Tuesday, January 25, 2011

ဖလူးဒေသတွင်း တိုက်ပွဲ နအဖ တပ်သား ၃၀ကျော် ထိခိုက်သေဆုံး


စောခါးစူးညား (ကေအိုင်စီ)

 KNLA တပ်ရင်း (၁၀၁) မှ ရဲဘော်များ
ကရင်ပြည်နယ် ဝေါ်လေဂွင်၊ ဖလူးကျေးနယ်၊ ကျောက်ခက်ဒေသအတွင်း ယမန်နေ့ မနက်က နအဖနှင့် ကရင်တပ်ဖွဲ့ တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ နအဖတပ်ဖွဲ့ဝင် ၃၀ကျော် ထိခိုက်သေဆုံးခဲ့သည်ဟု ကရင်တပ်ဖွဲ့များ၏ ပြောပြချက်အရ သိရသည်။

အဆိုပါ တိုက်ပွဲတွင် ကရင်တပ်ဖွဲ့မှ ကိုက် ၃၀၀ခန့် နောက်ဆုတ်ပေးခဲ့ရသော်လည်း စကခ (၁၂) လက်အောက်ခံတပ် ရင်းများဘက်မှ တပ်သား ၂၀ကျော်သေဆုံးခဲ့ပြီး ၁၀ကျော် ဒဏ်ရာရရှိခဲ့သည်ဟု DKBA တပ်မဟာ(၅)မှ စစ်ဆင်ရေးမှူး ဗိုလ်မှူး စောဆန်းအောင်က ကေအိုင်စီကို ယခုလို ပြောသည်။

သူက “မနေ့ကတိုက်ပွဲမှာ နအဖ ၃၀ ကျော်ထိခိုက်သေဆုံးမှု ရှိတယ်လို့ ကျနော်တို့ သိရတယ်။ ကျနော်တို့ဘက်ကတော့ တယောက်မှ ထိခိုက်မှု မရှိဘူး။ တိုက်ပွဲဖြစ်တာကတော့ ကျောက်ခက်ရဲ့ တဖက်ကမ်းမှာပါ။ နောက် ကျနော် တို့က လက်နက်ကြီး အလုံး ၂၀ လောက်နဲ့ လှမ်းပစ်တယ်။ ဒီနေ့လည်း သူတို့တက်လာတယ်။ ဒါပေမဲ့ ကျနော်တို့က မပိုင်ရင် လုံးဝမပစ်ဘူး။ ကျနော်သတ်ကွင်းထဲကို ၀င်မှ ပစ်မယ်။ အခုလည်း သူတို့ကို ကျနော်တို့ တပ်ဖွဲ့တွေ စောင့်ပစ်နေ တယ်။”ပြောသည်။

ယင်းတိုက်ပွဲကြောင့် ဖလူးဒေသရှိ သေ့ဘောဘိုးကျေးရွာမှ အရပ်သား ၁,၀၀၀ခန့် ထိုင်းနိုင်ငံဘက်ခြမ်းရှိ မော်လီချိုင်း ကျေးရွာတွင် ယမန်နေ့က ထပ်မံထွက်ပြေးလာရသည်ဟု ဒုက္ခသည်များကို သွားရောက် ကူညီပေးခဲ့သည့် ကရင်လူမှု ကယ်ဆယ်ရေးအဖွဲ့ဝင် တဦးဖြစ်သည့် စောမိုးနိုင်က ပြောသည်။

၎င်းက“အခု ပြေးလာသူ အသစ်နဲ့ အရင်ရှိထားတဲ့ အဟောင်းတို့ ပေါင်းလိုက်ရင် တထောင်ကျော်တယ်။ သူတို့တွေကို ဆန်၊ ဆီ၊ ဆား၊ အချိုမှုန့်၊ ငါးသေတ္တာ စတဲ့ စားစရာလေးတွေ ကျနော်တို့ သွားရောက် ကူညီပေးတယ်။”ဟု ပြောပြ သည်။

လက်ရှိ ဖလူးဒေသအတွင်းရှိ ကျောက်ခက်ဒေသတွင် နအဖ စခက(၁၂) လက်အောက်ခံတပ်ရင်းများဖြစ်သည့် ခလရ (၂၃၁)၊ ခမရ(၅၄၇)၊ (၅၄၈)၊ (၆၅၆)တပ်ရင်းတို့ လှုပ်ရှားနေသည်ဟု DKBA စစ်ဆင်ရေးမှူး ဗိုလ်မှူးစောဆန်းအောင်က ပြော သည်။

11ReadMore-2.jpg

စစ်တပ်အတွက် ရွာသားများ သတင်း ပေးပို့ရန် ပျက်ကွက်ပါက အပစ်ပေးခံရ





  ကန္တာရ၀တီတိုင်း(မ်)   

ကရင်နီပြည် ဖရူဆိုမြို့နယ်အတွင်းရှိ ကျေးရွာအချို့မှ ရွာသားများသည် မြန်မာစစ်အစိုးရ တပ်အတွက် သတင်းများကို နေ့စဉ် အစီရင်ခံပေးနေရကာ ပျက်ကွက်ပါက အပစ်ပေးဒဏ်ခတ်မှုများ ခံရကြောင်း သိရသည်။
ကရင်နီပြည် အလယ်ပိုင်းဒေသမှ ကျေးရွာတရွာ (ဓါတ်ပုံ-KSWDC)ကရင်နီပြည် အလယ်ပိုင်းဒေသမှ ကျေးရွာတရွာ (ဓါတ်ပုံ-KSWDC)

ဖရူဆိုမြို့နယ် ဖုကရားခူကျေးရွာ အနီး၌ တပ်စွဲထားသော စစ်အစိုးရတပ် ခမရ ၅၃၁ သည် ၎င်းတို့ တပ်စခန်းသို့ ထိုဒေသရှိ ကျေးရွာများမှ ရွာသားများကို ကျေးရွာအုပ်စုနှင့် ကျေးရွာတွင်း၏ အခြေအနေနှင့် ကရင်နီတပ်မတော်များ၏ လှုပ်ရှားမှု သတင်းများကို ပုံမှန် ပေးပို့ခိုင်းကာ ပျက်ကွက်ပါက အပစ်ပေးဒဏ်ခတ်ခြင်း ဖြစ်သည်ဟု ကရင်နီဗဟိုသတင်းအဖွဲ့မှ ခူဒယ်နီယာက ပြောသည်။

၎င်းက “ဖုကရားခူတပ်ပေါ့ ရွာသားတွေကို သတင်း နေ့တိုင်း လာပို့ခိုင်းတယ်လေ။ နောက်ပြီး ခိုးပရာရွာနဲ့ ဂျိုခူရွာက ၃ ရက် ပျက်ကွက်တော့ သူတို့ ပြန်လာတဲ့ နောက်တရက်မှာ စစ်တပ်က ခိုးပရာရွာသားကို ရေ ၃ ခေါက် သွားခပ်ခိုင်းတယ်။ ဂျိုခူရွာသားကိုတော့ ရိက္ခာ သွားထမ်းခိုင်းတယ်” ဟု ပြောသည်။

ရွာသားများသည် သတင်းများကို စစ်အစိုးရတပ် တပ်စခန်းသို့ သွားရောက်ပေးပို့ရသည့်အပြင် သွားသည့် အကြိမ်တိုင်းတွင် စစ်တပ်များအတွက် စားသောက်စရာ ကြက်တကောင် သို့မဟုတ် အရက်တလုံး သို့မဟုတ် ဟင်းတခုခုကို ယူဆောင်လာပေးရကြောင်း ခူဒယ်နီယာက ဆက်ပြောသည်။

11ReadMore-2.jpg

Monday, January 24, 2011

နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၁၇ဦး ကေအဲန်ယူထံ လာရောက် ပူးပေါင်း

နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းထား သည့် ဒီကေဘီအေ တပ်ဖွဲ့ဝင် ၁၇ဦး ဇန်န ၀ါရီလ ၂၄ရက်နေ့ မနက်က ကေအဲန် ယူထံ ပြန်လည် ပူးပေါင်းလာသည်ဟု စုံစမ်း သိရှိရသည်။

နယ်ခြားစောင့်တပ် အမှတ် ၁၀၁၉မှ ဒုခွဲမှူး စောနေဘလူးထူးဦးဆောင်သည့် အဖွဲ့ဝင် ၁၇ဦးပါအဖွဲ့ဟာ လက်နက်တွေနှင့်အတူ ကေအဲန်ယူ တပ်မဟာ၇ထံ လာရောက်  ပူးပေါင်းခြင်း ဖြစ်ပြီး ၄င်းတို့နဲ့အတူ လက်နက် ၁၉လက်နှင့် ဆက်သွယ်ရေးစက် ၄လုံးပါဝင်သည်ဟု ဒီဗီဘီသတင်းတွင် ဖော်ပြထားသည်။

ယခု ပူးပေါင်းလာသည့် နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၁၇ဦးသည် ဗိုလ်မှူးစောလိုက်သိန့်ဦးဆောင်သည့် နယ်ခြားစောင့်တပ်ဖွဲ့ အမှတ် ၁၀၁၉တပ်ရင်းမှ ဖြစ်သည်။ ဗိုလ်မှူးစောလိုက်သိန့်သည် နယ်ခြားစောင့်အသွင်မပြောင်းခင်က ဒီကေဘီအေ ၉၉၉တပ်မဟာ လက်အောက်ခံ တပ်ရင်း၇မှ တပ်ရင်းမှူးတဦး ဖြစ်သည်။

လွန်ခဲ့တဲ့ ဇန်န၀ါရီလ ၂၁ရက်နေ့ကလည်း မြ၀တီမြို့နယ် ရွေက္ကိုလ်အခြေစိုက် နယ်ခြားစောင့်တပ် အမှတ် ၁၀၁၈မှ ဒုတပ်ကြပ် တဦးနဲ့ တပ်သားတဦး တပ်မဟာ၇ထံ လက်နက်နဲ့အတူ လာရောက် ပူးပေါင်းခဲ့သေးသည်။

ဒါ့အပြင် ဇန်န၀ါရီလ ၁၄ရက်နေ့ကလည်း အသက် ၅၀ကျော်သဖြင့် နယ်ခြားစောင့် တပ်ဖွဲ့တွင် ပါဝင်ခွင့်မရသည့် ယခင် ဒီကေဘီအေ ၉၉၉လက်အောက်ခံ တပ်ရင်း၅ တပ်ရင်းမှူး စောဖိုးကလိဟာလည်း ကေအဲန်ယူထံ ပြန်လည်ပူးပေါင်း ရောက်ရှိလာခဲ့သည်။

ဒီကေဘီအေ အများစုဟာ နယ်ခြားစောင့်တပ်ကို အသွင်ကူးပြောင်းအပြီး နယ်ခြားစောင့်တပ် မလုပ်လိုသည့် တပ်ဖွဲ့ဝင်အများအပြား ကေအဲန်ယူနှင့် နအဖကို ပြန်လည် တော်လှန်နေသည့် ဗိုလ်နှုတ်ခမ်းမွေး၏ ဒီကေဘီအေအဖွဲ့ထံ တဖွဲဖွဲပြန်လည် ပူးပေါင်းလာကြပြီး ဆက်လက် ပူးပေါင်းမည့်သူ အများအပြားလည်း ကျန်ရှိနေသေးသည်ဟု ပြန်လည် ပူးပေါင်းသူများ၏ အဆိုအရ သိရှိရပါသည်။

သတင်း-အဲခေါင်သောင့်

11ReadMore-2.jpg

Sunday, January 23, 2011

ဖလူး နဲ့ ဝေါ်လေဒေသ ဇန်နဝါရီ ၂၃ ရက် အခြေအနေ

ချောင့်ခက်ရွာအနီးက သရက်ပင်စခန်းတိုက်ပွဲမှာ ဇန်နဝါရီလ ၁၇ နေ့က ဖြစ်ပွားခဲ့တဲ့ ဒီကေဘီအေနဲ့ နအဖ တို့ တိုက်ပွဲ မှာ နအဖ ခမရ ၃၅၇ မှ တပ်သား ၁၃ ယောက်သေဆုံးပြီး ၁၇ ဦး ဒဏ်ရာရခဲ့တဲ့ တိုက်ပွဲပြီးတဲ့နောက် နယ်စပ်မှာ ပတ်ခတ် သံတွေ လေးငါးရက်ညိမ်သက်သွားခဲ့ပြီး ဇန်နဝါရီ ၂၃ ရက်နေ့ မနက်စောစောကစလို့ တိုက်ပွဲသံတွေ ဖလူးနဲ့ ဝေါ်လေ တ ရှောက်မှာ ပြန်လည်ထွက်ပေါ်လာပါတယ်။
ဇန်နဝါရီလ ၂၃ ရက်နေ့ မနက်  ၆ နာရီလောက်ကစပြီး နအဖ စစ်တပ်မှ စကခ (၁၂) လက်အောက်ခံ တပ်ရင်းတွေဖြစ်တဲ့ ခမရ (၅၄၈)၊ ခမရ (၅၄၉) တပ်တွေနဲ့ ဒီကေဘီအေ ကလိုထူးဘော ဗျူဟာမှူး ဗိုလ်မှူးကျော်သက် ဦးဆောင်နေရာယူ ထားတဲ့ ချောင့်ခက်အနီး ဘောဘောကျိုးနေရာကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ နအဖ စစ်သား ၄ ဦးသေဆုံးပြီး ထိခိုက် ဒဏ်ရာ များစွာရရကာ ဆုတ်ခွာသွားခဲ့ရပါတယ်။ ညနေပိုင်းအထိကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတုန်းဖြစ်ပါတယ်။
တချိန်တည်းမှာပဲ တိုက်ပွဲဖြစ်နေတဲ့ နေရာကို ထောက်ကူပစ်ခတ်နေတဲ့ နအဖ ဝေါ်လေဗျူဟာကုန်းမှ လက်နက်ကြီး ကျည် မတော်တဆပေါက်ကွဲမှုဖြစ်လို့ နအဖ လေးဦးသေးဆုံးသွားပြီး သေဆုံးတဲ့အထဲမှာ တပ်ရင်းအရာရှိတယောက် ပါတယ်လို့လည်း သတင်းရရှိပါတယ်။
ဒီတနေ့ထဲမှာပဲ ဝေါ်လေ အိုကရေ့ထ နေရာမှာ ဒီကေဘီအေဘက်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ နအဖ သုံးဦး ဒဏ်ရာရရှိခဲ့ပါ တယ်။
ဖလူးဘက်မှာတော့ ဒီကေဘီအေ ဗိုလ်ကျော်သက် ဦးဆောင်တဲ့ တပ်ဖွဲ့တွေက နအဖ စစ်ကြောင်းကို ခြုံခိုတိုက်ခိုက်ခဲ့ရာ နအဖ တပ်သား ၂ ဦး သေဆုံးခဲ့တယ်လို့ သိရှိရပါတယ်။
ဒီရက်ပိုင်းထဲမှာ မြဝတီမြို့အနီးပတ်ဝန်းကျင်မှာ နယ်စပ်ဖြတ်ကျော်မှုတွေကို တင်းကျပ်စွာပိတ်ပင်ထားပါတယ်။ ဇန်နဝါရီ ၂၃ ရက်နေ့က ဘားအံမြို့ကနေ မြဝတီဘက်ကို စစ်သားအပြည့်တင်ထားတဲ့ စစ်ကား ၁၅ စီး ထွက်သွားတယ်လို့ ကိုယ် တိုင်တွေ့ရှိရတဲ့ ဘားအံမြို့ခံတဦးက ပြောပြလို့ သိရှိရပါတယ်။

11ReadMore-2.jpg

ကရင်အချင်းချင်း မတိုက်ချင်တဲ့ စောသံမဏိရဲ့ အင်တာဗျူးဖြေကြားချက်

http://www.ninedeblood.blogspot.com/




ကရင်ဘာသာနဲ့ စောသံမဏိ ပြောဆိုသွားတာကတော့ "နယ်ခြား စောင့်တပ်အတွက် ရွာတွေမှာ စစ်သား လိုက်လံ စုဆောင်းနေကြောင်း၊ တရွာလျှင် ၁၀ယောက်၊ ၁၅ယောက်၊အထိ မသွားမနေရ လိုက်လံ စုဆောင်းနေကြောင်း၊ ဒီကေဘီအေ ကနေ နယ်ခြားစောင့်တပ် ပြောင်းပြီး ကရင်ချင်း ပြန်တိုက်ရမှာကို မလိုလားကြောင်း၊ သူ့တပ်ရင်းမှူး မြခိုင်ဆိုသူဟာလည်း နယ်ခြားစောင့်တပ်ကို ပြောင်းသွားပြီး ဖြစ်ကြောင်း၊ ယူအဲန်ရှေ့ တကိုယ်တော် ဆန္ဖပြရခြင်းဟာ ယူအဲန်အနေနဲ့ မြန်မာပြည် အရေးကို ၀င်ရောက် ကူညီပေးရန် တောင်းဆို ဆန္ဖပြရခြင်း ဖြစ်ကြောင်း၊ ရွေးကောက်ပွဲအတွက် မဲထည့်ဖို့ လုပ်ခဲ့တာတွေဟာ လမ်းကြောင်းမမှန်ပဲ စစ်အာဏာရှင် တည်တံ့ခိုင်မြဲရေး အတွက်သာ ဖြစ်ကြောင်း၊ ၂၀၁၀ ရွေးကောက်ပွဲဟာ ဒီမိုကရေစီ အတုအယောင်သာ ရရှိမှာ ဖြစ်ကြောင်း၊ အဲဒီရွေးကောက်ပွဲကနေ ပြည်တွင်းစစ် ဖြစ်ပွားလာနိုင်ကြောင်း၊ ပြည်တွင်းစစ်ကို

မတိုက်ချင်ကြောင်း၊ ကရင်အချင်းချင်း တိုက်ရမှာကိုလည်း မလိုလားကြောင်း၊ သူတို့စစ်သား ဖြစ်သွားရင် သူတို့ခိုင်းတာကို လုပ်ရမှာ ဖြစ်တဲ့အတွက် မလုပ်ချင်ကြောင်း၊ မြန်မာပြည် အရေးကို ယူအဲန်အထိ တင်ပြပေးဖို့ တောင်းဆိုချင်ကြောင်း၊ ယနေ့မှာလည်း ရွာတွေမှာ ပြည်သူ့စစ် လိုက်လံ ကောက်ခံနေကြောင်း၊ မသွားနိုင်ရင် တယောက်ကို တရက်စာ ၃၀၀၀ပေးပြီး ရွာအနေနဲ့ ငှားပေးနေရကြောင်း၊ တရွာမှာ အယောက် ၃၀၊ ၄၀အထိ ၂လခရီးကြာ သွားရမှာဖြစ်သော်လည်း မသွားနိုင်၊ မသွားရဲကြသဖြင့် ရွာကနေ ပိုက်ဆံပေးပြီး သွားရဲသူတွေကို တဆင့်ခံ ငွေပေးငှားရကြောင်း၊ ပြည်သူ့စစ်ကို မလုပ်ချင်လည်း အတင်းလုပ်ခိုင်းနေကြောင်း၊ ကရင်အချင်းချင်း အပြန်အလှန် ပစ်ကြခတ်ကြတာကို မလိုးလားကြောင်း စောသံမဏိက ပြောဆိုသွားတာပါ"။

ဒီကေဘီအေ ၉၉၉တပ်မဟာမှ အဖွဲ့ဝင်တဦးဖြစ်ခဲ့သူ စောသံမဏိဟာ လွန်ခဲ့တဲ့ ဇန်န၀ါရီလ ၄ရက်နေ့က လက်ပစ်ဗုံးကို စနက်တံဖြုတ်ပြီး အချက်လေးချက်နဲ့ မဲဆောက်မြို့ ယူအဲန်ရုံးရှေ့မှာ တကိုယ်တော် ဆန္ဖပြခဲ့သူဖြစ်ပါတယ်။ နောက်ပိုင်း ထိုင်းအာဏာပိုင်တွေထံ လက်နက်ချလိုက်ပြီး ယခုအခါ ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးထိန်းသိမ်းထားပါတယ်။(အဲခေါင်သောင့်)
Posted by sawdahbo2749@gmail,com at 7:18 PM

11ReadMore-2.jpg

ရောက်ရာအရပ်ကအကြောင်းကြားပါ

ဆိုဒ်ပိုင်ရှင်ရေ  ရောက်ရာအရပ်ကအကြောင်းကြားပါ

စိတ်ပူနေတယ်နော်  အဆက်သွယ်မဖြတ်ပါနဲ့

သတင်းပို့ပါ


ပုံ   စိတ်ပူသူ

11ReadMore-2.jpg

တပ်မဟာ ၄တိုက်ပွဲ နအဖ ၇ယောက် ထိခိုက်သေဆုံး


ကရင့် အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) တပ်မဟာ ၄နှင့် နအဖ ခမရ ၅၅၈တို့ လွန်ခဲ့တဲ့ ဇန်န၀ါရီလ ၂၁ရက်နေ့မှာ တိုက်ပွဲ ဖြစ်ပွားရာ နအဖ ဘက်မှ ၃ယောက် သေဆုံးပြီး ၄ယောက် ဒဏ်ရာ ရရှိခဲ့တယ်လို့ တပ်မဟာ ၄ရဲ့ သတင်း ထုတ်ပြန်ချက်အရ သိရပါတယ်။

တိုက်ပွဲ ဖြစ်ပွားရာ နေရာကတော့ ဘိတ် ထားဝယ် ခရိုင်အတွင်းမှာ ရှိတဲ့ ထိုမားဖလို တောင်ကုန်းနဲ့ ဘိုရာခါဟေး တောင်ကုန်း ကြားမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
တိုက်ပွဲဟာ မနက် ၈နာရီ ၄၀မိနစ်မှာ ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး KNLAဘက်မှ ထိခိုက်ဒဏ်ရာရရှိတာ မရှိကြောင်း သိရှိရပါတယ်။ (ကိုးကား-ကွယ်ကလူ)

11ReadMore-2.jpg

ကလေးစစ်သား တဦးနဲံ အဓ္ဒစစ်သားစုဆောင်းခံရသူတဦး အိန္ဒိယသို့ ထွက်ပြေး





11ReadMore-2.jpg

အလံသစ်ကို မခံစားနိုင်ကြသော ကျောင်းဆရာများ

Home သတင်း ပြည်တွင်းသတင်း အလံသစ်ကို မခံစားနိုင်ကြသော ကျောင်းဆရာများ

“လူတစ်စု ကောင်းစားဖို့အတွက် ယတြာချေပြီး စီရင်ပြင် ဆင်ထားတဲ့ ဒီအလံသစ်အကြောင်းကို ကျနော်တို့ ကျောင်းမှာ လုံးဝကို မသင်ချင်ကြဘူးလေ” လှိုင်သာယာ မြို့ မူလတန်း ကျောင်းအုပ်ဖြစ်သူ ဆရာကြီး ဦးတင်ဝင်း
က မောက္ခသို့ ပြောကြားခဲ့ပါသည်။
ခေတ်အဆက်ဆက် အလံများ
၂၀၁၁-၂၀၁၂ ပညာသင်နှစ်အတွက် တတိယတန်း (grade 3) မြန်မာစာ ဖတ်စာတွင် အလံသစ်ကို ပြောင်းလဲထည့်သွင်း သင်ကြားသွားရန် ပညာရေး ၀န်ကြီးဌာန၏ ညွှန်ကြားမိန့်အပေါ်တွင် ယခုကဲ့သို့ တုန့်ပြန်ပြောဆိုလိုက်ခြင်း ဖြစ်သည်။
၂၀၀၈ ခုနှစ် နအဖ၏ တစ်ဖက်သက် ရေးဆွဲထားသည့် ဖွဲ့စည်းပုံအရ ၂၀၁၀ ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့တွင် စတင်ပြောင်းလဲခဲ့သည့် အလံသစ်အကြောင်းကို ကျောင်းများတွင် သင်ကြားရန်အတွက် အခြေခံပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဘိုဝင်းက အမိန့်ပေးခဲ့သည်။
သို့ရာတွင် ကျောင်းဆရာဆရာမများအနေဖြင့် ဤသင်ခန်းစာအသစ်ကို သင်ကြားရန် ဆန္ဒမရှိကြောင်းနှင့် အလံသစ်၏ မပြည့်စုံသေးသော အဓိပ္ပါယ်များအကြောင်းကို ကန့်ကွက်ပြောဆိုလျက်ရှိကြသည်။
“တကယ်တမ်းမှာတော့ သင်ရိုးညွှန်းတမ်းကို ဒီမိုကရေစီနည်းလမ်းတကျသာ ပြင်ဆင်ရေးဆွဲခွင့်ရှိတာပါ။ ဖွဲ့စည်းပုံကလည်း တဖက်သက်ရေးဆွဲထားတာကို ကျောင်းဆရာဆရာမများက နားလည်ထားကြတယ်။ အများပြည်သူလူထုရဲ့ ဆန္ဒနဲ့ ဆန့်ကျင်ပြီး လုပ်ထားတဲ့ဟာကို မျိုးဆက်သစ်တွေအတွက် ဘယ်လိုလုပ်ပြီး လေ့ကျင့်ပေးနိုင်မလဲ။” မူလတန်း ဆရာမတစ်ဦးဖြစ်သူ၊ ဇီးကုန်းမြို့ အမကမှ ဒေါ်မင်းမင်းအေးက သူမတို့ အနေဖြင့် လက်မခံနိုင်ကြောင်းကို ရင်ဖွင့်ခဲ့ခြင်း ဖြစ်သည်။
ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်အတွင်းရှိ မူလတန်းကျောင်းအုပ်ဆရာကြီးမှ ယခုကဲ့သို့ ဆက်လက်ပြောပြခဲ့သည်။
“အားလုံးပဲ စိတ်ဆင်းရဲနေကြတယ်ဗျာ။ အများပြည်သူရဲ့ ဆန္ဒမပါတဲ့ လုပ်ရပ်အမှားကြီးကို ကျောင်းပညာရေးထဲ အမိန့်ပေးစေခိုင်းပြီး ဆွဲသွင်းနေတာလေ။ မြန်မာကျောင်းဆရာမှန်ရင် ဒါကို ဆန့်ကျင်ကြမှာပါပဲ။”

မောက္ခ ပြည်တွင်းပညာရေးသတင်း

11ReadMore-2.jpg

Wednesday, January 19, 2011

ဖလူးစစ်ဒေသ နအဖ စစ်ကြောင်းမှ ထွက်ပြေးလွတ်မြောက်လာတဲ့ အကျဉ်းသားပေါ်တာများ(ရုပ်သံ) (နေ့သစ်မီဒီယာမှ ...)

(နေ့သစ်မီဒီယာမှ ...)


11ReadMore-2.jpg

ကေအဲန်ယူ ပစ်ခတ်မှုကြောင့် စက်လှေပါ နအဖစစ်သားများ သေကြေ ပျောက်ဆုံး

KIC သတင်းမှ.........

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဘူးသိုမြို့နယ်တွင် သံလွင်မြစ်အတွင်း နအဖစစ်သား ၁၀ဦး ပါလာသည့် စက်လှေကို ပြီးခဲ့သည့် ရက်ပိုင်းက ကေအဲန်ယူ တပ်မဟာ(၅)တပ်ဖွဲ့ဝင်များက ပစ်ခတ်ခဲ့သဖြင့် စက်လှေတိမ်းမှောက်ကာ နအဖတပ်သားအားလုံး သေကြေပျောက်ဆုံးသွားခဲ့ကြောင်း သိရှိရသည်။

ပြီးခဲ့သည့် ဇန်န၀ါရီလ ၁၆ရက်နေ့ညနေ ၄နာရီခန့်တွင် တခေါ်ထာ့ရှိ နအဖ ခမရ(၂၀)တပ်ရင်းမှ တပ်ဖွဲ့ ၁၀ဦးသည် သေမုထာ့ မှ တခေါ်ထာ့သို့ စက်လှေဖြင့် အပြန်လမ်းတွင် ကင်းလှည့်လည်နေသည့် ကေအဲန်ယူ တပ်မဟာ(၅)တပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှု ကြုံတွေ့ခဲ့ရခြင်းဖြစ်သည်ဟု ကေအဲန်ယူ တပ်မဟာ(၅) ရုံးထိုင်မှူး ဗိုလ်မှူးစောကလယ်ဒို့က ယခုလို ပြောသည်။

“ညနေ ၄နာရီ ကျနော်တို့လူတွေ ကင်းလှည့်နေတဲ့အချိန်ပေါ့။ စစ်သားတွေ တင်ဆောင်လာတဲ့ စက်လှေတစင်းကို လှမ်းမြင် လိုက်တယ်။ အဲဒီမှာ နအဖစစ်သားတွေဖြစ်တဲ့အခါကျတော့ သူတို့တွေ ပစ်ခတ်ကြတယ်ပေါ့။ မသေတဲ့လူတွေက ရေထဲခုန်ချ လိုက်တယ်။ စက်လှေထဲက သေနတ် ၃လက်နဲ့ ကျည်ဆံတချို့ ကျနော်တို့ သိမ်းဆည်းရမိတယ်။ စက်လှေကိုတော့ အောက်ကို ပဲ မျောချလိုက်တယ်။”ဟု အတည်ပြု ပြောကြားသည်။

အဆိုပါ ပစ်ခတ်မှုအပြီး ၂နာရီကျော်ခန့်တွင် မျောချလိုက်သည့် နအဖစစ်သား စီးနင်းလိုက်ပါလာသော စက်လှေကို သံလွင်မြစ် ကမ်းနံဘေးရှိ မယ်နူထာ့ကျေးရွာနှင့် မနီးမဝေးတွင် အခြားကေအဲန်ယူ တပ်မဟာ(၅) တပ်ဖွဲ့တဖွဲ့မှ ပြန်ဆယ်ယူခဲ့သည်ဟု ကိုယ်တိုင်မြင်တွေ့ခဲ့ရသူ ရွာသားတဦးက ပြောသည်။

၎င်းက “စက်လှေတစင်းလုံး ပေါက်ပြဲနေတယ်။ လှေက ရေထဲမနစ်ပေမယ့် အထဲမှာ ရေက လှေတစ်ဝက်လောက်ရှိမယ်။ လှေ ထဲမှာ သွေးတွေ နီရဲနေတာပဲ။”ဟု ပြောသည်။ အဆိုပါ ပစ်ခတ်မှုဖြစ်ပွားခဲ့မှုကြောင့် လက်ရှိအချိန်တွင် သံလွင်မြစ်တွင် သွား လာနေသည့် ဒေသခံရွာသားများသည် အခြေအနေကိုကြည့်၍ သွားလာနေရသည်ဟု သိရသည်။

ကေအဲန်ယူ တပ်မဟာ(၅) ထိန်းချုပ်ရာနယ်မြေတွင် သံလွင်မြစ်အတွင်း ယခင်က နအဖနှင့် ကေအဲန်ယူ တပ်ဖွဲ့ဝင်များကြား ပစ်ခတ်မှုမျိုး အနည်းငယ် မကြာခဏ ဖြစ်ပွားခဲ့သော်လည်း ယခုကဲ့သို့ ကြီးကြီးမားမား ဖြစ်ပွားခြင်းမရှိကြောင်း ကေအဲန်ယူ တပ်မဟာ(၅)က ပြောသည်။

11ReadMore-2.jpg

Tuesday, January 18, 2011

နအဖတပ်နှင့် ကေအန်ယူတိုက်ပွဲ အရပ်သားနှစ်ဦး ထိခိုက် ဒဏ်ရာရ


11ReadMore-2.jpg

နယ်ခြားစောင့် တပ်ရင်း မှူးတဦး ကေအန်ယူထံ ပြန်ပူပေါင်း



11ReadMore-2.jpg

Monday, January 17, 2011

ကရင်ဒုက္ခသည်သစ် ၃၀၀ အရေးပေါ် အကူညီလိုအပ်

11ReadMore-2.jpg

သရက်တပင်စခန်းတိုက်ပွဲ နအဖဘက် အထိနာ

11ReadMore-2.jpg

Template by:

Free Blog Templates