Sunday, October 23, 2011

(cultural soft power)

တရုတ် ကွန်မြူနစ်ပါတီရဲ့ ဆော့ဖ်ပါဝါ ရှာပုံတော်

E-mail Print PDF

 အောက်တိုဘာ ၁၅ ရက်ကနေ ၁၈ ရက်နေ့အထိ တရုတ်ကွန်မြူနစ်ပါတီ ထိပ်တန်းခေါင်းဆောင် ၃၀၀ ကျော် ပေကျင်းမြို့မှာ အစည်းအဝေးလုပ်ခဲ့ကြသည်။
သူတို့ အဓိက ဆွေးနွေးတဲ့ အကြောင်းက တရုတ်ပြည်ရဲ့ 'ယဉ်ကျေးမှု ပါဝါအပျော့' (cultural soft power) ကို မြှင့်တင်နိုင်မယ့် နည်းလမ်းတွေ ရှာဖို့ ဖြစ်သည်။ တစ်နည်းအားဖြင့် တရုတ် စီးပွားရေး တိုးတက်ကြီးထွား လာပေမဲ့၊ လူအချင်းချင်း ရိုင်းပင်းကူညီလိုမှု၊ စာရိတ္တမဏ္ဍိုင် ချွတ်ခြုံကျမှုတွေကို ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။
ပေကျင်းမှာ အသက် နှစ်နှစ်အရွယ် ကလေးမလေး ကားတိုက်ခံရတဲ့မြင်ကွင်းကို ဖြတ်သန်းဖြတ်လာ အားလုံးက ကိုယ်နဲ့မဆိုင်သလို အကြင်နာမဲ့စွာ ရှောင်ကွင်းသွားခဲ့ပြီး၊ နောက်ဆုံး အမှိုက်ကောက်သူက ဆေးရုံပို့ပေးခဲ့ပေမဲ့၊ ကလေး သေဆုံးသွားခဲ့ရသည်။ အဲဒီဖြစ်ရပ်အပေါ် ပြည်တွင်းပြည်ပ သတင်းစာတွေက ဝေဖန်ပြစ်တင်ကြပြီး၊ တရုတ် လူထုရဲ့ စိတ်ဓာတ် ချွတ်ခြုံကျမှုကို ပါတီ အစည်းအဝေးမှာ အဓိက ဆွေးနွေးရတဲ့ အကြောင်းအရာ ဖြစ်လာသည်။
ငွေကြေးနဲ့ ရုပ်ဝတ္ထုမှလွဲပြီး ဘာကိုမှ စိတ်မ၀င်စားတဲ့ တရုတ်လူထုအတွက် ကျင့်ဝတ်ပိုင်းဆိုင်ရာ နှုန်းစံတန်ဖိုးတွေ (moral soft power) ပြန်ရှာဖွေ မြှင့်တင်ဖို့ လိုအပ်နေပြီ။ ယခု ပါတီ ဗဟိုကော်မတီက အမေရိကန် ပညာရှင် ဂျိုးဇက် အက်စ် နိုင်း (Joseph S. Nye) ပြောတဲ့ ဆော့ဖ်ပါဝါကို တရုတ်မှာ အရေးပေါ် တည်ဆောက်ဖို့ ဆုံးဖြတ်ခဲ့သည်။
လွန်ခဲ့တဲ့ နှစ် ၂၀ ကတည်းက ဂျိုးဇက်နိုင်း က တိုင်းပြည်တစ်ပြည်မှာ ဆော့ဖ်ပါဝါဆိုတဲ့ သံလိုက်ဓာတ်စွမ်းအား အရေးကြီးတဲ့အကြောင်းကို ပြောခဲ့သည်။ နိုင်ငံတစ်နိုင်ငံရဲ့ အောင်မြင်မှုက လက်နက် အင်အား၊ ဓနအင်အား ဆိုတဲ့ ပါဝါအမာတွေပေါ်မှာချည်း မတည်။ အခြေခံဥပဒေ ခိုင်ခံ့မှု၊ လူအချင်းချင်း လေးစားတန်ဖိုးထားမှု၊ စာရိတ္တမဏ္ဍိုင် အားကောင်းမှု စတဲ့ ပါဝါ အပျော့တွေနဲ့ ပါဝါအမာတွေ ပေါင်းစပ်မှသာ ပြည်တွင်းအင်အား ကြံခိုင်မှုနဲ့ အခြားနိုင်ငံတွေရဲ့ အထင်ကြီး လေးစားခံရမှု ရမည်ဟု ဆိုခဲ့သည်။
ပါတီ ထိပ်တန်းခေါင်းဆောင်တွေက တရုတ် စီးပွားရေး တိုးတက်မှု အရှိန်အဟုန် မြင့်နေပေမဲ့၊ ကျင့်ဝတ်နီတိ ကျဆင်းမှု အပါအ၀င်၊ ဆော့ဖ်ပါဝါ ဖွံ့ဖြိုးမှု နောက်ကျခဲ့တာကို ၀န်ခံပြောဆိုမှုတွေလည်း လုပ်ခဲ့သည်။
ဒါပေမဲ့ တရုတ်ရဲ့ ပင်ကိုယ် ဆော့ဖ်ပါဝါတွေက ဘာတွေလဲ၊ ဘယ်လိုမြှင့်တင်မလဲဆိုတာတော့ ယခုမှ ရှာပုံတော်ဖွင့် (soul-searching) ကြရဦးမည် ဖြစ်သည်။
ဝင့်ထန်း

11ReadMore-2.jpg

Saturday, October 22, 2011

ရှေ့ထွက်မိုင်းကြောင့် အစိုးရစစ်တပ် ၁၂ဦး သေဆုံး

Submitted by admin on Saturday, 22 October 2011--အောက်တိုဘာလ ၂၂ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
ကရင်ပြည်နယ်၊ မြ၀တီမြို့နယ် ဝေါ်လေဒေသတွင် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ) တပ်ဖွဲ့များ၏ ရှေ့ထွက်မိုင်းဖြင့် ယမန်နေ့က တိုက်ခိုက်မှုကြောင့် အစိုးရစစ်တပ် ၁၂ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဒီကေဘီအေက ပြောသည်။
ယခင်ရက် တိုက်ပွဲများမှ စစ်သည်လူနာများကို တာအုထာ့မှ သေ့ဘောဘိုး(မော်လီချိုင်း)ကျေးရွာသို့ ပြန်သယ်ဆောင်လာ သည့် အစိုးရ တပ်မ(၂၂) လက်အောက်ခံ ခလရ(၂၀၅)တပ်ရင်းအား ယမန်နေ့ည ၇နာရီခွဲကျော်အချိန်တွင် ဒီကေဘီအေတပ် ဖွဲ့မှ သေ့ဘောဘိုးနှင့် ကျောက်ခက်ကျေးရွာကြား၌ ရှေ့ထွက်မိုင်းများဖြင့် နှစ်ကြိမ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒီကေဘီအေမှ ဗိုလ်မှူးဆန်းအောင်က ပြောသည်။၎င်းက “ပြီးခဲ့တဲ့ ရက်ပိုင်းက ပစ်ခတ်မှုမှာ ဒဏ်ရာရရှိခဲ့တဲ့ စစ်သားတွေကို ပြန်လာပို့တဲ့ ရန်သူ့တပ်ကို ကျနော်တို့ ဒီကေဘီအေ က ဦးကြိုတိုက်ခိုက်တာပါ။ ပစ်ခတ်မှုက မိနစ်ပိုင်းပဲ ကြာတယ်ဆိုပေမယ့် ဆွဲမိုင်းနဲ့ဆိုတော့ ရန်သူဘက်က တော်တော်အထိနာ တယ်။”ဟု ပြောသည်။
ဒီကေဘီအေ ကလို့ထူးဘောဗျူဟာမှ ဗိုလ်ကြာနီ၊ တောနော်ဖော၊ မင်းဇော်ဦးတို့ ဦးဆောင်သည့် အဆိုပါ ပစ်ခတ်မှုများတွင် အစိုးရတပ်မှ ဗိုလ်ကြီးတစ်ဦး၊ ဗိုလ်တစ်ဦး၊ တပ်ကြပ်ကြီး ၂ဦး သေဆုံးခဲ့သလို လူနာများ တင်ဆောင်လာသည့် ထော်လာဂျီ ယာဉ်မောင်းသူ သေ့ဘောဘိုးရွာသား ၂ဦးလည်း ဒဏ်ရာအပြင်းအထန် ရရှိခဲ့သည်ဟု ကရင်တပ်ဖွဲ့ဘက်က ပြောသည်။
ကေအဲန်အယ်လ်အေ တပ်အရာရှိတစ်ဦးက “ဒဏ်ရာရတဲ့ ရွာသားတွေကတော့ မောင်ကျောင်းပျော် ၄၇နှစ် ဦးခေါင်း ချော်ထိ သွားတယ်။ နောက်တစ်ယောက်က အားမင်း ၄၅နှစ်။ ရင်ဘတ်ကို ထိမှန်ခဲ့တယ်။ ဖြစ်ဖြစ်ချင်းမှာပဲ မဲဆောက်ဆေးရုံကို ပို့လိုက် တယ်။”ဟု ပြောသည်။
ယခုရက်ပိုင်းအတွင်း အစိုးရစစ်တပ်နှင့် ကရင်တပ်ဖွဲ့များအကြား နေ့စဉ်ဆိုသလို တိုက်ပွဲဖြစ်ပွားလျှက်ရှိရာ အစိုးရတပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြားနေသော်လည်း ကရင်တပ်ဖွဲ့ဘက်က ထိခိုက်သေဆုံးမှုမရှိကြောင်း ပြောသည်။
၎င်းအစိုးရတပ်သည် တာအူးထာ့မှ သေ့ဘောဘိုးကျေးရွာသို့အပြန် လမ်းတစ်လျှောက်တွင် ဒီကေဘီအေနှင့် ကေအဲန်အယ်လ် အေများ၏ မကြာခဏ ချုံခိုတိုက်ခိုက်မှုများကြောင့် တပ်အင်အား အလွန်လျော့နည်းလာသလို စိတ်ဓာတ်ကျဆင်းမှုများလည်း ရှိနေသည်ဟု ဗိုလ်မှူးဆန်းအောင်က ပြောသည်။

11ReadMore-2.jpg

ပူးပေါင်းတပ်တွေ လက်ချက်နဲ့ ကြံ့ဖွံ့  စစ်သား ၁၃ ဦးသေ

http://www.bbc.co.uk/burmese
တိုးတက်သော ကရင်ဗုဒ္ဓဘာသာတပ်မတော် DKBA၊ ကရင်အမျိုးသား အစည်းအရုံး KNU နဲ့ ABSDF ကျောင်းသား တပ်မတော် ပူးပေါင်း တပ်ဖွဲ့ တွေက အစိုးရ စစ်တပ် ခမရ (၂၀၅) တပ်ဖွဲ့ကို သောကြာ နေ့ည ၇ နာရီ ၁၅ မိနစ်မှာ ဆွဲမိုင်းနဲ့ တိုက်ခိုက်ရာ၊ အစိုးရဘက်က (၁၃) ဦး ကျဆုံးပြီး (၄) ဦး ဒဏ်ရာ ရရှိ သွားတယ် လို့ DKBA ပူးပေါင်းတပ်ဖွဲ့က ပြောဆိုလိုက် ပါတယ်။

အခုလထဲမှာ တိုက်ပွဲငယ်ပေါင်း အကြိမ် (၄၀) ထက် မနည်း ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်
ကရင်ပြည်နယ် မြဝတီမြို့နယ် သေ့ပေါ်ဘိုးရွာ နဲ့ တောင်နီကျေးရွာကြားမှာ လှုပ်ရှားနေတဲ့ အစိုးရ တပ်မ (၂၂) လက်အောက်ခံ ခမရ (၂၀၅) တပ်ရင်းကို ပူးပေါင်းတပ်ဖွဲ့က ဆွဲမိုင်းနဲ့ ခွဲပြီး ချုံခို တိုက်ခိုက်လိုက်တာပါ။

အဲဒီတိုက်ပွဲမှာ KNU တပ်ရင်း (၁၀၃) တပ်ဖွဲ့ က ဆရာဖိုးလေး ဦးဆောင်ပြီးတော့ DKBA (၉၀၉) တပ်ဖွဲ့နဲ့ အတူ ABSDF ကျောင်းသားတပ်တွေ ပူးပေါင်းပြီး တိုက်ခိုက် လိုက်တာ ဖြစ်တယ်လို့ ဒီကေဘီအေ ပူးပေါင်းတပ်ဖွဲ့မှ ပြောခွင့်ရသူ ရဲဘော် ဒဿက ပြောပါ တယ်။

ကျဆုံးတဲ့ သူတွေထဲမှာ ဗိုလ်မှူးလစာနှင့် ဗိုလ်ကြီးတဦးအပါဝင် အရာခံဗိုလ်တဦးနှင့် တပ်ကြပ်ကြီး (၂) ဦးလည်း ပါဝင်တယ်လို့ ဆိုပေမဲ့ သီးခြား အတည်ပြုချက်တော့ မရ သေးပါဘူး။

မြဝတီမြို့နယ် တောင်ဘက်ခြမ်းဒေသကို အစိုးရကနေ တပ်ရင်း (၁၂) ရင်း ကျော်သုံးပြီး ပြီးခဲ့တဲ့ သြဂုတ်လဆန်းကစလို့ အဆက်မပြတ် စစ်ဆင်နေတာ ဖြစ်တဲ့အတွက် အခုလ ထဲမှာ တိုက်ပွဲငယ်ပေါင်း အကြိမ် (၄၀) ထက်မနည်း ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

11ReadMore-2.jpg

Wednesday, October 19, 2011

မန်းဒဲ့ဒိုး
ဟိုတလောက အလုပ်တွေနည်းနည်းပါးတဲ့အတွက် အိပ်ရာဝင်တဲ့အချိန်၊ အိပ်ပျော်နေတဲ့အချိန်မှာ အသံတခုခုကြားပြီး နိုးလာရင်လဲ ၊ အဲဒီအသံက ဘာအသံလဲ၊ ဘယ်ကလဲဆိုတာ ထပ်ကြည့်မိဖြစ်
သေးတယ်။ အဲဒီနောက်ပိုင်း အလုပ်တွေများလို့ ၊ အိပ်ရာဝင်တဲ့အချိန်မှာ အသံတွေကြားနေရပေမဲ့ အရင်ညတွေက ကြားနေကြအသံမှန်းသိနေတာရယ်၊ထပ်ကြည့်အုံးမယ်ဆိုရင် အိပ်ရေးပျက်တာဘဲ အဖတ်တင်မှာဖြစ်တဲ့အတွက် မကြည့်ဖြစ်တော့ဘူး။
အခုအချိန် အလုပ်တွေပါးလာတဲ့အခါကျမှ ထကြည့်ဖြစ်တော့ ...ဟော..ဟိုတလောက အသံ ဘဲဖြစ်နေပြန်ပါတယ်....အဲဒီအသံကတော့ မဟာလူမျိုးကြီးဝါဒ သွေးညှီစော်နံတဲ့ ဒေါက်တာ လှိုင်မြင့်အသံပါဘဲ။ ဖက်ဒရယ်ဆိုတဲ့ဆောင်းပါး ဒုတိယပိုင်း၊တတိယပိုင်းနဲ့ ၊ .Peace ပစ်ထည့် လိုက်တဲ့ခဲလုံးကို ပြန်ကိုက်လိုက်တဲ့ ဖယ်ဒရယ်မူနဲ့ ဖယ်ဒရယ်မူစစ် ဆိုတဲ့ ဆိုတဲ့ဆောင်းပါးတွေ
ဆိုပါတော့....
ဒေါက်တာလှိုင်မြင့်ရဲ့ ဆောင်းပါး ပထမပိုင်းကတည်းက အသံတွေဆူညံစွာ ထွက်ပေါ်လာခဲ့ပြီးပြီ။

ခပ်ရိုင်းရိုင်းလေးဥပမာပြရရင် အဲဒီအသံကြောင့် လူတွေအိပ်ရေးပျက်လို့  အသံပိုင်ရှင်ကို ခဲနဲ့ပစ်ပေါက်တာ၊ လေးခွနဲ့ ပစ်တာတွေလုပ်ခဲ့ပါတယ်။ တချို့ လူတွေက `` ဟေ့..ဘို........တိတ်စမ်း မအူနဲ့ ...အိပ်ရေးပျက်တယ်``လို့ ...အော်ဟစ်ဖြောင်းဖြကြတယ်။

…......................................................................................................
အဲဒီနောက်ပိုင်း ထပ်မံထွက်လာတာက မောင်ပါလရဲ့ ဆောင်းပါး။...ဒေါက်တာလှိုင်မြင့်ရဲ့ ဆောင်းပါး
က ဆင်ခြင်တုံတရားကင်းမဲ့သူရဲ့ ရေးသားချက်မို့ လို့  ဝေဖန်ကဲ့ရဲ့ သံတွေထွက်လာတာ သဘာဝကျ ပါတယ်။ မောင်ပါလရဲ့ ဆောင်းပါးမှာရော...ဘယ်လိုလဲလို့ .....မေးစရာတွေရှိလာပါတယ်။ ဆောင်းပါး
ရဲ့ အစမှာ ဟုတ်မလိုလိုနဲ့ ....နောက်ပိုင်းတော့ ဒေါက်တာလှိုင်မြင့်ကို မသိမသာလေး ထောက်ခံပေး လိုက်တာပါ။ ပုတ်စော်နံတဲ့ မသာလောင်း ဒေါက်တာလှိုင်မြင့်ကို ပေါင်ဒါမှုန့် တွေ ဖို့ ပေးလိုက်တဲ့ သဘောပါဘဲ။...ပြီးတော့..တချိန်တခါက တိုင်းရင်းသားတွေကို ကျူပင်ခုတ် ကျူငုတ်မကျန်အောင် အမြစ်ပါချေမှုန်းဖို့ ၊ ဗမာလူမျိုးတွေကို ညွှန်ကြားပြီး သေတမ်းစာရေးခဲ့တဲ့ ဗမာ့အမျိုးသားခေါင်းဆောင် သခင်ကိုယ်တော်မှိုင်းကို ဘုန်းတော်ဘွဲ့ တွေ ထပ်မံအမွန်းတင် ရေးသားဆက်သတဲ့ အရေးအသားတွေ ပါဘဲ။
ဒေါက်တာလှိုင်မြင့်ဆောင်းပါးပထမပိုင်းရဲ့ တုံ့ ပြန်ချက်တွေနဲ့ ပါတ်သက်ပြီး (ကျနော်တို့ ညီအကိုတွေ

မှာ အကင်းသေပုံမရသေးတဲ့ ကိုယ်တွင်းနာလေးတွေကိုယ်စီကိုယ်စီ အလျှိုအလျှိုဆိုသလို ပေါ်ပေါက်

လာကြတာကို မြင်ခွင့်ရလိုက်ခြင်းပါဘဲ)ဆိုတဲ့ မောင်ပါလရဲ့ မှတ်ချက်ကြောင့်လဲ မောင်ပါလကို ပိုပြီး အံ့သြမိစေပါတယ်။ ဒီလောက်ကြီးမားတဲ့ အပေါက်ဟောင်းလောင်းနဲ့ ဂူကြီးကို သတိမမူမိလို့ မမြင်မိ
တာပါလို့  အကြောင်းပြချင်တာနဲ့ တူပါတယ်။ ဒီဂူကိုမြင်လျှက်နဲ့ မျက်ကန်းဟန်ဆောင်နေတာလား ဆိုတာ....မောင်ပါလကိုယ်တိုင် သူ့ ကိုယ်သူအသိဆုံးပါ။
မောင်ပါလကိုပြောချင်ပါတယ်...ဖက်ဆစ်မဟာဗမာလူမျိုးကြီးဝါဒတို့ ရဲ့  ရက်စက်ကြမ်းကြုတ်မှုကြောင့် ကျနော်တို့ တိုင်းရင်းသားလူမျိုးတွေကိုယ်စီရဲ့ ရင်ထဲ၊နှလုံးသားထဲ၊ အသွေးအသားထဲ၊ ကိုယ်ခန္ဒာ အနှံ့ အပြားမှာ ဒဏ်ရာဒဏ်ချက်တွေဟာ အနာဟောင်းတွေမကျက်သေးဘဲ အနာသစ်တွေ ရပြီးရင်း
ရပြန်ပါဘဲဆိုတာ သိထားဖို့ လိုပါတယ်။
ဒေါက်တာလှိုင်မြင့်နဲ့ မောင်ပါလရဲ့ တူညီတဲ့အာဘော်ကတော့ နိုင်ငံရေးမှာ လူမျိုးကိုအခြေမခံဖို့ 
ပါလာတော့ ဖက်ဆစ်မဟာဗမာအာဏာတွေနဲ့ ဖင်တပေါက်တည်းဘဲဖြစ်နေပါတယ်။ အုပ်စိုးသူ ဗမာအာဏာရှင်အဆက်ဆက်နဲ့ မဟာလူမျိုးကြီးဝါဒစိတ်ရှိတဲ့ ဗမာလူမျိုးတွေမှာ ဗမာလူမျိုးမဟုတ်တဲ့ အခြားတိုင်းရင်းသားလူမျိုးတွေကို မျက်နှာမြင်ဖို့ တောင်မပြောနဲ့  နာမည်တောင်ကြားချင်တာမ ဟုတ်ပါဘူး။မြန်မာ့နိုင်ငံမှာ လူစိတ်ကင်းမဲ့တဲ့ မဟာလူမျိုးကြီးဝါဒတို့ ရဲ့ ဖျက်ဆီးမှုကြောင့် နိုင်ငံသားများ ဆင်းရဲဒုက္ခရောက်ပေမဲ့ ဗမာလူမျိုးနဲ့ ပါတ်သက်တဲ့၊ ဘာသာစကား၊စာပေ၊ယဉ်ကျေးမှုတွေ ကောင်းမွန်
စွာရှင် သန်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဗမာလူမျိုးမဟုတ်တဲ့ အခြားတိုင်းရင်းသားလူမျိုးတွေရဲ့ ဘာသာစကား၊ စာပေ ရိုးရာယဉ်ကျေးမှုတွေကျတော့ အကုန်လုံးနီးပါး ဖျက်ဆီးခံလိုက်ရတယ်။ဒီလောက်ဆိုးရွားတဲ့ အခြေအနေမှာတောင် နိုင်ငံရေးမှာ လူမျိုးကိုအခြေခံလို့ မရတော့ဘူးဆိုတော့ မဟာဗမာလူမျိုးကြီး ၀ါဒ သွေးနားထင်ရောက်လွန်းရာမကျဘူးလား ဒေါက်တာလှိုင်မြင့်နဲ့ မောင်ပါလရယ်။ဗမာမဟုတ်တဲ့ လူမျိုးစု တွေကို ရာဇ၀င်ထဲထားခဲ့ဖို့  မဟာဗမာလူမျိုးတို့ ရဲ့  မဟာဗျူဟာတွေ အတင်းချမှတ်နေတာလား။
ဒါနဲ့ ပါတ်သက်ပြီး၊ ပြီးခဲ့တဲ့ 2010 ခုနှစ်နှောင်းပိုင်းတုန်းက ဗမာနိုင်ငံရေးဂုရုကြီးတွေဖြစ်တဲ့ ကိုထွန်းအောင်ကျော်နဲ့ ရဲဘော်ကျော်သန်းတို့ ရဲ့ အပြန်အလှန်ဆွေးနွေးတဲ့အကြောင်းအရာတခု
ကို ပြန်ပြီးဆက်စပ်ချင်ပါတယ်။.ကိုထွန်းအောင်ကျော် အရင်ဆွေးနွေးတာက ဗမာရောမြန်မာရော ဆိုတဲ့ အခေါ်အဝေါ်ဟာ ဗမာလူမျိုးတမျိုးကိုဘဲကိုယ်စားပြုတဲ့အကြောင်း တိုင်းရင်းသားပေါင်းစုံစုပေါင်းနေထိုင်
တဲ့ ယနေ့ နိုင်ငံဟာ ဗမာနိုင်ငံ(သို့ )မြန်မာနိုင်ငံကို ခေါ်ဆိုတဲ့အတွက် တိုင်းရင်းသားအားလုံးကို ကိုယ်စား မပြုကြောင်း၊ ဗမာလူမျိုးအပါအ၀င် တိုင်းရင်းသားတွေအားလုံးကို ကိုယ်စားပြုတဲ့ နိုင်ငံနာမည် ကို ပြောင်းလဲခေါ်ယူသုံးစွဲဖို့ အဆိုပြုတော့၊ ရဲဘော်ကျော်သန်းကတော့ အိန္ဒိယက ကုလားတွေ
ကိုယ့်နိုင်ငံကို ဗမာဘဲသိတဲ့အတွက် ဗမာ(သို့ )မြန်မာနိုင်ငံလို့ ခေါ်ဆိုခြင်းဟာ သဘာဝကျကြောင်း ပြန် လည်ချေပခဲ့ပါတယ်။
နိုင်ငံရေးမှာလူမျိုးကို အခြေမခံတော့ဘူးဆိုတော့ ကိုထွန်းအောင်ကျော်ပြောသလိုမျိုးပြောရင် ဒေါက်တာ လှိုင်မြင့်နဲ့  မောင်ပါလတို့  ရဲဘော်ကျော်သန်းငြင်းချက်ထုတ်သလိုမျိုး မျက်စိတွေပြူးတူးပြဲတဲနဲ့  ငြင်း ချက်တွေထုတ်မှာသေချာပါတယ်။
တကယ်တော့ မောင်ပါလနဲ့ ဒေါက်တာလှိုင်မြင့်ဟာ မဟာလူမျိုးကြီးဝါဒ ရူးတာချင်းအတူတူ၊ ယဉ်ယဉ်
လေး ရူးတာနဲ့ ယုတ်ယုတ်လေးရူးတာဘဲကွာပါတယ်။ဒေါက်တာလှိုင်မြင့်ကတော့ ကောက်ကျစ်ယုတ်
မာစွာ အရူးထတယ်လို့ ဆိုနိုင်ပါတယ်။။
ဥပမာတခုအနေနဲ့ လဲ ပြချင်ပါတယ်။ ယခုလတ်တလောမြန်မာအရေးမှာ ဧရာဝတီမြစ်ဆုံဆည်စီမံ
ကိန်းဟာ အရမ်းကိုဟော့ ဖြစ်နေပါတယ်။မြန်မာနိုင်ငံကို တရုတ်တို့ ရဲ့ သွေးစုပ်ချယ်လှယ်သွားမှာ ကို မြန်မာနိုင်ငံသားတွေအရမ်းစိုးရိမ်မှုတွေ ဖြစ်ပေါ်လာပါတယ်။ ကံမကောင်း အကြောင်းမလှလို့  ဒီမြစ်ဆုံဆည်ပြသနာကြောင့် မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံနဲ့ စစ်ခင်းရပြီး တရုတ်နိုင်ငံက သိမ်းပိုက် လိုက်တယ်ဆိုပါတော့....
အဲဒီအချိန်မှာ မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံပိုင်ဖြစ်သွားပြီး၊ ကမ္ဘာ့မြေပုံပေါ်မှာ မြန်မာနိုင်ငံမရှိတော့
ဘူး။ လူမျိုးရဲ့ ကံကြမ္မာ၊ နိုင်ငံရဲ့ ကံကြမ္မာအားလုံးဟာ တရုတ်ရဲ့ စီမံခန့် ခွဲမှုအတိုင်းဘဲ လိုက်နာရတယ်
ဆို ပါတော့။ဒီတော့ မြန်မာလူမျိုးများက ကိုယ့်နိုင်ငံကို ပြန်လည်ရယူချင်ပေမဲ့ အခြေအနေက လုံးဝ မပေးတော့ဘူး။
ဆိုတော့..မြန်မာလူမျိုးများ ဒီကမ္ဘာလောကမှာလူသားတဦးရဲ့  ရသင့်ရထိုက်တဲ့အခွင့်အရေးနဲ့  အ ညီနေချင်တယ်...ဒီတော့ တရုတ်နိုင်ငံကို ဒီမိုကရေစီအရင်ရအောင် လုပ်ဆောင်မလား။သို့ မဟုတ် တိဘက်တွေနဲ့ လက်တွဲပြီး ကိုယ်ပိုင်အုပ်ချုပ်ရေးပြည်နယ်တို့ တောင်းဆိုမလား..အဲ...တရုတ်ကလည်း ဒီမိုကရေစီလမ်းကြောင်းကို ချီတက်မယ်...ဖက်ဒရယ်မူဘဲဆိုပါတော့...မြန်မာတွေကိုလည်း ပါတီထောင် ခွင့်ပေး မယ်...ဒါပေမဲ့ မြန်မာလူမျိုးအမည်ပါတဲ့ နာမည်ကို ပါတီနာမည်မပေးရဘူး၊ မြန်မာလူမျိုးကို ကမ္ဘာကသိတဲ့၊ခေါ်တဲ့ Burma(or)Myanmar နာမည်ကိုလည်းမခေါ်တော့ဘူး၊ တရုတ်တွေခေါ်ခိုင်း တဲ့နာမည်တမျိုးမျိုးနဲ့ ခေါ်ရမယ်...အဲဒီတော့ ဗမာအပါအ၀င် မြန်မာပြည်သားတိုင်းရင်းသားတွေ ဘယ်လိုခံစားကြမလဲ....ဒီလိုမျိုးဥပမာပေးလိုက်တော့ စာရေးသူအနေနဲ့  နယ်ချဲ့ အလိုတော်ရိစိတ်ရှိတဲ့ လူမဟုတ်ပါဘူး...ယှဉ်ပြီးတွေးစေချင်လို့ ပါဘဲ...
တချိန်တခါတုန်းက တိုင်းရင်းသားတွေ ကိုယ့်မင်းကိုယ့်ချင်း နဲ့ ကိုယ့်ဘိုးဘွားပိုင်နဲ့ မြေ၊ရေနဲ့ နေ
လာခဲ့တာတွေကိုလည်း ကိုယ်ချင်းစာတရားထားပြီး ဗမာလူမျိုးတွေက ပြန်ပြီးသတိရပေးစေချင်
လို့ ပါ။ယနေ့ ဗမာမဟုတ်တဲ့တိုင်းရင်းတွေဟာ မဟာဗမာလက်အောက်မှာရော၊ နယ်ချဲ့ လက်အောက်
မှာရော အတူတူနဲ့ အငူငူ၊ သူမသာ ကိုယ်အသုဘ ပါဘဲ ရင်ကော့ပြီးမလူးသါမလွန့် သာနဲ့ ဒုက္ခမျိုးစုံကို ရင်စီးပြီးခံစားရတာပါ။
ဒေါက်တာလှိုင်မြင့်လို လူပါးဝတဲ့အရေးအသားတွေဟာ အရင်တုံးက ရုရှားမှာစစ်ပညာတွေသွားသင်
ယူတဲ့ မဟာလူမျိုးကြီးဝါဒ ဗမာဖက်ဆစ်တွေရဲ့ စစ်ခွေးတွေဘဲ လုပ်တာများပါတယ်။သူတို့ တွေဟာ တိုင်းရင်းသားအင်အားစုတွေ၊ ဒီမိုကရေစီအင်အားစုတွေကို လူပုဂိုလ်အရရော၊ အဖွဲ့ အစည်းအရရောပါ အမျိုးမျိုး ရိုင်းပျစော်ကါးကြပါတယ်။
ဒါပေမဲ့ သူတို့ တွေဟာ အများစုက အသက်အရွယ်တွေငယ်သေးတော့ သူတို့ မသိလို့ လုပ်မိတာလဲဖြစ် ချင်ဖြစ်မယ်၊သိလျှက်နဲ့ လဲ လုပ်ချင်လုပ်မယ်။ပြီးတော့ သူတို့ လျှောက်တဲ့လမ်းဟာ ဒီမိုကရေစီ နဲ့ ဆန့် ကျင်ဘက်ဖြစ်နေတယ်။အခု ဒေါက်တာလှိုင်မြင့်ကတော့ အသက်အရွယ်ကလဲ ခြေတဖက်က သင်္ချိုင်းကုန်းမှာလှမ်းနေပြီ၊ ဒီမိုကရေစီ နိုင်ငံရေးသမားလို့  အရှက်မရှိ ကိုယ့်ဂုဏ်ကိုယ်ဖေါ်လိုက်သေး
တယ်၊ အမှန်စင်စစ် ဒေါက်တာလှိုင်မြင့်ဟာ ဗမာဗမာစစ်ဝါဒီတွေရဲ့ မိုက်ရူးရဲ စစ်ခွေးအကြီးစား ဘဲဖြစ်နေပါတယ်။ ဒေါက်တာလှိုင်မြင့်ရဲ့ ဘ၀နောက်ဆုံးအချိန်ရောက်ရင် သခင်ကိုယ်တော်မှိုင်း လို သေတမ်းစာမရေးမိဖို့ သတိပေးလိုပါတယ်။ ဒေါက်တာလှိုင်မြင့်ရဲ့ အပြောအဆိုတွေက အဲဒီလို မျိုးလုပ်မိမှာ စိုးရိမ်လို့ ပါ။ဘ၀ကူးကောင်းဖို့ စဉ်းစားမိပြီး တရားတော်တွေနားထောင်ဖြစ်မယ်ဆိုရင်လဲ ဒယ်အိုးဆရာတော် ဦးသုမင်္ဂလရဲ့ တရားတော်တွေကိုလဲ နားထောင်ပေးဖို့ ဒေါက်တာလှိုင်မြင့်ကို လမ်းပြပေးချင်ပါတယ်။ ဒယ်အိုးဆရာတော်က ဗမာလူမျိုးတွေရဲ့ လွှဲချော်မှုတွေကို အားမနာ တမ်း ထောက်ပြ၊ပြောဆို ဆုံးမလေ့ရှိတယ်။
သါမန်လူတယောက်အနေနဲ့ အူကြောင်ကြောင်အတွေးအခေါ်များတွေးခေါ်မည်မဟုတ်ပါ။ဒေါက်တာ
လှိုင်မြင့်အနေနဲ့  စိတ်ပိုင်းဆိုင်ရာ သာမန်မဟုတ်တော့ဘဲ တခုခုလွှဲချော်နေမှာတော့သေချာပါတယ်။ စိတ်ပိုင်းဆိုင်ရာ ချွတ်ယွင်းမှုအနေနဲ့ စာမတတ်တဲ့ သာမန်လူတယောက်နဲ့ စာနည်းနည်း တတ်တဲ့
ဒေါက်တာလှိုင်မြင့်လို လူမျိုးကတော့ ပိုပြီးတော့အန္တရာယ်ကြီးမားပါတယ်။လူမှုပါတ်ဝန်းကျင်အတွက် ပိုပြီးအန္တရာယ်များပါတယ်။
ဒေါက်တာလှိုင်မြင့်နေနဲ့ စိတ်ပိုင်းဆိုင်ရာ လွှဲချော်မှုဖြစ်လဲ ဖြစ်ချင်စရာပါ။ မြန်မာပြည်တွင်း မှာဆို၊
ဒေါက်တာတယောက်အနေနဲ့ ဘိုးတော်တယောက်လို ပူဇော်ပသမှုတွေခံလာပြီးတော့၊ ပြည်ပမှာ
တော့ ဗမာပြည်က ဒေါက်တာဘွဲ့ ဟာ ဆေးရုံဆေးခန်းမှာတောင် အိမ်သာဆေး၊ ကြမ်းတိုက်တဲ့အလုပ်
တောင် ၀င်ဖို့ သိပ်မလွယ်။ ပြည်ပကိုရောက်သွားတဲ့ မြန်မာဒုက္ခသည်တွေထဲမှာ ရေကူးကျွဲပါ ဗမာနိုင်
ငံရေးသမားတွေကလည်း ခပ်များများ၊ နိုင်ငံရေးကိုဘန်းပြပြီး ပရိုပိုစယ်တွေလိုက်တင်တောင်းတော့လဲ အရင်ကလို ခေတ်မကောင်းတော့၊ အချို့ ဆိုရင် စိတ်ဓါတ်တွေကျပြီး အရက်ကျွန်တွေဖြစ် သွားကြ တယ်။အဲဒီစာရင်းထဲမှာ ဒေါက်တာလှိုင်မြင့်တယောက် ပါချင်လဲပါသွားနိုင်တယ်။ လောကကြီးကိုလဲ
မကျေနပ် မိမိကိုယ်ကိုယ်လဲအားမရ၊ စိတ်တွေကျဉ်းကြပ်လာပြီး တလောကလုံးကို အစိုးမြင်ဝါဒနဲ့ 
မြင်ပြီး အရိပ်မည်းမည်းတွေမြင်တိုင်း လိုက်ကိုက်တော့ပါဘဲ။

…................................................
နယ်စပ်တို့ မဲဆောက်လိုဒေသတို့ မှာ ဗမာတော်လှန်ရေးသမားတွေ တိုင်းရင်းသားလက်နက်ကိုင်တွေ ကို ကြောက်လို့ ဆိုပြီး ဒေါက်တာလှိုင်မြင့် က ကုန်းတိုက်၊ကုန်းချောတဲ့လေသံတွေ ပစ်ပေးနေပါတယ်။ တကယ့်နိုင်ငံရေးအတွေးအခေါ်ရှိတဲ့ ဗမာနိုင်ငံရေးသမားတွေဟာ ဒေါက်တာလှိုင်မြင့်လို အဆင့် အတန်းမရှိတဲ့စကား၊ လူပြိန်းစကားတွေပြောမှာ မဟုတ်ဘူး။
တိုင်းရင်းသားလက်နက်ကိုင်၊ တော်လှန်ရေးသမားတွေနဲ့ နိုင်ငံရေးကို ပူးတွဲလုပ်ဆောင်တဲ့ ဗမာနိုင် ငံရေးသမားတွေ(အနည်းစုသာရှိ)ဟာ တိုင်းရင်းသားတွေရဲ့  ခံစားချက်ကိုနားလည်တယ်၊
မြန်မာ့နိုင်ငံရေးရဲ့ ပြသနာအရင်းအမြစ်ကိုမြင်တယ်၊ အတွေးအခေါ်နိမ့်ကျပြီး ဂုဏ်သိက္ခာ ကင်းမဲ့တဲ့စကားတွေကိုလည်း မဆို၊ ။
ဖက်ဒရယ်ဆိုတဲ့ ဆောင်းပါးရဲ့ ဒုတိယပိုင်းအရ ပုဂိုလ်ရေးအတ္တခံစားချက်ကို အခြေခံပြီး အရိပ်တွေမည်းမည်းမြင်တိုင်း လိုက်ဟောင်၊ လိုက်ကိုက်တာတော့ အရမ်းကို မိုက်မဲလွန်းပါတယ်။
ဒေါက်တာလှိုင်မြင့်ပြောသလို ဗမာလူမျိုးအပါအ၀င် မျိုးနွယ်စု (၈)မျိုးအနေနဲ့ သတ်မှတ်ပြီး၊ တိုင်းပြည်ကို ဖက်ဒရယ်မူနဲ့ သွားရင် ဗမာလူမျိုးတွေအတွက် နစ်နာမှုရှိတယ်လို့ အဓိပ္ပါယ်ရပါတယ်။ ဥပမာအနေ နဲ့ နှိုင်းကြည့်ရအောင်....ကရင်တကျပ်..ဗမာတကျပ် ဆိုတဲ့စကားအတိုင်း ကချင်တကျပ်ဗမာတကျပ်၊ အစရှိတဲ့ ယခုလက်ရှိသတ်မှတ်ထားတဲ့တိုင်းရင်းသား(၇)မျိုးမှာ တကျပ်စီ၊ ဗမာလူမျိုးမှာ(၇)ကျပ်ရ တယ်ဆိုပါစို့ ၊ တိုင်းပြည်ဟာအေးချမ်းသွားမလား။ နောက်တဆင့်အလျှော့ပေးပြီး မြန်ပြည်မှာ ဗမာ
အပါအ၀င် တိုင်းရင်းသားမျိုးနွယ်စုပေါင်း (၁၃၅)မျိုးထဲမှာ ဝေစုအနေနဲ့ တိုင်းရင်းသား (၁၃၄)မျိုးထဲမှာ တကျပ်စီ၊ ဗမာလူမျိုးတွေဘက်က တိုင်းရင်းသားတမျိုးစီ တကျပ်ရတိုင်း ဗမာလူမျိုးလည်း တကျပ်ရသင့်တယ်တွက်ရင် ၁၃၄ ကျပ်ရတယ်ဆိုပါစို့ ။ တိုင်းပြည်ဟာအေးချမ်းသွားမလား။
လောဘရမ္မက်တွေ အတောမသတ်နိုင်တဲ့ မဟာလူမျိုးကြီးဝါဒရှိသူတွေဟာ သူ့ လူမျိုးနဲ့ အခြားလူ မျိုးနဲ့ နှိုင်းယှဉ်ရင် သူ့ လူမျိုးကိုဦးစားပေးမယ်။သူ့ လူမျိုးအချင်းချင်းဆိုရင်တော့ သူ့ ရဲ့ မိသားစုဆွေ
မျိုးတွေကို ဦးစားပေးတယ်ဆိုတာ နေ၀င်းနဲ့ အပေါင်းပါတို့ ရဲ့ စရိုက်၊ သန်းရွှေနဲ့ အပေါင်းပါတို့ ရဲ့ 
စရိုက်ကို ကြည့်ရင်သိနိုင်ပါ။
ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးသိန်းစိန်တို့ ပါတ်သက်တဲ့ဆောင်းပါးမှာလဲ ဒေါက်တာလှိုင်မြင့်က အသားကုန်ဖါးတော့တာပါဘဲ။ ဒါကြောင့်ဒီလိုကိုးလို့  ရင်ထဲမှာတော့ တချက်ကေါက်ချက်ချလိုက်မိ
ပါတယ်။ စာရေးသူငယ်ငယ်တုန်းက ကါတွန်းရုပ်ပြတပုဒ်ဖတ်ခဲ့တာ ပြန်ပြီးသတိရမိပါတယ်။
တခါက...ရွာတရွာမှာ ..ရွာသူရွာသားတွေဟာ အေးအတူပူအမျှနဲ့ နေထိုင်ကြပြီး ကောက်ပဲသီးနှံ၊ ဆန်စပါးတွေကို စုပေါင်းထွန်ယက်စိုက်ပျိုးကြပြီး ထွက်လာတဲ့အသီးအနှံတွေကို သာတူညီမျှဝေ စားကြတယ်တဲ့...တယောက်ယောက်က အမဲလိုက်တဲ့အခါ ရလာတဲ့အမဲ၊သားကောင်တွေကို အခြားလူတွေနဲ့ သာတူညီမျှဝေခွဲစားသောက်ကြတယ်။ ဒါပေမဲ့ အဲဒီထဲက မိသားစုတစုဟာ အဲဒီလိုမဟုတ်ဘူး။ သူများတွေသာတူညီမျှဝေစားကြတာကို သူတို့ ဝေစုနည်းတယ်ဆိုပြီး အမြဲ တမ်းပြသနာရှာလေ့ရှိတယ်။ တနေ့ တော့အဲဒီမိသားစုငါးမျှားထွက်သတဲ့..ချောင်းထဲမှာ ငါးမျှားရင်း ဖခင်ဖြစ်သူရဲ့ ငါးမျှားတံမှာ ငါးကိုက်တယ်ဆိုပြီး မိသားစုတွေအလွန်ပျော်ရွှင်ကြတယ်။
ဒါနဲ့ သူတို့ မိသားစုတခုစဉ်းစားလိုက်မိတယ်...ဒီအတိုင်းဆို ငါတို့ ရလာတဲ့ငါးဟာ အခြားရွာသားတွေ
ကို ခွဲဝေပေးရမယ်။သူတို့ မခွဲဝေပေးချင်ဘူး...ဒီတော့ သားဖြစ်သူကို ရွာထဲမှာပြန်ပြီး ရွာသူရွာသားတွေ
နဲ့  ရန်ပြန်ဖြစ်ခိုင်းတယ်။ သားဖြစ်သူလည်း နဂိုကတည်းက မိုက်ရူးရဲဗီဇရှိတာနဲ့  ရွာသူရွာသားတွေ နဲ့ ပြန်ပြီးရန်ဖြစ်ထိုးကြိတ်တော့တာဘဲ...ဖခင်ဖြစ်သူက ငါးကိုက်တယ်ဆိုတဲ့ ငါးမျှားတံကို ဆွဲထုတ်တဲ့ အခါမှာ ရေအောက်မှာမြှုပ်နေတဲ့ ထမိန်စုတ်လေးတစ ပါလာပါတယ်။ အဲဒီမိသားစုလဲ အရှက်တကွဲ အကျိုးနည်းပြီး ရွာကနေထွက်ခွါသွားခဲ့တယ်။ ပုံပြင်လေးကတော့ ဒါပါဘဲကွယ်....
ပြောချင်တာက သိန်းစိန်ဖေါ်တဲ့ဒီမိုကရေစီဟာ တကယ်ဒီမိုကရေစီလား၊ မြန်မာ့နိုင်ငံရေးကောင်းလာ
တယ် ဆိုပြီး၊တခြားတိုင်းရင်းသားတွေနဲ့ ဝေစုခွဲဝေရမှာကြောက်လို့  ဒေါက်တာလှိုင်မြင့်လို သားမျိုး၊ အခြားလူတွေနဲ့ လိုက်ပြီး မိုက်ကြေးမခွဲသေးနဲ့ အုံး။ ထမိန်စုတ်ဒီမိုကရေစီဖြစ်မှာ စိုးရိမ်လို့ ပါ။
ဒေါက်တာလှိုင်မြင့်ရဲ့ ဆောင်းပါးတွေဟာ တကယ်မျှတတဲ့အတွေးအခေါ်ရှိပြီး ရေးတာမဟုတ်ဘဲ စိတ်ရူးပေါက်တိုင်း ကွန်ပျူတာပေါ်မှာ ရေးချတဲ့မိုက်ရူးရဲအရေးအသားတွေဘဲဖြစ်ပါတယ်။ သူ့ ရဲ့ အရေး အသားကြောင့် သူရဲ့ ပင်ကိုယ်စရိုက်တွေကိုလည်း ရုပ်လုံးပေါ်လာပါတယ်။ အမှန်စင် စစ် ဒေါက်တာ လှိုင်မြင့်ဟာ လူကြီးပြင်းလာတဲ့ဒေသမှာရော သူရောက်ရာဒေသတွေမှာရော ပြသနာပေါင်းစုံတွေ နဲ့ ပျော်မွေ့ တဲ့သူပါ။လောကကြီးမှာ နေမတတ်ရင် နေစရာနေရာမရှိပါဘူး။
သူ့ ရဲ့ အူကြောင်ကြောင်အတွေးအခေါ်ကြောင့် သူလိုမျိုး မဟာလူမျိုးရူး ရူးထနေတဲ့လူတွေ ခပ်များများကလဲ သူ့ ကိုထောက်ခံချက်တွေပေးနေတာလဲ အင်မတန် အော့နှလုံးနာစရာကောင်းပါတယ်.....
အဲဒီတော့ မောင်ပါလရဲ့ ဆောင်းပါးခေါင်းစဉ်လိုမျိုး ဒီလိုပုံနဲ့ မိုးကြီးချုပ်မှာသေချာတယ်။ ဒီလိုပုံနဲ့ မိုးမချုပ်
ချင် လျှင် မြန်မာပြည်၊ နိုင်ငံသူ၊နိုင်ငံသားကို ချစ်မြတ်နိုးသူတိုင်းတရားမျှတတဲ့အတွေးအခေါ်တွေနဲ့ နှလုံး
သားကိုယ်စီတွေမှာ ကိန်းအောင်းနေအောင် ပြုမူကျင့်ကြံရမှာဖြစ်ပါတယ်။

မန်းဒဲ့ဒိုး

19/10/2011.

11ReadMore-2.jpg

Sunday, October 16, 2011

စစ်ရဲ့အမြုတေ

                                                         စစ်ရဲ့ အမြုတေ
                                             
                                               စစ်ပွဲဆိုတာကမ္ဘာပေါ်မှာမရှိသင့်ဆုံးအရာ
                                               စစ်ပွဲမရှိခဲ့တဲ့ ငြိမ်းချမ်းရေးအရပ် မရှိသလို
                                               စစ် ဆိုတာဖက်ဆစ် တစ်ဝက်တဲ့
                                               

                                                စစ်ရဲ့ မဲ(မည်း)နက်သောတောင်ပံမှာ
                                                ရက်စက်မှုတွေရှိကောင်းရှိမယ်
                                                အဲဒီတောင်ပံရဲ့ အားမာန်တွေမှာ
                                                ငြိမ်းချမ်းရေးရဲ့ အမြုတေ တွေရှိတယ်။
                                               

                                                ဖိနှိုပ်သူနဲ့ အဖိနှိုပ်ခံသူ
                                                ကျူးကျော်စစ်နဲ့ ခုခံစစ်
                                                တရားသောစစ်နဲ့ မတရားသောစစ်
                                                သင်ဘယ်ဘက်က ရပ်တည်ဖြစ်မလဲ။
                                                

                                                သူပုန်ဆိုတဲ့ဝေါဟာရ
                                                ငါတို့အတွက် မြတ်တဲ့နာမ
                                                မတရားတာကို ပြန်ခံချတာတဲ့။
                                               

                                                တိုက်ပွဲတစ်ပွဲရဲ့ မြင်ကွင်းကို
                                                ထိုတိုက်ပွဲရဲ့ရည်ရွယ်ချက်နဲ့
                                                တိုင်းတာမနှိုင်းယှဉ်သင့်။
                                                

                                                တော်လှန်ရေးသမားဆိုတာ
                                                လူထုနောက်မြီးဆွဲမဟုတ်
                                                 လူထုကိုဥိးဆောင်တဲ့သူ။
                                                

                                                 တွေဝေစရာမလို
                                                 နားယောင်စရာမလို
                                                 လုပ်စရာရှိတာလုပ်ရမယ်။
                                                

                                                 စစ်ပွဲတွေကြောင့်
                                                 ကမ္ဘာမြေပြင် ပျက်ရင်ပျက်မယ်
                                                 ကရင်တွေရှိနေသေးရင်တော့.........
                                                 

                                                 ဘဥိးကြီးရဲ့မူ လေးချက်ဟာ
                                                 ဒို့ကရင်တွေအတွက်
                                                 ထာဝရ ရှိနေရဥိးမယ်။
မတရားတာကို ခေါင်းငုံ့မခံတတ်တဲ့ ကရင်လူမျိုးတို့ရဲ့ ဗီဇသတ္တိကို အရောင်ပြန်တင်နိုင်ခဲ့တဲ့
ဗိုလ်မှူးချုပ် စောလားပွယ်နှင့်တကွကရင်ရဲဘော်အပေါင်းအား ဒီကဗျာလေးနဲ့ဂုဏ်ပြုအပ်ပါတယ်။
                                                 စ,အိုင်ခန့် (နှင်းခဲမြေ)

11ReadMore-2.jpg

Friday, October 14, 2011

ဟောဒီက ဖက်ဒရယ်အတု (မန်းကိုကို)



ဒေါက်တာ (ဦး)လှိုင်မြင့်လည်း ဖက်ဒရယ်အကြောင်း ရေးရင်းရေးရင်းနဲ့ ဝင်လာသမျှကို ဆန်စင်ရာ
ကျဉ်ပွေ့လိုက်သလို တုန့်ပြန်ရေးနေရတော့ အတော်လည်း မောနေရော့တော့မယ်လို့ ထင်မိတယ် ။

ဦးလှိုင်မြင့်ရဲ့ စာတွေကရှည် ၊ ကွန်မန့်တွေကများ ၊ တုံ့ပြန်ရေးသူတွေလည်း ပေါ်လာတာကြောင့် ၊
ဖတ်ရင်းနဲ့ အာရုံသိပ်မစိုက်နိုင်တော့လို့ အများကြီးဆက်မရေးခင် အရေးအကြီးဆုံး အခြေခံတစ်ချက်
ကိုပဲ အရင်ဆုံးပြောချင်ပါတယ် ။ ဒီအချက်ဟာ တိုင်းရင်းသားအရေး ၊ ဖက်ဒရယ်အရေး စတာတွေရဲ့
အနှစ်ချုပ်လို့နားလည်မိပြီး ဦးလှိုင်မြင့် ကြိုးစားပမ်းစား ရေးခဲ့သမျှတွေအားလုံးကိုလည်း ခြုံငုံဖြေပြီး
သား ဖြစ်သွားမယ်လို့ ယုံကြည်ပါတယ် ။

ရှင်းရှင်းလေးပါ ၊
“တိုင်းရင်းသားတွေအတွက် လူသားတစ်ယောက်မှာရှိသင့်တဲ့ အခွင့်အရေးနဲ့ ဂုဏ်သိက္ခာရှိရှိ
ရပ်တည်သွားနိုင်ကြဖို့ ခိုင်မာတဲ့အာမခံချက်” လိုအပ်နေတာပါပဲ ။

ဒါပေမယ့် လက်ရှိမှာ လက်ဆုပ်လက်ကိုင်ထားစရာဆိုလို့ ဖက်ဒရယ်ပဲရှိတော့ ၊ ဖက်ဒရယ်စကားပဲ
ပြောကြရတာပါ ။ ဦးလှိုင်မြင့်ဖြစ်စေ ၊ တစ်စုံတစ်ယောက်က ဒိထက်သာလွန်တဲ့ ပုံစံတစ်ခုခုကို လက်ခံ
နိုင်လောက်တဲ့ အနေအထားရှိကြောင်း အချက်အလက်စုံစုံလင်လင်နဲ့ ချပြနိုင်ရင် ပွဲသိမ်းပါပြီ ။

သို့ပေမဲ့ မရှိလေဘူး မဟုတ်လား ။ ဒီတော့ ရှိထားတဲ့ ဖက်ဒရယ်ကိစ္စကိုပဲ ကောက်သင်းကောက်
သလို ထင်တာမြင်တာတွေကို အပျက်ဖက်ကကြည့်ပြီး ဝေဖန်လာတဲ့အခါ ပြန်မပြောလည်းခက် ပြော
ရလည်းခက်ခက် ဖြစ်နေပါတယ် ။ ဦးလှိုင်မြင့်ရဲ့ လေနှင်ရာအတိုင်းလားပြီး အကုန်ပြန်ပြောဖို့ စဉ်းစား
ရေးထားတာတွေရှိပေမဲ့ အချိန်ကုန်သက်သာအောင် အချို့အချက်ကလေးတွေပဲ ပြောကြည့်ပါရစေ ။

ကျွဲကူးရေပါ

ကနေ့ လူငယ်ပိုင်း အတော်များများ ပြောကြတဲ့စကားပါ ။
ဒီမိုကရေစီရရင် ကျွဲကူးရေပါဆိုသလို တိုင်းရင်းသားတွေရဲ့ အခွင့်အရေးလည်း အလိုအလျှောက်
ရလာမှာပါလို့ ဆိုကြတယ် ။

သူတို့လေးတွေကို မှားတယ်လို့ပြောရင် ရက်စက်ရာကျမှာစိုးလို့ “ပဒေသရာဇ်တွေရဲ့ ခေတ်ကနေ
စပြီး မျက်မှောက်ကာလအထိ တိုင်းရင်းသားတွေ ဘယ်လိုအခွင့်အရေးတွေများ အလိုအလျောက် ရ
လာခဲ့ဖူးသလဲ” လို့ ချိုချိုသာသာ မေးရမလို ဖြစ်နေတယ် ။ ဒါပေမယ့် တိုင်းရင်းသားတွေကို လိုအပ်
တဲ့အချိန်မှာ သကြားလုံးနဲ့ ချော့တာတွေကိုတော့ အကြောင်းမပြပါနဲ့လို့ ပြောချင်ပါတယ် ။ အဲဒီလို
ပြောရင် သကြားလုံးနောက်က တွဲလျက်ပါလာတဲ့ နားရင်းတီးတာတွေကိုပါ ထည့်ပြောလာတဲ့အခါ
မျက်စိမှိတ်ငြင်းခုံတာတွေနဲ့ပဲ အဆုံးသတ်ကြရမှာမို့ပါ ။

ဗမာတွေရဲ့ အတွေး

“တိုင်းရင်းသားတွေ သနားမှ လုပ်ခွင့်ရတော့မယ်”
“အကြပ်ကိုင်သမျှ လည်စင်းခံနေရတော့မှာ”

ဦးလှိုင်မြင့်ဟာ ဗမာစစ်စစ်ဟုတ်မဟုတ် ကျနော်မသိပါဘူး ။ ဒါပေမယ့် ဗမာတွေရဲ့အတွေးကို သူ့
အရေးမှာ ထင်ဟပ်ပြထားတယ်ဆိုတာ မြင်ရပါတယ် ။ စွပ်စွဲတယ်လို့ မယူဆစေလိုပါ ။ ကျနော်ဟာ
ဗမာလို့ ခံယူထားကြသူတွေကြားမှာ ကြီးပြင်းလာသူ ၊ ဗမာအကြောင်း နောမကြေပေမယ့် အခြေခံ
သဘောလောက်ကိုတော့ သိမြင်ဖူးသူတစ်ယောက်အနေနဲ့ အမှန်အတိုင်းပြောတာပါ ။ ရှုတ်ချနေ
တာလည်း မဟုတ်ပါဘူး ။ အရှိကို အရှိအတိုင်း ပြောတာပါ ။

ခက်တာက တိုင်းရင်းသားတွေ ဘယ်လိုပြန်မြင်ကြမလဲဆိုတာကို ပြန်ပြီးစာနာပေးနိုင်ကြဖို့ စိတ်မ
မွေးနိုင်ကြတဲ့ ကိစ္စပါ ။ ကျနော်အပါအဝင် ပျော့ပျော့ပျောင်းပျောင်း ပြောသူတွေရဲ့ စာနဲ့ လေတွေဟာ
လည်း အလဟဿဖြစ်လာနေခဲ့တာ ကြာပဲကြာလှပါပြီ ။ ဦးလှိုင်မြင့်ရဲ့ တတိယဆောင်းပါးအောက်က
ကွန်မန့်လေးတစ်ခုကို နမူနာလေး ထည့်ပေးလိုက်ပါရစေ ။ ရေးတဲ့သူ မြင်သလို ဗမာအများစု သိမြင်
နားလည်လာတဲ့တနေ့ ၊ စာနာမှုတွေနဲ့ နီးစပ်လာနိုင်ကြပြီး အခက်ခဲ ပြဿနာတွေ ပြေလည်ဖို့ နီးစပ်
လာပြီလို့ ယူဆပါတယ် ။

ရွှေမြိုင်ဘချစ်(တိုကျို) said...
“လွတ်လပ်တဲ့ဒီမိုကရေစီ. နိုင်ငံမှာနေတဲ့သူတွေ. ကိုယ်တိုင်က. စည်း
လုံးညီညွတ်မှုမရှိဘဲ. ပြည်တွင်းကိုတော့စည်းလုံးညီညွတ်ကြနော်. လို့
တိုက်တွန်းနေတာ. တွေ့ရတော့. အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေး
ဆိုတာကို. တော်တော်အချိန်ယူပြီး လုပ်ယူရမယ်လို့ထင်ပါတယ်၊. နှစ်ပေါင်း
၆၀. ကျော်အစိုးရအဆက်ဆက်ဟာ. မီးခဲပေါ်မှာ. ပြာ. လေးဘဲဖြူးဖြူးပြီး
အပေါ်ယံ စည်းရုံးညီညွတ်နေသယောင်ယောင်. လုပ်ခဲ့ပေမဲ့. တိုင်းရင်းသား
လူမျိုးစုတိုင်းရဲ့ရင်ထဲမှာ. ဒါဏ်ရာကိုယ်စီရှိနေခဲ့ကြတယ်၊. ကျွန်တော်ဟာ
မော်လမြိုင်မှာစက်မှုလက်မှုအထက်တန်းကျောင်း. တက်ခဲ့စဉ်တုံးက. ရေး၊
ထားဝယ်၊ မြိတ်၊ ကော့သောင်၊ ဖားအံ၊ ရခိုင်နဲ့ ဧရာဝတီတိုင်း. ကသူတွေနဲ့.
သူငယ်ချင်းဖြစ်ခဲ့ပါတယ်၊. အဲဒီကနေဖြစ်ချင်တော့. သိပ္ပံကို. မန္တလေးမှာ
သွားတက်ရတယ်၊. အဲဒီမှာ. ကချင်၊ ချင်း၊ ရှမ်း၊ ကယား၊ ရခိုင်၊ မြန်မာပြည်
အထက်ပိုင်းနဲ့. အလယ်ပိုင်း. မြို့တော်တော်များများ. ကသူငယ်ချင်းတွေ
ဖြစ်ခဲ့ပါတယ်၊. အဲဒီမှာ. တိုင်းရင်းသားတွေလူမျိုးတွေအားလုံးနီးပါးရဲ့. ဗမာ
လူမျိုးတွေအပေါ် ထားတဲ့သဘောထားနဲ့. အမြင်တွေဟာ. အံ့သြစရာကောင်း
လောက်အောင်. နီးနီးစပ်စပ်တူညီနေတာ တွေ့ရတယ်။”

တိုင်းရင်းသားတွေရဲ့ အမြင်

ကျနော့်အမြင်တွေကို အမြဲတမ်း အပြုသဘောဆောင်တဲ့ဖက်ကပဲ ရေးလေ့ရှိပါတယ် ။
ဒီပို့စ်မှာတော့ ဗမာတွေ ကိုယ့်ကိုယ်ကို ဓမ္မဓိဌာန်ကျကျ သုံးသပ်နိုင်မိကောင်း သုံးသပ်ဖို့အခွင့်အလမ်း
ရရလေအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အချို့လူတွေရဲ့ ထင်မြင်ချက်တွေကို တင်ပြတာပါ ။ အပြစ်တင်
ရှုတ်ချဖို့ မဟုတ်ဖူးဆိုတာလည်း ထပ်လောင်းပြောထားပါရစေ ။

လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က မလေးရှားမှာ ကြုံဆုံခဲ့ရတဲ့ ၊ လူတိုင်းနဲ့ အလွမ်းသင့်ပြီး ခုတော့ မရှိရှာ
တော့တဲ့ တိုင်းရင်းသား ဘာသာရေးဆရာဟောင်း တစ်ဦးရဲ့အမြင်ပါ ။ သူ ပြုံးပြုံး ပြုံးပြုံးနဲ့ ပြောခဲ့တာ
ကတော့ -
“အင်္ဂလိပ်တွေရဲ့ ဗိုက်ထဲမှာ ငါးမျှားချိတ် ၇ ချောင်းလောက် ရှိသလို ၊
သူတို့ဆီမှာ တပည့်ခံခဲ့တဲ့ ဗမာတွေရဲ့ ဗိုက်ထဲမှာလည်း အနည်းဆုံး
ငါးမျှားချိတ် ၃ ချောင်းလောက်တော့ ရှိတယ်ကွ” တဲ့ ။

လူရည်လည်တယ် ၊ ထက်တယ် ၊ ပရိယာယ်ကြွယ်တယ်လို့ ကိုယ့်ဘာသာ ဂုဏ်ယူတာတွေဟာ သူ
တစ်ပါးအတွက်တော့ လူလည်ကျတယ် ၊ လိမ်တယ် ၊ ကောက်ကျစ်တယ် စသည်ဖြင့် ဖြစ်သွားတတ်
တဲ့ လောကသဘာဝအတိုင်းလို့ ပြောလို့ရကောင်းပါမယ် ။ အချို့လုပ်ဆောင်ချက်တွေဟာ လူမျိုးတစ်
မျိုးရဲ့ ရေရှည်ရပ်တည်နိုင်မှုမှာ အထောက်ကူပေးတာမို့ အဆိုးအကောင်းတွေဟာ ကြည့်တဲ့ဖက်နဲ့ ကြည့်
တဲ့လူအပေါ်မှာလည်း မူတည်မှာပါပဲ ။ ရောင့်ရဲ့တတ်တဲ့ ၊ လောဘနည်းတဲ့ တိုင်းရင်းသားတွေအတွက်
တော့ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးမိကြတာပဲလို့ သဘောထားလို့လည်း ရကောင်းရပါမယ် ။ ဗမာအချင်း
ချင်း ဒဏ်တွေခံလာခဲ့ဖူးတဲ့ ဦးလှိုင်မြင့်လည်း အတိုင်းအတာတစ်ခုအထိတော့ လက်ခံလိမ့်မယ်လို့ မျှော်
လင့်ပါတယ် ။ အသေးစိတ်တော့ မဆွပေးပါရစေနဲ့ ။

ဦးလှိုင်မြင့်လို ခပ်ပြင်းပြင်း ပြောရရင် ..

လက်တွေ့ဘဝကိုမှီပြီး ပြောရရင် - သင့်တင့်မယ့် ကျိုးကြောင်းထောက်ပင့်မယ့် စကားတွေသုံးပြီး
တိုင်းရင်းသားတွေဖက်က ပြောတဲ့အခါမှာ “ငါလိုးမသား ကရင် ၊ လူပါးဝလို့ကွာ” ဆိုတဲ့စကားတွေနဲ့
“တက်” တခေါက်ခေါက် လုပ်နေကြမယ့်သူတွေ ရှိသလို ၊ ဒိထက်မက ကြမ်းတမ်းတဲ့ စကားတွေနဲ့
မမှန်ပေမယ့် မာန်ဝင့်နေမယ့် ဗမာအချို့ကိုလည်း မြင်ယောင်မိပါတယ် ။ ဒါပေမယ့် သူ့တို့ကိုယ်တိုင်
တော့ “ငါတို့က မရဘူးကွ ၊ အကဲဆတ်တယ် ၊ မဟုတ်မခံကွ” ဆိုတာတွေနဲ့ မလုံမလဲကာကွယ်ကြ
မယ့် သူတွေပါ ။

ကိုယ့်ကရင်တွေထဲမှာလည်း ဂျပန်တို့ ၊ ကိုရီးယားတို့လို ၊ ဇွဲရှိရှိနဲ့ ပြာပုံထဲက ကြိုးစားလူးလဲထရမဲ့
အစား ကိုယ်က စေတနာနဲ့ ပြောတာတွေကိုတောင် “ဒီကောင်က ဘာကောင်လဲကွ ၊ အစိုးရလူလား ၊
သူလျိုလား ၊ တော်လှန်ရေးကို စော်ကားတာလား” ဆိုတာမျိုးတွေနဲ့ တစ်ထွာတစ်မိုက် အကျယ်အဝန်း
လောက်ပဲ မြင်နိုင်ကြတော့သူတွေလည်း မနည်းလှတာ သိသမှ သိပ်သိပါတယ်ဗျာ ။ ဒီလိုအပိုင်းတွေ
ကို တွေးမိရင် လေ့ကျက်ခဲ့သမျှ အသိနဲ့ သမာဓိတွေလည်း ပျောက်သွားတတ်တာမို့ မတွေး မပြောပဲကို
နေချင်ပါတယ် ။ ခုတော့လည်း ဦးလှိုင်မြင့်ကို အားကျမိပြီး တစ်ခါတစ်ရံ ထုတ်ရေးတာလို့သာ သဘော
ထားစေ လိုပါတယ် ။


ဦးလှိုင်မြင့် အားလုံး မှားသလား ..

ဘယ်သူမဆို အားလုံးမှားတယ်ဆိုတာတော့ မရှိနိုင်ပါ ။ ဦးလှိုင်မြင့် ရေးခဲ့တာတွေထဲက အချို့ကို
အတိုချုပ် ထုတ်နှုတ်ကြည့်ရင် -

(၁) အထက်လွှတ်တော် သို့မဟုတ် လူမျိုးစုလွှတ်တော်ဟာ ဥပဒေပြုအာဏာ မရှိဖူးလို့ပဲ နားလည်ပါ
တယ် ။ သူတို့ဟာ စက်ရုံတွေမှာ အရည်အသွေး ထိန်းသိမ်းတဲ့ဌာနလို အလုပ်လုပ်တယ်လို့ ယေဘုယျ
ပြောလို့ရတာမို့ ဦးလှိုင်မြင့် အမွန်းတင်လွန်ပြီး ကိုယ့်ဖက်ကိုယ်တွက်တာ နည်းနည်းများသွားတယ်လို့
ပြောချင်ပါတယ် ။ အောက်လွှတ်တော်အတွက်က အရှည်ကြီးပြောရပါမယ် ။ အတိုချုပ်ကတော့ တိုင်း
ရင်းသားတွေအတွက် ကိုယ်စားပြုမှု ရာခိုင်နှုန်းနည်းတယ်လို့ ဆိုချင်ပါတယ် ။

(၂) ပြည်နယ်အလိုက် ငွေကြေးနဲ့ အခြားအရာတွေ စီမံခန့်ခွဲတာတွေဟာ အစိုးရနဲ့ဆိုင်ပေမယ့် အုပ်
ချုပ်မှုယန္တယားနဲ့လည်း ဆိုင်ပါတယ် ။ လူတစ်ယောက် ၁ ကျပ် ၊ ဆယ်ယောက် ၁၀ နှုန်းလို့ တွက်လို့
မရပါ ။ လူ ၁၀၀ ဆံ့ ဆေးရုံဆောက်ရင် သိန်း ၁၀၀ ကုန်လို့ ၊ လူ ၁၀ ယောက်ဆံ့ ဆေးရုံသေးသေး
လေးဟာ ၁၀ သိန်းပဲ ကုန်ရမယ်လို့ ပုံသေတွက်လို့ မရသလိုပါ ။ စီမံခန့်ခွဲရေးကို နိုင်ငံရေးနဲ့ရောပြီး
ပုံသေကားကျ တွက်ကိန်းထုတ်မပြဖို့ မေတ္တာရပ်ခံချင်ပါတယ် ။

(၃) တိုင်းရင်းသားတွေရဲ့ “တန်းတူရေး” ဆိုတာနဲ့ အများဆန္ဒဆိုတာတွေကို လှေနံဒါးထစ်သလို ပြော
သွားတာတွေဟာ ဒီမိုကရေစီရဲ့ အနှစ်သာရတွေဖြစ်တဲ့ တစ်ဦးနဲ့တစ်ဦး လေးစားမှု ၊ လူနည်းစုရဲ့ ရပိုင်
ခွင့်တွေကို အာမခံပေးမှု ဆိုတာတွေကို မျက်ကွယ်ပြုသလို ဖြစ်နေပါတယ် ။ ပြန်ဆန်းစစ်ကြည့်စေချင်
ပါတယ် ။

(၄) လွှတ်တော်အမတ်တွေ နိုင်ငံသားနှစ်ခု ခံထားလို့ရတယ်ဆိုတဲ့ကိစ္စကတော့ ဆက်ဆွေးနွေးဖို့ လို
ကောင်းလိုပါမယ် ။ ကျနော်တစ်ယောက်ထဲသဘောကတော့ - နိုင်ငံသားနှစ်ခုဖြစ်နေရင် တစ်ခုကိုစွန့်
လွှတ်ပြီးမှ ရွေးကောက်ပွဲဝင်ပါမယ် ။ လူ့ကျင့်ဝတ်အရ တွေးတာပါ ။

(၅) ဦးလှိုင်မြင့်က နိုင်ငံသားနှစ်ခု ခံယူထားသူကို အိမ်ထောင်နှစ်ဆက်ပြုသူတစ်ယောက်နဲ့ စံနမူနာ
ပေးပြခဲ့ပါတယ် ။ ကောင်းပါတယ် ၊ ကျနော်လည်း တစ်မျိုးတွေးမိပါတယ် ။ အိမ်ထောင်တစ်ခုမှာ “မိန်း
မ”က ဒါးနဲ့လိုက်ခုတ်လို့ တပြည်တရွာမှာ ရပ်တည်နိုင်ဖို့အတွက် နောက်အိမ်ထောင်ပြုလိုက်ရသူကို အ
ပြစ်တင်ရင်း အိမ်ကနေ ကြိတ်မနိုင်ခဲမရဖြစ်ပြီး ဒါးရမ်းစောင့်နေတဲ့ ပထမအိမ်ထောင်က မိန်းမရဲ့ အဖြစ်
မျိုး မြန်မာပြည်မှာ ဖြစ်နေသလားလို့ပါ :-)

(၆) “မြန်မာ့နိုင်ငံရေးမှာ စစ်တပ်ရဲ့ အခန်း ကဏ္ဍက ရှိနေပါဦးမယ်” ဆိုတာကိုတော့ ငြင်းစရာ မရှိပါ ။

ဒီလောက်အထိ ရေးလာတာ ၊ ဦးလှိုင်မြင့်ပြောနေတဲ့ ရှစ်ပြည်နယ်မူအကြောင်း တစ်လုံးမှ မဟလို့
ထူးဆန်းကောင်းထူးဆန်းပါမယ် ။ ကျနော် လက်လှမ်းသိပ်မမီတဲ့ကိစ္စကို မကိုင်ချင်တာပါ ။ ခုလည်း
ဖက်ဒရယ်အကြောင်း ဆွေးနွေးထားချက်တွေ လက်နှိပ်စက်ရိုက်ဖို့ တစ်ထပ်ကြီးလာပေးထားတာ ရှိပါ
တယ် ။ မအားလို့ မလုပ်ဖြစ်သေးတာကြောင့် ဖတ်လည်း မဖတ်ဖြစ်သေးပါဘူး ။ ရိုက်ပြီးတဲ့အခါ ၊ အ
ခြားစာတွေလည်း ဖတ်ပြီးတဲ့အခါ အမြင်တစ်မျိုးထွက်လာပြီး ထပ်ဆွေးနွေးမိကောင်း ဆွေးနွေးမိနိုင်
ပါတယ် ။ လတ်တလောမှာတော့ လူ့ကျင့်ဝတ် ၊ သာမန်အတွေးအမြင်တွေအပေါ်ပဲ အခြေခံပြီး ရေး
လိုက်တာပါ ။

အမှန်က ခုနေခါမှာတောင် critical thinking ထဲက fallacies ဆိုတာတွေနဲ့ တိုက်ဆိုင်ပြီး ဦးလှိုင်မြင့်
ရေးတာတွေကို တစ်ခုချင်း ဆန်းစစ်ကြည့်ရင် အောင်မှတ်ရမယ့် အဆိုပြုချက်တွေ နည်းမယ်လို့ မြင်မိ
တယ် ။ ကျနော်ပြောတာတွေလည်း အချို့နေရာတွေမှာ ညိနေ ချော်နေတာတွေ ရှိမှာပါပဲ ။

ထားတော့ ၊ စာရင်းချုပ်ရရင် မြန်မာပြည်မှာ ဘာတွေဖြစ်နေတယ် ဆိုတာတွေဟာ အရေးပါတာ
မှန်ပါတယ် ။ ဒါပေမယ့် ဘာကြောင့်ဖြစ်ရတယ်ဆိုတာကို အဖြေမရှာရင် ၊ အဖြေသိလျက်နဲ့ မပြင်
ကြရင်တော့ ဘယ်လိုမှ အကောင်းဆုံးနဲ့ ဖြစ်သင့်တဲ့ အနေအထားတစ်ရပ်ကို ရမလာနိုင်ပါဘူး ။

အဆုံးသတ်အနေနဲ့လည်း ဟိုးအပေါ်က ပြောခဲ့တာကိုပဲ ထပ်ပြီး လေးလေးနက်နက် ထပ်ပြောချင်
ပါတယ် ။

“တိုင်းရင်းသားတွေအတွက် လူသားတစ်ယောက်မှာရှိသင့်တဲ့ အခွင့်အရေးနဲ့ ဂုဏ်သိက္ခာရှိရှိ
ရပ်တည်သွားနိုင်ကြဖို့ ခိုင်မာတဲ့အာမခံချက်တွေ” လိုအပ်နေပါတယ် ။

အခြားတစ်ဖက်မှာလည်း လူများစု ဗမာတွေကို ဥပေက္ခာ ပြုလို့မရနိုင်တာ အမှန်တရားပါ ။

အားလုံးအတွက် မနစ်နာပဲ အကျိုးများမယ့် နည်းလမ်းတွေကို ဝိုင်းစဉ်းစားကြရအောင် ။



မန်းကိုကို
၁၅ ၊ ၁၀ ၊ ၂၀၁၁

11ReadMore-2.jpg

Sunday, October 9, 2011

သင်ဘာဆက်လုပ်မလဲ ?


တကယ်မပေးချင်သူတွေရဲ့ လက်ထဲကငြိမ်းချမ်းရေးဆိုတဲ့အရာကို
ဟိုလူကိုတစ်မျိုး ဒီလူကိုတစ်မျိုးလုပ်နေတဲ့ မဟာစစ်ဝါဒီတွေရဲ့နှုတ်ဖျားမှာ
သကာဆိုတဲ့အရာကိုနားယောင်ပြီး အချိန်ကုန်ခံကာမျှော်လင့်နေကြတဲ့
တော်လှန်ရေးအင်အားစုတွေကိုသတိချပ်စေချင်တယ်။
ကျနော်ငယ်ငယ်ကတည်းကဖတ်ခဲ့ဘူးတဲ့ သနူးထူးဂျာနယ်ထဲကစာသားတစ်ချို့ ပြောပြချင်တယ်
အဲတာကဘာလဲဆိုတော့...
တော်လှန်ရေးဆိုတာ မကောင်းတဲ့စနှစ်ကိုတွန်းလှန်ဖြိုဖျက်ပြီးကောင်းတဲ့စနှစ်နဲ့အစားထိုးဘို့ဘဲတဲ့
အဲလိုတော်လှန်တိုက်ပွဲဝင်တဲ့နေရာမှာ မကောင်းတဲ့စနှစ်တစ်ခုလုံးဖြိုချနိုင်ပြီးကောင်းတဲ့စနှစ်သစ်တစ်ခုနဲ့အစားထိုးနိုင်မှ
တော်လှန်ရေးပြီးဆုံးမှာဖြစ်တယ်။
ကရင်ပြည်ကိုရယူနိုင်ဘို့နည်းလမ်းသုံးခုရှိတယ်တဲ့
(၁) ရန်သူကသနားလို့ ကရင်ပြည်ကိုပေးလို့ ကရင်ပြည်ကိုရတာ
(၂) ရန်သူက ဘက်ပေါင်းစုံအခက်အခဲဖိအားကိုရင်ဆိုင်ရလို့ မလွဲသာမရှောင်သာ ကရင်ပြည်ကိုပေးလိုက်ရတာ။
(၃) ရန်သူကစစ်ရေးအရ အရေးမလှလို့ရှုံးနိမ့်ကာကရင်ပြည်ကိုပေးလိုက်ရတာ။
ကဲ..သင့်တိုင်းပြည်နဲ့လူမျိုးလွတ်လပ်မှုရရှိဘို့သင်ဘယ်လမ်းကိုရွေးမလဲ?သင်ဘာဆက်လုပ်မလဲ?

သင်ဘာဆက်လုပ်မလဲ?
        

         ကရင်ဆိုတာ ကမ္ဘာတစ်ခွင်မှာထင်းရှားတဲ့အမှတ်သညှာမရှိပေမဲ့
ကမ္ဘာ့ရာဇ၀င်မှာစံတင်လောက်တဲ့မှတ်တမ်းတွေရှိခဲ့တယ်
မြန်မာမှာထင်ရှားတဲ့ခေါင်းဆောင်တွေရှိခဲ့ညားလည်း
ရိုးသားလို့မတိုးပွါးတာလား
မကြိုးစားလို့အောင်ပွဲမဆင်နိုင်တာလား
အမြင်မကျယ်လို့အယုံလွယ်တာလား
ဒါပေမဲ့..... ဒါပေမဲ့.......ဒါပေမယ့်.....

ရက်စက်သူမဟာဝါဒီတွေနဲ့
ကောက်ကျစ်သူ မဟာဝါဒတွေကြောင့်
ဝမ်းလျားမှောက်ပြီး အငတ်ရောက်နေသူတွေလဲရှိသလို
လွတ်လပ်မှုအတွက်ရှာဖွေရင်းထောင်နန်းစံသူတွေလည်းရှိခဲ့။
ငြိမ်းချမ်းခြင်းကိုမြတ်နိုးရဲ့နဲ့ စစ်တိုက်နေရသူတွေလဲရှိသလို
အမှန်တရားကိုဆုတ်ကိုင်ထားပါရဲ့နဲ့
ကျဆုံးခဲ့ရတဲ့ အာဇာနည်တွေလဲမရေတွက်နိုင်ခဲ့
အိမ်ယာပျောက်ပြီး ခိုကိုးရာမဲ့နေသူတွေလဲရှိသလို
အိမ်ကောင်းဆောက်ပြီး အိတ်ဖေါင်းတဲ့ကရင်တွေလဲရှိပါရဲ့။
ဒါပေမဲ့.... ဒါပေမဲ့....ဒါပေမယ့်....

မဟာဗမာအာဏာရှင်အောက်
ကျွန်သားပေါက်မဖြစ်ဘို့အရေး
ငါးကြင်းဆီနဲ့ ငါးကြင်းကြော်တာလား
အိုးမဲသုတ်ပြီးပေးခွပ်တာလား
ဒါတွေဟာစစ်ရေးမှာ တွေငေးရမယ့်အရာမဟုတ်။

အမျိုးမတူရင် ရန်သူဆိုတဲ့ခေတ်မဟုတ်တော့သလို
အမျိုးတူလဲ မူမတူရင် ရန်သူဘဲဆိုတာမေ့မထားသင့်
ဆွမ်းဆန်ထဲကကြွက်ချေးတွေအတွက် ငဲ့ရမယ့်အချိန်မဟုတ်။
တွေဝေမနေနဲ့ ငေးမောမနေနဲ့
မဟာဝါဒီတွေကသင့်အတွက်ရွေးချယ်မှုပေးပြီးသားပဲ
မမှတ်မိရင်ထပ်ပြောပေးမယ်
ကရင်ပြည်ကိုလိုချင်ရင် တိုက်ယူတဲ့
ကဲ ...သင်ဘာဆက်လုပ်မလဲ?

                စ ,အိုင်ခန့်(နှင်းခဲမြေ)

11ReadMore-2.jpg

တာတေစနေသား ဥိးနု ဘာလဲ ဘယ်လား?

ဗမာနိုင်ငံရေးသမားတော်တော်များများက ဝန်ကြီးချုပ် ဥိးနုခေတ်ကို ဒီမိုကရေစီခေတ်
လို့တင်စားပြောဆိုသံစကားကို ခဏခဏကြားရလေ့ရှိပါတယ် ဟုတ်မဟုတ်
ကိုတော့သမိုင်းကိုပြန်လည်ဆန်းစစ်ဘို့လိုအပ်ပါလိမ့်မယ်
စစ်နိုင်သူကသာ သမိုင်းကိုရေးတာလို့အဆိုရှိခဲ့ပေမယ့် စစ်နိုင်သူလို့ပြောလို့မရသေးတဲ့ မဆလ တဖြစ်အသွင်
အမျိုးမျိုးပြောင်းကြံ့ဖွံ့  ပုတ်သင်ညိုအစိုးရအဖွဲ့ ကြီးရဲ့ခေါင်းဆောင်အဆင့်ဆင့်မှာ သမိုင်းမှန်ကိုကွယ် သမိုင်းမှား
ကိုအရောင်ချယ်ကာ လူမျိုးရေးအစွဲနဲ့ တင်စားခဲ့တဲ့သမိုင်းဆရာနဲ့ နိုင်ငံရေးသမားများကိုတော့ မန်းကိုကိုဆီကနေ
တစ်ဆင့် ကုးလာတဲ့ ရွှေတစ်ခေတ် မပြေပြစ်ခဲ့တဲ့ ပုံရိပ်လွှာကိုလေ့လာစေချင်ပါတယ်။ တာတေစနေသား ဥိးနု
ဘာလဲ ဘယ်လား?        ဆန်းစစ်ကြရအောင်။

သူရေ၀့်ဖါန်
=======================================================================
ရွှေတစ်ခေတ် မပြေပြစ်ခဲ့တဲ့ ပုံရိပ်လွှာ ဖေ့ဘွတ်ပေါ်မှာ တွေ့ရတာ လပိုင်းလောက် ရှိလာပြီဖြစ်ပေမယ့်
ကန့်သတ်လို့မရတဲ့ အချိန်အတိုင်းတာ တစ်ခုအထိ ဆက်မှန်သွားဦးမှာဖြစ်တဲ့ စာတစ်စုကို တင်လိုက်ပါတယ် ။
မမီလိုက်တဲ့ သူများအတွက် ဗဟုသုတ တိုးစရာဖြစ်သလို မကြာခင်က ဒေါက်တာလှိုင်မြင့်ရေးခဲ့တဲ့
ဖက်ဒရယ်ပြည်ထောင်စုအကြောင်းနဲ့ပတ်သက်လို့ ပို့စ်တစ်ပုဒ်ရေးဖို့ရာ အကြိုပြင်ဆင်မှု
တစ်ခုလည်းဖြစ်ပါတယ် ။

မန်းကိုကို
========================================
ရွှေတစ်ခေတ် မပြေပြစ်ခဲ့တဲ့ ပုံရိပ်လွှာ
(ကွယ်လွန်သူ ကချင်ပြည်နယ် ဝန်ကြီးဟောင်း ဦးဇန်ထာဆင်၏ ဒီမိုကရေစီ ပြောင်းပြန် စာအုပ်မှ
ကူးယူ ဖော်ပြခြင်းဖြစ်ပါတယ်။ ၁၉၅၁-၅၂ အထွေထွေ ရွေးကောက်ပွဲကြီးအပြီး ပေါ်ပေါက်လာ
သည့် မြန်မာပြည်လွှတ်တော် နိုင်ငံရေးအခင်းအကျင်းအပေါ် တိုင်းရင်းသား ခေါင်းဆောင်တစ်
ဦး၏ ခံစားချက် တစ်စိတ်တစ်ဒေသကို လေ့လာနိုင်စေလိုသောကြောင့် ပြန်လည် မျှဝေခြင်း ဖြစ်ပါ
သည်။)
by Thant Ko Ko Maung on Monday, August 1, 2011 at 5:20pm (မူရင်း facebook လင့်)



လွတ်လပ်ရေးရပြီး တောင်ပေါ်သားများ ရရှိသော ဒီမိုကရေစီ

၁၉၅၁-၅၂ တွင် ပြုလုပ်သော အထွေထွေရွေးကောက်ပွဲကြီးတွင် ကချင်ပြည်နယ်၌ ယှဉ်ပြိုင်အရွေး
ခံသော အဖွဲ့အစည်းပေါင်း ၄ ဖွဲ့ရှိရာ ကချင်အမျိုးသားကွန်ဂရက်အဖွဲ့သည် အားလုံးသောအဖွဲ့များ
ထက် အများဆုံးရရှိကြ၏။ ထို့ကြောင့် အမျိုးသားကွန်ဂရက် အဖွဲ့ဝင်များနှင့် အမတ်များ၏ ယုံကြည်
ချက်မှာ ပြည်နယ်၏ အုပ်ချုပ်မှုအာဏာကို မိမိတို့က ရရှိလိမ့်မည်ဟု ယုံကြည်ခဲ့ကြ၏။

ယုံကြည်ခဲ့သည့်အလျောက် ဖဆပလ အဖွဲ့မှ အရွေးခံသော ဖဆပလ အမတ်ငါးယောက်အား တွေ့
ဆုံ၍ မိမိတို့နှင့်ပူးပေါင်း၍ အစိုးရဖွဲ့ရန် စေ့စပ်တော့၏။ ပြည်နယ်တွင် ဖဆပလ အဖွဲ့ဝင်များသည်
လည်း ကေအင်စီ အဖွဲ့နှင့်သာ ပူးပေါင်းလိုကြောင်း၊ ကေအင်စီအဖွဲ့၏ ဝါဒလမ်းစဉ်သည် ဖဆပလ
အဖွဲ့ချုပ်ကြီးကချမှတ်သော လမ်းစဉ်နှင့် ဝါဒအတိုင်းဖြစ်ကြောင်း၊ ထို့ကြောင့် ကချင်ပြည်နယ် အစိုးရ
ဖွဲ့ရေးတွင် ကေအင်စီနှင့် ပေါင်းမည်ဖြစ်ကြောင်း ပြောပြကြ၏။

၁၉၅၂ ခုနှစ် မတ်လတွင် လွှတ်တော်နှစ်ရပ်လုံးခေါ်၍ ပြည်နယ်အမတ်များအားလုံး ရန်ကုန်သို့
ရောက်လာကြ၏။ ကေအင်စီအမတ်များသည် ၁၉၅၂ ခုနှစ် မတ်လ ၂ ရက်နေ့တွင် ဝန်ကြီးချုပ် သ
ခင်နုနှင့်တွေ့ဆုံ၍ ကချင်ပြည်နယ် အစိုးရဖွဲ့စည်းရေးနှင့် ပတ်သက်၍ မိမိတို့အဖွဲ့သည် ကချင်ပြည်
နယ်လူထု အများဆုံးထောက်ခံ၍ အမတ်အများဆုံးရသော အဖွဲ့ဖြစ်သဖြင့် ကချင်ပြည်နယ်၏ အုပ်
ချုပ်ရေးအာဏာကို ရသင့်ကြောင်း တင်ပြကြသည်။ သခင်နုကပြောသည်မှာ ခင်ဗျားတို့အဖွဲ့ကို မ
ယုံကြည်၍တော့ မဟုတ်ပါ။ သို့သော်လည်း ကျုပ်အနေနှင့် ဆမားဒူဝါကိုပဲ ကချင်ပြည်နယ် ဥက္ကဋ္ဌ
အဖြစ် ဆက်လက်ခန့်ချင်တယ်။ ခင်ဗျားတို့လည်း ပြည်မမှာ ဝန်ကြီးချုပ်၏ ပါလီမန်အတွင်းဝန် တစ်
နေရာကိုယူပါ။ ကချင်ပြည်နယ်မှာ ဆမားကို အတိုက်အခံမလုပ်ကြပါနဲ့။ ခင်ဗျားတို့အချင်းချင်း ညီ
ညွတ်ကြပါလို့ ပြောပါသည်။

ကေအင်စီ အမတ်များက ပြန်ပြောသည်မှာ “ဝန်ကြီးချုပ်။ ဒီမိုကရေစီတိုင်းပြည် ဖြစ်တဲ့အတိုင်း
အမတ်များရာက အုပ်ချုပ်ရေးအာဏာကို ရရမယ်မဟုတ်လား အခုတော့ အမတ်လေးယောက်ပဲရ
တဲ့ ဆမားကို ပြည်နယ်ဥက္ကဋ္ဌပြန်တင်တော့ ဒီမိုကရေစီကျပါ့မလား။ ကျွန်တော်တို့အနေနှင့်က အ
မတ်အများဆုံး ရထားတာက တစ်ကြောင်း၊ ပြီးတော့ ကချင်ပြည်နယ်က အရွေးခံရတဲ့ ဖဆပလ
အမတ်ငါးယောက်ကလည်း ကျွန်တော်တို့နှင့် ပူးပေါင်းရန် ပြောထားပြီးဖြစ်တဲ့အတွက် ကျွန်တော်
တို့အဖွဲ့က ကချင်ပြည်နယ်ရဲ့ အုပ်ချုပ်ရေးအာဏာပဲ ရရမယ်” လို့ ပြန်ပြောပါသည်။

ဒီတော့ ဝန်ကြီးချုပ်သခင်နုဟာ “ခင်ဗျားတို့အဖွဲ့က အမတ်အများဆုံးရတာတော့ ဟုတ်ပါပြီ။ ကျုပ်
လည်း မငြင်းဘူး။ ဒါပေမဲ့ ပြည်နယ်က ဖဆပလအမတ်များဟာ သူတို့သဘောနှင့် လုပ်လို့မရဘူး။
ဖဆပလ ဌာနချုပ်က ညွှန်ကြားသည့်အတိုင်း လိုက်ရမယ်။ ဖဆပလ ဌာနချုပ်ကလည်း တစ်ခြား
ပြောမှာမဟုတ်ဘူး။ ယခု ငါပြောတဲ့အတိုင်း ဆမားကိုပဲထောက်ခံဖို့ ပြောမှာပဲ” ဟု ပြန်ပြောလိုက်
သည်။

ဒီနောက်မှာ ကေအင်စီ အမတ်များသည် ပြည်နယ်မှ ဖဆပလ အမတ် ငါးယောက်ဆီသွားပြီး
“ဘယ့်နဲ့လဲ။ ခင်ဗျားတို့ ဟိုပြည်နယ်မှာတုန်းကတော့ ကျွန်တော်တို့နဲ့ ပေါင်းမယ်ဆိုတယ် မဟုတ်
လား။ ယခု ဝန်ကြီးချုပ်ကတော့ ခင်ဗျားတို့ကို ဆမားဒူဝါကိုပဲ ထောက်ခံခိုင်းမယ်ဆိုပါလား” ဟု
သွားပြောကြသည်။ ပြည်နယ်က ဖဆပလ အမတ်ငါးယောက်သည် “ကျွန်တော်တို့ အနေနှင့် ခင်
ဗျားတို့ ကေအင်စီအဖွဲ့ကို ထောက်ခံချင်တယ်။ ခင်ဗျားတို့နှင့် ပူးပေါင်းချင်တယ်။ ဒါပေမဲ့ ဖဆပလ
ဌာနချုပ် ဥက္ကဋ္ဌလည်းဖြစ်၊ နိုင်ငံတော် ဝန်ကြီးချုပ်လည်းဖြစ်တဲ့ သခင်နုရဲ့အမိန့်ကိုတော့ ဘယ်လွန်
ဆန်နိုင်မလဲ” ဟု ပြန်ပြောပါသည်။

ဒါကြောင့် နောက်ဆုံးတွင် “ကချင်ပြည်နယ်မှ ရွေးကောက်လိုက်တဲ့ လူထုကိုယ်စားလှယ်များ၏
ဆန္ဒအရ မဟုတ်ပါလား။ ဝန်ကြီးချုပ် လုပ်တဲ့သူရဲ့ ဆန္ဒအတိုင်းပါလား”လို့ ဝမ်းနည်းစွာနှင့် ကေ
အင်စီအမတ်များသည် ကချင်ပြည်နယ်တွင် အတိုက်အခံအဖွဲ့ ဖြစ်လာရပေသည်။ မရှေးမနှောင်း
သော အချိန်အတွင်း ကချင်ပြည်နယ် အစိုးရအဖြစ် ဆမားဒူဝါ ဆင်ဝါးနောင်သည် အစိုးရဖွဲ့စည်း
နိုင်တော့၏။ နိုင်ငံတော်ဝန်ကြီးချုပ် သခင်နုက ကေအင်စီ ခေါင်းဆောင်များအား သူ၏ ပါလီမန်
အတွင်းဝန်ရာထူး တစ်နေရာယူ၍ ကချင်ပြည်နယ် ကောင်စီတွင်လည်း ကောင်စီ သဘာပတိယူရန်
တိုက်တွန်းခဲ့သည်။ ဆမားဒူဝါကို ဝိုင်းဝန်းထောက်ခံရန် နားချခဲ့သည်။

ကေအင်စီ အမတ်များအနေနှင့်က ကချင်ပြည်နယ်သည် ဗိုလ်ချုပ်အောင်ဆန်း အမိန့်ရှိခဲ့သလို
ပညာရေး၊ စီးပွားရေး၊ ကြီးပွားရေး၊ ကျန်းမာရေး အစစအရာရာ၌ အင်မတန် အောက်ကျနောက်ကျ
ဖြစ်ခဲ့သဖြင့် ရရှိသမျှသော ဘဏ္ဍာတော်ငွေများဖြင့်၎င်း လူထုအကျိုးပြု လုပ်ငန်းများကို အမြန်
ဆောင်ရွက်ချင်ကြ၏။ ဆမားဒူဝါအနေနှင့် ၄င်း ပထမလုပ်ရမည့် အရေးကြီးသောလုပ်ငန်းများကို
လျစ်လျူရှုခဲ့၍ သူ၏ ယာယီအစိုးရအချိန်တွင် မော်တော်ကား တည်ဆောက်ရန်စီမံကိန်း၊ ဂျက်လေ
ယာဉ်ပျံ တည်ဆောက်ရန် စီမံကိန်း၊ မီးသင်္ဘော မီးရထားခေါင်းတွဲ လုပ်ရန် စီမံကိန်း၊ ရွှေတူးရန်
ငွေတူးရန် စီမံကိန်းများကိုသာ ပထမချခဲ့၏။

ဤကိစ္စများကြောင့် ကေအင်စီအဖွဲ့သည် ဆမားဒူဝါအား မထောက်ခံနိုင်ကြောင်း ဝန်ကြီးချုပ်
သခင်နုအားပြောပြခဲ့ရာ ဝန်ကြီးချုပ်က “အေးကွာ ဒါတွေက သူမှားတာပဲ။ သူရဲ့ ဒီစီမံကိန်းတွေကို
ငါရပ်ခိုင်းပါ့မယ်။ ယခုကစပြီး ခင်ဗျားတို့ လိုလားတဲ့ လူထုအကျိုးပြု လုပ်ငန်းတွေကို ပထမလုပ်ဖို့
ငါပြောပါ့မယ်”ဟု ပြော၏။ တစ်ဖန် ကေအင်စီအမတ်များက “ကောင်းပြီ ဝန်ကြီးချုပ်၊ သူ ဒီစီမံကိန်း
တွေကိုရပ်ပြီး တကယ် ပြည်နယ်လူထုအတွက် လောလောဆယ် အရေးကြီးတဲ့လုပ်ငန်းများကို
စတင်လုပ်မယ်ဆိုရင် လုပ်တာနှင့် တစ်ပြိုင်နက် ကျွန်တော်တို့က ထောက်ခံပါမယ်” ဟု ကတိပေး
ထားခဲ့၏။

သို့ရာတွင် ဝန်ကြီးချုပ် သခင်နုသည် ဆမားဒူဝါ၏ စီမံကိန်းများကို မရပ်စေနိုင်သည် သာမက
ဆမားဒူဝါ၏ ၈ မိုင် မရမ်းကုန်းစက်ရုံဖွင့်ပွဲတွင် သခင်နုသည် ဆမားဒူဝါကြီးအား ဟိမဝန္တာ ချီးမွမ်း
ခန်းဖွင့်တော့သည်။ ကေအင်စီ အမတ်များအနေနှင့်ကား ဝန်ကြီးချုပ် သခင်နုသည် အပြောတစ်မျိုး
အလုပ်တစ်မျိုးဟူ၍ ဤအခါက စသိခဲ့သည်။

ကချင်ပြည်နယ်ထက် ပိုမိုဆိုးသော ကိစ္စ ရှိပါသေးသည်။ ၄င်းမှာ အခြားမဟုတ်။ ချင်းများ အရေး
ပင်ဖြစ်သည်။ ချင်းတောင်သည် ပြည်နယ်မဟုတ်ဘဲ ပြည်မတွင်ပါဝင်သော ဝိသေသတိုင်းတစ်ခု
ဖြစ်သည်။ ထို ၁၉၅၁-၅၂ အထွေထွေ ရွေးကောက်ပွဲကြီးတွင် ချင်းတောင်၌ ယှဉ်ပြိုင်အရွေးခံသော
နိုင်ငံရေးအဖွဲ့ ၂ ခု ရှိခဲ့သည်။ ဦးဇာရဲလျံ ခေါင်းဆောင်သော ချင်းအမျိုးသားကွန်ဂရက်အဖွဲ့သည်
အမတ် ၁၀ ယောက်ရ၍ စစ်ဗိုလ်ထွက် ကပ္ပတိန် မန်တုံ့နုံးက သူနှင့်ပေါင်း အမတ် ၂ ယောက်သာ
ရရှိခဲ့သည်။

ချင်းအမျိုးသားကွန်ဂရက် အနေနှင့် သူတို့သည် အမတ်အများဆုံးဖြစ်၍ ချင်းရေးရာဝန်ကြီးကို
သူတို့ ရနိုင်မည်ဟု ယုံကြည်ချက်ကြီးကြီးဖြင့် ရန်ကုန်ဆင်းလာကြ၏။ ဝန်ကြီးချုပ် သခင်နုနှင့်တွေ့
သောအခါ ချင်းကွန်ဂရက် အဖွဲ့ဝင်များသည် သူတို့က အမတ်အများဆုံးရ၍ လူထုဆန္ဒ အများဆုံး
ထောက်ခံမှု ရရှိသောကြောင့် မိမိတို့ အဖွဲ့သာလျှင် ချင်းရေးရာဝန်ကြီးကိုရ၍ ချင်းဝိသေသတိုင်း၏
အုပ်ချုပ်ရေးကို ကိုင်ရမည်ဖြစ်ကြောင်း တင်ပြကြ၏။

ဝန်ကြီးချုပ် သခင်နုက ချင်းကွန်ဂရက်၏ အဖွဲ့ခေါင်းဆောင် ဇာရဲလျံသည် အသက်ငယ်သေးသည်။
အိမ်ထောင် မရှိသေးဘူး၊ နိုင်ငံရေး ဗဟုသုတ မရှိသေးဘူး၊ ဒါကြောင့် ဝန်ကြီးအဖြစ် လက်မခံနိုင်ပါ။
ကပ္ပတိန် မန်တုံ့နုံးကိုသာ ဝန်ကြီးပေးမည်ဖြစ်ကြောင်း ပြန်ပြောလိုက်၏။

ချင်းကွန်ဂရက် အမတ်များကလည်း ထိုသို့လုပ်ခြင်းမှာ ဒီမိုကရေစီ မကျကြောင်း၊ အမတ်များရာ
အဖွဲ့သာလျင် ဝန်ကြီး ဖြစ်သင့်ကြောင်း၊ ဝန်ကြီးချုပ် ဆန္ဒအရ မဟုတ်ဘဲ လူထု၏ ဆန္ဒအရသာ ဖြစ်
ရမည်ဖြစ်ကြောင်း ပြောသောအခါ သခင်နုက “မင်းတို့ ဘာနားလည်သလဲ၊ တိတ်ပါ” ဟု ငေါက်ငမ်း
ခဲ့၏။

ဝန်ကြီးချုပ် သခင်နုအနေနှင့် အမတ်နှစ်ယောက်သာရှိသော ကပ္ပတိန်မန်တုံ့နုံးကို ဝန်ကြီးခန့်လျင်
အရုပ်ဆိုးမည်ဟု မြင်လာသော အခါ ညီညွတ်ပြီးသားဖြစ်သော ချင်းကွန်ဂရက်အဖွဲ့မှ ဦးရှိန်ထန်းကို
တိတ်တဆိတ်ခေါ်ယူ၍၊ ဝန်ကြီးနေရာနှင့်တော့ ခင်ဗျားပဲသင့်တော်တယ်၊ ခင်ဗျားက အသက်လည်း
ကြီးပြီး ဗဟုသုတလည်း ရှိတယ်ဟု၊ အကြောင်းအမျိုးမျိုးပြ၍ ခွဲထုတ်ခဲ့၏။ ထိုအခါ ညီညွတ်ပြီးသား
ချင်းအမျိုးသား ကွန်ဂရက်အဖွဲ့သည် ၂ ခြမ်း ကွဲသွားခဲ့၏။ ကွဲလာသောအခါ ဦးရှိန်ထန်းကို ချင်းရေး
ရာဝန်ကြီး ခန့်ခဲ့၏။ ဝန်ကြီးချုပ် သခင်နု၏ အခွဲအုပ်ချုပ်ရေးစနစ်သည် ဤတွင် အောင်မြင်သွား၏။

သို့ရာတွင် ဝန်ကြီးဦးရှိန်ထန်းဘက်မှ အမတ်ဦးရေနည်း၍ ဦးဇာရဲလျံဘက်မှ အမတ်ဦးရေ များသဖြင့်
ကောင်စီတွင် အလုပ်လုပ်လို့ မဖြစ်သောအခါ၊ အချိန် မကြာမီအတွင်း ဦးရှိန်ထန်းကို ပြည်မ အခြားဌာန
တစ်ခုပေး၍ ချင်းကွန်ဂရက် အဖွဲ့၏ ခေါင်းဆောင် ဇာရဲလျံကိုပင် ချင်းရေးရာဝန်ကြီး ခန့်ပေးရ၏။
ချင်းနှင့် ကချင်ကိုသာ ဤသို့လုပ်သည် မဟုတ်ပါ။ 

     
ကရင်ကိုလည်း ထိုထက် ပိုဆိုးရွားအောင် လုပ်
ခဲ့၏။ ကရင်ပြည်နယ်သည် ၁၉၅၄ ခုနှစ် ဇွန်လ ၁ ရက် နေ့မှာ ပြည်နယ်ဖြစ်ပေါ်လာ၏။ ကရင်ပြည်
နယ် ဖြစ်ပေါ်လာသည်နှင့် ကရင်ပြည်နယ်တွင် ကရင်ပြည်နယ်ဝန်ကြီးခေါ် ကရင်ပြည်နယ် ဥက္ကဋ္ဌ
ခန့်ရပေမည်။ ကရင်ပြည်နယ် ဥက္ကဋ္ဌခန့်ရာ၌ ကရင်ပြည်နယ်မှ ရွေးကောက်တင်မြှောက်သော ကိုယ်
စားလှယ်များထဲက ပုဂ္ဂိုလ်တစ်ယောက်ယောက်ကို ရွေးချယ်ခန့်ထား ရပေမည်။ အခြေခံဥပဒေက
လည်း ထိုသို့ခွင့်ပြုထား၍ ထိုသို့ ဖြစ်မှသာလျှင် သဘာဝကျပေမည်။

သို့ရာတွင် ထိုသို့မဟုတ်ဘဲ ကရင်ပြည်နယ် ဥက္ကဋ္ဌနေရာတွင် မြစ်ဝကျွန်းပေါ်ဒေသမှ အရွေးခံ
သော ဦးအောင်ပကို ကရင်ပြည်နယ်ဝန်ကြီးနှင့် ကရင်ပြည်နယ်ဥက္ကဋ္ဌ ခန့်ခဲ့သည်။ ဤသို့ လုပ်ခဲ့
ရာတွင် ကရင်ပြည်နယ် လူထုသည်လည်းကောင်း၊ ပြည်နယ်ကိုယ်စားလှယ်များသည်လည်းကောင်း
မကျေနပ်၍ ကန့်ကွက်ခဲ့သည်။ သို့သော် အချည်းနှီးသာ ဖြစ်ခဲ့သည်။

နောက်ဆုံး၌ ကောင်စီတွင် အလုပ်လုပ်၍ မဖြစ်တော့မှ ဦးအောင်ပကိုခေါ်ယူပြီး ပြည်မတွင် ကျန်းမာ
ရေး ဝန်ကြီးဌာနပေး၍ ကရင်ပြည်နယ်မှ ရွေးကောက်တင်မြှောက်ခဲ့သော ဒေါက်တာစောလှထွန်းကို
ကရင်ပြည်နယ်ဥက္ကဋ္ဌ ခန့်ခဲ့သည်။

ဝန်ကြီးချုပ်သခင်နုသည် ပြည်နယ်ကိုယ်စားလှယ်များ၊ လူမျိုးစုကိုယ်စားလှယ်များနှင့် တွေ့တဲ့
အခါတိုင်း၊ မင်းတို့အားလုံးကို ငါချစ်ပါတယ်၊ သနားပါတယ်၊ မင်းတို့ အပေါ်မှာ သွေးခွဲစနစ် (Divide
And Rule) ကို သုံးပြီး အုပ်ချုပ်နေတာ မဟုတ်ပါဘူးဟု မကြာခဏ ပြောလေ့ရှိသော်လည်း တကယ့်
လက်တွေ့ကျသောအခါ ညီညွတ်ပြီးသား ပြည်နယ်သားများ၊ ညီညွတ်ပြီးသား လူနည်းစုများကို ကွဲ
ပြားအောင် ဖန်တီးပေးခဲ့သည်။ ဒီမိုကရေစီ အစစ်ကိုမပေးဘဲ ဝါမိုကရေစီ ကိုသာပေးခဲ့၏။

Thant Ko Ko Maung
=========================================

အပေါ်က အဖြစ်အပျက်တွေဟာ မြန်မာပြည်မှာ ဒီမိုကရေစီစနစ် ကျင့်သုံးခဲ့စဉ်က အဖြစ်အပျက်
တွေပါ ။

ဒါကို ပို့စ်အဖြစ်တင်တာဟာ ရှုတ်ချဖို့မဟုတ်ပါဘူး ။ သင်္ခန်းစာယူနိုင်ဖို့ အဓိကပါ ။ တချိန်တည်းမှာ
လည်း တိုင်းရင်းသားတစ်ယောက်အနေနဲ့ ဗမာလူမျိုးနဲ့ အခြားတိုင်းရင်းသားတွေအကြား ဘာကြောင့်
ယုံကြည်မှုတည် ဆောက်ဖို့ ခက်ခဲနေသလဲဆိုတာကို ၊ အထူးသဖြင့် ဗမာလူမျိုးတွေ ယထာဘူတကျ
ကျ ပြန်သုံးသပ်နိုင်စေဖို့ အရှိကိုအရှိအတိုင်း ရှင်းရှင်းလင်းလင်း တင်ပြချင်တဲ့ ဆန္ဒလည်း ပါပါတယ် ။

ကရင်တွေအနေနဲ့ မြင်ကြည့်ပါ ။ ၁၉၄၉ လောက်ကတည်းက လက်နက်ကိုင်ပဋိပက္ခတွေ စနေခဲ့
ပေမယ့် နိုင်ငံရေးအရ ဖြေရှင်းချင်သူတွေ အများကြီးရှိခဲ့တာကြောင့် ပါလီမန်စနစ်ထဲမှာ ရပ်တည်
လှုပ်ရှားနေသူတွေ ရှိနေခဲ့ပါသေးတယ် ။ ဒါပေမယ့် အပေါ်က အဖြစ်အပျက်တွေက ယုံကြည်မှုကို
အနည်းနဲ့အများ ထိခိုက်စေတာတော့ အမှန်ပါ ။ ရှိပြီးသား သံသယတွေကို တစ်စိတ်တစ်ပိုင်း အ
တည်ပြုပေးသလိုလည်း ဖြစ်ခဲ့ရပါတယ် ။

ဒီတော့ မြန်မာပြည်မှာ တိုင်းရင်းသားတွေနဲ့ အခြေခံအကျဆုံး ယုံကြည်မှုကိုတောင် မတည်
ဆောက်နိုင်သေးတာဟာ ဘာကြောင့်လဲလို့ မေးစရာဖြစ်လာပါတယ် ။ အဖြေကလည်း အများကြီး
ရှိပါတယ် ။ ဒေါက်တာလှိုင်မြင့်ကို ဦးတည်ရေးတဲ့ပို့စ်ထဲမှာတော့ နည်းနည်းပါးပါး ပွင့်ပွင့်လင်းလင်း
ရေးမယ်လို့ စိတ်ကူးပါတယ် ။ ဒေါက်တာဇာနည်ရေးတဲ့ဆောင်းပါးမှာ လူတစ်ယောက်မှတ်ချက်ပေး
ထားတာကို အတုယူပြောရရင်တော့ - စိတ်ကိုအရှင်ဖွင့်ထားကြဖို့တော့ လိုပါမယ် ၊ မဟုတ်ရင်တော့
ကျနော်ရေးတဲ့ အချို့စာတွေဟာ ဆားလိုဖြစ်တတ်ပါတယ် ၊ အနာရှိရင် စပ်တတ်ပါတယ် ။ ဗမာ
တစ်မျိုးထဲကို ပြောတာမဟုတ်ပါ ၊ တိုင်းရင်းသားတွေလည်း ပါပါတယ် ။



မန်ုးကိုကို
၀၇ ၊ ၁၀ ၊ ၂၀၁၁

11ReadMore-2.jpg

Thursday, October 6, 2011

ကြံ့ဖွံ့ တပ်ပြောင်းလဲချိန်ချုံခိုတိုက်ခိုက်ခံရ

Submitted by admin on Thursday, 6 October 2011--
အောက်တိုဘာလ ၆ရက်။ စောသိန်းမြင့် (ကေအိုင်စီ)

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူဒေသ၌ ယနေ့နံနက်တွင် တပ်အပြောင်းအလဲ ပြုလုပ်နေသော အစိုးရ စစ်တပ်အား ကရင်ပူးပေါင်းတပ်ဖွဲ့မှ ချုံခိုတိုက်ခိုက်ခဲ့ရာ အစိုးရစစ်သား ၂ဦးသေဆုံးကာ ၂ဦးမှာ ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ယနေ့နံနက် ၉နာရီ ၁၀မိနစ်ခန့်တွင် ဘုရားသုံးဆူရှိ အမြောက်တပ်ဖွဲ့ကို ပြန်ပို့ဆောင်နေသည့် စစ်ကွပ်ကဲရေးဌာနချုပ် စကခ (၅) လက်အောက်ခံ ခမရ(၅၄၃)တပ်ရင်း စစ်ကြောင်း(၂)အား တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် ဒီကေ ဘီအေ (၉၀၂)တပ်ရင်းမှ တပ်ဖွဲ့ဝင်တချို့နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(ကေအဲန်အယ်လ်အေ) တပ်ရင်း (၁၆)တို့က တာဒေ့နှင့် ကျောက်ဂူကျေးရွာကြားတွင် ချုံခိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဒီကေဘီအေ ၉၀၂တပ်ရင်း တပ်ခွဲ(၃) တပ်ခွဲမှူး ဗိုလ်ကြီးစောအေ၀မ်းက “နို့ချိုးနဲ့ဗျူဟာကို ပြန်မယ့် အမြောက်တပ်ကို ပြန်ပို့တဲ့ ဗိုလ်မှူးဖြိုးသန့်ဇော် ဦးစီးတဲ့ စစ်ကြောင်း(၂)ကို ဒီနေ့မနက် ကျနော်တို့လူတွေ ချုံခိုတိုက်ခိုက်ခဲ့တယ်။ ပစ်ခတ်မှုဖြစ်တာ ၆မိနစ် လောက်ပဲကြာမယ်။ အစိုးရတပ်ဘက်က ၂ယောက်သေ၊ ၂ယောက်ဒဏ်ရာရတယ်။ ပြောက်ကျားဆိုတော့ ကျနော်ဘက်က ထိ တာ မရှိဘူး။”ဟု ပြောသည်။

အဆိုပါပစ်ခတ်မှုအတွင်း အစိုးရစစ်တပ်ဘက်မှ ရှေ့သွားလမ်းပြအဖြစ် ခေါ်ဆောင်ခဲ့သည့် တာဒေ့ရွာသား ဦးမြသိန်းမှာ ဘယ် ခြေထောက် ပြတ်ထွက်သွားပြီး ၎င်းအား ဘုရားသုံးဆူမှတဆင့် ထိုင်းနိုင်ငံ စံခလဆေးရုံသို့ ပို့ဆောင်ခဲ့သည်ဟု ဘာသာရေး ခေါင်းဆောင်တစ်ဦးက ပြောသည်။

ယနေ့ နေ့လည် ၁၁နာရီအချိန်တွင်လည်း ကော့ကရိတ်မြို့နယ်ရှိ နန်းရွှေမိတ်နှင့် မာဖာလယ့်ကျေးရွာကြားတွင် အစိုးရစစ်တပ် ခမရ(၅၄၆)၊ ခမရ(၅၄၇)တပ်ရင်းနှင့် ဒီကေဘီအေ ကလို့ထူးဝါးဗျူဟာ၊ ကေအဲန်အယ်လ်အေ(၁၀၁)တပ်ရင်း ပူးပေါင်းတပ်ဖွဲ့ များ တနာရီနီးပါးကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုကို မသိရှိရသေးကြောင်း ဒီကေဘီအေ ပြောခွင့်ရသူ ဗိုလ်မှူး စောဆန်းအောင်က ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလကုန်ပိုင်းက ကရင်ပြည်နယ် အစိုးရ ဖွဲ့စည်းလိုက်သော ငြိမ်းချမ်းရေး စေ့စပ်ညှိနှိုင်းရေးအဖွဲ့မှ ငြိမ်း ချမ်းရေးစကားပြောဆိုရန် ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)အား လာရောက်ကမ်းလှမ်းခဲ့သော်လည်း ကရင်ပြည်နယ် အတွင်း အစိုးရစစ်တပ်နှင့် ကရင်တပ်ဖွဲ့များအကြား ပစ်ခတ်မှုများမှာ ယခုအချိန်ထိ ဆက်လက် ဖြစ်ပွားနေဆဲဖြစ်သည်။

11ReadMore-2.jpg

ကရင်ပြည်နယ် ဘုရားသုံးဆူနဲ့ ကော့ကရိတ် အနီးဝန်းကျင်းက တိုက်ပွဲ ၂ ပွဲ

နေ့သစ်
Posted by admin on October 6, 2011 0 Comment

ဘုရားသုံးဆူဒေသ တာ့ဒိန်ရွာနဲ့ သံဖြူဇရပ်အကြားရှိ တဒိန်းရွာချောင်းနေရာမှာ ကြံ့ဖွတ်အစိုးရစစ်တပ် စကခ ၅ လက် အောက်ခံ ခမရ ၅၄၃ တပ်ရင်းကို ဒီကေဘီအေ ၉၀၂ တပ်ရင်းမှ တပ်ခွဲမှူး ဗိုလ်ကြီးအေဝမ်း ဦးစီးတဲ့ တပ်ဖွဲ့တွေက ဒီက နေ့ အောက်တိုဘာလ ၆ ရက်နေ့ မနက် ၉ နာရီလောက်မှာ စောင့်ကြိုတိုက်ခိုက်ခဲ့ပါတယ်။ တိုက်ပွဲဖြစ်ပွားချိန် မိနစ် ၂၀ လောက်ကြာခဲ့ပြီး ကြံ့ဖွတ်အစိုးရ စစ်တပ်ဘက်မှ ၂ ယောက် ဒဏ်ရာရပြီး ၂ ယောက် သေးဆုံးတယ်လို့ သိရှိရတယ်။

အလားတူ ဒီကနေ့ နေ့လည် ၁၁ နာရီဝန်ကျင်လောက်က ကော့ကရိတ်မြို့အနီး နန်ရွှေမိတ်ရွာနဲ့ မဲဖာလဲ့ရွာကြားမှာ ကြံ့ ဖွတ်အစိုးရစစ်တပ်နဲ့ ဒီကေဘီအေ ကလိုထူးဝါးဗျူဟာမှ ဗိုလ်ကျော်သက် ဦးစီးတဲ့ တပ်ဖွဲ့တွေ အချိန်တနာရီလောက်ကြာ တဲ့အထိ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒီတိုက်ပွဲရဲ့ ထိခိုက်သေဆုံးတာတွေကိုတော့ မသိရှိရသေးပါ။

11ReadMore-2.jpg

Wednesday, October 5, 2011

ကချင်ပြည်နယ် အလယ်ပိုင်း စစ်ပွဲတွင် မြန်မာစစ်သား ၄၀ ကျဆုံး

Published on Wednesday, 05 October 2011 08:34
Written by KNG


dsc00539မြန်မာစစ်တပ်နှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA)ကြား ကချင်ပြည်နယ် အလယ်ပိုင်း၌ အောက်တိုဘာ ၄၊ အဂါင်္နေ့ တစ်ရက်တည်းဖြစ်ပွားသော တိုက်ပွဲများတွင် အစိုးရစစ်သား (၄၀) ကျဆုံးကြောင်း ဒေသခံများ ပြောသည်။


ဂျာအိန်ယန်ရွာအနီး KIA အရပ်သားတပ်ဖွဲ့နှင့် ဖြစ်ပွားသောတိုက်ပွဲများတွင် ယင်းစစ်သားများ သေဆုံးခဲ့ပြီး ၎င်းတို့၏ မိခင်တပ်ရင်းများ မသိရဟု ရွာသားများပြောသည်။

KIA အရပ်သားတပ်ဖွဲ့ဘက်မှ ထိခိုက်ဒဏ်ရာရရှိခြင်း မရှိကြောင်း အထက် KIA စစ်အရာရှိများပြောသည်။

KIA ထိန်းချုပ်သည့် ဂျာအိန်ယန်ရွာ ပတ်ဝန်းကျင်နှင့် ၎င်းနှင့်ဆက်စပ်နေသော ရှဒန်ပါ ဒေသတွင် အစိုးရတပ်နှင့် KIA တပ်ကြား နေ့စဉ်လိုလို စစ်ပွဲများဖြစ်နေသည်မှာ ရက် တစ်ပတ် ကျော်လာသည်ဟု ဒေသခံများပြောသည်။

လိုင်ဇာ ဗဟိုဌာနချုပ်မှ KIA အရာရှိများပြောဆိုချက်အရ ယခုတိုက်ပွဲဖြစ်ရာ ဒေသများသို့ ဧရာဝတီမြစ် (ကချင်လို မလိခနူ) ရေလမ်းကြောင်းအတိုင်း အမြန်စက်လှေများဖြင့် စစ်အင်အား ရာပေါင်းများစွာ ထိုးဖောက်ဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရသည်။
jaingyang-myanစစ်ဖြစ်ရာဒေသမှ အရှေ့ဘက် မိုင် ၂၀ကျော် တရုတ်နယ်စပ်အနီးတွင် KIA ဗဟိုဌာနချုပ်နှင့် အမာခံစခန်းများဖြစ်ကြသည့် လိုင်ဇာ၊ အလဲန်ဘွမ်၊ ဖလပ်ဘွမ်၊ လိုင်စင်ဘွမ်နှင့် မိုင်ဂျာယန် များကို အခြေစိုက်ထားသည်။

ထို့ကြောင့် ယင်း KIA အမာခံစခန်းများကို တိုက်ခိုက်သိမ်းပိုက်ရန် ရည်ရွယ်ချက်ဖြင့် မြန်မာ စစ်အင်အား ရာပေါင်းများစွာ အား ထိုဒေသသို့ ပို့ထားသည်ဟု လိုင်ဇာမှ KIA စစ်အရာရှိများပြောသည်။

ပြီးခဲ့သည့် ဇွန်လ ပြည်တွင်းစစ်ဖြစ်လာပြီးနောက် ကချင်ပြည်နယ်ရှိ အဓိကလမ်းမကြီး (၆) ခုကို KIA က ထိန်းချုပ်ထားဆဲဖြစ်သည်။ ယင်းလမ်းမများမှာ မြစ်ကြီးနား-ကန်ပိုင်တီလမ်း၊ မြစ်ကြီးနား-ဗန်းမော်လမ်း၊ ဗန်းမော်-လွယ်ဂျေလမ်း၊ ဗန်းမော်-ကိုင်ထိပ်-နမ့်ခမ်းလမ်း၊ မြစ်ကြီးနား-တနိုင်းလမ်းနှင့် မြစ်ကြီးနား-ဖားကန့် လမ်းများဖြစ်ကြသည်။

ယခုလို အဓိကလမ်းမများကို KIA တပ်များ ထိန်းချုပ်လိုက်ခြင်းကြောင့် အစိုးရစစ်အင်အား အလုံးအရင်းဖြင့် KIA ဗဟိုဌာနချုပ်နှင့် အမာခံစခန်းများအား တိုက်ခိုက်သိမ်းပိုက်ရန် ခက်ခဲစေသည်။

11ReadMore-2.jpg

Tuesday, October 4, 2011

ကချင်ပြည်နယ်က ကြံ့ဖွံ့  စစ်သားကျဆုံး အရှင်ဖမ်းမိ တိုက်ပွဲ



11ReadMore-2.jpg

သျှမ်းပြည်နယ်မှာ ကြံ့ဖွံ့ စစ်သားတိုက်ပွဲမှာကျဆုံး



11ReadMore-2.jpg

ကရင်ပြည်နယ်မှာKNLA-DKBAလက်ချက်ကြောင့် ခမရ(၂၀၂) တပ်ဖွဲ့ဝင်( ၁၀)ဥိးနီးပါး ကျဆုံး


အောက်တိုဘာလ ၄ရက်။ စောဖိုးမူး (ကေအိုင်စီ)

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်း တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်(ဒီကေဘီအေ) တပ်ဖွဲ့ ၀င်များ၏ အဆက်မပြတ်သည့် ပြောက်ကျားတိုက်ခိုက်မှုများကြောင့် မြန်မာစစ်တပ် ခမရ(၂၀၂)တပ်ရင်းမှ တပ်သား ၄ဦး ကျဆုံးကာ ၃ဦးမှာ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ယနေ့နံနက် ၄နာရီအချိန် ကော့ကရိတ်မြို့အကျော် တောင်ပေါ်လမ်းတွင် တာဝန်ကျနေသော ခမရ(၂၀၂)တပ်ရင်းအား ဒီကေ ဘီအေမှ ပြောက်ကျားတိုက်ခိုက်ခဲ့ရာ အစိုးရတပ်ဘက်က တပ်သား ၁ဦးပွဲချင်းသေဆုံးပြီး ဒဏ်ရာပြင်းထန်သည့် တပ်သား ၃ ဦးကို ဘားအံမြို့ရှိ တောင်ကလေး ကုတင်တစ်ရာဆံ့ စစ်ဆေးရုံသို့ ပို့ဆောင်ကုသခဲ့သည်ဟု တပ်တွင်းမိသားစုများက ပြော သည်။

ဒဏ်ရာရ တပ်သားတစ်ဦး၏ ဇနီးက “အဒေါ်တို့ စစ်တပ်မှာ ကိုယ့်မိသားစု စားဖို့ မလောက်ဘူး။ ဒါကြောင့် အဒေါ်တို့ အပြင် ထွက်ပြီး ဈေးလိုက်ရောင်းနေရတယ်။ ဒါတောင် အနိုင်နိုင်ပဲ။ အခုလိုမျိုးဖြစ်တော့ ဘာလုပ်ရ ဘာကိုင်ရမှန်းတောင် မသိတော့ ဘူး။”ဟု ပြောသည်။

တောင်ကလေး စစ်ဆေးရုံသို့ ရောက်ရှိလာသည့် ဒဏ်ရာရ တပ်သား ၃ဦးအနက် တစ်ဦးမှာ ရင်ဘတ်တွင် ကျည် ၅ချက်ထိ မှန်ကာ ဒဏ်ရာပြင်းထန်သည့်အတွက် အသက်ရှင်ရန် အခွင့်အလမ်းနည်းပါးကြောင်း ဆေးရုံဝန်ထမ်းများက ပြောဆိုနေကြ သည်။

သို့သော်လည်း ၎င်းတို့တပ်ဖွဲ့ကို လာရောက်ပစ်ခတ်ခဲ့သည့် ဒီကေဘီအေ တပ်ရင်းနံပါတ်ကိုမူ အတိအကျ မသိရှိရသေးပေ။

အလားတူ ယမန်နေ့ကလည်း ကေအဲန်အယ်လ်အေ (၁၀၁)တပ်ရင်းနှင့် ဒီကေဘီအေ ကလို့ထူးဝါဗျူဟာတို့ ပူးပေါင်း၍ အဆိုပါ ခမရ(၂၀၂)အား အောက်ဘိုတဲနေရာတွင် ၀င်ရောက်တိုက်ခိုက်ခဲ့ရာ အစိုးရစစ်တပ်ဘက်မှ ၆ဦးကျဆုံးပြီး ၁ဦးဒဏ်ရာ ရရှိကာ ကရင်တပ်ဖွဲ့ဘက်က ထိခိုက်မှုမရှိကြောင်း ဗိုလ်မှူးစောဆန်းအောင် ပြောသည်။

“မနေ့ နေ့လည်လောက်ကဖြစ်တဲ့ တိုက်ပွဲက တစ်နာရီခွဲလောက်တော့ ကြာတယ်။ အစိုးရတပ်က ၆ယောက်သေတယ်။ ၁ယောက်က ဒဏ်ရာရပေမဲ့ ကျနော်တို့ ပူးပေါင်းတပ်ဖွဲ့ဘက်က ထိခိုက်မှု တစုံတရာ မရှိပါဘူး။”ဟု ဗိုလ်မှူးစောဆန်းအောင်က ဆိုသည်။

ယခုလို ထိခိုက်ကျဆုံးမှု များပြားသည့် ခမရ(၂၀၂)တပ်ရင်းမှာ ဘားအံမြို့ အခြေစိုက် တပ်မ(၂၂)၏ လက်အောက်ခံ တပ်ရင်း တစ်ရင်းဖြစ်သည်။

11ReadMore-2.jpg

Sunday, October 2, 2011

Dateline Irrawaddy



11ReadMore-2.jpg

Template by:

Free Blog Templates