Wednesday, November 10, 2010

ဘုရားသုံးဆူတွင် လက်နက်ကြီးများဖြင့် ဆက်လက်ပစ်ခတ်


ဧရာဝတီ Thursday, 11 November 2010 12:08


ယနေ့ နံနက် ၃ နာရီ ကျော်မှ စတင်ကာ DKBA တပ်များက နအဖ စစ်တပ် ခလရ ၂၈၃ တပ်စွဲရာ ထိုင်း-မြန်မာနယ်စပ် ဘုရား သုံးဆူ မြို့ပြင်ရှိ တောင်ကုန်းကို လက်နက်ကြီများဖြင့် စတင်ပစ်ခတ်သည်။ ခန့်မှန်းခြေ လက်နက်ကြီး အလုံး ၃၀ ခန့်ရှိပြီး နံနက် ၆ နာရီခန့်အထိ အပြန်အလှန် ပစ်ခတ်ကြခြင်းဖြစ်သည်။ နံနက် ၈ နာရီ ခန့်အထိ ပစ်ခတ်မှုများ ကြိုကြားကြိုကြား ရှိနေကြောင်း နယ်စပ် အခြေ အနေ ကို လေ့လာနေသူ ထိုင်းနယ်ခြားစောင့်အဖွဲ့ ဝင် တဦးက ပြောသည်။ မြ၀တီဘက်မှ ဆုတ်ခွာ လာသော ဗိုလ်မှူးကြီး စောလားပွယ်(ဗိုလ်နှုတ်ခမ်းမွေး)၏ DKBA တပ်ဖွဲ့ဝင်များ ဘုရားသုံးဆူသို့ ယမန်နေ့က ရောက်ရှိလာကြောင်း၊ နအဖ စစ်ကူ တပ်များလည်း သံဖြူဇရပ်ဘက်မှ ဘုရားသုံးဆူရှိရာသို့ ဦးတည် လာနေကြောင်း၊ ထိုင်းဘက်သို့ တိမ်းရှောင်လာသော စစ်ပြေး ဒုက္ခသည်များစွာ ယမန်နေ့က ဘုရားသုံးဆူဘက် ပြန်သွားကြောင်း သတင်းရရှိသည်။

11ReadMore-2.jpg

ဘုရားသုံးဆူဒေသ နိုဝင်ဘာလ ၁၁ရက်နေ့ မနက်တိုက်ပွဲ။

ကေအိုင်စီ သတင်းမှ.....

နိုဝင်ဘာလ ၁၁ရက်။ ကေအိုင်စီ

(နိုဝင်ဘာလ ၁၁ရက်၊ မနက် ၅နာရီစပြီး ဘုရားသုံးဆူမြို့နယ်၊ နယ်စပ် ရွာသစ်ဘက်မှာ နအဖ ခမရ(၄၀၅)နဲ့ ဒီကေဘီအေတပ်တွေ အပြန်အလှန် တိုက်ပွဲဖြစ်ကြတယ်လို့ ထိုင်းစစ်တပ်အသိုင်းအ၀ိုင်းက ပြောပါတယ်။
မနက် ၆နာရီကစပြီး နအဖဘက်က လက်နက်ကြီးနဲ့ပစ်တာ အခု ၇နာရီခွဲကျော်အထိ လက်နက်ကြီး အလုံး ၂၀နီးပါးလောက်ရှိပြီလို့လည်း သိရပါတယ်။

မနက် ၇နာရီကျော်အထိ ဘုရားသုံးဘက်က ဒုက္ခသည်လူထုဟာ ထိုင်းဘက်ခြမ်းကို ထွက်ပြေးလာတာ ခန့်မှန်းခြေ ၁သောင်းကျော်လောက် ရှိပြီလို့ သိရပါတယ်။
အဲဒီဒုက္ခသည်တွေဟာ ထိုင်းဘက်ခြမ်းက ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနဲ့ အားကစားရုံတွေမှာ ရောက်ရှိနေကြတယ်။ သူတို့ကို ထိုင်းလူမှုကယ်ဆယ်ရေးတွေကလည်း ကူညီပေးနေတယ်။

ဒီကေဘီအေဘက်က သုံးတာက ၆၀-မမ။ နအဖဘက်က သုံးတာက ၁၂၀ စိန်ပြောင်း။ အဲဒီ နအဖ ခမရ(၄၀၅)တပ်ရင်းဟာ ပြီးခဲ့တဲ့ နှစ်ရက်လောက်ကပဲ ဘုရားသုံးဆူဘက်ကို စစ်ကူထပ်ရောက်လာတဲ့ တပ်ရင်းဖြစ်တယ်။
ဒီကေဘီအေ ဘက်က အပြောအရ နအဖဘက်က ပစ်ခတ်တာဖြစ်ပြီး ဒီကေဘီအေဘက်က ခံပစ်ပုံစံမျိုးပဲ။ ဒါပေမဲ့ နအဖဟာ သူတို့ရဲ့ လက်နက်ကြီးတွေကို ဒီကေဘီအေရှိရာ ပစ်ခတ်ထည့်တာမဟုတ်ဘဲ မဲ့ကသာရွာထဲကို ပစ်ခတ်နေတာ ဆိုတော့ ရွာသားတွေက ထွက်ပြေးရတယ်လို့ ဆိုပါတယ်။

အခု ၈နာရီနီးပါးအထိ ထိုင်းဘက်ခြမ်းကို လက်နက်ကြီးကျလာတာတော့ မရှိသေးဘူး။ဖြစ်တာကတနေရာထဲမဟုတ်ဘဲ ဘုရားသုံးဆူ နယ်စပ်တကြောလုံးဖြစ်ပွားနေခြင်း ဖြစ်ပါတယ်။)

Collapse...

11ReadMore-2.jpg

မြ၀တီ စစ်ဘေး တတိယနေ့  ပြည်သူ့ အခြေအနေ

















ပြည်သူတွေ ထိုင်းဖက် ကမ်း က စက်ရုံ နဲ့ ဘုန်းကြီးကျောင်းတွေ မှာ ပုန်းနေတာပါ သူတို့ ပေါ်တာကြောက်တယ် ထပ်ပစ်မဲ့ အခြေအနေရှိတယ် ဆိုပြီး မပြန်ရဲ ကြဘူး တဲ့ ။ ပုံမှာ တွေ့ ရတဲ့ ဆရာတော်က တော့ ၁၄နှစ်ကျော် အကျဉ်းကျခဲ့တဲ့ နိုင်ငံရေးအကျဉ်းကျဆရာတော် ရှင်ဇ၀န ဖြစ်ပါတယ် လူထုတိုက်ပွဲကော်မတီရဲ့ ဦးဆောင်ကော်မတီဝင် တစ်ဦး

11ReadMore-2.jpg

တောင်ငူမြို့နယ်တွင် KPP ပါတီ မဲအပြတ်အသတ် အနိုင်ရ


BNI သတင်း

နန်းဖော့ဂေ သတင်း - ကေအိုင်စီ

ပဲခူးတိုင်း တောင်ငူမြို့နယ်တွင် ရွေးကောက်ပွဲ ၀င်ရောက် ယှဉ်ပြိုင်သည့် နိုင်ငံရေးပါတီ လေးခုအနက် ကရင်ပြည်သူ့ပါတီ (KPP) မှာ မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့သည်ဟု ကေအိုင်စီက စုံစမ်းသိရှိရသည်။

KPP_Presidentတောင်ငူ မဲဆန္ဒ နယ်မြေတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (USDP)၊ တိုင်းရင်းသား စည်းလုံးညီညွှတ်ရေး ပါတီ (NUP) တို့အပြင် တိုင်းရင်းသား ပါတီများ ဖြစ်သည့် ကရင် ပြည်သူ့ပါတီ (KPP)နှင့် ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ (PSDP)မှ လွှတ်တော် ကိုယ်စားလှယ်များ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာ KPP က မဲပေါင်း ၁,၇၅၇မဲဖြင့် ကျန်ပါတီများကို အနိုင်ရရှိသွားခဲ့သည်ဟု မဲ ကော်မရှင်နှင့် နီးစပ်သူတစ်ဦးက ယခုလို ပြောသည်။

သူက “ပါတီလေးခုရှိတဲ့အနက် ကြံ့ဖွံ့ပါတီ(USDP)က ၅၇၈မဲ၊ တစညပါတီ(NUP)က ၂၈၀မဲ၊ ကေပီပီက ၁,၇၅၇မဲ၊ ဖလုံ-စဝေါ် ပါတီက ၁၂၉မဲနဲ့ ပယ်မဲ ၂၁၅ခုဖြစ်နေတယ်လို့ သိရတယ်လေ။ အဲဒီတော့ ကေပီပီက တောင်ငူမှာ မဲနိုင်သွားတာပေါ့ဗျာ။”ဟု ဆို သည်။

သံတောင်မြို့နယ်တွင် ၀င်ရောက်ယှဉ်ပြိုင်သည့် ကေပီပီ၏ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် စောစေးဝါးညွှန့်ကို ဆက် သွယ်မရသဖြင့် ပါတီဥက္ကဌ ဦးစောထွန်းအောင်မြင့်ကို ကေအိုင်စီက ဆက်သွယ်မေးမြန်းခဲ့ရာတွင် ၎င်းတို့ပါတီ အနိုင်ရကြောင်း အတည်ပြုပြောဆိုခဲ့သည်။

“အခုလောလောဆယ်တော့ သံတောင်မှာ တစ်ယောက်တော့ ရတယ်လေနော်။ ပဲခူးတိုင်း၊ တောင်ငူမြို့နယ်လေ။ အဲဒီမှာ တိုင်း ရင်းသားရေးရာ ကရင်ရေးရာလေ။ အဲဒါတော့ လက်မှတ်ထိုးခိုင်းနေတယ်ဆိုတော့လေ။ သဘောကတော့ သေချာသွားပြီနဲ့ တူ တယ်ပေါ့နော်။ ဦးစောစေးဝါးညွှန့်က တောင်ငူကနေ အရွေးခံတယ်လေ။”ဟု ဆိုသည်။

လက်ရှိအချိန်ထိ ကေပီပီပါတီမှ ၎င်းတို့ ၀င်ရောက်ယှဉ်ပြိုင်သည့်ဒေသများတွင် ကိုယ်စားလှယ်လောင်း ဦးရေမည်မျှ အနိုင်ရ သည်ကို အတိအကျ မသိရှိရသေးကြောင်းလည်း ဦးစောထွန်းအောင်မြင့်က ဆက်ပြောပြသည်။

သံတောင်မြို့နယ်၊ ဘောဂလိကြီးမြို့နယ်ခွဲ မဲရုံအမှတ်(၁)ကို ခလယ်လာရွာ အထက်တန်းကျောင်းတွင် ပြုလုပ်ခဲ့ပြီး ဘောဂလိ မြို့နယ်မှူး ဦးသန်းဦး ဦးဆောင်ကာ ဌာနဆိုင်ရာများနှင့် ရွာသူကြီးများက မဲရုံမှူးအဖြစ် တာဝန်ယူကာ နအဖ ခမရ(၃၃၆)က မဲရုံလုံခြုံရေးအတွက် တာဝန်ယူပေးခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၅ရက်နေ့က ရွေးကောက်ပွဲမတိုင်ခင် သံတောင်မြို့နယ်မှူး ဦးသန်းဦးက စစ်ကွပ်ကဲရေးဌာနချုပ်-စကခ(၇) နည်းဗျူ ဟာမှူး ဒုဗိုလ်မှူးကြီးမျိုးလှနှင့်ပေါင်းကာ ထန်းတပင်မြို့နယ်တွင် ကြိုတင်မဲများကောက်ခံခဲ့ပြီး မဲမပေးသူများကို ငွေကျပ် ၁သိန်း ပေးဆောင်ခိုင်းကြောင်း သိရသည်။

သို့သော် ဘောဂလိကျေးရွာမှလွဲ၍ အနီးဝန်းကျင်ရှိ ရာမူဒဲ၊ ဒဲဒို၊ မော်ကိုးဒဲ၊ ပယ်ကော်ဒဲ၊ ခူပလောဒဲ၊ မော်ခါးဒဲ၊ ကော်စိုးခို၊ လယ် ကို၊ ၀ါသိုးခို၊ ကော်သေးဒဲ၊ ကလေစိုးခီး (ရေသိုးကြီး) ကျေးရွာများမှာ ရွေးကောက်ပွဲ ကျင်းပခွင့် မရှိသည့် ဒေသများတွင် ပါဝင်သော်လည်း ထိုရွာများမှ အိမ်ထောင်စု၊ သန်းခေါင်စာရင်းများကို ကောက်ခံထားခဲ့ပြီး ဖြစ်သည်ဟု ဒေသခံ တစ်ဦးက ပြောသည်။

၎င်းဒေသခံက “ဘောဂလိကြီးရွာက ရွေးကောက်ပွဲလုပ်ပေမဲ့ အနီးအနား ၁၁ရွာကတော့ ဒေသလုံခြုံရေးမရှိလို့ မဲမထည့်ရဘူး တဲ့။ ဒါပေမဲ့ အဲဒီကျေးရွာတွေက သန်းခေါင်စာရင်းတွေကို စက်တင်ဘာ၊ အောက်တိုဘာနဲ့ နိုဝင်ဘာလဆန်းပိုင်းတွေမှာ စစ် တပ်ကရော၊ မြို့နယ်ကပါ ယူလိုက်ထားပြီးသားလေ။”ဟု ပြောသည်။

နိုဝင်ဘာလ ၇ရက်က သံတောင်မြို့သစ်၊ မြို့ဟောင်း(သံတောင်ကြီး)မြို့များတွင် မဲထည့်သူများမှာ လက်ရှိ လူဦးရေ၏ ထက် ၀က်ခန့်သာရှိသည်။

11ReadMore-2.jpg

ဒီကေဘီအေတပ်၏အောင်မြင်မှုများ


ဒီကေဘီအေတပ်၏အောင်မြင်မှုများ

(၁)ဗမာစစ်အစိုးရတပ်ကိုအချိန်မရွေးခြိမ်းခြောက်နိုင်ကြောင်းပြသည်၊

(၂)မတရားသည့်ရွေးကောက်ပွဲကိုပြည်သူလူထုတိုင်းရင်းသားလက်နက်ကိုင်အင်းအားစုများမလိုလာအသိအမှတ်မပြုဘုးဆိုတာပြသခဲ့သည်၊

(၃)အတိုက်အခံအင်းအားစုများနှင့်တိုင်းရင်းသားလက်နက်ကိုင်အင်းအားစုများအကြောင်းလှို.ဝှက်ထောက်လှမ်းထားသောအထောက်အထားများနှင့်

ဗျူဟာချမှတ်ချက်၊အမိန်.ချက်နှင့်နိုင်ငံတော်လှို.ဝှက်ချက်များကိုဖျက်ဆီးနိုင်ခဲ့သည်၊

(၄)ဒီမိုကရေစီအင်းအားစုများနှင့်အခြားသောမဟာမိတ်များအားစစ်အစိုးရကိုဘယ်လိုတိုက်မှရမယ်ဆိုတာကိုလမ်းပြခဲ့သည်၊

(၅)ဗမာစစ်တပ်၏အဓိကစစ်ရေးဗျူဟာများကိုတားဆီနိုင်ခဲ့သည်၊

(၆)ဗမာစစ်တပ်ဆက်လက်ရမ်းကားလာပါကအချိန်မရွေးပြန်ချဖို.လမ်းဖွင့်သွားပြီးဖြစ် သည်၊

(၇)ဗမာစစ်တပ်တို.၏သတ္တိနှင့်အင်းအားကိုစမ်းသပ်နိုင်ခဲ့သည်၊

(၈)ဗမာစစ်တပ်တပ်သားများ၏စိတ်ဓါတ်နှင့်စစ်အစိုးရလက်ကိုင်တုတ်များကိုစိတ်ဓါတ် စစ်ဆင်ရေးအရရိုက်ချိုးနိုင်ခဲ့သည်၊ရှင်းလင်းနိုင်ခဲ့သည်၊

(၉)တိုင်းရင်းသားတပ်ဖွဲ.များအင်းအားရှိနေကြောင်းနှင့်ဗမာပြည်နိုင်ငံရေးမှာအဓိကဖြစ်နေကြောင်းကိုကမ္ဘာကသိသွားသည်၊

(၁၀)ဗမာစစ်တပ်၏နောက်ကွယ်ကနေစစ်ရေးပြင်ဆင်မှုကိုလက်ဦးရယူပြီးဗမာစစ်တပ်၏ကျန်ရှိဗျူဟာများကိုခြိမ်းခြောက်ရာရောက်သည်။

(၁၁)အရေးကြီးလျှင်သွေးနီရမည်ကိုကရင်အချင်းချင်းသွေးစည်းသင့်ကြောင်းသတိပေးခဲ့သည်၊
(၁၂)တိုက်ပွဲအပြီးစစ်အစိုးရမှတိတ်တဆိတ်ဖိနှိပ်လာမည်ဆိုရင်ဘာလုပ်သင့်သလဲဆို တာကိုအဆင်သင့်ဖြစ်အောင်တပ်လှံ.ခဲ့သည်။

http://www.tineyintharvoice.blogspot.com/

11ReadMore-2.jpg

Tuesday, November 9, 2010

ကော်သူးလေ "ဆံတောက်"




ကော်သူးလေ "ဆံတောက်"

အရင်က နောင်တော်ကြီးတွေ
အင်းစိန်မြို့ ကနေ အဆုတ်မှာ
တော်လှန်ရေး ရဲဘော်အချင်းချင်း
သစ္စာအဓိဌါန်တစ်ခုပြုခဲ့ကြတယ်
တော်လှန်ရေးမအောင်မခြင်း
ဆံပင်မညှပ်ကြေး မုတ်ဆိတ်မွေးမရိပ်ကြေးတဲ့
အဲဒါ  ကော်သူးလေ   "ဆံတောက်”ခေတ်ပေါ့။
      အခုငါတို့တွေ  မြ၀တီမှ ဆုတ်ခဲ့ရပြီး
ဆံပင်ရှည်ရုံ မုတ်ဆိတ်မွေးရှည်ရုံနဲ့ မလုံလောက်တော့
စည်းလုံးညီညွတ်မှုနဲ့အတူ
တစ်ဦးချင်းဆီတာဝန်ယူမှုက လိုအပ်လာပြီး
ငါတို့တွေချရမယ့်သံဓိဌါန်က
ကရင်တစ်မျိုးသားလုံး
လွတ်လပ်ရေး မရ မခြင်း တိုက်ရမယ်ဆိုတာပါပဲ။
       ကမ္ဘာတစ်ခွင်မှာ ကရင်ပြည်ဟေ့လို့
ကြွေးကြော်နိုင်တဲ့တစ်နေ့
ဘုန်းအပြည့်နဲ့ ဆန်းတစ်ခေတ်ရဲ့
ကော်သူးလေ "ဆန်းတောက်"တဲ့ ခေတ်ဆီကို။
                              သူရေ့ဖေါင်(သူရေ၀့်ဖါန်)7.11.2010
တိုက်ပွဲဝင်ကရင်အမျိုးသားရဲဘော်အားလုံးကို ဒီကဗျာလေးနဲ့ဂုဏ်ပြုအပ်ပါသည်။


11ReadMore-2.jpg

ကျောင်းသားတပ်မတော် အမှတ် (၄) တပ်ရင်း လွိုင်ကော်-ရှားတောကားလမ်းပေါ်က နအဖ စခန်းတခုကို သိမ်းပိုက်


ABSDF အမှတ် (၄) တပ်ရင်းနဲ့ ကရင်နီတပ်မတော် အမှတ် (၃) တပ်ရင်းတပ်ဖွဲ့များ ပူးပေါင်းကာ ကရင်နီပြည် လွိုင်ကော် ရှားတော ကားလမ်းပေါ်ရှိ ပွန်းချောင်းတံတား စ ခန်းကို ၂၀၁၀ ခုနှစ် အောက်တိုဘာလ ၂၆ ရက် မနက်ပိုင်းမှာ သိမ်းပိုက်လိုက် ပါတယ်။

တိုက်ပွဲတွင် ရန်သူ့ နအဖ ဘက်မှာ သုံ့ပန်း (၄) ဦး၊ ရန်သူ့အလောင်း (၄) လောင်း၊ လက် နက်ကြီး ငယ်မျိုး စုံ (၉) လက်နဲ့ ခဲယမ်းမီးကျောက်တွေ သိမ်းစီးနိုင်ခဲ့ကြပါတယ်။











မနက် ၁၁း၀၀ လောက်မှာ သုံ့ပန်းတွေကို ပြန်လွတ်ပေးပြီး၊ သိမ်းပိုက်စခန်းကို မီးတင်ရှို့ ကာ တံတားကိုလည်း ဖေါက်ဖွဲခွဲပစ်ပြီး ပြန်လည်ဆုတ်ခွာခဲ့လို့ သတင်းရရှိပါတယ်။










http://www.naytthit.net/?p=3606

11ReadMore-2.jpg

တိုက်ပွဲအခြေအနေများ


မြန်မာစံတော်ချိန်.....ညနေ ၄ နာရီ ၅၅ မိနစ်
-----------------------------------------------------------------------
ညနေ(၄ နာရီ ၅၅မိနစ်) ဒီကေဘီအေနဲ့ နအဖ တပ်များ ဝေါလေ ဒေသတွင် ဆက်လက် တိုက်ပွဲဖြစ်နေတယ်လို့ သိရှိသည်။ ယခု ဝေါလေမှာ ဖြစ်နေတဲ့ တိုက်ပွဲပြင်းထန်တာ ယခုတိုက်ပွဲကို ဦးဆောင်သူ ဗိုလ်မှူးစောလားဘွယ်နေတဲ့ဒေသဖြစ်လို့ တိုက်ပွဲပြင်းထန်တာလို့ ဆိုပါတယ်။ မဲဆောက်မှ မြ၀တီသို့ ပြန်နေကြသည့် မြန်မာပြည်သားများ.... အခုညနေ ၄ နာရီခွဲလောက်က ပုံပါ... (ဓါတ်ပုံ - REUTERS)



အောက်ကပုံကတော့ မဲဆောက်ဘက်နေ မြ၀တီကို လှေဖြင့် ပြန်ဖို့ စောင့်ဆိုင်းနေတဲ့ သူတွေပါ...




ညနေ(၄ နာရီ ) မြ၀တီမြို့သို့ စစ်ပြေးဒုက္ခသည်များ ပြန်သွားရာ နအဖ စစ်တပ်မှာ ပြန်လည် မောင်းထုတ်နေကြောင်း သိရသည်။ မြ၀တီမြို့တွင်းမှ ဒီကေဘီအေ တပ်များ တဖြည်းဖြည်း ဆုတ်ခွာသွားကြောင်း သိရှိရသည်။

နေ့လည်(၃ နာရီ ၄၅ မိနစ်) ဒီမွန်းလွဲပိုင်း ၃း၃၀နာရီလောက်မှာ နအဖ အမှတ်(၁၂) စစ်ကွပ်ကဲရေးဌာနချုပ် နည်းဗျူဟာ(၃)က တပ်ရင်းသုံးရင်းဟာ အခုဆိုရင် ဖားချောင်းနဲ့ မြ၀တီမြို့ကြားမှာ ရောက်ရှိနေပြီလို့ သိရတယ်။ အဲဒီတပ်ရင်းတွေက ခလရ(၂၃၀)၊ ခမရ(၃၅၅)နဲ့ ခမရ(၅၄၇)တို့ဖြစ်တယ်။ (ကိုးကား - kicupdatenews)

နေ့လည်(၃ နာရီ ၄၁ မိနစ်) ဘုရားသုံးဆူတွင် နအဖ စစ်တပ်နှင့် ဒီကေဘီအေ တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေပါတယ်။ နအဖ စစ်တပ်က ရွာသစ်ဘက်တွင်နေရာယူပြီး ဒီကေဘီကေ တောင်ဝိုင်းဘက်တွင်နေရာယူထားကြကာ တဖက်နှင့်တဖက် ပစ်ခတ်နေကြကြောင်း သိရှိရသည်။

နေ့လည်(၃ နာရီ ၃၆) ဘုရားသုံးဆူတွင် နေ့လည်ပိုင်းက စစ်တပ်က ပစ်လိုက်တဲ့ လက်နက်ကြီး ထိုင်းဘက်ကမ်းကို ကျပြီး အရပ်သား ၅ ယောက်နဲ့ ကရင်ဘုန်းကြီး ၂ ပါး ဒဏ်ရာရသွားတယ်သိရှိရသည်။

နေ့လည်(၂ နာရီ ) နအဖ စစ်တပ်များနဲ့ ဗိုလ်ချုစ်သူ ဦးဆောင်တဲ့ နယ်ခြားစောင့်တပ်များ မြ၀တီကို ပြန်သိမ်းမယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

နေ့လည်(၁ နာရီ ၅၀ မိနစ် ) မဲဆောက်မြို့ တပ်မဟာ ဘုန်းကြီးကျောင်းအတွင်းရှိ စစ်ပြေးဒုက္ခသည်များ ဘုန်းကြီးက ပြန်လို့ရပြီဖြစ်ကြောင်း ကြေညာနေတယ်လို့ သိရပါတယ်။ သို့ပေမယ် မြ၀တီမြို့တွင်းက လူများမဟုတ်ပဲ မြ၀တီရွာနီးစပ်ချုပ်မှ နယ်ခြားစောင့်အုပ်ချုပ်ကျေးရွာတွေမှာ နေထိုင်သူတွေကိုပဲ ပြန်ခွင့်ပေးတာလို့ သိရှိပါတယ်။ မြ၀တီ မြို့တွင်းအခြေအနေ သေချာ မသိသေးလို့ မြို့တွင်းက လူတွေကို မပြန်ခိုင်းဘူးလို့လည်း သိရပါတယ်။

နေ့လည်(၁ နာရီ ၄၅ မိနစ် ) ဘုရားသုံးဆူတွင် ဒီကေဘီအေနှင့် ကေအန်ယူပူးတွဲပြီး ယမန်နေ့ တိုက်ပွဲဖြစ်ရာမှာ ပြန့်ကျဲနေသော နအဖ စစ်သားများနှင့် ချောင်းဆုံနေရာတွင် စစ်ပွဲဖြစ်နေကြောင်း သိရှိရသည်။

နေ့လည်(၁ နာရီ ၁၅ မိနစ် ) မြ၀တီမြို့မှာ ဖြစ်ပေါ်နေတဲ့ ဒီကေဘီအေနဲ့ နအဖ စစ်တပ် တိုက်ပွဲအခြေအနေကို ထိုင်း တီဗွီ ချယ်နယ် ၃ က နေ့လည် ၁၂ နာရီ ၅၀ မှာ ထုတ်လွှင့်ပြသ သွားတာပါ။




နံနက်(၁ နာရီ ၉ မိနစ် ) ဘုရားသုံးဆူတိုက်ပွဲ အခြေအနေကို ထိုင်း တီဗွီ က ယနေ့ မြန်မာစံတော်ချိန် ၁၂ နာရိ ပြသသွားတာပါ။



နံနက်(၁၂ နာရီ ၄၆ မိနစ် ) နအဖနဲ့ ဒီကေဘီအေတပ်များ တဖက်နဲ့ တဖက် ပစ်ခတ်မှုတွေ ရပ်ထားတယ်လို့ သိရှိရပါတယ်။ ဒီကေဘီအေ တပ်တွေကတော့ မြ၀တီမြို့ မေတ္တာလင်းမြိုင်ဘက်မှာ စခန်းထိုင်ထားပြီး ပြန်လည်ထိုးစစ်ဆင်ဖို့ လူအင်အား၊ လက်နက်အင်အား ပြင်ဆင်နေတယ်လို့ နောက်သတင်းရရှိပါတယ်။

နံနက်(၁၂ နာရီ ၃၀ မိနစ် ) အတည်ပြုဖို့ ခက်ခဲ့တဲ့ သတင်းတွေ ရနေလို့ ခဏလေးစောင့်ပေးပါ။ ဖုန်းဆက်သွယ်နေပါသည်။

နံနက်(၁၁ နာရီ ၄၄ မိနစ် ) မြန်မာစံတော်ချိန် နေ့လည် ၁၂ နာရီတွင် မြ၀တီမြို့တွင် တိုက်ပွဲများ ပြင်းထန်နိုင်တယ်လို့ ဒီကေဘီအေနဲ့ နီးစပ်သူတဦးက ပြောဆိုသည်။ ဒီကေဘီအေဘက်မှ ဦးဆောင်သူ ဗိုလ်မှူးစောလားဘွယ် ဆုတ်ခွာဖို့ အမိန့်မပေးမချင်း ဘယ်တော့မှ မြ၀တီမြို့မှ ဆုတ်ခွာမဟုတ်ဘူးလို့ ဒီကေဘီအေ ဘက်မှပြောသည်။

နံနက်(၁၁ နာရီ ၃၃ မိနစ် ) လတ်တလော အတည်မပြုနိုင်သေးသည့် သတင်းများအရ ထိုင်း-မြန်မာနယ်စပ် မြ၀တီမြို့နှင့်နီးသည့် ဝေါလေ ဘက်မှလည်း တိုက်ပွဲတွေဖြစ်ပေါ်နေကြောင်း သိရှိရသည်။ စစ်ရေးသုံးသပ်သူတဦး အပြောအရ တံတားတွေ ကျိုးသွားသည့်အတွက် လတ်တလော စစ်ကူလာလို့မရတဲ့အတွက် ရှေ့တန်းအထိုင်တပ်တွေကို မြ၀တီကို စစ်ကူသွားခိုင်းတော့ ရှေ့တန်းအထိုင်တပ်တွေမှာ စစ်အင်အားနည်းတဲ့ အချိန်မှာ ဒီကေဘီအေ ဘက်မှ နအဖ ရှေ့တန်းအခြေစိုက်စခန်းတွေ ၀င်တိုက်တာ ဖြစ်နိုင်တယ်လို့ပြောဆိုသည်။

နံနက်(၁၁ နာရီ ) မြ၀တီမြို့တွင် မနေ့က ပိတ်မိနေပြီး ထွက်မလာနိုင်ပဲ ယနေ့ မနက်ပိုင်းမှ ရောက်ရှိလာသည့် သစ္စာမဂ္ဂဘုန်းကြီးကျောင်းနှင့် အခြားဘုန်းကြီးကျောင်းများ ဘုန်းကြီးများ စစ်ပြေးဒုက္ခသည်များ ဓါတ်ပုံတွေကို တင်ပေးလိုက်ပါတယ်။

(ဓါတ်ပုံ - REUTERS)






နံနက်(၁၀ နာရီ ၅၀ မိနစ်) ABSDF (ကျောင်းသားတပ်မတော်)မှ နအဖ စစ်အုပ်စုအား ဒီကေဘီအေ အပါအ၀င် အခြား အဖွဲ့အစည်းများနဲ့ ပူးတွဲတိုက်ပွဲဝင်သွားရန် စုဖွဲ့မှုများ ပြုလုပ်ပြီးစီး၊ တိုက်ပွဲဝင်ရန် အသင့်ဖြစ်နေကြောင်း ကြေညာချက် ထုတ်ပြန်လိုက်သည်။ ( ABSDF - ထုတ်ပြန်ကြေညာချက်) ကြည့်ရန် ယခု Link ကို နှိပ်ပါ။ တိုက်ရိုက်လင့် http://www.scribd.com/doc/41643779/Statement-on-Attack-Between-DKBA-and-SPDC

နံနက်(၁၀ နာရီ ၃၀ မိနစ်) ရန်ကုန်မြို့နေ ပြည်သူလူထုက ရွေးကောက်ပွဲ အနိုင်ရ သတင်းထက်၊ မြ၀တီ တိုက်ပွဲသတင်းကို ပိုမိုစိတ်ဝင်စားမှုများနေကြောင်း မြို့ခံတဦးမှ ပြောဆိုသည်။ ရန်ကုန်တွင်လည်း ကုန်ဈေးနှုန်း ပိုမိုတိုးမြင့်လာကြောင်းလည်း ပြောဆိုသည်။ လူထုအုံကြွမှုတရပ် ဖြစ်ပေါ်လာနိုင်ကြောင်း ၄င်းက သုံးသပ်ပြောဆိုလိုက်သည်။ ရန်ကုန်တွင် လုံခြုံရေး ပိုမိုတင်းကြပ်နေကြောင်းလည်း သိရှိရသည်။

နံနက်(၁၀ နာရီ ၂၀ မိနစ်) ဘုရားသုံးဆူအခြေစိုက် နအဖ စစ်တပ် ခမရ ၂၈၃ အခြေစိုက် စစ်တပ်ဝင်းကို ဒီကေဘီအေမှ သိမ်းပိုက်မှု မရရှိသေးပါဘူး။ မနက်ပိုင်းက အပြန်လှန် ပစ်ခတ်နေရာမှ ယခု ပစ်ခတ်မှုများ ရပ်နားထားတယ်လို့ သိရှိရပါတယ်။ နအဖ က ဘုရားသုံးဆူအခြေစိုက် ခမရ ၂၈၃ အခြေစိုက် စစ်တပ်ကို စစ်အင်အားဖြည့်ဖို့ စစ်ကူလွှတ်ထားတယ်လို့ သိရှိရပါတယ်။

နံနက်(၁၀ နာရီ ၃ မိနစ်) ဘုရားသုံးဆူမြို့တွင် ဒီကေဘီအေ တပ်ရင်း ၉ဝ၆နှင့် ၉ဝ၇ က အချက်အခြာကျရာ နေရာများကို သိမ်းပိုက်ထားရာမှ ယနေ့မနက် ၈ နာရီက ဒီကေဘီအေနဲ့ နအဖ စစ်တပ်များ အပြန်အလှန်ပစ်ခတ်မှုများ ပြန်လည် စတင်နေပြီဖြစ်ကြောင်း သိရှိရသည်။

နံနက်(၉ နာရီ ၄၇ မိနစ်) မြ၀တီမြို့ပေါ်မှာ ဒီကေဘီအေနဲ့ နအဖ တိုက်ပွဲတွေ ရပ်လိုက်နားလိုက်နဲ့ ဆက်လက်ဖြစ်ပေါ်နေတယ်လို့ AJC သတင်းဌာန ပြောဆိုလိုက်ပါတယ်။ (ကိုးကား - AJC)

နံနက်(၉ နာရီ ၃၅ မိနစ်) မြ၀တီမြို့ပေါ်မှာ ဖြစ်နေသော စစ်ပွဲအတွက် နအဖ စစ်တပ်မှရန်ကုန်၊ ပဲခူးနှင့် နေပြည်တော် မှ လက်နက်ကြီးတင် စစ်ကား ၆၀ ကျော် စစ်တောင်းမြစ် ကို ကျော်ဖြတ်လာနေကြောင်း သိရှိရသည်။

နံနက်(၉ နာရီ ) ဒီကေဘီအေ ဗိုလ်စောလားဘွယ်တို့နဲ့ ပူးပေါင်းရန် ကေအယ်ယူ တပ်မဟာ ၇ နယ်မြေမှ စစ်ကြောင်းတကြောင်း ယမန်နေ့ညက ထွက်ခွာသွားကြောင်း သတင်းရရှိသည်။

နံနက်(၈ နာရီ ၃၀ မိနစ်) မနေ့ညက နအဖ တပ်မှ တိုက်ပွဲ အရှိန်အဟုန်မြင့်တင်ဖို့ ကော့ဂရိတ်နှင့် သင်္ကန်းညီနောင်တွေမှာ ပေါ်တာ လိုက်ဆွဲခဲ့တယ်လို့ သိရှိရသည်။

နံနက်(၈ နာရီ ၂၂ မိနစ်) ABSDF စစ်ကော်မရှင်အတွင်းရေးမှူး ကိုခင်ကျော်မှ မြ၀တီတွင်ဖြစ်ပေါ်နေသော တိုက်ပွဲ အခြေအနေကို ယခုလိုသုံးသပ်ထင်ပြလိုက်ပါတယ်။ (လက်ရှိအခြေအနေမှာ ဗိုလ်မှူးစောလားဘွယ် ဦးစီး DKBA အဖွဲ့က မြ၀တီစစ်ပွဲကိုရက်အတန်ကြာ ထိမ်းထားနိုင်မယ်လို့ သုံးသပ်ရပါတယ်၊ ကနေ့ ကာလ နအဖ က ရွေးကောက်ပွဲလုပ်ပြီး ကမ္ဘာကိုအလှပြနေချိန် မြ၀တီကိုသိမ်းပိုက်ခံလိုက်ရ တာဟာ အရှိုက်အထိုးခံလိုက်ရသလို ဖြစ်နေတယ် နအဖ ကတတန်ပြန်ထိုးစစ် ဆင်တဲ့ နည်းရော ညှိနိုင်းတဲ့နည်းပါ သုံးမှာပါ၊ ပထမနည်းဖြစ်တဲ့ တန်ပြန်ထိုးစစ်ဆင်တဲ့ နည်းသုံးရင်တော့ တိုက်ပွဲကပြီးသေိးမှာမဟုတ်ဘူး။ ယာယီရပ်ဆိုင်းသွားနိုင်ပေမဲ့ ရေရည်မှာ DKBA က တိုက်ပွဲပုံစံပြောင်း ပြီး တိုက်ပွဲဆက်ဝင်သွာယးမယ်ဆိုရင် ပိုပြီးတောင် အင်အားတောင့်တင်း လာနိုင်မယ်၊ ဘ၀တူတွေက လက်ပိုက်ကြည့်နေကြမှာ မဟုတ်ဘူး။ တွေ့ဆုံ ညှိနိုင်းတဲ့နည်းနဲ့ ရန်သူကသုံးရင်တော့ ဗိုလ်မှူးကြီးစောလားဘွယ်တို့က နိုင်ငံရေးအရပါ စကားပြောလိမ့်မယ်လို့ ယူဆရပါတယ်၊)

နံနက်(၈ နာရီ ၁၀ မိနစ်) ယနေ့နံနက်ပိုင်းတွင် မြ၀တီမှ မဲဆောက်သို့ စစ်ပြေးဒုက္ခ္ခသည်များ ထိုင်းနိုင်ငံ မဲဆောက်မြို့လေယာဉ်ကွင်းရှေ့ ထိုင်းစစ်တပ်ဝန်းအတွင်းတွင်ထားသော စစ်ပြေးဒုက္ခ္ခသည်စခန်းသို့ တဖွဲဖွဲ ထပ်မံရောက်ရှိလာကြောင်း သိရှိရသည်။

နံနက်(၈ နာရီ ၄ မိနစ်) မြ၀တီမြို့ပေါ်မှာ နအဖ စစ်တပ်မှ မြို့ပေါ်တွင် နောက်ဆုံးကျန်ရှိနေသေးသော ပြည်သူလူထုကို မြ၀တီမြို့အတွင်းမှ ၁ နာရီအတွင်း အပြီးထွက်သွားကြရန် စစ်ကားများဖြင့် လိုက်လံကြေညာကြောင်း သိရှိရသည်။

နံနက်(၇ နာရီ ၄၀ မိနစ်) ရွေးကောက်ပွဲရလဒ်ကို သိရှိရပြီဖြစ်ပေမယ့် ယမန့်နေ့ ဖြစ်ပွားသော ပြည်တွင်းစစ်ပွဲကြောင့် နအဖမှ လွှတ်တော်ခေါ်ယူခြင်းနဲ့ အစိုးရ အသစ် ဖွဲ့စည်းဖို့ကို အကန့်အသတ်မရှိ ရက်ရွေ့ဆိုင်းလိုက်ကြောင်း သိရှိရသည်။

နံနက်(၇ နာရီ ၃၅ မိနစ်) ဒီကေဘီအေနှင့်နအဖ တိုက်ပွဲဖြစ်သောကြောင့် ကလေးကျောင်းသွားကြိုသော ကြံ့ဖွတ် ကိုယ်စားလှယ်လောင်းတဦးလည်း သေဆုံးသွားကြောင်း သိရှိရသည်၊ သေဆုံးသူ ၁၀ ဦးတက်မနည်းရြှိ့ပီး... ဒဏ်ရာရသူ ၃၀ နီးပါးခန့်ရှိကြောင်း သိရှိရသည်။

နံနက်(၇ နာရီ ၃၀ မိနစ် ) မနေ့ညက မြ၀တီတွင် ဒီကေဘီအေနှင့်နအဖ တိုက်ပွဲကြောင့် ဒေသခံ ပြည်သူလူထု ၁၀ ဦးထက်မနည်းသေဆုံးမှုရှိကြောင်း သိရှိရသည်။

နံနက်(၇ နာရီ ) မနေ့ညက မြ၀တီတွင် ဒီကေဘီအေနှင့်နအဖ တိုက်ပွဲဖြစ်သံများ ရပ်ဆဲသွားပြီး ယနေ့မနက် ၆ နာရီကျော်လောက်တွင် လက်နက်ငယ်သံများ တဖန်ပြန်ကြားလာရကြောင်း သိရှိရသည်။

ဆုံဆည်းရာဘလော့ဘ် မှကူးယူဖော်ပြသည်။

11ReadMore-2.jpg

ဗိုလ်ချစ်သူ ၏ သိန်းထောင်ကျော်တန် အိမ် ပြာပုံဖြစ်အောင် ဖျက်ဆီးခံရ နှင့် မြ၀တီ နှင့် ဘုရား သုံးဆူ တိုက်ပွဲ များ အတွင်း သေဆုံး၊ဒဏ်ရရသူ စာရင်း


freedom news group မှ.....

ထိုင်းအင်ဂျင်နီယာများကိုအသုံးပြုကာသိန်းထောင်ချီအကုန်အကျခံပြီးဆောက်လုပ်ထားသည့်တိုးတက်သောဗုဒ္ဓဘာသာကရင်အမျိုးသား တပ်မတော်(DKBA)၉၉၉မှ စစ်ဗျူဟာမှူးဗိုလ်မှူးကြီးစောချစ်သူ၏ မြ၀တီရွှေကုက္ကုလ်မြိုင် ကျေးရွာမှချစ်သူမြိုင်စံအိမ်သည် ပြာပုံဖြစ်အောင် ဖျက်ဆီးခံလိုက်ရကြောင်း FNG မှ သတင်းရရှိသည်။

ထိုအိမ်ကိုနှစ်ရက်တာတိုက်ပွဲအတွင်းနအဖစစ်တပ်ကဖျက်ဆီးလိုက်ခြင်းဖြစ်သည်ဟုအမည်မဖော်လိုသည့်၉၉၉တပ်မှ အရာရှိတစ်ဦးကပြောသည်။

ဗိုလ်ချစ်သူသည်သူ၏ သိန်းထောင်ချီတန်အိမ်ကိုယခုနှစ်မတ်လကရန်ကုန်နှင့်ထိုင်းမှအဆိုတော်များငှားရန်းကာနေ့စဉ်ကြည့်ချင်ပွဲများလုပ်ပြီးဖွင့်လှစ် ခဲ့ခြင်းဖြစ်သည်။
ဗိုလ်မှုးချုပ် စောလားဘွယ် ၏မြ၀တီမြို့ ရှိ ယခင်နေအိမ်မှာလည်းမီးရှို့ ဖျက်ဆီးခံလိုက်ရသည်ဟု သတင်းရရှိသည်။
နအဖ စစ်တပ်နှင့်ရဲတပ်များ - အရာရှိနှစ်ဦးသေ။ တပ်သားအဆင့် ရှစ်ဦးသေ။ လေးဆယ် ကျော်ဒဏ်ရာရ။ အရာရှိအဆင့် ၁ဦးနှင့်တပ်သား၃ဦး
(DKBA) မှ ဖမ်းဆီးခံထားရ။ လ၀က ၂ ဦးနှင့်ကြံ့ဖွံ လေးဦးသေ။ စစ်သား လေးဦး ဘက်ပြောင်းခိုလှုံ။ ဗိုလ်ချစ်သူ အဖွဲ့ မှနှစ်ဦးသေ။

DKBA နှင့် မဟာမိတ် တပ်များ - တပ်သားအဆင့် လေးဦးသေဆုံး။ ၁၄ဦးခန့် ဒဏ်ရာရ။ ဘုရားသုံးဆူတွင် DKBAအရာရှိတစ်ဦးဒဏ်ရာရ။
မွန်ပြည်သစ် ပါတီမှတစ်ဦး သေဆုံး။

ပျက်စီးမှုများ - ဘုရားသုံးဆူနှင့်မြ၀တီတွင် အစိုးရအဆောက်အဦး အားလုံးနီးပါးပျက်စီးဆုံးရှုံးခဲ့သည်။

11ReadMore-2.jpg

Monday, November 8, 2010

မြ၀တီတိုက်ပွဲ အခြေအနေ


အပျက်အဆီးများမှာ- ကမ်းနားလမ်းတွင် ဓါတ်ဆီရောင်းသောအိမ်တစ်အိမ်၊ အစိုးရရုံး (၆)ရုံး၊ မီးလောင်သွားပြီး အမှတ်(၁) ရပ်ကွက် မှ ဘုန်းကြီးကျောင်းမှာ နအဖ မှ ပစ်ခတ်သောလက်နက်ကြီး ကျည်ထိမှန်ပြီး မီးလောင်ပျက်ဆီးခဲ့ပါသည်။ ယနေ့နံနက် (၆) နာရီထိုးခါနီးတွင် လက်နက်ကြီး ပစ်သံ (၃) ချက်ကြားရပါသည်။ ကမ်းနား

တွင်ဝင်လာသော နအဖ တပ် အင်အား (၃၀) ခန့် ကို DKBA မှ လှမ်းပစ်သဖြင့် နအဖ တပ်
မှာ လာရာလမ်းအတိုင်းပြန်လှည့်သွားပါသည်။ မနေ့ညတွင် ဖားအံရှိ ဗိုလ်ချစ်သူ ကို နအဖ မှခေါ်သွားကြောင်းသတင်းရရှိပါသည်။ ယနေ့မနက်တွင် မြ၀တီတွင်တပ်စွဲနေသော ဗိုလ်မှုးချုပ်နှုတ်ခမ်းမွှေးအဖွဲ့ ဆီသို့ ဗိုလ်ချစ်သူလက်အောက် ဒုဗျုဟာမှုး ဗိုလ်ကတုံး ဦးဆောင်သော BGF အဖွဲ့လက်တကမ်းအကွာထိရောက်လာပြီးနှစ်ဦးနှစ်ဖက် ညှိနှိုင်းပြောဆိုမှု့များရှိခဲ့ပါသည်။ ယခုချိန်တွင် ဗိုလ်မှုးချုပ်နှုတ်ခမ်းမွှေးအဖွဲ့သည် မြ၀တီမြို့တွင်းမှ ထွက်ခွါခဲ့ပြီး ကြံခင်း အရပ်တွင် နေရာယူထားပါသည်။ ယခုသတင်းရေးနေချိန်တွင် နအဖ မှ ဗိုလ်မှုးကြီး သန်းဝင်း နှင့်ညှိနှိုင်းနေပြီး အဆင်မပြေပါက ဒေသစံတော်ချိန် နံနက် ၁၀ နာရီနောက်ပိုင်း တိုက်ပွဲ များပြန်စနိုင်ပါသည်။

http://www.karenunited.com/

11ReadMore-2.jpg

စစ်ရေးမဟာမိတ်ပြုထားသော တိုင်းရင်းသားတပ်မတော်များသို့ ပန်ကြားချက်


မတရားမှုတွေကြောင့် တရားသောစစ်ကို ဆင်နွှဲရပြီဖြစ်တယ်။
ဗမာ လူမျိုးအများစုအပါအ၀င် ကျနော်တို့ တိုင်းရင်းသားအားလုံး ညီညီညွတ်ညွတ်နဲ့ တောင်တန်းပြည်မ မကျန် ပူးပေါင်း တော်လှန် ဆောင်ရွက်မှ ကျနော်တို့ လိုချင်တဲ့ စစ်မှန်တဲ့ဒီမိုကရေစီကိုရမယ်။
ကျနော်တို့  နဲ့ တူ တူ ငြိမ်းချမ်းရေး ၊ လူ့ အခွင့်အရေး ၊ ဒီမိုကရေစီနဲ့ အမှန်တရားကိုမြတ်နိုးတဲ့ တပ်မတော်သားများလဲ အမိမြေရဲ့ နေရာအနှံ့ က ပူးပေါင်းပါဝင်ကြပါလို့ဖိတ်ခေါ်ပါတယ် ။

ပြည်တွင်း က အနိုင်ကျင့် ခံ အညာ ခံရတဲ့ ဒီမိုကရေစီမြတ်နိုးသူ အင်အားစုအားလုံး လက်တွဲပါဝင် ပူးပေါင်းပြီး လက်တဆုတ်စာ နအဖ စစ်မိစ္ဆာ အာဏာရှင်တစုကို ပြည်ထောင်စုစိတ်အစစ်နဲ့ တော်လှန်ကြပါ။


ဗိုလ်မှူးချုပ်စောလားဘွယ် (DKBA

11ReadMore-2.jpg

ဗိုလ်မှုးချုပ်စောလားပွယ်ပန်ကြားချက်

အဲခါန်.သင့်(အဲခေါင်သောင့်)

         
       

     

     

ဒီကေဘီအေခေါင်းဆောင် စောလားဘွယ် ပန်ကြားချက်
Monday, November 08, 2010 6:38 PM


ကျနော်တို့  တိုက်နေပြီ။ ရွေးကောက်ပွဲကိုလက်မခံဘူး။ ဘောဒါဂတ်မလုပ်နိင်ဘူး။


ပြည်သူလူထုတွေငတ်ကုန်တာကိုလက်ပိုက်မကြည့်နိင်ဘူး။


 ကျနော်တို့ စောဘဦးကြီးမူလေးချက်မရမချင်းဆက်လက်တိုက်ပွဲဝင်မယ်။


ကျနော်တို့  ဒေါ်အောင်ဆန်းစုကြည်၊ ကျောင်းသားတွေနဲ့ အတူ လက်တွဲတိုက်ပွဲဝင်သွားမယ်။


 တခြားအဖွဲ့ တွေလတည်း ကျနော်တို့ နဲ့ အတူတိုက်ပွဲဝင်ကြပါ လို့ ပြောချင်တယ်။

11ReadMore-2.jpg

နအဖ ဒုရင်းမှူးတစ်ဦး အဖမ်းခံရ

သောသီခိုမှ....


ဝေါလေခီးဒေသအခြေစိုက် နအဖ ဒုရင်းမှူး သက်နိုင် ဦးဆောင်တပ်ဖွဲ့ နှင့် ကေအဲန်ယူ တပ်ရင်း ၁၀၁ ရှေ့တန်းနယ်မြေတွင် လှုပ်ရှားနေသောရဲဘော်များနှင့် ကလော်ခီးအရပ်တွင် ရင်ဆိုင်တိုက်ပွဲဖြစ်ပွားရာ ဒုရင်းမှူးသက်နိုင် အရှင်ဖမ်းဆီးခံရကြောင်း သတင်းရရှိပါသည်။ လက်နက်မျိုးစုံ ၁၁ လက် ကေအဲန်ယူဖက်မှ သိမ်းဆီးရရှိကြောင်း သတင်းရရှိပါသည်။ နှစ်ဖက် အသေအပျောက် သတင်းမရရှိသေးပါ။

11ReadMore-2.jpg

ဗိုလ်ချစ်သူကို နအဖ က ဖမ်းသွားပြီ ။

နေလည် ၃ နာရီခန့် က ဂျပန်မှာ ပြန်လာတဲ့ ဗိုလ်ချစ်သူကို နအဖ က ဖမ်းသွားပြီလို့ သိရပါတယ်။ သူက စစ်မတိုက်ခြင်တော့ပါ။ စောဘဦးကြီး မူ ၄ ချက်ကို ကားပါမစ်နဲ့ လှဲစား လိုက်တဲ့အတွက် ကျန်တဲ့ဒီကေဘီအေရဲဘော်များ က သူကို အမြင်မကြည်ကြ တာကြာပြီးဖြစ်ပါတယ်။


http://komoethee.blogspot.com

11ReadMore-2.jpg

ဖိအားတွေကြောင့်တိုက်တယ်လို့ SSA- South ခေါင်းဆောင် ပြော

ဧရာဝတီသတင်း


ထိုင်း- မြန်မာနယ်စပ် မြဝတီမြို့မှာ ဖြစ်ပွားနေတဲ့ DKBA က ဗိုလ်မှူးကြီး နှုတ်ခမ်းမွေး တပ်တွေနဲ့ စစ်အစိုးရတပ်တွေကြားက တိုက်ပွဲတွေ ဟာ DKBA တပ်တွေအပေါ်ကို စစ်အစိုးရက ဖိအားပေးလွန်းတာကြောင့် ဖြစ်တယ်လို့ ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) SSA- South ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီး ရွက်ဆစ်က ဒီနေ့မှာပဲ ပြောဆိုလိုက်ပါတယ်။

တရားမျှတမှု မရှိတဲ့ရွေးကောက်ပွဲကို ကျင်းပခဲ့ခြင်းဟာလည်း ဒီတိုက်ပွဲတွေဖြစ်ပွားစေတဲ့ နောက်ထပ် အကြောင်း အရင်းတခုဖြစ်တယ်လို့ SSA- South ခေါင်းဆောင်က ဌာနချုပ် လွိုင်တိုင်းလျန်းကနေ ဧရာဝတီကို တယ်လီဖုန်းနဲ့ ပြောဆိုပါတယ်။

အခုတိုက်ပွဲဟာလည်း စစ်ရေး အကဲခတ်တွေ ပြောဆိုနေတဲ့အတိုင်း ရွေးကောက်ပွဲနောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင်တွေကို ချေမှုန်းတဲ့ သဘောမျိုး ဟုတ်၊ မဟုတ် ဆိုတာကိုလည်း SSA- South က အထူး စောင့်ကြည့်နေပါတယ်လို့လည်း SSA- South ခေါင်းဆောင်က ပြောဆိုပါတယ်။

SSA- South အဖွဲ့ဟာ ခန့်မှန်းချေ အင်အား ၇ ထောင်အထက် ရှိတယ်လို့ စစ်ရေးလေ့လာသူတွေက သုံးသပ် ကြပါတယ်။

11ReadMore-2.jpg

Template by:

Free Blog Templates