ဒီစာကတော့ စိုးဒိုကFmailထဲကနေပို့ပေးလိုက်တာပါ အောက်က ပါတဲ့Email လိပ်စာတွေကိုလည်း လိပ်မူ
ထားတာတွေ့ရတယ် တင်သင့် မတင်သင့်လည်းစဉ်းစားခဲ့တယ် အမြင်အမျိုးမျိုးနဲ့ရှိကြမှာပါ ဒါပေမယ့် ထင်မြင်ယူဆချက်တစ်ခုကြောင့် အားလုံးစဉ်းစားနိုင်ကြပါရန်နှင့် အမှန်တကယ်ပါလို့မယူဆစေချင်ပါ
ဒီစာကို ကရင်ဘလော့ဂါ ညီကိုများတစ်ချို့ Emailထဲမှဖတ်ပြီးသားနေမှာပါ ပွဲဆူစေခြင်းမဟုတ်ပါ
အားလုံးသတိရှိရှိနဲ့ ချင့်ချိန်နိုင်ကြရန်လို့ပါ စည်းလုံးခြင်းသတိဖြင့်-
သူရေ၀့်ဖါန်
Monday, November 14, 2011
စိုးဒို မှ ကရင် ဘလော့ဂါ များဆီသို့ ပေးပို့သောစာ
နောက်တစ်ခုက ကေအဲန်ယူ ရန်ကုန်ဆင်းပြီး ဗမာနဲ့ ဆွေးနွေးချိန်မှာ (၂၀၀၅ - ၄- ၃၀) ဒီကိစ္စပေါ်လာဒါ သိပ်စိတ်ဝင်စားစရာကောင်းပါတယ်။ တိုက်ဆိုင်မှုတော့လုံးဝမဖြစ်နို
Thursday, November 10, 2011
မန္တလေး-မြစ်ကြီးနားရထား KIA ခြုံခိုတိုက်
VOA
မန္တလေးကနေ မြစ်ကြီးနားကို တက်လာတဲ့ အစိုးရ ရထားတစ်စင်းကို KIO တပ်ရင်း ၁၁ က ခြုံခို တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ မြန်မာအစိုးရစစ်တပ်တွေ စစ်အင်အားဖြည့်ရာမှာ လက်နက်နဲ့ စစ်သားတွေကို ရထားတွေနဲ့ အဆက်မပြတ် ပို့ဆောင်နေတဲ့အချိန်မှာ ခုလို ဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပေါ်လာခြင်းဖြစ်တယ်လို့ နမ္မတီး ဒေသခံတစ်ယောက်က ခုလိုပြောပါတယ်။
“မနက်ပိုင်း ၆ နာရီခွဲ ၇နာလောက်ပေါ့နော်။ အဲအချိန်မှာ ခေါက်ပြန်ရထား မရန့်နဲ့ နမ္မတီးကြား တံတား ညီနောင်မှာ ဗုံးပေါက်ကွဲပြီးမှ စက်ဆရာကို မှန်တွေဘာတွေ ကွဲတဲ့ဟာက စက်ဆရာရဲ့ မျက်နှာမှာ နည်းနည်းပွန်းပဲ့သွားတယ်လို့ အဲဒီလို သတင်းရတယ်။ ပုံမှန်တော့ သွားနေတာပဲ။ တခြားတွဲမှာ ရဲဘော် တွေတော့ တစ်ခါတရံ လေး ငါးတွဲ ပါတယ်လို့ အဲဒီလို သတင်းတော့ ရပါတယ်။ အမြန်ရထား ဒုတိယ အမြန်တို့၊ ပထမအမြန်တို့မှာ ရဲဘော်တွေစီးပြီး တက်လာတယ်လို့ သတင်းတော့ ရပါတယ်”
မြန်မာအစိုးရစစ်တပ်တွေက ကချင်ပြည်လွပ်လပ်ရေးအဖွဲ့ KIO ရှိရာ ဒေသတလျှောက် အဆက်မပြတ် ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်အင်အားကိုလည်း ကချင်ဒေသကို ရေလမ်း၊ ကုန်းလမ်းနဲ့ နိုဝင်ဘာ လဆန်းပိုင်းကနေ ပိုတိုးဖြည့်နေတာလို့ မြစ်ကြီးနားဒေသခံတယောက်ကလည်း အခုလို ပြောပါတယ်။
“KIO ခေါင်းဆောင် ဇောင်းဟရားကို သိန်းဇော်က အပစ်ခတ်ရပ်စဲတဲ့စာ ပို့တယ်ဆိုပေမယ့် ပိုပြီးမှ စစ်အင်အား တိုးချဲ့တာကို အခါတိုင်းထက်ကို တိုးချဲ့တာကို သိရတယ်။ မြစ်ဆုံကိုလည်း ကား၂ စင်း အပြည့်နဲ့ တက်သွားတာကို သိရတယ်”
မြန်မာစစ်တပ်တွေရဲ့ ထိုးစစ်ဆင်မှုများကြောင့်လည်း ခုရက်ပိုင်း ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ် လိုင်ဇာသွားလမ်းတ၀ိုက်မှာ တိုက်ပွဲဖြစ်ပွားနေပြီး ဗန်းမော် -လွယ်ဂျယ်လမ်းပိုင်း ခ၀မ်ဘမ် (ကျောက်စခန်း) ဒေသအပြင်နဲ့ တာပိန်မြစ်၊ ရေအားလျှပ်စစ်ရှိရာ ဆန်ဂန်မှာလည်း ၃ ရက်ကြာ ပြင်းပြင်းထန်ထန် စစ်ပွဲဖြစ်နေတယ်လို့ KIO အဖွဲ့က ပြောပါတယ်။
နှစ်ဘက်အကျအဆုံးရှိရာမှာ မြန်မာစစ်တပ်ဘက်မှ အနည်းဆုံး ၂၀ ကျဆုံးပြီး KIO ဘက်ကလည်း ထိခိုက် ကျဆုံးမှုရှိကြောင်း သိရပေမယ့် အတညိပြုခြင်းတော့ မရှိသေးပါဘူး။
အခုလို တိုက်ပွဲတွေဖြစ်ပွားနေချိန်မှာပဲ တဘက်မှာလည်း ဒေသခံတွေရှိတဲ့ကျေးရွာကို မြန်မာအစိုးရက KIO တပ်ရင်း ၃ နယ်မြေ ဆန်ပိုင်နဲ့ ဂါးရားယန်ဒေမှာ အိမ်ခြေ ၅၀ ခန့်ရှိတဲ့ ကျေးရွာကို မီးရှို့ဖျက်ဆီး မှုကြောင့် ထောင်နဲ့ချီတဲ့ ဒေသခံတွေအိုးမဲ့အိမ်မဲ့ထွက်ပြေးတိမ်းရှောင်နေကြပါတယ်။ ကျေးရွာတွင်း စစ်သားများဝင်ရောက်ပြီး နေအိမ်ဖျက်ဆီးခံခဲ့ရသူ အမျိုးသမီးတစ်ဦးက ကချင်လို အခုလို ပြောပြပါတယ်။
သူပြောသွားတာကတော့- ကျမတို့ကို သူပုန်ဆိုပြီး ကလေးနဲ့ မိခင်တွေအားလုံးကို သတ်ပစ်မယ်လို့ ပြောတယ်။ တချို့ကိုတော့ နှိပ်စက်တာ၊ နှိပ်စက်တာ ခြေထောက်တွေလည်း မကောင်းတော့ဘူး။ တကိုယ်လုံးလည်း ပျက်စီးကုန်ကြပြီ။ အသက်မသေရုံတမယ်ပဲရှိတယ်။ အိမ်မှာရှိတဲ့ ပိုက်ဆံတွေ၊ အလှူငွေတွေ၊ စောင်တွေ အားလုံးလည်း သူတို့ကြိုက်တာ အကုန်ယူသွားတယ်။ ပြီးတော့ ဖျက်ဆီးတယ်။ အိမ်ကို မီးတွေ ရှို့တယ်။ ၃ ယောက်ကိုတော့ သေနတ်နဲ့ရိုက်တယ်။
ဘုရားကျောင်းပလင်ပေါ်မှာဆိုရင် သွေးတွေပဲ။ သူတို့ကိုလည်း သေနတ်နဲ့ချိန်ပြီး ခေါ်သွားကြတယ်လို့ သူက ပြောသွားတာပါ။
ကေအိုင်အေ တပ်ရင်း ၃ ရှိရာ ဌာနချုပ်ဘက်ကို အစိုးရတပ်ရင်း ၁၀ ရင်းခန့် စုပေါင်းပြီး အလုံးအရင်း ချီတက်လာနေသလို KIA ဘက်ကလည်း ခုခံတိုက်ခိုက်နေတဲ့အတွက် လမ်းတလျှောက် ကျေးရွာသားတွေလည်း နှိပ်စက်ဖမ်းဆီးမှုခံရပြီး ဒေသခံတွေလည်း နယ်စပ်ကို ထောင်ချီထွက်ပြေး တိမ်းရှောင်နေကြတယ်လို့ ပြောပါတယ်
Tuesday, November 8, 2011
ဦးသိန်းစိန်နှင့်အင်တာဗျူးခြင်း
ရှမ်း-ကချင်နယ်စပ်မှာ မြန်မာအစိုးရစစ်သား ၇ ဦးသေဆုံး
ကျဆုံးသူများသည် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(ရမခ)လက်အောက်ခံ နောင်ချို နယ်မြေခံ ခမရ (၅၀၄) နှင့် နမ့်လန် နယ်မြေခံ ခမရ (၅၀၅) မှ တပ်သားများဖြစ်သည်ဟု KIA အရာရှိများပြောသည်။
ယင်းစစ်ကြောင်းမှာ ကိုင်ထိပ်တွင် စခန်းချနေသည့် ဆားမှော်နယ်မြေခံ ခလရ (၁၀၅)တပ်သို့ တပ်ကူသွားစဉ် မန်ဝိန်းနှင့် ကိုင်ထိပ်ကြား လမ်းတွင် KIA တပ်ရင်း (၂၇) က ခြုံခိုတိုက်ခိုက် ခံလိုက်ရခြင်းဖြစ်သည်ဟု ဆိုသည်။
ကိုင်ထိပ်စခန်းထဲ ၀င်ရောက်မည့်လမ်းကြောင်းများအား ဇွန်လကတည်းက ပိတ်ဆို့ထားကာ ရံဖန်ရံခါ ၎င်းစခန်းအား KIA က တိုက်ခိုက်သည်ဟု သိရသည်။
ထို့အပြင် တနင်္ဂနွေနေ့ကပင် တပ်ကူလာသော အခြား မြန်မာအစိုးရစစ်ကားတစ်စီးအား ရှမ်းပြည်တပ်မတော် မြောက်ပိုင်း (SSA-N)က နမ့်ခမ်းတွင် ဗုံးခွဲတိုက်ခိုက်လိုက်သည်။ သို့သော် သေကြေဒဏ်ရာရမှု ရှိမရှိ မသိရကြောင်း ဒေသခံများပြောသည်။
နောက်တစ်နေ့ နိုဝင်ဘာ (၇) ရက် ညနေပိုင်းအထိ ၎င်းတပ်ကူစစ်ကြောင်းနှင့် KIA တို့ ဆက်လက်ပစ်ခတ် နေကြသည်ဟု တိုက်ပွဲတွင်ပါဝင်သည့် တပ်ရင်း (၁) နှင့် (၂၇) မှ KIA အရာရှိများပြောသည်။
ပိတ်ဆို့ထားသည့် ကိုင်ထိပ်စခန်းသို့ ရောက်ရှိနိုင်ရန် မြန်မာအစိုးရတပ်က ကြိုးစားနေသည့်အတွက် တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်သည်ဟုလည်း KIA အရာရှိများ သုံးသပ်ကြသည်။
Monday, November 7, 2011
ကရင်ပြည်နယ်တွင်ကုန်တင်သင်္ဘော ဗုံးခွဲ တိုက်ခိုက်ခံရ
ထွန်းထွန်း | တနင်္လာနေ့၊ နိုဝင်ဘာလ ၀၇ ရက် ၂၀၁၁ ခုနှစ် ၁၈ နာရီ ၅၀ မိနစ်
နယူးဒေလီ (မဇ္ဈိမ) ။ ။ ကရင်ပြည်နယ် ဖာပွန်ခရိုင်အတွင်းရှိ မဲ့ဆာလတ်ရွာ ဆိပ်ကမ်းရှိ ကုန်တင်သင်္ဘော တစင်း တနင်္ဂနွေနေ့က ချိန်ကိုက်ဗုံးဟု ယူဆရသည့် ဗုံးတလုံးပေါက်ကွဲမှုကြောင့် ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။
အဆိုပါ မဲ့ဆာလတ်ရွာ ဆိပ်ကမ်းမှာ သံလွင်မြစ်ပေါ်တွင် တည်ရှိပြီး ပျက်စီးခဲ့သည့် ကုန်တင်သင်္ဘောမှာ ကျွဲ၊ နွား
ကောင်ရေ အနည်းဆုံး ၈ဝ ခန့် တင်ဆောင်နိုင်သည်ဟု သိရသည်။
ယင်းပေါက်ကွဲမှု နံနက် ကိုးနာရီခွဲခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ ပေါက်ကွဲမှုကြောင့် ကုန်တင်သင်္ဘောမှာ ခါးလည်မှ
နှစ်ပိုင်းကျိုးကာ ပျက်စီးခဲ့သည့်အပြင် ဆီဗုံး ၃၀ မှ ၅၀ ထိ တင်နိုင်သည့် အခြား လှေနှစ်စင်းလည်း ပျက်စီးခဲ့သည်။
ယင်းကုန်တင်သင်္ဘောမှာ ထိုင်းနိုင်ငံသားပိုင် သင်္ဘောဖြစ်ကာ မြန်မာနိုင်ငံဘက်တွင် မှတ်ပုံတင်၍ ကုန်စည် ပို့ဆောင်ရေး လုပ်ဆောင်နေသည်ဟု ဒေသခံများ အဆိုအရ သိရသည်။
“သင်္ဘောက အနည်းဆုံး ကျွဲ၊ နွား အကောင် ၈၀ ထိ တင်လို့ ရတယ်။ လူတွေ ဘာတွေတော့ မထိခိုက်ဘူး။ အချိန်ကိုက်ဗုံးပဲ ထင်တယ်။ ကျိုးသွားတဲ့နေရာ သွားပြန်တွေ့တယ်၊ ဓာတ်ခဲငါးလုံး” ဟု မဲ့ဆာလတ် ရွာသားတဦးက မဇ္ဈိမကို ပြောသည်။
“အဲဒီဗုံးက ကျည်ဆံတွေ ပါ၊ မပါတော့ မသိဘူး။ ယမ်းအများကြီး ထည့်ပြီး ခွဲတဲ့ဗုံးမျိုး။ ကြီးတော့ ဘေးနားက လှေက
လေး၊ ဆီအပုံး ၃၅၊ ၅၀ လောက် တင်တဲ့ လှေနှစ်စီးကတော့ နှစ်ခြမ်း ခြမ်းသွားတယ်။ အဲဒီဗုံး တင်ထားတဲ့ လှေကြီး ကတော့ နှစ်ပိုင်း ပိုင်းသွားတယ်။ အလယ်ကောင်ကနေ နှစ်ပိုင်းကျိုးသွားတယ်” ဟု သူက ဆက်ပြောသည်။
အဆိုပါ ဗုံးကွဲမှုမှာ မှန်ကန်ကြောင်းနှင့် မည်သို့မည်ပုံ ဖြစ်သည်ကိုမူ အသေးစိတ် မသိသေးရကြောင်း ယင်းပေါက်ကွဲ ရာ နေရာနှင့် နီးစပ်သည့် ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်၌ တပ်စွဲထားသည့် ကျောင်းသား တပ်မတော် ABSDF ထံမှ စုံစမ်းသိရှိရသည်။
“သံလွင်မြစ်ကမ်းနားက ရွာတရွာရဲ့ လှေဆိပ်မှာ လှေအကြီး တစင်းပေါ့။ အဲဒီလှေအကြီးတစင်းမှာ ဗုံး ဒါမှမဟုတ် မိုင်းတခု ကွဲတယ်လို့ ဆိုပါတယ်။ အဲဒီလောက်ထိပဲ ကျနော်တို့ သိပါသေးတယ်။ Report တွေကတော့ မလာသေးဘူး” ဟု တာဝန်ခံဖြစ်သူ ရဲဘော်ဝင်းတင့်ဟန်က ပြောဆိုသည်။
အဆိုပါသင်္ဘောမှာ စစ်အစိုးရတပ်များက တပ်အပြောင်းအလဲ လုပ်ရန် အတွက် ကူညီပေးရန် လုပ်ဆောင်ခဲ့သည့် အတွက် ဖောက်ခွဲခံရခြင်းဖြစ်နိုင်ကြောင်း ဒေသခံများက ပြောဆိုလျက်ရှိသည်။
ယခုအချိန်အထိ ပေါက်ကွဲခံရသည့် သင်္ဘောကို ပျက်စီးမှုအတိုင်း ဆက်လက်ထားရှိထားပြီး အစိုးရ အာဏာပိုင်များက လုံခြုံရေးချထားကာ စုံစမ်းမှုများ ပြုလုပ်လျက်ရှိသည်။
“နအဖစစ်တပ်က ဒါးကွင်းအနီးက ဒီသော်လေးထကို ပြောင်းမယ်။ တပ်ပြောင်းတာတော့ မဟုတ်ဘူး။ တပ်ချိန်းတာ
ပေါ့။ အဲဒီတပ်ချိန်းတဲ့ဟာကို သွားပို့ပေးဖို့ အကူအညီတောင်းတယ်။ အဲဒီဘက်က ထောက်လှမ်းရေးတွေ ဘာတွေ က မြင်သွားတာမို့လို့ အဲဒီဘက်က စွပ်စွဲတာတွေ ရှိမှာပဲ။ လာမှာက ဖာပွန်က လာမယ့် တပ်တွေပဲလေ။ တပ်ရင်း ၃၀၂ လား ဘာလား မသိဘူး” ဟု ယင်းရွာဒေသခံက ပြောသည်။
ယင်း မဲ့ဆာလတ်ဆိပ်ကမ်းအား သော်လေးထ ဆိပ်ကမ်းဟုလည်း ခေါ်ဆိုသည်ဟု သိရသည်။ ဖောက်ခွဲမှုနှင့် ပတ်သက်၍ မည်သည့် လက်နက်အဖွဲ့၏ လုပ်ရပ်ဆိုသည်ကိုမူ ယခုအချိန်အထိ အတည်မပြုနိုင်သေးပေ။
ယင်းပေါက်ကွဲမှုသတင်းကို ကြားသိသော်လည်း မိမိအနေဖြင့် မည်သူလုပ်ကိုင်သည်ကိုမူ မပြောဆိုနိုင်သေးကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၇ မှ တပ်ရင်းမှူးတဦးက ပြောဆိုသည်။
“ဗုံးကတော့ သူ့ဟာသူနေရင်တော့ မပေါက်တတ်ဘူးဗျ။ လူတွေလုပ်လို့ ပေါက်တာပဲဗျာ။ အဲဒီတော့ ဘယ်သူ လက်ချက်လဲတော့ ကျနော်တို့လည်း မနီးဘူးဗျ။ ” ဟု ကရင်ပြည်နယ် ဖုတ်ဖရမြို့နယ်ရှိ KNU တပ်မဟာ ၇၊ ၁၀၁ တပ်ရင်းမှူး ဗိုလ်မှူးစောဖောဒိုက ဆိုသည်။
Sunday, November 6, 2011
DKBA Gen, Kyaw Than and Karen Buddish
ဘုန်းကြီးကျောင်း မီးရှို့ခံရတဲ့ မှတ်တမ်းဟောင်း တခုနဲ့ ကျနော့ရဲ့ အမြင်
ဒီမှတ်တမ်းထဲက စကားပြောသွားတဲ့ သူဟာ တချိန်က ဒီကေဘီအေ၇ဲ့ စစ်ဦးစီးချုပ်ဖြစ်သူ ဗိုလ်ချုပ်ကျော်သန်းဖြစ်ပြီး ယခု ဒီကေဘီအေ နယ်ခြားစောင့်တပ် အသွင် ပြောင်းသွားချိန်မှာ အကြံပေးသူ တယောက်အဖြစ် ပါဝင်ခဲ့ပါတယ်။ သူပြောတဲ့ ကရင်ဘာသာလို အကြောင်းအရာတွေကို ဗမာဘာသာလို ဆက်လက်ဘာသာပြန်ပြီး တင်ပြပေးပါအုံးမယ်။
လေးစားစွာဖြင့်
အဲခေါင်သောင့်
ယာယီအတိုက်အခိုက်ရပ်စဲသည့်နေ့က ကျဆုံးသော ရဲဘော်သို့
မိုးမခ
Nyein Wai – ယာယီအတိုက်အခိုက်ရပ်စဲသည့်နေ့က ကျဆုံးသော ရဲဘော်သို့
နိုဝင်ဘာ ၆၊ ၂၀၁၁
လွန်ခဲ့တဲ့လထဲက အင်တာနက် သတင်းဌာနတစ်ခုမှာ ကချင်ပြည်နယ်ထဲက တိုက်ပွဲတပွဲအကြောင်း ရိုက်ထားတဲ့မှတ်တမ်းတင်ဗွီဒီယိုကို ကျနော် ကြည့်ရပါတယ်။
မီးစွဲလောင်နေဆဲဖြစ်တဲ့ ကားတစင်း၊ မီးကျွမ်းသွားပြီးဖြစ်တဲ့ နောက်ထပ်ကားတစင်း၊ မီးလောင်ထားတဲ့ကားပေါ်မှာ အစိုးရစစ်တပ်က သေ ဆုံးနေတဲ့စစ်သားတွေ။ သူတို့တကိုယ်လုံး မီးသွေးခဲလိုဖြစ်နေတာ၊ ရုပ်ပျက်ဆင်းပျက်သေဆုံးနေကြတာ။ လမ်းဘေးတောစပ်မှာလည်း ဟို တလောင်း သည်တလောင်း။
ပြီးတော့ လက်နောက်ပြန်ကြိုးတုတ်ခံထားရတဲ့ အစိုးရစစ်သား သုံ့ပန်းနှစ်ယောက်။ နောက်ထပ် လက်ရဖမ်းမိထားတဲ့ အစိုးရစစ်တပ် စစ် ဗိုလ်တစ်ဦး။ စစ်ဗိုလ်လုပ်သူက စကားကို ပီပီသသတောင်မှ ပြောမထွက်နိုင်လောက်အောင် ထိတ်လန့်နေတဲ့မျက်နှာ။
ဒီအစိုးရစစ်သားအလောင်းတွေနဲ့ လက်ရဖမ်းဆီးမိခဲ့တဲ့စစ်ဗိုလ် စစ်သားတွေဟာ ကချင်လက်နက်ကိုင်အဖွဲ့များရဲ့ ခြုံခိုတိုက်ခိုက်တာခံရတဲ့ သူတွေပါ။ ကချင်လက်နက်ကိုင်အဖွဲ့များရဲ့လက်မှာကျရောက်သွားတဲ့ အစိုးရစစ်သား သုံ့ပန်းတွေပါ။
ဒီဗီဒိုယိုခွေကို အင်တာနက်ပေါ်တက်လာနိုင်တဲ့လူတိုင်း တွေ့နိုင်ကြမှာပါ။ တခြားကြည့်ရှုခွင့်ရတဲ့သူတွေ ဘယ်လိုခံစားကြရသလဲဆိုတာ မခန့်မှန်းတတ်ပေမယ့် ကျနော်ကတော့ သုံးလေးရက် အဲဒီမြင်ကွင်းတွေကိုပဲ ပြန်ပြန်စဉ်းစားနေမိပြီး မေးခွန်းတချို့ကိုလည်း စိတ်ထဲက အထပ်ထပ်အခါခါ မေးနေမိပါတယ်။
ကျနော်တို့နိုင်ငံမှာ အခုလို အသေအကြေ ပစ်ခတ်တိုက်ခိုက်သတ်ဖြတ်ဖို့အတွက် ဒီစစ်ပွဲဟာ တကယ်ကောလိုအပ်နေသေးလို့လား။ စစ် သားတွေကို စစ်တိုက်ဖို့လွှတ်လိုက်တဲ့ စစ်ဗိုလ်ချုပ်တွေဟာ အခုလို စစ်သားတွေ စစ်မြေပြင်မှာ ရုပ်ပျက်ဆင်းပျက် သေဆုံးနေကြရတဲ့ ဒီဗီဒီ ယိုအခွေကိုကြည့်ပြီး ဘယ်လိုခံစားချက်များရှိနေကြပါ့မလဲ။ ဒီလိုအခြေအနေနဲ့ ဒီလိုအချိန်အခါမျိုးမှာ စစ်သားတွေသေဆုံးစေတဲ့ ဒီနည်းနဲ့ ကိုယ်ဖြစ်စေချင်တဲ့ဆန္ဒကို ဖြည့်ဆီးယူတယ်ဆိုရင်လည်း အဲဒီဆန္ဒဟာ ဘယ်လိုဆန္ဒအမျိုးအစားမျိုးပါလိမ့်။
တခါသေဆုံးသွားကြရတဲ့ စစ်ဗိုလ် စစ်သားတွေရဲ့ ကျန်ရစ်သူမိသားစုတွေက ဒီဗီဒီယိုအခွေကိုကြည့်ပြီး ဘယ်လိုခံစားနေကြရမလည်း။ ဒို့ ခေါင်းဆောင် ဒို့ဗိုလ်ချုပ်ကြီးတွေအတွက် ဒို့လင်သားတွေ ဒို့ဖခင်တွေ အခုလိုသေနေကြရတာ ဂုဏ်ယူစရာပါကွာဆိုပြီး လူပုံအလယ်မှာ ဝံ ကြွားနေကြလိမ့်မယ်ဆိုတဲ့အတွေးကို တစုံတယောက်ကများတွေးမိရင် အဲဒီလိုတွေးတဲ့လူဟာ ကျန်းမာရေးကောင်းတဲ့လူတော့ ဘယ်နည်းနဲ့ မှ မဖြစ်နိုင်ဘူးလို့ဆိုကြရမှာပါ။ ဒီကြားထဲ ဒီကနေ့စစ်သားတွေ သေကြရပြီးနောက်တနေ့ကျတော့ တခါစိတ်ကူးပေါက်ပြီး အပစ်အခတ်ရပ်စဲတဲ့ အလုပ်ကို ဒီစစ်ဗိုလ်ချုပ်တွေကပဲ ကောက်ခါငင်ကာထလုပ်ချင်လုပ်နေဦးမှာ။ ဒါဆိုရင် အပစ်အခတ်မရပ်စဲခင် သေကြရတဲ့ စစ်သားတွေရဲ့ အဖြစ်ကို ကျနော်တို့ ဘယ်လိုမှတ်တမ်းတင်ကြမလဲ။ တကယ့်ကို အမြင် အသိ တိုလွန်း ကန်းလွန်းလှတဲ့ စစ်ဗိုလ်ချုပ်တွေက ဒီလို ခေတ်ကြီး မှာ စစ်ပွဲတွေကို အာသာတငမ်းငမ်းဖြစ်နေတယ်ဆိုတဲ့အမြင်မျိုးနဲ့လည်း ကျနော် မပစ်မှားရက်ပါဘူး။
ဝမ်းနည်းဖို့အကောင်းဆုံးကတော့ စစ်မြေပြင်မှာ လူတွေ၊ စစ်သားတွေ၊ သေကြေ ထိခိုက်နေတဲ့ နေ့စဉ်အဖြစ်အပျက်တွေနဲ့ပတ်သက်ပြီး လွှတ်တော်နှစ်ရပ်စလုံးမှာ တက်ရောက်နေကြတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေဟာ အသံခပ်တိုးတိုးလေးပဲ ရှေ့ပြော နောက်ကြည့် အနေ အထားမျိုနဲ့ ပြောဆိုဆွေးနွေးကြရတဲ့အချက်ပါပဲ။
ကျနော်တို့တိုင်းပြည်ရဲ့ လတ်တလော အရေးအကြီးဆုံးပြဿနာတွေထဲမှာ လူတွေ နေ့တိုင်းသေနေကြရတဲ့ ဒီပြည်တွင်းစစ်ပြဿနာဟာ တကယ်တော့ နေ့ရွှေ့ ညရွှေ့လုပ်နေလို့ရတဲ့ကိစ္စမဟုတ်ပါဘူး။ ဒါဆိုရင် ဒီလွှတ်တော်နှစ်ရပ်စလုံးဟာ ဒီတိုင်းပြည်မှာ လူတွေအချင်းချင်း သတ်ဖြတ်နေကြရတဲ့အဖြစ်ကို ရှောင်ကွင်းပြီး ရပ်ကွက်ထဲက ကလေးတွေမုန့်လုစားတဲ့ကိစ္စမျိုးလောက်ကိုပဲ ဖြေရှင်းပေးနိုင်တဲ့ လွှတ်တော် တွေများ ဖြစ်နေသလား။ ကျနော် အဲသလိုလည်း မယုံကြည်ချင်ပါဘူး။
သက်တော်ရှည် ငြိမ်းချမ်းရေးသမား ကဗျာဆရာကြီးဒဂုန်တာရာက ဒီတိုင်းပြည်မှာ စစ်မက်ဖြစ်ပွားမှုတွေ စပ်စဲဖို့ ကြေညာချက်ထုတ်တဲ့အခါ တပ်မတော်ထဲမှာ ငြိမ်းချမ်းရေးကိုမလိုလားတဲ့သူ ရှိမယ်ထင်တယ်လို့ပြောခဲ့ပါတယ်။ ဒီစကားကို အခြေခံပြီးစဉ်းစားရင် လက်ရှိစစ်ပွဲတွေ အပြင်းအထန်ဖြစ်ပွားလာနေတာကိုထောက်တော့ လွှတ်တော်နှစ်ရပ်စလုံးရဲ့နောက်မှာ စစ်လိုလားသူ သိန်းငှက်တစ်အုပ် ရှိနေတဲ့သဘောများ လား။ အတော့်ကို စိတ်မချမ်းမြေ့စရာကောင်းတဲ့ အခြေအနေမျိုးပါ။
မှန်ပါတယ်။ ကျနော်တို့နိုင်ငံကပြဿနာတွေဟာ တနေ့တည်း တရက်တည်းနဲ့ ဖြေရှင်းလို့မရနိုင်တဲ့ပြဿနာတွေဖြစ်တယ်ဆိုတာ မငြင်းပါ ဘူး။ ဒါပေမယ့် လက်ရှိတိုင်းပြည်မှာ အာဏာအရှိဆုံးပုဂိုလ်တွေဟာ ဖြေရှင်းရခက်တဲ့ပြဿနာတွေကို အခုဖြစ်နေတဲ့စစ်ပွဲတွေက ပိုပြီး ခက် ခဲရှုပ်ထွေးအောင် လုပ်နေသလိုဖြစ်နေတယ်ဆိုတာ မတွေးမိကြလို့များလား။ ဒီလိုလည်း မဖြစ်နိုင်ပါဘူး။ သူတို့က တိုင်းပြည်ကို နှစ်ပေါင်း ရာစုတဝက်ကျော် အုပ်ချုပ်လာခဲ့ကြသူတွေပဲဟာ။ ဒါဆိုရင် ဘာပြုလို့ ပြည်တွင်းစစ်မီးကို ဓါတ်ဆီထပ်လောင်းနေကြတာများလဲ။ ပိုပြီး စိတ်မသက်မသာဖြစ်စေတဲ့အချက်က `ဝ´ လို လက်နက်ကိုင်အဖွဲ့မျိုးကြတော့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာကို ဘေးချိပ်ပြီး နယ်ခြားစောင့် တပ်အသွင်ပြောင်းရေး မလုပ်ခိုင်းတော့ဘူးဆိုပြီး လက်မှတ်ထိုး သဘောတူလို့ရတယ်ဆိုရင် တခြားတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ ကိုလည်း ဘာပြုလို့ အဲသလို ဖြေရှင်းဖို့ မလုပ်နိုင်ကြတာလဲ။ ဘာပြုလို့များ စစ်သားတွေကို သတ်ကွင်းထဲ ဆင်းသွားဖို့ အမိန့်ပေးခဲ့ကြတာလည်း။ ကျနော် မတွေးချင်လောက်အောင်ကိုပဲ ထိတ်လန့်မိတယ်။ စိုးရိမ်မိတယ်။ ကျနော်တို့တိုင်းပြည်ဟာ တကယ့်ကို ကံဆိုးလှပါတယ်။
ခေတ်မမီတော့ပါဘူး။ သဘောထားကွဲတဲ့ တိုင်းရင်းသားတွေကို စစ်တိုက်ပြီး အညံ့ခံခိုင်းတဲ့လုပ်ရပ်မျိုးကို ပြည်ထောင်စုမပြိုကွဲရေးအတွက် လုပ်ရတာဖြစ်တယ်ဆိုတဲ့ ဝါဒဖြန့်မှုမျိုးဟာ တကယ့်ကို တန်းမမီလှတော့ပါဘူး။ ဒီလိုအယူအဆ ဒီလိုနည်းဟာ တိုင်းပြည်တခုရဲ့ခေါင်းဆောင် တာဝန်ရှိသူများအဖို့ မကိုင်စွဲသင့်တဲ့ ခပ်တိမ်တိမ် ခပ်တုံးတုံး အယူအဆပါ။ အတွေးအခေါ်တွေနည်းပညာတွေ ကမ္ဘာနဲ့ချီပြီး အခုလို အလျင်အမြန် ခုန်ပျံပေါက်ကွဲထွန်းကားနေတဲ့အခြေအနေမျိုးမှာ ကိုယ့်ရှိတဲ့သေနတ်အစုတ်ကလေး ခါးခြားက ခဏခဏ ထုတ်ချိန်ပြရတာကို ကျေနပ်နေတဲ့ အဲသလိုဒဿနမျိုး အဲသလိုပြဿနာဖြေရှင်းနည်းမျိုးဟာ ပေမီ ဒေါက်မီတဲ့ အလုပ် ကြပ်ပြည့်တဲ့ အလုပ်မဟုတ်တော့ဘူးဆိုတာ ဘယ်ပညာတတ်မဆို သိနေတဲ့ကိစ္စပါ။
ကျနော်ထင်တယ်လေ။ တကယ်တော့ လက်ရှိတိုင်းပြည်မှာ တာဝန်အရှိဆုံးပုဂိုလ်တွေဟာ အခုတိုက်နေတဲ့စစ်ပွဲဟာ တကယ်ပဲ ပြည် ထောင်စုမပြိုကွဲရေးအတွက် တိုက်နေတဲ့စစ်ပွဲအဖြစ် တကယ်ယုံကြည်လို့ စစ်သားတွေကို စစ်မြေပြင်ဆီလွှတ်နေကြတာ ဟုတ်မယ်မထင် ပါဘူး။ တခြားအကြောင်းတော့ ရှိကိုရှိရပါလိမ့်မယ်။ ဘာပြုလို့လည်းဆိုတော့ သူတို့က တိုက်သာတိုက်နေရတာ မျက်နှာတော့ တော်တော် ပြောင်ပြောင်ထားပြီး တိုက်နေရတဲ့သဘောက သိသာလွန်းနေလို့ပါ။ ဒီလို အခင်းအကျင်းက နေ့စဉ်လူတွေ သေနေရတဲ့ စစ်ပွဲကြီးတပွဲ တိုက်နေတာကို လွှတ်တော်ရဲ့ကန့်လန့်ကာနောက်မှာ လူတစုက ကြိတ်ဝိုင်းလုပ်ပြီး စစ်မီးမွှေး စစ်မီးအားပေးလုပ်နေတဲ့ အခင်းအကျင်း သဘော ဖြစ်မနေစေဘူးလား။ ဒါကြောင့်မို့လည်း ဒီအချက်က သူတို့အတွက် အထိမခံရွှေပန်းကန်ကိစ္စမို့ အခုထက်ထိ အစိုးရစစ်တပ် စစ် သားတွေ စစ်မြေပြင်မှာ ရုပ်ပျက်ဆင်းပျက်သေနေကြရတာ စစ်ပွဲနဲ့နီးတဲ့ဒေသတွေမှာ အရပ်သားတွေကို ရန်သူသဖွယ် ဆက်ဆံအနိုင်ကျင့် နေကြတာကို ဒီအတိုင်း လွှတ်တော်ကြီးက အခြေအနေကြည့်လက်ရှောင်ပြီး အသံတိုးတိုးလေးပဲ ပြောနေကြရတာဖြစ်တယ်လို့ ခန့်မှန်းလို့ ရပါတယ်။
သည့်ထက်ပိုပြီး စိတ်ပူပန်ဖို့ကောင်းတာက အစိုးရက လွှတ်လိုက်တဲ့စစ်သားတွေ အရာရှိတွေကိုယ်တိုင်က ဒီကနေ့ သူတို့တိုက်နေရတဲ့ စစ်ပွဲဟာ ပြည်ထောင်စုမပြိုကွဲရေးအတွက် အချုပ်အချာအာဏာ ကာကွယ်ရေးအတွက် တိုက်ကြရတာဖြစ်တယ်ဆိုတဲ့ နိုင်ငံရေးအယူအဆကို လက်ခံသဘောပေါက် ယုံကြည်လို့ တိုက်နေကြတာမဟုတ်ဘူးဆိုတာ ကလေးကအစ သိနေတဲ့အချက်ပါပဲ။ ဒီလို အခိုင်အမာယုံကြည်ပြီး တိုက်နေတဲ့ စစ်ပွဲမဟုတ်လို့လည်း ဘယ်ဗိုလ်ချုပ်ကမှ လွှတ်တော်ရှေ့ထွက်ပြီး သူတို့တိုက်နေတဲ့ စစ်ပွဲနဲ့ပတ်သက်တဲ့ အချက်အလက်တွေ သဘောထားတွေကို ရဲရဲတင်းတင်းဝင်မပြောရဲပဲ အသံတိတ်လုပ်နေကြတာပေါ့။ စစ်ဖြစ်နေတဲ့သတင်းတွေ အခြေအနေတွေကို အစိုးရသ တင်းစာတွေမှာ အရိပ်အယောင်တောင်မှမရေးပဲ ဖုံးနေကာနေကြတာပေါ့။ ဒါကဘာကိုပြသလဲဆိုတော့ စစ်ဗိုလ်ချုပ်တွေဟာ သူတို့ဖန်တီးတဲ့ စစ်ပွဲအပေါ် သူတို့ကိုယ်တိုင်က နိုင်ငံရေးအရ ခိုင်ခိုင်မာမာယုံကြည်မှုမရှိလို့ လူတွေရှေ့ထွက်ရပ်ပြီး လက်သီးလက်မောင်းမတန်းရဲတာပဲပေါ့။ ဒါဆိုရင် မှန်ကန်တဲ့နိုင်ငံရေးခံယူချက်မရှိတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတခုဟာ ဘယ်ကိုဦးတည်သွားနိုင်သလဲ။ ရှေ့တန်းတွေမှာ အစိုးရ စစ်တပ် စစ်သားတချို့က အရပ်သားတွေအပေါ် လုပ်ကိုင်ဆက်ဆံနေတဲ့ အခြေအနေတွေက အဖြေပေးနေပါပြီ။
(၄၊ ၁၁၊ ၂၀၁၁) နေ့က ဒီကေဘီအေနဲ့ အစိုးရ အပစ်အခတ်ရပ်စဲဖို့ သဘောတူကြပြန်ပါတယ်။ အခြေအနေကိုကြည့်ရတာ ဒီအပစ်အခတ် ရပ်စဲပုံ ရပ်စဲနည်းက ယာယီသဘောများဖြစ်နေမလားလို့လည်း စိတ်ထင့်မိပါတယ်။ ဒီလိုဖြေရှင်းပုံ ဖြေရှင်းနည်းဟာ အချိန်မရွေး သေနတ် သံတွေ ပြန်ပေါ်လာနိုင်တဲ့ ဖြေရှင်းနည်း၊ တချိန်ကျရင် သည့်ထက် ကြီးမားတဲ့အင်အားနဲ့တိုက်ခိုက်ဖို့ကို ဦးတည်တဲ့ဖြေရှင်းနည်းဆိုရင်တော့ ဒါဟာ တော်တော်လေးကို စိတ်ပူပန်ဖို့ ကောင်းတဲ့ဖြေရှင်းနည်းပါ။
ဘယ်လိုပဲဖြစ်ဖြစ် အပစ်အခတ်ရပ်စဲလိုက်ကြတာကိုတော့ ကျနော်တို့ မူအားဖြင့် ကြိုဆိုကြရမှာပါ။ ဒါပေမယ့် သည့်ထက် ခပ်စောစောက တည်းက အပစ်အခတ်ရပ်စဲနိုင်ခဲ့ကြရင် ပိုပြီးမကောင်းပေဘူးလား။ နှစ်ဘက်စလုံး ဘယ်စစ်သားမှ သေကြေဒဏ်ရာရတဲ့အဖြစ်က သက်သာ မသွားနိုင်ပေဘူးလား။ ဒါမှမဟုတ် အစကတည်းက စစ်မတိုက်ပဲ ပြဿနာဖြေရှင်းလို့ရနိုင်ခဲ့ရင် ပိုပြီးမကောင်းပေဘူးလား။ ဘယ်စစ်သား တယောက်တလေမှ မသေမပျောက်စေတဲ့ ဖြေရှင်းပုံ ဖြေရှင်းနည်းဟာ အကောင်းဆုံးနည်း မဟုတ်ပေဘူးလား။
ကျနော်က ကဗျာရေးတဲ့သူပါ။ ကျနော့်မှာ ဒီကိစ္စဝင်ပြောရလောက်အောင် နိုင်ငံရေး စစ်ရေး နယ်ပယ်နဲ့ပတ်သက်တဲ့ ဝမ်းစာမရှိဘူးဆိုတာ ကျနော် ဝန်ခံပါတယ်။ ဒါပေမယ့် နေ့စဉ်ကြားနေ မြင်နေရတဲ့ စစ်ပွဲတွေရဲ့ အနိဌာရုံ သတင်းတွေ မြင်ကွင်းတွေက ယဉ်ကျေးမှုရေးနယ်ပယ်က လူသားတစ်ဦးဖြစ်တဲ့ ကျနော့်အဖို့ အခုလိုဝင်ပြောချင်လောက်အောင် လက်ယပ်ခေါ်နေလို့သာ မနေသာလို့ ဝင်ပြောလိုက်ရတာပါ။
ကဗျာရေးတဲ့သူပီပီ ဒီဆောင်းပါးကို ကဗျာတပုဒ်နဲ့ နိဂုံးချုပ်လိုက်ပါတယ်။
ယာယီအတိုက်အခိုက်ရပ်စဲသည့်နေ့က ကျဆုံးရသောရဲဘော်သို့
စစ်ပြေငြိမ်းလိုက်ပြီ ဆိုပါကလား
သတင်းသည် ငှက်ထက်မြန်၏
လေထက်လည်း မြန်၏
ဒါတင်လည်း မဟုတ်သေး
မိုးကြိုးသွားထက်လည်း မြန်၏။
လောကဓာတ်တခွင်
ငြိမ်းချမ်းရေး ပီတိအဟုန်ဖြင့်
တုန်ခါပဲ့တင်လျက်ပါတကား။
အလို …နေအုန်း
အလာကောင်းပေမယ့်
အခါ နှောင်းလေခြင်း
ကျဆုံးရှာကြကုန်ပြီးသော
ရဲဘော်အဖို့ရာတွင်
တကယ်ကို အခါနှောင်းပါပြီ။
နာရီပိုင်းလောက်စောခဲ့လျင်
ရဲဘော် မသေ
သူ့ရဲဘော်ရဲဘက်တွေနဲ့
ရယ်ကာ မောကာ လက်ဆွဲနှုတ်ဆက်ကာ
ရှင်လျက် တည်အံ့။
ဒီ့ထက်ဒီပိုခဲ့လျင်ကား ကောင်းလေစွ
ဘယ်သူ ဘယ်ဝါ ဘယ်ရဲဘော် တစ်ယောက်မျှ
မသေမပျောက်
မကျဆုံးရှာကြသေးမီဖြစ်ခဲ့မူကား အဟောတဝ ကောင်းလေစွ။ ။
(ခရိုအေရှား ကဗျာဆရာ ဂရီဂေါ်ဗီယက်ရဲ့ကဗျာဖြစ်ပါတယ်။ စာပေါင်းစုစာအုပ်၊ အမှတ်(၂) တွင် ပါရှိတဲ့ ဆောင်းပါးတပုဒ်မှ ကူးယူဖော်ပြပါ တယ်။)
Friday, November 4, 2011
ကရင် အမျိုးသား အစည်းအရုံးKNUနှင့်သိန်းစိန်အစိုးရတို့ဆွေးနွေးရန်ရှိ
ကရင် အမျိုးသား အစည်းအရုံး (ကေအန်ယူ) နှင့် နအဖတို့သည်၊ ကရင်ပြည်နယ် ဖါးအံမြို့ ၌ အပစ်အခတ် ရပ်စဲရေးအတွက် တွေ့ ဆုံဆွေးနွေးရန် ရှိကြောင်း၊ ကေအန်ယူ စစ်ဦးစီးချုပ် အသိုင်းအ၀ိုင်းမှ သိရပါသည်။ ဤဆွေးနွေးပွဲအတွက် မဲဆောက်မြို့ နေကေအန်ယူ ဗိုလ်မှူးဟောင်း စိုးစိုးမှ ကြားလူအဖြစ် ဆောင်ရွက်နေပြီး ယခုဖါးအံမြို့ ကို ရောက်ရှိနေသည်ဟု သိရပါ သည်။ ကေအန်ယူဖက်ကလည်း ဤကိစ္စအတွက် ဗဟိုအလုပ်အမှုဆောင် အစည်းအဝေး မကျင်းပ ရသေးသဖြင့် ကိုယ်စားလှယ်အဖွဲ့ ကို မဆုံးဖြတ် ရသေးကြောင်း အဆိုပါ အသိုင်းအ၀ိုင်းမှ ပြောပါသည်။ (Source ရွှေဟင်္သာသတင်းဌာန)
Sunday, October 30, 2011
2010 နိုဝင်ဘာ စစ်တမ်းကိုပြန်သုံးသပ်ခြင်း
စတုတ္ထမဟာဗမာအင်ပါယာကိုတည်ထောင်မည့်သူများ
အနော်ရထာမင်းသည် ခရစ်နှစ် (၁၀၄၄)မှ(၁၀၇၇)ခုနှစ်အထိ နန်းစံနှစ်အတွင်း တွင် မြန်မာတစ်နိုင်ငံလုံးရှိ တိုင်းရင်းသားအင်ပါယာနိုင်ငံများကိုကျူးကျော်တိုက်ခိုက်သိမ်းပိုက်ပြီး ပထမ မဟာဗမာနိုင်ငံတော်ကို
အတင်းအဓမ္မတည်ထောင်ခဲ့သလို-
အနော်ရထာသန်းရွှေ (ခ) အရူးလင်ထသန်းရွှေ
အရူးလင်ထ သန်းရွှေသည် ၂၀၁၀ နိုဝင်လ(၇)ရက်နေ့မှစပြီး စတုတ္ထမဟာဗမာ နိုင်ငံတော်ကိုတည်ထောင်ရန်တိုင်းရင်းသားနယ်မြေများကိုစစ်ရေးနိုင်ငံရေး
Saturday, October 29, 2011
ထန်းတောထဲက တွေ့ဆုံမေးမြန်းခန်း .. မောင်လှဝင်း(မြင်းခြံ)
နေ့သစ်မှ
Posted by admin on October 29, 2011 2 Commen
ခေါင်းစုတ်ဖွား
အသားမဲမဲ
အရပ်ရှည်ရှည် မိုးထိုးနေ
ကျုပ်ရဲ့ ဆင်းရဲဖော် ဆင်းရဲဖက်တွေ
ဓနုဖြူခံတပ်မှာ လက်ပိုက်ရပ်နေတဲ့ ဗန္ဓုလ ပန်းချီကားကိုတောင်
အမှတ်ရမိသေးရဲ့
ဝံ့ဝံ့ကြွားကြွား ရှိလိုက်ပလေ
လေပြေထဲမှာ ငယ်ရုပ်ဆင်နေကြ
စုစုစည်းစည်း လက်တွဲပြီး လောကကြီးကို ရင်ဆိုင်နေကြ
မြေဆီမဲမဲပေါ်မှာ မားမားမတ်မတ် ရပ်တည်ကြ
ကောင်းကင်ထဲမှာ မိုးသက်ရနံ့ ရှူရှိုက်နေကြ။
ကျုပ်လား
အဲဒီထန်းပင်တွေကြားက ထန်းသမား
မန်းစကားမသိ
နန်းစကားမသိ
ဗန်းစကားမသိ
ထန်းစကားနဲ့ ထန်းသမားအသိသာရှိ။
ဘဝမြင့်မားမှုလား
ထန်းပင်ပေါ်တက်တဲ့အခါ ဘဝမြင့်မားသွား
ထန်းပင်ပေါ်က ဆင်းတဲ့အခါ ဘဝနိမ့်ကျလာ
ထန်းလက်တဲ နိမ့်နိမ့်သာ ကျုပ်ပိုင်ပါတယ်
မြင့်တာဆိုလို့ ထန်းပင်များတောင် ကျုပ်မပိုင်
တနိုင်လုပ်တဲ့ ထန်းသီးစား ကျုပ် ထန်းတက်သမား။
မွဲတေမှုလျှော့ချရေးလား
သမ္မတမိန့်ခွန်းစကား
ကြားဖူးဖို့ဆိုတာ အဝေးသား
သမ္မဆိုတာ ဖြူလား မဲလား
ဗိုလ်တံဆိပ်နဲ့လား
လက်ညှိုးညွှန်ရာ ရေဖြစ် မင်းဧကရာဇ်ပုံလား
ခွဲခြားမသိ
ကျုပ်သိသမျှက
ကျုပ်တွေ့ရတဲ့ တောထဲက ဖွတ်တွေ
ကျောမှာ ပြာမစုဘဲ ပိုပိုမွဲလာတယ်
ဘဝတူတွေရဲ့ ကျောတွေကတော့ ပြာစုပြီး မွဲမွဲလာတယ်
ကျုပ်မျက်စိတွေ ပိုပြီး ပိုပြီး မွဲမွဲလာတယ်။
ကြားဖူးပါရဲ့ ဒီမိုကရေစီ
ကျုပ်ကတော့ ဒီမိုးမှာလည်း ငွေမစည်
ဟိုမိုးတုန်းကလည်း ငွေမစည်
ထန်းလျက်ပေါ်ချိန်လည်း ငွေမစည်
ထန်းတက်နေလည်း ငွေမစည်
ပရုပ်စီ(ဆီ)ဘူးတောင် မဝယ်နိုင်လို့တဲ့
မိန်းမရဲ့ဆူသံပွက်သံသာ
ကျုပ်တဲထဲမှာ ညံညံစီ။
စိမ်းလန်းစိုပြေရေးလား
ကျုပ်သမီးလေး ကျောင်းစိမ်းနဲ့ဝေးတာ ကြာပြီ
တောခုတ်လို့ တောအုပ်တွေတောင် မစိမ်းတာ ကြာပြီ
မလှူရတာကြာလို့  ဆရာတော်ရဲ့ ဦးပြည်းစိမ်းစိမ်းတောင် မဖူးရတာ ကြာပြီ
စိမ်းတာဆိုလို့
ရွာအာဏာပိုင်တို့ မျက်နှာများ
ကြွေးရှင်တွေရဲ့မျက်နှာများ၊ ထန်းပိုင်ရှင်တွေရဲ့ မျက်နှာများ
စိမ်းသလားမမေးနဲ့
စိမ်းလိုက်သမှ ငှက်ခါးတောင်က အရှုံးပေးရ။
စိုပြေတာတော့ မသိ၊ ခန်းခြောက်တာတော့ ရှိတယ်
ကျုပ်တို့ဘဝတွေ ခန်းခြောက်နေတယ်
ရွာထဲက ဘဝတွေ ခန်းခြောက်နေတယ်
လယ်ယာမြေတွေ ခန်းခြောက်နေတယ်
ကန်ရေတွေ ခန်းခြောက်နေတယ်
နွားစာမြက်တွေ ခန်းခြောက်နေတယ်
အသိတွေ ခန်းခြောက်နေတယ်။
မြော်အမြင် .. ဟုတ်စ
ထန်းသမားပဲ ထန်းပင်ဖျားက အမြော်အမြင်
ထန်းတောတခွင်လောက်ပဲ မြင်တယ်
ရွာဦးက ထုံးဖြူဖြူ စေတီတော်တဆူပဲ မြင်တယ်
နေပြည်တော်လား ကျုပ်မမြင်
ပင်လယ်ပြင်လား ကျုပ်မမြင်
အာရပ်ကမ္ဘာလား ကျုပ်မမြင်
မဟာတံတိုင်း ကျုပ်မမြင်
‘ဝေါလမ်းမကို သိမ်းပိုက်ကြဖို့’ ဆိုတာ
ဘာလဲဗျာ။
ဗျာ ..
ဇာတ်ထဲက ငိုချင်းနဲ့
လက်ငင်းဘဝ ထန်းသမားငိုချင်းကလွဲပြီး
ဝန်ကြီးပဒေသရာဇာနဲ့ တျာချင်း .. ဟင့်အင်း
ဖွေးဖွေးနဲ့ အောင်ရဲလင်း .. ဟင့်အင်း
အဖေပြောပြ ‘ရွှေဘ’ တော့ ကြိုက်လှချည့်
အစ်ကိုဆိုပြ တွံတေးသိန်းတန်သီချင်း ရခဲ့ဖူးတယ်။
ကိုယ့်တိုင်းပြည် ကိုယ်ချစ်လားတဲ့
ဒါတော့ လာမစမ်းနဲ့လေ
ဦးအောင်ဇေယျ စစ်တိုက်ခဲ့တုန်းက
ထန်းလုံးတွေနဲ့ ခံတပ်ဖွဲ့တိုက်ခဲ့တာ ကြားဖူးမှာပေါ့
ကျုပ်တို့မိတ်ဆွေ ထန်းလုံးတွေ စုစည်းညီညွတ်ပြီး
အသားမဲတွေရဲ့ ရင်ဘတ်မွဲကြီးတွေ စုတ်ပြတ်ဖွာလန်ကြဲ
ခုခံစစ်မှာ အသေရဲခဲ့ကြသလို
ကျောမွဲဆင်းရဲသား လယ်သမား ယာသမား ထန်းသမားတတွေ
အရေးတော်ပုံအတွက် အသေရဲကြရမယ်ဆိုရင်
လက်ကို အပ်နဲ့ရိုက် လူရွေးလိုက်စမ်း
နောက်မတွန့်စတမ်း။ ။
မောင်လှဝင်း (မြင်းခြံ)
Tuesday, October 25, 2011
စိုးရတပ်များ ဆွဲမိုင်းဖြင့် အဆက်မပြတ် တိုက်ခိုက်ခံရ
အောက်တိုဘာလ ၂၅ရက်။ စောခါးစူးညား (ကေအိုင်စီ)
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် တံတားကျိုးရွာအနီးတွင် လှုပ်ရှားနေသည့် မြန်မာအစိုးရတပ် စကခ(၁၂)လက်အောက်ခံ တပ်ရင်းကို ယမန်နေ့ နေ့လည်အချိန်တွင် ကရင်ပူးပေါင်းတပ်များက ဆွဲမိုင်းဖြင့် တိုက်ခိုက်ခဲ့ရာ ၄ဦးကျဆုံးကာ ၇ဦး ဒဏ်ရရှိခဲ့ သည်။အဆိုပါ တိုက်ခိုက်မှုကို တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်-DKBA ကလို့ထူးဝါးဗျူဟာနှင့် ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်များက ပြောက်ကျားစစ်ဖြင့် သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု DKBA ၏ ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးစောလိုးလိုက ပြောသည်။
၎င်းက “ကျနော်တို့ ပူးပေါင်းတပ်ဘက်က သူတို့(အစိုးရတပ်)ကို ရုတ်တရက် ဆွဲမိုင်းနဲ့ ၀င်တိုက်လို့ အထိနာတာ။ သေနတ် ကျည် သိပ်အကုန်မခံဘူး။ ဆွဲပြီး တစ်အောင့် ခံပစ် နောက်ဆုတ်တာပဲ။ ကျနော်တို့ဘက်က အထိအခိုက် မရှိဘူး။”ဟု ကေအိုင် စီသို့ ပြောသည်။
ယခုတိုက်ခိုက်မှု ဖြစ်ပွားသည့် မြန်မာစစ်တပ်နေရာသည် ကျုံဒိုးသို့သွားရန် ကော့ကရိတ်မြို့မှအထွက် လမ်းကြောတစ်နေရာ တွင် တည်ရှိသည်။
ကချင်ပြည်နယ်တွင် ကချင်လွတ်မြောက်ရေးတပ်မတော်-KIA ကို မြန်မာအစိုးရတပ်က ထိုးစစ်ဆင်နေချိန်တွင် ကရင်ပူးပေါင်း တပ်များလည်း ကရင်ပြည်နယ်အတွင်းရှိ အစိုးရတပ်ကို အဆက်မပြတ် တိုက်ခိုက်နေကြောင်းလည်း DKBA က ပြောသည်။
ယခုလအတွင်း အစိုးရတပ်နှင့် ကရင်ပူးပေါင်းတပ်တို့ကြား တိုက်ပွဲများမှာ နေ့စဉ်ရက်ဆက်ဆိုသလို ဖြစ်ပွားနေသလို ယမန်နေ့ က မြ၀တီမြို့၊ အမှတ်-၄ ရပ်ကွက်ရှိ ကြံ့ခိုင်ရေးရုံးရှေ့တွင် ဗုံးတလုံးပေါက်ကွဲခဲ့ရာ သံဃာတစ်ပါး ဒဏ်ရာရရှိခဲ့သည်။
Sunday, October 23, 2011
(cultural soft power)
တရုတ် ကွန်မြူနစ်ပါတီရဲ့ ဆော့ဖ်ပါဝါ ရှာပုံတော်

အောက်တိုဘာ ၁၅ ရက်ကနေ ၁၈ ရက်နေ့အထိ တရုတ်ကွန်မြူနစ်ပါတီ ထိပ်တန်းခေါင်းဆောင် ၃၀၀ ကျော် ပေကျင်းမြို့မှာ အစည်းအဝေးလုပ်ခဲ့ကြသည်။
သူတို့ အဓိက ဆွေးနွေးတဲ့ အကြောင်းက တရုတ်ပြည်ရဲ့ 'ယဉ်ကျေးမှု ပါဝါအပျော့' (cultural soft power) ကို မြှင့်တင်နိုင်မယ့် နည်းလမ်းတွေ ရှာဖို့ ဖြစ်သည်။ တစ်နည်းအားဖြင့် တရုတ် စီးပွားရေး တိုးတက်ကြီးထွား လာပေမဲ့၊ လူအချင်းချင်း ရိုင်းပင်းကူညီလိုမှု၊ စာရိတ္တမဏ္ဍိုင် ချွတ်ခြုံကျမှုတွေကို ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။
ပေကျင်းမှာ အသက် နှစ်နှစ်အရွယ် ကလေးမလေး ကားတိုက်ခံရတဲ့မြင်ကွင်းကို ဖြတ်သန်းဖြတ်လာ အားလုံးက ကိုယ်နဲ့မဆိုင်သလို အကြင်နာမဲ့စွာ ရှောင်ကွင်းသွားခဲ့ပြီး၊ နောက်ဆုံး အမှိုက်ကောက်သူက ဆေးရုံပို့ပေးခဲ့ပေမဲ့၊ ကလေး သေဆုံးသွားခဲ့ရသည်။ အဲဒီဖြစ်ရပ်အပေါ် ပြည်တွင်းပြည်ပ သတင်းစာတွေက ဝေဖန်ပြစ်တင်ကြပြီး၊ တရုတ် လူထုရဲ့ စိတ်ဓာတ် ချွတ်ခြုံကျမှုကို ပါတီ အစည်းအဝေးမှာ အဓိက ဆွေးနွေးရတဲ့ အကြောင်းအရာ ဖြစ်လာသည်။
ငွေကြေးနဲ့ ရုပ်ဝတ္ထုမှလွဲပြီး ဘာကိုမှ စိတ်မ၀င်စားတဲ့ တရုတ်လူထုအတွက် ကျင့်ဝတ်ပိုင်းဆိုင်ရာ နှုန်းစံတန်ဖိုးတွေ (moral soft power) ပြန်ရှာဖွေ မြှင့်တင်ဖို့ လိုအပ်နေပြီ။ ယခု ပါတီ ဗဟိုကော်မတီက အမေရိကန် ပညာရှင် ဂျိုးဇက် အက်စ် နိုင်း (Joseph S. Nye) ပြောတဲ့ ဆော့ဖ်ပါဝါကို တရုတ်မှာ အရေးပေါ် တည်ဆောက်ဖို့ ဆုံးဖြတ်ခဲ့သည်။
လွန်ခဲ့တဲ့ နှစ် ၂၀ ကတည်းက ဂျိုးဇက်နိုင်း က တိုင်းပြည်တစ်ပြည်မှာ ဆော့ဖ်ပါဝါဆိုတဲ့ သံလိုက်ဓာတ်စွမ်းအား အရေးကြီးတဲ့အကြောင်းကို ပြောခဲ့သည်။ နိုင်ငံတစ်နိုင်ငံရဲ့ အောင်မြင်မှုက လက်နက် အင်အား၊ ဓနအင်အား ဆိုတဲ့ ပါဝါအမာတွေပေါ်မှာချည်း မတည်။ အခြေခံဥပဒေ ခိုင်ခံ့မှု၊ လူအချင်းချင်း လေးစားတန်ဖိုးထားမှု၊ စာရိတ္တမဏ္ဍိုင် အားကောင်းမှု စတဲ့ ပါဝါ အပျော့တွေနဲ့ ပါဝါအမာတွေ ပေါင်းစပ်မှသာ ပြည်တွင်းအင်အား ကြံခိုင်မှုနဲ့ အခြားနိုင်ငံတွေရဲ့ အထင်ကြီး လေးစားခံရမှု ရမည်ဟု ဆိုခဲ့သည်။
ပါတီ ထိပ်တန်းခေါင်းဆောင်တွေက တရုတ် စီးပွားရေး တိုးတက်မှု အရှိန်အဟုန် မြင့်နေပေမဲ့၊ ကျင့်ဝတ်နီတိ ကျဆင်းမှု အပါအ၀င်၊ ဆော့ဖ်ပါဝါ ဖွံ့ဖြိုးမှု နောက်ကျခဲ့တာကို ၀န်ခံပြောဆိုမှုတွေလည်း လုပ်ခဲ့သည်။
ဒါပေမဲ့ တရုတ်ရဲ့ ပင်ကိုယ် ဆော့ဖ်ပါဝါတွေက ဘာတွေလဲ၊ ဘယ်လိုမြှင့်တင်မလဲဆိုတာတော့ ယခုမှ ရှာပုံတော်ဖွင့် (soul-searching) ကြရဦးမည် ဖြစ်သည်။
ဝင့်ထန်း
Labels: (cultural soft power)
Saturday, October 22, 2011
ရှေ့ထွက်မိုင်းကြောင့် အစိုးရစစ်တပ် ၁၂ဦး သေဆုံး
Submitted by admin on Saturday, 22 October 2011--အောက်တိုဘာလ ၂၂ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
ကရင်ပြည်နယ်၊ မြ၀တီမြို့နယ် ဝေါ်လေဒေသတွင် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ) တပ်ဖွဲ့များ၏ ရှေ့ထွက်မိုင်းဖြင့် ယမန်နေ့က တိုက်ခိုက်မှုကြောင့် အစိုးရစစ်တပ် ၁၂ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဒီကေဘီအေက ပြောသည်။
ယခင်ရက် တိုက်ပွဲများမှ စစ်သည်လူနာများကို တာအုထာ့မှ သေ့ဘောဘိုး(မော်လီချိုင်း)ကျေးရွာသို့ ပြန်သယ်ဆောင်လာ သည့် အစိုးရ တပ်မ(၂၂) လက်အောက်ခံ ခလရ(၂၀၅)တပ်ရင်းအား ယမန်နေ့ည ၇နာရီခွဲကျော်အချိန်တွင် ဒီကေဘီအေတပ် ဖွဲ့မှ သေ့ဘောဘိုးနှင့် ကျောက်ခက်ကျေးရွာကြား၌ ရှေ့ထွက်မိုင်းများဖြင့် နှစ်ကြိမ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒီကေဘီအေမှ ဗိုလ်မှူးဆန်းအောင်က ပြောသည်။၎င်းက “ပြီးခဲ့တဲ့ ရက်ပိုင်းက ပစ်ခတ်မှုမှာ ဒဏ်ရာရရှိခဲ့တဲ့ စစ်သားတွေကို ပြန်လာပို့တဲ့ ရန်သူ့တပ်ကို ကျနော်တို့ ဒီကေဘီအေ က ဦးကြိုတိုက်ခိုက်တာပါ။ ပစ်ခတ်မှုက မိနစ်ပိုင်းပဲ ကြာတယ်ဆိုပေမယ့် ဆွဲမိုင်းနဲ့ဆိုတော့ ရန်သူဘက်က တော်တော်အထိနာ တယ်။”ဟု ပြောသည်။
ဒီကေဘီအေ ကလို့ထူးဘောဗျူဟာမှ ဗိုလ်ကြာနီ၊ တောနော်ဖော၊ မင်းဇော်ဦးတို့ ဦးဆောင်သည့် အဆိုပါ ပစ်ခတ်မှုများတွင် အစိုးရတပ်မှ ဗိုလ်ကြီးတစ်ဦး၊ ဗိုလ်တစ်ဦး၊ တပ်ကြပ်ကြီး ၂ဦး သေဆုံးခဲ့သလို လူနာများ တင်ဆောင်လာသည့် ထော်လာဂျီ ယာဉ်မောင်းသူ သေ့ဘောဘိုးရွာသား ၂ဦးလည်း ဒဏ်ရာအပြင်းအထန် ရရှိခဲ့သည်ဟု ကရင်တပ်ဖွဲ့ဘက်က ပြောသည်။
ကေအဲန်အယ်လ်အေ တပ်အရာရှိတစ်ဦးက “ဒဏ်ရာရတဲ့ ရွာသားတွေကတော့ မောင်ကျောင်းပျော် ၄၇နှစ် ဦးခေါင်း ချော်ထိ သွားတယ်။ နောက်တစ်ယောက်က အားမင်း ၄၅နှစ်။ ရင်ဘတ်ကို ထိမှန်ခဲ့တယ်။ ဖြစ်ဖြစ်ချင်းမှာပဲ မဲဆောက်ဆေးရုံကို ပို့လိုက် တယ်။”ဟု ပြောသည်။
ယခုရက်ပိုင်းအတွင်း အစိုးရစစ်တပ်နှင့် ကရင်တပ်ဖွဲ့များအကြား နေ့စဉ်ဆိုသလို တိုက်ပွဲဖြစ်ပွားလျှက်ရှိရာ အစိုးရတပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြားနေသော်လည်း ကရင်တပ်ဖွဲ့ဘက်က ထိခိုက်သေဆုံးမှုမရှိကြောင်း ပြောသည်။
၎င်းအစိုးရတပ်သည် တာအူးထာ့မှ သေ့ဘောဘိုးကျေးရွာသို့အပြန် လမ်းတစ်လျှောက်တွင် ဒီကေဘီအေနှင့် ကေအဲန်အယ်လ် အေများ၏ မကြာခဏ ချုံခိုတိုက်ခိုက်မှုများကြောင့် တပ်အင်အား အလွန်လျော့နည်းလာသလို စိတ်ဓာတ်ကျဆင်းမှုများလည်း ရှိနေသည်ဟု ဗိုလ်မှူးဆန်းအောင်က ပြောသည်။



