Saturday, June 18, 2011

si phit met nan ta seet (ဆီဖြစ်မဲ့ နှမ်းတစ်စေ့)

ကရင်နီလူငယ်အစည်းအရုံးမှထုတ်လွင့်သည်။

11ReadMore-2.jpg

မြဝတီမြို့က မြေလုပွဲ (ပေးစာ

  http://komoethee.blogspot.com/

ကျွန်တော်ဟာ မြဝတီမြို့ မြေနီကုန်းကျေးရွာ အမှတ် (၄) ရပ်ကွက်မှာ နေပါတယ်။ ကျွန်တော်တို့ နေလာ တာ (၁၀) နှစ်တောင် ကျော်နေပါပြီ။ အဲဒီ ရပ်ကွက် မှာ ကိုယ်အင်္ဂါထိခိုက်ထားတဲ့ စစ်မှုထမ်းဟောင်း အများစု နေကြတယ်။ ကျွန်တော်တို့ မိသားစုကလဲ စစ်မှုထမ်းဟောင်း မိသားစု တစ်ခု ဖြစ်ပါတယ်။ ကျွန်တော်တို့ စနေတုန်းက ဒီနေရာတွေ ဟာ ဘယ်သူမှ မရှိတဲ့ မြေလွတ်မြေရိုင်းတွေပါ။ အဲဒါကို ခုတ်ထွင်ရှင်းလင်း၊ တစ်နိုင်တစ်ပိုင် စိုက်ပျိုးရေး လုပ်ပြီး အသက်မွေး လာခဲ့ကြတယ်။ ခုဆိုရင် အိမ်ခြေ ၃၀ လောက်တောင် ရှိနေပါပြီ။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလလောက် မှာတော့ ဟော်တယ် အဆောက်အဦနဲ့ အပန်းဖြေစခန်းဆောက်ဖို့ ဆိုပြီး စာရွက်စာ တမ်းတွေ လာပြကာ၊ ကျွန်တော်တို့ နေထိုင်နေတဲ့ အိမ်ခြေ ၃၀ မြေဧကအားဖြင့် ၁၀ ဧက လောက်ကို ကျောက်တိုင်း တွေစိုက်၊ လက်ရှိနေထိုင်နေတဲ့ အိမ်တွေကို ဖယ်ပေးဖို့ အမိန့်ပေး လာပါတယ်။ အမှတ် (၄) ရယက ရုံးက လမ်းမျက်နှာ စာက အိမ်ပိုင်ရှင် ၇ ဦးကို ခေါ်တွေ့ပြီး တစ်သိန်းစီ ပေးခဲ့ပေမဲ့ အိမ်ရှင် ၇ ဦးက လက်မခံဘဲ ပြန်လာခဲ့ကြတယ်။

မိသားစု ၃၀ နေထိုင်နေတဲ့ မြေနေရာကို မြဝတီမြို့က သူဋ္ဌေး ဦးကျော်ဟိန်နဲ့ ဒေါ်ခင်နှင်းနှင်းဦး တို့ကို ပြည်နယ်အာ ဏာပိုင်တွေက ဟော်တယ်နဲ့ အပန်ဖြေစခန်းဆောက်ဖို့ ပေးအပ်လိုက်တာလို့ သိရပါတယ်။

အရင်တုန်းက ပိုင်ရှင်မရှိတဲ့ တောရိုင်းမြေကို ခုတ်ထွင်းရှင်းလင်းပြီး နေလာခဲ့တာ ၁၀ နှစ်လောက် နေထိုင်းလာခဲ့တဲ့ မိသားစု ၃၀ ရဲ့ ဘဝတွေကို ဥပေက္ခာပြုပြီး ချမ်းသာတဲ့ သူဋ္ဌေးတစ်ဦးလက်ထဲ အပ်နှံလိုက်တာဟာ အလွန်ရက်စက် လွန်းရာကျ ပါတယ်။ အခုလို ဖြစ်ပျက်နေတဲ့ အခြေအနေတွေကိုလည်း နေပြည်တော်က သက်ဆိုင်ရာ လူကြီးများသိ အောင်လဲ အကြောင်းကြားစာ ပေးပို့ပေမယ့်လဲ အကြောင်မထူးခဲ့ပါ။

၂၀၁၁ ဇန်နဝါရလ မှာတော့ မတရားသိမ်းပိုက်ထားတဲ့ မြေ ၁၀ ဧက ကိစ္စ ထူးခြားမှု ရှိလာပါတယ်။ အဲဒါကတော့ မြဝတီ သူဋ္ဌေး ဦးကျော်ဟိန်း ဟာ ရယက အဖွဲ့တွေ၊ နယ်ခြားစောင်တပ်က စစ်သား ၄ ယောက် အားလုံးပေါင်း ၁၅ ယောက်နဲ့ ကျွန်တော်တို့ ရပ်ကွက်ဆီရောက်လာပြီး၊ လန (၃၉) ကျပြီ အမြန်ဖယ်ပေးဖို့ ပြောပါတယ်။ ဦးကျော်ဟိန်း ကလည်း ငါ ပရက ကို သိန် (၂၅၀၀) တာ၊ မင်းလားကွ အထက်ကို တိုင်တဲ့ကောင် ဆိုပြီး ပါးရိုက်ပါတယ်၊ နယ်ခြားစောင့် စစ်သားတွေက လည်း သေနတ်နဲ့ ဝိုင်းချိန်ထားကြပါတယ်။ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စကို မြဝတီ ရဲစခန်းမှူးဆီ တိုင် ကြားပေမဲ့  ခယက ဥက္ကဋ္ဌ ကို တိုင်ပါလို့ ပြောတယ်။ ခယက ဥက္ကဋ္ဌ ကို တိုင်တော့ နောက်မဖြစ်စေရဘူးလို့ ပြောလိုက် ပါတယ်။

ဒါပေမယ့် ကျော်ဟိန်းကတော့ ကျော်ဟိန်း ပါပဲ။ ဇန်နဝါရီလ ၁၁ ရက်နေ့မှာ လူအင်အား ၃၀ လောက်နဲ့ ကျွန်တော်တို့ အိမ်ခြံစည်းရိုး တိုင်တွေကို ဖျက်ပြီး ကားပေါ်တင်ပါတယ်။ “ကြိုက်တဲ့ကောင်ကို သွားတိုင် ဂရုမစိုက်ဘူး။ မကျေနပ်ရင် နှုတ်ခမ်းမွှေးပါ သွားခေါ်” လို့ ဥပဒေမဲ့စကားတွေ ပြောတဲ့အထိ ဖြစ်လာပါတယ်။

နိုင်ငံတော်အလံ စိုက်ထူထားကာ “ကူညီပါရစေ” စာတန်းအောက် တာဝန်ထမ်းနေတဲ့ မြဝတီ ရဲစခန်းမှာ အမှုဖွင့်မရ ဘဲ၊ ဟိုလွှဲချ ဒီလွှဲချ နေခြင်းမှာ အလွန် အံ့သြဖွယ်၊ စိတ်ပျက်ဖွယ်ကောင်းပါတယ်။ နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ အုပ်ချုပ်နေတဲ့ ကာလမှာ  ဘယ်သူပဲဖြစ်ဖြစ် အမှုဖွင့် ပေးရမည်လို့ သိရပါတယ်။ ဒီ “ကူညီပါရစေ” ဆိုတဲ့ စာတန်းဟာ ဘယ်လူတန်းစားအတွက် ဖြစ်နေပြီလဲ ဆိုတာကို ကျွန်တော်တို့ စဉ်းစားမရပါ။ ရဲတပ်ဖွဲ့ ရဲဝန် ထမ်းတွေဟာ အစိုးရက ဖွဲစည်းထားတဲ့ ဥပဒေ ဘက်တော်သားတွေ ဖြစ်ပါတယ်။ “ဥပဒေရဲ အထက်မှာ ဘယ်သူမှ မရှိစေရ” ဆောင်ပုဒ်ကို အထက်အာဏာပိုင်အပါအဝင် ရဲဝန်ထမ်းတွေ အသေအချာ အကောင်အထည်ဖေါ်ဖို့ လိုအပ် နေပါတယ်။ ကျွန်တော့် အနေဖြင့်လည်း တရားဥဒေဘောင်အတွင် နေထိုင်နေရပေမယ့်လဲ မကြာခဏ တယ်လီဖုန်း တွေနဲ့ ခြိမ်ခြောက် ပြောဆိုတာတွေ ခံနေရပြီး လုံခြုံမှုမရှိတော့သလို့ ခံစားနေရပါတယ်။ ကျွန်တော် နောက်ဆုံးပြော ချင်တာကတော့ ကျွန်တော်တို့ မျက်နှာမွဲ ဆင်းရဲသား ပြည်သူတွေကို ပစ်မထားကြပါနဲ့လို့ ပြောချင်ပါတယ်။

မြဝတီမြို့သားတဦး

11ReadMore-2.jpg

အစိုးရ ကိုယ်စားလှယ်အဖွဲ့နှင့် KIA ဆွေးနွေးပွဲပျက်ပြား

ယခင် ဆက်သွယ်ရေး ဝန်ကြီးဟောင်း၊ ယခု မြစ်ကြီးနား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဇော် စေလွှတ်လိုက်သော ကိုယ်စားလှယ်အဖွဲ့၏ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နှင့် ဆွေးနွေးပွဲ ပျက်ပြားသွားသည်။ အစိုးရ ကိုယ်စားလှယ်အဖွဲ့က နေပြည်တော် အစိုးရအနေဖြင့် KIA နှင့် အပစ်အခတ်ရပ်လိုကြောင်း၊ ရှေ့တန်းတပ်များကို အပစ်ရပ်ထားရန် အမိန့်ပေးထားပြီးဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု သိရသည်။ သို့သော် ဦးသိန်းဇော် လက်မှတ်ပါသည့် စာရွက်စာတမ်း အထောက်အထား တစုံတရာ မပါရှိသဖြင့် KIA က ဆုံးဖြတ်ချက် မပေးလိုက်ကြောင်း၊ အထောက်အထားပါမှသာ အပစ်ရပ်ရေး စဉ်းစားမည်ဟု အစိုးရ ကိုယ်စားလှယ် အဖွဲ့သို့ ပြောလိုက်ကြောင်း KIA ပူးတွဲ အတွင်းရေးမှူး ဦးလနန်က ပြောသည်။

11ReadMore-2.jpg

KIA ကိုတိုက်ခိုက်ခြင်းပေါ် မြန်မာအစိုးရအား အာဆီယံပါလီမန်က ပြင်းထန်စွာ ဝေဖန်

KIA ကိုတိုက်ခိုက်ခြင်းပေါ် မြန်မာအစိုးရအား အာဆီယံပါလီမန်က ပြင်းထန်စွာ ဝေဖန်

E-mail Print PDF
ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA)နှင့် ၁၇ ကြာ အပစ်ရပ်ဆိုင်းခဲ့ခြင်းကိုအဆုံးသတ်ကာ ကချင်ပြည်နယ်သို့ လူလက်နက်အင်အား ကြီးမားစွာ ပို့လွှတ်သည့် မြန်မာအစိုးရ၏ အပြုအမူအား အာဆီယံပါလီမန်က ပြင်းထန်စွာ ဝေဖန်လိုက်သည်။

KIA-မြန်မာ စစ်ပွဲက ဂုဏ်အသရေမဲ့ရွေးကောက်ပွဲအားဖြင့်တက်လာသည့် မြန်မာအစိုးရသစ်၏ တိုင်းရင်းသားလူမျိုးစုများနှင့်အာဏာခွဲဝေရေးထက် အင်အားသုံးအုပ်ချုပ်သည့်လမ်းစဉ်ကို မစွန့်လွှတ်နိုင်သေးသည်ကို ပြသနေသည်ဟု ဆိုသည်။
sang_gang_war
ဆန်ဂန်တိုက်ပွဲမှာ မြန်မာစစ်တပ်မှ သိမ်းဆီးရတဲ့ လက်နက်များ။

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)သည် အင်္ဂလိပ် လက်အောက်မှ လွတ်လပ်ရေးယူပြီး ပြည်ထောင်စုကြီးကိုမဖွဲ့စည်း ခင် ဗမာ၊ ရှမ်း၊ ချင်း၊ ကချင်လူမျိုးများ ရေးထိုးခဲ့သော ၁၉၄၇ ပင်လုံစာချုပ်အားဖြင့် ကိုယ်ပိုင်ပြဌါန်းချက်ကို တောင်းဆိုနေသည့် ကချင်တော်လှန်ရေးအဖွဲ့ဖြစ်သည်။

ပြည်သူလူကိုကိုယ်စားမပြုသည်သာမက ပြည်သူလူထုကိုကွယ်ပေးမှုမရှိသည့်ကာလပတ်လုံး ဒီမိုကရေစီဖော်ဆောင်နိုင်မည်မဟုတ်ဟူ၍လည်းပါရှိသည်။

သုံးပွင့်ဆိုင် (မြန်မာအစိုးရ၊ မြန်မာလူမျိုးစုတိုင်းရင်းသားများနှင့် မြန်မာအတိုက်အခံများ)ဆွေးနွေးပွဲနှင့် အမျိုးသားပြန်လည်ရင်ကြားစေ့ရေးအတွက် အာဆီယံခေါင်းဆောင်များ ပထမဦးစားထား အဖြေရှာပေးသွားမည်ဟု ပါရှိသည်။

မြန်မာစစ်တပ်နှင့် KIA စစ်ထဲဦးတည်သွားမည်ကို အလွန် စိုးရိမ်သည်ဟု အာဆီယံပါလီမန်ဥက္ကဋ္ဌက ဆိုထားသည်။

11ReadMore-2.jpg

ကြံ့ဖွံ့တပ်ဖွဲ့နှင့်ကချင် KIA တိုက်ပွဲဖြစ်ဗမာ ၁၇ ဦးသေ


E-mail Print PDF
မြန်မာပြည်မြောက်ပိုင်း၊ ကချင်ပြည်နယ်အလယ်ပိုင်း၊ မိုးညှင်းခရိုင်၊ ဆင်ဘိုမြို့နယ်ခွဲတွင် ယနေ့သောကြာနေ့တိုက်ပွဲတွင် မြန်မာစစ်သား ၁၇ ဦးကျဆုံးသွားသည်ဟု ဆင်ဘိုဒေသခံများပြောသည်။

မြန်မာစစ်သား ၅ ဦးမှာ နံနက်ပိုင်းတိုက်ပွဲတွင် ကျဆုံးပြီး ကျန် ၁၂ ဦးမှာ နေ့လည်ပိုင်းတိုက်ပွဲတွင် ကျဆုံးသွားသည်ဟု လိုင်ဇာ KIO ဌာနချုပ်မှ အတည်ပြုပြောဆိုသည်။

ဆင်ဘိုအခြေစိုက် ခလရ ၁၄၁ နှင့် ဆင်ဘိုဒေသမှ KIA တပ်ရင်း ၅ တို့ တိုက်ပွဲဖြစ်ပွားခြင်းဖြစ်သည်ဟု KIA အရာရှိများပြောသည်။
war_sinbo_kachin_burmese
၎င်းမြန်မာတပ်သည် KIA တပ်ရင်း ၅ အနီးသို့တပ်ချလာသည့်တပ်ရင်းဖြစ်ပြီး ပြီးခဲ့သည့်မေလ ၂၅ ရက် KIA တပ်ရင်းအနီးမှ တမိုင် နောက်ဆုတ်ပေးသည့်တပ်ဖြစ်သည်။

ဇွန် ၈ ရက်၊ မန်မော် (ဗန်းမော်)ခရိုင် အင်မောက် (မိုးမောက်)မြို့နယ် တာပိန်မြစ်အနီး ဆန်ဂန်ဒေသတွင် KIA တပ်ရင်း ၁၅ နှင့် တိုက်ပွဲဖြစ်ရာမှ တဟုန်ထိုး ပြည်တွင်းစစ်သို့ပြောင်းလဲလာသည်။

စစ်ပြေးဒုက္ခသည် ၁၀၀၀၀ ကျော် တရုတ်နယ်စပ်သို့ရောက်ရှိလာသည်။ အထူးသဖြင့် နယ်စပ်မြို့များဖြစ်သော လိုင်ဇာ၊ မိုင်ဂျာယန်၊ လွယ်ဂျေ၊ အူရာဘွမ်၊ မန်ဝိန်းကြီးဒေသများသို့ဖြစ်သည်ဟု KIO အရပ်ဖက်အုပ်ချုပ်ရေးဌာန က ပြောသည်။

ဒုက္ခသည်အများစု မြန်မာအစိုးရအုပ်ချုပ်ရာဒေသများမှဖြစ်ကာ မြန်မာစစ်တပ်ကို ပေါ်တာဆွဲမည်ကို ကြောက်ရွံ့သဖြင့် နယ်စပ်သို့ထွက်ပြေးလာခြင်းဖြစ်သည်ဟု လိုင်ဇာဒုက္ခသည်များပြောသည်။

KIO လိုင်ဇာဌာနချုပ်တွင် ဒုက္ခသည်စခန်း ၆ ခုထားရှိပြီး အစားအစာအသုံးအဆောင်များကို KIO ကထောက်ပံပေးနေသည်။

ယခု သောကြာနေ့အထိ ရှမ်းပြည်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်တ၀န်း မြန်မာ-KIA ကြား ၉ ရက်မြောက်တိုက်ပွဲများ ဖြစ်ပွားနေသည်။
KIAနှင့် ဆင်ဘိုစစ်ပွဲ၌ မြန်မာစစ်သား ၁၇ ဦးကျ

ဇွန် ၁၇၊ ၂၀၁၁
KNG

မြန်မာပြည်မြောက်ပိုင်း၊ ကချင်ပြည်နယ်အလယ်ပိုင်း၊ မိုးညှင်းခရိုင်၊ ဆင်ဘိုမြို့နယ်ခွဲတွင် ယနေ့သောကြာနေ့တိုက်ပွဲတွင် မြန်မာစစ်သား ၁၇ ဦးကျဆုံးသွားသည်ဟု ဆင်ဘိုဒေသခံများပြောသည်။

မြန်မာစစ်သား ၅ ဦးမှာ နံနက်ပိုင်းတိုက်ပွဲတွင် ကျဆုံးပြီး ကျန် ၁၂ ဦးမှာ နေ့လည်ပိုင်းတိုက်ပွဲတွင် ကျဆုံးသွားသည်ဟု လိုင်ဇာ KIO ဌာနချုပ်မှ အတည်ပြုပြောဆိုသည်။

ဆင်ဘိုအခြေစိုက် ခလရ ၁၄၁ နှင့် ဆင်ဘိုဒေသမှ KIA တပ်ရင်း ၅ တို့ တိုက်ပွဲဖြစ်ပွားခြင်းဖြစ်သည်ဟု KIA အရာရှိများပြောသည်။

၎င်းမြန်မာတပ်သည် KIA တပ်ရင်း ၅ အနီးသို့တပ်ချလာသည့်တပ်ရင်းဖြစ်ပြီး ပြီးခဲ့သည့်မေလ ၂၅ ရက် KIA တပ်ရင်းအနီးမှ တမိုင် နောက်ဆုတ်ပေးသည့်တပ်ဖြစ်သည်။

ဇွန် ၈ ရက်၊ မန်မော် (ဗန်းမော်)ခရိုင် အင်မောက် (မိုးမောက်)မြို့နယ် တာပိန်မြစ်အနီး ဆန်ဂန်ဒေသတွင် KIA တပ်ရင်း ၁၅ နှင့် တိုက်ပွဲဖြစ်ရာမှ တဟုန်ထိုး ပြည်တွင်းစစ်သို့ပြောင်းလဲလာသည်။

စစ်ပြေးဒုက္ခသည် ၁၀၀၀၀ ကျော် တရုတ်နယ်စပ်သို့ရောက်ရှိလာသည်။ အထူးသဖြင့် နယ်စပ်မြို့များဖြစ်သော လိုင်ဇာ၊ မိုင်ဂျာယန်၊ လွယ်ဂျေ၊ အူရာဘွမ်၊ မန်ဝိန်းကြီးဒေသများသို့ဖြစ်သည်ဟု KIO အရပ်ဖက်အုပ်ချုပ်ရေးဌာန က ပြောသည်။

ဒုက္ခသည်အများစု မြန်မာအစိုးရအုပ်ချုပ်ရာဒေသများမှဖြစ်ကာ မြန်မာစစ်တပ်ကို ပေါ်တာဆွဲမည်ကို ကြောက်ရွံ့သဖြင့် နယ်စပ်သို့ထွက်ပြေးလာခြင်းဖြစ်သည်ဟု လိုင်ဇာဒုက္ခသည်များပြောသည်။

KIO လိုင်ဇာဌာနချုပ်တွင် ဒုက္ခသည်စခန်း ၆ ခုထားရှိပြီး အစားအစာအသုံးအဆောင်များကို KIO ကထောက်ပံပေးနေသည်။

ယခု သောကြာနေ့အထိ ရှမ်းပြည်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်တ၀န်း မြန်မာ-KIA ကြား ၉ ရက်မြောက်တိုက်ပွဲများ ဖြစ်ပွားနေသည်။
Last Updated ( Saturday, 18 June 2011 11:05 )

11ReadMore-2.jpg

Thursday, June 16, 2011

နယ်ခြားစောင့်တပ် လက်မခံ၍ ပေးထားသော ပစ္စည်းများ ပြန်လည်သိမ်းဆည်း

ကန္တာရ၀တီတိုင်း(မ်)

အပစ်ရပ် ကယန်းပြည်သစ်ပါတီ (ကေအဲန်အယ်လ်ပီ) မှ နယ်ခြားစောင့်တပ်နှင့် ပြည်သူ့စစ် အသွင်ပြောင်းရေးကို လက်မခံ၍ အပစ်ခတ်ရပ်စဲရေး ယူချိန်တွင် ပေးထားသော စက်ပစ္စည်များကို မြန်မာအစိုးရမှ ပြန်လည်သိမ်းဆည်းလိုက်သည်။

“သူတို့ကလည်း ဟိုဟာလုပ်ခိုင်းဒီဟာလုပ်ခိုင်းနဲ့ ကျနော်တို့ပြည်သူလူထုက လက်ခံမှုမရှိတဲ့အတွက် မလုပ်ပေးတော့ အဲလိုမျိုးမသိမသာလေးပေါ့ သူတို့က အရမ်းပြင်းပြင်းထန်ထန်လေးတော့ ပေးရဲတဲ့ပုံစံမျိုးမဟုတ်ဘဲနဲ့ မသိမသာလေး သူတို့အဲလိုမျိုးပေါ့ အဲ့ဒီစက်ယန္တရားတွေ စက်တွေပြန်တောင်းလိုက်တယ်ဆိုတဲ့ သဘောလို့မြင်တယ်လေ” ဟု ကယန်းပြည်သစ်ပါတီနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ကယန်းပြည်သစ်ပါတီ (ကေအဲန်အယ်လ်ပီ) အလံ
အစိုးရမှ နယ်ခြားစောင့်တပ်အဖြစ် ဖိအားပေး အသွင်ပြောင်းသည့်အပေါ်တွင် ကယန်းပြည်သစ်ပါတီမှ မလိုက်နာ၊ မဆောင်ရွက်၍ မသိမသာဖြင့် ကယန်းပြည်သစ် ထိန်းချုပ်သည့် နယ်မြေများသို့ တပ်များလာရောက် တိုးချဲ့မှုများရှိပါသည်။

ယခင်လကလည်း ပြည်ပမှ ကယန်းလူငယ်များက နေပြည်တော်တွင် ဗုံးခွဲရန် လူ ၅ ယောက်မှ ကယန်းပြည်သစ် နယ်မြေတွင် လှုပ်ရှားနေသည်ဟု ဆိုပြီး စစ်အင်အား အလုံးအရင်းနှင့် တပ်ရင်း လေးရင်းက ထိုးစစ်ဆင်လာသည်ဟု ကယန်းလူငယ်အဖွဲ့မှ အဖွဲ့ဝင်ဟောင်းဖြစ်ခဲ့ဖူးသူ ကိုစနေက ပြောပါသည်။

၎င်းက “တပ်က သူတို့ပြန်ရုပ်လိုက်ပြီလို့ ပြောရမှာပေါ့နော်။ ဒါပေမယ့် တပ်ပြန်ရုပ်တယ်ဆိုပေမယ့် အကုန်လုံးတော့ မရုပ်ဘူး။ ၁၀ ယောက်လောက် သူတို့ထားခဲ့ပြီးမှ လက်နက်ခဲယမ်းတွေလည်း ထားခဲ့တာ မျိုးလည်း လုပ်တာပေါ့” ဟုပြောသည်။

အပစ်ခတ်ရပ်စဲရေး ယူသည့်အချိန်တွင် အဖွဲ့တိုင်းအား မော်တော်ယာဉ်လိုင်းပေါင်းစုံ (မတလ) အဖွဲ့မှ ပဒူဇာစက်ကြီးများ ထုတ်ပေးခဲ့ခြင်းဖြစ်သည်။

ကယန်းပြည်သစ်ပါတီမှ ပြင်ဆင်၊ အသုံးပြုနေသည့် စက်များကို ပြည်နယ်အစိုးရမှ ပြန်လည်တောင်းခံခြင်း မဟုတ်ပဲ စစ်တပ်မှ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ)နှင့် စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် (စကခ) အကြီးအကဲများက တောင်းခံခြင်းသာ ဖြစ်သည်ဟု ဖယ်ခုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမားရ်ကိုဘန်က ပြောသည်။

၎င်းက “ပြီးခဲ့တဲ့ ပြည်သူ့လွှတ်တော် ညီလာခံပြီးပြီးတော့ အစိုးရအသစ် ဖွဲ့စည်းပြီးတဲ့နောက်ပိုင်းမှာ ဒါအစိုးရသစ်နဲ့ သက်ဆိုင်တယ်။ အရင်ပေးတာ အစိုးရဟောင်းဖြစ်တယ်။ အစိုးရသစ်နဲ့ သက်ဆိုင်တဲ့ အတွက်ကြောင့် ပြန်သိမ်းမယ်။ ပြန်သိမ်းပြီးတော့ နောက်မှ အခြေအနေကြည့်ပြီးတော့ ဘယ်လိုလုပ်မလဲဆိုတာက ပြန်ပေးရင်လည်းပေးမှာပေါ့။ ဒါအစိုးရသစ် သဘောထားပဲဖြစ်တယ်ဆိုပြီးတော့ ပြန်သိမ်းတယ်လို့ ကြားရတာပဲ” ဟုပြောသည်။

အဖွဲ့ဝင်အင်အား ၁၄၉၆ ဦးခန့် ရှိသော ကယန်းပြည်သစ် (ကေအဲန်အယ်လ်ပီ)သည် စစ်အစိုးရနှင့် ၁၉၉၄ ခုနှစ် ဇူလိုင်လတွင် အပစ်ခတ်ရပ်စဲရေး ပြုလုပ်ခဲ့ပြီး ရှမ်းပြည်နယ်နှင့် ကရင်နီပြည် နယ်စပ်တို့တွင် အဓိက အခြေစိုက်လှုပ်ရှားလျက်ရှိသည်။

11ReadMore-2.jpg

Wednesday, June 15, 2011

Part17



11ReadMore-2.jpg

Tuesday, June 14, 2011

တမ်မဟာ ၃ -တပ်ရင်း ၉ ၏လက်စွမ်း (အပိုင်း ၁ နှင့် အပိုင်း၂)

ညောင်လေးပင်ခရိုင် အခြေစိုက် KNLAတပ်မဟာ ၃လက်အောက်ခံ တပ်ရင်း ၉နှင့် မြန်မာစစ်တပ် ခလရ ၂၆၄ ကို ခြုံခိုတိုက်ခိုက်ရာ နအဖဘက်မှ ၁၀ယောက် သေဆုံးပြီး ၅ယောက် ဒဏ်ရာရရှိကာ KNLAဘက်မှ လက်နက်၉လက် သိမ်းဆည်းရမိပါတယ်။







11ReadMore-2.jpg

Sunday, June 12, 2011

DVB - 09.06.2011 - Interview


Monday, June 13, 2011

ဒီပဲယင်း ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည် လိုက်ပါသည့် မော်တော်ကား မောင်းနှင်သူ ကိုကျော်စိုးလင်း၏ ဖြစ်ရပ်မှန် အတွေ့အကြုံများ ပြောပြချက် - နောက်ဆုံးပိုင်း (ရုပ်သံ)


11ReadMore-2.jpg

မြန်မာစစ်တပ်နှင့် KIA ကြား တစ်ညလုံး စစ်ဖြစ်နေ


E-mail Print PDF
ဇွန် ၁၁၊ ၂၀၁၁၊ ည ၁၁ နာရီ - မန်မော်(ဗန်းမော်ခရိုင်)၊ အင်မောက်(မိုးမောက်)မြို့နယ်၊ ဆန်ဂန် KIA တပ်ရင်း ၁၅ နယ်မြေတွင် KIAနှင့် မြန်မာစစ်တပ်များ ယနေ့ညနေ ၃ နာရီခွဲကတည်းက ယခုချိန်ထိ (တစ်ညလုံး) ဆက်တိုက် စစ်ဖြစ်ပွားနေသည်။
sang-gang-bur
ဆန်ဂန် KIA Bum Sen အမာခံစခန်းသို့ ချီတက်လာသော မြန်မာစစ်တပ် အင်အား ၅၀၀ ကျော်နှင့် KIA တပ်များ ပြင်းပြင်းထန်ထန် စစ်ပွဲဖြစ်နေသည်ဟု ရှေ့တန်းမှ KIA အရာရှိများပြောသည်။
Last Updated ( Sunday, 12 June 2011 12:30 )

11ReadMore-2.jpg

Saturday, June 11, 2011

ကရင်တပ်ဖွဲ့၏ ချုံခိုတိုက်ခိုက်မှုကြောင့် အစိုးရစစ်တပ်မှ ၈ဦး ကျဆုံးကာ ၇ဦးထိခိုက်


ဇွန်လ ၁၁ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
ကရင်ပြည်နယ် ကော့ကရိတ်မြို့တောင်ဘက် (၁၉)မိုင်ခန့် အကွာအဝေးရှိ လမ်းဖားကျေးရွာတွင် ယမန်နေ့က အစိုးရစစ်တပ်နှင့် ကရင်ပူးပေါင်း တပ်ဖွဲ့ဝင်များအကြားတိုက်ပွဲ ဖြစ်ပွားခဲ့ရာ အစိုးရစစ်တပ်ဘက်က ၈ဦးသေဆုံးပြီး ၇ဦးဒဏ်ရရှိသည်ဟု ကရင်တပ်ဖွဲ့ ဘက်က ပြောသည်။
ယမန်နေ့မနက် ၁၀နာရီခန့်တွင် လမ်းဖားကျေးရွာအတွင်း ၀င်ရောက်လှုပ်ရှားသည့် အစိုးရစစ်တပ် တပ်မ ၂၂လက်အောက်ခံ ခမရ ၂၀၁တပ်ရင်းအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ရင်း(၁၇)နှင့် တိုးတက်သော ဗုဒ္ဓဘာသာကရင်အမျိုး သားတပ်မတော်(DKBA) ကလိုထူးဘောဗျူဟာ တပ်ဖွဲ့တို့ စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု KNLA က ပြောသည်။
KNLA (၁၀၁) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ဗိုလ်မှူးစောဖောဒိုက “မနေ့က ၁၀နာရီအချိန် လမ်းဖားကျေးရွာမှာ ၀င်ရောက်လာတဲ့ ရန် သူ့တပ်ဖွဲ့ကို ကျနော်တို့ ကရင်ပူးပေါင်းတပ်ဖွဲ့က ၂နာရီကြာ စောင့်ကြိုပစ်ခတ်တယ်။ ရန်သူ့ဘက်က ၈ယောက်သေတယ်။ ၇ ယောက် အထိနာတယ်။ ကျနော်တို့ဘက်က ထိမှန်တာမရှိဘူး။”ဟု ပြောသည်။
အဆိုပါ တိုက်ပွဲအခြေအနေကို ကရင်တပ်ဖွဲ့ဘက်က ယင်းသို့ ထုတ်ဖော်ပြောဆိုခဲ့သော်လည်း အစိုးရစစ်တပ်ဘက်မှ ယနေ့အထိ တစုံတရာ သတင်းထုတ်ပြန်ခြင်း မရှိပေ။
ထိုဒေသတွင် ကရင်တပ်ဖွဲ့များနှင့် အစိုးရတပ်များ ယခုလို တိုက်ပွဲများ ဖြစ်ပွားနေသည့်အတွက် ဒေသခံများမှာ စိုးရိမ်ထိတ်လန့်နေ ကြပြီး ဆက်သွယ်ရေးအတွက် ဖုန်းများကိုပင် ပိတ်ထားရကြောင်း လမ်းဖားကျေးရွာနှင့်ကပ်လျှက် ကော့ဆိုင်ရွာမှ ရွာသူ အမျိုးသမီး တစ်ဦးက ကေအိုင်စီကို ယခုလို ပြောသည်။
“တက်လာမယ့် ဗမာစစ်တပ်ကို ကရင်တပ်ဖွဲ့ဘက်က လမ်းဖားရွာမှာ စောင့်နေတာ ၂ရက်ရှိပြီ။ မနေ့က တိုက်ပွဲဖြစ်လာတော့ အခု ဆို တရွာလုံး ကြောက်လှန့်ကြတာပေါ့။ ဒီလို ရှုတ်ရှုတ်ယှက်ယှက်အချိန်မှာ ဖုန်းတွေ အားလုံး ပိတ်လိုက်ရတယ်။”ဟု ပြောသည်။
ပြီးခဲ့သည့် ရက်ပိုင်းက ကြာအင်းဆိပ်ကြီးမြို့နယ်နှင့် ကော့ကရိတ်မြို့နယ်များတွင် စစ်ရေး ပိုမို လှုပ်ရှားလာသည့် ကရင်ပူးပေါင်း တပ်ဖွဲ့ကို ရှင်းလင်းတိုက်ထုတ်သွားရန်အတွက် အစိုးရစစ်တပ်ဘက်က စစ်ရေးပြင်ဆင်များ လုပ်ဆောင်နေချိန်တွင် ယခုလို ပစ် ခတ်ခံရခြင်း ဖြစ်သည်။
မြန်မာစစ်တပ်၏ စစ်ဆင်ရေးကွပ်ကဲမှု ပျက်ပြားစေရန် စစ်ဆင်ရေးများကို ရှေ့ဆက်၍ အရှိန်မြှင့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ယခုလ ၆ရက်နေ့တွင် ကရင်နှင့် ကျောင်းသားတပ်မတော်တို့က “မာနယ်စိုးစစ်ဆင်ရေး (အောင်မြင်စိုးမိုးမှု)”ဟု အမည်ရသော ပူး ပေါင်းစစ်ဆင်ရေး ကြေညာချက်တစ်စောင် ထုတ်ပြန်ထားသည့်အတွက် ကရင်ပြည်နယ်အတွင်း တိုက်ပွဲများ ရှေ့ဆက်ဖြစ်လာအုံး မည့် အခြေအနေရှိကြောင်း စစ်ရေးအကဲခတ်များက သုံးသပ်သည်။

11ReadMore-2.jpg

လမ်းဖါး မှာ ရင်ဆိုင်တိုက်ပွဲ ဖြစ်နေ

လမ်းဖါး မှာ ရင်ဆိုင်တိုက်ပွဲ ဖြစ်နေhttp://komoethee.blogspot.com

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်အတွင်းက လမ်းဖါးရွာအနီးမှာ ကေအန်ယူ ဒီကေဘီအေ ပူးပေါင်းတပ်တွေနဲ့ ကျိုက်ဒုံဘက်ကို တက်လာတဲ့ တပ်မ ၂၂ လက်အောက်ခံ ခမရ ၂၀၂ တပ်တို့ ဇွန်လ ၁၀ ရက်နေ့ နေ့လည် ၁၁ နာရီခန့်မှာ ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။ ကြံ့ဖွံ့ အစိုးရ တပ်မှ အရာရှိတဦး အပါအဝင် ၄ ယောက်သေဆုံးပြီး ၂ ယောက် ဒဏ်ရာရတယ်လို့ သိရှိရပါတယ်။

11ReadMore-2.jpg

အဖွဲ့ကြီး (၁၇) ဖွဲ့ တဲ့လား

အဖွဲ့ကြီး (၁၇) ဖွဲ့ တဲ့လား
                                            တူမောင်ညို
                                                       မိုးမခ၊ ဇွန် ၁၁၊ ၂၀၁၁
ဒုတိယသမ္မတဦးတင်အောင်မြင့်ဦးကဆီနိတ်တာဂျွန်မက်ကိန်းနဲ့တွေ့ဆုံစဉ်မှာ လက်နက်ကိုင်အဖွဲ့အစည်းများနဲ့ပတ်သက် ပြီး  စုစုပေါင်းအဖွဲ့ကြီး (၁၇) ဖွဲ့နဲ့ ငြိမ်းချမ်းရေးရယူခဲ့ကြောင်း၊ ယင်းအဖွဲ့များ အနက် (၃) ဖွဲ့က ငြိမ်းချမ်းရေးမယူသေးတဲ့ အဖွဲ့ ၂ ဖွဲ့နဲ့ ပူးပေါင်းပြီး အစိုးရကိုဆန့်ကျင်နေကြောင်း၊ ကျန် (၁၄) ဖွဲ့ ကတော့ အခြေခံဥပဒေနှင့်အညီပူးပေါင်းဆောင်ရွက်လျက်ရှိတယ်လို့ပြော သွားပါတယ်။ ဒီလိုဆိုထားလေတော့ အဲဒီအဖွဲ့ကြီး (၁၇) ဖွဲ့ဆိုတာကို ကျနော်တို့စိစစ်ကြည့်ကြရအောင်။
 ဒီလိုစိစစ်တာမှာ (နအဖ)စစ်အစိုးရရဲ့နေ့စဉ်ထုတ်သတင်းစာတွေမှာ ရေးသားဖေါ်ပြခဲ့ကြတဲ့ ဆောင်းပါးရှင်ဆိုသူတွေရဲ့ ဆောင်းပါးတွေ ထဲကအချက်အလက်တွေကိုပဲ ကိုးကားဖေါ်ပြပါမယ်။


၂၀၀၂ စက်တင်ဘာ ၂၆ ရက်နေ့၊ မြန်မာ့အလင်းသတင်းစာမှာဖေါ်ပြထားတဲ့ “တက္ကသိုလ်မြတ်သူ” ရဲ့ “ သွေးခွဲမှု မှန်သမျှ အပေါ်ထာဝရအောင်နိုင်သည့် စည်းလုံးညီညွတ်မှု”ဆိုတဲ့ ဆောင်းပါး အပိုင်း (၁) မှာ “ (၃၁/၃/၁၉၈၉) မှ (၆/၄/၁၉၉၈) အတွင်း တိုင်းရင်းသားလက်နက်ကိုင်(၁၇) ဖွဲ့နှင့် အပစ်အခတ်ရပ်စဲနိုင်ခဲ့၊ (၁၆) ဖွဲ့မှာတိုင်းရင်းသားအဖွဲ့အစည်းများဖြစ်ပြီးကျန်(၁)ဖွဲ့မှာရခိုင်ပြည်နယ်မှ ဦးစောထွန်းဦး ခေါင်းဆောင်သော
အဖွဲ့ဖြစ်သည်” လို့ ရေးသားဖေါ်ပြထားပါတယ်။
ဦးစောထွန်းဦးခေါင်းဆောင်တဲ့အဖွဲ့ဆိုတာ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ရခိုင်ပြည်နယ်အဖွဲ့ဖြစ်ပါတယ်။ (၂၉/၁၀/၁၉၉၆)မှာ နှစ်ဘက် စတင်ဆွေးနွေးကြပြီး၊   (၆/၄/၁၉၉၇) ရက်နေ့၊ မောင်တောမြို့မှာ “လက်နက်နဲ့ငြိမ်းချမ်းရေးလဲလှယ်” ခဲ့ကြတာပါ။
ဒါ့အပြင် အဲဒီ (၁၇) ဖွဲ့ထဲမှာ ဘိန်းဘုရင်ခွန်ဆာရဲ့ (MTA) ကိုထည့်သွင်းရေတွက်ထားတာဖြစ်ပါတယ်။ အောက်ပါ ဇယား လေးကိုကြည့်ရင်ရှင်းပါတယ်။

စဉ်
အဖွဲ့အမည်
အခြေပြုရာဒေသ
အပစ်ရပ်သည့်နေ့စွဲ
၁။
ရှမ်းပြည်နယ်(မြောက်ပိုင်း) အထူးဒေသ (၁) MNDA
လောက်ကိုင်
၃၁ /၃/၁၉၈၉
၂။
ရှမ်းပြည်နယ်(မြောက်ပိုင်း) အထူးဒေသ (၂) UWSP
ပန်ဆန်း
၉/၅/၁၉၈၉
၃။
ရှမ်းပြည်နယ်(အရှေ့ပိုင်း) အထူးဒေသ (၄) NDAA
မုံးလား
၃၀/၆/၁၉၈၉
၎။
ရှမ်းပြည်နယ်(မြောက်ပိုင်း) အထူးဒေသ (၃) SSA
စိန်ကျော့
၂၄/၉/၁၉၈၉
၅။
ကချင်ပြည်နယ် အထူးဒေသ (၁) NDA (K)
ပန်ဝါ
၁၅/၁၂/၁၉၈၉
၆။
ရှမ်းပြည်နယ်(မြောက်ပိုင်း) အထူးဒေသ (၅) KDA
ကောင်ခါး
၁၁/၁/၁၉၉၁
၇။
ရှမ်းပြည်နယ်(တောင်ပိုင်း) အထူးဒေသ (၆) PNO
ကျောက်တလုံး
၁၈/၂/ ၁၉၉၁
၈။
ရှမ်းပြည်နယ်(မြောက်ပိုင်း) အထူးဒေသ (၇) PSLF
နမ္မတူ
၂၁/၄/၁၉၉၁
၉။
ကယားပြည်နယ်အထူးဒေသ (၁) KNG
မိုးဗြဲ၊ ဖယ်ခုံ
၂၇/၂/၁၉၉၂
၁၀။
ကချင်ပြည်နယ်အထူးဒေသ (၂) KIO
လိုင်စင်
၂၄/၂/၁၉၉၄
၁၁။
ကယားပြည်နယ်အထူးဒေသ (၂) KNPLF
ဟိုယာဘီယာ
၉/၅/၁၉၉၄
၁၂။
ကယားပြည်နယ်အထူးဒေသ (၃) KNLP
ပြင်ဆောင်
၂၆/၇/၁၉၉၄
၁၃။
(ရလလဖ) SNPLO
နောင်ထော်
၉/၁၀/၁၉၉၄
၁၄။
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP
ဒေါတမကြီး၊ ထီးပိုးကလိုး
၂၁/၃/၁၉၉၅
၁၅။
မွန်ပြည်သစ်ပါတီ NMSP
ရေးချောင်းဖျား
၂၉/၆/၁၉၉၅
၁၆။
ဘိန်းဘုရင်ခွန်ဆာ (MTA)
ဟိုမိန်း၊ လွယ်လန်း
၅/၁/၁၉၉၆
၁၇။
ဗမာပြည်ကွန်မြူနစ်ပါတီ (ရခိုင်အဖွဲ့)
ဘူးသီတောင်၊ မောင်တော
၆/၄/၁၉၉၇
 ဒါက (နအဖ) စစ်အစိုးရ ဝါဒဖြန့်ကြွားလုံးထုတ်လေ့ရှိတဲ့အဖွဲ့ကြီး (၁၇) ဖွဲ့ဆိုတာဖြစ်ပါတယ်။
အဲဒီအထဲမှာအပစ်ရပ်ပြီးရက်ပိုင်းအတွင်း အပစ်အခတ်ရပ်စဲရေးပြန်လည်ပျက်ပြားသွားတဲ့ ကရင်နီအမျိုးသားတိုးတက်ရေး ပါတီ(KNPP)ကို ဒီစာရင်းထဲကဖယ်ရမှာဖြစ်ပါတယ်။ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)ကို ဖယ်ထုတ်လိုက်ရင် ၁၆ ဖွဲ့ ကျန် ပါတယ်။
 ဒါပေမယ့် စာရင်းထဲက ဖယ်ထုတ်မပစ်ဘဲ အဖွဲ့ကြီး ၁၇ဖွဲ့ ဆိုပြီးပြောနေတော့တာပဲဖြစ်ပါတယ်။
ဒါ့အပြင် ၂၀၀၄ ခုနှစ် မတိုင်ခင် အမျိုးသားညီလာခံ( ၁၉၉၃ - ၁၉၉၆) တက်ရောက်တဲ့ “အခြားဖိတ်ကြားသင့်သည့် ပုဂ္ဂိုလ် များအစုအဖွဲ့” စုစုပေါင်းဟာ (၅၇) ဦးသာရှိတာပါ။
 ဒါပေမယ့် ၈ နှစ်နီးပါး ရပ်နားခဲ့ရပြီး  (၂၀၀၄)မှာ ပြန်လည်ကျင်းပရတဲ့ “အမျိုးသားညီလာခံ” မှာတော့  (၁၀၅) ဦး ဖြစ်လာ ပါတယ်။ ဒါကလည်း မူလအဖွဲ့အစည်းတွေဖြစ်ကြတဲ့ (KNU)က ခွဲထွက်ကြတဲ့ (DKBA) ၊ ဟောင်သယော၊ ဘုရားကုန်းအဖွဲ့၊ နဲ့ (KNPP)ကနေ ပဲ့ထွက်တဲ့ KNPP ခွဲထွက်(ဟိုယာ)အဖွဲ့ ၊ နဂါးအဖွဲ့၊ မွန်(ခွဲထွက်) နိုင်စိုက်ချန်းအဖွဲ့ စတဲ့ ဗြုတ်စဗျင်းတောင်း ၁၂ ဖွဲ့ကို ညီလာခံ တက်ရောက်စေခဲ့လို့ အခုလိုအရေအတွက်တွေတိုးလာတာဖြစ်ပါတယ်။
ဒါဆိုရင် အဲဒီ ၁၇ ဖွဲ့လို့ပြောနေတဲ့အထဲက နယ်ခြားစောင့်တပ် (BGF)အဖြစ် ပြောင်းလဲခဲ့တဲ့အဖွဲ့တွေစာရင်းကိုကြည့်လိုက် ကြပါဦး။
(BGF) နယ်ခြားစောင့်တပ်အဖြစ်ပြောင်းလဲခဲ့သည့်အဖွဲ့အစည်းများ
(၂၀၀၉ ခုနှစ်၊ နိုဝင်္ဘာလ ၈ ရက်နေ့ မှ ၂၀၁၀ ပြည့်နှစ်၊ သြဂုတ်လ ၂၁ ရက်အထိ )
စဉ်
ရက်စွဲ
မူလအဖွဲ့အစည်းအမည်
ပြောင်းလဲသည့်တပ်ဖွဲ့အမှတ်နှင့်ဒေသ

၁။
၂၀၀၉ နိုဝင်ဘာ ၈
ကချင်ပြည်နယ်၊ အထူးဒေသ(၁) (NDAK)
အမှတ်(၁၀၀၁) နယ်ခြားစောင့်တပ် (ဂန့်ဂွင်း)
အမှတ်(၁၀၀၂) နယ်ခြားစောင့်တပ်(လုပီ)
အမှတ်(၁၀၀၃) နယ်ခြားစောင့်တပ် (စင်ကြိုင်)
၂။
၂၀၀၉ နိုဝင်ဘာ ၈
ကယားပြည်နယ်၊ အထူးဒေသ(၂) (ကလလတ)
အမှတ်(၁၀၀၄) နယ်ခြားစောင့်တပ်(စွပ်ပိုင်)
အမှတ်(၁၀၀၅) နယ်ခြားစောင့်တပ် (ပန်တိန်း)
၃။
၂၀၀၉ ဒီဇင်ဘာ ၎
ရှမ်းပြည်နယ်(မြောက်ပိုင်း)အထူးဒေ(၁) 
(ကိုးကန့်အဖွဲ့ )
အမှတ်(၁၀၀၆) နယ်ခြားစောင့်တပ်
 စီအောဒေသ /လောက်ကိုင်ခရိုင်
၎။
၂၀၁၀ မတ် ၃၀
ရှမ်းပြည်နယ် (အရှေ့ပိုင်း) 
ပြည်သူ့စစ် (ဌာနေ) အဖွဲ့ အစည်းများ

အမှတ် (၁၀၀၇) နယ်ခြားစောင့်တပ်
၁။ မိုင်းတုန်မြို့နယ်/ပုံပါကျင်မြို
အမှတ် (၁၀၀၈) နယ်ခြားစောင့်တပ်
၂။ မိုင်းယောင်းမြို့နယ်/မိုင်းယုမြို့
၂၀၁၀ ဧပြီ  ၁၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ် မြို့တွင်
ပြည်သူ့စစ်(ဌာနေအဖွဲ့အစည်းများ )
နော်ခမ်းဘိန်းဂိုဏ်းခွဲထွက်များ
/ဒေသခံရှမ်းကာကွယ်ရေးပြည်သူ့ စစ်/
ခွန်ဆာကာကွယ်ရေးလက်ကျန်အဖွဲ့များနှင့်
တာချီလိတ်အနီး က ပြည်သူ့စစ်အဖွဲ့များဖြစ်သည်။
အမှတ် (၁၀၀၉) နယ်ခြားစောင့်တပ်
တာချီလိတ်
၂၀၁၀ မေလ ၂၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)
အမှတ် (၁၀၁၀) နယ်ခြားစောင့်တပ် (မက်မန်း)

၂၀၁၀ သြဂုတ် ၁၈
ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊
မြိုင်ကြီးငူဒေသ၊
တိုးတက်သောဗုဒ္ဓဘာသာ
ကရင်အမျိုးသားအစည်းအရုံး  (ဒီကေဘီအေ)
သတင်းတွင်ဖေါ်ပြခြင်း မရှိ

၂၀၁၀ သြဂုတ် ၂၀
ကရင်ပြည်နယ်/လှိုင်းဘွဲ့မြို့နယ်/ 
ပိုင်ကျုံမြို့/ ထန်းတပင်ကျေးရွာ
တိုးတက်သောဗုဒ္ဓဘာသာ
ကရင်အမျိုးသားအစည်းအရုံး  (ဒီကေဘီအေ)
အမှတ် (၁၀၁၅) နယ်ခြားစောင့်တပ်
အမှတ် (၁၀၁၆) နယ်ခြားစောင့်တပ်

၂၀၁၀ သြဂုတ် ၂၀
ကရင်ပြည်နယ်/မြဝတီမြို့နယ်/ မဲပလဲ့ဒေသ
တိုးတက်သောဗုဒ္ဓဘာသာ
ကရင်အမျိုးသားအစည်းအရုံး  (ဒီကေဘီအေ)
သတင်းတွင်ဖေါ်ပြခြင်းမရှိ

၂၀၁၀ သြဂုတ် ၂၁
ကရင်ပြည်နယ်/ကော့ကရိတ်မြို့နယ်/ 
ထီးဟူးသံကျေးရွာ
တိုးတက်သောဗုဒ္ဓဘာသာ
ကရင်အမျိုးသားအစည်းအရုံး  (ဒီကေဘီအေ)
အမှတ် (၁၀၂၁) နယ်ခြားစောင့်တပ်


၂၀၁၀ သြဂုတ် ၂၁
ကရင်ပြည်နယ်/မြဝတီမြို့နယ်/ အတွင်း
ကွင်းကလေးဒေသ
တိုးတက်သောဗုဒ္ဓဘာသာ
ကရင်အမျိုးသားအစည်းအရုံး  (ဒီကေဘီအေ)
အမှတ် (၁၀၂၂)  နယ်ခြားစောင့်တပ်

၂၀၁၀ သြဂုတ် ၂၁
ကရင်ပြည်နယ်/ကြာအင်းဆိပ်ကြီးမြို့နယ်/
ကျိုက်ဒုံမြို့နယ်/ ကျိုက်ဒုံ ဒေသ
ကရင်ငြိမ်းချမ်းရေးတပ်ဖွဲ့ (ဟောင်သရော အထူးဒေသ)
အမှတ် (၁၀၂၃) နယ်ခြားစောင့်တပ်





11ReadMore-2.jpg

Thursday, June 9, 2011

Karen refugee

11ReadMore-2.jpg

Tuesday, June 7, 2011

`လူလိမ်လူကောက် စစ်စုံထောက်´

mizzima-logo-new

ဖေဖော်ဝါရီလ ၃ ရက်၊ ၂၀၁၁ ခုနှစ်။

`လူလိမ်လူကောက် စစ်စုံထောက်´ Rogue Agent အမည်ရှိ စာအုပ်ကို မဇ္ဈိမသတင်းဌာနက ပင်းဂွင်းအိန္ဒိယ စာအုပ်တိုက်နှင့် ပူးတွဲ၍ ထုတ်ဝေလိုက်ပြီဖြစ်သည်။

နန်ဒီတာဟက်ဆာ Nandita Haksar က ဤစာအုပ်သည် ၁၉၉၈ ခုနှစ် ဖေဖော်ဝါရီလကတည်းက အိန္ဒိယနိုင်ငံရှိ အကျဉ်းထောင်များတွင် အကျဉ်းချခံနေကြရသော တိုက်ပွဲဝင် ရခိုင်နှင့် ကရင်လူမျိုး ၃၄ ဦးအကြောင်း စုံစမ်းလေ့လာရေးသားထားသည်။ ၎င်းတို့ကို အိန္ဒိယထောက်လှမ်းရေး အရာရှိတဦးက မြန်မာစစ်အစိုးရ၏ ခိုင်းစေချက်ဖြင့် လှည့်ဖြားဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
rogue-agent-cover1

`ဒီစာအုပ်က မြန်မာ-အိန္ဒိယဆက်ဆံရေး အထူးသဖြင့် ၁၉၉၀ နောက်ပိုင်း မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုအပေါ် အိန္ဒိယအစိုးရက သူ့မူဝါဒတွေကို ပြောင်းလဲလိုက်ပြီးနောက်ပိုင်း အရေးပါတဲ့ အစိတ်အပိုင်း အကြောင်းအရာ တရပ်ကို ရေးသားထားတာပါ။ မြန်မာ့ခုခံရေး လှုပ်ရှားမှုအပေါ် အကျင့်ပျက် အိန္ဒိယစစ်ထောက်လှမ်းရေး အရာရှိတဦးက ဘယ်လိုဘယ်ပုံ သစ္စာဖောက်လှည့်ဖြားခဲ့တယ် ဆိုတဲ့အကြောင်း အသေးစိတ် လေ့လာရေးသားထားတဲ့ ဖြစ်ရပ်မှန် အကြောင်းအရာ တခုပါ´ ဟု မဇ္ဈိမအယ်ဒီတာ ဦးစိုးမြင့်က ပြောသည်။

ဤစာအုပ်ကိုပင် ၂၀၀၉ ခုနှစ်ထဲတွင် အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေခဲ့သော ပင်းဂွင်းစာအုပ်တိုက်က ဟက်ဆာ၏ ဤစာအုပ်သည် အိန္ဒိယသမုဒ္ဒရာ ပထ၀ီနိုင်ငံရေး နောက်ခံဖြင့် ရေးသားထားသော လျှို့ဝှက်သဲဖို ဇာတ်လမ်းတပုဒ်ပင် ဖြစ်သည်၊ အိန္ဒိယနှင့် တရုတ်အကြား ရန်လိုပြိုင်ဆိုင်လာမှုများ၊ မြန်မာ့သဘာဝဓာတ်ငွေ့သိုက်များ၏ ကြီးမားလာသော အရေးပါမှုများ၊ အိန္ဒိယ အရှေ့မြောက်ဒေသရှိ တိုင်းရင်းသား သောင်းကျန်းသူ ကိစ္စများသည် ယခုဇာတ်လမ်းတွင် အရေးပါသော အကြောင်းအရာ အချက်အလက်များ ဖြစ်ကြသည်ဟု ပြောဆိုခဲ့သည်။

ကလိန်ကကျစ် စစ်စုံထောက်သည် တိုက်ပွဲဝင် ရခိုင်နှင့် ကရင်လူမျိုးအပေါ် တရားလက်လွတ် ပြုကျင့်ခဲ့မှုများသာမက အဆိုပါ စစ်စုံထောက် ထူးဆန်းစွာ ပျောက်ဆုံး နေခြင်းအပေါ်  အိန္ဒိယအစိုးရက ထူးထူးခြားခြား နှုတ်ဆိတ်နေခြင်းကိုပါ ဖော်ထုတ်တင်ပြထားသည်။

အိန္ဒိယတွင် တအုပ်လျှင် ၂၀၀ ရူပီး၊ ထိုင်းနိုင်ငံတွင် ၁၅၀ ဘတ်၊ အခြားသော နိုင်ငံများမှ ၀ယ်ယူလျင် ၅ ဒေါ်လာနှင့် စာပို့ခကိုပါ တပါတည်း ပေးပို့၍ မှာယူနိုင်ပါသည်။ mizzima@mizzima.com သို့ အီးမေးလ်ပေးပို့ မှာယူနိုင်ကာ စာအုပ်ဖိုးငွေကို အွန်လိုင်းမှလည်း ပေးချေနိုင်သည်။


ပိုမိုသိရှိလိုပါက mizzima@mizzima.com သို့ ဆက်သွယ်ပါရန်

............................................................................................................................................................................................................................

MEDIA ADVISORY

02 February 2011
Mizzima Media releases Burmese-language edition of Rogue Agent

Delhi, India (Mizzima) - A Burmese-language edition of Rogue Agent by Nandita Haksar has just been released by Mizzima Media in cooperation with Penguin India.

The book is an investigative exploration of the plight of 34 Arakanese and Karen freedom fighters who have languished in Indian jails since February 1998, when they were deceived by an Indian intelligence officer allegedly acting at the behest of Burma’s military government.
rogue-agent-cover1
Soe Myint, the executive editor of Mizzima Media, says, “This book is an important part of India-Burma relations, especially after India changed its policy on supporting Burma’s democracy movement in the1990s. The book is a true, detailed story of how a corrupt military intelligence officer betrayed the Burmese resistance movement.”

Penguin, which released the English version in 2009, adds that Haksar’s story unfolds like a thriller set against the background of the geopolitics of the Indian Ocean. The rivalry between India and China, the growing importance of Burma’s gas reserves as well as ethnic insurgencies in India’s northeast are all critical factors in the story.

Rogue Agent exposes not only the injustice meted out to the Burmese freedom fighters but also the extraordinary silence of the Indian state on the circumstances surrounding the Indian agent’s disappearance.

Copies sell for150 bath (200 rupees) plus postage and packaging, and can be obtained by sending an e-mail to mizzima@mizzima.com.

11ReadMore-2.jpg

Template by:

Free Blog Templates