Sunday, August 14, 2011

စွယ်စုံ ဦးကျော်ဆန်း

စွယ်စုံ ဦးကျော်ဆန်း
ဓာတ်ပုံသတင်း
သြဂုတ် ၁၃၊ ၂၀၁၁ မိုးမခ
  
ကျနော် ငိုချင်းနဲ့ မျက်ရည်ထိုးခံပြီးလိမ်ခဲ့ညာခဲ့တာ  လေး ခါရှိပြီး
ယနေ့ သောကြာနေ့တွင် ပြုလုပ်သည့် နေပြည်တော် အစိုးရ သတင်းစာ ရှင်းလင်းပွဲတွင် တွေ့ရသော ဦး ကျော်ဆန်း။ (photo: Reuters)

ဧရာဝတီမြစ်တွင် အကြီးအကျယ် တည်ဆောက်နေသော အငြင်းပွားဖွယ် စီမံကိန်းများနှင့် ပတ်သက်ပြီး ရှင်းလင်းစဉ် ၀န်ကြီး ဦးကျော်ဆန်းက ငိုချင်းချခဲ့သည်ဟု အင်တာနက် သတင်းများက ဆိုသည်။

အောက်ဖော်ပြပါ ရေးသားချက်များမှာ facebook မှ ကူးယူခဲ့ခြင်း ဖြစ်သည်။


( ၁ ) ဟုတ်တယ်ဗျ၊ အမေးအဖြေလုပ်တုံးမှာ ငိုချလိုက်တာ။ ပြီးတော့ ခဏနေမှ တိုင်းပြည်ကိုချစ်တဲ့စိတ်၊ ကျွန်တော်တို့လုပ်သမျှ အကောင်းမမြင်တဲ့စိတ်ကြောင့် Emotion မထိန်းနိုင်လို့ပါ။ တောင်းပန်ပါတယ်။ ဒါကို မဖွကြပါနဲ့လို့ တောင်းပန်သတဲ့။ ဂျာနယ်လစ်များ ကလည်း လိုက်နာရှာပါတယ်။ ဟီးဟီး နှစ်နာရီလောက်ကြာတော့ အင်တာနက်ေ ပ်ါမှာ မောင့်မျက်ရည်ဝိုင်းဇာတ်ကားတက်လာတော့တာပဲ။ ဘာပဲဖြစ်ဖြစ် ဧရာဝတီကတော့ ဒင်းတို့ အသဲနှလုံးကို ထိုးနှက်နေပြီ။

( ၂ )ကိုယ်တိုင် အကယ်ဒမီ တက်ယူတော့ မယ်ထင်ပါ့...။

( ၃ ) အိကနဲ အိကနဲ ဖြစ်နေတာများ... ဟီးဟီး.. ပီးတော့ သေသေချာချာမှာပါတယ်.. ဒီကိစ္စကို မဖွပါနဲ့တဲ့.. ကိုယ်တွေကလဲ မဖွပါဘူး...

( ၄ ) ဟီး မိုက်သကွာ........ အကယ်ဒမီရှော့ ...

( ၅ ) မောင့်မျက်ရည်ဝိုင်း၊ မောင်ငိုမယ်မိုးသဲထဲမှာ ဟဲဟဲ ဧရာဝတီရေမရှိတော့ ဘူးဆိုလို့ မောင့်မျက်ရည်နဲ့ ဖြည့်ပေးလိုက်ပါတယ်

( ၆ ) ဟ ရောင်းရင်းတို့ကလဲကွာ၊ဒီဗီဘီက ဦးနေဇော်နိုင်အတိုင်းပဲပါလားဗျာ...ုဦးနေဇော်နိုင်လုပ်လို့ သတင်းစာရှင်းလင်းပွဲ မလုပ်တာကြာပြီ....ဘာတဲ့ ကျွန်တော်တို့က စိတ်ရှည် သီးခံနေ ပါ တယ် ဆိုတဲ့စကားကို ၀န်ကြီးခင်ဗျားပဲပြောတော့ဗျာလို့ ကျွန်တော်ဖွင့်ထားမိသော ဒကားများဆိုလားဂျာ...အဲဒါနောက်ပိုင်း သူတော်တော် သတင်းစားရှင်းလင်းပွဲမလုပ်တော့ဘူးဗျ

( ၇ ) သတင်းထောက်တွေက မချော့ကြဘူးလား။

11ReadMore-2.jpg

Monday, August 8, 2011

ကရင်အချင်းချင်း မတိုက်ရန် DKBA သတိပေး

E-mail Print
ယခုလအတွင်း အစိုးရတပ်က ပြုလုပ်မည့် ကရင်ပြည်နယ် ထိုးစစ်တွင် ကရင်နယ်ခြားစောင့် တပ်များကို အသုံးပြုမည် ဆိုပါက အိမ်ကြက်ချင်း အိုးမဲသုတ်ပြီး ခွပ်ခိုင်းခြင်းဖြစ် လိမ့်မည်ဟု တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) အရာရှိတဦးက ပြောလိုက်သည်။

DKBA-News-7-8-11
မြ၀တီခရိုင်အတွင်း လှုပ်ရှားနေသည့် DKBA တပ်မဟာ ၅ မှ တပ်ဖွဲ့ဝင် တချို့ (ဓာတ်ပုံ - ဧရာဝတီ)

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ကာကွယ်ရေးဌာန စစ်ဆင်ရေး အထူးအဖွဲ့ အမှတ် ၄ က ကရင်နယ်ခြားစောင့်တပ် တပ်မှူးများနှင့် တွေ့ဆုံပြီး ပူးတွဲစစ်ဆင်ရေးပြုလုပ်ရန် ဆွေးနွေးသည်ဟူသော သတင်းနှင့် ပတ်သက်ပြီး ထိုသို့ ပြောလိုက်ခြင်း ဖြစ်သည်။

"ကရင် နယ်ခြားစောင့်တပ်က တာဝန်ရှိသူတွေကို စဉ်းစား ချင့်ချိန်စေချင်တယ်။  သူတို့ တက်လာရင်တော့ ကျနော်တို့ဘက်က ညှာမှာတော့ မဟုတ်ဘူး" ဟု မြ၀တီခရိုင် အခြေစိုက် DKBA တပ်မဟာ ၅ မှ ဗိုလ်ကြီးကော့ဒို့စိုးက ဧရာဝတီကို ပြောသည်။

DKBA တပ်မဟာ ၅ သည် ဗိုလ်မှူးကြီး စောလားပွယ်(ဗိုလ်နှုတ်ခမ်းမွေး) ဦးဆောင်သည့် အဖွဲ့ ဖြစ်သည်။ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရေးကို လက်မခံဘဲ ၂၀၁၀ ရွေးကောက်ပွဲ ကျင်းပသည့်အချိန်က စတင်ပြီး အစိုးရတပ်နှင့် တိုက်ခိုက်နေခြင်း ဖြစ်သည်။

DKBA တပ်မဟာ ၅ ကို မိုးတွင်းကာလအတွင်း အပြီးသတ် ချေမှုန်းမည့် ကိစ္စမှာလည်း ဖြစ်နိုင်ခြေ မရှိကြောင်း၊ ခံစစ်ရှင် ပြောက်ကျားနည်းဖြင့် ခုခံရန် ပြင်ဆင်ထားပြီးဖြစ်ကြောင်း ဗိုလ်ကြီးကော့ဒို့စိုးက ပြောသည်။

အစိုးရက ထိုးစစ်ဆင်ရန် ဆုံးဖြတ်ရခြင်းမှာ DKBA တပ်မဟာ ၅ ၏ သောင်းကျန်းမှုကြောင့် ဖြစ်သည်ဟု စစ်ဆင်ရေး ဆွေးနွေးပွဲ တက်ရောက်ခဲ့သည့်  မြ၀တီခရိုင် အုပ်ချုပ်ရေး အဖွဲ့ဝင်တဦးက ပြောသည်။

DKBA တပ်မဟာ ၅ အဖွဲ့သည် မြ၀တီ နှင့် ကော့ကရိတ်ကြား ၅၅ မိုင် ရှည်သော ဒေါနတောင်ကျော် ကားလမ်းပေါ်တွင် ဆက်ကြေးတောင်း၊ လူသတ်၊ ပြန်ပေးဆွဲမှုများ မကြာခဏ ပြုလုပ်ခြင်း၊ မြို့များအတွင်း ၀င်ရောက် ပစ်ခတ် ဖျက်ဆီးခြင်းတို့ကို ပြုလုပ်နေသည်ဟု သူက ဆိုသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ DKBA တပ်မဟာ ၅ ၏ တပ်မှူးတဦးက "ကျနော်တို့ အခွန်ကောက်တာ မှန်တယ်၊ လူထုကို ကျနော်တို့ရဲ့ ရည်ရည်ချက်နဲ့ လုပ်ငန်းစဉ်ကို ရှင်းပြပြီးတော့မှ ကောက်တာ ဖြစ်တယ်။ မတော်မတရားတာတွေ တခုမှမလုပ်ဘူး" ဟု ရှင်းပြသည်။ အစိုးရတပ်ဖွဲ့ဝင်တချို့ကို ဖမ်းမိသော်လည်း ပြန်လွှတ်ပေးသည်ဟု သူက ဆိုသည်။

ဖမ်းဆီးမှုများနှင့် ပတ်သက်ပြီး "ကျနော်တို့မှာ မှတ်တမ်း ဗွီဒီယိုတွေ ရိုက်ထားတာတွေ ရှိတယ်။ မကြာခင် ဒီ မှတ်တမ်းစီဒီတွေကို ဖြန့်ချိမှာ ဖြစ်တယ်" ဟု အမည်မဖော်လိုသည့် တပ်မှူးက ပြောသည်။

ထိုမှတ်တမ်းတွင် အစိုးရတပ် စစ်ဗိုလ်တဦး ဖမ်းမိပုံ၊ လက်နက် နှင့် လမ်းလျှောက်စကားပြောစက်ကို သိမ်းဆည်းပြီး ထိုအရာရှိအား ပြန်လွှတ်ပေးပုံတို့ကို တွေ့ရသည်။

11ReadMore-2.jpg

Sunday, August 7, 2011

မီနီဆိုးတားပြည်နယ်တွင်ချည်ဖြူမင်္ဂလာဖွဲ့ ပွဲ ကျင်းပ

                                       သဘာပတိအဖွဲ့ မှ စောနေထူး မိန်းခွန်းပြောကြားစဉ်
               ယနေ့ Aug 7,  2011ရက်နေ့ နံနက်(၁၀း၀၀)နာရီတွင်အမေရိကန်ပြည်ထောင်စု
            မီနီဆိုးတားပြည်နယ်  စိန့်ဖေါမြို့    အာလ်တန်လမ်းမဘေး   ကရင်များစုနေထိုင်ရာ
            ရပ်ကွက်ကြား  အာလ်တန်အထက်တန်းကျောင်းခန်းမဆောင်တွင်  ကရင်ရိုးရာမင်္ဂ                      

            လာ ချည်ဖြူဖွဲ့ ပွဲတော်အခမ်းအနားတစ်ရပ်ကို     စည်ကားသိုက်မြိုက်စွာကျင်းပကြ
            ကြောင်းသတင်းရရှိပါသည်။

                     အဆိုပါအခမ်းအနားတွင်ကရင်အမျိုးသားများနှင့်နိုင်ငံခြားသားများ
              စုစုပေါင်းလူ ဦးရေ (၃၀၀)ကျော်ခန့်တက်ရောက်ကာ စားသောက်ဖွယ်ရာများနှင့်
              ကရင်ယဉ်ကျေးမှု အဆိုအကမျိုးစုံဖြင့်ဧည့်ခံခဲ့ကြောင်းသိရှိရပါသည်။ 


                                                                           ဓါတ်ပုံများ
မန်းရောဘဇန်မှနိုင်ငံခြားအမျိုးသမီးတစ်ဦးအားချည်ဖြူမင်္ဂလာဖွဲ့ ပေးစဉ်

   
                                            အားရ ပါးရ ဝါးကြတယ် ဆိုပါတော့
 
  
ဆိုကြမယ် ပျော်ကြမယ်လေ
         
                                          မြူးကြွသံစဉ်တွေနဲ့ ဟန်မျိုးစုံ မီနီဆိုးတားလူငယ်ဒုံး

11ReadMore-2.jpg

Saturday, August 6, 2011

သင့်တွက်ချည်ဖြူ


                      သင့်တွက်ချည်ဖြူ
       

         မိုးကြီးလေကြမ်း ကလူစယ်
သောင်ရင်း သံလွင်လှိုင်းမာန်ထည်
အုံ့မှိုင်းကာ လျှပ်လဲ့သွန်းဖြိုး
ညှာတာမဲ့ လဝါခေါင်မိုး။
         လမြတ်ဝါခေါင် ရေဖေါင်ဖေါင်
         ဒို့ ရိုးရာပွဲ မျိုးဂုဏ်ဆောင်
         ချည်ဖြူနှောင်ဖွဲ့   ယုံကြည်ချက်
         ကြားစကား နားမယောင်နဲ့။
                    နတ်ပန်းညိုလိုရောက်လေရာ
                    ရှင်သန်ခြင်း ဂုဏ်ကိုဆောင်ပါ
                    ထမင်းဆုပ်ကို စံနမူ
                    မခွဲခြားနဲ့ သူ့လူကိုယ့်လူ။
                               မိမျိုး ဖနွယ်မခွဲခြား
                               ဒို့ တစ်အူတုံ ညီနောင်ဖွါး
                              သစ်ခေါင်းဝါးခေါင်း မျိုးကရင်
                              မှားတာမြင်ရင် အမှန်ပြင်လော့
                              လွဲမှား ယုံလွယ် လိပ်ပြာငယ်
                                သင့်ကို ‘ ပလူးလါ ’ ဘိတ်ခေါ်တယ်။
                                             ပျို့ မောင်မယ် ချည်ဖြူရှင်တို့
                                          သွေးရင်းညီနောင်ပေါင်းဆုံကြစို့
                                          တို့များရဲ့  ဇွဲကပင်မြေဝယ်
                                          ကျူးကျော်သူကိုတွန်းလှန်မယ်
                                          ပြန်လာပါတော့ လှမ်းခဲ့ပေါ့
                                          ချည်ဖြူသင့်တွက်ကမ်းယူလော့ -----

                                                                                  စအိုင်ခန့်  (နှင်းခဲမြေ) 
                                                                                         Jul 19/2008

11ReadMore-2.jpg

သမ္မတ သိန်းစိန်ကို ယခုလို ကျွန်တော် ပြောချင်ပါသည်။

ဆောင်းပါး 

ဘုန်းစည်သူ

ယခု တလော မြန်မာ သတင်းစာများတွင် ကျဉ်းမြောင်းသော လူမျိုးစွဲ ၀ါဒ၊ ဒေသစွဲဝါဒ စကားလုံးကို အဖန်ဖန် အလဲလဲ ထပ်ခါထပ်ခါ တွေ့နေရသည်။ နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်၏ ဇူလိုင်လ ၂၉ ရက်နှင့် ၃၀ ရက်များတွင် ပြုလုပ်ခဲ့သော ရခိုင် ခရီးစဉ်တွင် ထို လူမျိုးစွဲ ၀ါဒ၊ ဒေသစွဲ ၀ါဒ စကားလုံးကို ရခိုင်ပြည်သူများနှင့် တွေ့ဆုံရာတွင် ထပ်ခါ တလဲ လဲ ပြောဆို သုံးစွဲခဲ့ပြီး လူမျိုးစွဲ ၀ါဒ၊ ဒေသစွဲ ၀ါဒကို မထားကြရန် ဆော်သြခဲ့သည်ကို တွေ့ရသည်။ အဆိုပါ စကားလုံးများကိုပင် အစိုးရထုတ် သတင်းစာများက စာလုံး အမဲများဖြင့် Highlight လုပ်ကာ ဖေါ်ပြကြသည်။ ၎င်းအပြင် သြဂတ်စ်လ ၂ ရက်နေ့က ထုတ်ဝေသော အစိုးရပိုင် ကြေးမုံ သတင်းစာ အယ် ဒီတာ အာဘော်ကလည်း ရခိုင်ရေဘေးအကြောင်းကို ရေးသယောင်ယောင်ဖြင့် ရခိုင် လူမျိုးတို့အား လူမျိုးစွဲ ဒေသစွဲ ပြင်းထန်သည်ဟု စွပ်စွဲကာ လူမျိုးစွဲ ၀ါဒ၊ ဒေသစွဲ ၀ါဒ မထားရန် အယ်ဒီတာ့ အာဘော်မှ တဆင့် တိုက်တွန်း ရေးသားထားကို တွေ့ရသည်။

၎င်းပြင် သမ္မတကြီး ဦးသိန်းစိန်က ရေဘေး အကူအညီ အတွက် ရခိုင်သို့ လာရောက်စဉ် ဂွ၊ တောင်ကုတ်၊ မင်းပြား၊ စစ်တွေ စသည့်မြို့ များတွင် ရခိုင်ပြည်သူများနှင့် တွေ့ဆုံစဉ် အောက်ပါ အတိုင်း ပြောကြားခဲ့ကြောင်း သတင်းစာများက ဖေါ်ပြသည်။

“ မိမိတို့နိုင်ငံသည် တိုင်းရင်းသား လူမျိုးပေါင်း ၁၀၀ ကျော် ဥမကွဲ သိုက်မပျက် အတူတကွ လက်တွဲ နေထိုင်လာခဲ့ကြကြောင်း၊ ကျဉ်းမြောင်းသည့် လူမျိုးစွဲ ၀ါဒ၊ ဒေသစွဲ ၀ါဒများ ထားရှိရန် မသင့်ကြောင်း၊ တိုင်းရင်းသား အချင်းချင်း ချစ်ကြည်ရင်းနှီးစွာဖြင့် ပူးပေါင်းနေထိုင်မှသာ မိမိတို့နိုင်ငံ အဓွန့်ရှည် တည်တံ့နေမည် ဖြစ်ကြောင်း၊ အတိတ်က ဖြစ်ရပ်များ အပေါ် သင်ခန်းစာ ယူ၍ တိုင်းရင်းသား အချင်းချင်း ပြည်ထောင်စု စိတ်ဓါတ် အရင်းခံကာ စည်းစည်းလုံးလုံး ညီညီညွှတ်ညွှတ် နေထိုင်ကြရန် လိုကြောင်း။”

သူတို့ ပြောဆို ရေးသားချက်များ အားလုံးကို ပေါင်းခြုံ သုံးသပ် ပြောဆိုရသော် ရခိုင်တို့သည့် လူမျိုးစွဲ၊ ဒေသစွဲ ပြင်းထန်သည်။ သို့အတွက် ယခု ခေတ်အခါတွင် လူမျိုးစွဲ ဒေသစွဲ ထားရန် မသင့်တော့၊ ပြည်ထောင်စု စိတ်ဓါတ် ထားရှိရန် ဆိုလိုသည့် အနှစ်ချုပ် ဖြစ်သည်။

သမ္မတကြီး ဦးသိန်းစိန်သည် တိုင်းပြည် အစိုးရကို ဦးဆောင်နေသော နိုင်ငံ ခေါင်းဆောင် တစ်ဦး ဖြစ်ပါလျက် သူများ မျက်ချေးတော့ မြင်သည်။ ကိုယ့်မျက်ချေးကျတော့ မမြင်ဆိုသကဲ့သို့ ဖြစ်နေသည်။ လူများ အပြစ်ကျတော့ မြင်သည်။ ကိုယ့်အပြစ်ကျတော့ မမြင် ဖြစ်နေသည်။ ရခိုင်လူများကို ကျတော့ ကျဉ်းမြောင်းသော လူမျိုးစွဲ ဒေသစွဲ ရှိသည်ဟု မြင်ပြီး မိမိတို့က မဟာ ဗမာ လူမျိုးကြီး ၀ါဒကျင့်သုံးပြီး တခြား လူမျိုးငယ်များကို ဖိနှိပ် နေသည်ကိုကျတော့ မမြင် ဖြစ်နေသည်။ အမှန် စင်စစ် ရခိုင်အမျိုးသားများ၌ ဖြစ်ပေါ်နေသော ကျဉ်းမြောင်းသော လူမျိုးစွဲ ၀ါဒသည် အုပ်ချုပ်သူများက မဟာ ဗမာ လူမျိုးကြီး ၀ါဒဖြင့် တိုင်းပြည်ကို ဖိနှိပ် အုပ်ချုပ်နေရာမှ ပေါ်ပေါက်လာသော အကျိုးဆက် ဖြစ်သည်။ နေရာတိုင်းတွင် ဗမာမှ ဗမာ၊ ငါတို့ ဗမာသည်သာ တိုင်းပြည်၏ အရှင်သခင် တခြား လူမျိုးများမှာ ငါတို့ လက်အောက်ခံ၊ ငါတို့ လုပ်သမျှ ခေါင်ငုံ့ခံကြရမည် ဆိုသည့် အတွေးအခေါ် သဘောတရားများကို လက်ကိုင်ထားပြီး တိုင်းပြည်ကို အုပ်ချုပ်နေသဖြင့် ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ထိုသို့ စိတ်ဓါတ်ဖြင့် ဖိနှိပ် အုပ်ချုပ်နေသမျှ ကာလပတ်လုံး ထို ကျဉ်းမြောင်းသော လူမျိုးရေး ၀ါဒများသည် အဖိနှိပ်ခံ လူမျိုးများ အကြားတွင် ဆက်လက် ပေါ်ပေါက်နေမည် ဖြစ်သည်။

ရခိုင်လူမျိုးများ အနေဖြင့် ရာစုနှစ်ဖြင့်ချီ၍ ဗမာ အုပ်ချုပ်သူများ အပေါ် နာကျည်းချက်များ ရှိနေသည်ကို ဗမာ အုပ်ချုပ်သူ ခေါင်းဆောင်များ သိရန်လိုသည်။ ယနေ့ ရခိုင်ပြည်နယ်တွင် နေထိုင်သူ မည်သူ့ကို မဆို သွားမေး ကြည့်ပါ။ နိုင်ငံရေးကို စိတ်မ၀င်စားသူ၊ နားမလည်သူ သာမန် လူပြိန်းများကိုပင် ရခိုင်ပြည်နယ်တွင် ဗမာ အုပ်ချုပ်သူများက အနိုင်ကျင့် ဖိနှိပ် အုပ်ချုပ်နေသည်မှာ မှန်ပါသလားဟု မေးလျှင် ဟုတ်မှန်ကြောင်း မဆိုင်း မတွ ဖြေဆိုကြမည် ဖြစ်ပါသည်။ရခိုင်လူမျိုးများ အပေါ် ဗမာ များက အကြီးအကျယ် အနိုင်ကျင့် နေကြသည်ဟု ပြောကြမည် ဖြစ်ပါသည်။ ဤသို့ အနိုင်ကျင့်နေကြောင်း ပြောရသည်မှာ အလိုလို လူမျိုး တမျိုးက အခြား လူမျိုး တမျိုးကို အသားလွတ် မုန်း၍ မဟုတ်သည်ကို နားလည် သဘောပေါက် ကြရန် လိုပါသည်။ လက်ရှိ ရခိုင်ပြည်နယ်တွင် ဗမာ အုပ်ချုပ်သူများက နည်းမျိုးစုံဖြင့် အနိုင်ကျင့်နေသည်ကို ကြောကော့အောင် လက်တွေ့ ခံစားနေကြရ၍ ထိုသို့ ဖွင့်အံကြမည်သာ ဖြစ်သည်။

ရခိုင်ပြည်နယ်တွင် ယနေ့ အုပ်ချုပ်ရေး ပုံစံကို ကြည့်နိုင်ပါသည်။ ပြည်နယ် အဆင့်မှ မြို့နယ် အဆင့်ထိ အာဏာ အရှိဆုံးနေရာများ၊ ၀င်ငွေ အကောင်းဆုံးနေရာများကို ရရှိထားသူများမှာ ဗမာ အမျိုးသားများသာ ဖြစ်သည်။ ရခိုင်များမှာ စာရေး စာချီ လက်အောက်ငယ်သားများသာ ဖြစ်ကြသည်။ ပြောပိုင်ခွင့် ဆိုပိုင်ခွင့် မရှိ။ ထားရာနေ စေရာသွား ဘ၀သာ ဖြစ်ကြသည်။ အင်္ဂလိပ် နယ်ချဲ့ခေတ်က တိုင်းတပါးသား မျက်နာဖြူ နယ်ချဲ့များမှာ ရာထူး ရာခံ အကြီးအကဲ နေရာများတွင် ရှိပြီး မြန်မာများမှာ မျက်နာငယ် စာရေးစာချီဘ၀တွင် ရှိခဲ့သော အခြေအနေမျိုး ဖြစ်သည်။ ဒေသအတွင်း မည်သည့် အရေးကိစ္စမဆို စီမံခန့်ခွဲနေသူများမှာ ဗမာ အုပ်ချုပ်သူ များသာ ဖြစ်သည်။ သူတို့ဆီက ခွင့်ပြုချက် တစ်ခုခု မယူဘဲ လုပ်ကိုင်၍ မရ ဖြစ်နေကြရသည်။ အစိုးရ၊ ရုံး ၊ စာသင်ကျောင်းများတွင်လည်း ဗမာ စကားကိုသာ ပြောဆိုကြရသည်။ ရခိုင်အချင်းချင်းဖြစ်ပါလျှက် ရခိုင် စကားကို ပြောဆိုခွင့်မရ။ စာသင်ကျောင်းများတွင်လည်း ရခိုင်စကားကို ပြောခွင့်မရ။ ရခိုင်စာပေကို သင်ကြားခွင့်မရ။ နောက်ဆုံး ကျောင်းသား အချင်းချင်း ကျောင်းထဲတွင်ရခိုင်စကား ပြောဆိုခွင့် မရအောင်ထိ ပိတ်ပင်လာသည်။ ယခင်က အစိုးရ စာသင်ကျောင်းများတွင် ရခိုင်စကားဖြင့် ပြောဆို သင်ကြားခွင့်ရသော်လည်း ယခုအခါ မပြောဆိုရဟု အမိန့်ထုတ်လာသည်။ ရခိုင်ကလေးငယ် တစ်ဦးအဖို့ အစိုးရ စာသင်ကျောင်းကို စရောက်သည်နှင့် ဗမာ စကား ဗမာ စာပေကို သင်ကြားကြရသည်။ အလယ်တန်း အဆင့် အထက်တန်း အဆင့် တက္ကသိုလ် ကောလိပ် အဆင့်တွင် ဗမာ စာပေကို သင်ကြား ကြရမည်ကို တစုံတရာ အတိုင်းအတာထိ လက်ခံ နိုင်သော်လည်း မူလတန်းကျောင်းများတွင် မိမိစာပေ မိမိစကားဖြင့် သင်ကြားခွင့် မရကြသည် အပေါ် လက်ခံနိုင်စရာ မရှိ။ တမင် သက်သက် လူမျိုးရေး အရ ချိုးနှိမ်ထားလိုသည့် သဘော ဖြစ်သည်။ ကျောင်းသုံး စာအုပ်များတွင်လည်း ဗမာ လူမျိုးကို အထင်ကြီးအောင်၊ ဗမာ ယဉ်ကျေးမူကိုသာ မြတ်နိုးခုံမင်အောင်၊ ဗမာ သမိုင်းကို မိမိသမိုင်း အဖြစ် လက်ခံလာအောင် ပြုလုပ် ဖေါ်ပြထားသည်။ ဤသည်မှာ ကလေးဘ၀ကတည်းက မိမိလူမျိုးထက် ဗမာ လူမျိုးများကို အထင်ကြီးအောင် ဖန်တီးထားခြင်း ဖြစ်သည်။ ဤကဲ့သို့ ပြုလုပ် ထားခြင်းသည် မဟာဗမာ လူမျိုးကြီး ၀ါဒကို သွတ်သွင်ထားခြင်းသာ ဖြစ်သည်။ ၎င်းပြင် ယဉ်ကျေးမူ နယ်ပယ်၌လည်း မိမိ ယဉ်ကျေးမူ ရိုးရာ အစဉ်အလာများကိုသာ ဖေါ်ထုတ်ခွင့်မရဘဲ ဗမာ ယဉ်ကျေးမူ အနုပညာများကို မိမိတို့ ယဉ်ကျေးမူ သဖွယ် ဖေါ်ထုတ်နေကြရသည်။ “ မြန်မာယဉ်ကျေးမူ ဆိုကရေးတီး” ပြိုင်ပွဲများ ပြုလုပ်နေသည်ကို ကြည့်ပြီး သိနိုင်သည်။ ယနေ့ အချိန်ထိ လူမျိုး တစ်မျိုး ဖြစ်ပါလျှက် မိမိရိုးရာ ယဉ်ကျေးမူ အမွေအနှစ်များကို တရားဝင် ဖေါ်ထုတ်ခွင့်မရကြသည်မှာ အလွန်ဝမ်းနည်းဖွယ်ရာ ဖြစ်သည်။ ၎င်းအပြင် ယဉ်ကျေးမူ အရ ၀ါးမျိုနိုင်ရန်လည်း နည်းမျိုးစုံဖြင့် ပြုလုပ် ထားသည်။ ရေဒီယို ရုပ်သံလိုင်းများကိုလည်း အားလုံး မောင်ပိုင် လုပ်ထားပြီး ဗမာ သီချင်း၊ ဗမာ ပြဇာတ်၊ ဗမာရုပ်ရှင်ကားများကိုသာ ကြည့်နေကြရသည်။ ရုပ်သံလိုင်းများကို နယ်စွယ် နယ်ဖျားထိ ကြည့်ရှု့နိုင်အောင် တာဝါတိုင်များကို မြန်မာပြည့်အနှံ့ထောင်ထားသည်ကို တွေ့မြင်နိုင်သည်။ တခြား မည်သည့် စီမံကိန်းများတွင်မှ ယခုကဲ့သို့ အားကြိုး မာန်တက် လုပ်ကိုင် ဆောင်ရွက် သည်ကို မတွေ့ရဘဲ ရုပ်မြင်သံကြားကို တနိုင်ငံလုံး ကြည့်ရှု့နိုင်အောင် စီမံထားခြင်းသည် ဗမာ ယဉ်ကျေးမူ ဗမာ ရိုးရာ အစဉ်အလာများကို တခြား လူမျိုးများကို သွတ်သွင်းရန် ရည်ရွယ်ချက်မှ အပ တခြားမရှိသည်ကို လူတိုင်း နားလည် သဘော ပေါက်နိုင်သည်။

ဘုရား ပုထိုး စေတီ ကျောင်းကန်များကို ဗမာပြည်နှင့် ရခိုင်ပြည်ယှဉ်ထိုး ကြည့်နိုင်ပါသည်။ ဘုရားစေတီ ပုထိုးများတွင် ဗမာပြည်က ဘုရားများမှာ ရွှေရောင် ပြောင်ညီးနေသော်လည်း ရခိုင်ဘုရားများမှာ ထုံးဖြူတောင် မသုတ်နိုင်ဘဲ ဖြစ်နေသည်။ ကျွန်ဖြစ်ရသည်မှာ လူတောင် မဟုတ်။ ဘုရားပါ ကျွန်ဖြစ်ရသည့် သဘောမျိုး ဖြစ်နေသည်။ ပုဂံရှိ ဘုရားများအား နိုင်ငံတော်က စီမံကိန်းချပြီး ပြုပြင် နေသော်လည်း ရခိုင်မြောက်ဦးရှိ ဘုရားများကို မပြုပြင်ဘဲ ပစ်ထားသည်သာမက ဖြိုချ ဖျက်ဆီးနေသည်။ ပုဂံသည် ဗမာ လူမျိုးများ အတွက် အထွဋ် အမြတ်ထားရာ နေရာ ဖြစ်သလို မြောက်ဦးသည်လည်း ရခိုင် လူမျိုးတို့ အထွဋ် အမြတ်ထားရာနေရာ ဖြစ်သည်။ မိမိတို့က ဘိုးဘွား အမွေအနှစ်မို့ ပုဂံကို ချစ်မြတ်နိုး သလို တခြား လူမျိုးတို့ အနေဖြင့် သူတို့ ဘိုးဘွားပိုင် အမွေ အနှစ်များကို ချစ်မြတ်နိုးကြမည်ကို လက်ခံ အသိအမှတ် ပြုရန်လိုသည်။ ယခုကား အုပ်ချုပ်သူ ဗမာများက မိမိတို့ အမွေအနှစ်များမှ တကယ့် အမွေအနှစ် အစစ်၊ တခြား လူမျိုးများ၏ အမွေအနှစ်ကိုကား တန်ဖိုးထား မလေးစားကြ။ ထိုကဲ့သို့ စိတ်ဓါတ်များ ဗမာ အုပ်ချုပ်သူများတွင် ကိန်းအောင်းနေသမျှ တခြား တဘက်တွင် မိမိလူမျိုးမှ မိမိလူမျိုး ဆိုသည့် ကျဉ်းမြောင်းသော စိတ်ဓါတ်များ ရှင်သန်နေမည်သာ ဖြစ်သည်။

ဗမာ အုပ်ချုပ်သူများ အနေဖြင့် ပြည်ထောင်စုကြီး ဥမကွဲ သိုက်မပျက် ဖြစ်စေလိုပါလျှင် အားနည်းသူကို အားသာ သူက အနိုင်ကျင့်လိုသည့် စိတ်ဓါတ် မျိုးကို ဖယ်ထုတ် ပစ်ရမည် ဖြစ်သည်။ အားနည်းသူကို အားသာသူက ဖေးမ တွဲကူ ယူလိုသော စိတ်ဓါတ် အခြေခံကောင်းများ မွေးမြူကြရန် လိုအပ်သည်။ ပြည်နယ်များ စိတ်ဝမ်း မကွဲပြားရအောင် ခေတ်မှီ နောက်ကျနေသော ပြည်နယ်များ ဖွံ့ဖြိုး တိုးတက်ရေးကို ဗမာပြည်မ တိုးတက်ရေးထက် လုပ်ကိုင် ဆောင်ရွက် ပေးရမည် ဖြစ်သည်။ ယခုကား ဗမာ အုပ်ချုပ်သူများက ချမှတ်ထားသော ပေါ်လစီက ပြောင်းပြန် ဖြစ်နေသည်။ ပြည်မ အရင် တိုးတက်ရန် လိုသည်။ ပြည်မတိုးတက်မှ ကျန်ပြည်နယ်များပါ လိုက်ပါ တိုးတက်မည်။ ပြည်မ တိုးတက်ရန် အရင် လုပ်ဆောင်ရန် လိုသည့် သဘော ဖြင့် ရလာသည့် အခွင့်အရေးဟူသမျှ ဗမာများက သိမ်းကျုံးယူသည်။ စက်ရုံ အလုပ်ရုံနှင့် အဆင်မြင့် တက္ကသိုလ် ကျောင်းများ ဟူသမျှကို ဗမာပြည်တွင် တည်ဆောက် ထားသည်။ ယခု ဗမာ အုပ်ချုပ်သူတို့မှ ပြည်နယ်များတွင် ရေကာတာ တည်ဆောက်ပြီး ရရှိလာသော လျှပ်စစ် ဓါတ်အားကို ပြည်နယ်များတွင် မသုံးဘဲ ဗမာပြည်သို့ ယူဆောင်သည်။ ပြည်နယ်များမှ ထွက်သော သဘာဝ သယံဇာတ များကို နိုင်ငံခြား တိုင်းပြည်များသို့ ရောင်းချပြီး ပြည်နယ်များ တိုးတက်ရေး အတွက် တပြားတချပ်မှ မသုံးခြင်း ဖြစ်သည်။

သို့ အတွက် ကျဉ်းမြောင်းသော လူမျိုးစွဲ ၀ါဒ ဒေသစွဲ ၀ါဒကို ဖျောက်ဖျက်သင့်သည်ဟု ပါးစပ်က ပြောနေ၍ မရ။ မိုးဦးကျ ဖါးလို အော်နေ၍ မရ။ ကျဉ်းမြောင်းသော လူမျိုးစွဲ ၀ါဒသည် မည်သည့် အတွက်ကြောင့် ပေါ်ပေါက်လာရသလဲ။ မည်သည့် အကြောင်းအရာပေါ်တွင် အခြေခံသလဲ။ ပေါ်ပေါက်လာရသည့် အခြေခံ အကြောင်း တရားကို အသေအချာ လေ့လာ ဆန်းစစ် သုံးသပ်ရန် လိုသည်။ သို့မှသာ ကျဉ်းမြောင်းသော လူမျိုးစွဲ ၀ါဒကို တိုက်ဖျက်နိုင်မည် ဖြစ်သည်။

စာရေးသူ အနေဖြင် ပြောလိုသည်မှာ ကျဉ်းမြောင်းသော လူမျိုးစွဲ ၀ါဒသည် ကျဉ်းမြောင်းသော မဟာ လူမျိုးကြီး ၀ါဒနှင့် ဒင်္ဂါးစေ့ တစ်စေ့၏ ပန်းနှင့် ခေါင်းလို ဖြစ်သည်။ မြန်မာနိုင်ငံတွင် အင်အားများသူ၊ တိုင်းပြည်ကို အုပ်ချုပ်ခွင့် ရသူ ဗမာများက လူမျိုးကြီး ၀ါဒ ကျင့်သုံးပြီး တခြား လူမျိုးများ အပေါ် ဖိနှိပ် နေသမျှ တခြား အဖိနှိပ်ခံ အနှိမ်ခံ တိုင်းရင်းသား လူမျိုးများတွင် ကျဉ်းမြောင်းသော လူမျိုးရေး ၀ါဒများ အမြင်များ ရှိနေမည်သာ ဖြစ်သည်။ သို့ အတွက် ဦးသိန်းစိန် အနေဖြင့် ရခိုင်လူမျိုးတို့ ၏ လူမျိုးစွဲ၊ ဒေသစွဲများကို ဖျောက်ဖျက်လိုလျှင် သမ္မတကြီး ဦးသိန်းစိန်တို့ ယနေ့ လက်ကိုင် ကျင့်သုံးနေသော မဟာ ဗမာ လူမျိုးကြီး ၀ါဒကို အရင် စွန့်လွှတ်ရန် လိုအပ်မည် ဖြစ်ပါသည်။

11ReadMore-2.jpg

Friday, August 5, 2011

နေပြည်တော် မြေအောက် ရထားလမ်း ရုရှ ဦးစားပေး စီစဉ်နေ


2011-08-05
မြန်မာအစိုးရရဲ့ မြို့တော်ဖြစ်တဲ့ နေပြည်တော်မှာ မက်ထရို မြို့ပတ် မြေအောက်ရထားလမ်း ဖေါက်လုပ်ရေး လုပ်ငန်းအတွက် ကန်ထရိုက် ရထားတဲ့ ရုရှားကုမ္ပဏီဟာ ပြည်တွင်း မြေအောက် ရထားလမ်း စီမံကိန်းတွေ ထက် နေပြည်တော် စီမံကိန်းကို ပိုပြီး အားစိုက် ဆောင်ရွက် နေတယ်လို့ The Moscow News က မနေ့က ဖေါ်ပြ လိုက်ပါတယ်။
AFP
မြန်မာအစိုးရ ရုံးစိုက်ရာ နေပြည်တော်မြို့တွင် အသစ်စက်စက် ဆောက်လုပ်ပြီးစ ရထားဘူတာကို သန့်ရှင်းရေး လုပ်နေသည့် အလုပ်သမားများ ဖြစ်ပါသည်။
နေပြည်တော် မြေအောက် ရထားလမ်းအတွက် တိုင်းတာရေးနဲ့ ပုံစံထုတ်တဲ့ အဆင့်တွေပြီးစီး သွားပြီလို့ အမည်မသိရသေးတဲ့ ရုရှကုမ္ပဏီရဲ့ စီမံကိန်း အရာရှိ တစ်ယောက်က ပြောပါတယ်။ နေပြည်တော် မြေအောက် ရထားလမ်းဟာ မိုင် ၃၀ ကျော်ရှည်မှာ ဖြစ်ပြီး မော်စကို မြေအောက် ရထားလမ်းထက် သုံးဆ ပိုရှည်တယ် လို့လည်း ဆိုပါတယ်။ ရုရှနိုင်ငံမှာ မက်ထရို မြို့ပတ် မြေအောက် ရထားလမ်းတွေ တိုးချဲ့ပြုပြင်ရေး စီမံကိန်းတွေ ရှိနေပေမယ့် ငွေကြေး အခက်အခဲ ရှိနေပါတယ်။ မော်စကိုမြို့တော် အပါအ၀င် စိန့်ပီတာစဘတ်၊ ကာဇန်၊ Nobosibirsk မြို့တွေမှာ မက်ထရို ရထားလမ်း စီမံကိန်းတွေ နှေးကွေး ဆိုင်းငံ့ ထားရပေမယ့် ရုရှ ကျွမ်းကျင်သူတွေနဲ့ ရုရှ ဆောက်လုပ်ရေး လုပ်သား အများအပြားကတော့ နေပြည်တော် မက်ထရို စီမံကိန်းသစ် အတွက် အသင့် သုံးနိုင်တယ်လို့ မော်စကို သယ်ယူ ပို့ဆောင်ရေး ဌာန အကြီးအကဲ Vorontsova က ပြောပါတယ်။ နေပြည်တော် မက်ထရိုမြို့ပတ် ရထားလမ်းဟာ မြေအောက် ဘယ်လောက်အနက် အထိရှိမယ်ဆိုတာ အတိအကျ မသိရသေးပေမယ့် လက်ရှိမော်စကို မြေအောက်ရထားလမ်း အနက်အတိုင်းပဲ ဖြစ်မယ်လို့ Vorontsova က ခန့်မှန်းပါတယ်။ မော်စကို မြေအောက် ရထားလမ်းကို ဒုတိယ ကမ္ဘာစစ်အတွင်းက ဗုံးခိုကျင်း အဖြစ် အသုံးပြုခဲ့ပါတယ်။

11ReadMore-2.jpg

တိုင်းရင်းသား တပ်ပေါင်းစု “ ပြည်သူ့ခေါင်းဆောင် ” ကို ထောက်ခံ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင် (မဇ္ဈိမ) ။      ။ “ ပြည်သူ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်” ဟု ခေါ်ဆိုလိုက်ပြီး တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC က တိုင်းရင်းသား ဒေသများတွင် အပစ်ခတ်ရပ်စဲပြီး ပဋိပက္ခများကို ဆွေးနွေးခြင်းဖြင့် အဖြေရှာပါရန် ဒေါ်အောင်ဆန်းစုကြည်၏ ပန်ကြားချက်ကို ထောက်ခံကြောင်း သောကြာနေ့တွင် ပြောဆိုလိုက်သည်။

“ ယနေ့ဖြစ်ရှိနေသော လက်နက်ကိုင် ပဋိပက္ခကို နိုင်ငံရေးအရ တွေ့ဆုံ ဆွေးနွေး ဖြေရှင်းနိုင်ရေး အတွက်
 ဒေါ်အောင်ဆန်းစုကြည်၏ အဆိုပြု ပန်ကြားချက်ကို ကျနော်တို့ တိုင်းရင်းသား လက်နက်ကိုင် အင်အားစုများက သဘောတူ ထောက်ခံကြောင်း ပြန်ကြားအပ်ပါသည်” ဟု တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အားလုံးနီးပါးဖြင့်
ပေါင်းစည်းထားသော UNFC က ကြေညာချက် ထုတ်၍ တုံ့ပြန်လိုက်သည်။
unfc
ဒေါ်အောင်ဆန်းစုကြည်က ကြားဝင် စေ့စပ်ပေးလိုကြောင်း ကမ်းလှမ်းလာသည့် ဇူလိုင် ၂၈ ရက်နေ့ ပေးစာတွင်
သမ္မတ ဦးသိန်းစိန်နှင့် UNFC အဖွဲ့ဝင် ၄ ဖွဲ့ကိုသာ လိပ်မူခဲ့သော်လည်း UNFC အဖွဲ့ တခုလုံးအနေဖြင့် ပြန်ကြားခြင်း
ဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့အပြင် တိုင်းရင်းသား အဖွဲ့အစည်းများ၏ အမျိုးသားတန်းတူရေးနှင့် ပြည်နယ်အတွင်း ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိသော စစ်မှန်သည့် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်လိုခြင်းကို မီးမောင်း ထိုးပြထားသည်။

“ နှစ်ပေါင်း ၆၀ ကျော် ဖြစ်ပွားခဲ့သော တိုင်းရင်းသား ပြဿနာကို နိုင်ငံရေးအရ အလေးထား ဖြေရှင်းခဲ့ခြင်း မရှိဘဲ စစ်ရေးဖြင့်သာ ဖိအားပေး ဖြေရှင်းလာခဲ့သဖြင့် ကျနော်တို့ နိုင်ငံသည် သယံဇာတ ပေါကြွယ်ဝနေပါလျက် ဖွံ့ဖြိုးမှု
နောက်ကျနေရပြီး လူမျိုးစုံ ပြည်သူများသည် ဆင်းရဲ ဒုက္ခမျိုးစုံနှင့် ရင်ဆိုင်နေရသည်။ ပြည်သူတို့သည် လွတ်လပ်
သည့် နိုင်ငံသားဟု ဆိုသော်ငြားလည်း ဗမာ အပါအဝင် တိုင်းရင်းသား လူမျိုးအားလုံးတို့မှာ လွတ်လပ်ရေး၏ အရသာကို မခံစားကြရပါ” ဟု ဖော်ပြထားသည်။

“ပြည်တွင်းစစ်ကြောင့် နိုင်ငံနှင့် ပြည်သူများအပေါ် ထိခိုက် နစ်နာစေပြီး၊ အင်အားသုံး ဖြေရှင်း၍ အကျိုးရှိမည် မဟုတ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် နည်းတူ ထပ်တူထပ်မျှ ရှုမြင်သည်” ဟု ပါရှိသည်။

UNFC ကို ၂ဝ၁၁ ခု၊ ဖေဖော်ဝါရီလ ၁၂-၁၆ ထိ ကျင်းပသော တိုင်းရင်းသား လူမျိုးများညီလာခံတွင် ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ KIO၊ ကရင်အမျိုးသားအစည်းအရုံး KNU၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP၊ ချင်းအမျိုးသား တပ်ဦး CNF၊ မွန်ပြည်သစ်ပါတီ NMSP၊ ရှမ်းပြည် တိုးတက်ရေးပါတီ SSPP၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် PNLO၊ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF၊ ရခိုင်ပြည်အမျိုးသားကောင်စီ ANC၊ လားဟူ ဒီမိုကရက်တစ်သမဂ္ဂ LDU၊ ဝ’ အမျိုးသားအဖွဲ့ချုပ် WNO နှင့် ကချင်အမျိုးသားအစည်းအရုံး KNO
တို့ဖြင့် အမျိုးသား တန်းတူရေး၊ ပြည်နယ်အတွင်း ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိသော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးတို့အတွက် ဖွဲ့စည်းခဲ့သည်ဟု ဒေါ်အောင်ဆန်းစုကြည်ကို ရှင်းပြထားသည်။

လက်ရှိ ပြည်ထောင်စု မြန်မာနိုင်ငံ၏ ပိုင်နက် နယ်မြေများကို ဗမာအပါအဝင် တိုင်းရင်းသား လူမျိုးများ၏ ဘိုးဘွားပိုင် နယ်မြေများဖြင့် ဆက်စပ် စုစည်းထားခြင်း ဖြစ်ပြီး စုပေါင်း တိုက်ပွဲဝင်ခဲ့သဖြင့် ကိုလိုနီကျွန်ဘဝမှ လွတ်လပ်သော
နိုင်ငံ ဖြစ်လာရသည်ဟု UNFC ၏ အခြေခံ သဘောထားကို တင်ပြထားသည်။

11ReadMore-2.jpg

Thursday, August 4, 2011

သန့်ရှင်းတဲ့အစိုးရအဖွဲ့ဖြစ်ဖို့ ထပ်စင်တောင်းဆို

















                       ဟလို......ဟလို   ဟယို
..... ကြားလား.....  သြ ..အေး ဒီမှာပြောမယ် နားထောင် ငါတို့အစိုးရ
ကို  ဗမာပြည်က သိန်းစိန်အစိုးရလို သန့်ရှင်းတဲ့အစိုးရဖြစ်အောင်
ဖွဲ့စည်းကြရမယ်  ဟဲ ......ဟဲ .....ဟဲ


နိုင်ငံတကာက လက်ခံတဲ့ပုံစံနဲ့သန့်ရှင်းတဲ့အစိုးရအဖွဲ့၊ဖွဲ့စည်းဖို့ နိုင်ငံရေးနဲ့မဆိုင်တဲ့ အပြင်လူတွေကို ထည့်သွင်းဖို့ သူပြင် ဆင်နေတယ်လို့ ရာထူးကနေ မောင်းထုတ်ခံရတဲ့ ၀န်ကြီးချုပ်ဟောင်း ထပ်စင်ရှီနာဝပ်ထ်က ပြောဆိုလိုက်ပါတယ်။
ဒါပေမဲ့ ရွေးကောက်ပွဲအောင်နိုင်ရေးမှာပါဝင်လုပ်ဆောင်ခဲ့တဲ့ သူတို့ရဲ့အရေးပါမှုအတွက် အစိုးရအဖွဲ့ထဲမှာ ၀န်ကြီးနေ ရာအများစု ရချင်နေကြတဲ့ အရှေ့မြောက်ဒေသက ဖွေ့ထိုင်းပါတီ အမတ်တွေထဲက အင်အားကြီးတဲ့ အစုက သူ့ရဲ့ကြိုး ပမ်းအားထုတ်မှုတွေကို ရပ်တန့်အောင် လုပ်ကောင်းလုပ်နိုင်တယ်။ ပါတီတွင်းမှာ ဒီအစုက နေ့ရှိသမျှ ဒီကိစ္စအတွက် အပြင်းအထန် ဆွဲဆောင်စည်းရုံးမှုတွေ ထူးထူးခြားခြား ရှိလာနေတယ်။ ထပ်စင်က ခွန်ယင်လပ်ရဲ့ ပထမဆုံးဖွဲ့တဲ့ ကက် ဘိနက်ကို အကောင်းမြင်ချင်တယ်။ ဆိုတာကို အားလုံးကို အသိပေးလိုက်တာ ဖြစ်တယ်။
ဝန်ကြီးရာထူးတွေပေးဖို့ တောင်းဆိုနေတဲ့ပါတီထဲက ဂိုဏ်းသားတွေရဲ့ဖိအားတွေ ရှိနေပေမဲ့လည်း နိုင်ငံရေးနယ်က မဟုတ်တဲ့ အပြင်က လူရိုသေရှင်ရိုသေပုဂ္ဂိုလ်တွေနဲ့ အားဖြည့်ဖို့ သူ ကြိုးစားလုပ်ဆောင်နေတယ်လို့ ပါတီသတင်း ရပ် ကွက်က ပြောပါတယ်။ ပါတီရဲ့ကံကြမ္မာကို ထပ်စင်ရဲ့ ခိုင်ခိုင်မာမာဆုပ်ကိုင်ထားမှုက ဘာလဲဆိုတော့ ပါလီမန်မှာ အရွေး ခံရတဲ့ ရှပ်နီခေါင်းဆောင်တွေကို ကက်ဘိနက်ထဲကို ဖိတ်ခေါ်မှာမဟုတ်ဘူး။ ဆိုတာပါပဲ။ ဒါပေမဲ့ သူတို့ကို နောက်ပိုင်း ကက်ဘိနက်ဝင်တွေ အပြောင်းအလဲမှာ ရာထူး ပေးနိုင်တယ်လို့ သတင်းရပ်ကွက်က ဆိုပါတယ်။
ဝန်ကြီးရာထူးယူဖို့ ချဉ်းကပ်တဲ့ အပြင်လူတွေထဲမှာ Siam Commercial ဘဏ်က အမှုဆောင်ဥက္ကဋ္ဌ၊ ၀ီချစ်ဆူရာ ဖုန် ချိုင်း၊ ထိုင်းနိုင်ငံ ကစ်တီရာ့တ်နာရာနုံစတော့အိပ်ချိန်း၊ ဥက္ကဋ္ဌ ဖြစ်သူ သံအမတ်ကြီးဟောင်း ၀ိခရုမ်ခွန်ဖီရိုချာနတို့ ပါဝင် ပါတယ်။ သူတို့ဟာ  စီးပွားရေးနဲ့နိုင်ငံခြားရေးဝန်ကြီးနေရာတွေမှာ တာဝန်ယူကြမယ်လို့ ခန့်မှန်းရပါတယ်။ ထိုင်နိုင်ငံ တော်ပိုင် စွမ်းအင်ကုမ္ပဏီတခုဖြစ်တဲ့ PTT ဥက္ကဋ္ဌဟောင်း ဖရာဆာ့တ်ဘန်ဆမ်ဖန်က သူ့အနေနဲ့ စွမ်းအင်ဝန်ကြီးလုပ်ဖို့ သဘောတူတယ်ဆိုပြီး သူ့ဝန်ထမ်းကို ပြောတယ်လို့ သတင်းရပါတယ်။ ဒါကို ပါတီထဲကအတွင်းလူတွေက အတည်ပြု နိုင်စွမ်းမရှိပါဘူး။
တခြားဖွေ့ထိုင်းပါတီ သတင်းရပ်ကွက်က ပြောတာကတော့ ကက်ဘိနက်အဖွဲ့ဝင် ၃၅ ယောက်ထိ ရွေးပြီးပြီ၊ ၅ ယောက် က ညွန့်ပေါင်းပါတီကဖြစ်ပြီး ကျန် ၃၀ ကတော့ ဖွေ့ထိုင်းပါတီအမတ်တွေကို ခွဲဝေပေးမှာဖြစ်တယ်လို့ ဆိုပါတယ်။ တချို့ ပါတီတွေနဲ့အမတ်မဟုတ်သူတွေအတွက် ဗဟိုခွဲတမ်းအောက်မှာ ၁၅ နေရာကို အရံထားမှာ ဖြစ်ပါတယ်။ ကျန်တဲ့ နေရာ တွေကို ဒေသတခုစီက အမတ်တွေကို ခွဲဝေပေးမှာဖြစ်ပါတယ်။ အရှေ့မြောက်ဒေသက အမတ်တွေက မူလက ကက်ဘိ နက်မှာ ရာထူးနေရာ ၈ နေရာ ရချင်တာလို့ သတင်းရပ်ကွက်က ပြောပါတယ်။ ဒါပေမဲ့ အရှေ့မြောက်ဒေသက အမတ်၂ ယောက်ကို အောက်လွှတ်တော်ဥက္ကဋ္ဌနဲ့ လက်ထောက်နေရာပေးထားတာကြောင့် သူတို့ခွဲတမ်းကို ၆ နေရာပဲ ဖြတ်ချ လိုက်ပါတယ်။
ရွေးကောက်ပွဲမှာ အရှေ့မြောက်ဒေသက ထူးထူးခြားခြားကိုပဲ အမတ် ၁၀၄ နေရာ ရခဲ့တာပါ။ ညွန့်ပေါင်းပါတီအတွက် ကက်ဘိနက်ရာထူးစာရင်းတွေကို နောက်ဆုံးအတည်ပြု ရွေးချယ်ပြီးပါပြီလို့ ပါတီသတင်းရပ်ကွက်တချို့က ပြောပါတယ်။ ချာ့ထိုင်းပတ္ထနာပါတီက စိုက်ပျိုးရေးဝန်ကြီး၊  ကမ္ဘာလှည့်ခရီးသွားလာရေးနဲ့ အားကစားဝန်ကြီး၊ ဒုဝန်ကြီး နေရာတွေရပါ မယ်။ ချာ့ပတ္ထနာဖွေ့ဖန်ဒင်းပါတီကို စက်မှုဝန်ကြီးနေရာပေးပြီး၊ ဖလန်ချုံက ယဉ်ကျေးမှုဝန်ကြီးနေရာ၊ ဒါမှမဟုတ် သိပ္ပံနဲ့ နည်းပညာဝန်ကြီးနေရာကို ရွေးချယ်နိုင်ပါတယ်။

11ReadMore-2.jpg

ကရင့်အာဇာနည်နေ့အတွင်း နယ်စပ်လုံခြုံရေး သတိထားရန် ကရခ ညွှန်ကြား


Submitted by on Thursday, 4 August 2011--
ကရင့်အာဇာနည်နေ့အတွင်း နယ်စပ်လုံခြုံရေး သတိထားရန် ကရခ ညွှန်ကြား
သြဂုတ်လ ၄ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
သြဂုတ်လ ၁၂ရက်နေ့၊ ကရင်အမျိုးသားအာဇာနည်နေ့တွင် နယ်စပ်ဒေသရှိ တပ်စခန်းများအား ကေအဲန်ယူတပ်ဖွဲ့မှ အ လစ်ငိုက် ၀င်ရောက်တိုက်ခိုက်လာနိုင်သဖြင့် သတိထားကြရန် ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်(ကရခ)က ယခုလ ၂ရက်နေ့တွင် ညွှန်ကြား လိုက်သည်ဟု စစ်ဖက်ဆိုင်ရာသတင်းများအရ သိရသည်။
တနင်္သာရီတိုင်းရှိ နယ်စပ်အထောက်အကူပြုတပ်စခန်းများကို ယခုလ သြဂုတ်လ ၂ရက်နေ့မှစ၍ ၂၄နာရီလုံး တပ်နေရာ အသင့်ယူ ခြင်း၊ တ၀က်အိပ် တ၀က်နိုးစနစ် ကျင့်သုံးခြင်းနှင့် ဆက်သွယ်မှုလုံးဝ မပြတ်တောက်စေရေး တာဝန်ရှိသူအဆင့်ဆင့်မှ လက် အောက်ခံ တပ်ဖွဲ့ဝင်များအား စနစ်တကျ နေရာယူ ဆောင်ရွက်သွားကြရန် ညွှန်ကြားလိုက်ခြင်းဖြစ်သည်။
ထိုဒေသရှိ စစ်တပ်နှင့်နီးစပ်သူတဦးက “နယ်စပ်မှာရှိတဲ့ တပ်စခန်းအားလုံးကို ညွှန်ကြားတာပါ။ ဒါကလည်း ဒီနှစ်မှစပြီး ညွှန်ကြား တာ မဟုတ်ပါဘူး။ ဒီ ကရင့်အာဇာနည်နေ့ကျရောက်တဲ့ ခါတိုင်းနှစ်တွေလည်း ညွှန်ကြားတာပဲ။”ဟု ကေအိုင်စီကို ပြောသည်။
၎င်းကိစ္စနှင့်ပတ်သက်၍ ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ) တွဲဘက်အတွင်းရေးမှူး(၁) ဗိုလ်မှူးစောလှငွေက “သူတို့လူ တွေ မကြာခဏ တိုက်ခိုက်ခံရတဲ့အပေါ်မှာ ဒီလိုမျိုး နေ့ကြီးရက်ကြီး ရောက်လာရင် ထပ်ပြီး တိုက်ခိုက်ခံရမှာစိုးရိမ်လို့ သူတို့တပ် တွေ အမြဲတမ်း သတိဝိရိယရှိဖို့ Alert (သတိပေး)တဲ့ သဘောပါဘဲ။ ဒါပေမယ့်လို့ ကျနော်တို့ ကေအဲန်ယူအနေနဲ့က ဒါမျိုး နေ့ကြီး ရက်ကြီးတွေမှာ တခါမှ တိုက်ပွဲဆင်နွှဲတာ မရှိခဲ့ပါဘူး။”ဟု ပြောသည်။
(ကရင့်အမျိုးသားအာဇာနည် စောဘဦးကြီး)
ကရင့်အမျိုးသားခေါင်းဆောင် စောဘဦးကြီး၊ ဗိုလ်ချုပ်စိုင်းကေနှင့် တပ်မှူးတပ်သားအချို့သည် ကရင်ပြည်နယ် ကော့ကရိတ်မြို့ နယ်၊ ထို့ကော်ကိုးကျေးရွာ (ယခု ဗိုလ်ချုပ်ထင်မောင် ဦးစီးသည့် ကရင်ငြိမ်းချမ်းရေးကောင်စီ အခြေစိုက်)တွင် မဆလတပ်များ၏ ၀ိုင်းဝန်းတိုက်ခိုက်မှုကို ခုခံရင်း ကျဆုံးသွားခဲ့သည့် ၁၉၅၀ခုနှစ်၊ သြဂုတ်လ ၁၂ရက်နေ့ကို ကရင့်အမျိုးသားအာဇာနည်နေ့အဖြစ် သတ်မှတ်လာခဲ့ကြသည်။ ယခုနှစ် သြဂုတ်လ ၁၂ရက်နေ့သည် ၆၁နှစ်မြောက် ကရင့်အာဇာနည်နေ့ဖြစ်ပြီး ထိုနေ့တွင် ကေအဲန်ယူ ထိန်းချုပ်ရာနယ်မြေများ တွင် ကျင်းပရန်ရှိသလို ပြည်ပရောက် ကရင်လူမျိုးများကလည်း ၎င်းတို့ ရောက်ရှိသည့်နိုင်ငံများ၌ ကျင်းပရန် စီစဉ်လေ့ရှိသည်ဟု သိရသည်။

11ReadMore-2.jpg

Tuesday, August 2, 2011

တနိုင်ငံလုံးအတိုင်းအတာ အပစ်ရပ်ရေး မျှော်လင့်ချက်နည်းဟု UNFC ပြော


သြဂုတ်လ ၂ရက်။ စောခါးစူး (ကေအိုင်စီ)
တနိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်ခတ်ရပ်စဲရေး ပြုလုပ်ရန် ကချင်လွတ်မြောက်ရေးအဖွဲ့-KIO ၏ တောင်းဆိုမှုကို အစိုးရဘက်မှ လိုက်လျောမည်မဟုတ်ဟု ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ-UNFC အထွေထွေ အတွင်းရေးမှူး နိုင်ဟံ သာက ပြောကြားလိုက်သည်။
“အစိုးရက ကချင်အဖွဲ့ကိုပဲ ဒီလိုတွေ့တာ နည်းပရိယာယ်တမျိုးပဲ။ တကယ်လို့ ကချင်နဲ့သာ အပစ်အခတ်ရပ်ရေး သဘောတူညီမှု ရရင် ကရင်၊ ကရင်နီ၊ ရှမ်း စတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေကို ဖိတိုက်မယ့် သဘောပဲ။”ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။
သြဂုတ်လ ၁ရက်နေ့က ကချင်ပြည်နယ် ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့နယ်ခွဲ လဂျားယန်ရွာ၌ KIO နှင့် မြန်မာအစိုးရ ကိုယ်စား လှယ် ပြည်နယ်အာဏာပိုင်များ ထပ်မံ တွေ့ဆုံဆွေးနွေးပွဲတွင် အပစ်အခတ်ရပ်စဲရေးကိစ္စနှင့် ပတ်သက်၍ ထူးခြားသည့် ရလာဒ် တစုံတရာ ပေါ်ထွက်မလာခဲ့ပေ။
လက်ရှိ မြန်မာအစိုးရ၏ အနေအထားမှာ ပြည်နယ်အစိုးရအဆင့်၌ လုပ်ပိုင်ခွင့်တမျိုးနှင့် ဗဟိုအစိုးရအဆင့်၌ လုပ်ပိုင်ခွင့်တမျိုး ဖြစ် နေသည့်အတွက် အစိုးရနှင့် ကေအိုင်အိုကြား ဆွေးနွေးမှုသည် ယခုကဲ့သို့ အကျိုးသက်ရောက်မှု နည်းသွားရခြင်း ဖြစ်သည်ဟု လည်း ၎င်းက ထောက်ပြသည်။
ဆွေးနွေးပွဲတွင် KIO ဘက်မှ ကချင်လွတ်လပ်ရေး တပ်မတော်(KIA) ဒု-စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော် ဦးဆောင်သည့်အဖွဲ့၊ မြန် မာအစိုးရဘက်မှ ကချင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသန်းအောင် ဦးဆောင်သည့်အဖွဲ့နှင့် ကချင်အ တိုင်ပင်ခံကောင်စီ ဥက္ကဋ္ဌ ဦးဆင်ဝါးနောင်တို့ ပါဝင်သည်။
၁၉၆၁ ခုနှစ်တွင် စတင် ဖွဲ့စည်းခဲ့သည့် KIO သည် ၁၉၉၄ခုနှစ်မှ စ၍ စစ်အစိုးရနှင့် ၁၇နှစ်ကြာ ငြိမ်းချမ်းရေးသဘောတူညီချက်ရပြီး နောက် ယခုနှစ် ဇွန်လ ၉ ရက်နေ့တွင် ငြိမ်းချမ်းရေး သဘောတူညီချက် ပျက်ပြားကာ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့သည်။
အဆိုပါ တိုက်ပွဲများကြောင့် နေရပ်ကို စွန့်ခွာထွက်ပြေးသူ ဒုက္ခသည်ပေါင်း နှစ်သောင်းခန့်ရှိကြောင်း ကချင်စစ်ပြေးဒုက္ခသည်များ ကူညီကယ်ဆယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။
KIO သည် ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလလယ်က ဖွဲ့စည်းခဲ့သော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့(၁၂) ဖွဲ့ပါဝင်သည့် UNFC တွင် ပါဝင်ပြီး အဆိုပါအဖွဲ့ကို မေလအတွင်း၌ အဖွဲ့(၆)ဖွဲ့ဖြင့် ပြန်လည်ဖွဲ့စည်းခဲ့ရာတွင်လည်း အမာခံအဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့သည်။
UNFC ၏ နိုင်ငံရေး ဦးတည်ချက်မှာ အမျိုးသားတန်းတူရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးဖြစ်ပြီး ၎င်းတို့ အဖွဲ့ဝင် မည်သည့်အဖွဲ့ကို မဆို မြန်မာအစိုးရတပ်ဘက်မှ ထိုးစစ်ဆင်တိုက်ခိုက်လာပါက ကျန်အဖွဲ့များက ပူးပေါင်းလက်တွဲ ပါဝင် တိုက်ခိုက်သွားရန် မူဝါဒ ချမှတ်ထားသည်။
လက်ရှိ UNFC အဖွဲ့တွင် KIO၊ ကရင်အမျိုးသားအစည်းအရုံး-KNU၊ မွန်ပြည်သစ်ပါတီ- NMSP၊ ရှမ်းပြည်တိုးတက်ရေးပါတီ-ရှမ်း ပြည်တပ်မတော်-SSPP/SSA၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ-KNPP နှင့် ချင်းအမျိုးသားတပ်ဦး-CNF တို့ ပါဝင်သည်။
အဖွဲ့တွင် မပါဝင်တော့သည့် ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး-PSLF ၊ လားဟူဒီမိုကရက်တစ် သမဂ္ဂ-LDU ၊ ညီညွှတ် သော ရခိုင်အမျိုးသားပါတီ-NUPA ၊ “၀” အမျိုးသားအဖွဲ့ချုပ်-WNO ၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့-PNLO ၊ ကချင်အ မျိုးသားအဖွဲ့-KNO အဖွဲ့(၆)ဖွဲ့တို့လည်း ဆက်စပ်အဖွဲ့များအဖြစ် ဆက်လက်တည်ရှိသည်။

11ReadMore-2.jpg

ရုပ်သံ - ပြန်ပေါင်းစည်းကြသည့် ကရင်တပ်များ

ဧရာဝတီ


11ReadMore-2.jpg

စာမတတ်တဲ့ လယ်သမားကို​ အာဏာပိုင်နဲ့ စီးပွားရေးသမား လိမ်လည်ပြီး လယ်သိမ်းယူ



ဧရာဝတီတိုင်း ကျိုက်လတ်မြို့နယ် မြန်မာကရင်စုကျေးရွာမှာ အာဏာပိုင်တွေနဲ့ စီးပွားရေးသမားတွေ ပူးပေါင်းပြီး စာမတတ်တဲ့ လယ်သမားတွေရဲ့ လယ်ကို လိမ်လည်သိမ်းယူမှု ဖြစ်ပွားခဲ့ပါတယ်။
ကျိုက်လတ်မြို့နယ် မြန်မာကရင်စုရွာမှာနေတဲ့ ကိုအောင်စိုးနဲ့ မောင်နှမသုံးဦးပိုင် လယ်မြေကို စီးပွားရေးသမားနဲ့ ဒေသခံအာဏာပိုင်တွေ ပူးပေါင်းသိမ်းယူတာ ဖြစ်ပါတယ်။
ကိုအောင်စိုးနဲ့ မောင်နှမတွေဟာ မြန်မာကရင်စုရွာမှာရှိ သူတို့ရဲ့ ဘိုးဘွားပိုင် လယ်မြေ ၆ ဧက လုပ်ခဲ့လာတာ နှစ်ပေါင်းများစွာ ရှိနေပေမယ့် အာဏာပိုင်က စာမမတ်တဲ့ ကိုအောင်စိုးကို လက်မှတ်အတုနဲ့ နိုင်ငံတော်က လယ်မြေ သိမ်းယူကြောင်း ပြောခဲ့ပါတယ်။
အဲဒီလယ်ထဲ ဆက်လုပ်နေတဲ့ ကိုအောင်စိုးကို ပိုင်နက်ကျူးလွန်မှုနဲ့ တရားစွဲဆို ထောင်ချခဲ့တဲ့ အပြင် ပြီးခဲ့တဲနှစ် ဆောင်းစပါး ရိတ်သိမ်းပြီးလို့ စပါးကို လယ်ထဲကနေ အိမ်ကိုသယ်ယူချိန် အာဏပိုင်တွေက ဖမ်းဆီးခဲ့ပါတယ်။
မိမိလယ်မြေက စပါးကို သိမ်းဆည်း သယ်ယူနေတာကို အာဏာပိုင်တွေက ခိုးမှုနဲ့ဆိုပြီး ကိုအောင်စိုးကို ကျိုက်လတ်မြို့နယ် ရဲစခန်းမှာ ပြီးခဲ့တဲ့ မေလကစပြီး ချုပ်နှောင်ထားတယ်လို့ ကိုအောင်စိုးရဲ့ညီ ကိုကိုကြီးက ပြောပါတယ်။
“ကျနော်တို့ စပါးကို ကျနော်တို့ ပြန်ဖမ်းတာပေါ့နော်။ ရဲအုပ်သီဟကျော်ရယ်၊ မြန်မာကရင်စု အုပ်ချုပ်ရေးမှူး ဦးစိန်မြင့်ရယ်၊ ဦးသောင်းစိန်နဲ့ အပေါင်းအပါတွေက ကျနော့်အကို ကိုအောင်စိုးကို လာခေါ်သွားတယ်။ ကျနော်က လိုက်ပြီး မေးတဲ့အခါကျတော့ ဒုရဲအုပ် သီဟကျော်က ကျနော့်ကို ပြောတယ်။ မင်းအကို အောင်စိုးကို ၃၇၉ နဲ့ အထက်က အမိန့်ကျလို့ သူတို့ ဖမ်းရတာတဲ့။ လုပ်ကြံပြီးတော့ လယ်ယာမြေကို လက်မှတ်အတုနဲ့ သိမ်းဆည်းလိုက်တယ် ဆိုပြီးတော့ ပိုင်နက် ကျူးလွန်မှုနဲ့ သူတို့က ကိုအောင်စိုးကို ထောင်ချထားပြီး ခိုးမှုနဲ့ အခု ထပ်ပြီးတော့ စွဲထားတယ်။ ကျနော့်အကို ကိုအောင်စိုးက စာမတတ်ဘူး။ လက်ဗွေပဲ နှိပ်တယ်။ အဲဒါကို မြန်မာကရင်စု အုပ်ချုပ်ရေးမှူး ဦးစိန်မြင့်နဲ့ ဦးသောင်းစိန်နဲ့ ဒုရဲအုပ် သီဟကျော်က လက်မှတ်အတုလုပ်ပြီး မြို့နယ်က လူတွေ အကုန်လုံးကို လိမ်ပြီး လုပ်နေတော့။ ကျနော်တို့က အခု ခိုးမှုလည်း မြောက်နေတယ်၊ ကျနော့်အကိုက ထောင်လည်း ကျသွားလို့ နစ်နာနေပြီ။ ဒါကြောင့်မို့ ကျနော်က အခုလို တိုင်ရတာပါ။”
ကိုအောင်စိုးကို ချုပ်နှောင်ထားပြီး သူ့ဇနီး မကြည်ကြည်ခင်ကိုပါ အကျိုးဖျက်စီးမှုနဲ့ ခိုးမှုစတဲ့ အမှုနှစ်မှုနဲ့ ထမ်မံ တရားစွဲထားပါတယ်။
မကြည်ကြည်ခင်မှာ လူမယ် ကလေးငယ် ၂ ယောက်နဲ့ ကိုယ်ဝန်ရင့်နေပြီမို့ အာမခံနဲ့ ပြန်လွတ်ပေးထားတယ်လို့ မကြည်ကြည်ခင်က ပြောပါတယ်။
“ကျမတို့ ဥစ္စာကို သူတို့က သိမ်းဆည်းပြီးတော့ မတော်မတရား လုပ်ကြံပြီးတော့ လက်မှတ်အတုနဲ့ ကျမယောက်ျားက လယ်ယာမြေကို အပ်ပါတယ်ဆိုပြီး ရုံးတင်လိုက်တယ်။ အခုတခါ ကျမတို့က ကျူးကျော်ပါတယ် ဆိုပြီးတော့ ကျမတို့ကို ခိုးမှုနဲ့ရော ကျူးကျော်မှုနဲ့ပါ ပြန်လုပ်ထားတယ်။ ကျမတို့မှာ အချုပ်ထဲ ချုပ်ခံရတဲ့သူနဲ့ အပြင်မှာ အာမခံ ထားရတဲ့သူနဲ့။ ကျမမှာလည်း ကလေးနှစ်ယောက်ရှိတယ်။ နောက်ထပ်လည်း ကိုယ်ဝန်ကြီးနဲ့ ဆိုတော့ စားဝတ်နေရေးကလည်း မပြေလည်ဘူးလေ။ ကျမယောက်ျားကလည်း မရှိဆိုတော့ ကျမဘ၀ အခက်အခဲကို မနည်းကို ကြိုးစားနေရပါတယ်။”
ဒီလို မတရား ပြုလုပ်ခံရတာနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ၊ မြို့နယ်တွေအထိ တက်ရောက် တိုင်ကြားပေမယ့်လည်း သူ့တို့အမှုကို အရေးယူ ဆောင်ရွက်ပေးမှု မရှိဘူးလို့ ကိုကိုကြီးက ပြောပါတယ်။
ဒီလို အရေးမယူပေးတာဟာ မြန်မာကရင်စုရွာ အာဏာပိုင်တွေက လိမ်လည်ပြီး လက်မှတ်အတုနဲ့ သိမ်းဆည်းထားတာကြောင့် ဖြစ်တယ်လို့ သူက ပြောပါတယ်။
လက်ရှိမှာတော့ မိမိပိုင်လယ်မြေထဲ ၀င်ရောက်လုပ်ကိုင်လို့ မရတော့ဘဲ စီပွားရေးသမားနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး ငှားရန်းထားတဲ့ သူတွေက ၀င်ရောက် လုပ်ကိုင်နေတဲ့အတွက် စားဝတ်နေရေး ကျပ်တည်း ကုန်တယ်လို့ မကြည်ကြည်ခင်က ပြောပါတယ်။

11ReadMore-2.jpg

Monday, August 1, 2011

အမေရိကန် ကြွေးမြီ သဘောတူညီချက် အောက်လွှတ်တော် အတည်ပြု

 တနင်္လာ, 01 သြဂုတ် 2011
အမေရိကန် အစိုးရ အနေနဲ့ ငွေချေးနိုင်တဲ့ ပမာဏ တိုးမြှင့်ပြီး အသုံးစရိတ်တွေ လျှော့ချဖို့အတွက် အဆိုပြုထားတဲ့ ဥပဒေမူကြမ်းကို အောက်လွှတ်တော်က မဲခွဲ အတည်ပြုလိုက်ပါပြီ။
အစိုးရအနေနဲ့ အကြွေးတွေ ပြန်မဆပ်နိုင်တော့မယ့် အရေးနဲ့ ရင်ဆိုင်ရဖို့ တရက်အလိုမှာပဲ အခုလို အောက်လွှတ်တော်က မဲခွဲ အတည်ပြုပေးလိုက်တာ ဖြစ်ပါတယ်။
ဒီမိုကရက်တစ်၊ ရီပတ်ဘလီကန်နဲ့ သမ္မတ အိမ်ဖြူတော် သုံးပွင့်ဆိုင် သဘောတူ ဆုံးဖြတ်ခဲ့တဲ့ အဲဒီမူကြမ်းကို အောက်လွှတ်တော်က ထောက်ခံမဲ ၂၆၉ မဲ၊ ကန့်ကွက်မဲ ၁၆၁ မဲနဲ့ အတည်ပြုပေးလိုက်တာပါ။
ဒီဥပဒေမူကြမ်းအရ အစိုးရ ပုံမှန် လည်ပတ်နိုင်ဖို့အတွက် ငွေတွေ ဆက်ချေးနိုင်တော့မှာ ဖြစ်သလို တချိန်တည်းမှာလည်း လာမယ့် ၁၀ နှစ်အတွင်း ၁ ထရီလီယံဒေါ်လာ နီးပါး အကြွေးတွေ ပြန်ဆပ်နိုင်အောင် အစိုးရ အသုံးစရိတ်တွေကို လျှော့ချသွားမှာ ဖြစ်ပါတယ်။ ဒီမူကြမ်းကို ကြိုက်နှစ်သက်တဲ့သူ သိပ်မများလှပါဘူး။
ရီပတ်ဘလီကန်ပါတီက အစွန်းရောက်သူ တချို့ကတော့ ဒီသဘောတူညီမှု ရရှိထားတဲ့ ဥပဒေမူကြမ်းဟာ အစိုးရ အသုံးစရိတ်ကို များများစားစား ဖြတ်ပေးမထားဘူး ဆိုပြီးတော့ စောဒက တက်နေကြသလို သဘောထား ပျော့ပြောင်းတဲ့ ဒီမိုကရက်တစ် လွှတ်တော်အမတ် တချို့ကလည်း အသုံးစရိတ် လျှော့ချပေးလိုက်တာ များလွန်းနေပြီး လူချမ်းသာတွေကို အခွန်တိုးကောက်မယ့်အချက် မပါတဲ့ အပေါ်မှာ သဘောမတွေ့နိုင်ဘဲ ဖြစ်နေကြပါတယ်။
အမေရိကန် ပြည်ထောင်စု အကြွေးပြန်မဆပ်နိုင်တဲ့အခြေ ရောက်ပြီး ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးကိုပါ ဂယက်ရိုက်မယ့် အရေးနဲ့ ယှဉ်လိုက်ရင်တော့ ဒီမူကြမ်းကို သဘောတူလိုက်တာက ပိုကောင်းတယ်လို့ လွှတ်တော်အမတ် အများစုက ပြောကြပါတယ်။
ဒီမူကြမ်းကို လက်ခံမယ်၊ မခံဘူး ဆိုတာကိုတော့ ဆီးနိတ် အထက်လွှတ်တော်က ဒီနေ့ အင်္ဂါနေ့ နှောင်းပိုင်းမှာ မဲခွဲ ဆုံးဖြတ်ကြရဦးမှာ ဖြစ်ပါတယ်။

11ReadMore-2.jpg

ထားဝယ်-ကန်ချနပူရီ စီမံကိန်း နယ်မြေတွင်း ကေအဲန်ယူ စစ်ရေး ဆက်လှုပ်ရှားမည်ဆို

Submitted by admin on Monday, 1 August 2011--
ထားဝယ်-ကန်ချနပူရီ စီမံကိန်း နယ်မြေတွင်း ကေအဲန်ယူ စစ်ရေး ဆက်လှုပ်ရှားမည်ဆို
သြဂုတ်လ ၁ရက်။ စောခါးစူး (ကေအိုင်စီ)

ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်း၏ အစိတ်အပိုင်းတစ်ခုဖြစ်သည့် ထားဝယ်- ကန်ချနပူရီ အဝေးပြေးလမ်း စီမံကိန်းနယ်မြေတွင် လိုအပ်ပါက စစ်ရေးလှုပ်ရှားမှုများ ဆက်လက် လုပ်ဆောင်သွားမည်ဟု ကရင်အမျိုးသားအစည်းအရုံး ကေအဲန်ယူက ပြောသည်။

“ကျနော်တို့ရဲ့ စစ်ရေးလှုပ်ရှားမှုကတော့ အမြဲရှိတယ်။ နောက်ထပ်လည်းရှိအုံးမယ်။ အခွင့်အရေးရရင် ရသလို အဲဒီမှာရှိတဲ့ မြန်မာ စစ်တပ်တွေကို ကျနော်တို့လူ(KNLA တပ်ဖွဲ့)တွေကတော့ ၀င်တိုက်မှာပဲ။”ဟု ကေအဲန်ယူ ဘိတ်-ထားဝယ်ခရိုင် ဥက္ကဌ ပဒိုစော ကွယ်ထူးဝင်းက ကေအိုင်စီသို့ ပြောသည်။

ကေအဲန်ယူ ဘိတ်-ထားဝယ်ခရိုင်၏ လက်အောက်တွင် ကေအဲန်အယ်လ်အေ တပ်မဟာ(၄) တပ်ဖွဲ့ဝင်များ စစ်ရေးလှုပ်ရှားလျှက်ရှိ သည်။

ယင်းအဝေးပြေးလမ်းကို ဖောက်လုပ်နေသည့် အီတာလျှံ-ထိုင်းကုမ္ပဏီ၏ အခြေစိုက်စခန်း အမှတ် (၁) တည်ရှိရာ ထားဝယ်မြို့နယ် အလက်စတိုးအခြေစိုက် မြန်မာစစ်တပ်ကို KNU တပ်ဖွဲ့ဝင်များက ဇူလိုင်၂၈ရက်နေ့တွင် နှစ်ကြိမ် တိုက်ခိုက်ခဲ့သည်။ ထိုတိုက်ခိုက်မှု ကြောင့် အဆိုပါစခန်းမှ အလုပ်သမား ၅၀ခန့် ထိုင်းနိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးတိမ်းရှောင်ခဲ့သည်။

၎င်းအလုပ်သမားများသည် နောက်တနေ့နံနက်တွင် ၎င်းတို့စခန်းသို့ ပြန်သွားခဲ့သော်လည်း တိုက်ပွဲ ထပ်မံဖြစ်ပွားမည်ကို စိုးရိမ်နေ ကြသည်ဟု ထားဝယ်ရေနက် ဆိပ်ကမ်းစီမံကိန်းအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပတ်သက်၍ အချက်အလက် စု ဆောင်းနေသူတဦးက ပြောသည်။

“အဲဒီ အလုပ်သမားတွေဟာ ထိုင်းနိုင်ငံသားတွေ ပိုများတယ်။ သူတို့အလုပ်လုပ်နေတဲ့ နေရာတလျှောက်က KNU လှုပ်ရှားနေတဲ့ နယ်မြေဖြစ်နေတော့ နဂိုကတည်းက ကြောက်နေကြတယ်။ သူတို့အတွက် လုံခြုံရေးယူထားတာကလည်း မြန်မာအစိုးရတပ်တွေ လေ။”ဟု ၎င်းက ပြောသည်။

Photo-KIC (KNLA soldier)
ဇူလိုင် ၂၈ရက်နေ့ တိုက်ခိုက်မှုသည် KNU တာဝန်ရှိ ပုဂ္ဂိုလ်အချို့နှင့် အီတာလျှံ-ထိုင်းကုမ္ပဏီ ဆောက်လုပ်ရေးတာဝန်ခံတို့ ဇူလိုင် ၁၆ရက်နေ့က ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ပြီးနောက်ပိုင်း ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ သို့သော် ယခု တိုက်ပွဲသည် အဆိုပါ ဆွေးနွေးပွဲနှင့် မပတ်သက်ကြောင်း ပဒိုစောကွယ်ထူးက ဖြည့်စွက်ပြောဆိုသည်။

ယခု တိုက်ပွဲသည် ထားဝယ်-ကန်ချနပူရီ အဝေးပြေးလမ်း ဖောက်လုပ်ရေးစီမံကိန်းနယ်မြေတွင် ပထမဆုံးဖြစ်ပွားသည့် တိုက်ပွဲ ဖြစ် သည်။

11ReadMore-2.jpg

Saturday, July 30, 2011

ပစ်ခတ်မှုများကြောင့် စာသင်ကျောင်း ၁၀ကျော် ပိတ်ပစ်လိုက်ရ



Photo-KIC (ဒီကေဘီအေ တပ်ဖွဲ့၏ ဂိတ်တနေရာ)

စောသိန်းမြင့် (ကေအိုင်စီ)

ကရင်နယ်ခြားစောင့်တပ် ခွဲထွက်အဖွဲ့နှင့် လက်ကျန် နယ်ခြားစောင့်တပ်ဖွဲ့တို့အကြား တိုက်ပွဲ ဖြစ်ပွားမှုကြောင့် ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်ရှိ စာသင်ကျောင်း ၁၄လုံးကျော် ပိတ်ပစ်လိုက်ရသည်ဟု ကရင်ကျောင်းဆရာများသမဂ္ဂ(KTWG) ၀က်ဘ်ဆိုက် စာ မျက်နှာတွင် ယမန်နေ့က ဖော်ပြခဲ့သည်။

အဆိုပါ တပ်ဖွဲ့ဝင်များ နေ့စဉ်ရက်ဆက် ပစ်ခတ်မှုဖြစ်ပွားသဖြင့် လှိုင်းဘွဲမြို့နယ်ရှိ မယ့်ကွီးထာ၊ လော်ပူ၊ ၀ဲပျာ့၊ ၀ါ့တမူ့၊ မဲ့ဆေ၊ မဲ့ လော်ထာ၊ ထီးလာနဲ၊ ယော်ပို၊ တကြီကလား၊ သေရဖုိးကြီး၊ ကမားထာ၊ ကြီးေလး၊ ပနွယ့်သာကလား(ရွာသစ်)၊ ထီးပယ် စသည့်ကျေး ရွာများမှ စာသင်ကျောင်းအားလုံး ပိတ်ပစ်လိုက်ရသည်ဟု ဒီကေဘီအေအဖြစ် ပြန်လည်ရပ်တည်နေသည့် ခွဲထွက် နယ်ခြားစောင့် တပ်မှ ဆေးမှူးတဦးက KTWG ကို ပြောသည်။

ဒီကေဘီအေ ဆေးမှူး စောပေါ်ခလာက “နယ်ခြားစောင့်တပ်တွေက မြင့်တဲ့နေရာကို တက်နေပြီးတော့ သူတို့ စိတ်မချရတဲ့နေရာဆို လက်နက်ကြီးတွေနဲ့ လိုက်လံပစ်ခတ်တဲ့အတွက် လူနေအိမ်တချို့ကို ထိတယ်။ ရွာသူရွာသားတွေ ကြောက်လန့်ကြတဲ့အတွက် အခြားနေရာကို ရှောင်တိမ်းသွားကုန်တော့ ကျောင်းတွေလည်း အကုန်လုံး ပိတ်ပစ်လိုက်ရတယ်။”ဟု ပြောသည်။

ထိုသို့ ခွဲထွက်သွားသည့် နယ်ခြားစောင့်တပ်ဖွဲ့ကို (၁၀၁၂)တပ်ရင်းမှူး ဗိုလ်မှူးစောဘိက ဦးစီးလျှက်ရှိပြီး တပ်အင်အား ၁,၀၀၀ ကျော် ရှိသည်။

ထို့အပြင် ပစ်ခတ်မှုများကြောင့် ကျောင်းသားမိဘ အများစုသည် ၎င်းတို့၏ ကလေးများအား ကျောင်းဆက်မထားတော့ဘဲ အပြီးအ ပိုင် ကျောင်းထုတ်ပစ်ကာ ၎င်းတို့ပြောင်းရွှေ့ရာ နေရာများသို့ တပါတည်း ခေါ်ဆောင်သွားကြောင်း စောပေါ်ခလာက ပြောသည်။

ခွဲထွက် BGF တပ်ဖွဲ့၏ ဇနီးတဦးက “ကျမ အမျိုးသားက နယ်ခြားစောင့်တပ်ကနေ ခွဲထွက်သွားကတည်းက ကျမကလေးတွေကို ကျောင်းထုတ်လိုက်တယ်။ ကလေးတွေကတော့ အသက်အန္တရာယ် ဘယ်လောက်အထိ စိုးရိမ်ရလဲဆိုတာ ဘာမှမသိကြရှာပါဘူး။” ဟု ပြောသည်။
ပညာတက်ရင်း ကျောင်းထွက်လိုက်ရသည့် မြိုင်ကြီးငူမှ ၇တန်းကျောင်းသူ နော်ဘလယ်ဘလယ်က “ကျောင်းက စာအတူသင်ရတဲ့ သူငယ်ချင်းကို အရမ်းသတိရတာပဲ။ အခု သူတို့တွေ ဘယ်ကို ရောက်နေပြီလဲ မသိတော့ဘူး။ စာသင်ရသေးလားတော့ သမီး မသိ ဘူး။ သူတို့တွေနဲ့အတူ ကျောင်းပြန်တက်နိုင်ဖို့ သမီးမျှော်လင့်ပါတယ်။”ဟု ဆိုသည်။

၎င်းပစ်ခတ်မှုများကြောင့် ထိုဒေသရှိ ဒေသခံရွာသားတချို့သည် ၎င်းတို့ နေရပ်ကိုစွန့်ခွာ၍ ထိုင်း-မြန်မာနယ်စပ် မဲ့သဝေါကျေးရွာ တနေရာတွင် ရောက်ရှိလာပြီး ယခုလ ၂၅ရက်နေ့အထိဆိုလျှင် ရွာသူရွာသား ၁၀၀ဦးကျော်ရှိသည်ဟု သိရသည်။


Collapse...

11ReadMore-2.jpg

Template by:

Free Blog Templates