Wednesday, November 3, 2010

ဖယ်ဒရယ်ပြည်ထောင်စုကော်မတီဖွဲ့ရေး တိုင်းရင်းသား ၆ ဖွဲ့ဆွေးနွေး

RFA 2010-11-02

မြန်မာစစ်အစိုးရနဲ့ အပစ်အခတ် ရပ်စဲထားခဲ့ကြတဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ အပါဝင် လူမျိုးစု တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက ခေါင်းဆောင်တွေဟာ ဖက်ဒရယ် ပြည်တောင်စု တည်ထောင်ရေး ကော်မတီတခု ဖွဲ့စည်းဖို့အတွက် ထိုင်း-မြန်မာနယ်စပ် တနေရာမှာ နိုဝင်ဘာ ၂ ရက် ဒီကနေ့ တွေ့ဆုံ ဆွေးနွေးနေကြပါတယ်။
တိုက်ခိုက်ရေး လက်နက်များကို ကိုင်ဆောင်ထားသော KNU ကရင်စစ်သည်များကို ထိုင်း-မြန်မာနယ်စပ် အခြေစိုက်စခန်းတခုတွင် တွေ့မြင်ရပုံ ဖြစ်ပါသည်။ KNU သည် စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲခြင်းမရှိပဲ နှစ် ၆၀ ကျော် တိုက်ပွဲဝင်နေသာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ဖြစ်ပါသည်။ (Photo: AFP)


စစ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲထားပြီး နယ်ခြားစောင့်တပ် အသွင်ပြောင်းဖို့ ဖိအားပေးခံနေရတဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ မွန်ပြည်သစ်ပါတီ (NMSP) အဖွဲ့၊ ရှမ်းပြည်တပ်မတော် မြောက်ပိုင်း (SSA-N) အဖွဲ့တွေနဲ့ စစ်အစိုးရနဲ့ အပစ်ရပ်သဘောတူ မထားတဲ့ ကရင် အမျိုးသားအစည်းအရုံး (KNU) ၊ ချင်း အမျိုးသားတပ်ဦး (CNF) နဲ့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) စတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၆ ဖွဲ့ ဖြစ်ပါတယ်။

ဒီကနေ့ကစပြီး ၃ ရက်တိုင်တိုင် ဆွေးနွေးကြမယ်လို့လည်း သိရပါတယ်။ သူတို့ အဓိက ဆွေးနွေးနေကြတာကတော့ ပြီးခဲ့တဲ့ စက်တင်ဘာလကုန်ပိုင်း တွေ့ဆုံချိန်က သဘောတူထားခဲ့ပြီး ဖြစ်တဲ့ ဖက်ဒရယ် ပြည်တောင်စု တည်ထောင်ရေး ကိစ္စကို လုပ်ငန်းကော်မတီတခု ဖွဲ့ပြီး အကောင်အထည်ဖော် ဆောင်ရွက်သွားဖို့ ဖြစ်တယ်လို့ KNPP ရဲ့ ဥက္ကဋ္ဌ ဖြစ်သူ ခူးထဲဘူးဖဲ က ပြောပါတယ်။

ဒီအစည်းအဝေးမှာ တက်ရောက်နေတဲ့ အမည်မဖော်လိုသူခေါင်းဆောင်တဦးကတော့ တိုင်းရင်းသားအဖွဲ့တွေ အချင်းချင်း ပူးပေါင်း ဆောင်ရွက်နိုင်ဖို့အတွက် ဖက်ဒရယ် ပြည်တောင်စု ကော်မတီ ဖွဲ့စည်းဖို့ စည်းမျဉ်းစည်းကမ်းတွေကို ဆွေးနွေးပြီး ရေးဆွဲနေဆဲ ဖြစ်တယ်လို့ပြောပေမဲ့ အသေးစိတ်တော့ မပြောပြပါဘူး။

တက်ရောက်လာသူတွေကတော့ KNPP အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် အေဘယ်လ်တွီး၊ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဘီထူး၊ နိုင်ငံခြားရေး ဒုတာဝန်ခံဦးရွှေမျိုးသန့်၊ KNU အဖွဲ့က စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး၊ မဟာမိတ် ဆက်ဆံရေး တာဝန်ယူထားတဲ့ ပဒို မန်းငြိမ်းမောင် ၊ NMSP အဖွဲ့က အတွင်းရေးမှူး နိုင်ဟံသာ၊ ဒု စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် လရီဂါကောင်း၊ ဒု နိုင်ငံခြားဆက်ဆံရေး တာဝန်ခံ နိုင်ခြေးမွန်တို့ ပါဝင်ပါတယ်။

တဖွဲ့ချင်းစီက ခေါင်းဆောင် ကိုယ်စားလှယ် ၃ဦးစီ တက်ရောက်ခဲ့ကြသလို တိုင်းရင်းသား လူမျိုးများကောင်စီ (ENC) ရဲ့ ခေါင်းဆောင်တချို့ပါ တက်ရောက်နေကြတယ်လို့ သိရပါတယ်။

တွေ့ဆုံဆွေးနွေးပွဲမှာ မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌ နိုင်ထောမွန်နဲ့ ကေအိုင်အိုအရာရှိတွေ မကြာခင်ကမှ ပြန်လည် ရောက်ရှိလာတဲ့ အမေရိကန်နိုင်ငံ ခရီးစဉ်ရဲ့ အတွေ့အကြုံတွေကို ပြန်လည်ချပြ ဆွေးနွေးမှုတွေလည်း ပါဝင်မယ်လို့ သိရပါတယ်။
ဒီတကြိမ်ဟာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၆ ဖွဲ့အတွင်း ပြီးခဲ့တဲ့ မေလကစလို့ သုံးကြိမ်မြောက် တွေ့ဆုံကြတဲ့ပွဲ ဖြစ်ပါတယ်။

11ReadMore-2.jpg

Tuesday, November 2, 2010

ကြာအင်းဆိပ်ကြီး လုံခြုံရေး တင်းကျပ်

သန်းထိုက်ဦး
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် လူထုလှုပ်ရှားမှုနှင့် ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားလာပါက အချိန်မီ ထိန်းချုပ်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ယနေ့မှ စတင်၍ လုံခြုံရေးတင်းကျပ်ထားကြောင်း အစိုးရနှင့် နီးစပ်သည့် မျက်မြင်ဒေသခံ တဦးက ဧရာဝတီ သို့ ပြောသည်။

karen-DSCN2578
ရေးမြို့နယ်အတွင်း တနင်္ဂနွေနေ့က ပြုလုပ်သည့် ရွေးကောက်ပွဲ ဆန့်ကျင်ရေး ဆန္ဒပြပွဲ (ဓာတ်ပုံ - Kaw Wai)
“ရဲတပ်ဖွဲ့တို့ ဘာတို့ဆိုလို့ရှိရင် သေနတ်တွေနဲ့ ဘာနဲ့ မြို့ထဲ နေရာတော်တော် များများမှာ ကင်းလှည့်တဲ့ သဘောမျိုးနဲ့ လုံခြုံ ရေး ချထားတယ်”ဟု ၎င်းက ဆိုသည်။

နေခင်းပိုင်းတွင် ရဲက လုံခြုံရေး တာဝန်ကျပြီး ညပိုင်းတွင် ကြာအင်းဆိပ်ကြီးမြို့နယ် အခြေစိုက် စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် (စကခ) ၈ မှ တပ်သားများနှင့် ခြေမြန်တပ်ရင်း (ခမရ) ၃၂ တို့က လုံခြုံရေး တာဝန်ယူထားကြောင်း သိရသည်။

နယ်စပ်မြို့ဖြစ်သည့် အတွက် စစ်အစိုးရ အနေဖြင့် ဗုံးထောင်၊ ရွေးကောက်ပွဲ ဆန့်ကျင်ရေး စာရွက်စာတမ်းများနှင့် ဆန္ဒပြမှုများ ဖြစ်ပွားမည်ကို  စိုးရိမ်သောကြောင့် လုံခြုံရေး တင်းကျပ်ထားခြင်း ဖြစ်နိုင်ကြောင်း ၎င်း မျက်မြင် သက်သေ ဒေသခံက ဆက် လက် ပြောဆိုသည်။

အောက်တိုဘာလ ၂၀ ရက်ခန့် ကလည်း ကြာအင်းဆိပ်ကြီးတွင် ရွေးကောက်ပွဲ ဆန့်ကျင်သည့် အနေဖြင့် ဒေါ်အောင်ဆန်း စုကြည်ပုံနှင့် မဲမပေးရေး စာရွက်စာတမ်းများကို အမည်မသိ လူငယ်တချို့က မြို့ထဲတွင် လိုက်လံ ဖြန့်ဝေပေးခဲ့ကြောင်း ယင်း မြို့ရှိ ဒေသခံ များက ပြောသည်။

“ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဆို အမိန့်တွေ၊ ဒီရွေးကောက်ပွဲဟာ လုံးဝ လွတ်လပ်ပြီး တရားမျှတမှု မရှိဘူး ဆိုတဲ့အကြောင်း ပြည်သူတွေ မဲမပေးဘဲ နေနိုင်တဲ့ အကြောင်း ဒါတွေပါတယ်”ဟု ဆန့်ကျင်ရေး စာရွက်များကို ဖတ်ရသူ တဦးက ပြောသည်။

ယင်းစာရွက်များ၌ ယခုရွေးကောက်ပွဲသည် ပြည်သူကိုလည်း မည်သို့မျှ အကြိုးမပြုကြောင်း၊ ပြည်သူလူထု ဘ၀မြှင့်တင်ရေး အတွက်လည်း မည် သို့ မျှ ဖြစ်လာမည် မဟုတ်ကြောင်း စသည့် အချက် အလက်များကို ရေးသားထားကြောင်း သိရသည်။

တချိန်တည်းတွင်ပင် မွန်ပြည်နယ် ရေးမြို့ လမိုင်းမြို့နယ်ခွဲ ကတို့တုတ် ရွာတွင် ဒေသခံရွာသား ၅၀၀ ခန့်ကလည်း ၂၀၁၀ ရွေး ကောက်ပွဲကို ပြီးခဲ့သည့် တနင်္ဂနွေနေ့က ကန့်ကွက်ဆန္ဒပြခဲ့ကြောင်း ကရင်အမျိုးသား အစည်းအရုံး(KNU)တပ်မဟာ ၆ မှ ပြန် ကြားရေး တာဝန်ခံ ဗိုလ်ကြီး ဖဒို စောထဲနေ က ဧရာဝတီသို့ ပြောသည်။

စစ်အာဏာရှင် ရွေးကောက်ပွဲ ဆန့်ကျင် တိုက်ဖျက်ရေး လူထုလုပ်ရှားမှု ခေါင်းစဉ်တပ်၍ ကျင်းပပြုလုပ်ခဲ့ပြီး စစ်အာဏာရှင် အလိုမရှိ၊ သုံးပွင့်ဆိုင် ဆွေးနွေးပွဲ အမြန်စ ဟူသော ကြွေးကြော်သံ ဆိုင်းဘုတ်များကို ကိုင်ဆောင်၍ ဆန္ဒပြခဲ့ကြောင်း ၎င်းက ဆိုသည်။

“ဒီရွေးကောက်ပွဲကို အယုံအကြည်မရှိ၊ ထောက်လည်း မထောက်ခံဘူး၊ မဲလည်း လုံးဝ မပေးဘူးဆိုတာ ကျနော်တို့ရဲ့သဘော ဆန္ဒကို ပြည်တွင်းမှာ ရှိတဲ့ ညီအစ်ကိုတွေ တိုင်းရင်းသားတွေ အားလုံးသိရှိအောင် ကျနော်တို့ ဆန္ဒပြရခြင်းဖြစ်ပါတယ်”ဟု ဆန္ဒပြပွဲ စီစဉ်သူ တဦးက ပြောကြားခဲ့သည်။

ဆန္ဒပြပွဲကို စစ်အစိုးရတပ်နှင့် ၄ မိုင်ခန့် အကွာအဝေးရှိသော တနေရာတွင် ပြုလုပ်ကျင်းပခဲ့ကြောင်း စောထဲနေက ဆိုသည်။

ပဲခူးတိုင်း အနောက်ခြမ်းရှိ ပြည်မြို့နှင့် တခြားသော မြို့ပေါင်း ၁၀ မြို့တွင်လည်း ဒေါ်အောင်ဆန်းစုကြည်ပုံနှင့် မဲမပေးရေး စာ တန်းပါ ပိုစတာများ ကပ်ပြီး ရွေးကောက်ပွဲ ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြည်- ရန်ကုန် ကားလမ်းတလျှောက်ရှိ ပြည်၊ ရွှေတောင်၊ ပေါင်းတည်၊ နတ္တလင်း၊ ဇီးကုန်း၊ ကြို့ပင်ကောက်၊ အုတ်ဖို၊ လက်ပံ တန်း၊ သာယာဝတီ၊ သုံးဆယ်၊ သဲကုန်း၊ ပုတီးကုန်း၊ ဆင်မြီးဆွဲ၊ ပေါင်းတလည်၊ ပန်းတောင်း၊ ဥသျှစ်ပင်မြို့များနှင့် မကွေးတိုင်း အတွင်းရှိ အောင်လံ၊ ကမ္မ မြို့နယ်များတွင် ရွေးကောက်ပွဲဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ကြခြင်း ဖြစ်ကြောင်း သိရသည်။  

စစ်အာဏာရှင်စနစ် သက်ဆိုးရှည်စေမည့် ရွေးကောက်ပွဲကို ပြည်သူများအနေဖြင့် မဲမပေးရန်အတွက် ရွေးကောက်ပွဲ ဆန့်ကျင် သည့် ပိုစတာများကပ်၍ လှုပ်ရှားမှုပြုလုပ်ရခြင်းဖြစ်သည်ဟု ဦးဆောင်ပြုလုပ်ခဲ့သည့် အဖွဲ့ဝင်တဦးက ဧရာဝတီသို့ မကြာခင် ရက်ပိုင်းက ပြောကြားခဲ့သည်။

ယင်းလှုပ်ရှားမှုကို ကျောင်းသားများ ဦးဆောင်သည့် ၂၀၁၀ ရွေးကောက်ပွဲ ဆန့်ကျင်ရေး (Boycott-2010) အဖွဲ့က ပြုလုပ်ခဲ့ ခြင်း ဖြစ်ပြီး ပြည်မြို့တွင်ပင် စာရွက်ပေါင်း ၂၀၀၀ ကျော် ကပ်ခဲ့သည်ဟု ယင်း အဖွဲ့က ဆိုသည်။

11ReadMore-2.jpg

ထာဝရတည်စေ ကော်သူးလေး

11ReadMore-2.jpg

ဂီရိကြောင့် ရခိုင်တွင် အိမ်ခြေပေါင်း ၇၀၉၇၅ ပျက်စီးပြီး လူပေါင်း ၂ သိန်းကျော် ဒုက္ခရောက်နေကြောင်း ယူအန် အစီရင်ခံစာတွင် ဖေါ်ပြ

နိရဉ္စရာမှ.........


Damaged-Cyclone-Giri-Arakan state Burma နေစရာ အိမ်မကျန်လိုက်သောကျေးရွာများ မြင်ကွင်း
အောက်တိုဘာလ ၂၂ ရက်နေ့က တိုက်ခတ်ခဲ့သော ဂီရိကြောင့် အိမ်ခြေပေါင်း ၇၀၉၇၅ ပျက်စီးပြီး လူပေါင်း ၂ သိန်းကျော် ဒုက္ခရောက်နေကြောင်း ယမန်နေ့က ထုတ်ပြန်သော ယူအန် အစီရင်ခံစာတွင် ဖေါ်ပြသည်။

မုန်တိုင်းဒဏ်ကို အဆိုးဝါးဆုံး ခံလိုက်ရသည့် မြို့နယ်များမှာ မြေပုံ၊ ပေါက်တော၊ ကျောက်ဖြူ၊ မင်းပြားမြို့နယ်တို့ ဖြစ်ကြောင်းနှင့် အဆိုပါ မြို့နယ် ၄ ခုထဲတွင် အပျက်အစီး အများဆုံးဒေသမှာ ကျွန်းသာယာ (မြေပုံ)နှင့် ဖရုံကာကျွန်း (ပေါက်တော) ဖြစ်ကြောင်း အစီရင်ခံစာတွင်ဖေါ်ပြထားသည်။

စစ်အစိုးရဘက်မှ ထုတ်ပြန်ချက်ကို ကိုးကားပြီး သေဆုံးသူ ၄၅ ဦး၊ ပျောက်ဆုံး ၁၀ ဦးနှင့် ဒဏ်ရာရသူ ၄၉ ဦး ဖြစ်ကြောင်း ဖေါ်ပြရေးသားသည်။

၎င်းပြင် ခန့်မှန်းခြေအရ စိုက်ပျိုးနေသော လယ်မြေ ဧကပေါင်း ၁၇၅၀၀ မှာ လုံးဝပျက်စီးခဲ့ပြီး အခြေခံမူလတန်း ကျောင်းပေါင်း ၂၇၉ လုံးနှင့် အလယ်တန်းကျောင်းပေါင်း ၂၄ လုံး၊ အထက်တန်း ကျောင်း ပေါင်း ၁၅ လုံးမှာပျက်စီးသွားကြောင်း အဆိုပါ အစီရင်ခံစာတွင် ဖေါ်ပြသည်။

ယူအန်နှင့် အစိုးရ အဖွဲ့အစည်းတွေမှ လေဘေး အကူအညီများ ဖြန့်ဝေပေးနေသော်လည်း ထိုဒေသတွင် ဖြန့်ဝေနေသော ကယ်ဆယ်ရေး ပစ္စည်းများဖြစ်သည့် အစားအစာ၊ ရေသန့်၊ ဆေးဝါး၊ ရေဘေး ဒုက္ခသည်များ ကျန်းမာရေးနှင့် အခြေအနေ အရပ်ရပ်ကို အနီးကပ် စောင့်ကြပ် ပေးရန် အကြီး အကျယ် လိုအပ်နေကြောင်းလည်းဖေါ်ပြထားသည်။

အောက်တိုဘာ ၂၉ ရက်နေ့က wfp အဖွဲ့မှ ဆန်အိပ်ပေါင်း ၅၄၀ လုံးကို မြို့နယ်လေးခုမှ အိမ်ခြေပေါင်း ၁၁၀၅၀ ကို တလအတွက် ဖြန့်ဝေ ပေးနိုင်ခဲ့သည်ဟု ဆိုသည်။

အောက်တိုဘာလ ၂၈/၂၉ ရက်နေ့က စစ်တွေမြို့ရှိအစိုးရအရာရှိများနှင့် အင်ဂျီအိုအဖွဲ့များဖြစ်သည့် RC/HC, UNHCR, UNDP and OCHA မှကိုယ်စားလှယ်များနှင့် UN, INGO/NGO တွေ့ဆုံ ဆွေးနွေးချက် အရ ၂၉ ရက်နေ့ က ယူအန်မှတချို့ကိုယ်စားလှယ်များ ပေါက်တောမြို့နယ်သို့ သွားရောက် ကြည့်ရှုခဲ့သည်ဟု ဆိုသည်။

မုန်တိုင်း ကျရောက်ခဲ့သည့် တချို့နေရာများသို့ အလှူပစ္စည်းများ သယ်ယူ ပို့ဆောင်ရန် လမ်းပန်း ဆက်သွယ်ရေး ဆိုးဝါးနေသဖြင့်အခက်အခဲများ ရှိနေကြောင်း အစီရင်ခံစာတွင်ဖေါ်ပြထားသည်။

11ReadMore-2.jpg

ဘုရားသုံးဆူမြို့ရှိ မဲဆန္ဒရှင်အများစု ရွေးကောက်ပွဲကို သပိတ်မှောက်မည်

စောသိန်းမြင့် (ကေအိုင်စီ)

နအဖ စစ်အစိုးရ ကျင်းပပြုလုပ်မည့် ၂၀၁၀ရွေးကောက်ပွဲသည် တရားမျှတမှုမရှိသောကြောင့် မွန်နှင့် ကရင်နယ်စပ် ဘုရားသုံးဆူမြို့ရှိ မဲဆန္ဒ ရှင်အများစုက ၎င်းတို့၏ ဆန္ဒမဲပြားများကို ပယ်မဲအဖြစ် ပြုလုပ်မည်ဖြစ်ကြသလို တချို့က မဲမထည့်ဘဲနေကာ သပိတ်မှောက်ကြမည်ဟု ပြော ဆိုနေကြသည်။“စစ်တပ်က အနားယူထားတဲ့လူတွေ၊ ၀န်ထမ်းက အနားယူထားတဲ့လူတွေ၊ အဲဒီလူတွေကိုပဲ မဲထည့်ရတာ။ အဲဒါကြောင့် ပြည်သူတွေက သဘောမကျဘူးပေါ့။ အများစုက ပယ်မဲဖြစ်အောင်လုပ်မှာပဲ ပြောနေကြတယ်။ တချို့ကျတော့ သွားမထည့်ဘူးတဲ့။ ကျနော်ကတော့ သွား ထည့်မယ်။ ဒါပေမယ့် ပယ်မဲဖြစ်အောင် လုပ်လိုက်မယ်။”ဟု ဘုရားသုံးမြို့မှ မဲဆန္ဒရှင်တဦးက ပြောသည်။

ထို့အတူ အခြားမဲဆန္ဒရှင်တဦးကလည်း “လွှတ်တော်သုံးရပ်အတွက် ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေ ဘယ်လိုမဲထည့်ရမယ်။ တိုင်း ရင်းသားလူမျိုးစု ကိုယ်စားလှယ်ဆိုရင် ဘယ်လိုမဲပေးရမလဲဆိုတာကတော့ သိထားပါတယ်။ ဒါပေမယ့် ကျနော်တို့ဒေသအတွက် ဘာတွေ လုပ်ပေးမယ်ဆိုတဲ့ သူတို့တွေရဲ့ မဲဆွယ်စည်းရုံးမှုတွေ ဘာမှမကြားရတဲ့အတွက် မဲမထည့်ဘူးလို့ပဲ ဆုံးဖြတ်လိုက်တယ်။”ဟု ပြောသည်။

ရွေးကောက်ပွဲ ကျင်းပရန် (၅)ရက်သာ ကျန်တော့သော်လည်း ဘုရားသုံးဆူမြို့နယ်တွင် ၀င်ရောက်အရွေးခံမည့် လွှတ်တော်ကိုယ်စားလှယ် လောင်းများသည် ယနေ့အချိန်ထိ လူကိုယ်တိုင် လာရောက်မဲဆွယ်စည်းရုံးမှုများ တစုံတရာ လုပ်ဆောင်မှုမရှိသဖြင့် ပြည်သူအများစုမှာ ရွေး ကောက်ပွဲကို လုံးဝ စိတ်မ၀င်စားကြခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

“ကိုယ်ရွေးချယ်ရမယ့် ကိုယ်စားလှယ်လောင်းတွေဟာ ဘယ်သူမှန်းမှ မသိတဲ့အတွက် စိတ်ကိုမ၀င်စားကြတာ။ အားလုံးဟာ ပုံမှန် နေ့တဓူဝ အလုပ်ကိုပဲ လုပ်နေကြတယ်။ နောက် ငါးရက် ဘာတွေဖြစ်လာမလဲဆိုတာ ထမင်းစားကြရင်း၊ လက်ဖက်ရည်သောက်ကြရင်း၊ စကားပြောကြရင်း ဒီအကြောင်းနဲ့ပတ်သက်ပြီး ဘယ်သူမှမဆွေးနွေးကြဘူး။ စိတ်လည်း မ၀င်စားကြဘူး။”ဟု ၎င်းက ထပ်မံ ပြောဆိုသည်။

ကြာအင်းဆိပ်ကြီး မဲဆန္ဒနယ်ဖြစ်သည့် ဘုရားသုံးဆူမြို့တွင် နေထိုင်ကြသော ပြည်သူအများစုက ယခု ကျင်းပမည့် ရွေးကောက်ပွဲသည် အ ပြောင်းအလဲတစုံတရာ ပြောင်းလဲသွားမည်မဟုတ်သည့်အပြင် ၎င်းတို့ လက်ရှိ ရင်ဆိုင်နေရသော စားဝတ်နေရေးပြဿနာကို ဖြေရှင်းနိုင်မည် မဟုတ်သဖြင့် ရွေးကောက်ပွဲထက် ၎င်းတို့၏ စားဝတ်နေရေးက ပို၍ အရေးကြီးကြောင်း ပြောဆိုနေကြသည်။

ဘုရားသုံးမြို့ရှိ မဲဆန္ဒရှင် ကရင်အမျိုးသားတဦးက “ကျနော်တို့ ဘာမှနားမလည်ဘူး။ အဲဒီ မဲတပြားကို မထည့်လည်း ဘာတွေဖြစ်သွားမှာမို့ လို့လဲ။ တောင်ယာသွားရင်တောင်မှ အကျိုးရှိအုံးမယ်။”ဟု ပြောသည်။

ဘုရားသုံးမြို့အနောက်ဘက်ခြမ်း (၈)မိုင်ခန့် အကွာအဝေးရှိ ချောင်းဆုံမှ မဲရုံမှူးနှင့်နီးစပ်သူတဦးက “ချောင်းဆုံမဲရုံမှူးက ပြောပြတယ်။ သူ တို့(မဲဆန္ဒရှင်)ဆန္ဒအရဆိုရင် မဲလာထည့်ကြမှာ မဟုတ်ပါဘူးတဲ့။ စစ်တပ်က လိုက်ခေါ်လို့ရှိရင်တော့ လာထည့်မယ်ထင်ပါတယ်။”ဟု ပြော သည်။

ကြာအင်းဆိပ်ကြီးမြို့နယ်ခွဲဖြစ်သည့် ဘုရားသုံးဆူမြို့နယ်၌ ကြံ့ဖွံ့ပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစောထွဋ်ခေါင်လွင်၊ တစည ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစောကြည်အေးနှင့် ဖလုံ-စဝေါ်ပါတီမှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စောထယ်ရီတို့က ၀င် ရောက်အရွေးခံမည်ဖြစ်သည်ဟု ရွေးကောက်ပွဲ ကော်မရှင်၏ တရားဝင် ထုတ်ပြန်ချက်အရ သိရသည်။

၎င်းဒေသတွင် ပြီးခဲ့သည့် အောက်တိုဘာလကုန်ပိုင်းခန့်က မဲပုံးများ ရောက်ရှိနှင့်ပြီးဖြစ်သော်လည်း မဲရုံပြုလုပ်မည့်နေရာကို ယနေ့အချိန်ထိ မသတ်မှတ်ရသေးကြောင်း ဘုရားသုံးဆူမြို့ခံများက ပြောသည်။

11ReadMore-2.jpg

Monday, November 1, 2010

ဒု ဗိုလ်ချုပ်ကြီး မြင့်ဆွေ စစ်မေးခံနေရ

ဧရာဝတီဘလော့မှ....


ရန်ကုန်တိုင်း ကစထမှူးဟောင်း ဒုဗိုလ်ချုပ်ကြီးမြင့်ဆွေကို နေပြည်တော် စစ်ချုပ်ရုံးမှာ စစ်မေးမှုတွေ လုပ်နေတယ်လို့ သတင်းထွက်ပေါ်နေပါတယ်။

"သူ့ကို ရန်ကုန်တိုင်းဒေသကြီးကိုယ်စားပြု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ကြံ့ဖွံ့ပါတီကနေ ရွေးကောက်ပွဲ ၀င်ခိုင်းတာကို ငြင်းပယ်လို့ စစ်ထောက်ချုပ်နဲ့ စိတ်ဓါတ်စစ်ဆင်ရေးက အရာရှိတွေက စစ်မေးနေတာလို့ ကြားတယ်"လို့ စစ်ချုပ်ရုံးနဲ့ နီးစပ်တဲ့ စီးပွားရေးသမားတဦးက ဧရာဝတီကို ပြောပါတယ်။

11ReadMore-2.jpg

ဗိုလ်ချုပ် အဆင့် နှစ်ဦး အပါအ၀င် အရာရှိ လေးဆယ်ကျော် ကို နေပြည်တော်တွင် ဖမ်းဆီးထား

Freedom News Group

နေပြည်တော်တွင် ဇာတ်တူသား စား(Dog Eat Dog)နေသည် ဆိုသည့် သတင်းများကြောင့် ဟနွိုင်းရောက် သိန်းစိန်ကြီးမှာ လည်း နောက်ဆံတင်းနေရသည်
သြဂုတ် လအတွင်းက စစ်အစိုးရထိပ်တန်း ခေါင်းဆောင် နှစ်ဦး ၏ ရာထူး အပြောင်းအလဲများ
ကို မကျေနပ် သည့် နေပြည်တော်မှ စစ်အရာ ရှိ အချို့ အား ယခု သီတင်းပတ် အတွင်း ဆက်
တိုက် ဖမ်းဆီးခဲ့သည် ဟု FNG မှ စုံစမ်းသိရှိရသည်။

ထိုကဲ့သို့ ဖမ်းဆီးမှု များ တွင် ဗိုလ်ချုပ် အဆင့် ဖြင့် လက်ရှိတာဝန် ထမ်းဆောင် နေသူ နှစ်
ဦး လည်း ပါဝင် သည် ဟု သိရ သော် လည်း အသေးစိတ် စုံးစမ်းမှု ပြု၍ မရရှိချေ။
နိုဝင်ဘာ ရွေးကောက် ပွဲ နီးကပ် လာသည် နှင့် အမျှ နေပြည်တော် တွင် လုံခြုံရေး တိုးမြှင့်
ချထား ပြီး မြန်မာ စစ်ခေါင်းဆောင် နှစ်ဦး သည် လည်း ၎င်း တို့ ၏ လုံခြုံရေး အရ လက်ရှိ
နေအိမ်များ တွင် ပင် နေထိုင်ခြင်း မပြုတော့ ဟု သတင်းရရှိသည်။
အတည်မပြု နိုင်သေးသည့် သတင်းများ အရ ဖမ်းဆီးခံထားရသူမှာ ယခင် ရန်ကုန်တိုင်း
စစ်ဌာန ချုပ် တိုင်းမှုး ဟောင်းဖြစ်သူ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်ဆွေ ဟု သိရသည်။

11ReadMore-2.jpg

၂၀၁၀ရွေးကောက်ပွဲအား ဆန့်ကျင် သည့် ဆန္ဒပြပွဲ နှစ်ရက် ဆက်တိုက် ဖြစ်ပွား

၂၀၁၀ရွေးကောက်ပွဲအား ဆန့်ကျင် သည့် ဆန္ဒပြပွဲ နှစ်ရက် ဆက်တိုက် ဖြစ်ပွား
နိုဝင်ဘာ ၁ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် နယ်စပ်ဒေသများတွင် နအဖ စစ်အစိုးရ ဦးစီးကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင် သည့် လူထုဆန္ဒပြပွဲ နှစ်ရက် ဆက်တိုက်ဖြစ်ပွားခဲ့သည်ဟု ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။
ယနေ့မနက်တွင် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ကျေးရွာပေါင်း ၅ရွာမှ ဒေသခံ လူထု ၂၀၀ကျော်က မကြာခင် ကျင်းပမည့် ရွေးကောက်ပွဲကို မလိုလားသည့် ဆန္ဒထုတ်ဖော်ချက် ဆိုင်းပုဒ်များကို ကိုင်ဆောင်ကာ တစ်နာရီခန့် ငြိမ်းချမ်းစွာ စု ပေါင်းဆန္ဒပြခဲ့ကြခြင်းဖြစ်သည်ဟု ကိုယ်တိုင်ဦးဆောင်ခဲ့သူ စောတာပစဲက ယခုလို ပြောသည်။
သူက “ဒီနေ့မနက် ၉နာရီကနေ ၁၀နာရီအထိ ကျနော်တို့ ရွာငါးရွာက ရွာသူကြီး အပါအ၀င် ရွာသူရွာသား ၂၀၀ကျော် စုပေါင်း ပြီးတော့ ဆိုင်းပုဒ်တွေ ကိုင်ဆောင်ပြီး ငြိမ်းချမ်းစွာနဲ့ပဲ ဆန္ဒပြပွဲတရပ်ပြုလုပ်တယ်။ ဆိုင်းပုဒ်တွေမှာတော့ တရားမျှတမှု မရှိတဲ့ ၂၀၁၀ ရွေးကောက်ပွဲ အလိုမရှိ၊ တိုင်းရင်းသား ပြည်သူလူထု အားလုံးမဲပေးနိုင်ရေး၊ စစ်မှန်သောပြည်ထောင်စု ဖြစ်ပေါ်လာရေး၊ စစ်မှန်သော ရွေးကောက်ပွဲ ဖြစ်ပေါ်လာရေးဆိုပြီး ရေးထားတဲ့ ဆိုင်းပုဒ်တွေနဲ့ ဆန္ဒပြကြတာပါ။ ရည်ရွယ်ချက်ကတော့ ၂၀၁၀ ရွေးကောက်ပွဲကို လုံးဝ အလိုမရှိတဲ့အကြောင်း ထုတ်ဖော်ဆန္ဒပြတာပါ။”ဟု ကေအိုင်စီကို ပြောသည်။
၎င်းဆန္ဒပြပွဲကို သူးလေကုန်းနှင့် တခါ့ချောင်းကျေးရွာစပ်ကြား နအဖ ခလရ(၂၈၄)တပ်စခန်းနှင့် (၂)မိုင်အကွာအဝေးတွင် ပြု လုပ်ခဲ့ခြင်းဖြစ်ပြီး သူးလေကုန်းကျေးရွာ အထက်နှင့် အောက်(တခါ့ခီး)၊ တခါ့ချောင်း(တခါ့ကလိုး)၊ မီးလောင်ချောင်း (ပိုပေါ်က လိုး)၊ တကေး(တကုခီး)နှင့် ကြာအင်းရွာကြီးတို့ ပါဝင်သည်ဟု စုံစမ်းသိရှိရသည်။
ယမန်နေ့မနက်ကလည်း မွန်ပြည်နယ် သံဖြူဇရပ်နှင့် ရေးမြို့နယ်ကြားတွင် ရွာပေါင်း ၁၀ရွာမှ ဒေသခံ လူထု ၅၀၀ကျော်က ဆိုင်းပုဒ်နှင့် ပိုစတာစာရွက်များ ကိုင်ဆောင်ပြီး နံနက် ၇နာရီခွဲမှ ၉နာရီခွဲအထိ အလားတူ စုပေါင်းဆန္ဒပြခဲ့ကြကြောင်း ဆန္ဒပြပွဲ ဖြစ်မြောက်ရေးအတွက် ဦးဆောင်ခဲ့သည့် အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ယခုလို ပြောသည်။
“မနေ့က လုပ်တဲ့ ဆန္ဒပြပွဲမှာ လူထု ၅၀၀ကျော် ပူးပေါင်းပါဝင်တယ်။ ဆိုင်းပုဒ်မှာ ၂၀၁၀ရွေးကောက်ပွဲကို တိုက်ဖျက်ရေးဆိုတဲ့ ခေါင်းစဉ်ကြီးကြီးနဲ့ စာတန်း ရေးထားတယ်။ နောက်ပြီးတော့ ပိုစတာတွေမှာကျတော့ သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး၊ ညီ ညွှတ်သော ဒီမိုကရေစီ တည်ဆောက်ရေး၊ စစ်အာဏာရှင် တိုက်ဖျက်ရေးဆိုတဲ့ ပိုစတာတွေ ကိုင်ဆောင်ပြီးတော့ ငြိမ်းချမ်းစွာ လမ်းလျှောက်ဆန္ဒပြခဲ့ကြတယ်။”ဟု ပြောသည်။

နအဖ စစ်အစိုးရ ဦးစီးကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲအား ဆန့်ကျင်ဆန္ဒပြသည့်ရွာသားများ

အဆိုပါ ဆန္ဒပြပွဲနှစ်ခုစလုံးတွင် သက်ဆိုင်ရာ ဒေသအာဏာပိုင်များနှင့် အလှမ်းဝေးသောကြောင့် အကြမ်းဖက်နှိမ်နင်းမှုများ မခံ ရသော်လည်း ဆန္ဒပြမှုအပြီးတွင် နအဖ စစ်တပ်များ တက်ရောက်လာသည့် သတင်းကြောင့် ဆန္ဒပြသူတချို့ လွတ်မြောက်ရာ သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ဆန္ဒပြသူများက ပြောသည်။ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ယခင်လ ၂၂ရက်နေ့က ကြာအင်းဆိပ်ကြီးမြို့နှင့် ကျေးရွာအချို့ရှိ အစိုးရဌာနဆိုင်ရာရုံးများ၊ ဆေး ရုံ၊ စာသင်ကျောင်းများရှေ့တွင် ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်သည့် စာရွက်စာတမ်း ဖြန့်ဝေသည့် လုပ်ဆောင်မှုများ ရှိခဲ့သလို ၂၀၀၈ခုနှစ် ပြည်သူ့ဆန္ဒခံယူပွဲတွင် အလားတူ ဆန္ဒပြပွဲပြုလုပ်ခဲ့ရာ အာဏာပိုင်စစ်တပ်များ၏ ၀င်ရောက်ဖြိုခွင်းမည့် သတင်းကြောင့် ဆန္ဒပြပွဲနေချိန်အတွင်းပင် လူစုခွဲခဲ့ရသည်။

11ReadMore-2.jpg

ပြည်သူလူထု နိုးထပြီ

ကိုးဒီသွေးဘလော့မှ.......


ငြိမ်၊၀ပ်၊ပိ၊ပြားစွာဖြင့် ဆွံ့အ ခဲ့ရသော ကာလတွေကို ကျော်ဖြတ်လာခဲ့ရတဲ့ ပြည်သူတွေဟာ
ဒီနေ့ဒီအချိန်ခါမှာ မိမိတို့ရဲ့နာကျဉ်းချက်တွေ၊ ခံစားချက်တွေကို ဖွင့်ဟပ်လိုက်ကြပါပြီ။
နိုင်ထက်စီးနင်း ဖိနှိပ်ချုပ်ခြယ်ခံရတာတွေ၊ ဆင်းရဲပင်ပန်းကြီးစွာ ဘ၀ကိုဖြတ်သန်းလာခဲ့ရတဲ့
ဒီစနစ်ဆိုးအောက်ကို ရွံမုန်းလို့နေကြပါပြီ။

ဒါတွေကို ဥပေက္ခာပြုပြီးတော့ လက်တစ်ဆုပ်စာလူတစ်ချို့က နိုင်ငံကိုဆူပူအောင်လုပ်နေကြတယ်လို့
ပြောချင်ပြောကြမယ်။
ဒါပေမဲ့.....
လူထုကို ငဲ့ညှာမှုမရှိတဲ့ ဒီအစိုးရရဲ့လက်ထဲ တစ်ခါပြန်ပြီး အသက်ရှင်နေရမယ်ဆိုရင်
သေရတာက ပိုမြတ်တယ်ဆိုပြီး ဒီလူထုတွေက သက်သေပြနေပါပြီ။

တိုးတက်နေတဲ့ သတင်းမီဒီယာခေတ်ကြီးမှာ ပြည်သုလူထုတွေကလည်း ဗဟုသုတတွေ
မခေါင်းပါးကြတော့ပါဘူး။
အထူးသဖြင့် နယ်စွန်းနယ်ဖျားတွေမှာ စစ်အစိုးရရဲ့ ဗိုလ်ကျစိုးမိုးမှု၊ လူမဆန်စွာသတ်ဖြတ်မှု၊
မုဒိမ်းကျင့်မှုတွေကို ရေငုံနှုတ်ပိတ်ပြီး ခေါင်းငုံ့ခံမနေတော့ပါဘူး။

အခုရွေးကောက်ပွဲလည်းဘာထူးလဲ။စစ်ကျွန်ဘ၀မှလွတ်မြောက်ဖို့လမ်းမြင်ရလို့လား။
ပြည်သူလူထုတွေကို စစ်သားလူထွက်လုပ်ပြီး လိမ်ညာလှည့်ဖျားနေဦးမယ်
မဟုတ်ပါလား။
သူတို့ကောင်းစားဖို့သာကြည့်တဲ့ ဒီစနစ်ဆိုးအောက်မှာ
ဆင်းရဲပြီးဆင်းရဲ၊ ချို့တဲ့ပြီးချို့တဲ့နေကြတဲ့ ဘ၀ကို ကျော်လွန်ချင်ကြပါပြီ။

စစ်အစိုးရကိုတိုက်ဖျက်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကို လိုလားကြတဲ့
ပြည်သူတွေရဲ့ ဆန္ဒကို လိုက်လျောပေးဖို့ဆိုတာကတော့...........

11ReadMore-2.jpg

Sunday, October 31, 2010

အမှတ်တစ်ရ Halloween Day သရဲများနေ့


မိတ်ဆွေတို့ရေမိတ်ဆွေတို့ရောသရဲကြောက်တတ်ပါသလားသရဲ
ဆိုတာရောတကယ်ရှိတယ်လို့ယုံကြည်ပါသလားဒါပေမယ့်လူတရာ
မှာ( ၇၅ )ယောက်လောက်ကသရဲကိုအနည်းနဲ့အများကြောက်ကြ
ပါတယ်ကျနော်တို့ဌာနီမှာသရဲများအတွက်နေ့တနေ့အဖြစ်သတ်မှတ်
ထားတာမရှိတော့သရဲတွေလိုမျက်နှာကိုချယ်သပြီးတအိမ်တက်တစ်
အိမ်ဆင်းတံခါးလိုက်ခေါက်ပြီးသကြားလုံးလိုက်တောင်းတဲ့ယဉ်
ကျေးမှုဓလေ့တော့မရှိဘူးပေါ့နော်ဒါပေမဲ့ ကျနော်တို့ကရင်လဲ
တံငါနားနီးတော့တံငါ မုဆိုးနားနီးတော့မုဆိုးလားတော့မသိဘူး
ခုလို အောက်တိုဘာလ(၃၁)ရက် Halloween Day သရဲများနေ့
ရောက်လာတဲ့ဒီညမှာတော့
တစ်အုပ်ပြီးတစ်အုပ်တံခါးလာခေါက်တာအိပ်မရလောက်
အောင်ပါဘဲပျော်စရာတစ်မျိုးကောင်းသလိုစိတ်ညှစ်စရာလဲ
တစ်မျိုးကောင်းပါတယ်အားလုံးဟာခင်မင်ရင်းနှီးတဲ့သူတွေဘဲလေ စာဖတ်သူတို့ရေအောက်ကပုံတွေကိုဘဲကြည့်လိုက်ကြပါတော့
ဆယ်ကျော်သက်ရွယ်အထက်တန်းကျောင်းသူကျောင်းသားတွေလေ
 ဦးလေးရေသမီးတို့ကိုအဖေါ်လိုက်ပေးပါဆိုလို့အတင်းဆွဲနေလို့ ကိုယ်လဲနေရင်းထိုင်ရင်းနဲ့ရောယောင်ပြီးသရဲဖြစ်သွားရတယ်
                     အဲတာ အမေရိကန် မီနီဆိုးတားပြည်နယ် စိန့်ပေါ မြို့ က  ကရင်သရဲတွေနော်
ကရင်သရဲတွေနော်

11ReadMore-2.jpg

လေယာဉ်ပေါ် ဗုံးထည့်ပေးလိုက်မှုနဲ့ သံသယရှိသူ အမျိုးသမီးတဦးကို ဖမ်းဆီး

VOA
အမေရိကန်ပြည်ထောင်စုဆီပျံသန်းမယ့် ကုန်တင်လေယာဉ်တွေပေါ်မှာ အင်အားပြင်း ဗုံးနှစ်ခု ပါသွားအောင် တင်ပို့ခဲ့တယ်လို့ မသင်္ကာသူ အမျိုးသမီးတယောက်ကို ယီမင်နိုင်ငံ တာဝန်ရှိသူတွေက ဖမ်းဆီးလိုက်ပါတယ်။
အဲဒီအမျိုးသမီးပုန်းအောင်းနေတဲ့ ဆနားမြို့တော်ထဲက နေအိမ်တခုကို လုံခြုံရေးတွေ ၀ိုင်းပြီး တော့ ဖမ်းဆီးခဲ့တယ်လို့ ယီမင်သမ္မတ Ali Abdullah Saleh ကပြောပါတယ်။ အဲဒီအမျိုးသမီးကို သံသယရှိတယ်လို့ အမေရိကန်က သတင်းပေးခဲ့ပြီးတဲ့နောက်မှာ သူ့ကိုဖမ်းဖို့ အမိန့်ပေးခဲ့တာ ဖြစ်တယ်လို့လည်း သမ္မတကပြောပါတယ်။
သိမ်းဆည်းရမိတဲ့ ဖေmက်ခွဲရေး ပစ္စည်းထုတ်တွေပေါ်မှာ အယ်လ်ခိုင်းဒါး အမှတ်တံဆိပ်၊ အထူးသဖြင့် ယီမင်က အယ်လ်ခိုင်းဒါး အဖွဲ့ခွဲတံဆိပ် တွေပါတယ်လို့ အမေရိကန် အမိမြေ လုံခြုံရေးဝန်ကြီး ဂျဲနက် နပိုလီတာနို (Janet Napolitano) က စနေနေ့ အစောပိုင်းက ပြောပါတယ်။
ပြီးခဲ့တဲ့နှစ်က အမေရိကန်လေကြောင်းလိုင်းတခုကို ဖောက်ခွဲဖို့ ကြိုးစားခဲ့သူ သုံးတဲ့ အလားတူ ပလက်စတစ် ဖောက်ခွဲရေးပစ္စည်း PETN တွေ အထုပ်တွေထဲမှာ ပါတယ်လို့ သက်ဆိုင်သူတွေ က အတည်ပြုပါတယ်။၂၀၀၉ ခုနှစ်က ဖောက်ခွဲဖို့ ကြိုးစား ကြံစည်မှုဟာ ယီမင်က အယ်လ်ခိုင်းဒါးအဖွဲ့ခွဲနဲ့ ဆက်နွယ်နေတာဖြစ်ပါတယ်။
သောကြာနေ့တုန်းက ဗြိတိန်နဲ့ အာရပ်စောဘွားများပြည်ထောင်စု UAE လေဆိပ်တွေမှာ ရှာဖွေတွေ့ရှိတဲ့ အထုတ်တွေက ချီကာဂိုမြို့က ဂျူး ဘာသာရေး ၀တ်ပြုကျောင်းတွေဆီကို လိပ်စာတပ်ထားတာဖြစ်ပါတယ်။

11ReadMore-2.jpg

အမေရိကန်ကိုလာတဲ့ လေယာဉ်တွေပေါ် ဖောက်ခွဲရေးပစ္စည်းတွေ့


ဓာတ်ပုံ ASSOCIATED PRESS
ယေမင်နိုင်ငံမှ အမေရိကန်သို့ သံသယဖြစ်ဖွယ်ပစ္စည်းများ တင်ဆောင်လာသည့် ကုန်တင်လေယာဉ်ကို နယူးယောက်မြို့ ကနေဒီ နိုင်ငံတကာလေဆိပ်တွင် ဆိပ်ကပ်ထားပုံ (အောက်တိုဘာ ၂၉၊ ၂၀၁၀)

အမေရိကန် ပြည်ထောင်စုကို ဦးတည်ပျံသန်းလာတဲ့ ကုန်တင် လေယာဉ်တွေပေါ်မှာ သံသယဖြစ်ဖွယ် ပစ္စည်းတွေကို တွေ့ရှိခဲ့ရပြီးတဲ့နောက် ဒါဟာ တိုင်းပြည်အပေါ် အကြမ်းဖက်သမားတွေရဲ့ ခြိမ်းခြောက်မှုတရပ်အဖြစ် အခိုင်အမာ တွေ့လာရတာ ဖြစ်တဲ့အကြောင်း သမ္မတ ဘရက် အိုဘားမား က ပြောဆိုလိုက်ပါတယ်။ ဒီသံသယဖြစ်စရာ ပစ္စည်းတွေဟာ ယီမင်နိုင်ငံမှာ အခြေစိုက်ထားတဲ့ အယ်လ်ခိုင်းဒါး အဖွဲ့ခွဲနဲ့ ဆက်နွယ်မှု ရှိမယ်လို့လည်း အစိုးရ တာဝန်ရှိသူတွေက ယုံကြည်ထားကြတာပါ။
အိမ်ဖြူတော်မှာ သမ္မတ အိုဘားမားက ပြောဆိုရာမှာတော့ ယီမင်နိုင်ငံကနေ မြစ်ဖျားခံလာတဲ့ မသင်္ကာစရာ အထုတ် ၂ ထုတ်ကို ပြည်ပမှာကတည်းက ကြားဖြတ်ထောက်လှမ်း သိရှိခဲ့ရပြီး ရှီကာဂိုမြို့က ဂျူးဘာသာရေး ၀တ်ပြုရာနေရာတွေကို ပို့ဖို့ ရည်ရွယ်ထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။ သံသယဖြစ်စရာ ပစ္စည်းတွေဟာ ယီမင်နိုင်ငံက အယ်လ်ခိုင်းဒါး အုပ်စုနဲ့ ဆက်နွယ်မှုရှိမရှိ ဆိုတာကို သမ္မတက ပြောဆိုတာမျိုး မရှိပေမဲ့ အမေရိကန်ကို တိုက်ခိုက်ဖို့ ကြေညာထားတဲ့ ဒီ အယ်ခိုင်းဒါးအဖွဲ့ခွဲကို အများက သံသယရှိခဲ့ကြတာပါ။
သမ္မတကတော့ သူ့ရဲ့ တန်ပြန်အကြမ်းဖက် တိုက်ဖျက်ရေး အရာရှိ ဂျွန် ဘရန်နန် (John Brennan) ဟာ သောကြာနေ့ကပဲ ယီမင်သမ္မတ အလီ အက်ဘ်ဒူလာ ဆလဲ (Ali Abdullah Saleh) နဲ့ စကားပြောခဲ့ပြီး စုံစမ်းစစ်ဆေးမှုတွေမှာ အပြည့်အ၀ ပူးပေါင်း ဆောင်ရွက်ဖို့ ယီမင်သမ္မတက ကတိပြုခဲ့တယ်လို့ ဆိုပါတယ်။
အမေရိကန် ပြည်သူတွေ လုံခြုံမှုရှိစေရေးအတွက် တန်ပြန်အကြမ်းဖက် တိုက်ဖျက်ရေး တာဝန်ရှိသူတွေက လိုအပ်တာတွေ ဆောင်ရွက် နေတယ်လို့လည်း ဆိုပါတယ်။ မသင်္ကာစရာ ပစ္စည်းတွေ ဘယ်ကလာတယ်၊ ဘယ်လို အကြမ်းဖက်တိုက်ခိုက်မှု အစီအစဉ်ရှိတယ် ဆိုတာ အပြည့်အ၀ စုံစမ်းသွားဖို့ ညွှန်ကြားထားတယ်လို့လည်း သမ္မတက ပြောဆိုခဲ့ပါတယ်။

11ReadMore-2.jpg

ကုလ အတွင်းရေးမှူးချုပ် ၀န်ကြီးချုပ် ဦးသိန်းစိန်နဲ့ သီးခြားတွေ့ဆုံ




ဗွီအိုအေ မြန်မာဌာန

အာဆီယံ-ကုလသမဂ္ဂ အစည်းအဝေး တက်ရောက်နေသည့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန် ကီမွန်းနှင့် မြန်မာဝန်ကြီးချုပ် ဦးသိန်းစိန်။ အောက်တိုဘာ ၂၉၊ ၂၀၁၀

မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲတွေကို ပွင်းပွင့်လင်းလင်း၊ ထင်သာမြင်သာဖြစ်အောင်နဲ့ အားလုံး ပါဝင်အောင်လုပ်ဖို့ မြန်မာစစ်အစိုးရ၀န်ကြီးချုပ် ဦးသိန်းစိန်ကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက တိုက်တွန်းခဲ့ပါတယ်။


လေးစား လက်ခံနိုင်လောက်တဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် လိုအပ်တဲ့အတိုင်း ရွေးကောက်ပွဲတွေကို ကျင်းပပေးဖို့ ဗီယက်နမ် နိုင်ငံ၊ ဟနွိုင်းမြို့မှာပြုလုပ်နေတဲ့ အရှေ့တောင် အာရှ ဒေသတွင်း ထိပ်သီးအစည်းအဝေး ပြင်ပမှာ မြန်မာဝန်ကြီးချုပ် ဦးသိန်းစိန်နဲ့ စနေနေ့က သီးခြားတွေ့ဆုံချိန်အတွင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြား နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို ပြန်လွှတ်ပေးဖို့ကိုလည်း အတွင်းရေးမှူးချုပ်က ထပ်မံ တောင်းဆိုခဲ့တယ်လို့ အတွင်းရေးမှူးချုပ်ရဲ့ပြောခွင့်ရသူက ပြောပြပါတယ်။

ဒီမိုကရေစီစနစ်ကျင့်သုံးပြီး တည်ငြိမ် သာယာဝပြောတဲ့အနာဂတ် ဖော်ဆောင်ရေးမှာ ကုလ သမဂ္ဂက မြန်မာအစိုးရ၊ မြန်မာပြည်သူတွေနဲ့အတူ လက်တွဲလုပ်သွားဖို့ ရေရှည် ကတိပြုထား တယ်ဆိုတာကိုလည်း ကုလသမဂ္ဂအတွင်းရေးမှုးချုပ်က ထပ်မံအတည်ပြု ပြောခဲ့တယ်လို့ ကုလသမဂ္ဂကထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲတွေ ကျင်းပဖို့အတွက် ဂျပန်နိုင်ငံနဲ့ မဲခေါင် မြစ်ဝှမ်းဒေသ နိုင်ငံများအဖွဲ့ကလဲ သောကြာနေ့က ဟနွိုင်းမှာ မဲခေါင်ထိပ်သီးညီလာခံအပြီး ပူးတွဲထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ တောင်းဆိုထားပါတယ်။

11ReadMore-2.jpg

Saturday, October 30, 2010

ကရင်နီတပ်မတော်က မြန်မာအစိုးရ တပ်စခန်း ၀င်စီး၊ ရွေးကောက်ပွဲ ဆန့်ကျင်ရေးမှုကြောင့်ဟု ကရင်နီတပ်မတော်ကပြော

ktimes သတင်းမှ.....

ကရင်နီ (ကယား)ပြည်နယ်၊ လွိုင်ကော်နှင့် ရှားတောမြို့နယ်တို့ အကြားရှိ ပွန်ချောင်းတံတား အနီးတွင် တပ်စွဲထားသော မြန်မာတပ်ဖွဲ့နှင့် ကရင်နီတပ်မတော်တို့ ၂၆ ရက် အင်္ဂါနေ့က တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

ကရင်နီတပ်မတော်မှ ဗိုလ်မှူး မူရှေး ဦးဆောင်သည့် တပ်ရင်း ၃ က အဆိုပါ တံတားကို ဖောက်ခွဲပြစ်ခဲ့သည့်အပြင်၊ တံတားအနီး တပ်စွဲ ထားသည့် ဗိုလ်ကြီး ကျော်ကိုသန်း ဦးဆောင်သည့် ခလရ ၇၂ တပ်စခန်းကိုလည်း သုံးနာရီကြာ ၀င်ရောက်စီးနင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။၎င်းတိုက်ပွဲ ဖြစ်ပွားမှုနှင့် ပတ်သက်၍ ကရင်နီဗဟို သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဦးအောင်ဆန်းမြင့်က “အဓိကက စစ်ရေး လေကွာ၊ ရန်သူရဲ့ အဓိက စစ်တပ်စခန်းကို ၀င်တီးတာပေါ့။ ပညာသား နည်းလေးနဲ့ ပါရင် ပါမှာပေါ့ကွာ။ နည်းနည်း အကြောင်းပြတာ ဖြစ်ရင်လဲ ဖြစ်မှာပေါ့။ ငါတို့က ၂၀၁၀ ရွေးကောက်ပွဲ မဖြစ်ရေးမူ ချထားတာကိုး” ဟု ပြောပါသည်။
၎င်းတိုက်ပွဲတွင် မြန်မာစစ်တပ်ဘက်က ၄ ဦး ကျဆုံးသွားပြီး၊ ဒု-ရဲအုပ် ထွန်းထွန်းဝင်း၊ ဒု-တပ်ကြပ် အောင်ကျော်မိုး၊ ဒု-တပ်ကြပ် ရန်မျိုးအောင်၊ တပ်ကြပ် ၀င်းစိုး (ခလရ ၇၂) တို့ကို ကရင်နီ တပ်မတော်က ဖမ်းဆီးရမိလိုက်သည့်အပြင် လက်နက်ခဲယမ်း အချို့ကိုပါ သိမ်းဆည်းရမိလိုက်သည်ဟု ကရင်နီတပ်မတော်ဖက်က ပြောသည်။

“ဗိုလ်မှူး တစ်ယောက်နဲ့ ရဲနှစ်ယောက်ပဲ လွတ်သွားတယ် ပြောတယ်။ စခန်းကို မီးရှို့လိုက်တယ်။ ပွန်ချောင်း တံတား အောက်ခံ ပျဉ်တွေ ကွာကုန်ပြီး ယိုင်နေလို့ ကားတွေသွားမရ ဖြစ်နေတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ယခုလို တိုက်ပွဲ ဖြစ်ပွားသည့်အတွက် တံတားအနီးရှိ ပွန်ချောင်း ကျေးရွာသားများ အနေနှင့် ၎င်းတို့၏ နေအိမ်များအား မြန်မာစစ်တပ် များက လာရောက် မီးရှို့မည်ကို ကြောက်လန့်နေကြသည်ဟု ပွန်ချောင်းရွာသား တစ်ဦးက ပြောသည်။ “ရွာသားတွေ အရမ်းကို လန့်နေကြတယ်။ ဘုန်းကြီးကျောင်းမှာ ပစ္စည်းတွေ လာစုထားကြတယ်” ဟု ပြောသည်။

ရွာသားများ ယခုကဲ့သို့ ကြောက်လန့်နေကြရခြင်းမှာ မြန်မာစစ်အစိုးရ တပ်ရင်းများက ကရင်နီတပ်မတော်နှင့် တိုက်ပွဲ ဖြစ်ပွားရာတွင် ၎င်းတို့ဘက်မှ အကျအဆုံးများ ရှိပါက ဒေသခံများ၏ နေအိမ်များအား မီးရှို့ခြင်း၊ ရွာသားများအား ပေါ်တာဆွဲခြင်း၊ ဖမ်းဆီးရိုက်နှက်ခြင်း၊ စစ်ဆေးမေးမြန်းခြင်း၊ တောင်ယာသွားခွင့် ပိတ်ပင်ခြင်း၊ ကျေးရွာများအား မောင်းထုတ်ခြင်းများ ပြုလုပ်လေ့ ပြုလုပ်ထ ရှိခြင်းကြောင့်ဟု ကရင်နီ ဗဟိုသတင်းနှင့် ပြန်ကြားရေး အဖွဲ့ဝင် ခူးဒယ်နီယာက ပြောသည်။

“အဲလိုမျိုး အမြဲတမ်း အဖြစ်ခံရတာပဲ။ အထူးသဖြင့် ဒီအချိန်က စပါးရိတ်သိမ်းတဲ့အချိန်၊ သီးနှံရိတ်သိမ်းတဲ့ အချိန်တွေ ဆိုတော့ အရေး ကြီးတယ်” ဟု ပြောသည်။

ကရင်နီပြည်အတွင်း ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုများ မပြုလုပ်ရန်နှင့် ပြုလုပ်မှု ရှိပါက စစ်ရေးအရ ကြုံသလို အရေးယူ ဆောင်ရွက် သွားမည်ဟု ကရင်နီတပ်မတော်က လွန်ခဲ့သည့် လက စာများ ဖြန့်ဝေခဲ့သည်။

11ReadMore-2.jpg

Thursday, October 28, 2010

ကရင်ငြိမ်းချမ်းရေးအဖွဲ့ ခေါင်းဆောင် ကြံ့ဖွံ့ပါတီမှ ၀င်ရောက် အရွေးခံမည်

 



ရဲရင့်   /   ၂၈ အောက်တိုဘာ ၂၀၁၀

ကရင်ငြိမ်းချမ်းရေးအဖွဲ့ (ဘုရားကုန်း) ၏ ခေါင်းဆောင် ပဒိုအောင်ဆန်းသည် နအဖ ပြုလုပ်မည့် ၂၀၁၀ ရွေးးကောက်ပွဲတွင် ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ကိုယ်စားလှယ်လောင်းအဖြစ် ကရင်ပြည်နယ်၊ ဖားအံမြို့နယ် မဲဆန္ဒနယ်တွင် ၀င်ရောက်ယှဉ်ပြိုင် အရွေးခံမည်ဖြစ်ကြောင်း ၎င်း၏ဆွေမျိုးတော်စပ်သူ တဦးက ပြောသည်။

ဘန်ကောက်နှင့်ရန်ကုန် သွင်းကုန်ထုတ်ကုန်လုပ်ငန်း လုပ်ကိုင်နေသည့် အဆိုပါပုဂ္ဂိုလ်က “ဒီ လာမယ့်ရွေးကောက်ပွဲမှာ ကျနော်တို့အဖိုးကြီး ပြည်ခိုင်ဖြိုးပါတီကနေ ၀င်ရမယ်။ သူ့ကို အထက်ကလည်း ၀င်ဖို့တိုက်တွန်းထားတော့ ဘယ်လိုမှငြင်းလို့မရဘူး။ အခု မဲစည်းရုံးရေးတွေ စလုပ်နေပြီ၊ ပိုက်ဆံကတော့ သိန်းထောင်ချီပြီး ကုန်ဖို့ရှိတယ်” ဟု ပြောသည်။

ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်လောင်းတဦးသည် မဲစည်ရုံးရေးအတွက် ကျပ်သိန်း (၁၀၀) သာ ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ပေးထားသော်လည်း ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ပဒိုအောင်ဆန်း အသုံးပြုနေသည့် ငွေကြေးပမာဏမှာ ယခုလ ရက်ပိုင်းအတွင်း ကျပ်သိန်း (၄၀၀) ကျော်သွားပြီ ဟုလည်း ၎င်းက ပြောသည်။

ကရင်ငြိမ်းချမ်းရေး အဖွဲ့အစည်းများကလည်း ပဒိုအောင်ဆန်း၏ လုပ်ရပ်နှင့်ပတ်သက်၍ ကျေနပ်မှုမရှိကြကြောင်း သိရသည်။

ဒီကေဘီအေအဖွဲ့မှ အသွင်ပြောင်းပြီးနောက် ဖွဲ့စည်းလိုက်သော ဦးသာထူးကျော် ဦးဆောင်သည့် ကရင်ပြည်နယ် ဒီမိုကရေစီနှင့်ဖွံ့ဖြိုးတိုးတက်ရေးပါတီ (KSDDP) မှ ပါတီဝင်တဦးက “ပဒိုအောင်ဆန်းအနေနဲ့ ဘယ်လိုပဲဖြစ်ဖြစ် ကရင်ပါတီတခုခုမှာ ၀င်လို့ရပါတယ်။ ကျနော်တို့ပါတီ အပါအ၀င်သူ့ကို တခြားကရင်ပါတီတွေက ခေါ်ပါတယ်၊ သူလက်မခံဘူး။ သူ့လုပ်ရပ်နဲ့ ပတ်သက်ပြီးအားလုံး စိတ်ပျက်နေကြပေမယ့် ဘာတတ်နိုင်ကြမှာလဲ။ သူက အစိုးရပါတီကိုပဲ အထင်ကြီးတာကိုး” ဟု ပြောသည်။

ဒီကေဘီအေ ဥက္ကဌ ဦးသာထူးကျော်သည် ကရင်ပြည်နယ်ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ ကိုယ်စားလှယ်အဖြစ် ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် အမှတ် (၁) တွင် ပြည်နယ်လွတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ၀င်ရောက် အရွေးခံမည်ဖြစ်သည်။

စောဌေးမောင် ဦးဆောင်သည့် ကရင်ငြိမ်းချမ်းရေးကောင်စီအဖွဲ့မှ ဗိုလ်မှူးချုပ်အဆင့်ရှိသူ တဦးက “ ဒီကေဘီအေက ပါတီထောင်ပြီး ရွေးကောက်ပွဲဝင်မယ့် သာထူးကျော်အဖွဲ့ပဲ ဖြစ်ဖြစ် ပဒိုအောင်ဆန်းပဲဖြစ်ဖြစ် အားလုံး အခွင့်အရေးသမားတွေကြီးပဲ။ အမျိုးသားအကျိုး လုံးဝမပါဘူး၊ ငါတို့အဖွဲ့ကတော့ ဒီရွေးကောက်ပွဲကို အရင်ထဲကကို လက်မခံခဲ့ဘူး၊ နယ်ခြားစောင့်တပ်လည်း မလုပ်ဘူး၊ ဌာနေပြည်သူ့စစ်လည်း မလုပ်ဘူးဆိုတာ အစထဲက ပြောထားပြီးသား” ဟု ခေတ်ပြိုင်သို့ ပြောသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ပဒိုအောင်ဆန်းထံသို့ မေးမြန်းရန် ဖုံးဖြင့်ဆက်သွယ်ခဲ့သော်လည်း ဖုံးလိုင်းများပိတ်ထားသဖြင့် ခေါ်ဆို၍မရပေ။

ပဒိုအောင်ဆန်းနှင့်အတူ ယခင်က ကေအန်ယူ ဗဟိုသစ်တောတွင် ပူးတွဲတာဝန်ယူခဲ့သည့် ကေအန်ယူမှ ပဒိုစောအားတိုးက “ကရင်အမျိုးသားအတွက် သူလုပ်နေတာမဟုတ်ဘူး။ သူ့ကိုယ်ကျိုးအတွက် သူလုပ်နေတာ ဆိုတော့ ဒီလို လူမျိုးနဲ့ပတ်သက်ပြီး ဘာမှအထွေအထူး ပြောဖို့ မရှိဘူး” ဟု ဆိုသည်။

ကရင်ပြည်နယ် ဖားအံ၊ ကော့ကရိတ်၊ မြ၀တီ၊ ကြာအင်းဆိပ်ကြီး၊ လှိုင်းဘွဲ စသည့် မြို့နယ်များတွင် ကြံ့ဖွံ့ပါတီ၊ တစညပါတီ၊ ဖလုံစဝေါ်ကရင်ပါတီနှင့် ကရင်ပြည်နယ် ဒီမိုကရေစီနှင့်ဖွံ့ဖြိုးတိုးတက်ရေးပါတီများ အဓိက ယှဉ်ပြိုင်ကြမည်ဟု ဖလုံစဝေါ်ကရင်ပါတီဝင်တဦးက ပြောသည်။

ပဒိုအောင်ဆန်းသည် ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တွင် သစ်တောရေးရာဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၉၈ ခုနှစ်တွင် တပ်သား (၂၈) ဦးနှင့်အတူ ကေအန်ယူမှခွဲထွက်ကာ နအဖနှင့်သွားရောက်ပူးပေါင်းခဲ့သည်။ ဒီကေဘီအေအဖွဲ့၏ နာယကဆရာတော် ဖြစ်သည့် ဦးသုဇနမှာ ပဒိုအောင်ဆန်းနှင့် ညီအကိုဝမ်းကွဲ တော်စပ်သူလည်း ဖြစ်သည်။

ကရင်ပြည်နယ်အတွင်း ပဒိုအောင်ဆန်း ကြံ့ဖွံ့ပါတီမှ ၀င်ရောက်အရွေးခံမည်ဆိုသည်မှာ ဟုတ်မှန်ကြောင်း ထိုပါတီ၏ တာဝန်ရှိသူတဦးက ပြည်တွင်းမီဒီယာများ

11ReadMore-2.jpg

Template by:

Free Blog Templates