ထိုင်းနိုင်ငံ တာ့ခ်ခရိုင်အတွင်းရှိ မြန်မာဒုက္ခသည်စခန်း ၃ ခုကို တာ့ခ်ခရိုင် အာဏာပိုင်များက ၀င်ရောက်စစ်ဆေးရန် စီစဉ်နေကြောင်း တာ့ခ်ခရိုင် အုပ်ချုပ်ရေးမှူး ကပြောကြားသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၆ ရက်က အစိုးရစစ်တပ်၏ တိုက်ခိုက်မှုကြောင့် တောထဲတွင် ရှောင်တိမ်းနေသည့် ဒေသခံ ကရင် ရွာသားတချို့ကိုတွေ့ရစဉ် (ဓာတ်ပုံ - KHRG)
ယင်း ကျေးရွာများ၌ စားနပ်ရိက္ခာ ပြတ်လပ်မှုနှင့် ကြုံတွေ့နေရခြင်းသည် လွန်ခဲ့သည့် နှစ်က မိုးခေါင်ခြင်း၊ အစိုးရစစ်တပ်များ စစ်အင်အားတိုးချဲ့လာသည့်အတွက် လယ်သမားများက စိုက်ပျိုးရေးလုပ်ငန်းများ မလုပ်ကိုင်ရဲခြင်းတို့ကြောင့် ဖြစ်ကြောင်း KHRG မှ ကွင်းဆင်း တာဝန်ခံ စောအဲလ်ဘတ်က ဧရာဝတီသို့ ပြောသည်။
“အခု လောလောဆယ် တချို့ မိသားစုတွေဆိုရင် အစားအစာတွေ မရှိတော့ဘူး၊ တခြားရှိတဲ့ လူတွေဆီက ချေးငှားစား၊ ၀ယ်စားနေ ကြရတယ်၊ အရင်ကဆို ထမင်း သုံးနပ် စားတယ်၊ အခုဆိုရင် တစ်နပ်ပဲ စားတော့တယ်၊ တခြား ဟင်းသီး ဟင်းရွက် တွေနဲ့ရော ပြီးတော့ ချက်စားတာတို့ အဲဒီလိုမျိုးတွေ ဖြစ်နေကြတယ်”ဟု ၎င်းက ဆိုသည်။
မိသားစုဝင်တချို့မှာမူ ၎င်းတို့၏ ကလေးငယ်များကိုသာ အစားအသောက်များ ကျွေးရပြီး မိဘများက အငတ်ခံနေရကြောင်း သိရသည်။
စောအယ်လ်ဘတ်က“မိသားစု တွေက အစာရေစာတွေ ပြတ်တောက်နေတယ် ဆိုတာရယ် နောက်နှစ် ရိတ်သိမ်းချိန်အထိ ရိက္ခာ တွေထားလို့ မရတော့ ဘူးဆိုတာတွေကို ကျနော့်တို့ အဖွဲ့အစည်းကို လာပြောကြတယ်”ဟု ပြောသည်။
“အစာရေစာ ပြဿနာက ရှောင်ပုန်းနေရတဲ့ ရွာသားတွေ အတွက် စိန်ခေါ်မှု တခုပါ”ဟု ၎င်းက ဆက်ပြောသည်။
ကရင် ဒုက္ခသည်များ ကူညီစောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့(KORD) အတွင်းရေးမှူး ထူးခလိကမူ တချို့သော ရွာ များက အစာရေစာအတွက် တောထဲတွင် အမဲလိုက်ရကြောင်း၊ နေစဉ်ဘ၀ ရပ်တည်ရေးအတွက် အခြားသော ရွာများသို့ သွား ရောက်ကာ အလုပ်အကိုင်ရှာဖွေရကြောင်း ဆိုသည်။
စောအယ်လ်ဘတ်နှင့် အဖွဲ့သည် အချက်အလက် ရရှိရန် ၂၀၁၁ ဖေဖော်ဝါရီလမှ မတ်လ အထိ အစာရေစာရှားပါးနေသော ဒေ သ များ၌ အင်တာဗျူး အမြောက်အမြား ပြုလုပ်ခဲ့ပြီး မေလ ၁၁ ရက်က အစီရင်ခံစာ တစောင်လည်း ထုတ်ပြန်ထားသည်။
KHRG ကို ၁၉၉၂ ခုနှစ်တွင် ဖွဲ့စည်းခဲ့ပြီး ဝေးလံခေါင်းပါးသော ဒေသများရှိ မြို့ရွာများနှင့် ပတ်သက်၍ ဓာတ်ပုံ သက်သေ အထောက် အထားများဖြင့် မှတ်တမ်းတင်နေသော လွတ်လပ်သည့် အဖွဲ့အစည်း တခုဖြစ်သည်။
လတ်တလော ဒေသခံများ ကြုံတွေ့နေရသော စားနပ်ရိက္ခာ အတွက် နိုင်ငံတကာရှိ လူ့အခွင့်အရေး အဖွဲ့အစည်းများ အနေဖြင့် အကူအညီများ ရရှိရန် တောင်းဆိုပေးခြင်း ဖြစ်ကြောင်း KHRG က စောအဲလ်ဘတ်က ပြောသည်။
“အစာရေစာ ပြတ်လတ်နေတဲ့ ရွာသားတွေကို အရေးပေါ် အကူအညီ ပေးဖို့က အရေးကြီးဆုံးပါပဲ၊ မွေးရပ်မြေမှာ ဆက်ပြီး လုပ် ကိုင် စားသောက်ချင်တဲ့ သူတွေရှိသလို အစာရေစာ ရှာဖွေမရဘဲ တိုက်ပွဲတွေကြောင့် ဒုက္ခသည် ဖြစ်သွားနိုင်တဲ့ မိသားစုတွေ လည်း ရှိနေတယ်”ဟု ၎င်းက ဆိုသည်။
ကရင်ဒုက္ခသည်များ ကူညီ စောင့်ရှောက်ရေး ကော်မတီ (CIDKP)မှ စောစတိဗ်ကလည်း နေ့စဉ်နှင့်အမျှ တိုက်ပွဲများ ဖြစ်ပွားနေ သည့် ယခုနှစ်အတွင်း အစာရေစာ ပြတ်လပ်မှုများသည် ပြီးခဲ့သော နှစ်များထက် ပိုမိုဆိုးဝါးလာသည်ဟု ပြောသည်။

/www.rfa.org/burmese/new
နော်ဝေးနိုင်ငံ အော်စလိုမြို့မှာ မေလ ၉ ရက် ဒီကနေ့ စတင်ကျင်းပနေတဲ့ Freedom Forum နိုင်ငံတကာ လွတ်မြောက်ရေး ညီလာခံ မှာ မြန်မာနိုင်ငံ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အကြောင်း ဆွေးနွေးနေပါတယ်။
Photo Courtesy of Burma Campaign (UK)
ကရင်အမျိုးသမီး မဇိုယာဖန်းသည် ဗြိတိန်အခြေစိုက် Burma Campaign (UK) တွင် တက်ကြွစွာ လှုပ်ရှားနေပါသည်။ သူသည် လုပ်ကြံခံလိုက်ရသော ကရင်အမျိုးသား အစည်းအရုံး (KNU) အတွင်းရေးမှူး ပဒိုမန်းရှာ၏ သမီးလည်း ဖြစ်သည်။ Photo Courtesy of Burma Campaign (UK)
အဲဒီညီလာခံကို Burma Campaign UK အဖွဲ့က မဇိုရာဖန်းလည်း တက်ရောက်ပြီး မြန်မာနိုင်ငံက အခြေအနေတွေကို တင်ပြခဲ့ပါတယ်။
“ဟုတ်ကဲ့၊ အဓိကကတော့ ဒီ အော်စလို Freedom Forum က နိုင်ငံအသီးသီးမှာ ဖြစ်ပျက်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေပေါ့နော်၊ အဲဒါ ဒီ ဖိုရမ်ကနေတဆင့် ကမ္ဘာကို သူတို့ တင်ပြချင်တယ်။ အဲဒါကြောင့် မြန်မာပြည်မှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အင်မတန်ကို ဆိုးဝါးနေတဲ့ အကြောင်းကို ဖော်ပြတဲ့အတွက်ပေါ့နော်၊ ဒီ Freedom Forum က မြန်မာပြည်အကြောင်းကို ထည့်ထားတာ ဖြစ်ပါတယ်။”
“အဓိက ကျွန်မပြောနေတာကတော့ပေါ့နော်၊ အခု လက်ရှိ မြန်မာပြည် အခြေအနေက လုံးဝ ဆိုးဝါးနေပါတယ်။ ပြောင်းလဲမှုတွေ မရှိသေးဘူးပေါ့နော်။ အဲဒါကြောင့် နိုင်ငံတကာရဲ့ ဖိအားပေးမှုတွေလည်း ပိုပြီးတော့ လိုအပ်နေသေးတယ်လို့ ကျွန်မ အဓိက ပြောတာ ဖြစ်ပါတယ်။”
Burma Campaign UK အဖွဲ့က မဇိုရာဖန်း ပြောသွားတာ ဖြစ်ပါတယ်။
ဒီညီလာခံကို နိုဘယ်လ် ငြိမ်းချမ်းဆုရှင်တွေ နှစ်စဉ်တွေ့ဆုံတဲ့ သုံးနှစ်မြောက် အစည်းအဝေးနဲ့ တိုက်ဆိုင်ပြီး ကျင်းပတာ ဖြစ်ကြောင်း သိရပါတယ်။
မြန်မာ့အရေးနဲ့ ပတ်သက်လို့ နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင်တွေ ဖြစ်တဲ့ အီရန် တရားသူကြီးဟောင်း ရှီရင် အီဘာဒီနဲ့ မြေမြှုပ်မိုင်း ပပျောက်ရေး ဦးဆောင်လှုပ်ရှားနေသူ ဟောလီးဝုဒ် ရုပ်ရှင်သရုပ်ဆောင် မင်းသမီး ဂျိုဒီ ဝီလီယမ်စ်တို့လည်း ဦးဆောင် ဆွေးနွေးခဲ့ကြပါတယ်။
Freedom Forum လွတ်မြောက်ရေးညီလာခံကို နယူးယောက်အခြေစိုက် Human Rights Foundation က ဦးစီးပြီး နော်ဝေးနိုင်ငံက AI လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီးနဲ့အတူ လူ့အခွင့်အရေး လှုပ်ရှားတဲ့ အဖွဲ့အစည်းတွေ ပူးပေါင်း ပါဝင် ကျင်းပခဲ့တာ ဖြစ်ပါတယ်။

မေလ ၉ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
ကရင်ပြည်နယ်၊ မြ၀တီခရိုင်၊ ဝေါ်လေဒေသတွင် လှုပ်ရှားနေသည့် အစိုးရစစ်တပ်အား ယမန်နေ့က ကရင်အမျိုးသား လွတ်မြောက် ရေးတပ်မတော်(ကေအဲန်အယ်လ်အေ)က ပစ်ခတ်တိုက်ခိုက်ရာ အစိုးရစစ်တပ်ဘက်က ၆ဦးကျဆုံးပြီး ၇ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ သည်ဟု KNLA ဘက်က ပြောသည်။
ယမန်နေ့က မွန်းလွဲ ၂နာရီကျော်တွင် KNLA (၂၀၁)တပ်ရင်းက အစိုးရစစ်တပ် စစ်ကွပ်ကဲရေးဌာနချုပ်-စကခ(၅) လက်အောက်ခံ ခမရ(၃၇၂)တပ်ရင်းအား ဝေါ်လေဒေသ ဖောမုဘောထာ့ကျေးရွာအနီးတွင်
မိနစ် ၂၀ကျော်ကြာ ၀င်ရောက်တိုက်ခိုက်ရာမှ ယခုလို အစိုးရဘက်က ထိခိုက်ကျဆုံးခြင်းဖြစ်ကြောင်း တိုက်ပွဲတွင် ကိုယ်တိုင်ပါဝင်ခဲ့သူ (၂၀၁) ဒုတပ်ရင်းမှူး ဗိုလ်မှူးစောကြည်အောင်က ပြောသည်။
“မနေ့က မွန်းလွဲ ၂နာရီခွဲမှာ ကနဲလေးလှုပ်ရှားတပ် (၃၇၂)တပ်ရင်းကို ဝေါ်လေနဲ့ ကနဲလေးကြား ဖောမုဘောထာ့မှာ ကျနော်တို့လူ တွေဝင်ပစ်တော့ ရန်သူဘက်က ၆ဦး သေတယ်။ ၇ဦး ဒဏ်ရာရတယ်ဆိုပေမယ့် လက်နက်တလက်မှ မရလိုက်ဘူး။ ကျနော်တို့ ဘက်က ထိတာတော့လည်း မရှိဘူး။”ဟု ၎င်းက ပြောသည်။
အဆိုပါတိုက်ပွဲ ဖြစ်ပွားရာဒေသတွင် လွန်ခဲ့သည့် ၆လက နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးကို
ငြင်းဆန်ခဲ့သည့် တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်(DKBA) တပ်မဟာ(၅)နှင့် အစိုးရစစ်တပ်တို့ကြား ဖြစ်ပွားခဲ့သည့်တိုက်ပွဲကြောင့် ထောင်နှင့်ချီ သည့် ဒေသခံရွာသူရွာသားများ
သည် ထိုင်းနယ်စပ် ဖုတ်ဖရမြို့နယ်အတွင်းသို့ ထွက်ပြေးခိုလှုံခဲ့ရသည်။
ယင်းသို့ထွက်ပြေးခိုလှုံခဲ့ကြသည့် ဒေသခံရွာသူရွာသားများအနက် တချို့သည် ယခုအချိန်တွင် မိမိနေရပ်ရင်းသို့ ပြန်လည်အခြေချ နေထိုင်ကြသော်လည်း အချို့မှာ နယ်စပ်တွင်သာ အဆင်ပြေ
သလို ခိုလှုံနေထိုင်နေဆဲ ဖြစ်သည်။
မြ၀တီမြို့တောင်ဘက် မိုင် ၂၀ကျော် ကွာဝေးသည့် ဝေါ်လေဒေသ၌ ဗိုလ်မှူးချုပ်စောလားပွယ် ဦးဆောင်သည့် DKBA တပ်မဟာ (၅)တပ်ဖွဲ့၊ KNLA (၂၀၁)တပ်ရင်းနှင့် အစိုးရစစ်တပ် စကခ(၅)လက်အောက်ခံ ခမရ(၅၄၄)၊ ခမရ(၃၇၂) လှုပ်ရှားတပ်ရင်းများနှင့် ခလရ(၅၄၃)၊
ခလရ(၃၁၀) အခြေစိုက်တပ်များ စခန်းထိုင်လျှက်ရှိသည်။

စစ်ရဲ့အမြုတေ
စစ်ပွဲဆိုတာကမ္ဘာပေါ်မှာမရှိသင့်ဆုံးအရာ
စစ်ပွဲမရှိခဲ့တဲ့ ငြိမ်းချမ်းရေးအရပ် မရှိသလို
စစ် ဆိုတာဖက်ဆစ် တစ်ဝက်တဲ့
စစ်ရဲ့ မည်းနက်သောတောင်ပံတွေမှာ
ရက်စက်မှုတွေရှိကောင်းရှိမယ်
အဲဒီတောင်ပံရဲ့ အားမာန်တွေမှာ
ငြိမ်းချမ်းရေးရဲ့ အမြုတေ တွေရှိတယ်။
ဖိနှိုပ်သူနဲ့ အဖိနှိုပ်ခံသူ
ကျူးကျော်စစ်နဲ့ ခုခံစစ်
တရားသောစစ်နဲ့ မတရားသောစစ်
သင်ဘယ်ဘက်က ရပ်တည်ဖြစ်မလဲ။
သူပုန်ဆိုတဲ့ဝေါဟာရ
ငါတို့အတွက် မြတ်တဲ့နာမ
မတရားတာကို ပြန်ခံချတာတဲ့
တိုက်ပွဲတစ်ပွဲရဲ့ မြင်ကွင်းကို
ထိုတိုက်ပွဲရဲ့ရည်ရွယ်ချက်နဲ့
တိုင်းတာမနှိုင်းယှဉ်သင့်။
တော်လှန်ရေးသမားဆိုတာ
လူထုနောက်မြီးဆွဲမဟုတ်
လူထုကိုဦးဆောင်တဲ့သူ
တွေဝေစရာမလို
နားယောင်စရာမလို
လုပ်စရာရှိတာလုပ်ရမယ်။
စစ်ပွဲတွေကြောင့်
ကမ္ဘာမြေ ပျက်ရင်ပျက်မယ်
ကရင်တွေရှိနေသေးရင်တော့
ဘဦးကြီးရဲ့မူ လေးချက်ဟာ
ဒို့ကရင်တွေအတွက်
ထာဝရ ရှိနေရဦးမယ်။
မတရားတာကို ခေါင်းငုံ့မခံတတ်တဲ့ ကရင်လူမျိုးတို့ရဲ့ ဗီဇသတ္တိကို အရောင်ပြန်တင်နိုင်ခဲ့တဲ့
ဗိုလ်မှူးချုပ် စောလားပွယ်နှင့်တကွကရင်ရဲဘော်အပေါင်းအား ဒီကဗျာလေးနဲ့ဂုဏ်ပြုအပ်ပါတယ်။
စအိုင်ခန့် (နှင်းခဲမြေ)

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် အတွင်း ယခုရက်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် ကရင်ပူးပေါင်းတပ်များနှင့် မြန်မာအစိုးရ စစ်တပ်တို့၏ တိုက်ပွဲများကြောင့် နှစ်ဘက်ထိခိုက် သေကျေမှုများ ရှိသည်ဟု ကရင် တပ်မှူး များက ပြောသည်။

KNLA တပ်ရင်း ၂၀၁ မှ တပ်သားများ (ဓာတ်ပုံ - ဧရာဝတီ)
ယမန်နေ့ မွန်းလွဲ ၂ နာရီခန့်က ကော့ကရိတ်မြို့နယ် ဝေါ်လေဒေသ ဖောမူ့ဘောထာ့ရွာတွင် ကရင် အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း ၂၀၁ နှင့် ကနဲလေးရွာ အခြေစိုက် မြန်မာ အစိုးရ၏ ခြေမြန်တပ်ရင်း (ခမရ - ၃၇၂) တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ မြန်မာစစ်တပ်ဘက်က တပ်ဖွဲ့ဝင် ၆ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
KNLA တပ်ရင်း ၂၀၁ မှ ဗိုလ်ခုဝါးက “မနေ့က ကျနော်တို့ ပြောက်ကျားနည်းနဲ့ သွားတိုက်တာ သူတို့ဘက်က အကျအဆုံး များတယ်။ အားလုံး ၆ ယောက်ကျတယ်။ လက်နက်၊ လူသူနဲ့ အင်အားခြင်းက ကွာတော့ ကျနော်တို့ ဒီနည်းကိုပဲ သုံးတယ်” ဟု ပြောသည်။
ယခုရက်ပိုင်း အတွင်း ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ချူးကလိဒေသတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲ တွင်လည်း KNLA ဘက်မှ တပ်ဖွဲ့ဝင်တချို့ ဒဏ်ရာရရှိခဲ့ရာ တပ်ဖွဲ့ဝင် ၂ ဦး မှာ ထိုင်း - မြန်မာနယ်စပ်တွင် ဆေးဝါးကုသမှု ခံယူလျှက် ရှိသည်ဟု သိရသည်။
မေ လဆန်းပိုင်းကစ၍ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ကျိုက်ဒုံဒေသတွင် ရက်သတ္တ ၁ ပတ်ခန့် ကြာသည်အထိ ဖြစ်ပွားခဲ့သော တိုက်ပွဲ၌ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) တပ်မဟာ ၅ အဖွဲ့မှ တပ်ဖွဲ့ဝင် ၂ ဦးကျဆုံးပြီး တချို့ ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံတဦးက ပြောသည်။
၎င်း တိုက်ပွဲကြောင့် ကျိုက်ဒုံဒေသခံ ရွာသား ၁၀၀၀ ကျော် ထိုင်းဘက်ခြမ်းရှိ အုန်းဖန်မြို့နယ် အတွင်း ထွက်ပြေး ရောက်ရှိလာခဲ့ပြီး တိုက်ပွဲများအပြီးတွင် ထိုင်းအာဏာပိုင်များက နေရပ်သို့ ပြန်ပို့ခဲ့သည်ဟု သိရသည်။

သန်းထိုက်ဦး
စစ်တပ်နှင့် အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တဖွဲ့ဖြစ်သော ရှမ်းပြည် တပ်မတော် မြောက်ပိုင်း (SSA-N) တပ်ဖွဲ့များ စစ်ဖြစ်ပွားရာဒေသများတွင် အစိုးရပညာရေး ၀န်ထမ်းများ အသတ်ခံရမှု ရှိကြောင်း ဒေသခံများ အဆိုအရ သိရသည်။

ရှမ်းပြည်တပ်မတော် မြောက်ပိုင်း စစ်ရေးပြအခမ်းအနား တခု (Picasa/Myanmar Election)
ရှမ်းပြည်နယ် မြောက်ပိုင်း သီပေါမြို့နယ် ကွန်ခိုက်ကျေးရွာမှ ကျောင်းဆရာ၊ ဆရာမ အပါအ၀င် ၄ ဦး ပြီးခဲ့သည့် ဧပြီလ အတွင်း၌ သေဆုံးခဲ့ကြောင်း သီပေါမြို့နယ် ဒေသခံတဦးက ဧရာဝတီသို့ ပြောသည်။
“ကွန်ခိုက်ကျေးရွာမှာ ကျောင်းဆရာမနဲ့ သူ့အမျိုးသားရယ်၊ ကျောင်းစောင့် ကချင်အဘိုးကြီး တယောက်နဲ့ သူ့အမျိုးသမီးရယ် အဲဒီ ၄ ယောက် အသတ်ခံရတယ်” ဟု ၎င်းက ဆိုသည်။
ယင်းသို့ အသတ်ခံရပြီးနောက် ယခုအခါ ဒေသခံများနှင့် ကျောင်းဆရာ၊ ဆရာမများ၊ ဆေးရုံဝန်ထမ်းများမှာ ညဘက် အပြင် မထွက်ရဲကြကြောင်း သီပေါမြို့နယ် ဒေသခံက ဆက်ပြောသည်။
အလားတူပင် တန့်ယန်းမြို့နယ်ရှိ ကျေးရွာတချို့တို့တွင်လည်း ကျောင်းဆရာ၊ ဆရာမနှင့် ဒေသခံရွာသားတချို့ အသတ်ခံရကြောင်း သျှမ်းသံတော်ဆင့် သတင်းစဉ်မှ အယ်ဒီတာ ဦးစိန်ကြည်က ပြောသည်။
SSA-N က ကျောင်းဆရာ၊ ဆရာမများ အသတ်ခံရမှုသည် ၎င်းတပ်ဖွဲ့ဝင်များ၏ လက်ချက် မဟုတ်ကြောင်း လွန်ခဲ့သည့် ဧပြီလ ၂၃ ရက်နေ့တွင် ငြင်းဆိုထားသည်။ အဖြစ်မှန်ကို သိရှိနိုင်ရန်အတွက်လည်း SSA-N က စုံစမ်းရေး ကော်မတီဖွဲ့၍ အချက်အလက်များ စတင် စုဆောင်းနေကြောင်းလည်း သိရသည်။
ဦးစိန်ကြည်၏ အဆိုအရ သီပေါမြို့နှင့် တန့်ယန်းမြို့နယ်တို့တွင် ကျောင်းဆရာ၊ ဆရာမ အပါအ၀င် ဒေသခံ ၉ ဦးခန့် အသတ် ခံရကြောင်းလည်း သိရှိရသည်။
ကျောင်းဆရာ၊ ဆရာမများ အသတ်ခံရမှုနှင့် ပတ်သက်၍ မည်သူ့လက်ချက် ဖြစ်သည်ကိုမှု မသိရှိရသေးပေ။ သို့သော် SSA-N တပ်ဖွဲ့ လက်ချက်ရော အစိုးတပ်များ၏ လက်ချက်ပါ ဖြစ်နိုင်ကြောင်း ဒေသခံများ၏ ထင်မြင်ယူဆချက်များလည်း ပေါ်ပေါက်နေသည်။
သီပေါမြို့နယ် ဒေသခံတဦးက “ဒါမျိုးဆိုတာက တကယ်လို့များ ပုဂ္ဂိုလ်ရေး ရန်ငြိုးရှိရင်လည်း အဲဒီလူက သတင်းပေးပဲ ဘာညာ ဆိုပြီးတော့ အဲဒီလိုမျိုး ပြောလိုက်လို့ရှိရင်လည်း ခံရတတ်တယ်။ ပြောရမယ် ဆိုရင်တော့ စစ်ဖြစ်ရင်တော့ ပြည်သူလူထုက မြေစာပင်ပါပဲဗျာ” ဟု ပြောသည်။
ပြီးခဲ့သော ဖေဖော်ဝါရီလဆန်းပိုင်းမှ စတင်၍ ရှမ်းပြည်နယ်ရှိ မြို့နယ် ၅ မြို့နယ်များတွင် SSA-N တပ်ဖွဲ့နှင့် အစိုးရတပ်များ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။
ရှမ်းပြည် တပ်မတော် မြောက်ပိုင်း ထိန်းချုပ်နယ်မြေများဖြစ်သော မိုင်းရူး၊ မိုင်းယန်း၊ တန့်ယန်း၊ ကျေးသီး၊ လားရှိုးမြို့နယ်အပြင် သီပေါမြို့အပါအ၀င် နမ့်ဆန်မြို့နှင့် မိုးမိတ်မြို့နယ် စသည့်မြို့နယ်များအထိ တိုက်ပွဲများ ပျံ့နှံ့ခဲ့ကြောင်း သိရသည်။
ယခင် မြန်မာ စစ်အစိုးရသည် ၂ဝ၁ဝ ရွေးကောက်ပွဲ မတိုင်မီ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့များကို နယ်ခြားစောင့်တပ်ဖွဲ့ အသွင် ကူးပြောင်းရေးအတွက် ကြိုးပမ်းခဲ့ရာ SSA-N က လက်မခံသဖြင့် စစ်ရေးအရ နှစ်ဘက် တင်းမာနေခဲ့သည်။
စစ်အစိုးရက အပစ်ရပ် တပ်ဖွဲ့များကို နယ်ခြားစောင့်တပ် ပြောင်းလဲဖွဲ့စည်းရေးအတွက် ၂၀၀၉ ခုနှစ် ဧပြီလကတည်းက စတင် အကောင်အထည် ဖော်ခဲ့ခြင်းဖြစ်သည်။
၁၉၈၉ မှ ၁၉၉၅ အတွင်း အပစ်အခတ်ရပ်စဲပြီး ငြိမ်းချမ်းရေးယူခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ စုစုပေါင်း ၁၇ ဖွဲ့ ရှိသည်ဟု စစ်အစိုးရ၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။

မေလ ၇ရက်။ (ကေအိုင်စီ)
တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်တွင် မွတ်ဆလင်လူမျိုး ၃၀ဦး စီးနင်းလိုက်ပါလာသော စက်လှေတစ်စင်းကို အစိုးရ စစ်ရေ ယာဉ်အမှတ်(၅၀၃)မှ ဗိုလ်ကြီးဝင်းသိန်းဇော် ဦးစီးသည့် ရေတပ်ဖွဲ့က မေလ (၂)ရက်နေ့တွင် ဖမ်းဆီးခဲ့သည်ဟု စစ်တပ်နှင့် နီးစပ်သည့် သတင်းရပ်ကွက်အရ သိရသည်။
အစိုးရ ရေတပ်အခြေစိုက်ရာ သံကျွန်းစခန်းနှင့် ၁၀ကီလိုမီတာ အကွာအဝေးတွင် အဆိုပါ မွတ်ဆလင်(၃၀)ဦးအား မသင်္ကာသ ဖြင့် ၀င်ရောက်စစ်ဆေးရာမှ ဖမ်းဆီးလိုက်ခြင်းဖြစ်ပြီး ၎င်းတို့သည် စစ်တွေမြို့မှ ထိုင်းနိုင်ငံတောင်ပိုင်း ဖာ့တိုက်ဘက်သို့ တရား မ၀င် သွားရောက်မည့်သူများဖြစ်သောကြောင့် မြိတ်မြို့ရှိ ကမ်းရိုးတန်းစစ်ဌာနချုပ်သို့ ယခု ပို့ဆောင်လိုက်ပြီဟု စစ်တပ်သတင်း ရပ်ကွက်က ဆိုသည်။
တနင်္သာရီတိုင်းရှိ စစ်တပ်နှင့် နီးစပ်သူတစ်ဦးက “ရခိုင်ပြည်နယ် စစ်တွေ-မော်လမြိုင်လမ်းကြောင်းကနေ လာတယ်။ ည ၂နာရီ အချိန်မှာ ဖမ်းဆီးရမိတာဖြစ်တယ်။ သူတို့တွေဟာ မြန်မာနိုင်ငံသားကဒ် ကိုင်ဆောင်ပေမယ့် ထိုင်းနိုင်ငံကို အလုပ်ထွက်လုပ် မယ့် စာရွက်စာတမ်းမပါတဲ့အတွက် ဖမ်းဆီးလိုက်တာဖြစ်တယ်။ အကုန်လုံးက အမျိုးသားချည်းပဲ။ အခု ကရခကို ပို့လိုက်ပြီ။” ဟု ပြောသည်။
ကော့သောင်းခရိုင်တွင် ယခင်ကလည်း ထိုင်းနိုင်ငံသို့ အလုပ်ထွက်လုပ်ရန်အတွက် တရားမ၀င်သည့် ရေကြောင်းခရီးဖြင့် လာ ခဲ့ကြသည့် ရခိုင်ပြည်နယ်မှ မွတ်ဆလင်များမှာ မြန်မာအာဏာပိုင်များ၏ ဖမ်းဆီးမှုကို မကြာခဏ ခံရကာ ပြန်ပို့ခြင်းခံခဲ့ကြရ သည်ဟု အဆိုပါ စစ်တပ်နှင့် နီးစပ်သူက ပြောသည်။

တပ်အတွက် ရိက္ခာထမ်းရင်း နှိပ်စက်ညှဉ်းပန်းခံရသလို လူသားမိုင်းရှင်းကိရိယာ အဖြစ်လည်း အသုံးချခံကြရပါတယ်။

မေလ ၅ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
ကရင်ပြည်နယ် ကော့ကရိတ်မြို့အခြေစိုက် အစိုးရစစ်တပ် စစ်ကွပ်ကဲရေးဌာနချုပ်-စကခ(၁၂) လက်အောက်ခံ ခမရ(၂၃၁) တပ်ရင်းမှ စစ်သည် ၂ဦးသည် ယမန်နေ့က ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA)ထံသို့ လာရောက်လက် နက်ချခဲ့သည်ဟု KNLAက ပြောသည်။
KNLA တပ်ရင်း ၂၀၁ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး စောဖောဒိုက “မနေ့က ကော့ကရိတ်အခြေစိုက် ခမရ(၂၃၁)တပ်ရင်းက တပ်ဖွဲ့ ၀င် ၂ဦး ကျနော်တို့ KNLA တပ်ရင်း(၂၀၁)ကို လာပြီး လက်နက်ချတယ်။ တပ်ကြပ်တစ်ယောက်နဲ့ တပ်သားတစ်ယောက် ဖြစ် တယ်။ သူတို့နဲ့အတူ MA-1 ၁လက်၊ MA-2 ၂လက်၊ MA-4 ၁လက်။ စုစုပေါင်း လက်နက် ၄လက်နဲ့ လမ်းလျှောက် စကားပြော စက်တစ်လုံး ပါတယ်။”ဟု ပြောသည်။
အဆိုပါ လက်နက်ချလာသည့် အစိုးရစစ်သည် ၂ဦးအား လက်ရှိအချိန်တွင် KNLA တပ်ရင်း(၂၀၁) ထိန်းချုပ်ရာ နယ်မြေတနေ ရာတွင် လက်ခံထားခဲ့ပြီး ရှေ့ဆက် ၎င်းစစ်သည်များ၏ဆန္ဒအတိုင်း စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒုဗိုလ်မှူးကြီးစော ဖောဒိုက ပြောသည်။
ယခုနှစ် ၂၀၁၁ခုနှစ်တွင် KNLA တပ်ရင်း(၂၀၁)ထံသို့ အစိုးရစစ်သည်များ မကြာခဏ ထွက်ပြေးရောက်ရှိလာသော်လည်း အ ဆိုပါစစ်သည် ၂ဦးမှာ မေလထဲတွင် ဦးဆုံးထွက်ပြေးရောက်ရှိလာသည့် အစိုးရစစ်သည်များဖြစ်သည်။
ပြီးခဲ့သည့် ဧပြီလက ကော့ကရိတ်မြို့တွင် ပြန်လည် အနားယူခဲ့သည့် ဝေါ်လေဒေသ လှုပ်ရှားတပ်ရင်း ခလရ(၉၇)မှ ဗိုလ်ကြီး တစ်ဦးနှင့် တပ်ကြပ်ကြီးတစ်ဦး အပါအ၀င် စစ်သည် ၂၀ကျော်သည် လစာဖြတ်တောက်ခံရမှုနှင့် ဝေါ်လေဒေသတွင် ဆက် လက် မလှုပ်ရှားလိုတော့သည့်အတွက် တပ်တွင်းမှ ထွက်ပြေးခဲ့ကြောင်း ကော့ကရိတ်မြို့ရှိ အစိုးရစစ်တပ်နှင့် နီးစပ်သူများ၏ ပြောပြချက်အရ သိရသည်။

ကုမ္ပဏီတွေကြောင့် ဆုံးရှုံးရတဲ့ လယ်မြေတွေအတွက် အကူအညီတောင်းခံ
အခု သမတသစ်တက်လာချိန်မှာ ကုမ္ပဏီတွေကြောင့် သူဆုံးရှုံးရတဲ့ လယ်မြေတွေအတွက် ပြန်လည်သုံးသပ်ပေးဖို့ လယ်သမားကြီး ဦးအုန်းငွေက တင်ပြလိုက်ပါတယ်
