Thursday, September 29, 2011
KIA တပ်ရင်း (၈)နှင့် ဖြစ်ပွားသောတိုက်ပွဲတွင် ကြံဖွံ့စစ်သား ၁၅၀ ကျ
Published on Thursday, 29 September 2011 10:34
Written by KNG
KIA တပ်မဟာ ၄ မှ စစ်သားတစ်ဦး။
ရှမ်းပြည်မြောက်ပိုင်း၊ မန်တုံမြို့နယ်တွင် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIA) တပ်ရင်း (၈) အား ၆ ရက်ကြာ ထိုးစစ်ဆင်လာချိန် မြန်မာအစိုးရတပ်သား အနည်းဆုံး ၁၅၀ ကျဆုံးသည်ဟု မျက်မြင်များ ပြောသည်။
ယင်းအရေအတွက်မှာ မန်တုံမြို့နယ်ရှိ KIA တပ်ရင်း (၈) ဒေသအား စက်တင်ဘာ (၂၄) ရက် မှ စ ၍ မြန်မာအစိုးရတပ်က ထိုးစစ်ဆင်လာချိန် ပေါ်တာအဖြစ် မြန်မာအစိုးရတပ်က ခေါ်ဆောင်ခဲ့သော ပြည်သူများ ပြောဆိုချက်အရ သိရခြင်းဖြစ်သည်။
ကျဆုံးမြန်မာအစိုးရတပ်သားများသည် မိတ္ထီလာအခြေစိုက် တပ်မ (၉၉)မှ ဖြစ်သည်ဟု ထွက်ပြေးလာသည့် ပေါ်တာများနှင့် KIA အရာရှိများပြောသည်။
ယခုတိုက်ပွဲတွင် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံတပ်များအပြင် ရှမ်းပြည်ပြင်ပမှ တပ်မ(၉၉) နှင့် ရွာထောင် တပ်မ(၃၃)နှင့် KIA တပ်ရင်း (၈) ကြားဖြစ်ပွားခြင်းဖြစ်သည် ဟု KIA အရာရှိများပြောသည်။
KIA တပ်သား ၅ ဦး ယခု သီတင်းပတ်အစောပိုင်းက ကျဆုံးသွားသည်ဟု KIA အရာရှိများ အတည်ပြုပြောဆိုသည်။
mandong-myenယခုအခါ လွယ်ကန်အခြေစိုက် KIA တပ်မဟာ (၄) လက်အောက်ခံ တပ်ရင်း ၅ ခု အနက် ၃ ခု (တပ်းရင်း (၂)၊ တပ်ရင်း (၉)၊ တပ်ရင်း (၂၉)) အခြေစိုက်စခန်းများအား မြန်မာအစိုးရတပ်က ၀င်ရောက်သိမ်းပိုက်ထားသည်ဟု သိရသည်။
ထို့အပြင် ရာဂဏန်းရှိ တပ်မ (၉၉)၊ မကွေးအခြေစိုက် တပ်မ (၈၈)နှင့် အခြားတပ်ကူများ ထပ်မံရောက်ရှိလာကာ လွယ်ကန်မှ တောင်ဘက်ရှိ KIA တပ်ရင်း (၁၇) အခြေစိုက်စခန်းအနီး နေရာ ယူထားကြသည်ဟု မျက်မြင်သက်သေများက ဆိုသည်။
ယခုချိန်တွင် ထောင်ဂဏန်းရှိ စစ်ပြေးဒုက္ခသည်များ စစ်ဖြစ်ပွားရာဒေသမှ ထွက်ပြေးလာကြပြီး အများစုမှာ တောတောင်ထဲ ပုန်းအောင်းနေကြကာ နေရာထိုင်ခင်း၊ အစားအစာနှင့် ကျန်းမာရေးပြဿနာများ ရင်ဆိုင်ကြုံတွေ့နေရသည်ဟု ဒုက္ခသည်များနင့် နီးစပ်သူများက ဆိုသည်။
၆ ရက်ကြာ နှစ်ဖက် ပြင်းပြင်းထန်ထန် စစ်ဖြစ်ပွားနေစဉ် မိမိ နေရပ်ရွာ ကျေးရွားများကို စွန့်ခွာသော စစ်ပြေး ဒုက္ခသည် စုစုပေါင်း ၂၀၀၀၀ ကျော်ရှိကြောင်း KIA တပ်မဟာ ၄ အရာရှိများ ပြောသည်။
Tuesday, September 27, 2011
Monday, September 26, 2011
စစ်ပြေငြိမ်းဘို့ မလွယ်တော့ဟု KIO ဆို
တနင်္လာနေ့၊ စက်တင်ဘာလ ၂၆ ရက် ၂၀၁၁ ခုနှစ် ၁၈ နာရီ ၃၅ မိနစ်ချင်းမိုင်(မဇ္စျိမ) ။ ။ မြန်မာအစိုးရ တပ်အင်အား ၈၀၀ ကျော်နှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO တပ်မဟာ ၄ လက်အောက်ခံတပ်များ တိုက်ပွဲ လေးရက်ကြာ ဖြစ်ပွားနေပြီး အစိုးရတပ်များမှ ထိုးစစ်ဆင်လာခြင်းကြောင့် အပစ်ခတ်ရပ်စဲရေး မလွယ်ကူတော့ကြောင်း KIO ပြောခွင့်ရ ဦးလနန်က ပြောသည်။
“စစ်ပွဲတွေ ငြိမ်းဖို့ဆိုတာ လွယ်တော့ မလွယ်တော့ဘူး။ သူတို့ တပ်တွေတာ ရှိနေသရွေ့ကတော့ ပြည်တွင်းစစ်မီးက အလားအလာအများကြီး ဖြစ်လာပြီ၊ တပ်မဟာ (၄) မှာ ဖြစ်တဲ့ ကိစ္စဟာ အစိုးရဘက်က ထိုးစစ်ဆင်လာပြီးတော့ တိုက်ခိုက်တဲ့ တိုက်ပွဲပါ။” ဟု ဦးလနန်က မဇ္ဈိမကိုပြောသည်။
မြန်မာအစိုးရ တပ်ဖွဲ့များသည် ၁၂ဝ မမ၊ ၁ဝ၅ မမ၊ ၈၁ မမ၊ ၇၅ မမ စသည့် လက်နက်ကြီး ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်နေပြီး KIO ဘက်မှ ပျောက်ကြားနည်းဖြင့် ခုခံတိုက်ခိုက်နေသည်ဟု ဆိုသည်။
ရှမ်းပြည်နယ် မူဆယ်မြို့နယ်နှင့် ကွတ်ခိုင်မြို့နယ်အတွင်းဖြစ်နေသည့် တိုက်ပွဲများအတွင်း မြန်မာအစိုးရဘက်မှ အနည်းဆုံး ၁ဝဝ ကျဆုံးပြီး ၅ဝ ခန့်ဒဏ်ရာရမှုများ ရှိနေကာ KIO ဘက်မှ စစ်ဗိုလ်တဦး ကျဆုံးနှင့် တပ်သား
နှစ်ဦးတို့ ဒဏ်ရာမှုများ ရှိသည်ဟု ဦးလနန်က ဆက်ပြောသည်။
အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (ရမခ) လက်အောက်ခံ တပ်ရင်းများနှင့် သိန္တီမြို့အခြေစိုက် စစ်ဆင်ရေးနှင့် ကုတ်ကဲရေးဌာန (စကခ) ၁၆ များမှ ခလရ ၄၅၊ ၆၈၊ ၆၉၊ ၁၄၄၊ ၂၉ဝ၊ ခမရ ၅၂၂၊ ၅ဝ၂၊ ၅ဝ၇နှင့် တပ်မ ၉၉ တို့မှ အင်အား ၈ဝဝ ကျော်တို့က KIO ၏ တပ်မဟာ (၄) လက်အောက်ခံ တပ်ရင်း ၂၊ ၈ ၊ ၉ တပ်ဖွဲ့များအကြား ယခုလ
၂၃ ရက်နေ့မှ စတင်ကာ တနင်္လာနေ့ထိ ဆက်တိုက်, တိုက်ပွဲများ ဖြစ်ပွားနေသည်ဟုလည်း ဦးလနန်ကဆိုသည်။
KIO အနေဖြင့် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေး လိုသော်လည်း မြန်မာအစိုးရဘက်မှ ယခုလို ထိုးစစ်ဆင်လာမှုသည်
နိုင်ငံရေးကို စစ်ရေးနှင့် ဖြေရှင်းရန် ပေါ်လွင်နေပြီး သမ္မတ ဦးသိန်းစိန်၏ ငြိမ်းချမ်းရေးတွေ့ဆုံ ဆွေးနွေးရေး ထုတ်ပြန်ချက်နှင့် အစိုးရတပ်များ လုပ်ဆောင်မှုသည် ကွဲပြားနေသည်ဟုလည်း သူကပြောသည်။
“ကျနော်တို့ ကေအိုင်အိုကို စစ်နဲ့ ခြိမ်းခြောက်ပြီးမှဘဲ နိုင်ငံရေးကို ဖြေရှင်းမယ်ဆိုရင်လုံးဝ လက်မခံနိုင်ဘူး၊ အခု ဒီပုံစံအတိုင်းဆိုရင် ငြိမ်းချမ်းရေးဆွေးနွေးမှုကတော့ အလှမ်းကွာဝေးသွားပြီဗျ၊ တိုက်ပွဲက ရပ်သွားမဲ့ပုံတော့ မရှိတော့ ဘူး။ အချိန်ကြာတိုက်ဖို့ စစ်မီးက ကြာသွားနိုင်တယ်”ဟု ပြောသည်။
KIO ထိန်းချုပ်ရာနယ်မြေတခုဖြစ်သော ကုတ်ခိုင်မြို့နယ် မန်ဂျေကျေးရွာ အနီးတဝိုက်၊ မူဆယ်မြို့နယ် ဒီမာ၊
ဟူးဖြတ်၊ ဒတ်နိုင်းနှင့် မန်တုံမြို့နယ်အတွင်း တိုက်ပွဲများ ဖြစ်ပွားနေဆဲ ဖြစ်သည်ဟုလည်း ဦးလနန်က ဆိုသည်။
တိုက်ပွဲများကြောင့် မူဆယ်မြို့နယ်နှင့် ကွတ်ခိုင်မြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၁ဝ ခုကျော်မှ ဒေသခံရွာသားများ တနင်္ဂနွေနေ့မှ စတင်၍ တရုတ်-မြန်မာနယ်စပ်သို့ ထွက်ပြေး တိမ်းရှောင်နေကြသည်ဟု သိရသော်လည်း လူဦးရေ စာရင်းနှင့် မည်သည့်နေရာတွင် ရောက်ရှိနေသည်ကိုမူ မသိရသေးပါ။
ယင်းအပြင် ယခုလ ၂၄ ရက်နေ့ကလည်း KIO ၏ တပ်မဟာ (၃) အောက်မှ တပ်ရင်း ၁၆ နှင့် တရုတ်နယ်စပ်ရှိ လွယ်ဂျယ်အခြေစိုက် ခလရ ၃၄၁ တပ်ဖွဲ့တို့အကြား အပြန်အလှန်ပစ်ခတ်ခဲ့သဖြင့် ဒေသခံ တချို့ တရုတ်နိုင်ငံ
ဘက်သို့ ထွက်ပြေး တိမ်းရှောင်နေမှုများလည်း ရှိနေသည်ဟု သိရသည်။
ထိုစဉ်တွင် ဧရာဝတီမြစ်ဖျားရှိ မြစ်ဆုံရေကာတာ တည်ဆောက်ရေးလုပ်ငန်းအတွက် တရုတ်နိုင်ငံဘက်မှ ဘိလပ်မြေ၊ သံထည်ပစ္စည်းများ တင်သွင်းလာခြင်းကို ပြီးခဲ့သည့်လက KIO က ထိန်းချုပ်ပိတ်ပင်ခဲ့သဖြင့် လုပ်ငန်းရပ်ရသည့်
အထိ ရှိခဲ့သော်လည်း လက်ရှိ မြစ်ကြီးနားမြို့ပေါ်ရှိ ဆောက်လုပ်ရေး ပစ္စည်းဆိုင်များမှ ဈေးပိုပေး၍ ဘိလပ်မြေများ ဝယ်ယူနေသည်ဟုလည်း KIO က ပြောသည်။
ကရင်တပ်ဖွဲ့လက်ချက်ဖြင့် အစိုးရစစ်သည် ၄ဦးကျဆုံးသလို မှန်လုံကားတစီး မီးလောင်
စောသိန်းမြင့်(ကေအိုင်စီ)
ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်တွင် ယမန်နေ့က ကရင်တပ်ပူးပေါင်းတပ်ဖွဲ့များသည် ကြောင်လျှာကုန်းရှိ အစိုးရ စစ်တပ်များ အား ၀င်ရောက်ပစ်ခတ်ခဲ့ရာ အစိုးရတပ်ဘက်က ၄ဦးသေဆုံးခဲ့သည်ဟု ကရင်တပ်ဖွဲ့ဘက်က ပြောသည်။
စက်တင်ဘာလ ၂၅ရက်နေ့ မွန်းလွဲ ၁နာရီခန့်တွင် ကရင်ပူးပေါင်းတပ်ဖွဲ့များဖြစ်ကြသည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အ မျိုးသား တပ်မတော်(ဒီကေဘီအေ) ကလို့ထူးဝါးဗျူဟာနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ကေအဲန်အယ်လ် အေ)တို့ပူးပေါင်းပြီး ကြောင်လျှာကုန်းစခန်းရှိ အစိုးရစစ်တပ် ခလရ(၉၇)နှင့် ခမရ(၃၅၇)တပ်ရင်းအား တစ်နာရီဝန်းကျင်ခန့် ၀င် ရောက်ပစ်ခတ်ခဲ့သည်ဟု ဒီကေဘီအေ၏ ပြောခွင့်ရသူ ဗိုလ်မှူးဆန်းအောင်က ပြောသည်။
“မနေ့က ၁နာရီအချိန်မှာ ကြောင်လျှာကုန်းမှာရှိတဲ့ ရန်သူ့တပ် ရတခ (အရှေ့တောင်တိုင်းစစ်ဌာနချုပ် လက်အောက်ခံ) ခလရ ၉၇နဲ့ တပ်မ(၂၂)က ခမရ(၃၅၇)တပ်ရင်းတွေကို ကျနော်တို့ ကလိုထူးဝါးဗျူဟာမှူး ဗိုလ်မှူးကျော်သက် ဦးစီးပြီး ၀င်ရောက်ပစ် ခတ်တယ်။ ရန်သူ့ဘက်က ၄ဦး သေတယ်။ ကျနော်တို့ဘက်ကတော့ တယောက်မှ မထိဘူး။”ဟု ပြောသည်။
ထို့အပြင် ထိုနေ့မွန်းလွဲ ၃နာရီအချိန်တွင် ကော့ကရိတ်မြို့၏ အရှေ့မြောက်ဘက်ခြမ်း (၂၅)ကီလိုမီတာ အကွာအဝေးရှိ အောက်ဘိုတဲနေရာတွင် အဆိုပါပူးပေါင်းတပ်ဖွဲ့က ကော့ကရိတ်-မြ၀တီကားလမ်းတွင် ပြေးဆွဲနေသော မှန်လုံကားတစ်စီးကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု သိရသည်။
၎င်းကိစ္စနှင့်ပတ်သက်၍ ကေအိုင်စီမှ ဗိုလ်မှူးစောဆန်းအောင်အား မေးမြန်းရာ “ကြံ့ဖွံ့အစိုးရနဲ့ ကိုယ်ကျိုးကြည့်နေတဲ့ လက် နက်ကိုင်အဖွဲ့တွေ ပူးပေါင်းပြီး စီးပွားရှာနေတဲ့ ကားမှန်သမျှကို လုပ်နိုင်သလောက် လုပ်ပါလို့ ကျနော်တို့ ဗိုလ်ချုပ်စောလား ပွယ်က ညွှန်ကြားထားပါတယ်။ သာမန်အရပ်သားဥစ္စာက လွဲရင်ပေါ့။ ဒါကြောင့် ကျနော်တို့လုပ်တာဖြစ်တယ်။”ဟု ပြန်လည် ဖြေကြားသည်။
ကားသမားများနှင့် ရင်းနှီးသူတစ်ဦးက “အခုမီးရှို့ခံလိုက်ရတဲ့ ကားသမားက အပြောမတတ်တာလည်း ပါတယ်။ ဟိုက တောင်း တာက ၂သိန်း။ အဲဒါကို ကားသမားက ၆သောင်းပဲပါတယ်။ ယူချင်ယူ မယူချင်နေဆိုတော့ လူတွေကို ဆင်းခိုင်းပြီး ကားကို မီး ရှို့ပစ်လိုက်တာပေါ့။ ကားပိုင်ရှင်က ဖြေရှင်းဖို့လိုက်ပါသေးတယ်။ ဒါပေမဲ့ မမှီတော့ဘူးလေ။ ကားမောင်းသူက ဘယ်ရှုံးမလဲ။ ကားအုံနာပဲ နစ်နာတာပေါ့။”ဟု ဆိုသည်။
အဆိုပါ မှန်လုံကားကြီး မီးရှို့သည့်အချိန်တွင် ကော့ကရိတ်မြို့ နေပူခံကုန်းရှိ အစိုးရစစ်တပ်၏ လက်နက်ကြီးတပ်ဖွဲ့မှ လက် နက်ကြီးများဖြင့် လှမ်း၍ပစ်ခတ်မှုများ အချိန်အတော်ကြာ လုပ်ခဲ့သေးသည်ဟု ဗိုလ်မှူးစောဆန်းအောင်က ဆက်ပြောသည်။
ပြီးခဲ့သည့် ရက်သတ္တပတ်ကလည်း နယ်ခြားစောင့်တပ်မှ ဗိုလ်ချစ်သူ လက်မှတ်ပါသည့် ဟိုင်းလက်ကားတစ်စီးကိုလည်း ဒီကေ ဘီအေ အဖွဲ့မှ မီးရှို့ခဲ့သေးသည်ဟုလည်း ကုန်သည်များနှင့် ကားသမားများက ပြောဆိုနေကြသည်။
ဗိုလ်မှူးချုပ်စောလားပွယ် ဦးစီးသည့် ဒီကေဘီအေ အဖွဲ့သည် ယခုနှစ် ဖေဖော်ဝါရီလက မြ၀တီ-ကော့ကရိတ် တောင်ပေါ်ကား လမ်းတွင် သွားလာနေသည့် ကားကြီးကားငယ်များကို တနှစ်စာ အခွန်ပေးဆောင်ရန် စာထုတ်ထားပြီးနောက် ကားသမားများ ထံမှ ငွေကောက်ခံနေခြင်းဖြစ်သည်။
အလားတူ စက်တင်ဘာလ ၂၄ရက်နေ့ ညနေ ၆နာရီကျော်အချိန်တွင် ဒီကေဘီအေ ကလို့ထူးဘောဌာနချုပ်စစ်ကြောင်းနှင့် ကေအဲန်အယ်လ်အေ(၂၀၁)တပ်ရင်းတို့ပူးပေါင်း၍ မြ၀တီမြို့၏ တောင်ဘက်ခြမ်း ဝေါ်လေဒေသ၊ ဗျူဟာကုန်းရှိ ဗိုလ်မှူးကြီး ရဲမင်း ဦးစီးသည့် နည်းဗျူဟာ(၂)ကို ဆယ်မိနစ်ကျော် ၀င်ရောက်ပစ်ခတ်ခဲ့သော်လည်း ထိခိုက်ကျဆုံးမှုကို မသိရှိရကြောင်း ကေအဲန်အယ်လ်အေဘက်က ပြောသည်။
Labels: သတငိး
ပထမဆုံး KIA တပ်ရင်းတစ်ခုအား မြန်မာအစိုးရတပ်က သိမ်းပိုက်
kachinnews.com
ရှမ်းပြည်မြောက်ပိုင်းမှ ပထမဆုံး ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA)၏ တပ်ရင်းတစ်ခုအား မြန်မာစစ်တပ်မှ စက်တင်ဘာ (၂၅)၊ တနင်္ဂနွေနေ့ ညနေပိုင်းတွင် သိမ်းပိုက်လိုက်သည်။
ကွတ်ခိုင်အနီး လွယ်ကန်ဌာနချုပ် KIA တပ်မဟာ (၄) အောက် ဗိုလ်မှူး မခေါလရိန် ဦးစီးသည့် ဒတ်နိုင်း အခြေစိုက် KIA တပ်ရင်း (၉) အား မကွေး တပ်မ(၈၈)နှင့် မိတ္ထီလာ တပ်မ(၉၉)မှ နှစ်ရက်ကြာ ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်ပြီး သိမ်းယူလိုက်သည်ဟု တပ်မဟာ (၄) KIA အရာရှိများပြောသည်။
နှစ်ရက်ကြာတိုက်ပွဲတွင် KIA မှ ဗိုလ်တစ်ဦးနှင့် စစ်သားတစ်ဦးတို့ အစိုးရတပ် အမြောက်ဆံထိမှန် ကျဆုံးခဲ့ကြောင်း KIA အရာရှိများ ဆိုသည်။
အစိုးရစစ်တပ်ဘက်မှ ဒါဇင်နှင့်ချီ ကျဆုံးပြီး (၁၀၀) ခန့် ဒဏ်ရာရရှိကြသည်ဟု ရှေ့တန်းမှ KIA အရာရှိများပြောသည်။
မြန်မာစစ်တပ်က ၁၂၀ မမ အမြောက်ကျည်များ ဆက်တိုက်ပစ်ခတ်မှုကို မခံနိုင်သောကြောင့် ဒတ်နိုင်း (KIA တပ်ရင်း (၉) အခြေစိုက်စခန်း)မှ KIA တပ်ဖွဲ့များ ဆုတ်ခွာပေးလိုက်ခြင်းဖြစ်သည်ဟု KIA အရာရှိများပြောသည်။
ထို့အပြင် တနင်္ဂနွေနေ့ မှာပဲ နမ္မတူအနီး အခြေစိုက် KIA တပ်ရင်း (၈) နှင့် အစိုးရစစ်ကြောင်းများ မံတုံမြို့နယ်ခွဲ နမ်ဟိုင်းအနီးတွင်လည်း ပြင်းထန်သည့်တိုက်ပွဲ ဖြစ်ပွားခဲ့သည်။
ယင်းတိုက်ပွဲတွင် KIA တပ်သား ၅ ဦးကျဆုံးပြီး အစိုးရဘက်တွင် အများအပြား ကျဆုံး ထိခိုက် ဒဏ်ရာရရှိမှုရှိသည်ဟု တပ်ရင်း (၈) သတင်းရပ်ကွက်က ဆိုသည်။ တိုက်ပွဲများ ဆက်ဖြစ်နေကြောင်း သိရသည်။။
စက်တင်ဘာ ၂၄၊ စနေနေ့ကစပြီး အင်အား ၁၀၀၀ ကျော်ပါဝင်သည့် မြန်မာစစ်တပ် တပ်မနှစ်ခုနှင့် KIA ကြား KIA တပ်မဟာ (၄) ပတ်ဝန်းကျင် တပ်ရင်း၂၊ တပ်ရင်း ၈ နှင့်တပ်ရင်း ၉ နေရာများတွင် ဖြစ်ပွားခြင်းဖြစ်သည်။
KIA တပ်ရင်း (၉) ကျရှုံးသွားပြီးနောက်ပိုင်း ရှမ်းပြည်မြောက်ပိုင်းတွင် တိုက်ပွဲများ ပိုမို ကျယ်ပြန့် ပြင်းထန်လာမည်ဟု KIA အရာရှိများပြောသည်။
ပိုမိုပြင်းထန်လာသော စစ်ပွဲများကြောင့် တရုတ်နယ်စပ် မုန်းကို သို့ တိမ်းရှောင်လာကြသည့် ကချင်၊ ရှမ်းနှင့် အခြား စစ်ပြေးဒုက္ခသည်များကို တရုတ်နိုင်ငံဘက် မ၀င်လာရန် တရုတ်စစ်သားနှင့် နယ်ခြားစောင့်တပ်များက တားမြစ် စောင့်ကြပ်နေကြောင်း မုန်းကို ဒေသခံများပြောသည်။
.
Labels: သတငိး
Sunday, September 25, 2011
နယ်ခြားစောင့်တပ် စီးပွားရေးလုပ်ငန်းပိုင် ကားတစီး မီးရှို့ခံရ
http://www.naytthit.net/?p=20084

ကရင်ပြည်နယ် ကော့ကရိတ်မြို့အထွက် ကြောင်ရှာကုန်းမှာ ကြံ့ဖွံ့စစ်အစိုးရ စစ်တပ် ခလရ ၉၇ တပ်ရင်းကို ဒီကေဘီအေ အဖွဲ့မှ ဗိုလ်မှူး ကျော်သက် ဦးစီးတဲ့ တပ်ဖွဲ့တွေဟာ ဒီကနေ့ ၁ နာရီခွဲလောက်မှာ ပြောက်ကျားတိုက်ခိုက်ခဲ့တယ်။ ကြံ့ဖွံ့အ စိုးရဘက်မှ တပ်သားတဦး ကျဆုံးခဲ့တယ်လို့ သိရှိရပါတယ်။
တဆက်တည်းမှာပဲ မြဝတီ ကော့ကရိတ် ကုန်သည်ကားလမ်းပေါ်က အောက်ဗိုလ်တဲနေရာမှာ ညနေ ၃ နာရီလောက်က ကရင်ပြည်နယ် နယ်ခြားစောင့်တပ်မှ ဗိုလ်ချစ်သူ ဦးစီးလုပ်ကိုင်နေတဲ့ မြဝတီ ဘားအံ သယ်ယူပို့ဆောင်းရေးလုပ်ငန်းမှ မှန်လုံကားကြီးတစီးကို ဒီကေဘီအေ တပ်ဖွဲ့ဝင်တွေက မီးရှို့ပစ်ခဲ့တယ်လို့ သိရှိရပါတယ်။
အောက်ဗိုလ်တဲ့မှာ ဒီကနေ့ ဖြစ်ပျက်ခဲ့တဲ့ အခြေအနေနဲ့ ပတ်သက်လို့ ဒီကေဘီအေ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး ဆန်းအောင် က ခုလို့ ရှင်းပြပါတယ်..
“ဟုတ်တယ် ဒီကနေ့ ကျနော်တို့ တပ်ဖွဲ့တွေ ကုန်းသည်ကားလမ်းပေါ်မှာပဲ လှုပ်ရှားမှု ၂ ခု လုပ်ခဲ့တယ်။ ကြောင်ရှာကုန်း မှာ တပွဲ၊ အောက်ဗိုလ်တဲ့မှာကတော့ ကြံ့ဖွံ့စစ်စိုးရနဲ့ ပတ်သက်ပြီး စီးပွားရေးလုပ်နေတဲ့ မှန်လုံကားကြီးတစီးကို မီးရှို့လိုက် တယ်။ ကျနော်တို့ ခေါင်းဆောင်း ဗိုလ်စောလားပွယ်က ကျနော်တို့ အားလုံးကို ညွှန်ကြားထားပါတယ်။ ရိုးရိုးသားသား စီးပွားရှာနေတဲ့ ပြည်သူတွေကို စောင့်ရှောက်ရမယ်။ ကြံ့ဖွံ့အစိုးရနဲ့ ပတ်သက်တဲ့ စီးပွားရေးလုပ်ငန်း၊ နယ်ခြားစောင့်တပ်နဲ့ ပတ်သက်တဲ့ စီးပွားရေးလုပ်ငန်းတွေကို ချေမှုန်းပစ်ရမယ်လို့ ညွှန်ကြားထားတယ်။ ဒါတွေနဲ့ ပတ်သက်ပြီးတော့လဲ ဒေသခံ ပြည်သူတွေကို အသိပေးထားပြီးဖြစ်တယ်။” လို့ ပြောပြသွားပါတယ်။
http://www.naytthit.net/?p=20084
Labels: သတငိး
KIA တပ်မဟာ (၄)အား သိမ်းပိုက်ရန် မြန်မာစစ်အင်အား အလုံးအရင်းနှင့် ထိုးစစ်ဆင်
KNG
KIA တပ်မဟာ ၄ ဌာနချုပ်၊ လွယ်ကန်
မြန်မာအစိုးရသည် ရှမ်းပြည်မြောက်ပိုင်းရှိ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA)၊ တပ်မဟာ (၄) ဌာနချုပ်ကို သုံးရက်အတွင်း သိမ်းပိုက်ရန် စစ်အင်အား ၁၀၀၀ ကျော်ပါဝင်သည့် “မုန်တိုင်း ထိုးစစ်” ကို စက်တင်ဘာ ၂၇၊ စနေနေ့က စတင်လိုက်သည်။
“ဇွန် ၉ ရက် နောက်ပိုင်းဖြစ်ပွားတဲ့ တိုက်ပွဲများတွင် ယခုတိုက်ပွဲမှာ မြန်မာစစ်အင်အား အကြီးဆုံးဖြစ်တယ်။ ဒါဟာ KIA အား စစ်အင်အား အလုံးအရင်းနှင့် မုန်တိုင်း ထိုးစစ် ဆင်နေခြင်းဖြစ်တယ်။” ဟု တပ်မဟာ (၄) KIA အရာရှိတစ်ဦးပြောသည်။
စနေနေ့ နံနက် ၄ နာရီ မှစ၍ ကွတ်ခိုင်အနီး KIA တပ်မဟာ (၄) ဌာနချုပ် လွယ်ကန် ဒေသ၀န်းကျင်တွင် နှစ်ဘက်တပ်များကြား ပြင်းထန်သောတိုက်ပွဲများ ဖြစ်လာသည်ဟု တပ်မဟာ (၄) KIA အရာရှိတစ်ဦးပြောသည်။
တိုက်ပွဲများ ကွတ်ခိုင် အထက် မန္တလေး-မူဆယ် တရုတ်နယ်စပ်ကုန်သွယ်ရေးလမ်းမ၏ တဖက်တချက်ရှိ ဟိုဖက်၊ မန်ဂျေ၊ မုန်းခေါမ်၊ ဘန်ဖိတ်၊ ဒီမားစသည့် ရွာများအနီးနှင့် လွိုင်လမ်န်ဘွမ် (Loi Lem Bum) တောင်ခြေ တွင် ဖြစ်ပွားသည်ဟု ဆိုသည်။
KIA တပ်ရင်း (၂)၊ (၈) နှင့် (၉)မှ တပ်သားများက ယခုအချိန်ထိ မြန်မာစစ်တပ် မကွေးအခြေစိုက် တပ်မ (၈၈)နှင့် မိတ္ထီလာအခြေစိုက် တပ်မ (၉၉) ထိုးစစ်ကို ခုခံနေကြောင်း သိရသည်။
ယင်းတပ်မ နှစ်ခုတွင် တပ်ရင်း(၁၈)နှင့် စစ်အင်အား ၁၀၀၀ ကျော်ပါဝင်သည့် မုန်တိုင်း ထိုးစစ်အား အထူးစစ်ဆင်ရေးအဖွဲ့-၂ (BSO-2) မှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်သန်းထွဋ်က ဦးဆောင်နေသည်ဟု KIA အရာရှိများပြောသ
ဒုတိယဗိုလ်ချုပ်ကြီး အောင်သန်းထွဋ်က ဦးဆောင်နေသည်ဟု KIA အရာရှိများပြောသည်။
ယခုလို မြန်မာအစိုးရမှ KIA တပ်မဟာ (၄) အား ထိုးစစ်ဆင်ခြင်းသည် ရခိုင်ပြည်နယ် ရွှေဓါတ်ငွေ့ ပိုက်လိုင်းဖြတ်သန်းမည့် လမ်းကြောင်းရှိ KIA တပ်မဟာ (၄) အား စစ်အင်အားဖြင့် အဓ္ဓမ မောင်းထုတ်ရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု KIA အရာရှိများ ယူဆထားသည်။
ဒီမားကျေးရွာထဲသို့ အစိုးရတပ်မှ အမြောက်ကျည် ၂ လုံး ကျရောက်ပေါက်ကွဲနေသော်လည်း သေကြေဒဏ်ရာရရှိမှု ရှိမရှိ မသိရသေးကြောင်း ရွာသားများပြောသည်။
တိုက်ပွဲဖြစ်ရာဒေသထဲမှ ရွာသားများအား လုံခြုံသောနေရာသို့ပြောင်းရွှေ့ရန် KIA က ညွှန်ကြားထားသည်ဟု ၎င်းဒေသမှ ဒေသခံများပြောသည်။
စစ်ပွဲကြောင့် စစ်ဖြစ်ရာဒေသမှ ကချင်နှင့် ရှမ်း ဒုက္ခသည် ထောင်ဂဏန်း ထွက်ပေါ်လာပြီး အများစုသည် တရုတ်နယ်စပ် မုန်းကိုသို့ ထွက်ပြေးရောက်ရှိနေသည်ဟု မျက်မြင်သက်သေများ ပြောသည်။
စစ်ပြေးဒုက္ခသည်များ တရုတ်နယ်စပ်မြို့ မံဟိုင်း ၀င်လာခြင်းအား မံဟိုင်းတွင် အခြေစိုက် ထားသော တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ (PLA) စစ်သား (၁၀၀) ကျော်နှင့် တရုတ်နယ်ခြားစောင့်တပ် ၈၀ ကျော်က တင်းကြပ်စွာ ဟန့်တားနေသည်ဟု မုန်းကို ဒေသခံများ ပြောသည်။
သို့သော် မြန်မာပြည်ထဲ စီးပွားရေး လာလုပ်သော တရုတ်နိုင်ငံသားများ ပြန်ဝင်လာခွင့်ပြုနေသည်ဟု ဆက်ဆိုသည်။
Labels: သတငိး
မြန်မာစစ်တပ်၏မိုင်းနင်းမိပြီး ကချင်လင်မယားနှစ်ဦး ဒဏ်ရာရ
KNG
kachin mine victim
ရွာအနီး မြန်မာစစ်တပ် ထောင်ထားတဲ့ မိုင်းနင်းမိကာ ထိခိုက်ဒဏ်ရာ ရရှိသွားသော ရှထူးဇွပ် ကချင် လင်မယားနှစ်ဦး။
စက်တင်ဘာ ၂၁၊ ဗုဒ္ဓဟူးနေ့ ၁၀ နာရီကျော်ခန့်က တနိုင်းမြိ့နယ် လီဒိုလမ်းမပေါ်မှ ရှထူးဇွပ်ကျေးရွာ ကချင်လင်မယားနှစ်ဦးမှာ ရွာအနီး မြန်မာစစ်တပ် ထောင်ထားသော မိုင်းနင်းမိကာ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
မိုင်းကြောင့် ဦးလဂျော်နော်မှာ တစ်ကိုယ်လုံး ဒဏ်ရာရရှိသွားပြီး ၎င်း၏ဇနီးသည် လွယ်လမ်လု မှာ ညာဘက် ခြေထောက်ကြိုးသွားခဲ့သည်။
sahtuzup-myen
ဒဏ်ရာ ပြင်းထန်မှုကြောင့် ၎င်းတို့နှစ်ဦးအား ကားမိုင်းဆေးရုံသို့ ပို့ထားရာမှ ယခုအချိန် မြစ်ကြီးနားဆေးရုံကြီး သို့ ပြောင်းရွှေ့ထားကြောင်း လူနာနှင့်နီးစပ်သူများပြောသည်။
ရွာမှ ရိုမင်ကက်သလစ် အသင်းတော်၏ လက်ဝါးကပ်တိုင်တောင် အနီးတွင် ထောင်ထားသောမိုင်းကို လင်မယားနှစ်ဦး နင်းမိပြီး ထိခိုက်ဒဏ်ရာရရှိခြင်းဖြစ်သည်ဟု ရွာသားများပြောပါသည်။
ထို မိုင်းအား ရွာအခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် အောက် ခလရ (၂၉၇) မှ ထောင်ထားသည်ဟု ရွာသားများ ကချင်သတင်းဌာနသို့ ပြောသည်။
Labels: သတငိး
အမုန်းခံစိတ်နှင့် သင်ယူနေရဆဲ ဗမာစကား
Written by မောက္ခ
“သင်ပြောဆိုတဲ့ ဘာသာစကား အသစ် တစ်ခုတိုင်းအတွက် ဘ၀အသစ် တစ်ခုစီကို ပိုင်ဆိုင် နေထိုင်နိုင်ပါတယ်။ တကယ်လို့ သင်ဟာ ဘာသာစကား တစ်ခုမျှသာ သိတယ်ဆိုရင်တော့ သင်ဟာ တစ်ကြိမ်မျှသာ ရှင်သန် နေထိုင်ခွင့် ရှိနေတယ်။”
ဒီ ချက်လူမျိုးများ၏ စကားပုံကလေးမှာ ဥရောပ ဘာသာစကားများနေ့ ကြွေးကြော်သံ ဆောင်ပုဒ်လည်း ဖြစ်လို့နေသည်။
စက်တင်ဘာလ ၂၆ ရက်နေ့သည် “၁၀ ကြိမ်မြောက် ဥရောပ ဘာသာစကားများနေ့” နေ့ထူးနေ့မြတ်တစ်ရက် ဖြစ်ပါသည်။ ညီလာခံသဘင်များ၊ ပဟေဠိပြိုင်ပွဲများ၊ ကဗျာ ရွတ်ဆိုပြိုင်ပွဲများ၊ လမ်းမပေါ်က အားကစားပွဲများဖြင့် ဥရောပ အနှံ့အပြားတွင် ဆင်ယင် ကျင်းပမည်ဖြစ်ကြောင်း ဥရောပ ကော်မစ်ရှင်အဖွဲ့က ကြေညာချက်ထဲတွင် ဖေါ်ပြထားသည်။
အဓိက ရည်ရည်ရွယ်ချက်မှာ ဘာသာစကားများ သင်ယူရေးကို မြှင့်တင်ပေးရန်အတွက်နှင့် ဥရောပ၏ ဘာသာစကား ထွေပြားစုံလင်မှုကို ဂုဏ်ပြု ဆင်ယင် ကျင်းပပေးရန်အတွက် ဖြစ်သည်။ အီးယူ၏ တရားဝင် ဘာသာစကား ၂၃ မျိုး အပါအ၀င် ပူးတွဲ တရားဝင်ဘာသာစကားများ၊ ဒေသန္တရသုံးစကား၊ လူမျိုးနွယ်စု စကားများအတွက် ဖြစ်ပါသည်။
ဥရောပ ပညာရေး၊ ယဉ်ကျေးမှု၊ ဘာသာစကားစုံလင်မှုနှင့် လူငယ်ရေးရာ ကော်မစ်ရှင်နာ အန်ဒရိုအူလာ ဗာစီလီအိုနှင့် ဥရောပ ကောင်စီ အထွေထွေ အတွင်းရေးမှူး သော့ယန် ဂျဂလန်တို့အတူ ပူးတွဲ ကြေညာချက်လည်း ထုတ်ပြန်ကြမည်။ ဘာသာစကား ထွေပြားစုံလင်မှုအတွက် သူတို့၏ တာဝန်ယူ လုပ်ဆောင်ရမည့် ကတိက၀တ်ကို ထပ်မံ အတည်ပြု ပေးခြင်းလည်ဖြစ်သည်။
တိုင်းရင်းသားစကားတွေ အများကြီး ပြောကြစို့
တိုင်းရင်းသားစကားတွေ အများကြီး ပြောကြစို့
ပိုလန်က ဥက္ကဌ နေရာ တာဝန် ယူထားသော အီးယူ၏ အာဂျင်ဒါထဲတွင် ဘာသာစကား သင်ယူမှုကို အမြင့်ဆုံး ထည့်သွင်း ထားရှိပါသည်။ မိခင်ဘာသာစကားအပြင် အခြားသော ဘာသာစကား ၂ မျိုးကိုလည်း သင်ယူလေ့လာရန် လူငယ်ထု တစ်ရပ်လုံးကို တိုက်တွန်းထားသည်။ ပုဂ္ဂလ ရည်မှန်းချက်များအပြင် အလုပ်အကိုင် အတွက်လည်း အကျိုး ဖြစ်ထွန်းစေသည်ဟု ဆိုပါသည်။
“မိခင်ဘာသာစကား အပြင် အခြားသော ဘာသာစကားတစ်ခုခုကို တတ်မြောက်ထားခြင်းရဲ့ အကျိုးကျေးဇူးတွေကတော့ လက်တွေ့ကို အလွယ်တကူ မြင်တွေ့နိုင်တာပါ။ ဂျာမဏီမှာ ထွက်ပြီး အလုပ်လုပ်မလား၊ ပြင်သစ်မှာ ပညာ သွားသင်ချင်သလား၊ ဒါမှမဟုတ်ရင် ဆိုက်ပရပ်မှာ အပန်းဖြေခရီး ထွက်မလား၊ ဒေသခံတွေနဲ့ ဆက်သွယ်ပြောဆို နိုင်တာကတော့ဖြင့်ရင် အင်မတန်မှ အကျိုးများလှတယ်။ ဘာသာစကားတွေဟာ စိတ်ပြတင်းပေါက်ကို ဖွင့်လှစ်ပေးတယ်။ မိုးကုပ်စက်ဝိုင်းပေါင်း များစွာကိုလည်း ခံစားနိုင်ပြန်တယ်။ အလုပ်ရနိုင်တဲ့ အခွင့်အလမ်းလည်း တိုးပွားတယ်လေ။” ကော်မစ်ရှင်နာ ဗာစီလီအိုက ဆိုသည်။
မြန်မာနိုင်ငံနှင့် ဘာသာစကား ထွေပြားစုံလင်မှု
တိုင်းရင်းသားမျိုးနွယ်စု ထွေပြားစုံလင်လှပြီး ဘာသာစကားလည်း ပေါများ ကြွယ်ဝလှသည့် မြန်မာနိုင်ငံသူ နိုင်ငံသားများအနေဖြင့်လည်း ဖက်ဒရယ်ပြည်ထောင်စု တိုင်းပြည် တည်ထောင်ရန်အတွက် ဘာသာစကား တတ်မြောက်မှုမှာ အရေးကြီးလွန်း နေသည်။ မိခင်ဘာသာစကားအပြင် အခြားသော ဘာသာစကားတို့ကို ဂုဏ်ယူစွာဖြင့် ပြောဆို တတ်မြောက်သင့်လှပါသည်။
မတူကွဲပြားသည့် ယဉ်ကျေးမှုများကို ခံစားသိမြင်ပြီး သဟဇာတဖြစ်ရေး၊ ငြိမ်းချမ်းရေးနှင့် အလုပ်အကိုင် အခွင့်အလမ်း တို့အတွက် မိခင်ဘာသာ စကားအပြင် အခြားသော တိုင်းရင်းသား ဘာသာစကားများနှင့် အိမ်နီးချင်း တိုင်းပြည်၏ ဘာသာစကားတို့ကိုလည်း တတ်မြောက် ထားသင့်ပါသည်။
မိခင်ဘာသာစကား၊ တိုင်းရင်းသား ဘာသာစကားတို့ကို သင်ကြားခွင့် ပိတ်ပင်ခြင်း၊ တားဆီးဟန့်တားခြင်း၊ နှောက်ယှက်ခြင်းတို့မှာ အလွန်ပင် ဆိုးဝါးလှပါသည်။ နောက်ဆက်တွဲ ဆိုးကျိုးများစွာကို အားလုံးက ခံစား နေရပေပြီ။ မိမိလူမျိုးစုကိုလည်း မချစ်တတ်၊ အခြားသော တိုင်းရင်းသားများနှင့်လည်း ချစ်ကြည်ရင်းနှီး၊ ငြိမ်းအေးစွာ မနေတတ်သော လူများအဖြစ် ကြီးပြင်း လာနေကြရာ ဤတိုင်းပြည်၊ ဤဒေသ၊ ဤလူမျိုးစု၏ အနာဂတ်အတွက် ရင်လေးဖွယ်ရာပင်။
မိခင်ဘာသာစကားကို ပိတ်ပင်တားဆီး၊ နှောက်ယှက်မှု၏ ဆိုးကျိုး များစွာထဲက တစ်ခုမှာ ဗမာ (မြန်မာ) စကားကို မုန်းတီးစိတ်နှင့် သင်ယူနေရကြောင်း လေ့လာတွေ့ရှိရသည်။ အထူးသဖြင့် ပြည်တွင်းစစ် ဒေသများနှင့် ဒုက္ခသည်စခန်းများ၊ တိုင်းရင်းသား ဒေသများရှိ တိုင်းရင်းသား ပြည်သူတို့မှာ မိမိစကားလည်း သင်ခွင့်မရ၊ ဗမာ (မြန်မာစာ) ကိုလည်း မိမိရွာကို မီးရှို့ဖျက်ဆီးနေသော စစ်တပ်အပေါ် အမုန်းခံစိတ်ဖြင့် သင်ယူနေရပြန်သည်။
လွှတ်တော်ထဲတွင် အင်္ဂလိပ်ဘာသာစကားပြောဆိုရန် တိုင်းရင်းသား အမတ်မင်းများက ရဲရဲဝံ့ဝံ့ အကြံပြုကြမည်ဟုလည်း မောက္ခက သတင်းများ ကြားသိရပါသည်။
Maybe, it is a good idea for the future of Burma, MPs. Good on you. Carry on. Speak out, men. You can do it. Why don't you speak ethnic languages in your State Parliaments? Don't be afraid, ethnic MPs.
တိုင်းရင်းသားများကလည်း မြန်မာ (ဗမာ) စကားကို မပြောချင်ကြတော့။ မသင်ယူချင်ကြတော့။ အမုန်းခံစိတ်ဖြင့် သင်ယူနေရလေရာ ကျွမ်းကျင်စွာ တတ်မြောက်မှု ပြဿနာ ရှိနေလေသည်။ သို့ဖြစ်လေရာ တစ်ဦးချင်း၊ လူမျိုးနွယ်စု တစ်မျိုးချင်း၏ ဆုံးရှုံးနစ်နာမှုသာလျှင် မကတော့ဘဲ တိုင်းပြည်ပါ နစ်နာလှလေသည်။
အိမ်နီးနားချင်း ချစ်ကြည်မှုနှင့် ထိုင်းရဲကို ရိုးသားစွာ နေထိုင်ပါကြောင်း ရှင်းပြနိုင်ရေးတို့ အတွက် မောက္ခ ပညာရေး မဂ္ဂဇင်း ၀ိုင်းတော်သားများလည်း ဖုဖါ့စာထိုင်းကို ကိန်မမ ဖြစ်ရေး အားထုတ်နေရပါကြောင်း။
မောက္ခသတင်း
မြတ်ပန်းရှင်
Source: EU & မောက္ခ
Labels: ဆောင်းပါး
ပြည်တွင်းကရင်အမျိုးသမီးများ ပထမဆုံး ငြိမ်းချမ်းရေးနေ့ ကျင်းပပြုလုပ်ခဲ့
စက်တင်ဘာလ ၂၃ရက်။ (ကေအိုင်စီ)
စက်တင်ဘာလ ၂၁ရက်နေ့က ကျရောက်ခဲ့သည့် နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့ကို ပြည်တွင်းရှိ ကရင်အမျိုးသမီးလူမှုရေးအဖွဲ့ (Karen Women Action Group-KWAG) က ရန်ကုန်မြို့၊ အင်းစိန်မြို့နယ် အရှေ့ကြို့ကုန်းရှိ မဟာသုခိတာလမ်းတွင် ကျင်းပ ပြီးစီးခဲ့သည်။နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့မှာ (၁၀) နှစ် တိုင်ခဲ့ပြီဖြစ်သော်လည်း ထိုနေ့မနက် ၉နာရီမှ နေ့လည် ၁၂နာရီအထိ ပထမဆုံးအ ကြိမ် ကျင်းပပြုလုပ်သည့် အဆိုပါအဖွဲ့၏ ငြိမ်းချမ်းရေးနေ့ အစီအစဉ်သို့ ကရင်လူငယ် ၂၀ဦးနှင့် KWAG မှ အဖွဲ့ဝင်များ တက် ရောက်ခဲ့ကြသည်။ KWAG အဖွဲ့၏ ဒါရိုက်တာ နော်စူစဲန်နာက “နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့ဟာ ကနေဒါနိုင်ငံကနေ စတင်ခဲ့တာပါ။ မြန်မာနိုင်ငံ ဟာ တခြားနိုင်ငံတွေထက် ငြိမ်းချမ်းရေး ပိုလိုအပ်ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အစိုးရကြား ပြည်တွင်းစစ် ကြောင့် ဒေသခံ တိုင်းရင်းသားတွေဟာ တဖက်နိုင်ငံကို ထွက်ပြေးခိုလှုံနေရတာ နှစ်သန်းကျော် ရှိပါတယ်။ ဒါ့အပြင် ရွာပုန်းရွာ ရှောင်ဖြစ်နေရတာတွေလည်း ရှိတယ်။ နိုင်ငံတော်က ငြိမ်းချမ်းရေးကမ်းလှမ်းတာကို ကြိုဆိုပါတယ်။ စစ်မှန်တဲ့ ငြိမ်းချမ်းရေးဖြစ် ဖို့ပဲ လိုပါတယ်။”ဟု ပြောဆိုသွားခဲ့သည်။
ထိုနေ့က ပြုလုပ်သည့် နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့တွင် KWAG အဖွဲ့ဝင်တစ်ဦးက ပြီးခဲ့သည့် နိုင်ငံတကာ ဒီမိုကရေစီနေ့တွင် ဒေါ်အောင်ဆန်းစုကြည် ပြောကြားသောမိန့်ခွန်းကို ဖွင့်ပြခြင်း၊ အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များထံ ဒေါ်စု၏ အိတ်ဖွင့်ပေးစာနှင့် အခြားငြိမ်းချမ်းရေးဆိုင်ရာ ထုတ်ပြန်ကြေညာချက်များကို ဖတ်ကြားသွားခဲ့သည်။
KWAG ပြုလုပ်သည့် နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့ အစီအစဉ်သို့ ငြိမ်းဖောင်ဒေးရှင်းမှ စီမံကိန်းတာဝန်ခံ Mr. Jaw Gun လည်း တက်ရောက်ခဲ့သည်။
သူက “ငြိမ်းချမ်းရေးဆိုတာ ကိုယ်ရပ်တည်နေတဲ့နေရာပေါ် မူတည်ပြီး ကွဲပြားပါတယ်။ ငြိမ်းချမ်းရေး ဆောင်ရွက်ရာမှာ နိုင်ငံ တော် အစိုးရ ခေါင်းဆောင်ရဲ့ ကတိက၀တ်ပေါ် မူတည်ပြီး တည်ဆောက်နိုင်သလို ကတိမတည်ပါက ပျက်ပြားနိုင်ပါတယ်။”ဟု ဆွေးနွေးတင်ပြခဲ့သည်။
နေ့လည် ၁၂နာရီခွဲအချိန်တွင် ငြိမ်းချမ်းရေးအတွက် ဖယောင်းတိုင်မီးထွန်းကာ ၀တ်ပြုဆုတောင်းပြီး we shall overcome သီချင်းသီဆိုကာ ရုတ်သိမ်းခဲ့သည်ဟု သိရသည်။
Saturday, September 24, 2011
ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ထိုးစစ် အရာရှိတဦး ပြင်းထန်စွာ ဒဏ်ရာရ
ကမ္ဘာ့ငြိမ်းချမ်းရေးနေ့မှာပဲ ကရင်ပြည်နယ်တွင်းမှာ ကြံ့ဖွံ့စစ်အစိုးရက ကေအန်ယူနဲ့ ဒီကေဘီအေတပ်ဖွဲ့တွေ လှုပ်ရှားဒေ သတွေကို စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါတယ်။ ယမန်နေ့ (စက်တင်ဘာလ ၂၃ ရက်) က မြဝတီမြို့ တောင်ဘက် သေ့ ဘောပိုးရွာ အနောက်ဖက် တောင်နီတောင် မင်္ဂလာကုန်းမှာ ညနေ ၃ နာရီခန့်မှာ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ပြီး တိုက် ပွဲဖြစ်ပွားချိန် ၁ နာရီလောက် ကြာခဲ့ပါတယ်။
တောင်နီတောင်တန်းကို ထိုးစစ်ဆင်တိုက်ခိုက်လာတဲ့ ကြံ့ဖွံ့အစိုးရ စစ်တပ် တပ်မ ၂၂ လက်အောက်ခံ ခမရ ၂၀၄တပ်ရင်း ကို ကေအန်ယူ ၁၀၃ တပ်ရင်း၊ ဒီကေဘီအေ ၉၀၉ တပ်ရင်း၊ ကျောင်းသားတပ်မတော် တပ်ဖွဲ့ဝင်များ၊ ရခိုင်ကျောင်းသား လူငယ်တပ်ဖွဲ့ ပူးပေါင်းအင်းအားတွေနဲ့ မင်္ဂလာကုန်းကနေ ဆီကြိုတိုက်ခိုက်ခဲ့ကြတယ်။ ဒီတိုက်ပွဲမှာ ကြံ့ဖွံ့အစိုးရ စစ်တပ် ဘက်မှ တပ်သားအလောင်းတလောင်ကျန်ရစ်ခဲ့ပြီး ၅ ယောက် ဒဏ်ရာရရှိခဲ့တယ်။ ဒဏ်ရာရသူတွေထဲမှာ ခမရ ၂၀၄ စစ်ကြောင်း (၂)မှူး၊ ဗိုလ်မှူးလစာစား ဗိုလ်ကြီး ဇော်ထက်ဦး ခြေထောက်မှာ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့တယ်လို့ ဒီကေဘီ အေ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ကြီး သရီးတူး အတည်ပြုပြောပြချက်အရ သိရှိရပါတယ်။
Wednesday, September 21, 2011
လှိုင်မြင့်သို့အိတ်ဖွင့်ပေးစာ
လှိုင်မြင့် ကျုပ်ခင်ဗျားကို ပြောပြလိုက်မယ်
မြန်မာပြည်လို့ ခေါ်ဆိုတဲ့ဒေသကြီးမှာ တိုင်း၇င်းသား ( ၁၃၅ ) မျိုး၇ှိတယ်လို့ ပြောကြတယ်
ဒါပေမဲ့ အဓိကတိုင်း၇င်သားလူမျိုးကြီး( ၈ ) မျိုးကိုဖေါ်ပြလေ့၇ှိတယ် ခင်ဗျားသိပါတယ်၊
ခင်ဗျားမျက်လုံးမကန်းနေသလို ခင်ဗျားအသိတ၇ားလည်းမ၇ှိဘူးလို ကျုပ်မပြောချင်ဘူး၊
မြန်မာဖက်စာအုပ်မှာ ကချင်၊ ကယား၊ က၇င်၊ ချင်း၊ မွန်၊ ဗမာ၊ ၇ခိုင်၊၇ှမ်း၊ ဆိုတဲ့ ညီနောင် ( ၈ ) မျိုး၇ှိတယ်ဆိုတာ
ခင်ဗျားမေ့သွားတာလား၊ မသိတာလား၊ မေ့သွားတယ်ဆို၇င်တော့ ခင်ဗျားစာမေ၇းနဲ့တော့၊ မသိဘူးဆို၇င် ခင်ဗျားဘယ်လို ပုံစံနဲ့ ဒေါက်တာဖြစ်လာတာလည်း၊ ၇ှစ်ပြည်နယ်မူကို ခင်ဗျားလက်မခံဘူးဆို၇င် ၇ှိသင့်၇ှိထိုက်တဲ့၊
ဗမာပြည်တစ်ခုကို ခင်ဗျားတို့လို အစွန်းေ၇ာက်မဟာဗမာတွေတစ်စုက မီး၇ှို့ဖျက်ဆီးလိုက်တာနဲ့အတူတူပါပဲ၊ တကယ်တော့ လှိုင်မြင့်လို စိတ်ထား၇ှိနေကြတဲ့ အစွန်းေ၇ာက် မဟာဗမာဝါဒီတစုက ဗမာတိုင်း၇င်သားတွေနဲ့ ညီနောင်တိုင်း၇င်သားတွေကို ၇န်တိုက်ပေးပြီး ၄င်းတို့ ကြီးပွားချမ်းသာ မှုနဲ့အာဏာတည်မြဲအောင်လုပ်ဆောင်ခြင်းသာဖြစ်တယ်၊ ဗမာကြီးစိုးေ၇းကို လုပ်တယ်ဆိုပေမဲ့ မြို့ ထဲကဗမာတွေ ဘာဖြစ်နေကြလဲ၊ နင့်ကဗမာတွေ ဘာဖြစ်နေကြ၇လဲ၊ မြို့ကဗမာတွေ တောင်းစားနေ၇တယ်မဟုတ်လား၊ တရုပ်ဆီမှာ ဖာခံစားနေ၇တယ်မဟုတ်လား၊ နင့်ဗမာတွေကော၊ မဲဆောက်အမှိုက်ပုံမှာ အမှိုက်လာကောက်နေ၇တယ်မဟုတ်လား၊ ဒါတွေကို လှိုင်မြင့်အုပ်စုတွေ မသိဟန်ဆောင်နေကြတယ်မဟုတ်လား၊ ကဲဒါတွေထားလိုက်ပါတော့ လှိုင်မြင့်အုပ်စုအနေနဲ့  ၇ှစ်ပြည်နယ်မူကိုလက်မခံချင်ဘူးဆို၇င် ဥပမာ ( ၇ )ပြည်နယ်အနေနဲ့  ဆက်သွားကြမယ်ဆိုပါစို့ ၊ က၇င်တွေ မပါဘူး
ကချင်၊ကယား၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ၇ှမ်း၊ ( ၇ )ပြည်နယ်ထားမယ်ဗျာ၊ က၇င်ကလူမျိုးကြီးလုပ်ပြီး နိုင်ငံကို အုပ်ချုပ်မယ်ဗျာ၊ ကဲလှိုင်မြင့် ခင်ဗျားလက်ခံနိုင်၇ဲ့လာ၊ စဉ်းစားကြည့်နော်၊ ကျုပ်ယုံကြည်တယ် တိုင်း၇င်သားညီကိုတွေက လက်ခံကောင်းလက်ခံကြမယ်၊ ခင်ဗျားလို အစွန်းေ၇ာက်ဗမာတွေတော့ လက်ခံနိုင်မှာမဟုတ်ဘူး၊ ကျုပ်မြေကြီးကို လက်နဲ့ပုတ်၇င်လွဲ၇င်လွဲမယ် ကျုပ်စကားတော့မလွဲဘူး ၊ ဟုတ်တယ်နော်၊ ကဲဒီတော ညီမျှတဲ့ လမ်းစဉ်ကို မေ၇ွးသင့်ဘူးလား၊ ( တကယ့်တကယ် ဒီမိုကေ၇စီလမ်းစဉ်နဲ့ မဲေ၇ွးမယ်ဆို၇င် ------- စဉ်းစားပေါ့ဗျာ ) မျှမျှတတနဲ့ ကိုယ်ပိုင်ဆိုင်ခဲ့တဲ့အမွေကို ကိုယ် ကျေကျေနပ်နပ်ပျော်ပျော်၇ွှင်၇ွှင် ကိုယ်စီယူကြမယ်ဗျား၊
လူမျိုးအလိုက်ပြည်နယ်အစို၇ထားကြမယ်ဗျာ နောက်ပြည်ထောင်စုနိုင်ငံထောင်ပြီး နိုင်ငံအကျိုးကို တကယ်လုပ်ဆောင်နိုင်တဲ့ ဘယ်လူမျိုးမဆို ( သမ္မတ )ေ၇ြွးကပေါ့ဗျား၊ ဒါအကောင်းဆုံးပဲ ၊ အင်္ဂလိပ်ဆီက လွပ်လပ်ရေးကိုရယူပြီး ဒီမိုကေ၇စီလမ်းကြောင်းကိုဖေါ်ဆောင်တော့မဲ့ ဗိုလ်အောင်ဆန်းကို ဘယ်သူသတ်လည်း(ကျုပ်ယုံကြည်တယ် လှိုင်မြင့်လို ဗမာအစွန်းေ၇ာက် သားလေးတွေ၇ဲ့  အဖေကြီးလုပ်ကြံလိုက်တာမဟုတ်လား၊) ဗမာအစွန်းေ၇ာက်တွေ အုပ်ချုပ်လာတာနှစ် ( ၆၀ )ကျော်သွားပြီး နိုင်ငံအတွက်ကောကောင်းလား ဗမာလူမျိုးအတွက်ကောကောင်းလား ( တိုင်း၇င်သားတွေကိုမပြောသေးဘူး) အခုနိုင်ငံကြီးဘာဖြစ်နေလဲ အာရှ အိမ်နီးချင်းနိုင်ငံတွေ၇ဲ့( ချေတော်တင် ) အလုပ်သမားအုပ်စုကြီးထွက်၇ှိတဲ့ ဒေသကြီးလိုဖြစ်နေ၇တယ်မဟုတ်လား၊ ( အလုပ်သမားအဆင့်တောင်မှ ဘာမှအာမခံမ၇ှိတဲ့ အလုပ်သမားမျိုး) မိကောင်းဖခင်မြန်မာမိန်းခလေးတွေ နိုင်ငံခြားသား ပေါက်ဖော်ကြီးတွေ၇ဲ့ချေတော်တင်ခြင်းကို ခံနေတယ်မဟုတ်လား၊
ဒါတွေဟာဘယ်သူ့ ကြောင့်လဲ မဟာဗမာအစွန်းေ၇ာက်တွေ၇ဲ့ အတွက်ကြောင့်ဖြစ်တယ်၊ ဗိုလ်နေ၀င်းအသက် ( ၉၀ )ကျော် ကာမဂုဏ်အပြည့်နဲ့ နေသွားတယ် ၊ သူအမျိုးတွေ သူဋေးကြီးတွေဖြစ်ပြီး ဇိမ်ခံနေကြတယ်၊ သန်းရွေလည်း ဇိမ်အပြည့်ခံပြီးသေဖို့ နီးပြီး ၊ သူ့အမျိုးတွေနဲ့ သူ့နောက်လှိုက်တွေ သူဋေးကြီးတွေဖြစ်နေကြတယ်မဟုတ်လား၊ မြန်မာပြည်သူတွေ ငတ်နေကြ၇တယ်မဟုတ်လား ၊ ဗမာအစွန်းေ၇ာက်တွေက သူတို့ အာဏာတည်မြဲဖို့နဲ့ သူတို့ ကြွယ်ဝချမ်းသာမူကို ကာကွယ်နေခြင်းသာအဓိကဖြစ်နေကြတယ် ၊ ကျောင်းသားကိုသက်တာ ဒီမဟာဗမာအစွန်းေ၇ာက်တွေပဲ ၊ ပြည်သူတွေ၇ဲ့  အကျင့်ကောင်းတွေကိုဖျက်ဆီးတာ ဒီမဟာဗမာအစွန်းေ၇ာက်တွေပဲ ဘာသာသာသနာကိုဖျက်ဆီးတာလည်း ဒီမဟာဗမာအစွန်းေ၇ာက်တွေပဲ ဘုန်းကြီးတွေကိုသတ်တာလည်း ဒီမဟာဗမာအစွန်းေ၇ာက်တွေပဲ သူတို့၇ဲ့  စည်းဇိမ်နဲ့  အာဏာကိုထိမိ၇င် သီလ၇ှင်ကိုတောင်မှ မုဒိန်းကျင့်တတ်ပြီး ( နင်ဟာသီလ၇ှင်မဟုတ်ဘူး ၊ ဗမာအမျိုးမစစ်ဘူးလို့တောင် လှည့်ပြောမဲ့အမျိုးအစားတွေပါ ) လှိုင်မြင့် ကျုပ်ပြောတာ ဟုတ်လား၊ မှန်လား၊ တကယ်တော့ တိုင်း၇င်သားတွေက ဗမာကိုမမုန်းပါဘူး ၊ လှိုင်မြင့်လို ( မဟုတ်မမှန်ေ၇ှ့တော်ပြေး ကလောင်ကင်းသမား ) တွေကိုတော့မုန်းမှာပေါ့ ။ ကြည့်ကြစမ်း တိုင်း၇င်သားတွေက ငါတို့ ဗမာတွေကိုမုန်းကြတယ်ဟေးးး ဆိုပြီး ဗမာအစွန်းေ၇ာက်အဖွဲ့ ထဲကို ဆွဲထည့် သွတ်သွင်းတာတော့ အန္တရာယ်ကြီးလွန်းပါတယ် တကယ်တော့ အစိုး၇လို့ခေါ်ဆိုတဲ့ ဗမာခေါင်းဆောင်အဆက်ဆက်ဟာ ( ဘီလူး နတ်သမီးခေါင်ဆောင်းသူတွေပါ) ကလိန်ကကျစ်နည်းတွေနဲ့ ဗမာနဲ့ တိုင်း၇င်သားတွေကို၇န်တိုက်ပေးပြီး တိုင်းပြည်ကို မောင်ပိုင်စီးနေကြတဲ့ သူခိုးဓါးပြမဟာအစွန်းေ၇ာက်ဂိုဏ်းသားတွေဆိုတာ မောင်လှိုင်မြင့်သိပါလိမ့်မယ်။
ပေးပို့လာတဲ့ဗိုလ်ကီးအားကျေးဇူးတင်ပါကြောင်း
Labels: ပေးပို့တဲ့စာ
Tuesday, September 20, 2011
Sunday, September 18, 2011
ဖက်ဒရယ်ပြည်ထောင်စု(၂) (ဆောင်းပါးရှင် ဒေါက်တာလှိုင်မြင့်
Monday, September 19, 2011 http://www.demowaiyan.co.cc/2011/09/blog-post_19.html
မိတ်ဆွေတို့ရေ ပွဲဆူစေတဲ့ဆောင်းပါး(၁)ကိုဖတ်ပြီးရင် (၂)ကိုလည်းအားပေးလိုက်ကြပါ
ပြီးရင်တတိယပိုင်းရှိသေးတယ်နော် ဂုဏ်ထူးဆောင်ဘွဲ့တွေထပ်ပြီးချီးမြင့်ချင်သေးတယ်
ဆိုရင်လည်းthemeinkaren@gmail.comမှာချန်ထားခဲ့ပါ
ကျနော့်သဘောထားကတော့ ဘယ်မူကိုမှလောလောဆယ်မထောက်ခံရသေးဘူး။
ကျနော့် ကရင်တစ်ယောက်အနေနဲ့ပထမဥိးဆုံးလက်ခံဘို့လိုအပ်တဲ့မူကတော့စောဘဥိးကြီးရေးဆွဲ
ထားတဲ့ မူလေးချက်ဘဲ အဲဒါပြီးမှကျန်တာကိုစဉ်းစားမယ်စစ်အစိုးရဟာ လက်နက်နဲ့
အင်အားမရှိရင်ဖုတ်လေသည့်ငါးပိရှိတယ်လို့တောင်ထင်မှာမဟုတ်ဘူး အေး ဒါပေမယ့်ဒေါက်တာလှိုင်မြင့်တစ်ယေါက်ထဲရေးဆွဲတဲ့ ရှစ်(၈)ပြည်နယ်မှုမဟုတ်တဲ့ ဗမာတစ်ပြည်နယ်ထဲမှုကိုတော့လေ့လာချင်သေးတယ်ဗမာစစ်အာဏာရှင်ဥိးနေဝင်းကတော့
ဗမာတစ်ပါတီစနှစ်ကိုထူထောင်ခဲ့ပြီးပြီတစ်ပြည်နယ်တည်းမှုဘဲလိုတော့တယ်မဟာဗမာတွေ
အနေနဲ့ကြိုက်သလိုရေးဆွဲနိုင်သလို ငါတို့ကရင်တိုင်းရင်းသားအနေနဲ့ကလည်းမကြိုက်ရင်မကြိုက်
သလိုနည်းမျိုးစုံတော်လှန်ပိုင်ခွင့်ရှိပါတယ် နေပါဥိးထပ်ပြောမယ် စောဘဥိးကြီးမူဟာကရင်အတွက်ဘဲ
မဟုတ်ဘူးနော် မဟာဗမာကလွဲရင် ကျန်တဲ့တိုင်းရင်းသားအားလုံးလောလောဆယ်လက်ခံကျင့်သုံးနေ
တဲ့မူနော် ဒီမိုကရေစီစကားပြောပြီး ရှစ်မဲနဲ့တစ်မဲဘယ်ဟာဒီမိုကရေစီလဲဆိုတာဒေါက်တာလှိုင်မြင့်
ကိုယ်တိုင်ဘဲစဉ်းစားယူပေတော့။မုန့်ဆီကြော်ကဘယ်မှာမှန်းမသိနှုတ်ခမ်းနာကိုအစိုးရိမ်ပိုနေသလို၊
ဆောက်ဖြစ်မှကျောင်းဒကာပါနော်တိုင်းပြည်အေးချမ်းရင်မင်းတို့ဗမာလူမျိုးကို ပြည်နယ်သတ်မှတ်ပေးပါ့မယ်
တိုင်းရင်းသားတွေကမရိုင်းစိုင်းတတ်ပါဘူး သဒ္ဒါပိုကြပါတယ် မင်းဗမာလူမျိုးတွေ သူတို့နယ်မြေမှာနှစ်ပေါင်း
ရာချီနယ်ချဲ့ စိုးမိုးနေတာတောင်နားလည်ခွင့်လွတ်နိုင်သေးလို့ခုထက်ထိအဲတာကိုဗမာတွေကအခွင့်ကောင်းယူ
နေတုန်းဆက်ပြီးလိမ်နေတုန်းပါဘဲလေ။( ပြည်ထောင်စုစစ်စစ်မူကို အခုလိုပြည်နယ်တွေ ထပ်တိုး
မူကြမ်းတွေလိုအပ်ရင်တော့(၂၀၀၈) နာဂစ်ဖွဲ့စည်းပုံမူကို ကိုးကားယူပေါ့ အဲတာမင်းတို့ ဗမာလူမျိုးတွေအတွက်ကျေနပ်မှာပါနော်။
ပြည်ထောင်စုစစ်စစ်မူကို အခုလိုပြည်နယ်တွေ ထပ်တိုးချင်တိုင်း တိုးရန် အတွက် ရာထားခြင်းကို ကြည့်လိုက်ရင်ကို ရှစ်ပြည်နယ်မူဆိုတာ လက်တွေ့မကျဘူးဆိုတာ ပြနေပါပြီ။ ရှစ်ပြည်နယ်ကနေ ဧရာဝတီအမျိုးသား (တနည်း ဧရာဝတီလူမျိုး) ဆိုတာလုပ်ပေးလာရပြီ။ အမေရိကန် ဖက်ဒရယ်မူကို နမူနာယူရင်လဲ အမေရိကန်မူကို ပုံတူနီးပါးကူးဖို့လိုပါတယ်။ အမေရိကန်မူနဲ့ အခြေခံကစပြီး ကွာခြားနေတဲ့မူကို ပြောချင်ရင် ရှင်းလင်းပြချင်ရင် အမေရိကန်မူကို ခိုင်းနိုင်းလို့ မရတော့ပါဘူး။ အမေရိကန်မူမကြိုက် အခြားကောင်းမယ်ထင်တဲ့ နိုင်ငံတခုခုကို ပုံစံယူစေချင်ပါတယ်။ ဥပမာ ဆွစ်ဇာလန်မူကို ကိုးကားမလား သြစတြေးလျမူကို နမူနာယူမလားပေါ့။ အခုဆွဲထားတာ ဘယ်မူကို နမူနာ ယူထားတယ်တော့ မသိပါ။ ကျနော်တကယ်မသိလို့ ပြောတာပါ။ အမေရိကန်မူကိုတော့ မခိုင်းနှိုင်းပါနဲ့။
မြန်မာ့နိုင်ငံရေးမှာ စစ်တပ်ရဲ့ အခန်းကဏ္ဍက ရှိနေဦးပါမယ်။ ထိုင်းမှာလဲ ရှိနေတာဘဲ။ တရုတ်မှာလဲ ရှိနေသလို ရှိနေပါမယ်။ စစ်တပ်ကိုထည့်မတွက်ဘဲ ကိုယ်ဖြစ်ချင်တာကိုဘဲ တဖက်သတ် မလုပ်သင့်ပါဘူး။ စစ်တပ်ကိုမဖြိုနိုင်ဘဲ ကိုယ်လုပ်ချင်သလိုလုပ်ဖို့ဆိုတာ အဆင့်ကျော်နေတယ်လို့ဘဲ မြင်ပါတယ်။ စစ်တပ်ကို လက်မခံဘူး ထည့်မတွက်ဘူး ပြောရအောင် ကိုယ့်မှာ ဘာအားကိုးရှိနေသလဲ။ အရှိကို အရှိအတိုင်းတော့ မြင်ရပါမယ်။ အာရပ်တော်လှန်ရေးလိုမျိုး မျှော်ပြန်တော့ အရေးအခင်းတွေ ဖြစ်တာများပြီး တခါမှမအောင်ခဲ့ဘူး။ ရင်းကြရတော့ ဆင်းရဲသားပြည်သူတွေ ဘယ်နိုင်ငံခြားက လူတယောက်မှ ကိုယ်ကိုယ်တိုင်လာပြီး ဦးဆောင်မှုမပေးခဲ့ပါဘူး။ နောက်ဆုံးဗျာ စစ်တပ်သတ်ဖြတ်နေတာကို ရိုက်ဖို့ဗွီဒီယို ကင်မရာတောင် လူထုမှာမရှိကြဘူး။ အာရပ်တော်လှန်ရေးမှာက လက်နက်တွေကို ထောင်နဲ့ချီ ရယူထားနိုင်ကြတယ်။
အခုအင်အားက စစ်တပ်လက်ထဲမှာ။ စစ်တပ်ကို ထည့်မစဉ်းစားလို့ မရနိုင်သလို စစ်တပ်ကိုမပါနဲ့ တန်းလျားပြန် လုပ်လို့မရတာကိုလဲ ထည့်စဉ်းစားဖို့ လိုပါတယ်။ စစ်တပ်က လူရိုးလူအတွေမှမ ဟုတ်တာ။ ကိုယ့်ထက်လျင်လို့ တပြည်လုံးကို ဗြောင်းဆန်အောင် မွှေနှောက်ပြီး စိတ်ထင်တိုင်းကစားထားတာ။ အခုအတိုက်အခံတွေကိုလဲ စိတ်ထင်တိုင်းကစားတာ ခံနေရတုန်း။ အင်မတန်စံနစ်တကျ အကွက်ကျကျလုပ်တတ်သူတွေ။ အခုကျနော်တို့ အတိုက်အခံတွေထဲမှာကို သူတို့ လူတွေ တပုံကြီး။
အခုကျနော်လို မြန်မာတွေက ရှစ်ပြည်နယ်မူကိုလက်မခံတာနဲ့ မဟာလူမျိုးကြီးဝါဒ တွင်တွင်အော်ပြီး ပြန်အကျပ်ကိုင်နေတဲ့ စေတနာမမှန်သော အခြေခံတွေကိုလဲ ပြန်သုံးသပ်ကြပါ။ ဒီရှစ်ပြည်နယ်မူပြန်တင်လာတာဟာ စစ်တပ်ကိုတဖက်လှဲ့နဲ့ အာဏာပြန်သိမ်းအောင် ကစားပေး ရာရောက်နေပါတယ်။ နောက်ထပ် အနှစ်နှစ်ဆယ် သုံးဆယ် ဆက်အုပ်ချုပ်ပါဦးလို့ လင်းကွင်းတီးပေးနေတယ်လို့ မြင်ကြည့်ကြပါ။ အခုရှစ်ပြည်နယ်မူ သမားတွေလားတော့မသိ သူတို့ကတောင်ကျနော်ကို စစ်တပ်အလိုကျ လုပ်နေတယ်ပြန်အော်နေသေးတယ်။ စစ်တပ်က လူတွေလဲ ဖြစ်နိုင်တယ်။ ဓမ္မဒိဌာန်ကျကျ သုံးသပ်ကြပါ။ ကိုယ်ကတပ်ကို နိုင်တာလဲမဟုတ် အောက်ကလဲနေသေး ဟာလည်း မလျှော့မလုပ်ကြပါနဲ့။ ကုလသမဂ အားကိုးရှိနေလို့လား။ ရှိရင်လဲပြောကြပါအုံးဗျာ ကျနော်တို့လဲ အားကိုးရမယ် ဆိုလိုချင်လွန်းလို့ပါ။ ကုလ အတွင်းရေးမှုးချုပ်ကြီးတောင် လက်မြောက်ထားရတာပါ။
အခု ၂၀၁၂ -ဆိုရင် ဦးနေ၀င်းအာဏာသိမ်းခဲ့တာ အနစ် ငါးဆယ်ပြည့်ပါပြီ။ သမိုင်းတစ်ပတ် ပြန်လည်အောင် မလုပ်ကြပါနဲ့ဘဲ ပန်ကြားလိုပါတယ်။ အာဏာသိမ်းခဲ့ရင် ဘယ်သူက အသေခံတိုက်မှာလဲ။ ၈၈၈၈-ကာလ ဒေါက်တာမောင်မောင် ကမ်းလှမ်းချက်က ဘယ်လိုအထိ အဖြေထွက်နိုင်မယ်တော့ မသိပါဘူး။ ဒါပေမယ့် အတိုက်အခံဘက်က အခြေအနေအမှန်ကို သုံးသပ်မှုအားနည်းပြီး ကြားဖြတ် အစိုးရကနေ တပြားမှ မလျော့ခဲ့ပါဘူး။ လက်ခံဆွေးနွေးတဲ့ အဆင့်လေးအထိတောင် မလုပ်ခဲ့ပါဘူး။ ရရင်ရ မရရင်ချ တွင်တွင်အော်နေတယ်။ တကယ်ချတော့ ပွဲကြီးပွဲကောင်းလေးတောင် တပွဲမှ မရှိလိုက်ပါဘူး။ မရရင်ချဆိုသူတွေ အသံတောင် မကြားရတော့ဘူး။ ၈၈၈၈ -ကာလအစပိုင်း မတိုင်မှီရက်တွေမှာ (သြဂုတ် လဆန်းရက်များမှာ) ကျနော်တို့လူလေး ၅၀- ၇၀လောက်နဲ့ အရဲစွန့်ချနေတာပါ။ ဘယ်သူမှ မပါလာကြသေးပါဘူး။ ၈၈၈၈- နေ့မနက် ထွက်ကြတော့လဲ ပထမဦးဆုံး စစ်ကြောင်းက လူလေး ၁၅၀-လောက်အများဆုံးပါ။ ကျနော်တို့မှာ ဘယ်ဂျေုာင်ပိတ် ဖမ်းမလဲ။ ပစ်မလဲ ကြောက်ကြောက်နဲ့ ချီတက်နေရတာပါ။ တကယ်ကြောက်တာပါ။ အမေရိကန်သံရုံးရှေ့ရောက်မှ လူတွေ မည်းနေအောင် ပါလာကြတာပါ။ တခြားစစ်ကြောင်းတွေလဲ စစ်တပ်က မပစ်တော့မှ တမြို့လုံး ထွက်လာတာပါ။ လူထုဆိုတာ သေနတ်ကိုတော့ ကြောက်ရမှာဘဲလေ။ တကယ်ပစ်ပြီ ဆိုတော့ ကျနော်တို့လည်း မလှုပ်ရဲပါဘူး။
တကယ်က ဖက်ဒရယ်မူဆိုတာ ကိုယ်ပိုင်ပြဒါန်းခွင့်ပါ။ ကိုယ်တိုင်ကတော့ ကိုယ်ပိုင်ပြဒါန်းခွင့်ကို ရချင်တယ်။ ဗမာလူထုကိုတော့ ၅/၃၅ အချိုးနဲ့ အကြပ်ကိုင်ဖို့ဆိုတာ ဗမာနေရာကနေ ပြန်စဉ်းစားပါဦး။ ကိုယ်အရေးကို လွတ်လပ်စွာ ပြဒါန်းခွင့်ရဖို့ ကိုသာ ကြံဆကြသလို ဗမာတွေကိုလဲ ကိုယ်ပိုင်ပြဒါန်းခွင့် ပေးဖို့လဲ ကိုယ်ချင်းစာရမှာပေါ့။ ဗမာတွေရဲ့ အမြင်ကို မပြောရဘူး ငါတို့ဆွဲထားတဲ့ အတိုင်းဘဲ လက်ခံရမယ် လာမလုပ်ချင်ပါနဲ့။ ကျနော်သိတဲ့ နိုင်ငံရေး ဆရာကြီးတွေကတော့ ရှစ်ပြည်နယ်မူကို သဘောလဲ မတူနိုင်ကြဘူး။ လက်မခံဘူးဆိုတာကိုလဲ မပြောချင်ကြဘူး။ မဟာလူမျိုးကြီးဝါဒ ဆိုပြီးဝိုင်းရန်လုပ်တာကို အတော်လန့်ကြပါတယ်။ မဲဆောက်ဘက်ကို အင်တာနက်ပေါ်ကနေ ဆွေးနွေးတာကို အသေကြောက်ကြတာ ဒါဒီမိုကရေစီ စိတ်ဓါတ်တွေ မပြည့်ဝသေးဘူးဆိုတာ မပြောနိုင်တောင် ဗမာတွေကတော့ ပါးစပ်မဟရဲကြပါဘူး။ အခုတောင် ကျနော်သာ မဲဆောက်မှာရှိနေရင် ဘယ်လောက်အထိ ရန်လုပ်ကြမယ်ဆိုတာ ပုံဖေါ်ကြည့်ကြပါ။
လောကပါလ ဝေဖန်ချက်မှာ ကျနော်ကို (ဒီလိုအခင်း အကျင်းနဲ့  အနေအထားမျိုးမှာ ဒေါက်တာလှိုင်မြင့် ဒီအစ သွားဆွဲလိုက်တာ နဲနဲတော့မိုက်မဲရာကျတယ်လို့ ထင်စရာပါ) လို့ဆိုလာပါတယ်။ ဟုတ်ပါတယ်။ ဒီရှစ်ပြည်နယ်မူကို ဝေဖန်လို့ ခနခန ရန်စောင်တာခံရပါတယ်။ ကျနော်တင်မဟုတ်ပါ။ မြန်မာနိုင်ငံရေးသမားတွေ အသေကြောက်ကြသလို ပါးစပ်ကလဲ ဗြောင်ထုတ်ဖေါ် ပြောကြပါတယ်။ ဒါပေမဲ့ ဒီကိစ္စဟာ ထိန်ချန်ထားလို့ လဲမရ မကြာခင်တချိန်ချိန်မှာ ရှင်းကြရတော့မှာပါ။ မြန်မာ့နိုင်ငံအရေးအတွက် လူတွေ သိန်းနဲ့ချီ သေကြေထားရပြီးပြီ။ ကျနော်ဒီကိစ္စကို ဆွဲထုတ်တာရန်များပေမဲ့ မြန်မာ့နိုင်ငံအရေးအတွက် အင်အားစု နှစ်ဘက် သေကြေထားရသူတွေလောက် မဆိုးဝါးပါဘူး။ ပြည်တွင်းစစ် ဆိုတာကြီးကို ရပ်စဲစေချင်လှပြီ။ မီဒီယာတွေအပေါ်မှာ ကရင်ခလေး ငယ်ငယ်လေးတွေ ကိုမိခင်တွေက အစာရေစာ ပြတ်လပ် ချီပိုးပြေးနေရတာတွေ မြင်ရတာ စိတ်မချမ်းသာဘူး။ ဒီလိုသောကနဲ့ ပြေးနေရ အစာရေစာမမှန်တဲ့ မိခင်ဆီက ဘယ်လိုလုပ် နို့ရည်ပြည့်ပြည့်၀၀ ရနိုင်ပါ့မလဲ။ ဒီလိုကလေးတွေကနေ အင်အားကောင်းတဲ့ တော်လှန်ရေး စစ်သားတွေလဲ ရလာစရာအခွင့်အလမ်း နည်းပါတယ် ။
ဒီလိုနှစ်ဘက် မကျေလည်မှုဟာ ဒီအခြေခံ အကျဆုံး ဖွဲ့စည်းပုံအပေါ်နှစ်ဘက် မနီးစပ်နိုင်တာဟာ အဓိကအကြောင်းရင်းပါ။ ဒီနှစ်ဘက်အမြင်ကွာနေတာကို ညှိနိုင်းဖို့က နှစ်ဘက်ကြားကျသော နှစ်ဘက် လက်ခံနိုင်သောမူ ဖြစ်ဖို့ လိုနေပါတယ်။ ရှစ်ပြည်နယ်မူကို ဦးနေ၀င်းက ပြည်ထောင်စုပြိုကွဲမယ် ထောက်ပြဖို့ အချက်ရှိထားတော့ တပ်မတော်က သူ့ဘက်ကရပ်နေပါတယ်။ ကျနော့်အထင် သူက အမေရိကန် ဖက်ဒရယ်မူဆိုရင် ပြည်ထောင်စု မပြိုကွဲနိုင်ပါဘူးဆိုတာကို သူသိပါတယ်။ အမေရိကန်လို ဒီမိုကရေစီမျိုး မပေးနိုင်တော့ အမေရိကန်မူကို လေသံလေးတောင် မဟဘဲ ရှစ်ပြည်နယ်မူကို ပြည်ထောင်စု ပြိုကွဲရေးတွင်တွင်လုပ် မျက်ဖြူဆိုက်လေ ဗိုလ်နေ၀င်းတို့ အကွက်ဆိုက်လေးပေါ့။ အဲဒီအတွက် နစ်ဘက် နီးစပ်နိုင်အောင် ဒီအစကို ဆွဲထုတ်လိုက်တာပါ။ ကျနော်လူမိုက်လုပ်မယ် ဆုံးဖြတ်ပြီး မိတ်ဆွေတချို့နဲ့ တိုင်ပင်ပါသေးတယ်။ မိတ်ဆွေတွေ တားနေတဲ့ကြားက ဆွဲထုတ်တာပါ။
တခုတော့ ရှိပါတယ်။ လောကပါလလို ဝေဖန်ပိုင်းခြားနိုင်တဲ့ တခြားနိုင်ငံရေး ဆရာဆရာကြီးတွေလဲ ဒီကိစ္စကို ခေါင်းရှောင် မနေကြပါနဲ့တော့လို့ ပန်ကြားပါတယ်။ မထိရဲဘူးဆိုရင်လဲ ဗြောင်ပေါ့ဗျာ။ ကျနော် ကျမကတော့ ကြောက်တယ်ပေါ့။ နယ်စပ်နေသူတွေကိုတော့ ဒုက္ခမပေးကြပါနဲ့လို့ ပန်ကြားလိုပါတယ်။ နယ်စပ်မှာဆို ကျနော်လည်း အသံမထွက်ရဲပါဘူး။ သန်းရွှေရဲ့ ဥပဒေကိုဝေဖန်ရင် (၅/၉၆) နဲ့ထောင်အနှစ်-၂၀- ကျတာဘဲရှိမယ်။ ရှစ်ပြည်နယ်ကို ဝေဖန်ရင် ဝေဖန်ရမှာ ကြောက်နေသူတွေ ဘာကြောင့် ကြောက်နေကြရတာလဲ။ အကြောင်းရှိလို့ပေါ့။ နောက်တခု ဒီအစကို ဆွဲထုတ်လိုက်တော့ လူငယ်တွေ နိုင်ငံရေးထဲကို ပါလာကြမယ်လို့ မျှော်လင့်ထားမိပါတယ်။
အခု မငယ်နိုင်ဆွေးနွေးလာတာကတော့ မြန်မာနိုင်ငံမှာ အမေရိကန်ပုံစံကို ပုံတူနီးပါးယူလို့ မရဘူးဆိုတာကို ရှင်းလင်းထားတာ မပြည့်စုံသေးပါဘူး။ ဘာကြောင့်မရနိုင်ဘူးဆိုတာ ကျနော်တကယ် နားလည်လို့ပါ ။ ထပ်ပြည့်စုံအောင် ရှင်းလင်းစေချင်ပါတယ်။ အမေရိကန်နိုင်ငံမှာလဲ လွတ်လပ်ရေးရစက ၁၃-ပြည်နယ်ဘဲ ရှိပါတယ်။ သူတို့ မူကကောင်းတော့ တခြားပြည်နယ်တွေပါ ပူးပေါင်းလာပါတယ်။ တချို့ ပြည်နယ်တွေ ဥပမာ New Mexico ဆိုတာ မက္ကဆီကို တိုင်းပြည်ကနေ ၀ယ်လိုက်တာပါ။ Louisiana ပြည်နယ်ဆိုတာလဲ ပြင်သစ်ကနေ ၀ယ်ယူလိုက်တာပါ။ အဲဒီပြည်နယ်တွေဟာ လူမျိုးကွဲ ဘာသာကွဲ စကား ဓလေ့ထုံးတမ်းတွေ မတူပါဘူး။ အမေရိကန်မူဟာ မြန်မာနိုင်ငံနင့် ဘာလို့ မသင့်တော်ဘူးဆိုတာရယ်၊ အခုရှစ်ပြည်နယ် လူမျိုးစုပြည်နယ်စံနစ်က အမေရိကန်မူထက် ဘယ်လိုပိုကောင်းပါတယ်ဆိုတာကို ရှင်းရှင်းလင်းလင်းလေး ရေးပေးစေချင်ပါတယ်။ လူတိုင်းမှာ သဘောထားအမြင် မတူတာကို နားလည်ပေးတာဟာ နိုင်ငံရေး ရင့်ကျက်မှုကိုပြတာပါ။ အခုကျနော့်ကို ဝေဖန်နေတာ နိုင်ငံရေးရင့်ကျက်မှု အားနည်းနေသေးတယ် ဆိုတာကို ပြနေတာပါဘဲ။ ရင့်ကျက်ကြရင် လောကပါလ၊ မငယ်နိုင်တို့လို အချက်အလက်နဲ့ ဆွေးနွေးကြပါ။ ဝေဖန်ပေးကြပါ။
နောက်တဦးကတော့ နံမည်မသိပါ။ နိုင်ငံရေးသမားကောင်းမည်သည် လူမျိုးစွဲ လုံးဝကင်းရှင်းရပါမည်တဲ့။ ကျနော့်ခံယူချက်လဲ ဒီအတိုင်းပါဘဲ။ အလွန်တရာမှန်သော အဆိုဖြစ်ပါတယ်။ အဲဒီလို လူမျိုးစွဲကင်းတဲ့ နိုင်ငံရေး သမားကောင်းတွေ ရေးဆွဲခဲ့ရင် အဲဒီဖွဲ့စည်းပုံဟာလဲ လူမျိုးအစွဲကင်းပြီး ဒေသကို အခြေခံတာဘဲ ဖြစ်လာမယ်ဆိုတာ သေချာပါတယ် ။
တခါ ဇွဲကပင်ဆိုပြီး ဒေါသတကြီး ဘွဲ့တံဆိပ်တွေ ပေးနေတာကိုက ပြနေပါပြီ။ မြန်မာတွေက ရှစ်ပြည်နယ် ဖက်ဒရယ်မူကို သဘောတူတူမတူတူ ကြိုက်ကြိုက်မကြိုက်ကြိုက် ငါ့တို့မူကို လက်မခံရင် နယ်စပ်မှာသာဆို သတ်ပစ်မယ်ဆိုတာ ပြနေပါတယ်။ ကျနော်တို့ ဗမာတွေက ကိုယ်လိုချင်တဲ့ ဖက်ဒရယ်မူကို တင်ပြခွင့် မပေးဘူးလုပ်နေတာလား။ ကျနော့်ကို ၂၀၀၆-မှာ မလေးရှား သြဇီသံရုံးက ခင်ဗျားကို လူမျိုးစုတခုက မကျေနပ်ဘူးလို့ သတင်းရထားတယ်။ ဘာပြသနာရှိလဲပေါ့။ ကျနော်ရေးထားတဲ့ ရှစ်ပြည်နယ်မူကို ဝေဖန်ထားချက်ကြောင့် ပါဆိုတော့ ဒီမူအကြောင်း ရှင်းပြခိုင်းပါတယ်။ ရှင်းပြရပါတယ်။ နောက်ကရင်နယ်မြေ ဆိုတာ မြန်မာတွေတချို့ ဖြတ်သန်းခဲ့ရပါတယ်။ ဒီဇွဲကပင်ဆိုလိုတာ မဲဆောက်ကို ဆိုလိုတာလား ... မရှင်းလို့ပါ။ နောက်ကျနော် မဲဆောက်ကို မရောက်ဘူးပါ။ ကျနော်သိတာတော့ မဲဆောက်ဟာ ထိုင်းနယ်မြေပါ။ ထိုင်းတွေက စာနာမှုနဲ့ လက်ခံထားလို့ မြန်မာပြည်က လူမျိုးပေါင်းစုံ ခိုလှုံနေတဲ့နေရာပါ။ သူတို့သာ သမိုင်းကိုပြန်လှန်ပြီး ရာဇ၀င်ချဲ့နေရင် မြန်မာတွေ သွားရဲစရာတောင် မရှိပါဘူး။
မဲဆောက်မရောက်ဖူးပေမဲ့ ၁၉၉၁-စက်တင်ဘာလမှာ မြစ်ဝကျွန်းပေါ်မှာ ကရင်တွေကိုထိုးစစ်တွေဆင်တော့ ကရင်မိသားစု၊ လေးစုကိုကျနော် ငါးဆူတောင်ကျေးရွာကို ခေါ်ထားလိုက်ပါတယ်။ အခုထက်ထိ ငါးဆူတောင်ကျေးရွာမှာဘဲ ဆက်နေကြပါတယ်။ စုံစမ်းကြည့်လို့ ရပါတယ်။ ကျနော့်ပထမဆုံး ဆောင်းပါးမှာ ၀က်တွေအကြောင်းရေးတော့ ၀က်မကြီးကို ပေးခဲ့တာ ကရင်မိသားစုပါဘဲ။ ဘိလပ်မြေအခင်းနဲ့ လေးခန်းတွဲ ၀က်ခြံပါ ဆောက်ပေးခဲ့တာပါ။ သူတို့ မိသားစုတွေကိုတောင် အင်္ဂလိပ်စာ သင်ကြပါ။ ကလေးတွေကို သြစတြေးလျ ပညာသင်ခေါ်ပေးမယ်ဖို့ စာရေးပို့ခဲ့ပါသေးတယ်..။ ကျနော့်စာတွေ သူတို့သိမ်းထားမယ် ထင်ပါတယ်။ ငါးဆူတောင်ကိုစုံစမ်းကြည့်ပါ။ ကရင်မလေးက ကျနော်သမီး တလသမီးကထဲက ကလေးကို ထိန်းကျောင်းပေးသူပါ။ အဲဒီကထဲက အိမ်မှာ တသက်လုံးနေတာပါဘဲ။ သူမကျနော့် တို့နဲ့နေလာတာ ၁၉၇၇- နစ်လယ်ကနေ အခုကျနော် ထွက်လာချိန်အထိပါဘဲ။ နောက် ကျနော့်အိမ်ဖေါ် အဖွားကြီး ထောက်လှမ်းရေး သတင်းပေးဆိုတာကလဲ ကရင်ပါဘဲ။ ကရင်လုပ်ပြီး စစ်တပ်ထောက်လှမ်းရေးပါ။ လူတဦးချင်းစီရဲ့ စိတ်နေစိတ်ထားကို တဦးချင်းအလိုက်သာကြည့်ရပါမယ်။ ကရင်ချင်းအတူတူနော် လူတယောက်ချင်းစိတ် ကွဲပြားနေတာပါ။
နောက်တဦးက ရှစ်ပြည်နယ် ဖက်ဒရယ်မူကို ဆွဲတဲ့အထဲပါခဲ့တဲ့ရှေ့နေကြီးတွေနဲ့ ဆွေးနွေကြည့်ပါတဲ့။ ဟုတ်ကဲ့နှစ်ဦးနဲ့ ၇.၀ နာရီလောက်ကြာအောင် ဆွေးနွေးဖူးပါတယ်။ ဖက်ဒရယ်မူ ကိစ္စကို ဆွေးနွေးကြတာပါဘဲ။ သူတို့က အေးအေးဆေးဆေးပါ။ ရေးဆွဲခဲ့သူတွေက အေးအေးဆေးဆေးပါ။ ဘယ်သူဆိုတာတော့ မပြောတော့ပါ။
တကယ်ကတော့ လူမျိုးစွဲဆိုတာဟာ အတ္တစိတ်ကိုပြနေတာပါဘဲ။ ငါ့လူမျိုးမှ မြင့်မြတ်တယ် ထင်နေတာကို ပြနေတာပါ။ ပါးစပ်ကပြောတော့ တန်းတူရည်တူ ဗမာဆိုရင် မုန်းရမယ် အဆင့်တူ မပေးရေးလုပ်နေပြီး။ မြန်မာက ရခိုင်နဲ့ အိမ်ထောင်ကျခဲ့ရင် ရခိုင်ဘက်က သဘောမတူနိုင်တာမျိုး ရှမ်းနဲ့ အိမ်ထောင်ကျလို့ ရှမ်းဘက်က သဘောမတူဘူး ဆိုတာမျိုး လုပ်တာခံကြရပါတယ်။ ဗမာဘက်က လုပ်လေ့မရှိကြဘူး။ အတ္တဆိုတာ ကိုယ့်တဘို့ထဲ ကြည့်တတ်တာပါ။ တမိသားစုအတွက် ရှိတဲ့အတ္တ။ လူမျိုးစု တမျိုးအတွက် ဘဲကြည့်တတ်တဲ့ အတ္တ။ ဟစ်တလာဟာ သူ့ဂျာမန်လူမျိုးစုသာ အမြင့်မြတ်ဆုံး အထင်ရောက်သွားတဲ့ လူမျိုးအတ္တစိတ်ပါဘဲ။ တကယ်တော့ ဒီလိုလူတွေက အခု NGO တွေကိုကျတော့ လက်ခံနေကြတာဘဲ။ ဟိုတိုင်းတပါးကလူတွေရဲ့ အကူ လူတွေကျတော့ လက်ခံနေကြပြီး။ သူတို့ အကူအညီတွေကိုတော့စားနေ ယူနေပြီး အတ္တစိတ်နဲ့ လူမျိုးခွဲခြားပြနေတာ။ MSF နယ်စည်းမခြား ဆရာဝန်များဆိုလျှင် မိမိတိုင်းပြည်နဲ့ စစ်တိုက်နေတဲ့ ဒါဏ်ရာရထားတဲ့ ရန်သူကိုပင်ကုသပေးကြတာကို နမူနာယူသင့်ကြပါတယ်။
ဗမာစစ်တပ်က ရန်သူကိုမိရင် သတ်ပြစ်တယ်။ ဟုတ်ပါတယ်... ဒါသူတို့က တပ်မတော်ဂုဏ်ကို ဖျက်နေကြတာ။ မနှစ်က ဗမာစစ်ဗိုလ်ကို ဒီကေဘီအေဘက်က မိတယ်။ မသတ်ဘူး။ မေးမြန်းပြီး ပြန်လွှတ်ပေးလိုက်တယ်။ မြန်မာစစ်ခေါင်းဆောင်တွေ ဘယ်လောက် အရှက်ကွဲသွားသလဲ။ အဲဒါသဘောထားကြီးမှုရဲ့ အောင်ပွဲပါ။ အဲဒီစစ်သားဟာ ကရင်ပြည်ကို ကျူးကျော် ကရင်ပြည်သူတွေကို လာသတ်သူပါ။ သူ့ကိုတော့ ကောင်းကောင်းမွန်မွန် ဆွေးနွေးပြန်လွတ်တယ်။ ဒါကရင်လူကြီးပိုင်းတွေရဲ့ စိတ်ထား။ အခုခင်ဗျားတို့ကကျတော့ ခင်ဗျားတို့ စိတ်ကြိုက်မူကို ရေးဆွဲတယ်။ ဗမာလဲ ဆွဲခွင့်ရှိတယ် ဆိုတာလောက်တော့ အသိလေးထားကြပါဦး။ ပြီးမှ မူနှစ်ခုကို အကောင်းအဆိုး ယှဉ်ပြ ပြည်သူကို ချပြပြီး ပြည်သူတွေ ရွေးချယ်ဆုံးဖြတ်ရမှာပါ။ နယ်စပ်မှာ ဆွဲထားတဲ့မူကို ဗမာတွေ လက်ခံနိုင်တယ် လက်မခံနိုင်ဘူး ဆွေးနွေးခွင့် မပေးနိုင်တာ သဘောထား ဘယ်လိုဆိုတာပြနေတာပါ။ ဗမာတွေ မကြိုက်ခွင့် မရှိရတော့ဘူးလား။
ရှစ်ပြည်နယ်မူသာ အမှန်ကန်ဆုံးဆိုရင် ဘာမှ ဒေါသထွက်နေစရာ မလိုပါဘူး။ မှန်ကန်ရင် အချိန်တန်ရင် အများ လက်ခံလာပါမယ်။ နောက်ဒီလို အတ္တကြီးသူတွေဟာ ဒေါသကြီးပြီးသန်းရွှေနဲ့ တအုပ်စုထဲ စာရင်းဝင်သွားပြီဆိုတာလဲ သတိရှိစေချင်ပါတယ်။ အတ္တကြီးလေ သူတပါးအမြင် သူတပါး အယူအဆကို နားတောင် မထောင်နိုင်အောင်ဖြစ်နေတာ သန်းရွှေ ဖြစ်ပျက်နေတာကို ပြန်မြင်ယောင်ကြည့်ကြပါ။ ငါလုပ်တာအမှန် ဒါကိုလက်မခံရင် သတ်ဆိုတာ။
တကယ်ကျနော့် အမြင်ကတော့ ဥရောပ၊ အမေရိကန်က ပညာရှင်တွေကို အတိုင်ပင်ခံခန့်ပြီး နှစ်ဖက်မျှမျှတတ ဖြစ်မယ့်မူကို ရေးဆွဲသင့်ပါတယ်။ နှစ်ဘက်က မူချင်းကနီးစပ်ဖို့ ခက်နေပါတယ်။ စစ်တပ်မူနဲ့ကတော့ ပြောစရာမလိုအောင်ကို ဒီမိုကရေစီမူတွေ ဘောင်တွေနဲ့ လွှဲချော်နေတော့ ထည့်ပြောရတာကို ခက်နေပါတယ်။ နိုင်ငံတခုရဲ့အသက်သွေးကြောဖြစ်တဲ့ အခြေခံမူကို နိုင်ငံတကာပညာရှင်တွေ ကိုဖိတ်ခေါ်ပြီး တိုင်းရင်းသားအားလုံးအတွက် မျှမျှတတဖြစ်မဲ့ မူကိုရေးဆွဲမှသာ အဆင်ပြေမယ်လို့ ယူဆပါတယ်။ အမြန်ဆုံး ရေးဆွဲစေချင်လှပါပြီ။ နယ်စပ်က ကလေးငယ်လေးတွေ လူလို လူတန်းစေ့စေ့ ဖြစ်စေချင်လှပါပြီ ။
တခါ တိုင်းရင်းသားအဖွဲ့ အစည်းတခုပေါ့နော်။ လူမျိုးတခုလုံးကို သိမ်းကြုံးပြီး မပြောပါဘူး။ ကျနော်ဟာ မလေးရှားမှာ ရှိစဉ် MSF ပြင်သစ်၊ ဆရာဝန်များဦးစီးတဲ့ နယ်စည်းမခြားဆရာဝန်အဖွဲ့မှာ တနင်္လာနေ့နဲ့ အင်္ဂါနေ့ နှစ်ရက်ကို လုပ်အားပေးပါတယ်။ ကျန်ရက်တွေမှာ ပြင်ပဆေးခန်း လိုက်ထိုင်ပါတယ်။ လူမျိုးစုတွေရဲ့ ရုံးခန်းကို လိုက်ကုပေးတာပါ။ MSF ဆရာဝန်တွေက ကျနော့် ကုသပေးချက်ကို ကြိုက်ကြပါတယ်။ သူတို့ကဘာသာပြန်နဲ့ မေးမြန်းနေရတော့ အချိန်ပိုကြာပါတယ်။ တနေ့တနေ့ကိုလူနာ ၉၀ ကနေ ၁၂၀-လောက်အထိ ကြည့်ပေးရတာပါ။ မနက် ၉.၀ နာရီကနေ ညနေ ၇.၃၀ အထိကြည့်ပေးရတာပါ။ အဲဒီမှာ နံနက်အတွက် ကော်ဖီနဲ့မုန့် ဧည့်ခံပါတယ်။ နေ့လည်စာ ထမင်းကျွေးပါတယ်။ ညနေစာ ကော်ဖီမုန့် တခါထပ်ကျွေးပါတယ်။ ရုံးကကျွေးတာပါ။
အဲဒီတော့ ဘာသာပြန်တွေကိုပါ ကျွေးပါတယ်။ ကျနော့်ကို ကော်ဖီတောင် မတိုက်ပါဘူး။ ကျနော်က ကိုယ့်ကော်ဖီကို လမ်းက ကော်ဖီဝယ်သောက်ရပါတယ်။ ဒီလိုနေလာတာ တရက် MSF ဆရာဝန်က ကျနော့်ကိုမေးပါတယ်။ ခင်ဗျားက ဒီကကော်ဖီကိုမကြိုက်လို့ အပြင်ကော်ဖီ သောက်တာလားပေါ့။ ကျနော်ကို တခါမှ ချမပေးဘူးဆိုတော့ တခါမှကို မပေးဘူးလားပေါ့။ မပေးဘူးဆိုတော့ တော်တော် မျက်နှာနီသွားတယ်။ အဲဒီနောက်ပိုင်းကျတော့ ချပေးပါတယ်။ ထမင်းလဲလိုက်စားဖို့ ဖိတ်လာပါတယ်။
တခါကျတော့ ကျနော် တခါတရံ ညဘက်ဆေးခန်းက ပြန်ရတာ မိုးချုပ်ပါတယ်...။ ကျနော်နေတဲ့ ရပ်ကွက်က မှောင်ပြီးလူပြတ်လို့ လုံခြုံရေးကြောင့် ခင်ဗျားတို့ ရုံးခန်းမှာ ၀င်အိပ်လို့ ရမလားဆိုတော့ ခင်ဗျားကို ဆေးကုတဲ့နေ့ဘဲ ဒီရုံးကိုလာခွင့်ပေးတာ ကျန်ရက်ဆိုရင် ဒီရုံးကို ကျနော်တို့နဲ့ လူမျိုးလဲတူရမယ် ဘာသာလဲတူသူမှ လာခွင့်ရှိတာတဲ့။ အော်စဉ်းစားကြည့်တယ်။ သူတို့အသင်းတော်ဆိုတော့ ခရစ်တော်ကို ဦးတိုက်ဖွဲ့ထားတဲ့ အဖွဲ့အစည်းပေါ့နော်။ ကျနော်ပြန်ပြောလိုက်ပါတယ်။ ကျနော့်အဖေ ကိုးကွယ်တဲ့ ခရစ်တော်ကတော့ လူမျိုးမခွဲခြားတဲ့ ခရစ်တော် ခင်ဗျားတို့ ခရစ်တော်နဲ့ အတူတူဘဲလားပေါ့။ ခင်ဗျား ခရစ်တော်ကို မစော်ကားပါနဲ့တဲ့။ ကျနော် ပြန်ပြောလိုက်ပါတယ်။ ခရစ်တော်နာမကို သုံးထားရင် လူမျိုးခွဲခြားခွင့် မရှိဘူးလို့။ ထာဝရဘုရားကို ကိုးကွယ်ရင် လူသားအားလုံးဟာ အဖဘုရားက ဖန်ဆင်းထားသူတွေ ချည်းဘဲလို့။ ကောင်းကင်ဘုံမှာ ဘာခွဲခြားမှုမှ မရှိပါဘူးလို့ ပြန်ပြောလိုက်ပါတယ်။
ဒီလိုပါဘဲ အင်္ဂါနေ့တိုင်း မြန်မာအဖွဲ့ကို ကုပေးတာပါ။ ဒီအဖွဲ့ ကိုထူထောင်တော့ ကျနော်က ရင်းဂစ် (၉၅၀ + ၄၅၀) နှစ်ကြိမ်ခွဲ မတည်ပါတယ်။ ဒေါက်တာဒေါ်ခိုင်က ရင်းဂစ်- ၁၆၀၀- ချေးပေးပြီး ဒီအဖွဲ့ကို စတင်ထူထောင်တာပါ။ နှစ်ဦးထဲရဲ့ငွေနဲ့ မတည်ခဲ့တာပါ။ ထူထောင်လို့ အဖွဲ့ဝင်တွေလဲရ ဒုက္ခသည် မဟာမင်းကြီးရုံးက ကိုယ်စားလှယ်လာအောင် ဖိတ်ကြားနိုင်ပြီး ၁၀-ရက်လောက်နေတော့ ကျနော်ကို သတ်မယ်၊ ဖြတ်မယ်တွေလုပ် မောင်းထုတ်တော့တာပါဘဲ။ ဒါဗမာအချင်းချင်းနော်။ အခု အဲဒီကျနော့်ကို ရန်လုပ်သူတွေလဲ မကြာပါဘူး ပြန်ရန်လုပ်ခံ ပြေးကြရတာပါဘဲ။ အဓိကကတော့ လူမျိုးထက် လူတဦးချင်းစီရဲ့ စိတ်ဓါတ်အပေါ် မူတည်တာပါ။
ကျနော်သူတို့ကို မကူညီဘဲ ကိုယ်ဟာကိုယ် ဆေးခန်းထိုင်နေရင် တရက်ကို မလေးရှားငွေနဲ့  ရင်းဂစ် (၂၀၀- ကနေ ၃၀၀)- လောက်ရတာပါ။ တနည်းကျနော်သူတို့ကို တနေ့ကို- လျှောလျှောပေါ့ပေါ့ ရင်းဂစ်- ၁၅၀လောက် ကူညီနေသူလို့ မြင်ရင်ပေါ့။ ကျနော့်ကို တနေ့ မှ ၇.ရင်းဂစ်လောက်ကျွေးမွေးတာလေးကို ခွဲခြားပြီး ချန်မထားသင့်ပါဘူး။ ဒီလောက်တောင် လူမျိုးခွဲခြားတာပါလားလို့။ လူမျိုးတောင်မဟုတ် ဘာသာပါတူရမယ်တဲ့။ သူတို့လူမျိုးတူ ဘာသာတူ ဆရာဝန်ရှိပါတယ်။ ဆရာဝန်ရှိပေမဲ့ သူက ပြင်ပဆေးခန်းဘဲ လိုက်ထိုင်နေတော့ မလာနိုင်ဘူး။
နောက်ဆုံးဗျာ ဘာသာပြန်ပေး သူတွေကိုတောင် ကော်ဖီ မုန့်ကျွေးပြီး ကျနော့်ကို ဗမာမို့ မကျွေးချင်ရင် ကျနော် ကုသချက်ကြတော့ ဘာလို့ လက်ခံနေသေးလဲ။ MSF အဖွဲ့က လူမျိုးလဲမတူပါဘူး။ ဘာသာလဲမတူပါဘူး။ ကျနော်အဖွဲ့က လူတွေက တော်တော်ဒေါကန်ကြတယ်။ သူတို့ကလည်း MSF ကဆရာဝန်ကို တိုင်ကြတယ်။ နောက်တော့ ကျနော့်လုံခြုံရေးအတွက် အပြင်မထွက်ဘဲ နေရတော့ ဆေးခန်းမှာ ဆရာဝန်မရလို့ တော်တော် လူနာ အရေအတွက် လျှော့ကြည့်ရပါတော့တယ်။ ကျနော်က ကျနော့်ကို မီးရထားဘူတာအထိ လိုက်ကြိုပို့ လုပ်ပေးရင် လာခဲ့ပါမယ်ပေါ့။ ကျနော့်မိတ်ဆွေကို သူတို့ က ပြန်ပြောတာက သူကဘယ်လောက် အရေးကြီး ပုဂ္ဂိုလ်မို့ ကြိုရမှာလဲပေါ့။ ငါတို့လည်း နိုင်ငံရေး လုပ်နေတာကြာလှပြီတဲ့။ တခါမှ ဒီလိုပြန်ပေးဆွဲမယ်ဆိုတာ မကြားဖူးပါဘူးကွာ။ ကြိုရမှာကလည်း ဘူတာနဲ့ မဝေးပါဘူး။ အဲဒီတော့ကြိုပို့ လုပ်ပေးတဲ့ တခြားလူမှုရေး ဆေးခန်းကိုဘဲ သွားပါတော့တယ်။ အဲဒီဆေးခန်းကတော့ ကျနော် သြစတေးလျ သွားခါနီးတော့ ဂုဏ်ပြုလက်မှတ်လေး ပေးလိုက်ပါတယ်။ ကျွေးမွေးတာကလည်း သူတို့အဖွဲ့က ဦးစီးသူတွေ ကိုယ်တိုင်လိုက်ပြီး ရှယ်ကျွေးတာပါ။ အားနာယူရအောင် ကောင်းပေ့ ဆိုတာတွေကို ရှယ်ကျွေးတာပါ။
တိုင်းရင်းသားနှစ်ဖွဲ့ ဦးစီးသူချင်းမတူ စိတ်ဓါတ်မတူတော့ လုပ်ရပ်မတူ ကျေးဇူးအပေါ် သုံးသပ်မှု မတူတော့တာပါဘဲ။ နှစ်ဖွဲ့လုံးက ခရိယာန်တွေပါဘဲ။ ဒုတိယအဖွဲ့က ကျေးဇူးတင်လို့ ခရီးထွက်ခါနီး ဆုတောင်းပွဲလေးပါ လုပ်ပေးကြပါတယ်။ ကျနော့်ဇနီးကိုလည်း ၀တ်စုံလေးတွေ လက်ဆောင် ပေးပါသေးတယ်။ ဟိုတဖွဲ့ကတော့ ကျေးဇူးတင်ပါတယ်တောင် မပြောပါဘူး။ ဒါဘာကို ပြသလဲဆိုရင် လူတဦးကို ဘာလူမျိုး၊ ဘာညာလို့ သတ်မှတ်ချက် အရင်ချပြီး မြင်တဲ့လူနဲ့ လူတဦးရဲ့ စိတ်ဓါတ်ကို အဓိကထား ကြည့်သူနှစ်ဖွဲ့ ကွာသွားတာပါဘဲ။ တိုင်းရင်းသားအဖွဲ့ချင်း အတူတူ ခရိယာန်ယုံကြည် ကိုးကွယ်မှုလဲ အတူတူ။ ခံယူချက် ငါ့လူမျိုးမှ ဆိုတဲ့လူမျိုးစွဲထားလိုက်တော့ လုပ်ရပ်ကွဲသွားတယ်။ ဒုတိယအဖွဲ့မှာ မြန်မာ၊ ကုလား၊ ဘာလူမျိုးလာလာ လက်ခံကုသပေးပါတယ်။ မြန်မာတွေ တပုံကြီး သွားကုနေကြပါတယ်။ မြန်မာတွေကိုလည်း တကယ် အခက်အခဲကြီးတဲ့ သူဆိုရင် ဒုက္ခသည်ရအောင် ကူညီပေးသေးတယ်။ ပထမတဖွဲ့ကို မြန်မာတွေ မသွားကြဘူး။
အဲဒီတော့ တကယ် တိုင်းရင်းသားသွေးကွဲမှု မဖြစ်စေဖို့က နိုင်ငံအရေးနဲ့ စပ်ဆိုင်လာရင် လူမျိုးကို အခြေခံတဲ့ ဖွဲ့စည်းမှုတွေကို ရှောင်ကြည်ကြရပါမယ်။ တူရကီနိုင်ငံဆိုရင် လူဦးရေ-၉၀-%ကျော်က မူဆလင်ဘာသာကို ကိုးကွယ်တာဖြစ်ပေမဲ့ နိုင်ငံရေးမှာ ဘာသာရေး ကင်းအောင် ဥပဒေနဲ့ လုပ်ထားတာရှိပါတယ်။ တကယ်တော့ ဘာသာဆိုတာက နောက်ဆုံးဗျာ ဘာသာတရပ်က လွှမ်းမိုးမှုကို လူတစုက သာကူးလုပ်ပြီး ဘာသာပြောင်းပြီး နေလို့ရသေးတယ်။ လူမျိုးကို အခြေခံလိုက်ရင် လူမျိုးဆိုတာပြောင်းလို့မှ မရတာပါ။
နောက်ဒေသကိုအခြေခံ အုပ်ချုပ်တော့လဲ လွတ်လပ်စွာရွေးချယ်ခွင့်ရထားရင် အဲဒီဒေသကလူထုက သူတို့ ကြိုက်သူကို ရွေးချယ်ပေးကြမှာပါဘဲ။ လူမျိုးကိုအခြေခံထားရင် ကန့်သတ်ချက်က ရှိနေပြီလေ။ နောက် ရှစ်ပြည်နယ်မူထဲမှာ လွှတ်တော်ကိုယ်စားလှယ်ဖြစ်နိုင်ရန် လိုအပ်ချက်မှာ မြန်မာနိုင်ငံသားဖြစ်ရမည်။ နိုင်ငံနှစ်ခုထက် မပိုသောသူ ဖြစ်ရမည်ဆိုထားပါတယ်။ တနည်း လွှတ်တော် ကိုယ်စားလှယ်ဟာ မြန်မာနိုင်ငံသားအပြင် တခြားနိုင်ငံသား ဖြစ်ခွင့်ကို ပေးထားပါတယ်။ မြန်မာနိုင်ငံလက်ရှိ ဥပဒေက မြန်မာနိုင်ငံသားတဦးဟာ တခြားနိုင်ငံသား ခံယူလိုက်လျှင် မြန်မာနိုင်ငံသားအဖြစ်က အလိုလို ပျက်ပျယ်သွားပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံလိုဘဲ တရုတ်၊ ကိုးရီယား (ယခုချွင်းချက်လေး ပြုလာပြီ) ဂျပန် နိုင်ငံအများစုလဲ တခြားနိုင်ငံသားခံလိုက်ရင် နိုင်ငံသားအဖြစ်က ပျက်သွားတာပါ။
အခုဟာ နိုင်ငံသားနှစ်ခု ခွင့်ပြုထားတာကတော့ နိုင်ငံတခုရဲ့ ဦးဆောင်သူဟာ နိင်ငံနစ်ခုကို သစ္စာခံနေသူ ဖြစ်နေတာကတော့ မကြံစည်အပ်သောကိစ္စပါ။ ဥပမာ အခုတရုတ် လူမျိုးတယောက်က တရုတ် နိုင်ငံသားရော မြန်မာနိုင်ငံသားရော နှစ်ခုခံယူထားတယ် ဆိုပါတော့။ တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံ ပြသနာတက်တယ်။ သူက ကာကွယ်ရေးဝန်ကြီးဆိုရင် ဘယ်လိုလုပ်ကြတော့မလဲ။ အဲဒီလိုလေး စဉ်းစားကြည့်ပါ။ သူဘယ်နိုင်ငံ အပေါ် သစ္စာထားမယ်ဆိုတာ ဘယ်လိုလုပ် စိတ်ချနိုင်ပါ့မလဲ။ ကဲတရုတ်လူမျိုး ဥပမာကိုဖယ်ထားပါမယ်။ ထားပါတော့ ကျနော်တို့ အတိုက်အခံထဲက ခေါင်းဆောင်တဦးက ထိုင်းမှာ အကြာကြီးနေရတယ်။ အခြေအနေအရ ထိုင်းနိုင်ငံသား ခံယူထားရတယ်။ ထိုင်းမနဲ့လဲ ရထားတယ်ပေါ့။ သူက၀န်ကြီးချုပ်တက်ဖြစ်ချိန် ထိုင်းနဲ့ စီးပွားရေးနယ်မှာ ဖြစ်ဖြစ် စစ်ရေးကိစ္စ တခုခု ယှဉ်ပြိုင်ကြရရင်.. ထားပါဦး ထိုင်းနိုင်ငံသားအဖြစ်တော့ ခံယူမထားပါဘူး။ ထိုင်းမနဲ့ တိတ်တိတ်ပုံး ကြိုက်နေတာကိုပင် ဒီလူကို ထောက်လှမ်းရေး ကာကွယ်ရေးတွေမှာ တာဝန်ပေးလို့ စိတ်ချရပါ့မလား။ ထိုင်းမနဲ့ ယူထားသူဆိုရင်တော့ ပြောဘွယ်ရာ မရှိတော့ပါဘူး။
နောက်ကျနော်တို့ နိုင်ငံမှာ အုပ်ချုပ်ရေးမှာ အဲဒီလူက လာဘ်စားမှု နိုင်ငံရေးသစ္စာဖေါက်မှုဖြစ်တယ်။ ကျနော်တို့ကဖမ်းရ ချုပ်ရပြီ။ ဟိုဘက်နိုင်ငံက ဒါသူ့နိုင်ငံသား ပြန်လွှတ်ပေး။ အခုသူ့ကို သံအမတ်နဲ့ တွေ့ခွင့်ပေးပါ လုပ်လာပါမယ်။ အဲဒီလောက်တော့ ပိုပိုလိုလိုလေး စဉ်းစားကြပါဦး။ အမေရိကန်နိုင်ငံသား ခံထားတဲ့ ကိုညီညီအောင် ပြဿနာလေး သာနမူနာယူကြည့်ပါ။ သူ့နိုင်ငံသားကို မလွတ်ရင် စစ်ကြေငြာမယ်အထိ လုပ်လာရင်ကော။ နဲနဲစကုတ် ချဲ့ကြည့်ကြပါ။
နောက်ခုပေါ့။ လူတယောက်ဟာ နိုင်ငံနစ်ခုကို သစ္စာခံနေမှတော့ ကျနော်တို့ဟာ သူ့သစ္စာကို ၁၀၀% မရနိုင်တော့ဘူး။ လူတယောက်က မိန်းမနှစ်ယောက် ယူထားတာနဲ့ တူနေပြီ။ ဟာ မိန်းမနှစ်ယောက်ယူတာ ဘာဖြစ်သလဲ ပြောချင်လား။ မိန်းမနှစ်ယောက် ယူတာကိုက ဒီလူမှာ ဇနီးနှစ်ယောက်ကြားမှာ ဟိုဘက်ကိုလဲ မယားကြီးဖြစ်သူကို ပိုချစ်တာပါ အခုတယောက်က မှားသွားလို့ မလွှဲသာလို့ ယူလိုက်ရတာပါ။ ဒီလူလိမ်နေရပြီ။ မယားငယ်ကိုကျတော့ မယားကြီးနဲ့က ဟန်ပေါင်းလေးသာ ပေါင်းနေတာပါ ဘာညာ ပလီနေရပြီ။ ဒီလိုလူလိမ်လူပလီကို ဘာမှ နိုင်ငံရေးဦးဆောင်မှုမှာ နေရာပေးနေစရာ မလိုတော့ဘူး။ အများကြီး ပြောစရာတွေ ရှိပါသေးတယ်။ မိန်းမနှစ်ယောက် ရန်ဖြစ်ကြရင် ဘယ်သူ့ဘက်က ပါမှာလဲ။ ဘယ်သူ့ဘက်က ပင်းမှာလဲ။ မိန်းမနှစ်ယောက်ကလည်း သူ့နှလုံးကို အပြည့်မရနိုင်တော့ဘူး။ တ၀က်ဆီဘဲ ပိုင်တော့မှာလေ။ မိန်းမနှစ်ယောက် ယူထားသူ အများစုဟာ နောက်မိန်းမကို ဗြောင်ပေါ့။ ငါ့မှာမိန်းမကြီး ရှိတယ်။ သူကလွှဲပြီး ဘယ်သူ့မှ မချစ်ဘူး။ နင်ကိုလဲ ဆက်ဆံတာထက် ပိုမချစ်နိုင်ဘူး ပြောရင် ဘယ်မိန်းမမှ အကပ်ခံမှာ မဟုတ်ပါဘူး။ ဘာညာ ပလီလို့သာ မယားငယ်ဘ၀ ရောက်ကြရတာ များပါတယ်။
ဒါမကျေနပ်သေးရင် မိန်းမနစ်ယောက်ယူတာ လူဘဲနော်။ လူအနေနဲ့ကြည့်ရင် ရတယ်ပေါ့။ ဒါဆို မိန်းမဆိုတာလည်း လူဘဲလေ။ မိန်းမတယောက်က လင်နှစ်ယောက်ကို တပြိုင်ထဲယူထားတာကို လက်ခံနိုင်လား။ လူဘဲလေ။ အဲဒီလို စကုတ်ချဲ့ကြည့်ရင် ဒီလို နိုင်ငံနှစ်ခုကို ခွထိုင်ထားသူကို နေရာပေးနေစရာ မလိုတော့ပါဘူး။ အဲဒါကို ရှစ်ပြည်နယ်မူမှာ ထဲ့ထားတာကတော့ ကျနော် လက်မခံနိုင်ပါဘူး။ လူအများလဲ ကျနော်ပြောသလိုပေါ့။ နှစ်နိုင်ငံစစ်ဖြစ်တယ်နဲ့ ကြည့်ကြပေါ့။ ပြီးသေသေချာချာ ယှဉ်ကြည့်တော့ အထက်လွှတ်တော်အမတ် အတွက်ဆိုထားတာနဲ့ အောက်လွှတ်တော်အမတ်အတွက် နိုင်ငံနှစ်ခုဖြစ်ခွင့်က မတူဘူးဖြစ်နေသေးတယ်။
အခုတချို့ ကဆိုလာသေးတယ်။ ဖက်ဒရယ်မူစစ်စစ်ဆိုတာ ရှေ့ နေငါးဦး အထူးလေ့လာပြီး ဆွဲထားတာပါပေါ့။ ဟုတ်ကဲ့ပါ ။ န.အ.ဖ. မူမှာ ရှေ့ နေတောင်မကပါဘူး တရားသူကြီးတွေပါ ပါနေပါသေးတယ် ။ ရှေ့ နေကြီးတွေ ဆွဲထားလို့ ကျနော်တို့က စွတ်မျက်စေ့မှိတ် လက်ခံကြရတော့မှာလား။ န.အ.ဖ.လောက်တောင် အပေါ်ယံလေးပေါ့ ( အခြေခံဥပဒေပေါ်ပေါက်ရေးသည် နိုင်ငံသားအားလုံး၏ ပဓါနကျသောတာဝန်ဖြစ်သည်) ဆိုပြီး အလိမ်အညာလေး ပေးပါသေးတယ်။ ပြီးမှ (၅ / ၉၆) နဲ့ညီလာခံကိုဆန့်  ကျင်ရင်ထောင်ဒါဏ်-၂၀-နစ်နဲ့  အိမ်ကအစ ပြည်သူပိုင်သိမ်းလုပ်တာပါ။ အခုဖက်ဒရယ်မူကိုဝေဖန်တာကို ကြီမ်းဝါးနေကြတာ ဖက်ဒရယ်မူစစ်စစ်ကြီးကိုရေးခဲ့သူ ရှေ့နေနှစ်ဦးနဲ့ ဆွေးနွေးခဲ့ပါတယ်။ ဘေးကလူတွေလုပ်နေပုံကတော့ ဖက်ဒရယ်ဟာလဲ န.အ.ဖ.ထက်တောင်ကြောက်စရာကောင်းနေပါ့လားလို့။
နောက်ဖက်ဒရယ်မူဟာ ဘယ်မှာရေးဆွဲတာလဲ။ န.အ.ဖ.မူဟာ န.အ.ဖ စိတ်ကြိုက်ရေးဆွဲတယ်လို့ ကျနော်တို့ ကစွပ်စွဲသလို အခုဖက်ဒရယ်မူကိုလဲ န.အ.ဖ.က လက်နက်ကိုင်တွေ လွှမ်းမိုးရာဒေသမှာ ရေးဆွဲထားတာလို့  န.အ.ဖ.က ပြောနေတာဘဲ။ နောက်တခု န.အ.ဖ.ညီလာခံမှာ ပြည်သူတွေရွေးချယ် ပေးလိုက်တဲ့ ကိုယ်စားလှယ်တွေ မပါသလို ရှစ်ပြည်နယ်မူဟာလဲ မြန်မာတွေ ရွေးချယ်ပေးထားတဲ့ ကိုယ်စားလှယ်တွေ မဟုတ်ဘူးဆိုတာ သိကြမှာပေါ့။ တကယ်တော့ အခြေံဥပဒေဟာ အဲဒီမှာရေးထားထား ဘယ်မှာရေးရေး ဒါဟာ တစုရဲ့ သဘောထားဘဲဖြစ်ပါတယ်။ တနိုင်ငံလုံး လူတန်းစားအားလုံးကို အချိုးချိုးကျကျ ကိုယ်စားပြုထားတဲ့ ကိုယ်စားလှယ်တွေသာ ရေးဆွဲရမယ်။ ပြီးတနိုင်ငံလုံးက ပြည်သူအများစုရဲ့ ခံယူပွဲလုပ်ပြီး အတည်ပြုရမှာပါ။ အဲဒါလေးလဲ စဉ်းစားကြပါဦး။ ငါတို့ စိတ်ကြိုက်ရေးထားတယ် ဘယ်လိုဘဲဖြစ်ဖြစ် လက်ခံရမယ် ဆိုတာမျိုးကို အခု ရှစ်ပြည်နယ်မူကိုရေးဆွဲပေးလိုက်တဲ့ ရှေ့ နေကြီးများကို သွားမေးကြပါဦးလို့။
နောက်တခုကတော့ ကျနော် သတိထားမိတာလေးပါ။ နိုင်ငံအရေးကိုလုပ်ကြရာမှာ လူအမျိုးမျိုး စိတ်ဓါတ်အသွယ်သွယ်ပေါ့။ တချို့ သက်သက် တိုင်းပြည်ကောင်းတာ ဘက်ရောက်ဖို့ပဲ ရည်မှန်းချက်ထားတယ် ။ တချို့ကတော့ ကိုယ်လိုချင်တဲ့ နိုင်ငံရေးလွတ်လပ်ခွင့် ရလာရင် နိုင်ငံရေးမှာ ၀န်ကြီး ၀န်ကလေး နေရာလိုချင်ကြသေးတယ်။ တချို့ ကဖြတ်လမ်းနည်းနဲ့ ပါလိုချင်ကြတယ်။ အဲဒီလိုလူတွေက မိမိအတ္တ အကျိုးပါလာတော့ လူတဦးတယောက်က ရေးလာရင် တင်ပြလာရင် ပိုပြီးဒေါသတွေနဲ့ တုန့်ပြန်တတ်တာလေးပါ။ ကိုယ်တိုင်ကျတော့ ဘာတခုမှ တိုင်းပြည်အကျိုးအတွက် မစဉ်းစားကြ မရေးကြဘူး။ အတ္တသမားဆီက တိုင်းပြည်အတွက် စွန့်လွှတ်မှုဆိုတာ ရှာမှရှားပါ။ အချောင်သမားတွေ ဖြစ်ကြပါတယ်။ အငှားဗိုက်နဲ့ ဓါးထိုးခံဖို့ လုပ်နေသူတွေဖြစ်ကြပါတယ်။
တခါ နိုင်ငံရေးသမားတွေမှာ ဥပမာ အခုဒီဖက်ဒရယ်မူကိစ္စဟာ တိုင်းရင်းသားတွေတချို့က လူမျိုးအစွဲနဲ့  ခွဲခြားတာကိုဘဲ လုပ်ချင်နေတယ်။ နိုင်ငံရေးဆွေးနွေးပွဲတွေမှာ တိုင်းရင်းသားတွေက အစပြုပြောလာရင်ကို ဗမာတွေက ဒီကိစ္စကိုတတ်နိုင်သမျှ လက်ရှောင်ကြတယ်။ သိပ်အထိအခိုက်မခံတဲ့ပြသနာ VERY SENSITIVE ISSUE ဖြစ်ပါတယ်။ ပြဿနာမှ သေးသေးပြသနာ မဟုတ်ဘူး။ တခွန်းမှား ရင်အကွဲဘဲ ရှောင်ကြတယ်။ ကျနော်ကတော့ ဘာနိုင်ငံရေးနေရာအတွက် တစက်ကလေးမှ ရည်မှန်းချက်မထားဘူး။ နိုင်ငံအရေးကို မလွှဲသာလို့ ဝင်ပါနေမိတာ။ ဒီလို SENSITIVE ISSUE ကိုဘယ်သူမှမဟကြ။ ရှောင်နေလို့လဲ ပြီးသွားမဲ့ကိစ္စမဟုတ်ဘူး။ တရက်ရှင်းကြရမဲ့ ကိစ္စ။ သူများတွေ မထိရဲတော့ ကျနော်က ဆွဲဖွင့်ရတာပါဘဲ။ သူများတွေ မပြောလို့လဲ အပြစ်မပြောလိုပါဘူး။ ကျနော်တို့ဆီမှာ အခုထက်ထိ လူမျိုးစွဲက ကြီးနေကြသေးတာဆိုတော့ ရှောင်ကြသူတွေ မလွန်ပါဘူး။ အခုလိုဝိုင်းတုန့် ပြန်မယ်ဆိုတာ သူတို့လဲသိထားကြ ခံထားကြရဖူးတော့ လန့်ကြတာပေါ့။ ကျနော်လဲ မသိလို့ မှမဟုတ်တာ။ သိသိကြီးနဲ့ ဒီအစကိုဆွဲထုတ်တယ်။ ဒါကြောင့် ပွဲဆူအောင်လုပ်တာ မဟုတ် တာဝန်အရရေးတယ်။ သမိုင်းပေးတာဝန်ဘဲ။ မြန်မာလူမျိုးတွေ မျက်စေ့ပွင့်အောင် အသိပေးရမှာ ကျနော့်တာဝန်။
တတိယအပိုင်းကို ဆက်ရေးပါဦးမည်http://www.demowaiyan.co.cc/2011/09/blog-post_19.html
အားလုံး ကိုယ်စီကိုယ်စီ မိမိနောင်လာနောက်သားတွေလက်ထက် တည်ငြိမ်သော နိုင်ငံတော်ကြီးကို ရှုမြင်လိုကြရင် တိုင်းပြည်ရဲ့ရှေရေးဖြစ်တဲ့ အခြေံဥပဒေကို ကိုယ်မြင်တာလေးတွေ ဆန္ဒလေးတွေ ဖြည့်စွမ်းပေးကြပါလို့။ တဆက်ထဲ မြန်မာနိုင်ငံကြီးကို ငါဖြစ်စေချင်တဲ့ အတိုင်း ဖြစ်ရမယ်ဆိုပြီး မြန်မာနိုင်ငံကြီးကို လူတဦးထဲ ပိုင်တယ်တယ် မထိ့နဲဆိုတဲ့ အမြင်လေးတွေကို ရှေ့နေ ကြီးတွေ ဥပဒေပညာရှင်ကြီးတွေနဲ့ တိုင်ပင်ကြည့်ကြပါဦးလို့။ အခြေခံဥပဒေဟာ အခုလို ရေးဆွဲထားလို့ အတည်ယူလို့ ရနေပြီ ထင်နေကြတာ စဉ်းစားကြပါဦးလို့။
အားလုံးကို လေးစားလျှက်
လှိုင်မြင့်


