နေ့သစ်မှပြန်လည်ကူယူဖေါ်ပြသည်
မြန်မာ့သမိုင်းကိုရိုင်းစေခဲ့တဲ့ဂဠုန်ဦးစောဟာ မြန်မာနိုင်ငံရဲ့အနာဂါတ်အတွက်အမျော်
အမြင်ကြီးစွာနဲအိမ်နီးချင်းနိုင်ငံသားပြည်ဝင်
ခွင့်ကိစ္စကိုလုပ်ဆောင်ခဲ့တယ်
တပ်မတော်သာအမိ တပ်မတော်သာအဖ သူတော်ကောင်းကြက်သူခိုးစစ်အစိုးရလက်
ထက်မှာတော့ ရခိုင်ပြည်ကအခြေအနေတွေက
မြင်ရကြားရတဲ့အတိုင်းဘဲ ဂဠုန်ဦးစောစာချုပ်အရ
ဆိုရင်တော့ အောက်ကစာချုပ်ပါအချက်တွေကိုဘဲလေ့လာကြည့်ပေတော့။
မြန်မာပြည်သို့ အိန္ဒိယတိုင်းသားများ ဝင်ရောက်ရေး သဘောတူစာချုပ်
အဖနိုင်ငံတော်အတွက် အနာဂတ်ကိုပါ ထိပါးလာနိုင်တဲ့ အနောက်မြောက်နယ်ခြားကမီးလျှံများအကြောင်း လေ့လာတဲ့ အခါ ခေတ်တိုင်းမှာ သူ့နည်းသူ့ဟန်နဲ့ ဖြေရှင်းခဲ့ကြတာကို တွေ့ရပါတယ်။ရှေ့တန်း (ဝဲမှယာ) ဦးဘအုန်း၊ ဦးစော၊ ဆာဘာ့ဂ်ျပိုင်၊ ဦးဘသန်း၊ ဦးထွန်းအောင်ကျော်၊ နောက်တန်း (ဝဲမှယာ) ဦးကျော် မင်း၊ မစ္စတာဝါနာသံ၊ မစ္စတာ ဘော့ဇ်မင်း၊ ဦးတင်ထွဋ်အစောဆုံးတွေ့မိတာက ၁၉၄၁ ခုနှစ်မှာပါ။ အဲဒီအချိန်က နန်းရင်းဝန်ဖြစ်တဲ့ ဂဠုန်ဦးစောဟာ အိန္ဒိယကိုယ်စားလှယ်တွေနဲ့ အကြေအလည်ဆွေးနွေးပြီး သဘောတူစာချုပ်ချုပ်ဆိုနိုင်ခဲ့တယ်။ မြန်မာဘက်က ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဦးဘ သန်း၊ ဘဏ္ဍာရေးဝန်ကြီး ဦးထွန်းအောင်ကျော်၊ အလုပ်သမားဝန်ကြီး ဦးဘအုန်း၊ ဝန်ရှင်တော်မင်းကြီး ဦးတင်ထွဋ် (အိုင်စီ အက်စ်) တို့ပါဝင်ပြီး အတွင်းဝန် ဦးကျော်မင်းက အတွင်းရေးမှူးတာဝန် ယူပါတယ်။ အိန္ဒိယဘက်ကတော့ ခေါင်းဆောင် အဖြစ် ဆာဂီရ်ဂျာရှန် ကာဘာ့ဂ်ျပိုင် ( K।B।E; C।I।E)၊ မစ္စတာ ဂျီအက်စ် ဘောဇ်မင်း (C।I.E; I.C.S)၊ မစ္စတာ ဗီဗစ်ဇဝါနာ သံ (I.C.S) တို့ပါဝင်ကြပါတယ်။အိန္ဒိယကိုယ်စားလှယ်အဖွဲ့ဟာ ရန်ကုန်ကို ၁၇ ဇွန် ၁၉၄၁ မှာဆိုက်ရောက်လာပြီး ၁၈ ရက်မှစတင်လို့ ဆွေးနွေးကြရာမှာ နှစ်ဦးနှစ်ဖက် တင်းမာမှုများရှိခဲ့ပြီး ၂၄ ဇွန်ထိ သဘောတူညီချက်မရသေးပါ။နောက်ဆုံး ၂၈ ရက်ရောက်မှသာ သဘောတူ စာချုပ်ချုပ်ဆိုနိုင်ခဲ့ပြီး အိန္ဒိယကိုယ်စားလှယ်အဖွဲ့ဟာ ၂၉ ဇွန်မှာ ပြည်တော်ပြန်နိုင်ခဲ့ပါတယ်။၁၈ ဇွန် နှစ်ဖက်ကိုယ်စားလှယ်များ ပထမဆုံးတွေ့ဆုံပွဲမှာ ဂဠုန်ဦးစောပြောခဲ့တာတွေထဲက တချို့ကို ကောက်နှုတ်ပြရ ရင်॥မြန်မာလူမျိုးသည် မြန်မာပြည်တွင်းသို့ နိုင်ငံခြားသားများ ဝင်လာခြင်းကိစ္စကို ဂရုပြုလာသည်မှာ ကြာပြီဖြစ်ကြောင်း၊ယခင်က မြန်မာနိုင်ငံအောက်ပိုင်းတွင် မြေရိုင်းများပေါများ၊ လူနေနည်းပါး၊ လုပ်သားရှားပါးလျက် စက်မှုလက်မှုလုပ်ငန်း များတွင် မြန်မာလူမျိုးမဟုတ်သော လုပ်သားများစွာ လိုအပ်ပါကြောင်း၊ ယခုမူ မြေယာရှားပါးသဖြင့် ကူလီလုပ်သားအဖြစ် အသက်မွေးရသော မြန်မာလူမျိုးများစွာပင်ရှိနေပြီဖြစ်ကြောင်း၊ မြန်မာအချို့မှာ လယ်ယာလုပ်ငန်းတွင်၎င်း၊ စက်မှုလက်မှု လုပ်ငန်းတွင်၎င်း မြန်မာမဟုတ်သူများက ယှဉ်ပြိုင်လုပ်ကိုင်နေ၍ အလုပ်လက်မဲ့ဘဝ ရောက်နေကြကြောင်း၊ အခြားနိုင်ငံ များ၌ တွေ့ကြုံခဲ့ရပုံများကိုထောက်လျှင် ယခုအခြေအနေသို့ မြန်မာပြည်တွင် အခြားတိုင်းပြည်များမှ လာရောက်ကြသော လုပ်သားများကို စည်းကမ်းမထားပဲ အရှည်သဖြင့် ဆက်လက်ဝင်ရောက်ခွင့်မပြုနိုင်သည်မှာ ထင်ရှားပါကြောင်း၊ ဓမ္မတာ အားဖြင့် ကိုယ်ရေးလုံခြုံမှုသာ ပဓါနဖြစ်ပါကြောင်း၊ မြန်မာပြည်၌ လာရောက်နေထိုင်ကြသော အိန္ဒိယတိုင်းသားတို့သည် နိုင်ငံရေး၌၎င်း၊ မြို့ပြရေး၌၎င်း၊ မြန်မာပြည်သူပြည်သားတို့နှင့် ထပ်တူအခွင့်ရသည်ကိုထောက်၍ မြန်မာလူမျိုးတို့သည် အိန္ဒိယမှလာသူများအား မေတ္တာထားကြောင်းထင်ရှားပါကြောင်း၊ ပြဿနာကိုဖြေရှင်းရန်မှာ မြန်မာတိုင်းရင်းသားတို့၏ အကျိုးသာမက မြန်မာပြည်သို့ လာရောက် နေထိုင်ကြသော အိန္ဒိယတိုင်းသားတို့၏ အကျိုးစီးပွားအတွက်လည်းဖြစ် ကြောင်း၊ ဒီလိုနဲ့ပဲ ၂၈ ဇွန်မှာတော့ သဘောတူစာချုပ် ချုပ်ဆိုနိုင်ခဲ့ပါတော့တယ်၊ စာချုပ်အစအဆုံးက ရှည်လျားတာမို့ အရေးကြီးတဲ့အချက်များကိုသာ ဖေါ်ပြရရင်ဖြင့်
… ၁။ အိန္ဒိယအစိုးရထံမှ နိုင်ငံကူးလက်မှတ်မပါလျှင် မြန်မာပြည်သို့
မည်သူမျှမလာရ။ (ပုဒ်မ ၄)
၂။အိန္ဒိယအစိုးရထံမှ နိုင်ငံကူးလက်မှတ်ရစေကာမူ မြန်မာပြည်အစိုးရထံမှ
ပြည်ဝင်ခွင့်အမိန့်မရလျှင်မည်သူမျှ မြန်မာပြည်သို့လာခွင့်မရှိ၊ နေခွင့်မရ။ (ပုဒ်မ ၅)
၃။ မြန်မာပြည်သို့လာလိုသူသည် ပြည်ဝင်မိန့်ရရန် အနည်းဆုံး ၁ ကျပ်တန်ခေါင်းကပ်၍
လျှောက်လွှာတင်ရမည်။ (ပုဒ်မ ၁၈)
၎။ မြန်မာပြည်တွင် ရက်အကန့်အသတ်မရှိ နေလိုသူသည် မြန်မာပြည်အစိုးရသို့
ငွေ ၅ဝဝ ကျပ်ပေး၍ နေထိုင်ခွင့်လက် မှတ် တောင်းခံရမည်။ ၎င်း၏ မယား၊ သား၊
သမီးများမှာ တယောက်လျှင် ၂၅ဝ ကျပ်ပေးရမည်။ (ပုဒ်မ ၁၅)
၅။ မြန်မာပြည်တွင် သုံးနှစ်နေရန်လာသူတစ်ဦးသည် ပြည်ဝင်ကြေး ၁၂ ကျပ်
ပေး၇မည့်အပြင် တစ်နှစ်လျှင် အခွန် ၅ ကျပ် လည်းဆောင်ရမည်။ (ပုဒ်မ ၁၅)
၆။ မြန်မာပြည်သို့ လာခွင့်ရသူတယောက်သည် သာမန်အားဖြင့်
သုံးနှစ်ထက်ပိုမနေရ။ (ပုဒ်မ ၇/၂)
၇။ မြန်မာပြည်တွင်နေစဉ် မြန်မာတိုင်းရင်းသူတဦးနှင့် လက်ထပ်လျှင်သော်၎င်း၊
အတူပေါင်းသင်းလျှင်သော်၎င်း မြန်မာ ပြည်တွင် နေထိုင်ခွင့်လက်မှတ်ကို
ဖျက်သိမ်းပြစ်လိမ့်မည်၊ ဖျက်သိမ်းသည်နှင့်တပြိုင်နက် မြန်မာပြည်တွင
် ဆက်နေထိုင် ခွင့်မရ။ (ပုဒ်မ ၁၄)
၈။ မြန်မာပြည်တွင် လာရောက်နေထိုင်သူကို မြန်မာအစိုးရက ပြည်နှင်ဒဏ်ပေး
သောအခါ သူ့စရိတ်နှင့်သူပြန်နိုင်ရန် မြန် မာပြည်သို့ မလာမီကပင် ပြန်စရိတ်
၂ဝ ကျပ်ကို မြန်မာပြည်အစိုးရထံကြိုတင်သွင်းထားရမည်။ (ပုဒ်မ ၁၇)
၉။ မြန်မာပြည်အစိုးရက လူဝင်ရေးအကြံပေးအဖွဲ့တစ်ခု ဖွဲ့မပြီးမခြင်း၊
၎င်းပြင် ထိုအဖွဲ့က မြန်မာပြည်အကျိုးအတွက် အ လုပ်သမား မည်မျှ
လာသင့်သည်ဟု ပေးသောအကြံများကို မြန်မာအစိုးရက ဆုံးဖြတ်မပြီးမခြင်း
၂၁ ဇူလိုင် ၁၉၄၁ မှစ၍ အိန္ဒိယပြည်မှ အလုပ်ကြမ်းသမားဟူ၍ တစံ
ုတယောက်မျှ မြန်မာပြည်သို့မလာရ။ (ပုဒ်မ ၂၄)
၁ဝ။ လူဝင်ရေးဥပဒေ၊ သို့မဟုတ် မြန်မာပြည်အစိုးရက သတ်မှတ်ထားသော
စည်းမျဉ်းတစုံကို ကျူးလွန်လျှင်ဖြစ်စေ၊ အ ထူးအခွင့်ရလိုသည်နှင့် မြန်မာပြည်
အစိုးရသို့ လိမ်ပြောသည်ဖြစ်စေ ထောင်ဒဏ် ၆ လ၊သို့မဟုတ် ဒဏ်ငွေ
၁ဝဝဝ ကျပ်၊ သို့မဟုတ် ထောင်ဒဏ် ငွေဒဏ် နှစ်ရပ်စလုံး အပြစ်ပေးခြင်း
ခံရမည်။(ပုဒ်မ ၁၂)
မြန်မာ့သမိုင်းကို ရိုင်းစေခဲ့တဲ့သူတဦး ဖြစ်ပေမယ့် သူ့ခေတ်
သူ့အချိန်က လုပ်ဆောင်ချက်တချို့ကို သိသာလေ့လာနိုင်ရန် တင်ပြလိုက်ရပါတယ်။ညွှန်း …မြန်မာနိုင်ငံတော်သို့ အိန္ဒိယ တိုင်းသားများ ဝင်ရောက်ရေး သဘောတူစာချုပ် (၂၈ ဇွန် ၁၉၄၁)
ရာဇာ Facebook မှ …
Sunday, July 22, 2012
ဂဠုန်ဦးစောနဲ့ အိန္ဒိယ နိုင်ငံကူးစာချုပ်
Saturday, July 21, 2012
ဒေါ်အောင်ဆန်းစုကြည်နှင့် ဖယ်ဒရယ်ပြည်ထောင်စု
တိုင်းရင်းသားတွေ အထူးလေ့လာဖတ်သင့်တဲ့ ဆောင်းပါးကောင်းတပုဒ်ပါ။
ဒေါ်အောင်ဆန်းစုကြည်သည် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအား အခြေအမြစ်မှနေ၍ ပြင်သည့်နည်းဖြင့် တိုင်းရင်းသားရေးရာများကို ကိုင်တွယ်တော့မည်လား။
စစ်အစိုးရတည်ထောင်ထားသော လွှတ်တော်အတွင်းတွင် တိုင်းရင်းသားရေးရာများနှင့် စပ်လျှဉ်း၍ ဒေါ်အောင်ဆန်းစု ကြည် က မကြာခင်ဆွေးနွေးပြောကြားလိမ့်မည် ဟူသောသတင်းထွက်ပေါ်လာခဲ့သည်။ ဤတွင် ဒေါ်အောင်ဆန်းစု ကြည် သည် တိုင်းရင်းသားရေးရာများကို မည်သည့်အခြေခံမှနေ၍ စတင်ကိုင်တွယ်တော့မည်နည်း၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးနှင့် ဆက်စပ်တော့မည်လား ဟူ၍ လူထုအနေဖြင့် သိခြင်ကြတော့မည် ဖြစ်သည်။ ပြီးခဲ့သည့် ကြား ဖြတ်ရွေးကောက်ပွဲ၌ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအား ပြင်ဆင်သွားမည်ဟူ၍ လူထုအား မဲဆွယ်ကတိပြုခဲ့သော် လည်း ဖွဲ့စည်းပုံ၏ မည်သည့် အပိုင်းကဏ္ဍကို ပြင်ဆင်သွားမည်ဟူ၍ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေဖြင့် တိတိ ကျကျ ထုတ်ပြန်ကြေငြာသည်ကို မတွေ့ရသေးပါ။
၂၀၁၂ ခုနှစ် ဇူလိုင်လ ၁၅ ရက်နေ့တွင် ရှမ်းတိုင်းရင်းသား ဒီမိုကေ၇စီအဖွဲ့ချုပ်၊ ရခိုင် ဒီမိုကေ၇စီအဖွဲ့ချုပ်၊ မွန် ဒီမို ကေ၇စီအဖွဲ့ချုပ်၊ ဇိုမီး ဒီမိုကေ၇စီအဖွဲ့ချုပ်၊ ကရင်အမျိုးသားဒီမိုကရေစီ ကွန်ဂရက်၊ ကချင်ပြည်နယ် အမျိုးသား ဒီမို ကရေစီ ကွန်ဂရက်၊ ချင်း တိုးတက်ရေးပါတီ အစရှိသော တိုင်းရင်းသားပါတီများ စည်းဝေးပြီးတိုင်းရင်းသား လူမျိုးများ အခွင့်အရေး အခြေခံ အရင်းအမြစ်သည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုံစံမကျမှု အပေါ်မှာ မူတည်ကြောင်း၊ သို့ ဖြစ်၍ ၂၀၀၈ ခုနှစ် ဖွဲ့ စည်းပုံအခြေခံဥပဒေကို ပြုပြင်လိုက်ခြင်းက သာလျှင် ပြသနာအရပ်ရပ်ကို ဖြေရှင်းရာရောက်မည်ဟု အားလုံးက သဘောတူ ဆုံးဖြတ်ကြောင်းဖြင့် ရေးသားကာ ဒေါ်အောင်ဆန်းစုကြည်ထံ ပေးပို့ ခဲ့သည် ဟု သိရသည်။
စင်စစ်အားဖြင့်မူ တိုင်းရင်းသားခေါင်းဆောင်များ၏ ဤသဘောထားထုတ်ဖေါ်ချက်ကို ဒေါ်အောင်ဆန်းစုကြည် ယခုမှ သာ ကြားသိရသည့် အသစ်အဆန်း မဟုတ်ပါ။ လွန်ခဲ့သော နှစ်ပေါင်းများစွာကထဲက ရှင်းရှင်းလင်းလင်းကြားသိခဲ့ပြီး ဖြစ်သည်။
တောင်ကြီး ဦးထွန်းမြင့် ဆိုသော ရှမ်းတိုင်းရင်းသား ခေါင်းဆောင်ကြီးမှာ ၁၉၆၁ ခုနှစ်တောင်ကြီးညီလာခံ၌ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို ဦးဆောင်တင် သွင်းခဲ့သူဖြစ်သည့်အပြင် ကမ္ဘာပေါ်ရှိနိုင်ငံများ၏ ဖွဲ့စည်း ပုံအခြေခံ ဥပဒေအတော် များများကို လေ့လာပြီး ဖက်ဒရယ်အခြေခံမှ ရှင်းပြနိုင်သူဖြစ်သည်။ တောင်ကြီး ဦးထွန်းမြင့် မှာ ရှမ်း တိုင်းရင်းသား များ သာမက ပြည်ထောင်စု စစ်စစ်တည်ဆောက်ရေးအတွက် ဦးတည်လှုပ်ရှားနေကြသော အခြား တိုင်းရင်းသားခေါင်း ဆောင်များ၊ အဖွဲ့ အစည်းများ အားလုံးနီးပါးကပါ လေးစားရသူဖြစ်သည်။ ယခုတော့ ကွယ် လွန်သွားရှာ ပါပြီ။
ဒေါ်အောင်ဆန်းစုကြည်၏ ရှမ်းပြည်စည်းရုံးရေးခရီးစဉ်အတွင်း တောင်ကြီးမြို့ ကိုရောက်ခဲ့ရာ ဦးထွန်းမြင့်က“ဒေါ်အောင် ဆန်းစုကြည်၊ ခင်ဗျား ရဲ့ဖခင် ဗိုလ်ချုပ်အောင်ဆန်း ရှိတုံးကလိုဘဲ ရှမ်းပြည်ကို ခင်ဗျားလဲရောက်လာပြန်ပြီ။ ပြည်ထောင် စု တည်ဆောက်ရေး နဲ့ ပတ်သက်ပြီး နိုင်ငံရေးခေါင်းဆောင်တွေ ပါတီ အဖွဲ့ အစည်းတွေရဲ့ ကတိစကား တွေကိုတော့ တန်ဘိုး ထားပါရဲ့။ ဒါပေမယ့် သူတို့ တွေက တည်မြဲကြတာ မဟုတ်ဘူး။ ဒါကြောင့် ဖက်ဒရယ်ပြည်ထောင်စု တည် ဆောက်ရေးအပေါ်မှာ အခြေခံပြီး ကျွန်တော်တို့ တိုင်းရင်းသားတွေရဲ့ အခွင့်အရေး တွေကို ဖွဲ့ စည်းပုံအခြေခံဥပဒေ နဲ့အညီ ကာကွယ်စောင့်ရှောက်ပေးတာကို လိုခြင်တယ်။” ဟုပြောကြားခဲ့ကြောင်း လေ့လာရသည်။
တောင်ကြီး ဦးထွန်းမြင့်ပြောကြားခဲ့သည့် စကားမျိုးကိုပင် လက်ရှိတိုင်းရင်းသားခေါင်းဆောင်များက ပြောကြားလျှက် ရှိပြန်ပါပြီ။ တောင်ကြီး ဦးထွန်းမြင့် နှင့် ယခုလက်ရှိတိုင်းရင်းသားခေါင်းဆောင်များ၏ ပြောကြားချက် ကွာခြားမှုတော့ ရှိသည်။ ယင်းမှာ
တောင်ကြီး ဦးထွန်းမြင့် အသက်ထင်ရှားရှိစဉ်က ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ မပေါ်သေးပါ။ ယခု ၂၀၀၈ ဖွဲ့  စည်းပုံအခြေခံဥပဒေပေါ်ပြီးဖြစ်သည့်အပြင် ၄င်းနှင့်အညီ တည်ဆောက်ထားသော လွှတ်တော်များ တိုင်းနှင့် ပြည်နယ် အသီးသီး၌ ပေါ်ပေါက်နေပြီး ဖြစ်သည်။ ဤသို့ သော ဖြစ်ထွန်းတိုးတက်မှုမှာ မြန်မာနိုင်ငံ၌ ယခင်တုံးက တကြိမ်မျှ မတည်ရှိခဲ့၊ ယခု ဖေါ်ဆောင်ဖန်တည်းပေးထားပြီး တိုင်းရင်းသားများ၏ အခွင့်အရေးကို အာမခံချက်ပေးထား လိုက်ပြီ ဟူ၍ စစ်ခေါင်းဆောင်သစ် ဟောင်းများ၊ ဦးသိန်းစိန်ဦးဆောင်သည့် လက်ရှိ စစ်အစိုးရတာဝန်ရှိသူများက ထပ် ခါ တလဲလဲ ထုတ်ဖေါ်လာကြ သည်။
သို့ ရာတွင် အထက်ပါ တိုင်းရင်းသားအဖွဲ့အစည်းများ၏ ခေါင်းဆောင်များက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အောက် တွင် တိုင်းရင်းသားအခွင့်အရေးများ မရရှိသေး၊ ပြည်တွင်းငြိမ်းချမ်းရေးလည်း မရနိုင်သေး ဟု အတိအကျ ရည်ညွှန်းကာ ထုတ်ဖေါ်လိုက်ခြင်းဖြစ်သည်။ ဦးထွန်းမြင့်သာ အသက်ထင်ရှားရှိနေသေးလျှင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ သည် တိုင်းရင်းသားများတောင်းဆိုလျှက်ရှိသော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနှင့် ပြောင်းပြန်သွားနေသည် ဟု ထုတ်ဖေါ်မည်မှာ သေချာသလောက် ဖြစ်သည်။ ဤသည်နှင့် ဆက်စပ်၍ မဟောင်းသေးသော သမိုင်းတချို့ကို ပြန် ပြောင်းတင်ပြပါမည်။
၁၉၈၉ ခုနှစ် ဇူလိုင်လ (၁၅)ရက်နေ့တွင် ပြည်ထောင်စု တိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီ အဖွဲ့ချုပ် (UNLD) နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD)ကိုယ်စား ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ပြည်ထောင် စု တိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်စား သဘာပတိအဖွဲ့ဝင်တဦးဖြစ်သူ နိုင်ငွေသိမ်း က (အခြား သမိုင်းကြောင်းနောက်ခံများ အပြင် ဟူသော ဖက်ဒရယ်မူနှင့် စပ်လျှဉ်း၍) ဒေါ်အောင် ဆန်းစုကြည်အား အောက်ပါ အတိုင်း ရှင်းပြခဲ့ကြောင်း
မှတ်တမ်းများတွင် လေ့လာရသည်။[1]
“ကျွန်တော်တို့ တန်းတူရေးကို တောင်းတိုင်း အခက်အခဲတွေ အများကြီး ရှိပါတယ်။ ၁၉၆၁ ခုနှစ် တောင်ကြီးညီလာခံ မှာ ပြည်နယ်များ ညီညွတ်ရေးအဖွဲ့ ကတောင်းဆိုတဲ့ တောင်းဆိုချက်ထဲမှာ ခွဲထွက် ဘို့ မပါပါဘူး။ Federal မူဆိုတာ က ရိုးရိုးကလေးပါ။ စာအုပ်စာတမ်းတွေမှာ ရှိပါတယ်။ ပြနေရင် ဗိုလ်ချုပ်ကြီး စော မောင် ဖြစ်သွားမှာ စိုးလို့ မပြတော့ ပါဘူး။ အဲဒီမှာ ကျွန်တော်တို့ က ပြည်ထောင်စု မြန်မာနိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ က ချို့ ယွင်းနေတယ်။ သုံးစွဲဘို့ မသင့်တော်တော့လို့ ပြင်ဆင်ဘို့ လိုတယ် ဆိုပြီး အဆိုတင်ပါတယ်။ အဲဒီ အဆိုကို ထောက်ခံ တာ ကျွန်တော်ကိုယ် တိုင် ပါဘဲ။ ဒါပေမယ့် အာဏာကို လိုခြင်တဲ့လူတွေက ဒီဟာကို တောင်းတာခွဲထွက်ရေး ပါဘဲ လို့ ဆိုပြီး Federal ကို အင်္ဂလိပ်လို မခေါ်တတ်လို့ လား၊
ဘယ်လိုကြောင့်လဲ မသိဘူး။ ဖက်ဒရယ်ဆိုတာ ခွဲထွက်ရေးပါလို့ သူတို့က အော် ကြတယ်။ ကျွန်တော်က ပြောပါတယ်။ Federal ဆိုတာ ပေါင်းစည်းရေးဘဲ ခေါ်ပါတယ်လို့။”
ဒေါ်အောင်ဆန်းစုကြည်က အောက်ပါအတိုင်းပြန်လည် ဆွေးနွေးခဲ့သည်။
“စောစောက သဘာပတိကြီး ရှင်းပြသွားတဲ့အတိုင်း Federal ဆိုတာကတော့ အင်္ဂလိပ်စကားလုံး တခုဘဲဖြစ်ပါတယ်။ Federal ဆိုတာခွဲရေး မဟုတ်ပါဘူး။ ကျမတို့ အားလုံးသိပြီးသားပါ။ ခွဲရေး မဟုတ်ဘူးဆိုတာ ကျမတို့ အားလုံးလက်ခံ ပါတယ်။
ဒါပေမယ့် Federal ဆိုတာ ပုံစံအမျိုးမျိုး ရှိပါတယ်။ ဆိုတော့ Central Government နဲ့  Local Government တို့  အကြားမှာ ဘယ်လိုအာဏာခွဲရမယ်။ ဒါဟာ Federal ရဲ့ အဓိက ပြသနာဘဲ။ ဒါကို ဆုံးဖြတ်ရပါမယ်။ နောက်ပြီး ပြည်ထောင်စု အစိုးရက ဘယ်လောက် အာဏာယူထားမလဲ။ ဘယ်အာဏာတွေ ယူထားမလဲ။ ပြည်နယ် အစိုးရက ဘယ်လောက်အာဏာယူပြီး ဘယ်လိုအာဏာတွေကို အသုံးပြုထားမလဲ။ ဒီ ဟာကို ခွဲရမယ်။ နောက်ဆုံး Federal ရဲ့ပြသနာဟာ ဒါဘဲ။ အာဏာကို ဘယ်လိုခွဲမလဲ။
ပြည်ထောင်စု အစိုးရနဲ့ ပြည်နယ်အစိုးရကြားထဲမှာ ဘယ်လိုပြေ လည်အောင် လုပ်မလဲ ဆိုတာဟာ Federal ရဲ့ အဓိက ပြသနာဘဲ။ အဲဒီတော့ Federal လို့ ဘဲ ခေါ်ခေါ် ဘာလို့ဘဲ ခေါ်ခေါ် ပြည်ထောင်စုကြီးရဲ့ အဓိကပြသနာဟာ ဒါဘဲ။”
ဒေါ်အောင်ဆန်းစုကြည်၏ ပြန်လည်ဆွေးနွေးချက်အရ လူထုခေါင်းဆောင်သည် ဖက်ဒရယ် ပြည်ထောင်စု တည် ဆောက်ပုံစနစ်ကို တစုံတရာလေ့လာထားပြီး ဖြစ်ကြောင်း ထင်ရှားသည်။ ပြည်ထောင်စု နှင့် ပြည်နယ်များအကြား အာဏာခွဲဝေရေးကို အဓိကထား၍ ထောက်ပြသွားခဲ့သည်။ ယင်းထောက်ပြချက် မှန်ကန်လှပါသည်။ သို့ရာတွင် အရေးကြီးသော အဆင့် တဆင့်ကို ကျော်နေသည်။ ယင်းမှာ “တန်းတူရေး” ဖြစ်သည်။
ပြည်ထောင်စုနိုင်ငံတခုရဲ့ အဓိက အခြေခံကဘာလဲ မေးလျှင် “ပြည်ထောင်စု နှင့် ပြည်နယ်များအကြား အာဏာခွဲဝေ ရေး” ဟု ဖြေပါက မှန်ကန်ပါသည်။ သို့ရာတွင် မြန်မာနိုင်ငံ ပြည်ထောင်စုကြီးရဲ့ အဓိက ပြသနာဟာ ဘာလဲ ဟု မေးလျှင် ယင်းသို့  ဖြေပါက မမှားသော်လည်း မပြည့်စုံပါ။ မိမိတို့ ပြည်ထောင်စုကြီး၏ အဓိကပြသနာကို တလုံးထဲ ဖြေရလျှင် “တန်းတူရေး” ဖြစ်သည်။ အနည်းငယ် ရှင်းလင်းလျှင် “တိုင်းရင်းသား လူမျိုးများအတွင်း တန်းတူရေး ကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အညီ
နိုင်ငံရေးအရ အာမခံချက် မပေးနိုင်သည့် ပြသနာ” ဟု ဖြေမှသာ နီးစပ်နိုင်ဘွယ် ရှိပါသည်။ တိုင်းရင်းသားလူမျိုးစု အသီးသီးအကြားတွင် ရရှိသင့်သော “တန်းတူရေး” အခွင့်အရေးဆုံးရှုံးနေသည်မှာ ပြည်ထောင်စုကြီး၏ အဓိက ပြသနာဖြစ်သည်။
ဤသည်ကို သာဓကတရပ်ဖြင့် ရှင်းပါမည်။
၂၀၀၈ ဖွဲ့စည်းပုံကို ကြည့်ပါ။ တန်းတူရေးကို ငြင်းပယ်ထားသည်။ သို့ရာတွင် “ပြည်ထောင်စု နှင့် ပြည်နယ်များအကြား အာဏာခွဲဝေရေး” ကို လက်တွေ့ကျင့်သုံး ထားသည်။ အာဏာခွဲဝေပုံကို သာဓက တခုပြပါမည်။ သဘာဝ သယံဇာတ ၏ အရေးပါသော အစိပ်အပိုင်းဖြစ်သည့် “သစ်တော” နှင့် ပတ်သက်သည့် ဥပဒေပြုခွင့်အာဏာကို ပြည်ထောင်စုက ယူ ထားပြီး ပြည်နယ်များကို မူ ကျေးရွာထင်းစိုက်ခင်းသာ ပေးထားပါသည်။ “ဒါမတရား ဘူးလို့ ထင်တယ်။” ဟုထောက်ပြ လာလျှင် ၂၀၀၈ ဖွဲ့စည်းပုံကို ဖန်တည်း သော စစ်ခေါင်းဆောင်သစ်၊ ဟောင်းများနှင့် ၂၀၀၈ ဖွဲ့စည်းပုံအား မျက်စိ မှိတ် ထောက်ခံနေသူများက တုန့် ပြန်ပါမည်။ “ပြည်ထောင်စုလွှတ်တော်မှာလဲ ခင်ဗျားတို့  ပြည်နယ်တွေက ကိုယ်စား လှယ် တွေ ပါတာဘဲ။
ကျေးရွာထင်းစိုက်ခင်း ပေးထားတာ နဲ သေးလို့ မြို့နယ်ထင်းစိုက်ခင်း အထိ ပြည်နယ်လွှတ်တော်တွေ က တိုးပြီး လိုခြင်တယ် ဆိုရင် ဖွဲ့စည်းပုံ ကို ပြင်ဘို့ ကြိုးစားကြပေါ့။” ဟူသည်မျိုး ဖြစ်သည်။ ဖွဲ့စည်းပုံကိုပြင်ရန် ကြိုးစား ပါက၂၀၁၅ ခုနှစ် ရွေးကောက်ပွဲပြီးလျှင် မြို့နယ် ထင်းစိုက်ခင်း အထိ၊ ၂၀၂၀ ရွေး ကောက်ပွဲ ပြီးလျှင်မူ ပြည်နယ် ထင်း စိုက်ခင်း အထိ တိုးပေးတာမျိုးမြှော်လင့်နိုင်သည်။ ဤနည်း အားဖြင့်သာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ သက်ဆိုးရှည် အောင် ဆွဲဆန့် သွားပါမည်။
“ပြည်ထောင်စု နှင့် ပြည်နယ်များအကြား အာဏာခွဲဝေရေး” ဟူသည်ကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအားတဖြေးဖြေး ပြင်သည့်နည်းဖြင့်သာ အဓိကထား ဖေါ်ဆောင်သွားလျှင် နောက်ထပ်ဆယ်စုနှစ်ပေါင်းများစွာကြာသွားနိုင်ပါသည်။တိုင်း ရင်းသားများ
မြှော်မှန်းသည့် တန်းတူရေး ကိုတော့ ရ နိုင် ဘွယ်မရှိပါ။ အဘယ်ကြောင့် ဆိုသော် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအား ပြည်ထောင်စု ဖွဲ့စည်းရာမှာ ပါဝင်သောယူနစ်များ (Constituent Units) ၏ တန်းတူရေး အခြေခံမှ တည်ဆောက်မထားသောကြောင့်ဖြစ်သည်။ ပြည်ထောင်စု ဖွဲ့စည်းရာမှာ ပါဝင်သောယူနစ်များ (Constituent Units) ၏ တန်းတူရေး အခြေခံကို ၁၉၄၇ ခုနှစ် ဖွဲ့  စည်းပုံအခြေခံဥပဒေတွင်လည်း ပီပြင်အောင် မဖေါ် ဆောင်နိုင်ခဲ့ပါ။ ပြည်မနှင့် ပြည်နယ်များ ဟူသော နားလည်မှု အခြေခံမျိုးဖြင့် ဖွဲ့စည်းတည်ဆောက်ခဲ့ခြင်း ကြောင့် ဖြစ်သည်။
၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပို၍ဆိုးသည်။ မြန်မာလူမျိုးများ အများစု နေထိုင်သည့် ဒေသများအား တိုင်း ကြီး ခုနှစ်တိုင်း အဖြစ် ဗိုလ်ချုပ်နေ၀င်းက သတ်မှတ်ခွဲဝေပေးလိုက်သည်။ ထို့ ကြောင့် တန်းတူရေးမတည်ရှိနိုင်တော့ ဟု တိုင်းရင်းသား ခေါင်းဆောင် များက သုံးသပ် ကြသည်။
ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့သည့် ကရင်တကျပ် မြန်မာ တကျပ် ဟူသည့် မူမှာ ပျောက်ကွယ် သွားခဲ့ပြီ၊ ကရင် တကျပ်ရတိုင်း မြန်မာက ခုနှစ်ကျပ်ရနေပြီဟု ကွယ်လွန်သူ ကရင်အမျိုး သားခေါင်းဆောင် ဖဒိုမန်းရှာက ဝေဘန်ခဲ့သည်။ ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေသည် တိုင်းကြီး ခုနှစ်တိုင်း ခွဲဝေမှုကို ဆက်လက်ကျင့် သုံးထားသည်။
ထို့ အပြင် မြန်မာလူမျိုးအများစုနေထိုင်ရာ မြန်မာနိုင်ငံအလယ်ပိုင်းဒေသကြီး၏ အစိပ် အပိုင်းတရပ်သာ ဖြစ်သည့် ပျဉ်းမနားနယ်မြေတ၀ိုက် (ယခု နေပြည်တော်ဟု သတ်မှတ်ထားသည့် နယ်မြေ)ကိုပါ ပြည် ထောင်စုဖွဲ့စည်းရာမှာပါဝင်သည့် နောက်ထပ် ယူနစ်တခုအဖြစ် ထပ်တိုးသတ်မှတ်လိုက်ပြန်သည်။ ဖဒိုမန်းရှာ၏ စကား အရဆိုပါက တိုင်းရင်းသား
လူမျိုးတစုခြင်းစီက တကျပ်ရတိုင်း မြန်မာလူမျိုးက ရှစ်ကျပ်ရနေပြီဖြစ်သည်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်ထောင်စု ဖွဲ့စည်းရာ၌ တန်းတူရေးမှာ အခြေခံကထဲကပင် ပျောက်ကွယ် နေပြီး ဖြစ် သဖြင့် ဤဖွဲ့စည်းမှုအပေါ်အခြေခံ၍ ပြည်ထောင်စုနှင့် ပြည်နယ်လွှတ်တော်များအကြား မည်မျှပင် အာဏာခွဲဝေ မှုများ တိုးချဲ့ကျင့်သုံးဦးတော့ တိုင်းရင်းသားများမြှော်မှန်းသည့် တန်းတူရေးကို ရနိုင်ဘွယ် မရှိပါ။
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ မြန်မာလူမျိုးက ရှစ်ကျပ်ရနေပြီဟု ဆိုသဖြင့် တကယ်တန်းရဦးတော့ မြန်မာ လူမျိုးများ ၀မ်းမသာ သင့် ပါ။ သင့်တင့်မျှတသည့်အခြေခံမှ တန်းတူရေးကို မဖေါ်ဆောင်နိုင်လျှင် ပြည်တွင်းငြိမ်းချမ်း ရေး ရနိုင်စရာအကြောင်း မရှိသဖြင့် တတိုင်းပြည်လုံး ဆင်းရဲတွင်း ဆက်နက်နေမည်သာဖြစ်သည်။ ကိုယ်ကျင့်တရား အရလည်း မသင့်တော်။ လူမျိုးကြီးဝါဒကို ကျင့်သုံးရာရောက်ပြီး မိမိအောက် လူဦးရေ လျော့နည်းသော အခြားတိုင်း ရင်းသားများ အပေါ် မတရားပြုကျင့်ရာကျပါသည်။ မြန်မာလူမျိုးများက ရှစ်ကျပ်ရသည် ဟူသည်မှာလည်း စင်စစ် အားဖြင့်မူ လူထုက ရခြင်းမဟုတ်ပါ။ စစ်အာဏာရှင်များနှင့် ၄င်းတို့၏ လက်ဝေခံများသာ ရရှိပြီး ကြိကြိတက် ချမ်းသာ နေကြသည်ကို တွေ့ နိုင်ပါသည်။
လွတ်လပ်ရေးရပြီးချိန်မှ စတွက်လျှင် မြန်မာလူမျိုးအခြေခံလူထုများမှာမူ အခြားမြန်မာ မဟုတ်သည့် တိုင်းရင်းသားများ နည်းတူပင် အဆင်းရဲတွင်း အနက်ဆုံးအခြေအနေသို့ ဆိုက်ရောက်နေပါသည်။
တချိန်တည်း၌ မြန်မာမဟုတ်သော အခြားတိုင်းရင်းသားများကလည်း အကြွင်းမဲ့တန်းတူရေး ကို တောင်းနေသည်ဟု မိမိ နားမလည်ပါ။ ဆိုလိုသည်မှာ လူဦးေ၇နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ ပြည်ထောင်စု ဖွဲ့စည်းရာမှာ ပါဝင်သော ယူနစ်များအကြား နင်တကျပ်၊ ငါတကျပ် အကုန်လုံးတကျပ်စီဖြင့်သာ ခွဲဝေရမည်ဟု ဆိုလိုရင်းမဟုတ်ပါ။ ပြည်ထောင်စု အဖွဲ့ဝင်ပြည်နယ်များအကြား တန်းတူရေးအခြေခံပေါ်၌ ပြည်ထောင်စု ကို ဖွဲ့စည်းပြီး နိုင်ငံရေးအရ တန်းတူ ပါဝင် ပူးပေါင်းလုပ်ဆောင်ခွင့်ကိုသာ တောင်းဆိုနေကြသည်ဟု နားလည်ပါသည်။ လိုအပ်လျှင် အကျယ်ကို နောက်ထပ် ဆောင်းပါး တခု၌ ဆက်လက် ဆွေးနွေးပါမည်။
“ဒီိမိုကရေစီရေးတိုက်ပွဲမှာ တိုင်းရင်းသားလူမျိုးများရဲ့တန်းတူရေးဟာ အရှေ့က မသွားသင့်ဘူးဆိုတာ နားလည်ပါ တယ်။ တဆက်တည်းသွားရမယ်လို့ ပြောတာပါ။” ဟူ၍ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီ အဖွဲ့ချုပ် သဘာပတိ နိုင်ငွေသိမ်း က တိုက်တွန်းသွားခဲ့သည်။ ယင်းမှာ သင့်မြတ်လျှော်ကန်လှပါသည်။ ဤတိုက်တွန်းချက် ကို ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ယနေ့အချိန်တွင် အမြန်ဆုံးစတင်ဖေါ်ဆောင်လိမ့်မည်ဟု မြှော်လင့် ရသည်။
ယင်း သို့ဆိုလျှင် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက် သွားနိုင်ရေး ပြည်ထောင်စုဖွဲ့စည်းရာမှာပါဝင်သော ယူနစ်များ၏ တန်းတူမှု အခြေခံမှစ၍ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အား ပြင်ဆင်ရန်ကြိုးပမ်းသွားလိမ့်မည်လား ဟူ၍ တိုင်းရင်း သား ခေါင်းဆောင်များက လေ့လာစောင့်ကြည့်နေကြမည်ဟု ယူဆပါသည်။
အောင်ထူး (ရှေ့နေ)
http://komoethee.blogspot.com.au/
Friday, July 20, 2012
နိုင်ငံရေးကို စုပေါင်းလုပ်ဆောင် သွားမည်ဟု UNFC ဆုံးဖြတ်
အပစ်ခတ်ရပ်စဲရေးကို တဖွဲ့ချင်းစီ လုပ်ဆောင်နေသော်လည်း နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုကို စုပေါင်းလုပ်ဆောင်သွားမည်ဟု ညီညွှတ် သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အနေဖြင့် ဆုံးဖြတ်ထားသည်။“အပစ်ခတ်ရပ်စဲရေးကိစ္စကို ကျမတို့ တဖွဲ့ချင်းစီ ဆွေးနွေးသွားမယ်။ နိုင်ငံရေး တွေ့ဆုံဆွေးနွေးတဲ့အခါကျတော့ ကျမတို့ တိုင်းရင်းသား အဖွဲ့ကိုယ်စားလှယ်ပေါင်းစုံပါတဲ့ UNFC အနေနဲ့ပဲ အစိုးရနဲ့ တွေ့ဆုံဆွေးနွေးမှာဖြစ်တယ်”ဟု UNFC အဖွဲ့ဝင်ဖြစ်သည့် KNU ၏ အထွေထွေ အတွင်းရေးမှူးချုပ် နော်စီဖိုးရာစိန်က ပြောသည်။UNFC သည် ပထမအဆင့်အနေဖြင့် အပစ်ခတ်ရပ်စဲရေးကို အရင် လုပ်ဆောင်သွားမည်ဖြစ်ပြီး ထိုမှတဆင့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲကို တက်လှမ်းသွားမည်ဖြစ်သည်။နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲကို တက်လှမ်းနိုင်ရန်အတွက်လည်း အပစ်ခတ်ရပ်စဲရေးအဆင့်မှာပင် တပြေးညီဖြစ်ရန် လိုအပ်သည်ဟု UNFC ၏ တွဲဖက်အတွင်းရေးမှူး ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောသည်။၎င်းက “UNFC တဖွဲ့လုံးအနေနဲ့ အပစ်ခတ်ရပ်စဲရေးအဆင့်ကိုကျော်မယ်။ ပြီးတော့ ကျနော်တို့ နိုင်ငံရေးဆွေးနွေးပွဲကို တက်မယ်ဆိုတဲ့နေ ရာမှာ ကျနော်တို့အဖွဲ့ထဲမှ တချို့အဖွဲ့တွေက အခုချိန်ထိ အပစ်ခတ်ရပ်စဲရေးမှာ သဘောမတူသေးတာ တွေ့ရတယ်။ အပစ်ခတ်ရပ်စဲရေး မှာ ဖြစ်နေခါကျတော့ အပစ်ခတ်ရပ်စဲရေးမှာ တပြေးညီဖြစ်သွားပြီးရင်တော့ ကျနော်တို့ နိုင်ငံရေးဆွေးနွေးပွဲကို တက်လှမ်းဖို့ဖြစ်တယ်”ဟု ဆိုသည်။ထိုအခြေအနေတွင် ပြည်ထောင်အစိုးရအနေနှင့် ငြိမ်းချမ်းရေးကို အမှန်တကယ် လိုလားမည်ဆိုပါက တိုင်းရင်းသားဒေသရှိ တပ်စခန်းများ ကို ပြန်ရုပ်သိမ်းပေးပြီးမှသာ အပစ်ခတ်ရပ်စဲရေး တပြေးညီဖြစ်နိုင်မည်ဟုလည်း ခွန်ဥက္ကာက ပြောသည်။UNFC သည် အပစ်ခတ်ရပ်စဲရေး ညီညွှတ်စွာ ချမှတ်ရန်နှင့် အပစ်ခတ်ရပ်စဲထားပြီး အခြေအနေများကို ပြန်လည် သုံးသပ်သည့်အနေဖြင့် ပြီးခဲ့သည့် ဇူလိုင်လ ၁၇ရက်နှင့် ၁၈ရက်နေ့များက ခြောက်လပတ် အစည်းအဝေး ခေါ်ယူကျင်းပခဲ့ရာ UNFC အဖွဲ့ဝင် ၁၁ဖွဲ့မှ ထိပ်ပိုင်း ခေါင်းဆောင် ၂၀ကျော် တက်ရောက်ခဲ့ကြသည်။ယခုအစည်းအဝေးမှာ UNFC ၏ ပုံမှန် အစည်းအဝေးသာဖြစ်၍ အပစ်ခတ်ရပ်စဲရေး တပြေးညီ မူဝါဒ ရရှိအောင် ဆွေးနွေးဆုံးဖြတ်နိုင်ခြင်း မရှိသော်လည်း ကချင်ပြည်နယ်မှ တိုက်ပွဲများ ရပ်တန့်စေရန်နှင့် နိုင်ငံရေးခြေလှမ်းများ စတင်သွားရန် ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။
Tuesday, July 17, 2012
နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၁ ဦးကို မူးယစ်ဆေးများဖြင့် မဲဆောက်တွင် ဖမ်းမိ
ဘယ်ပြေးမလဲမိချိုသဲဒီတစ်ခါတော့ မင်းထက်လျင်တဲ့ ထိုင်းက မင်းရဲ့ BGFအမှတ်(၃)က ရဲဘော် လူယုံတော် စောနိုင်ဝင်း လဲပါသွားပြီးပေါ့နော်။
ရွှေကုက္ကိုလ်မှာ မူးယစ်ဆေးဝါးလုပ်ရဲတဲ့ ကရင်သူဌေးတစ်ယောက်မှမရှိဘူး မင်းတစ်ယောက်ထဲဘဲရှိတယ်ဆိုတာလူတိုင်းသိပါတယ် ခုတောာ့ ဖူးလါးပွယ် ဝတ်လည်ပြီးပေါ့နော်
နိုင်စူရဒေ့စီလာ့နှင့် ကိုနိုင်ဝင်းဘတ်ငွေ ၈ သန်းကျော် (မြန်မာငွေကျပ် သန်း ၂၀၀ ကျော်) တန်ဖိုးရှိတဲ့ မူးယစ်ဆေးသယ်ဆောင်လာသူ ရွှေကုက္ကိုလ်ရွာ ခြေစိုက် မြန်မာနယ်ခြားစောင့် တပ်ဖွဲ့ဝင်တဦးနဲ့ ထိုင်းလူမျိုးတဦးကို ထိုင်းလုံခြုံရေးတပ်ဖွဲ့တွေက မဲဆောက်မြို့မှာ ဖမ်းဆီးရမိခဲ့ပါတယ်။ဇူလိုင် ၁၆ ရက်နေ့က မဲဆောက် ရဲတပ်ဖွဲ့နဲ့ မူးယစ်တိုက်ဖျက်ရေးအဖွဲ့တွေ ပူးပေါင်းပြီး ယာဘ စိတ်ကြွေဆး ဘတ်ငွေ ၈ သန်းကျော်ဖိုးကို မြန်မာဘက်ကမ်း ရွှေကုက္ကိုရွာကေန လှည့်စားဝယ်ယူပြီး ဖမ်းဆီးခဲ့တာလို့ မဲဆောက်ရဲမှူး အေကရာ့အင်တစစ်က ပြောပါတယ်။ယာဘ လာပို့သူတွေကေတာ့ မယ့်ကျေရာင်းရွာသား ထိုင်းလူမျိုး နိုင်စူရေဒ့စီလာ့ အသက် ၄၂ နှစ်နဲ့ နိုင်ဝင်း အသက် ၃၃ နှစ်တို့ ဖြစ်တယ်။ နိုင်ဝင်းက ကုက္ကိုရွာက ကရင်နယ်ခြားစောင့်တပ် အမှတ် ၃ တပ်သားဖြစ်ကြောင်း ထိုင်းရဲကို ၀န်ခံချက်ပေးတယ်လို့ ဆိုပါတယ်။ အဲဒီတပ်နဲ့ အဲဒီနယ်မြေဟာ ဗိုလ်စောချစ်သူ ဦးဆောင် အုပ်ချုပ်နေတဲ့ နေရာတွေ ဖြစ်ပါတယ်။သူတို့ ၂ ဦးနဲ့အတူ အဖက်တမင်း စိတ်ကြွဆေး ၂ သောင်းနီးပါး ပါတဲ့ ခဲငွေရောင် ပစ်ကတ်ကား ဘန်ကောက်လိုင်စင် ၁ စီး၊ လက်ကိုင်ဖုန်း ၂ လုံး၊ ယာဘထည့်တဲ့ အိတ်တလုံးနဲ့ ဘတ်ငွေ ၈ သန်း ဖမ်းဆီးရမိတယ်လို့ မဲဆောက်ရဲမှူးက ပြောပါတယ်။“ဒါဟာ ခဏခဏ ဖမ်းမိတဲ့ အမှုမျိုးမဟုတ်ဘူး။ အစိုးရေငွဘတ် ၈၂၅၀၀၀ နဲ့ လိမ်ပြီးဝယ်တော့ ယာဘ ၁၉၈၅၀ ဖမ်းဆီးရမိတယ်။ နယ်စပ်ကေန ယာဘေတွ ၀င်လာတာ တော်တော်များတယ်။ ကျေန်ာတို့ကလည်း အခုလို စစ်ဆေးအေရးယူ ဖမ်းဆီးတာပါပဲ။ ဒီတြကိမ်ကေတာ့ အေတ်ာလေး ကြီးကျယ်တယ်။ ပုံမှန်ဖမ်းမိတာတွေက တော်တော်လေး နည်းပါတယ်။”အဖမ်းခံရသူက ယာဘေတွကို ကုက္ကိုလ်ရွာနေ ကရင်သူဌေး တဦးဆီက ၀ယ်လာကြောင်း၊ ပထမဆုံးအြကိမ် လုပ်တာဖြစ်ကြောင်း ၀န်ခံခဲ့ပြီး အေသးစိတ် အချက်အလက်တွေကိုတော့ ဖြေဆိုခြင်းမရှိဘူးလို့ ဆိုပါတယ်။ဒီကိစ္စနဲ့ ပက်သက်ပြီး မြန်မာအစိုးရနဲ့  ဇူလိုင် ၁၇ ရက်နေ့မှာလုပ်မယ့် ထိုင်း-မြန်မာနယ်စပ် ကော်မတီ အစည်းအေ၀းမှာ တင်သွင်းပြောဆိုမယ်လို့ မဲဆောက် ရဲမှူးက ပြောပါတယ်။DVB
Sunday, July 15, 2012
ခလရ (၂၀)မှ စစ်ကြောင်းမှူး မုဒိန်းမှုဖြင့်တရားစွဲခံရ
http://arakantimes.net/burmese/index.php/2012-02-24-06-58-57/284-2012-07-15-07-31-39
Written by သဇင်ဥ Sunday, 15 July 2012 14:22
ရခိုင်ပြည်နယ် ပလက်ဝမြို့နယ်တွင် ခလရ (၂၀) စစ်ကြောင်းမှူး ဗိုလ်မှူး ဦးမင်းသိန်းထွန်းအား ဂူဝကျေးရွာ (ခမီးအုပ်စု)မှ မုဒိန်းမှုဖြင့် တိုင်ကြားတရားစွဲဆိုထားရာ ယခုလတတိယအပတ်ထဲတွင် စစ်ဆေးရန်ရှိကြောင်း သိရှိရသည်။ ပလက်ဝမြို့နယ် ဂူဝကျေးရွာ (ခမီးအုပ်စု)မှ အလယ်တန်းပြကျောင်းဆရာမ ဒေါ်နုနုခင်မှတဆင့် တရားစွဲဆိုခြင်းဖြစ်ပြီး အမှုအား စစ်ဆေးမေးမြန်းရန် စစ်တွေ တရားရုံးတော်သို့ ဇူလိုင် ၁၅ ရက်နေ့အရောက် သက်သေထွက်ဆိုဖို့ ခေါ်ယူထားကြောင်း ဒေါ်နုနုခင် အသိုင်းအ၀ိုင်းမှ ပြောသည်။ “ အတင်းအဓမ္မမ မုဒိန်းမှုပြုကျင့်ခံရတဲ့ မိန်းခလေးကို ပြောဖို့အတွက် သည်းခံပါရှင်၊ ဟုတ်ကဲ့ခမီးအမျိုးသမီးလေးပါ၊ ဆရာမ နုနုခင်ကို ၁၅ ရက်နေ့ စစ်တွေသို့အရောက် ခေါ်ထားပါတယ်၊ အဲဒီကိုရောက်တာနဲ့ ဒကစ(ဒေသကွပ်ကဲရေးမှူး) ကိုအသိပေးပြီး စစ်တပ်တရားခုံရုံးမှာ စစ်ဆေးဖို့သိရပါတယ်၊ တိုင်ကြားထားတာက ဖေဖေါ်ဝါရီလကတည်းက ဖြစ်ပါတယ်၊ ကျမတို့သိရသလောက် အဲဒီ ဗိုလ်မှူး မင်းသိန်းထွန်းကိုတော့ စစ်အကျဉ်းထောင်မှာ ချုပ်ထားတယ်လို့ သိရပါတယ်၊ ဆရာမဦးဆောင်ပြီးတော့ စစ်တွေသို့လာကြမှာ ဖြစ်ပါတယ်။ ” ဟု အမည်မဖေါ်လိုသူ ဆရာမအသိုင်းအ၀ိုင်းက ရှင်းပြခြင်းဖြစ်သည်။ ပလက်ဝမြို့နယ်အခြေစိုက် စစ်ဗျူဟာ ၃ သို့ ဂူဝကျေးရွာမှ တိုင်ကြားထားခြင်းဖြစ်ပြီး ၎င်းဗျူဟာမှ စစ်တွေမြို့ ဒကစ(ဒေသကွက်ကဲရေးမှူး) သို့တဆင့် အစီရင်ခံတင်ပြခဲ့ရာမှ ယခုကဲ့သို့ အရေးယူစစ်ရေးရန် ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း သိရှိရသည်။ ဗိုလ်မှူး ဦးမင်းသိန်းထွန်းမှာ ပလက်ဝမြို့နယ် အနောက်ခြမ်းနှင့် မြောက်ခြမ်းတို့တွင် လုံခြုံရေး၊ စည်းရုံးရေးနှင့် နယ်မြေစိုးမိုးရေး တာဝန်ဖြင့် လှုပ်ရှားနေသော စစ်ကြောင်းမှူးဖြစ်ပြီး ခလရ (၂၀) မှာ စစ်တွေမြို့သလုံးတော်ဓါတ် ဘုရားကြီးရှေ့တွင် အခြေစိုက်သော တပ်ရင်းဖြစ်သည်။ ယင်းပလက်ဝမြို့နယ် ခလရ (၂၀) စစ်ဆင်ရေးစစ်ကြောင်းကို ဗိုလ်မှူး မျိုးမင်းထွန်းအား အစားထိုးတာဝန်ပေးထားကြောင်းနှင့် စစ်ဗျူဟာ (၃) မှ ကွက်ကဲလျက်ရှိကြောင်း သိရှိရသည်။
Saturday, July 14, 2012
( ဖုံပညာ့ရဲာသီ့) ရဲ့လက်ဆင့်ကမ်းဆွဲငင်ဖမ်းစားနေဦးမည့်သူများ
ပိုးကရင် အဆိုတော် ကရင်ပြည်နယ် ထီ့ထ်ုမုင်. (တောင်ကလေး(ဖုံပညာ့တွါန့်)ရွာသူ နော်သိန်းလားဘောင် ဟာ လွန်ခဲ့သောအနှစ် ၄၀နီးပါးလောက်တုန်းက အဝေးရောက်ချစ်သူအကို (ထံင်လ်ုယါင်ဝဲကျဝ် )သီချင်းစီးရီးအခွေများနှင့်ထင်ရှားကျော်ကြားလာပြီးယနေ့ထိတိုင်အရွယ်အလတ်မရွေးကြိုက်နှစ်သက်ပြီးကရင်ပရိပ်သတ်များကိုညို့ယူဖမ်းစားနိုင်တုန်းဖြစ်သည်။
ကရင်ကြားမှာနဲ့အခြားတိုင်းရင်းသားဗမာတွေကြားမှာတော့ ကရင်မာမာအေးအဖြစ်ထင်ရှားလူသိများသည်
တခါတုန်းက သာမညဆရာတော်သက်ရှိထင်ရှားရှိစဉ်အခါတုန်းက သာသနာနဲ့ဆိုင်သောသီချင်းတစ်ပုဒ်ကို
ဗမာတစ်လှည့် ကရင်တစ်လှည့်သီဆိုစေရာနာမည်ကြီး ဗမာအဆိုတော် ဒေါ်မာမာအေးနဲ့အပြိုင် ကရင်အဆိုတော် ( နော်သိန်းလားဘောင် )ကိုသီဆိုစေရာ သံစဉ်တူသီချင်းကိုဒေါ်မာမာအေးကဲ့သို့အပြိုင်သီဆိုနိုင်သည်ကိုကရင်ပရိတ်သတ်အများအပြားနားဆင်ခဲ့ရသည်ကိုနားဆင်ခဲ့ဖူးသူတွေကပြောပြခဲ့ဖူးတာကို
ကြားခဲ့ရသည် အများအားဖြင့်သူဆိုခဲ့သောအချစ်သီချင်းများကို ကရင်ဂီတစာဆိုတေးရေးဆရာ
စဝ်မူ.လျာ.ဝဝ်(စောမူလျားဝေါ်)က ရေးသားပေးလျှက်ရှိပြီး ယခုထိတိုင် ရှားရှားပါးပါး ကရင်ဓမ္မမေတ္တာပို့သီချင်းကို စောမူလျားဝေါ် ကပင်ရေးသားပေးလျှက်ရှိသည်။ အစ ပထမတွင်ဒီသီချင်းကို Mp3 အသံတစ်မျိုးတည်းသာဖြန့်ချီခဲ့သော်လည်းယခု ကာလာအိုကေ ပုံစံရုပ်သံတွဲပြီးဒုတိယအကြိမ်ထပ်မံဖြန့်ချီ
ရာမျိုးဆက်သစ်အဆိုတော်တွေနဲ့ပါ အင်အားဖြစ်ဖြည့်စွက်သီဆိုထားတာကိုတွေ့ရမည် သူတို့တွေကိုလည်းအထင်တော့မသေးလိုက်နဲ့ဦး လက်ဆင့်ကမ်းကရင်အနုပညာ(ဖုံပညာ့ရဲာသီ့)သမိုင်းပေးတာဝန်ကို အဆိုတော်နော်သိန်းလားဘောင်အသံကဲ့သို့အေးမြတဲ့ဆွဲငင်အားရှိတဲ့အသံတွေနဲ့
ပရိတ်သတ်ကိုဆက်လျှက်ဖမ်းစားထားနိုင်အောင်အဆိုတော်နော်သိန်းလားဘောင်နဲ့အတူသူတပြိုင် ကိုယ်တပြိုင်သီဆိုနေကြဟန်ကို ပရိတ်သတ်များအကဲခတ်နိုင်ရန်လက်တို့လိုက်ပါရစေ။
Friday, July 13, 2012
ဘာသာရေး ခေါင်းဆောင်များ နိုင်ငံရေး မလုပ်သင့်ဟု KNU ကဆို

ကရင် လက်နက်ကိုင် အချင်းချင်း ပြန်လည် ပစ်ခတ်မှု မဖြစ်ကြရန် တားမြစ်သည့် ညှိနှိုင်း ဆွေးနွေးပွဲကို စီစဉ်ခဲ့သော ဘာသာရေး ခေါင်းဆောင်များကို အရေးယူရန် ကရင် အမျိုးသား အစည်းအရုံး (KNU) က အကြောင်းကြားစာ ပို့ခဲ့သည်ဟု အရေးယူ ခံရဖွယ် ရှိသည့် သင်းအုပ် ဆရာ တဦးက ဆိုပါသည်။
“ အရေးယူစာကို ကျနော့်ဆီ မနေ့က ပို့ပါတယ်။ အရေးယူတဲ့ နည်းကို ထည့်မရေးပေမဲ့ ဘာသာရေး ခေါင်းဆောင်တွေ ဟာ နိုင်ငံရေး ဖက်မလုပ်ရဘူး ဆိုပြီး စာရေး အကြောင်းကြားတာ ဖြစ်ပါတယ်။ စာကတော့ ကေအန်ယူ အထွေထွေ အတွင်းရေးမှူး ဆီက ဖြစ်ပါတယ်။ ကျနော် နားလည်တာက အဲဒီတုန်းက ကရင်အချင်းချင်း ပြန်လည် မပစ်ခတ်ကြဖို့ အ တွက်၊ ပြီးတော့ ကရင့်အလံ တခုအောက်မှာ ညီညွတ်ကြဖို့နဲ့ ပြသနာဖြစ်လာရင် ငြိမ်းချမ်းတဲ့ နည်းနဲ့ ဖြေရှင်းကြဖို့ ရည် ရွယ်ခဲ့ပြီး ဦးဆောင် ကျင်းပတာ ဖြစ်ပါတယ်” ဟု အရေးယူစာ လက်ခံ ရရှိခဲ့သည့် ခရစ်ယာန် သင်းအုပ်ဆရာ ရောဘတ် ထွေးက ဆိုပါသည်။
မည်သို့သော နည်းလမ်းဖြင့် အရေးယူမည်ဟု ပေးစာ၌ ထည့်သွင်းရေးထားခြင်း မရှိသော်လည်း အရေးယူမည်ဟု စာထဲ၌ အတိအကျဖေါ်ပြခဲ့ကြောင်း ဆရာ ရောဘတ်ထွေးက ဆိုပါသည်။
ဤကိစ္စနှင့် ပါတ်သက်ပြီး ကေအန်ယူ အထွေအထွေ အတွင်းရေးမှူး နော်စီဖိုးရာစိန်က “ အရေးယူဖို့ မရှိပါဘူး။ အရေးယူ စရာလည်း မဟုတ်ပါဘူး။ အရေးယူဖို့ ပေးတဲ့ စာလည်း မဟုတ်ပါဘူး၊ နားလည်မှု လွဲသွားတယ်လို့ ထင်ပါတယ်” ဟု ဆိုပါသည်။
KNU ခေါင်းဆောင်များ
ကရင် လက်နက်ကိုင် အချင်းချင်း ပြန်လည် ပစ်ခတ်မှု မဖြစ်ရေးအတွက် မြိုင်ကြီးငူ ဆရာတော် ဦးသုဇန နှင့် ခရစ်ယာန် သင်းအုပ်ဆရာ ရောဘတ်ထွေးတို့က ဦးဆောင် စည်းရုံးပြီး၊ ပြီးခဲ့သည့် မေလ (၂၈) ရက်နေ့တွင် ကရင်ပြည်နယ် လှိုင်းပွဲ မြို့နယ်ရှိ ကေအန်ယူ တပ်မဟာ (၇) နယ်မြေ တနေရာ၌ ကျင်းပခဲ့ပါသည်။
ယင်းဆွေးနွေးပွဲသို့ ကရင် အမျိုးသား အစည်းအရုံး (ကေအန်ယူအဖွဲ့)၊ ကလို့ထူးဘော အဖွဲ့ (ဒီကေဘီအေ)၊ ကရင်ငြိမ်း ချမ်းရေး ကောင်စီ၊ နယ်ခြားစောင့်တပ် (BGF) နှင့် ကရင်ငြိမ်းချမ်းရေး အဖွဲ့ (ဟောင်သရော) အဖွဲ့တို့ ပါဝင်ပြီး မလေးရှား နှင့် သြစတြေလျားရောက် ကရင်အဖွဲ့၊ ဒုက္ခသည် စခန်းနှင့် စိတ်ဝင်စား သူများအင်အား (၇၀) ခန့် တက်ရောက်ခဲ့ပါ သည်။
ဤကဲ့သို့ ဆွေးနွေးပွဲ မျိုးထဲ၌ အသေးစိပ်ကျသော စည်းကမ်းချက်များ သဘောတူ ကြရန် လိုအပ် နေသေးသည်ဟု ဘာသာရေး ခေါင်းဆောင် များနှင့် အစည်းအဝေးပွဲ တက်ရောက်သော အဖွဲ့များက ယေဘူယျ သဘောတူ ခဲ့ကြပါသည်။ ဤ သို့ကြောင့် ကရင်ထိပ်ပိုင်း ခေါင်းဆောင်များ ပါဝင်သော ဆွေးနွေးပွဲ တရပ်ကို ဆက်လက် ကျင်းပရန် ဘာသာရေး ခေါင်း ဆောင်များက ရည်ရွယ် ထားပါသည်။
ယခုကဲ့သို့ ကေအန်ယူဖက်က ကမကထ လုပ်သူများကို အရေးယူပါက ရည်ရွယ်ထားသော ဆွေးနွေးပွဲမျိုးမဖြစ်လာနိုင် တော့သလို အကယ်၍ အားပေးပါက ဆက်လက်ကျင်းပသွားဖွယ်ရှိသည်ဟု ဘာသာရေး ခေါင်းဆောင်များက ဆိုပါသည်။
Wednesday, July 11, 2012
လွန်ဆွဲနေသော အစိုးရနှင့် KIO တွေ့ဆုံ ဆွေးနွေးပွဲ
ကချင်ပြည် လွတ်မြောက်ရေး အဖွဲ့ (KIO) ဌာနချုပ် လိုင်ဇာအနီး၌ ယမန်နေ့ အချိန်ထိ အစိုးရတပ်နှင့် KIAတို့ တိုက်ပွဲဖြစ် နေဆဲ ဖြစ်သဖြင့် အစိုးရ၏ တွေ့ဆုံ ဆွေးနွေးပွဲ ဖြစ်မြောက်ရေး ကမ်းလှမ်းချက်ကို KIO က ငြင်းဆို ခဲ့ခြင်းဖြစ်သည်ဟု ပြော ရေးဆိုခွင့်ရှိသူ ဦးလာနန်းက ပြောပါသည်။“မနေ့ကအထိ ကျနော်တို့ ဗဟိုလိုင်ဇာနားမှာ တိုက်ပွဲဖြစ်တုနုးပဲ၊ အဲဒီတိုက်ပွဲတွေဟာ အစိုးရတပ်ကနေ အင်အားတိုးချဲ့ပြီး လှုပ်ရှားလာနေလို့ တိုက်ပွဲတွေ ဖြစ်ပွားနေရတာပါ။ ဒီအခြေအနေမှာ ကျနော်တို့ ဘက်ကခံစစ် အနေအထားနဲ့ဘဲ တိုက် နေတယ်။ ဒီလိုအချိန်မျိုးမှာမှ အစိုးရက ဆွေးနွေးဖို့ ကမ်းလှမ်းတယ်ဆိုတော့ မဖြစ်နိုင်ဘူးပေါ့၊ စစ်ဆင်ရေးကိုမလျှော့ဘဲနဲ့ ကမ်းလှမ်းနေတော့ အဓိပ္ပါယ်မဲ့တယ်လေ ဒါကြောင့် ငြင်းလိုက်တာပါ” ဟု ဦးလနန်မှ ပြောပါသည်။KIO နှင့် အစိုးရ တို့သည် ပြီးခဲ့တဲ့ ဇူလိုင်လ (၁) ရက်နေ့မှ (၁၀) ရက်နေ့အထိ ကေအိုင်အိုထိမ်းချုပ်နယ်မြေ၌ တိုက်ပွဲပေါင်း (၄၀) ကျော် ဖြစ်ပွားခဲ့သည်ဟု ဆိုပါသည်။ ဤတိုက်ပွဲများကြောင့် တွေ့ဆုံဆွေးနွေးမှုကို KIO က ငြင်းပယ်နေခြင်း ဖြစ်ပါသည်။ပြည်ထောင်စုငြိမ်းချမ်းမှု ဖေါ်ဆောင်ရေးအဖွဲ့ လုပ်ငန်းကော်မီတီဒုဥက္ကဌ ဦးအောင်မင်းသည်၊ ကချင်ပြည်နယ် ဗန်းမော်မြို့၌ တွေ့ဆုံဆွေးနွေးရန် ပြီးခဲ့သည့်ဇွန်လ (၂၀)ရက်နေ့ကတည်းက ကမ်းလှမ်းခဲ့ပါသည်။ KIO သည် တွေ့ဆုံပွဲကို ဗန်းမော်ခရိုင် ရှိတရုတ်မြန်မာနယ်စပ် လွယ်ဂျယ်မြို့နယ် ပရန်ငွန်ကျေးရွာ၌ ကျင်းပရန် တောင်းဆိုထားသော်လည်း ထိုတိုက်ပွဲများ ဆက်ရှိ နေလျှင် ဆွေးနွေးပွဲကို လက်ခံနိုင်ဖွယ်မရှိပေ။ဦးအောင်မင်းနှင့် KIA ဒု-စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်တို့ ဇွန်လ (၂၀) ရက်နေ့ အလွတ်သဘော တွေ့ဆုံစဉ်၌နှစ်ဖက်တပ်များ နေရာယူ ထားမှုအား မြေပုံပေါ်၌ သုံးသပ် ကြည့်ရှူ့နေစဉ်။ ဓါတ်ပုံ - KNG)“ ဆွေးနွေးပွဲအတွက် ကချင်ကိုယ်စားလှယ်တွေကို လုံခြုံရေးတပ်ဖွဲ့နဲ့ တကွကြိုပို့ပေးမယ်လို့ အစိုးရဖက်က ပြောပေမဲ့ ကျ နော်တို့ဖက်ကတော့ တိုက်ပွဲဖြစ်နေတဲ့အခုလို အချိန်မျိုးမှာ ဗန်းမော်ကို လိုက်သွားဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။ ပြီးတော့ အစိုးရဟာ ကချင် လူထုကိုလည်း အနိုင်ကျင့်နှိပ်စက် နေတဲ့အချိန် ဖြစ်နေလို့ ကျနော်တို့ကလည်း အစိုးရနဲ့ဆွေးနွေးပွဲ လုပ် တော့ မယ်ဆိုရင် ပြည်သူတွေရဲ့ အမြင် ကြည်လင်ဖို့ အရေးကြီး ပါတယ်။ ဒါကြောင့် အစိုးရ တပ်တွေ ဆုတ်ပေးဖို့ ပြောနေတာ ဖြစ်တယ်”ဟု ဦးလာနန်းက ဆိုပါသည်။KIO နှင့် အစိုးရတို့သည် ပြီးခဲ့သည့် ၂၀၁၁ခုနှစ် ဇွန်လမှစပြီး တိုက်ပွဲများ စတင်လာခဲ့ပါသည်။ ဤကဲ့သို့တိုက်ပွဲများ ဖြစ် လာခဲ့ သော်လည်း အပစ်အခတ်ရပ်စဲဖို့ (၅) ကြိမ်ထက်မနဲ တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ သို့သော် KIO သည် ဆွေးနွေးပွဲ တိုင်း၌ အစိုးရတပ် များဆုတ်ပေးရန် ကနေ့ထိတောင်းဆိုနေဆဲဖြစ်သလို အစိုးရကလည်း တပ်ဆုတ်ပေးရေးကိစ္စတွင် အစိုးရ တရပ်အနေနှင့် သိက္ခာကျနိုင်ဖွယ်ဖြစ်သော ကိစ္စဖြစ်သောကြောင့် တပ်ဆုတ်ပေးရန် မဖြစ်နိုင်ဟု ဦးအောင်မင်းက အကြောင်းပြန်ကြား ခဲ့ကြောင်း ဦးလာနန်းကပြောပါသည်။ဤသို့ကြောင့် KIO နှင့် အစိုးရတို့သည်၊ ငြိမ်းချမ်းရေး လိုလားနေသည်ဟု ဆိုသော်လည်း တဖက်နှင့်တဖက် သဘောထား တင်းမာနေကြသဖြင့် ငြိမ်းချမ်းရေးအတွက် တွေ့ဆုံ ဆွေးနွေးမှုသည် အလားအလာ မကောင်းဟု ဆိုနိုင်ပေသည်။
Sunday, July 8, 2012
ရခိုင်လူမျိုးများကိုသိက္ခာချရန် ကြံ့ဖွံ့ငှါးရမ်းလုပ်ကြံ
http://arakantimes.net/burmese/index.php/2012-02-24-06-58-57/268-2012-07-08-12-18-40
ဇွန်လ ၃၀ ရက်နေ့က ဥရောပခရီးစဉ်မှပြန်လာသော ဒေါ်အောင်ဆန်းစုကြည်အား ကြိုဆိုပွဲတွင် ရှစ်မိုင်လမ်းဆုံ၌ ဒေါ်အောင်ဆန်းစုကြည်ကို ကုလားမစုကြည်အလိုမရှိဟုဆိုကာ ဆန္ဒပြခဲ့သူများမှာ မြန်မာနိုင်ငံ ရခိုင်ပြည်အမျိုးသား အင်အားစုမှဖြစ်ကြောင်း သတင်းရရှိသည်။
ထိုရခိုင်ပြည်အမျိုးသားအင်အားစုမှာ ပြည်ခိုင်ဖြိုးကြံဖွံ့ပါတီမှ လက်သတ်ငွေစားထားသော ပါတီတစ်ခုဖြစ်ပြီး၊ ရခိုင်ပြည်နယ်မြောက်ဦးမြို့တွင် အခြေစိုက်ကြောင်း သိရှိရသည်။
“ ဒေါ်အောင်ဆန်းစုကြည် ဥရောပခရီးအပြန်ပြည်သူလူထုက ကြိုဆိုပွဲမှာ ဒီလိုမဟုတ်မက၊ လုပ်ကြံဆန္ဒပြဖို့အတွက် အဓိကလုပ်ကြံခိုင်းသူကတော့ ကြံဖွံ့ပါတီမှ ပြည်သူ့လွှတ်တော်အမတ် ဦးအောင်သိန်းလင်းက အဲဒီမြန်မာနိုင်ငံ ရခိုင်အမျိုးသားအင်အားစုကို ငွေပေးပြီး အသုံးချလိုက်ခြင်းဖြစ်တယ် ” ဟု ရခိုင်အမျိုးသားအင်အားစုနဲ့ နီးစပ်သူတစ်ဦးက ပြောသည်။
ယခုကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်အား ဆန္ဒပြခဲ့ခြင်းမှာ ရခိုင်ပြည်သူများနှင့် ဒေါ်အောင်ဆန်းစုကြည်ကြားတွင် သဘောထားနားလည်မှုများလွဲမှားအောင် ကြံဖွံ့ပါတီအနေနဲ့ ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်ခြင်းဖြစ်ပြီး မြန်မာနိုင်ငံအတွင်း နေထိုင်သော တစ်ခြားတိုင်းရင်းသားပြည်သူများရှေ့မှောက်တွင် ရခိုင်တိုင်းရင်းသားများကို သိက္ခာချခြင်းဖြစ်ကြောင်း နိုင်ငံရေးသုံးသပ်သူတစ်ချို့က ပြောဆိုနေကြသည်။
ယင်းရှစ်မိုင်လမ်းဆုံတွင် ဆန္ဒပြခဲ့သော လူငယ်များနှင့် ဒေါ်အောင်ဆန်းစုကြည် လုံခြုံရေးယူထားသော NLD အဖွဲ့ဝင်များတို့ ထိုးကြိတ်ခဲ့မှုများ ဖြစ်ပေါ်ခဲ့မှုကြောင့် အင်တာနက် သတင်း Website စာမျက်နှာတစ်ချို့တွင် NLD အား ဝေဖန်မှုတစ်ချို့လည်း ထွက်ပေါ်ခဲ့သည်။
