Wednesday, December 1, 2010
ကရင်ရွာသားတဦးကို နအဖတပ် ပစ်သတ်
Labels: သတင်း
ဗိုလ်ထိန်မောင်ကို စစ်အစိုးရ စတိုက်ပြီ
ဗိုလ်မှူးချုပ် ထိန်မောင် နှင့် နအဖ ဒု ဗိုလ်ချုပ်ကြီး ရဲမြင့် တို့ကို ငြိမ်းချမ်းရေး စယူစဉ်က ဤသို့တွေ့ရ(ဓာတ်ပုံ - thawthikho.blogspot.com)
နအဖ စစ်အစိုးရနှင့် အပစ်ရပ်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တဖွဲ့ ဖြစ်သော ဗိုလ်မှူးချုပ် ထိန်မောင် ဦးဆောင်သည့် KNU/KNLA ငြိမ်းချမ်းရေး ကောင်စီတပ်ဖွဲ့ဝင်များ ယမန်နေ့က တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး KNU/KNLA တပ်ဖွဲ့ဝင် ၆ ဦး ဖမ်းဆီး ခံရကြောင်း သိရသည်။
အပစ်အခတ် ရပ်စဲထားသော ငြိမ်းချမ်းရေး ကောင်စီ တပ်ဖွဲ့ဝင်များကို ၃ နှစ်တာကာလ အတွင်း စစ်အစိုးရက ပထမဆုံး အကြိမ် ပြန်လည် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
ဗိုလ်မှူးချုပ် ထိန်မောင်သည် ၂၀၀၇ ခု နှစ်ဆန်းပိုင်းက တပ်သား ၃၀၀ ခန့်နှင့်အတူ KNU မှ ခွဲထွက်ခဲ့သည်။ ထို့နောက် မြန်မာ စစ်အစိုးရနှင့် ငြိမ်းချမ်းရေးယူခဲ့ပြီး ၎င်း၏ အဖွဲ့ကို KNU/KNLA ငြိမ်းချမ်းရေးကောင်စီဟု အမည်ပေးခဲ့သည်။
အဆိုပါ တိုက်ပွဲသည် မြ၀တီမြို့နယ် ဖလူးကျေးရွာ အနီးတ၀ိုက်တွင် ကော့ကရိတ် အခြေစိုက် စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် (စကခ) ၁၂ လက်အောက်ခံတပ် ခြေလျင်တပ်ရင်း (ခလရ) ၂၃၀ တပ်ဖွဲ့ဝင်များနှင့် ဖြစ်ပွားခဲ့သည်ဟု ငြိမ်းချမ်းရေး ကောင်စီမှ ပြောရေး ဆိုခွင့်ရှိသူ စောတီမိုသီ(Timothy)က ဧရာဝတီသို့ ပြောသည်။
“တပ်ရင်း ၂၃၀ ကနေပြီးတော့ ၀င်ပြီးတော့ တိုက်တယ်၊ ကျနော်တို့ စစ်သားတွေလည်း အေးအေး ဆေးဆေး ထိုင်နေတဲ့ အချိန်မှာ ပစ်တော့ စောတင်အောင်ဆိုတဲ့လူကို ထိသွားတယ်၊ အဲဒီမှာ ထိုင်နေတဲ့ ငြိမ်းချမ်းရေး ကောင်စီက တပ်ဖွဲ့ဝင် တွေကို သူတို့က ဖမ်းသွားတယ်”ဟု ၎င်းက ဆိုသည်။
အခင်း ဖြစ်ပွားမှုနှင့် ပတ်သက်၍ နှစ်ဘက် တာဝန်ရှိသူများကို အကြောင်းကြားထားကြောင်း သိရသည်။ ဖမ်းဆီးထားသည့် KNU/KNLAတပ်ဖွဲ့ဝင်များကို မြ၀တီမြို့ နယ်ရှိ စစ်ဖက်ဆိုင်ရာ လုံခြုံရေး တပ်ဖွဲ့ (စရဖ) ရုံးတွင် ထိန်းသိမ်းထားကြောင်း သိရ သည်။
စစ်အစိုးရက ကမ်းလှမ်းသော နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းရေးကို လက်မခံသောကြောင့် ငြိမ်းချမ်းရေး ကောင်စီကို ရန်သူအဖြစ် သဘောထားခြင်း ဖြစ်ကြောင်း စောတီမိုသီ က ဆက်လက် ပြောဆိုသည်။
ယနေ့ စစ်အစိုးရတပ်နှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) တပ်ဖွဲ့ဝင်များ တိုက်ပွဲများ ဆက် လက် ဖြစ်ပွားနေသောကြောင့် ဒေသခံရွာသား ၅၀ ကျော် ထိုင်းနိုင်ငံ တာ့ခ် ခရိုင် မဲဆောက်မြို့နယ် အတွင်းသို့ ထပ်မံ ရောက် ရှိလာကြောင်း သိရှိရသည်။
ထွက်ပြေး ရောက်ရှိလာသော စစ်ပြေး ဒုက္ခသည်များကို ထိုင်း အာဏာပိုင်များက ထိုင်း နယ်ခြားစောင့် စခန်းဝင်းအတွင်း စောင့်ရှောက်ထားပြီး ယခုအခါ စုစုပေါင်း လူဦးရေ ၆၅၀ ခန့် ရှိကြောင်း သိရသည်။
ကရင်အမျိုးသမီး အစည်းအရုံး(KWO) ပြောရေး ဆိုခွင့်ရှိသူ နော် ဘလူးမင်း နိုက်ဇန်က“ဒီနေ့ ဆိုရင် ၅၀ လောက် ထပ်များ လာတယ်၊ ဘာဖြစ်လို့ ထွက်ပြေးလာသလဲဆိုတော့ သေနတ်သံတွေလည်း ဆက်ကြားနေတယ်၊ နောက်ပြီးတော့ နအဖ တပ်သားတွေက ပေါ်တာ လိုက်ဆွဲနေလို့ ကြောက်ပြီးတော့ ထွက်ပြေးလာကြတာ”ဟု ဧရာဝတီသို့ ပြောသည်။
ထိုင်း အစိုးရက မြန်မာနိုင်ငံ ဘက်ခြမ်းမှ တိုက်ပွဲများကြောင့် ထွက်ပြေးလာသော စစ်ပြေး ဒုက္ခသည်များကို နယ်စပ် ဖြတ် ကျော်ခွင့် ပေးထားသော်လည်း တိုက်ပွဲများ ရပ်ဆိုင်းသွားသည့် အချိန်တွင် မြန်မာနိုင်ငံ ဘက်သို့ ပြန်ခိုင်းလေ့ရှိသည်။
သို့သော် ယနေ့ ထိုင်းအာဏာပိုင်များက ထွက်ပြေးလာသော ဒုက္ခသည်များကို နေရပ်သို့ ပြန်ရန် ဖိအားပေးမှု တစုံတရာ မရှိ သေးကြောင်း သိရသည်။
နော်ဘလူးမင်းနိုက်ဇန်က“ထိုင်းအစိုးရက တိုက်ပွဲဖြစ်တယ်၊ သေနတ်သံကြားတယ်ဆိုတော့ မပြန်ခိုင်းဘူး သေချာတယ်၊ မကြားဘူးဆိုရင်တော့ ဒီနေ့ မကြားဘူး မနက်ဖြန် ပြန် အဲဒါတော့ သူတို့ အမြဲလုပ်နေကျပဲ”ဟု ၎င်းက ဆိုသည်။
ထို့အပြင် ထွက်ပြေးလာသော ကရင်ရွာသားများကို မဲဆောက်မြို့ရှိ အစိုးရမဟုတ်သော NGO အဖွဲ့အစည်းနှင့် လူ့အခွင့်အရေး လှုပ်ရှားနေသော အဖွဲ့အစည်းတချို့ ပူးပေါင်း၍ အစားအသောက်များကို ကူညီထောက်ပံ့ပေးထားကြောင်း သိရ သည်။
နိုဝင်ဘာလ ၇ ရက်နေ့တွင် ရွေးကောက်ပွဲကျင်းပနေစဉ် မြ၀တီမြို့နယ် ရဲစခန်းနှင့် နယ်စပ်ဂိတ်တချို့ကို DKBAတပ်ဖွဲ့ဝင်များ က ၀ိုင်းထားခဲ့ပြီး နောက်ပိုင်း ကရင်ပြည်နယ် အတွင်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေ ခြင်း ဖြစ်သည်။
ဖလူးကျေးရွာကို နအဖ ခြေလျင်တပ်ရင်း (ခလရ) ၃ ရင်း၊ အမြောက်တပ်ရင်းနှင့် အဂျင်နီယာ တပ်ရင်း အပါအ၀င် တပ်ရင်း ၅ ရင်းခန့် ထိန်းချုပ်ထားကြောင်း သိရသည်။
“နအဖ စစ်တပ်ကလည်း တိုင်းရင်းသား လက်နက်ကိုင်တွေကိုပဲ ဖြစ်ဖြစ်၊ အပစ်ရပ် အဖွဲ့တွေပဲ ဖြစ်ဖြစ် သေချာ ထိုင်ဆွေး နွေး ပြီး ညှိနှိုင်းဖို့လိုပါတယ်၊ ဒါမှမဟုတ်ရင်တော့ ပြည်တွင်းစစ်ဟာတော့ ဆက်ဖြစ်နေမှာပဲလို့ မြင်တယ်၊ ပြည်တွင်းစစ်ဆက်ဖြစ်နေ သရွေ့ ကာလပတ်လုံး ပြည်သူတွေကတော့ တချိန်လုံး ပြေးလွှာနေရမှာပဲ၊ ဘ၀တည်ငြိမ်မှုလည်း လုံးဝရှိမှာ မဟုတ်ဘူး”ဟု နော်ဘလူး မင်းနိုက် ဇန်က ပြောသည်။
ဧရာဝတီသတင်းမှ....
Labels: သတင်း
Tuesday, November 30, 2010
ကေအိုင်အိုထိန်းချုပ်နယ်မြေတွင်တွင် လမ်းတချို့ ပိတ်သဖြင့်ဒေသခံနှင့်နှစ်ဖတ်တပ်များထိခိုက်
Labels: သတင်း
ကရင်ငြိမ်းချမ်းရေး ကောင်စီအဖွဲ့ဝင် ၆ဦး နအဖ ဖမ်းမိ၊ တဦး ပစ်သတ်ခံရ
(နယ်စပ်တနေရာတွင် စစ်ရေးပြင်ဆင်နေသူ ဒီကေဘီအေ တပ်ဖွဲ့ဝင်နှစ်ဦး)
လက်ရှိအချိန်တွင် ဖလူးဒေသ၌ နအဖ စကခ(၈)လက်အောက်ခံ ခလရ(၆၂) လှုပ်ရှားလျှက်ရှိပြီး ထိုတပ်ရင်းသည် နိုဝင်ဘာ ၂၄ ရက်နေ့က ဝေါ်လေဒေသသို့သွားရန် ဖလူးကျေးရွာတွင် ရောက်ရှိနေပြီးဖြစ်သော်လည်း ရှေ့ဆက်သွားမည့် လမ်းကြောင်းများကို ဒီကေဘီအေတပ်နှင့် ကေအဲန်အယ်လ်အေတပ်ဖွဲ့များ ပိတ်ဆို့ထားခြင်းကြောင့် ဝေါ်လေလမ်းကြောများကို လက်နက်ကြီးများဖြင့် လိုက်လံပစ်ခတ်လျှက်ရှိကြောင်း အဆိုပါကေအဲန်အယ်လ်အေတပ်သားက ပြောသည်။
ယင်းသို့ ဖမ်းဆီး၊ ပစ်သတ်ခံရသည့် ငြိမ်းချမ်းရေးကောင်စီ တပ်ဖွဲ့ဝင်ထဲတွင် ဗိုလ်တဲခီး ပါဝင်ခြင်း မရှိသလို ထိုအဖွဲ့၏ ဥက္ကဌ ဗိုလ် ချုပ်စောထင်မောင်နှင့် ဗိုလ်ချုပ်စောရင်နုတို့ကို ဆက်သွယ်မရခဲ့ပေ။
Collapse...
Labels: သတင်း
မြဝတီနှင့် ကော့ကရိတ်တွင် တိုက်ပွဲများ ဆက်ဖြစ်
ချင်းမိုင် မဇ္ဈိမ
မြဝတီမြို့နယ် ဖလူးကြီးကျေးရွာအနီးတွင် ဒီကေဘီအေမှ ဗိုလ်ကျော်သက် ဦးဆောင်သည့် တပ်များနှင့် စကခ ၁၂၊ နည်းဗျူဟာ ၃ လက်အောက်ခံ တပ်ရင်း (၃) ရင်းနှင့် မနက် ၈ နာရီခန့်မှစ၍ သုံးနာရီခန့်ကြာ ပစ်ခတ်ကြသည်ဟု ဆိုသည်။
အင်အား ၂၀၀ ကျော်ရှိသည့် ခလရ ၆၁၊ ၅၄၇၊ ၂၃ဝ စစ်အစိုးရ တပ်များသည် ဝေါလေဒေသတွင် အခြေစိုက်သည့် ခလရ ၉၀၇၊ ၄၀၄၊ ၅၄၉ တို့ထံ အင်အားဖြည့်တင်းရန် ရောက်ရှိလာခြင်းဖြစ်ပြီး ပြီးခဲ့သည့် စနေ့နေ့က လမ်းခရီးတွင် ဒီကေဘီအေ ပျောက်ကျားတပ်များက ခြုံခို တိုက်ခိုက်ခဲ့သည်။
ယမန်နေ့အထိ ၃ ရက်အတွင်း ဖြစ်ပွားခဲ့သော အဆိုပါ တိုက်ခိုက်မှုများကြောင့် စစ်အစိုးရဘက်မှ ကျဆုံးသူ ၂ဝ ခန့်နှင့် ဒဏ်ရာရရှိသူ ၃ဝ ကျော်ပြီဖြစ်ကြောင်း ဒီကေဘီအေ ကပြောသည်။ သီးခြားအတည်ပြုချက် ရယူနိုင်ခြင်း မရှိပါ။
အလားတူပင် ကော့ကရိတ်မြို့နယ် ဝေါလေ ကျေးရွာ ဗျူဟာကုန်းအနီးနှင့် စကားဝှက်ကျေးရွာ အနီးတို့တွင် စကခ (၈) လက်အောက်ခံ ခလရ ၉၀၇၊ ၄၀၄၊ ၅၄၉ တပ်ရင်းများနှင့် ကလို့ထူးဖေါ အရန်တပ်ခွဲမှူး ကျော်ဘူး ဦးဆောင်သည့် အဖွဲ့များလည်း ပစ်ခတ်မှုများဖြစ်ကြောင်း KNLA တပ်မဟာ (၆) ၁၀၂ တပ်ရင်းမှူး ဗိုလ်မှူးကြည်အောင်က မဇ္ဈိမကို ပြောသည်။
မြဝတီမြို့ခံ တဦးက “ ဒီမနက် ဖလူးဘက်မှာ ပစ်တဲ့ လက်နက်ကြီးသံတွေက ကျနော်တို့မြို့ပေါ်က ဒီအတိုင်း ကြားနေရတယ်။ ကျနော်တို့လည်း မြို့ပေါ်မှာ ရောက်လာမှာ ကြောက်တာပေါ့။ ကလေး ကျောင်းသွားပို့တာတောင် မိန်းမကိုလိုက်ပြီး အစောင့်ခိုင်း နေရတယ်” ဟု ပြောသည်။
ပြီးခဲ့သည့် စနေနေ့က ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံ မဲဆောက်မြို့နယ် မဲကိုကင်း ကျေးရွာသို့ သွားရောက် ခိုလှုံခဲ့ကြသည့် ဒေသခံ ရွာသူရွာသား ၁,၀၀၀ ခန့်ကို ထိုင်းအာဏာပိုင်များက ယမန်နေ့က ပြန်ပို့ပေးခဲ့သော်လည်း ယနေ့မနက် တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံဘက်သို့ ပြန်လည် ရောက်လာကြသည်ဟု ထိုင်းလုံခြုံရေး အရာရှိတဦးက ပြောသည်။ သို့သော် အရေအတွက်ကိုမူ ပြောပြနိုင်ခြင်း မရှိသေးပေ။
ကရင်ပြည်နယ်အတွင် စစ်အစိုးရတပ်များ အင်အားတိုး နေရာယူလာမှုများ ရှိနေသဖြင့် နောက်ပိုင်း ရက်များတွင် တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားလာနိုင်ကြောင်း ဒီကေဘီအေနှင် ကေအန်ယူတို့က ပြောဆိုနေကြသည်။
Labels: သတင်း
Monday, November 29, 2010
ဘုရားသုံးဆူနယ်မှာ တိုက်ပွဲတွေ ပြန်ဖြစ်
ဒီတိုက်ပွဲဟာ ဘုရားသုံးဆူမြို့နဲ့ ၁၃ မိုင်ကျော်ကျော် ကြိမ်ချောင်းမရောက်ခင် ဇီးပင်အရှေ့ တဲသုံးလုံးမှာ ခလရ ၄၀၆ တပ်ရင်းကို ဗိုလ်မှူး စောအေဝမ်း ဦးစီးတဲ့ DKBA တပ်ဖွဲ့တွေက ကြိုတင် သတင်းရလို့ ချုံခိုတိုက်ခိုက်ခဲ့ခြင်း ဖြစ်တယ်လို့ ဗိုလ်မှူး စောအေဝမ်းက ပြောပါတယ်။ ခလရ ၄၀၆ တပ်ရင်းဟာ လူနာတွေ ထမ်းဖို့အတွက် တဲသုံးလုံးမှာ ပေါ်တာ အထမ်းသမားတွေ လိုက်လံဖမ်းဆီးနေတယ်လို့ မျက်မြင်သက်သေ မော်တော်ဆိုင်ကယ် အငှားသမားတဦးက ပြောပါတယ်။
အဲဒီလို နယ်ခြားစောင့်တပ်ဖွဲ့ကို လက်မခံတဲ့ ဗိုလ်မှူးကြီး စောနော်တရာနဲ့ ဗိုလ်မှူး စောအေဝမ်း ဦးစီးတဲ့ DKBA ၉၀၆ တပ်ရင်းနဲ့ စစ်အစိုးရတို့ ဖြစ်ပွားခဲ့တဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ဘုရားသုံးဆူမြို့ အတွင်းမှာ လုံခြုံရေးတွေ အထူးတင်းကျပ်နေတယ်လို့ မြို့ခံတဦးက အခုလို ပြောပါတယ်။
“ညမထွက်ရတော့ မဟုတ်ဘူး၊ သူတို့ ကြေညာထားတာမျိုး အခု ရပ်ကွက်အတွင်းရှိ လုပ်သားပြည်သူ အပေါင်းတို့၊ ဒီ သူတို့ လုံခြုံရေးအရပေါ့နော်၊ မော်တော်ကားများသည် မသင်္ကာဖွယ်ရာ တကယ်လို့ သည်းညည်းခံဖို့၊ ရပ်ပြီးတော့ အစစ်ဆေးခံဖို့၊ မောင်းမပြေးကြဖို့နော်။ တကယ်လို့ မောင်းပြေးလို့ ဆိုင်ကယ်တွေ ကားတွေ မောင်းပြေးလို့ ပစ်ခတ်မိရင် ဒီတပ်ကနေပြီးတော့ လုံးဝ တာဝန်ယူမှာ မဟုတ်တဲ့ အကြောင်းပေါ့နော် သူတို့ လိုက်ကြေညာတယ်။
“ဥပမာ ချောင်ကြိုချောင်ကြားမှာရှိတဲ့ သွားလာတဲ့ လူတွေလည်း အဲဒီလိုမျိုးပေါ့၊ အစစ်ဆေးခံဖို့၊ တကယ်လို့ မသင်္ကာဖွယ်ရာ ခရီးသွားလာတာတို့ ဖြစ်ရင် သူတို့ ပစ်မယ် ခတ်မယ်ပေါ့၊ သူတို့ တာဝန်မယူဘူးပေါ့။ ဟို ၁၄၄ တော့လည်း မဟုတ်ဘူး။ မသင်္ကာဖွယ်ရာတွေ့ရင် ပစ်ခတ်မယ်ဆိုတဲ့ သဘောပေါ့။ သူတို့ ညပိုင်းတချက်တော့ ကင်းတွေလှည့်တယ်။ ရပ်ကွက်ထဲမှာလည်း သူတို့ရဲဘော်တွေ တွေ့တယ်၊ အမှောင်ထဲမှာ ရဲဘော်တွေ စောင့်နေတယ်။ လေးငါးယောက်တဖွဲ့ အဲဒီလိုမျိုးပေါ့။ ပတ်ပတ်လည် ဝိုင်းပြီးတော့ စောင့်နေတယ်။ ညဘက် စစ်ကား ၃ စီးနဲ့ သူတို့ လှည့်နေတယ်။ ရဲတွေရော ရဲဘော်တွေရော အကုန်လုံးပေါ့။”
ဗိုလ်မှူးကြီး စောနော်တရာ ဦးစီးတဲ့ DKBA တပ်ဖွဲ့တွေဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလက ဘုရားသုံးဆူမြို့ကို ဝင်ရောက်စီးနင်း သိမ်းပိုက်ခဲ့ပြီး စစ်အစိုးရ တပ်တွေနဲ့ တိုက်ပွဲ ဖြစ်ပွားခဲ့ပါသေးတယ်။ အဲဒီတိုက်ပွဲကြောင့် စစ်ပြေးဒုက္ခသည် ၁၀,၀၀၀ ကျော် ထိုင်းဘက်ခြမ်းနဲ့ တခြား လွတ်မြောက်ရာ ဒေသတွေဘက်ကို တိမ်းရှောင် ထွက်ပြေးနေခဲ့ရပါတယ်။ အခုခါမှာတော့ နယ်မြေ တည်ငြိမ်မှု ရှိစပြုပြီ ဆိုပေမဲ့ လုံးဝ စိတ်ချရတဲ့ အနေအထားမျိုး မရှိဘူးလို့လည်း ဒေသခံတွေက ပြောပါတယ်။ အခုလို တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေတဲ့အပေါ် ဘုရားသုံးဆူမြို့ခံ တဦးက အခုလို ပြောပါတယ်။
“တိုက်ပွဲတွေ ဖြစ်တော့လည်း ကျနော်တို့ ဒီမှာ သူတို့ပစ်တာက တဘက်နဲ့ တဘက် ထိကြတာ မဟုတ်ဘူး၊ ပြည်သူတွေဘက် သွားကျတယ်။ အခု နဂါးတောင်က ပစ်တာလည်း မြို့ထဲပဲ ပစ်ထည့်တယ်။ DKBA ကလည်း ဝင်တာ မြို့ထဲကိုပဲ။ အကုန်လုံးကလည်း မြို့ထဲကလူတွေပဲ အထိနာနေကြတော့ အကုန်လုံးက စိတ်ပူတယ်။ ဖြစ်လာတော့ အဲဒီလိုပဲ၊ ဖြစ်လာတော့ အကုန်လုံး ပစ်ပြီး ပြေးရတာပဲ ဒီမှာတော့။ ပြေးတဲ့နေရာကလည်း သိပ်ပြီးရှိတာ မဟုတ်ဘူး။ အဲဒါကြောင့်ပေါ့၊ ဖြစ်နိုင်ရင် မဖြစ်စေချင်ဘူး။
“ဘာမှလည်း သူတို့အတွက် အကျိုးရလဒ် သိပ်ရှိတာ မဟုတ်ဘဲ။ ဒီမှာက စီးပွားရေးလုပ် နယ်မြေပဲ။ သူတို့လည်း ထိထိရောက်ရောက် လုပ်ရင်တော့ တမျိုးပေါ့။ တောထဲ တောင်ထဲမှာပစ်ရင် အကြောင်းမဟုတ်ဘူး။ မြို့ထဲမှာပစ်တာ အဲဒါ စိတ်ညစ်ရတယ်၊ ပြေးရ လွှားရတာနဲ့။”
ဒီလို ဘုရားသုံးဆူမြို့ကို ၀င်ရောက် သိမ်းပိုက်တာဟာ နိုဝင်ဘာလ ၇ ရက်က စစ်အစိုးရက ကျင်းပပြုလုပ်တဲ့ အထွေထွေ ရွေးကောက်ပွဲကို ကန့်ကွက် ဆန့်ကျင်တဲ့ အနေနဲ့ ၀င်ရောက်သိမ်းပိုက်ခြင်း ဖြစ်တယ်လို့လည်း DKBA ဘက်က ပြောပါတယ်။
အခုအနေအထားမှာတော့ ဘုရားသုံးဆူမြို့နဲ့ ပတ်ဝန်းကျင် ဒေသမှာ မြန်မာစစ်အစိုးတပ်ကနေ တပ်အင်အား ၅ ရင်း ထပ်ဖြည့်ထားပြီး ခွဲထွက်သွားတဲ့ DKBA တပ်တွေနဲ့ KNU ကရင်အမျိုးသား အစည်းအရုံးရဲ့ တပ်တွေနောက်ကို လိုက်လံ ထိုးစစ်ဆင်နေတဲ့ အခြေအနေကြောင့် တိုက်ပွဲတွေ ထပ်မံ ပြင်းထန်လာဦးမယ်လို့ ထိုင်းနယ်စပ် စစ်ရေးအကဲခတ်သူတွေက ပြောပါတယ်။
တောတွင်း လက်နက်ကိုင်အဖွဲ့တွေ အနေနဲ့လည်း တောတွင်း ပြောက်ကျားစစ်ဆင်ရေး သာမက မြို့တွင်း ပြောက်ကျားစနစ်ပါ လုပ်ဆောင်လာနိုင်မယ့် အနေအထားမှာ ရှိတဲ့အတွက် မြို့ခံပြည်သူတွေရဲ့ လုံခြုံရေးဟာ အာမခံချက် မရှိနိုင်သေးသလို တကယ်လို့ တိုက်ပွဲပြင်းထန်လာရင် စစ်ပြေးဒုက္ခသည်တွေ ပိုပြီး တိုးလာမယ့် အနေအထားမှာ ရှိနေတယ်လို့လည်း ပြောဆိုမှုတွေ ရှိနေပါတယ်။
အလားတူ မြဝတီမြို့နယ် ဖလူးနဲ့ ဝေါ်လေဒေသတွေ ဘက်မှာလည်း ဗိုလ်မှူးချုပ် စောလားပွယ် ဦးစီးတဲ့ DKBA တပ်ဖွဲ့တွေနဲ့ စစ်အစိုးရတို့အကြား တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် ရွာသားတွေ အများအပြား နေရပ်ကို တိမ်းရှောင်ပြီး ထိုင်းနယ်မြေထဲကို ဒုက္ခသည်အဖြစ် ဝင်ရောက်လာမှုတွေ ရှိနေပါတယ်။
ဒါ့အပြင် နယ်ခြားစောင့်တပ်ဖွဲ့ကို လက်မခံ ငြင်းပယ်ခဲ့တဲ့ တခြား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၆ ဖွဲ့ကလည်း စစ်အစိုးရ အနေနဲ့ ထိုးစစ်ဆင်လာရင် အပြန်အလှန် စစ်ရေးအရ အကူညီပေးဖို့ တပ်ပေါင်းစုတခု ဖွဲ့စည်းထားတယ်လို့ တပ်ပေါင်းစုအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ မွန်ပြည်သစ်ပါတီ အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာက ပြောပါတယ်။ အခုလို စစ်အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေကြားမှာ သဘောထား တင်းမာလာပြီး စစ်ရေးအရ ပြင်ဆင်မှုတွေ ပြုလုပ်နေတယ်လို့ စစ်ရေးအကဲခတ်သူတွေက သုံးသပ်ထားပါတယ်။
Labels: သတင်း
မြောက်ကိုရီးယား တိုက်ခိုက်မှုကို လက်တုံ့ပြန်သွားမည်ဟု တောင်ကိုရီးယား သမ္မတ သတိပေး
အရပ်သားများကို တိုက်ခိုက်မှုသည် ကြီးကျယ်သော ပြဿနာတစ်ခု ဖြစ်ကြောင်း၊ မြောက်ကိုရီးယားက ရန်လိုသော အမူအရာ ဆက်လက်ပြသနေပြီး တောင်ကိုရီးယား ကြည်း၊ ရေ၊ လေတပ်များက ညီညွတ်စွာဖြင့်
မြောက် ကိုရီးယား၏ ရန်စသော လုပ်ရပ်ကို လက်တုံ့ပြန်ရမည် ဖြစ်ကြောင်း
လီမြောင်ဘတ်က ပြောကြားခဲ့သည်။ မြောက်ကိုရီးယားကို လူသားချင်း
စာနာထောက်ထားမှု အကူအညီ ပေးနေစဉ် တောင်ကိုရီးယား အရပ်သားများကို
တိုက်ခိုက်မှုသည် လုံးဝ လက်သင့်ခံစရာ မကောင်းကြောင်း လီက ပြောကြားခဲ့သည်ဟု
ယွန်ဟပ်က ဖော်ပြခဲ့သည်။
ပင်လယ်ဝါရှိ အငြင်းပွားနေသော ယုံပြောင်ကျွန်းသို့ မြောက်ကိုရီးယားက အမြောက်ဆန် ၁၀၀ ခန့် ပစ်ခတ်ခဲ့ပြီး တောင်ကိုရီးယား စစ်ဘက်က အချက် ၈၀ ကျော် ပြန်လည် ပစ်ခတ်ခဲ့ကာ
တိုက်လေယာဉ်များကို တပ်စွဲခဲ့ကြောင်း၊ အပြန်အလှန် ပစ် ခတ်မှုမှာ တစ်နာရီခန့်
ကြာမြင့်ခဲ့ကြောင်း ကာကွယ်ရေး တာဝန်ရှိသူများက ပြောကြားခဲ့သည်။ စစ်လေယာဉ်
၇၅ စီး တင်ဆောင်လာပြီး သင်္ဘောသား ၆၀၀၀ ကျော် လိုက်ပါလာသော နျူစွမ်းအင်သုံး
အမေရိကန် လေယာဉ်တင်သင်္ဘော USS George Washington သည်
တိုကျိုမြို့တောင်ပိုင်းရှိ ရေတပ်အခြေစိုက်စခန်းမှ ထွက်ခွာလာနေပြီး
နိုဝင်ဘာ ၂၈ ရက်တွင် တောင်ကိုရီးယားနှင့် စစ်ရေးလေ့ကျင့်မှု၌
ပူးပေါင်းပါဝင်မည် ဖြစ်ကြောင်း ဆိုးလ်မြို့ရှိ အမေရိကန် တာဝန်ရှိသူများက
ပြောကြားခဲ့သည်။
ယင်းဖြစ်စဉ် ဖြစ်ပွားခဲ့ပြီးနောက် မြောက်ကိုရီးယားထံ ရေဘေး အကူအညီပေးမည့် အစီအစဉ်ကို တောင်ကိုရီးယားက ရပ်ဆိုင်းခဲ့ကြောင်း အမည်မဖော်လိုသော တာဝန်ရှိသူတစ်ဦး က ပြောကြားခဲ့သည်။
http://www.news-eleven.com/
Collapse...
Labels: သတင်း
ကရင်တပ်ဖွဲ့နှင့် ဖြစ်ပွားသည့် တိုက်ပွဲတွင် နအဖ ၃၀ဦးကျဆုံး
နိုဝင်ဘာလ ၂၉ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
Labels: သတင်း
Sunday, November 28, 2010
I am people's Soldier not soldiers' people by Saw Lah BweDKBA
သောသီခိုမှ
ငါတို့ဟာပြည်သူ့တပ်မတော်သားဖြစ်တယ်။ တပ်မတော်ရဲ့ပြည်သူမဟုတ်(ဗိုလ်မှုးချုပ်စောလားပွယ်)
“ကျနော်တို့ ခုလိုရပ်တည်ပြီးလုပ်ရတာဟာ ကိုယ်ကျိုးအတွက်မဟုတ်ဘူး၊ အမျိုးသားရေးအတွက် မျိုးချစ်စိတ်ဓါတ်အပြည့်နဲ့ လုပ်တာဖြစ်တယ်၊ ပြန်သွားတဲ့လူ(BGF နယ်ခြားစောင့်တပ်လုပ်တဲ့သူ) တွေဟာ အဖွဲ့  အစည်းကို ခုတုံးလုပ်ပြီး ကိုယ်ကျိုးရှာတဲ့လူတွေ။ လက်ရှိ ရှိဒါက သံမဏိစိတ်ဓါတ် မျိုးချစ်စိတ်ဓါတ် အပြည့်အ၀ရှိတယ် ကြေးစားတပ်မတော်မဟုတ်ဘူး” (ဗိုလ်စန်းအောင် - တပ်မဟာ ၅ - DKBA)
“ကျနော်ဟာ စစ်သားဖြစ်တယ်၊ ပြည်သူရဲ့စစ်သားဖြစ်တယ်။ စစ်သားရဲ့ ပြည်သူ မဟုတ်ဘူး၊ ပြည်သူ့  စစ်သားဖြစ်တဲ့အတွက် ပြည်သူတွေရဲ့ အကြံပေးမှု လမ်းညွန်မှုကိုလိုက်နာဆောင်ရွက်ရမည်”
(ဗိုလ်မှူးစောလားပွယ် - တပ်မဟာ ၅ - DKBA)
"လူထု ရန်သူတစု
ကျူးကျော် ရန်စကြသည်
မတရား ရမ်းကားသည်
လူထုများ မခံကြပါ
ပြန်ချကြပါလား"
(တာအူထ မူလတန်းကျောင်းသားများ)
ဗီဒီယိုဖိုင် အပြည့်အစုံကို ဒီမှာကြည့်ရှုနိုင်ပါသည်။
ဒီကေဘီအေနှင့် ရန်သူနအဖ တိုက်ပွဲသတင်း၂၈-၁၁-၂၀၁၀
နေ့လည်(၃ နာရီ) မြ၀တီမြို့ တောင်ဘက် ကီလိုမီတာ ၂၀ အကွာရှိ ဖလူးကျေးရွာအနီး တဲ့ဂေါ်ကျိုးဘက်မှာ နအဖ တပ်များနဲ့ ဒီကေဘီအေတပ်များ ယနေ့မနက် ၈ နာရီနဲ့ နေ့လည် ၁၂ နာရီ ၄၁ မိနစ်မှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။ နအဖ စကခ ၁၂ လက်အောက်ခံ ခလရ ၆၁ နဲ့ ခမရ ၂၃၀ တပ်ရင်းနဲ့ ဒီကေဘီအေ ကလိုထူးဖောဗျူဟာမှူး ဗိုလ်မှူးကျော်သက်ဦးဆောင်တဲ့ ဒီကေဘီအေ အဖွဲ့တွေလို့ သိရှိရပါတယ်။ ယနေ့ဖြစ်သော တိုက်ပွဲတွင် နအဖ ဘက်မှ ထိခိုက်ဒဏ်ရာရမှု ပြင်းထန်ကြောင်း သိရှိရပါတယ်။
နေ့လည်(၂ နာရီ) ယမန်နေ့ညနေ ၄ နာရီခန့်က နအဖ စကခ ၁၂ လက်အောက်ခံ ခမရ ၂၃၀ တပ်ရင်း၊ နယ်ခြားစောင့်တပ်များနဲ့ ဒီကေဘီအေ ကလိုထူးဖောဗျူဟာမှူး ဗိုလ်မှူးကျော်သက်ဦးဆောင်တဲ့ ဒီကေဘီအေ အဖွဲ့တိုက်ပွဲဖြစ်ရာ နအဖ ဘက်မှ တပ်သား ၂ ဦးသေဆုံးပြီး ၆ ဦး ဒဏ်ရာရှိကြောင်း သိရှိရပါတယ်။
နံနက် (၈ နာရီ) နအဖ စစ်တပ် ခလရ ၆၁ နဲ့ ခမရ ၂၃၀ တပ်ရင်းနဲ့ ဒီကေဘီအေ ကလိုထူးဖောဗျူဟာမှူး ဗိုလ်မှူးကျော်သက်တို့ ယမန်နေ့ ညနေပိုင်း ဖလူးကျေးရွာအနီး တဂေါ်ကျိုးဘက်မှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။ နအဖ စစ်တပ်မှ ရိက္ခာနဲ့ စစ်လက်နက်ပစ္စည်းများ တင်ဆောင်လာတာကို ဒီကေဘီအေ ကလိုထူးဖောဗျူဟာမှူး ဗိုလ်မှူးကျော်သက်တို့က ခြုံခိုတိုက်ခိုက်တာကြောင့် တိုက်ပွဲဖြစ်ပွားခဲ့တာပါ။ တိုက်ပွဲက ည ၈ နာရီလောက်တွင် လက်နက်ကြီးများနဲ့ အပြန်လှန်ပစ်ခတ်မှု ပြင်းထန်လာခဲ့ပါတယ်။ ညဦးပိုင်းအထိ ပစ်ခတ်မှုများရှိခဲ့ကြောင်း သိရှိရပါတယ်။
Labels: သတင်း
Saturday, November 27, 2010
ဖာပွန်ခရိုင်တွင် ရွှေတူးလုပ်ငန်း တိုးချဲ့လုပ်ဆောင်ရန် KNU လက်မခံ
သူက “ရွှေလာတူးခဲ့တုန်းက ကုမ္ပဏီတွေက မြဌေးကြွယ်နဲ့ ချစ်လေးမြိုင်နဲ့ အခြားကုမ္ပဏီတွေပေါ့။ သူတို့(ကုမ္ပဏီ) မြတ်တယ်လို့ တော့ ကြားတယ်။ ဘယ်လောက်မြတ်လဲဆိုတာ ကျနော်တို့ တိတိကျကျ မသိပါဘူး။ မြတ်လို့ပဲ လုပ်ငန်းထပ်တိုးချဲ့တယ်လို့ ထင် တယ်။”ဟု ဆက်ပြောသည်။
အဆိုပါ ရွှေတူးဖော်ရေးလုပ်ငန်းကြောင့် ထိုဒေသရှိ မဲချို၊ ၀င်းမောင်း(ဝေါမူ)၊ မလေးကျောက်(မလေးလယ်) ကျေးရွာအုပ်စုရှိ ရွာ သားများ၏ လယ်ယာဧက ၄၀၀ရှိ လယ်ကွင်း ၈၅ကွင်း ပျက်စီးသွားခဲ့ကြောင်း ကေအဲန်ယူ၊ ဖာပွန်ခရိုင်၏ မှတ်တမ်းများအရ သိ ရသည်။
၎င်းအပြင် ရွှေတူးကုမ္ပဏီများ ထပ်မံ၍ ရွှေတူးဖော်လိုသည့် မဲတိုးချောင်းနှင့် မဲဝေချောင်းတစ်လျှောက်ရှိ ၀င်းမောင်းနှင့် မလေး ကျောက်ကျေးရွာအုပ်စုတွင် ရွာပေါင်း ၃၀ ၀န်းကျင်ရှိသည်ဟု သိရသည်။
ပြီးခဲ့သည့် မေလလဆန်းပိုင်းမှစ၍ ရွှေတူးဖော်ရေးလုပ်ငန်းကို ရပ်တန့်ထားသော်လည်း လက်ရှိအချိန်တွင် အင်အား ၂၀၀ကျော် ရှိ နယ်ခြားစောင့် အမှတ်(၁၀၁၃)တပ်ရင်းက လုံခြုံရေး တာဝန်ယူပေးနေသလို KNLA ၏ နယ်မြေခံ (၁၀၂)တပ်ရင်းလည်း ပုံမှန် လှုပ်ရှားလျှက်ရှိသည်။
၂၀၀၉ခုနှစ်၊ အောက်တိုဘာလက ယခင် ဒီကေဘီအေ (၉၉၉)တပ်မဟာ ဗျူဟာမှူး ဗိုလ်မှူးကြီးစောချစ်သူ ဦးဆောင်သည့် အင် အား ၆၀၀ခန့်ရှိ တပ်မဟာ(၉၉၉)၊့ (၃၃၃)နှင့် (၆၆၆)လက်အောက်ခံ တပ်ရင်းများသည် ဖာပွန်ခရိုင်၊ ဒွယ်လိုးမြို့နယ် မယ်က လယ့်လော်ချောင်းတွင် ရွှေတူးဖော်ရေး စက်ပစ္စည်းများ၊ ထရပ်ကားများနှင့် ရောက်ရှိလာပြီး ကုမ္ပဏီအချို့နှင့်အတူ ရွှေတူးလုပ် ငန်း စတင်လုပ်ကိုင်ခဲ့သည်။
.
Labels: new
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ ပြန်လည် လွတ်မြောက်လာမှုအပေါ် ကရင်အမျိုးသမီးခေါင်းဆောင်အချို့၏ ကြိုဆိုနှုတ်ခွန်းဆက်စကား
ဒေါ်စု အခုလို ပြန်လွှတ်လာတာ ကျမတို့ ၀မ်းသာတယ်။ လူထုခေါင်းဆောင်ဖြစ်တဲ့အတွက် ပြည်သူလူထုတွေလည်း သူ့ကို မျှော်လင့်နေကြတယ်။ အခု သူလွှတ်ပြီးတော့ လူထုကောင်းကျိုးအတွက် ကြိုးစားလုပ်ဆောင်သွားမှာပဲ။ အဲဒီအတွက် ကြိုဆိုတယ်။ ဒါပေမယ့် ဘယ်လောက်လုပ်နိုင်မယ်ဆိုတာတော့ အခု စစ်အစိုးရအပေါ်မူတည်နေသေးတယ်။ ဘာဖြစ်လို့လဲဆို တော့ အမိန့်အာဏာက စစ်အစိုးရလက်ထဲမှာ ရှိတယ်လေ။ ဒေါ်စုကို အချိန်မရွေး သူတို့ အန္တရာယ်ပေးနိုင်တယ်။ ဒါပေမယ့် အခု မီဒီယာတွေက ဖိအားပေးရင်တော့ နည်းနည်းတော့ သူတို့ ရှိန်တယ်။ မီဒီယာတွေက တအားများလာတော့လေ။ သူတို့ လုပ်ချင်တိုင်း သိပ်မလုပ်သလိုတော့ ရှိလာတယ်။ ဒါပေမယ့် သိပ်ယုံလို့တော့ မရဘူး။
နောက်ဆုံး ပြောချင်တာကတော့ တိုင်းရင်းသား ပြည်သူလူထု အားလုံး ဒေါ်စုနဲ့အတူ ရှိကြဖို့ တိုက်တွန်းချင်ပါတယ်။
Labels: သတင်း
ပစ်ခတ်မှုနောက်ပိုင်း မြ၀တီတွင် စားသုံးကုန်ဈေးနှုန်းတက်လာ
မြ၀တီမြို့၌ ဈေးနှုန်းတက်လာသည့် ကုန်ပစ္စည်းအချို့မှာ ပိဿာချိန်ဖြင့် ကြက်သွန်နီ ၆၀၀မှ ၁၀၀၀ကျပ်၊ ကြက်သွန်ဖြူ ၄၀၀၀မှ ၅၀၀၀၊ စားဆီ ၂၀၀၀မှ ၂၄၀၀၊ ငြုပ်သီးခြောက် ၁၀၀၀မှ ၁၂၀၀၊ ကုလားပဲဝါခြမ်း ၁၅၀၀မှ ၂၀၀၀၊ အာလူး ၈၀၀မှ ၁၂၀၀ဖြစ်ပြီး ဆန်တစ်ပြည်နှုန်းမှာ ပျှမ်းမျှအားဖြင့် စီယာဆန် ၉၀၀မှ ၁၀၀၀နှင့် ပေါ်ဆန်းမွှေး ၁၂၀၀မှ ၁၃၀၀ကျပ်နှုန်းဖြစ်သည်။
စားသုံးကုန်ပစ္စည်းရောင်းသူ ဈေးသည်တစ်ဦးက “မြ၀တီက လူတွေက မဲဆောက်ကလာတဲ့ ဆီတွေကိုပဲ စားကြတာပဲ။ ဆီတွေ ဈေးတက်ရတာက အခုဆို ပစ္စည်း သယ်ယူရတာ အရင်ကထက် နည်းနည်းပိုခက်လာတော့ ဈေးတွေ တက်လာတာလည်း ပါ တယ်။ အသား၊ ငါး၊ ကြက်ဥ၊ ဘဲဥတွေကတော့ မဲဆောက်ကပဲ လာတာဆိုပေမဲ့ ဈေးတော့မတက်ဘူး။”ဟု ဆိုသည်။
စစ်အစိုးရအာဏာပိုင်များသည် နိုဝင်ဘာလ ၁၀ရက်နေ့ကတည်းက တရားမ၀င်ဂိတ်များကို နယ်ခြားစောင့်တပ်များလက်ထဲသို့ အပ်နှံလိုက်ပြီးနောက် ယခုဆိုလျှင် ကုန်သည်များက ထိုင်းဘက်ခြမ်းမှ ကုန်ပစ္စည်းများကို ထိုဂိတ်များမှ နေ့ခင်းဘက် ကူးယူ သယ်ဆောင်နေကြပြီဖြစ်သည်။
တရားမ၀င်ဂိတ်မှ ကုန်သယ်ယူနေသည့် ကုန်သည်အမျိုးသမီးက “ကျမတို့ ယူသွင်းတဲ့ပစ္စည်းတွေက အချိုရည်တွေ၊ အချိုမှုန့်၊ ငါးသေတ္တာတွေအပြင် ဆီတွေလည်းပါတယ်။ ဆီက အရင်ကဆို တစ်ပုံးကို ဘတ် ၅၃၀လောက်ပဲရှိတာ အခုဆိုရင် ဘတ် ၆၅၀ လောက်ရှိနေပြီလေ။ အချိုမှုန့်ကတော့ ဈေးမတက်ဘူးလို့ပြောလို့ရတယ်။ အခုတော့ ဂိတ်တွေလည်း ပုံမှန်ပြန်ဖြစ်နေပြီး နေ့ခင်း မှာကူးနေပြီလေ။”ဟု ပြောသည်။
သို့သော် နယ်ခြားစောင့်တပ်အဖြစ် အသွင်မပြောင်းသည့် ဂိတ်များမှာ ယခင် ဒီကေဘီအေ ဗိုလ်မှူးကြီးစောချစ်သူ၏ ကြီးကြပ် ထိန်းချုပ်မှုဖြင့် ၎င်းတို့လက်ခံသည့် အတိုင်းအတာခန့်သာ ကုန်သယ်ယူခွင့်ရရှိသည်ဟု သိရသည်။
“ပစ္စည်းတွေကတော့ သယ်လို့ရပါတယ်။ ဒါပေမဲ့ နယ်ခြားစောင့်တပ်တွေ လာစောင့်နေကတည်းက သူတို့ ခွင့်ပြုသလောက်ပဲ သယ်ရတာပေါ့။ အရင်လို သယ်ချင်တာကို စိတ်ကြိုက်သယ်ပို့ကူးယူနေလို့ မရတော့ဘူးလေ။”ဟု နယ်ခြားစောင့်မဟုတ်သည့် ဂိတ်မှူးတစ်ဦးက ဆိုသည်။
အဆိုပါ ပစ်ခတ်မှုဖြစ်ပြီးနောက်တွင် ကုန်ဈေးနှုန်းတက်လာသလို မြ၀တီမြို့တွင်လည်း ယခင်လို လူစည်ကားခြင်းမရှိတော့ဘဲ ခရီးသည်မရှိသည့်အတွက် မြ၀တီ-ဖားအံ ပြေးဆွဲနေသည့် ကားတန်းအတက်အဆင်း၌ ကားအစီးရေ နည်းပါးလျှက်ရှိသည်။
ကားသမားတစ်ဦးက “ကားတွေကတော့ သွားဖို့အများကြီးရှိတယ်ခင်ဗျ။ ဒါပေမဲ့ ခရီးသည်က မရှိသလောက်ဖြစ်နေတော့ တစ် ရက်ခြား ကားတန်းအဆင်းအတက် ပုံမှန်မရတော့ဘဲ အခုဆို မြ၀တီမှာ ကျနော် ခရီးသည်စောင့်နေတာ တစ်ပတ်လောက်ရှိ ပြီ။”ဟု ပြောသည်။
အလားတူ မြ၀တီမြို့နှင့် တချိန်တည်း ပစ်ခတ်မှုဖြစ်ပွားခဲ့သည့် ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့တွင်မူ ကုန်ဈေးနှုန်း များ မြင့်တက်လာခြင်းမရှိဘဲ ကုန်သည်များသာ မိမိတို့၏ နယ်စပ်ကုန်သွယ်ရေးကို ယခင်လို ပြန်လည်လုပ်ကိုင်နိုင်ခြင်း မရှိ သေးဘဲဖြစ်နေသည်ဟု ဘုရားသုံးဆူမြို့မှ ကုန်သည်တစ်ဦးက ပြောသည်။
Labels: သတင်း

