Monday, February 27, 2012

DKBA နှင့် အစိုးရတို့၏ လက်နက်ကိုင် ပဋ္ဋိပက္ခ မဖြစ်ရေး သဘော တူညီချက်

DSC01991အစိုးရ၏ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အဖွဲ့နှင့် တိုးတက်သော ကရင် ဗုဒ္ဓဘာသာ တပ်မတော် (DKBA) တို့ ဒုတိယနေ့ အဖြစ် ဖေဖေါ်ဝါရီ (၂၆) ရက်နေ့တွင် ကရင်ပြည်နယ် ဖါးအံမြို့ အမှတ် (၂၂) တပ်မဌာနချုပ်၌ ဆက်လက်ဆွေးနွေး ခဲ့ပါသည်။ ဤ ဆွေးနွေးပွဲမှ နှစ်ဖက်တပ်များ၊ နေရာ ချထားရေးနှင့် လက်နက်ကိုင် ပဋ္ဋိပက္ခ မဖြစ်ရေးကို အောက်ပါ အတိုင်း သဘောတူညီ ခဲ့ပါ
သည်။

ဖေဖေါ်ဝါရီ (၂၅၊၂၆) ရက်နေ့၌ ကရင်ပြည်နယ် ဖါးအံမြို့ အမှတ် (၂၂) ခြေမြန်တပ်မ ဌာနချုပ်တွင် ပြည်ထောင်စု ငြိမ်းချမ်းရေးဖေါ်ဆေင်ရေး အဖွဲ့ဝင်များနှင့် ကလို့ထူးဘောမှ ဗိုလ်မှူးချုပ် စောမိုရှေးနှင့် စောသန်းရွှေ (ခေါ်) ဗိုလ်မှူးချုပ်ဘိုဘိ တို့က မြိုင်ကြီးငူဒေသတွင် လက်နက်ကိုင် ပဋ္ဋိပက္ခမဖြစ်စေရေး၊ လုံခြုံရေးကိစ္စ ညှိနှိုင်းပြီး နှစ်ဖက် သဘောတူ လက်မှတ်ရေး ထိုးခဲ့ပါသည်။

(၁) မယ်တဝေါဒေသတွင် လှုပ်ရှားနေသော၊ စောသန်းရွှေခေါ် ဗိုလ်မှူးချုပ် ဘိုဘိတပ်ဖွဲ့အား၊ ဗိုလ်ချုပ်စောလားဘွယ်ဦး ဆောင်သော ကလို့ထူးဘော လက်အောက်ခံ တပ်ဖွဲ့ဖြစ်ြော့င်း သဘောတူသည်။ စောသန်းရွှေခေါ် ဗိုလ်မှူးချုပ် ဘိုဘိတို့ တပ်ဖွဲ့ လက်နက် အပြည့်အစုံ ကိုင်ဆောင်၍ မြိုင်ကြီးငူသို့လည်းကောင်း၊ ပတ်ဝန်းကျင်ဒေသသို့ လည်းကောင်း၊ လုံး၀၀င် ထွက်သွား လာခွင့် မရှိကြောင်း သဘောတူသည်။

(၂) အခြားမည်သည့် ပုဂ္ဂိုလ်တဦးဦးမှ ခေါင်းဆောင်၍ လည်းကောင်း၊ လိုက်ပါ၍ လည်းကောင်း၊ မြိုင်ကြီးငူ ပတ်ဝန်းကျင်ဒေသသို့ လက်နက်ခဲယမ်း အပြည့်အစုံ ကိုင်ဆောင်၍ လိုက်ပါလာပြီး အခြေချခြင်း မပြုရန် သဘောတူသည်။

(၃) ကလို့ထူးဘော တပ်ဖွဲ့ဝင်များသည်၊ မြိုင်ကြီးငူဒေသ၀န်းကျင်တွင် လက်နက်ကိုင် ပဋ္ဋိပက္ခမဖြစ်စေရေးအတွက် အစိုးရ တပ်မတော်နှင့်လည်းကောင်း၊ တပ်မတော် ကွပ်ကဲမှုအောက် တပ်ဖွဲ့များနှင့် လည်းကောင်း၊ ရန်ဖက်အသွင် မဆောင်ဘဲ မိတ်ဖက်အဖြစ် ဆက်ဆံသွားရန် သဘောတူသည်။

(၄) သတ်မှတ်သည့်နေရာ၌ အခြေပြုရန် သဘောတူထားသည့် ကလို့ထူးဘော တပ်ဖွဲ့ဝင်များ၏ နေထိုင်ရေး၊ စားဝတ်နေ ရေး၊ များကို အစိုးရမှ ကူညီဆောင်ရွက်ပေးရန် သဘောတူသည်။

(၅) စောသန်းရွှေခေါ် ဗိုလ်မှူးချုပ် ဘိုဘိတပ်ဖွဲ့ဝင်များ၊ နယ်မြေကျော်လွန်၍ သွားလာလှုပ်ရှားမှုများကို ဒေသခံ တပ်မှူးများ၊ နှင့်ကြိုတင်ညှိနှိုင်းဆောင်ရွက်ရန် သဘောတူသည်။

P1020056DKBA နှင့် အစိုးရတို့ တွေ့ဆုံ ဆွေးနွေးပုံ (ဓါတ်ပုံ - DKBA ပြန်ကြားရေး)

(၆) ဗိုလ်ချုပ်စောလားဘွယ် ဦးစီးသော ကလို့ထူးဘော တပ်ဖွဲ့ဝင်များ အားလုံး၏ ယူနီဖေါင်းတွင် ရင်ဘတ်၊ လက်မောင်းတံ ဆိပ်များကို ကလို့ထူးဘော တံဆိပ်တပ်ဆင်၍ သွားလာခြင်းမပြုဘဲ ကြိုတင်ညှိနှိုင်း၍ ပြည်နယ်တွင်း သွားလာရန် သဘော တူသည်။

(၇) တည်ဆောက်ထားသော ငြိမ်းချမ်းရေးကို ထာဝရခိုင်မြဲစေရန်အလို့ငှာ ပြသနာ တစုံတရာ ပေါ်ပေါက်ခဲ့သော် လက်နက် ဖြင့်မဖြေရှင်းဘဲ နယ်မြေဒေသရှိ စစ်ဖက်နယ်ဖက် အကြီးအကဲများနှင့် ညှိနှိုင်းပြီး ဖြေရှင်းသွားရန် သဘောတူသည်။

ထို့အပြင် ကလို့ထူးဘော တပ်ဖွဲ့အား၊ ဆန်အိတ်တထောင်၊ ဆားတထောင်ပိသာနှင့် ဆီ (၅) ပုံး ပေးအပ်ခဲ့ပါသည်။ ဤတွေ့ဆုံပွဲ၌ ဒီကေဘီအေဖက်မှ ဗိုလ်မှူးချုပ် စောမိုရှေး ဦးဆောင်ပြီး၊ စောသန်းရွှေ (ခေါ်) ဗိုလ်မှူးချုပ် ဘိုဘိ၊ ဗိုလ်မှူးကြီး စောမောင်လေး ( မြ၀တီရုံး ဆက်ဆံရေးတာဝန်ခံ)၊ ဗိုလ်မှူးစောလုံလုံ၊ ဗိုလ်ကြီးစောကိုမျိုးတို့ အပါဝင် အဖွဲ့ဝင် (၇)ဦး တက်ရောက်ခဲ့ပြီး၊ အစိုးရဖက်မှ ပြည်ထောင်စု ငြိမ်းချမ်းရေး ၊ဖေါ်ဆောင်ရေးမှ ဦးအောင်သောင်း၊ ဦးဇော်ဝင်း (နယ်စပ်ရေး ရာဝန်ကြီး)၊ ဦးဇော်မင်း (ကရင်ပြည်နယ်ဝန်ကြီးချုပ်)၊ စောခင်စိုး (ပြည်ထောင်စု ငြိမ်းချမ်းရေး၊ ဖေါ်ဆောင်ရေးအဖွဲ့) နှင့်စစ် ဖက်ခေါင်းများက တက်ရောက်ဆွေးနွေးခဲ့ပါသည်။

11ReadMore-2.jpg

Friday, February 24, 2012

BGFသိမ်းယူထားသောDKBAလက်နက်များကိုပြန်လည်ပေးအပ်

DKBA(၁၉) ရက်နေ့က သိမ်းပိုက် သွားသည့် DKBA လက်နက် များကို ယနေ့ နေ့လည် (၂) နာရီ ခန့်တွင် BGF တပ်များက ပြန်လည် ပေးလိုက်ပြီးဖြစ်သည်ဟု ဒီကေဘီအေ ပြောခွင့်ရသူ ဗိုလ်မှူး လောက်လုံက ပြောပါသည်။ လက်နက် ပေါင်း (၃၂) လက် သိမ်း ထားရာက (၅) လက်ကို မြို့ပြ အုပ်ချုပ်ရေး အတွက် သိမ်းယူထား လိုက်ပြီး ကျန် (၂၇) လက်နဲ့ အီကွစ်မင်း (၁၅) စုံကို ပြန်လည် ပေးလိုက်ခြင်းဖြစ်ပါသည်။

“ ကျနော်တို့က ဒီကိစ္စကို နိုင်ငံတော်ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေးအဖွဲ့ကို တင်ပြထားတယ်လေ။ သမ္မတ အမိန့်နဲ့ ပြန်ပေးလိုက်ရတယ်လို့ သိရတယ်။ သမ္မတနဲ့ ကာကွယ်ရေး ဦးစီးချုပ်က စကားများပြီးမှ ပြန်ရတယ်လို့ ကျနော်တို့ ဖါးအံ ကိုရောက်တဲ့ ကိုယ်စားလှယ်တွေက ပြောပါတယ်။” လက်နက်တွေကတော့ နယ်ခြားစောင့်တပ် အကြံပေး ပုဂ္ဂိုလ် ဗိုလ်ချုပ်ဖား နွီးကနေပြန်ရပါတယ်ဟု ဗိုလ်မှူးလောက်လုံက ဆိုပါသည်။

လက်နက်များပြန်လည် ပေးအပ်ခြင်းအတူ မြိုင်ကြီးငူ စခန်းကို စစ်မဲ့ဇုံ ထားရှိရေးအတွက် မည်သည့်အဖွဲ့မဆို စစ်ဝတ်စုံနှင့် သွားလာခွင့်ကို ပိတ်ပင်ထားရမည်ဟု နှစ်ဖက်စလုံးက သဘောတူခဲ့ပါသည်။ ထို့အပြင်ပြသနာတိုင်းကို စစ်ရေးနှင့် မဖြေရှင်းဘဲ ငြိမ်းချမ်းစွာ ဖြေရှင်းဖို့ လိုအပ်ကြောင်း၊ ဒိကေဘီအေဖက်က တင်ပြထားသည်ဟုဆိုပါသည်။

ယမာန်နေ့တုန်းက အခြေအနေမှာ တင်းမာမှုတွေကို ဖြေရှင်းရန် (ပြည်သူ့စစ်နှင့် နယ်ခြားစောင့်တပ်များ ညွှန်ကြားရေးမှူး ဗိုလ်ချုပ်မောင်မောင်အုန်း၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ခင်မောင်ဝင်း၊ နယ်ခြားစောင့်တပ် အကြံပေး ပုဂ္ဂိုလ် ဗိုလ်ချုပ်ဖားနွီးနှင့် ဒီကေဘီအေ ဘက်မှ ဗိုလ်မှူးဆန်းအောင်၊ ဗိုလ်မှူးမောင်လေးတို့ မြိုင်ကြီးငူဒေသတွင် တွေ့ဆုံ ဆွေးနွေး ခဲ့သော်လည်း ပြေလည်မှု မရရှိခဲ့ကြောင်း ဒီကေဘီအေဘက်က ဆိုပါသည်။

BGF_03(ဓါတ်ပုံ - အင်တာနက်)

ဤပြသနာနှင့် ပါတ်သက်ပြီး၊ အကယ်၍ မပြေလည်ခဲ့ပါက BGF တပ်ဖွဲ့ကိုပြန်တိုက်မည်ဟု ပြောဆိုခဲ့ပါသည်။။ အလားတူBGF တပ်ဖွဲ့ကလည်း မြိုင်ကြီးငူကိုရောက်နေသည့် ဗိုလ်မှူးမောင်လေးတို့ အဖွဲ့ကို ၀ိုင်းထားခဲ့သည်ဟု သတင်းများ ထွက်ပေါ်ခဲ့ပါသည်။ ဤကဲ့သို့ တင်းမာနေရာက ယခုလိုလက်နက်ပြန်ပေးလိုက်ခြင်းဖြင့် ပြေလည်စေခဲ့ပါသည်။

ဤသို့ကြောင့် ပြေလည်သွားသော်လည်း ဤကိစ္စဖြေရှင်းရန်အတွက် ဒီကေဘီအေဖက်က နိုင်ငံတော်ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အဖွဲ့ကို တိုင်ကြားထားသဖြင့် မနက်ဖြန်တွင် ဦးအောင်သောင်း ဦးဆောင်သော အဖွဲ့နှင့် တွေ့ဆုံရန်ရှိသည်ဟု ဒီကေဘီအေဖက်က ဆိုပါသည်။

ဤပြသနာသည် BGF ပြီးခဲ့သည့် ဖေဖေါ်ဝါရီ လဆန်းက မြ၀တီမြို့နယ် ရွှေကုက္ကိုရွာ၌ အခြေချနေသော BGF ၁၀၁၉ တပ် ရင်းမှတပ်စုမှူး ဗိုလ်တင်ညွှန့်နှင့် တပ်ဖွဲ့ဝင် ၈ ဦးတို့သည် DKBA ကလို့ထူးလား စစ်ကွပ်ကဲရေးဌာန အဖွဲ့များနှင့် ပူးပေါင်း လို၍ လာရောက် ဆက်သွယ်ကာ DKBA က လက်မခံခဲ့သော်လည်း လုံခြုံရေးအရ ပြန်မလှည့် လိုတော့သဖြင့် ဖြေရှင်းနေ ချိန်တွင် ယခုကဲ့သို့ ပြသနာများ ဖြစ်ပေါ်လာခဲ့ပါသည်။

11ReadMore-2.jpg

Wednesday, February 22, 2012

စစ်အစိုးရအနိုင်ကျင့်မှုကြောင့်DKBA ငြိမ်းချမ်းရေးဖျက်သိမ်း

အစိုးရနဲ့ရယူထားတဲ့ ငြိမ်းချမ်းရေး DKBA ဘက်ကဖျက်သိမ်းBy မအေးအေးမာမြန်မာအစိုးရနဲ့ အသစ်တဖန် အပစ်အခတ်ရပ်စဲရေး လုပ်ထားတဲ့ တိုးတက်သောကရင် ဗုဒ္ဓဘာသာတပ် DKBA က လက်နက်တွေကို နယ်ခြားစောင့်တပ်က သိမ်းယူပြီးနောက် လက်နက်တွေ ပြန်မပေးနိုင်ဘူးလို့ နယ်ခြားစောင့်တပ်တွေရဲ့ အကြီးအကဲ ဗိုလ်ချုပ်မောင်မောင်အုန်းကဖားအံမြို့မှာ ဒီကနေ့ ပြောကြားလိုက်တဲ့အတွက် DKBA က မကြာသေးခင် ၃ လကျော်က ရယူခဲ့တဲ့ ငြိမ်းချမ်းရေး ပျက်ပြားသွားပြီဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ဒီအကြောင်းအပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက တင်ပြပေးထားပါတယ်။မြိုင်ကြီးငူဒေသမှာ အခြေစိုက်လှုပ်ရှားနေတဲ့ တိုးတက်သောကရင် ဗုဒ္ဓဘာသာတပ်တွေနဲ့ နယ်ခြားစောင့်တပ်တွေ လက်နက်သိမ်းတဲ့ ကိစ္စနဲ့ပတ်သက်လို့ ပစ်ခတ်မှုတွေဖြစ်ပြီးတဲ့နောက်DKBA ခေါင်းဆောင်ဗိုလ်မောင်လေးနဲ့ နယ်ခြားစောင့်တပ်က ဗိုလ်ဖားနွီး၊ မြန်မာအစိုးရက ဖွဲစည်းပေးထားတဲ့ နယ်ခြားစောင့်တွေရဲ့ ဗိုလ်ချုပ်မောင်မောင်အုန်းတို့ ဖားအံမြို့မှာ တွေ့ဆုံခဲ့ကြတာပါ။တွေ့ဆုံမှုအတွင်းမှာ နှစ်ဘက်ပစ်ခတ်မှုတွေ ဖြစ်ခဲ့တဲ့ ကရင်တပ်ဖွဲ့တွေ အချင်းချင်းကြားမှာတော့ ပြေလည်မှုရခဲ့ပေမဲ့ လက်နက်ပြန်ပေးဖို့ကိစ္စမှာ ဗိုလ်ချုပ်မောင်မောင်အုန်းက လက်မခံခဲ့ဘူးလို့ ဆိုပါတယ်။ DKBA တပ်မှူး ဗိုလ်မှူးစောဆန်းအောင် ပြောပြတာက-“ဒီနေ့ ဗိုလ်ချုပ်မောင်မောင်အုန်းနဲ့ အရှေ့တောင်တိုင်း၊ တိုင်းမှူးနဲ့ တွေ့ခွင့်ရတယ်။ ဗိုလ်ချုပ်ဖားနွီးနဲ့လည်း ဆုံတယ်။ ဆုံတဲ့အချိန်မှာ ငါတို့ ကရင်အချင်းချင်းက နောက်နောင် ဒီလို တယောက်နဲ့တယောက် မဖြစ်စေရဘူး။ တယောက်နဲ့ယောက် ပစ်ခတ်မှု မဖြစ်စေရတော့ဘူး၊ အရင်ဆုံးနဲ့ နောက်ဆုံးပေါ့။ ဒီလို ကရင်အချင်းချင်း သေတာကတော့ တော်သင့်တယ်။ မင်းတို့ သေနတ် ပြန်ပေးမယ်ဆိုပြီးတော့ ဗိုလ်ချုပ်ဖားနွီးက အဲလို ထွက်ဆိုခဲ့တယ်။ဒါပေမယ့် ဗိုလ်ချုပ်မောင်မောင်အုန်းက မပေးဘူး။ ဗိုလ်မှူးမောင်အေးကို ပြဿနာပေါ်မယ်။ ဒီသေနတ်မပေးဘူးဆိုပြီးတော့ လက်နက်တွေကို ကျနော်တို့လက်ထဲမှာ မရောက်သေးဘူး၊ မပေးလိုက်သေးဘူး။ နိုင်ငံတော်တာဝန်ထမ်းဆောင်နေတဲ့ ဗိုလ်ချုပ်မောင်မောင်အုန်းအနေနဲ့ ကျနော်တို့ငြိမ်းချမ်းရေးကို ပျက်ပြားအောင်လုပ်နေတယ်လို့ ကျနော်တို့မြင်တယ်။ ကျနော်တို့ငြိမ်းချမ်းရေးကို ကျနော်တို့ ဖျက်သိမ်းလိုက်တယ်။”ငြိမ်းချမ်းရေးလုပ်ထားတာ ၃ လကျော် ကြာတဲ့အချိန်မှာပဲ ဖျက်သိမ်းရတာကတော့ ဆက်ပြီးအနိုင်ကျင့်တာတွေကို လက်မခံနိုင်တာကြောင့်လို့ ဆိုပါတယ်။“ကျနော်တို့ဖျက်သိမ်းလိုက်ပါတယ်။ အခုပဲ -ကျနော်တို့က လူသိရှင်သိပြောတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ပြောတဲ့ ငြိမ်းချမ်းရေးက ကျနော်တို့တိုင်းရင်းသားတွေ အပေါ် စေတနာမမှန်ဘူး။ သူတို့လုပ်ချင်သလို လုပ်လို့ရတယ်ဆိုတဲ့ ပုံစံမျိုးနဲ့ လုပ်တယ်။ အဲဒါကြောင့် ဒီငြိမ်းချမ်းရေးကို ကျနော်တို့ ဖျက်သိမ်းလိုက်ပြီ။ ငြိမ်းချမ်းရေးအစစ်အမှန်မဟုတ်တဲ့အတွက် ကျနော်တို့က ပြန်စစ်တိုက်မယ်။ကျနော်တို့ ဒီသေနတ်တွေကို ကျနော်တို့က ပြန် တောင်းလို့ မရဘူးဆိုရင်- ဒီသေနတ်တွေကို နိုင်ငံတော်ငွေကြေးနဲ့ ဝယ်ယူပေးထားတာဆိုရင်လက်ခံတယ်။ သက်သက်ပြန်ယူဆိုပြီးတော့ ကျနော်တို့လက်ခံတယ်။ ဒီလက်နက်တွေဟာ DKBA တည်ဆောက်တုန်းက စုထားတဲ့ လက်နက်တွေပဲ။ တောင်းလို့ မရတဲ့အတွက်ကြောင့်၊ မပေးတဲ့အတွက်ကြောင့် ငြိမ်းချမ်းရေးအတွက် နောက်နောင်ဆိုရင် အနိုင်ကျင့်ခံရမယ်၊ နောက်နောင်ဆိုလို့ရှိရင် ကျနော်တို့ကို ဖိနှိပ်မယ်၊ တိုင်းရင်းသားတွေကို လုပ်ချင်သလို လုပ်လို့ရတယ်ဆိုတဲ့ပုံစံနဲ့လုပ်တယ်လို့ ကျနော်တို့က အဲဒီလို ခံစားရတယ်။ဒါကြောင့် ငြိမ်းချမ်းရေးကိုလည်း ကျနော်တို့က ပြန်ပြီး ရုပ်သိမ်းတယ်။ ကျနော် တဦးတယောက်ရဲ့ သဘောထားမဟုတ်ဘူး၊ ကျနော်တို့ တပ်ဗိုလ်၊ တပ်မှူးတွေရဲ့ သဘောထား အဲလိုပဲ ရှိတယ်။ ငြိမ်းချမ်းရေးက အစစ်အမှန်ပြန်ရဖို့ဆိုရင် ပြန်စစ်ထိုးမယ်။ ပြန်တိုက်မယ်။ ”DKBA ဟာ KNU ကနေ ခွဲထွက်ပြီး မြန်မာအစိုးရနဲ့ အပစ်ခတ်ရပ်စဲရေးကို ၁၆ နှစ် ကြာ ရယူခဲ့ပါတယ်။၂ဝ၁ဝ ခုနှစ်မှာတော့ နယ်ခြားစောင့်တပ်ဖွဲစည်းရေး လုပ်ရမယ်ဆိုပြီး မြန်မာအစိုးရက ဖိအားပေးလာတဲ့ အတွက် တနှစ်နီးပါး ပြန်လည်တိုက်ခိုက်မူတွေ ဖြစ်ခဲ့ပြီး ဒုက္ခသည်သောင်းနဲ့ချီပြီး ထိုင်းနိုင်ငံဘက် ထွက်ပြေးလာတဲ့အထိ တင်းမာမှုတွေ ဖြစ်ခဲ့ပါတယ်။ဒီ့နောက် ၂ဝ၁၁ နိုဝင်ဘာလထဲမှာ အပစ်အခတ်ရပ်စဲရေး ပဏာမ သဘောတူညီချက်ကို လက်မှတ် ရေးထိုးခဲ့ပြီး ပြည်ထောင်စုအဆင့် ဆွေးနွေးဖို့တွေကို သဘောတူခဲ့ပါတယ်။ အခုအခါမှာတော့ တင်းမာမှုတွေဖြစ်ပြီး သူတို့ငြိမ်းချမ်းရေးဟာ ပျက်ပြားသွားပြီဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်ရှင်။

11ReadMore-2.jpg

အခြေအမြစ်မရှိသည့်သတင်းများသာဖြစ်သည်ဟုKNUသတင်းစာရှင်းလင်းပွဲလုပ်


အဖွဲ့အတွင်း တင်းမာမှုများ ဖြစ်ပေါ်နေသည်ဟု လတ်တလော ထွက်ပေါ်နေသည့် သတင်းများမှာ အခြေအမြစ်မရှိသည့် သတင်းများသာဖြစ်သည်ဟု သတင်းစာရှင်းလင်းပွဲတွင် KNU ပြောသတင်းနှင့်ဓာတ်ပုံ - မြနှယ်စိမ်းစိမ်း (အင်းစိန်)ဖေဖော်ဝါရီလ ၂၂ ရက်၊ ၂၀၁၂ ခုနှစ်ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် မြန်မာအစိုးရတို့အကြား လက်ရှိ ဆောင်ရွက်နေသည့် ငြိမ်းချမ်းရေးဆိုင်ရာ လုပ်ငန်းစဉ်များကြောင့် အဖွဲ့အတွင်း တင်းမာမှုများ ဖြစ်ပေါ်နေသည်ဟု လတ်တလော ထွက်ပေါ်နေသည့် သတင်းများမှာ အခြေအမြစ်မရှိသည့် သတင်းများသာဖြစ်သည်ဟု ယနေ့ပြုလုပ်သည့် ငြိမ်းချမ်းရေးဆိုင်ရာ သတင်းစာရှင်းလင်းပွဲတွင် KNU က ပြောသည်။KNU ဖားအံခရိုင်ရှိ ကလေးထာ့ တပ်စခန်း၌ ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် အဖွဲ့၏ တွဲဘက်အတွင်းရေးမှူး (၁) ပဒိုစောလှငွေက “ဒီကိစ္စနဲ့ပတ်သက်ပြီး သဘောထားတွေ ကွဲနေကြတယ်လို့ ပြောနေကြတာ မဟုတ်ပါဘူး။ လုပ်နည်းလုပ်ဟန် ကွဲတာပဲဖြစ်တယ်။ စစ်တိုက်လာတာ ကြာပြီးဖြစ်တဲ့အတွက် ငြိမ်းချမ်းရေးလုပ်ချင်နေတဲ့အဖွဲ့နဲ့ ထာဝရငြိမ်းချမ်းရေးအစစ်အမှန်ကို ရရှိဖို့အတွက် တဆင့်ပြီးတဆင့် လုပ်ဆောင်သွားဖို့ဆိုတဲ့အဖွဲ့ ဆိုပြီး ဖြစ်နေတာပါ” ဟု သတင်းထောက်များကို ပြောကြားခဲ့သည်။လက်ရှိ ဆောင်ရွက်နေသည့် ငြိမ်းချမ်းရေးဆိုင်ရာ လုပ်ငန်းစဉ်အတွက် KNU အဖွဲ့သည် မြန်မာအစိုးရနှင့် လာမည့် လဆန်းပိုင်းတွင် ဒုတိယအကြိမ် သွားရောက်ဆွေးနွေးရန် ရှိသည်ဟုလည်း ပဒိုစောလှငွေက ပြောသည်။ယနေ့ သတင်းစာရှင်းလင်းပွဲတွင် မြန်မာအစိုးရနှင့် ငြိမ်းချမ်းရေးဆိုင်ရာ ဆက်လက် ဆွေးနွေးနိုင်ရန်အတွက် KNU အဖွဲ့က ယနေ့ရက်စွဲဖြင့် အဆင့် ၄ ဆင့်ပါသည့် လမ်းပြမြေပုံကို ထုတ်ဖော်ကြေညာခဲ့သည်။စစ်မှန်၍ ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးရရှိရန်အတွက် ...၁။ ပဏာမ အပစ်အခတ်ရပ်စဲရေးအဆင့်၂။ ခိုင်မာသည့် အပစ်အခတ်ရပ်စဲရေးအဆင့်၃။ ကနဦး နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှု၊ အခြေခံနိုင်ငံရေးပြဿနာများကို အဖြေရှာရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး၎။ နိုင်ငံရေးအရ ပူးပေါင်းပါဝင်ခြင်းတို့ဖြစ်သည်။သတင်းစာရှင်းလင်းပွဲသို့ ပြည်ပအခြေစိုက် မြန်မာသတင်းဌာနများနှင့် နိုင်ငံခြားသတင်းဌာနများမှ သတင်းထောက် ၂၀ ကျော် တက်ရောက်ခဲ့ကြပြီး သတင်းထောက်များ၏ မေးမြန်းချက်များကို KNU အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန်နှင့် တွဲဘက်အတွင်းရေးမှူး (၁) ပဒိုစောလှငွေတို့က အဖွဲ့၏ သဘောထားများကို ရှင်းပြခဲ့ကြသည်။KNU အဖွဲ့သည် မြန်မာအစိုးရနှင့် ပဏာမ အပစ်အခတ်ရပ်စဲရေးအဆင့် လက်မှတ်ရေးထိုးခြင်းကို ယခင်လ ၁၂ ရက်နေ့က ဖားအံမြို့တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။.

11ReadMore-2.jpg

KNUနယ်မြေအတွင်း အစိုးရတပ်များရုပ်သိမ်းရန်တောင်းဆို

ဗုဒ္ဓဟူးနေ့၊ ဖေဖေါ်ဝါရီလ ၂၂ ရက် ၂၀၁၂ ခုနှစ် ၂၀ နာရီ ၂၇ မိနစ် ချင်းမိုင်(မဇ္ဈိမ) ။ ။
ကရင်အမျိုးသား အစည်းအရုံး KNU ၏ ထိန်းချုပ်နယ်မြေများအတွင်း အစိုးရတပ်များပြန်လည် ရုပ်သိမ်းပေးရန် အပါအဝင် တောင်းဆိုချက် လေးချက်ကို KNU မှ ဗုဒ္ဓဟူးနေ့တွင် ထုတ်ပြန် ကြေညာ လိုက်သည်။KNU ထိန်းချုပ်ရာဒေသများရှိ စခန်းအသီးသီး၏ ကိုက် ၂,၀၀၀ ကျော် အကွာအဝေး အတွင်း အစိုးရတပ်မှ စိုးမိုး နယ်မြေ ရယူထားခြင်း၊ အစိုးရတပ် ရိက္ခာပို့လမ်း ဝဲယာ ကိုက် ၂၀၀ အတွင်း KNU တပ်များ ချဉ်းကပ်ခွင့် မရခြင်း တို့ကြောင့် အစိုးရတပ်နှင့် KNU တို့အကြား ထိပ်တိုက်တွေ့နိုင်ကာ ပဋိပက္ခများ ဖြစ်လာနိုင်ခြင်းကြောင့် တပ်များ ဆုတ်ပေးရန် တောင်းဆိုခြင်းဟု KNU အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူး စောလှငွေက မဇ္ဈိမကို ပြောသည်။"တပ်တွေ အသီးသီးက ထိပ်တိုက်တွေ့ပြီးတော့ ပဋိပက္ခ ဖြစ်နိုင်တယ်။ ပဋိပက္ခ မဖြစ်တောင်မှ တပ်တွေက လက်နက် တကားကားနဲ့ ဒီနယ်မြေထဲမှာ ရန်သူ့တပ်ကလည်း အပြည့်၊ ကျနော်တို့ တပ်တွေကလည်း ပြောက်ကျား အနေအထား နဲ့ သွားနေမယ်ဆိုရင် ဒီကိစ္စက ကောင်းတဲ့ကိစ္စ မဟုတ်ဘူး" ဟု ပြောသည်။KNU ၏ စခန်း ၂၀၀ ကျော်သည် ပဲခူးတိုင်း တောင်ငူခရိုင်၊ ညောင်လေးပင်ခရိုင်၊ ကရင်ပြည်နယ် ဘားအံခရိုင်၊ ဒူးပလယာခရိုင်၊ တနင်္သာရီတိုင်း မြိတ်ခရိုင်၊ ထားဝယ်ခရိုင်၊ မွန်ပြည်နယ် သထုံခရိုင် ဒေသများအတွင်း တည်ရှိနေ သည်။ ထိုဒေသများမှာ KNU တပ်မဟာ ၃၊ ၄၊ ၅၊ ၆၊ ၇ ထိန်းချုပ်ရာ ဒေသများ ဖြစ်သည်။ထိုဒေသများအတွင်း အစိုးရ၏ စစ်တိုင်းများဖြစ်သည့် ကမ်းရိုးတန်းတိုင်း၊ အရှေ့တောင်တိုင်း၊ တောင်ပိုင်းတိုင်းတို့နှင့် လည်း ဆက်စပ်မှုရှိနေသည်။ ယင်းအပြင် ပွင့်လင်းရာသီ ရောက်ရှိလာပြီ ဖြစ်ခြင်းကြောင့် အစိုးရမှ ရှေ့တန်းတပ်များ သို့ ရိက္ခာပို့ပါက KNU တပ်ဖွဲ့ဝင်များနှင့် ထိပ်တိုက် တွေ့နိုင်သည်ဟုလည်း ဗိုလ်မှူး စောလှငွေက ပြောသည်။ ဖေဖေါ်ဝါရီ လဆန်းပိုင်းအတွင်း ဖာပွန်ခရိုင်နှင့် ညောင်လေးပင်ကြားအတွင်း အစိုးရတပ်နှင့် KNU တို့ကြား တိုက်ပွဲ ဖြစ်ပွားခဲ့သေးသည်။ အဆိုပါ တိုက်ပွဲတွင် အစိုးရတပ်မှ လေးဦး ကျဆုံးသည်ဟုလည်း ဗိုလ်မှူး စောလှငွေက ပြော သည်။ မဇ္ဈိမက သီးခြားအတည်ပြုချက် မရရှိသေးပေ။ထုတ်ပြန်ကြေညာချက်တွင် KNU ထိန်းချုပ်ရာ နယ်မြေများသို့ တပ်သားများ၊ ထောက်ပံ့ရေး ပစ္စည်းများ ထပ်မံပို့ဆောင်ခြင်း မပြုရန်နှင့် ကချင်ပြည်နယ် အပါအဝင် တိုင်းရင်းသား ဒေသများတွင် စစ်ဆင်ရေးများ ရပ်တန့်ရန်နှင့် မန်းငြိမ်းမောင် အပါအဝင် KNU အဖွဲ့ဝင် နိုင်ငံရေးအကျဉ်းသားများ အားလုံး ပြန်လွှတ်ပေးရန်လည်း တောင်းဆို ထားသည်။ဤအချက်များ ဖြည့်ဆည်းလုပ်ဆောင်ပေးပါက နှစ်ဖက် ကနဦး နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုများ စတင် လုပ်ဆောင်နိုင် မည်ဖြစ်ကြောင်း KNU က ဆိုသည်။ဗုဒ္ဓဟူးနေ့တွင် ထုတ်ပြန်သည့် KNU ၏ ထုတ်ပြန်ချက်တွင် စစ်မှန်သော ငြိမ်းချမ်းရေးရရှိရန် အဆင့်လေးဆင့်အဖြစ် ပဏာမ အပစ်အခတ် ရပ်စဲရေး အဆင့်၊ ခိုင်မာသည့် အပစ်အခတ် ရပ်စဲရေး အဆင့်၊ ကနဦး နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှု နှင့် နိုင်ငံရေးအရ ပူးပေါင်းပါဝင်ခြင်း တို့ပါဝင်သော လမ်းပြမြေပုံကို တင်ပြထားသည်။အဆိုပါ အဆင့်လေးဆင့်ကို အကောင်အထည်ဖေါ်ရန် အချိန်ကာလအားဖြင့် ၂ နှစ်မှ ၃ နှစ်ခန့် ကြာမြင့်နိုင်ကြောင်း ဗိုလ်မှူး စောလှငွေက မဇ္ဈိမကို ပြောသည်။ဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော အစိုးရ ကိုယ်စားလှယ်များနှင့် ဗိုလ်ချုပ်မူတူးဆေးဖိုး ဦးဆောင်သည့် KNU ကိုယ်စားလှယ်အဖွဲ့ဝင်များ ဇန်နဝါရီ ၁၃ ရက်နေ့က အပစ်အခတ်ရပ်စဲရေး ပဏာမ သဘောတူညီချက် ၁၁ ချက်ကိုနှစ်ဖက် လက်မှတ်ရေးထိုးခဲ့ကြသည်။

11ReadMore-2.jpg

Monday, February 20, 2012

DKBA နဲ့ နယ်ခြားစောင့်တပ်ကြား တင်းမာမှု အစိုးရ၀င်ညှိ VOA

မြန်မာအစိုးရနဲ့ အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးထားတဲ့ တိုးတက်သော ကရင်ဗုဒ္ဓဘာသာ တပ်မတော် (DKBA) နဲ့ အစိုးရက ဖွဲ့စည်းထားတဲ့ နယ်ခြားစောင့်တပ်တို့ အကြား တိုက်ပွဲတွေဟာ မနေ့ကစလို့ ဒီကနေ့အထိ ဆက်လက် ဖြစ်ပွားခဲ့ပါတယ်။ ဒီကေဘီအေ ပိုင် လက်နက်ခဲယမ်းတွေကို နယ်ခြားစောင့်တပ်က လာရောက်သိမ်းယူဖို့ ကြိုးပမ်းရာကနေ စတင်ခဲ့တာပါ။ တစ်ဘက်နဲ့တစ်ဘက် အပြန်အလှန် ပစ်ခတ်တဲ့အထိ ဖြစ်ခဲ့တဲ့တင်းမာမှုကို ဒီကနေ့မှာ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့က ကြားဝင် ညှိနှိုင်းပေးနေတယ်လို့ ဆိုပါတယ်။ နောက်ဆုံး အခြေအနေကို ဆက်သွယ် စုံစမ်းထားတဲ့ သတင်းထောက် မအေးအေးမာက တင်ပြထားပါတယ်။

မြိုင်ကြီးငူဒေသမှာ မကြာသေးခင်ကမှ မြန်မာအစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု လက်မှတ်ရေးထိုးခဲ့တဲ့ တိုးတက်သော ကရင်ဗုဒ္ဓဘာသာ တပ်နဲ့ မြန်မာအစိုးရဘက်က ဗိုလ်ချုပ် မောင်မောင်အုန်း ဦးဆောင်ဖွဲ့စည်း ပေးထားတဲ့ နယ်ခြားစောင့်တပ်တွေ ပစ်ခတ်မူကြောင့် နယ်ခြားစောင့်တပ်သား ၄ ဦး သေဆုံးခဲ့ပြီး အရပ်သား ၂ ဦး ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့ပါတယ်။

ဒီကေဘီအေ ကို လက်နက်သိမ်းတာကြောင့် ပစ်ခတ်မှုတွေ ဖြစ်ရကြောင်း၊ အခုအခါမှာ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့က ကြားဝင် ဆောင်ရွက်ပေးနေကြောင်း ဒီကေဘီအေ မြ၀တီမြို့ ဆက်ဆံရေးရုံးက အရာရှိ ဗိုလ်မှူးကြီး မောင်လေးက ပြောပါတယ်။

“နေ့လယ် ၁၁ နာရီမှာ စနိုက်ပါနဲ့ ပစ်တယ်လေ။ ကျနော်တို့ တပ်ဖွဲ့ဝင်တစ်ယောက်ကို ပစ်တာ။ သူ့ရဲ့ ဘယ်ဘက်လက်ဝါးမှာ ထိသွားတယ်လေ။ အခု ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုအဖွဲ့တို့က ညှိနှိုင်းနေတယ်။ ဆောင်ရွက်နေတယ်။ အဖွဲ့ခေါင်းဆောင်ကတော့ သူတို့ ညှိနှိုင်းနေတာပေါ့။ ၀န်ကြီးအဆင့်နဲ့လား သမ္မတ အဆင့်နဲ့လားတော့ မပြောတတ်ဘူးလေ။ အဲဒီမှာ ညှိနှိုင်းနေတယ်။ တိုင်းမှူးကိုလည်း သူတို့ကို ညွှန်ကြားထားတာတွေ ရှိတယ် ကျနော်တို့ သိရသလောက်။ အခု ကျနော်တို့ဆီက လောလောဆယ် အပြင်က လူကြီးတွေ ညှိနေတဲ့အချိန်မှာ ဘာမှ ပြန်မလုပ်ပါနဲ့လို့ အမိန့်ပေးထားလို့ သူတို့ အခုလောလောဆယ် ဘာမှ ပြန်မလုပ်သေးဘူး။”

နယ်ခြားစောင့်တပ်က တပ်စုမှူး အပါအ၀င် ၈ ဦင်္း ဒီကေဘီအေ ကို လာရောက် ပူးပေါင်းမူတွေ လုပ်ခဲ့တာကို မကျေနပ်ရာကနေ သူတို့ လက်နက်တွေ လာသိမ်းတာ ဖြစ်တယ်လို့ ဒီကေဘီအေဘက်က ပြောပါတယ်။

“အခု သူတို့ တောင်းဆိုတာက နယ်ခြားစောင့်တပ်ပေါ့။ သူတို့က တပ်စုမှူးအဆင့်ရှိတဲ့ တင်ညွှန့်က ကျနော်တို့ ဒီကေဘီအေဘက်ကို လာပေါင်းတယ်လေ။ သူတို့ ပေါင်းနေတဲ့အချိန်မှာ တင်ညွှန့်ကို ကျနော်တို့အဖွဲ့က အတင်းအဓမ္မ BPS တံဆိပ် ချွတ်ခိုင်းတယ်၊ လက်နက်တွေ သိမ်းလိုက်တယ်လို့ သူတို့က ယူဆတာကိုး။ အမှန်မှာကတော့ ကျနော်တို့အဖွဲ့ တင်ညွှန့် ရောက်လာတာနဲ့ ကျနော့်ဆီကို အကြောင်းကြားတယ်။ အကြောင်းကြားတော့ ကျနော်တို့အနေနဲ့ လက်ခံလို့ မရဘူးဆိုတာကိုလည်း သူတို့ကို ကျနော်တို့အောက်က တပ်ဖွဲ့တွေကို အကြောင်းကြားထား ပြီးသားလေ။ တရားဝင် ကျန်ာတို့အနေနဲ့ ဒီမှာ လက်မှတ်ထိုးထား ပြီးသားဆိုတော့ သူတို့ကို လက်ခံလိုက်ရင် အစိုးရနဲ့ အများကြီး စကားပြောရမယ်။ လက်ခံလို့မရဘူး။ ကျနော်တို့က အဲဒီလို ပြောထားတယ်။ အဲဒါကြောင့် သူတို့အနေနဲ့ လက်မခံပါဘူး။ အခု လောလောဆယ် ကျနော်တို့ အဖွဲ့နဲ့ မနီးမဝေးမှာ နေနေပါတယ်။ ဒါပေမဲ့ ကိုယ့်အချင်းချင်းပဲ ဆိုတော့ ကျနော်တို့က ဘာမှမလုပ်ဘူးလေ။ အမှန်မှာကတော့ ဒါ သူတို့လူပဲလေ။ သူတို့လူကို သူတို့ လိုက်ထိန်းပေါ့။ သူတို့ ပြန်လာခေါ်လိုက်ပေါ့ ပြန်ခေါ်ချင်ရင်။ ကျနော်တို့လည်း ကန့်ကွက်စရာ အကြောင်း မရှိဘူးလေ သူတို့ခေါ်တာကို။ အခုလည်း ကျနော်တို့ အဲဒီသူတို့ လူနဲ့ပတ်သက်ပြီးတော့ ကျနော်တို့ လက်နက်ကို သိမ်းတာကတော့ သူတို့ ရန်စတယ်လို့ပဲ ကျနော်တို့ ယူဆတယ်လေ။ သူတို့ကတော့ ဥပမာအားဖြင့် ကျနော်တို့နဲ့ တိုက်ရိုက် ပတ်သက်မှုမရှိဘူးလေ။ တိုက်ရိုက် ပတ်သက်မှုမရှိတာကို ပတ်သက်လာအောင် သူတို့ အဲဒီလို ဖန်တီးလာတဲ့အချိန်ကျတော့ ကြာလာရင်တော့ ကျနော်တို့ လက်နက်တွေ ပြန်မရရင်တော့ တင်းမာမှုတွေ ရှိနိုင်တယ်။”

တိုးတက်သော ကရင်ဗုဒ္ဓဘာသာ တပ်ဟာ မြန်မာအစိုးရနဲ့ ၁၆ နှစ်ကြာ အပစ်အခတ် ရပ်စဲပြီးမှ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို လက်မခံရာကစလို့ ၂၀၁၀ ခုနှစ် နိုဝင်ဘာလကနေ ၂၀၁၁ ခုနှစ် နိုဝင်ဘာလ အထိ မြန်မာအစိုးရ တပ်တွေနဲ့ ပြန်လည် တိုက်ခိုက်မှုတွေ လုပ်ခဲ့ပါတယ်။ ၂၀၁၁ ခုနှစ် နိုဝင်ဘာလထဲမှာပဲ အသစ်တဖန် အပစ်အခတ် ရပ်စဲရေး လုပ်ခဲ့တာဖြစ်ပါတယ်။

11ReadMore-2.jpg

Sunday, February 19, 2012

Sunday, October 9, 2011

သင်ဘာဆက်လုပ်မလဲ ?

မိုင်ကြီးငူဘက်မှာ ကရင်တွေအချင်းချင်းပြန်တိုက်ခိုက်ကြတဲ့ ဘီဘီစီထဲကသတင်း
ကြောင့် အများကြီးစိတ်မကောင်းဖြစ်ရပြန်တယ်
ငါတို့ကရင်တွေ တွေဝေမနေဘဲ ပြတ်ပြတ်သားသားတစ်ခုခုကိုဆုံးဖြတ်တတ်ဘို့ ဒီကဗျာတွေနဲ့
သတိပေးစေချင်ပါတယ်
တကယ်မပေးချင်သူတွေရဲ့ လက်ထဲကငြိမ်းချမ်းရေးဆိုတဲ့အရာကို
ဟိုလူကိုတစ်မျိုး ဒီလူကိုတစ်မျိုးလုပ်နေတဲ့ မဟာစစ်ဝါဒီတွေရဲ့နှုတ်ဖျားမှာ
သကာဆိုတဲ့အရာကိုနားယောင်ပြီး အချိန်ကုန်ခံကာမျှော်လင့်နေကြတဲ့
တော်လှန်ရေးအင်အားစုတွေကိုသတိချပ်စေချင်တယ်။
ကျနော်ငယ်ငယ်ကတည်းကဖတ်ခဲ့ဘူးတဲ့ သနူးထူးဂျာနယ်ထဲကစာသားတစ်ချို့ ပြောပြချင်တယ်
အဲတာကဘာလဲဆိုတော့...
တော်လှန်ရေးဆိုတာ မကောင်းတဲ့စနှစ်ကိုတွန်းလှန်ဖြိုဖျက်ပြီးကောင်းတဲ့စနှစ်နဲ့အစားထိုးဘို့ဘဲတဲ့
အဲလိုတော်လှန်တိုက်ပွဲဝင်တဲ့နေရာမှာ မကောင်းတဲ့စနှစ်တစ်ခုလုံးဖြိုချနိုင်ပြီးကောင်းတဲ့စနှစ်သစ်တစ်ခုနဲ့အစားထိုးနိုင်မှ
တော်လှန်ရေးပြီးဆုံးမှာဖြစ်တယ်။
ကရင်ပြည်ကိုရယူနိုင်ဘို့နည်းလမ်းသုံးခုရှိတယ်တဲ့
(၁) ရန်သူကသနားလို့ ကရင်ပြည်ကိုပေးလို့ ကရင်ပြည်ကိုရတာ
(၂) ရန်သူက ဘက်ပေါင်းစုံအခက်အခဲဖိအားကိုရင်ဆိုင်ရလို့ မလွဲသာမရှောင်သာ ကရင်ပြည်ကိုပေးလိုက်ရတာ။
(၃) ရန်သူကစစ်ရေးအရ အရေးမလှလို့ရှုံးနိမ့်ကာကရင်ပြည်ကိုပေးလိုက်ရတာ။
ကဲ..သင့်တိုင်းပြည်နဲ့လူမျိုးလွတ်လပ်မှုရရှိဘို့သင်ဘယ်လမ်းကိုရွေးမလဲ?သင်ဘာဆက်လုပ်မလဲ?

သင်ဘာဆက်လုပ်မလဲ?

ကရင်ဆိုတာ ကမ္ဘာတစ်ခွင်မှာထင်းရှားတဲ့အမှတ်သညှာမရှိပေမဲ့
ကမ္ဘာ့ရာဇ၀င်မှာစံတင်လောက်တဲ့မှတ်တမ်းတွေရှိခဲ့တယ်
မြန်မာမှာထင်ရှားတဲ့ခေါင်းဆောင်တွေရှိခဲ့ညားလည်း
ရိုးသားလို့မတိုးပွါးတာလား
မကြိုးစားလို့အောင်ပွဲမဆင်နိုင်တာလား
အမြင်မကျယ်လို့အယုံလွယ်တာလား
ဒါပေမဲ့..... ဒါပေမဲ့.......ဒါပေမယ့်.....

ရက်စက်သူမဟာဝါဒီတွေနဲ့
ကောက်ကျစ်သူ မဟာဝါဒတွေကြောင့်
ဝမ်းလျားမှောက်ပြီး အငတ်ရောက်နေသူတွေလဲရှိသလို
လွတ်လပ်မှုအတွက်ရှာဖွေရင်းထောင်နန်းစံသူတွေလည်းရှိခဲ့။
ငြိမ်းချမ်းခြင်းကိုမြတ်နိုးရဲ့နဲ့ စစ်တိုက်နေရသူတွေလဲရှိသလို
အမှန်တရားကိုဆုတ်ကိုင်ထားပါရဲ့နဲ့
ကျဆုံးခဲ့ရတဲ့ အာဇာနည်တွေလဲမရေတွက်နိုင်ခဲ့
အိမ်ယာပျောက်ပြီး ခိုကိုးရာမဲ့နေသူတွေလဲရှိသလို
အိမ်ကောင်းဆောက်ပြီး အိတ်ဖေါင်းတဲ့ကရင်တွေလဲရှိပါရဲ့။
ဒါပေမဲ့.... ဒါပေမဲ့....ဒါပေမယ့်....

မဟာဗမာအာဏာရှင်အောက်
ကျွန်သားပေါက်မဖြစ်ဘို့အရေး
ငါးကြင်းဆီနဲ့ ငါးကြင်းကြော်တာလား
အိုးမဲသုတ်ပြီးပေးခွပ်တာလား
ဒါတွေဟာစစ်ရေးမှာ တွေငေးရမယ့်အရာမဟုတ်။

အမျိုးမတူရင် ရန်သူဆိုတဲ့ခေတ်မဟုတ်တော့သလို
အမျိုးတူလဲ မူမတူရင် ရန်သူဘဲဆိုတာမေ့မထားသင့်
ဆွမ်းဆန်ထဲကကြွက်ချေးတွေအတွက် ငဲ့ရမယ့်အချိန်မဟုတ်။
တွေဝေမနေနဲ့ ငေးမောမနေနဲ့
မဟာဝါဒီတွေကသင့်အတွက်ရွေးချယ်မှုပေးပြီးသားပဲ
မမှတ်မိရင်ထပ်ပြောပေးမယ်
ကရင်ပြည်ကိုလိုချင်ရင် တိုက်ယူတဲ့
ကဲ ...သင်ဘာဆက်လုပ်မလဲ?

စ ,အိုင်ခန့်(နှင်းခဲမြေ)

11ReadMore-2.jpg

Thursday, February 16, 2012

Zarganar at NY နယူးယော့ ရောက်ဇာဂနာ



11ReadMore-2.jpg

ရွှေညဝါဆရာတော်နောက်ဆုံးဆွမ်းခံကြွ


ဒီမိုကရေဆီနိုင်ငံသစ်ဆီကို သွားနေပါတယ်ဆိုတဲ့ အာဏာရှင် လူအစိုးရနဲု့ ဘုန်းကြီးအစိုးရတွေကြောင့်သာသနာပျက်ကိန်းဆိုက်ရပြီးထင်တယ် ဘယ်မှာလဲလွတ်လပ်စွာစည်းရုံးဟောပြောပိုင်ခွင့်ဆိုတာ အရှက်မရှိတဲ့ သံဃာ့
အဖွဲ့ ချုပ်ကသံဃာတစ်ချို့ နဲ့ စစ်အစိုးရဟောင်းမှ ကြံ့ဖွူံ့ အစိုးရအဖြစ် ဗိုလ်ချုပ်တွေ
မင်းတို့ ရဲ့နောက်ဆုံးနေ့ရက်များမှာမျက်ရေတွေနဲ့ နောင်တ မရ စတမ်းပေါ့ကွာ။

11ReadMore-2.jpg

Sunday, February 12, 2012

အမုန်း Valentine's



လူတကာတွေပြုံးပျော်တဲ့ ချစ်သူများနေ့တဲ့
ဆုံးရှုံးမှူနဲ့ အလိုမကျမှုတွေကြောင့်
အကြိမ်ကြိမ် “တောက်"ခေါက်နေမိတဲ့ကျနော်
နှလုံးသားခံပြင်းချက်ထဲက စာစုတွေနဲ့
ကဗျာတစ်ပုဒ်ကို ရင်နာနာနဲ့ရေးဖွဲ့နေမိတယ်
ဖိနှိုပ်ကျွန်ပြုမှုကို တွန်းလှန်ခဲ့တဲ့သင်ဟာ
ငြိမ်းချမ်းခြင်းကိုမြတ်နိုးတဲ့သူလဲဖြစ်တယ်။
ကိုယ်ကျိုးစွန့်အနှစ်နာခံခဲ့တဲ့သင်ဟာ
ရေပေါ်ဆီအချောင်သမားတွေကို
အော့နှလုံးရွံရှာမုန်းတီးသူလဲဖြစ်တယ်
စေ့စပ်ဆွေးနွေးခြင်းကိုလိုလားတဲ့သင်ဟာ
လှည့်ဖြားနားချသူတို့အားခေါင်းမာခဲ့တဲ့သူလဲဖြစ်တယ်
တန်းတူရေးဝါဒကိုလက္ခံကျင့်သုံးတဲ့သင်ဟာ
မဟာဝါဒကိုဆန့်ကျင်သူလဲဖြစ်တယ်
နောက်လိုက်ကောင်းကိုလုပ်နိုင်တဲ့သင်ဟာ
ခေါင်းဆောင်ကောင်းတို့ရဲ့စံကိုပြသခဲ့သူလဲဖြစ်တယ်
ပိုးစူးကြူးလိုအလင်းမှိန်ခဲ့တဲ့သင်ဟာ
ကြယ်စင်တစ်ပွင့်လိုတောက်ပခဲ့တဲ့သူလဲဖြစ်တယ်
ချစ်သူတစ်ကမ္ဘာရဲ့အချစ်ကို ညို့ယူနိုင်ခဲ့တဲ့သင်ဟာ
မုန်းသူလူတစ်စုကြောင့်ကြွေကျခဲ့ရတယ်။
ပျော်ရွင်စရာကောင်းတဲ့ချစ်သူများနေ့လည်း
ရင်နာစရာမုန်းသူများနေ့အဖြစ် ငါလေ ဖြစ်ခဲ့ရ
အသင်ကြွေကျချုပ်ငြိမ်းသွားပေမယ့်
သင်ရဲ့ဝိညာဉ်တွေ ဒို့အသွေးအသားမှာပူးကပ်စီးဝင်နေဆဲ
အမျိုးသားလွတ်မြှောက်ရေးအတွက်
တိုက်ပွဲပေါင်းထောင်သောင်း မကကိုဆင်နွဲဘို့
သင့်ရဲ့ရင်ဘတ်မှာစီးကျပေးဆပ်ခဲ့တဲ့
သင့်ရဲ့သွေးစက်နီနီလေးတွေနဲ့
တော်လှန်ရေးသမိုင်းကိုငါတို့ဆက်ရေးရဦးမယ်။

အတီးမန်းရှာအား ဒီကဗျာလေးနဲ့ လွမ်းသူ့ကဗျာပန်းခွေ ချယင်း အစဉ်ထာဝရအလေးပြုပါသည်။
စအိုင်ခန့်(နှင်းခဲမြေ) 2/12/2009 တွင်ရေးစပ်ခဲ့သည်။
+++++++++++++++++++++++++++++++++++++++++++++++++++++++
ဏ်ုဝိညင်.နုက်ပ်ုသဲုးဍယ်
++++++++++++++
ထီခါန်.ဟှင်.ဍေဆိုဒ်သ္နာ
ေ๏့မ်ုဖံင်ဖ္လေကုက်ဟှယ်မာ
ဆ်ုဖံင်ဖ္လေဆ်ုဖါန်ဖိုင်သာ
ဏဲပ်ုယုံ့ ထုင်.တင်လုက်ခ္လါ။
အဲဆိုဒ်ထုင်.ဆာ့ဍေယင့်သာ
သုဂ်ထျာ.ဟှေဝ်အွါဆိုဒ်ဆ်ုမာ
မိင်ဖ္လဟ်ထ်ုယဝ်.ဟှေဝ်မိက္တာ
ထေါဟ်ဟှံင်လ်ုအှ်မ္နီဟ်လိုဒ်.ကာ။
ေ๏့ဖါသိုင့်လါင့်ခွဲါက်ု๏င်
ဟှုင်.ခိုင့်ဆိုဒ်ဟှင်.တုင်.ပါင်လင်
ဆ်ုဖံင်ဖ္လေဖ၀့်က္လောဝ်သုင်းဖ္လင့်
ဆူ့ဖှေ်ထီ့ဆ်ုတိုဒ်က်ုရေင့်။
ဖါ့သူးဟှယ် ဍူဟှေဝ်၀ိညင်.
တါင်ဃှီ့လိုဒ်.ကာဍေဆိုဒ်ခါန်.
ခ်ါလ်ုအှ်ေ๏့မူ.လာဖါန်
ယှူးခ္လိင်းအ်ုလျာ.ဃှိင်ကောဝ်ကြင်။
လ်ုထုက်ဍ်ါပ်ုဆိုဒ်ဖိုင်သာ
လ်ုကုဂ်ဖင်ဖင့်๏းလင်ဖါ
ဆိုဒ်ဖေါဟ်ဟှင်.မေင်စိင်အ်ုတာ
ဍေဏ်ုသဲုးထီ့ကေ၀်ဏဲပျာ။
လင်ဃွှီးဏင့် ကံင်ထျးက္ဆာ.
မိင်လ်ုလင်အေါဟ် လ်ုလင်မာ.
ဏ်ုဝိညင်.ပ်ုသဲုးဍွယ်ဖိုင်
ဟှယ်နုက်ဟှယ်ဝါ လ္မံင်.ဏ်ု။
+++++++++++++++++++++++++++++++++++++++++++++++++++
ယုဂ်ယါန်းဘး ဍူဟှေဝ် မါန်စစ်ယှးလာဖါန်အိုဝ်---
စအိုင်ခန့် (နှင်းခဲမြေ) စဝ်ဖူ့ဍါင် 2/6/ 2009

11ReadMore-2.jpg

20120212 Daw Aung San Suu Kyi War Thin Ka Speech.mp4 ၀ါးသင်္ခရွာမှဒေါ်စုမိန့်ခွန်း



11ReadMore-2.jpg

Saturday, February 11, 2012

မြန်မာအစိုးရရဲ့ လျှို့ဝှက် စီမံကိန်း

မြန်မာအစိုးရရဲ့ လျှို့ဝှက် စီမံကိန်း ( ဘာတေးလ် လစ်တနာ၊ ၁၁-၂ -၂၀၁၂ )

အေးရှတိုင်းမှာ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့ကဖော်ပြခဲ့တဲ့ ဆောင်းပါးကိုဘာသာပြန်ထား တာဖြစ် ပါတယ်။



မြန်မာ နိုင်ငံရဲ့ လက်ရှိ အစိုးရနဲ့ အရင်အစိုးရတို့ရဲ့ အလွန်ဆိုးဝါးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု မှတ်တမ်းတွေ အပေါ်မှာ နိုင်ငံတကာက ဝေဖန်ပြစ်တင်တာတွေ ရပ်တန့်သွားပြီး ခုချိန်မှာ မြန်မာအစိုးရအတွက် နိုင်ငံတကာ မိတ်ဆွေတွေ တိုးပွားနေပါတယ်။

အမေရိကန် အစိုးရနဲ့ ဥရောပ သမဂ္ဂ အတွင်းက ရန်သူဟောင်းတွေကလည်း အခု အခါ စီးပွားရေးပိတ်ဆို့မှုတွေ ရုပ်သိမ်းသူက ရုပ်သိမ်းကြ သလို၊ တချို့ကလည်း ရုပ်သိမ်းဖို့ ပြင်နေကြပြီ။ နိုင်ငံပေါင်းစုံ ဖြန့်ကျက်လုပ်ကိုင်နေကြတဲ့ ကုမ္ပဏီကြီးတွေကလည်း အာရှမှာ နောက်ဆုံး ရင်းနှီးမြုပ်နှံရာ မြန်မာစားကျက်မြေကြီးထဲကို ခြေစုံပစ်ဝင်လိုက်ဖို့ရာ ခြေလှမ်းတပြင်ပြင်ဖြစ်နေပြီ။



သမ္မတ သိန်းစိန်ရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ခြေလှမ်းတွေဆိုတာနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး ဆိုတာကို အနောက်ကမ္ဘာ တခုလုံးက ကန့်ကွက်သူ မရှိသလောက်နီးနီး ချီးမွမ်းသြဘာပေးနေကြတယ်။ ဒါပေမဲ့ တကယ်တန်းဘာတွေ ပြောင်းပါသလဲ။

အဲဒီအပြောင်းအလဲဆိုတဲ့ အပြောတွေရဲ့ နောက်ကွယ်မှာ ဘာတွေ ရှိနေသလဲ။



-ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေ ဦးဆောင်တဲ့ ၂၀၀၇ ခုနှစ် ဆန္ဒပြပွဲတွေ အပေါ်မှာ ရက်ရက်စက်စက် နှိမ်နင်းဖြိုခွဲခဲ့တာ တွေ၊

၂၀၀၈ ခုနှစ် -အစောပိုင်းတုန်းက ဖြစ်ပွားခဲ့တဲ့ နာဂစ် ဘေးဆိုးကာလကြီးရဲ့ အစပိုင်းမှာ အကြင်နာကင်းမဲ့ ရက်စက်တဲ့ တုန့်ပြန်ပုံတွေ၊

-ဒီလူသတ်မုန်တိုင်းကြီး ဖြစ်ပြီးကာစမှာပဲ အခြေခံဥပဒေသစ်နဲ့ ပတ်သက်တဲ့ အတုအယောင် ဆန္ဒခံယူပွဲကြီးကျင်းပခဲ့လို့ အများက ဝိုင်းဝန်း ရှုတ်ချ ပြစ်တင်ခံရတာတွေ၊

၂၀၁၀ နိုဝင်ဘာမှာ လုပ်တဲ့ အထွေထွေရွေးကောက်ပွဲမှာ ပြောင်ပြောင်တင်းတင်း မဲခိုး မဲညစ်ပြီး စစ်တပ်ကျောထောက်နောက်ခံ ကြံ့ဖွံ့တွေက မဲတွေ သိမ်းကြုံးလုယူသွားတာတွေကို မကြာသေးခင်ကာလကလေးမှာပဲ နိုင်ငံတကာ အသိုင်း အဝိုင်းက ဝိုင်းဝန်းရှုတ်ချအပြစ်တင်ခဲ့ကြပါသေးတယ်။





အခုခေတ်စားနေတဲ့ သီအိုရီ တခုအရ အစိုးရအဖွဲ့အတွင်းမှာ ခေါင်းမာသူတွေနဲ့ ပြုပြင်ပြောင်းလဲလိုသူတွေ အာဏာလွန်ဆွဲနေကြတယ်လို့ ဆိုပါတယ်။

ခုလောလောဆယ်အထိတော့ ပြုပြင်လိုသူတွေက အသာစီးရနေသေးတယ်လို့လည်း ဆိုကြလေရဲ့။

အနောက်နိုင်ငံ တော်တော် များများက ဘာပဲလုပ်လုပ် သူတို့ လုပ်တဲ့ အလုပ်တိုင်းဟာ ပြုပြင်လိုသူတွေကို ထောက်ခံအားပေးရာ ရောက်ဖို့ နဲ့ လောလောဆယ် ဖြစ်ပေါ်နေတဲ့ ပြုပြင်ပြောင်းလဲမှုတွေ နောက်ပြန်ဆုတ်မသွားဖို့ ဆိုတဲ့ အချက် အပေါ်မှာ ပေါ်လစီချ ဆောင်ရွက်နေ ကြတာက လည်း အထင်အရှားပါပဲ။



ဥရောပ သမဂ္ဂနဲ့ အမေရိကန်ပြည်ထောင်စုတို့ဟာ ဒီသဘောထားကို လူသိရှင်ကြားထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

အီးယူ ဥရောပ သမဂ္ဂ ဥက္ကဌ ဟားမန်း ဗန် ရွန်းပါ က ဘရပ်ဆဲလ် ထိပ်သီး အစည်းအဝေးမှာ ကြေညာ ပြောဆိုခဲ့ရာမှာ “ မြန်မာအစိုးရရဲ့ အရေးပါတဲ့ ပြုပြင်ပြောင်း လဲမှုတွေကို ကြိုဆိုပါတယ်။ အစိုးရအနေနဲ့ ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းအတိုင်း ဆက်သွားမယ်ဆိုတဲ့ သန္နိဌာန်ထားရှိဖို့ကိုလည်း တိုက်တွန်းအားပေးပါတယ်” လို့ ပြောခဲ့ပါတယ်။



အဲသလို သူမပြောခင် တရက်အကြိုမှာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း လာမယ့် ရွေးကောက်ပွဲမှာ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပါခွင့်ပေးတာ အပါအဝင် မြန်မာနိုင်ငံရဲ့ လောလောဆယ်လုပ်တဲ့ အပြောင်းအလဲတွေကို “အားပေး” ပါတယ်လို့ ပြောခဲ့ပါတယ်။



တချို့လူတွေကတော့ အစိုးရခေါင်းဆောင်တွေကြားက အကွဲအပြဲဆိုတာတွေဟာ ပြည်တွင်း အတိုက်အခံတွေ ငြိမ်နေအောင်၊ အနောက်နိုင်ငံ တွေဆီက အရင် ဝေဖန်သူဟောင်းတွေရဲ့ အသံတွေ တိတ်ပြီး နိုင်ငံခြားမိတ်ဆွေတွေတိုးလာအောင် သူတို့ စစ်ဗိုလ် အချင်းချင်း ကြားမှာ လူဆိုး လူကောင်းအုပ်စုခွဲပြီး ဇာတ်တိုက်ကပြနေကြတာလို့ သံသယဝင်ကြပါတယ်။



တချို့ကတော့လည်း သိန်းစိန် အစိုးရဟာ သူတို့ စစ်အာဏာရှင် အသိုင်းအဝိုင်းအတွင်းမှာတောင် သူ့ခြေလှမ်းကို ကြိုမခန့်မှန်း နိုင်လောက် အောင် ဝှက်ဖဲတွေကို ခုချိန်အထိ ပါးပါးနပ်နပ် ကိုင်တွယ်ပြီး ကစားနေတယ်လို့ မြင်ကြပါတယ်။



မြန်မာ့ နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှုကို ဆယ်စုနှစ်တွေနဲ့ ချီပြီး လေ့လာသူ မြန်မာတယောက်ကတော့ “တကယ်တန်း အာဏာရှိတာက စစ်တပ်ဗျ။ ဒီမိုကရေစီအစိုးရ ကိုယ်စားလှယ်တွေမှာ ဘာအာဏာ မှ ရှိတာမဟုတ်ဘူး” လို့ ပြောပါတယ်။



စနစ်တကျ အကွက်ချထားတဲ့ အစီအမံ



မြန်မာအစိုးရရဲ့ ပေါ်လစီ အပြောင်းအလဲနဲ့ ဘာ့ကြောင့် အနောက်နိုင်ငံတွေက ဒီလောက်ထောက်ခံနေကြသလဲဆိုတာကို နားလည် နိုင်ဖို့ဆိုရင် ၂၀၀၀ ခုလွန်အစောပိုင်းကာလတွေကို ပြန်ပြောင်းကြည့်ရှုဖို့ လိုပါလိမ့်မယ်။

အဲဒီအချိန်တုံးက နိုင်ငံတကာရဲ့ အပြစ်တင်မှု၊ ဖိအားပေးမှုတွေရှိနေပြီး အုပ်စိုးသူ စစ်အစိုးရဟာ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီသို့ ချီတက် ရာ လမ်းပြမြေပုံ ခုနစ်ချက်ဆိုတာကို ၂၀၀၃ ခု သြဂုတ်လမှာ ကြေညာခဲ့ပါတယ်။



အဲဒီ လမ်းပြမြေပုံအရ အခြေခံဥပဒေသစ်ရေးဆွဲ၊ ရွေးကောက်ပွဲကျင်းပ၊ ပြီးရင် လွှတ်တော် ခေါ်ယူပြီး ခေတ်မီဖွံ့ဖြိုးသော ဒီမိုကရေစီ နိုင်ငံတော်ကြီး တည်ဆောက်မယ်လို့ ဆိုပါတယ်။



လမ်းပြမြေပုံကို ပြည်သူသိအောင် ကြေညာခဲ့ပါတယ်။ တချိန်တည်းမှာပဲ လျှို့ဝှက် မဟာစီမံကိန်းတရပ်ကို တပြိုင်တည်း ရေးဆွဲခဲ့ပါတယ်။

အဲဒီစီမံကိန်းမှာ အမေရိကန် အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းကို ဘယ်လိုဆက်ဆံမယ်ဆိုတဲ့ နည်းလမ်းတွေနဲ့ အတိုက်အခံကို ဘယ်လို ဟန့်တားမယ်ဆိုတာတွေ ထည့်သွင်းရေးဆွဲထားပါတယ်။



ဒီအက်စ်အေရဲ့ သုတေသန အရာရှိတယောက်ဖြစ်တဲ့ ဗိုလ်မှူးအောင်ကျော်လှ ရေးသားတယ်ဆိုတဲ့ အဲဒီလျှို့ဝျက် စီမံကိန်းကို ၂၀၀၄ ခုနှစ်မှာ ရေးသားပြီးစီးခဲ့ပါတယ်။ ဗိုလ်မှူးအောင်ကျော်လှဆိုတာ ဘယ်သူလဲဆိုတာတော့ သေသေချာချာ မသိရပါဘူး။



မြန်မာဘာသာနဲ့ ရေးတဲ့ အဲဒီစာတမ်းမှာ မဟာစီမံကိန်းရဲ့ နောက်ကွယ်က သေနင်္ဂဗျူဟာကို သုံးသပ်ဖော်ပြထားပါတယ်။

အောင်ကျော်လှဆိုတာဟာ တကယ်ရှိတဲ့လူတယောက်လား၊ နာမည်ဝှက်လားဆိုတာ သေသေချာချာ မသိရပေမဲ့ နာမည်ဝှက်လို့ ယူဆ စရာရှိပါတယ်။



စာမျက်နှာ ၃၄၆ မျက်နှာရှိပြီး မြန်မာ အမေရိကန် ဆက်ဆံရေး လေ့လာချက် လို့ နာမည်ပေးထားတဲ့ အဲဒီစာတမ်းမှာ အဓိကဆွေးနွေး ထားတာကတော့ မြန်မာရဲ့ တရုတ်နဲ့ သံတမန်ရေးရာ မဟာမိတ်ဖွဲ့ထားတဲ့ အနေအထားနဲ့ စီးပွားရေး မီခိုအားထားနေရတဲ့ အခြေအနေဟာ တိုင်းပြည်ရဲ့ လွတ်လပ်ရေးကို ခြိမ်းခြောက်ခံ နေရတဲ့ အရေးပေါ် အခြေအနေကို ဖြစ်ပေါ် စေတယ်လို့ ဆိုပါတယ်။



ဒီစာတမ်းရဲ့ အကြံပြုချက်အရ၊ လမ်းပြမြေပုံခုနစ်ချက်ကို အကောင်အထည်ဖော်၊ အစိုးရတရပ်ကို ရွေးကောက်တင်မြှောက်ခြင်းအားဖြင့် ပြင်ပ ကမ္ဘာက လက်ခံနိုင်လောက်တဲ့ ပုံစံဖြစ်လာအောင်လုပ်တဲ့နည်းလမ်းကျင့်သုံးပြီး အနောက်အုပ်စုနဲ့ မြန်မာရဲ့ ဆက်ဆံရေးကို ပုံမှန်ပြန်ဖြစ် အောင်လုပ်ရမယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံကို စစ်အစိုးရပုံစံနဲ့ အုပ်ချုပ်နေသေးသမျှမှာ အနောက်ကမ္ဘာနဲ့ ဆက်ဆံရေး ပုံမှန် မဖြစ်နိုင်ဘူးလို့ သူတို့အတွင်းစည်းမှာတွေးခေါ်ယူဆတာကတော့ ထင်ရှားလှပါတယ်။



ဒါ့အပြင် မဟာစီမံကိန်းစာတမ်းမှာ အောင်ကျော်လှ အကြံပေးထားတာက လူ့အခွင့်အရေး ပြဿနာကို အနောက်နိုင်ငံတွေက စိုးရိမ်ပူပန် တာမှန်ပေမဲ့ အမေရိကန်ဟာ သူတို့ရဲ့ သေနင်္ဂဗျူဟာ အတွက် အရေးပါတဲ့ အကျိုးစီးပွားတွေကြောင့် သူတို့မူကို ပြင်ဖို့ ဆန္ဒရှိလိမ့်မယ်လို့ ဆိုထားပါတယ်။



သေနင်္ဂဗျူဟာကျတဲ့ အကျိုးစီးပွားဆိုတာ ဘာတွေလဲဆိုတဲ့ အချက်ကိုတော့ အတိအကျ ပြောပြ မထားပါဘူး။

ဒါပေမဲ့ သူတွေးခေါ်ပုံဟာ အမေရိကန် တရုတ်အားပြိုင်မှုကို အခြေခံပြီး အမေရိကန်နဲ့ ဘုံအကျိုးတူ အခြေခံကိုရှာဖွေတွေ့ရှိနိုင်မယ်လို့ တွေးတာ ထင်ရှားပါတယ်။

အမေရိကန်ဟာ သေနင်္ဂဗျူဟာအရ အရေးပါတဲ့ အကျိုးစီးပွားတွေနဲ့ သက်ဆိုင်လာရင် ဒီမိုကရေစီနဲ့ ဆန့်ကျင်နေသော် ငြားလည်း သူ့မူဝါဒကို ပြုပြင် အလျော့ပေး တတ်ကြောင်းကို အောင်ကျော်လှက ဗီယက်နမ်နဲ့ အာဏာရှင် ဆူဟာတို လက်ထက် အင်ဒိုနီးရှား ဥပမာတွေနဲ့ ထောက်ပြပြောဆိုပါတယ်။



တကယ်လို့ အမေရိကန်နဲ့ ဆက်ဆံရေး ကောင်းမွန်အောင်လုပ်နိုင်ရင် မြန်မာအနေနဲ့ သေလုမျောပါး လိုအပ်နေတဲ့ ကမ္ဘာ့ဘဏ်၊ နိုင်ငံတကာ ငွေကြေးရန်ပုံငွေ အဖွဲ့ IMF ၊ နဲ့ နိုင်ငံတကာ ဘဏ္ဍာရေး အဖွဲ့အစည်းတွေဆီက ငွေကြေးအကူအညီကို ရနိုင်မယ်လို့ အဲဒီ မဟာစီမံကိန်းက ဖော်ပြပါတယ်။

ဒါဆိုရင် မြန်မာဟာ တရုတ်အပါအဝင် အိမ်နီးချင်းနိုင်ငံတွေရဲ့ စေတနာနဲ့ ကုန်သွယ်ရေး အပေါ်မှာ မီခိုနေ ရတဲ့ ဒေသတွင်းနိုင်ငံတနိုင်ငံ အဆင့်ကနေ ကျော်လွန်ပြီး ဂလိုဘယ်လိုက်ဇေးရှင်းခေတ်ထဲကို ဝင်ရောက်နိုင်လိမ့်မယ်လို့ အကြံပြုထားပါတယ်။



မြန်မာဟာ အနောက်နိုင်ငံတွေရဲ့ ယုံကြည်မှုရအောင် တရုတ်နဲ့ မဟာမိတ်ဖွဲ့ထားတဲ့ ဆက်ဆံရေးကို မလျော့ချခင်မှာ ပေါ်ပေါက်လာနိုင်တဲ့ ပြဿနာတွေကိုလည်း မဟာစီမံကိန်းမှာ ပြည့်ပြည့်စုံစုံဖော်ပြထားပါတယ်။

အဲဒီစီမံကိန်းကို ရေးဆွဲနေစဉ်ကာလဟာ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထားတဲ့ကာလဖြစ်ပြီး အဲဒီစာတမ်းထဲမှာ ဒေါ်အောင်ဆန်း စုကြည်ဟာ သော့ချက်ဖြစ်တယ်လို့ ရေးထား ပါတယ်။



သူ့ကို ဖမ်းထားတဲ့ အချိန်တွေမှာ နိုင်ငံရေးဖိအားတွေ ပိုမိုလာပြီး သူ့ကို လွှတ်ပေးထားရင် ဖိအားတွေလျော့သွားတယ်လို့လည်း သုံးသပ် ထားပါတယ်။

စုကြည်ကို လွှတ်ပေးခြင်းဟာ အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေးကို တိုးတက်စေလိမ့်မယ်လို့ အစီရင်ခံစာမှာ ရေးထား သလို သူ့ရဲ့ အဆုံးစွန်ရည်မှန်းချက်အဖြစ် ရှင်းရှင်းလင်းလင်းရေးသားထားတာကတော့ အတိုက်အခံအင်အားစုကို ဖြိုခွဲရေးပဲ ဖြစ်ပါတယ်။





တချိန်တည်းမှာပဲ အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့ရေး ကို ဆန့်ကျင်တဲ့ အနောက်တိုင်း ပညာရှင်တွေကိုလည်း နာမည်နဲ့ တကွဖော်ပြပါတယ်။

စိတ်ဝင်စားစရာကောင်းတဲ့ အကြံပြုချက်ကတော့ သြဇာရှိတဲ့ အမေရိကန် ကွန်ဂရက်စ် အမတ်တွေရဲ့ နောက်ခံ အချက်အလက်တွေနဲ့ ပတ်သက်ပြီး ခင်မင်ရင်းနှီးသော အိန္ဒိယ သံတမန်များကအကူအညီ ပေးပါလိမ့်မယ်လို့ ဆိုထားတဲ့ အချက် ဖြစ်ပါတယ်။



စာတမ်းမှာ အဆုံးသတ်ကောက်ချက်ချထားတာကတော့ အစိုးရဟာ မီဒီယာတွေနဲ့ ပြည်ပရောက် အတိုက်အခံတွေ ဖွဲ့ထားတဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေကို ယှဉ်နိုင်မှာ မဟုတ်ပေမဲ့ အမေရိကန် နိုင်ငံရေးသမားတွေနဲ့ လွှတ်တော်အမတ်တွေကို မြန်မာနိုင်ငံလာဖို့ ဖိတ်ကြားလိုက်ရင် နိုင်ငံတကာရဲ့ အမြင်ကို အစိုးရဘက်ပါလာအောင် တဖြည်းဖြည်း ပြောင်းလဲနိုင်ပါလိမ့်မယ်လို့ ဆိုထားပါတယ်။



ပြီးခဲ့တဲ့ နှစ်တွေ အတွင်းမှာ အမေရိကန် အများအပြားဟာ မြန်မာနိုင်ငံထဲကို ရောက်လာကြပြီး ပြန်သွားတဲ့ အခါ အရင်က ထက်ဝေဖန်တဲ့ အသံတွေ တဖြည်းဖြည်းပျော့လာခဲ့ပါတယ်။

နောက်ဆုံးမှာတော့ မြန်မာအစိုးရဟာ အမေရိကန်နဲ့ ထိတွေ့ဆက် ဆံရေးမှာ အပေးအယူအပြန်အလှန်ဆိုတဲ့ အခြေအနေမဟုတ်ဘဲ အသာစီး ရတဲ့ အခြေအနေဖြစ်အောင် အောင်အောင်မြင်မြင် လုပ်ဆောင် နိုင်ခဲ့ပါတယ်။



တရုတ်ကြောက်ရောဂါ



အောင်ကျော်လှရဲ့ ဒီစာတမ်းဟာ တရုတ်နဲ့ နီးနီးစပ်စပ် ဆက်ဆံနေရတဲ့ အပေါ် စစ်အစိုးရရဲ့ မနှစ်သက်မှုကို ပထမဆုံး ရှင်းရှင်းလင်းလင်း ဖော်ပြတဲ့ လက္ခဏာရပ်ဖြစ်ပါတယ်။

တရုတ်နဲ့ နီးစပ်လာတာဟာ ၁၉၈၈ ခုနှစ် ဒီမိုကရေစီ တောင်းဆိုတဲ့ လူထု လှုပ်ရှားမှုကြီး ကို သတ်ဖြတ်နှိမ်နင်းမှုနဲ့ တခြား လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကြောင့် အနောက်နိုင်ငံတွေက မြန်မာနဲ့ ဆက်ဆံရေးကို လျော့ချလိုက်တာ ကလည်း အကြောင်းတကြောင်းအနေနဲ့ တစိတ်တဒေသအားဖြင့် ပါဝင်ပါတယ်။ တရုတ်နဲ့ ဆက်ဆံရေး ပိုပြီး ဆိုးလာတာကိုတော့ ၂၀၁၀ ခုနှစ်အတွင်း စစ်တပ်အတွင်းမှာပဲ ဖြန့်ဝေ ဖတ်ရှုတဲ့ အစီရင်ခံစာတွေကို ဖတ်ကြည့်ရင် ပိုပေါ်လွင်လာပါတယ်။





အဲဒီကာလအထိ တရုတ်ကို အားကိုးထိုက်တဲ့ မိတ်ဆွေလို့ ချီးမွမ်းပြောဆိုမှုတွေ ဆက်ရှိနေသေးပေမဲ့ သစ်တော သယံဇာတတွေကို မတော်မတ ရား ရယူမှု၊ မူးယစ်မှောင်ခိုကုန်သွယ်ရေးကို ဆိုးဝါးစေမှု အပါအဝင် မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ ဆိုးဆိုးဝါးဝါး ကိစ္စအများစုမှာ တရုတ်ဟာ ဇစ်မြစ် အကြောင်းတရားဖြစ်သလားဆိုတာကို တဖြည်းဖြည်း သုံးသပ်စပြုလာတယ်။ မြန်မာနိုင်ငံမှာ အဓိက မူးယစ်ဆေးဝါး ကုန်သွယ်ရေး လုပ်တဲ့ လက်နက်ကိုင် တပ်ဖွဲ့ဖြစ်တဲ့ ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) နဲ့ တရုပ်ကြား ရင်းရင်းနှီးနှီး ဆက်သွယ် ပတ်သက်နေတာ ကိုလည်း နေပြည်တော်အစိုးရ အာဏာပိုင်တွေ အနေနဲ့ သတိမပြုမိစရာ အကြောင်းမရှိဘူး။



အဲဒီ့နောက် ၂၀၁၁ ခုနှစ် စက်တင်ဘာလမှာတော့ မြန်မာနိုင်ငံမြောက်ပိုင်းမှာ ဆောင်ရွက်နေတဲ့ ဒေါ်လာ သန်း ၃၆၀၀ တန် တရုတ်ဖက်စပ် မြစ်ဆုံ စီမံကိန်းကို သိန်းစိန်အစိုးရက ဆိုင်းငံ့လိုက်ကြောင်း ဆုံးဖြတ်ချက် ထွက်ပေါ်လာပါတော့တယ်။



အမေရိကန် ပြည်ထောင်စုဘက်က ကြည့်တော့လည်း နေပြည်တော်အစိုးရက အမေရိကန်ပြည်ထောင်စုနဲ့ ထိတွေ့ ပူးပေါင်းလိုကြောင်း ပြသတဲ့ အချိန်မှာ မြန်မာကို တရုတ်နဲ့ ခွဲခွာအောင် အားပေးအားမြှောက်ပြုလုပ်ပေးရေးဟာ အဓိကဦးစားပေး ဖြစ်လာတယ်။

ဒါ့အပြင် သူတို့ အတွက် စိတ်အနှောက်အယှက်ဖြစ်စေတဲ့ မြောက်ကိုရီးယားနဲ့ မြန်မာအကြား စစ်ရေး ဆက်စပ်မှုကို ပျက်ပြယ်အောင် လုပ်ဖို့လည်း အမေရိကန်အစိုးရ အနေနဲ့ စိတ်အားထက်သန်တယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် မြန်မာနိုင်ငံကို လာတော့ အမေရိကန်ရဲ့ အဓိက လုပ်ငန်းစဉ်တွေထဲမှာ မြောက်ကိုရီးယားအရေးဟာ ထိပ်ပိုင်းကပါလာတာဟာ ဘာမှ အံ့သြစရာမရှိဘူး။



ပြုပြင်ပြောင်းလဲရေး လိုလားပါတယ်ဆိုတဲ့ သိန်းစိန် သမ္မတဖြစ်လာပြီးနောက်၊ အစိုးရ အရာရှိတွေက သူတို့နဲ့ မြောက်ကိုရီးယားအကြား စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု မရှိပါဘူးလို့ ကြေညာပြီးနောက်၊ ၂၀၁၁ ခုနှစ် မေလ၊ ဇွန်လတွေမှာတောင် မြောက်ကိုရီးယားက နေ မြန်မာနိုင်ငံကို သင်္ဘောနဲ့ လက်နက်တင်ပို့ဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့တဲ့ မှတ်တမ်းတွေရှိခဲ့ပါတယ်။



မေလ ၂၆ ရက်မှာ မြန်မာနိုင်ငံအတွက် မြောက်ကိုရီးယားက မစ်ဇိုင်းလက်နက် အစိတ်အပိုင်းတွေနဲ့ စစ်လက်နက်တွေ သယ်ဆောင်လာ တယ်လို့ သံသယရှိဖွယ်ဖြစ်တဲ့ M/V Light မြောက်ကိုရီးယား ကုန်တင်သင်္ဘောကို အမေရိကန် ရေတပ်ပိုင် USS McCampbell လေယာဉ်တင် သင်္ဘောက တွေ့ခဲ့တယ်။



အမေရိကန် သင်္ဘောက မြောက်ကိုရီးယာ သင်္ဘောဆီချဉ်းကပ်ပြီး သင်္ဘောပေါ်တက်ရောက် စစ်ဆေးခွင့်တောင်းပေမဲ့ မြောက်ကိုရီးယား ဘက်က ငြင်းခဲ့တယ်။



နောက်ထပ် ရက် အနည်းအငယ်အကြာ စင်္ကာပူနိုင်ငံအနီး ရှန်ဟိုင်းတောင်ဘက် ပင်လယ်ပြင် ထဲမှာတော့ နှစ်ဘက် ရင်ဆိုင် အချင်းများ ခဲ့ကြတယ်။

နောက်ဆုံးမှာတော့ အမေရိကန် ကင်းထောက်လေယာဉ်တွေနဲ့ ဆက်သွယ်ရေး ဂြိုဟ်တုက လမ်းတလျောက် တောက်လျောက် စောင့်ကြပ် လိုက်ပါလာတဲ့ အတွက် မြောက်ကိုရီးယား သင်္ဘော မြောက်ကိုရီးယားကို ပြန်လှည့်သွားခဲ့တယ်။



အဲဒီအဖြစ်အပျက်နောက်ပိုင်း နေပြည်တော် မြန်မာအစိုးရအနေနဲ့ နိုင်ငံတကာဘဏ္ဍာရေး အဖွဲ့အစည်းတွေဆီကနေ ငွေကြေးအကူအညီ ရယူနိုင်အောင် အမေရိကန်ဘက်က ပိတ်ဆို့ အရေးယူမှုတချို့ကို လျော့ပေါ့ပေးဖို့ မက်လုံးပေးခဲ့ပြီး မြောက်ကိုရီးယား လက်နက်သင်္ဘော မြန်မာနိုင်ငံကိုလာရောက်ဖို့ နောက်ထပ်ကြိုးစားတာမျိုးလည်း မကြားရတော့ပါဘူး။



မြန်မာအစိုးရအနေနဲ့ တရုတ်ကနေခွဲခွာချင်တဲ့ ဆန္ဒကို အမေရိကန်က ကောင်းကောင်း အမြတ်ထုတ် အသုံးချခဲ့တယ်ဆိုတာ သံသယ ဝင်စရာမရှိပါဘူး။

“အမေရိကန်ပြည်ထောင်စုဘက်က ကြိုးစား ဆောင်ရွက်နေတာကတော့ မြန်မာနိုင်ငံကို လစ်ဘရယ် အသွင်ပြောင်းချင်တဲ့ အင်အားစုတွေကို ထောက်ခံအားပေးကြောင်း ပြသဖို့ပါပဲ” လို့ ထိုင်းနိုင်ငံ ချူလာလောင်ကွန်း တက္ကသိုလ်မှာ အခုအခါ အလုပ်လုပ်နေတဲ့ အမေရိကန် သံတမန် ဟောင်း ရောဘတ် ဖစ် ကပြောပါတယ်။



မကြာခင်မှာ မြန်မာနဲ့ သံတမန်ဆက်သွယ်ရေး မြှင့်တင်တဲ့ အနေနဲ့ အမေရိကန် အစိုးရဟာ မြန်မာနိုင်ငံကို သံအမတ်ခန့်အပ် ပါတော့မယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၇ ရက်ထုတ် အမေရိကန် နယူးယောက်တိုင်း သတင်းစာမှာ အမေရိကန် ဗဟိုထောက်လှမ်းရေးအဖွဲ့ စီအိုင်အေရဲ့ ညွှန်ကြားရေးမှူး ဒေးဗစ် ပက်ထရီးရပ်စ် ဒီနှစ်ထဲမှာ မြန်မာနိုင်ငံကို သွားမယ်လို့ အမေရိကန် အစိုးရ အရာရှိတွေကို ကိုးကားပြီး ရေးသားခဲ့ ပါတယ်။



စီအိုင်အေဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ လစ်ဘရယ်တန်ဖိုးတွေကို မြှင့်တင်ပေးသူ ထောက်ခံအားပေးသူ အနေနဲ့ လူသိများတဲ့ အဖွဲ့အစည်းမျိုး လုံးဝ မဟုတ်ပါဘူး။

စီအိုင်အေရဲ့ ဦးစားပေးလုပ်ငန်းဟာ အမေရိကန် အတွက် မြန်မာရဲ့ သေနင်္ဂဗျူဟာ အရ အရေးပါတဲ့ ကိစ္စလိုဟာမျိုးကို ဆောင်ရွက်ဖို့ပါ။



ဒီနေရာမှာ အန္တရာယ်ရှိလာနိုင်တဲ့ အချက်ကို လွန်ခဲ့တဲ့ (၇) နှစ်ကတည်းက အောင်ကျော်လှက ရေးခဲ့ပါတယ်။ မြန်မာဟာ အမေရိကန်နဲ့ အပြန်အလှန်ဆက်ဆံရေး တိုးမြှင့်လာရင် တရုတ်ဟာ မြန်မာရဲ့ သွေးစည်းခိုင်မာမှုနဲ့ လွတ်လပ်ရေးကို တနည်းနည်းနဲ့ ခြိမ်းခြောက်လာ နိုင်တယ် ဆိုတာပါပဲ။



ဒါ့ကြောင့် အားမျှအောင်ချင့်ချိန်ဆောင်ရွက်ဖို့လိုအပ်တယ်လို့ အောင်ကျော်လှက ပြောပါတယ်။

ဒါပေမဲ့ ဘယ်လို အားမျှအောင်လုပ်မလဲဆိုတာကိုတော့ သူ့ရဲ့ မဟာစီမံကိန်းမှာ ထည့်သွင်းရေးသားမထားပါဘူး။



ကောင်းကောင်းပြင်ဆင်ထားတဲ့ လမ်းကြောင်း



မြန်မာရဲ့ ပေါ်လစီသစ်တွေဟာ ရေရှည် အလုပ်ဖြစ်ပါ့မလားဆိုတာတော့ သံသယဝင်စရာ အကြောင်းတွေရှိပါတယ်။

မြန်မာနိုင်ငံက စစ်အစိုးရဝင်စားတဲ့ အရပ်သားအစိုးရထဲမှာ လူကောင်း၊ လူဆိုး အုပ်စုကွဲပြားနေတယ်ဆိုတဲ့ ဝတ်စုံပြည့် ကပြနေတဲ့ ဇာတ်လမ်းကို နိုင်ငံ တကာက ယုံကြည်ပုံရပေမဲ့ ပြည်တွင်းပြည်ပက အဓိက အတိုက်အခံအင်အားစုတွေကတော့ ဒီလောက် အညှာ လွယ်လွယ်နဲ့ ယုံကြည် ကြပုံမရပါဘူး။



မြန်မာနိုင်ငံမှာ လောလောဆယ် အရပ်သား အသွင်ပြောင်းထားတဲ့ လူကောင်းတွေထဲက တယောက်ပါဆိုတဲ့ မီးရထားဝန်ကြီး ဗိုလ်ချုပ်ဟောင်း အောင်မင်းဟာ မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံကြား ခေါက်တုံ့ ခေါက်ပြန်သွားပြီး ထင်ရှားတဲ့ အဝေးရောက် အတိုက်အခံတွေနဲ့ တွေ့ဆုံနေပါတယ်။



သူနဲ့ လတ်တလော တွေ့ဆုံကြရသူတွေကတော့ သူ့ရဲ့ ရည်ရွယ်ချက်တွေ စစ်အစိုးရ တင်းမာအုပ်စုလူဆိုးတွေဆီက ပြောကြတယ်လို့ သူဆိုတဲ့ ညှိနှိုင်းလိုစိတ်မရှိတဲ့ လက္ခဏာတွေဆိုတာ နဲ့ ပတ်သက်ပြီး သံသယ ကြီးကြီးဝင်နေကြပါတယ်။



အောင်မင်းဟာ ၁၉၈၃ ခုနှစ်တုန်းက ရာထူးဖြုတ်ချခံခဲ့ရတဲ့ စစ်ထောက်လှမ်းရေး မျက်မှန်တင်ဦးရဲ့ တပည့်ဆိုတာကို သူတို့ သတိပြုမိကြ ပါတယ်။

မျက်မှန်တင်ဦးကို အကျင့်ပျက်ခြစားမှုတွေ အကြောင်းပြပြီး ရာထူးက ဖယ်ရှားခဲ့ပေမယ့် သူဟာ အရင် စစ်အာဏာရှင် ဗိုလ်ချုပ်ကြီး နေဝင်းရဲ့ ခေါင်းဆောင်မှုကို ခြိမ်းခြောက်တဲ့ စင်ပြိုင်ထောင်တဲ့ လုပ်ရပ်တွေကြောင့်သာ ဖယ်ရှားခံခဲ့ရတာက ပိုဖြစ်ဖို့ များပါတယ်။



၁၉၈၃ ခုနှစ်တုန်းက Far Eastern Economic Review မှာ အင်္ဂလိပ်သတင်းစာဆရာ ရော့ဒ်နီ တပ်စကာ က တင်ဦးနဲ့ သူ့ထောက်လှမ်းရေး တွေ အကြောင်းကို အခုလို ရေးသားခဲ့ဖူးပါတယ်။



“သူတို့ဟာ တခြား အမြင်ကျဉ်းတဲ့၊ တရားသေဆန်တဲ့ မြန်မာခေါင်းဆောင်တွေထက် နိုင်ငံတကာ အကြောင်းပိုသိသူတွေ ဖြစ်ပါတယ်။

သူတို့ဟာ လက်ရှိ စစ်အစိုးရရဲ့ တင်းကြပ်တဲ့ ကန့်သတ်ချက်တွေအောက်မှာ ရှိနေပုံရပေမဲ့ သူတို့ကို နိုင်ငံခြား သွားခွင့်ပေးထားတယ်။

နိုင်ငံခြား သားတွေနဲ့ လွတ်လွတ်လပ်လပ် စကားပြောခွင့်ပေးထားတယ်” လို့ ဆိုပါတယ်။



ဒါပေမဲ့ သူတို့ဟာလည်း သူတို့ရဲ့ ရန်သူတွေ၊ ပြိုင်ဘက်တွေ အပေါ်မှာ အင်မတန်အညှာတာကင်းရက်စက်ပြီး အလွန်ပါးနပ်လိမ္မာသူတွေ အဖြစ် လူသိများပါတယ်။

မျက်မှန်တင်ဦးကိုယ်တိုင်ဟာ စပိန်နိုင်ငံ ပစိဖိတ်ကျွန်းစုတွေထဲက ကျွန်းတကျွန်းမှာ အမေရိကန် စီအိုင်အေ သင်တန်းကို တက်ရောက်ခဲ့သူ တယောက်ဖြစ်ပါတယ်။



အောင်မင်းဟာ ၁၉၈၃ ရှင်းလင်းပွဲမှာ တနည်းတဖုံကျန်ရစ်ခဲ့ပြီး ၁၉၉၂ ခုနှစ်မှာ မြန်မာ စစ်ထောက်လှမ်းရေး ၂၁ တပ်ဖွဲ့ကို ရွှေ့ပြောင်း ခဲ့ပါတယ်။

၂၀၀၀ ခုနှစ်မှာ အမှတ် ၆၆ ခြေမြန်တပ်ရင်းကိုရောက်ခဲ့ပြီး၊ ၂၀၀၁ ခုနှစ်မှာ မြန်မာစစ်တပ်ရဲ့ တောင်ပိုင်းတိုင်းမှူးအဖြစ် ရာထူးတိုးမြှင့် ခံရပါတယ်။

၂၀၀၃ ခုနှစ်မှာတော့ အရင် ဗိုလ်ချုပ်သန်းရွှေစစ်အစိုးရ လက်ထက်မှာ မီးရထားဝန်ကြီး ဖြစ်လာပါတယ်။



ဒီနေ့ အဖြစ်အပျက်တွေကို ဆက်စပ်ကြည့်ရင် မဟာစီမံကိန်းမှာ ရေးသားထားတဲ့ စစ်အာဏာ သက်ဆိုးရှည်ရေး အစီအစဉ်မှာ ကာလရှည်ကြာ ပြဿနာဖြစ်ခဲ့တဲ့ တိုင်းရင်းသားအရေးဟာ အဓိက ပြဿနာ ဖြစ်ပါလိမ့်မယ်။



စစ်အစိုးရ လက်ရှိ အာဏာလွန်ဆွဲပွဲ



ဒီနှစ်ထဲမှာ တရုတ်နိုင်ငံ အနောက်တောင်ပိုင်းက ရွှေလီမြို့မှာ ကချင်သူပုန်နဲ့ တွေ့ဆုံဆွေးနွေးခဲ့သူပါ။

သူဟာ အရင် စက်မှုဝန်ကြီးဟောင်းဖြစ်ပြီး၊ ၂၀၀၃ ခုနှစ်မှာ စုကြည်နဲ့ အပေါင်းအပါတွေကို အုပ်စုဖွဲ့တိုက်ခိုက်ခဲ့လို့ စုကြည်ထောက်ခံသူ အများအပြား သေဆုံးဒဏ်ရာရခဲ့ကြတဲ့ ဒီပဲယင်း အရေးအခင်းကို နောက်ကွယ်က စီစဉ်ခဲ့သူတွေထဲက တယောက်လို့ ထင်မြင်ယူဆ ခံရသူဖြစ်ပါတယ်။



လူကောင်းအောင်မင်းဟာ ရွှေလီဆွေးနွေးပွဲကို မတက်ခဲ့ပါဘူး။

ဒါပေမဲ့ သုံးသပ်သူတချို့ကတော့ နောက်ပိုင်းမှာ ဆွေးနွေးပွဲ ပျက်ပြားမယ့် အခြေအနေရောက်လာရင် အပျော့လိုင်းချဉ်းကပ်ပုံစံနဲ့ အောင်မင်းက ဝင်ရောက်ကယ်တင်လိမ့်မယ်လို့ ထင်မြင်နေကြပါတယ်။



အခုလို လူသိများထင်ရှားတဲ့ ပုဂ္ဂိုလ်တွေက အသေအချာပြင်ဆင်ထားတဲ့ ဆွေးနွေးရေး နည်းလမ်းတွေနဲ့ဆောင်ရွက်နေတာတွေကို ပုန်ကန်သူ တိုင်းရင်းသားတွေဘက်က လက်ခံလက်မခံဆိုတာကတော့ စောင့်ကြည့်ရဦးမှာပါ။



ဖက်ဒရယ်မူကို အစိုးရဘက်က ထည့်တောင် မစဉ်းစားဘဲ တောက်လျောက် တသမတ်တည်း ငြင်းဆန်နေတဲ့ အချက်ဟာလည်း လက်နက်ကိုင် အဖွဲ့တွေနဲ့ သဘောတူညီ ချက်ကို တာရှည် တည်တန့်ဖို့ မဖြစ်နိုင်တဲ့ အချက်ဖြစ်ပါတယ်။



၂၀၀၈ အခြေခံဥပဒေဟာလည်း စစ်တပ်ကို အဓိကထားပြီး ဗဟိုကချုပ်ကိုင်တဲ့ အစိုးရပုံသဏ္ဍန်ကို အခြေခံရေးသားထားပါတယ်။



ဒါ့ကြောင့် လတ်တလော ပြောနေကြတဲ့ “ပြုပြင်ပြောင်းလဲရေး” ဆိုတာနဲ့ ပတ်သက်ပြီး အပျော်လွန်နေတဲ့ ကာလဟာ သိပ်ရှည်ကြာမယ် မထင်ပါဘူး။



စစ်တပ်ကို လွှတ်တော်ထဲမှာ တရားမဝင် ဗီတိုအာဏာတွေ အလွန်အကျွံပေးထားတဲ့ လက်ရှိ အခြေခံဥပဒေကို ဖျက်ရင်ဖျက်၊ ဒါမှမဟုတ် အများအပြားကို ပြင်ရင်ပြင်၊ အဲသလိုမှ မဟုတ်ရင် တိုင်းရင်းသားပြဿနာဟာ ဖြေရှင်းလို့ရမှာ မဟုတ်ပါဘူး။



ဒါ့အပြင် မြန်မာနိုင်ငံဟာ အမေရိကန်နဲ့ တရုတ်တို့ ယှဉ်ပြိုင်ကြရာ နယ်မြေတခုသာဖြစ်လာခဲ့ရင်တော့ မြန်မာနိုင်ငံဟာ ရှေ့ လျှောက်သေချာပေါက် ပိုပြီး ဒုက္ခရောက်မှာပါ။

မဟာစီမံကိန်းမှာ အောင်ကျော်လှသတိပေးခဲ့တဲ့ တရုတ် အမေရိကန် ပြဿနာဟာ အခုလက်တွေ့ ပေါ်ပေါက်နေပါပြီ။



မူရင်းဆောင်းပါးကို ဖတ်ရှုရန်။

http://www.atimes.com/atimes/Southeast_Asia/NB10Ae01.html

11ReadMore-2.jpg


အပစ်အခတ်ရပ်ဆိုင်းရေးကာလ အစိုးရစစ်တပ်နှင့် ကေအဲန်ယူ တပ်ဖွဲ့အကြား ပစ်ခတ်မှုဖြစ်ပွား
Submitted by on Saturday, 11 February 2012--












ဖေဖော်ဝါရီ ၁၁ရက်၊ ၂၀၁၂ခုနှစ်။ စောသိန်းမြင့် (ကေအိုင်စီ)
အစိုးရနှင့်
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူတို့ ပဏာမအဆင့် အပစ်အခတ် ရပ်စဲရေး သဘော
တူညီနေချိန်တွင် ပြီးခဲ့သည့်ရက် ပိုင်းကေအဲန်ယူ လက်အောက် ခံတပ်ရင်းနှင့်
အစိုးရ စစ်တပ်တို့အကြား ပစ်ခတ်မှု နှစ်ကြိမ်ဖြစ်ပွားခဲ့သည်ဟု သိရသည်။
ယခုလ ၈ရက်နေ့က ကေအဲန်ယူထိန်းချုပ်ရာနယ်မြေအတွင်း ကရင်ပြည်နယ်၊
လှိုင်းဘွဲမြို့နယ်ရှိ သံလွင် မြစ်ကမ်းနံဘေးတွင် တကြိမ်၊ (၉) ရက်နေ့ညပိုင်းက
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ဘီးလင်းချောင်း ဘေးနားတွင် တကြိမ်
၎င်းတို့နှစ်ဖက်အကြား ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ကေအဲန်ယူ တပ်မဟာ (၅)က
ပြောသည်။
ကေအဲန်ယူ တပ်မဟာ(၅)မှ တာဝန်ရှိသူတစ်ဦးက “တပ်မဟာ(၅)နဲ့ (၇)ကြားမှာ
တခါဖြစ်တယ်။ ဘီး လင်းချောင်းနားမှာ တခါဖြစ်တယ်။ အစိုးရဘက်က ဗိုလ်
(၃)ယောက်သေတယ်။ သေတဲ့အထဲမှာ ဗိုလ်မှူး တစ်ယောက်ပါတယ်။ ရုံးသို့ အချက်အလက်
စုံစုံလင်လင် မရောက်သေးတဲ့အတွက် လော လောဆယ် ဒီလောက်ပဲ ပြောနိုင်တယ်”ဟု
ကေအိုင်စီသို့ အတည်ပြုပြောခဲ့သည်။
အစိုးရစစ်တပ်ဘက်က ကေအဲန်ယူ သတ်မှတ်ထားသည့် လမ်းကြောင်းအတိုင်း လိုက်နာမှု
မရှိသော ကြောင့် ပစ်ခတ်မှု ဖြစ်ပွားရခြင်းဖြစ်ပြီး ၎င်းပစ်ခတ်မှုတွင်
ကေအဲန်ယူဘက်က ထိခိုက်ကျဆုံးမှု မရှိ ကြောင်း ကေအဲန်ယူဘက်က ပြောသည်။
ယခင်လ ဇန်န၀ါရီ ၁၂ရက်နေ့က အစိုးရနှင့် ကေအဲန်ယူ
ငြိမ်းချမ်းရေးဖော်ဆောင်ရေးကိုယ်စားလှယ်တို့ ဘားအံမြို့၌ ငြိမ်းချမ်းရေး
ဆွေးနွေးရာတွင် မဏာမအဆင့် အပစ်အခတ်ရပ်ဆိုင်းရေး သဘောတူညီ
လက်မှတ်ရေးထိုးခဲ့ပြီးနောက် ပထမ ဦးဆုံးအကြိမ် ပစ်ခတ်မှု ပြန်လည်
ဖြစ်ပွားခြင်းလည်းဖြစ်သည်။
ယင်းတို့နှစ်ဖက် စစ်တပ်အကြား ပစ်ခတ်မှု ပြန်လည်ဖြစ်ပွားမှုကြောင့်
ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းစဉ်၌ သက်ရောက်မှု ရှိမရှိကို
မပြောနိုင်သော်လည်း အစိုးရနှင့် နောက်တကြိမ်တွေ့ဆုံပါက စစ်ရေးကိစ္စနှင့်
ပတ်သက်ပြီး အချေအတင် ဆွေးနွေးရမည့် အခြေအနေတွင် ရှိသည်ဟု ကေအဲန်ယူ
ငြိမ်းချမ်းဖော်ဆောင်ရေးကော်မတီ အတွင်းရေးမှူး ပဒိုဒေးပစ်ထောက ပြောသည်။
ကေအဲန်ယူ တပ်မဟာ(၂)နယ်မြေ ပဲခူးတိုင်း၊ သံတောင်မြို့နယ်ဘက်တွင်လည်း ယခုလ
ဆန်းပိုင်းတုန်း က ရိက္ခာပစ္စည်း သယ်ဆောင်လာသည့် အစိုးရစစ်တပ်များသည်
ကေအဲန်ယူ တပ်ဖွဲ့ဝင်များ ထောင် ထားသည့် မြေမြုပ်မိုင်း တက်နင်းမိသဖြင့်
သေဆုံးမှုများရှိခဲ့သည်။
ကေအဲန်ယူ တောင်ငူခရိုင် ဥက္ကဌ ပဒိုစောအယ်ဝါးက“ စစ်တပ်က
လမ်းကြောင်းအတိုင်း မသွားပဲ ကား လမ်းနဲ့ ခပ်ခွါခွါ တောထဲကို
လျှောက်သွားတဲ့အခါကျတော့ ရွာပုန်းရွာရှောင်တွေမှာ နေထိုင်ကြတဲ့ ကျ နော်တို့
ပြည်သူတွေအတွက် အများကြီး စိုးရိမ်ရတယ်။ ဒီပုံစံအတိုင်းဆိုရင်
မလွယ်ဘူး။”ဟု ပြောသည်။
ထို့အပြင် ကေအဲန်ယူ တပ်မဟာ(၂)နယ်မြေတွင် လှုပ်ရှားနေသည့်
အစိုးရစစ်တပ်များဘက်က ၎င်းတို့ စစ်ကြောင်း သွားသည့် လမ်းကြောင်း ကိုက် ၁၀၀
အကွာနှင့် ၎င်းတို့ တပ်စခန်းတည်ရှိရာ ကိုက် ၂,၀၀၀ အကွာအတွင်း ကေအဲန်ယူ
တပ်ဖွဲ့ဝင်များဝင်လာပါက မိမိကိုယ်ကိုယ် ကာကွယ်သည့်အနေဖြင့်
ပစ်ခတ်ရလိမ့်မည်ဟု တရားဝင်စာထုတ်ပြန်ထားကြောင်း ပဒိုစောအယ်ဝါးက ပြောသည်။

11ReadMore-2.jpg

Friday, February 10, 2012

ကော့မူးမြို့  ရောက် ဒေါ်နန့်အောင်ဆန်းစုကြည်





ဒေါ်အောင်ဆန်းစုကြည် ကော့မှူးမှာ ပထမဆုံး မဲဆွယ်
Saturday, February 11, 2012



ဒေါ်အောင်ဆန်းစုကြည်ဟာ
ကြားဖြတ်ရွေးကောက်ပွဲမှာ ၀င်ပြိုင်ဖို့ ရွေးချယ်ထားတဲ့ ကော့မှူးမြို့
မဲဆန္ဒနယ်မြေကို ပထမဆုံး မဲဆွယ်ခရီးအဖြစ် ဒီကနေ့မနက် ရောက်ရှိသွားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို စောင့်ကြိုနေကြတာကို ရိုက်ကူးထားတဲ့
မှတ်တမ်းဓာတ်ပုံတွေ အင်တာနက်မှာ ချက်ချင်း တက်လာပါတယ်။ အထူးသဖြင့်
ဖေ့စ်ဘုတ် စာမျက်နှာတွေမှာပါ။ဒေါ်အောင်ဆန်းစုကြည်
လာမယ့် လမ်းမှာ စောင့်ကြိုနေကြတဲ့ တွံတေးမြို့နယ်၊ ဘုရားကြီးကျေးရွာ
မင်္ဂလာပရဟိတဂေဟာမှ ကလေးများ (ဓာတ်ပုံ - 7Day သတင်းဂျာနယ်)ဂူဂဲလ်မြေပုံမှာတွေ့ရတဲ့ ရန်ကုန်၊ တွံတေး၊ ကော့မှူးဓာတ်ပုံ - 7Day သတင်းဂျာနယ်

11ReadMore-2.jpg

အမေရိကန်တစ်လွှားမှာအစိုးရိမ်လွန်ကဲနေသူမျုားအတွက် ဖတ်ရန်

ကမ္ဘာကြီး ပျက်စီးခါနီးလို့ ဗုံးခိုကျင်းများ ဝယ်နေကြပြီ15:04 Myanmar Express Group 3 comments၂ဝ၁၂ ခုနှစ် ဒီဇင်ဘာ လ ၂၁ ရက်နေ့တွင် ကမ္ဘာကြီး ပျက်သုဉ်းတော့မည်ဟု လွန်ခဲ့သော ၅၁၂၅ နှစ်က မာယာလူမျိုးတွေက နက္ခဗေဒပညာတွေ သင်္ချာဗေဒပုံ သေနည်း များနဲ့ သေသေချာချာ တွက်ပြခဲ့သည်။ မာယာလူမျိုးများ၏ ဟောပြောချက်ကို ယုံကြည်သူအနောက်တိုင်းသား အများအပြားရှိသည်။ အမေရိကန် အာကာသ အေဂျင်စီ ဖြစ်သော နာဆာကပင် ဌာနခွဲတစ်ခုဖွင့်ကာ ထိုကိစ္စနှင့် ပတ်သက်၍လက်ခံ ပြန်ကြားပေးနေရသည်။ ”၂ဝ၁၂ မှာ ကမ္ဘာဘာမှ မဖြစ်နိုင်ဘူး”ဟု နာဆာအဖွဲ့က ၄င်း၏ ဝက်ဘ်ဆိုက်တွင် တင်ထားသည်။ ”ဒီကမ္ဘာဂြိုလ်ကြီက နောက် ထပ် နှစ် ၄ ဘီလျံလောက်ထိ ဘာမှမဖြစ်နိုင်ဘူး”ပြောသည်။ စိုးရိမ်ပူပန်နေသော အမေရိကန်များကား (၁၇)ပေါင်တန် အန္တရာယ်ကင်း လမ်းညွန် စာအုပ်မှစပြီး ပေါင် ၃၂ဝဝတန် ဗုံခိုကျင်းမျိုးထိ ဝယ်နေကြသည်။ ကယ်လီဖိုနီးယား ပြည်နယ်မှ စီးပွားရေး လုပ်ငန်းရှင် ရောဘတ် ဗီစီနိုဆိုလျှင် ဇိမ်ခံဗုံးခိုကျင်းများ ဆောက်လုပ်ကာ ငှားရမ်းရန်ပင် စီစဉ်နေသည်။ သူ၏ ဗုံခိုကျင်းတွင် တစ်နေရာ ငှားရမ်းရန် စရံသက် ထားသူစတိဗ်ကမူ ”ကျုပ်တို့ကရူးနေတာမဟုတ်ဘူး ကျုပ်မိသားစုက အသက်ရှင်ချင် ကြတော့ ဒီလိုပဲ လုပ်ရမှာပဲ။”ဟု ပြန်ပြော၏။ ဂျေဆန်ဟောခ်ျ ဆိုသူ ကလည်း ”ဒါက အသက်ရှင်ဖို့ အတွက် ရင်းနှီးမြှုပ်နှံမှုဗျ”ဟု ပြောသည်။

11ReadMore-2.jpg

Template by:

Free Blog Templates