သဘောမတွေ့ရင် လာရောက်ဆွေးနွေးနိုင်ပါတယ်
themeinkaren@gmail.com မှလှိုက်လှဲစွာဖြင့်ကြိုဆိုပါသည်။
သူရေဝ့်ဖါန်
ဖမ်းတုန်းကဘယ်သူတွေဖမ်းတာလဲ ဘာပြစ်မှုနဲ့ဖမ်းတာလဲ နိုင်ငံရေးတော်လှန်ရေးလုပ်တာ ကိုယ်ညံ့လို့
ကိုယ်ခံရရင်တောင် ရန်သူကိုဒူးထေါက်တောင်းပန် ကျေးဇူးတင်စကားအထပ်ထပ်ပြောနေရမှာလားကွာ
နိုင်ငံရေးတော်လှန်ရေးလုပ်တာ သူခိုးဓါးပြလုပ်နေတာမဟုတ်ဘူး ကရင့်ဘိုးဘွားပိုင်ဘုမ္မိနက်သန်မြေကို
ဝင်ရောက်နယ်ချဲ့ တိုက်ခိုက်ဖျက်ဆီးပြီး မြေပေါ်မြေအောက်သယံဇာတတွေကိုလုယက်ဖျက်ဆီးပြီးကာ
ကရင်လူမျိုးတွေကို ပြတိုက်ထဲထည့်ချင်နေကြတဲ့လူတစ်စုကို တော်လှန်နေတဲ့လူကအမှန်တရားလား ဖမ်းတဲ့လူတစ်စုကအမှန်တရားလား နယ်ချဲ့ တွေစိုးမိုးတဲ့ဗမာပြည်တစ်ချိန်က တောင်သူလယ်သမား
ဘက်ကရပ်တည်ပြီးနယ်ချဲ့ ကိုတော်လှန်ခဲ့တဲ့ဆရာစံဟာ ဗမာပြည်အင်္ဂလိပ်စိုးမိုးချိန်မှာ
သူပုန်ဖြစ်ပေမဲ့ လွတ်လပ်ရေးရပြီးတော့ မျိုးချစ်သူရဲကောင်းအာဇာနည်အဖြစ်အသိ
အမှတ်ပြုကြရပြန်တယ်မဟုတ်လား။
လူဆိုးတွေက သူတော်ကောင်းကိုဖမ်းပြီး ထောင်ထဲကိုတစ်မျိုး ထောင်နှုတ်ခမ်းကိုလျှောက်ခိုင်းလိုတဖုံ
လွတ်ငြိမ်းချမ်းသာခွင့်နဲ့ တမည်အခြေအနေပေါ်မူတည်ပြီး ဥာဏ်နီဥာဏ်နက်တွေနဲ့ နိုင်ငံရေးကို
အမြတ်ထုတ် ကစားနေတာကျေးဇူးတင်စကားထပ်ခါပြောရမယ့်လူတွေမဟုတ်ဘူးထင်တယ်နော်။
ကျေးဇူးသိတတ်တဲ့ကရင်ဆိုတာအဲလောက်အထိ ကြက်ပေးစရာမလိုဘူးထင်တယ်
ခုဟာက ကရင်လည် ဗမာကိုကြက်ပေးမလွတ်ဖြစ်နေပြီး။
(သူရေဝ့်ဖါန်)
ကျေးဇူးအတင်ခံချင်ပေမဲ့ ဒို့ ကတော့မတင်နိုင်သေးပါAuthor: ကိုးဒီသွေး Posted at: 12:20 AM Filed Under: article
တသက်နှစ်ကျွန်းပြန် အတီးမန်းငြိမ်းမောင်ကို ဗမာကြံ့ ဖွတ်အစိုးရ ငြိမ်းကိုယ်စားလှယ်တွေက .. မိခင်ကေအင်န်ယူအဖွဲ့ ထံကို ပြန်လည်အပ်နှံခဲ့ပါပြီ။ တီးမန်းငြိမ်း မပြန်လွတ်ခင်ကတည်းက ဗမာစစ်ဗိုလ် ချုပ်တွေ ဒီလိုမျိုးဇာတ်ညွှန်းရေးမယ်ဆိုတာ လူအများကြိုတင်ခန့် မှန်းပြီးသားပါ။ အမှန်တော့ ဒီလိုဇာတ်ညွှန်းတွေဟာ ရိုးနေပြီးလို့ ပြောရမှာပါ။ တီးမန်းငြိမ်းကို သူတို့ လက်ထဲရောက် တာနဲ့ စိတ်ဓါတ်ပိုင်းဆိုင်ရာအမျိုးမျိုးညှင်းဆဲ သူတို့ လိုချင်တဲ့အချက်၊ ပွိုင့်ကို ရအောင်စစ်ဆေး အကွက်ဆင် ယူ၊ အပေးအယူလုပ် တကယ်ပိုင်နိုင်ပြီးလို့ မှတ်ယူပြီးမှ ဒီလိုမျိုးပြန်လွတ်ပေးလိုက်တာပါ။ တရားစီရင်အမိန့် ချတဲ့သူက အမြင့်ဆုံးပြစ်ဒဏ်ချပြလိုက် ပြီးမှ ဇာတ်လိုက်မင်းသား ရုပ်သေးသမ္မတ သိန်းစိန်က မိမိမှာ သမ္မတပါဝါအပြည့်ရှိကြောင်း ပြသလိုတဲ့အနေနဲ့  သဘောထားကြီးကြီးနဲ့  တရားခံကို ကွင်းလုံးကျွတ်ပြန်လွတ်ပေးလိုက် ကျေးဇူးကုဋေကဋာအတင်ခံ...ဒါဘဲ... တကယ်တော့ ဒီလိုမျိုး ဖမ်းဆီးတာ၊ ပြစ်ဒဏ်ချတာ၊ ညှင်းဆဲတာ၊ ပြန်လွတ်တာတွေဟာ ဇာတ်ညွှန်းဆရာတယောက်ဖြစ်တဲ့ ကန့် လန့် ကါနောက်ကို ၀င်ပုန်းနေတဲ့ ဗမာစစ်အာဏာရှင် မုဒိမ်းစစ်တပ်ခေါင်းဆောင် ကောက်ကျစ် ယုတ်မာကောင် သန်းရွှေက ရေးဆွဲထားတာဖြစ်ပါတယ်။ မသိရင်တော့ ဒီသမ္မတက လုပ်ပိုင်ခွင့်အပြည့်ရှိ တယ်၊ ငြိမ်းချမ်းရေးကို တကယ်လိုလားတယ်၊ တကယ်ဖေါ်ဆောင်နေတယ်လို့ ထင်မှတ်နိုင်ပါတယ်။ အတီးမန်းငြိမ်းကို ကေအင်န်ယူနဲ့ ကြံ့ ဖွတ်သိန်းစိန်အစိုးရရဲ့ ငြိမ်းကိုယ်စားလှယ်တို့  ဇန္န၀ါရီလက ဘားအံမြို့ အပစ်အခတ်ရပ်စဲရေး ပဏာမလက်မှတ်ရေးထိုးကတည်းက ငြိမ်းချမ်းရေးလက်ဆောင် အဖြစ်ပြန်လွတ်ပေးမယ်ဆိုပေမဲ့ တရားရုံးအကြိမ်ကြိမ်တက်ပြီးမှ အခုလိုမျိုး သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာ အမိန့် နဲ့ ပြန်လွတ်ပြလိုက်တာပါ ......ဒီလိုမျိုးလုပ်ဆောင်တာဟာ ရန်သူဟာ ကေအင်န်ယူကို စိတ်ဓါတ်စစ်ဆင်ရေးအရ အရင်သွေးတိုးစမ်းလိုက်တဲ့သဘောပါဘဲ။ အရင်ညစ်ကြည့်တယ်.အရေထွက်လာမလား..ဘယ်လိုပြန်တုံ့ ပြန်လာမလဲပေါ့.. အတီးမန်းငြိမ်းကို ထောင်ထဲကနေ သွားခေါ်ထုတ်ပြီး နေပြည်တော်အထိခေါ်သွားတာလဲ လူတယောက် ကို ခြေတွေ၊လက်တွေ ချည်ပြီးတုတ်ပြီးမှ စကားပြောတဲ့သဘော သက်ရောက်တဲ့အတွက် တရားမျှတ တဲ့ ပြောဆိုနွေးမှုမျိုးလို့ ဆိုလို့ မရပါဘူး။ ဒါအထက်စီးကနေ ဆက်ဆံတာဘဲ။ အတီးမန်းငြိမ်းပြန်လည်လွတ်မြောက်လာတာကို ကျနော်တို့ ကရင်ခေါင်းဆောင်တွေအပါအ ၀င် ပြည်သူ အများက ၀မ်းသာတယ် ကြိုဆိုတယ်လို့ ထုတ်ဖေါ်ပြောဆိုလာတဲ့အပြင် လွတ်ပေးသူ ဗမာစစ်အာဏာရှင် ကို ကျေးဇူးတင်တယ်လို့  ထုတ်ဖေါ်ပြောကြတယ်။ ဒါဟာလည်းလဲ နိုင်ငံရေးအရသံခင်းတမံခင်း စကားအရ``ကျေးဇူးတင်တယ်`` ဆိုတဲ့စကားကို ပြော ဆိုရတာဖြစ်တယ်လို့ နားလည်မိတယ်။ တကယ်တမ်း ကျတော့ ဒီကောက်ကျစ်ယုတ်မာတဲ့ ဗမာစစ်အာဏာ ရှင်တွေကို ကျေးဇူးတင်တယ်ဆိုတဲ့စကားဟာ ပြောဆိုဖို့ အလွန်စောနေသေးသလို သူတို့ နဲ့ ထိုက်တန်တဲ့ စကားမလည်းမဟုတ်ပါဘူး။ နိုင်ငံကို မတရားအာဏာသိမ်းယူ၊ သူတို့ နဲ့ ဆန့် ကျင်ဘက်လူတွေကို မတရားဖမ်းဆီးထောင်ဒဏ်နှစ်ရှည်ချ၊ မသေမချင်းညှင်းဆဲ၊ သေတဲ့သူကသေ၊ မသေတဲ့သူတွေကိုအ၀ညှင်းဆဲပြီးမှ ပြန်လွတ်ပေးလိုက်။ ပြန်လည်လွတ်မြောက်တဲ့သူတွေက ဗမာစစ်အာဏာရှင်တွေကို ပြန်လည်ကျေးဇူးတင်၊ စစ်အာဏာရှင် တွေက လည်း သူတို့ ကိုသူတို့ တကယ်ကျေးဇူးရှင်ကြီးတွေလို မှတ်ယူနေကြပြီး ဗမာစစ် အာဏာရှင် လက်အောက်က မြန်မာ့နိုင်ငံရေး၊ မြန်မာ့လူ့  အဖွဲ့ အစည်းက ဒီလိုဘဲသံသရာလည်နေပါတယ်။ဒါကတော့ ဗမာစစ်အာဏာရှင်နဲ့ ဒီမိုကရေစီဘက်တော်သား(လက်နက်မကိုင်တဲ့သူ)တွေရဲ့  ဖြစ်ပျက်နေတဲ့အကြောင်း တရားတွေပါ။ ကျနော်တို့ တိုင်းရင်းသားအင်သားစုတွေကျတော့ လက်နက်ကိုင်သည်ဖြစ်စေ၊ မကိုင်သည်ဖြစ်စေ ဗမာစစ်အုပ်စုက မဟာလူမျိုးကြီးဝါဒကျင့်သုံးပြီး အညိုးကြီးစွာနဲ့ မုဒိမ်းကျင့်၊ မတရားဖမ်းဆီးသတ်ဖြတ်၊ တိုက်ခိုက် စတာတွေ နေ့ စဉ်နဲ့ အမျှ ပြုလုပ်နေတယ်။ကျနော်တို့ ဘိုးဘွားပိုင်နယ်မြေတွေ မတရားကျူးကျော် ခံနေရတယ်။ ကိုယ့်နယ်မြေက သယံဇာတတွေ ထုတ်ယူသိမ်းဆည်းခြင်း နေ့ တိုင်းလိုလိုခံနေရတယ်။ဒါကြောင့် ယခု ကျနော်တို့ ခေါင်းဆောင်တယောက် ပြန်လည်လွတ်မြောက်လာရုံနဲ့  ဗမာစစ်အာဏာရှင်တွေကို ကျေးဇူးတင်လို့ လုံးဝမဖြစ်သေးဘူး။ ကျနော်တို့ သွေးကြွေးတွေ သမိုင်းကြွေးတွေ အများကြီး(အများကြီး)ကျန်နေတယ်။ မဟာလူမျိုးကြီးဝါဒ ဗမာစစ်အုပ်စုတွေ တကယ်ကျေးဇူးအတင်ခံချင်တယ်ဆိုရင် မတရားကျူးကျော် ခံရတဲ့ ကျနော်တို့ နယ်မြေကနေ အမြန်ဆုံးထွက်ခွါသွားပါ။ ပြည်တွင်းစစ်အတွင်းမှာ (နှစ်ဦးနှစ်ဘက် စစ်သားတွေ ကျဆုံးတာ စစ်ပွဲရဲ့ သဘောအရ သဘာဝကျပေမဲ့) ပြည်သူတွေ မတရားဖမ်းဆီးသတ်ဖြတ်ခံရမှု ၊မုဒိမ်းမှု ၊ အထမ်းသမားပေါ်တာခိုင်းစေမှု ၊ ပြည်သူအိုးအိမ် ဆည်းစိမ်တွေ ခိုးယူလုယက်၊ မီးရှို့ ဖျက်ဆီး ခံရမှု၊သယံဇာတတွေခိုးယူမှု စတဲ့အမှုပေါင်းများစွာ(များစွာ)တွေမှာ ကျူးလွန်ခဲ့တဲ့ ဗမာစစ်အာဏာရှင် တပ်မှူးတပ်သား၊ စစ်ဗိုလ်တွေအားလုံးကို ဖမ်းဆီးအရေးယူအပြစ်ပေးခြင်းလုပ်ပါ။ ဆုံးရှုံးသွားတဲ့ကရင်ပြည်သူတို့ ရဲ့ အသက်၊အိုးအိမ်ဆည်းစိမ်းတွေကိုစစ်တမ်းကေါက်ပြီး လျော်ကြေးပြန်လျော်ရမယ်။ တိုင်းရင်းသားအင်အားစုတွေနဲ့ ငြိမ်းချမ်းရေးတည်ဆောက်တဲ့နေရာမှာ ကောက်ကျစ် ယုတ်မာတဲ့ နဂိုလ်မူလအကျင့်တွေကို ပယ်ဖျက်ပြီး စေတနာအမှန်တဲ့ လုပ်ပါ။ လာမယ့်ဧပြီလဆန်းပိုင်းမှာ ဗမာစစ်အုပ်စုရဲ့ ရုပ်သေးအစိုးရ ငြိမ်းကိုယ်စားလှယ်တွေနဲ့ သွားတွေ့ ဖို့ ကျနော် တို့ ကရင်အမျိုးသားခေါင်းဆောင်တွေ အပေါ်ကပြောခဲ့တဲ့အချက်တွေကိုလည်း ခေါင်းထဲမှာ ထည့်ထားစေချင်တယ်။ ရင်လောက်မှန်းမှ ဒူးလောက်ကျမယ်။ ငြိမ်းချမ်းရေးကို တည်ဆောက်နေပါတယ်ဆိုတဲ့  ရန်သူက ယုံကြည်နိုင်လောက်တဲ့၊ ယုတ်တိရှိတဲ့ လုပ်ဆောင်ချက်တွေ ဘာတခုမှ မတွေ့ ရသေးပါ။ ရှေ့ နောက်ညီတဲ့ပြောဆို လုပ်ဆောင်ချက်တွေလည်း တချက်မှမတွေ့ ရသေးပါဘူး။ ဒီမိုကရေစီအင်အားစု၊ တိုင်းရင်းသားအင်အားစုတွေက ဒီစစ်အာဏာ ရှင်အစိုးရကို နောက်ကြောင်းပြန်မလှည့်စေလိုမှု ၊ လမ်းကြောင်းမှန်ရောက်စေလိုမှုနဲ့  ရှေ့ တိုးလိမ့်နိုးနိုး နဲ့ သီးခံနေတာသာဖြစ်တယ်။ ရန်သူဘက်ကလည်း ဒါကို နှောကြေနေပါတယ်။ နည်းနည်းရိုင်းရိုင်းလေးပြော ရရင် ``သူများကုန်းပြလေ သူလည်းလိုးလေပါဘဲ``။ အချို့ က ဗမာသိန်းစိန်အစိုးရဟာ အထက်ကပြောင်းလဲပြီး အောက်ပိုင်းက မပြောင်းလဲသေးဘူးလို့  သုံးသပ်ကြတယ်။ တကယ်တော့ ဒေါ်စုအပါအ၀င် ဒီမိုကရေစီဘက်တော်သားတွေကိုနည်းအမျိုးမျိုးနဲ့ နှောက်ယှက်စော်ကါးမှု၊ဘုန်းကြီးသံဃာတော်တွေကို တရားဟောခွင့်ပိတ်ပင်မှု၊ ကျောင်းမှနှင်ထုတ်မှု၊ အထက်ကအပစ်ရပ်တယ်ပြောပြီး ရှေ့ တန်းစစ်မျက်နှာတွေမှာ စစ်အင်အားတိုးချဲ့ မှု ၊ လက်နက်ကိုင် တိုင်းရင်းသားအင်အားစုများနဲ့ နေ့ စဉ်နဲ့ အမှု တိုက်ပွဲတွေဖြစ်ပွါးမှု...စတာတွေဟာ ပြောင်းလဲလာပါတယ် ဆိုတဲ့ အထက်ကလူတွေ အမိန့် ပေး စေခိုင်းမှုမပါဘဲနဲ့ ဘယ်လိုမှဖြစ်လာစရာအကြောင်းမရှိပါဘူး။ ရန်သူဟာ သူ့ ရဲ့ ပြိုင်ဘက်တွေကို ထွက်ပေါက်ကျဉ်းကျဉ်းလေးထဲကနေ သူ့ ရဲ့ ထောင်ချောက်ထဲကို မရမက ဖြည်းဖြည်းခြင်း ဆွဲခေါ်သွားတာသာဖြစ်တယ်။ ဒါကိုကျနော်တို့ ခေါင်းဆောင်တွေ ဓမ္မဓိဌာန် ကျကျတွေးပြီး အမျိုးသားရေးကို ရှေ့ ဆက်ဦးဆောင်နိုင်လိမ့်မယ်လို့ မျှော်လင့်တယ်။ အတီးမန်းငြိမ်းမောင်ကို ရန်သူကပြန်လွတ်ပေးလိုက်လို့  ငြိမ်းချမ်းရေးကို မဖြစ်မနေဆက်ဆွေးနွေးရမယ် လက်မှတ်ထိုးရမယ်လို့  မဟုတ်ပါဘူး။တကယ့်ပကတိသဘောတရားအရ တွေးပြီး ရှေ့ ဆက်လျှောက်သင့်မှသာ လျှောက်ပါ။ ကိုယ့်ရဲ့ အမျိုးသားရေးအတွက်၊ ကိုယ့်အဖွဲ့ အစည်းက ချမှတ်ထားတဲ့လမ်းစဉ် ဗျူဟာတွေအတိုင်း လိုက်လျောညီထွေမှုရှိမှသာ ရန်သူနဲ့ ဆက်လက်တွေ့  ဆုံသင့်ကြောင်းပါ။ဆားwww.karentimes.blogspot.comကိုးဒီသွေး Blog Comments ထဲကခွင့်မထောင်းရဘဲ ကူးယူခဲ့တဲ့ ကရင်တစ်ချို့  Comments လို့ထင်ရတဲ့
သဘောထားအမြင်များ
14 comments: Anonymous said...ဒီလိုလူမျိုးနှစ်ကျွန်းမကလို့ သုံးကျွန်းလောက်ကျရင်ပိုကောင်းမယ်။
Anonymous said...လိုင်းပေါ်ကနေ လေကျယ်နေလိုက်တာ စစ်ပွဲထဲ မင်းတို.ပါကြည်.လိုက်ပါ့လား ကိုယ်တိုင်ကျ ဗမာတောထဲသွားနေပြီး ဒါမှမဟုတ် နိုင်ငံခြားမှာနေပြီး အာချောင်နေတယ်
်
Anonymous said...ပြည်တွင်းမှာပဲဖြစ်ဖြစ်၊ ပြည်ပမှာပဲနေနေ ဖိနှိပ်ခံကိုယ့်အမျိုးသားရေးအတွက် ကိုယ်သန်တဲ့နေရာ တတ်စွမ်းတဲ့နေရာကနေ လုပ်ရမှာပဲ။ ပြောစရာရှိရင်ပြောရမှာပဲ။နိုင်ငံရေးလုပ်ရင်တော့ အတိုက်အခံဆိုတာ ရှိမှာပဲ။ စစ်မတိုက်လည်း အမျိုးသားရေးအတွက် လုပ်လို့ရတဲ့အပိုင်းတွေ အများကြီးရှိပါတယ်။
Anonymous said...သူ့နေရာမှာဝင်နေကြည့်ပါလား နင်တို့ဘယ်လိုခံစားရမလဲဆိုတာသိလိမ့်မယ်။ မကောင်းတဲ့ဘက်ကပဲ မမြင်သင့်ဘူး။ သူပြောသလိုမဟုတ်ပဲ တစ်ဖက်နဲ့တစ် ရန်ငြိုးတွေထားပြီးဆက်တိုက်နေအုံးမယ်ဆိုရင် ဒို့ကရင်ပြည်သူတွေရဲ့ဘဝတွေပဲ ဒုက္ခရောက်နေအုံးမှာပဲ။ အပေါ်က ထင်မြင်ချက်ပေးတဲ့လူနှစ်ယောက်ကရင်ရော ဟုတ်ရဲ့လား? စစ်တိုက်တိုင်းလည်း ငြိမ်းချမ်းရေးမရဘူးဆိုတာတော့သိစေချင်တယ်။ စာရေးသူအနေနဲ့လည်း စာရေးပြီး အကောင်းအဆိုး မြင်တတ်ဖို့လိုတယ်။ ဒီ post ကိုရေးတဲ့ ကိုးဒီသွေးအဖွဲ့ကိုလည်း ကျွန်တော်အံ့သြလို့ကိုမဆုံးဘူး
Anonymous said...VOA ဘယ်လို အင်တာဗျူးရသွားသလဲတော့ မသိဘူး။ ဧရာဝတီက ချင်းမိုင်ကနေ လာပြီး အင်တာဗျူးမရလို့ လက်လျှော့ပြီး ပြန်သွားရတယ်။ကေအိုင်စီ(ကရင့်သတင်းဌာန)ကတော့ အတွေ့အကြုံသစ်တွေ ရသွားတယ်။
Anonymous said...သတင်းဌာနငယ်ပေမဲ့လည်း သတင်းသမား ကျင့်ဝတ် စောင့်ထိန်းနေတာပဲ။ ဒီတော့ ပုဇွန်ဆိတ်ကလေး ဘယ်လိုငယ်ငယ် ပင်လယ်တော့ ကူးတတ်ပါတယ်။
Anonymous said...ဖထီးမန်းငြိမ်းမောင်က သမ္မတကို ကျေးဇူးတင်စကားပြောတာ...သူ့ လိုမျိုးတရားခံ တဦးအနေနဲ့ ပြောရမဲ့ သုံးနှုန်းရမယ့် စကားလို့ ထင်မြင်မိပါတယ်။ ဖထီးဖထီမန်းငြိမ်း အနေနဲ့ ငြိမ်းချမ်းရေးကို တကယ်ချစ်မြတ်နိုးတဲ့သူဆိုတာ ယုံကြည်ပါတယ်။ ဖထီးလိုဘဲ ငြိမ်းချမ်းရေးကို တကယ်ချစ်မြတ်နိုးတဲ့သူတွေလည်း အများကြီးရှိပါတယ်။ ဒါပေမဲ့ ဗမာစစ်အာဏာရှင် အသိုင်းအ၀ိုင်းက လူတွေနဲ့ ပါတ်သက်လာရင် ပြောဖို့ အလွန်စောပါသေးတယ်။ ဖထီးမန်းငြိမ်းက တပါတ်နီးပါးလောက် ၀န်ကြီးဦးအောင်မင်းနဲ့ အနေနီးကပ်ပေမဲ့ သူ့ ရဲ့ အတွင်းသဏ္ဍန်အမှန် ပေါ်လာနိုင်လိမ့်မယ်လို့ မထင်မိဘူး။ ဗမာစစ်အာဏာရှင်တွေဟာ ကမ္ဘာကိုပါတ်ပြီး မျက်နှာဖုံးအမျိုးမျိုးနဲ့ သရုပ်ဆောင်နိုင်တာကြောင့် ဒီလောက်ထိ သက်ဆိုးရှည်တာပါ။ ရိုးသားတဲ့ တိုင်းရင်းသားခေါင်းဆောင်တဦးအပေါ် အန်ဝင်ခွင်ကျတဲ့မျက်နှာဖုံးတခု သရုပ်ဆောင်ပြရတာကတော့ သူ့ အတွက်ထမင်းစား ရေသောက်တဲ့အဆင့်ထိတောင်မရှိပါဘူး။ ဖထီးတွေ့ ခဲ့ဘူးတဲ့ အခြားဗမာစစ်တပ် အလွှာအသီးသီးက လူတွေလည်း ငြိမ်းချမ်းရေးကို တကယ်မြတ်နိုးတယ်....ဗမာစစ်တပ်ကလူတွေတင် ဘယ်ကမလဲ ဖထီးရယ်..ဖထီးတို့ အပါအ၀င် တိုင်းရင်းသားတွေနဲ့ တွေ့ ခဲ့တဲ့ ဗမာတွေ ငြိမ်းချမ်းရေးကို ချစ်ပါတယ်၊ ဒီမိုကရေစီနဲ့ တန်းတူညီမျှရေးကို ချစ်မြတ်နိုးပါတယ်ဆိုတဲ့ သူတွေ...နောက်ဆုံးတော့ ဗမာစစ်အာဏာရှင်တွေနဲ့ ဖင်တပေါက်တည်း ဖြစ်သွားကြတာအများကြီးပါ။ဒါကို ဖထီးတို့ အပါအ၀င် ကိုယ်ပိုင်ပြဌာန်းခွင့် မရှိ၊ မရသေးတဲ့လူမျိုးတွေအားလုံး အထူးသတိထားစေချင်ပါတယ်။ လမ်းလျှောက်ရင်း လမ်းမပျောက်ဖို့ အရေးကြီးတယ်။ဝန်ကြီးဦးအောင်မင်းက သူတို့ ရဲ့ အထဲ ..ထဲမှာလည်း အခက်အခဲတွေရှိတယ်...နည်းနည်းသီးခံဖို့ လိုတယ်..ဆိုတာက..စကားလှအောင်ပြောတာပါ။ သူ့ ရဲ့ အပေါ် စစ်ဘီဘူးတွေ...အာဏာရှင်ဟာ အာဏာရှင်ပါဘဲ။ ဦးအောင်မင်းအနေနဲ့ ဘာမှပါဝါရှိတဲ့သူမဟုတ်ဘူး..ငြိမ်းချမ်းရေးကြေးစား၊ ပွဲစားတယောက်ပါဘဲ။ အခုဖထီးမန်းငြိမ်းက သူ့ ကို နည်းနည်းလေးမြှောက်ပြောတာတောင်...သူ့ အတွက်မနည်းတွက်ခြေကိုက်နေပါပြီး။...တိုင်းရင်းသားတွေ၊ ဒီမိုရေးသမားတွေဘက်က သံသယတွေ၊ အာဃာတတွေ..ရန်ညိုးရန်စတွေ.....လျှော့ချခဲ့တာများနေပြီး...ထပ်လျှော့စရာလည်းမကျန်သလောက်ဘဲ....လုံးဝမလျှော့တာက ကောက်ကျစ်စဉ်းလဲဆုံး..ယုတ်မာရက်စက်ဆုံး မဟာဗမာလူမျိုးကြီးဝါဒ စစ်ဘီလူးတွေပါ။
ကိုးဒီသွေး on March 28, 2012 10:34 PM said...လာလည်ကြတဲ့သူတွေကို ကျေးဇူးတင်ပါတယ်။ကိုးဒီသွေးလည်း ပဒိုမန်းငြိမ်းမောင်ကို အမြဲတမ်း ထောက်ခံအားပေးနေတယ်ဆိုတာ အောက်က post တွေက သက်သေပြပါလိမ့်မယ်။ဇာတိသွေး ဇာတိမာန်ပြတဲ့ ရှမ်းတိုင်းရင်းသား ကိုယ်စားပြု ဦးခွန်ထွန်းဦးရဲ့ အင်တာဗျူးကိုလည်း ကျွန်တော်တို့ကြည့်ဖြစ်ပါတယ်။ သူလဲ ထောင်ကလွှတ်လာတာ မကြာသေးပါဘူး။ဆိုလိုတာက တိုင်းရင်းသားအရေးကို လှုပ်ရှားနေကြတဲ့ ခေါင်းဆောင်တွေရဲ့ သဘောထားကို မျက်ခြည်မပြတ်ဘူး ဆိုတာပါပဲ။ပဒိုမန်းငြိမ်းမောင်ဟာ ၀န်ကြီးအိမ်မှာ တပတ်တည်းသာနေခဲ့တယ်လို့ ပြောပါတယ်။နှစ်နဲ့ချီ ပေါင်းသင်းနေထိုင်လာခဲ့တဲ့ ဗိုလ်ချစ်သူတို့ကိုရော ဘယ်လိုမြင်ပါသလဲ ဆိုတဲ့ မေးခွန်းကိုမဖြေခင် ဗိုလ်ချစ်သူတို့ကို ခုထိ ကျွန်တော်တို့ အားပေးမထောက်ခံမိပါဘူးလို့ပဲ ပြောချင်ပါတယ်။ပြီးတော့ ကေအိုင်စီဆိုတာ VOA BBC တို့လို မကြီးမားပေမဲ့ တည်ငြိမ်တဲ့ ကရင့်သတင်းဌာနကြီးတစ်ခုပါ။ လူတိုင်းမှာ ငြင်းပယ်နိုင်ခွင့်ရှိတာမှန်ပေမဲ့ ကိုယ့်အမျိုးသားသတင်းဌာနကို အားပေးအားမြောက် ပြုသင့်ပါတယ်။အားလုံးကို လေးစားတဲ့ကိုးဒီသွေး
ဒေမုနော် on March 28, 2012 11:09 PM said...စာဖတ်ပရိဿတ်တွေ အနေနဲ့ အကြောင်းမျိုးမျိုးကို ဝေဖန်နိုင် ပါတယ်။ ကေအိုင်စီသတင်းဌာနက အဓိကအားဖြင့် ကရင်လူမျိုးတွေ အတွက် ကိုယ်စားပြုထားတယ်လို့ ကြားသိထားရပါတယ်။ အတီးမန်းငြိမ်းမောင် ပြန်လွတ်လာဖို့ အရေးလည်း ကေအိုင်စီက သတင်းတွေ အများကြီးရေးခဲ့တာတွေ့ရပါတယ်။ ကရင်တမျိုးသားလုံးကို ကိုယ်စားပြုတဲ့သတင်းဌာန တစ်ခုလို့ အသိအမှတ်မပြုချင်တာလားမသိပါ။ တခြားတိုင်းရင်းသားတွေနဲ့ စည်းလုံးမှုမရခင် ကိုယ့်တိုင်းရင်းသား အချင်းချင်းသာ စည်းလုံးမှုရှိအောင် ပထမဦးဆုံးကြိုးစားကြပါလို့ ပဲပြောချင်ပါတယ်။
Anonymous said...“ဘယ်သတင်းသမားတွေနဲ့မှ မတွေ့ချင်ဘူး။ မင်းကို ငါသိတယ်။ မင်း ထွက်သွားတော့”အမြော်အမြင်ကြီးသော နိုင်ငံရေးသမားတစ်ဦး
Anonymous said...we have to know ourselves and accept the truth, don't argue among ourselves and see what is right or wrong but be smart all the time.
r@bp!G on March 29, 2012 12:05 PM said...As He like Peace, all of we want to live peacefully. but it is not simple like that. sometime money and opportunities are pretending as peace.
r@bp!G on March 29, 2012 12:09 PM said...နောက်ပြီး ဒီ interview က kic က ဖော်ပြရမှာ။ ကရင် media ကို promote လုပ်ရမှာလေ။ အပြန်အလှန်ပေါ့။ အခုတော့...
.dahbo on March 29, 2012 12:57 PM said...နောက်ထပ်ကြားရတာက ဘယ်လောက်ပဲ မောင်းထုတ်ခံရ၊ ငြင်းပယ်ခံရပါစေ KIC က ဇွဲမလျှော့ပဲ မရရအောင် အင်တာဗျူးဦးမယ်တဲ့။ဘာပဲဖြစ်ဖြစ် ပဒိုမန်းငြိမ်းမောင် အကြပ်အတည်းနဲ့ ရင်ဆိုင်ရတဲ့ကြားကာလမှာလွတ်မြောက်ရေးအတွက် သတင်းတွေ အသားပေးဖေါ်ပြပေးတဲ့ ပေအိုင်စီကို ကျေးဇူးတင်ရှိသလို ကိုယ်ချင်းလည်းစာမိပါတယ်။
်
Tuesday, March 27, 2012
ပဒိုမန်းငြိမ်းမောင်နဲ့ ကရင်တော သို့လောသို့လောမှ (အင်တာဗျူး)များ
Saturday, March 24, 2012
KNU ငြင်းဆိုချက်
ရက်ပိုင်းအတွင်းက KNU တပ်မဟာ(၇)က တပ်မဟာစစ်ကြောင်းမှူး ဗိုလ်မှူးတာမလာနှင့် ဗိုလ်မှူးဒိကွယ်တို့သည် မဲသဝေါ-ကျုံထော်ကား လမ်းကြားတွင် DKBA ထိပ်ပိုင်းခေါင်းဆောင်များကို မိုင်းခွဲတိုက်ခိုက်ရန် ကြိုးပမ်းခဲ့သည်ဟု DKBA ၏ ထုတ်ပြန်ချက်အပေါ် ငြင်းဆိုလိုက် ခြင်း ဖြစ်သည်။
“အဲဒီလိုမျိုး မကောင်းကြံစည်ဖို့ ကျနော်တို့မှာ စိတ်လည်းမရှိဘူး။ လုပ်လည်းမလုပ်ပါဘူး။ ကျနော်တို့ အလိုရှိတာကတော့ အားလုံးရဲ့ စည်းလုံးညီညွှတ်မှုနဲ့ ငြိမ်းချမ်းရေးကိုပါပဲ။ ကျနော်တို့ မလုပ်တာကိုတော့ လုပ်ပါတယ် ဆိုပြီးတော့ ၀န်မခံနိုင်ပါဘူး။”ဟု KNU တပ်မဟာ (၇) ရုံးထိုင်မှူး ဗိုလ်မှူးစောအယ်ဆဲဆဲက ကေအိုင်စီသို့ ပြောသည်။
DKBA က ပြည်ပဆက်ဆံရေးတာဝန်ခံ ဗိုလ်မှူးစောလုံ့လုံကမူ “ဒီထုတ်ပြန်ချက်ကို DKBA က ထုတ်ပြန်လိုက်တာ မှန်ပါတယ်”ဟု ပြော သည်။
ယင်းထုတ်ပြန်ချက်တွင် DKBA ကလို့ထူးဘော တပ်ရင်းတပ်ဖွဲ့၏ လက်အောက်ခံ ကလို့ထူးလား ကွပ်ကဲရေးဌာနချုပ် အမှတ်(၉၀၄)တပ် ရင်း တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီးစောဖိုးလုံးထံသို့ KNU တပ်မဟာ(၇) ဖောက်ခွဲရေး နယ်မြေတာဝန်ခံ စောသန်းဦးဆိုသူက ယခုလ (၃)ရက် နေ့တွင် လာရောက်ပူးပေါင်းခဲ့သည်ဟု ပါရှိသည်။
ထို့နောက် စောသန်းဦးကိုယ်တိုင် ပြီးခဲ့သည့်လ (၂၈)နေ့တွင် မိုင်းများမြှပ်နှံထားပြီး DKBA ထိပ်ပိုင်းခေါင်းဆောင်များ ဖြတ်သန်းသွားလာ သည့်အချိန်တွင် အဝေးထိန်းစနစ်ဖြင့် ဖောက်ခွဲတိုက်ခိုက်ရန် ကြိုးစားခဲ့ကြောင်း ၀န်ခံပြောဆိုခဲ့သည်ဟု ယင်းထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။
DKBA အနေဖြင့် KNU အပေါ်တွင် ယင်းကဲ့သို့ စွပ်စွဲပြောဆိုခြင်းသည် အခြေအမြစ်မရှိကြောင်း ဗိုလ်မှူးစောအယ်ဆဲဆဲက ပြောသည်။
၎င်းက “တပ်မဟာ(၇)နဲ့ ပတ်သက်လို့ အရာရှိ၊ အရာခံ၊ အကြပ်၊ တပ်သား အားလုံးရဲ့ နာမည်စာရင်းက ကျနော် အလွတ်မရရုံတမယ်ပဲ။ အားလုံးရဲ့စာရင်းက ကျနော်တို့ဆီမှာ ရှိပြီးသားပဲ။ ဒါပေမယ့် စောသန်းဦးဆိုတဲ့ နာမည်တော့ တစ်ခါမှ မကြားဖူးသေးဘူး”ဟု ပြောသည်။
DKBA သည် ၁၉၉၄ခုနှစ်တွင် KNU က ခွဲထွက်ကာ (၁၅)နှစ်ကျော်ကြာ အစိုးရနှင့် ပူးပေါင်းခဲ့ပြီး ၂၀၁၀ခုနှစ်၊ သြဂုတ်လတွင် ၎င်း၏ တပ် ရင်းအများစုက အစိုးရတပ် လက်အောက်ခံ နယ်ခြားစောင့်တပ်အသွင်သို့ ကူးပြောင်းသွားသည်။
သို့သော် ဗိုလ်မှူးချုပ်စောလားပွယ် ဦးစီးသည့် DKBA တပ်ဖွဲ့က နယ်ခြားစောင့်တပ်ကူးပြောင်းရေး အစီအစဉ်ကို လက်မခံဘဲ ၂၀၁၀ခုနှစ်၊ နိုဝင်ဘာလ (၈)ရက်နေ့မှစ၍ တနှစ်နီးပါး အစိုးရကို ပြန်လည်ခုခံတော်လှန်ခဲ့ပြီး ယမန်နှစ် ဒီဇင်ဘာလ (၁၁)ရက်နေ့တွင် အစိုးရနှင့် အပစ် အခတ်ရပ်စဲရေး သဘောတူလက်မှတ်ရေးထိုးခဲ့သည်။
ကရင်လက်နက်ကိုင်အဖွဲ့အချင်းချင်း ဆက်ဆံရေး ခိုင်မာစေရန် ရည်ရွယ်၍ တိုးတက်သော ဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော် (DKB A) နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU)မှ ထိပ်ပိုင်းခေါင်းဆောင်အချို့သည် မြ၀တီမြို့နယ် ဆုံဆည်းမြိုင်ကျေးရွာတွင် မတ်လ (၈) ရက်နေ့က တွေ့ဆုံခဲ့သည်။
Labels: KNU ငြင်းဆိုချ
ပဒိုမန်းငြိမ်းမောင်ကိုKNUထံပြန်လည်အပ်နှံ
ပဒိုမန်းငြိမ်းမောင်ကို ကေအဲန်ယူ လက်ထဲသို့ အစိုးရပြန်လည်အပ်နှံ
မတ်လ ၂၄ရက်၊ ၂၀၁၂။ (ကေအိုင်စီ)
ထောင်ဒဏ် ၃နှစ်နှင့် တစ်သက်တစ်ကျွန်းပြစ်ဒဏ်ကျခံရသည့် ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟိုကော်မတီဝင် ပဒိုမန်းငြိမ်းမောင် ကို ယနေ့ နေ့လည်တွင် မိခင်အဖွဲ့အစည်းလက်ထဲသို့ အစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်များမှ ပြန်လည်အပ်နှံလိုက်ပြီ ဖြစ်သည်။ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ၀န်ကြီး ဦးခင်ရီ အပါအ၀င် မြန်မာအစိုးရ ၏ ငြိမ်းချမ်းရေး ဖော်ဆောင်မှုအဖွဲ့ ကိုယ်စားလှယ် ၇ဦးသည် နေ့လည် ၁၁နာရီဝန်းကျင်အချိန်၌ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် လာ ရောက်ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။ပြန်လည်လွတ်မြောက်လာသူ ပဒိုမန်းငြိမ်းမောင်က “နိုင်ငံရေး အပြောင်းအလဲ ဖြစ်နေချိန်မှာ အခုလို အစိုးရက ပြန်လွှတ်ပေးလိုက်တဲ့အ တွက် အတိုင်းမသိ ၀မ်းသာပါတယ်”ဟု သတင်းထောက်များကို ပြောသည်။အဆိုပါ အစိုးရကိုယ်စားလှယ်အဖွဲ့သည် ဗိုလ်ချုပ်ကြီးမူတူးစေးဖိုး ဦးဆောင်သည့် ကေအဲန်ယူ အရပ်ဖက်၊ တပ်ဖက် ခေါင်းဆောင် ၁၀ဦး ခန့် ယနေ့ နေ့လည်တွင် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၌ တွေ့ဆုံဆွေးနွေးကြသော်လည်း အသေးစိတ် သတင်းအချက်အလက်ကိုမူ ကေအိုင် စီမှ ဆက်လက် ဖော်ပြသွားမည် ဖြစ်သည်။ပဒိုမန်းငြိမ်းမောင်အား လာရောက်အပ်နှံသည့် မြန်မာအစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ် ဦးအောင်မင်းက မိမိအနေဖြင့် ကတိအတိုင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ထိုင်း-မြန်မာနယ်စပ်ရှိ သတင်းထောက်များကို ယခုလို ပြောသည်။“ကျနော် ပေးထားတဲ့ ကတိအတိုင်း Complete လုပ်တဲ့ သဘောပါပဲ။”ဟု ခပ်တိုတို ပြောဆိုခဲ့သည်။ထိုတွေ့ဆုံဆွေးနွေးမှုတွင် ကေအဲန်ယူဘက်မှ အထွေထွေ အတွင်းရေးမှူးချုပ် နော်စီဖိုးရာစိန်၊ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမူတူးစေးဖိုး၊ဗိုလ်ချုပ်မဲအေစိန်၊ ဗိုလ်မှူးရောဂျာခင်၊ ပဒိုစောကွယ်ထူးဝင်း၊ ပဒိုစောရွှေမောင်း၊ ဗိုလ်မှူးချုပ်ဒါးကျော်လု၊ ဗိုလ်မှူးကြီးနယ်ဒါးမြ၊ ပဒိုစောသော သီဘွဲ၊ ဗိုလ်မှူးထူးထူးလေးနှင့် သြစတြေးလျားရောက် ကေအဲန်ယူ ဗိုလ်မှူးဟောင်းကနဲမီတို့ ပါဝင်ခဲ့ကြသည်။
Friday, March 23, 2012
Monday, March 19, 2012
ပဒိုမန်းငြိမ်းမောင် လွတ်မြောက်လာ
Sunday, March 18, 2012
KNU အရာရှိမန်းငြိမ်းမောင်အားပြန်လည်လွတ်ပေး
ဖဒို မန်းငြိမ်းမောင်ကို နှောင်ကြိုးမဲ့လွှတ်ပေး ကိုးဒီသွေးမှတစ်ဆင့်ကူးယူဖေါ်ပြသည်။
0 commentsမျိုးသန့် တနင်္လာနေ့၊ မတ်လ ၁၉ ရက် ၂၀၁၂ ခုနှစ် ၁၀ နာရီ ၅၂ မိနစ်ချင်းမိုင် (မဇ္ဈိမ) ။ ။ အင်းစိန်ထောင်အတွင်း ထောင်ဒဏ် တသက်တကျွန်းကျခံနေရသည့် ကရင်အမျိုးသား အစည်းအရုံး KNU ဗဟိုကော်မတီဝင် ဖဒိုမန်းငြိမ်းမောင်ကို သမ္မတ၏ ညွှန်ကြားမှုဖြင့် တနင်္ဂလာနေ့ နံနက်တွင်နှောင်ကြိုးမဲ့ လွှတ်ပေးလိုက်ပြီဟု KNU နှင့် အစိုးရတို့အကြား ငြိမ်းချမ်းရေး အကျိုးဆောင် ဦးညိုအုန်းမြင့်က မဇ္ဈိမကို ပြောသည်။“မနက် ၇း၃၀ မှာ အင်းစိန်တရားရုံးကနေပြီးတော့ တရားဝင် လွှတ်ဖို့အတွက် သမ္မတရဲ့ အမိန့်စာကို တရားသူကြီးက ဖတ်ပြပြီးတော့ သူ့ကို နှောင်ကြိုးမဲ့ လွှတ်ပေးခြင်းနဲ့ လွှတ်ပေးလိုက်ပါပြီ။” ဟု ဦးညိုအုန်းမြင့်က ပြောသည်။သမ္မတ၏ ညွှန်ကြားချက်ကို သမ္မတရုံး တာဝန်ခံ ဗိုလ်မှူးကြီး ချစ်ကိုကိုမှ ပြည်ထဲရေးဝန်ကြီးဌာနသို့ ပေးပို့ခဲ့ပြီး ဖဒိုမန်းငြိမ်းမောင်ကို လွှတ်ပေးရန် အမိန့်စာကို ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုမှ လက်မှတ်ထိုး ထုတ်ပြန်သည်ဟုလည်း ဦးညိုအုန်းမြင့်က ပြောသည်။ယခုအချိန်တွင် ဖဒိုမန်းငြိမ်းမောင်သည် သမ္မတရုံးတာဝန် ဗိုလ်မှူးကြီး ချစ်ကိုကို၏ ဖိတ်ကြားမှုဖြင့် နေပြည်တော်သို့ သွားရောက်နေသည်ဟုလည်း ဦးညိုအုန်းမြင့်က ပြောသည်။ “အခု နေပြည်တော်ကို သွားနေပါတယ်။ သူ့ကို အထူး ဖိတ်ကြားချက်အရ အထူးဧည့်သည်တော် အဖြစ် KNU ငြိမ်းချမ်းရေး အတွက်ပါ။ သူနဲ့လည်း တိုင်ပင်ချင်တယ်ပေါ့နော်။ ဟိုဘက်က Idea လည်း သူတို့ သိချင်တယ်ပေါ့။” ဟု ဦညိုအုန်းမြင့်က မဇ္ဈိမကို ပြောသည်။ဖဒိုမန်းငြိမ်းမောင်သည် နေပြည်တော်တွင် KNU နှင့် အစိုးရကြား ငြိမ်းချမ်းရေး ကိုယ်စားလှယ် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ နယ်စပ်ရေးရာ ဝန်ကြီး ဦးခင်ရီ၊ ပြည်ထောင်စု ဝန်ကြီး ဦးစိုးသိန်း တို့နှင့် တွေ့ဆုံ ဆွေးနွေးရန် ရှိသည်ဟု လည်း သိရသည်။အသက် ၇၀ ရှိ ဖဒိုမန်းငြိမ်းမောင်ကို သူ၏ မိခင်အဖွဲ့အစည်းဖြစ်သော KNU သို့ ယခုလ ၂၄ ရက်နေ့တွင် မြဝတီမြို့၌ ပြန်လည် အပ်နှံမည်ဖြစ်သည်ဟုလည်း ငြိမ်းချမ်းရေးအကျိုးဆောင် ဦးညိုအုန်းမြင့်က ပြောသည်။ဖဒိုမန်းငြိမ်းမောင်ကို အင်းစိန် မြောက်ပိုင်းခရိုင် ဒုတိယခရိုင်တရားသူကြီး ဦးလှဝင်းက အင်းစိန်ထောင်တွင်း အထူး တရားရုံး ဖွဲ့၍ မတရားသင်း ဥပဒေ ပုဒ်မ ၁၇ (၁) အရ ထောင်ဒဏ် ၃ နှစ်၊ နိုင်ငံတော် အစိုးရအား လက်နက်စွဲကိုင် ပုန်ကန်မှုပုဒ်မ ၁၂၂ (၁) အရ တသက်တကျွန်း ချမှတ်ပြီး စီရင်ချက် နှစ်ခုကို တပေါင်းတည်း ကျခံရမည်ဟု ယခုလ၁၃ ရက်နေ့တွင် အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။သူသည် ၂ဝ၁၁ ခုနှစ် ဇူလိုင်လ ၂၄ ရက်နေ့ လေကြောင်းလိုင်းဖြင့် တရုတ်နိုင်ငံ ကူမင်းမြို့မှ ရန်ကုန်မြို့သို့ ရောက်ရှိလာပြီး နိုင်ငံကူးလက်မှတ် တံဆိပ်တုံးအတု ရိုက်နှိပ်ထားသည်ဟုဆိုကာ အစိုးရမှ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။၁၉၆၇ ခုတွင် ကရင် လူငယ်ခေါင်းဆောင်တဦးအဖြစ် စစ်အစိုးရ၏ ဖမ်းဆီးမှုကို မန်းငြိမ်းမောင် ခံရပြီး ကိုကိုးကျွန်း အကျဉ်းစခန်းသို့ အပို့ခံခဲ့ရဖူးသည်။ အခြားရဲဘော် နှစ်ဦးနှင့်အတူ လှေဖြင့် ထွက်ပြေးကာ မြန်မာပြည် ကမ်းခြေတခုတွင် အောင်မြင်စွာ ဆိုက်ကပ်နိုင်ပြီး ဒေသ အာဏာပိုင်များက ပြန်လည် ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။ကျွန်းမှ စွန့်စား ထွက်ပြေးမှု အတွေ့အကြုံများကို ‘ရဲဘော်ရှောင်း’ ကလောင်အမည်ဖြင့် ‘မုန်တိုင်းကို ဆန်၍ ပင်လယ်ကို ဖြတ်သောအခါ’ စာအုပ် ရေးသား ထုတ်ဝေခဲ့ဖူးသည်။
Tuesday, March 13, 2012
မန်းငြိမ်းမောင်ကိုထောင်ဒဏ်တသက်ချမှတ်
မြန်မာအစိုးရနဲ့ အပစ်အခတ်ရပ်စဲရေးလက်မှတ် ရေးထိုးထားပြီး ငြိမ်းချမ်းရေး ရဖို့ ကြိုးပမ်းနေတဲ့ KNU ကရင့်အမျိုးသားအစည်းအရုံးရဲ့ ခေါင်းဆောင်တဦး ဖြစ်တဲ့ ဦးမန်းငြိမ်းမောင်ကို အင်းစိန်ထောင်တွင်း တရားရုံးက ထောင်ဒဏ် တသက်တကျွန်း ဒီကနေ့ ချလိုက်ပါတယ်။ ပြီးခဲ့တဲ့ နှစ် ဇူလိုင်လက တရုတ်နိုင်ငံမှာ ဖမ်းဆီးခံခဲ့ရတဲ့ ဦးမန်းငြိမ်းမောင်ကို တရားမ၀င်အသင်းနဲ့ ဆက်သွယ်မှု၊ နိုင်ငံတော်ပုန်ကန်မှုနဲ့ နိုင်ငံတော် နဲ့ စစ်မက်ခင်းမှု စတဲ့ အချက်တွေနဲ့ အပြစ်ပေး အရေးယူခဲ့တာဖြစ်ပါတယ်။ ဒီအခြေနေ အပြည့်အစုံကိုတော့ အမှုမှာ လိုက်ပါဆောင်ရွက်ပေးနေတဲ့ အကျိုးဆောင်ရှေ့နေ နဲ့ ဆက်သွယ်မေးမြန်းထားတဲ့ မအေးအေးမာ က ပြောပြပါမယ်။
ကေအန်ယူရဲ့ ဗဟိုကော်မတီဝင် ဦးမန်းငြိမ်းမောင်ကို ထောင်ဒဏ် တသက်တကျွန်း ပြစ်ဒဏ် ချမှတ်လိုက်ကြောင်း သူရဲ့ ရှေနေဖြစ်သူ ဦးကြီးမြင့်က ပြောပါတယ်။
ဒီနေ့ နေ့လယ် ၁၂နာရီက အမိန့်ချပါတယ်။ ၁၇(၁) နဲ့က ၃နှစ်၊ ၁၂၂(၁) နဲ့က တသက် တကျွန်း၊ နှစ်မှုကို တပေါင်းတည်းကျခံစေဆိုပြီး မြောက်ပိုင်း ခရိုင် တရားရုံးကနေ တရားသူကြီး ဦးလှဝင်း ရုံးကနေ ထောင်တွင်းတရားရုံးပေါ့၊ အဲဒီကနေ အမိန့်ချမှတ် လိုက်ပါတယ်။
ဦးမန်းငြိမ်းမောင် နဲ့ ပတ်သက်ပြီး ပြစ်ဒဏ်ချမှတ်လိုက်ပေမဲ့လို့ အယူခံဆက်တက်ဖို့ အတွက် ဆက်လုပ်သွားဖို့ရှိပေမဲ့ ကာယကံရှင်ကို မေးမြန်းရဦးးမှာဖြစ်ကြောင်းတွေကို ပြောသွားပါတယ်အသံ။
“အင်း သူက မျက်နှာကလည်း မကောင်းဘူးဗျ။ သူ့ကြည့်ရတာ သူမျှော်လင့်သလို မဖြစ်ဘူးလား၊ အံအားသင့်သလို ဖြစ်သလားတော့ မသိဘူး။ စကားတောင် သိပ် မပြောဘူး ဗျ။ သိပ်မပြောတဲ့အတွက် အယူခံ ကိစ္စနဲ့ပတ်သက်ပြိး သူကလည်း မပြောဘူး။ ကျနော်တို့ကလည်း အခုချိန်မှာ အမိန့်အရ တရားဝင် မိတ္တူကူးရဦးမှာ ဆိုတော့ အဲဒီ အမိန့်ရပြီးတော့မှပဲ တပတ် ၁၀ရက်လောက်မှ သွားတွေ့ပြီး သဘောထား မေးရဦးမှာပဲ။ သူက ရက် ၆၀တော့ ရတယ်ပေါ့ဗျာ။ ရန်ကုန်တိုင်း ဒေသကြီး တရားလွှတ်တော်မှာ အယူခံရမယ်။ အယူခံမယ်ဆိုရင်ပေါ့ဗျာ။”
ဦးမန်းငြိမ်းမောင်လွတ်မြောက်ရေးအတွက် အမျိုးမျိုး ကြိုးစားပြီး လျှောက်လဲချက်တွေ ပေးခဲ့ပေမဲ့ ပယ်ချခံခဲ့ရတယ်လို့ ရှေ့နေဖြစ်သူက ပြောပါတယ်။
“ကျနော့် လျှောက်လဲချက်ကတော့ သေသေချာလွှတ်ပေးသင့်တဲ့အကြောင်း သေသေချာချာ ပေးထားတာပါ။ တစ်က စွဲဆိုမှုမှားနေတယ်၊ ပြုလုပ်မူတခုတည်းကို ဒီလိုနှစ်မှုလုပ်လို့ မရဘူး။ တရားစွဲလို့မရဘူး။ စွဲဆိုမယ်ဆိုရင် ပထမမှုကို အပြစ်ပေးမယ် ဆိုရင် ဒုတိယ အမူုကို အပြစ်ပေးလို့ မရဘူး။ ဖြစ်ရပ်အမှုတခုတည်းကို နှစ်မှု အပြစ် ပေးလို့ မရဘူး။ ဒါတွေ ဥပဒေကြောင်းအရ ပြောတယ်ပေါ့ဗျာ။ ကေအန်ယူအဖွဲ့ကြီးက လူကြီးတယောက်ကိုကွက်ပြီး အပြစ်ပေးမယ်ဆိုရင် ငြိမ်းချမ်းရေးကိုထိခိုက်နိုင်တယ်လို့။ ဒါတွေကဖြင့် စဉ်းစားသင့်တယ်လို့ ကျနော်တို့ ကဒီလိုတော့ ပြောတာပေါ့ဗျာ။ အဲလိုပြောပေမဲ့လို့ ကျနော်တို့ လျှောက်လဲချက်တွေက အပယ်ခံရတယ်။”
ကေအန်ယူကရင်အမျိုးသားအစည်းအရုံးဘက်ကတော့မြန်မာအစိုးရဘက်က ပြောတာ တမျိုး လုပ်တာတမျိုး ဖြစ်နေတဲ့အတွက် ယုံကြည်မှု တည်ဆောက်တဲ့အခါ အခက်အခဲ ရှိကြောင်း၊ ဦးမန်းငြိမ်းမောင် ကိစ္စသာမက ရှေ့တန်းတွေမှာလည်း စစ်အင်အား တိုးချဲ့မူတွေ ရှိနေတာကြောင့် ငြိမ်းချမ်းရေးတည်ဆောက်တာတွေဟာ မေးခွန်းထုတ်စရာ ဖြစ်လာတယ် လို့ တွဲဘက်အတွင်းရေး မူ ဗိုလ်မူးစောလှငွေက ပြောပါတယ် ။
“အခုဟာက ကျနော်တို့ ငြိမ်းချမ်းရေး တည်ဆောက်နေတာလေ ။ ငြိမ်းချမ်းရေးနဲ့ ယုံကြည်မူ တည်ဆောက်နေတဲ့ကာလမှာ တကယ်တော့ သူတိုပြောခဲ့တာကလည်း မန်းငြိမ်းကို ငြိမ်းချမ်းရေးလက်ဆောင်တွေ ပေးမယ်လို့ ပြောတာ။ နောက်ဆုံးတော့ နိုင်ငံတော် ပုန်ကန်မူနဲ့ မတရားအသင်းဥပဒေတွေနဲ့ ခုဟာက တသက်တကျွန်း ချလိုက်တယ် ဆိုတော့ သူတို့ ပြောတာကတမျိုး လုပ်တာက တမျိုးပေါ့ဗျာ။ လုပ်တာတမျိုးဆိုတာက မန်းငြိမ်းကိစ္စတင် မကဘူး။ ရှေ့တန်းမှာဆိုရင် ပြောရမယ် ဆိုရင် တပ်အင်အားတွေ တိုးလာတာ သူတို့လှုပ်ရှားမှုက ရန်လိုတဲ့ အပြုအမူတွေ များလာတဲ့ အခါကျတော့ သူတို့ဆရာကြီးသမားကြီးတွေနဲ့ သူတို့ရဲ့ နောက်လိုက်တပည့် တွေ့ရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ်မှာ သူတို့ ပြောသလိုဖြစ်သလား မဖြစ်ဘူးလား ဆိုတာ လူထုတွေရှေ့မှာ နိုင်ငံတကာရှေ့မှာ မေးခွန်းထုတ်စရာ ဖြစ်လာတယ်"
ဦးမန်းငြိမ်းမောင်ဟာ ပြီးခဲ့တဲ့နှစ် ဇူလိုင်လက တရုပ်ပြည်ကူမင်းလေဆိပ်ကနေ မြန်မာပြည်ထဲကို ပြန်ရောက်သွားခဲ့ပြီး လူဝင်မှု ဥပဒေနဲ့ ဖမ်ဆီး ခံရပြီးနောက် လွတ်ငြိမ်းချမ်းသာခွင့် ပေးတဲ့ရက်မှာပဲ ပုဒ်မ ၁၇ (၁) ပုဒ်မ ၁၂၂(၁)တိုနဲ့ ထပ်မံ တရားစွဲဆို ခံရပြိး အခုလို ထောင်ဒဏ်အပြစ်ပေးခံရတာလည်းဖြစ်ပါတယ်ရှင်။
Saturday, March 10, 2012
မန်းငြိမ်းမောင်စိတ်ဓါတ်အခြေအနေရှေ့နေ သံသယရှိ
VOA
By မအေးအေးမာ
ကရင်အမျိုးသားအစည်းအရုံးရဲ့ ဗဟိုကော်မတီဝင် မန်းငြိမ်းမောင်ကို လာမယ့် ၁၃ ရက်နေ့မှာ ပုဒ်မ ၁၇၁ တရားမ၀င် အသင်းဆက်သွယ်မှု၊ ပုဒ် ၁၂၂ က နိုင်ငံတော် ပုန်ကန်မှုနဲ့ အမိန့်ချဖို့ ရှိနေပါတယ်။ အမှုအမြန်ပြီးဖို့နဲ့ ၀န်ခံဖို့အတွက် မန်းငြိမ်းမောင်ကို ဖိအားပေးခံရမှုတွေလည်း ရှိနေတယ်လို့ ယူဆရကြောင်း ဒီအတွက် စိတ်ကျန်းမာရေးလည်း ထိခိုက်နေပုံရတယ်လို့ သူ့ရဲ့ ရှေ့နေဖြစ်သူက ပြောပါတယ်။ ထိုင်းအခြေစိုက် ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။ပြီးခဲ့တဲ့နှစ် ဇူလို်င်လက တရုပ်ပြည်ကနေ မြန်မာပြည်ထဲကို ပြန်ရောက်သွားပြီး အာဏာပိုင်တွေရဲ့ ဖမ်းဆီး ထိန်းသိမ်းခြင်းခံထားရတဲ့ ဦးမန်းငြိမ်းမောင်ကို လာမယ့် ၁၃ ရက်နေ့မှာ အမိန့်ချဖို့ ရှိနေတယ်လို့ ရှေ့နေဖြစ်သူ ဦးကြီးမြင့်က ပြောပါတယ်။“အင်္ဂါနေ့မှာ အမိန့်ချမယ်။ ၁၇/၁ ကတော့ ၃ နှစ်ပေါ့။ ၁၂၂/၁ ကတော့ အမြင့်ဆုံးကတော့ အမြင့်ဆုံးက သေဒဏ်၊ အနိမ့်ဆုံးက တသက်တကျွန်းပဲ၊ အဲဒါကို ၂ မှုပေါင်းပြီးတော့လည်းပဲ တပေါင်းတည်းကျခံစေ-လို့လည်း အမိန့်ချနိုင်တယ်ပေါ့။နှစ်ဘက် လျှောက်လဲချက်ပေးတဲ့ အခါကျတော့ တို့ဘက်ကတော့ ဘာ့ကြောင့်လွှတ်ပေးသင့်တယ် ဆိုတဲ့ ဥပဒေကောက်ချက်ရယ်၊ နောက်တချက်ကတော့ ဒီအမှုမှာ ဒီအချိန်ကြီးမှာ ဒီလို ပြင်းထန်တဲ့ အမိန့်တွေ မပေးသင့်ဘူးဆိုတဲ့ အကြောင်းချင်းရာရယ်၊ အဲဒီ အကြောင်းအချက် ၂ ခုနဲ့ ဥပဒေ အကြောင်းအရာနဲ့ အကြောင်းချင်းရာ အဲလို ခွဲခြားပြီးတော့-တော့ လျှောက်လဲချက်တော့ ပေးလိုက်တာပဲလေ။”အယူခံခွင့်ရှိပေမယ့် အခုတရားစွဲဆိုမှုဟာထူးခြားမှုရှိနေပြီး ဥပဒေကြောင်းအရ ကြည့်မယ်ဆိုရင် ဥပဒေပြဌာန်းချက်တွေနဲ့ မညီတာကို တွေ့ရတယ်လို့ ရှေ့နေဖြစ်သူက ဆိုပါတယ်။“ဒီတရားစွဲဆိုတဲ့အခါမှာလည်း နိုင်ငံတော်ပုန်ကန်မှုလို အမှုကြီးကို တရားစွဲဆိုမယ်ဆိုရင် သမ္မတရဲ့ ခွင့်ပြုချက်၊ တရားစွဲဆိုခွင့်အမိန့်ပါရတယ်။ အခု ပြည်ထဲရေးဝန်ကြီးက လက်မှတ်ထိုးထားတယ်။ အဲဒီမှာ သမ္မတကနေပြီး သူ့ကို အာဏာပေးထားတယ်ဆိုတဲ့ အမိန့်စာ ပေးမထားဘူး။ ဒါကတော့ ဥပဒေအရ တရားစွဲမရတဲ့အကြောင်းပေါ့လေ။ နောက်တကြောင်းကတော့ ဘာလဲ ဆိုလို့ရှိရင် ၂ မှုပေါင်းပြီးတော့ သက်သေပြချက်တွေကို တမှု တပြိုင်တည်းတွဲထားတယ်။ အဲလို ၂ မှု သက်သေခံချက်တွေကို တပြိုင်တည်းတွဲထားမယ် ဆိုလို့ရှိရင် ဒီလိုအမှုမျိုး စစ်မယ်ဆိုလို့ရှိရင် တရားဥပဒေအရ မူလအစကပင် ပျက်ပြယ်လျှက်ရှိတယ် ဆိုပြီးတော့ ဒီလို ဥပဒေကတော့ ပြောထားတာတွေရှိတယ်။ ဒါကြောင့်မို့လို့ ဒီအချက် ၂ ချက်ပေါ်မှာ မူတည်ပြီးတော့ လွှတ်ပေးဖို့ ဆိုပြီးတော့ ကျနော်တို့ဘက်ကတော့ လျှောက်လဲချက်တော့ ပေးထားတယ်။KNU အဖွဲ့ကြီးက ၆ ဖွဲ့လောက် ကွဲထွက်သွားတယ်။ ခွဲထွက်သွားပြီးတော့ တချို့အဖွဲ့တွေကဆိုရင် ဥပမာ သေနတ်တွေလည်းကိုင်ထားတယ်၊ ငြိမ်းချမ်းရေးလည်း လက်မှတ်ထိုးထားတယ်။ သို့သော် ၁၇/၁ ကို မဖျက်ပေးထားဘူး။ ၁၇/၁ မဖျက်ပေးဘဲနဲ့ ဒီလို ကိုယ့်သေနတ်တွေကိုယ်ကိုင်ပြီး ဒီလိုပဲ နေလို့တော့ မရဘူးလေ။ အဲဒီတော့ ဟိုအဖွဲ့ကိုတော့ ဥပဒေတမျိုး၊ ဒီအဖွဲ့ကို ဥပဒေတမျိုး ပြောလို့မရဘူး။ အခု KNU နဲ့လည်း ငြိမ်းချမ်းရေးလက်မှတ်ထိုးထားတာပဲ။ အဲလိုဆိုရင် သူ့ကိုလည်း အဲဒီအခွင့်အရေးပေးရမှာပေါ့။ သူ့ကျတော့ တရားစွဲတယ်၊ ကျန်တဲ့လူတွေကျ တရားမစွဲဘူးဆိုတော့ ဘယ်တရားမျှတမှု ရှိမလဲ။”အမှုကို အမြန်ပြီးဖို့အတွက် ၀န်ခံမှုလုပ်ဖို့ ဦးမန်းငြိမ်းမောင်က လိုလားနေပုံရပြီး စိတ်ပိုင်း ဆိုင်ရာအရ ဖိအားပေးခံနေသလို ပုံစံမျိုးတွေ တွေ့နေရတဲ့အတွက် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ထိခိုက်မှုတွေ ရှိနေတယ်လို့လည်း ပြောပြပါတယ်။“မြန်မြန်ပြီး ပြီးတာပေါ့-တဲ့။ ကျနော်တို့ကပဲ အမှုကို ကြာအောင်လုပ်နေသလိုလို အဲဒီပုံစံမျိုး သူ့ကို အဲဒီ အတွေးမျိုးတွေ ဝင်ပြီး အတွေးတွေ ဝေနေအောင် ဘယ်သူက ဖိအားပေးသလဲ၊ ဘယ်သူကပြောသလဲတော့ ကျနော်လည်း အတိအကျတော့ ပြောလို့ မရဘူး။ သူ့ခေါင်းထဲမှာပဲ အဲဒါတွေ ဝင်နေတယ်။ အဲဒါ မကောင်းဘူးပေါ့။အုန်းကျော်မြင့်တုန်းကတော့ အဲဒီအတွေ့အကြုံရှိထားတယ်။ အုန်းကျော်မြင့်က ဟိုဘက်က ထောက်လှမ်းရေးကလည်း သူ့ကို စည်းရုံးလိုက်ရော-ဘာပြောလဲဆိုတော့ တရားရုံးက ကျနော် ပထမ ထွက်ထားတဲ့ ထွက်ချက်တွေက-ရှေ့နေသင်ပေးလို့ ဖြစ်ရတာပါ-တဲ့။ ကျနော့်သဘောနဲ့ မဟုတ်ပါဘူး ဆိုတော့ ဦးကိုယုက ပါဝါအမြန်ရုပ်ပစ်ရတယ်။ ပြီးလည်းပြီးရော အုန်းကျော်မြင့်ကို တခါတည်း သေဒဏ်ချပစ်လိုက်တာပဲလေ။အဲဒီတော့ အခုလည်းပဲ သူ့ကို ပြောပြတယ်။ ကျနော်တို့က ခင်ဗျားကို စေတနာထားပြီး လိုက်ပေးနေ တာ။ ခင်ဗျား- အုန်းကျော်မြင့်လို ဖြစ်မယ်နော်လို့- ကျနော်က အဲဒါတော့ သူ စိတ်မကျန်းမာဘူး-လို့ အဲဒီလို ခံစားရတယ်။”ဦးမန်းငြိမ်းမောင်ဟာ ဖမ်းဆီးခံရပြီးနောက်ပိုင်းမှာ မြန်မာအစိုးရဘက်က KNU နဲ့ အပစ်ရပ်နိုင်ရေး အတွက် ဦုးမန်းငြိမ်းမောင်ကို အသုံးချမှုတွေရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့လည်း တရားခံဘက်က ထောင်မှူးတွေကို သက်သေတွေအဖြစ် တောင်းဆိုတဲ့အခါမှာ သက်သေတွေက မဟုတ်မှန်ကြောင်း ငြင်းဆိုသွားပါတယ်။ဦးမန်းငြိမ်းမောင်ကို ဖမ်းဆီးထားစဉ်အတွင်းမှာ မြန်မာအစိုးရဘက်က KNU ရဲ့ အားနည်းချက် အားသာချက်တွေကို ဦးမန်းငြိမ်းမောင်ထံကနေ အချက်အလက်ရယူခဲ့ပြီး KNU နဲ့ အပစ်ရပ်နိုင်ရေး အတွက် ကြိုးစားမှုတွေရှိခဲ့တယ်လို့လည်း ဦးမန်းငြိမ်းမောင်ရဲ့ထွက်ဆိုချက်တွေမှာ ပြောဆိုခဲ့ပါတယ် ရှင်။
Wednesday, March 7, 2012
KNU ခရိုင်(၅)ခုမှ အစိုးရတပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုကို FBR ထုတ်ပြန်
ကရင်အမျိုးသားအစည်းအရုံး-KNU ထိန်းချုပ်နယ်မြေဖြစ်သည့် ကရင်ပြည်နယ်၊ ခရိုင်(၅)ခုတွင် ၂၀၁၂ခုနှစ်အတွင်း မြန်မာ အစိုးရမှ လူ့အခွင့်အရေး ချိုးဖောက်မှုလျှက်ရှိကြောင်း ပြည်တွင်းဒုက္ခသည်များအား အကူအညီပေးနေသည့် FBR က မတ်လ ၅ရက်နေ့၌ အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။KNU နှင့် မြန်မာအစိုးရတို့အကြား ဇန်န၀ါရီ ၁၂ရက်နေ့က ပဏာမ အပစ်အခတ်ရပ်ဆိုင်းရေး သဘောတူညီ လက်မှတ်ထိုးပြီး နောက် KNU ထိန်းချုပ်နယ်မြေများဖြစ်သည့် ဒူးပလာယာ၊ တောင်ငူ၊ ညောင်လေးပင်၊ ဘိတ်-ထားဝယ်နှင့် ဖားအံခရိုင်အတွင်း ရှိ ဒေသခံများ၏ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများကို FBR က ဖော်ပြထားခြင်းဖြစ်သည်။FBR ၏ ဒါရိုက်တာ တာအုဝါးပါက “မြန်မာအစိုးရနဲ့ KNU အပစ်ရပ်ရေး ပဏာမ သဘောတူညီမှုကာလဖြစ်ပေမယ့် အထူးသ ဖြင့် တောင်ငူဒေသဘက်မှာ အစိုးရစစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကတော့ အရင်တုန်းကနဲ့ မခြားဘူးဆိုတာ ဒီ report (အစီရင်ခံစာ)က ပြနေပါတယ်။”ဟု ကေအိုင်စီသို့ ပြောသည်။ကရင်ဒေသအတွင်း မြန်မာအစိုးရတပ်၏ တပ်အင်အားတိုးချဲ့ခြင်း၊ ရိက္ခာပို့ခြင်းနှင့် အတင်းအဓမ္မ လုပ်အားပေးခိုင်းစေခြင်းများ ကို ဆက်လက် လုပ်ဆောင်နေခြင်းကြောင့် ဒေသခံပြည်သူများအတွက် စိုးရိမ်ဖွယ်အခြေအနေတွင် ရှိနေသေးသည်ဟု သူက ဆက်ပြောသည်။KNU နှင့် အစိုးရတို့ လက်မှတ်ထိုးပြီးနောက်ပိုင်း ကရင်ပြည်နယ်ရှိ KNU ထိန်းချုပ်နယ်မြေ တောင်ငူခရိုင်၌ တပ်မ (၆၆) လက် အောက်ခံ တပ်ရင်းများက ဘူဆာခီးတပ်စခန်း၊ ဒူးပလာယာခရိုင်၌ အစိုးရတပ် ခမရ(၃၄၆)က မဲ့ကတီတပ်စခန်းနှင့် ညောင် လေးပင်ခရိုင်၌ ခမရ(၅၉၉)က မိုးပြနှင့် လေးဒေး စသည့် ၎င်းတို့အခြေစိုက်သည့် တပ်စခန်းများသို့ ရိက္ခာပို့ရန် ဒေသခံလူထု အား အဓမ္မ ခိုင်းစေခဲ့သည့် အချက်အလက်များကို FBR ၏ အစီရင်ခံစာတွင် အကျယ်တ၀င့် ဖော်ပြပါရှိသည်။တဆက်တည်းပင် KNU ၏ ဖားအံခရိုင်အတွင်း၌လည်း ဖေဖော်ဝါရီလအတွင်းတွင် ကရင်နယ်ခြားစောင့်တပ်-ဘီဂျီအက်ဖ်က တိုးတက်ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်-ဒီကေဘီအေ၏ လက်နက်များကို သိမ်းဆည်းခဲ့ပြီးနောက် ၎င်းတို့နှစ်ဖွဲ့အ ကြား တိုက်ပွဲများဖြစ်ပွား၍ ဒီကေဘီအေ ၂ဦး၊ ဘီဂျီအက်ဖ် ၅ဦး အပါအ၀င် ဒေသခံ ၁ဦးသေဆုံးကာ ဒေသခံ ၁ဦးမှာ ဒဏ်ရာ ရရှိခဲ့သည်ဟုလည်း FBR က ဆိုသည်။၎င်းအပြင် FBR ၏ အစီရင်ခံစာ၌ ပြီးခဲ့သည့် ၂၀၁၁ခုနှစ်အတွင်း ကရင်ပြည်နယ်နှင့် ကရင်ပြည်နယ်မြောက်ပိုင်းဒေသရှိ KNU ထိန်းချုပ်နယ်မြေအ တွင်း နေထိုင်သည့် ဒေသခံ ကရင်လူထုများသည် မြန်မာအစိုးရတပ်များ၏ ဖမ်းဆီးနှိပ်စက်မှု၊ သတ်ဖြတ် မှု၊ အဓမ္မခိုင်းစေမှုနှင့် မြေယာအသိမ်းခံရမှုများကိုလည်း ထည့်သွင်းဖော်ပြထားသည်။“ပဏာမ အပစ်အခတ်ရပ်ဆိုင်းရေး ကာလဆိုပေမယ့် အစိုးရတပ်တွေ ဒီလို လူ့အခွင့်အရေး ဆက်လက် ကျူးလွန်တာကို အထက်နဲ့ အောက် နားလည်မှု လွဲမှားတာပဲပြောပြော၊ အမိန့်မနာခံတာလို့ပဲပြောပြော ကျနော်တို့ကတော့ တကယ့်အဖြစ် အပျက်တွေကို တင်ပြစရာရှိတာ ဆက် တင်ပြသွားမယ်။”ဟု FBR မှ တာဝန်ရှိတဦးဖြစ်သူ စောကပေါ်စေးက ပြောသည်။မြန်မာနိုင်ငံရှိ တိုင်းရင်းသားဒေသများဖြစ်သည့် ကရင်ပြည်နယ် အပါအ၀င် ကချင်နှင့် ကရင်နီ(ကယား)ပြည်နယ်များတွင် မြန်မာအစိုးရတပ်များ၏ လူ့အခွင့်အရေးချိုးဖောက်မှုနှင့် ပတ်သက်၍ ၂၀၁၂ခုနှစ်အတွင်း အစီရင်ခံစာ ၁၁စောင်ကို FBR မှ ထုတ်ဝေခဲ့ပြီး ဖြစ်သည်။FBR အဖွဲ့ကို ၁၉၉၇ခုနှစ်၌ ထိုင်း-မြန်မာနယ်စပ်တနေရာတွင် စတင်တည်ထောင်ခဲ့ပြီး လက်ရှိ ကချင်၊ ကရင်၊ ကရင်နီ၊ ကယန်း၊ ချင်း၊ မွန်၊ ရခိုင်၊ သျှမ်း၊ လားဟူ၊ နာဂနှင့် ပအိုဝ့် တိုင်းရင်းသားအဖွဲ့ (၁၁)ဖွဲ့ ရှိသည်။
ကျမ သိသော ဖဒိုမန်းငြိမ်းမောင်(နှင်းပန်းအိမ်)
ကျမ သိသော ဖဒိုမန်းငြိမ်းမောင်(နှင်းပန်းအိမ်)
ဘဝရက်စွဲတွေ နေ့စဉ်ပြောင်းလဲနေသလို သဘာဝ နေ့စွဲတွေလည်း နေ့စဉ် ပြောင်းလဲနေပါတယ်။ ကျမကတော့ သဘာဝရဲ့ လမင်းကို နှစ်သက်သူမို့ ကောင်းကင်က လမင်းကို ကြည့်ပြီး နေ့စွဲတွေကို မှတ်တတ်တယ်။
လဆန်း လဆုတ်ကို ကြည့်ပြီး ပင်လယ်ရေ အတက်အကျကို မှတ်သားလို့ ကိုကိုးကျွန်း အကျဉ်းထောင်ကနေ ပင်လယ်ကို လှေငယ်တစင်းနဲ့ ဖြတ်သန်းခဲ့သူ KNU ဗဟိုကော်မတီဝင် မန်းငြိမ်းမောင်လည်း ခုချိန်ဆို ရန်ကုန် အင်းစိန်ထောင် (၃) တိုက်ထဲကနေ အရုဏ်မတက်ခင် ရှိနေတဲ့ လရောင်နဲ့ အရုဏ်ရဲ့အားပြိုင်ပွဲကို ကြည့်နေပါ လိမ့်မယ်။
သဘာဝတရားနဲ့ ရင်းနှီးခဲ့သူ၊ သဘာဝတရားတွေနဲ့ ယှဉ်ပြီး အမှတ်တရစကားတွေ ပြောတတ်သူ ဖဒိုမန်းငြိမ်းမောင်ကို ဒီရက်အတွင်း သမ္မတဦးသိန်းစိန် အစိုးရသစ်က အမိန့်ချနိုင်ဖွယ် ရှိတယ်လို့ သတင်းတွေထဲမှာ ကျမ ကြားနေရပါ တယ်။
ဒုက္ခသည် စခန်းတွင်းမှာ နေထိုင်ရင်း ကြားနေရတဲ့ သတင်းအတွက် ကျမရင်ထဲ ဖြစ်ပေါ်လာတဲ့ ကြောင့်ကြမှုဟာ ကျမစိတ်ကို ဂဏှာမငြိမ်အောင် ဖန်တီးနေတယ်။ ကရင်လူမျိုးတွေရဲ့ အတိတ်ပစ္စုပ္ပန်ကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ ရတာ ကျမ ဒုက္ခသည် အဖြစ်နဲ့ပါ။
ကရင်တော်လှန်ရေးရဲ့ အထင်ကရ ခေါင်းဆောင် ဖဒိုမန်းငြိမ်းမောင်ကို ၂၀၀၈ နိုဝင်ဘာမှာ ကျမ စတင် ရင်းနှီးခဲ့ရ ပါတယ်။ နိုင်ငံရေးကို အသွေးအသားလို တန်ဖိုးထားသူ ကျမခင်ပွန်းသည်က အကျဉ်းထောင်က လွတ်မြောက်ပြီး ၂ နှစ်အကြာမှာ အိုးအိမ်ကို စွန့်ခွာခဲ့ရပြီး ဘဝလုံခြုံမှုအတွက် လွတ်မြောက်နယ်မြေကို ရောက်လာခဲ့တယ်။
“အမိမဲ့သား ရေနည်းငါး” လို ဖြစ်နေချိန်မှာ သူရောက်နေတဲ့နေရာက သူတွေကို “ဦးမန်းငြိမ်းမောင်ကို သိလား သိရင်
ပြောပေးပါ။ ကျနော် ဗိုလ်ဓမ္မ သမက်ပါ” ဆိုတဲ့ စကားတခွန်းနဲ့တင် ဖဒိုမန်းငြိမ်းမောင် ချက်ချင်း ရောက်လာပြီး နွေးနွေး
ထွေးထွေးနဲ့ အစစအရာရာ ကူညီပေးခဲ့တယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ ကျော်က ရင်းနှီးကျွမ်းဝင်ခဲ့သူ ရဲဘော်ရဲ့ သားသမီးအပေါ် ဂရုတစိုက် စောင့်ရှောက်ကူညီပေးခဲ့တဲ့ ဖဒိုမန်းငြိမ်းမောင်ရဲ့ ရဲဘော်ရဲဘက်စိတ်က ကျမတို့ဘဝကို အများကြီး အထောက်အကူပြုခဲ့ပါတယ်။ ခုချိန်ထိလလည်း ဖဒိုမန်းငြိမ်းမောင်ရဲ့ မေတ္တာတရားနဲ့ ကျမတို့ နွေးထွေးနေ ရတုန်းပါ။
ဖဒိုမန်းငြိမ်းမောင်က တိုက်ချင်ခိုက်ချင်တဲ့ စိတ်ထားရှိသူ မဟုတ်ပါဘူး။ ချိုသာနူးညံ့တဲ့ စိတ်ထားရှိသူ ဖြစ်ပါတယ်။ ကိုကိုးကျွန်းမှာ သူနဲ့အတူနေခဲ့ရတဲ့ ရဲဘော်တွေအကြောင်း ကျမတို့ သိသလောက် ပြန်ပြောပြရင် သူနားထောင်ပြီး မျက်ရည်ဝဲနေတတ်တယ်။ အဲဒီရဲဘော်တွေရဲ့ စွန့်လွှတ်အနစ်နာခံမှု၊ တိုင်းပြည်အပေါ်ချစ်ခင်မှု၊ ယုံကြည်ချက်တွေကို သူ လေးစားတန်ဖိုးထားတယ်။
ဖဒိုမန်းငြိမ်းမောင်ဟာ မြစ်ဝကျွန်းပေါ် ပန်းတနော် ဇာတိသားတဦး ဖြစ်ပါတယ်။ သူ့ဇာတိမြေ အကြောင်းနဲ့ သူ့ငယ်ဘဝကို ပြောပြခဲ့တဲ့အခါ ကရင်တော်လှန်ရေးထဲ သူဝင်ရောက်ခဲ့ပုံကို တွဲပြီး မြင်ယောင်လာရတဲ့အထိပါ။
“ဦးတို့ဒေသက မြစ်ဝကျွန်းပေါ်ဆိုတော့ မြေပြန့်လယ်ကွင်းနဲ့ မြစ်ချောင်း အင်းအိုင်တွေ ပေါတယ်။ မျက်စိတဆုံး ဘယ်ကိုပဲကြည့်ကြည့် အကာအကွယ် အတားအဆီး မရှိဘူး။ တောင်ဆိုတာ တော်လှန်ရေးထဲ ရောက်မှ မြင်ဖူးတာ။
ကရင်ရွာက ကွင်းပြန့်တွေထဲမှာ။ ဗမာရွာတွေက ချောင်းနားမြစ်ကမ်းနားတွေမှာ။ တကယ်တော့ မြစ်ဝကျွန်းပေါ်
ဒေသကြီးက ကရင်နဲ့ဗမာ ရောနှောနေထိုင်ကြတဲ့ ဒေသကြီးပဲ။ ဒီလူနေမှုဘဝက ရှေးအစဉ်ထဲက တည်ရှိခဲ့တယ်။ ကရင်-ဗမာ ချစ်ချစ်ခင်ခင် ကူးလူးဆက်ဆံခဲ့ အတူယှဉ်တွဲနေထိုင်ခဲ့ကြတာ။
ဦး ငါးနှစ်သားအရွယ်မှာ ကရင်က ဗမာကိုသတ်၊ ဗမာက ကရင်ကိုသတ်၊ ကရင်ရွာကို ဗမာက မီးရှို့၊ ဗမာရွာကို ကရင်က မီးရှို့နဲ့ ဖြစ်ကုန်ရော။ အရင်တုန်းက သာယာလှတဲ့ မြစ်ဝကျွန်းပေါ် ဒေသကြီးဟာ မီးခိုးတွေ တလူလူနဲ့ ဆူပူနေတဲ့ ဒေသကြီးတခု ဖြစ်လာတယ်။
ဦးတို့ ရေအမြဲကူးတဲ့ချောင်းတွေ မြစ်တွေထဲမှာ အစုန်အဆန် ဒီရေအတက်အကျနဲ့ အလောင်းတွေ မျောလာတာ
မြင်ရတယ်။ ကရင်အလောင်းလား၊ ဗမာအလောင်းလား ခွဲလို့တောင် မရတော့ပါဘူး။ ကရင်ရွာ၊ ဗမာရွာတွေ အဆက်အဆံတွေ မရှိကြတော့ဘူး။
ဦး ကလေးဘဝကနေ ဒီနေ့အထိ မေ့မရနိုင်တဲ့ မြင်ကွင်းနှစ်ခု ရှိခဲ့တယ်။ အဲဒါကတော့ ပန်းတနော်မြို့ကို KNDO တွေ တက်ပြီး သိမ်းလိုက်တဲ့အချိန်ပေါ့။ KNDO တွေ အောင်ပွဲခံပြီး ပြန်လာကြတာ။ ကရင်အမျိုးသားအလံကို ထီးရိုးဝါး အဖျားပိုင်းမှာ ချည်ပြီး လက်ရုံးကို အမြင့်ဆုံးကို လွှင့်ထူထားကြတယ်။ တချို့ကလည်း ဘောင်းဘီတိုတွေ၊ တချို့က လည်း ပုဆိုးကွင်းသိုင်းနဲ့ အောင်ပွဲခံ ပြန်လာကြတာ။ သူတို့ရဲ့ စစ်ချီဟန် ရဲစိတ်ရဲမာန်ကို ခုထိ မြင်ယောင်တုန်း။
ကရင်-ဗမာ အဓိကရုဏ်းဟာ သိပ်မကြာလိုက်ဘူး။ ဘယ်လိုနည်းနဲ့ အေးသွားတယ်ဆိုတာ ဦးတို့ မသိလိုက်ဘူး။ အင်းစိန်တိုက်ပွဲကြီးတွေဖြစ်တာ အတော့်ကို ပြင်းထန်တယ်လို့ လူကြီးတွေ ပြောသံတော့ ကြားရတယ်။
မိုးဦးကျ တနေ့မှာ KNDO စစ်သားတွေ ဦးတို့ရွာ အရှေ့ဘက်ကို ဆင်းလာကြတယ်။ အင်းစိန်စစ်မျက်နှာက ဆုတ်လာကြတဲ့ KNDO စစ်သားတွေလို့ လူကြီးတွေက ပြောတယ်။ အောင်ပွဲတွေခံပြီး ပြန်လာတဲ့ တက်ကြွတဲ့ ဟန်တွေမာန်တွေနဲ့ အင်းစိန်စစ်မျက်နှာမှာ စစ်ရှုံးပြီး ဆုတ်ခဲ့ရတဲ့ ဟန်ပန် အတော်ကို ကွာခြားတယ်။
ဦးရဲ့နှလုံးသားနဲ့ ဦးနှောက်ထဲမှာ စွဲပြီး ကျန်ခဲ့တဲ့ ပုံရိပ်တွေပေါ့။ အဲဒီတော်လှန်ရေးသမားကြီးတွေဟာ ကရင် တမျိုးသားလုံး အဖိနှိပ်ခံဘဝက လွတ်မြောက်ဖို့အတွက် သူတို့ရဲ့ အသက် သွေးတွေကို ပေးလှူခဲ့ကြတယ်။ ဦးတော်လှန်ရေးထဲ ရောက်စတုန်းက ကွယ်လွန်သွားပြီးဖြစ်တဲ့ KNU ဥက္ကဋ္ဌကြီး မန်းဘဇံရဲ့ စကားတခွန်းကို သတိရမိတယ်။ “ကရင်တော်လှန်ရေးကတော့ကွာ မင်းတို့ လူငယ်တွေရဲ့ လက်ထဲမှာပဲ။ မင်းတို့လူငယ်တွေကိုပဲ အားကိုးရမှာပဲ”တဲ့။ အဲဒီတုန်းက ဦးအသက် ၁၆ နှစ် ပြည့်ပြီးခါစပဲ ရှိသေးတယ်။
ဦး နိုင်ငံရေးကို လေ့လာမိချိန်မှာ ခံစားချက်နဲ့ ခံယူချက်ဆိုတာ တူမယောင်နဲ့ ကွဲပြားတယ်ဆိုတာ သိလိုက်ရတယ်။ “ဗမာပြည်နဲ့ ကရင့်ဘဝဖြစ်တည်မှုဟာ အပြန်အလှန် ဆက်စပ် မှီခိုနေတယ်။ ဗမာပြည်မှာ ဖြစ်ပေါ်နေတဲ့ လူမျိုးရေး၊
နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု၊ လူမှုရေး အပြန်အလှန် ဖြစ်ပေါ်အကျိုးပြုနေတယ်။
“တော်လှန်ရေးမှာ ကျဉ်းမြောင်းတဲ့ အမျိုးသားရေးဝါဒဟာ တော်လှန်ရေးကို အကျိုးမပြုတဲ့အပြင် တော်လှန်ရေးကို ပျက်စေတယ်။”
“ကရင့်တော်လှန်ရေးဟာ သီးခြားတော်လှန်ရေး မဟုတ်ဘူး ဗမာပြည်လူ့အဖွဲ့အစည်း အတွင်းမှာ ဖြစ်ပေါ်နေတဲ့
တော်လှန်ရေး ဖြစ်တယ်။”
“ကရင်-ဗမာ ပူးပေါင်းရာမှာ မျက်စိမှိတ် ပူးပေါင်းပြီးတော့ ကျွန်ပြုခံရတာမျိုးတော့ မလိုချင်ဘူး။ တန်းတူမှုနဲ့ ဆန္ဒအရ ပူးပေါင်းရေးကို လိုချင်တယ်” လို့ပြောတဲ့ ဥက္ကဋ္ဌကြီး မန်းဘဇံစကားက ကရင့် တော်လှန်ရေးကို ကိုယ်စားပြုခဲ့တယ်” တဲ့....။
ဖဒိုမန်းငြိမ်းမောင်ဟာ တော်လှန်ရေးအတွက် ခရီးထွက်ရတဲ့အခါ တောတောင်မြစ်ချောင်း တွေကို ဖြတ်သန်းခဲ့ရတယ်။ အဲဒီအတွေ့အကြုံတွေနဲ့ လူတွေရဲ့ အကြောင်းခုလို ဥပမာ ပေးတတ်တယ်။
“ချောင်းလေးမြောင်းလေးတွေက အော်မြည်တတ်တယ်။ ရေစီးသန်တယ် ထင်ရပေမယ့် ကူးလို့ရတယ်။ ဘာနဲ့တူလဲ ဆိုတော့ မရင့်ကျက်တဲ့သူနဲ့ တူတယ်။
ရေပြည့်ရင် သိပ်ငြိမ့်ငြောင်းတယ်။ ရေစီးလည်း သန်တယ် တည်ငြိမ်တယ်။ ဘာနဲ့တူလဲဆိုတော့ ရင့်ကျက်တဲ့သူတွေနဲ့ တူတယ်။ တော်လှန်ရေး၊ နိုင်ငံရေး၊ တိုက်ပွဲထဲမှာ တောက်လျှောက်ပါဝင်ခဲ့သူတွေက စီးနေတဲ့ရေ၊ တေနေတဲ့ဓား၊
သွေးထားတဲ့ကျောက်လိုပဲ” တဲ့။
ဖဒိုမန်းငြိမ်းမောင်က တော်လှန်ရေး၊ နိုင်ငံရေး ထဲကသူတွေကိုတင် ကူညီတတ်တာ မဟုတ်ဘဲ တပ်မတော်ကနေ ထွက်ပြေးလာတဲ့ စစ်ဗိုလ်စစ်သားတွေကိုလည်း ကူညီပေးပါတယ်။ “စစ်ဗိုလ် စစ်သားဆိုတာ တော်လှန်ရေး နိုင်ငံရေး သမားတွေ့နဲ့ ဆန့်ကျင်ဘက်အမြင် ရှိသူဆိုပြီး လွတ်မြောက် နယ်မြေမှာ တချို့လူတွေက မယုံကြည်ချင်ကြဘူး။ သူတို့တွေဟာ ငြင်းဆန်လို့မရတဲ့ စနစ်ရဲ့ သားကောင်တွေပါ။ ဒါကြောင့် သူတို့ကို ပိုပြီးဖေးမ,ရမယ်” လို့ပြောခဲ့သလို လက်တွေ့လည်း ကျင့်ကြံခဲ့တယ်။ ဒါကြောင့်လည်း ဒုက္ခသည်စခန်းက စစ်ဗိုလ် စစ်သားလေးတွေက “အတီး” “အတီး” နဲ့ ဖဒိုမန်းငြိမ်းမောင်ကို လေးစားချစ်ခင်ခဲ့ကြတယ်။
ဖဒိုမန်းငြိမ်းမောင် ကရင်နှစ်သစ်ကူးမှာ မိန့်ခွန်းပြောတဲ့အခါ သူအသံထဲက ပဲ့တင်ရိုက်နေတဲ့ သူ့မေတ္တာကို မျက်လုံးတွေထဲကလည်း တွေ့ရတယ်။
“လေးစားရတဲ့ တိုင်းရင်းသားညီအကိုများခင်ဗျာ… ကျနော်တို့ဟာ ပြောဆိုတဲ့ ဘာသာစကား၊ ယဉ်ကျေးမှုနဲ့ ဓလေ့ထုံးစံများ မတူညီကြသော်လည်း သဘာဝအရတူညီတဲ့ ညီအကိုတော်များ ဖြစ်ကြပါတယ်။
စစ်အာဏာရှင်စနစ်အောက်မှာ လူမျိုးရေးအရ နိုင်ငံရေးအရ၊ ယဉ်ကျေးအရ အဖိနှိပ်ခံနေရပါတယ်။ ကျနော်တို့ဟာ အမျိုးသားလွတ်မြောက်ရေး၊ တန်းတူရေး၊ ဘဝဖြစ်ပေါ် တိုးတက်ရေးနဲ့ ငြိမ်းချမ်းသာယာ ဝပြောရေးအတွက် စစ်အာဏာရှင်တွေဆီမှာ တင်ပြတောင်းဆို တိုက်ပွဲဝင်ခဲ့ကြသူတွေပါ။
သူများနိုင်ငံမှာ ဒုက္ခသည်အဖြစ်နဲ့ ကရင်နှစ်သစ်ကူးပွဲကို ကျင်းပနေချိန်မှာ ကျနော်တို့ ကရင်လူမျိုးတွေ တောတောင်
တွေထဲမှာ ဘဝလုံခြုံဖို့ အသက်ရှင်ရပ်တည်နိုင်ဖို့ တိရစ္ဆာန်တွေလို ပြေးလွှားပုန်းအောင်း နေကြရတယ်။ စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စုကို အကောင်အထည် ဖော်နိုင်ရင်တော့ ကျနော်တို့ တိုင်းရင်းသား ညီအကိုတွေရဲ့ဘဝ တည်ငြိမ်တိုးတက်ပြီး တန်းတူရေးနဲ့ လူ့အခွင့်အရေးကို သာတူညီမျှခံစားရမှာ ဖြစ်ပါတယ်။
စစ်မှန်တဲ့ ငြိမ်းချမ်းရေး ရရှိပါစေလို့ ဒီအခမ်းအနားကနေ ဆန္ဒပြုလိုက်ရပါတယ်”......။
၂၀၀၉ ဒီဇင်ဘာ ကရင့်နှစ်သစ်ကူးမှာ ပြောခဲ့တဲ့ ဖဒိုမန်းငြိမ်းမောင်ရဲ့ မိန့်ခွန်းက ခုချိန်ထိ ပဲ့တင်ထပ် နေတုန်းပါပဲ။
သမ္မတကြီး ဦးသိန်းစိန် အစိုးရသစ်လက်ထက်မှာ ပထမဆုံး နိုင်ငံရေး အကျဉ်းသား ဖဒိုမန်းငြိမ်းမောင်ကို ငြိမ်းချမ်းရေး လက်ဆောင်အဖြစ် လွှတ်ပေးမယ်လို့ သတင်းတွေ ထွက်ပေါ်ပြီးမှ နောက်မှုတိုးပြီး ရုံးတင်စစ်ဆေးခဲ့တာ အစိုးရသစ်ရဲ့ ငြိမ်းချမ်းရေးကို အင်မတန်မှ အကျည်းတန်စေခဲ့ပါတယ်...။
ရပ်နားခြင်း မရှိသေးတဲ့ ဖဒိုမန်းငြိမ်းမောင်ရဲ့ဘဝကဗျာတွေအတွက် လိုက်ဖက်တဲ့ ကာရန်တွေ ထွက်ပေါ်လာမယ်လို့ ကျမတို့ ယုံကြည်လျက်ပါ.....။
နှင်းပန်းအိမ်
