Wednesday, January 18, 2012

ငြိမ်းချမ်းရေး လက်ဆောင်အဖြစ် မန်းငြိမ်းမောင်ကို လွှတ်မည်

ငြိမ်းချမ်းရေး လက်ဆောင်အဖြစ် မန်းငြိမ်းမောင်ကို လွှတ်မည်

ရန်ကုန်မြို့ မင်္ဂလာဒုံ လေဆိပ်တွင် အဖမ်းခံခဲ့ရသည့် ကရင်အမျိုးသား အစည်းအရုံး (KNU) ခေါင်းဆောင် တဦးဖြစ်သူ ပဒို မန်းငြိမ်း မောင်ကို ငြိမ်းချမ်းရေး လက်ဆောင်အဖြစ်ပြန်လွှတ်ပေးမည်ဟု အစိုးရ မီးရထား ပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်းက ပြောသည်။

KNU ထိပ်တန်းခေါင်းဆောင်တဦးဖြစ်သူ မန်းငြိမ်းမောင် (ဓာတ်ပုံ - ဧရာဝတီ)

ပြီးခဲ့သည့် အပတ်က နေပြည်တော်တွင် KNU နှင့် နှစ်ဘက် ငြိမ်းချမ်းရေး ဆိုင်ရာ ကိစ္စရပ်များ သွားရောက် ဆွေးနွေးခဲ့ရာ ဦးအောင် မင်းက အထက်ပါ အတိုင်း ပြောကြားခြင်း ဖြစ်ကြောင်း KNU ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီမှ ပြောရေးဆိုခွင့်ရှိသူ ဦးစောဒေးဗစ်ထော က ဧရာဝတီသို့ ပြောသည်။

နေ့ရက် အတိအကျ ပြောကြားခြင်း မရှိသော်လည်း အစိုးရက ပဒို မန်းငြိမ်းမောင်ကို ပြန်လွှတ်ပေးမည်ဟု ယုံကြည်ကြောင်းလည်း ၎င်းက ဆိုသည်။

“အပစ်အခတ် ရပ်စဲရေး ပြီးသွားတဲ့ နောက်ပိုင်းမှာ မန်းငြိမ်းမောင်သာ မကဘူး၊ ကျနော်တို့နဲ့ ပတ်သက်ပြီးတော့ အကျဉ်းကျခံ နေရ တဲ့ လူပုဂ္ဂိုလ်တွေကိုလည်း စာရင်းတင်ပြီး တောင်းမယ်၊ လွှတ်ပေးမယ်လို့လည်း ယုံပါတယ်”ဟု ဦးစောဒေးဗစ်ထောက ဆက် ပြော သည်။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလက ထိုင်း – မြန်မာနယ်စပ် တနေရာတွင် KNU ခေါင်းဆောင်တချို့နှင့် အစိုးရ ကိုယ်စားလှယ်များ ငြိမ်းချမ်း ရေး အကြို တွေ့ဆုံစကားပြောခဲ့စဉ်ကာလ၌ ဦးအောင်မင်းက ပဒို မန်းငြိမ်မောင်းကို ပြန်လွှတ်ပေးခဲ့ပါက ငြိမ်းချမ်းရေး ကိစ္စ အထောက်အကူ ဖြစ်မည်လောဟု မေးခဲ့ဖူးသည်။

KNU ခေါင်းဆောင်များကလည်း နှစ်ဘက် ဆောင်ရွက်နေသော ကိစ္စများအတွက် အထောက်အကူဖြစ်မည်ဟု ဆိုခဲ့သည်။

ပြည်ထောင်စုဝန်ကြီး ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုကမူ ပဒို မန်းငြိမ်းမောင်နှင့် ပတ်သက်ပြီးအရေးယူနိုင်ရန် ဆောင် ရွက်နေကြောင်း၊ တောင်းဆိုလာပါက လွတ်ငြိမ်းချမ်းသာခွင့်ကို စဉ်းစားမည်ဖြစ်ကြောင်း ယခုလ ၁၄ ရက်နေ့က နေပြည်တော်၌ ကျင်း ပသော အကျဉ်းသားလွှတ်ပေးခြင်းနှင့် ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားထားသည်။

ပြီးခဲ့သည့် ၁၂ ရက်နေ့က ကရင်ပြည်နယ် ဘားအံမြို့တွင် KNU နှင့် အစိုးရ နှစ်ဘက် ကိုယ်စားလှယ်များ ငြိမ်းချမ်းရေး သဘောတူ လက်မှတ်ရေးထိုးခဲ့ပြီး ပြည်ထောင်စု အဆင့် တွေ့ဆုံဆွေးနွေးပွဲကို ၄၅ ရက်အတွင်း ထပ်မံပြုလုပ်ရန် စီစဉ်ထားကြောင်း သိရသည်။

KNUဘက်က တောင်းဆိုထားသည့် မြန်မာပြည်တ၀န်း အမြန်ဆုံး အပစ်အခတ် ရပ်စဲရေး၊ အကျဉ်းသားများ လွှတ်ပေးရေး၊ အဓမ္မလုပ်အားပေး ခိုင်းစေခြင်းများ မပြုလုပ်ရန် စသဖြင့် အချက် ၁၁ ချက်ကို ဆွေးနွေးကြမည် ဖြစ်သည်။

ပဒို မန်းငြိမ်းမောင်သည် ပြီးခဲ့သည့် နှစ် ဇူလိုင်လ ၂၄ ရက်နေ့က စတင်ပျောက်ဆုံးသွားပြီးနောက် တရုတ်ပြည် ကူမင်းလေဆိပ်မှ တဆင့် မြန်မာနိုင်ငံ ရန်ကုန်လေဆိပ်သို့ ပို့ဆောင်ခံရပြီး လူဝင်မှုကြီးကြပ်ရေး ဥပဒေ၊ တရားမ၀င် စာရွက်စာတမ်း ကိုင်ဆောင်မှု၊ မတရား အသင်း ဆက်သွယ်မှုများဖြင့် ထောင်ဒဏ် ၁၇ နှစ် ချမှတ်ခံထားရသည်။

KNU က တခြားသော တိုင်းရင်းသား တပ်ဖွဲ့များနှင့် ပူးပေါင်းဖွဲ့စည်းထားသည့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ် ကောင်စီ (UNFC) တွင် ပဒိုမန်းငြိမ်းမောင်က ကော်မတီဝင် တဦးအဖြစ် တာဝန်ယူထားသည်။

မန်းငြိမ်းမောင်သည် ယခင်ကလည်း မြန်မာပြည် အကျဉ်းစခန်း၊ အကျဉ်းထောင်တို့တွင် နှစ်ပေါင်းအတန်ကြာ ထိန်းသိမ်းခံရဖူး သည်။

ကိုကိုးကျွန်း အကျဉ်းစခန်းတွင် ရှိနေစဉ် မန်းငြိမ်းမောင်သည် ကရင်လူငယ်အဖွဲ့မှ မန်းအောင်ကြည်၊ အထက်တန်းပြဆရာ ကို အောင်ငွေတို့နှင့် အတူ ပင်လယ်ပြင် မိုင်ပေါင်း၂၀၀ ကျော်ခရီးကို ဖြတ်ပြီး ထွက်ပြေးခဲ့ဖူးသူလည်း ဖြစ်သည်။

11ReadMore-2.jpg

Tuesday, January 17, 2012

ကိုယ်ဝန်ဆောင်ကျောင်း ဆရာမကို မြန်မာတပ်မှ ပစ်သတ်

ကိုယ်ဝန်ဆောင်ကျောင်း ဆရာမကို မြန်မာတပ်မှ ပစ်သတ်


ying-wang-hpakant

မြန်မာစစ်တပ် ခလရ ၅၈ မှ ပစ်ခတ်သတ်ဖြတ်ခဲ့တဲ့ ကချင်ကျောင်းဆရာမှ Mangshang Ying Wang အား ဖားကန့်လမ်း ကားမိုင်းတွင် မြေမြှပ် သဂြိုလ်နေပုံ။

ကချင်ပြည်နယ်အနောက်ဘက် ဖားကန့်မြို့နယ်တွင် ကိုယ်ဝန်နှင့်ကျောင်းဆရာမတဦးသည် မြန်မာအစိုးရစစ်ကြောင်း၏ ပစ်ခတ်မှုကြောင့် ကားမိုင်ဆေးရုံတွင် သေဆုံးသွားကြောင်း ဒေသခံများပြောသည်။


ကိုယ်ဝန်ရှိသူ အသက်၂၂ အရွယ်ခန့်ဆရာမ မန်ရှန် ယိန်းဝမ် (Mangshang Ying Wang)နှင့် ယောက်မဖြစ်သူ ဂေါ့လူ ဆိုင်းခေါန် (Gawlu Seng Hkawn) တို့သည် ဖားကန့်လမ်းပိုင်း နမ်ယာ (Nam Ya) နှင့် ကပ်မှော် (Kapmaw) ကြား ဇန်နဝါရီ ၁၁ ရက်နံနက် ၉ နာရီတွင် မြန်မာအစိုးရစစ်ကြောင်းတခု နှင့် ဆုံတွေ့စဉ် ထိုစစ်ကြောင်းမှ ပစ်ခတ်မှုကြောင့် သေနတ်ဒဏ်ရာ ရရှိသွားသည်။

ထိုနေ့ ညနေ ၄ နာရီတွင်လည်ပင်းအရင်းတွင် ရရှိသောဒဏ်ရာကြောင့် ကိုယ်ဝန် ၄ လနှင့် ဆရာမ ယိန်းဝမ် သေဆုံးသွားသည်။

ယောက်မဖြစ်သူမှာ လည်းပင်းနှင့် ပခုံးစပ်တွင် သေနတ်ဒဏ်ရာတခု အပြင်ဘယ်ဘက်ပေါင်နောက်ဘက်ပိုင်း တွင် သေနတ်ဒဏ်ရာတခု သာရရှိပြီး အသက်ဘေးမှလွတ်မြောက်ခဲ့သည်ဟုသိရသည်။

ying-wang

မြန်မာစစ်သားများ၏ ပစ်ခတ်မှုကြောင့် လည်ပင်းအရင်းတွင်ရရှိတဲ့ ဒဏ်ရာဖြင့် ကားမိုင်းဆေးရုံတွင် သေဆုံးခဲ့တဲ့ ဆရာမယိန်းဝမ်။

၎င်းတို့သည် ကားမိုင်းမြို့နယ်ခွဲ ကပ်မှော်ဇုံနယ် ဆိုင်းဖရာ (Seng Hpra mare) ကျေးရွာမှဖြစ်ကာ ဆရာမမှာ ထိုကပ်မှော်ဇုံနယ်ရှိ ခွမ်စိုင်ဇွမ် (Hkumtsai Zup mare) ကျေးရွာမှ ကျောင်းဆရာမတာဝန်ထမ်းဆောင်နေသူ ဖြစ်သည်။

ပစ်ခတ်သွားကြသည့် မြန်မာအစိုးရတပ်မှာ ဗိုလ်မှူး ရဲမင်းသွေး၊ ဗိုလ်မှူး ကိုကိုလတ်၊ ဗိုလ်ကြီး ထွန်းနိုင်တို့ ဦးစီးသော မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ)အောက် ဝိုင်းမော်နယ်မြေခံ ခလရ အမှတ်(၅၈) မှ ဖြစ်သည်ဟု ဒေသခံများပြောသည်။

11ReadMore-2.jpg

ပဒိုမန်းငြိမ်းမောင်ကို ဥပဒေအရ အရေးယူဆောင်ရွက်နေဟု အစိုးရပြော

Submitted by admin on Tuesday, 17 January 2012--

ဇန်န၀ါရီ ၁၇ရက်၊ ၂၀၁၂။ ရွှေသိုက်တော (ကေအိုင်စီ)

အကျဉ်းကျခံနေရသည့် ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုကော်မတီဝင် တစ်ဦးဖြစ်သူ ပဒိုမန်းငြိမ်းမောင်သည် မကြာမီရက်ပိုင်း အတွင်း ပြန်လည် လွတ်မြောက်လာမည်ဟု မိခင်အဖွဲ့အစည်းက ပြောဆိုသော်လည်း မြန်မာအစိုးရ ဘက်ကမူ ဥပဒေ အရအရေးယူဆောင်ရွက်မှုများ ပြုလုပ် နေသည်ဟုအစိုး ရ ပြည်ထဲရေးဝန်ကြီးက ပြောသည်။

ပြီးခဲ့သည့် စနေနေ့က နေပြည်တော်ရှိ ပြည်ထဲရေးဌာနတွင် ယခုလ ၁၂ရက်နေ့က ထုတ်ပြန်ခဲ့သည့် လွတ်ငြိမ်းချမ်းသာခွင့်နှင့် ပတ်သက်၍ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကိုက ပဒိုမန်းငြိမ်းမောင်ကို တရားဥပဒေအရ အရေးယူနိုင်ရန် ဆောင်ရွက်မှုများ ပြုလုပ်နေသည်ဟု သတင်းထောက်များကို ပြော ကြားခဲ့ခြင်း ဖြစ်သည်။

သို့သော် ရန်ကုန်တိုင်းဒေသကြီးရှိ အင်းစိန်အကျဉ်းထောင်တွင် ယမန်နှစ်က အကျဉ်းကျခံနေရသည့် ပဒိုမန်းငြိမ်းမောင်ကို မြန် မာအစိုးရဘက်မှ မကြာမီရက်ပိုင်းအတွင်း ပြန်လွှတ်ပေးမည်ဟု ငြိမ်းချမ်းရေးဆွေးနွေးပွဲ သွားရောက်ခဲ့သည့် KNU ကိုယ်စား လှယ်အဖွဲ့ကို ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးဦးအောင်မင်းက ပြောကြားခဲ့သည်။

KNU ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ဝင်တဦးဖြစ်သည့် ပဒိုကွယ်ထူးဝင်းက “ပဒိုမန်းငြိမ်းမောင်ကို ကျနော်တို့နဲ့အပြန်မှာ တစ်ခါ တည်း ထည့်ပေးလိုက်မလို့ပါပဲ။ ကျနော်တို့ နေပြည်တော်ကအပြန်မှာ အချိန်ကပ်သွားတဲ့အတွက် ရုံးလုပ်ငန်းနဲ့ စာရွက်စာတမ်း ကိစ္စတွေကြောင့် သူ့ကိုတစ်ပါတည်း ခေါ်လာလို့မရဘူး ဖြစ်သွားတယ်။ မကြာမီရက်ပိုင်းမှာတော့ မြန်မာအစိုးရဘက်က သူ့ကို ပြန်လွှတ်ပေးနိုင်ပါတယ်။”ဟု ကရင်သတင်းဌာနသို့ ပြောသည်။

ပဒိုမန်းငြိမ်းမောင်သည် ယမန်နှစ် ဇူလိုင်လက ထိုင်းနိုင်ငံမှတဆင့် တရုတ်နိုင်ငံသို့ သွားရောက်ခဲ့သည့် ခရီးစဉ်တွင် ပျောက်ဆုံး ခဲ့ပြီး မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ခံရကာ တရားမ၀င် နယ်စပ်ဖြတ်ကျော်မှု၊ တရားမ၀င် စာရွက်စာတမ်းကိုင်ဆောင်မှု၊ မတရားအသင်းအက်ဥပဒေ ပုဒ်မ စသည့်စွဲချက်များဖြင့် အင်းစိန်ထောင်တွင် အကျဉ်းကျခံနေရသည်။

ပဒိုမန်းငြိမ်းမောင်၏ဇနီးသည်က “သူ့ကို အမြန်ဆုံး ပြန်လွှတ်ပေးစေချင်ပါတယ်။ အသက်လည်း ၇၀ ရှိပြီး။ သူ အမြန်ဆုံး ပြန် လွှတ်လာဖို့ပဲ ကျမတို့မိသားစု ဆုတောင်းနေရတယ်။”ဟု ပြောသည်။

မြန်မာအစိုးရ၏ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် KNU တို့အကြားယ ခုလ ၁၂ရက်နေ့က ပြုလုပ်ခဲ့သည့် အပစ်အခတ်ရပ်စဲရေး ငြိမ်းချမ်းရေးခရီးစဉ်တွင် KNU ဘက်မှ တောင်းဆိုသည့်အချက်များအနက် အကျဉ်းသားများ လွှတ်ပေး ရေးလည်း ပါရှိသည်။

၎င်းခရီးစဉ်တွင် မြန်မာနိုင်ငံရှိ အကျဉ်းထောင်များ၌ အကျဉ်းကျခံနေရသည့် KNU အဖွဲ့ဝင်များနှင့် အခြားဆက်စပ်သူများ စာရင်းကို မြန်မာကိုယ်စားလှယ်အဖွဲ့က တောင်းဆိုခဲ့သော်လည်း KNU ဘက်မှ ပေးအပ်နိုင်ခဲ့ခြင်းမရှိဟု သိရသည်။

ကရင်ပြည်နယ်အခြေစိုက် နိုင်ငံရေးပါတီတခု၏ ခေါင်းဆောင်တဦးက “ဒီကိစ္စက တမင်တကာကို ပြန်မလွှတ်ပေးတာ သူတို့ ပြန်လွှတ်စေချင်တယ်ဆိုရင် KNU အဖွဲ့နဲ့ ပြန်ထည့်ပေးလို့ရတာပဲ။ ဒီကိစ္စ မရိုးသားတာပဲလို့ မြင်တယ်။”ဟု ဆိုသည်။

ပဒိုမန်းငြိမ်းမောင်သည်မဆလခေတ် ၁၉၆၉ ခုနှစ်တွင် နိုင်ငံရေးလှုပ်ရှားမှုကြောင့် ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ခံရပြီး ကိုကိုးကျွန်းသို့ ပို့ဆောင်ခြင်းခံခဲ့ရသည်။

ကိုကိုးကျွန်းမှ အကျဉ်းသား ၂ဦးနှင့်အတူ ပင်လယ်ပြင်ကို လှေဖြင့်ဖြတ်ပြီး ကျွန်းနှင့်မိုင် ၂၅၀အကွာ၊ မွန်ပြည်နယ် ရေးမြို့နယ် ကမ်းခြေရှိ ဒူးယားရွာသို့ ရောက်ရှိသွားသော်လည်း ကျေးရွာသူကြီးက နယ်မြေခံစစ်တပ်ကို အကြောင်းကြားခဲ့သဖြင့် ဖမ်းဆီး ခြင်းခံရကာ ထောင်ဒဏ် ၃နှစ်ကျခံခဲ့ရပြီး ၁၉၇၃ခုနှစ်တွင် ပြန်လည်လွတ်မြောက်လာခဲ့သည်။

11ReadMore-2.jpg

Monday, January 16, 2012

သာမညကျေးရွာသူ ရွာသားများ၏ နိုင်ငံတော်သမ္မတထံ အသိပေးခြင်း

ဘားအံမြို့နယ် သာမညကျေးရွာသူ ရွာသားများ၏ နိုင်ငံတော်သမ္မတထံ အသိပေးခြင်း(ပေးစာကဏ္ဍ)
Author: ကိုးဒီသွေး | Posted at: 4:59 PM | Filed Under: article
ကရင်ပြည်နယ် ၀န်ကြီးချုပ်ဦးဇော်မင်း လုပ်ရပ်များအပေါ် မြန်မာနိုင်ငံသူနိုင်ငံသားအားလုံး သိရှိနိုင်ရန်၊ ကမ္ဘာတ၀ှမ်း လူထု သိရှိနိုင်ရန်နှင့် နိုင်ငံတော်သမ္မတပါ သိရှိနိုင်ရန် တင်ပြပေးပါရန်။

ရက်စွဲ- ဇန်န၀ါရီလ (၁၃)၊ ၂၀၁၂။

၁) ယခုအခါ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သည် ခေတ်စနှစ် လိုအပ်ချက်အရ ဒီမိုကရေစီနိုင်ငံ တော်သို့ လျှောက်လှမ်းနေပါပြီးဟု ဆိုပါသည်။

၂) ပြည်ထောင်စု မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် မှီတင်း နေထိုင်ကြကုန်သော ကျေးလက်၊ မြို့ပြည်သူလူထု အားလုံး၏ ဆန္ဒသည် ပြည်ထောင်စုလွှတ်တော်တွင် အတည်ပြုပြီးသော ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ် ရေးမှူး ဥပဒေအရ ခေတ်စနှစ်နှင့်လျောညီစွာ အသစ်ပြန်လည်ရွေးချယ် တင်မြှောက်ချင်ကြပါသည်။

၃) ကရင်ပြည်နယ် ဘားအံမြို့နယ်မှ ကျနော်၊ ကျမတို့ သာမညကျေးရွာတွင်လည်း ရွာသူရွာသားအားလုံး နှင့် ရပ်မိရပ်ဖများသည် ကျေးရွာအုပ်ချုပ်ရေးမှူးကို ပြောင်းလဲပေးပါရန် ပြည်နယ်ဝန်ကြီးချုပ်မှလည်း ကောင်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်မှလည်းကောင်း၊ တိုင်းရင်းသားရေးရာဝန်ကြီးမှလည်းကောင်း အကြိမ်ကြိမ် တင်ပြခဲ့ပါသည်။ ခရိုင်အုပ်ချုပ်ရေးမှူးမှာ အရေးယူပြောင်းလဲချင်သော ဆန္ဒရှိသော်လည်း ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မင်းမှာ လုံးဝ လုံးဝ အသစ် လဲလှယ်တင်မြှောက်လိုသော ဆန္ဒမရှိဘဲ လူထု၏ သဘောထားကို ဖြည့်ပေးခြင်း မရှိပါ။

၎) ကျနော်/ကျမတို့ သာမညကျေးရွာ အုပ်ချုပ်ရေးမှူးသည် ပြည်သူလူထု၏ ဆန္ဒသဘောထားကို ဖြည့် ဆည်းမှု မရှိဘဲ ၎င်းက တင်သလို အာဏာရှင်ဆန်ဆန် အုပ်ချုပ်ပါသည်။

၅) ကျေးရွာတွင် ပြည်ထောင်စု စာရင်း ပြုလုပ်မှုနှင့်ပတ်သက်ပြီး အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် ၂,၅၀၀ နှုန်း ကောက်ခံသော်လည်း ယခုထက်တိုင် အိမ်ထောင်စုစာရင်းမှာ ရရှိခြင်းမရှိဘဲ ငွေကြေးလိမ်လည်ကာ ကိုယ်ကျိုးအတွက် အသုံးပြုပါသည်။

၆) ကျေးရွာမှ ကောက်ယူသော လစဉ် ငွေစာရင်းများကိုလည်း တစ်ကြိမ်တစ်ခါမျှ စာရင်းရှင်းလင်းခြင်း မရှိပါ။

၇) ကျေးရွာ မီးလင်းရေးဆောင်ရွက်ရာတွင်လည်း တရားမျှတစွာ ကောက်ခံခြင်းမရှိဘဲ ၎င်း၏ ဆန္ဒအရ သာ လုပ်ဆောင်ပြီး ပြည်သူများ၏ဆန္ဒ၊ ပြည်သူ၏အသံကို လုံးဝလစ်လျူရှုထားကာ အာဏာရှင်ဆန်ဆန် လုပ်ဆောင်ပါသည်။

၈) ယခုအခါတွင် သာမညဆရာတော်မရှိသည့်နောက်ပိုင်းမှာ တိုင်းရင်းသားစည်းလုံးညီညွတ်မှု ပျက် ပြားပြီး ရွာသူရွာသားများမှာလည်း အားလုံးစိတ်ဝမ်းကွဲကာ အခြေအနေမှာ တဖြေးဖြေး ဆိုးရွားလာပါ သည်။ ယခုလက်ရှိ နာယက ဆရာတော်များမှာလည်း စိတ်ဆင်းရဲနေရပါသည်။

၉) ၁၀. ၁. ၂၀၁၂ ရက်နေ့ည ၇နာရီခန့်တွင် အုပ်ချုပ်ရေးမှူး၏ မတရားမှုကို သီးမခံနိုင်သော ရွာသား ၃၀၀ဦးခန့်သည် ၎င်းတို့၏ အိမ်ရှေ့တွင် ငြိမ်းချမ်းစွာ သပိတ်မှောက်ဆန္ဒပြပါသည်။

၁၀) ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေအရ ကရင်ပြည်နယ် ၀န်ကြီးချုပ်ဦးဇော်မင်းမှာ ကရင်လူမျိုး မဟုတ် ဘဲ ဗမာလူမျိုးဖြစ်သောကြောင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ညီညွတ်ခြင်းမရှိသည့်အပြင် ကရင် ပြည်နယ်သူ၊ ပြည်နယ်သား၏ သဘောထားဆန္ဒ၊ ပြည်နယ်သူ ပြည်နယ်သား၏ အကျိုးစီးပွားကို စွမ်းစွမ်း တမံ ဆောင်ရွက်နိုင်မည်မဟုတ်ဟု ယုံကြည်ကာ လူထုကြိုက်နှစ်သက်ခြင်း မရှိချေ။

၁၁) ၎င်းအပြင် ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မင်းသည် ပြည်နယ်သူပြည်နယ်သားတို့ တောင်းဆိုသော ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးအသစ် လဲလှယ်တင်မြှောက်ခြင်းကို လုံးဝ စိတ်ဝင်စားခြင်းမရှိဘဲ နယ်စပ်မြို့ဖြစ်သည့် မြ၀တီမြို့မြေကွက်သစ်များ ဖော်ထုတ်ရောင်းဝယ်ခြင်းနှင့် လန(၃၉)ကို ဈေးကြီးကြီး ယူ၍ လုပ်ကိုင်ဆောင်ရွက်ခြင်းကိုသာ စိတ်ဝင်စားပါသည်။

၁၂) ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မင်းသည် ၎င်း၏ရာထူးနှင့် အာဏာတည်မြဲရေးအတွက် ဘားအံမြို့နယ် ဇွဲကပင်တောင်အနီး ကျောက်ကလပ် ဆရာတော်ထံတွင် အမြဲတမ်း ယတြာနှင့် ဓါတ်ရိုက် ဓါတ်ဆင်များ ပြုလုပ်ကြောင်းလည်း သိရှိရပါသည်။

၁၃) အထက်ပါ အကြောင်းအရာနှင့်ပတ်သက်ပြီး မြန်မာတ၀ှမ်းလုံးတွင် သိရှိနိုင်ရန်၊ ကမ္ဘာကပါ သိရှိနိုင် ရန်နှင့် နိုင်ငံတော်သမ္မတပါ သိရှိနိုင်ရန် လေးစားစွာဖြင့် တင်ပြအပ်ပါသည်။

မှတ်ချက်။ ။ ယ္ခု ကရင်ပြည်နယ် ၀န်ကြီးချုပ် ဦးဇော်မင်းသည် ယ္ခင် န.၀.တ ခေတ် အရှေ့တောင် တိုင်း စစ်အုပ်ချုပ်မှ ဒုတိုင်းမှူးအနေနှင့် ကရင်ပြည်နယ်ကို ဥက္ကဌအားဖြင့် ဆောင်ရွက်ခဲ့ပြီး ယ္ခု သမတ ဦးသိန်းစိန်လက်ထက်တွင် ကရင်ပြည်နယ် ၀န်ကြီးချုပ်အဖြစ် ပြန်လည် အုပ်ချုပ်ရသူတစ်ဦး ဖြစ်ပါသည်။


လေးစားစွာဖြင့်
ရွာသူ/ရွာသားများ
သာမညကျေးရွာ၊ ဘားအံမြို့နယ်
ကရင်ပြည်နယ်။

11ReadMore-2.jpg

Sunday, January 15, 2012

Facebook တွေက ပြောနေကြတဲ့ ဦးခင်ညွန့် အကြောင်း




ဦးခင်ညွန့်ကို လွှတ်လိုက်တာဟာ သူတို့ကို လူတွေက ဘယ်လောက် ခွင့်လွှတ်နိုင်လဲဆိုတာ စမ်းသပ်ကြည့်တာ ဖြစ် ကောင်းဖြစ်နိုင်တယ်။ ပြီးတော့ ဒီလောက် ဆိုးခဲ့တဲ့လူဟာ ပြန်လည် ထင်ပေါ်လာနိုင်သေးလား ဆိုတာ စမ်းကြည့်တာ လဲ ဖြစ်နိုင်တယ်။သူလုပ်ခဲ့တာ ကောင်းခဲ့တာတွေရှိတယ် ဘာဘာညာညာ။

မြန်မာပြည် ဒီလောက် ဆိုးရွားသွားခဲ့တဲ့ အဓိက တရားခံထဲမှာ သူပါတယ်။ တရားခံ နံပါတ် ၁ ဟာ ဦးနေ၀င်းဆိုရင် တရား ခံ နံပါတ် ၂ ဟာ ဦးခင်ညွန့်ပဲ။ ၈၈ မှာ အတိုက်အခံတွေဘက်က ကြားဖြတ်အစိုးရဖွဲ့ဖို့ နှောင့်နှေးခဲ့ရတဲ့ အခြေအနေမှာ သပိတ်တန်ပြန်ရေး ဖော်ဆောင်သွားတာ သူနဲ့ ထောက်တွေပဲ။ ၈၈ မှာ ခေါင်းဖြတ်ပြ၊ စက်ရုံတွေဖောက်ပြ မင်းမဲ့ စရိုက် ဆိုတဲ့ ဘက်ကို လုပ်ပြသွားတာသူပဲ။ အဲ့ဒါကြောင့် ဒီနေ့တချို့ လူငယ်တွေ ၈၈ မှာ တပ်မတော်က ကယ်တင်လိုက်ရ တယ်ဆိုတဲ့ ဗိုလ်ချုပ်ခင်ညွန့်ရဲ့  အလှည့်စားခံလေးတွေ ဖြစ်သွားတာပဲ ဒီနောက်မှာ သပိတ်နှိမ်နှင်းရေးတွေကို လူမဆန် အောင် ကြူပင်ခုတ် ကြူငုတ်မကျန် လုပ်ခဲ့တာ သူပါပဲ။

ရေကြည်အိုင်လိုမျိုး နာမည်ဆိုးနဲ့ကျော်ကြားတဲ့ စစ်ကြောရေးစခန်းတွေက ငရဲခန်း နှိပ်စက်ခန်းတွေဟာသူ့စနက်တွေ ချည်း ပါပဲ။ ဆိုင်ကယ် မောင်းခိုင်းတာက အစ သောက်တဲ့ ရေထဲ မာကျူရီထည့်ပြီး ဦးနှောက်ပျက်အောင် လုပ်တဲ့အထိ ဆိုးရွား ခဲ့တာ သူပါပဲ။

ရေကြည်အိုင်ကို ၀င်သွားတဲ့သူ မှန်သမျှ အကောင်းအတိုင်း ပြန်ထွက်လာတယ်ဆိုတာ အလွန်ရှားပါတယ်။ လူမသိ သူမ သိ လက်လွန်သွားတဲ့သူတွေ ဘယ်လောက်ရှိသလဲဆိုတာ ရေတွက်လို့ မရပါဘူး။ တကယ်တော့ မြန်မာတပြည်လုံးကို အကြောက်တရားနဲ့အုပ်ချုပ်ခဲ့တာမျိုးကို စစ်ဗိုလ်ချုပ်တွေ မလုပ်တတ်ခဲ့ပါဘူး။ ညအချိန်မတော် အိမ်တံခါးလာခေါက်ပြီး ညီလေး အစ်ကိုတို့နဲ့ ခဏလိုက်ခဲ့ပါလို့ ဘယ်တော့များ အခေါ်ခံရမလဲဆိုတဲ့ အကြောက်တရားမျိုးကို လူတွေစိတ်ထဲ ရိုက် သွင်းခဲ့တာ ဗိုလ်ချုပ်ခင်ညွန့်ပါ။ နိုင်ငံရေးဆိုတာ လုပ်တာနဲ့ သင်္ချိုင်းကုန်းပဲ ပြေးမြင်အောင် လုပ်ထားတာ သူပါ။

စစ်သားတွေဟာ မျက်ကန်းမျိုးချစ်နဲ့ငါတကောကော အမှားတွေလုပ် တိုင်းပြည်ကို စစ်တပ်လို အုပ်ချုပ်ဖို့ကြိုးစားပါတယ်။ တကယ်တော့ စစ်ဗိုလ်ချုပ်တွေချည်းပဲဆို စစ်တပ်က ဒီလောက် ဖိနှိပ်ဖို့ မလွယ်ပါဘူး။ ဗိုလ်ချုပ်ခင်ညွန့်လို ပါးပါးနပ်နပ်နဲ့ ကောက်ကျစ်တဲ့ စစ်သားမဟုတ်တဲ့ သူကြောင့်သာ စစ်တပ် သက်ဆိုးရှည်ခဲ့တာပါ။ အာဏာရှင်တွေရဲ့ ကယ်တင်ရှင်ပါပဲ။ ဒါကြောင့် သူဟာ တပ်ထဲမှာ နေရာပေးခြင်း ခံခဲ့ရတာပါ။

ဦးနေ၀င်း ဆင်းပြီးသူ့သြဇာခံတွေလဲ ထည့်မရတဲ့အဆုံးမှာ ဗိုလ်ခင်ညွန့်ကို နောက်ဆုံးလက်နက်အဖြစ် သုံးခဲ့တာပဲ။ အဲ့ဒီ အချိန်မှာ ဗိုလ်ချုပ် စောမောင် ဆိုတာ ရုပ်သေးပဲ။ နောက်က တကယ် လှုပ်ရှားခဲ့တာ တွင်း ၁ ၊့  တွင်း ၂ နဲ့ ရန်ကုန်တိုင်း တိုင်းမှူး ဗိုလ်ချုပ်မျိုးညွန့်တို့ပဲ။အဲ့ဒီ ၃ ယောက်မှာ စီမံခန့်ခွဲသူက ဗိုလ်ချုပ်ခင်ညွန့်ပဲ။ ဗိုလ်ချုပ် သန်းရွှေကိုလဲ အစက ဟန် ပြ အဖြစ် တင်ခဲ့တာပဲ။ နောက်မှ သူတို့အပေါ်ရောက်သွားလို့ ခံလိုက်ရတာ။

သေနတ်ရှိမှ နေရာမြဲတဲ့ စစ်တပ်ထဲမှာ စစ်ကောင်းကောင်း မတိုက်တတ်၊ စစ်တပ်ကျောထောက် နောက်ခံမရှိတဲ့ ဗိုလ်ခင် ညွန့်ဟာ အခြေအနေ မကောင်းဘူးဆိုတာ သိပါတယ်။ ဒါကြောင့် တိုင်းရင်းသားတော်လှန်ရေး အုပ်စုတွေနဲ့ စစ်ပြေငြိမ်း ရေးလုပ်တာကို ဘန်းပြပြီး ဘိန်းမှောင်ခိုအဖွဲ့ ၊လက်နက်ကိုင် သူပုန် အဖွဲ့ တချို့ကို ငြိမ်းအဖွဲ့တွေအဖြစ် ဖန်တီးပြီး ကျော ထောက်နောက်ခံရအောင် ကြိုးစားခဲ့ပါတယ်။ ဒါကြောင့် ကိုးကန့်တို့ဟာ မြန်မာလူမျိုးထဲတောင် ပါဝင်ခွင့်ရခဲ့ပါတယ်။ ငြိမ်းအဖွဲ့တွေ သူတလူငါတမင်း လုပ်ချင်တိုင်းလုပ်တာကို ခံခဲ့ရပါတယ်။ စစ်တပ် ကျောထောက်နောက်ခံ မရှိတဲ့ သူအဖို့ ဒီလို ရည်ရှည်သွားတာဟာ နောက်ဆုံး သူ ဒုက္ခရောက်မယ်ဆိုတာကို သဘောပေါက်လာပါတယ်။

စစ်အစိုးရ အနေနဲ့ ရည်ရှည်သွားတာဟာ မကောင်းဘူးလို့အစောဆုံး သဘောပေါက်တာလဲ ပါမယ် ထင်ပါတယ်။ ဒါကြောင့် အခု ပုဆိုးဝတ် စစ်သားကြီးတွေ ကပြနေတဲ့ ဇာတ်ကို သူက အရင် ရေးသွားခဲ့တာပါ။ အဲ့ဒီအချိန်မှာသာ သူ့ကို ပေးကခဲ့ရင် အခု ပုဆိုးဝတ်ကြီးတွေကို ဗီလိန်နေရာထားပြီး သူက မင်းသားနေရာကနေ ကမှာကို မြင်ခဲ့လို့ စင်ပေါ်ကနေ ကန်ချခံခဲ့ရတာပါ။

တကယ်တော့ ဗိုလ်ချုပ်ခင်ညွန့်ဟာ စစ်သား စစ်စစ် မဟုတ်ပါဘူး။ ရှေ့ တန်းတောင် ကောင်းကောင်း ရောက်ဖူးရဲ့ လား မပြောတတ်ဘူး။ စစ်တက္ကသိုလ် ဆင်းလဲ မဟုတ်ပါဘူး။ စစ်သားတွေဟာ သေနတ်ကို သုံးပြီး ဉာဏ်နည်းနည်းနဲ့ပဲ လုပ် တတ်ပါတယ်။ သူကတော့ ဉာဏ်ရှိပြီး ကောက်ကျစ်တဲ့သူပါ။ ကဲ ဘယ်သူဟာ ပိုကြောက်စရာကောင်းလဲ စဉ်းစားကြည့် ကြပါ။ သူလို လူမျိုးကို ကျနော်တို့ အာဃာဋ ထားစရာမလိုဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲ့ဒီအတွက် အချိန်မရှိလို့ပဲ။ တခြားတိုးတက်ရေးလုပ်စရာတွေ အများကြီးရှိနေတယ်။ ဒါပေမယ့် နိုင်ငံတိုးတက်ရေးမှာ ၀င်မနှောင့်ယှက်နိုင်အောင် တော့ သတိထားနေရမယ်။ သူလုပ်ခဲ့တာတွေကိုတော့ မေ့မပစ်ဘဲ ထပ်မခံရအောင် သင်ခန်းစာတော့ ယူရမယ်။

မောင်ညီ MMCP

…………………………………..

ဦးခင်ညွန့် ဘာတွေလုပ်ခဲ့လဲ ဟုတ်လား

၁- စစ်အစိုးရ တတ်ခါစမှာ သူတဦးတည်းမှာ ပါဝါအပြည့်ရှိတယ်လို့ ပြောလို့ရလောက်အောင်ကို ပါဝါရှိပါတယ်။ အဲ့ဒီ အ ချိန်က သူဆန္ဒပြ ကျောင်းသားတွေ NLD နဲ့လူ့ဘောင်သစ်ပါတီဝင်တွေကို ဘယ်လို့ဘ၀တွေရိုက်ချိုးခဲ့တယ်ဆိုတာ ပြန် ပြောပြဖို့လိုမယ် မထင်ပါဘူး။ မန္တလေး သံဃာ့အရေးအခင်းကနေစပြီး သံဃာတွေကို ဘယ်လိုသူ ထောင်သွင်းအကျဉ်း ချခဲ့ပါသလဲ….

၂- အာဏာတည်ဆောက်ပုံ…ကြမ်းတဲ့နေရာမှာ သူ့လောက်ဘယ်သူမှ မကြမ်းပါဘူး။ သူ့အထက်က ဦးစောမောင်၊သူ့လယ် ဗယ်ထက် တဆင့်မြင့် ဦးမြင့်အောင်၊ ဦးထွန်းကြည် တို့အုပ်စု၊ သူတွေကို ဘယ်လိုရှင်းသွားလဲ… အဲ့အချိန်မှာ ဦးသန်းရွှေ တောင် သူ့ပါဝါသူအသာလေး စုနေရတဲ့အဆင့်ပဲ ရှိသေးပါတယ်။ နောက် ဦးတင်ဦး ကေစ့် မသေမချင်း လုပ်ကြံခံရတာ သူ့ကြောင့်မဟုတ်ဘူး ဆိုရင်တောင် သူအကာအကွယ် မပေးနိုင်ခဲ့တာဟာလည်း သူ့ကိုယ်သူလုံလှပြီလို့တော့ ပြောလို့မရ နိုင်ပါဘူး။ နောင်သူ ဇွဲနေ၀င်းတို့ ဗယုတ်သုတ်ခအလုပ်မှာ တချက်၊ သူ့လူတွေ လည်လွန်းပြီး ချီးနင်းမိနေချိန်မှာ တချက်အ ခြေပျက်သွားလို့သာ သူခံလိုက်ရတာပါ။

အဲ့တော့ သမိုင်းမှာ ဘယ်သူ တာဝန်အရှိဆုံးလည်းဆိုတာ ပေါ်လောက်ပါပြီ။ ဦးသန်းရွှေက သူ့လောက်မတော်ပါဘူး…. ဦးသန်းရွှေ မဟုတ်တာလုပ်ရင် လူသိတာများတယ်။ သူမဟုတ်တာလုပ်တာ လူသိပ်မသိဘူး။ သူက ဆင်ဖြုမရှင်နဲ့ စုဘု ရားလတ် ပုံစံ တဘက်ကပွဲခင်းပြီး တဘက်က လူသတ်တဲ့သူစားမို့ပါ… သူလုပ်သွားတာ အားလုံးဟာ ဆန်းဆန်းပြားပြား မပါပါဘူး။ တကယ်တော့ သူသိပ်တော်ပါတယ် ပြောရင် ဗလလို ငမြောက်ငခြောက်ကောင်ကလည်း အဲ့လိုနေရာလေး သာရပစေ မြန်မာပြည်ကို အနှစ် ၄၀ လောက် ပိတ်ထားလို့ရတယ်လို့ ကြွေးကြော်ချင်ပါတယ်… ဘာကြောင့်လဲ မေးရင် တော့ မြန်မာလူမျိုးတွေက မြန်မာလူမျိုးတွေမို့ ပါပဲ။

အခုတောင် ဖေ့စ်ဘုတ်မှာ အရင်ထောက်လှမ်းရေးအတွက် အသုံးတော်ခံခဲ့တဲ့ 7days voice eleven တို့က တဖြည်းဖြည်း နဲ့ မင်းကိုနိုင် တပုံ သူ့ပုံ တပုံတင်ပြီး စည်းရုံးရေးဆင်းနေပါပြီ။ အားလုံးကလည်း ဘဘကြီးနေကောင်းလားတို့ အရမ်း ၀မ်း သာတာပဲတို့ ဖြစ်ကုန်ကြရော။ ကျုပ်တို့လူမျိုးကလည်း မေ့တတ်တာကိုး ၁၉၈၈ အရေးအခင်းဖြစ်တယ် အရေးအခင်းပြီး တာနဲ့ အရပ်ထဲ နတ်ပွဲတွေနဲ့ တခြိမ်းခြိမ်းပေါ့၊ မေ့ကုန်ပြီ၊ မသေတဲ့ မိသားစုတွေက ၁၉၉၀ ရွေးကောက်ပွဲလုပ်တယ် မနက် ဖြန်ပဲပေးမလိုလို လုပ်နေလိုက်တယ်။ ကြားထဲမှာ ဖမ်းလိုက်တာ မနည်းမနော၊ အမှတ်မမှားရင် လွတ်တော်ခေါ်မယ်ကို ၁၉၉၁- ၉၂ နှစ်လောက်မှ ကြေငြာတာ ရွေးကောက်ပွဲပြီးတယ်။ ၁၉၉၃ ညီလာခံခေါ်တယ်။ တနှစ်တကြိမ် တခါတလေ ၂-၃ ကြိမ်ခေါ်တယ်၊ လူတွေဆူပူမှာဆိုးလို့ မြို့တော်ဝန် မာရသွန် ပြေးလိုက်ကြတာပဲ။ တီကိုကားရအောင်လို့ နအဖ ဖလား လှေသဘင်၊ မြင်းခင်းသဘင်၊ ဟောပြီးတော့ အမျိုးသားအားကစားပွဲတော်၊ နောက်တော့ ကျောင်းသားအားကစားပွဲ တော်လုပ်ပေးတယ်။

ဒါတွေဟာ ပုံမှန်ပါပဲ။ တကယ်တော့ အလှည့်တွေထဲမတော့ တိုင်းပြည်ကိုအုပ်ချုပ်နေတဲ့ လူတယောက်အတွက် တကယ့်ကို ပုံမှန်ပါပဲ။ အခုအွန်လိုင်းမှာဟော့နေတဲ့ မြန်မာ့အင်တာနက်ဖောင်ဒါဆိုတဲ့ စကားလုံးမှားတယ် ပုဂံဆိုက်ဘာ ကို စလုပ်တဲ့ ရည်ရွယ်ချက်ကိုက သူ့အတွက်ပါ။ သူ လုပ်ခဲ့တာ တကယ်တော့ ကကလှမ်းအတွက်ရည်ရွယ်ပြီး လုပ်ခဲ့တာ ပါ။ သူမလုပ်ရင် သူကျန်ခဲ့တော့မယ်။

အဲ့နောက်ကနေမှ လူတွေမသုံးနိုင်တဲ့ ဈေး၊ လူတွေမသုံးနိုင်တဲ့ စပိဒ့်တွေနဲ့ လူတွေကြားထဲ ချထားပေးလိုက်တာပါ။ ဒါ လည်း လေးစားလောက်စရာမရှိပါဘူး။ သူနိုင်ငံအုပ်ချုပ်နေတဲ့ သူတယောက် သူ့အလုပ် သူလုပ်ရမှာပေါ့။ ဒါ ကျနော်တို့ က ပိုပြီး ချီးကျူးထောပနာပြုနေစရာ ဘာလိုလို့လဲ။ ကောင်းတာကို ချီးကျူးခံချင်ရင်တော့ ဘုန်းကြီးကျောင်းသွား အလှူ လုပ်ပါ။ ကိုယ့်ပိုက်ဆံနဲ့ ကိုယ်လှူ ဘုန်းဘုန်းတွေ ပြောတဲ့ သာဓု ဆိုတာကို ပီတိခံပေါ့။ နောက် လူတွေပြောတဲ့ မာလ်တီမီ ဒီယာ ဟားတိုက်တာ ရယ်ချင်ရဲ့ စက်ရှိတယ် ရုပ်ပြ၊ အင်တာနတ်ကနေ စာသင်မယ်တဲ့ မီးမလာဘဲ အဲ့တော့ အဲ့တာတွေ ဟာ အပိုဆိုတာ သဘောပေါက်ပေါ့။ ထမင်းကျွေးလို့ ထိုင်စားမယ့်လူကို ထမင်းသိုး ဟင်းသိုးကျွေးတာ ထုတ်ပြီး ချီးကျူး လောက်တဲ့ သူဟာ ထမင်းသိုးဟင်းသိုးကြိုက်တဲ့သူပဲ ဖြစ်မှာပေါ့။

နောက်တခု မိခင်နဲ့ ကလေးစောင့်ရှောက်ရေးအသင်း ဒါဟာ တပ်တွင်းအားပြိုင်ဖို့ လောက်နေရာတခုပါ။ အဲ့လိုနေရာမှာ ဒေါ်ကြိုင်ကြိုင် တို့က မတိုးဘူးလေ။ သူ့မိန်းမက ဒေါက်တာဆိုတော့ ပိုပြီးလူဝင်ဆန့်တော့ ဒါကိုတည်ခဲ့တာပဲ။ နောက် အတန်းပညာရေးကို ဘယ်လောက်ထိဖျက်ဆီးပစ်တယ်ဆိုတာ အားလုံးအသိပါ။ မအောင်မနေရ အတန်းတင်ပညာရေး စနစ်ဟာသူ့ကြောင့် ပေါ်ထွန်းလာတာပါ။ အဲ့ဒီ ပညာရေးစနစ်ကထွက်လာတဲ့သူတွေ အခုအချိန်ထိ နိုင်ငံတကာမှာ ဘွဲ့ ချင်းတူရင် ဒီပလိုမာချင်းတူရင် ဘယ်သူက ခေါင်းမော့ရင်ကော့ ရပ်တည်နိုင်ပါသလဲ၊ ကိုယ့်ဘာသာကိုယ် မပြင်ထားရင် ဘာအဆင့်မှ မရှိလောက်အောင် အနှိမ်ခံရပါမယ်။ အဲ့လောက်ဆိုရင် သူဘာလဲ သိလောက်ပါပြီ။

သူဟာ ရုပ်ရှင်သရုပ်ဆောင် ကြက်သမား ၀င်းမြင့် (ဦးလူချော မှန်ပါတယ်နော်) ရဲ့ ညီလို့ မပြောရဘူး။ သရုပ်ဆောင် ကောင်းသူပါ။ ဘုရားထီးတော်တင်ရင် ဆုတခုပဲတောင်းတယ်။ နိုင်ငံတော် သာယာဝပြောပြီး နိုင်ငံကြီးအေးချမ်းပါစေ တဲ့ (နည်းနည်းတော့ စကားလုံးကွဲနိုင်တယ်) အဲ့လို ဟန်ပါပါ မာန်ပါပါနဲ့ဆုတောင်းလို့ လူကောင်းထင်နေရင်တော့ မှားမှာ ပေါ့။

ကျနော် အိမ်ကနေ ရှေ့တပြက ဘုရားသူထီးတင်ခဲ့သလို ကျနော့် လမ်းထိပ်က ကကလှမ်းရုံးမှာလည်း သူ့တပည့်တွေ ဗျင်းနေတာ ကိုယ်တွေ့ မျက်မြင်။ အဲ့တော့ မိချောင်းမျက်ရည်လို့သာ ပြောချင်တယ်။ သူ့အကြောင်း ထဲကနေ ကောင်းတာ လေး တခုနှစ်ခုလောက်တော့ ရှိတာပေါ့။ သူ့ တပ်မတော်ဘ၀ နေ၀င်ချိန်မှာ အာဏာကို ပုံစံပြောင်းယူဖို့အကြံနဲ့ ဒေါ်စုကို သူက ဒီပရင်းမှာ ကယ်တဲ့ပုံစံ ချိုးယူတာမျိုး၊ အာစီယံမှာ သူ့တပည့် ဦးဝင်းအောင် ကို အလှည့်အပြောင်းလာတော့မယ် ဆိုတဲ့ စကားထွက်စေတာမျိုးကို ကြိတ်ပြီး ချီးကျူးမယ်ဆိုရင်ပေါ့။ ဒါပေမယ့် ဒီလူဟာ ကျနော်တို့ ပုံနှိပ်စက်သမားတွေ ပြောသလိုပြောရရင် မှင်အနက်ပဲ။ ဘယ်လိုမှင်နဲ့မှ သူ့ကိုအရောင်ပြောင်းလို့ မရနိုင်ဘူး။ သူဟာ လူမကြမ်းဘဲ စိတ်ဓါတ် ကြမ်းတဲ့ အတွင်းကောက်သမားပါ။

ကျေးဇူး ဗလ (MMCP)

………………………………………..

ရွေဝါရောင်ရဲ့ အရှေ့မှာ ၉၆ ကျောင်းသားအရေးအခင်းဆိုတာ ရှိခဲ့တယ်ကွယ့်။ ဘယ်သူမှ အတိအကျမသိဘဲလို့ ဆိုရ အောင် အဲဒီ ကျောင်းသားတွေ မသေသေးဘူးကွယ့်။ အဲဒီ သူကြီးလဲ အပြင်ဘက်မှာ အရှင်လတ်လတ်ကြီး ညွှန်ကြားနေ တာကွယ့်။ လှည်းတန်းမှာ နံနက်လင်းအားကြီး ကတ္တရာလမ်းပေါ်ထိုင် လက်ချင်းချိတ်တွဲထားတဲ့ ကျောင်းသားတွေကို မီး သတ်ပိုက်နဲ့ အနီးကပ်အတင်းထိုးခွဲ ကားပေါ်ပစ်တင်ခိုင်းတာ အခု ရွှေဘိုထောင်ကလွှတ်တဲ့ထဲပါတဲ့ ဗိုလ်ခင်ညွှန့် လက်ရုံး ဗိုလ်မှူးချုပ် ခင်အောင် တဲ့။ အဲဒီတုန်းက ဗမခ မဟုတ်သေးဘူးထင်တယ်။ အမိန့်အရ အနီးကပ်ညွှန်ကြားသူပေါ့။ထောက် လှန်းရေးတစု ရက်ရက်စက်စက် နှိမ်နင်းခဲ့တဲ့ မန်းလေး သံဃာ့အရေးအခင်းဆိုတာလဲ မီလိုက်သူတွေ ရှိသေးတယ်ကွယ့်။ ကျောင်းသားတယောက်ကို မမိလို့ အမေနဲ့ နှမကို (အလယ်တန်းကျောင်းသူတောင်မချန်) ထောင်ထဲ ဖမ်းထည့်ပစ်လိုက် တာကော သူတော်တဲ့အချက်လို့ ပြောဦးမလား။ မျှားခေါ်တတ်လိုက်တာ ပေါ့နော် အဲဒီတ၀ိုက် စစ်ထောက်လှမ်းရေးတွေ သတင်းပေးတွေ စိုးမိုးချိန်က လက်ဖက်ရည်ဆိုင်ထိုင်ရင်တောင် ဘော်ဘော်တွေနဲ့ ကိုယ့်နိုင်ငံအကြောင်း အကောင်းအ ဆိုး နည်းနည်းတောင် မဟ၀ံ့၊ ကချင်ပုဆိုးတောင် မ၀တ်ရဲ၊ အိမ်မှာ အန်တီစုပုံတောင် မထားရဲတဲ့ သာမန်ကျောင်းသား ပြည်သူတွေရဲ့ ဘ၀တွေ ရှိခဲ့တယ်။ အဲဒါ ပုံပြင်တွေ ယုံတမ်းစကားတွေ မဟုတ်ဘူး။ အမှန်က ဒီလူကြီးအကြောင်း ပြောဖို့ ၀င်လာတာ မဟုတ်ဘူး။ ဖတ်ရတော့လဲ မနေနိုင်လို့။

…………………………………………….

ဘယ်သူတွေ ဘယ်လိုပဲ အဘညွှန့်ရဲ့ ဘုန်းတော်ဘွဲ့တွေ ရွတ်နေကြပါစေ ကျနော်တော့ သူ့မျက်နှာမြင်တာနဲ့ ပထမဆုံး ပြေးမြင်မိတာက ကိုတင်နွယ် ဆိုတဲ့ ဇိမ်ခေါင်းကြီးပဲ။

အဘညွှန့် ဘာလုပ်ခဲ့သလဲတော့ မသိပါဘူး။ အဘညွှန့်ရဲ့ သားသမီး အမ်အိုင်တွေကြောင့် တနိုင်ငံလုံး ဇိမ်နန်းတွေ ပေါ် ပေါ်တင်တင် ဖွင့်ရဲလာတာတော့ အတော်ထင်ထင်ရှားရှားပဲ။ တဖက်ကနေ လှည့်ပြီးကျေးဇူးတင်ရမယ်ဆိုရင် ကိုရင်ချက် ကြီး တို့ ပြည်တွင်းဖြစ် ကုန်ကြမ်းရစေဖို့ စတင်မိတ်ဆက် ကျေးဇူးပြုခဲ့တာ အဘညွှန့်ရဲ့ အမ်အိုင်တွေပဲ။

…………………………………………….

ဒါပေမယ့် သူလွတ်ခြင်းမလွတ်ခြင်းကို ကျနော်တော့ ဘယ်လိုမှ မခံစားမိပါဘူး၊ အကျဉ်းကျနေသူ လွတ်မြောက်တဲ့ အ တွက် မုဒိတာပွားပါတယ်။ ဒါပေမဲ့ သူဟာ တနိုင်ငံလုံး အကြောက်တရားနွံထဲ ဆွဲချခဲ့တဲ့ အဖွဲ့အစည်းကြီးတခုကို ဦး ဆောင်ခဲ့တဲ့ သူတယောက်ဆိုတာ ဘယ်လိုမှ ငြင်းဆို ဖျောက်ဖျက်လို့ မရနိုင်ပါဘူး။

မော်ကင်းလေး

………………………………………..

မခံခဲ့ရဘူးတဲ့သူတွေကတော့ ခံခဲ့ရတဲ့အမြင်ကို ဘယ်သိမလဲဗျ။ မိသားစုတွေ သားတကွဲ၊ မယားတကွဲ ဖြစ်ခဲ့တာတွေ၊ လူ့ ဘ၀ သက်တမ်းတ၀က်လောက်ကို ထောင်ထဲမှာ ကုန်ဆုံးခဲ့ရတာတွေ၊ ကိုယ့်အိမ်ကိုယ်နေတာတောင် ကြီးလန့်စာစား နေ ခဲ့ရတာတွေ၊ ပြောရရင်တော့ ကုန်မှာတောင် မဟုတ်ဘူး။ ဒီလို လူမျိုးကို အကာအကွယ်ပေးတဲ့သူတွေ facebook ပေါ်မှာ လဲ အတော်များသားကလား။ ဒီလူကြီးရဲ့လက်တံက တော်တော်ရှည်သေးတာ တွေ့ရပါတယ်။ (သူတပည့်ဟောင်းတွေ တော်တော်များများလဲ facebook ပေါ်ရှိနေတာ သေချာတယ်) ထောက်လှမ်းရေး ဆိုတဲ့အတိုင်း ဉာဏ်နီဉာဏ်နက်၊ က လိမ်ကကျစ် ဉာဏ်ကတော့ တော်တော်ကြောက်ဖို့ ကောင်းရိုးအမှန်ပဲ။ မြွေပွေးလို လူမျိုးပါ။ ဒီလူကြီး အခုလို ထောင်ကျ တာလဲ ယုံကြည်ချက်ကြောင့် မဟုတ်ပါ။

သွားလေသူကြီးက မြွေပွေးတကောင်ကို ပခြုပ်ထဲထည့်လိုက်တာပါ။ (သူတို့ အာဏာထိပါးမှာ မြင်လို့လားမသိ) ခုတော့ မြွေပွေးတကောင် ပြန်လွတ်လာပြီပေါ့။

MMCP

………………………………..

သူတို့တွေက ရန် ငါ ပြတ်တယ်။ ဒါကြောင့်လည်း သူတို့တွေက ပြတ်ပြတ်သားသား အသာစီးရ အပေါ်စီးကနေပြီး လုပ် ခြင်သလို လုပ်ခဲ့ကြတယ်။ ကျတော်တို့က မေတ္တာ ဂရုဏာ မုဒိတာ ဥပေခါတွေကို ကျင့်သုံးတယ်။ နည်းနည်း အသာစီးရ လာရင် ဆက်ပြီး အနိုင်ယူဖို့၊ အမြစ်ပြတ် ခြေမှုန်းဖို့ ဆိုတာတွေကို စိတ်မ၀င်စားတော့ဘူး။ အားလုံး အတူတကွ လက်တွဲ့ နေထိုင်ရေးကို ပိုဦးစားပေးတယ်။ ဒါကြောင့် သူတို့တွေ ထင်တိုင်းကြဲတာကို ခဏခဏ ခါးဆီးခံခဲ့ကြရတယ်။

တခါတလေတော့လည်း ကိုယ်လည်း ရန် ငါ ပြတ်သူ ဖြစ်ခြင်လာတယ်။ ဒါပေမဲ့ ငါဟာလူ၊ တိရစာန် မဟုတ်ဘူးလို့ ပြန် စဉ်းစားလိုက်မိရင် ရန် ငါ မပြတ်နိုင်သူ ပြန်ဖြစ်သွားတယ်။ လူအဖြစ်ကို အဆုံးရှုံးခံပြီးမှရမဲ့ အနိုင် ထိုက်တန်ရဲ့လား တကယ်ကော လိုခြင်ရဲ့လားလို့ ပြန်စဉ်းစားစရာတွေ ဖြစ်လာခဲ့တယ်။

အခုအချိန်မှာ အခုလို လွှတ်ပေးလိုက်တာနဲ့ ပက်သက်ပြီး ဆိုက်ဝါးတွေ လုပ်နေတယ်လို ကျတော်လည်း ခံစားရတယ်။ ဇာတ်ရှိန်ကို မြှင့်သယ်သွားတယ်။ လူနည်းနည်း စိတ်ဝင်စားတဲ့ ကိစ္စကနေပြီး လူအများ စိတ်ဝင်စားတဲ့ ကိစ္စ ဖြစ်လာ အောင် လုပ်ယူတယ်။ ပြီးမှ ဖြည့်ချလိုက်တယ်။ လူတွေအားလုံး ရင်သပ် ရှုမောစရာ ဖြစ်သွားတယ်။ မြစ်ဆုံကိစ္စ အကျဉ်း သား လွတ်ပေးရေး ကိစ္စတွေမှာ သေသေချာချာ ပလန်ဆွဲပြီး ဒါရိုက်တာ ကောင်းကောင်းနဲ့ ရိုက်တဲ့ ရိုက်ချက်တွေလို ကျနော်လည်း အစ်ကို တချို့နဲ့ အမြင်တူတယ်။

သစ်တာကြီးပေါ် ကျောက်တုံးတင်ပြီး ပြန်ချပေးတဲ့ အော်ပီကျယ် ကာတွန်း အဓိပ္ပါယ်မျိုးဆိုတဲ့ အဖြစ်မျိုးဆိုတာကိုလည်း လက်ခံတယ်။ ချုပ်ချုပ်ကြီးရဲ့ သမီးတော်တွေ ဌာနတွေ အားလုံးက တပြိုင်နက် ထွက်ပြီးမှ ဆိုတာလေးကို ပိုပြီးသိခြင်လာ တယ်။ အစ်ကို သိထားတာတွေကို ရှယ်ပေးပါလား။

အခုတလော မြောက်ပိုင်း ကျောင်းသားတပ်မတော် အတွင်းမှာ ဖြစ်ခဲ့တဲ့ ဖြုတ်ထုတ်သတ် အတွင်းရေးတွေ အရိုးတွန်နေ တယ်။ ခွင်လွှတ်နိုင်သူတွေ ခွင့်လွှတ်လို့ ရပေမဲ့ သမိုင်းကိုတော့ မေ့လိုမရဘူး။ ပြင်လို့ မရသင့်ဘူး။ သမိုင်း အဖျောက် မခံသင်ဘူး။ အရေးယူတာ မယူတာက နောက်တပိုင်း အမှန်အတိုင်း သမိုင်းမှာ ရှိကျန်ရစ်ဖို့ နောက်တပိုင်းပါ။ ထိုအတူ ဒီပဲယင်းဆိုတာလည်း လူအများအပြား လူမသိသူမသိ၊ လူလိုသူလို မဟုတ်ဘဲ အသက်ပေးခဲ့ရတဲ့ အရေးအခင်းပါ။ ခွင့် လွှတ်နိုင်သူတွေက အခြေအနေ အရပ်ရပ်ကို ရှေ့ရှု ချင့်င်ချိန်ပြီး ခွင့်လွှတ်အုန်းတော့ သမိုင်း မှတ်တမ်း အမှန်အတိုင်း အ ပြည်အစုံ ရှိသင့်တယ်။ နောက်လူတွေလည်း သိသင့်တယ်။ အခုပဲကြည့် ဘာမှ မကြာသေးတဲ့ နှစ်ကာလတွေတုန်းက လုပ်သွားတဲ့ ညောင်နှစ်ပင်တောင့် မသိသူတွေ ရှိနေပြီ။ မအအောင်လို့ သမိုင်းသင်တာပါဆိုတာ ဒေါက်တာ သန်းထွန်းရဲ့ စကား ပြန်အမှတ်ရကြပါ။

ဦးခင်ညွှန်နဲ့ ပတ်သက်ပြီး သမိုင်းကြောင်းတွေ ကောင်းသလား ဆိုးသလား တော်သလားဆိုတာတွေ ဆွေးနွေးချင်ရင် နိုင် ငံရေး သရက်ထဲမှာ သူအမည်နဲ့ သီးခြား တခုရှိပါတယ်။ အဲသည်ဖက်မှာ ဆိုရင် ပိုပြီး သင့်လျော်လေးမလားလို့ အကြံပေး တာပါ။ ကျတော် ဂရုပြုမိသလောက် အမည်ကျော်တွေထဲမှာ ကိုယ်ကိုကိုယ် publicity ဖြစ်အောင် promotion ကို သေ သေချာချာ စဉ်စားပြီး စနစ်တစ်ကျနဲ့ အချိန်အကုန်ခံပြီး လုပ်ယူတဲ့လူ နှစ်ယောက်ကို တွေ့မိတယ်။ တယောက်က ကျော် ဟိန်း ပါ။ သူ ဘုန်းကြီး မ၀တ်ခင် နှစ် အနည်းငယ်အလိုမှာ နှစ်ရှည် ပလန်ချပြီး စနစ်တကျ လုပ်သွားတာပါ။ နောက်တ ယောက် အခု မြို့မေတ္တာ ခံယူနေသူကြီးပါ။

လူတွေဟာ တခုခုကို အများထဲက ရွေးရတော့မယ်ဆိုရင် ယဉ်ပါးနေတဲ့ ကြားဖူးတဲ့ အရာကိုပဲ ရွေးတယ်ဆိုတာ စနစ်တ ကျ လေ့လာချက်များမှာ တွေ့ရှိရတဲ့ လူ့အကျင့်ပါ။ ဒါကြောင့် ကိုယ်ပစ္စည်းကို ကောင်းတဲ့ ကိစ္စနဲ့ တွဲပြီးတော့ပဲ ဖြစ်ဖြစ် ဆိုးတဲ့ကိစ္စနဲ့ပဲ တွဲပြီးတော့ပဲ ဖြစ်ဖြစ် လူတွေရဲ့ မျက်စီထဲကို နားထဲကို ခေါင်းထဲကို ထပ်ခါတလည်းလည်း ၀င်အောင်လုပ် ပေးရမယ်။ အဲဒီ လုပ်ထားနိုင်ရင် အဲသည်လူဟာ တခုခုကို ရွေးရတော့မယ်ဆိုရင် မသိစိတ်ကနေပြီး သူမကြာခဏ ကြား ဖူးနေတဲ့ အမည်ကိုပဲ ရွေးတော့တယ်ဆိုတာ အခြေခံ မာကက်တင်း နိယာမ တခုပါ။ ဒါကို တီဗီမင်းသားကြီးက ကောင်း ကောင်း နားလည်ပုံ ရပါတယ်။ လူမကြိုက်တဲ့ ပစ္စည်းကို လူကြိုက်များတဲ့ ပစ္စည်းနဲ့ တွဲထုတ်တာ ခေါက်ရိုးကျိုးနေတဲ့ မဆ လ မာကက်တင်း နည်းစနစ်ပါ။ လူအများရဲ့ အသက် သွေး ဘ၀ မျက်ရည်တွေနဲ့မှ စားပျော် အိပ်ဝင်ပြီး လူလုပ်ခဲ့သူတွေ ကို လွှတ်ပေးရင် လူထုက လက်ခံမှာ မဟုတ်ဘူးဆိုတာကို သိလို့ လူထုကြီးက အောင့်သက်သက်နဲ့ စိတ်လျော့ပြီး လက် ခံသွားရအောင်လို့ အခုလို တွဲပြီး ထုတ်လိုက်တာပါ။

အောင်အောင်ဦး

………………………………………

ဒေါ်စုကို အပျော့ဂိုဏ်း ခင်ညွန့်က စကားပြောချင်နေတာ ခေါင်းမာတဲ့ သန်းရွှေကြောင့်ဆိုပြီး ဆရာတပဲ့ နှစ်ယောက် အ ပျော့ဂိုဏ်း အမာဂိုဏ်း ဖန်တီးပီး လူထုကို လိမ်။ သံတမန်တွေကို လိမ်။ ကမ္ဘာကို လိမ်ခဲ့တာ ခင်ညွန့်ပါ။ ထောက်လှမ်း ရေးတွေကို သန်းရွှေက လိုက်ဖမ်းတော့ နယ်စပ်က ထောက်လှမ်းရေးတွေအိမ်မှာ ရွှေတွေ ပိဿာများစွာ ဖမ်းမိတယ်။ ဒေါ်လာတွေ မြောက်များစွ နံရံမှာမြုတ်ထားတယ်။ ထူးခြားတာက ထောက်လှမ်းရေး အရာရှိတွေရဲ့ ဘုရားစင်တွေမှာ ဘုရားမရှိဘဲ ခင်ညွန့် ဓါတ်ပုံကြီးသာ ရှိပါသတဲ့။

ခင်ညွန့် ပြုတ်တာ ၂၀၀၄ နှောင်းပိုင်းပါ။ မပြုတ်ခင် လပိုင်းအလိုမှာ ခင်ညွန့်နဲ့ ထောက်လှမ်းရေး တဖွဲ့လုံးကို ဒေါက်ဖြုတ်ရာ မှာ အဓိကဇာတ်ကောင်လို့ စွပ်စွဲခံရတဲ့ ထောက်လှမ်းရေး ဗိုလ်ချုပ်ကျော်ဝင်းက သူ့မယားငယ် ရီရီသာကို အမေရိကန်ပို့ ပါတယ်။ ရီရီသာက အမေရိကန်ကို ၀င်တဲ့နေရာမှာ ကျော်ဝင်း ခိုးဝှက်ထားတဲ့ အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာ (ဆယ်ဂဏန်းလို့ နီးစပ်သူတွေက မှန်းပါတယ်) နဲ့ ၀င်ပါတယ်။ ဒီအချိန်မှာ ထောက်လှမ်းရေး ဗိုလ်မှူးအောင်လင်းထွဋ် က ၀ါရှင်တန် မြန်မာသံရုံးမှာ ရှိနေတုန်းပါ။ ဒါကြောင့် ရီရီသာ အမေရိကန်မှာ အခြေချဘို့ အောင်လင်းထွဋ်က အကုန်စီစဉ် ပေးပါတယ်။ အောင်လင်းထွဋ် သံရုံးက ခုန်ချပီး အမေရိကန်မှာ နိုင်ငံရေး ခိုလှုံခွင့်တောင်းတဲ့အခါ ထောက်လှမ်းရေး ဗိုလ် ချုပ်ကျော်ဝင်း မယားငယ် ရီရီသာ အိမ်မှာ ခဏနေပါတယ်။ ဒေါ်စု ကျေးဇူးကြောင့် အမေရိကန်က ဆန်ရှင်တွေ ဖွင့်ရင် ထောက်လှမ်းရေး ဗိုလ်ချုပ်ကျော်ဝင်း လဲ အမေရိကန်က မယားငယ်နဲ့ ပြန်ပေါင်းထုတ်။ ခိုးထားတဲ့ ဒေါ်လာတွေနဲ့ စည်း စိမ်ခံနိုင်မှာမို့ ဟန်ကိုကျလို့။ ကနေ့ အမေရိကန်အစိုးရက အောင်လင်းထွဋ် ကို လုံးဝ နိုင်ငံရေးခိုလှုံခွင်မပေးပါ။ အမေရိ ကန်မှာ နေခွင့်သာပေးတယ်လို့ နိုင်ငံခြားသတင်းတခုမှာ ဖတ်ရတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို တချိန်က နှစ်ပြားမတန်အောင် မြန်မာ့အလင်းသတင်းစာကနေ ဆောင်းပါးမျိုးစုံနဲ့ အပုတ်ချ ခဲ့တာ ခင်ညွန့်နဲ့ ထောက်လှမ်းရေးအရာရှိတွေဆိုတာ မေ့ကုန်ပလား။ ဒေါ်စုနဲ့ အန်အယ်ဒီကို အောက်လမ်းနည်းမျိုးစုံနဲ့ တိုက်ခဲ့တာ ခင်ညွန့် ပါ။

ခင်ရတနာ

11ReadMore-2.jpg

Friday, January 13, 2012

U Khin Nyunt meets Press



11ReadMore-2.jpg

NAY PHONE LATT INTERVIEWS by dvbradio

NAY PHONE LATT INTERVIEWS by dvbradio

11ReadMore-2.jpg

MIN KO NAING Interview by dvbradio

MIN KO NAING Interview by dvbradio

11ReadMore-2.jpg

Thursday, January 12, 2012

နိုင်ငံရေးအကျဉ်းသားများ စတင်လွတ်မြောက်

နိုင်ငံရေးအကျဉ်းသားများ စတင်လွတ်မြောက်

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များဖြစ်သည့် ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ်၊ ကိုဂျင်မီ၊ မနီလာသိန်း အပါအ၀င် တခြားသော ကျောင်းသား ခေါင်းဆောင်များလွတ်ငြိမ်းချမ်းသာခွင့် အမိန့်အရ ယနေ့ လွတ်မြောက်လာကြောင်း သတင်းရရှိသည်။

၂၀၀၇ ခုနှစ်က ရန်ကုန်မြို့ နိုင်ငံရေးလှုပ်ရှားမှု တခုတွင် တွေ့ရသော ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်များ (ဓာတ်ပုံ - AP)

သရက်ထောင်တွင် အကျဉ်းကျခံနေရသည့် ကိုမင်းကိုနိုင်အား လွှတ်ပေးမည်ဖြစ်ကြောင်း မိသားစုဝင်များထံ ထောင်အာဏာ ပိုင်များက ယနေ့နံနက် ၇ နာရီ ၁၅မိနစ်က အကြောင်းကြားသည့်အတွက် သွားရောက်ကြိုဆိုနေပြီဟု အစ်မဖြစ်သူ ဒေါ်ကြည်ကြည်ညွန့်က ဧရာဝတီသို့ ပြောသည်။

“ညီမတွေနဲ့ သူငယ်ချင်းတွေ သွားကြိုနေကြပြီ။ မနက် ၈နာရီခွဲမှာ လွတ်မယ်။ ဒီတခါတော့ တကယ်လွတ်တယ်လို့ပြောရမှာပါ” ဟု ဆိုသည်။

ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်ထောင်မှ ၈၈ ကျောင်းသားခေါင်းဆောင် ကိုကိုကြီးအပါအ၀င် ၁၄ ဦး ယနေ့လွတ်မြောက် လာကြောင်း မိုင်းဆတ်ထောင်ပိုင်ကြီးမှ ပြောသည်။

ရခိုင်ပြည်နယ် ဘူးသီးထောင်အကျဉ်းထောင်၌ အကျဉ်းကျခံနေရသည့် ကိုဌေးကြွယ်အပါအဝင် တခြားသော နိုင်ငံရေးအကျဉ်းသား ၁၀ ဦး နှင့် စစ်ထောက်လှမ်းရေးများ အပါဝင် ၃၁ ဦးအား ယနေ့နံနက် ၈ နာရီခန့်တွင် ဘူးသီးတောင်မြို့မှ စစ်တွေမြို့သို့ ရေယာဉ်ဖြင့် ခေါ်ဆောင်သွားပြီဖြစ်ကြောင်း ယောက်ဖတော်စပ်သူ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်ဟောင်း ကိုဖြိုးမင်းသိန်းက ပြောသည်။

ရှမ်းပြည်မြောက်ပိုင်း လားရှိုးထောင်တွင် ထောင်ဒဏ်ကျခံနေရသည့် ကိုမင်းဇေယျာသည်လည်း ပြန်လည် လွတ်မြောက်လာကြောင်း၊ ယနေ့နံနက် ၁၂ နာရီခန့်တွင် ကားဖြင့် ရန်ကုန်မြို့သို့ ထွက်ခွာမည်ဖြစ်ကြောင်း ဇနီးဖြစ်သူ မချိုချိုဝင်းက ပြောသည်။

“ကိုဇေယျနဲ့ ဖုံးပြောလိုက်ရတယ်၊ ပျော်တယ်ဆိုတာထက် စိတ်ချမ်းသာတာပါ” ဟု မချိုချိုဝင်းက ဆိုသည်။

လာရှိုးထောင်မှ နိုင်ငံရေးအကျဉ်းသားအပါအ၀င် ၁၀ ဦးလွတ်မြောက်ကြောင်း သိရသည်။

တခြားသော ကျောင်းသားခေါင်းဆောင်များဖြစ်သည့် ကိုဂျင်မီ၊ ကိုမြအေး၊ ဧရာဝတီတိုင်း မြောင်းမြထောင်တွင် အကျဉ်းကျခံနေရ သည့် ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး ဦးဆောင်သံဃာတပါးဖြစ်သည့် အရှင်ဂမ္ဘီရ၊ တောင်ငူထောင်မှ ရှမ်းတိုင်းရင်းသားခေါင်း ဦးခွန်ထွန်းဦး၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဇော်ဇော်မင်းနှင့် စစ်ထောက်လှမ်းရေး ဗိုလ်မှူးကြီး ၀င်းမြင့် အပါအ၀င် ၂၄ ဦး လွတ်မြာက်ကြောင်း သတင်းရရှိသည်။

သာယာဝတီထောင်မှ မနီလာသိန်းနှင့် မကြည်ကြည်ဝါတို့လည်း လွတ်မြောက်လာသည်။

မနီလာသိန်းက “အပြည့်အ၀တော့ မပျော်နိုင်သေးဘူး။ ရဲဘော်တွေလည်း ကျန်တဲ့သူကျန်သေးတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ထို့အပြင် မိသားစုနှင့် တွေ့ရမည်ကို ၀မ်းသာကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် လုပ်ဆောင်နေသည့် နိုင်ငံရေးလုပ်ငန်းစဉ်များကို အားဖြည်ရန် စဉ်းစားထားကြောင်း မနီလာသိန်းက ဆက်လက်ပြောသည်။

သရက်ထောင်မှ ထောက်လှမ်းရေးများလည်း လွတ်မြောက်လာရာ ဗိုလ်မှူးကြီး စန်းပွင့်လည်း ပါဝင်ကြောင်း စုစုပေါင်း ၂၇ ဦး လွတ်မြာက်လာကြောင်း သတင်းရသည်။

အမျိုးသား ပြန်လည်စည်းလုံးညီညွတ်ရေးနှင့် နိုင်ငံရေး လုပ်ငန်းစဉ်များတွင် အားလုံးပါဝင်နိုင်ခွင့် ရစေရန်ဟုဆိုကာ သမ္မတဦးသိန်းစိန် အစိုးရက အကျဉ်းသူ အကျဉ်းသား ၆၅၁ ဦးကို ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ ၁ အရ လွတ်ငြိမ်းချမ်းသာခွင့်ပြုကြောင်း ယမန်နေ့က ကြေညာခဲ့သည်။

11ReadMore-2.jpg

KNU and govt; representatives meet on 11 1 2012



11ReadMore-2.jpg

ကရင်ဒေသ အပစ်ရပ်ရန် သဘောတူ

အစိုးရ နှင့် ကရင်အမျိုးသား အစည်းအရုံး (KNU) တို့၏ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့များ ဘားအံမြို့တွင် ယနေ့ တွေ့ဆုံ ဆွေးနွေးပြီး အပစ်အခတ် ရပ်စဲရန် အတွက်သဘောတူ လိုက်ကြသည်။

ယမန်နေ့က ဘားအံမြို့တွင် တွေ့ရသော အစိုးရ၏ ကရင်ပြည်နယ် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီဝင်များ နှင့် KNU ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ဝင်များ၏ ညစာစားပွဲ မြင်ကွင်းတခု (ဓာတ်ပုံ - ဧရာဝတီ)

သဘောတူညီချက်များတွင် ဆက်ဆံရေးရုံးများ ဖွင့်ရန်၊ ထိန်းချုပ်နယ်မြေတွင် ဖြတ်သန်းသွားလာသည့်အခါ လက်နက် ကိုင်ဆောင်ခြင်း မပြုရန်တို့လည်း ပါဝင်ကြောင်း ဆွေးနွေးပွဲ တက်ရောက်ခဲ့သည့် ငြိမ်းချမ်းရေးအကျိုးဆောင် ဦးငွေစိုးက ဧရာဝတီသို့ ပြောသည်။

မြန်မာပြည်အနှံ့ အမြန်ဆုံး အပစ်အခတ် ရပ်စဲရေး၊ အကျဉ်းသားများ လွှတ်ပေးရေး၊ လုပ်အားပေး စေခိုင်းခြင်း မပြုလုပ်ရန် စသဖြင့် အချက် ၁၁ ချက်ကိုလည်း KNU က တောင်းဆိုထားသည်။

“ဆက်လက် ဆွေးနွေးဖို့ ရှိသေးတယ်၊ အဲဒီ ၁၁ ချက်မှာ ပါတဲ့ မူဝါဒတွေ၊ ဒါတွေ အကုန်လုံးကို ပြည်ထောင်စု အဆင့်မှာ တခုစီ ဖြေရှင်းသွားမယ်” ဟု Dawei Princess ကုမ္ပဏီမှ မန်နေးဂျင်းဒါရိုက်တာ ဦးငွေစိုးကဆိုသည်။

ပြည်ထောင်စု အဆင့် ဆွေးနွေးပွဲကို ၄၅ ရက် အတွင်း ပြုလုပ်ရန် စီစဉ်ထားကြောင်း သိရသည်။

KNU မှ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုး ဦးဆောင်သော ကိုယ်စားလှယ် တချို့နှင့် ပြည်ထောင်စု ၀န်ကြီး အဆင့် ရထား ၀န်ကြီး ဦးအောင်မင်း၊ ဦးစိုးသိန်းနှင့် ဦးခင်ရီတို့က လက်မှတ်ရေးထိုးကြကြောင်း ဦးငွေစိုးက ပြောသည်။

ယမန်နေ့ညက ဘားအံမြို့ ဇွဲကပင်ဟိုတယ်တွင် နှစ်ဘက်ကိုယ်စားလှယ်တို့ တွေ့ဆုံပြီး ညစာစားခဲ့ကြသည်။

နိုဝင်ဘာလ ၁၅ ရက်နေ့တွင် ၀န်ကြီး ဦးအောင်မင်းက KNU တပ်ဖွဲ့မှ ကိုယ်စားလှယ်များကို ငြိမ်းချမ်းရေး တွေ့ဆုံ ဆွေးနွေးရန် တရားဝင် ကမ်းလှမ်းခဲ့သည်။ ထိုကမ်းလှမ်းမှု ပေါ်ပေါက်လာပြီး နောက်ပိုင်း KNU ကလည်း တွေ့ဆုံရန် ပြင်ဆင်ထားခဲ့သည်။

နိုဝင်ဘာ ၁၉ နှင့် ၂၀ ရက်နေ့ကလည်း ထိုင်း-မြန်မာနယ်စပ် တနေရာ၌ ရထားပို့ဆောင်ရေး ၀န်ကြီး ဦးအောင်မင်း ဦးဆောင်သည့် ကိုယ်စားလှယ်များနှင့် KNU ခေါင်းဆောင်တချို့ အလွတ်သဘော ညှိနှိုင်းခဲ့ကြောင်း သိရသည်။

KNU သည် အမျိုးသား တန်းတူရေး၊ ကိုယ်ပိုင် ပြဌာန်းခွင့် ရရှိရေးတို့ အတွက် အစိုးရ အဆက်ဆက်ကို ဆန့်ကျင် တော်လှန်ခဲ့သည်မှာ ၆၂ နှစ် ရှိပြီ ဖြစ်သည်။

KNU လှုပ်ရှားသည့် ထိုင်းမြန်မာနယ်စပ်တွင် တိုက်ပွဲများ ငြိမ်သက်နေသော်လည်း မြန်မာပြည်မြောက်ပိုင်း ကချင် လွတ်မြောက်ရေး တပ်မတော် ထိန်းချုပ်သည့် နေရာများတွင် တိုက်ခိုက်မှုများ အဆက်မပြတ် ဖြစ်ပွားနေသည်မှာ ၇ လ ကြာပြီ ဖြစ်သည်။

11ReadMore-2.jpg

Wednesday, January 11, 2012

ဘားအံမြို့တော်တွင် ငြိမ်းချမ်းရေး ဆွေးနွေးကြပြီ –

ဘားအံမြို့တော်တွင် ငြိမ်းချမ်းရေး ဆွေးနွေးကြပြီ – Peace Talk in Karen State

ဓာတ်ပုံသတင်း
ဇန်န၀ါရီ ၁၂၊ ၂၀၁၂
ယမန်နေ့က ဆွေးနွေးပွဲ ကိုယ်စားလှယ်များအား ဧည့်ခံသည့် ဘားအံမြို့ ညစာစားပွဲတွင် တွေ့ရသည့် ကချေသည်တဦး (ဓာတ်ပုံများ – Reuters)

ဝန်ကြီး ဦးအောင်မင်း

ဘားအံမြို့ ဇွဲကပင်ဟိုတယ် ညစာစားပွဲတွင် တွေ့ရသော
ဝန်ကြီး ဦးအောင်မင်း၊ KNU ဗိုလ်ချုပ်မူတူးဆေးဖော၊ ၀န်ကြီးဦးစိုးသိန်း၊ ၀န်ကြီး ဦးခင်ရီ၊ KNU ဗိုလ်မှူးချုပ် စောဂျော်နီ

ဝန်ကြီး ဦးအောင်မင်း၊ KNU ဗိုလ်ချုပ်မူတူးဆေးဖော၊ ၀န်ကြီးဦးစိုးသိန်း


11ReadMore-2.jpg

သူတို့ပျော်ကြလေပြီ

သူတို့ပျော်ကြလေပြီ

(ဓာတ်ပုံများ - ဧရာဝတီ)

ကရင်ပြည်နယ် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီ
နဲ့
KNU ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ တို့ ဘားအံမြို့မှာ မနေ့က တွေ့ဆုံပြီး ညစာစားကြပါတယ်။

ငြိမ်းချမ်းရေး ဆွေးနွေးကြမှာကတော့ ဒီကနေ့ ဖြစ်ပါတယ်။





11ReadMore-2.jpg

သာမညတောင်တွင်ဆန္ဒပြမှုဖြစ်ပွား

2 14:12 Written by မိအိန်ပိုင်

Hta_Ma_Nya_01ယမန်နေ့ည (၇) နာရီခွဲလောက်တွင် ကရင်ပြည်နယ်၊ ဖါးအံမြို့နယ် သာယာကုန်းကျေးရွာ အနီး၌ ရှိသော သာမညတောင် ကျေးရွာ ဥက္ကဌ အိမ်ရှေ့တွင် လူ (၃၀)ကျော် ဆန္ဒပြမှုဖြစ်ပွားခဲ့ပါသည်။ ဆန္ဒပြသူများသည် ကျေးရွာ ဥက္ကဌအိမ်ကိုလည်း ခဲဖြင့်ပစ်ပေါက်ခဲ့ကြသည်ဟု သာမည ရွာခံတဦးက ပြောပါသည်။

ဤကဲ့သို့ဆန္ဒပြရခြင်းသည် ယခုတက်လာသော ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့သစ်သည်၊ လျှပ်စစ်မီတာခ တပ်ဆင်ရေး ကိစ္စမှာ အရင်ကထက် နှစ်ဆလောက်ဈေးတင်ထားသည်ကို မကြေနပ်သဖြင့် ဆန္ဒပြရခြင်းဖြစ်သည်ဟု ဆိုပါသည်။ ယခင်ကျေးရွာ ကော်မီတီအဟောင်းတွင် လျှပ်စစ်မီတာခ တပ်ဆင်မှုတွင် ကျပ် (၇၅၀၀၀)ဖြင့် တပ်ဆင်ခဲ့ပြီး ယခုကော်မီတီအသစ်တွင်မူ ကျပ်တသိန်းခွဲ တောင်းခံသည့် အတွက် မကြေနပ်ရာက ဆန္ဒပြမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပါသည်။

Hta_Ma_Nya_02(ဓါတ်ပုံ - အင်တာနက်)

ဤကိစ္စတွင် ဖါးအံမြို့နယ် အုပ်ချုပ်ရေးမှုးများ လာရောက်ဖြေရှင်းခဲ့ရသည်အထိ ဖြစ်ပွားခဲ့ပါသည်။ သာမညတောင် ကျေးရွာ သည်၊ ယခင်သာမညဆရာတော် သက်တော်ထင်ရှားရှိစဉ်က ထင်ရှားလာသည့်ကျေးရွာလေးဖြစ်ပြီး စည်ပင်ခဲ့သော်လည်း သာမညဆရာတော် ပျံလွန်သွားသည့်နောက်ပိုင်းတွင် ကျေးရွာလေးသည် ကျေးရွာစည်းကမ်းများ ပြိုပျက်လာပြီး စီးပွားရေး ဆန်လာကာ လူမှုရေးပြသနာများနှင့် မနိုင်မနင်းဖြေရှင်းနေကြရသည်ဟု ရွာခံများကပြောပါသည်။

11ReadMore-2.jpg

လွတ်ခါနီး နာရီပိုင်း အလိုမှ အမှုသစ်တိုး

လွတ်ခါနီး နာရီပိုင်း အလိုမှ အမှုသစ် တိုးခံလိုက်ရတဲ့ အင်းစိန်ထောင်မှ မန်းငြိမ်းမောင်

ဖဒို မန်းငြိမ်းမောင် (ကရင် အမျိုးသား အစည်းအရုံး ဗဟို ကော်မတီဝင်)

ကျနော် သန့်ဇင်ထွန်းပါ ခင်ဗျာ။

ဟုတ်ကဲ့ ကျနော် ဘားမားဗီဂျေမီဒီယာကပါ။ ကိုသန့်ဇင်ထွန်း ဘယ်ရက်က ပြန်လွတ် လာတာလဲ မသိဘူး ခင်ဗျာ။
၅ရက်နေ့က ပြန်လွတ်လာတာပါ

အင်းစိန်ကနေ ပြန်လွတ်လာတယ်လို့ သိရပါတယ်။ အင်းစိန် ဘယ်တိုက်ကနေ ပြန်လွတ်လာတာ ပါလဲ ခင်ဗျာ။
လေးရှည် တိုက် ၉ ခန်းက ခင်ဗျာ

အဲဒီမှာ ကိုသန့်ဇင်ထွန်းက အခု ဖထီး မန်းငြိမ်းမောင်နဲ့ အတူတူ နေခဲ့ရတယ်လို့ သိထားရတယ် ခင်ဗျာ။ ဖထီး မန်းငြိမ်းမောင်ရဲ့အခြေအနေလေး ပြောပြပါအုံး ခင်ဗျာ။
ဟုတ်ကဲ့ ဖထီးနဲ့ ကျနော်က တတိုက်တော့ တတိုက်စီပါဘဲ။ တွေ့ရတာတော့ တွေ့ရပါတယ်။ ဖထီးက ကျန်းမာရေးလဲ ကောင်းပါတယ်။ မဆိုးပါဘူး။ သူ့ကို နောက်မှု
ကပ်တယ်လေ။ နှစ်မှု ကပ်တယ်ဗျာ။ အဲဒါလေး နဲနဲပြောမယ်ဗျာ။ သူ့ကို နောက်မှုကပ်တာက နိုင်ငံတော်(လွတ်ငြိမ်းချမ်းသာခွင့်) လာတဲ့နေ့ဗျာ။ နိုင်ငံတော် လာတာက
၂ရက်နေ့ ၄ နာရီမှာ လာတယ်ဗျာ။ သူ့ကို နောက်မှုကပ်ဖို့ ခေါ်ထုတ်သွားတာက နိုင်ငံတော် လာဖို့ နာရီဝက်အလို ၃း၃၀ နာရီမှာ ခေါ်ထုတ်သွားတယ်။ နောက်ထပ်
နှစ်မှုကပ်တယ်၊ သူ့ကို ရုံးထုတ်မဲ့နေ့က ၁၂ရက်နေ့။ လာမဲ့ ၁၂ ရက်နေ့ဗျာ။ အဲဒီ ၁၂ ရက်နေ့က ခင်ဗျားတို့လဲ သိတဲ့အတိုင်းဘဲ နောက်ပြီးတော့ ထုတ်တဲ့ တရားရုံးက
အထူးတရားရုံး ဖြစ်နေတယ်။

၂ ရက်နေ့ လွတ်ငြိမ်း ချမ်းသာခွင့် ကြေငြာတာက ၄ နာရီ ဖထီးကို နောက်မှု လာကပ်တာက ၃း၃၀ နာရီ ပေါ့ အဲဒါဘာကြောင့်လို့ ကိုသန့်ဇင်ထွန်း ထင်ပါသလဲ ခင်ဗျာ။
ထင်မြင်ချက် ကတော့ဗျာ ဒါကြီးကတော့ မကောင်းဘူးပေါ့ဗျာ။ လွတ်ရက်လဲ စေ့နေပြီ နာရီပိုင်း အလိုမှ ဒါမျိုး လုပ်တာတော့ မကောင်းဘူး။ အဲဒါလေးကိုဘဲ ကျနော်တို့
မြင်တယ်

ဟုတ်ကဲ့ ဖထီးက ပထမတမှုမှာ ဘာပုဒ်မနဲ့ ထောင်ဘယ်လောက် ချထားတာလဲ ခင်ဗျာ။
ကျနော်က အဲဒီလောက်ကြီး အတိအကျ မသိဘူးဗျ။ နောက်ကပ်တဲ့ အမှုကတော့ ကျနော် ကြားတာကတော့ ၁၇(၁)၊ ၁၂၂(၁) အမှုပေါ့။ဟိုအမှုက ၆ လ လားမသိဘဲကျတာ။
ကျနော် အဲလောက်ဘဲ သိတာ

ဟုတ်ကဲ့ သူက ၆ လ ဘဲကျထားတာ ဆိုတော့ ၂ ရက်နေ့မှာ ကြေငြာတဲ့ နိုင်ငံတော် ကြေငြာချက်နဲ့ ဆိုရင် သူ ၆ လ ကလွတ်တယ်လို့ ယူဆလို့ ရတာပေါ့နော်။
ဟုတ်ကဲ့။ တကယ်လို့ အဲဒီနေ့မှာ နောက်မှု ထပ်မကပ်ဘူး ဆိုရင် လွတ်တယ်။

ဟုတ်ကဲ့ နိုင်ငံတော်မလာခင် နောက်မှု လာမကပ်ဘူးဆိုရင် သူက လွတ်တယ် ပေါ့နော်။ အဲဒီတော့ ကိုသန့်ဇင်ထွန်း မလွတ်ခင် သူ့ကို နောက်ဆုံး မြင်တွေ့ရသလောက် သူ့ရဲ့
ကျန်းမာရေး အနေအထားလေး မြင်ရ ကြားရ သလောက် ပြောပြပေးပါအုံး ခင်ဗျာ။
ကျန်းမာရေး ကတော့လေ ဖထီး ကိုယ်တိုင် ပြောတာပေါ့နော် ကျန်းမာရေးက မဆိုးပါဘူး ကောင်းပါတယ်။ ကျန်းမာရေးကတော့ ကောင်းတယ်။ ဖထီးကတော့ နောက်မှု
ဘယ်လောက်ဘဲ ကပ်ကပ် တုန်လှုပ်မှု မရှိဘူး။ ဒီထဲမှာ ရဲရဲဝံ့ဝံ့ဘဲ နေသွားမယ်၊ ကျန်းမာရေး ကောင်းကောင်း ပေါ့နော်။ နေရေး ထိုင်ရေးကတော့ ဒီထဲမှာဖထီးကို ကျန်တဲ့
နိုင်ငံရေး အကျဉ်းသားတွေ အားလုံးက ဂရုစိုက်ကြပါတယ်။ တခြား စားစရာ သောက်စရာက အစပေါ့နော် ကျန်းမာရေး ကောင်းပါတယ် ဟုတ်ကဲ့။

သူ့ မိသားစုကကော ထောင်ဝင်စာတွေ ဘာတွေ လာတယ်လို့ကော ကြားမိလား ခင်ဗျာ။
ဟုတ်ကဲ့ အဲဒါတော့ ကျနော် မကြားမိဘူး ခင်ဗျ။ မလာနိုင်ဘူး ထင်တယ်ဗျ ဟုတ်ကဲ့။ ကျနော် ရှိနေစဉ် အတွင်း ဖထီး ထောင်ဝင်စာလာတာ တခါမှ မမြင်မိဘူး အခုတော့
မသိဘူးပေါ့ ကျနော်ရှိ နေတုန်းကတော့ တခါမှမလာပါဘူး

ဟုတ်ကဲ့ အခုဇန်နဝါရီ ၁၂ ရက်နေ့မှာ ဖထီးကို အထူးတရားရုံး ထုတ်မယ်ပေါ့နော်။ အဲဒီဟာကိုကော အကို့ အနေနဲ့ ဘယ်လိုမြင်လဲ ခင်ဗျာ။
အထူးတရားရုံး ဆိုတာမရှိသင့်ဘူး ခင်ဗျ။ အထူးတရားရုံးက အင်းစိန် ထောင်ထဲမှာရှိတဲ့ တရားရုံးဗျ။ ကျနော်တို့ တရားရုံးဆိုတာက အများပြည်သူရှေ့မှာဘဲ စစ်ရမယ်လေ။
ကျနော်တို့ နိုင်ငံရေး အကျဉ်း သားတွေကို အထူး တရားရုံးမှာဘဲ လူမသိ သူမသိ စစ်သွားတယ်။ ရှေ့နေတွေလဲ ဘာမှမပါဘူးဗျ။ ကျနော်တို့ ဆိုရင်လဲ အထူး တရားရုံးနဲ့
ချတာဘဲဗျ ဒါမရှိသင့်တဲ့ကိစ္စဘဲ။ ဒီကိစ္စဟာပေါ့နော်။ အမှုစစ်စရာ ရှိရင်လဲ အများပြည်သူရှေ့မှာ စစ်ပေါ့ဗျာ။ အခုတော့ တရားဥပဒေ စိုးမိုးရေး ဆိုတာဘာလဲ ဆိုတဲ့
မေးခွန်း ထုတ်စရာ ဖြစ်နေတယ်။

ဟုတ်ကဲ့ ကိုသန့်ဇင်ထွန်းကကော ဘယ်နှစ်ခုနှစ်က ထောင်စကျပြီးတော့ ပြန်လွတ် လာတာလဲ ခင်ဗျာ။
ကျနော် ၂၀၀၉ ကပါ အကို။၂၀၀၉ ၁၀ လ ၂၂ ရက်နေ့ပါ အကို။ ကျနော်တို့လဲ အထူးတရားရုံးကဘဲ ချခဲ့တာ။ဒီအထူးတရားရုံးကြီးက ရှိကိုမရှိသင့်ဘူးဗျ။ အဲဒီမှာ လူတွေလဲ
ဘယ်သူမှ မဝင်ရဘူး မထွက်ရဘူး။ တရားဥပဒေစိုးမိုးရေး ဆိုတဲ့စကားလုံးက မေးခွန်းထုတ်စရာ ဖြစ်နေတယ်။

ကိုသန့်ဇင်ထွန်းရေ ကျေးဇူးတင်ပါတယ် ခင်ဗျာ။
ဟုတ်ကဲ့ ကျနော်လဲ ကျေးဇူးတင်ပါတယ် ခင်ဗျာ။

11ReadMore-2.jpg

Template by:

Free Blog Templates