အိပ်မက်လွင်ပြင်မှ
တက္ကသိုလ် တောင်တန်းလုလင်
“ခြင်္သေ့ဆိုသည်ကား ဘယ်သောအခါမှမြက်ကိုသူမစား”
ကရင်ဗမာစစ်ပွဲဘဲခေါ်ခေါ်
အမျိုးသားခုခံကာကွယ်ရေးစစ်ဘဲခေါ်ခေါ်
တိုင်းရင်းသားတော်လှန်ရေးစစ်ပွဲဘဲခေါ်ခေါ်
မြန်မာနိုင်ငံပြည်တွင်းစစ်ကြီးလို့ဘဲခေါ်ခေါ်
အဓိပ္ပါယ်ကတော့အားလုံးအတူတူ၊ တခုတည်းပင်ဖြစ်သည်။ ၆၃နှစ်ပင်ကျော်လွန်လာပြီဖြစ်သော ဤကရင်ဗမာစစ်ပွဲကြီး၏နောက်ကွယ်တွင်ကြီးမားနက်ရှိုင်းသောအခြေခံ အကြောင်းချက်ကြီးများရှိနေမည်ဖြစ်သည်။ သို့ဖြစ်၍ဤစစ်ပွဲအဆုံးသတ်ရေးနှင့် ငြိမ်းချမ်းရေးဆွေးနွေး ပွဲများတွင်တာဝန်ရှိသူတို့သည် ယင်းအခြေခံအကြောင်းအချက်ကြီးများကိုလေးလေး နက်နက် ဦးထိပ်ပန်ထားကာ ဖြောင့်မတ်မှန်ကန်စွာဖြင့်သတိကြီးစွာထား၍ ကိုင်တွယ်ဖြေရှင်းမှုလုပ်နိုင်မှသာလျှင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် စစ်မှန်သောပြည်တွင်းငြိမ်းချမ်းရေးကိုရရှိနိုင်မည်ဖြစ်သည်။
ကရင့်တော်လှန်ရေး သို့မဟုတ် ဤကရင်ဗမာစစ်ပွဲသည် (ကရင်ဆိုရာတွင် ကရင်အနွယ်ဝင်ဖြစ်သော ကရင်နီ၊ ပအိုဝ်းအမျိုးသားများပါဝင်သည်) နိုင်ငံရေးအခြေခံပြဿနာကြောင့် ဖြစ်ပေါ်လာရခြင်းဖြစ်သည်။ ကရင်ဗမာစစ်ပွဲသည် ကရင်ကရုပ်ဆိုး၍၊ ဗမာကသွားခေါ၍ အချင်းချင်းကြည့်မရဘဲ၊ မနာလိုဝန်တိုစိတ်ဖြင့် မုန်းတီးတိုက်ခိုက်ကြသည်မဟုတ်ပါ။ ထို့ကြောင့်ပင် တော်လှန်ရေးကာလတလျှောက်လုံး ကရင့်တော်လှန်ရေးခေါင်းဆောင်ကြီးများက ကရင် ဗမာပြဿနာသည် နိုင်ငံရေးပြဿနာဖြစ်ကြောင်းနှင့် နိုင်ငံရေးပြဿနာကိုနိုင်ငံရေးနည်းနှင့် စားပွဲပေါ်တွင် အဖြေရယူမည်ဖြစ်ကြောင်း၊ ဆက်လက်၍လည်း တိုင်းရင်းသားပြန်လည်သင့်မြတ်ရေးနှင့် တိုင်းရင်းသားများစည်းလုံးညီညွတ်ရေးသည် စစ်မှန်သောငြိမ်းချမ်းရေးကိုတည်ဆောက်ရာတွင် တကယ်မရှိမဖြစ် လိုအပ်ချက်ဖြစ်ကြောင်း တော်လှန်ရေးတလျှောက်လုံး လက်သုံးစကားအဖြစ် အမြဲတစေ ပြောဆိုခဲ့ကြပါသည်။ KNU ၏ ထုတ်ပြန်ကျေညာချက်များ၊ သတင်းမီဒီယာမားနှင့်နိုင်ငံတကာ တွေ့ဆုံဆွေးနွေးပွဲများတွင် မှန်တမ်းအဖြစ် တောက်လျှောက်တွေ့ရမည်ဖြစ်သည်။
တော်လှန်ရေးတလျှောက် လက်သုံးစကားများသည် ကျားလိုက်ရင်းတုတ်ခုတ်၊ ရုတ်တရက်တွေးဓားသွေး၊ လိုသလိုနှုတ်မှထွက်ပေါ်လာသောစကားများမဟုတ်ဘဲ လွန်ခဲ့သော ၆၃ နှစ်မှစ၍ကရင်လူထုတရပ်လုံး၏ ဆန္ဒပြဖော်ထုတ်တောင်းဆိုနေသော လိုလားချက်လေးချက်ကို အတည်ပြုပြောကြားသော စကားလုံးများဖြစ်ပါသည်။ ၁၉၄၈ ခု၊ ဖေဖော်ဝါရီလ၊ ၁၁ ရက်နေ့တွင် မြန်မာနိုင်ငံအတွင်းဒေသန္တရနယ်မြေ ၄၂ မြို့နယ်မှ ကရင်လူထု ၄သိန်းခွဲကျော်တို့သည် လူမျိုးကြီးတမျိုး၏ဂုဏ်သိက္ခာနှင့်အညီ တည်ကြည်ရဲရင့်စွာ ဖြင့် လမ်းမပေါ်ထွက်ကာ လိုလားချက်လေးချက်ပါသော ဆိုးဘုတ်များအသီးသီးဖြင့် အသံတိတ်လှည့်လည်ဆန္ဒသဘောထားတင်ပြခဲ့ကြပါသည်။ ထိုနိုင်ငံရေးလိုလားချက်တို့ကား
ကရင်ပြည်ချက်ချင်းပေး၊ (လူမျိုးတမျိုး၌ရှိအပ်သော အခြေခံလွတ်လပ်ရေး)
ကရင်တကျပ်၊ ဗမာတကျပ်ချက်ချင်းပြ၊ ( လူမျိုးတမျိုးအတွက်ခြေခံတန်းတူရေး)
လူမျိုးရေးအဓိကရုဏ်းအလိုမရှိ၊ (တိုင်းရင်းသားများချစ်ကြည်ရေးနှင့်စည်းလုံးညီ
ညွတ်ရေး)
ပြည်တွင်းစစ်အလိုမရှိ၊ (စစ်မှန်သောထာဝရငြိမ်းချမ်းရေး)
စသည်တို့ပင်ဖြစ်သည်။
မြန်မာနိုင်ငံကဲ့သို့ ပထ၀ီအနေအထားနှင့် လူမျိုးစုအနေအထားရှိသည့်နိုင်ငံအတွက် ဤတောင်းဆိုချက်လေးချက်သည် နိုင်ငံအေးချမ်းသာယာရေးအတွက်မရှိမဖြစ်သော နိုင်ငံရေးမဏ္ဍိုင်ကြီးလေးရပ်ပင်ဖြစ်ပေသည်။ တနည်းဆိုသော် မြန်မာအုပ်စိုးသူအစိုးရများအတွက်ရင်ဝယ်ပိုက်ဆုပ်ကိုင်ထားရမည့် နိုင်ငံရေးလမ်းညွှန်လည်းဖြစ်ရပါမည်။ အထက်ပါအချက်ကြီး ၄ချက်အနက်
ကရင်ပြည်ချက်ချင်းပေး ဆိုသည့်အချက်နှင့်ပတ်သက်၍ liberty ဟူသည် လူသားတိုင်း၏ခြေခံလွတ်လပ်မှုဖြစ်ပြီး လူမျိုးတမျိုးအတွက်ရှိအပ်သော အခြေခံလွတ်လပ်ရေးလည်းဖြစ်ပါသည်။
ကရင်ပြည်ချက်ချင်းပေးဟုဆိုရာ၌လွတ်လပ်သောအချုပ်အချာအာဏာပိုင်သည့်သီးခြားနိုင်ငံတခုဖွဲ့စည်းတည်ထောင်ရန်မဟုတ်ပါ။ ကရင်အမျိုးသားခေါင်းဆောင်ကြီး ဒေါက်တာတီသံပြာခေတ် ၁၈၈၁ ခု မှ ပထမဦးဆုံး ဖွဲ့စည်းတည်ထောင်လိုက်သောကရင်အမျိုးသားအဖွဲ့အစည်း (KNA) ခေတ်မှစတင်၍ နှောင်းပိုင်းကရင်အမျိုးသားနိုင်ငံရေးခေါင်းဆောင်များဖြစ်ကြသော ဒေါက်တာစံစီဖိုး နှင့်အပေါင်းပါတို့ခေတ်၊ ကရင့်အမျိုးသားအစည်းအရုံးကြီး ဖွဲ့စည်းသည့်ကာလအလယ်၊ ဒုတိယကမ္ဘာစစ်ကာလအထိ ကရင်အမျိုးသားတို့သည် သီးသန့်အချုပ်အချာအာဏာပိုင်နိုင်ငံ ထူထောင်ရန် တောင်းဆိုဟောပြောခြင်း မရှိခဲ့သည်ကို ဒေါက်တာစံစီဖိုးရေးသားသော “ the Karen People of Burma” စာအုပ်တွင် ရှင်းလင်းတိကျစွာရေးသားဖော်ပြထားပေသည်။ ၄င်းမှမြန်မာပြည်အနာဂါတ်နှင့်ပတ်သက်၍ အကြံပြုဖော်ပြထားသည်မှာ အင်္ဂလိပ်တို့ ဗြိတိသျှနိုင်ငံကို ဖွဲ့စည်းတည်ထောင်ရာတွင် သီးသန့်လူမျိုးစုကြီးများနှင့် သူတို့ပိုင်ဆိုင်နေထိုင်ရာ နယ်မြေများဖြစ်ကြသော အင်္ဂလန်၊ အိုင်ယာလန်၊ စကော့တလန်၊ ဝေလနိုင်ငံ စသည်တို့အားပေါင်းစည်းကာအင်အားကြီးမားသည့်နိုင်ငံတခုအဖြစ် ခိုင်မာစွာဖွဲ့စည်းတည်ဆောက်ကြသည်။ အလားတူပင် မြန်မာနိုင်ငံသည်လည်း သီးသန့်လူမျိုးစုနယ်မြေများဖြင့် ရခိုင်ပြည်၊ ရှမ်းပြည်၊ ကရင်ပြည်၊ မွန်ပြည်စသည့်တိုင်းရင်းသားများဖြင့် စုပေါင်းတည်ထောင်ထားသည့် နိုင်ငံတနိုင်ငံအဖြစ် ဖွဲ့စည်းတည်ထောင်ရန် လိုအပ်ကြောင်း ရေးသားဖော်ပြခဲ့လေသည်။ တနည်းအားဖြင့်ဆိုရပါမူ ယခုကာလတိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးတပ်ပေါင်းစုကြီးနှင့် တိုင်းရင်းသားနိုင်ငံရေး အဖွဲ့အစည်းများ၊ တိုင်းရင်းသားပြည်သူလူထုများ တောင်းဆိုထားသည့် စစ်မှန်သော ဖယ်ဒရယ် ပြည်ထောင်စုကြီးပင်ဖြစ်ပါသည်။
အုပ်ချုပ်သူအစိုးရတို့သည် အထက်ပါ KNU နှင့် ကရင့်တော်လှန်ရေးခေါင်းဆောင် ကြီးများ၏ နိုင်ငံတော်အတွင်း မရှိမဖြစ်လိုအပ်သော နိုင်ငံရေးနှင့် အုပ်ချုပ်မှုအခြေခံမဏ္ဍိုင်ကြီးလေးချက်ကိုသတိမမူ ဂူမမြင် ဆန့်ကျင်လစ်လျူရှုခဲ့ကြ သဖြင့် နောက်ဆုံးအမျိုးသားရေးလှုပ်ရှားမှုကြီးတပြည်လုံးသို့ပေါက်ကွဲလာသောအခါ အုပ်ချုပ်ရေးစိန်ခေါ်မှုကြီးများနှင့် ရင်ဆိုင်ဒုက္ခရောက်ခဲ့ရသည်။ ထိုအခါ အမည်ခံအတုအယောင် ပြည်နယ် (၇)ခုကို သူတို့အကြိုက်သတ်မှတ်၊ ဘောင်ခတ်ရေးဆွဲတည်ထွင်ကြပြန်သည်။ တဖက်မှကြီးမားကျယ်ပြန့်သော တိုင်းကြီး (၇)တိုင်းတိုးချဲ့ဖန်တီးပြီး ဗမာပြည်မအဖြစ်ထားရှိ၍ အာဏာလွှဲအပ်ကာပြည်နယ်များသည် မဟာဗမာပြည်မကြီးလက်အောက်သို့ရောက်လာရပြန်သည်။
ထို့ကြောင့်ပင်လျှင် ကရင့်ခေါင်းဆောင်ကြီးများ အပါအ၀င် ကရင်လူထုတရပ်လုံး လူပေါင်း ၄သိန်းခွဲကျော်လမ်းမပေါ်ထွက်ပြီး လှည့်လည်ဆန္ဒပြထုတ်ဖော်ကာ မြန်မာပြည်၏လိုအပ်သော နိုင်ငံရေးမဏ္ဍိုင်ကြီးလေးရပ်ကို အသံတိတ် ထုတ်ဖော်စိန်ခေါ်လိုက်ခြင်းဖြစ်ကြောင်းကို ကရင်တမျိုးသားလုံးနှင့် အထူးသဖြင့်ကရင့်တော်လှန်ရေးသမားတဦးစီတိုင်း သိရှိထားရမည့်နိုင်ငံရေးပြဿနာအခြေခံဖြစ်ပါသည်။ လွန်ခဲ့သော ၆၃ နှစ်မှကရင်လူမျိုးတို့၏စိန်ခေါ်ချက်သည် ကရင်တော်လှန်ရေး၏အမြုတေ၊ ရေသောက်မြစ်ကြီးဖြစ်သည်သာမက ကျန်တိုင်းရင်းသားများအားလုံးနှင့်လည်းအကြုံးဝင်နေသဖြင့် နောင်တွင်တိုင်းရင်းသားတပ်ပေါင်းစုဖွဲ့စည်းတည်ထောင်ကာ NDF အုတ်မြစ်မှယခု UNFC အထိ တလှေထဲစီး တခရီးထဲသွားကာ နိုင်ငံရေးပန်းတိုင်ဆီသို့လက်တွဲချီတက်ကြလေပြီ။
ကရင်အမျိုးသားများ၏နိုင်ငံရေးစိန်ခေါ်ချက်ကို ထိုစဉ်ကကွန်မြူနစ်တပိုင်း၊မဟာဗမာလူမျိုးကြီးဝါဒီတပိုင်းဖြစ်သော ဖဆပလ ရန်ကုန်အုပ်စိုးသူတို့အုပ်စုသည် နည်းမျိုးစုံဖြင့် ဆန့်ကျင်တိုက်ဖျက်ကာ သခင်ကိုယ်တော်မှိုင်းမှအစ ဖဆပလအဖွဲ့ဝင်နှင့် စစ်အာဏာရှင်နေ၀င်းတို့က “အောင်ဆန်းစစ်ဆင်ရေး” (Aung San Operatioin) မူဝါဒချမှတ်လာကြသည်။ အောင်ဆန်းစစ်ဆင်ရေး၏အဓိကမဟာဗျူဟာပန်းတိုင်မှာ နိုးကြားကြီးမားလာသော ကရင့်တော်လှန်ရေး၏ အဖူးအပွင့်များကို အဓိကထားပြီး တိုက်ခိုက်ဖြိုဖျက်ပစ်ရန်ဖြစ်ပြီး ထိုနောက်တွင် မွန်၊ ကချင်၊ ရှမ်း အစရှိသောကျန်တိုင်းရင်းသားများအား ဒုတိယထား၍ ဖြိုဖျက်ပစ်ရန်ပင်ဖြစ်သည်။
သို့ဖြစ်၍ ကရင့်အမျိုးသားတော်လှန်ရေးခေါင်းဆောင် စောဘဦးကြီးသည် ကရင့်တော်လှန်ရေးအတွက် အောက်ပါမူကြီး ၄ ချက်ကိုပြန်လည်စိန်ခေါ်ချမှတ်လိုက်သည်။
လက်နက်ချစကားအလျဉ်းမပြောရ။
ကရင့်လက်နက် ကရင်လက်ထဲရှိရမည်။
ကရင်ပြည်ပြည့်စုံရမည်။
ကရင်နိုင်ငံရေးကံကြမ္မာ ကရင်ဖန်တီးရမည်။
အကယ်စင်စစ် ကရင့်တော်လှန်ရေးကြီးသည် ကရင့်တမျိုးသားလုံး၏ ရင်ထဲ၊ နှလုံးသားထဲမှ ယိုဖိတ်စီးဆင်းလာသော လက်တွေ့ဘ၀လုံခြုံရေးနှင့် သားစဉ်မြေးဆက်အတွက် ထာဝရစစ်မှန်နေမည့်ဘ၀ငြိမ်းချမ်းသာယာရေး မုဒ်ဦးသို့ခေါ်ဆောင်ပေးသည့် တခုတည်းသောအမျိုးသားနိုင်ငံရေး ယန္တယားကြီးဖြစ်သည်သာမက တိုင်းရင်းသားလူမျိုးအားလုံး စည်းလုံးညီညွတ်ရေး၊ အချုပ်အချာအဏာတည်မြဲရေး၊ သားစဉ်မြေးဆက်ဘ၀အေးချမ်းသာယာရေးအတွက် တော်လှန်သည့်အုတ်မြစ်ကျောက်ဆောင် တည်ဆောက်ပေးပြီး၊ ကာကွယ်စောင့်ရှောက်သော အုတ်တံတိုင်းကြီးတည်ဆောက်ပေးနေ သူပင်ဖြစ်ပါသည်။ ထို့ကြောင့်သမိုင်းကွေ့ငြိမ်းချမ်းရေး ဆွေးနွေးပွဲတလျှောက်လုံးတွင် KNU ခေါင်းဆောင်ကြီးများသည် သပ်လျှို၊ ထိုးခွဲလာသောရန်သူ၏ နည်းပရိယာယ်များနှင့် ရန်သူ၏ကယ်ပေါက်အတွက်တည်ထွင်ထားသည့် ချောက်တခါ၊ ချောက်တလှည့်နည်းပရိယာယ်သို့အကျမခံဘဲ လေယူရာယိမ်း၊ မတိမ်းခဲ့ဖူးပါချေ။
သို့သော်ယခု ၂၀၁၂ နှစ်ဦးပိုင်း မှအစပြုသော ကရင် ဗမာအပစ်အခတ်ရပ်စဲရေးနှင့်ငြိမ်းချမ်းရေး ဆွေးနွေးပွဲသည် ကရင်တမျိုးသားလုံးရည်မှန်းချက် ပန်းတိုင်ကြီးနှင့် ဆန့်ကျင်ဖီလာပြီးကရင်တမျိုးသားလုံး၏ဂုဏ်သိက္ခာကိုပါ ထိခိုက်ကျဆုံးစေသည်ဟု ပြည်တွင်း ပြည်ပ၊နယ်စပ်အနှံ့ ဝေဖန်ပဲ့တင်သံမျာိးကု နေ့စဉ်နှင့်အမျှကြားနေရပါသည်။
ကျွန်ုပ်အနေဖြင့်မည်သူတဦးတယောက်ကိုမျှ လွယ်လွယ်အပြစ်မဆိုလိုသော်လည်း တမျိုးသားလုံးအရေးနှင့် ဆိုင်လာသဖြင့် ထောက်ပြဝေဖန်ချက်ပြုရန်မှာတော့ လူတိုင်း၏အမျိုးသားရေးတာဝန်ဖြစ်ပေသည်။
ကရင် ဗမာစစ်ပွဲ ငြိမ်းချမ်းရေးကိုလူတစုက ဥပဒေပညာရှင်အမြင်ဖြင့် လှည့်ကစားနိုင်ရေးအတွက် မဟာဗျူဟာတခုကို ဥပဒေနည်းပညာဖြင့်ရေးဆွဲကာ အကောင်အထည်ဖော်တောင်းဆိုရန် လုပ်ဆောင်လာသည်။ ထိုမဟာဗျူဟာသည် ဥပဒေလမ်းကြောင်းအတွေးအခေါ်ဖြင့် ဥပဒေစည်းဝိုင်းအတွင်း ရန်သူဖြစ်သည့်မြွှေကို ဦးခေါင်းမှဖမ်းစရာမလိုဘဲ မြွှေ၏အလယ်ပိုင်း၊ သို့မဟုတ် အမြီးပိုင်းမှဖမ်းယူပြီး ၄င်းမှတဆင့်လည်ပင်းကိုချုပ်ကိုင် အသေဖမ်းရန်ဖြစ်သည်။ သို့သော်မြွေမြွေချင်းခြေမြင်ဆိုသည့်အချက်ကို လေးနက်စွာသတိပြုရန်လိုအပ်ပါသည်။ အန္တရယ်က ယခုခင်းကစားနေသောပွဲတွင် KNU ဖက်မှ ထွက်ပေါက်နှင့်နည်းဗျူဟာအကွက်များကို မဟာဗျူဟာထဲတွင် မတွေ့ရချင်းဖြစ်သည်။ ဤအချက်သည် အရေးကြီးသဖြင့်ဆက်လက်၍အနည်းငယ်အကျယ်ချဲ့လိုပါသည်။
ကရင့်နိုင်ငံရေးခေါင်းဆောင်စောဘဦးကြီးမှအစ စောဖိုးချစ်၊ စောမာရှယ်ရွှေ၊ စောဖားဒွဲနှင့် ဆစ်ဒနီလူနီတို့သည် ဥပဒေပညာရှင်ကြီးများဖြစ်ကြပါသည်။ BIA အုပ်စုနှင့် ထိုစဉ်က ဖဆပလအုပ်ချုပ်သူများထဲတွင် ဥပဒေဘွဲ့ရသူတဦးမှမပါပါ။ စစ်ဖက်ရေးရာတွင်လည်း ဗိုလ်ချုပ်ကြီးစောစမစ်ဒွန်း၊ စောကြာဒိုးအပါအ၀င် လေတပ်ဦးစီးချုပ်စောရှီးရှို၊ ရေတပ်ဦးစီးချုပ်စောဂျက်တို့သည် ကမ္ဘာ့အဆင့်မြင့်ဗိုလ်သင်တန်း၊ အထက်တန်းစစ်ပညာသင်တန်းကိုတက်ရောက်အောင်မြင်ခဲ့သော်လည်း BIA ဖက်မှ တယောက်မှမရှိပါ။ သို့ရာတွင် မော်လမြိုင်နှင့်သထုံကိုသိမ်းယူပြီး အုပ်ချုပ်ရေးအခြေခံချနေပြီးမှ ဗမာများအားအခွင့်အရေး ပြန်လည်ပေးအပ်လိုက်ရခြင်း၊ စစ်ဦးစီးချုပ်ဖြစ်သူ ဗိုလ်ချုပ်စမစ်ဒွန်းကိုခွင့်မပန်ဘဲ ရန်ကုန်မြို့လယ် သူဌေးကုန်းရှိ KNU ဌာနချုပ်ကိုအလစ်ဝင်တိုက်မီးရှို့ဖျက်ဆီးပြီး ဗိုလ်နေ၀င်းက ဗိုလ်ချုပ်စမစ်ဒွန်းနေရာကိုတက်ယူခြင်း၊ အသာစီးရှိနေသောအင်းစိန်တိုက်ပွဲတွင် ဖဆပလမှ ကရင်တော်လှန်ရေးခေါင်းဆောင် (ဥအဒေပညာရှင်)များအား ငြိမ်းချမ်းရေးထောင်ချောက်ဖြင့် အထိနာစွာဆုတ်ခွါစေခြင်း စသည့် ရန်သူ၏မြွေကဲ့သို့ကောက်ကျစ်သော ပင်ကိုယ်သဘာဝကို သင်င်္ခန်းစာယူရန်ဖြစ်သည်။
ရေမြွေ၊ လင်းမြွှေကဲ့သို့သော အဆိပ်မဲ့မြွေများကို အမြီးမှဖမ်းပြီး ၄င်းမှတဆင့် လည်ပင်းကိုအပိုင်ချုပ်ကိုင်နိုင်မည်ဖြစ်သော်လည်း ထိုနည်းဖြင့် မြွေပွေး၊ မြွေဟောက်ကို ကိုင်ရန်ကြိုးစားပါက မိမိအသက်အားထိုးအပ်ပေးရာ ရောက်ပါလိမ့်မည်။ တနည်းဆိုရသော် ယခုလက်ရှိ အစိုးရငြိမ်းချမ်းရေး လုပ်ဆောင်ချက်သည် မြွေပွေးနှင့်မြွေဟောက်နှစ်ကောင်ပေါင်း ကစားသောနည်းဖြစ်ပါသည်။ ရှေ့တန်းတွင်မြွေဟောက်အား ချောက်တခါ၊ ခြောက်တလှည့် ပါးပြင်းထောင်ကာ ကစားပြနေပြီး ၄င်းမြွေဟောက်၏နောက်တွင်မူ အဆိပ်ပြင်းသော မြွေပွေးကငြိမ်းချမ်းရေး ပန်းတိုင်မုဒ်ဦးအလယ်တွင် ငြိမ်သက်စွာ အခြေအနေကြည့်စောင့်နေသည်ကို သတိကြီးစွာထားရမည်ဖြစ်သည်။ ပြည်တွင်း၊ ပြည်ပ ကရင်လူထုတရပ်လုံး၏အမြင်အားပေါင်းစည်းကြည့်သော် ယခု KNU ဌာနချုပ်၊ ဗဟိုကော်မတီ၏သဘောထားဘောင်အပြင်ဖက်ရောက်နေသော လူစုနှင့် ၄င်းတို့၏နည်းဗျူဟာသည် ရန်သူမြွေကြီး၏၀ါးမြိုမှုကို တစတစခံနေရပြီဖြစ်ကြောင်း တခုတည်းသောအဖြေထွက်လာလေသည်။
ဆက်၍ဖော်ပြရသော် အရှေ့ကွန်မြူနစ်ကမ္ဘာနှင့် အနောက်အုပ်စုများ၏၀ါဒရေးရာစစ်ဆင်ရေးကြီးကို ဗီယက်နမ်စစ်မြေတလင်းတွင် ကြောက်ခမန်းလိလိဆင်နွှဲခဲ့ကြပါသည်။ ခေတ်အမှီဆုံးလက်နက်နှင့်နည်းပညာများကိုသုံး၍ မြို့ပြ ကျေးလက်နှင့်သဘာဝသစ်တောများပါမကျန်စစ်တလင်းဖြစ်ဖျက်ဆီးခံခဲ့ရသည်။ ဥပဒေမဲ့ သတ်ဖြတ်၊ မီးရှို့၊ ဖမ်းဆီးညှင်းဆဲမှုများကြောင့်ဒေသနိုင်ငံတခုလုံး အနိဌာရုံဖြစ်ခဲ့ရသည်။ ထိုအခါ ကမ္ဘာ့ကုလသမ၈္ဂအပါအ၀င် နိုင်ငံတကာအစိုးရများက ဗီယက်နမ်စစ်အားရပ်စဲရန်နှင့် ကမ္ဘာစစ်ရာဇ၀တ်မှုအဆင့်အပါအ၀င် အရေးကြီးသော အကြောင်းရပ်များကို တရားဝင်ဆွေးနွေး ပြောဆိုကြရာ အစီအစဉ်၌ မည်သည့်ဥပဒေပညာရှင်ကိုမှမခေါ်ဘဲ ကမ္ဘာ့သမိုင်းပညာရှင် (၄) ဦးကိုအထူးဖိတ်ခေါ်ကာ ဆွေးနွေးငြင်းခုံပွဲ၏စင်မြင့်ပေါ်တွင် ထိုင်၍အကဲခတ်နားထောင်စေသည့် သူတို့၏ရုပ်ပုံလွှာများကိုလည်း သတိရဆင်ခြင်မှုပြုနိုင်ကြရန်လိုအပ်ပါသည်။
အချုပ်အားဖြင့်ဆိုရလျှင် KNU နှင့်ကရင့်တော်လှန်ရေးကြီးသည် တောတတောတွင် တော၏အင်္ဂါလက္ခဏာနှင့်ရှိရမည့် ရေမြွေ၊ လင်းမြွေမဟုတ်သလို၊ မြွေပွေးမြွေဟောက်များလည်းမဟုတ်ပါ။ သို့သော် KNU ကရင့်တော်လှန်ရေးကြီးနှင့် တိုင်းရင်းသားတော်လှန်ရေးတပ်ပေါင်းစုဖြစ်သောNDF မှအစ UNFC ၏လုပ်ဆောင်ချက်နှင့် ချမှတ်ထားသော အမျိုးသားနိုင်ငံရေးမဏ္ဍိုင်ကြီးကို အပေါ်ယံမဟုတ်ဘဲ ဓမ္မဓိဌာန်ကျကျလေ့လာဆန်းစစ်ကြည့်ပါသော် သူတို့သည် တောတတောရှိသတ္တ၀ါနှင့်နှိုင်း ယှဉ်ပါကကေသရာဇာခြင်္သေ့မင်းအလားပင်ဖြစ်ပါလေသည်။ ခြင်္သေ့တို့မည်သည် မိမိသားကောင်ကိုမရလေသော် ဘယ်သောအခါမှမြက်မစားပါ။ တဖန်ခြင်္သေ့မှန်လျှင် ဘယ်လိုအခြေအနေရောက်နေပါစေ၊ ဘယ်လိုဘယ်လောက်ငတ်ပြတ်သွား ပါလေစေ ပေါင်းမြက်မစားပါ။အချုပ်အားဖြင့်ဆိုရပါသော်
“ခြင်္သေ့ဟူသည်ကားဘယ်သောအခါမှမြက်ကိုသူမစား”
တက္ကသိုလ် တောင်တန်းလုလင်
Sunday, September 2, 2012
ငြိမ်းချမ်းရေးဆွေးနွေးပွဲစိန်ခေါ်ချက် နှင့် ကရင်ဗမာစစ်ပွဲအဆုံးသတ်ရေး
Tuesday, August 28, 2012
KNUနှင့် မြန်မာ အစိုးရတို့ နှစ်ဦးနှစ်ဘက် ပြန်လည်ညှိနှိုင်းပြီး
တတိယအကြိမ် အပစ်ခတ်ရပ် ဆိုင်းရေး ဆွေးနွေးမည့်ရက် ပြန်လည် သတ်မှတ်ဟု KNUသတင်းထုတ်ပြန်http://www.kicnews.orge#respond">--သြဂုတ်လ ၂၈ရက်၊ ၂၀၁၂ခုနှစ်။ နန်းဖော့ဂေ (ကေအိုင်စီ)
ကရင်အမျိုးသားအစည်းအရုံး(KNU)နှင့် မြန်မာ အစိုးရတို့ နှစ်ဦးနှစ်ဘက် ပြန်လည်ညှိနှိုင်းပြီး တတိယအကြိမ်မြောက် တွေ့ဆုံဆွေးနွေး မည့်ရက်ကို ပြန်လည်သတ်မှတ် အတည်ပြုလိုက်ပြီဖြစ်ကြောင်း KNU က ယနေ့ သတင်းထုတ်ပြန်လိုက်သည်။၎င်းသတင်းထုတ်ပြန်ချက်ထဲတွင် ဆွေးနွေးပွဲကို ကရင်ပြည်နယ်၊ ဖားအံမြို့တွင် စက်တင်ဘာလ ၃ရက်မှ ၄ရက်နေ့အထိ ကျင်းပပြုလုပ် သွားမည်ဖြစ်ပြီး လူထုအတွက် အာမခံချက်ရှိသော လုံခြုံမှုရရှိရေးနှင့် အဆင့်တိုင်းတွင် ယုံကြည်မှု တည်ဆောက်ရေးကို ဦးတည်သည့် အချက်နှစ်ချက်ကို အဓိကထား ဆွေးနွေးညှိနှိုင်းသွားမည်ဟု ဖော်ပြထားသည်။ထိုအချက်နှစ်ချက်မှာ ပြည်သူလူထု ဘ၀လုံခြုံမှုကို အာမခံပေးနိုင်ရေးအတွက် တပ်များ ပြန်လည် နေရာချထားရန်နှင့် နှစ်ဦးနှစ်ဘက် လိုက်နာရမည့် အပစ်အခတ် ရပ်ဆိုင်းရေးဆိုင်ရာ ကျင့်ဝတ်စည်းကမ်းများ (Code of Conduct) မူကြမ်း စသည်တို့ဖြစ်သည်။“အချက်နှစ်ချက်ပဲဆိုပေမယ့် ခိုင်မာတဲ့ အပစ်အခတ်ရပ်ဆိုင်းရေး ရယူနိုင်ဖို့ အရေးအကြီးဆုံး အချက်နှစ်ချက်ဖြစ်နေတာရယ်၊ အပြန်ပြန် အလှန်လှန် အကျေအလည် ဆွေးနွေးရမှာမို့ အချိန်သေသေချာချာ ပေးနိုင်ဖို့ပဲ ဖြစ်ပါတယ်”ဟု နော်မေဦးမူတြော်က ပြောသည်။ယခုသွားရောက်ဆွေးနွေးမည့် KNU ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ကို နော်စီဖိုးရာစိန်မှ အဖွဲ့ခေါင်းဆောင်အဖြစ် ဦးဆောင်သွားမည် ဖြစ်ပြီး ဒုအဖွဲ့ခေါင်းဆောင်အဖြစ် ဒုတိယ စစ်ရေးချုပ် ဗိုလ်မှူးချုပ်စ’ရှာထုဝေါ်နှင့်အတူ စုစုပေါင်း ကိုယ်စားလှယ်အဖွဲ့ဝင် ၁၀ဦး ပါဝင်မည် ဟုလည်း နော်မေဦးမူတြော်က ကေအိုင်စီသို့ ပြောဆိုသည်။KNU ၏ သတင်းထုတ်ပြန်ချက်တွင် စစ်ရေးပဋိပက္ခများကို ဖြေရှင်းနိုင်ရန်နှင့် ငြိမ်းချမ်းရေးရရှိရန် ကြိုးပမ်းဆောင်ရွက်သည့် ဖြစ်စဉ်တွင် နောင်ဖြစ်ပေါ်လာမည့် နိုင်ငံရေးပြောင်းလဲမှု၏ ဆိုးကျိုး၊ ကောင်းကျိုး သက်ရောက်မှုများကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ခံစားရ မည့်သူအားလုံး၏ ၀ိုင်းဝန်းကြိုးပမ်းမှုအားဖြင့် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်မည်ဟု ယုံကြည်ကြောင်း ပါရှိ သည်။မြန်မာအစိုးရနှင့် KNU တို့၏ တတိယအကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲတွင် ပြည်တွင်းနှင့် နိုင်ငံတကာမှ လေ့လာသူများလည်း ပါဝင် တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။ပြီးခဲ့သည့် သြဂုတ်လ ၂၅ရက်က KNU မှ ထုတ်ပြန်ခဲ့သည့် သဘောထားကြေညာချက်ထဲတွင် တတိယအကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲ အတွက် ယခင် သတ်မှတ်ထားသည့် သြဂုတ်လ ၂၇-၂၉နေ့ရက်ကို မြန်မာအစိုးရမှ ရက်ရွှေ့ဆိုင်းလိုက်ကြောင်း ဖော်ပြခဲ့ပြီးနောက် ယခု ထပ်မံ၍ ရက်သတ်မှတ် အတည်ပြုသည့်သတင်းကို ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။
Saturday, August 25, 2012
KNU နှင့်တတိယ အကြိမ်မြောက် ဆွေးနွေးရေး မြန်မာ အစိုးရ ရက်ရွှေ့ဆိုင်း
သူတို့အချင်းချင်းတောင်မပြေလည်နိုင်သေးဘဲသူမျုားကိုဂတိတွေလျှောက်ပေးနေတာပေါလွန်းနေပြီး
ဘာမှလည်းအပစ်အခတ်ရပ်စဲရေးအင်္ဂါရပ်နဲ့လည်းမညီဘူး ကရင်ပြည်နယ်မှာတောတောင်ထူထပ်တာနဲ့လူနေကျေးရွာမရှိတဲ့နေရာကလွဲရင်ဒေသအားလုံးလိုလိုမှာ ဗမာစစ်အစိုးရတပ်စခန်းနဲလှုပ်ရှားစစ်ကြောင်း
အင်အားအပြည့်ရှိနေတယ်ငြိမ်းချမ်းရေးအတွက်အပစ်ရပ်ထားတာနဲ့မတူဘဲစစ်ရေးအဆင်သင့်ပြင်ထားတဲ့
ပုံစံဘဲဖြစ်နေတယ်
မြို့ရွာလူနေအိမ်ဒေသကိုထိမ်းချုပ်ထားပြီးတော်လှန်ရေးလက်နက်ကိုင်တွေကိုတောတောင်ထဲမှာဘဲ
ပထုတ်ထားတဲ့သဘောဟာ စစ်အစိုးရရဲ့ဖြတ်လေးဖြတ်ထဲက လူထုနဲ့အဆက်အသွယ်ဖြတ်ဆိုတဲ့အချက်
တစ်ချက်ထဲက စီမံကိန်းရှိနေတုန်းပါ ဒီလိုအခြေအနေရှိနေတုန်းမှာသူတို့နဲ့မဆွေးနွေးဖြစ်တာKNU အတွက်ထူးမခြားနားအခြေအနေမို့မဆွေးနွေးဖြစ်တာလည်း ဘာမှမထူးခြားပါဘူး စစ်ရေးသတိကိုအရင်
ကထက် ပိုပြီးဂရုစိုက်ပြင်ဆင်ထားရပါလိမ့်မယ် ဒီပွဲဟာသူတို့အတွက် အဆုံးသတ်နောက်ဆုံးပွဲဖြစ်သလို
ငါတို့အတွက်လဲဖြစ်တယ် အမှားမခံဘို့လိုတယ် ။ (သူရေဝ့်ဖါန်)
KNU နှင့်တတိယ အကြိမ်မြောက် ဆွေးနွေးရေး မြန်မာ အစိုးရ ရက်ရွှေ့ဆိုင်း(KIC )
ကရင်ပြည်နယ်၊ ဖားအံမြို့တွင် သြဂုတ်လ ၂၇ရက်မှ ၂၉ရက်နေ့အထိ ကရင်အမျိုးသားအစည်းအရုံး-KNU နှင့် တတိယအကြိမ်မြောက် အပစ်ရပ်ရေးဆွေးနွေးမည့်ကိစ္စကို မြန်မာအစိုးရဘက်မှ အကြောင်းပြချက်မရှိ ရက်ရွှေ့ဆိုင်းလိုက်ကြောင်း KNU က ယနေ့ ကြေညာချက် ထုတ်ပြန်လိုက်သည်။
မြန်မာအစိုးရသည် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့က နှုတ်အားဖြင့် KNU ကို ယမန်နေ့၌ အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း KNU ငြိမ်း ချမ်းရေးလုပ်ငန်းစဉ်၏ ပြောရေးဆိုခွင့်ရှိသူ နော်မေဦးက “ကျမတို့ အပြန်အလှန် ပုံမှန်ဆက်သွယ်ဖို့ သတ်မှတ်ထားတဲ့ လူကနေတဆင့် အစိုးရဘက်က အကြောင်းကြားခဲ့တာပါ။ အကြောင်းပြချက်တော့ ဘာမှ မသိရဘူး။ ဒါ ရွှေ့ခိုင်းတယ်လို့ပဲ ကျမတို့ကို ပြောခဲ့တယ်”ဟု ကေအိုင်စီသို့ ပြောသည်။
သို့သော် တတိယအကြိမ် တွေ့ဆုံဆွေးနွေးပွဲ ဖြစ်မြောက်ရန်အတွက် မြန်မာအစိုးရနှင့် ညှိနှိုင်းတိုင်ပင်ပြီး တွေ့ဆုံနိုင် မည့် နေ့ရက်ကိုအမြန် ဆုံး ဆက်လက် အကောင် အထည်ဖော် ကြိုးပမ်းသွားမည်ဟု KNU က ဆိုသည်။
KNU နှင့် အစိုးရတို့သည် တတိယအကြိမ်မြောက် အပစ်အခတ်ရပ်ဆိုင်းရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲနှင့် ပတ်သက်၍ ယခုသြဂုတ်လ ၅ ရက်နေ့၌ မြ၀တီမြို့တွင် အစည်းအဝေးပြုလုပ်၍ နှစ်ဦးနှစ်ဘက်ကိုယ်စားလှယ်များက ညှိနှိုင်းတိုင်ပင်ခဲ့ရာ တွေ့ဆုံမည့်နေရာ၊ နေ့ရက်များ ကို သဘောတူသတ်မှတ်ခဲ့ကြပြီး ဖြစ်သည်။
ဆက်လက်၍ နော်မေဦးက “ကျမတို့ တတိယအကြိမ် တွေ့ဆုံဖို့ အစိုးရဘက်က ရက်ရွှေ့ထားတာကို အများပြည်သူသိအောင် အခုလို ကြေညာချက် ထုတ်ပြန်လိုက်တာဖြစ်တယ်။ ဒီလို မဟုတ်ရင် ပြည်သူလူထုတွေ အထင်မှားမှုနဲ့ စိုးရိမ်မှုတွေ ဖြစ်မှာကို စိုးလို့ပါ”ဟု ဖြည့် စွက်ပြောဆိုသည်။
ဧပြီလ ၆ရက်နေ့က ရန်ကုန်မြို့၊ ဆီဒိုးနားဟိုတယ်တွင် ကျင်းပခဲ့သည့် ပြည်ထောင်စုအဆင့် တွေ့ဆုံဆွေးနွေးပွဲ၏ အစည်းအဝေး ဆုံးဖြတ် ချက်အရ ပြည်သူလူထု ဘ၀လုံခြုံမှုကို အာမခံပေးနိုင်ရန် တပ်များ ပြန်လည် နေရာချထားရေးနှင့် နှစ်ဦးနှစ်ဘက်လိုက်နာရမည့် အပစ်အ ခတ် ရပ်ဆိုင်းရေးဆိုင်ရာ လိုက်နာရမည့် ကျင့်ဝတ်စည်းကမ်းများ (Code of conduct)ကို တတိယအကြိမ်မြောက်ဆွေးနွေးပွဲတွင် အသေး စိတ် ဆွေးနွေးသွားရန် စီစဉ်ထားကြောင်းလည်း KNU က ပြောသည်။
၎င်းအပြင် အစိုးရနှင့် အပစ်အခတ်ရပ်ဆိုင်းရေး အကောင်အထည်ဖော်သည့် လုပ်ငန်းစဉ်တိုင်းသည် ယုံကြည်မှု တည်ဆောက်သည့်အ ဆင့်အဖြစ် သတ်မှတ်သည့်အလျောက် စစ်မှန်သည့် ငြိမ်းချမ်းရေးကို ဖော်ဆောင်ရေးအတွက် ယုံကြည်မှုကို ပိုမိုခိုင်မာအောင် နှစ်ဦးနှစ် ဖက်မှ လုပ်ကိုင်သွားရန်လည်း KNU က ၎င်း၏ ထုတ်ပြန်ချက်တွင် မြန်မာအစိုးရကို တိုက်တွန်းလိုက်သည်။
ယခုနှစ် ဇန်န၀ါရီလ ၁၂ရက်နေ့က KNU သည် မြန်မာအစိုးရနှင့် တွေ့ဆုံပြီး ပြည်နယ်အဆင့် ပဏာမ အပစ်အရပ်ရေး သဘောတူ လက်မှတ်ထိုးပြီးနောက် ဧပြီလ ၆ရက်နေ့က ပြည်ထောင်စုအဆင့်အဖြစ် ထပ်မံ ဆွေးနွေးကာ ဆုံးဖြတ်ချက် ၁၃ချက်ဖြင့် နှစ်ဖက် သဘောတူညီမှုများ ရရှိခဲ့သည်။
Monday, August 20, 2012
ဗမာစစ်အစိုးရလက်ကိုင်တုတ်တပ်ဖြစ်ခြင်းနှစ်နှစ်မြောက်အခမ်းအနား

နယ်ခြားစောင့်တပ် ၂နှစ်ပြည့် အခမ်းအနား ရွှေကုက္ကိုတွင် ကျင်းပ
Submitted by admin on Monday, 20 August 2012--.
သြဂုတ်လ ၂၀ရက်၊ ၂၀၁၂ခုနှစ်။ စောခါးစူးညား (ကေအိုင်စီ)
ကရင်ပြည်နယ်၊ မြ၀တီမြို့နယ် ရွှေကုက္ကိုရွာ၌ နယ်ခြားစောင့်တပ်-BGF အသွင်ပြောင်းရေး ၂နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားကို ယနေ့မနက် ၉နာရီကျော်တွင် အမှတ်(၃) တိုက်နယ်မှူးက ဦးစီး၍ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားကို အမှတ်(၃) တိုက်နယ်အတွင်းရှိ BGF အမှတ်(၁၀၁၇)၊ (၁၀၁၈)၊ (၁၀၁၉)နှင့် (၁၀၂၀)တပ်ရင်းများက စုပေါင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့စတင်သည့်အချိန်နှင့် ပတ်သက်၍ အခမ်းအနား တက်ရောက်သူတစ်ဦးက “သူတို့က အရင် ၉၉၉ (ဒီကေ ဘီအေ)ကို အမှူးပြုပြီး ၉နာရီ ၉မိနစ် ၉စက္ကန့်မှာ လုပ်တာလို့ ပြောတယ်လေ”ဟု ဆိုသည်။
အခမ်းအနားသို့ BGF အမှတ်(၃) တိုက်နယ်မှူးဖြစ်သူ ဦးစောချစ်သူ၊ ပြည်သူ့စစ်နှင့် နယ်ခြားစောင့်တပ်များ ညွှန်ကြားရေးမှူး ဗိုလ်ချုပ်မောင် မောင်အုန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဗိုလ်ချုပ်တင်မောင်ဝင်းနှင့် ကရင်ပြည်နယ်ဝန်ကြီးအဖွဲ့မှ ပုဂ္ဂိုလ်အချို့၊ မြ၀တီခရိုင် တာဝန်ရှိ ပုဂ္ဂိုလ်များ၊ ကရင်အမျိုးသားအစည်းအရုံး-KNU ဆက်ဆံရေးရုံးမှ ခေါင်းဆောင်အချို့ အပါအ၀င် ပရိဿတ် ၂,၀၀၀ခန့် တက်ရောက်ခဲ့ကြ သည်။
Sunday, August 12, 2012
သူတို့တတွေ လည်စင်းခံကြလေပြီ
အသေအခြာဖတ်ပြီးသုံးသပ်ပါ ဖြစ်နိုင်၊မဖြစ်နိုင် ငါတို့ကရင်တွေအတွက်အရေးကြီးတဲ့အချိန်ကိုရောက်နေချိန်မှာစေတနာမမှန်တဲ့ငြိမ်းချမ်းရေး
သမားတွေကိုသတိထားပြီးအမျိုးသားထုလမ်းမှားမရောက်ဘို့ရန်အတွက်ကာကွယ်တား
ဆီးရန် ကရင်တိုင်းတာဝန်ရှိပါတယ်။
-------------------------------------------------------------------------------------------------------------------
သူတို့တတွေ လည်စင်းခံကြလေပြီ
တမန်တော် ရွှေဥသြ
ခုတလော KNU နှင့် ကြပ်ပြေးသိန်းစိန်အစိုးရအဖွဲ့တို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှ တပိုင်းတစဖြစ်ပေါ်လာတဲ့ရလဒ်အပေါ် ပြည်တွင်းပြည်ပ နယ်စအနှံ့ဝေဖန်သံနဲ့ပတ်သက်ပြီး ဆွေးနွေးပွဲတရပ်ပြုလုပ်ခဲ့ကြပါတယ်။ ထိုဆွေးနွေးပွဲ နောက်ဆုံးရက်မှ ထွက်ပေါ်လာသည့် အကြောင်းရပ်တခုကို ကရင်အမျိုးသားတရပ်လုံးနှင့် သက်ဆိုင်သည်ဟုယူဆသဖြင့် တင်ပြလိုက်ရပါသည်။
အစည်းအဝေးကို ဇွန်လဒုတိယအပတ် မြို့တမြို့ပြုလုပ်ကြပါတယ်။ အစည်းအဝေးရှိရာမြို့သို့ သောကြာနေ့ညနေ (ရ)နာရီမှာကျွန်တော်ရောက်ခဲ့ပါတယ်။ လာရောက်ကြိုဆိုသူ အသက် (၂၀)၀န်းကျင် လူငယ်အမျိုးသမီးတဦးနှင့် အမျိုးသားတဦးကိုတွေ့ရတော့ ကရင်အမျိုးသားရေးကို ကရင်လူငယ်မောင်မယ်များ ယခုလိုနိုးကြားတက်ကြွစွာ ပါဝင်တာဝန်ယူလာသည်ကိုတွေ့ရ၍ ကျေနပ်ပီတိဖြစ်ရပါသည်။
အစည်းအဝေးရဲ့အဓိကရည်မှန်းချက်ကတော့ KNU သည် ကရင့်တမျိုးသားလုံး၏အရေးကို ကိုယ်စားပြုသော နိုင်ငံရေး ဥသျှောင်အဖွဲ့ကြီး ဖြစ်သည်။ တိုင်းရင်းသားလူမျိုးစုများကို မဟာဝါဒီ အုပ်ချုပ်သူတစုက နည်းမျိုးစုံဖြင့် သွေးခွဲ မြှောက်ထိုးပင်းကော်၊ သပ်လျှိုထိုးခွဲမှုများ တစိုက်မတ်မတ် စနစ်တကျပြုလုပ်နေကြသည်။ သို့ရာတွင် KNU သည် ကရင်လူမျိုးတို့၏ အမျိုးသားရေး၊ နိုင်ငံရေး စုရပ်မဏ္ဍိုင်တခုအဖြစ်ရှိနေ၍ ကရင်လူမျိုးတို့သည် နွားကွဲကျားကိုက်၊ ခေါင်းတွဲပျက်သောရထားအဖြစ်သို့မရောက်ဘဲ လူမျိုးတမျိုးအဖြစ် ကမ္ဘာ့အလယ်တွင်ယနေ့တိုင် ရပ်တည်နေနိုင်လျက်ရှိပါသည်။ ထိုထက်မက လူမျိုးတမျိုး၏ ဘ၀တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် စော်ကားပိတ်ပင်၊ ဖိနှိပ်တိုက်ခိုက်လာသော မဟာအုပ်ချုပ်သူများအား ပြန်လည်တိုက်ခိုက်ကာ (၆၃)နှစ်ကြာ ကရင်-ဗမာ စစ်ပွဲကြီးကို KNU ၏ဦးဆောင်မှုဖြင့် ကရင်တမျိုးသားလုံးက ခုခံတိုက်ခိုက်လျက် အိနြေ္ဒမပျက်၊ ပန်းပန်လျက်ဖြင့်ဆက်လက် ချီတက်နေသည်သာမက အခြားသောတိုင်းရင်းသားလူမျိုးစုများအားလုံးနှင့် စုပေါင်းကာ အမျိုးသားတော်လှန်ရေးမဟာမိတ်အဖွဲ့ကြီးကို စုပေါင်းတည်ဆောက်ပြီး စစ်မှန်သောတိုင်းရင်းသားတို့၏ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်၊ ဖယ်ဒရယ်ပန်းတိုင်သို့ တစိုက်မတ်မတ် ချီတက်လျက်နေပါသည်။ ထို့ကြောင့် ပြည်တွင်းပြည်ပမှ ကရင်တမျိုးသားလုံးသည် အမိ KNU ကိုအမျိုးသားမဏ္ဍိုင်အဖြစ်ထားရှိကာ KNU အရေးသည် ကရင်တမျိုးသားလုံး၏အရေးဖြစ်ကြောင်းကို ကရင်လူမျိုးတိုင်းနားလည်သဘောပေါက်ရန်အတွက်ဖြစ်ပါသည်။
အစည်းအဝေးကို စနေနေ့မနက် (၇) နာရီတွင် တာဝန်ရှိပုဂ္ဂိုလ်များနှင့် လူကြီးများစုပေါင်း၍ တကြိမ်၊ မနက် (၁၀)နာရီတွင် ကိုယ်စားလှယ်ကြီးများနှင့် သီးသန့်ပုဂ္ဂိုလ်များတကြိမ်၊ မွန်းလွဲ (၂) နာရီတွင် ဒေသခံ၊ နယ်ခံများနှင့်တကြိမ် စုစုပေါင်း သုံးနေရာ၊ သုံးကြိမ်ပြုလုပ်သည်။ နောက်တနေ့ တနင်္ဂနွေနေ့တွင် နောက်ထပ်အစည်းအဝေးသုံးကြိမ်အပြင် အမျိုးသမီးအဖွဲ့၊ လူငယ်အဖွဲ့ သီးသန့်အစည်းအဝေးများလည်း ပြုလုပ်ခဲ့ပြီး ညနေ (၅) နာရီတွင် နှစ်ရက်တာအစည်းအဝေးကိုအောင်မြင်စွာ အဆုံးသတ်နိုင်ခဲ့ပါသည်။ ညနေ (၆)နာရီတွင်တော့ နောက်ဆုံး ညစာစားပွဲပြုလုပ်ခဲ့ပါသည်။ ကျနော် ညစာစားပွဲခန်းမသို့အ၀င်တွင် လူငယ်အမျိုးသမီးတဦးက ကျနော့်ဆီခပ်သွက်သွက်လျှောက်လာပြီး-
“ခွင့်ပြုပါဦးလေး၊ ကရင်လူကြီးတဦးက ဦးလေးနဲ့စကားပြောချင်တယ်” ဟုယဉ်ကျေးစွာပြောဆိုရင်း သူ့လက်ထဲမှလက်ကိုင်ဖုန်းကို ကျနော့်အားပေးလိုက်ပါသည်။
ဖုန်းထဲမှစကားပြောလာသူမှာ ဆေးရုံတခုတွင် တက်ရောက်ဆေးကုသခံနေသော ကရင်လူကြီးတဦးဖြစ်ပြီး မျိုးရိုးစဉ်ဆက်အရရော၊ သူကိုယ်တိုင်ရော တော်လှန်ရေးတွင် အဆက်မပြတ် ပါဝင်တာဝန်ထမ်းဆောင်လာခဲ့သူ ဖြစ်လေသည်။
ကျနော်ကသူ့ကို လေးစားစွာ နှုတ်ခွန်းဆက်စကားပြောအပြီးမှာ သူက-
“ကျွန်တော်နေတဲ့မြို့မှာ ခုလိုအစည်းအဝေးလာလုပ်တာ ကျေးဇူးတင်ပါတယ်။ အစည်းအဝေး အေးဆေးအောင်မြင်စွာ ပြီးမြောက်သွားတာကိုသိရလို့လည်း ၀မ်းသာပါတယ်။ ဟိုလူတစုကိစ္စကို ခင်ဗျားတို့ ဘာတွေဆွေးနွေးကြသေးလဲ” ဟုဆက်ပြီးမေးပါတယ်။
သူဘာကိုဆိုလိုမှန်းကျွန်တော်မသိသဖြင့် ကျနော်က
“ဘယ်လူတစုလဲ” လို့ပြန်မေးပါတယ်။
သူက “စောဘဦးကြီးနဲ့ ကရင်ခေါင်းဆောင်ကြီးများက ကရင့်တမျိုးသားလုံးဘ၀လုံခြုံရေးအတွက် တည်ဆောက် ထားပေးခဲ့တဲ့ ကရင့်တော်လှန်ရေးအိမ်ကြီးကိုဖြိုဖျက်ရောင်းစားနေတဲ့ ထူးထူးလေး၊ ဒေးဗစ်ထော၊ မူတူးစေးဖိုး၊ ကွယ်ထူး တို့အုပ်စုလေ။ ဒီလူတွေနဲ့ပတ်သက်ပြီး ဒီအစည်းအဝေးမှာ ဘာတွေပြောဆို ဆွေးနွေးကြသလဲ” တဲ့။
ကျနော်ထမင်းစားခန်းထဲသို့မ၀င်တော့ဘဲ
“ဟုတ်ကဲ့၊ ကျေးဇူးပြု၍ ခဏကလေးနော်” ဟုဆိုကာ ခန်းမ၏ရုံးခန်းဘက်သို့ သွား၍ထိုင်ပြီး
“ဟုတ်ကဲ့၊ ဆက်ပြောပါ” ဟု ပြောလေသည်။
ဤတွင်သူက စကားကလ္လင်ခံမနေတော့ဘဲ အောက်ပါအတိုင်း ရင်ဖွင့်ပြောလာပါတော့သည်။
“ဒီလူစုဟာ KNU ရဲ့ရာထူးနဲ့ အမည်ကိုအသုံးပြုပြီး ထင်ရာစိုင်းနေကြတယ်။ ကရင်တမျိုးသားလုံးရဲ့ မိခင်မဏ္ဍိုင်ဖြစ်တဲ့ KNU ဗဟိုကချမှတ်ထားတဲ့လမ်းကြောင်းကို သွေဖီပြီး ကြပ်ပြေးအစိုးရနောက် တကောက်ကောက်လိုက်နေတယ်။ သူတို့နည်းဗျူဟာကနေတော့ ငြိမ်းချမ်းရေးကိုအကြောင်းပြပြီး ရန်သူကိုအနီးကပ်ပူးသတ်တဲ့လမ်းစဉ်ပါ။ ငြိမ်းချမ်းရေးဆိုတာ လူကြီးတင်မက လူမမယ်၊ ခလေးအရွယ်ကအစ အားလုံး လိုလားကြတာပါ။ အထူးသဖြင့်နှစ်ပေါင်း (၆၃) နှစ်ကြာ ကရင်-ဗမာ စစ်ပွဲဟာလည်း ကျုပ်တို့သားစဉ်မြေးဆက် ထာဝရငြိမ်းချမ်းရေးရရှိချင်လွန်းလို့ တိုက်နေရတာပါ။ ဒီလူစု သိရမှာက ဦးနုခေတ်မှအစ နေ၀င်းခေတ် စောမောင်ခေတ် ခင်ညွန့်ခေတ် သန်းရွှေခေတ်မှ ယခု ကြပ်ပြေးသိန်းစိန်ခေတ်အထိ အစိုးရအဆက်ဆက်လုပ်ခဲ့တဲ့ ငြိမ်းချမ်းရေးဟာ ငါတို့ကရင်တော်လှန်ရေးနှင့်တကွ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့များကို ဖြိုဖျက် ထိုးခွဲရန်လှည့်စားခြင်းသာဖြစ်တယ်။ မဟာဝါဒကိုသူတို့လက်ကိုထားသမျှကာလပတ်လုံး ငါတို့တိုင်းရင်းသားအားလုံးက စုပေါင်းညီညာစွာလက်တွဲပြီး အမျိုး သားတော် လှန်ရေး တပ်ပေါင်းစုကြီးနဲ့ ပြောင်ပြောင်တင်းတင်းပြန်လည်စိန်ခေါ်ပြီး စုပေါင်းတိုက်ခိုက်ရန်မှတပါး အခြားဘာမှရွေးစရာလမ်းမလိုဘူး”။
သူကခဏနားပြီး
“ဒီလိုဝါဒလမ်းစဉ်ကိုင်ဆောင်တဲ့လူကို ကိုယ်တို့က အနီးကပ်ပူးသတ်ရမလိုလို၊ အချိုသပ် Non-Violence နည်းသုံးသလိုလိုနဲ့ သိန်းစိန်၊ အောင်မင်းတို့နဲ့ ရောရောထွေးထွေး ဖက်လဲတကင်းလုပ်နေရင်တော့ မဟာဝါဒီတွေရဲ့ ငြိမ်းချမ်းရေးထောက်ချောက်ထဲ ရောက်ကုန်တော့မှာဘဲ။ ပိုပြီးဆိုးတာက ဒီလူတစုကလုပ်နေတာတချို့ကို KNU ဗဟိုကဘာမှမသိဘူး။ ဥပမာ- ငြိမ်းချမ်းရေးကော်မရှင် အမည်ကိုအသုံးပြုပြီး ဒေးဗစ်ထောတို့က ဦးအောင်မင်းနဲ့ ထင်ရာတွေပြောကြ၊ ယုံကြည်မှု၊ နားလည်မှုတည်ဆောက်ကြတာတွေ၊ အလားတူဘဲ ဗိုလ်မူတူးစေးဖိုးတို့ရဲ့ အပစ်အခတ်ရပ်စဲရေးနဲ့ ပတ်သက်တဲ့လုပ်ရပ်တွေဟာလည်း ရန်သူ့အလိုအတိုင်း လည်စင်းခံလိုက်တာဘဲ။
အပစ်အခတ်ရပ်စဲတယ်ဆိုတာ၊ KNU ရဲ့အဓိကလုံခြုံရေးနယ်မြေတွေကို ကာကွယ်ထားရမယ့်အပြင် တိကျပြတ်သားတဲ့တပ်နေရာချထားမှုနဲ့ နှစ်ဖက်တပ်ရဲ့အနေအထား၊ တပ်တည်နေရာ စည်းမျဉ်း စည်းကမ်းချက်များကို စနစ်တကျအကျေအလည်ဆွေးနွေးဖို့ အမှန်တကယ်လိုအပ်ပါတယ်။ အဲဒီကမှတဆင့် စစ်ရေးနိုင်ငံရေးကို အာဏာပိုင်တွေရဲ့သဘောတူညီချက်နဲ့ ကာကွယ်ရေးဝန်ကြီးတို့ အတည်ပြုလက်မှတ်ရေးထိုးရမည့်အစား ငြိမ်းချမ်းရေးလေအိုး အောင်မင်းက “ KNU တောင်းဆိုတဲ့ အချက်တွေကို အားလုံးလက်ခံတယ်။ ဒီ (၁၃) ချက်အပြင်တခြားဟာတွေလည်းထပ်တောင်းနိုင်ပါတယ်” ဆိုတာနဲ့ ဘာတခုမှမဆွေးနွေးတော့ဘဲ လက်မှတ်ရေးထိုးလိုက်ကြတယ်။ KNU ဗဟိုကော်မတီကိုဘာမှ အသိမပေးဘဲ KNLA တပ်မှုးရာထူးကိုအလွဲသုံးစား လုပ်ပြီး မူတူးစေးဖိုးက KNLA တပ်တွေကို အပစ်အခတ်ရပ်စဲဘို့ မလုပ်အပ်တဲ့ညွှန်ကြား မှုထုတ်ပြန်လိုက်တယ်။ ခေတ် အဆက်ဆက် မှတော်လှန်ရေးခေါင်းဆောင်နှင့်တပ်သားများ၊ ပြည်သူလူထုများကတည်ဆောက်ထားတဲ့ တော်လှန်ရေးနယ်မြေရဲ့လုံခြုံမှုနေမြေအတွင်း ရန်သူအ၀င်မခံဘို့ တာဝန်ယူကာကွယ်ရမယ့်အစား ဗဟိုကော်မတီဝင်ရဲ့ဆုံးဖြတ်ချက်မပါဘဲ ရန်သူအကြိုက် ဆက်သွယ်ရေးရုံးတွေကို ထပ်မံ၍ တပ်မဟာ (၆) နယ်မြေအတွင်း ဖွင့်လှစ်ခွင့်ပေးခဲ့ပြန်တယ်”။
ဆက်သွယ်ရေးရုံးဆိုတာ ဟန်ပြလှည့်ကွက်တခုဘဲဖြစ်တယ်။ ရန်သူတွေ ဖန်တီးမှု၊ ပရိယာယ်ထောင်ချောက်တခုသာဖြစ်တယ်။ ခင်ညွန့်လက်ထက်က ငြိမ်းချမ်းရေးယူခဲ့ကြတဲ့ အဖွဲ့အားလုံးတွေဟာ ဒီဆက်သွယ်ရေးရုံးထောင်ချောက်ကြောင့်ဘဲ အောက်ခြေနဲ့ဗဟို သဘောထားတွေ ကွဲလွဲအောင်ဖန်တီးခံခဲ့ရရုံမက အချင်းချင်းလုပ်ကြံသတ်ဖြတ်ကြသည်အထိ ဗဟိုအာဏာ လျော့ရဲပျက်သုဉ်းသွားအောင် ရန်သူကဖန်တီးနိုင်ခဲ့ကြတယ်။
KNU အုပ်ချုပ်ရေးယန္တယားဟာ စစ်ရေး၊ နိုင်ငံရေး၊ ဌာနဆိုင်ရာ အဆင့်ဆင့်ဖြင့် ကျစ်လစ်ခိုင်မာစွာရှိနေပြီး ရှေ့တန်း၊ အောက်ခြေမှဗဟိုအထိ နာရီပိုင်းအတွင်းအစီရင်ခံချက် တင်ပြခြင်းနှင့် ပြန်လည်ညွန်ကြားချက်များ ချက်ခြင်းလုပ်နိုင်ပါတယ်။ အဲဒါကြောင့် ဘာကြားခံဆက်ဆံရေးရုံးမှ ထားရှိစရာမလိုပါဘူး။ ရန်သူကရှေ့တန်းဆက်သွယ်ရေးရုံး ထားရှိခြင်းဟာ အောက်ခြေမြို့နယ် ခရိုင်နှင့် တပ်ရင်း တပ်မဟာများကို တရားဝင်ကူးလူးဆက်ဆံပြီး စည်းရုံးဖဲ့ထုတ်ဖို့ဖြစ်တယ်။ KNU ဗဟိုရဲ့အာဏာချိန်ခွင်ကို ထိုးနှက်ဖြိုခွင်းဘို့ဖြစ်တယ်။ ဒါကြောင့် KNLA ဟာ KNU အုပ်ချုပ်ရာ မိမိနယ်မြေအတွင်း လုံခြုံမှုတာဝန်ကိုယူပြီး ရန်သူရဲ့စစ်ရေး နိုင်ငံရေး ဘာတခုမှလာရောက် အခြေချ ခြေရှုပ်မှုမပြုနိုင်အောင် လုပ်ရမယ့်အစား ရန်သူရဲ့အခြေခံစခန်းတွေဖြစ်မယ့် ဆက်သွယ်ရေးရုံးတွေ လိုက်ဖွင့်ပေးနေမယ်ဆိုရင်တော့ ကိုယ့်လည်ပင်းကိုယ် ကြိုးကွင်းစွပ်နေတာနဲ့အတူတူဘဲ”။
အလားတူဘဲ ခရိုင်ဥက္ကဌရာထူးယူထားတဲ့ ကွယ်ထူးတို့က ပင်လယ်ရေနက်ဆိပ်ကမ်းအတွက်လေ့လာရေး (Survey) အတွက်ရယ်လို့ အကြောင်းပြပြီး KNU ဗဟိုကိုဖြစ်ကြောင်းကုန်စင်အစီရင်မခံဘဲ ရန်သူ့လူ Egress တွေ၊ ကုမ္ပဏီတွေနဲ့ပေါင်းပြီး ကရင့်လယ်မြေတွေဖျက်၊ ကရင်နယ်မြေအတွင်း လမ်းမကြီးတွေဖောက်လို့ ဘိတ်၊ ထားဝယ်ခရိုင်တခုလုံးကို ရန်သူ့လက်ထဲပုံအပ်ရောင်းစားနေတယ်”။
ကရင်ပြည်သူတို့ရဲ့ ရင်တွင်းပဲ့တင်သံများကြားမှ
တမန်တော်ရွှေဥသြ
ဆက်ရန် (မကြာမီမျှော်)
Saturday, August 11, 2012
ဗလီတွင် ၀တ်ပြုပြီး ပြန်အထွက် မိုးကြိုးပစ်ခံရ၍ ၁၀ ဦးသေ၊ ၂၀ ဒဏ်ရာရ
http://www.narinjara.com/burmese/?p=1635
ဗလီတွင် ၀တ်ပြုပြီး ပြန်အထွက် မိုးကြိုးပစ်ခံရ၍ ၁၀ ဦးသေ၊ ၂၀ ဒဏ်ရာရ
မြန်မာ အိမ်နီချင်း ဘင်္ဂလာဒေခ်ျ့နိုင်ငံ၌ ဗလီဝတ်ပြုပြီး ပြန်အထွက်တွင် မိုးကြိုးပစ်ခံရ၍ လူ ၁၀ ဦးသေဆုံးကာ ၂၀ ဦး ဒဏ်ရာ ရရှိသွားကြောင်း ယနေ့ထုတ် The Daily Star သတင်းစာတွင် ဖေါ်ပြသည်။
ဘင်္ဂလာဒေခ်ျ့ ဘာသာရေးပွဲတော် တစ်ခု ပြန်လာသူများအား တွေ့ရစဉ်။
မိုးကြိုးပစ်ခံရသူများသည် ယမန်နေ့ ည ၉ နာရီခွဲတွင် ဗလီဝတ်ပြု အပြီး အိမ်သို့ ပြန်ရန် ဗလီပြင်ပတွင် စုရုံးနေစဉ် မိုးကြိုးပစ်ခံရခြင်း ဖြစ်ကြောင်း သတင်းတွင် ဖေါ်ပြထားသည်။
သေဆုံးသွားသူများမှာ နိုင်ငံ မြောက်ပိုင်း စူနာဂန်ဂျီ ခရိုင် ဓမ္မပါချာ မြို့နယ် ညချာရာဝတ်တီပူရ် ကျေးရွာမှ ဖြစ်ကြသည်။
သေဆုံးသူများ၏ အလောင်းအား ယနေ့နံနက်က အနီးအနားရှိ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်ဟု ဆိုသည်။
ဘူးသီးတောင်မြို့နယ် ပြည်သူများက သဘောထားကြေငြာချက်
UN Agency များ နှင့် INGO များအပေါ် ဘူးသီးတောင်မြို့နယ် ပြည်သူများက သဘောထာကြေငြာချက် ထုတ်ပြန်
Written by ဒေါင်းမြရင် Saturday, 11 August 2012 15:01
ဘူးသီးတောင်မြို့နယ် ပြည်သူများက ကုလသမဂ္ဂ (United Nations) နှင့် Agency များ နိုင်ငံတကာအစိုးရ မဟုတ်သော အဖွဲ့အစည်း (INGO) များအပေါ် ဇူလိုင်လ ၂၂ ရက်နေ့က သဘောထားကြေငြာချက်တစ်ခုကို ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
၁။ ရခိုင်ပြည်နယ်အတွင်း၂၀၁၂ခုနှစ်၊ဇွန်လ (၈)ရက်နေ့မှ စတင်၍ ဖြစ်ပေါ်လာခဲ့သော ဘင်္ဂလီတို့၏ အကြမ်းဖက်လှုပ်ရှားမှုများသည် ဘင်္ဂလီတို့၏နယ်ချဲ့ စစ်ပွဲသာဖြစ်သည်။
၂။ ၎င်းဘင်္ဂလီအကြမ်းဖက် လှုပ်ရှားမှုများတွင် UNHCR(ကုလသမဂ္ဂဒုက္ခသည်များ ဆိုင်ရာမဟာမင်းကြီးရုံး)နှင့် UN Agencies (ကုလသမဂ္ဂအဖွဲ့အစည်းများ)၊ မိတ်ဖက် INGO (နိုင်ငံတကာ အစိုးမဟုတ်သော အဖွဲ့အစည်းများ) တွင် ၀န်ထမ်းအဖြစ် ဆောင်ရွက်နေသော ဘင်္ဂလီများသည်လည်း ပါဝင်ပတ်သက်နေကြသဖြင့် အရေးယူထားသည်များကို တွေ့ရှိနေရသည်။
၃။ UNHCR နှင့် UN Agencies များ၊မိတ်ဖက်INGO အဖွဲ့အစည်းများသည် ရခိုင်ဒေသသို့ ၁၉၉၄ ခုနှစ်ကပင် စတင်ဝင်ရောက်လာပြီး မတရားကျူးကျော် ၀င်ရောက်လျှက်ရှိသော ရိုဟင်ဂျာအမည်ခံ အကြမ်းဖက်သမားများကို အကြောင်းအမျိုးမျိုးပြလျှက်စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေး အကူအညီပေးသည်ဟုဆိုကာ မမွေးခင်မှပင် နည်းမျိုးစုံဖြင့် ထောက်ပံ့နေသည့်အပြင် အထူးသဖြင့် UNHCR ရုံးသည် မတရားကျူးကျော် ၀င်ရောက်ခြင်းဆိုင်ရာ အမှုများ၌ပင် ရှေ့နေငှားရမ်းပေးပြီး အကုန်အကျခံကာ ဘင်္ဂလီအကြမ်း ဖက်သမားများ လွတ်မြောက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေကြောင်း တွေ့မြင်နေရသည်။ ၎င်းဆောင်ရွက်မှုသည် တရားဥပဒေချိုးဖောက်သူများအား အားပေးခြင်းဖြင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ထိပါးစော်ကားနေသည် ဟုယူဆသည်။
၎။ ၎င်းအဖွဲ့အစည်းများသည် နှစ်ပေါင်း၂၀ ခန့်ကာလအတွင်း လူသားချင်းစာနာထောက်ထားမှု အကူအညီများ (Humanitarian Aid)ကို လူမျိုး၊ ဘာသာခွဲခြားမှုမရှိဘဲ ပေးသည်ဟု ဆိုသော်လည်း အမှန်တကယ်တွင်မူ တိုင်းရင်းသားများအား ကူညီထောက်ပံ့မှု မရှိသလောက်နည်းပါးသည်ကို တွေ့မြင်နေရသည်။ ၎င်း ဆောင်ရွက်မှုအရ UNနှင့် INGO များသည် ကျွန်ုပ်တို့ဒေသခံ တိုင်းရင်းသားပြည်သူများအား လူသားအဖြစ် သတ်မှတ်ခြင်းမရှိကြောင်း ပေါ်လွင်ထင်ရှားနေပြီး အဆိုပါအဖွဲ့အစည်းများသည် ကျွန်ုပ်တို့ကို စော်ကားကျူးလွန်ခြင်းသာ ဖြစ်ကြောင်း သတ်မှတ်သည်။
၅။ နှစ်ပေါင်း ၂၀ ခန့်ကာလ တစ်လျှောက်လုံး ဤလုပ်ရပ်များကိုသာ အစဉ်မပြတ် ဆောင်ရွက်နေခဲ့ကြသောကြောင့် ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီအကြမ်းဖက်သမားများသည် UN နှင့် INGO တို့၏ အားပေးထောက်ပံ့မှုနှင့် အကာအကွယ်ကို ယူကာ လတ်တလော အကြမ်းဖက်နယ်မြေလု ဖြစ်ရပ်များဖြစ်ပေါ်လာရသည့် အကြောင်းရင်းတစ်ရပ် ဖြစ်သည်။
၆။ ရခိုင်ပြည်နယ်အတွင်းရှိ UNHCR နှင့် INGO များသည် နိုင်ငံတစ်နိုင်ငံ၏ အချုပ်အခြာအာဏာကို လေးစားလိုက်နာရန် ၊ငြိမ်းချမ်းရေး၊ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ နိုင်ငံတကာအကြမ်းဖက်မှု တားဆီးရေး၊ လက်နက်ကိုင် ပဋိပက္ခများအတွက် အဖြေရှာရေးဟူသော ကုလသမဂ္ဂ၏ ထောင်စုနှစ်ကြေငြာစာတမ်း (၂၀၁၁ ခုနှစ်) ပါ ရည်ရွယ်ချက်များကို ဆန့်ကျင်၍ဆောင်ရွက်နေသော အကြမ်းဖက်အဖွဲ့အစည်းသာ ဖြစ်ကြောင်း သတ်မှတ်သည်။ (ယင်းကိစ္စကို အကြမ်းဖက်သမားများနှင့် ဆက်စပ်နေသောကြောင့် ဖမ်းဆီးအရေးယူခံထားရသော ၎င်းတို့၏ ၀န်ထမ်းများနှင့် ပတ်သက်၍ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးနှင့် အတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ်တို့၏ လတ်တလော သတင်းထုတ်ပြန်ချက်များက သက်သေ ခံနေသည်။)
၇။ ယခုအခါ ၎င်းအဖွဲ့အစည်းများကို ကျွန်ုပ်တို့ ဒေသခံတိုင်းရင်းသားများက လုံးဝနှစ်လိုခြင်းမရှိကြောင်း ဖေါ်ပြ၍အတိအလင်း ကန့်ကွက်လာကြသဖြင့် ဒုက္ခရောက်နေသူ တိုင်းရင်းသားများကိုပါ အကူအညီပေးလိုကြောင်း ကမ်းလှမ်းလာနေသည်။ ကျွန်ုပ်တို့အနေဖြင့် " ၎င်းအဖွဲ့အစည်းများသည် ၎င်းတို့ခြေကုပ် ရထားပြီးသော ဤဒေသမှ ထွက်ခွာသွားလိုခြင်း မရှိသဖြင့် ဆက်လက်ရပ်တည်နိုင်ရေး ကြိုးပမ်းသည့် ပရိယာယ် သာ ဖြစ်ပြီး အမှန်တကယ် ကူညီလိုခြင်းမဟုတ်ဘဲ ၎င်းတို့ဦးတည်ရာ ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီအကြမ်းဖက်သမားများကို နောက်ထပ် နှစ်ပေါင်းများစွာ ဆက်လက်အကူအညီပေးနိုင်ရန် ခုတုံးလုပ်ခြင်းသာ ဖြစ်ကြောင်း " သတ်မှတ်သည်။
၈။ ကျွန်ုပ်တို့သည်၂၀၁၂ခုနှစ်၊ ဇူလိုင်လ (၁၁)ရက်နေ့၊ နိုင်ငံတော်သမ္မတနှင့် ကုလသမဂ္ဂဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးတို့ တွေ့ဆုံကြရာတွင် ဖေါ်ပြခဲ့သော နိုင်ငံတော်သမ္မတ၏ သဘောထားရပ်တည်ချက်ကို အပြည့်အ၀ ထောက်ခံသည်။
၉။ ထို့ကြောင့် ကျွန်ုပ်တို့ ဒေသခံ တိုင်းရင်းသားများအတွက် အကျိုးမရှိသည့် UN နှင့် Agencies များ၊ INGO များ၏ အကူအညီများကို လုံးဝလက်မခံနိုင်ကြောင်းနှင့် သံတမန်ဆိုင်ရာ အခွင့်အရေးများကို အသုံးချ၍ အကြမ်းဖက်သမားများကို အကာအကွယ်ပေးနေသော UNHCR အပါအ၀င် UN အဖွဲ့အစည်းများ၊ INGO များသည် ကျွန်ုပ်တို့ ဒေသမှထွက်သွားရန် ဤကြေငြာချက်ကို ထုတ်ပြန်တောင်းဆိုသည်။
၁၀။ UN အဖွဲ့အစည်းများနှင့် INGO များတွင် တာဝန်ထမ်းဆောင်နေသော တိုင်းရင်းသားညီအစ်ကို၊ မောင်နှမများတို့ကလည်း သင်တို့သိရှိထားသော ၎င်းတို့၏ ကျူးလွန်မှုများအား အမျိုးသားရေးကို ရှေ့ရှု၍ ထုတ်ဖေါ် သက်သေခံ ကြရန်တိုက်တွန်းသည်။
Monday, August 6, 2012
သူခိုးက လူကိုပြန်ဟစ်တဲ့ 8888 လေးလုံးဖြစ်ရပ်မှန်(ရုပ်မှန်-အသံမမှန်)
ရှစ်လေးလုံးနှစ်ပတ်လည် နေ့မှာ စစ်အာဏာရှင်ကျဆုံးရေးအတွက်
အသက်ပေး၊ဘဝပေးလိုက်ကြရသောကျောင်းသားရဲဘော်။ရဟန်းပြည်သူ
တိုင်းရင်းသားတော်လှန်ရေး၊နိုင်ငံရေးအင်စုများအားလုံးအပေါင်းအား.........
ဦးညွတ်ဂုဏ်ပြုအပ်ပါသည်။
အောက်က..... မဆလ စစ်ထောါက်လှန်းရေးတွေ ရိုက်ထားတဲ့ ဖြစ်ရပ်မှန်
ရုပ်သံ နဲ့ ဖြစ်ရပ်မမှန်ရုပ်သံ သူခိုးကလူကိုပြန်ဟစ်တဲ့ ဝါဒ
ဖြန့်ချီရေး အမှန်အမှား 50%50 အပိုင်း 1 ,2 ,3 ,4 ကိုကြည့်ပြီး
ရင်ထဲအောင့်အီးကာ မသိမ်းထားဘဲ ဘေးပတ်လည် ဆယ်အိမ်ကြား
မရပ်မနားဆဲနိုင်ကြပါစေ.......
သူခိုးက လူကိုပြန်ဟစ်တဲ့ 8888 လေးလုံးဖြစ်ရပ်မှန်(ရုပ်မှန်-အသံမမှန်)
ဘာဖြစ်လို့ တိုးတိုးလေးဘဲဆဲတာလဲ အာရပါးရ ဆယ်အိမ်ကြား အအိမ်နှစ်ဆယ်ကြားလုပ်စပ်းပါ
ပြီးရင် ဟား ဟား ဟား ဟား ဟား ဟား လို့ အသံကုန်ရယ်လိုက် ပြီးရင်
ဘိုးစဉ်ဘောင်ဆက်\လူလိမ်ကြီးတွေလို့ ပြောဘို့မမေ့နဲ့ အဲလောက်မင်းလုပ်ပြီးရင်တော့
အနည်းငယ်နေသာထိုင်သာ ရှိသွားပါလိမ့်မယ်
အဲဒါမှအဆင်မပြေသေးဘူးဆိုရင်တော့ တနေကုန်သာကြိတ်ပေတော့ကိုယ့်လူ ကျုပ်တော့
အသံဝင်နေပြီး.ခင်ဗျားလဲ ကြည့်လုပ်ကြည့်လုပ်ပေါ့ဗျာ......
သူခိုးက လူကိုပြန်ဟစ်တဲ့ 8888 လေးလုံးဖြစ်ရပ်မှန်(ရုပ်မှန်-အသံမမှန်)
သူခိုးက လူကိုပြန်ဟစ်တဲ့ 8888 လေးလုံးဖြစ်ရပ်မှန်(ရုပ်မှန်-အသံမမှန်)
ဘာဖြစ်လို့ တိုးတိုးလေးဘဲဆဲတာလဲ အာရပါးရ ဆယ်အိမ်ကြား အအိမ်နှစ်ဆယ်ကြားလုပ်စပ်းပါ
ပြီးရင် ဟား ဟား ဟား ဟား ဟား ဟား လို့ အသံကုန်ရယ်လိုက် ပြီးရင် ဘိုးစဉ်ဘောင်ဆက်
လူလိမ်ကြီးတွေလို့ ပြောဘို့မမေ့နဲ့ အဲလောက်မင်းလုပ်ပြီးရင်တော့ အနည်းငယ်နေသာထိုင်သာ ရှိသွားပါလိမ့်မယ်
အဲဒါမှအဆင်မပြေသေးဘူးဆိုရင်တော့ တနေကုန်သာကြိတ်ပေတော့ကိုယ့်လူ ကျုပ်တော့အသံဝင်နေပြီး.
ခင်ဗျားလဲ ကြည့်လုပ်ကြည့်လုပ်ပေါ့ဗျာ......
သူခိုးက လူကိုပြန်ဟစ်တဲ့ 8888 လေးလုံးဖြစ်ရပ်မှန်(ရုပ်မှန်-အသံမမှန်) ဝါဒဖြန့်ခွေ
သူခိုးက လူကိုပြန်ဟစ်တဲ့ 8888 လေးလုံးဖြစ်ရပ်မှန်(ရုပ်မှန်-အသံမမှန်)
ဘာဖြစ်လို့ တိုးတိုးလေးဘဲဆဲတာလဲ အာရပါးရ ဆယ်အိမ်ကြား အအိမ်နှစ်ဆယ်ကြားလုပ်စပ်းပါ
ပြီးရင် ဟား ဟား ဟား ဟား ဟား ဟား လို့ အသံကုန်ရယ်လိုက် ပြီးရင် ဘိုးစဉ်ဘောင်ဆက်
လူလိမ်ကြီးတွေလို့ ပြောဘို့မမေ့နဲ့ အဲလောက်မင်းလုပ်ပြီးရင်တော့ အနည်းငယ်နေသာထိုင်သာ ရှိသွားပါလိမ့်မယ်
အဲဒါမှအဆင်မပြေသေးဘူးဆိုရင်တော့ တနေကုန်သာကြိတ်ပေတော့ကိုယ့်လူ ကျုပ်တော့အသံဝင်နေပြီး.
ခင်ဗျားလဲ ကြည့်လုပ်ကြည့်လုပ်ပေါ့ဗျာ......
သူခိုးက လူကိုပြန်ဟစ်တဲ့ 8888 လေးလုံးဖြစ်ရပ်မှန်(ရုပ်မှန်-အသံမမှန်)
သူခိုးက လူကိုပြန်ဟစ်တဲ့ 8888 လေးလုံးဖြစ်ရပ်မှန်(ရုပ်မှန်-အသံမမှန်)
ဘာဖြစ်လို့ တိုးတိုးလေးဘဲဆဲတာလဲ အာရပါးရ ဆယ်အိမ်ကြား အအိမ်နှစ်ဆယ်ကြားလုပ်စပ်းပါ
ပြီးရင် ဟား ဟား ဟား ဟား ဟား ဟား လို့ အသံကုန်ရယ်လိုက် ပြီးရင် ဘိုးစဉ်ဘောင်ဆက်
လူလိမ်ကြီးတွေလို့ ပြောဘို့မမေ့နဲ့ အဲလောက်မင်းလုပ်ပြီးရင်တော့ အနည်းငယ်နေသာထိုင်သာ ရှိသွားပါလိမ့်မယ်
အဲဒါမှအဆင်မပြေသေးဘူးဆိုရင်တော့ တနေကုန်သာကြိတ်ပေတော့ကိုယ့်လူ ကျုပ်တော့အသံဝင်နေပြီး.
ခင်ဗျားလဲ ကြည့်လုပ်ကြည့်လုပ်ပေါ့ဗျာ......
Saturday, August 4, 2012
ရခိုင်သွေးမြင်ရင်ဘာမှမဖြစ်ဘဲကုလားသွေးမြင်ရင်သာသွေးလန့်တတ်တဲ့အောင်ကြီးထေါင်နန်းစံပြီး

နစက ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး အောင်ကြီး ထောင် အနှစ် ၄၀ ချခံရ
မောင်တောမြို့တွင် ဇွန်လ ၈ ရက်နေ့က ဖြစ်ပွားခဲ့သော မွတ်ဆလင်များ၏ အကြမ်းဖက်တိုက်ခိုက်မူ အပေါ် လက်ပိုက်ကြည့်နေခဲ့သော နယ်စပ်ဒေသ လူဝင်မူ စစ်ဆေးကွပ်ကဲရေး ဌာနချုပ် ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီးအောင်ကြီးကို ထောင်အနှစ် ၄၀ ချမှတ်လိုက်ကြောင်း ခိုင်လုံသော သတင်းရပ်ကွက် အရ သတင်း ရရှိသည်။
သွေးလန့်တတ်သည်ဆိုသော ယခင် နစကမှူး ဗိုလ်မှူကြီး အောင်ကြီး (ဓါတ်ပုံ- နိရဉ္စရာ)
ယခုအခါ ဗိုလ်မှူးကြီး အောင်ကြီး ကို ထိုသို့ နှစ်ရှည် ထောင်ဒဏ် ချမှတ်လိုက်သဖြင့် ဇနီးဖြစ်သူမှာ အထူး ပူပင်သောက ရောက်နေကြောင်း သိရသည်။
“ ဟုတ်ပါတယ်။ သူ့မိန်းမ ဒေါ်လတ်လတ်သိန်းက ဗိုလ်မှူးကြီး အောင်ကြီးကို ထောင် နှစ် ၄၀ ချလိုက်တယ်လို့ ပြောတာပါ။ အခု ဒေါ်လတ်လတ်သိန်းက အရမ်းပူပင်သောက ရောက်နေပါတယ်။ သူမယောင်္ကျား မွတ်ဆလင် တွေဆီက ပိုက်ဆံ တစ်ပြားမှ မစားခဲ့ဘူးဆိုပြီး ပြောနေပါတယ်” ဟု ဒေါ်လတ်လတ်သိန်းကို ကိုးကားပြီး အမည် မဖေါ်လိုသူ တစ်ဦးက နိရဉ္စရာကို ပြောသည်။
ယခုအခါ ဗိုလ်မှူးကြီး အောင်ကြီး ဇနီးဖြစ်သူ ဒေါ်လတ်လတ်သိန်းမှာ ရန်ကုန်ကို ရောက်ရှိနေကြောင်း သူက ဆိုသည်။
ဗိုလ်မှူးကြီးအောင်ကြီးအား ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းနှင့် အဖွဲ့ ဇူလိုင်လ ၇ ရက်နေ့က မောင်တောမြို့ကို လာရောက် လည်ပတ်ပြီး အပြန်တွင် ရာထူးချကာ စစ်တွေသို့ ခေါ်ယူသွားပြီး၊ စစ်တွေမှ တဆင့် နေပြည်တော်သို့ ခေါ်ယူခဲ့ကြောင်း သိရသည်။
“ အခု သူ့ကို ထောင်ချလိုက်တာက နေပြည်တော်မှာ ဖြစ်တယ်လို့ ပြောပါတယ်။ သူ့ကို စရဖ အဖွဲ့က တော်တော် ပြင်းပြင်းထန်ထန် စစ်ဆေး မေးမြန်းခဲ့တယ်လို့ ပြောပါတယ်” ဟု သူက ဆိုသည်။
ဒေါ်လတ်လတ်သိန်း အပြောအရ ဗိုလ်မှူးကြီးအောင်ကြီးမှာ သွေးကို လန့်တတ်သူ ဖြစ်သဖြင့် ဆန္ဒပြသူ ဘင်္ဂလီမွတ်ဆလင် များအား ပစ်မိန့် မပေးခဲ့ခြင်းသာ ဖြစ်ကြောင်း ပြောဆိုသည်ဟု ဆိုသည်။
“ သူမရဲ့ယောင်္ကျားက သွေးကို အရမ်းကြောက်တယ်လို့ ပြောပါတယ်။ ဆန္ဒပြသူတွေကို ပစ်မိန့်ပေးရင် သွေးတွေကို မြင်ရမယ်။ လူတွေ သေမယ်။ ဒါကြောင့် ပစ်မိန့်မပေးတာလို့ ပြောပါတယ်။ ပိုက်ဆံတွေ ယူပြီး ပစ်မိန့် မပေးတာ မဟုတ်ဘူးလို့ ဒေါ်လတ်လတ်သိန်းက ပြောပါတယ်” ဟု ဆက်ပြောသည်။
မောင်တောမြို့တွင် ဇွန်လ ၈ ရက်နေ့က ဖြစ်ပွားခဲ့သော ဆူပူ အကြမ်းဖက်မူတွင် ဗိုလ်မှူးကြီး အောင်ကြီး သည် လာဒ်ငွေ အမြောက်အများ ယူပြီး အလိုတူ အလိုပါ ပူးပေါင်းကြံစည်ခဲ့သူ အဖြစ် အများ ပြည်သူများက စွပ်စွဲထားကြသည်။
ဆူပူ အကြမ်းဖက်သူ မွတ်ဆလင် လူအုပ်သည် ရခိုင်အမျိုးသားများနေထိုင်သော အိမ်များကို စတင်တိုက်ခိုက်စဉ် ဗိုလ်မှူကြီး အောင်ကြီးမှာ အခြံအရံများဖြင့် ရောက်ရှိလာရာ ဆန္ဒပြ ဆူပူ အကြမ်းဖက်သူများက လက်ခုပ်လက်ဝါးတီးကာ သြဘာပေးခဲ့ကြသည်ဟု အနီးအနားရှိ မျက်မြင်များက ပြောသည်။
၎င်းနောက် သူ့၏ ရှေ့တွင် ပင် အကြမ်းဖက်သူများသည် ရခိုင်အမျိုးသားများ ပိုင်ဆိုင်သော အိမ်များ၊ ဈေးဆိုင်များကို မီးရှို့ပြီး လူများကို သတ်ဖြတ်မူများ ကျူးလွန်ခဲ့ကြသည်ဟု ဆိုသည်။ သို့သော်လည်း ဗိုလ်မှူးကြီး အောင်ကြီးသည် တစ်စုံတစ်ရာ ဟန့်တာခြင်း မရှိဘဲ အနီးအနားရှိ ဆေးရုံထဲသို့ ဆုတ်သွားကာ အဆိုပါ ဆေးရုံဝင်းထဲမှ နေပြီး ဆူပူ အကြမ်းဖက်သူများ၏ ကျူးလွန်နေမူများကို ရပ်ကြည့်နေခဲ့သည်ဟု ဆိုသည်။
ဗိုလ်မှူးကြီးအောင်ကြီးမှ ပစ်မိန့် မပေးသဖြင့် ဆူပူ အကြမ်းဖက်သူများသည် နစက စခန်းအနီးရှိ ကျေးရွာများကို သာမက မောင်တောမြို့ပေါ်ရှိ ရခိုင်အိမ်များ၊ နစက ကင်းစခန်းမျာ ချထားသော ကျေးရွာများကိုပါ တစ်ရွာပြီး တစ်ရွာ ၀င်ရောက် မီးရှို့သွားခဲ့ဟု ဆိုသည်။ သို့အတွက် အိမ်ခြေပေါင်း ၅၀၀ ကျော် မီးရှို့ခံရကာ လူပေါင်း သောင်းချီ၍ အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ကြရသည်။
ဗိုလ်မှူးကြီးအောင်ကြီးအား ထောင် အနှစ် (၄၀) ချလိုက်သည်ဟု အပြင်တွင် သတင်းများ ထွက်နေသော်လည်း အစိုးရပိုင်းမှ ယခု အချိန်ထိ တစ်စုံတစ်ရာ တရားဝင် ထုတ်ပြန်သေးခြင်း မရှိသေးပါ။
ခြစားမှုဖြင့် နာမည်ကြီး ငွေချမ်းသာလာနေသူ မူဆလင်တဦး
ခြစားမှုဖြင့် နာမည်ကြီး ငွေချမ်းသာလာနေသူ မူဆလင်တဦးအား မျိုးချစ်များက ထုတ်ဖေါ်ပြောဆို
Written by သဇင်ဥ Saturday, 04 August 2012 11:18
ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်ပဋိပက္ခနှင့် ဆက်နွယ်မှုရှိသူ ဘူးသီးတောင်မြို့တွင် လာဒ်ပေး၊ လာဒ်ယူ ခြစားမှုများဖြင့် ချမ်းသာ လာနေသူ ဦးရော်ဖိအား သက်ဆိုင်ရာမှ အရေးယူပေးရန် မြို့ခံမျိုးချစ်လူငယ်များက ယမန်နေ့က ထုတ်ဖေါ်ပြောဆိုလိုက်သည်။
" သူက ရော်ဖိပါ၊ တဦးတည်းကိုယ်စားလှယ် ဒီနှစ်နွားသတ်လိုင်စင်ရဖို့ အာဏာပိုင်ကို သိန်း ၇၀၀ ကျပ်ပေးပြီး ယူထားသူပါ၊ အခုသူ ကျပ်သိန်း ၁၀၀၀ ကျော်လောက် ချမ်းသာနေပါပြီ၊ နယ်မြေတခုလုံး နွားသတ်လိုင်စင်ကိုပြပြီး နွား၊ ကျွဲ၊ ဆိတ်မကျန် ခိုးနေသူ ဖြစ်ပါတယ်၊ ဒေသအာဏာပိုင်၊ ဒေသလူဆိုးသူခိုးတွေနဲ့ ပူးပေါင်းပြီး ရာဇ၀တ်တွေကိုလည်း ကျူးလွန်မှုတွေ ရှိခဲ့ပါတယ်၊ အရေးအခင်းကို ဖန်တီးခဲ့သူလို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ " ဟု ဘူးသီးတောင်မြို့မှ မျိုးချစ်လူငယ်များက ပြောသည်။
ဆက်လက်ပြီး " ဇွန် ၈ ရက်နေ့က စတင်တဲ့ အကြမ်းဖက်မှု ၂ လကာလအတွင်း ကျပ်သိန်း ၇၅၀ ကျော်ရရှိသွားပြီလို့ သိရပါတယ်၊ သူကအထက်တန်း အာဏာပိုင်တွေနဲ့ ပူးပေါင်းပြီး ကုလားတွေဆီက လာဒ်ငွေစား လွှတ်ပေးခဲ့သူတွေ အများကြီး ရှိတယ်လို့ သိရပါတယ်၊ မောင်တော-ဘူးသီးတောင်မြို့နယ်တွင် တာဝန်ကျခဲ့ကြတဲ့ ရဲခရိုင်မှူးတွေနဲ့ပူးပေါင်းပြီး ဝေမျှစားခဲ့သူပါ၊ သူအခုလို ရှိနေသရွေ့ ဒေသခံတိုင်းရင်းသားများ အနာဂါတ် အန္တရာယ်ရှိလာဖို့ကိုတွေးပြီး အရေးယူမိအောင် ဖွင့်ချရခြင်းဖြစ်ပါတယ်။" ဟု ရှင်းပြသည်။
အဆိုပါ ရော်ဖိ(၄၀)နှစ်မှာ ဘူးသီးတောင်မြို့ အမှတ်(၄)ရပ်တွင် နေထိုင်သူဖြစ်ပြီး ဒေသခံ အာဏာပိုင်များနှင့် ပူးပေါင်းကာ ငွေရှိသူများ ထံမှ လာဒ်ငွေများယူ၍ လွှတ်ပေးလျက်ရှိပြီး မကြေနပ်သူများအား ဖမ်းဆီးရန် ညွှန်ပြလျက်ရှိနေကြောင်း ဆိုသည်။
လွန်ခဲ့သော ၂၀၀၈ ခုနှစ်က မောင်တောမြို့မှ ပြောင်းရွေ့သွားသော ရဲခရိုင်မှူးနှင့် ကျပ်သိန်း ၅၀၀ ခန့်အချေအတင် ရှိခဲ့ကြောင်း၊ စစ်တွေမြို့ ဒေသကွပ်ကဲရေးမှူးဌာနချုပ်နှင့်လည်း ငွေအချေအတင် လာဒ်ပေးလာဒ်ယူများ ရှိနေကြောင်း၊ ပြောင်းရွေ့သွားသော နစက အောင်ကြီးနှင့် အပေးအယူများရှိခဲ့ကြောင်း၊ နွား-ကျွဲ-လူတို့ကို စီးပွားရေးအရ ဂိုဏ်းဖွဲ့ပြီး ပွဲစားလုပ်နေသူဖြစ်ကြောင်းနှင့် ယခုအခါ ခြစားမှုများဖြင့် ချမ်းသာလာနေသူဖြစ်ကြောင်း စစ်တပ်သတင်းက အတည်ပြုပြောဆိုသည်။
အဆိုပါ နွားသတ်လိုင်စင်ဖြင့် ဘက်စုံရပ်ကာ ခြစားမှုဖြင့် ငွေချမ်းသာလာနေသူမှာ ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်မှု ဖြစ်ပေါ်လာရန် ဦးစွာ အားပေးအားမြောက်နှင့် ငွေအမြောက်အများ ကူညီပေးခဲ့သူဖြစ်ကြောင်းနှင့် ဘင်္ဂလာမှ မှောင်ခိုစီးပွားရေးသမားကြီးများနှင့် ဆက်နွယ်မှုများ ရှိနေကြောင်း ခိုင်လုံသော သတင်းများက ပြောသည်။
ရခိုင်ပြည်နယ်အတွင်း ယင်းကဲ့သို့ ငွေလာဘကြီးသူများမှာ ဌာနဆိုင်ရာ အာဏာပိုင်များနှင့် ပူးပေါင်းပြီး နည်းမျိုးစုံဖြင့် လာဒ်ပေးလာဒ်ယူ ခြစားမှုများအား မျှဝေစားနေကြသူများ အများအပြားရှိနေကြောင်းနှင့် ဇွန် ၈ ရက်နေ့က စတင်သည့် ပဋိပက္ခ ဖြစ်ပေါ်မှုမှ နယ်စပ် ဒေသများအတွင်းမှ ခြစားမှုတချို့ ပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။
ရခိုင်ပြည်နယ် ကျောက်ဖြူ-စစ်တွေ- တောင်ကုတ်- ရမ်းဗြဲ- သံတွဲ-ဂွ- ဘူးသီးတောင်-မောင်တော- ကျောက်တော်-ပလက်ဝပြည်နယ်နှင့် ဘင်္ဂလာ- အိန္ဒိယအကြား အရင်းအနှီးအနည်းငယ်ဖြင့် ကူးလူးဆက်ဆံ နေကြသော စီးပွားရေးသမားများမှာ ဒေသအတွင်း အခြေစိုက် နေကြသော အာဏာပိုင်အဆင့်ဆင့်အား လာဒ်ငွေများ အဆမတန်ပေးဆောင်နေရမှုဖြင့် အရင်းအနှီးပြုတ်သွားကြသူများ ရှိကြောင်း လူငယ်မျိုးချစ်များက ဆိုသည်။
သို့သော်လည်း စီးပွားရေးအရ အရင်းအနှီးအများအပြားဖြင့် အာဏာပိုင်များနှင့် အကျိုးတူ ပူးပေါင်းလုပ်ဆောင်နေကြသူများမှာ ကြီးပွား နေကြပြီး မဟုတ်အမှန်အလုပ်များကို လုပ်ဆောင်လာနေကြကြောင်း ပြောသည်။