Thursday, October 28, 2010

ကရင်ငြိမ်းချမ်းရေးအဖွဲ့ ခေါင်းဆောင် ကြံ့ဖွံ့ပါတီမှ ၀င်ရောက် အရွေးခံမည်

 



ရဲရင့်   /   ၂၈ အောက်တိုဘာ ၂၀၁၀

ကရင်ငြိမ်းချမ်းရေးအဖွဲ့ (ဘုရားကုန်း) ၏ ခေါင်းဆောင် ပဒိုအောင်ဆန်းသည် နအဖ ပြုလုပ်မည့် ၂၀၁၀ ရွေးးကောက်ပွဲတွင် ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ကိုယ်စားလှယ်လောင်းအဖြစ် ကရင်ပြည်နယ်၊ ဖားအံမြို့နယ် မဲဆန္ဒနယ်တွင် ၀င်ရောက်ယှဉ်ပြိုင် အရွေးခံမည်ဖြစ်ကြောင်း ၎င်း၏ဆွေမျိုးတော်စပ်သူ တဦးက ပြောသည်။

ဘန်ကောက်နှင့်ရန်ကုန် သွင်းကုန်ထုတ်ကုန်လုပ်ငန်း လုပ်ကိုင်နေသည့် အဆိုပါပုဂ္ဂိုလ်က “ဒီ လာမယ့်ရွေးကောက်ပွဲမှာ ကျနော်တို့အဖိုးကြီး ပြည်ခိုင်ဖြိုးပါတီကနေ ၀င်ရမယ်။ သူ့ကို အထက်ကလည်း ၀င်ဖို့တိုက်တွန်းထားတော့ ဘယ်လိုမှငြင်းလို့မရဘူး။ အခု မဲစည်းရုံးရေးတွေ စလုပ်နေပြီ၊ ပိုက်ဆံကတော့ သိန်းထောင်ချီပြီး ကုန်ဖို့ရှိတယ်” ဟု ပြောသည်။

ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်လောင်းတဦးသည် မဲစည်ရုံးရေးအတွက် ကျပ်သိန်း (၁၀၀) သာ ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ပေးထားသော်လည်း ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ပဒိုအောင်ဆန်း အသုံးပြုနေသည့် ငွေကြေးပမာဏမှာ ယခုလ ရက်ပိုင်းအတွင်း ကျပ်သိန်း (၄၀၀) ကျော်သွားပြီ ဟုလည်း ၎င်းက ပြောသည်။

ကရင်ငြိမ်းချမ်းရေး အဖွဲ့အစည်းများကလည်း ပဒိုအောင်ဆန်း၏ လုပ်ရပ်နှင့်ပတ်သက်၍ ကျေနပ်မှုမရှိကြကြောင်း သိရသည်။

ဒီကေဘီအေအဖွဲ့မှ အသွင်ပြောင်းပြီးနောက် ဖွဲ့စည်းလိုက်သော ဦးသာထူးကျော် ဦးဆောင်သည့် ကရင်ပြည်နယ် ဒီမိုကရေစီနှင့်ဖွံ့ဖြိုးတိုးတက်ရေးပါတီ (KSDDP) မှ ပါတီဝင်တဦးက “ပဒိုအောင်ဆန်းအနေနဲ့ ဘယ်လိုပဲဖြစ်ဖြစ် ကရင်ပါတီတခုခုမှာ ၀င်လို့ရပါတယ်။ ကျနော်တို့ပါတီ အပါအ၀င်သူ့ကို တခြားကရင်ပါတီတွေက ခေါ်ပါတယ်၊ သူလက်မခံဘူး။ သူ့လုပ်ရပ်နဲ့ ပတ်သက်ပြီးအားလုံး စိတ်ပျက်နေကြပေမယ့် ဘာတတ်နိုင်ကြမှာလဲ။ သူက အစိုးရပါတီကိုပဲ အထင်ကြီးတာကိုး” ဟု ပြောသည်။

ဒီကေဘီအေ ဥက္ကဌ ဦးသာထူးကျော်သည် ကရင်ပြည်နယ်ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ ကိုယ်စားလှယ်အဖြစ် ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် အမှတ် (၁) တွင် ပြည်နယ်လွတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ၀င်ရောက် အရွေးခံမည်ဖြစ်သည်။

စောဌေးမောင် ဦးဆောင်သည့် ကရင်ငြိမ်းချမ်းရေးကောင်စီအဖွဲ့မှ ဗိုလ်မှူးချုပ်အဆင့်ရှိသူ တဦးက “ ဒီကေဘီအေက ပါတီထောင်ပြီး ရွေးကောက်ပွဲဝင်မယ့် သာထူးကျော်အဖွဲ့ပဲ ဖြစ်ဖြစ် ပဒိုအောင်ဆန်းပဲဖြစ်ဖြစ် အားလုံး အခွင့်အရေးသမားတွေကြီးပဲ။ အမျိုးသားအကျိုး လုံးဝမပါဘူး၊ ငါတို့အဖွဲ့ကတော့ ဒီရွေးကောက်ပွဲကို အရင်ထဲကကို လက်မခံခဲ့ဘူး၊ နယ်ခြားစောင့်တပ်လည်း မလုပ်ဘူး၊ ဌာနေပြည်သူ့စစ်လည်း မလုပ်ဘူးဆိုတာ အစထဲက ပြောထားပြီးသား” ဟု ခေတ်ပြိုင်သို့ ပြောသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ပဒိုအောင်ဆန်းထံသို့ မေးမြန်းရန် ဖုံးဖြင့်ဆက်သွယ်ခဲ့သော်လည်း ဖုံးလိုင်းများပိတ်ထားသဖြင့် ခေါ်ဆို၍မရပေ။

ပဒိုအောင်ဆန်းနှင့်အတူ ယခင်က ကေအန်ယူ ဗဟိုသစ်တောတွင် ပူးတွဲတာဝန်ယူခဲ့သည့် ကေအန်ယူမှ ပဒိုစောအားတိုးက “ကရင်အမျိုးသားအတွက် သူလုပ်နေတာမဟုတ်ဘူး။ သူ့ကိုယ်ကျိုးအတွက် သူလုပ်နေတာ ဆိုတော့ ဒီလို လူမျိုးနဲ့ပတ်သက်ပြီး ဘာမှအထွေအထူး ပြောဖို့ မရှိဘူး” ဟု ဆိုသည်။

ကရင်ပြည်နယ် ဖားအံ၊ ကော့ကရိတ်၊ မြ၀တီ၊ ကြာအင်းဆိပ်ကြီး၊ လှိုင်းဘွဲ စသည့် မြို့နယ်များတွင် ကြံ့ဖွံ့ပါတီ၊ တစညပါတီ၊ ဖလုံစဝေါ်ကရင်ပါတီနှင့် ကရင်ပြည်နယ် ဒီမိုကရေစီနှင့်ဖွံ့ဖြိုးတိုးတက်ရေးပါတီများ အဓိက ယှဉ်ပြိုင်ကြမည်ဟု ဖလုံစဝေါ်ကရင်ပါတီဝင်တဦးက ပြောသည်။

ပဒိုအောင်ဆန်းသည် ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တွင် သစ်တောရေးရာဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၉၈ ခုနှစ်တွင် တပ်သား (၂၈) ဦးနှင့်အတူ ကေအန်ယူမှခွဲထွက်ကာ နအဖနှင့်သွားရောက်ပူးပေါင်းခဲ့သည်။ ဒီကေဘီအေအဖွဲ့၏ နာယကဆရာတော် ဖြစ်သည့် ဦးသုဇနမှာ ပဒိုအောင်ဆန်းနှင့် ညီအကိုဝမ်းကွဲ တော်စပ်သူလည်း ဖြစ်သည်။

ကရင်ပြည်နယ်အတွင်း ပဒိုအောင်ဆန်း ကြံ့ဖွံ့ပါတီမှ ၀င်ရောက်အရွေးခံမည်ဆိုသည်မှာ ဟုတ်မှန်ကြောင်း ထိုပါတီ၏ တာဝန်ရှိသူတဦးက ပြည်တွင်းမီဒီယာများ

11ReadMore-2.jpg

Monday, October 25, 2010

Voice of Karen ကရင့်အသံ အသံလွင့်အစီအစဉ်စတင်အသံလွင့်ခြင်း

  သင့်ရဲ့ အားလဒ်ရက်စနေတနင်္ဂနွေရက်မျိုးမှာအပျင်းပြေသီချင်းနားထောင်ချင်သော်လည်းကောင်းသိမှတ်
ဖွယ်ရာကရင်ယဉ်ကျေးမှုအဖြာဖြာနှင့်သီတင်းပဒေသာများကိုကရင်ဘာသာစကားများဖြင့်နားဆင်ချင်ရင်တော့
အမေရိကန်ပြည်ထောင်စုမီနီဆိုးတားပြည်နယ်မှာလွင့်ထုတ်တဲ့အသံလွင့်ရုံတစ်ခုဖြစ်တဲ့ HmongMinnesota
Radio မှ Voice of Karen ကရင်ပိုင်းအသံလွင့်အစီအစဉ်မှ ကရင့်အသံကို အင်တာနက်က်ဆိုဒ်စာမျက်နှာ
တွင်၎င်း အိမ်ဖုန်း၊လက်ကိုင်ဖုန်းများတွင်၎င်း၊ရေဒီယိုများဖြင့်၎င်းဖမ်းယူနားဆင်နိုင်ကြပါပြီ။
ဘယ်လိုနားဆင်ကြမလဲ    မပူပါနဲ့ အောက်မှာရေးပြပေးပါ့မယ်
သင်ရေဒီယိုနဲ့နားထောင်ချင်တယ်ဆိုရင်တော့ သင့်မှာ Motrosonix အမျိုးအစား FM ရှိတဲ့ရေဒီယိုတစ်လုံးရှိ
  ဘို့လိုအပ်ပါတယ် အဲဒီရေဒီယိုရှိပြီးဆိုရင်တော့ FMလှိုင်းတို92KHZ ကိုလှည့်လိုက်ယုံဘဲလေဒါပေမဲ့
မီနီဆိုးတားပြည်နယ်တစ်ပြည်နယ်စာလောက်သာဖမ်းယူနားဆင်နိုင်ပါမယ်။
အင်တာနက်ဝက်ဆိုဒ်စာမျက်နှာမှာတော့ http://www.hmnradio.com/ကိုဖွင့်လိုက်ပါကိုဖွင့်လိုက်ပါ
မီးမှိတ်တုတ်မှိတ်တုတ်ပြနေတဲ့ ON AIR စာလုံးကိုကလစ်လုပ်လိုက်ပါ ပြီးရင် သင့်ကွန်ပျူတာ
မှာနဲ့တူညီရှိနေတဲ့Windows Media player,   Winamp player, ဒါမှမဟုတ်  Flash player တစ်ခုခုကိုရွေးချယ်ပြီး ကလစ်လုပ်လိုက်ရင်တော့နားဆင်လို့ရပါပြီးတဲ့ဗျာ ဒါပေမဲ့အသံလွင့်ချိန်ဖြစ်တဲ့
ဒေသစံတော်ချိန် 1:00 Pmမှ3:00 Pmအတွင်းမှာသာဖမ်းယူနားဆင်နိုင်မှာဖြစ်ပါတယ်။
 ထိုင်းနိုင်ငံဘန်ကောက်မြို့ မှာနေထိုင်သူတွေအတွက်ကတော့သန်းခေါင်ကျော်မနက်(၁)နာရီမှ(၃)ကြား အချိန်မှာဖမ်း.ယူနားဆင်နိုင်ကြမှာဖြစ်ပါတယ်။ အိမ်ဖုန်း၊လက်ကိုင်ဖုန်းတွေနဲ့ ဖမ်းယူနားဆင်လိုတဲ့
သောတရှင်အတွက်ကတော့အမေရိကန်ပြည်ထောင်စုအတွင်းမှာအခမဲ့နားဆင်နိုင်ပြီးကမ္ဘာ့နိုင်ငံရပ်ခြားမှ
နေထိုင်သူတွေအတွက်ဆိုရင်တော့ ဖုန်းကဒ်ထည့်ပြီးနားထောင်ရမှာဖြစ်တဲ့အတွက် ဖုန်းကဒ်ဘိုးကုန်
ပါလိမ့်မယ်။
    တယ်လီဖုန်းကိုဘယ်လိုနှိပ်ရမလဲ ဒီလိုလေဗျာ လွယ်လွယ်လေးပါ

(၁)   17124323900  ကိုအရင်ခေါ်လိုက်ပါ အင်္ဂလိပ်လိုစကားခဏလေးပြောလိမ့်မယ်နားမလည်လဲကိစ္စမရှိပါဘူး
စကားပြောပြီးတာနဲ့
( ၂)  Code နံပါတ် 410430 ကိုနှိပ်ပါပြီးတာနဲ့တစ်ဆက်တည်း #လေးချောင်းကြက်ခြေခတ်ကိုပါဆက်နှိပ်
လိုက်ရင်အင်္ဂလိပ်လိုတစ်ခွန်းနှစ်ခွန်းပြောပြီးတာနဲ့ ကရင့်အသံကိုသင်နားဆင်လို့ရပါပြီး  ဒီအသံလွင့်
အစီအစဉ်ဟာ Oct 24,25  ဒီအပတ်စနေတနင်္ဂနွေမှာဘဲစတင်လွင့်သေးတာဖြစ်တဲ့အတွက်အားနည်း
ချက်တွေများစွာရှိနေပါသေးတယ်မီနီဆိုးတားပြည်နယ်ရောက် ကရင်မျိုးသားများမှ   ကရင့်အသံအဖွဲ့က
 စီစဉ်ထုတ်လွင့်တာဖြစ်ပါတယ်
        သူတို့နဲ့တိုက်ရိုက်ဆက်သွယ်ချင်ရင်တော့   ၆၅၁-၂၄၅-၅၀၄၀  ကိုမေးမြန်းစုံစမ်းနိုင်ပါတယ်။
စနေနဲ့ တနင်္ဂနွေ နှစ်ရက်သာ အပတ်တိုင်းထုတ်လွင့်ပါသည်
မှတ်ချက်။  ။ အမေရိကန်ပြည်ထောင်စု မီနီဆိုးတားပြည်နယ်ဒေသစံတော်ချိန်ဟာထိုင်းနိုင်ငံ
ဘန်ကောက်မြို့ စံတော်ချိန်နဲ့နေ့နဲ့ ည ကွာတာကလွဲလို့ အချိန်တစ်ထပ်တည်းဖြစ်ပါတယ်

11ReadMore-2.jpg

Template by:

Free Blog Templates