Wednesday, February 9, 2011

ကရင်ခေါင်းဆောင် ဖဒိုမန်းရှာအား ပါဒူးတက္ကသိုလ်က ဆုချီးမြှင့်ရန် ဆုံးဖြတ်


http://www.rfa.org/burmese/news/murdered

ကွယ်လွန်သူ ကရင်အမျိုးသားခေါင်းဆောင် ဖဒို မန်းရှာ လာဖန်း ကို အမေရိကန် ပြည်ထောင်စု အင်ဒီယားနား ပြည်နယ် ဖို့ဝိန်းမြို့ IPFW အင်ဒီယားနား ပါဒူးတက္ကသိုလ်က National Equality Award ခေါ် အမျိုးသား တန်းတူရေးနဲ့ သာတူညီမျှရေးဆု ဂုဏ်ပြု ချီးမြှင့်မယ်လို့ သိရပါတယ်။
(Photo: AFP)
ကရင်အမျိုးသား အစည်းအရုံး (KNU) အထွေထွေ အတွင်းရေးမှူး တာဝန်ထမ်းခဲ့သော ဖဒို မန်းရှာသည် ၂၀ဝ၈ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် အမည်မသိ သေနတ်သမားများ၏ လုပ်ကြံခြင်း ခံရပြီး ကွယ်လွန်ခဲ့သည်။ (Photo: AFP)
ဖဒိုမန်းရှာကို အခုလို ဆုပေးဖို့ကိစ္စ ဖြစ်ပေါ်လာပုံနဲ့ ပတ်သက်ပြီး၊ ဖို့ဝိန်းမြို့ အမျိုးသား သွေးစည်းညီညွတ်ရေး ကော်မတီ ညှိနှိုင်း ဆောင်ရွက်ရေးမှူး ဦးမောင်မောင်စိုးက ပြောပြရာမှာ ၂၀၀၃ ခုနှစ် ဒီပဲယင်း လုပ်ကြံမှုအပြီး ဖို့ဝိန်းမြို့မှာ IPFW အင်ဒီယားနား တက္ကသိုလ် ပါဒူးတက္ကသိုလ်က ကမကထပြုပြီး နိုင်ငံတကာ မြန်မာ့ဒီမိုကရေစီ အင်အားစုများ ညီလာခံတရပ် ကျင်းပခဲ့ကြောင်း၊ အဲဒီ ညီလာခံမှာ ဖဒိုမန်းရှာလည်း ပါဝင်တက်ရောက်ပြီး အမျိုးသားတန်းတူရေးနဲ့ ညီမျှရေးဆိုင်ရာမူဝါဒတွေကို ရှင်းလင်း ပြောကြားခဲ့ကြောင်း၊ အခုအချိန်မှာ ဖို့ဝိန်း ညီလာခံကို ဒုတိယအကြိမ် ကျင်းပဖို့ စဉ်းစားကြရင်း ဖဒိုမန်းရှာကို ဂုဏ်ပြု ဆုချီးမြှင့်ရေးကိစ္စ ပါဝင်လာခဲ့ကြောင်း ပြောပြပါတယ်။

ဦးမောင်မောင်စိုးက ဆက်လက်ပြောပြရာမှာ -

“ဒီ အမျိုးသား ပြန်လည် သင့်မြတ်ရေးကို အခြေခံတဲ့ ဒီ award ကို စဉ်းစားတယ်။ စဉ်းစားတော့ အကြောင်းအချက် နှစ်ချက် ဖန်လာတယ်။ ၁ အချက်က ဖဒိုမန်းရှာက ကျွန်တော်တို့ ညီလာခံကြီးကို အစပြု ကမကထ ဦးဆောင်ခဲ့သလို သူကိုယ်တိုင်ရဲ့ နိုင်ငံရေး လှုပ်ရှားမှုတွေ အားလုံးဟာလည်း အမျိုးသားရေးနဲ့ တန်းတူညီမျှရေး ဆိုတဲ့ လုပ်ငန်းစဉ်တွေပေါ်မှာ တစိုက်မတ်မတ် ရှိတယ်။ ယုံယုံကြည်ကြည် ရှိတယ်။ သမာသမတ် ရှိတယ်။ သူရဲကောင်းတယောက် ဖြစ်တယ်ဆိုတာ ကျွန်တော်တို့ တွေ့ရှိရတယ်။ ဖဒို မန်းရှာရဲ့ အနစ်နာခံမှုတွေက တခုတည်းအတွက် မဟုတ်ဖူး။ တစုံလုံးအတွက် ဖြစ်နေတယ်။ အမျိုးသား တန်းတူရေး equality ကို သူက ဦးစားပေးတယ်။ နောက်တခုက တခုလုံးရဲ့ လွတ်မြောက်ရေးကို တိုက်ပွဲဝင်တဲ့ အတွက်ကြောင့် အမျိုးသား တန်းတူရေးနဲ့ သာတူညီမျှရေးဆုကို ကျွန်တော်တို့ ပေးဖို့ ဖြစ်ပေါ်လာခြင်း ဖြစ်ပါတယ်။”

ကရင်အမျိုးသားအစည်းအရုံး (KNU) အထွေထွေ အတွင်းရေးမှူး ဖဒိုမန်းရှာဟာ ၂၀၀၈ ခုနှစ် ဖေဖော်ဝါရီလ (၁၄) ရက်နေ့က ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ မသမာသူတွေရဲ့လုပ်ကြံ သတ်ဖြတ်မှု ခံခဲ့ရပါတယ်။
အခု ပထမဆုံးအကြိမ်ပေးအပ်မဲ့ ဒီ အမျိုးသား တန်းတူရေးနဲ့ သာတူညီမျှရေး ဆု ကို ဖို့ဝိန်းမြို့ IPFW အင်ဒီယားနား တက္ကသိုလ် ပါဒူးတက္ကသိုလ် မှာ မတ်လ ၅ ရက် နဲ့ ၆ ရက်နေ့တွေမှာ ကျင်းပမှာ ဖြစ်ကြောင်း သိရပါတယ်။ ဖို့ဝိန်း ညီလာခံ ကျင်းပဖြစ်လို့ ညီလာခံက သဘောတူရင် ဒီဆုကို နှစ်စဉ်ချီးမြှင့် သွားဖို့ မျှော်လင့်ရကြောင်း ဦးမောင်မောင်စိုးက ပြောပါတယ်။

11ReadMore-2.jpg

WEDNESDAY, FEBRUARY 9, 2011


ယနေ့သတင်း (၉ ရက် ဖေဖော်ဝါရီလ ၂၀၁၁)

ဆုံဆည်းရာ၊ ၉ ရက် ဖေဖော်ဝါရီလ ၂၀၁၁
သတင်း
ည (၇ နာရီ) မဲဆောက် - မြ၀တီ ချစ်ကြည်ရေးတံတားအနီး ယနေ့ မွန်းလွဲပိုင်းတွင် ဗုံးပေါက်ကွဲခဲ့ပါတယ်။ အဆိုပါ ဗုံးသည် မြ၀တီ ချစ်ကြည်ရေးတံတား အဆင်း လက်ဘက်ရည်ဆိုင်တွင် ပေါက်ကွဲတာဖြစ်ပါ။ ဗုံးပေါက်ကွဲမှုကြောင့် အရပ်သား ၇ ဦး သေဆုံးပြီး ရဲ ၄ သေဆုံး ၅ ဦး ဒဏ်ရာရရှိကြောင်း သိရှိရသည်။ ပထမအလုံးပေါက်ကွဲအပြီး ဒုတိယအကြိမ် ဗုံးကို သွားရောက်ကြည့်ရှုချိန်တွင် ထပ်မံကွဲကြောင်း သိရှိရပါသည်။

11ReadMore-2.jpg

Tuesday, February 8, 2011

ပဒိုမန်းဇဋိလ ဈာပနပြီးစီး

ဖေဖော်ဝါရီလ ၈ရက်။ ကေအိုင်စီ
ကေအဲန်ယူ ပြည်ထဲရေးနှင့် သာသနာရေးတာဝန်ယူခဲ့သူ ပဒိုမန်းဇဋိလ ၆၉နှစ်သည် ဖေဖော်ဝါရီလ ၆ရက်နေ့တွင် လူကြီးရောဂါ ဖြင့် ကွယ်လွန်သွားခဲ့ပြီး ၎င်း၏ ဈာပနအခမ်းအနားကို ထိုင်း-မြန်မာနယ်စပ်တွင် ယမန်နေ့က ပြုလုပ်ပြီးစီးသွားခဲ့သည်။


လူမှုရေး၊ ဘာသာရေး အဖွဲ့အစည်းများ အပါအ၀င် လူထုပရိဿတ် ၄၀၀ခန့် လာရောက်ခဲ့သည့် ပဒိုမန်းဇဋိလ၏ ဈာပန အခမ်း အနားကို မိသားစု၊ အသိုင်းအ၀ိုင်းများက ဗုဒ္ဓဘာသာတို့၏ ထုံးစံအတိုင်း သံဃာတော်များ ပင့်ဖိတ်ကာ ကျင်းပပြုလုပ်ခဲ့ကြပြီး အခြားတိုင်းရင်းသားများကလည်း သူ၏နောက်ဆုံး ခရီးကို ဂါရ၀ပြုခဲ့ကြသည်။

မန်းဇဋိလ၏ ဇနီးဖြစ်သူ နန်းသိန်းမြိုင်က “ဒီရောဂါကို သူခံစားနေတာ အတော်လေးကြာပါပြီ။ ကုလိုက်၊ သက်သာလိုက် ဘုရား၊ တရားအလုပ်လေးလုပ်လိုက်နဲ့ အခုတော့ သူ အေးချမ်းသွားပြီ။ နိုင်ငံခြားရောက်နေတဲ့ သားအကြီးနှစ်ယောက်ကလည်း သူတို့ အဖေကို မမှီလိုက်တာကို စိတ်မကောင်းကြဘူးလေ။”ဟု ဆိုသည်။
မွေးချင်းမောင်နှမ ၈ဦးအနက် အထွေးဆုံးသားဖြစ်သူ ငယ်နာမည် စစိုးသိန်း ခေါ် ပဒိုမန်းဇဋိလကို ၁၉၄၁ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်နေ့ (မြန်မာသက္ကရာဇ် ၁၃၀၃ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၃ရက်နေ့)တွင် သထုံခရိုင်၊ အပေါင်မြို့နယ် ကျောက်စ ရစ်ကျေးရွာ၌ မန်းလောင်ကြိုင်၊ နန်းစောမျှင်တို့မှ ဖွားမြင်ခဲ့သည်။

သူသည် ဇာတိရွာတွင် ၄တန်းအောင်မြင်ခဲ့ပြီး မော်လမြိုင်မြို့ အထက်တန်းကျောင်းမှတဆင့် မော်လမြိုင်ကောလိပ်၊ ၎င်းနောက် ရန်ကုန်တက္ကသိုလ်တွင် ဘီအေ(၀ိဇ္ဖာ)ဘွဲ့ ရရှိခဲ့သည်။ ၁၉၇၃ခုနှစ်တွင် ဗမာ့တပ်မတော် ဗိုလ်လောင်းသင်တန်းကို ၆လကြာ သာ တက်ရောက်ခဲ့ပြီး အဆိုပါသင်တန်းမှ ကရင့်တော်လှန်ရေး လွတ်မြောက်နယ်မြေသို့ ရောက်ရှိလာခဲ့သည်။
၁၉၇၆ခုနှစ်တွင် ကေအဲန်အယ်လ်အေတပ်ရင်း(၁၀၁)ဌာနချုပ် ၀မ်းခါဂိတ်တွင် ရဟန်းအမည် အရှင်ဇဋိလ ဘွဲ့အမည်ဖြင့် သီ တင်းသုံးရင်း အမျိုးသားရေး၊ တော်လှန်ရေးတာဝန်များကို ထမ်းဆောင်ခဲ့သည်။ ၁၉၇၇ခုနှစ်မှ ၁၉၈၅ခုနှစ်အထိ ကေအဲန်ယူ အရံဗဟိုကော်မတီဝင်အဖြစ်လည်းကောင်း၊ ၁၉၈၅ခုနှစ်တွင် ဘိတ်ထားဝယ်ခရိုင်၌ မွေးမြူရေးနှင့် ငါးဖမ်းဌာနတာဝန်ကိုလည်း ကောင်း၊ ၁၉၉၅ခုနှစ်တွင် ၁၁ကြိမ်မြောက် ကေအဲန်ယူ ကွန်ဂရက်မှ ပေးအပ်သည့် ကုန်သွယ်ရေးနှင့် ငါးဖမ်းဌာနတာဝန်ခံအ ဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။

၂၀၀၀ခုနှစ် (၁၂)ကြိမ်မြောက် ကေအဲန်ယူကွန်ဂရက်တွင် ဗဟိုအမြဲတမ်းကော်မတီအဖြစ် ထပ်မံ ရွေးကောက်ခံရပြီး ဗဟိုပြည် ထဲရေးနှင့် သာသနာရေးဝန်ကြီးအဖြစ်တွင် တာဝန်ပေးအပ်ခြင်းခံရကာ ၂၀၀၇ခုနှစ်၊ ထိုမှဆက်၍ ၂၀၀၉ခုနှစ်အထိ လုပ်ငန်းတာ ၀န်များကို ထမ်းဆောင်ခဲ့သည့်အပြင် ထိုနှစ်တွင် ကျန်းမာရေးအရ အနားယူခဲ့သော်လည်း KEAB (Karen Elder Advisor Board) တွင် အဖွဲ့ဝင်အဖြစ် ကွယ်လွန်သည်အထိ ပါဝင်ခဲ့သည်။

ရိုးသားကြိုးစားပြီး ယုံကြည်မှုပြင်းထန်သည့် မျိုးချစ်ခေါင်းဆောင်တစ်ဦးဖြစ်သူ မန်းဇဋိလသည် အချောင်သမား၊ ဂိုဏ်းဂန၀ါဒကို ပြတ်သားစွာ ဆန့်ကျင်ကာ စုပေါင်းခေါင်းဆောင်မှုနှင့် လုပ်ဖော်ကိုင်ဖက်များနှင့် လူငယ်များအပေါ် ခင်မင်ရင်းနှီးစွာ ဆက်ဆံ ပေါင်းသင်းတတ်ပြီး အမျိုးသားရေး၊ သာသနာရေးတာဝန်များကို ကြိုးပမ်းဆောင်ရွက်ခဲ့သည့်အတွက် သူ ကွယ်လွန်သွားခြင်း သည် အမျိုးသားအတွက် ကြီးမားသော ဆုံးရှုံးမှုပင်ဖြစ်သည်ဟု ပဒိုစောလေးတောက ဈာပနအခမ်းအနားတွင် ပြောဆိုခဲ့သည်။

ပဒိုမန်းဇဋိလ ကွယ်လွန်ချိန်တွင် ဇနီး နန်းသိန်းမြိုင်နှင့်အတူ သားလေးဦး၊ သမီးတစ်ဦး ကျန်ရစ်ခဲ့သည်။

11ReadMore-2.jpg

palu battle dkba 8feb2011


ဒေါနမြေမှ ဟစ်ကြွေးသံ (သို့) ဖလူးတိုက်ပွဲ မှတ်တမ်း DVD ထွက်ပြီ
http://komoethee.blogspot.com/2011/02/dvd.html

11ReadMore-2.jpg

ဆိုဒ်ဖါန်ခႜိင်း ယင့်သ္ဘားဖႜုံဍေယှင်



11ReadMore-2.jpg

DKBA-BGF အရာရှိ တယောက်၏ နောက်ဆုံး ဇတ်သိမ်းခန်း


http://ehkhaungthaunt.blogspot.com/




ဆက်သွယ်မိသလောက် DKBAကနေ BGF ပြောင်းသွားသူတွေကို မေးကြည့်ပြန်တော့လည်း ပုံမမြင်ရလို့ အတည်ပြုဖို့ ခက်တယ်လို့ပဲ ပြောကြပါတယ်။ နောက်ပြီးတော့လည်း အက်တာနက်နဲ့ အလှမ်းဝေးနေကြတယ်လို့လည်း ပြောကြပါတယ်။


ယနေ့ DKBAကနေ BGF ပြောင်းသွားသူတွေ အများစုဟာ DKBA တံဆိပ် မချွတ်နိုင်သေးဘူးဆိုတာ ဒီဗီဒီယို မှတ်တမ်းက သက်သေပြနေပါတယ်။ DKBA တံဆိပ် ဗြောင်သုံးနေပါသေးတယ်။ BGF ယူနီဖောင်းတွေ ထဲမှာတင် DKBA တံဆိပ် တပ်ထားသေးတာကိုလည်း တွေ့ရပါတယ်။ DKBA/BGFလို့ တပ်ထားကြပါတယ်။

11ReadMore-2.jpg

Monday, February 7, 2011

KIA ကချင်အမျိုးသားလွတ်လပ်ရေးတပ်မတော်က နအဖကို ဆော်ပြီ

http://ninedeblood.blogspot.com/



ကရင်ပြည်နယ်တွင် နယ်ခြားစောင့်တပ်နှင့် ရွေးကောက်ပွဲကို လက်မခံနိုင်သော
ဗိုလ်မှူးချုပ်စောလားပွယ်ဦးဆောင်သည့် ဒီကေဘီအေတပ်ဖွဲ့နှင့် KNU, KNLA
ကျောင်းသားတပ်မတော် စသည့်ပူးပေါင်းတပ်ဖွဲ့များက နအဖနှင့် တိုက်ပွဲပြင်းထန်စွာ
ဖြစ်ပွားနေချိန်တွင် ကချင်ပြည်နယ်၊ ဗန်းမော်မြို့အရှေ့တောင်ပိုင်း၊ နမ့်ခမ်းမြို့၏
အနောက်မြောက်ဘက်တွင်လည်း တိုက်ပွဲဖြစ်ပွားနေပြီဖြစ်သည်။


၎င်းတိုက်ပွဲသည် ကချင်အမျိုးသားလွတ်လပ်ရေးတပ်မတော်(KIA-Kachin Independent Army)
အပစ်ရပ်ကာလအခေါ်အဝေါ် (KIO-Kachin Independence Organization) ၏
တပ်မဟာ(၃)၊တပ်ရင်း(၂၇)နှင့် စစ်အာဏာရှင် နအဖတပ်ဖွဲ့ဖြစ်သော
မိုးညှင်းအခြေစိုက်ခလရ (၁၅)တို့ မနက်ပိုင်းမှစပြီး မွန်းတည့်ချိန်ထိ
ဖြစ်ပွားခဲ့သောတိုက်ပွဲပင်ဖြစ်သည်။


စစ်အာဏာရှင်နှင့် ဆယ်စုနှစ်တခုကျော် ငြိမ်းချမ်းရေးရယူပြီး နယ်ခြားစောင့်တပ်လက်မခံသော
KIA ပိုင်နက်ထဲသို့ ဘိန်းဖျက်ဆီးရန်အကြောင်းပြပြီး KIA မှ တားမြစ်သည့်ကြားမှ နအဖတပ်က
အတင်းဝင်ရာမှ တိုက်ပွဲစဖြစ်ခဲ့ခြင်းဖြစ်သည်။



KIA မှ ပစ်လွှတ်လိုက်သော RPJ က နအဖတပ်ရင်းမှူးကားကို တည့်တည့်တိုက်ရိုက်
ထိမှန်ခဲ့ကြောင်းလည်းသိရှိရပါသည်။


11ReadMore-2.jpg

Sunday, February 6, 2011

ပြောက်ကျားတိုက်ပွဲကြောင့် နအဖ တပ် အထိနာ

http://www.naytthit.net

dkba
ဝေါ်လေနဲ့ ဖလူး နေရာတွေမှာ ဒီကေဘီအေနဲ့ ကေအန်အယ်အေ ပူးပေါင်းတပ်ဖွဲ့အင်းအား တွေဟာ ပြောက်ကျားနည်းကိုသုံးပြီး တိုက် ခိုက်နေတဲ့အတွက် နေ့စဉ်ဆိုသလို့ နအဖတပ် တွေနဲ့ ပြောက်ကျားတိုက်ပွဲထိတွေမှုတွေ ရှိနေ ပါတယ်။

ယမန်နေ့က ဝေါ်လေနဲ့ ပလောတပို့ ကြားနေ ရာမှာ ဒီကေဘီအေနဲ့ ကေအန်အယ်အေ အဖွဲ့ က နအဖ စစ်တပ်ကို အလစ် အငိုက်ဖမ်းတိုက် ခိုက်ခဲ့လို့ နအဖ ဘက်မှ ၃ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရခဲ့ပါတယ်။ အလားတူ ဖေဖော်ဝါရီလ ၄ ရက်နေ့ကလည်း သေ့ဘောပိုးရွာနာမှာ စ ခန်းချထားတဲ့ နအဖ စစ်တပ်ကို ဒီကေဘီအေ ဘက်က ပြောက်ကျားတိုက်ခဲ့တဲ့အတွက် နအဖ ဘက်က ၆ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
ကရင်သတင်းစဉ် သတင်းများအရ ဒီနေ့မှာ လည်း ကရင်ပြည်နယ် မြ၀တီခရိုင် ဝေါ်လေဒေ သ ကနဲလေးစခန်းရှိ စကခ (၈) လက်အောက် ခံ ခမရ (၄၀၄) တပ်ရင်းကို KNLA တပ်ရင်း (၁၀၃) မှ ဒီနေ့နံနက်နဲ့ မွန်းလွဲပိုင်းမှာ နှစ်ကြိမ် ပြောက်ကျားနည်းနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ နအဖဘက်မှ ၆ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာ တယ်လို့ သိရှိရပါတယ်။ ဖေဖော်ဝါရီ ၃ ရက် နေ့နဲ့ ၄ ရက်နေ့တွေမှာလည်း ဒီအေဘီအေ ဗိုလ်မှူးကျော်သက်အဖွဲ့က ဖလူးမှာရှိတဲ့ နအဖ လက်နက်ကြီးနေရာတွေကို ပြောက်ကျားနည်းနဲ့ တိုက်ခိုက် ခဲ့တယ်လို့ သိရှိရပါတယ်။

ဝေါ်လေနဲ့ ဖလူး ဒေသတွေမှာ နအဖနဲ့ ဒီကေဘီအေ တို့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ရာမှာ ၂၀၁၀ နိုဝင်ဘာ ရ ရက်နေ့ကစလို့ ၂၀၁၁ ခုနှစ် ဇန်နဝါရီလကုန်အထိ ထိတွေမှုတိုက်ပွဲပေါင်းအကြိမ်ရေ ၈၅ ကြိမ်ကျော်ခန့်ရှိခဲ့ပါတယ်။ ဒီတိုက်ပွဲတွေအတွင်း နအဖ ဘက်က အသေ၊ ဒဏ်ရာပေါင်းက ၆၃၃ ဦးဖြစ်ပြီးတော့။ အဲဒီထဲက အသေ ၂၄၄ ဦး နဲ့ ထိခိုက်ဒဏ်ရာ ၃၈၉ ဦး ဖြစ်တယ်လို့ ဒီကေဘီအေ တပ်မဟာ ၅ မှ ဗိုလ်ဆန်းအောင်က ရရှိထားတဲ့ စာရင်းတွေထဲက ခန့်မှန်းပြောပြသွားပါတယ်။

11ReadMore-2.jpg

KNU/KNLA ငြိမ်းကောင်စီ စစ်ရေး ပြင်ဆင်ထားမှု (မှတ်တမ်းဗီဒီယို)

http://ehkhaungthaunt.blogspot.com/


နအဖစစ်အစိုးရနဲ့ အပစ်ခတ် ရပ်စဲထားသော်လည်း တင်းမာမှု အထွတ်အထိပ် ရောက်နေတဲ့ ဗိုလ်ထိန်မောင် ဦးဆောင်တဲ့ KNU/KNLA ငြိမ်းကောင်စီဟာ တင်းမာမှု ဖြစ်ပြီးတဲ့ နောက်ပိုင်း စစ်ရေးသတိ ပိုရှိလာတာကို တွေ့ရပါတယ်။ ဒါကလည်း တိုင်းရင်းသားတပ်နဲ့ နယ်မြေကို မလိမ့်တပတ်လုပ်ပြီး မောင်ပိုင်စီးမယ့် နအဖရဲ့ နယ်ခြားစောင့်တပ် အသွင်ပြောင်းလဲ ဖွဲ့စည်းဖို့ ဖိအားပေးနေတဲ့ အချိန် ဝေါ်လေဒေသက ငြိမ်းကောင်စီ တပ်ဖွဲ့ဝင်တွေကို နအဖတပ်ဖွဲ့ဝင်တွေက ရန်စ ဖမ်းဆီး သတ်ဖြတ်လိုက်တဲ့ သင်ခန်းစာ ကြောင့်လည်း ဖြစ်ပါတယ်။

နအဖတပ်ဖွဲ့ဟာ လွန်ခဲ့တဲ့ နိုဝင်ဘာ ၃၀ရက်နေ့က အပစ်ခတ်ရပ်စဲထားတဲ့ ဝေါ်လေဒေသက ငြိမ်းကောင်စီ အဖွဲ့ဝင်တွေကို အကြောင်းပြချက် တစုံတရာမပေးပဲ ရက်ရက်စက်စက် ဖမ်းဆီး သတ်ဖြတ်သွားခဲ့ကြပါတယ်။ အဆိုပါ သတ်ဖြတ်မှုတွေအတွက် နအဖစစ်အစိုးရထံ ဥပဒေကြောင်းအရ တိုင်ကြားဖို့ ငြိမ်းကောင်စီ ထိပ်တန်းခေါင်းဆောင် တယောက်က ကြိုးပမ်းနေတယ်လို့လည်း သတင်းတွေ ထွက်ပေါ်လာပါတယ်။

ဒါပေမယ့်လည်း အာဏာကို ဓါးပြတိုက်ယူ အုပ်ချုပ်ထားပြီး တရားဝင် အစိုးရ မဟုတ်တဲ့အပြင် ဥပဒေဟာ ၄င်းတို့ရဲ့ ပါးစပ်ဖျားပေါ်မှာသာ ရှိတဲ့ နအဖကို ဥပဒေကြောင်းအရ တိုင်ကြားဖို့ လုပ်တာဟာ ဘိန်းစား အိမ်မက်သကဲ့သို့ ဖြစ်နေကြောင်းနဲ့ ပြတ်ပြတ်သား ကိုင်တွယ်ရန် လိုအပ်ပြီးဖြစ်ကြောင်း တကမ္ဘာလုံးရှိ ကရင်ထုတရပ်လုံးရဲ့ အားမလိုအား မရဖြစ်နေတဲ့ ဝေဖန်သံတွေလည်း ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာလျှက် ရှိပါတယ်။
သို့သော်လည်း မဟာ စစ်အာဏာရှင်စနစ် ကျင့်သုံးသူတွေကို နှစ်ပေါင်း များစွာ တွန်းလှန်တိုက်ပွဲ ၀င်ခဲ့သူ ဗိုလ်ထိန်မောင်ရဲ့ မှန်ကန်တဲ့ ဦးဆောင်မှုနဲ့အတူ ပြတ်သားတဲ့ ဆုံးဖြတ်ချက်တွေ ထွက်ပေါ်လာမယ့်အချိန်ကိုတော့ ကရင်ထုတရပ်လုံးက မျှော်လင့်စောင့်စားနေလျှက် ရှိနေပါတယ်။ (အဲခေါင်သောင့်)


KNU/KNLA ငြိမ်းတပ်ဖွဲ့ဝင်တွေရဲ့ စစ်ရေးပြ အခမ်းအနား







KNU/KNLA ငြိမ်းတပ်ဖွဲ့ဝင်တွေ ဦးစီးပြုလုပ်တဲ့ ကရင့်နှစ်သစ်ကူး ပွဲတော






ကရင်တွေ ကိုယ့်ကိုယ်ကို ကရင်မှန်း သိတဲ့နေ့ဟာ ကရင်ပြည်ရတဲ့ နေ့ပဲ။ (ခေါင်းဆောင်ကြီး စောဘဦးကြီး)

11ReadMore-2.jpg

Saturday, February 5, 2011

ဒီကေဘီအေ နည်းဗျူဟာပြောင်းပြီး နအဖကို တိုက်ခိုက်မည်ဟုဆို

 

နော်အဲဏီ(ဖေဖေါ်ဝါရီ-၄)။ ။ မြန်မာစစ်အစိုးနှင့် ဒီကေဘီအေတပ်တွေကြား တိုက်ပွဲတွေဖြစ်ပွားနေသည်မှာ (၃)လကျော်ကြာခဲ့ပြီးဖြစ်သည့် အတွက်  ဒီကေဘီအေဘက်က  ရေရှည်ရပ်တည်နိုင်ရန် စစ်အစိုးရတပ်ကို ရေရှည်တိုက်ခိုက်နိုင်ရန်အတွက် နည်း ဗျူဟာသစ်ကိုပြောင်းရမည်ဟု ဒီကေဘီအေ စစ်ဆင်ရေးမှူး ဗိုလ်ဆန်းအောင်က ပြောပါသည်။
ဗိုလ်မှုးကြီး စောဆန်းအောင်
“ကျနော်တို့က ရန်သူကို စောင့်ပြီးပစ်နေတယ်၊ သုံး၊ လေး၊ ငါးရက်စောင့်နေတယ် ၊စောင့်ပြီးတော့ သူတို့က လူမလာခင် လက်နက်ကြီးနဲ့ပစ်တယ်၊ (၁၂၀) နဲ့ ပစ်တဲ့အခါကျတော့ ကျနော်တို့အတွက်က အားနည်းချက်ဖြစ်တယ်၊ သူများပဲ ကိုယ့်ကိုပစ်တယ် ၊ ကိုယ်ကပြန်ပစ်လို့မရတဲ့အခါကျတော့ သူ့ရဲ့လက်နက်ကြီး ပစ်ကွင်းထဲ မဖြစ်နိုင်အောင် တခြားနည်းဗျူဟာနဲ့ ပြန်တိုက်တယ်လေ၊ ဒီအတိုင်းနေမယ်ဆိုရင် သူ့ရဲ့လက်နက်ကြီးဒါဏ်ကို ကျနော်တို့ခံရ တယ်လေ၊ နည်းဗျူဟာပြောင်းတယ်ဆိုတာ ဒီလမ်းမပေါ်မှာ လူအင်အားနဲ့တိုက်မယ့်အစား ကျနော်တို့ လူစုခွဲပြီး တိုက်မယ်၊  အရင်ကကျနော်တို့တိုက်ခဲ့တာ ပြောက်ကျားကြီးပေါ့၊ အခုပြောက်ကျားလေးနဲ့ ပြန်တိုက်မယ်နော်၊ လူစုခွဲပြီး ပြောက်ကျားလေး တိုက်မယ်ပေါ့”

ရှေ့ဟောင်းနည်းအတိုင်း ဆက်ပြီးတိုက်ခိုက်နေမည်ဆိုလျှင် ဒီကေဘီအေတွေဘက်မှ ရေရှည်တွင် ထိခိုက်နိုင်မည်ဟုလည်းပြောသည်။

ဒီအေဘီအေဘက်တွင် စစ်အစိုးရတပ်ကသုံးသော လက်နက်အမျိုးအစားများမရှိတာကတစ်ကြောင်း၊ ပေါ်တာ အထမ်းသမားများမရှိတာကတစ်ဖုံ၊ ဒီကေဘီအေရှိသောနေရာကို နအဖတပ်များသိရှိပါက လက်နက်ကြီး များဖြင့် မရပ်မနားဖြစ်ခတ်မှုများကြောင့်လည်း ဒီအေဘီအေဘက်ကအားသာချက်ရအောင် အခြားနည်းဗျူဟာသုံးရခြင်း ဖြစ်ကြောင်း ဗိုလ်ဆန်းအောင်က ပြောပါသည်။

၎င်းကဆက်ပြီးတော့ ထိုင်းဘက်ခြမ်းကလည်း အကူအညီမပေးတဲ့အပြင် ထိုင်းနိုင်ငံအတွင်းသို့ ဖြတ်သန်း သွားလာခွင့်ပင်မပေးဟုဆိုသည်။

“လက်ရှိက သူက နအဖ လက်ကိုင်တုတ်ဖြစ်နေတဲ့ဘ၀မှာ ကျနော်တို့ကို အားပေးဖို့မပြောနဲ့၊ ဖြစ်နိုင်ရင် ကျနော်တို့ တော်လှန်ရေးကို ပပျောက်အောင် သူတို့လုပ်ရင်လုပ်အုံးမှာ” ဟု ဗိုလ်ဆန်းအောင်က ဆက်ပြော ပါသည်။

ဗိုလ်မှူးချုပ်စောလားပွယ်ဦးစီးသော ဒီကေဘီအေတပ်ဖွဲ့သည် နယ်ခြားစောင့်တပ်အသွင်ပြောင်းရေးကို လက်မခံသည့်အပြင် (၂၀၁၀)ခုနှစ်နိုဝင်ဘာလ(၇)ရက်နေ့တွင်ကျင်းပသော အထွေထွေရွေးကောက်ပွဲကို ဆန့်ကျင် ကန့်ကွက်သည့်အနေနှင့် မြ၀တီမြို့ကိုစီးနင်းသိမ်းပိုက်ခဲ့သည်။ မြန်မာစစ်အစိုးရတပ်ဖွဲ့များနှင့် ယနေ့တိုင် တိုက်ခိုက်နေသည့်ကရင်လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သည်။ 

http://www.kaowao.org/b/2011ne

11ReadMore-2.jpg

Thursday, February 3, 2011

တိုင်းရင်သားအဖွဲ့ များ စစ်အာဏာရှင်ကို ညီညီညွတ်ညွတ်တိုက်ခိုက်ရန်စောလဘွယ်တိုက်တွန်း

 




11ReadMore-2.jpg

Ler Mwe Ploan Theat Ba Long Mar



11ReadMore-2.jpg

Wednesday, February 2, 2011

ကော့ကရိတ်အနီး တောင်သုံးလုံးစခန်းတိုက်ပွဲ နောက်ဆက်တွဲ

 

ကော့ကရိတ်မြို့အဝင်က နအဖ အဖွဲ့ပေါင်းစုံထိုင်ပြီး ကားတွေကို စစ်ဆေးတဲ့ ချက်ပွိုင့်ဂိတ်ကို ဒီကေဘီအေ တပ်ဖွဲ့ဝင်တွေက ဇန်နဝါရီလ ၃၁ ရက်နေ့ ညက ဝင်ရောက်တိုက်ခိုက်ခဲ့ကြတယ်၊ တပြိုင်တည်းမှာပဲ နအဖ တောင်သုံးလုံးစခန်းကို တိုက်ခိုက်ခဲ့ကြပြီး နအဖ ဆက်သွယ်ရေးမိုက်ခရိုဝေ့တိုင်ကို ဖျက်ပစ်ခဲ့ကြတယ်။ ဒီကေဘီအေ ဘက်က အကျအဆုံးမရှိပဲ နအဖ ရဲ့ လက်နက်ငယ်တလက် သိမ်းပိုက်ရရှိခဲ့ပါတယ်။

ဇန်နဝါရီလ ၃၀ ရက်နေ့တုန်းကလည်း သင်္ဃန်းညီနောင်နားမှာ ဒီကေဘီအေတပ်တွေက နအဖ ကားတန်းကို တိုက်ခိုက်လိုက်တဲ့အတွက် ကားတစီးချောက်ထဲထိုးကျခဲ့ပါတယ်။ ဒီတိုက်ပွဲမှာ နအဖ ၆ ဦးသေပြီး ၁၃ ဦး ဒဏ်ရာရခဲ့တယ်။ ထိခိုက်ဒဏ်ရာထဲမှာ ဗိုလ်ကြီးအဆင့်ရှိသူ တဦးပါသွားခဲ့ပါတယ်။

11ReadMore-2.jpg

ဝေါ်လေ မော်သုနေရာမှာ ပြောက်ကျားတိုက်ပွဲတွေဆက်ဖြစ်


http://www.naytthit.net/
ငဝေါ်လေဂွင် မော်သုနေရာမှာ ဒီကေဘီအေဘက်မှ နအဖ တပ်မ ၂၂ လက်အောက်ခံ ခမရ ၅၈၆ တပ်ရင်းကို ဒီကနေ့ ညနေ  ၃ နာရီခွဲလောက် ဆွဲမိုင်းနဲ့  တိုက်ခိုက်ခဲ့ပါတယ်။ ထိခိုက်ဒဏ်ရာ မသိရသေးပါ။ မနေ့ညကလည်း သေ့ပေါဘိုး နဲ့ ဘရက်တို့ ကြားမှာလည်း နအဖ ကို ဒီကေဘီအေမှ မိုင်းဆွဲ တိုက်ခိုက်ခဲ့ပါတယ်။

အခုလို့ ပြောက်ကျားတိုက်ပွဲတွေနဲ့ ပတ်သက်ပြီး ဒီကေဘီအေ ဗိုလ်ဆန်းအောင် ပြောပြတာက…
“ကျနော်တို့ ၂၀၁၀ နိုဝင်ဘာ ၇ ရက်နေ့က စပြီး တိုက်ပွဲတွေ စဖြစ်ကတည်းက ဝေါ်လေ မော်ခီကုန်းက နအဖ စစ်တပ်တွေကို ကျနော်တို့ဘက်က အဆက်အသွယ်ထောက်ပံ့ရေးလမ်းကြောင်းတွေ ဖြတ်တောက်လိုက်တာဖြစ်တယ်။ အဲဒါကို နအဖ ဘက်က ကြာအင်ဆိတ်ကြီးက တဗျူဟာ မြဝတီ ဘက်ကတဗျူဟာနဲ့ ပိတ်မိနေတဲ့ သူတို့လူတို့လူတွေကို ပြန်ဆက်ဘို့အတွက် ထိုးစစ်ဆင်လာတာဖြစ်တယ်။

ကျနော်တို့ကလည်း သူတို့လာတဲ့ လမ်းကြောင်းကို အထပ်ထပ်ပိတ်ထားတဲ့ တိုက်ပွဲပုံစံတွေဖြစ်တယ်။ နောက်ပိုင်း ကျနော်တို့ ဘက်က ရန်သူ့ နောက်ကျောဘက်ကို ပြောက်ကျားစစ် ပိုမိုဆင်နွှဲမှာဖြစ်တယ် ”
ဝေါ်လေဒေသနဲ့ ဖလူးဒေသတွေမှာ ဇန်နဝါရီလ ၈ ရက်နေ့မှ ၃၁ ရက်ထိ ဒီကေဘီအေနဲ့ နအဖ တို့ရဲ့ တိုက်ပွဲတွေကြောင့် နအဖ ဘက်မှ ၁၈၃ ယောက်သေ ၂၃၃ ယောက် ဒဏ်ရာရ မိုင်းထိတာက ၅၁ ယောက်ရှိခဲ့တယ်လို့ သိရှိရပါတယ်။ ခုဖြစ်နေတဲ့ တိုက်ပွဲမှာ ပါဝင်တဲ့ နအဖ တပ်တွေကတော့ တပ်မ ၂၂ လက်အောက်ခံ (၂၀၃)၊ (၂၀၉)၊ (၂၁၀) ၊ စကခ (၈)၊ တပ်မ ၆၆၊ စကခ (၁၈)၊စကခ (၅)၊ စတဲ့ တပ်တွေဖြစ်ပါတယ်။

11ReadMore-2.jpg

စစ်တပ်ကို ပို့ပေးသော ရိက္ခာအား ကရင်နီနှင့် ကေအဲန်ယူ ပူးပေါင်းတပ် သိမ်းယူ


http://www.ktimes.org/news/regional/item/9


ကရင်နီပြည် အမှတ် ၂ ခရိုင်ရှိ ဒေသခံရွာသားများမှ မြန်မာစစ်အစိုးရတပ်အား စက်လှေဖြင့် ပို့ဆောင်ပေးသော ရိက္ခာများကို ကရင်နီတပ်မတော်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ပူးပေါင်းတပ်ဖွဲ့တို့မှ ဖမ်းဆီးသိမ်းယူလိုက်သည်။ ကရင်နီတပ်မတော်မှ တပ်ရင်း ၁၊ စစ်ဦးစီးတပ်၊ ခရိုင်တပ်တို့ ၃ ဖွဲ့ ပူးပေါင်းထားသော (ထုတ်နှုတ်အင်းအား) ဟု ခေါ်သော တပ်ဖွဲ့နှင့် ကေအဲန်ယူ တပ်မဟာ ၅တို့ တပ်ဖွဲ့သည် စစ်အစိုးရတပ် ရိက္ခာများကို ပြီးခဲ့သည့် ဇန်န၀ါရီလ ၂၁ ရက်နေ့က ဖာဆောင်းနှင့် တောင်လပ်ကြား ပယ်ထာဒေသတွင် ကြားဖြတ်ကာ ဖမ်းဆီးသိမ်းယူလိုက်ခြင်း ဖြစ်သည်။
ကရင်နီတပ်မတော်များ
ကရင်နီတပ်မတော်များ
“သူတို့ စစ်သားက မပါဘူး။ သူတို့ ရွာသားနဲ့ ပို့ခိုင်းတယ်။ ပထမ တခေါက်က သူတို့ ပို့တာ ကျော်သွားပြီ။ အခုလည်း ဒီဒုတိယ တခေါက်မှ မိသွားတာ” ဟု ကရင်နီတပ်မတော် တပ်ရင်း ၁မှ ထောက်လှမ်းရေး အရာရှိ စောခဲရိုက ပြောသည်။

ထိုပူးပေါင်းတပ်ဖွဲ့သည် ရွာသားများ စက်လှေ ၉ စီးဖြင့် သယ်ယူလာသော စစ်အစိုးရတပ် ရိက္ခာများ ဖြစ်သည့် ဆန် (၃ ပုံးအိတ်) ၈၀၀၊ ဘိလပ်မြေ အိတ် ၃၅၀၊ ကုလားပဲ အိတ် ၅၀နှင့် ဓါတ်ဆီ (လှောင်စာဆီ) ဂါလံ ၈၀၀ တို့ကို ဖမ်းဆီးသိမ်းယူ လိုက်ပြီး ရွာသားများနှင့် စက်လှေများကို ပြန်လွတ်လိုက်သည်။ ထိုအပြင် ၎င်းတပ်ဖွဲ့မှ ဖမ်းဆီးသိမ်းယူရသော စစ်အစိုးရတပ် ရိက္ခာများကို ၎င်းတို့ ကိုယ်ပေါ်၌ ဆောင်ထားနိုင်သလောက်ဘဲ ယူထားပြီး ကျန်သည့် ရိက္ခာများကို ရေထဲ၌ လွတ်ချလိုက်သည်။
“အဲဒီစက်လှေက လူထုရဲ့ စက်လှေ ဖြစ်တယ်။ အဲဒီတော့ ဒီနအဖတွေက အရှေ့တောင် တိုင်းနဲ့ အရှေ့ပိုင်းတိုင်း သူတို့ အရှေ့တောင်ပိုင်းအတွက် ပို့ပေးတယ်လေ။ အရှေ့တောင်တိုင်းဆိုတာ ဒီကော်သူးလေ နယ်ဖက်ပေါ့နော်။ စော်ထာတို့၊ ထီးထာတို့ အတွက်ပေါ့။ ရိက္ခာ ပို့ပေးတယ်။ ဖာဆောင်းလမ်းကနေ ပို့ပေးတယ်။ ရေလမ်းနဲ့ သံလွင်မြစ်အတိုင်း စုန်ဆင်းကြတယ်လေ” ဟု စောခဲရိုက ဆက်ပြောသည်

ရှမ်းပြည်နယ်တောင်းပိုင်း ဖယ်ခုံမြို့နယ်ရှိ စစ်ဆင်ရေးကွပ်ကဲမှုစစ်ဌာနချုပ် (စကခ) ၇မှ တနှစ်သာ ရိက္ခာများကို ကရင်ပြည်နယ် သံတောင်မြို့နယ်သို့ ပို့ဆောင်ရန် ဖြစ်သော်လည်း လမ်းခက်ခဲမှုကြောင့် လွိုင်ကော်ဘက်မှ ပြန်လည်ပို့ဆောင်ခြင်း ဖြစ်သည်။ စော်ထာသည် ကရင်ပြည်နယ်အတွင်းတွင် တည်ရှိပြီး ထီးထာမှာ ကရင်နီပြည်နယ်နှင့် ကရင်နီပြည်နယ်စပ်တွင် တည်ရှိပါသည်။

11ReadMore-2.jpg

Template by:

Free Blog Templates