Saturday, July 16, 2011

Karen song -Karendy,sorry,ကျံ င် သာ မူး

ဆောရီး ကျင်.သာ.မူးသီချင်းကိုရေးစပ်သီကုံးတဲ့ Kဖိုးခွါးကို

USAမှာကရင်သီးသန့်အများဆုံးနေထိုင်တဲ့မီနီဆိုးတားပြည်နယ်မှာ
လာရောက်စေချင်လိုက်တာနော်ကရင်တွေဘယ်လိုဆန်းသစ်နေကြတာလဲ
ဆိုတာသူရေးတဲ့သီချင်းစာသားထက်ပိုဆိုးနေမလားဘဲ   ကဲကဲ အဲခါန်.သင့် ဆီကနေကုးလာတဲ့သီချင်းလေးကိုရှုစားလိုက်ပါဦး။


11ReadMore-2.jpg

Thursday, July 14, 2011

နာရီအိုရဲ့ သွေးသစ်သံပတ်

ဆယ်စုနှစ်တွေ ချီကာလှမ်းလည်း
ငါ့ရဲ့ပန်းတိုင် မှုံကာဝေးဆဲ

နွမ်းလျလျသမိုင်းထဲက
မန်းဘဇန် ကြီး ဘဝင်မကျတာ
ဟံသာတာမွှေးလည်းသိသလို
ဗိုလ်ချုပ်စိုင်းကေလည်းသိပါရဲ့
ငါ့သတ္တိသွေးဘယ်လောက်ရဲလဲဆိုတာ

နောင်လာနောင်သားသိသူရှားလည်း
ခုနှစ်မိုင်အစိုးရ လှန့်ဖြန့်ခဲ့တာ

အင်းစိန်မြို့ ကြီးသိပါရဲ့
 ရှည်လျားတဲ့ ရာသီဒိုင်ခွက်ထဲက
မမှိတ်မသုန်ကြွေလွင့်ပျက်ဆီးခဲ့တဲ့
မိနှစ်တံနဲ့စက္ကန့်တံတွေအတွက်
သမိုင်းမတင်မှတ်တမ်းမဝင်ပေမဲ့
လွတ်လပ်မှုနဲ့မျှော်လင့်ချက်ရဲ့
ဂန္ဓဝင်ရက်များစွာကို အသက်ဆက်

တော်လှန်သောသွေးသစ်များစွာကို
လက်ဆင့်ကမ်းဆောင်ကြဉ်းမွေးဖွါးခဲ့
နာရီအိုကြီးတစ်လုံးလို
ဟောင်းနွမ်းနွမ်းသံချေးတက်လက်တံတွေနဲ့
တကြုတ်ကြုတ်မြည်သံပါအောင်လည်ပတ်ရင်း
သွေးသစ်သံပတ်တွေနဲ့ စွမ်းသစ်နေဆဲဘဲဆိုတာ
ငါ့ရဲ့မရပ်မနားလည်ပတ်နိုင်ခြင်းက
မုချပန်းတိုင်တစ်နေ့မလွဲမသွေရောက်နိုင်ခြင်းရဲ့
အကောင်းဆုံးသက်သေတွေပေါ့။ 

                                                 စအိုင်ခန့် (နှင်းခဲမြေ) 
လာမည့်ဇူလိုင်လ( ၁၆)ရက်နေ့တွင်ကျရောက်သောကရင်အမျိုးသားကာကွယ်ရေးတပ်မတော်နေ့
ထူးမြတ်နှင့်အတူ KNDO စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဘောယူဖေါ နှင့် ဗိုလ်ချုပ်ကျော်သောင်း 
KNDOတပ်ရင်း(၆)မှဒုဗိုလ်မှူးကြီး ဖူးထောဂေ (ကွယ်လွန်)တို့အားနှင့် ကျဆုံးလေပြီးသောKNDOအရာရှိအရာခံအကြပ်တပ်သားအာဇာနည်အပေါင်းတို့အား
ဤကဗျာလေးဖြင့်ဂုဏ်ပြုအပ်ပါသည်။

11ReadMore-2.jpg

မြန်မာစစ်တပ်မှ ကချင်အမျိုးသမီး ၇ ဦးကို ပေါ်တာဆွဲ


ရှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်တွင် မြန်မာစစ်တပ်က အမျိုးသမီး ၇ ဦး နှင့် အမျိုးသား ၁ ဦးတို့ကို စစ်တပ်ရိက္ခာသယ်ယူရန်အတွက် အဓ္ဓမ ပေါ်တာဆွဲခေါ်ထားကြောင်း ဒေသခံများပြောသည်။

နမ္မတူမြို့နယ်မှ ခမရ ၃၂၄ က နမ္မတူမြို့နယ်တွင်းရှိ ဘန်ဝါရွာသား ၈ ဦးကို ဇူလှိုင်လ ၁၂ ရက်နေ့ နံနက် ၉ ခွဲချိန်တွင် အတင်းအဓ္ဓမခေါ်ဆောင်သွားသည်ဟုဆိုသည်။
KIA_Battalion_8
နမ္မတူ အခြေစိုက် ကေအိုင်အေ တပ်ရင်း ၈ မှ ဇွန်လအတွင်း ၎င်းတို့ဖမ်းဆီးရမိသော မြန်မာစစ်သားများကို ပြန်လွှတ်ပေးခဲ့သည်
အမျိုးသမီးများမှာ ဒေါ်လထော်နန်ရွယ်၊ ဒေါ်ဖာဘွန်လု၊ ဒေါ်ဖာဘွန်ကော့၊ မအင်ခွမ်ဂျီးမိုင်၊ မလထော်နူးဆန့်၊ ဒေန်နန်ခေါန်၊ ဒေါ်တန်ဘော်ရွယ်တို့ဖြစ်ပြီး အမျိုးသားတစ်ဦးမှာ ဦးအင်ဒေါမာလောန်တို့ဖြစ်သည်။

၎င်းရွာသားများ ယခုအချိန်ထိ အိမ်ပြန်ရောက်လာခြင်း မရှိသေးကြောင်းသိရသည်။

ထို့အတူ နမ္မတူမြို့နယ် မုန်းရင်းရွာ (မိုင်းရင်း)မှ အသက်လတ်ပိုင်း အမျိုးသမီး ၂၀ ကိုလည်း ခမရ ၃၂၄ က အဓ္ဓမခေါ်ဆောင်သွားရာ ယခုချိန်ထိ ပြန်လည်ရောက်ရှိခြင်း မရှိသေးကြောင်း သိရသည်။

11ReadMore-2.jpg

SSA-N/SSPP ဒေသတွင်း တိုက်ပွဲများ ပိုမို ပြင်းထန်လာ

သတင်းနှင့်မီဒီယာ ကွန်ယက်။

ရှမ်းပြည်တပ်မတော် မြောက်ပိုင်း (SSA-N) ခေါ် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တပ်ဖွဲ့က အစိုးရတပ်စခန်းတခုအား ယခုလ (၁၂) ရက်နေ့က တိုက်ခိုက်သိမ်းပိုက်လိုက်သည့်နောက် ဒေသတွင်း တိုက်ပွဲများ ပိုမိုပြင်းထန်လာသည်ဟု သတင်းရရှိသည်။

အသိမ်းပိုက်ခံထားရသည့် နမ့်ပုတ်စခန်းသို့ လမ်းကြောင်း သုံးခုခွဲ၍ စစ်ကူဝင်ရောက်လာသည့် အစိုးရတပ်ဖွဲ့များအား မြောက်ပိုင်း SSA-N တပ်ဖွဲ့ဝင်များက ပြောက်ကျားစံနစ်ဖြင့် တိုက်ခိုက်လျက်ရှိသည်ဟု ထိုင်းနိုင်ငံအခြေစိုက် ရှမ်းသံတော်ဆင့် သတင်းဌာန အယ်ဒီတာ ဦးစိန်ကြည်က ယခုလိုပြောသည်။

“(၁၃) ရက် ညနေပိုင်းက တုံလော ဖက်ကသွားတဲ့ ခမရ (၅၁၀)ကို မိန်းတုန်နဲ့ မိန်းလာ အကြားမှာရှိတဲ့ ကျဉ်းမြောင်းတဲ့တောင်ကြားပေါ့။ သူတို့အခေါ် နိုင်းချောင်းပေါ့။ အဲဒီမှာ ရှမ်းတပ်က နေရာယူပြီး ပြောက်ကျား ချတာ အတုံးအရုန်း ကစဥ့်ကလျား ဖြစ်ကုန်တယ်တဲ့။ ခုထိ ရှေ့မတိုးနိုင် သေးဘူးလို့ ပြောတယ်။ အနည်းဆုံး (၇)ယောက် (၈) ယောက်လောက် ကျေးသီးဆေးရုံကိုထမ်းပို့ရတယ်ပြောတယ်။”

အလားတူ ယနေ့နံနက် (၇) နာရီ အချိန်ခန့်က ကျေးသီးမြို့နယ်၊ ၀မ့်ဖွီးတိုက်နယ်အတွင်းရှိ ၀မ့်နောင်ကားကျေးရွာဘက်မှ တက်လာသည့် ခြေလျင်တပ်ရင်း ခလရ(၉) တပ်ဖွဲ့ကိုလည်း ပြောက်ကျားစံနစ်ဖြင့် စောင့်ကြိုတိုက်ခိုက်လိုက်သည်ဟု သိရသည်။

ထို့အပြင် နမ့်ပုတ်စခန်း နှင့် လွယ်ကုံစခန်းအကြားရှိ အစိုးရတပ်စခန်းတခုအား မြောက်ပိုင်း SSA-N တပ်ဖွဲ့ဝင်များက ၀ိုင်းရံပိတ်ဆို့ထားသည်ဟု ဦးစိန်ကြည်က ဆက်လက်ပြောဆိုသည်။

“အဲဒီ စခန်းထဲမှာ ဗမာ စစ်သားက (၁၀)ယောက်လောက် ပိတ်မိနေတယ်တဲ့။ အဲတာ ရှမ်းတပ်က အခုထက်ထိ ၀ိုင်းထားတုန်း။ သူတို့ကို အရှင်ဖမ်းမယ်။ လက်နက်ချဖို့ပြောနေတယ်။ နောက်ပြီးတော့ ၀မ်မုံနားမှာ မိန်းလာတိုက်နယ် နမ့်လာရွာ အကျော်ပေါ့။ အဲဒီမှာလည်း ခလရ (၂၂) ကို ဒီနေ့မွန်းလွဲပိုင်းမှာ ရှမ်းတပ်က စောင့်ပစ်တယ်။”

ယမန်နေ့က နမ့်ပုတ်စခန်းမှ ဆုတ်ခွာသွားပြီး လွယ်ဆိုင်းတောင်ကျောပေါ်တွင် နေရာယူထားသည့် အစိုးရတပ်ဖွဲ့များအား မြောက်ပိုင်း SSA-N တပ်ဖွဲ့များက ၀ိုင်းရံထားသည့်အတွက် အစိုးရဖက်မှ တိုက်လေယာဉ် နှစ်စင်းဖြင့် လာရောက်ကြည့်ရှူ့ခဲ့သေးသည်။

11ReadMore-2.jpg

နယ်ခြား​စောင့်​တပ်ဖွဲ့​ဝင် ၅ ဦး​ ဒီ​ကေဘီ​အေနှင့်​ ပူး​ပေါင်း


DVB

ဗိုလ်မှူး​ကြီး​စောချစ်သူရဲ့​ လက်​အောက်ခံ နယ်ခြား​စောင့်​တပ်ဖွဲ့​ဝင် ၅ ဦး​ ဒီ​ကေဘီ​အေတပ်ထံ ဒီက​နေ့​ ပြန်လည်ပူး​ပေါင်း​ခဲ့​ပါတယ်။

ဗိုလ်မှူး ​ကြီး ​စောချစ်သူ ထိန်း​ချုပ်တဲ့​ လက်​အောက်ခံ တပ်ရင်း​ ၁၀၁၇ က တပ်ကြပ်ကြီး​ ​စောအယ်​တောအပါအဝင် အဖွဲ့​ဝင် ၅ ဦး​ ဒီ​ကေဘီ​အေ ၉၀၇ တပ်ရင်း​မှူး​ထံမှာ ပူး​ပေါင်း​တာဖြစ်ပါတယ်။

လက်နက်ကြီး ​ ၇၉ မမ ၂ လက်အပါအဝင် လက်နက် ၇ ခု နဲ့​ လာ​ရောက်ပူး​ပေါင်း​တာလို့​ ပူး​ပေါင်း​သူ တပ်ကြပ်ကြီး​ ​စောအယ်​တောက ​ပြောပါတယ်။ နယ်ခြား​စောင့်​တပ်အဖြစ်မ​နေချင်ပဲ ဒီ​ကေဘီ​အေအဖြစ် ရပ်တည်ချင်တာ​ကြောင့်​ ပူး​ပေါင်း​တာလို့​ တပ်ကြပ်ကြီး​အယ်​တောက ​ပြောပါတယ်။

လာ​ရောက်ပူး​ပေါင်း​သူ​တွေဟာ နယ်ခြား​စောင့်​တပ်ရင်း​ ၁၀၁၇ တပ်ရင်း​မှူး​ ဗိုလ်မှူး​ကြီး​ ​စောဒီး​ဒီရဲ့​ တပည့်​တွေဖြစ်ပါတယ်။

ပြီး ​ခဲ့​တဲ့​ ​မေလကုန်က ကရင်ပြည်နယ် မြိုင်ကြီး​ငူအ​ခြေစိုက် နယ်ခြား​စောင့်​တပ် အမှတ် ၁၀၁၂ တပ်က ဗိုလ်မှူး​ကြီး​ ပိုဘိ ဦး​ဆောင်တဲ့​ အဖွဲ့​ဟာ မြိုင်ကြီး​ငူ​ဒေသကို တပ်အင်အား​နဲ့​ ဝိုင်း​ခဲ့​ပါတယ်။

အဲဒီ ​နောက် ဇွန်လလယ်ပိုင်း​ကစပြီး​ မြိုင်ကြီး​ငူရှိ နယ်ခြား​စောင့်​အား​လုံး​ ဒီ​ကေဘီ​အေ တံဆိပ်ပြန်လည်တပ်ဆင်ခဲ့​ပါတယ်။ အခု​နောက်ပိုင်း​ ဗိုလ်မှူး​ကြီး​ ​စောချစ်သူ ထိန်း​ချုပ်တဲ့​ လက်​အောက်ခံတပ်​တွေ ဒီ​ကေဘီ​အေနဲ့​ ပူး​ပေါင်း​လာတာ ဖြစ်ပါတယ်။

11ReadMore-2.jpg

Wednesday, July 13, 2011

အစိုး​ရက ရှမ်း​ပြည်တပ်မ​တော်ကို ဗုံး​ကြဲ

by နန်းမြနဒီ

ရှမ်း​ပြည်နယ်​မြောက်ပိုင်း​မှာ ရှမ်း​ပြည်တပ်မ​တော်နဲ့​ အစိုး​ရတပ်​တွေအကြား​တိုက်ပွဲမှာ အစိုး​ရတပ်ဘက်က အမ်အိုင်ဂျီ ၂၆ လို့​ ယူဆရတဲ့​ တိုက်​လေယာဉ်နဲ့​ ဗုံး​ ၁၀ လုံး​ခန့်​ ကြဲချသွား​တယ်လို့​ ရှမ်း​ပြည်တပ်မ​တော် ​ပြောခွင့်​ရသူ စိုင်း​လောဝ်ဆိုင်က ​ပြောပါတယ်။

အက်စ်အက်စ် ​အေတပ်ဖွဲ့​တွေနဲ့​ အစိုး​ရတပ် ခလရ ၂၈၆၊​ ၂၈၇ တို့​နဲ့​ ဝမ်ဟိုင်း​ဌာနချုပ်ဝန်း​ကျင် ဝမ်ဆိုင်း​တောင်၊​ ဝမ်ကိုင်ဖရွာအနီး​မှာ ဒီမနက်က​နေ အခုထိ ဆက်လက်ဖြစ်ပွား​နေတုန်း​ပဲလို့​ သူက ​ပြောပါတယ်။

စိုင်း ​လောဝ်ဆိုင်က “မ​နေ့​က သူတို့​ထိုင်ထား​တဲ့​ ​ရှေ့​တန်း​စခန်း​ကို ကျ​နော်တို့​က သိမ်း​ဆည်း​ရမိပါတယ်။ သူတို့​က အခု​ပြောတဲ့​ (ဝမ်ဆိုင်း​) ​တောင်​ကြောဘက်ကို ဆုတ်ခွာပါတယ်။ ကျ​နော်တို့​တပ်​တွေက လိုက်ရင်း​နဲ့​ ပိတ်ထား​တဲ့​သ​ဘောဖြစ်ပါတယ်။ သူတို့​ကိုကူညီဖို့​အတွက် ဒီ​နေ့​မွန်း​လွဲပိုင်း​ တနာရီ​ကျော်​လောက်မှာ ​ဝေဟင်က​နေ အမ်အိုင်ဂျီ ၂၆ အမျိုး​အစား​ တိုက်​လေယာဉ်လို့​ယူဆရတဲ့​ ​လေယာဉ်နှစ်စင်း​နဲ့​ ကျ​နော်တို့​ အက်စ်အက်စ်​အေတပ်​တွေကို ဗုံး​ ၁၀ လုံး​ကြဲသွား​တယ်” လို့​ ​ပြောပါတယ်။

ထိခိုက်ကျဆုံး​စာရင်း​ အစီရင်ခံစာ မ​ရောက်​သေး​ဘူး​လို ဆိုပါတယ်။

အပစ်ရပ် ရှမ်း​ပြည်တပ်မ​တော် (​မြောက်ပိုင်း​) က အစိုး​ရရဲ့​ တပ်အသွင်​ပြောင်း​ရေး​ စီမံချက်ကို မလိုက်နာတဲ့​တပ်ဖွဲ့​ဝင်​တွေဟာ ဝမ်ဟိုင်း​ဌာနချုပ်မှာ အ​ခြေပြုပြီး​ ရှမ်း​ပြည်တပ်မ​တော် (​တောင်ပိုင်း​) နဲ့​ ပူး​ပေါင်း​ခဲ့​ပြီး​ ဖြစ်ပါတယ်။

အစိုး​ရတပ်​တွေက ဝမ်ဟိုင်း​ဌာနချုပ်အ​ခြေပြု ရှမ်း​ပြည်တပ်မ​တော်နဲ့​ ဒီနှစ်ဆန်း​ကတည်း​က ဆက်တိုက်တိုက်ပွဲဖြစ်​နေတာပါ။

ကေအိုင် ​အေနဲ့​ ဖြစ်တဲ့​ တိုက်ပွဲ​တွေမှာ အစိုး​ရက အပစ်ရပ်​ရေး​ ကိုယ်စား​လှယ် ​စေလွှတ်​ပေမယ့်​ ရှမ်း​တပ်မ​တော်နဲ့​ဖြစ်တဲ့​ တိုက်ပွဲ​တွေရပ်ဖို့​ ကိုယ်စား​လှယ် ​စေလွှတ်တာ မရှိပါဘူး။

11ReadMore-2.jpg

စစ်သားနှင့်ပေါ်တာ

ကွယ်ကလူသတင်းဌာနမှ

11ReadMore-2.jpg

အကျဉ်းသား ပေါ်တာများ အထောက်အထား အစီရင်ခံစာထွက်

ဧရာဝတီ 
မြန်မာအစိုးရ စစ်တပ်သည် တိုင်းရင်းသား လက်နက်ကိုင်များနှင့် တိုက်ပွဲဖြစ်ပွားရာ ဒေသများတွင် အကျဉ်းသားများကို ပေါ်တာအဖြစ် ခိုင်းစေမှုများ ဆက်လက် ရှိနေဆဲဖြစ်သည်။

from-jailhouse-to-minefield-Bur
၂၀၁၁ ခုနှစ်တွင် ကရင်ပြည်နယ် မြောက်ပိုင်းတနေရာ၌ အပြာရောင်ဝတ်စုံဝတ် အကျဉ်းသား ပေါ်တာများကို အစိုးရ စစ်တပ်နှင့်အတူ တွေ့ရစဉ် (ဓာတ်ပုံ - Free Burma Rangers)
 
“စစ်သားတွေက ပြောတယ်၊ မင်းတို့ မနက်ဖြန်အထိ အသက်ရှင်နေသေးရင် ကံကောင်းလို့ပဲ တဲ့” ဟု မြန်မာစစ်တပ်နှင့်အတူ ရှေ့တန်းစစ်မျက်နှာသို့ ပေါ်တာအဖြစ် လိုက်ပါခဲ့ရသူ အကျဉ်းသား ကိုထွန်းထွန်းအောင်က ပြောသည်။

မန္တလေးဇာတိဖြစ်သူ ကိုထွန်းထွန်းအောင်သည် တခြားသော အကျဉ်းသား ၂၉ ယောက်နှင့်အတူ မိတ္ထီလာထောင်မှ ၂၀၁၀ ဒီဇင်ဘာတွင် ပေါ်တာအဖြစ် စစ်တပ်၏ ခေါ်ဆောင်မှုကို ခံခဲ့ရသူဖြစ်သည်။

ကရင်ပြည်နယ်သို့ ပေါ်တာအဖြစ် သူတို့အဖွဲ့ ရောက်သွားစဉ်တွင် ထိုဒေသတွင် အကျဉ်းသား ၁ ထောင်ခန့် ပေါ်တာဆွဲထားသည်ကို မြင်ခဲ့ရကြောင်း၊ စစ်တပ်အတွက် ဗုံးများ သယ်ဆောင်ရန် သူတို့အုပ်စုကို နှစ်ဖွဲ့ ခွဲလိုက်ကြောင်း ကိုထွန်းထွန်းအောင်က ပြောသည်။

၁၉၄၈ ခုနှစ်ကတည်းက မြန်မာအစိုးရနှင့် ကရင်လက်နက်ကိုင်များအကြား တိုက်ပွဲဖြစ်နေသည့် အန္တရာယ်များလှသော ယင်းဒေသ၌ တတောင်တက် တတောဝင် ထမ်းပိုး၍ သွားရသည့်ခရီးတွင် “ကျနော်တို့ကို အစားအစာ၊ သောက်ရေ လုံလုံလောက်လောက် မပေးပါဘူး” ဟု ကိုထွန်းထွန်းအောင်က ပြောသည်။

ကိုထွန်းထွန်းအောင်၏ အတွေ့အကြုံသည် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW) နှင့် ကရင် လူ့အခွင့်အရေးအဖွဲ့ (KHRG) တို့ မှတ်တမ်းတင်ထားသော အဖြစ်အပျက် ၅၈ ခုအနက်မှ တခုဖြစ်သည်။ ယင်းအဖွဲ့နှစ်ခုတို့ ပူးပေါင်း၍ “လမ်းလျှောက်နေရသည့် သေလူ - မြန်မာပြည်အရှေ့ပိုင်း စစ်မျက်နှာစာမှ အကျဉ်းသား ပေါ်တာများ” အမည်ရှိ အစီရင်ခံစာကို ယနေ့ ထုတ်ပြန်ပြီး ဘန်ကောက်မြို့တွင် ထိုင်းနိုင်ငံ နိုင်ငံခြား သတင်းထောက်များ အသင်း (FCCT) ၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်သည်။

ယင်းအစီရင်ခံစာကို ပေါ်တာဆွဲခံရရာပြီး ရှေ့တန်းစစ်မျက်နှာမှ လွတ်မြောက်လာသော အကျဉ်းသားများ၏ ထွက်ဆိုချက်များဖြစ်သည့် နှိပ်စက်ညှဉ်းပမ်း ခံရမှုများ၊ သတ်ဖြတ်ခံရမှုများကို အခြေခံ၍ ပြုစုထားသည်။

ယမန်နှစ် နိုဝင်ဘာ ရွေးကောက်ပွဲ ကာလမှစတင်၍ အစိုးရတပ်နှင့် ကရင်၊ ရှမ်း၊ ကချင် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များအကြား တိုက်ပွဲများ ပြန်လည် အရှိန်မြင့်လာခဲ့သည်။ တိုက်ပွဲများ အဆက်မပြတ် ဖြစ်မှုနှင့်အတူ အကျဉ်းသားများကို ပေါ်တာ အဖြစ် အသုံးပြုမှုများလည်း တိုးမြင့်လာသည်။

အကျဉ်းသား ပေါ်တာများ၏ ထွက်ဆိုချက်အရ ၎င်းတို့သည် တိုက်ပွဲဖြစ်ရာဒေသ မိုင်းဗုံးများထူထပ်သည့် နေရာများတွင် စစ်သားများ၏ ရှေ့မှ ကြို၍ သွားရကြောင်း၊ အကာအကွယ် အတားအဆီးမပါဘဲ အတင်းသွားခိုင်းခြင်းဖြစ်ကြောင်း သိရသည်။

အကျဉ်းသားပေါ်တာတဦးဖြစ်သူ ကိုမောင်မြင့်က “စခန်းကို ကျနော်တို့ ရိက္ခာတွေ သယ်ပို့ပေးရတယ်။ ပေါ်တာ တယောက်က မိုင်းနင်းမိပြီး ခြေထောက် ပြတ်သွားတယ်။ စစ်သားတွေက သူ့ကို ဒီအတိုင်း ထားခဲ့တယ်။ သူက ကြောက်ရွံ့ထိတ်လန့် နေပေမယ့် ဘယ်သူမှ မကူနိုင်ဘူးလေ။ စခန်းကနေ ပြန်ဆင်းလာတော့ အဲဒီ မိုင်းနင်းမိတဲ့လူ သေနေပြီ” ဟု အစီရင်ခံစာတွင် ပြန်ပြောပြထားသည်။

KHRG မှ သုတေသီ ကိုဖိုးရှမ်းက အကျဉ်းသားပေါ်တာများ ဤသို့ ပြုမှုခံရသည်မှာ ယခုမှ မဟုတ်ကြောင်း၊ ၁၉၉၂ ခုနှစ်ကတည်းက အစိုးရတပ်များက တိုင်းရင်းသားလက်နက်ကိုင်တပ်များနှင့် တိုက်ခိုက်သည့် ရှေ့တန်းစစ်မျက်နှာများတွင် အကျဉ်းသားပေါ်တာများကို အသုံးပြုခဲ့ကြောင်း ပြောသည်။

အကျဉ်းသား ပေါ်တာများနှင့်အတူ ဒေသခံရွာသားများလည်း ပစ္စည်းများ ထမ်းပိုးရန် အဓမ္မခိုင်းစေခံရကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

မန္တလေးထောင်တွင် သေဒဏ်ကျခံထားရပြီး ၁၉၉၂ တွင် အကျဉ်းသား ပေါ်တာဖြစ်ခဲ့သည့် ကိုမြင့်အောင်က “ကျနော်တို့နဲ့အတူ ပေါ်တာတွေ ဘယ်နှယောက်ရှိလဲ မသိဘူး၊ ဒါပေမယ့် ရွာသား ၄၀၀ လောက်ကိုတော့ အကျဉ်းသားပေါ်တာတွေကို အခိုင်းခံနေရတာ တွေ့ခဲ့ရတယ်” ဟု ပြောသည်။

ပေါ်တာ အယောက် ၃၀ ကျော် ၄၀ ခန့်ကို စစ်သားများက သတိလစ်သည်အထိ ရိုက်နှက်ပြီး ထိုအတိုင်း ပစ်ထားခဲ့သည်ကို မြင်ဖူးကြောင်း၊ ယင်းတို့အားလုံး သေဆုံးနိုင်ကြောင်းလည်း ကိုမြင့်အောင်က ပြောသည်။

HRW မှ တာဝန်ရှိသူ Elaine Pearson က “မြန်မာနိုင်ငံဟာ ကမ္ဘာ့အရှည်ဆုံး လက်နက်ကိုင် ပဋိပက္ခ ဖြစ်နေတဲ့ နေရာပါ။ အကျဉ်းသားတွေကို ပေါ်တာအဖြစ် သုံးတာ၊ လူတွေကို မိုင်းရှင်းကိရိယာအဖြစ်သုံးတာတွေ ရှိနေပါတယ်။ ဒါတွေဟာ မြန်မာနိုင်ငံမှာ စစ်ရာဇ၀တ်မှုများနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုများဆိုင်ရာ စုံစမ်းစစ်ဆေးရေး ကော်မရှင် (CoI) ဖွဲ့ဖို့အတွက် လုံလောက်တဲ့ အထောက်အထားတွေပါပဲ” ဟု ပြောသည်။

11ReadMore-2.jpg

Monday, July 11, 2011

ကော့ကရိတ်တွင် ရွှေဆိုင် ဓားပြတိုက် လူသတ်မှုဖြစ်


ချင်းမိုင် (မဇ္ဈိမ) ။       ။ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ကမ်းနီရွာရှိ ရွှေဆိုင် ၂ ဆိုင်အား သေနတ်သမား
၃ ဦးက စနေနေ့တွင် ဓားပြတိုက်ပြီး၊ ရွှေထည်များ ယူဆောင်သွားကာ ဆိုင်ရှင်တဦး ပစ်အသတ်ခံရကြောင်း
 ဒေသခံများ အဆိုအရ သိရသည်။

စနေနေ့ မွန်းလွဲ ၃ နာရီခန့်တွင် ဆိုင်ကယ်ဦးထုပ်များ ဆောင်းလာသည့် လက်နက်ကိုင်များမှာ ရွှေဆိုင်သို့ ဝင်ရောက်လာပြီး လက်နက်ပြ ခြိမ်းခြောက်ကာ မနန်းမြ ရွှေဆိုင်မှ ရွှေ ၃ ပိဿာ (၃ဝဝ ကျပ်သား) ခန့်နှင့် မိဘမေတ္တာ ရွှေဆိုင်မှ ရွှေ ၅ဝ ကျပ်သားခန့် ရွှေထည်များကို လုယူထွက်ပြေးသွားခဲ့သည်။ ထို့အပြင် မနန်းမြကို သေနတ်နှင့် ပစ်သဖြင့် ပွဲချင်းပြီး သေဆုံးသွားသည်။

“မနန်းမြက သူ့ဆိုင်ကို ဓားပြတွေ တိုက်ပြီး ပြန်ထွက်တဲ့အချိန်မှာ အော်မိလို့ အပစ်ခံရတယ်။ ခေါင်းမှာ ထိလို့
ပွဲချင်းပြီး ဆုံးသွားတယ်” ဟု မနန်းမြ ရွှေဆိုင်အနီးမှ မိချိုက ပြောသည်။

ကာလတန်ဖိုးအားဖြင့် ကျပ်သိန်း ၂၀၀၀ ကျော် ရှိမည်ဟု ဆိုင်ရှင်များနှင့် နီးစပ်သူများက ခန့်မှန်းကြသည်။

ဓားပြတိုက်သူ ၃ ဦးအနက် ၁ ဦးကို တနင်္ဂနွေနေ့ ညနေ ၅ နာရီခန့်တွင် ကမ်းနီရွာ ရဲစခန်းက ဖမ်းဆီးရမိ
 သော်လည်း ကျန် ၂ ဦးမှာ ထွက်ပြေးလွတ်မြောက်နေသည်ဟု ရဲစခန်းနှင့် နီးစပ်သူတဦး ပြောသည်။

အသက် ၃၉ နှစ်ခန့်ရှိ မနန်းမြ၏ ရုပ်အလောင်းကို တနင်္လာနေ့ မွန်းလွဲပိုင်းတွင် ကမ်းနီရွာ သုသာန်သို့ ပို့ဆောင်ကာ မီးသင်္ဂြိုဟ်ခဲ့ကြောင်း မိချိုက ပြောသည်။

11ReadMore-2.jpg

ကော့ကရိတ်မြို့နယ်တွင် ရွှေဆိုင်ဓါးပြတိုက်လူသတ်မှုဖြစ်

July 11th, 2011မင်းသုတ

လွန်ခဲ့သည့်စနေနေ့မွန်းလွဲပိုင်းက ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကမ်းနီကျေးရွာ၌ ရွှေဆိုင်ဓါးပြတိုက်မှုတရပ် ဖြစ်ပွားခဲ့ရာ ရွှေဆိုင်ပိုင်ရှင်တစ်ဦး သေနတ်ထိမှန်သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
အဆိုပါ လက်နက်ငယ်ကိုင် ဓါးပြသုံးဦးတို့သည် မော်တော်ဆိုင်ကယ်ဦးထုပ် ကိုယ်စီဆောင်းထားကြပြီး ကမ်းနီကျေးရွာဈေးကြီးရှိ နိုင်ထွန်းဝင်းရွှေဆိုင်နှင့် မနန်းမြရွှေဆိုင်နှစ်ဆိုင်အား ဓါးပြတိုက်ခဲ့ခြင်းဖြစ်သည်။
မနန်းမြက ဓါးပြတိုက်တာကို အော်လိုက်တော့ ခေါင်းကို သေနတ်ပစ်ခံထိသွားတယ်၊ ပွဲချင်းပြီး သေသွားတယ်” ဟု ကမ်းနီကျေးရွာသူ မိအေးက ပြောသည်။
ထို့အတူ နိုင်ထွန်းဝင်းရွှေဆိုင်မှ ရွှေသားအထည် ၅၀ ကျပ်သားခန့်နှင့် မနန်းမြရွှေဆိုင်မှ ရွှေသားအထည် ၂၅၀ ကျပ်သားခန့် ဓါးပြများလက်ထဲ ပါသွားသည်ဟု ကမ်းနီကျေးရွာသားအချို့ ခန့်မှန်းပြောဆိုနေသည်။
အဆိုပါ ဓါးပြသုံးဦးအနက် အခင်းဖြစ်ပွားပြီး မကြာမီအချိန်တွင်း ပါဝင်ခဲ့သူဓါးပြတစ်ဦးကို ကမ်းနီကျေးရွာ ရဲစခန်းမှ ဖမ်းဆီးရမိသော်လည်း ကျန်နှစ်ဦးမှာ လွတ်မြောက်နေဆဲဖြစ်ကြောင်း ရွာသားအချို့ မှ သိရသည်။
ရွာမှာနေထိုင်ရတာ ငြိမ်းငြိမ်းချမ်းချမ်း မဖြစ်တော့ဘူး၊ ဟိုလိုလို ဒီလိုလို သတင်းထွက်နေပြီး ကြောက်နေကြရတယ်” ဟု ရွာသားတစ်ဦးက ပြောသည်။
အဆိုပါ ကမ်းနီကျေးရွာသည် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ မွန်ကျေးရွာဖြစ်ပြီး မွန်၊ ကရင်တိုင်းရင်းသားများ နေထိုင်ကြသည်ဟု သိရသည်။ ကမ်းနီကျေးရွာတွင် အိမ်ခြေတစ်ထောင်ကျော်ခန့် ရှိမည်ဟုခန့် မှန်းရပါသည်။
စစ်အစိုးရနှင့်အပစ်ရပ်စဲခဲ့သည့် ကာလများတွင် အဆိုပါ ကမ်းနီကျေးရွာ၌ မွန်ပြည်သစ်ပါတီ၊ သထုံခရိုင်တပ်ရင်းလက်အောက်ခံတပ်များ လှုပ်ရှားရာ နယ်မြေဖြစ်ခဲ့သော်လည်း လက်ရှိ အပစ်အခတ် ရပ်စဲရေး ပျက်ပြယ်ဆဲကာလ၌ မွန်ပြည်သစ်ပါတီတပ်ဖွဲ့များ မသွားရောက်နိုင်တော့ပေ။ မွန်ပြည်သစ်ပါတီမှ ပြည့်ပြည့်ဝဝနှင့် လုံခြုံရေး မပေးနိုင်သည့်အတွက် ဓါးပြများ သောင်းကျန်းလာခြင်း ဖြစ်ကြောင်း ခန့်မှန်းပြောဆိုနေကြသည်။
အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ အပစ်အခတ် ရပ်စဲရေး ပျက်ပြယ်ဆဲကာလ၌ မွန်နှင့်ကရင်ပြည်နယ် ဒေသအချို့တွင် ဗုံးပေါက်ကွဲခြင်း၊ ဈေးဆိုင်၊ ရွှေဆိုင်အချို့ လုယက်တိုက်ခိုက်ခံရသည့် ကိစ္စရပ်များ မကြာမကြာ ဖြစ်ပေါ်နေပေသည်။ ပြည်သူတို့မှာလည်း လုံခြုံမှု မရှိတော့ကြောင်း ပြောဆိုနေပေသည်။

11ReadMore-2.jpg

Saturday, July 9, 2011

မှတ်တမ်းတဗုဒ်နဲ့ ဇိုရာ

ဇိုရာ
ဒီကောင်းကင်ကြီးထဲမှာ
ကြယ်စင်တွေ လင်းလက်
ဘုရားသခင်ရဲ့  ကောင်းချီးပေးတော်မှုကို ခံယူခဲ့ပီ။

ဇိုရာ
ပြောကြားပေးပါ....
လူထုကြီးကို ပြောကြားပေးပါ
ကျနော်တို့  မှတ်တမ်းမဲ့ စာတအုပ်နဲ့ 
ခရီးဆက်ခဲ့... ဆဲ။

ဇိုရာ
ဒီတောင်တန်းတွေရဲ့ အပေါ်မှာ အမှန်တရားတွေ ရှိခဲ့
လွတ်မြောက်မှုအတွက်နဲ့ 
ဘ၀တွေကို ကျောပိုးလို့ နေခဲ့။

ဇိုရာ
ဒီမြစ်ကမ်းတွေမှာ
ဒီ ဗြောင်ပြန်စီးနေတဲ့ မြစ်ကမ်းတလျှောက်မှာ
အသဲနှလုံးတွေ ကြွေကျ
မားမားရပ်ရပ် ...
ရပ်တည်ချက်ကောင်းခဲ့သူပါ။

ဇိုရာ
ဘုရားသခင်ရဲ့  ချီးမြှင့်မှုကို ခံယူပါ
ကောင်းကင်အထပ်ထပ်မှာ ရှိတဲ့ ကြယ်စင်တွေလို ..
အလွမ်းတွေ ပြည့်နက်
အလင်းပြန့် နေတဲ့ ..
အဲဒီ ယူနီဗာဆယ်နဲ့ 
ဟောဒီမြေပေါ်မှာ
စစ်ပွဲကြီးတွေ ဖြစ်လို့ ။

ဇိုရာ
ပြောကြားပေးပါ
လူထုကြီးကို ပြောကြားပေးပါ ... ဇိုရာ။ ။

SummaryRest of your post

11ReadMore-2.jpg

Thursday, July 7, 2011

သံဖြူဇရပ်မြို့စောင့်တပ်မိသားစု အပြင်ထွက်အိပ်နေရ

July 7th, 2011လွတ်လပ်သောမွန်သတင်းအေဂျင်စီ      မင်းသုတ-

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့၌ လုံခြုံရေးအခြေအနေစိုးရိမ်နေရသည်ဟု သတင်းထွက်ပေါ်နေသည့်အတွက် မြို့ခံခလရ (၆၂) တပ်ရင်းမှ အိမ်ထောင်သည်အမျိုးသမီးများနှင့် ခလေးများ မြို့ပေါ်ရပ်ကွက်များသို့ ပြောင်းရွေ့နေကြရကြောင်း ဒေသခံများက ပြောသည်။
“တပ်ရင်းအိမ်ထောင်သည်လိုင်းမှာ မိသားစု ၂၀ ကျော်လောက်ပဲရှိပါတယ်တဲ့၊ ခင်မင်ရာအသိမိတ်ဆွေတွေ အိမ်တွေဆီညအိပ်ညနေဖို့ပဲ၊ တချို့ဆို နေ့ပိုင်းဆိုတပ်ထဲပြန်တယ်၊ တပ်ရင်းမှာအခြေအနေမကောင်းဘူးလို့ ပြောနေကြတယ်” ဟု ၄င်းမိသားစုများနှင့် တွေ့ရှိခဲ့သူ သံဖြူဇရပ်မြို့ခံတစ်ဦး ပြောသည်။
ခလရ ၆၂ တပ်ရင်းတည်နေရာပြပုံ
ခလရ ၆၂ တပ်ရင်းတည်နေရာပြပုံ
ခလရ ၆၂ တပ်ရင်းသည် သံဖြူဇရပ်မြို့အစွန်တွင်တည်ရှိပြီး တပ်မြေ၏အနောက်ဖက်ခြမ်းများ၌ ရာဘာခြံနှင့် တောင်ညိုတောင်တန်းငယ်များရှိနေသဖြင့် ပထဝီအနေအထားအရ အခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အလွယ်တကူလာရောက်တိုက်ခိုက်နိုင်သည်ဟုလည်း သူက ဆက်ပြောသည်။
လွန်ခဲ့သည့်ဇွန်လ ၂၉ ရက်နေ့တွင် သံဖြူဇရပ်မြို့၊ မြို့နယ်အုပ်ချုပ်ရေးမှူး အိမ်အနီး၌ ဗုံးပေါက်ကွဲမှုတရပ် ဖြစ်ပေါ်ခဲ့ကြောင်း၊ ယနေ့အထိလက်သည်မဖေါ်နိုင်ကြောင်း ယခင်သတင်းများတွင် ဖေါ်ပြခဲ့ပြီးဖြစ်သည်။
“ကရင်လက်နက်ကိုင်အဖွဲ့အစည်းတွေ မြို့နားရောက်နေတယ်လို့ သတင်းတွေပြန့်နေတယ်၊ ဟိုတလောကလည်း မှန်လုံကားတွေမီးရှို့တာ၊ ဗုံးပေါက်ကွဲခဲ့တဲ့ကိစ္စတွေလည်း ဖြစ်ခဲ့တော့ မြို့လုံခြုံရေးကိုအထူး သတိထားနေရတယ်” ဟု သံဖြူဇရပ်မြို့ စရဖအဖွဲ့နှင့်နီးစပ်သူ အမည်မဖေါ်လိုသော စီးပွားရေးလုပ်ငန်းရှင်တဦးက ပြောသည်။
ညပိုင်းအချိန်မတော် မြို့ပေါ်သွားလာသူများအား မသင်္ကာဟုယူဆလျှင် ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်နေသည်ဟုလည်း သိရသည်။
“ညပိုင်းဘောလုံးပွဲကြည့်ပြီး ပြန်လာတဲ့သူတွေ၊ မျက်နှာစိမ်းမော်တော်ဆိုင်ကယ်နဲ့ သွားလာတဲ့သူတွေကိုလည်း စစ်ဆေးတယ်၊ အချို့ဆိုရင် အချုပ်ခန်းမှာ တညအိပ်ရတာရှိတယ်” ဟု မြို့ခံလူငယ်တဦးက ပြောသည်။
သို့ရာတွင် မြို့လုံခြုံရေးအနှောက်အယှက်ပေးနိုင်သူ မည်သူတဦးတယောက်ကိုမှ ဖမ်းဆီးမိခြင်းမရှိသေးပေ။
သံဖြူဇရပ်မြို့နယ်တွင် ပြီးခဲ့သည့်ဇွန်လ၌ တရားမဝင် လက်နက်ကိုင်ဆောင်ထားသူများရှိပါက သက်ဆိုင်ရာအာဏာပိုင်များထံ လာရောက်အပ်နှံရန် နိုးဆော်ထားကြောင်း ယခင်သတင်းများတွင် ဖေါ်ပြထားသည်။
ယခင်က သံဖြူဇရပ်မြို့၌ ခလရ ၃၁၊ ၆၂ တပ်ရင်း နှစ်ရင်းရှိခဲ့ရာ ခလရ ၃၁ အား ရေးမြို့နယ်၊ ခေါဇာမြို့နယ်ခွဲသို့ လွန်ခဲ့သည့် ၁၀ နှစ်ခန့်တွင် အပြီးအပိုင်ပြောင်းရွေ့ခဲ့သည်ဟု သိရသည်။
လက်ရှိတွင် အင်အား ၁၀၀ ကျော်ရှိ ခလရ ၆၂ တပ်ရင်းတစ်ရင်းသာ မြို့စောင့်တပ်အဖြစ် ကျန်ရှိနေပြီး စကခ (၁၉) လက်အောက်ခံတပ်ရင်းဖြစ်သည့်အတွက် ကရင်ပြည်နယ်ထိုးစစ်များတွင် ထိုးစစ်ဆင်ခဲ့သည့် တပ်ရင်းတစ်ရင်းဖြစ်ခဲ့သည်။

11ReadMore-2.jpg

မောင်ချစ်သူ စည်းရုံးရေးခရီး မအောင်မြင်


သန်းထိုက်ဦး

မကြာသေးခင်က ပုန်ကန် ခွဲထွက်သွားသော ကရင်နယ်ခြားစောင့် တပ်ဖွဲ့ဝင်များကို ပြန်လည် စည်းရုံးရန် အစိုးရက DKBA ခေါင်းဆောင်ဟောင်း တဦးဖြစ်သည့် ဗိုလ်ချစ်သူကို တနင်္ဂနွေနေ့က စေလွှတ် ညှိနှိုင်းခဲ့သော်လည်း အောင်မြင်မှု မရှိသေးကြောင်း သိရသည်။

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdmTHILwA3PQNR87uwTBJNkXgp1HztHa8SjfM0mD66vSfJwqGTWXbAuS3H8rIoNZZAVXWGUu9rVXGMx7A6fL6WmHlIxVVoJKat-tCdotnMqJiBTh1HZo6duGXR0cjEttCzX1niGalpYx8/s1600/20812-DKBA.jpgဗိုလ်ချစ်သူသည် ခွဲထွက်သွားသည့် တပ်ရင်း ၄ ရင်းကို ဦးဆောင်နေသူ တပ်ရင်းမှူး ဒု ဗိုလ်မှူးကြီး စောဘိ (ဗိုလ်ဘိ) နှင့် ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့၊ မြိုင်ကြီးငူ ဒေသတွင်တွေ့ဆုံခဲ့ခြင်း ဖြစ်သည်ဟု ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်မဟာ ၇ မှ ဗိုလ်မှူးချူပ် ဂျော်နီက ဧရာဝတီသို့ ပြောသည်။

“မြန်မာ အစိုးရကတော့ ကရင် အချင်းချင်း ပြန်တိုက်စေချင်တယ်၊ ဒါကြောင့် ဗိုလ်ချစ်သူကို ညှိခိုင်းတာပါ၊ ဒါပေမယ့် ဗိုလ်ဘိက ဗိုလ်ချစ်သူကို မယုံတော့ ညှိနှိုင်းတာ အဆင်မပြေဘူး” ဟု ဗိုလ်မှူးချူပ် ဂျော်နီက ပြောသည်။

ပုန်ကန်ခွဲထွက်သွားသော တပ်ဖွဲ့များက မြိုင်ကြီးငူဒေသ အပြင်ဘက်တွင် နေရာယူထားကြောင်း သိရသည်။

“တိုက်ပွဲဖြစ်ရင် ဘုန်းကြီးကျောင်းတွေ ဘာသာရေး အဆောက်အအုံတွေ ပျက်စီးမှာစိုးလို့ ဗိုလ်ဘိကတော့ မြိုင်ကြီး ငူနားမှာ စစ်မျက်နှာ မဖွင့်ချင်ဘူး” ဟု ဗိုလ်မှူးချူပ် ဂျော်နီက ဆိုသည်။

ဤအတောအတွင်း ဒေသခံအများအပြားက တိုက်ပွဲများဖြစ်ပွားမည်ကိုစိုးရိမ်သဖြင့် အနီးအနားရှိမြို့ရွာများသို့ ပြောင်းရွှေ့နေကြသည်ဟု သိရသည်။

DKBA ခေါ် တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသား တပ်မတော်သည်သည် အာဏာပိုင်တို့၏ အစီအစဉ်ဖြင့် နယ်ခြားစောင့်တပ်များ အဖြစ် အသွင်ပြောင်းထားသည်မှာ တနှစ် ပြည့်တော့မည် ဖြစ်သည်။

ပြီးခဲ့သည့် မေလတွင် တပ်ရင်း ၄ ရင်းက ပုန်ကန် ခွဲထွက်ပြီး DKBA တပ်ဖွဲ့များအဖြစ် ပြန်လည် ခံယူလိုက်ကြသည်။ အစိုးရ၏ အုပ်ချုပ်မှု အောက်တွင် မနေလိုသဖြင့် ခွဲထွက်ခြင်း ဖြစ်သည်ဟု သိရသည်။

တလအကြာတွင် ခွဲထွက်တပ်များနှင့် အစိုးရကို သစ္စာခံသည့် ကရင် နယ်ခြားစောင့်တပ်များ မြိုင်ကြီးငူ အနီးရှိ တခွက်ဖိုးကျေးရွာတွင် တိုက်ပွဲ ဖြစ်ပွားခဲ့ကြသည်။ နယ်ခြားစောင့်တပ် အမှတ် ၁၀၁၁ ၏ တပ်ရင်းမှူး ဒု ဗိုလ်မှူးကြီး စိုးနိုင် ကျဆုံးသွားကြောင်း သိရသည်။

၂ နာရီ ခန့်ကြာသည့် ထိုတိုက်ပွဲတွင် ခွဲထွက် တပ်ဖွဲ့များက စစ်ရေးအရ အချက်အချာကျသည့် တံတား ၃ စင်း ကို ဖျက်ဆီးခဲ့သည်ဟု သိရသည်။

ကရင်ပြည်နယ်တွင် ဖြစ်ပွားသော တိုက်ပွဲ၊ မငြိမ်မသက်မှုများနှင့် ပတ်သက်ပြီး အစိုးရက သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။
http://www.irrawaddy.org/bur/index.php/news/

11ReadMore-2.jpg

Tuesday, July 5, 2011

မြဝတီရှိ BGF တပ်ဖွဲ့အား KNLA ၀င်ရောက်ပစ်ခတ်၊

Submitted by admin on Tuesday, 5 July 2011--
ဇူလိုင်လ ၅ရက်။ စောသိန်းမြင့် (ကေအိုင်စီ)

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ် မယ့်ပလယ်တိုဂွင်တွင် လှုပ်ရှားသည့် နယ်ခြားစောင့်တပ် BGF တပ်ဖွဲ့အား ယမန်နေ့က ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ(၇) တပ်ဖွဲ့များက သွားရောက်ပစ်ခတ်ခဲ့ရာ BGF တပ်ဖွဲ့ဝင် ၃ဦး ထိ ခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

မြ၀တီမြို့၏ မြောက်ဘက် ၇မိုင် အကွာအဝေးရှိ မယ်ပလယ့်တိုဂွင်တွင် လှုပ်ရှားသည့် BGF တပ်ရင်း(၁၀၁၈)တပ်ရင်းအား ယမန်နေ့ မနက် ၉နာရီကျော်တွင် KNLA တပ်မဟာ (၇)လက်အောက်ခံ တပ်ရင်း(၁၀၁)တပ်ဖွဲ့ဝင်များက ချိန်ကိုက်မိုင်းများနှင့် အတူ သွားရောက်ပစ်ခတ်ခဲ့မှုကြောင့် ယခုလို BGF တပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်ဟု DKBA အရာရှိဟောင်း တစ်ဦးက ပြောသည်။

သူက “ပစ်ခတ်မှုကတော့ ၁၀မိနစ်လောက်ပဲ ကြာတယ်။ ပစ်ခတ်မှုဖြစ်တဲ့နေရာကတော့ ကျော်ဝေါ်ခို့နဲ့ ထီးလော်သီကြားမှာ ဖြစ်တယ်။ BGF တာဝန်ခံကတော့ ခြေထောက် ထိမှန်တယ်။ အခြားနှစ်ယောက်ကတော့ တော်တော်အထိနာတယ်။ ဆီးအိမ် ပေါ်မှာ တစ်ယောက်ထိတယ်။ တင်ပါးမှာ တယောက်ထိတယ်။ ဖြစ်ပွားမှု ပြီးပြီးချင်းမှာပဲ မဲဆောက်ဆေးရုံကို ပို့လိုက်တယ်။”ဟု ပြောသည်။

၎င်းပစ်ခတ်မှု ဖြစ်ပွားရာနေရာတွင် ဗိုလ်မှူးစောမောင်ဝင်း ဦးစီးသည့် BGF တပ်ရင်း(၁၀၁၈)က အစိုးရစစ်တပ်နှင့် ပူးပေါင်း၍ KNLA တပ်ဖွဲ့ဝင်များ၏ ၀င်ထွက်သွားလာမှုကို ချောင်ပိတ်ချင်သောကြောင့် ယခုလို KNLA တပ်ဖွဲ့ဝင်များက လက်ဦးမှု ရယူ လိုက်ခြင်းဖြစ်ကြောင်း ၎င်း DKBA တပ်မှူးက ဆက်ပြောသည်။

အဆိုပါ ပစ်ခတ်မှုမှာ မှန်ကန်သော်လည်း ပစ်ခတ်မှု၏ဖြစ်စဉ် အသေးစိတ်ကို အတိအကျ မသိရှိရသေးကြောင်း KNLA (၁၀၁) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး စောဖောဒိုက ပြောသည်။

ထိုကိစ္စနှင့်ပတ်သက်၍ BGF တပ်ရင်း(၁၀၁၈)မှ တာဝန်ရှိသူများအား ကေအိုင်စီက မေးမြန်းရန် အကြိမ်ကြိမ် ကြိုးစားဆက် သွယ်ခဲ့သော်လည်း ဖုန်းလိုင်းမရရှိခဲ့ပေ။

ပြီးခဲ့သည့် ဇွန်လ ၂၉ရက်နေ့ကလည်း ကော့ကရိတ်မြို့ တောင်ဘက် ၃မိုင်အကွာရှိ နန်းရွှေမုံကျေးရွာတွင် လှုပ်ရှားသည့် ဗိုလ် မှူးစောကျော်သက် ဦးစီးသော DKBA တပ်မဟာ(၅)တပ်ဖွဲ့အား ဗိုလ်မှူးမြတ်ခိုင် ဦးစီးသည့် BGF တပ်ရင်း(၁၀၁၆)မှ တပ်ဖွဲ့ ၀င်တချို့က ရှောင်တခင် ၀င်ရောက်ပစ်ခတ်မှုကြောင့် DKBA တပ်ဖွဲ့ဝင် ၂ဦး ကျဆုံးပြီး လက်နက် ၆လက်ကို BGFမှ သိမ်း ဆည်းသွားခဲ့သည်ဟု စစ်ဘက်ဆိုင်ရာ သတင်းအရ သိရသည်။

11ReadMore-2.jpg

Monday, July 4, 2011

ခိုင်မြဲတည်တံ့သောအစိုးရ (စောဘဦးကြီးရေးသည်)

တိုင်းပြည်မရှိသော  လူတစ်မျိုးသည်  လူမျိုးကြီးတစ်မျိုး(Nation)ဟုကမ္ဘ္ဘာအသိအမှတ်ပြုလိမ့်မည်
မဟုတ်ခြေ။အကြောင်းမှုကား၎င်းလူမျိုးသည်  ကိုယ့်မင်းကိုယ့်ချင်းနဲ့နေနိုင်ခွင့်မရဘဲတပါးလူမျိုး၏
လက်အောက်၌သာနေ ထိုင်ကြရခြင်းကြောင့်ဖြစ်ပေသည်။   ပင်ကိုတိုင်းပြည်ရှိနှင့်သောလူတစ်မျိုး
သည်ကိုယ့်မင်းကိုယ့်ချင်းနှင့်မနေရသော်    မိမိတို့၏ ညံ့ဖျင်းမှုကြောင့် သာလျှင်ဖြစ်ပြီး နိုင်ငံရပ်ခြား
တိုင်းတစ်ပါးသားများ၏    လက်အောက်ခံအဖြစ်ဖြင့်သာအောက်ကျနောက်ကျ   ရှိကြရလေသည်။
သို့ရာတွင်ကိုယ့်တိုင်းကိုယ့်ပြည်ကိုယ့်မင်းကိုယ့်ချင်းနှင့်ရှိသောလူမျိုးတို့သည်ကား သူတပါး၏လက်
အောက်ခံသို့မရောက်စေရန်ခိုင်မြဲတည်တံ့သောအစိုးရကိုရရန်အတွက်အင်တိုက်အားတိုက်လုံးပန်း
ကြရမည်ပင်ဖြစ်သည်။အောက်ပါအချက်ကြီး(၃)ချက်နှင့်ပြည့်စုံသောအစိုးရသည် ကာလကြာမြင့်စွာ
တည်တံ့နိုင်မည်ဖြစ်ပေသည်။

 
( ၁ )    လူထူမေတ္တာ
( ၂ )    လူထု၏ကြည်ညိုခြင်း 

( ၃ )    လုံခြုံမှုတွက်စိတ်ချရခြင်း 


                        

                        (၁) လူထုမေတ္တာ
             

အစိုးရတိုင်း၌ ပထမလိုအပ်သော  တာဝန်ဝတ္တရားသည်ကား   တိုင်းပြည်အတွင်းငြိမ်ဝပ်  ပိပြားရေး
ရရှိအောင်စောင့်ရှောက်ထိန်းသိမ်းရေးပင်ဖြစ်သည်     တိုင်းပြည်အတွင်းငြိမ်ဝပ်ပိပြား ရေး ရရှိသည်
နှင့်အမျှတိုင်းရင်းသားများ၏ အသက်နှင့်စည်းစိမ်လုံခြုံမှုတို့ကို  ရရှိနိုင်မည်ဖြစ်၍  တိုင်းရင်းသားများ
၏သက်သာချောင်ချိရေးသည် ပေါက်ဖွါးလာကာ အစိုးရအပေါ်၌ ကြည်ညိုအားထားလေးစားသော
မေတ္တာစိတ်များသည်    အလိုအလျှောက်ဖြစ်ပေါ်လာမည်ဖြစ်ပေ သည်။လူထု၏မေတ္တာအစစ်အမှန်
ကို  တကယ်တမ်းရရှိသော အစိုးရသည်    မိမိတို့၏  စီမံအုပ်ချုပ်မှု၌ အခက်အခဲဟူသ၍ တို့ကိုလွယ်
ကူစွာအောင်မည်နိုင်မည်ဖြစ်သဖြင့်အုပ်ချုပ်ရေးတည်တံ့မှုကိုရရှိနိုင်မည်ဖြစ်ပေသည်။သို့ဖြစ်၍တည်
တံ့ခိုင်မြဲလိုသောအစိုးရတိုင်းတိုင်ပြည်၏လူထုမေတ္တာကိုရယူသင့်ကြပေသည်။            


       

                         (၂ ) လုထု၏ကြည်ညိုခြင်း 



အစိုးရ၏အုပ်ချုပ်မှုတည်တံ့ရေးတွင်အကျုံးဝင်လျှက်ရှိသော အရင်းခံဝတ္တရားကြီးတစ်ခုသည်ကား
တိုင်းပြည်၏ကိုယ်စားလှယ်အစစ်အမှန်များကို   တရားသောနည်းအတိုင်းရွေးကောက်တင်မြှောက်
၍   အဆိုပါကိုယ်စားလှယ်များက ရေးဆွဲသောဥပဒေများကို  တိုင်းရင်းသားအားလုံးစည်းကမ်းသေ
ဝပ်စွာ ညီညီညာညာလိုက်နာကြခြင်းပင်ဖြစ်၏။အစိုးရသည်တိုင်းပြည်၏စည်းကမ်းဥပဒေအရတရား
သဖြင့်အုပ်စိုးနိုင်မှသာလျှင် လူထုကြည်ညိုခြင်းကိုခံရလိမ့်မည်ဖြစ်၏။ လူထု၏ကြည်ညိုခြင်းကိုရရှိမှ
သာလျှင် အုပ်ချုပ်ရေးတည်တံ့ခိုင်မြဲနိုင်မည်ဖြစ်ပေသည်။  မျက်နှာကြီးငယ်လိုက်ခြင်း၊အဂတိတရား
လိုက်စားခြင်း၊လာဘ်ပေးလာဘ်ယူမှုများကိုလက်သင့်ခံခြင်းစသည်တို့ဖြင့်မကင်းသောအစိုးရသည်
လူထု၏အကြည်ညိုကိုအခိုက်အတန့်မျှသာရယူနိုင်မည်ဖြစ်သဖြင့်လူထု၏ထောက်ခံမှုကိုကြာမြင့်စွာ
မရနိုင်ဘဲအုပ်ချုပ်ရေးတည်တံ့မှုကိုပျက်ပြားစေရန်အကြောင်းတစ်ရပ်ဖြစ်ပေသည်။ 
                  

                   (၃) လုံခြုံမှုအတွက်စိတ်ချရခြင်း                        
 

တိုင်းသူပြည်သားအားလုံးတို့၏လုံခြုံစွာနေထိုင်နိုင်ရေးအတွက် သက်ဆိုင်ရာအစိုးရသည်စီမံပေးနိုင်
ရမည်ဖြစ်၏။ ပြည်တွင်း၏ဆူးညှောင့်ခလုတ်များဖြစ်ကြသော  ခိုးသား။ဓါးပြနှင့်သောင်းကျန်းသူများ
ကိုနှိမ်နှင်းနိုင်ရမည်အပြင် ပြည်ပဖြစ်သောတိုင်းတစ်ပါးသားတို့၏ဘေးရန်ကိုလည်း ကာကွယ်ပေးနိုင်
စွမ်းရှိရမည်ဖြစ်ပေသည်။  တိုင်းပြည်အတွင်းလုံခြုံမှုအတွက်  စိတ်ချလက်ချ မနေကြရလျှင်တိုင်းရင်း
သားများသည် မိမိတို့၏အစိုးရအပေါ်တွင်အယုံအကြပျက်ပြားကာ   အုပ်ချုပ်မှုတည်တံ့ရေးကို ချက်
ချင်းထိခိုက်နိုင်စရာအကြောင်းရှိပေသည် ဖေါ်ပြပါအချက်သုံးချက်နှင့်ပြည့်စုံသောအစိုးရတိုင်းသည်
မိမိတို့၏အုပ်ချုပ်ရေးနှင့်ပတ်သက်၍တိုင်းရင်းသားများ၏   ယုံကြည်အားထားမှု၊ကြည်ညိုလေးစားမှု၊

စိတ်သက်သာမှုစသည်တို့ကို တကယ်တမ်းရရှိနိုင်မည်ဖြစ်ရာ တိုင်းရင်းသားအားလုံးကြီပွါးတိုးတက်မှု
သက်မှုသက်သာချောင်ချမှုတို့ကြောင့် စည်ပင်ဝပြောသောတိုင်းပြည်အဖြစ်သို့အသွင်ပြောင်းနိုင်မည်
ဖြစ်သည့်အတိုင်း တည်တံ့ခိုင်မြဲသောအစိုးရအဖြစ်ဖြင့် တည်မြဲနိုင်မည်ဖြစ်သောကြောင့် ကမ္ဘာတခွင်၌
တိုင်းပြည်အသီးသီးရှိအစိုးရအဖွဲ့တိုင်းသည် တည်တံ့ခိုင်မြဲသောအစိုးရဖြစ်လိုသော ဖေါ်ပြပါအချက်

ကြီး(၃) ချက်ကိုလက်မလွတ်သင့်ကြောင်း ရေးသားရပေသတည်း။         













11ReadMore-2.jpg

Template by:

Free Blog Templates