာ နည်းနည်း ထိန်းသိမ်းသွားပါတယ်။ ပြဿနာကတော့ ထပ်ပြီးတော့ မဖြစ်ပါဘူး။ ဦးမောင်သောင်းဖုန်းကိုတော့ သိမ်းထားလိုက်ကြပါတယ်။ " ဟု ရသေ့တောင် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးလှမောင်သိန်းက အခုလို အာရ်ကန်တိုင်းမ်စ်ကို ပြောသွားပါတယ်။
ဦးမောင်ဦး အရုပ်ဆိုးစွာ ကြိမ်းမောင်း ဆဲဆိုသွားတဲ့အပေါ်မှာ ရသေ့တောင် လူထုအနေနဲ့ ဦးမောင်ဦးအပေါ်မှာ ဘယ်လိုသဘောထား ရှိနေကြသည်ကို ဆက်လက်ပြီး ဦးလှမောင်သိန်းက ပြောသွားသည်။
" လူကြီးတစ်ယောက်ဖြစ်ပြီးတော့ အရုပ်ဆိုးစွာ လူကြားမကောင်းတဲ့ အသံမျိုးနဲ့ ဆဲဆိုသွားတာဆိုတော့ ရသေ့တောင် ပြည်သူလူထုအနေနဲ့ အရမ်းစိတ်မကောင်းဖြစ်ကြတာပေါ့။ အံ့သြသွားကြတာပေါ့။ ဒီလိုမျိုးမဖြစ်သင့်ပါဘူး။ လူကြီးအင်္ဂါရပ်နဲ့ မညီညွတ်ပါဘူး။ " ဟု သိရသည်။
ဦးမောင်သောင်းက တကယ်တမ်းရိုက်သောဓါတ်ပုံမှာ ဦးမောင်ဦးမဟုတ်ဘဲ ဦးမောင်ဦးဘေးမှာ ထီးမိုးပေးသော ဦးဝေကျန်အောင်ဖြစ်သည်ကို သိရပြီး သူတို့နှစ်ယောက်မှာ သူငယ်ချင်းတွေဖြစ်ကြပြီး ရဲသားဘဝမှ နုတ်ထွက်သွားကြသော ပုဂ္ဂိုလ်များလည်းဖြစ်သည်ကို ဦးလှမောင်သိန်း ပြောပြချက်အရ သိရသည်။
" ကျနော်တို့က ဘာလုပ်လို့ရမှာလဲဗျာ။ သူတို့တွေက အာဏာရှင်ဖြစ်တယ်လေ။ သူ့လက်ထဲမှာပဲ အာဏာပါဝါ အပြည်ညအဝရှိပါတယ်။ အမှန်ကိုပြောရင် မကောင်းမြင်မှာစိုးရိပ်ရပါတယ်။ ကျနော်တို့ရခိုင်တွေက ကျွန်ဖြစ်ပါတယ်။ ကျွန်က သခင်ကို လုပ်လို့မရဘူးလေ။ " ဟု ဦးမောင်ဦး ဆဲဆိုသံကို ကြားလိုက်ရတဲ့ သင်္ဘောဆိပ်ကမ်းမှ မိုးပုလဲ လက်ဖက်ရည်ဆိုင်ပိုင်ရှင် ဦးမောင်သန်းတိန်က သူ့ရဲ့ သဘောထားကို ပြောသွားသည်။
Thursday, September 13, 2012
Wednesday, September 12, 2012
KKO ဗဟိုကော်မတီဝင် နှစ်ဦး တာဝန်မှ ယာယီရပ်ဆိုင်းခံခဲ့ရ

KKO ဗဟိုကော်မတီဝင် နှစ်ဦး တာဝန်မှ ယာယီရပ်ဆိုင်းခံခဲ့ရ
စက်တင်ဘာလ ၁၂ရက်၊ ၂၀၁၂ခုနှစ်။ နန်းသူးလေ (ကေအိုင်စီ)
ကလို့ထူးဘောကရင်အစည်းအရုံး(KKO)၏ နာယက ဗိုလ်ချုပ်စောလားပွယ်က အနာဂတ် နိုင်ငံရေးလုပ်ငန်းစဉ်များကို တရားဥပဒေနှင့်အ ညီ ရှေ့ဆက်လုပ်ဆောင်သွားရန် KKO ဥက္ကဌနှင့် အထွေထွေအတွင်းရေးမှူးတို့အား စက်တင်ဘာလ ၁၁ရက်မှစတင်၍ တာဝန်မှ ယာယီ ရပ်ဆိုင်းလိုက်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။
KKO ကို နိုင်ငံတော်မှ အသိအမှတ်ပြုပြီး တရားဝင်မှုရှိစေရေး ပါတီမှတ်ပုံတင်ရန် လိုအပ်ရာတွင် ဗဟိုကော်မတီဝင် နှစ်ဦး ဖြစ်သည့် ဥက္ကဌ မန်းရောဘတ်ဘဇန်နှင့် ဦးသောမတ်(ခေါ်)စောဂုဏ်အောင်တို့သည် ပြည်ပနိုင်ငံသား ခံယူထားခြင်း၊ အဖွဲ့အစည်း၏ မူဘောင်များကို ကျော်လွန်၍ လုပ်ဆောင်မှု ပြုနေခြင်းတို့ကြောင့် အဖွဲ့၏ဥပဒေအရ ရပ်ဆိုင်းလိုက်ရခြင်းဖြစ်ကြောင်း KKO နာယက ဗိုလ်ချုပ်စောလားပွယ် (ဗိုလ်နှုတ်ခမ်းမွှေး)က ပြောသည်။
ဗိုလ်ချုပ်စောလားပွယ်က “တရားဥပဒေအပေါ်မှာပဲ အခြေခံပြီး လုပ်လိုက်တာပါ။ ဘယ်သူကမှလည်း ဥပဒေကို လွန်ဆန်လို့ မရပါဘူး။ ဒါကြောင့် လုပ်သင့်တဲ့အတွက် ဒီလိုထုတ်ပြန်လိုက်တာပါ။ အများပြည်သူရဲ့ လိုအင်ဆန္ဒနဲ့ သဘောထားတွေအရလည်း လုပ်ဆောင်ရ တာပဲ ဖြစ်ပါတယ်”ဟု ကေအိုင်စီသို့ ပြောသည်။
ဗိုလ်ချုပ်စောလားပွယ်၏ ထုတ်ပြန်ကြေညာချက်ထဲတွင် ယခုနှစ် စက်တင်ဘာလ ၈ရက်နေ့ ဆုံဆည်းမြိုင်ကျေးရွာ၌ မန်းရောဘတ်ဘဇန် နှင့် ဦးဂုဏ်အောင်တို့ တာဝန်ခံပြုလုပ်သည့် ကျေးနယ်အဆင့် လူထုရွေးချယ်တင်မြှောက်ပွဲတွင် သဘောမမျှမှုကြောင့် ခိုက်ရန်ဖြစ်ပွားခြင်း၊ သေနတ်ပစ်ဖောက်ခြင်းများ ဖြစ်ခဲ့၍ နဂိုရှိပြီးသား တည်ငြိမ်မှု ပျက်ပြားခဲ့ရကြောင်းလည်း ဖော်ပြထားသည်။
၎င်းကိစ္စနှင့် ပတ်သက်၍ အမည်မဖော်လိုသူ KKO ဗဟိုကော်မတီဝင်တဦးက “ကျေးနယ်အဆင့် အုပ်ချုပ်မယ့် လူကြီးရွေးကောက်ပွဲမှာ ဒေသခံတွေက ရွေးချယ်လိုက်တဲ့ လူကြီးအသစ်ကို အရင်အုပ်ချုပ်တဲ့ လူကြီးအဟောင်းက နေရာမပေးချင်ဘူးလေ။ ဖြစ်ချင်တော့လည်း ကျေးရွာကာကွယ်ရေးအတွက်ဆိုပြီး သူ့ကို လက်နက်အနည်းငယ် ပေးထားတာ ရှိတယ်။ အဲဒါ သူက နေရာမဖယ်ပေးချင်လို့ ပစ်ခတ်မှု အနည်းငယ် ဖြစ်သွားတာပါ”ဟု ပြောဆိုသည်။
တစ်ဆက်တည်း၌ပင် မန်းရောဘတ်ဘဇန်နှင့် စောဂုဏ်အောင်တို့သည် စက်တင်ဘာလ ၉ရက်နေ့က ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ကျင်းပ ပြုလုပ်သည့် အစည်းအဝေးပွဲတစ်ခုသို့ ၎င်းတို့နှစ်ဦးသဘောဖြင့် သွားရောက်ခဲ့ခြင်းမှာ တရားဥပဒေကို မလိုက်နာခြင်းဖြစ်သောကြောင့် တာဝန်မှ ယာယီရပ်ဆိုင်းလိုက်ခြင်းဖြစ်ကြောင်းလည်း KKO ကြေညာချက်တွင် ပါရှိသည်။
၎င်းထုတ်ပြန်ချက်နှင့်ပတ်သက်၍ တာဝန်မှ ယာယီ ရပ်ဆိုင်းခံရသူ KKO ဥက္ကဌ မန်းရောဘတ်ဘဇန်က “အသက်လည်း ကြီးပြီဆိုတော့ နားသင့်ပြီလို့ ထင်တဲ့အတွက် ကျေးဇူးတင်တယ်။ ဒါပေမဲ့ ယာယီ ရပ်ဆိုင်းတာ မလုပ်ပါနဲ့။ ထာဝရရပ်လိုက်ပါလို့ ဗိုလ်မှူးမိုရှေးကို ကျနော် ပြောလိုက်ပါတယ်။ ကျနော်လည်း လုပ်ချင်လွန်းလို့ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတုန်းက ၂နှစ်အတွင်း ၀ိုင်းကူပါလို့ ဗိုလ်ချုပ်နှုတ် ခမ်းမွှေးက တောင်းဆိုလို့ လက်ခံခဲ့တာပါ”ဟု ပြောသည်။
ယင်းကဲ့သို့ ယာယီရပ်ဆိုင်းခြင်းအပေါ် ဗိုလ်ချုပ်စောလားပွယ်မှ ၎င်းအား တိုက်ရိုက် အကြောင်းကြားလာခြင်း မရှိသေးသလို ရှေ့ဆက် လုပ်ဆောင်သွားရမည့်ကိစ္စများကို ရဲဘော်များ၊ ဗဟိုကော်မတီဝင်များနှင့် နာယက အဖွဲ့ဝင်များမှ စဉ်းစားဆုံးဖြတ်လိမ့်မည်ဟု ယုံကြည် ကြောင်း မန်းရောဘတ်ဘဇန်က ဆက်ပြောသည်။
DKBA လက်အောက်ခံ ကလို့ထူးဘော ကရင်အစည်းအရုံး-KKO သည် အများအကျိုးပြုလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် ၂၀၁၂ခုနှစ်၊ ဧပြီလ ၂ရက်နေ့က စတင် ဖွဲ့စည်းခဲ့သည်။
Sunday, September 9, 2012
မြေပေါ်မြေအောက်ပြည်တွင်းနေထိုင်သူများအထူးသတိပြုရန်
KNU ကိုယ်စားလှယ်တွေနဲ့ဆွေးနွေးတုန်းက ကရင်နုင်ငံရေးပါတီခေါင်းဆောင်တစ်ဦးဖြစ်တဲ့ နန်းစေအွါ က
ပုဒ်မ ၁၇/၁ဖြုတ်ပေးဘို့ပြောတော့ ဝန်ကြီးဦးအောင်မင်းက ကရင်ပြည်နယ်မှာ ပုဒ်မ ၁၇/၁ မရှိတော့ပါဘူးလို့
ပါးစပ်နဲ့ပဲအဖြေပေးခဲ့တယ် တရားဝင်စာရွက်စာတမ်းတွေနဲ့မဟုတ်ဘူးနော်
ဒီလိုအရေးကြီးတဲ့ထိထိမိမိဆွေးနွေးမေးမြန်းနိုင်တဲ့နန်းစေအွါ ကိုလည်းကျေးဇူးတင်မိတယ်
ဘာကြောင့်လဲဆိုတောစစ်အစိုးရရဲ့ မြုပ်ကွက်ထောင်ချောက်တစ်ခုကို ကရင်ပြည်သူတွေ
တွေနဲ့အတူအခြားငြိမ်းအဖွဲ့နဲ့ပတ်သက်နေတဲ့တိုင်းရင်းသားနိုင်ငံရေးသမားတွေလည်း
သတိထားနိုင်အောင်သတင်းမီဒီယာလောကထဲကိုပို့ပေးလိုက်နိုင်လို့ပါဘဲ
-------------------------------------------------------------------------------------------------------------
သမ္မတနှင့် တွေ့လိုသော ပြည်တော်ပြန်များ အချည်းနှီးဖြစ်
Sunday, 09 September 2012 18:22
Written by ရွှေဟင်္သာသတင်းဌာန
သမ္မတ၏ ဖိတ်ကြားချက်ဟု အကြောင်းပြပြီး ပြည်တွင်းသို့ သွားရောက် ခဲ့သော ပြည်ပ အတိုက်အခံ အုပ်စုကို သမ္မတက တွေ့ဆုံရန် ငြင်းပယ် ခဲ့သည်ဟု ပြည်တော်ပြန် အဖွဲ့ဝင် တဦးက ဆိုပါသည်။“ ကျနော်တို့ဗျာ သမ္မတနဲ့ တွေ့ဖို့ ဆိုပြီးတော့ မနေ့ကနေ ပြည်တော်မှာ သွားစောင့်ပါတယ်။ ဦးအောင်မင်း၊ ဦးစိုသိန်း၊ အလုပ် သမား ၀န်ကြီး ဦးမောင်မြင့်တို့နဲ့တော့ တွေ့ပါရဲ့ ။ ဒါပေမဲ့ သမ္မတက သူမအားတော့ပါဘူး ဆိုပြီး မတွေ့လိုက်ရဘဲ ရန်ကုန်ကို ပြန်ခဲ့ရတယ်လေ” ဟု ဆိုပါသည်။သမ္မတနှင့် တွေ့လိုသော ပြည်တော်ပြန် အဖွဲ့တွင် ၊ လူ့ဘောင်သစ် ပါတီဥက္ကဌ ကိုမိုးဇော်၊ ကျောင်းသား တပ်မတော် (ABSDF) ဥက္ကဌဟောင်း ကိုမိုးသီးဇွန် ကိုနိုင်အောင်နှင့် ကိုထွန်းအောင်ကျော်၊ အန်အယ်ဒီ(LA)မှ ကိုညိုအုန်းမြင့်၊ မြန်မာနိုင်ငံ အလုပ် သမား သမဂ္ဂများ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ကိုမောင်မောင် နှင့် တခြား အဖွဲ့ဝင်များက သွားရောက် ခဲ့ခြင်းဖြစ်ပါ သည်။သမ္မတ၏ ဖိတ်ကြားချက်ဟု ဆိုသော်လည်း သမ္မတနှင့် တွေ့ခွင့် မရဘဲ သမ္မတရုံး၏ ၀န်ကြီး များနှင့်သာ တွေ့ခွင့်ရလိုက်ခြင်း ဖြစ်ပါသည်။ ပြည်တော်ပြန်ထဲမှ ကိုနိုင်အောင်အပါဝင် အဖွဲ့ဝင် (၇) ဦးကိုလည်း ကချင်ပြည်နယ်၌ ဖြစ်ပွားခဲ့သော ကျောင်း သား တပ်မတော် လူသတ်မှုကိစ္စ၌ သေဆုံး သွားခဲ့သော ရဲဘော်များ၏ မိသားစုများက တရားစွဲရန် ဖြစ်လာခဲ့ပေသည်။ထို့အပြင်၊ တော်လှန်ရေး ကာလ၌ ဆောင်ရွက်ခဲ့သော လိမ်လည်မှုများ၊ နစ်နာမှုများ၊ ကိုယ်ကျိုးရှာမှုကြောင့် ထိခိုက်ခဲ့မှုများကို တရားစွဲရန် ပြင်ဆင်နေသူများလည်း ရှိသည်ဟု တရားစွဲရန် စောင့်စားနေသူတဦးက ပြောပါသည်။“ ဒီလိုပါဗျ၊ ၈၈ ကြောင့် တောခိုသွားတဲ့ ခေါင်းဆောင်တွေကို သိပ်လေးစားခဲ့တယ်။ ယုံတယ်။ ပုံလည်း ပုံအပ်ခဲ့ဘူး ပါတယ်။ အဲဒီ ယုံကြည်ချက်ကို ခုတုံး လုပ်ပြီးတော့ လိမ်ကြတယ်ဗျ၊ နာမည် မပြောချင်သေးဘူး။ တရားစွဲဖို့ အခွင့်အလန်းကိုဘဲ စောင့် နေမယ်။ ဘ၀ ပျက်သွားတဲ့သူတွေလဲ အများကြီးဘဲ လုပ်ဖေါ်ကိုင်ဖက်တွေ၊ ဒီတော့ ဘုရား မဟုတ်မှန်းတော့ ပြည်သူကိုဖွင့် ချဖို့ အချိန်တန် ပြီးလို့ ယူဆတယ်။ ကိုးကွယ်မှု မမှားအောင်လို့ပါ။ ဘုရားမဟုတ်ဘူး တောင်ပို့ပါဗျာ။ တခုတော့ပြောထား မယ် စစ်မှန်တဲ့ တော်လှန်ရေး သမား အားလုံးကို ပြောတာ မဟုတ်ဘူးနော်”ဟု ရန်ကုန်ကို ရောက်ရှိနေတဲ့ ၈၈ အရေးအခင်းမှ တောခို ကျောင်းသားဟောင်း တဦးက ဆိုပါသည်။ပြည်တော်ပြန်များနှင့် သမ္မတရုံး ၀န်ကြီးများ တွေ့ဆုံစဉ်အစိုးရသည် ပြည်တော်ပြန် များကို ပုဂ္ဂိုလ်အရ တဦးချင်း ဖိတ်ကြား ခဲ့ခြင်းသာ ဖြစ်ပါသည်။ ၄င်းတို့ကိုလည်း နာမည်ပျက်စာ ရင်းမှ ပယ်ဖျက် ပေးခဲ့ပါသည်။ သို့သော် ၄င်းတို့ ပါဝင် ပတ်သက်နေသော အဖွဲ့အစည်းကို ဥပဒေအရ မတရား အသင်းကနေ လွတ်ငြိမ်းချမ်း သာခွင့် ပေးနေခြင်း မဟုတ်ပေ။ ဥပမာ မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ကိုမောင်မောင်ကို ပုဂ္ဂိုလ်အရ ဖိတ်ကြား ခဲ့သော်လည်း ၄င်း၏ အဖွဲ့ကိုမူ တရားမ၀င် အသင်းမှ ပယ်ဖျက်ပေးခဲ့ခြင်း မဟုတ်ပေ။ဤသို့ကြောင့် ပြည်တော်ပြန်များနှင့် ပါဝင် ပါတ်သက်နေသော အဖွဲ့အစည်း ၀င်များက ဤအခြေအနေကို သတိထားကြရန် ဖြစ်သည်ဟု ၈၈ တောခိုကျောင်း သားဟောင်းများက သတိပေးနေပါသည်။၁၉၆၃ ခုနှစ်တွင် အိမ်စောင့် အစိုးရ ဦးနေ၀င်းသည်၊ ပြည်တွင်း ငြိမ်းချမ်းရေးအတွက် တွေ့ဆုံ ဆွေးနွေးရေး လမ်းစဉ်ကို တော တွင်း အတိုက်အခံအဖွဲ့ မှန် သမျှကို ဖိတ်ကြားခဲ့ပါသည်။ တောမှ မြို့ပေါ် တက်လာသော ခေါင်းဆောင် များသည် မြို့ပေါ်ရှိ ၄င်းတို့၏ မြေအောက် အဖွဲ့အစည်းများနှင့်ပါ တွေ့ဆုံကြပါသည်။ အချိန် ကာလ တခုကို ပေးထားပြီးနောက် ဗိုလ်ချုပ်ကြီးနေ၀င်းသည် ၊ သဘော တူညီချက် မရပါဟု အကြောင်းပြကာ တွေ့ဆုံ ဆွေးနွေးရေးကို ဖျက်ပြီး လိုက်လံ တိုက်ခိုက် ခဲ့ပါသည်။ဤအထဲတွင် တွေ့ဆုံ ဆွေးနွေးရေး ကာလ၌ မျက်နှာပြခဲ့ကြသော မြေအောက် အုပ်စုဝင် အားလုံးနီးပါးသည် ထောင်နန်းစံရ ခြင်း၊ သတ်ပစ်ခံရခြင်း၊ ဘ၀ပေါင်းများစွာ နှိပ်စက်ခံရပြီး ဘ၀ ပျက်ခဲ့ကြရသည်ဟု လက်တွေ့ဖြစ်ခဲ့ သူများက ဆိုပါသည်။ ဤအဖြစ် အပျက်ကို ယခုအချိန်ထိ သမိုင်းမှီသူများ ဒုနဲ့ဒေး ရှိနေဆဲဖြစ်ပါသည်။ယခု၌လည်း ပြည်တော်ပြန်များသည်၊ မိမိတို့ ဆိုင်ရာဆိုင်ရာ အုပ်စုများနှင့် တွေ့ဆုံ ဆွေးနွေးနေကြပါသည်။ ဘယ်သူက ဘယ်သူ့ကို ဘာကိစ္စ ဆွေးနွေးခဲ့သည်မှာ မိမိတို့အပြင် အပြင်လူလည်း သိရှိနိုင်ပါ လိမ့်မည်။ ဤကိစ္စအတွက် ပြည်တွင်း လှုပ်ရှား နေသူများ သတိထားကြရန် လိုအပ်ကြောင်း ၁၉၆၃ ငြိမ်းချမ်းရေး ဆွေးနွေး ခဲ့စဉ်က ပါဝင်ခဲ့သူများမှ သတိပေးနေပါသည်။
Wednesday, September 5, 2012
KNU အတွက် တိကျသော အဖြေမရသေး
(၃)ကြိမ်မြောက် ဆွေးနွေး ခဲ့ပြီးသော်လည်း KNU အတွက် တိကျသော အဖြေမရသေး
Written by အဲာပိုန်
အစိုးရသည် သာမန် အရပ်သား ကိစ္စကို ချက်ချင်း အတည်ပြု လက်ခံသော်လည်း ကရင်အမျိုးသား အစည်းအရုံး (KNU) အတွက် အရေးကြီးသော စစ်ရေး ကိစ္စများကိုမူ ဆုံးဖြတ်နိုင်ခြင်း မရှိဘဲ အထက်သို့ တင်ပြရမည်ဟုသာ အကြောင်းပြလေ့ရှိ ကြောင်း ဒုဥက္ကဌ ဖြစ်သူ ပဒိုဒေးဗစ် တာကပေါက ဆိုပါသည်။
“ KNU အတွက် အရေးကြီးတာက KNU နယ်ထဲကို အစိုးရ စစ်စခန်း (၃၀၀) နီးပါးလောက် ရှိတဲ့ အထဲက (၉၀) လောက် ကျွံဝင် နေတာကို ရုတ်သိမ်းပေးဖို့ တောင်းဆိုတယ်၊ ပြီးတော့ အစိုးရတပ်ဖွဲ့က ထောင်ထားမြေမြှုပ်မိုင်းတွေကို ရုတ်သိမ်းပေးဖို့က အဓိကပါ။ ကျန်တာကတော့ အရေးကြီးတယ်ဆိုပေမဲ့ လူထုတွေ သက်သာရာ သက်သာကြောင်း ကိစ္စတွေပါ အဲဒါကိုတော့ အပေါ်ယံ အလွယ်လေးနဲ့ လက်ခံလိုက်တာပါ” ဟု ဆိုပါသည်။
KNU နှင့် အစိုးရတို့သည် ကရင်ပြည်နယ်၊ ဖားအံမြို့ ဇွဲကပင် ဟိုတယ်တွင် တတိယအကြိမ်မြောက် ပြည်ထောင်စု အဆင့်တွေ့ ဆုံ ဆွေးနွေးပွဲကို စက်တင်ဘာ (၃) ရက်နေ့မှ (၅) ရက်နေ့အထိ ကျင်းပခဲ့ရာ ယနေ့ပြီးဆုံးသွားပါသည်။ ဤဆွေးနွေးပွဲ၌ နှစ်ဦး နှစ် ဖက်လိုက်နာရမည့် ကျင့်ဝတ် စည်းကမ်းများဆိုင်ရာ သဘောတူညီချက် (မူကြမ်း) တချို့ကို လက်မှတ် ရေးထိုးခဲ့ကြပါ သည်။
KNU အတွက် အရေးကြီးသော အစိုးရတပ်စခန်း (၉၀) ခန့် ဆုတ်ခွာပေးရေးကိုမူ ကြိုတင်ညှိနှိုင်းပြီး အသိပေးထားပါလျှက် နှင့် လက်တွေ့၌ ထပ်မံရွှေ့ဆိုင်းလိုက်ခြင်းဖြစ်သည်ဟု တပ်မဟာ (၆) တပ်ဖွဲ့မှ တပ်မှူးတဦးကဆိုပါသည်။ ဤအချက်ပီပြင်မှု မရှိပါက အစိုးရတပ်မှ KNU အား အချိန်မရွေး စစ်ဆင်ရန် အဆင်သင့်အနေအထားဖြင့် ရင်ဆိုင်နေရဖွယ် ရှိနေသည် ဟု ဆို ပါသည်။
“ KNU နယ်ထဲကျွံနေတဲ့ တပ်စခန်းတွေ မရုတ်ဘူးဆိုရင် သူက အချိန်မရွေး စစ်ဆင်နိုင်တယ်၊ အငိုက်မိနိုင်တယ်လေ၊ ဒါအ ရေးကြီးတယ်။ ပြီးတော့ လှုပ်ရှားမှုတွေက အချိန်မရွေးပြသနာတက်နိုင်မယ်၊ အဲဒါမှမဖြေရှင်းရင် အပစ်ရပ်ရေးဟာ အဓိ ပါယ်ကိုမရှိဘူး” ဟု တပ်မဟာ (၆) မှ တပ်မှူးတဦးက ဆိုပါသည်။
အစိုးရကိုယ်စားလှယ်သည် မြေမြှုပ်မိုင်း ရှင်းလင်းရေး ကိစ္စ၌လည်း အထက်သို့တင်ပြရမည်ဟု ဆိုပါသည်။ ဤအချက်သည်လည်း တပ်ဖွဲ့များ ဆုတ်ခွာပေးချင်စိတ်မရှိပါက မိုင်းကွင်းလည်း ရှင်းလင်းပေးလိမ့်မည်မဟုတ်ပေ။ မိုင်းကွင်းများ ရှင်းလင်း ပေးမှုမရှိပါက ပြည်သူများအတွက် ညှိနှိုင်း သဘောတူ ထားသည့် အချက်များသည်လည်း ထိရောက်သော အကျိုးသက် ရောက်မှုရှိလိမ့်မည် မဟုတ်ပေ။
နှစ်ဖက် သဘောတူညီမှု၌ ပြည်သူလူထု၏ ဘဝလုံခြုံမှုကို အာမခံပေးနိုင်သော နှစ်ဦးနှစ်ဖက် လိုက်နာရမည့် ကျင့်ဝတ် များ တွင်မူအားဖြင့် သဘောတူညီခဲ့ ကြသော နယ်မြေစိုးမိုးရေး၊လူ့အခွင့် အရေး ချိုးဖောက်မှုနှင့် ပြည်တွင်း ဒုက္ခ သည်(IDP) ၏ အဓိပ္ပာယ်ဖွင့်ဆိုချက် စသည်တို့ ပါရှိပြီး အပစ်အခတ် ရပ်စဲရေး ကာလအတွင်း နှစ်ဖက်တပ်ဖွဲ့များ အနေဖြင့် မြေမြှုပ်မိုင်းလုံးဝ အသုံးမပြုရန်တို့ ပါရှိသည်။
စက်တင်ဘာ (၃)ရက်နေ့ တွေ့ဆုံဆွေးနွေးပွဲအပြီး စုပေါင်းဓါတ်ပုံရိုက်ကြစဉ်(ဓါတ်ပုံ ဦးလှမောင်ရွှေFB)
ထို့အပြင် စစ်ပြေး ဒုက္ခသည်များ နေရပ်ပြန်လာရေးအတွက် မိုင်းရှင်းလင်းရေး လုပ်ငန်းများနှင့် ပတ်သက်၍လည်းမိုင်းရှင်း လင်းပေးမှုမရှိပါက စစ်ပြေး ပြည်သူများက နေရပ်ရင်းကို ပြန်လာရဲကြမည် မဟုတ်ပေ။
ဤသို့သော်အခြေအနေကြောင့် တတိယအကြိမ်မြောက် KNU နှင့် အစိုးရ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေးအဖွဲ့တို့၏ ဆွေး နွေးပွဲသည်၊ အနှစ်သာရအားဖြင့် ထိရောက်မှုမရှိဟု ဝေဖန်သူများက သုံးသပ်ပါသည်။
ယခု တွေ့ဆုံဆွေးနွေးပွဲတွင် ကေအဲန်ယူမှ အထွေထွေ အတွင်းရေးမှူး နော်စီဖိုးရာစိန် ဦးဆောင်သည့် ကိုယ်စားလှယ် ၉ဦး နှင့် အစိုးရဘက်မှ ၀န်ကြီး ဦးအောင်မင်း ဦးဆောင်သော ငြိမ်းချမ်းရေး ကိုယ်စားလှယ် ၁၀ဦးတို့က ဆွေးနွေးခဲ့ကြပါသည်။
KNU သည် အပစ်အခတ်ရပ်စဲရန် ပြည်နယ်အဆင့်နှင့် ၂၀၁၂ခုနှစ်၊ ဧပြီလ ၄ရက်နေ့တွင် ဖားအံမြို့၌ ပထမအကြိမ် ဆွေး နွေးခဲ့ပြီး၊ ဧပြီလ ၆ရက်နေ့တွင် ပြည်ထောင်စုအဆင့်နှင့် ဒုတိယအကြိမ် ရန်ကုန်မြို့၌ ဆွေးနွေးခဲ့ပါသည်။ ပဲခူးနှင့် တနင်္သာရီ တိုင်းအဆင့် သဘောတူညီချက်ကို ဧပြီလ ၁၀ရက်နေ့ တွင် ပဲခူးမြို့နှင့် ထားဝယ်မြို့များ၌ ဆွေးနွေးခဲ့ကြပါသည်။
ဤဆွေးနွေးပွဲများမှ ရွှေကျင်/ကျောက်ကြီး၊ ထားဝယ်၊ ဘုရားသူံးဆူနှင့် မြ၀တီမြို့၌ ဆက်ဆံရေးထားရှိကာ၊ တပ်ဖွဲ့များသွား လာလှုပ်ရှားရာတွင် အပြန်အလှန်သတင်းပေးမှုများ သဘောတူနိုင်ခဲ့ပါသည်။
KNU သည်အချိန်(၈) လ ကာလ အတောအတွင်း အစိုးရနှင့် (၃)ကြိမ်မြေက် ဆွေးနွေးခဲ့ပြီး ဖြစ်သော်လည်း တိကျသောနိုင်ငံရေး သဘော တူညီချက်များနှင့် စစ်ရေး သဘောတူညီချက်များ အခိုင်အမာ ရရှိခြင်းမရှိသေးဟု ဆိုရပေလိမ့်မည်ဖြစ်သည်။
Tuesday, September 4, 2012
KNU နှင့်အစိုးရ ကျင့်ဝတ်များ နှစ်ဖက် သဘောတူညီခဲ့
KIC စက်တင်ဘာလ ၄ရက်၊ ၂၀၁၂ခုနှစ်။ နန်းဖော့ဂေ၏ သတင်းပေးပို့ချက်
ကရင်ပြည်နယ်၊ ဖားအံမြို့ ဇွဲကပင်ဟိုတယ်တွင် ယနေ့ပြီးစီးသွားခဲ့သည့် တတိယအကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲ၌ မြန်မာ အစိုးရနှင့် ကေအဲန်ယူအကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များအရ နှစ်ဦးနှစ်ဖက် လိုက်နာရမည့် ကျင့်ဝတ်စည်းကမ်းများဆိုင်ရာ သဘောတူညီချက်(မူကြမ်း)ကို လက်မှတ်ရေးထိုးခဲ့ကြသည်။
အဆိုပါ လိုက်နာရမည့် ကျင့်ဝတ်စည်းကမ်း(Code of Conduct-CoC) ထဲတွင် နှစ်ဖက်စလုံးမှ လူထုနှင့်ပတ်သက်၍ စောင့်ထိန်းလိုက်နာရ မည့်ကျင့်ဝတ်များ၊ စစ်သည်တော်ကျင့်ဝတ်၊ နှစ်ဖက်တပ်များ ခရီးသွားလာခြင်း၊ အရပ်သားပြည်သူကို ဆက်ဆံခြင်းနှင့် ငြိမ်းချမ်းရေးလုပ် ငန်းစဉ်များကို ပူးတွဲလေ့လာစောင့်ကြည့်ရေးကော်မတီ ဖွဲ့စည်းသွားရေးနှင့် အငြင်းပွားမှုဖြေရှင်းခြင်း စသည့်အပိုဒ်ပေါင်း ၁၀ပိုဒ်ပါဝင်သည်။
စက်တင်ဘာလ ၃ရက်နှင့် ၄ရက် နှစ်ရက်တာ ပြုလုပ်သည့် ၎င်းဆွေးနွေးပွဲတွင် CoC ပါ အပိုဒ်(၅) သတ်မှတ်ထားသော စစ်နယ်မြေများနှင့် စစ်ဆက်သွယ်ရေးလမ်းကြောင်းများကို အသေးစိတ် ဆွေးနွေးခဲ့ကြပြီး သက်ဆိုင်ရာ၊ တပ်ဖက် အရပ်ဖက် အကြီးအကဲများကို ပြန်လည် တင်ပြသွားကာ တဆင့်ချင်း ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လက်ခံခဲ့ကြသည်။
ကေအဲန်ယူ အထွေထွေ အတွင်းရေးမှူး နော်စီဖိုးရာစိန်က “ပြည်သူလူထုအတွက် အဓိကထား စဉ်းစားသွားမဲ့ Code of Conduct ကို အသေးစိတ် ဆွေးနွေးသွားတာဖြစ်သလို ဒါကို တဖြည်းဖြည်း လုပ်ဆောင်သွားကြဖို့ကို သဘောတူခဲ့ကြပါတယ်”ဟု ဆိုသည်။
ယခုသဘောတူညီချက်(မူကြမ်း)ကို “မူ”အားဖြင့် သဘောတူခဲ့ကြသလို အထက်ဌာနများသို့ ပြန်လည်တင်ပြပြီး လာမည့် အစည်းအဝေး များ၌ ဆက်လက် ဆွေးနွေးခြင်း၊ အတည်ပြုခြင်းများ ပြုလုပ်ရန်သဘောတူကြောင်း ယနေ့ မွန်းလွဲ ၂နာရီနီးပါးအချိန်တွင် နှစ်ဦးနှစ်ဖက်မှ အပြန်အလှန် လက်မှတ်ရေးထိုးခဲ့ကြခြင်း ဖြစ်သည်။
ကေအဲန်ယူနှင့် အစိုးရတို့ တတိယအကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲကို အဆုံးသတ်ခဲ့ပြီး ကေအဲန်ယူနှင့် အစိုးရတို့ နှစ်ဖက် ငြိမ်းချမ်းရေး ကိုယ်စားလှယ် ၅ဦးစီမှ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို နာရီဝက်ကျော်ကြာ ပြုလုပ်ခဲ့ရာ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက ယခုလို ပြော သည်။
“ကျနော်တို့ ဒီစည်းဝေးပွဲကို အငြင်းအခုံမရှိ ပြေပြေလည်လည် ပြောဆိုနိုင်ခဲ့လို့ ဒါ အောင်မြင်တယ်လို့ ဆိုနိုင်တာပေါ့။ ငြိမ်းချမ်းရေးဆိုတာ ကိုလည်း ကျနော်တို့က လှေခါးတဆင့်ချင်း ဆက်လက် လုပ်ဆောင်သွားရမယ်”ဟု ၀န်ကြီးဦးအောင်မင်းက ပြောဆိုခဲ့သည်။
ယခု တွေ့ဆုံဆွေးနွေးပွဲတွင် ကေအဲန်ယူမှ အထွေထွေ အတွင်းရေးမှူး နော်စီဖိုးရာစိန် ဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ် ၉ဦးနှင့် မြန်မာအစိုးရဘက်မှ ၀န်ကြီး ဦးအောင်မင်း ဦးဆောင်သော ငြိမ်းချမ်းရေးကိုယ်စားလှယ် ၁၀ဦးတို့ ပါဝင်သည်။
အစိုးရနှင့် ကေအဲန်ယူအကြား ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရန် ပြည်နယ်အဆင့်ကို ၂၀၁၂ခုနှစ်၊ ဧပြီလ ၄ရက်နေ့တွင် ဖားအံမြို့၌လည်း ကောင်း၊ ဧပြီလ ၆ရက်နေ့တွင် ပြည်ထောင်စုအဆင့်ကို ရန်ကုန်မြို့၌လည်းကောင်း၊ တိုင်းအဆင့် သဘောတူညီချက်ကို ဧပြီလ ၁၀ရက်နေ့ တွင် ပဲခူးမြို့နှင့် ထားဝယ်မြို့များ၌လည်းကောင်း အသီးသီး လက်မှတ်ရေးထိုး ချုပ်ဆိုခဲ့ကြသည်။
Monday, September 3, 2012
နှစ်ဖက်လိုက်နာရန်ကျင့်ဝတ်KNU စတင်ဆွေးနွေး
နှစ်ဖက်လိုက်နာရမည့် ကျင့်ဝတ်ကို မြန်မာ အစိုးရနှင့် ကေအဲန်ယူတို့ စတင် ဆွေးနွေး
.စက်တင်ဘာလ ၃ရက်၊ ၂၀၁၂ခုနှစ်။ နန်းဖော့ဂေ၏ သတင်းပေးပို့ချက် (ကေအိုင်စီ)
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူနှင့် မြန်မာအစိုးရတို့ တတိယအကြိမ် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲကို ကရင်ပြည်နယ်၊ ဖားအံမြို့ ဇွဲကပင်ဟိုတယ်လ်၌ ယနေ့မနက်မှ ညဦးပိုင်းအထိ ကျင်းပပြုလုပ်ခဲ့ရာ နှစ်ဦးနှစ်ဘက် လိုက်နာရမည့် ကျင့်ဝတ်များ (Code of Conduct-CoC)ကို ဦးစွာ ဆွေးနွေးခဲ့ကြသည်။
ယင်းသို့ဆွေးနွေးရာတွင် ကေအဲန်ယူမှ ရေးသားတင်ပြထားသည့် CoC မူကြမ်းကို နှစ်ဖက်စလုံးမှ နယ်နိမိတ်ခေါ်ဝေါ်မှု၊ IDP အဓိပ္ပါယ်ဖွင့် ဆိုချက် အပါအ၀င် မူကြမ်းပါ အသုံးအနှုံးများအပြင် လူထုမှ လိုက်နာရမည့်ကျင့်ဝတ်နှင့် နှစ်ဖက်တပ်များမှ လိုက်နာရမည့်ကျင့်ဝတ်များကို တစ်ချက်ချင်း၊ တစ်ပိုဒ်ချင်း အကျေအလည် ဆွေးနွေးခဲ့ခြင်းဖြစ်သည်။
ယနေ့ဆွေးနွေးပွဲတွင် အဓိကအားဖြင့် အစိုးရဘက်မှ သမ္မတ၀န်ကြီး ဦးစိုးသိန်း၊ ပြည်ထောင်စု ဒု-ဥပဒေချုပ် ဦးထွန်းထွန်းဦး၊ အရှေ့ တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်တင်မောင်ဝင်း၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးဝင်းထွန်း၊ ပြည်ထောင်စု လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်ဝင်းတို့က ဦးဆောင်ဆွေးနွေးခဲ့ကြ သည်။
အထူးသဖြင့် CoC တွင် ပါဝင်သည့် တပ်စခန်းတည်ဆောက်ရေးကိစ္စ၊ နယ်မြေစိုးမိုးရေးနှင့် စစ်သည်တော်ကျင့်ဝတ်များကို နှစ်ဖက်ကိုယ် စားလှယ်များက အသေးစိတ် ညှိနှိုင်းပြောဆို လက်ခံခဲ့ကြသလို ကေအဲန်ယူဘက်မှ တွဲဖက် စစ်ရေးချုပ် ဗိုလ်မှူးချုပ်စ’ရှာထုဝေါ်နှင့်အတူ ဗိုလ်မှူးစောဂလယ်ဒို့၊ ဗိုလ်မှူးစောတာမလာသောတို့က ဦးဆောင်တင်ပြဆွေးနွေးဖြစ်ခဲ့သည်။
“စစ်ရေးအရဆို နှစ်ဖက်တပ်တွေရဲ့ သွားလာမှုတွေ၊ လက်နက် ရိက္ခာသယ်ယူမှုကို လိုအပ်တာထက် ပိုမသယ်ဆောင်ဖို့၊ လူထုရှင်းလင်းပွဲ လို လုပ်ဆောင်ချက်တွေဆိုလည်း အပြန်အလှန် ယုံကြည်မှုရှိအောင် တစ်ဖက်နဲ့တစ်ဖက် အသိပေးသွားဖို့တွေ ဆွေးနွေးဖြစ်ကြတယ်။ ဆွေးနွေးပွဲ တက်ရောက်တဲ့ လွှတ်တော်ကိုယ်စားလှယ် နန်းစေးအွာက လူထုလိုလားတဲ့ ၁၇/၁ ပုဒ်မကို ဖြုတ်ပေးဖို့ကို တောင်းဆိုတော့ ၀န်ကြီးဦးအောင်မင်းက ကရင်ဒေသမှာ မရှိတော့ကြောင်း ပြောခဲ့ပါတယ်”ဟု ကိုယ်တိုင်သတင်း စုဆောင်းသူ နန်းဖော့ဂေက ပြောသည်။
ဆွေးနွေးပွဲတွင် မိုင်းရှင်းလင်းရေးနှင့် ပတ်သက်၍ နှစ်ဘက် လက်ခံဆွေးနွေးခဲ့သည်မှာ အပစ်ရပ်ဒေသများတွင် မိုင်းအသစ် ထပ်မံ ထောင် ထားခြင်းကို မပြုလုပ်တော့ဘဲ ထောင်ထားပြီးသော မိုင်းများကို ရှင်းလင်းရေးကိစ္စတွင် နှစ်ဦးနှစ်ဖက် ပူးပေါင်းဆောင်ရွက်ရန် သဘောတူခဲ့ ကြသည်။
၎င်းအပြင် အစိုးရနှင့် ကေအဲန်ယူ နှစ်ဖက် သက်ဆိုင်သော ကိစ္စဟူသမျှကို တိုက်ရိုက်ရန်မူသော လုပ်ရပ်နှင့် ရန်မူသည့်သဘောကိုဆောင် သော လုပ်ရပ်အားလုံးကို ရပ်စဲပြီး အပစ်အခတ်ရပ်စဲခြင်း အကျိုးသက်ရောက်ရာ အရပ်ဒေသနေ အရပ်သားများကို ဥပဒေမဲ့ ပြုကျင့်မှုများ မဖြစ်ပွားစေရေး လိုက်နာဆောင်ရွက်ရေးကိုလည်း လက်ခံခဲ့ကြသည်။
ယနေ့ ဆွေးနွေးပြီးခဲ့သည့် လူထုနှင့် လက်နက်ကိုင်တပ်များ လိုက်နာရမည့်ကျင့်ဝတ် မူကြမ်းကို နှုတ်အားဖြင့် သဘောတူညီခဲ့ကြကာ မနက်ဖြန် ဒုတိယနေ့ ဆွေးနွေးပွဲတွင် နှစ်ဘက်တပ်များ အရွှေ့အပြောင်းကိစ္စကို မြန်မာအစိုးရနှင့် ကေအဲန်ယူ ငြိမ်းချမ်းရေးကိုယ်စားလှယ် များက ဆက်လက် ဆွေးနွေးသွားမည်ဖြစ်သည်။
ကရင်ဒေသရှိ လူထုဘ၀ လုံခြုံမှုအတွက် လိုက်နာရမည့်ကျင့်ဝတ်နှင့် တပ်အရွှေ့အပြောင်းကိစ္စကို ကေအဲန်ယူမှ အဓိကထား၍ မြန်မာ အစိုးရကိုယ်စားလှယ်များနှင့် တတိယအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ရာ ကေအဲန်ယူဘက်မှ အဖွဲ့ခေါင်းဆောင် နော်စီဖိုးရာစိန်၊ ဒုအဖွဲ့ခေါင်း ဆောင် ဗိုလ်မှူးချုပ်စ’ရှာထုဝေါ် အပါအ၀င် ငြိမ်းချမ်းရေးကိုယ်စားလှယ် ၉ဦး တက်ရောက်ခဲ့သည်။
အလားတူ အစိုးရဘက်မှ သမ္မတရုံးဝန်ကြီးများဖြစ်ကြသည့် ဦးစိုးသိန်း၊ ဦးအောင်မင်းနှင့် ပြည်ထောင်စုဝန်ကြီးအချို့၊ ကရင်လွှတ်တော် ကိုယ်စားလှယ်များအပြင် ရန်ကုန်တိုင်း ကရင်ရေးရာဝန်ကြီး စောထွန်းအောင်မြင့်လည်း တက်ရောက်ခဲ့ကြသလို နိုင်ငံတကာ လေ့လာသူ ၃ဦးနှင့် ပြည်တွင်းလေ့လာသူ ၃ဦး ပါဝင်ခဲ့သည်။
KNU နှင့် အစိုးရ ကိုယ်စားလှယ်တို့ နေ့လည် ၁၂နာရီအထိ ဆွေးနွေးချက်
စက်တင်ဘာလ ၃ရက်၊ ၂၀၁၂ ခုနှစ်။ နန်းဖော့ဂေ သတင်းပေးပို့ချက် (ကေအိုင်စီ)
ဆွေးနွေးပွဲကို ခဏနားပြီး မနက် ၁၀ ကျော်မှာ ဆွေးနွေးပွဲ ပြန်စတယ်။ KNU က တင်ပြတဲ့ Code of Conduct လိုက်နာရမယ့် ကျင့်ဝတ်တွေကို အသေးစိတ် ဆွေးနွေးကြတယ်။ သူတို့ ဆွေးနွေးနေတာ နေ့လည်ပိုင်းအထိ တ၀က်တောင် ရောက်နေပြီ။ နေ့လည် ၁၂နာရီမှာ ဆွေးနွေးပွဲကို ရပ်နားပြီး ဇွဲကပင်ဟိုတယ်မှာ နေ့လည်စာ သုံးဆောင်ခဲ့ကြတယ်။
မနက်ကနေ နေ့လည်ပိုင်းအထိ ဆွေးနွေးသွားတဲ့ အကြောင်းအရာတွေကတော့ Code of Conduct အောက်မှာ ဆိုလို့ရှိရင် နယ်မြေစိုးမိုးရေးကိစ္စတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ ပြည်တွင်းဒုက္ခသည် (IDP)ရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေ စတာတွေ အသေးစိတ် အပြန်အလှန် ညှိနှိုင်းကြတယ်။ ဆွေးနွေးတာက မပြီးပြတ်သေးဘူး။ ဆွေးနွေးဆဲပဲ ရှိသေးတယ်။ နောက် ဘာမှတော့ မဆုံးဖြတ်ရသေးဘူး။
KNU နှင့် အစိုးရကိုယ်စားလှယ်တွေဟာ မွန်းလွဲ ၁ နာရီကျော်မှာ ဆွေးနွေးပွဲ ပြန်လည်စတင်ခဲ့ကြတယ်။ ဆက်လက် ဖော်ပြပါအုံးမည်။

