Saturday, April 7, 2012

တိုင်းရင်းသားတွေနဲ့တန်းတူဆက်ဆံရေးမူ ဦးသိန်းစိန်လက်တွေ့ကျင့်သုံး


တိုင်းရင်းသားတွေနဲ့ တန်းတူဆက်ဆံရေးမူ ဦးသိန်းစိန်လက်တွေ့ကျင့်သုံး
မနန္ဒာချမ်း VOA
ဓာတ်ပုံ Reutersသမ္မတဦးသိန်းစိန် KNU ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ဆုံနုတ်ဆက်စဉ်။ နေပြည်တော်၊ ဧပြီလ ၇ ရက်၊ ၂၀၁၂ ။လက်ရှိ မြန်မာအစိုးရဟာ တိုင်းရင်းသားတွေနဲ့ တန်းတူရည်တူ ဆက်ဆံရမယ် ဆိုတဲ့အချက်အပေါ် အခြေခံပြီး ငြိမ်းချမ်းရေး ဖော်ဆောင်နေ တာကို တွေ့ရှိရတယ်လို့ KNU ကရင်အမျိုးသားအစည်းအရုံး က ဒီကနေ့ ပြောလိုက်ပါတယ်။ နေပြည်တော်မှာ သမ္မတ ဦးသိန်းစိန် နဲ့ KNU ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့တို့ တွေ့ဆုံခဲ့ကြပြီးတဲ့နောက်ပိုင်းမှာ KNU တာဝန်ရှိသူတစ်ဦးက ပြောလိုက်တာပါ။ ဒါ့အပြင် တိုင်းရင်း သားလက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေးရဖို့ သမ္မတ ဦးသိန်းစိန်အစိုးရရဲ့ ပြောဆိုချက်တွေနဲ့ ဆောင်ရွက်ချက် တွေဟာ တထပ်တည်းကျ တာကို တွေ့ရှိရတယ်လို့လည်း ပြောဆိုခဲ့ပါတယ်။မြန်မာနိုင်ငံမှာ အရပ်သားအစိုးရ တက်လာခဲ့ပြီး ၁ နှစ်အကြာမှာ ပထမဆုံးအကြိမ် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး လက်မှတ်ထိုးနိုင်တဲ့ KNU ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တွေနဲ့ သမ္မတ ဦးသိန်းစိန် တို့ စနေနေ့ မနက်က နေပြည်တော်မှာ တွေဆုံခဲ့ကြတာပါ။ ဒီတွေ့ဆုံမှုအတွင်း သမ္မတ ဦးသိန်းစိန် က ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ အောင်မြင်မှုအပေါ် ကြိုဆိုတဲ့အကြောင်းနဲ့ တိုင်းရင်းသားတွေနဲ့ တန်းတူရည်တူ ဆက်ဆံပြီး ထာဝရငြိမ်းချမ်းရေး ရရှိဖို့ ကြိုးပမ်းနေတဲ့အကြောင်းကို KNU ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့ကို ရှင်းပြခဲ့တယ်လို့ KNU ကိုယ်စားလှယ်အဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ စောသာဒိုမူး က ပြောပြပါတယ်။“ဆွေးနွေးသွားတဲ့အထဲမှာ ကျနော်တို့ နာလည်လိုက်တာက သူက တိုင်းရင်းသားတွေရဲ့ အပေါ်မှာ တန်းတူရည်တူ ဆက်ဆံရမယ်ဆိုတဲ့ အခြေခံပေါ်မှာ မူတည်ပြီးတော့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ဖြစ်စေချင်တယ် ဆိုတဲ့ဟာကို ကျနော်တို့ တွေ့ရပါတယ်။ နောက်ပြီးတော့ ဒီ ငြိမ်းချမ်းရေး မရဘူးဆိုရင် ကျနော်တို့နိုင်ငံက ဘယ်လိုနည်းနဲ့မှ တိုးတက်ဖို့ဆိုတာ အများကြီးကို နှောင့်နှေးပြီးတော့ အခက်အခဲတွေ အများကြီး ကြုံရမယ်ဆိုတာလည်း သူ သဘောပေါက်ပါတယ်။ အဲဒါကြောင့် ဒီ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို အပစ်အခတ် ရပ်စဲရေးကနေပြီးတော့ တခါတည်း ငြိမ်းချမ်းရေး ရတဲ့အထိ သွားဖို့ဆိုတဲ့ဟာကိုလည်း သူ သံန္နိဌာန်ချပြီး လုပ်သွားမယ်ဆိုတာကို သိရတဲ့အတွက် ကျနော်တို့ဘက်ကလည်း အလားတူပဲ တုံ့ပြန်ခဲ့ပါတယ်ခင်ဗျ။”သမ္မတကြီး ဦးသိန်းစိန်ရဲ့ ရှင်းလင်းချက်တွေနဲ့ပတ်သက်ပြီးတော့ သမ္မတကြီးဟာ တိုင်းပြည်အကျိုးကို လိုလားတယ်ဆိုတာ လက်ခံလို့ရပြီး သူ့ရဲ့ ပြောဆိုချက်တွေနဲ့ လက်တွေ့ ဆောင်ရွက်ချက်တွေဟာ ကိုက်ညီမှု ရှိတာကိုလည်း တွေ့ရတယ်လို့ KNU က အခုလို မှတ်ချက်ချခဲ့ပါတယ်။“သမ္မတကြီးရဲ့ ပြောဆိုချက်တွေ၊ သူ့ရဲ့ ရှင်းလင်းချက်တွေက တကယ်ပဲ ဘာခေါ်မလဲ စစ်မှန် ရိုးသားတယ်၊ တကယ့်ကို လိုလိုလားလားနဲ့ တိုင်းပြည်အပေါ်မှာ စေတနာကောင်း ထားတယ်ဆိုတာကောင်း ထားတယ်ဆိုတာ ပေါ်လွင်ပါတယ်။ ကျနော်တို့ လက်ခံပါတယ်၊ သူပြောထားတဲ့အဆင့်နဲ့ ဒီနေ့ ကြုံတွေ့နေရတဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်အနေအထားအရ ကတော့ သူပြောတာနဲ့ကတော့ တထက်တည်း ဖြစ်နေပါတယ်။ မနေ့ကလည်း ကျနော်တို့ရဲ့ ဆွေးနွေးပွဲတွေဟာ အများကြီးကို ပွင့်လင်းတယ်၊ မြင်သာတယ်၊ နောက်ပြီးတော့ တန်းတူရှိတယ်ဆိုတာကိုလည်း သမ္မတကြီးကို ကျနော် တင်ပြခဲ့ပါတယ်။ ဒါတွေက လုံးဝ တန်းတူဖြစ်တယ် ဆိုတဲ့အကြောင်းပေါ့နော်။”KNU အထွေထွေ အတွင်းရေးမှူး နော်စီဖိုးရာစိန် နဲ့ KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး တို့ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဧပြီလ ၆ ရက် သောကြာနေ့က မြန်မာအစိုးရရဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တွေနဲ့ ရန်ကုန်မှာ တွေ့ဆုံဆွေးနွေး ခဲ့ကြပြီး ငြိမ်းချမ်းရေးမှာ အဓိက ကျတဲ့ အချက် ၆ ချက်နဲ့ပတ်သက်ပြီး မှတ်တမ်းတင် လက်မှတ်ရေးထိုးနိုင်ခဲ့ကြပါတယ်။ ဒီအချက်တွေထဲမှာ ကြောက်ရွံ့ မှုကင်းတဲ့ ပြည်သူလူထုရဲ့ ဘ၀ကို ဖန်တီးပေးဖို့နဲ့ လူထုကို အကျိုးရှိစေမယ့် ငြိမ်းချမ်းရေးမျိုးကို ဆက်လက် အကောင်အထည် ဖော်သွားဖို့တွေ ပါဝင်ပါတယ်။အခုလို မြန်မာအစိုးရရဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တွေနဲ့ KNU အကြား ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေအပေါ် KNU အနေနဲ့ အားရကျေနပ်မှု ရှိပြီး နှစ်ပေါင်း ၆၀ ကျော်ကာလအတွင်းမှာ ပထမဆုံးအကြိမ် တန်းတူရည်တူ ဆွေးနွေးပြောဆိုတာမျိုးကို တွေ့ခဲ့ရတယ်လို့လည်း သူက ပြောပါတယ်။ ဒါပေမဲ့လည်း စစ်မှန်တဲ့ ထာဝရငြိမ်းချမ်းရေး ရဖို့ကတော့ အဆင့်တွေ ကျန်သေးတယ်လို့ KNU ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ဝင် စောသာဒိုမူး က ပြောပါတယ်။“ငြိမ်းချမ်းရေး လို့တော့ ကျနော်တို့ မပြောချင်ပါဘူး။ ငြိမ်းချမ်းရေး ဆိုတာ အဆင့်တိုင်း တဆင့်စီ လှမ်းသွားဖို့လိုပါတယ်။ ကျနော်တို့ ငြိမ်းချမ်းတယ် ဆိုတာကတော့ အဓိပ္ပါယ် ဖွင့်ဆိုချက်တွေ ကွာလိမ့်မယ်ပေါ့။ ဒါပေမဲ့ ကျနော်တို့ကတော့ တဆင့်ချင်းတဆင့်ချင်းနဲ့ လူထုတွေရဲ့ ပြဿနာတွေ ဖြေရှင်းရမယ်၊ တဘက်နဲ့တဘက် ရန်လိုတဲ့ အပြုအမူတွေ လျော့ပါးသွားမယ်။ နောက်ဆုံး တိုက်ခိုက်မှုတွေ လုံးဝ ရပ်သွားမယ်။ အဲဒါတွေကို တဆင့်စီ ကျနော်တို့ သွားဖို့ရှိပါတယ်။ ကျနော်တို့ ဒီလိုအဆင့်မျိုး တခါမှ မရောက်ဖူးတော့လည်း ကျနော်တို့ ဘယ်အဆင့်မှန်းတော့ ခန့်မှန်းလို့ မတတ်ဘူးပေါ့နော်။ တန်းတူရည်တူနဲ့ ဆွေးနွေးပိုင်ခွင့်သာ ကျနော်တို့ ၆၃ နှစ်မှာ ဒီတခါပဲ ရဖူးသေးတာကိုး။”KNU ငြိမ်းချမ်းရေးကိုယ်စားလှယ် အဖွဲ့ဝင် စောသာဒိုမူး ဖြစ်ပါတယ်။ KNU ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့ဟာ သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံခဲ့ပြီးနောက် ညနေပိုင်းမှာ ရန်ကုန်ကို ပြန်လည် ထွက်ခွာခဲ့ကြပြီး တနင်္ဂနွေနေ့မှာတော့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်နဲ့လည်း တွေ့ဆုံဖို့ စီစဉ်ထား သလို ရန်ကုန်မှာရှိတဲ့ ကရင်အသိုင်းအ၀ိုင်း ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံဖို့ ရှိပါတယ်။ ဒါ့အပြင် တနင်္လာနေ့မှာတော့ ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်မှာရှိတဲ့ IDP ကရင်ဒုက္ခသည် ၂ ထောင်ကျော်ရဲ့ အခြေအနေတွေကိုလည်း သွားရောက် လေ့လာကြမှာ ဖြစ်ပါတယ်။ အဲ့ဒီနောက် ပဲခူးတိုင်းဒေသကြီး ၀န်ကြီးချုပ် အပါအ၀င် တောင်ပိုင်းတိုင်း စစ်ဌာနချုပ်က အရာရှိတွေနဲ့ အင်္ဂါနေ့မနက်ပိုင်းမှာ ဆက်လက် တွေ့ဆုံဖို့ရှိပြီး အဲ့ဒီဒေသတွင်းမှာရှိတဲ့ အစိုးရတပ်တွေနဲ့ KNLA တပ်တွေရဲ့ လှုပ်ရှားမှု အခြေအနေတွေ အကြောင်း ဆွေးနွေး ပြောဆိုကြဖို့ရှိတယ်လို့ KNU ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ဝင် စောသာဒိုမူး က ရှင်းပြခဲ့ပါတယ်။KNU အဖွဲ့ဟာ မြန်မာအစိုးရ အဆက်ဆက်ကို ၆၃ နှစ်ကြာ တော်လှန်လာခဲ့တဲ့ အဖွဲ့ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၁၂ ရက်နေ့ကပဲ ကရင်ပြည်နယ် ဘားအံမြို့မှာ KNU ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နဲ့ မြန်မာအစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ဟာ ပြည်နယ်အဆင့်နဲ့ တခါ - ပြည်ထောင်စုအဆင့် ဆက်လက်ဆွေးနွေးဖို့အတွက် တခါ ၂ ပိုင်းခွဲ လက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ပါတယ်။ယခင် KNU ခေါင်းဆောင်ကြီး ဗိုလ်ချုပ်မြနဲ့ အဲဒီအချိန်က မြန်မာဝန်ကြီးချုပ်အဖြစ် တာဝန်ယူထားတဲ့ ဗိုလ်ချုပ်ကြီး ခင်ညွန်တို့ဟာ ၂၀၀၄ ခုနှစ် ဇန်န၀ါရီလဆန်းမှာ ငြိမ်းချမ်းရေးဆွေးနွေးဖို့အတွက် ရန်ကုန်မှာ တွေ့ဆုံတဲ့အထိ သမိုင်းဝင်ဖြစ်ခဲ့ဖူးပါတယ်။ ဒါပေမဲ့လည်း ၂ ဘက်အကြား အပစ်အခတ် ရပ်စဲထားဖို့သာ ယာယီအားဖြင့် သဘောတူညီနိုင်ခဲ့ပြီး အခုလို လက်မှတ်ရေးထိုးနိုင်တဲ့အဆင့်အထိတော့ အောင်မြင်မှု မရှိခဲ့ပါဘူး။လက်ရှိ သမ္မတ ဦးသိန်းစိန်အစိုးရ လက်ထက်မှာ KNU နဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေမှာ လက်မှတ်ရေးထိုးနိုင်ခဲ့တာကတော့ နှစ်ပေါင်း ၆၀ ကျော်ကာလအတွင်း ပထမဆုံးလည်းဖြစ်ခဲ့ပါတယ်ရှင်။

11ReadMore-2.jpg

Thursday, April 5, 2012

ကရင်အမျိုးသားအစည်းအရုံးရန်ကုန်တွင်ဆက်လျှက်ဆွေးနွေး


ကရင် အမျိုးသား အစည်းအရုံး ငြိမ်းချမ်းရေး အတွက် ရန်ကုန်တွင် ဆက်ဆွေးနွေး
By သင်းသီရီ VOA





ဓာတ်ပုံ ASSOCIATED PRESS ရထားဝန်ကြီး၊ အစိုးရ ငြိမ်းချမ်းရေး အဖွဲ့ခေါင်းဆောင် ဦးအောင်မင်း (အလယ်)၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေ (၀ဲ)၊ ကေအန်ယူ ကိုယ်စားလှယ် ဗိုလ်ချုပ် မူတူးဆေးဖိုး။ အပစ်ရပ်ရေးအပါအ၀င် ငြိမ်းချမ်းရေးတွေ အတွက် KNU ကရင် အမျိုးသား အစည်းအရုံး ဘက်က တောင်းဆိုထားတဲ့ အချက် ၁၁ ချက်ထဲက ၆ချက်ကို အဓိက ထားပြီး ရန်ကုန်မှာ ဆွေးနွေးဖို့ရှိတယ်လို့ ကရင် KNU ဖက်က တာဝန်ရှိသူက ပြောပါတယ်။ပြည်နယ်အဆင့်မှာ ဆက်ဆွေးနွေးဖို့ ကျန်နေသေးတဲ့အချက်တွေကို ပြည်ထောင်စုအဆင့်အဖြစ် ဆွေးနွေးဖို့ အတွက် ရန်ကုန်ကို ရောက်နေတဲ့ KNU အဖွဲ့ နဲ့ လည်း ဒီကနေ့ ည ရန်ကုန်မှာ ညစာစားပွဲတခု ပြုလုပ်ခဲ့ကြပါတယ်။အပစ်ရပ် ငြိမ်းချမ်းရေး တွေ အတွက် အစိုးရ နဲ့ ဆွေးနွေးနေတဲ့ ကရင် KNU အဖွဲ့ဟာ ဧပြီလ ၄ ရက်နေ့ မှာ ဖားအံ နဲ့ ပြည်နယ် အဆင့် ဆွေးနွေးမှုတွေ အပြီး ဧပြီလ ၅ ရက် နေ့မှာ ပြည်ထောင်စု အဆင့် ဆွေးနွေးပွဲတွေ လုပ်ဖို့ ရန်ကုန်ကို ရောက်လာ ကြတာဖြစ်ပါတယ်။ မနက်ဖြန် ဧပြီလ ၆ ရက် နေ့မှာတော့ အစိုးရ ငြိမ်းချမ်းရေး အဖွဲ့နဲ့ ပြည်နယ် အဆင့်မှာ မပြီးပြတ်သေးတဲ့ ဆွေးနွေးမှု တွေကို ဆက်လက် ညှိနှိုင်းဖို့ ဖြစ်ပါတယ်။ ပြည်ထောင်စု အဖြစ် ဆွေးနွေးမှု မှုတွေမှာတော့ KNU ဘက်က မူအားဖြင့် တောင်းဆိုထားတဲ့ အချက် ၁၁ ထဲက အချက် ၆ ချက် လောက်ကို အဓိက ဆွေးနွေးဖို့ ရှိတယ် လို့ ကေအန်ယူ ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ ဗိုလ်မှူးကြီး စောရော်ဂျာခင်က မြန်မာပိုင်း ကို ပြောပါတယ်။“ဆွေးနွေးပွဲက မနက်ဖြန်က စမယ်။ ၁၁ ချက် မူအားဖြင့် လက်ခံထားတာ အဲဒါ အသေးစိတ် ဆွေးနွေးဖို့ ကျနော်တို့ လာတယ်။ အခြေအတင်တော့ ရှိတော့ ရှိမှာပေါ့။ ပထမဦးဆုံး ဒီကို code of conduct ပေါ့။ နှစ်ဘက် လိုက်နာရေး စည်းကမ်းချက်တွေ အဲဒါကို ကျနော်တို့ အရင် စဆွေးနွေးမယ်။ ခြောက်ချက်ထဲ က လေးချက် က လူထု နဲ့ ပတ်သက်တဲ့ ကိစ္စပေါ့၊ ခုနှစ်ချက် ကတော့ demarcation နဲ့ ပတ်သက်တာရယ်၊ နောက်ပြီးတော့ Liaison office ကျနော်တို့ ဖွင့် ဖို့ ကိစ္စရယ်။ ဒါဘဲရှိပါတယ်။ ကျနော် ထင်တာတော့ အခုဟာက ညှိနှိုင်း တဲ့ အဆင့်ဘဲ ရှိနေသေးလို့ အပြတ်တော့ ပြောလို့ မရသေးပါဘူး။”ဒါကတော့ ကေအန်ယူ အဖွဲ့ရဲ့ ဗိုလ်မှူးကြီး စောရော်ဂျာခင် ပြောပြခဲ့တာပါရှင်။ ရန်ကုန်ရောက် နေတဲ့ ကေအန်ယူ အဖွဲ့ကို မြန်မာ အစိုးရ ရဲ့ ငြိမ်းချမ်းရေး အဖွဲ့က စီစဉ်ပြီးတော့ ရန်ကုန်က ဆီဒိုးနား ဟိုတယ်မှာ ဧပြီလ ၅ ရက် နေ့ ညက အထူးညစာ စားပွဲ တစ်ခု လုပ်ပါတယ်။ အစိုးရ ထဲက တာဝန်ရှိတဲ့ ဝန်ကြီး တစ်ချို့ ကရင် နိုင်ငံရေး ပါတီ တွေ နဲ့ အတူ တခြားနိုင်ငံရေး အင်အားစု တွေ၊ တခါ သံရုံးဝန်ထမ်းတွေ နဲ့ သတင်းသမားတွေ နဲ့ ဆိုရင် ဧည့်သည် ၂၀၀ နီးပါးလောက် ရှိတယ် လို့ ဒီ ညစာ စားပွဲ ကို တက်နေတဲ့ ကရင် ပြည်သူ့ ပါတီက ဦးစောဆေးဝါး က ပြောပါတယ်။“ကျနော် တို့ အခု ဆီဒိုးနားမှာ ရောက်နေတယ်။ ဒီ Ballroom မှာလေ။ ငြိမ်းချမ်းရေးမှာ တော့ မီးရထား ဝန်ကြီး ဦးအောင်မင်း က ဦးစီးတာပေါ့။ အဲဒီမှာ ဝန်ကြီး ဦးခင်ရီ ဆိုတာ ပါလာပါတယ်။ ဝန်ကြီး အပိုင်းမှာတော့။ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေလည်း လာပါတယ်။ ဒီဘက် အစိုးရ ပိုင်းပေါ့နော်။ တခြား ဟိုဥစ္စာတွေ အများကြီးလာပါတယ်။ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေ အားလုံး လာကြပါတယ်။ ကေအန်ယူ အပိုင်းက တော့ စီဖိုးရာ ပါတယ်လေ။ နော်မေဦးပါတယ်။ စောထူးထူးလေး ပါတယ်။ ဗိုလ်ချုပ် မူတူးဆေးဖိုး ပါတယ်။ သံတမန်တွေလည်း ပါတယ်။ သတင်းထောက်တွေလည်း ပါတယ်။ အများကြီးပါပဲကွာ။”သမိုင်းဝင် ဒီတွေ့ဆုံမှုတွေကနေ ပြီးတော့ ထာဝရ တည်တံ့ပြီးတော့ ခိုင်မြဲတဲ့ ငြိမ်းချမ်းမှု တွေ ရဖို့ကို ကရင်လူထုကော မြန်မာ နိုင်ငံ ကပါ တကယ်လိုလား နေတယ် ဖြစ်တယ်လို့လည်း ဦးစောဆေးဝါး က သုံးသပ်ပါတယ်။“ခါတိုင်းတော့ ဒို့လည်း တခါမှ မပါဝင်ခဲ့ ဖူးဘူးလေ။ ဒါပေမဲ ဒီတစ်ခေါက် ကတော့ ကရင် ပြည်သူ လူထုတွေ လည်း အကုန်ပါဝင် ပြီးတော့ ကူညီ အားပေးရမယ့် အနေအထား ရှိတဲ့ အတွက် ပိုပြီးတော့လည်း စိတ်ချရတယ်၊ ယုံကြည်ရတယ်၊ နွေးထွေးတာပေါ့ကွာ။ ပိုပြီးတော့လည်း မျှော်လင့်ချက် အများကြီး ထားပါတယ်။ ဘယ်လောက် အထိ မျှော်လင့်ထားလဲ ဆိုတော့ ဒို့က အလားအလာ တော်တော်ကောင်းတယ် လို့ဘဲ ပြောရမယ်လေ။ ဘာဖြစ်လို့လည်း ဆိုတော့ နိုင်ငံတော် ရဲ့ မူဝါဒ၊ နိုင်ငံရေး ပေါ်လစီက လည်း အပြောင်းအလဲ ဖြစ်တဲ့ ဟာ နဲ့ သွားကြုံကြိုက်တော့ အစိုးရ ရဲ့ ပေါ်လစီ နဲ့ ကေအန်ယူ ရဲ့ ပေါ်လစီက နည်းနည်း နီးစပ်လာတယ် ပေါ့လေ။ အဲဒါကြောင့် ညှိနှိုင်း လို့ ရမယ့် အလားအလာ ရှိမယ် လို့ ယုံကြည်ပါတယ်။”ကရင်ပြည်သူ့ ပါတီက ဦးစောဆေးဝါး ပါရှင်။ဧပြီလ ၆ ရက်နေ့မှာတော့ ရထား ပို့ဆောင်ရေး ဦးအောင်မင်း ခေါင်းဆောင်တဲ့ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး အဖွဲ့နဲ့ ကရင် ကေအန်ယူ အဖွဲ့ က ရန်ကုန်မှာ ငြိမ်းချမ်းရေး ဆွေးနွေးမှု ပြုလုပ်မှာ ဖြစ်ပါတယ်။ နောက်ပိုင်း ရက်တွေမှာတော့ ကရင် ကေအန်ယူ အဖွဲ့ဟာ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ် အောင်ဆန်း စုကြည် နဲ့ အတူ တခြား နိုင်ငံရေး အဖွဲ့တွေ ကို တွေ့ဆုံ ဖို့ ရှိသလို ပဲခူးတိုင်း အတွင်း က ကျောက်ကြီးမြို့  နဲ့ တနင်္သာရီ တိုင်း အတွင်းက ထားဝယ် မြို့ တွေ လည်း သွားရောက် လေ့လာဖို့ စီစဉ် ထားပြီး ရန်ကုန်မှာ ၁၁ ရက် နေ့ အထိ နေမှာ ဖြစ်ပါတယ်။

11ReadMore-2.jpg

Wednesday, April 4, 2012

ဗမာစစ်အစိုးရနဲ့ KNU ကရင်အမျိုးသားအစည်းအရုံး ဖါးအံမြို့ မှာတွေ့စုံဆွေးနွေး

VOA
ကရင်အမျိုးသားအစည်းအရုံး (KNU) နဲ့ မြန်မာအစိုးရတိုရဲ့ငြိမ်းချမ်းရေးအဖွဲတို့ကြား သဘောတူညီထားတဲ့ အပစ်ရပ်ရေး ပိုမိုခိုင်မာမှုရှိအောင် နှစ်ဘက်အဖွဲ့က တာဝန်ရှိသူတွေ ဒီကနေ့ ဖားအံမြို့မှာတွေ့ဆုံပြီး ဆွေးနွေးခဲ့ကြပါတယ်။ တပ်ခစန်းချထားရေးနဲ့ နှစ်ဘက်တပ်ဖွဲ့တွေ လိုက်နာရမယ့်စည်းကမ်းချက်တွေအပေါ် အဓိကဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုအဆင့် သဘောတူညီချက်တွေရဖို့ထိ ညှိနှိုင်းဆွေးနွေးသွားမယ် လို့လည်း တာဝန်ရှိသူတွေကပြောပါတယ်။ ဒီသတင်း အပြည့်အစုံကို မသင်းသီရိက ဆက်သွယ်မေးမြန်းထားပါတယ်။ကရင် KNU အဖွဲ့နဲ့ မြန်မာအစိုးရရဲ့ ငြိမ်းချမ်းရေးအဖွဲ့တို့ကြား ဒီကနေ့ ဖားအံမြို့မှာ အဓိက ဆွေးနွေးကြတာကတော့ ပြည်နယ်ပဏာမ သဘောတူညီချက်ထဲမှာ အဓိကအချက်ဖြစ်တဲ့ အပစ်ရပ်ရေးထဲက နှစ်ဘက်လိုက်နာရမယ့် အချက်တွေ ကို အသေးစိတ် ထပ်ဆွေးနွေးကြတာဖြစ်ပါတယ်။ ဒါဟာ KNU အဖွဲနဲ့ အစိုးရအဖွဲတို့ ဒုတိယအကြိမ်မြောက် တွေ့ဆုံမှု လည်း ဖြစ်ပါတယ်။ အထုးသဖြင့်ကတော့ တပ်စခန်းတွေနေရာချထားရေး တွေ တခါ တပ်တွေရော ဒေသခံလူထုတွေ ကပါ ဒီအပစ်ရပ်သဘောတူညီချက်ထဲကအတိုင်း လိုက်နာဆောင်ရွက်ရမယ့် ကိစ္စတွေ ဆွေနွေးကြတယ်လို့ အစိုးရ ငြိမ်းချမ်းရေးအဖွဲ့ကို ဦးဆောင်လာသူထဲကတဦးဖြစ်တဲ့ လူမှုကြိကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာန၀န်ကြီး ဦးခင်ရီက VOA မြန်မာပိုင်းကို ပြောပါတယ်။“ပထမပြည်နယ်အဆင့်မှာ အပစ်အခတ်ရပ်စဲရေးအတွက် အရင်ဆွေးနွေးခဲ့တာ ရှိတယ်ခင်ဗျ။ အဲဒါကို ထပ်ပြီးတော့ ပိုမိုခိုင်မာအောင်ဆိုပြီးတော့ cease fire ကာလအတွင်း နှစ်ဘက်လိုက်နာရမယ့် ကျင့်ဝတ်တွေ၊ စည်းကမ်းတွေ- အဲဒါတွေကို ကျနော်တို့ ဆွေးနွေးခဲ့ကြပါတယ်။ နှစ်ဘက် ဒီဘက်က ဘာလိုက်နာရမယ်၊ ဟိုဘက်က ဘာလိုက်နာရမယ်ဆိုတာ အပြန်ပြန်အလှန်လှန် ဆွေးနွေး ခဲ့ကြပြီးတော့ ဒါကို ဆက်ဆွေးနွေးဖို့ သဘောတူခဲ့ကြပါတယ်ခင်ဗျ”အခု KNU နဲ့ ဆွေးနွေးညှိနှိုင်းတဲ့အထဲမှာ အစိုးရဘက်ကလိုက်လျောဖို့ ခက်ခဲနေတဲ့ အချက်အလက်တွေများ ရှိနေလားလို့လည်း မေးကြည့်ပါတယ်။"ကျနော်ထင်တယ်။ မရှိနိုင်ဘူးထင်တယ်။ ဘာကြောင့်လဲဆိုတော့ နှစ်ဘက်လုံးကတအားဖြစ်ချင်တယ်လေ။ နှစ်ဘက်လုံးက ငြိမ်းချမ်းရေးလိုလားတဲ့သူတွေပဲဖြစ်နေတော့ ဖြစ်ချင်တဲ့ဆန္ဒရှိနေတဲ့အခါကျတော့ သိပ်အခက်အခဲ မရှိနိုင်ပါဘူး။ လိုတိုး ပိုလျှော့ နှစ်ဘက်ညှိတဲ့အချိန်လေးပဲ ကြာချင်ကြာနိုင်မှာပါ။ ကျနော်ထင်ပါတယ်။ အခက်အခဲ မရှိနိုင်ပါဘူးခင်ဗျ။"ဧပြီလ ၄ ရက်နေ့ ဖားအံမှာ အခုတွေ့ပြီး KNU အဖွဲ့တွေ ရန်ကုန်ကိုသွားကာ ဧပြီလ ၁၁ ရက်နေ့ အထိ ပြည်ထောင်စုအဆင့် သဘောတူညီချက်တွေရဖို့ ဆက်ဆွေးနွေးကြမှာလည်းဖြစ်ပါတယ်။“အဲဒါက ဒီမှာမပြတ်တဲ့ကိစ္စတွေနဲ့ ဟိုမှာက သူတို့ဘက်က တင်ပြချက်တွေအပေါ်မှာ မူတည်ပြီးတော့မှ ကျနော်တို့က ဆွေးနွေးမှာပါ။ သူတို့က တင်ပြလာမှာပါ။ ဟိုကျမှပဲ ကျနော်တို့က အသေးစိတ်သိရမယ်ခင်ဗျ။ အားလုံးက ငြိမ်းချမ်းရေးလိုချင်တယ်၊ ပြည်သူတွေကလည်း ငြိမ်းချမ်းရေးလိုချင်တယ်၊ နှစ်ဘက်ညှိတဲ့ပုဂ္ဂိုလ်တွေကလည်း ငြိမ်းချမ်းရေးလိုချင်တယ်၊ အကြီးအကဲတွေကလည်း ဒါတွေ ဖြစ်မြောက်အောင်ဆောင်ရွက်ခိုင်းတယ်ဆိုတော့ အခက်အခဲတော့မရှိဘူးခင်ဗျ။ တချို့နေရာတွေမှာ နှစ်ဘက်ညှိရတဲ့ အချိန်ယူရတဲ့ အပိုင်းတွေတော့ ရှိမှာပါ။ နောက်ဆုံးတော့ ထာဝရငြိမ်းချမ်းရေး ကျုပ်တို့တိုင်းပြည်မှာ ကျိန်းသေရသွားမယ့်သဘောဖြစ်ပါတယ်။”ဒါကတော့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးအဖွဲ့ထဲက လူမှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာန ၀န်ကြီး ဦးခင်ရီက က KNU နဲ့ဆွေးနွေးနေတဲ့ အခြေအနေတွေကိုပြောပြခဲ့တာပါရှင်။ ကရင်ပြည်နယ် အတွင်း ဆယ်စုနှစ်ပေါင်းများစွာ ဖြစ်နေခဲ့တဲ့ ပဋိပက္ခတွေကို ငြိမ်းချမ်းရေးရအောင်ဆောင်ရွက်ရာမှာ အရင်က ရှိခဲ့ဖူးတဲ့ အပစ်ရပ်သဘောတူညီချက် ပျက်ခဲ့တာမျိုး တွေ ထပ်မဖြစ်ရအောင် အထူးသဖြင့်ကတော့ အာမခံချက်ရှိတဲ့ သဘောတူညီချက်တွေဖြစ်ဖို့ လိုတယ်လို့ KNU အဖွဲ့က တာဝန်ရှိသူတဦး လည်းဖြစ်၊ သတင်းနဲ့ပြည်သူ့ဆက်ဆံရေး တာဝန်ခံ နော်မေဦးကလည်း ပြောပါတယ်။ ပြည်နယ်အဆင့် ပမာဏတွေထဲ အခုလို ခိုင်မာတဲ့ အပစ်ရပ်သဘောတူညီချက်တွေပြီးပြီဆိုရင် ပြည်ထောင်စုအဆင့်ဆွေးနွေးချက်တွေထဲ နိုင်ငံရေးအချက်တွေ ဆက်ဆွေးနွေးမယ်လို့လည်း ဆိုပါတယ်။“စစ်မှန်တဲ့ငြိမ်းချမ်းရေးတည်ဆောက်တဲ့ဘက်ကို ဦးတည်သွားနိုင်ဖို့ဆိုတာကို လိုအပ်တဲ့အပေါ်မှာ ကျမတို့ စောင့်ကြပ်ကြည့်ရှုသွားမယ့် monitoring မော်နီတာရင်းအဖွဲ့ဆိုတာကို ဆွေးနွေးခြင်းဖြစ်ပါတယ်။ ပထမသဘောတူညီချက်ရေးထိုးခဲ့တုန်းက အဲဒီ အချက်တွေ-အချက်တစ်ချက်ပေါ့နော်၊ သဘောတူညီချက် ရေးထိုးခဲ့တဲ့အထဲမှာ တတိုင်းပြည်လုံးအတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေးပေါ့။ အဲဒီဟာတွေက ပြည်ထောင်စုအဆင့်မှာ ဆွေးနွေးခဲ့ပြီးဖြစ်ပါတယ်။ တကယ့် စစ်မှန်တဲ့၊ အနှဝ်သာရရှိတဲ့အပစ်အခတ်ရပ်စဲရေး တစ်ခုဖြစ်ဖို့အတွက်ကို ကျမတို့ အခု လောလောဆယ်မှာ ဆွေးနွေးနေတုန်းပဲဖြစ်ပါတယ်။ ”ရန်ကုန်မှာ KNU အဖွဲ့ဟာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးပါတီတချို့ကို လည်း တွေ့ဆုံဖို့စီစဉ်ထားသလို ပဲခူးတိုင်းက ကျောက်ကြီးမြို့နဲ့ တနင်္သာရီတိုင်း၊ ထားဝယ်ကို သွားမယ် လို့လည်း ပြောပါတယ်။"NLD နဲ့တော့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် တခြားလူမှုရေးအဖွဲ့အစည်းတွေ၊ တခြားနိုင်ငံရေးပါတီတွေနဲ့ တတ်နိုင်သမျှပေါ့ တွေ့ဖို့ရှိပါတယ်။ မငြိမ်းချမ်းတဲ့အတွက်ကြောင့် တကယ်တန်း မြေစာပင်ဖြစ်နေတဲ့ ပြည်သူတွေရဲ့ အခန်းကဏ္ဍ တကယ်ပဲ အရေးကြီးတာကို ကျမတို့က လက်ခံထားတဲ့အတွက်ကြောင့် စစ်မက်ဖြစ်ပွားခဲ့တဲ့ ဒေသတွေမှာ ကျမတို့ လူထုတွေရဲ့ အခြေအနေတွေကို သွားပြီးလေ့လာဖို့ပဲ ဖြစ်ပါတယ်။"KNU အဖွဲ့က တာဝန်ရှိသူ နော်မေဦးပြောပြခဲ့တာပါရှင်။ ဧပြီလ ၄ရက် ဗုဒ္ဓဟူးနေ့က ဖားအံမှာလုပ်ခဲ့တဲ့ ဒီဆွေးနွေးပွဲကို အရပ်ဘက်လေ့လာစောင့်ကြည်ရေးသုံးဦးလည်း တက်ရောက်နားထောင်ခဲ့ပါတယ်။ မြန်မာအစိုးရဘက်ကတော့ ရထားဝန်ကြီးဦးအောင်မင်းနဲ့ လူမှုကြိကြပ်ရေးနဲ့ ပြည်သူ့အင်အား ဦးစီးဌာန ၀န်ကြီး ဦးခင်ရီတို့ မွန်ပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူးနဲ့ ငြိမ်းချမ်းရေး အကျိုးတော်ဆောင်တွေပါသလို ကရင် KNU ဘက်ကတော့ အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန် ဦးဆောင်က ကိုယ်စားလှယ် အဖွဲ့ဝင် ၂၀ တက်ရောက်လာခဲ့ကြပါတယ်။

11ReadMore-2.jpg

Tuesday, April 3, 2012

ဒေါက်တာစိုးမင်းနေဝင်ချိန်

ကေါ့မူးမြို့နယ်မဲဆန္ဒနယ်မှာဒေါ်အောင်ဆန်းစုကြည်နဲ့ယှဉ်ပြိုင်ရွေးကောက်ပွဲဝင်ခဲ့တဲ့
ဒေါက်တာစိုးမင်းရဲ့အမှတ်တရနောက်ဆုံးရှုံးနှိမ့်နေဝင်ချိန်ဓါတ်ပုံလေးဖြစ်ပါတယ်။

11ReadMore-2.jpg

Monday, April 2, 2012

သိပ်မထူးကဲတဲ့ DKBAအပြောင်းအလဲ


ရှိပြီးသားနဲ့  သိပ်ပြီးမခြားနားပါဘူး
ဗုဓ္ဒဘာသာဘုန်းကြီးဦးသုဇနနေရာမှာ
ခရစ်ယာန်ဘုန်းကြီးမန်းလောဘဇန်နဲ့အစားထိုးလိုက်တာပါ

တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (DKBA) နိုင်ငံရေးအဖွဲ့အစည်းတရပ်အနေနှင့် ပြောင်းလဲဖွဲ့စည်း

တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (DKBA)နိုင်ငံရေးအဖွဲ့အစည်းတရပ်အနေနှင့် ပြောင်းလဲဖွဲ့စည်းဓာတ်ပုံသတင်း - မြနှယ်စိမ်းစိမ်း (အင်းစိန်)ဧပြီလ ၂ ရက်၊ ၂၀၁၂ ခုနှစ်ဗိုလ်ချုပ်စောလားပွယ် ဦးဆောင်သည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (DKBA) အဖွဲ့သည် နိုင်ငံရေးအဖွဲ့အစည်းတရပ်အနေနှင့် ရပ်တည်သွားရန်အတွက် ယနေ့မှ စတင်ကာ အဖွဲ့ကို ကလို့ထူးဘောကရင်အစည်းအရုံး (KKO) ဟု ပြောင်းလဲဖွဲ့စည်းလိုက်သည်။ဖွဲ့စည်းပုံအရ ယနေ့ပြုလုပ်သည့် ရွေးကောက်ပွဲတွင် ဥက္ကဌအဖြစ် မန်းရောဘတ်ဇန် (ဖူးကီးဒို) ဒု-ဥက္ကဌစောမိုရှေး၊ အထွေထွေအတွင်းရေးမှူး စောဂုဏ်အောင်၊ တွဲဘက်အတွင်းရေးမှူး (၁) နော်ကော်သူးလေလားဖော၊ တွဲဘက်အတွင်းရေးမှူး (၂) စောလုံ့လုံ တို့ကို ရွေးကောက်တင်မြှောက်ခဲ့ကြသည်။ဗိုလ်ချုပ်စောလားပွယ်မှာ KKO အဖွဲ့၏ စစ်ဦးစီးချုပ်အဖြစ် ဆက်လက် တာဝန်ယူမည်ဖြစ်ပြီး KKO ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ကာကွယ်ရေးဌာန တာဝန်ခံ၊ နိုင်ငံခြားရေးဌာန၊ ကျန်းမာရေး၊ စီးးပွားရေး၊ ပညာရေး၊ အပါအအ၀င် ဌာန ၁၂ ခု ပါရှိသည်။အသစ်ရေးဆွဲထားသည့် အဖွဲ့၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို KKO ဌာနချုပ်တည်ရှိရာ မြ၀တီခရိုင် ဆုံဆည်းမြိုင်ကျေးရွာတွင် ယမန်နေ့က စတင်ကာ လူထုဆန္ဒခံယူပွဲ ကျင်းပခဲ့ပြီးနောက် တက်ရောက်လာသည့် ဘာသာရေးခေါင်းဆောင်များ၊ ကရင်နိုင်ငံရေးအဖွဲ့များမှ ကိုယ်စားလှယ်များ၊ ရဟန်းရှင်လူများက ယနေ့တွင် အတည်ပြုပေးခဲ့ကြခြင်းသည်။

11ReadMore-2.jpg

မဲစာရင်းရလဒ် အနိုင်စာရင်းကြေငြာချက်



11ReadMore-2.jpg

Sunday, April 1, 2012

ဒေါ်အောင်ဆန်းစုကြည်ရွေးကောက်ပွဲနိုင်

တနင်္ဂနွေ, 01 ဧပြီ 2012ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲနိုင်
်By VOA (မြန်မာပိုင်း) ဝါရှင်တန်


မြန်မာနိုင်ငံမှာ ဒီကနေ့ကျင်းပခဲ့တဲ့ လွှတ်တော်ကြားဖြတ်ရွေးကောက်ပွဲတွေမှာ ၊ အခုနောက်ဆုံး သိရသလောက်တော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အနိုင်ရသွားပြီ ဖြစ်တယ်လို့ သိရပါတယ်။ လွှတ်တော်မှာ လစ်လပ်နေတဲ့ မဲဆန္ဒနယ် ၄၈ နေရာထဲက မဲဆန္ဒနယ် ၄၅ နေရာမှာ ရွေးကောက်ပွဲတွေကို ကျင်းပခဲ့တာဖြစ်ပါတယ်။ NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ သူမရဲ့ မဲဆန္ဒနယ်ဖြစ်တဲ့ ကော့မှူးမြို့နယ်က ၀ါးသင်္ခ ရွာ ၊ ညောင်ထောက်ရွာ ၊ ငှက်အော်စမ်းကျေးရွာ ၊ ကော်ခြံကျေးရွာတွေက မဲရုံတွေကို ဒီကနေ့ မနက် ၇ နာရီက လိုက်လံကြည့်ရှုခဲ့ပါတယ်။ဒါ့အပြင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌကလည်း ကော့မှူးမြို့နယ်ကို သွားရောက်ပြီးတော့ အားလုံးမျှမျှတတဖြစ်အောင် ဆောင်ရွက်ပေးဖို့ သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်တာဝန်ရှိသူတွေကို ပြောခဲ့တယ်လို့လည်း သိရပါတယ်။ ဒီရွေးကောက်ပွဲမှာ တချို့မဲကတ်ပြားတွေမှာ NLD ပါတီကို မဲပေးလို့မရအောင် ဖယောင်းသုတ်ထားတာတွေ၊ မဲပေးသူတွေကိုလည်း ခြိမ်းခြောက်အကြပ်ကိုင်တာတွေ၊ မဲစာရင်းပြဿနာတွေ နဲ့ မဲသမာမှုတွေလည်းရှိတယ်လို့ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ သူမအနေနဲ့ ဒီရွေးကောက်ပွဲကို လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်လိမ့်မယ်လို့ မမျှော်လင့်ထားကြောင်း ဒါပေမဲ့လည်း ဒီရွေးကောက်ပွဲဟာ အရေးပါတဲ့ရွေးကောက်ပွဲဖြစ်တယ်လို့ ပြောပါတယ်။၁၉၉၀ ခုနှစ်ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မဲအပြတ်အသတ်နဲ့ အနိုင်ရခဲ့ပြီးတဲ့အချိန်ကစပြီး၊ ဒီတကြိမ်ဟာ ဒေါ်အောင်ဆန်းစုကြည်ပထမဆုံးအကြိမ် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် မတ်လက အစိုးရသစ်တက်လာပြီးတဲ့နောက် ပထမဆုံးအကြိမ် ကျင်းပတဲ့ ကြားဖြတ်ရွေးကောက်ပွဲလည်းဖြစ်ပါတယ်။

11ReadMore-2.jpg

Saturday, March 31, 2012

Daw Suu Arrives in Kaw Hmu Township



11ReadMore-2.jpg

Apr 01 Election day APM x264



11ReadMore-2.jpg

Apr 01 - 10 AM Phyar Pone_x264.mp4



11ReadMore-2.jpg

Apr 01 8 AM Election day Naypyitaw x264



11ReadMore-2.jpg

Apr 01 Election day Voters are watching x264



11ReadMore-2.jpg


ဦးအောင်သောင်း၏ မဲဆွယ် စည်းရုံးရေး ယာဉ်တန်းမှ တိုက်မိ၍ သေဆုံးခဲ့သူ၏ ဇနီးနှင့်မိသားစု ဒုက္ခရောက်နေBy ဇာဏီ၊ မတ်လ ၃၁ ရက်နေ့၊ ၂၀၁၂ ခုနှစ်။
ပြီးခဲ့တဲ့ မတ်လ ၁၆ ရက်နေ့က ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးအောင်သောင်းနှင့် အဖွဲ့ စစ်ကိုင်းတိုင်း ဝက်လက်ကျေးရွာသို့ မဲဆွယ်စည်းရုံးရေးဆင်းစဉ် နတ်နွားတော်ပို့ရွာအနီး ဦးကံစိန် (အသက် ၃၈ နှစ်) ကို စည်းရုံးရေးယာဉ်တန်း ကားတစီးက တိုက်မိပြီး နေရာတွင် ပွဲချင်းပြီး သေဆုံးသွားသည့် ဖြစ်ရပ်တွင် အဆိုပါ သေဆုံးသူ၏ ဇနီးသည်ကို အခုအချိန်အထိ လျော်ကြေး ပေးလျော်ခြင်း မရှိသည့်အပြင် နွားထိုးကြီးမြို့နယ် ရဲစခန်းမှူးနှင့် ပြရာကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဌေးအောင်တို့မှ ကြားက ဝင်ရောက် ဆောင်ရွက်နေသည်ဟု သိရပါသည်။“ကျမ အိမ်သားက တဖက်ရွာကို ဧည့်သည်လိုက်ပို့ရင်း အတိုက်ခံရတာပါ။ ကျမ အခု အိုးမဲ့အိမ်မဲ့ဖြစ်နေပါပြီ၊ ကျမမှာ ၈ နှစ်သားနှင့် ၄ နှစ်သမီးရယ် စုစုပေါင်း မိသားစု ၃ယောက် ရှိပါတယ်။ ကလေးလေးတွေပဲ ကျန်ခဲ့တော့ ဘာမှ လုပ်ကိုင် မစားသောက်တတ်သေးပါဘူး။ အိမ်ထောင်ရှင်ကလဲ ဒီလိုဖြစ်သွားတော့ ကျမကလဲ အရင်တုန်းက ဘာမှ မလုပ်ရတော့ ဘယ်လိုကို ဆုံးဖြတ်ရမှန်း မသိသေးပါဘူး။ အခု ပြရာကျေးရွာဘေးက ထန်းတောမှာ တဲထိုးပြီး မိရိုးဖလာ ထန်းတက်ပြီး နေနေရပါတယ်။” ဟု သေဆုံးသူ၏ ဇနီးဖြစ်သူ မဗေဒါက ဘားမားဗီဂျေ မီဒီယာကို ပြောပါသည်။အဆိုပါ ယာဉ်တိုက်မှုကို ဦးအောင်သောင်းမှ နေရာမှာတင် အပြီးဖြေရှင်းရန် လက်အောက်ငယ်သားများအား ညွှန်ကြားလိုက်သည့်အတွက် သေဆုံးပြီး နောက်တရက်မှာပဲ ဈာပန အခမ်းအနားကို သေဆုံးသူ၏ ဇနီးဖြစ်သူ ကပဲ ဆောင်ရွက်လိုက်ရသည်ဟု သိရပါသည်။ မတ်လ ၂၂ ရက်နေ့မှာတော့ နွားထိုးကြီးရဲစခန်းမှ စခန်းမှူးမှ ဦးကံစိန်၏ ဇနီးဖြစ်သူကို ကားပိုင်ရှင်က တွေ့ဆုံစကားပြောချင်လို့ပါ ဆိုပြီး ရဲစခန်းသို့ ခေါ်ယူ စစ်ဆေးမေးမြန်းခဲ့သည်ဟု သိရပါသည်။ “ကျမ ဘာလုပ်ကိုင်စားလဲ၊ မိသားစု ဘယ်နှယောက် ကျန်လဲ” စတဲ့ မေးခွန်းတွေသာ မေးမြန်းပြီး ပြန်လွှတ်လိုက်သည်ဟု မဗေဒါက ပြောပါသည်။မတ်လ ၃၀ ရက်နေ့မှာ ကားဒရိုင်ဘာရဲ့ ညီမနှင့် အမဖြစ်သူတို့ ပြရာကျေးရွာသို့ ရောက်ရှိလာပြီး ပြရာကျေးရွာ အုပ်ချုပ်ရေးမှူးအိမ်မှာ အုပ်ချုပ်ရေးမှူး ဦးဌေးအောင်အပါအဝင် မဗေဒါကို လာရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြပါသည်။“လျော်ကြေးအနေနဲ့ ဘာမှ ပြောတာမျိုး မရှိသေးပါဘူး၊ မနစ်နာအောင်လို့ ကြည့်ကျက် လုပ်ပေးပါမယ်၊ အခု လာမည့် ၃ ရက်နေ့ကို စခန်းကို လာခဲ့ပါ၊ အုံနာကလဲ စကားပြောချင်တယ်၊ စခန်းမှာပဲ စကားပြောရအောင်၊ နောက်ပြီးတော့ အုပ်ချုပ်ရေးမှူးကို ဥက္ကဌအနေနဲ့ စာရွက်မှာ တံဆိပ်တုံး ထု၊ ခင်ဗျား နာမည်နဲ့ လက်မှတ်ပါ ထိုးပြီး ယူလာခဲ့ပါ လို့ ပြောသွားပါတယ်၊ ကြားထဲက ကျမ အရီးတယောက်က ညီးတို့ ဘယ်လောက်များ တို့ကို ထောက်ပံ့မလဲလို့ ပြောတော့ ဒရိုင်ဘာညီမက အဲတာတော့ သူတို့ မသိရကြောင်း၊ စခန်းကိုပဲ လာခဲ့ပါလို့ ပြောသွားပါတယ်” လို့ မဗေဒါက ပြောပါသည်။သေဆုံးသူ ဦးကံစိန်ကို တိုက်မိခဲ့သည့် အဆိုပါကားပိုင်ရှင်မှာ ဦးဦးမောင် (ကားနံပါတ် ၁က/၆၃၆၄) ဖြစ်ပြီး စစ်ကိုင်းတိုင်းအတွင်း မဲဆွယ်စည်းရုံးရေးဆင်းခဲ့သည့် ဦးအောင်သောင်းနှင့် အဖွဲ့မှ မြင်းခြံမြို့နယ်ကနေ ငှားလာတာ ဖြစ်သည်လို့ သတင်းရရှိပါသည်။

11ReadMore-2.jpg

Tuesday, March 27, 2012

ပဒိုမန်းငြိမ်းမောင်နဲ့ ကရင်တော သို့လောသို့လောမှ (အင်တာဗျူး)များ


သဘောမတွေ့ရင် လာရောက်ဆွေးနွေးနိုင်ပါတယ်
themeinkaren@gmail.com မှလှိုက်လှဲစွာဖြင့်ကြိုဆိုပါသည်။
သူရေဝ့်ဖါန်
ဖမ်းတုန်းကဘယ်သူတွေဖမ်းတာလဲ ဘာပြစ်မှုနဲ့ဖမ်းတာလဲ နိုင်ငံရေးတော်လှန်ရေးလုပ်တာ ကိုယ်ညံ့လို့
ကိုယ်ခံရရင်တောင် ရန်သူကိုဒူးထေါက်တောင်းပန် ကျေးဇူးတင်စကားအထပ်ထပ်ပြောနေရမှာလားကွာ
နိုင်ငံရေးတော်လှန်ရေးလုပ်တာ သူခိုးဓါးပြလုပ်နေတာမဟုတ်ဘူး ကရင့်ဘိုးဘွားပိုင်ဘုမ္မိနက်သန်မြေကို
ဝင်ရောက်နယ်ချဲ့ တိုက်ခိုက်ဖျက်ဆီးပြီး မြေပေါ်မြေအောက်သယံဇာတတွေကိုလုယက်ဖျက်ဆီးပြီးကာ
ကရင်လူမျိုးတွေကို ပြတိုက်ထဲထည့်ချင်နေကြတဲ့လူတစ်စုကို တော်လှန်နေတဲ့လူကအမှန်တရားလား ဖမ်းတဲ့လူတစ်စုကအမှန်တရားလား နယ်ချဲ့ တွေစိုးမိုးတဲ့ဗမာပြည်တစ်ချိန်က တောင်သူလယ်သမား
ဘက်ကရပ်တည်ပြီးနယ်ချဲ့ ကိုတော်လှန်ခဲ့တဲ့ဆရာစံဟာ ဗမာပြည်အင်္ဂလိပ်စိုးမိုးချိန်မှာ
သူပုန်ဖြစ်ပေမဲ့ လွတ်လပ်ရေးရပြီးတော့ မျိုးချစ်သူရဲကောင်းအာဇာနည်အဖြစ်အသိ
အမှတ်ပြုကြရပြန်တယ်မဟုတ်လား။
လူဆိုးတွေက သူတော်ကောင်းကိုဖမ်းပြီး ထောင်ထဲကိုတစ်မျိုး ထောင်နှုတ်ခမ်းကိုလျှောက်ခိုင်းလိုတဖုံ
လွတ်ငြိမ်းချမ်းသာခွင့်နဲ့ တမည်အခြေအနေပေါ်မူတည်ပြီး ဥာဏ်နီဥာဏ်နက်တွေနဲ့ နိုင်ငံရေးကို
အမြတ်ထုတ် ကစားနေတာကျေးဇူးတင်စကားထပ်ခါပြောရမယ့်လူတွေမဟုတ်ဘူးထင်တယ်နော်။

ကျေးဇူးသိတတ်တဲ့ကရင်ဆိုတာအဲလောက်အထိ ကြက်ပေးစရာမလိုဘူးထင်တယ်
ခုဟာက ကရင်လည် ဗမာကိုကြက်ပေးမလွတ်ဖြစ်နေပြီး။
(သူရေဝ့်ဖါန်)



ကျေးဇူးအတင်ခံချင်ပေမဲ့ ဒို့ ကတော့မတင်နိုင်သေးပါAuthor: ကိုးဒီသွေး Posted at: 12:20 AM Filed Under:
တသက်နှစ်ကျွန်းပြန် အတီးမန်းငြိမ်းမောင်ကို ဗမာကြံ့ ဖွတ်အစိုးရ ငြိမ်းကိုယ်စားလှယ်တွေက .. မိခင်ကေအင်န်ယူအဖွဲ့ ထံကို ပြန်လည်အပ်နှံခဲ့ပါပြီ။ တီးမန်းငြိမ်း မပြန်လွတ်ခင်ကတည်းက ဗမာစစ်ဗိုလ် ချုပ်တွေ ဒီလိုမျိုးဇာတ်ညွှန်းရေးမယ်ဆိုတာ လူအများကြိုတင်ခန့် မှန်းပြီးသားပါ။ အမှန်တော့ ဒီလိုဇာတ်ညွှန်းတွေဟာ ရိုးနေပြီးလို့ ပြောရမှာပါ။ တီးမန်းငြိမ်းကို သူတို့ လက်ထဲရောက် တာနဲ့ စိတ်ဓါတ်ပိုင်းဆိုင်ရာအမျိုးမျိုးညှင်းဆဲ သူတို့ လိုချင်တဲ့အချက်၊ ပွိုင့်ကို ရအောင်စစ်ဆေး အကွက်ဆင် ယူ၊ အပေးအယူလုပ် တကယ်ပိုင်နိုင်ပြီးလို့ မှတ်ယူပြီးမှ ဒီလိုမျိုးပြန်လွတ်ပေးလိုက်တာပါ။ တရားစီရင်အမိန့် ချတဲ့သူက အမြင့်ဆုံးပြစ်ဒဏ်ချပြလိုက် ပြီးမှ ဇာတ်လိုက်မင်းသား ရုပ်သေးသမ္မတ သိန်းစိန်က မိမိမှာ သမ္မတပါဝါအပြည့်ရှိကြောင်း ပြသလိုတဲ့အနေနဲ့  သဘောထားကြီးကြီးနဲ့  တရားခံကို ကွင်းလုံးကျွတ်ပြန်လွတ်ပေးလိုက် ကျေးဇူးကုဋေကဋာအတင်ခံ...ဒါဘဲ... တကယ်တော့ ဒီလိုမျိုး ဖမ်းဆီးတာ၊ ပြစ်ဒဏ်ချတာ၊ ညှင်းဆဲတာ၊ ပြန်လွတ်တာတွေဟာ ဇာတ်ညွှန်းဆရာတယောက်ဖြစ်တဲ့ ကန့် လန့် ကါနောက်ကို ၀င်ပုန်းနေတဲ့ ဗမာစစ်အာဏာရှင် မုဒိမ်းစစ်တပ်ခေါင်းဆောင် ကောက်ကျစ် ယုတ်မာကောင် သန်းရွှေက ရေးဆွဲထားတာဖြစ်ပါတယ်။ မသိရင်တော့ ဒီသမ္မတက လုပ်ပိုင်ခွင့်အပြည့်ရှိ တယ်၊ ငြိမ်းချမ်းရေးကို တကယ်လိုလားတယ်၊ တကယ်ဖေါ်ဆောင်နေတယ်လို့ ထင်မှတ်နိုင်ပါတယ်။ အတီးမန်းငြိမ်းကို ကေအင်န်ယူနဲ့ ကြံ့ ဖွတ်သိန်းစိန်အစိုးရရဲ့ ငြိမ်းကိုယ်စားလှယ်တို့  ဇန္န၀ါရီလက ဘားအံမြို့ အပစ်အခတ်ရပ်စဲရေး ပဏာမလက်မှတ်ရေးထိုးကတည်းက ငြိမ်းချမ်းရေးလက်ဆောင် အဖြစ်ပြန်လွတ်ပေးမယ်ဆိုပေမဲ့ တရားရုံးအကြိမ်ကြိမ်တက်ပြီးမှ အခုလိုမျိုး သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာ အမိန့် နဲ့ ပြန်လွတ်ပြလိုက်တာပါ ......ဒီလိုမျိုးလုပ်ဆောင်တာဟာ ရန်သူဟာ ကေအင်န်ယူကို စိတ်ဓါတ်စစ်ဆင်ရေးအရ အရင်သွေးတိုးစမ်းလိုက်တဲ့သဘောပါဘဲ။ အရင်ညစ်ကြည့်တယ်.အရေထွက်လာမလား..ဘယ်လိုပြန်တုံ့ ပြန်လာမလဲပေါ့.. အတီးမန်းငြိမ်းကို ထောင်ထဲကနေ သွားခေါ်ထုတ်ပြီး နေပြည်တော်အထိခေါ်သွားတာလဲ လူတယောက် ကို ခြေတွေ၊လက်တွေ ချည်ပြီးတုတ်ပြီးမှ စကားပြောတဲ့သဘော သက်ရောက်တဲ့အတွက် တရားမျှတ တဲ့ ပြောဆိုနွေးမှုမျိုးလို့ ဆိုလို့ မရပါဘူး။ ဒါအထက်စီးကနေ ဆက်ဆံတာဘဲ။ အတီးမန်းငြိမ်းပြန်လည်လွတ်မြောက်လာတာကို ကျနော်တို့ ကရင်ခေါင်းဆောင်တွေအပါအ ၀င် ပြည်သူ အများက ၀မ်းသာတယ် ကြိုဆိုတယ်လို့ ထုတ်ဖေါ်ပြောဆိုလာတဲ့အပြင် လွတ်ပေးသူ ဗမာစစ်အာဏာရှင် ကို ကျေးဇူးတင်တယ်လို့  ထုတ်ဖေါ်ပြောကြတယ်။ ဒါဟာလည်းလဲ နိုင်ငံရေးအရသံခင်းတမံခင်း စကားအရ``ကျေးဇူးတင်တယ်`` ဆိုတဲ့စကားကို ပြော ဆိုရတာဖြစ်တယ်လို့ နားလည်မိတယ်။ တကယ်တမ်း ကျတော့ ဒီကောက်ကျစ်ယုတ်မာတဲ့ ဗမာစစ်အာဏာ ရှင်တွေကို ကျေးဇူးတင်တယ်ဆိုတဲ့စကားဟာ ပြောဆိုဖို့ အလွန်စောနေသေးသလို သူတို့ နဲ့ ထိုက်တန်တဲ့ စကားမလည်းမဟုတ်ပါဘူး။ နိုင်ငံကို မတရားအာဏာသိမ်းယူ၊ သူတို့ နဲ့ ဆန့် ကျင်ဘက်လူတွေကို မတရားဖမ်းဆီးထောင်ဒဏ်နှစ်ရှည်ချ၊ မသေမချင်းညှင်းဆဲ၊ သေတဲ့သူကသေ၊ မသေတဲ့သူတွေကိုအ၀ညှင်းဆဲပြီးမှ ပြန်လွတ်ပေးလိုက်။ ပြန်လည်လွတ်မြောက်တဲ့သူတွေက ဗမာစစ်အာဏာရှင်တွေကို ပြန်လည်ကျေးဇူးတင်၊ စစ်အာဏာရှင် တွေက လည်း သူတို့ ကိုသူတို့ တကယ်ကျေးဇူးရှင်ကြီးတွေလို မှတ်ယူနေကြပြီး ဗမာစစ် အာဏာရှင် လက်အောက်က မြန်မာ့နိုင်ငံရေး၊ မြန်မာ့လူ့  အဖွဲ့ အစည်းက ဒီလိုဘဲသံသရာလည်နေပါတယ်။ဒါကတော့ ဗမာစစ်အာဏာရှင်နဲ့ ဒီမိုကရေစီဘက်တော်သား(လက်နက်မကိုင်တဲ့သူ)တွေရဲ့  ဖြစ်ပျက်နေတဲ့အကြောင်း တရားတွေပါ။ ကျနော်တို့ တိုင်းရင်းသားအင်သားစုတွေကျတော့ လက်နက်ကိုင်သည်ဖြစ်စေ၊ မကိုင်သည်ဖြစ်စေ ဗမာစစ်အုပ်စုက မဟာလူမျိုးကြီးဝါဒကျင့်သုံးပြီး အညိုးကြီးစွာနဲ့ မုဒိမ်းကျင့်၊ မတရားဖမ်းဆီးသတ်ဖြတ်၊ တိုက်ခိုက် စတာတွေ နေ့ စဉ်နဲ့ အမျှ ပြုလုပ်နေတယ်။ကျနော်တို့ ဘိုးဘွားပိုင်နယ်မြေတွေ မတရားကျူးကျော် ခံနေရတယ်။ ကိုယ့်နယ်မြေက သယံဇာတတွေ ထုတ်ယူသိမ်းဆည်းခြင်း နေ့ တိုင်းလိုလိုခံနေရတယ်။ဒါကြောင့် ယခု ကျနော်တို့ ခေါင်းဆောင်တယောက် ပြန်လည်လွတ်မြောက်လာရုံနဲ့  ဗမာစစ်အာဏာရှင်တွေကို ကျေးဇူးတင်လို့ လုံးဝမဖြစ်သေးဘူး။ ကျနော်တို့ သွေးကြွေးတွေ သမိုင်းကြွေးတွေ အများကြီး(အများကြီး)ကျန်နေတယ်။ မဟာလူမျိုးကြီးဝါဒ ဗမာစစ်အုပ်စုတွေ တကယ်ကျေးဇူးအတင်ခံချင်တယ်ဆိုရင် မတရားကျူးကျော် ခံရတဲ့ ကျနော်တို့ နယ်မြေကနေ အမြန်ဆုံးထွက်ခွါသွားပါ။ ပြည်တွင်းစစ်အတွင်းမှာ (နှစ်ဦးနှစ်ဘက် စစ်သားတွေ ကျဆုံးတာ စစ်ပွဲရဲ့ သဘောအရ သဘာဝကျပေမဲ့) ပြည်သူတွေ မတရားဖမ်းဆီးသတ်ဖြတ်ခံရမှု ၊မုဒိမ်းမှု ၊ အထမ်းသမားပေါ်တာခိုင်းစေမှု ၊ ပြည်သူအိုးအိမ် ဆည်းစိမ်တွေ ခိုးယူလုယက်၊ မီးရှို့ ဖျက်ဆီး ခံရမှု၊သယံဇာတတွေခိုးယူမှု စတဲ့အမှုပေါင်းများစွာ(များစွာ)တွေမှာ ကျူးလွန်ခဲ့တဲ့ ဗမာစစ်အာဏာရှင် တပ်မှူးတပ်သား၊ စစ်ဗိုလ်တွေအားလုံးကို ဖမ်းဆီးအရေးယူအပြစ်ပေးခြင်းလုပ်ပါ။ ဆုံးရှုံးသွားတဲ့ကရင်ပြည်သူတို့ ရဲ့ အသက်၊အိုးအိမ်ဆည်းစိမ်းတွေကိုစစ်တမ်းကေါက်ပြီး လျော်ကြေးပြန်လျော်ရမယ်။ တိုင်းရင်းသားအင်အားစုတွေနဲ့ ငြိမ်းချမ်းရေးတည်ဆောက်တဲ့နေရာမှာ ကောက်ကျစ် ယုတ်မာတဲ့ နဂိုလ်မူလအကျင့်တွေကို ပယ်ဖျက်ပြီး စေတနာအမှန်တဲ့ လုပ်ပါ။ လာမယ့်ဧပြီလဆန်းပိုင်းမှာ ဗမာစစ်အုပ်စုရဲ့ ရုပ်သေးအစိုးရ ငြိမ်းကိုယ်စားလှယ်တွေနဲ့ သွားတွေ့ ဖို့ ကျနော် တို့ ကရင်အမျိုးသားခေါင်းဆောင်တွေ အပေါ်ကပြောခဲ့တဲ့အချက်တွေကိုလည်း ခေါင်းထဲမှာ ထည့်ထားစေချင်တယ်။ ရင်လောက်မှန်းမှ ဒူးလောက်ကျမယ်။ ငြိမ်းချမ်းရေးကို တည်ဆောက်နေပါတယ်ဆိုတဲ့  ရန်သူက ယုံကြည်နိုင်လောက်တဲ့၊ ယုတ်တိရှိတဲ့ လုပ်ဆောင်ချက်တွေ ဘာတခုမှ မတွေ့ ရသေးပါ။ ရှေ့ နောက်ညီတဲ့ပြောဆို လုပ်ဆောင်ချက်တွေလည်း တချက်မှမတွေ့ ရသေးပါဘူး။ ဒီမိုကရေစီအင်အားစု၊ တိုင်းရင်းသားအင်အားစုတွေက ဒီစစ်အာဏာ ရှင်အစိုးရကို နောက်ကြောင်းပြန်မလှည့်စေလိုမှု ၊ လမ်းကြောင်းမှန်ရောက်စေလိုမှုနဲ့  ရှေ့ တိုးလိမ့်နိုးနိုး နဲ့ သီးခံနေတာသာဖြစ်တယ်။ ရန်သူဘက်ကလည်း ဒါကို နှောကြေနေပါတယ်။ နည်းနည်းရိုင်းရိုင်းလေးပြော ရရင် ``သူများကုန်းပြလေ သူလည်းလိုးလေပါဘဲ``။ အချို့ က ဗမာသိန်းစိန်အစိုးရဟာ အထက်ကပြောင်းလဲပြီး အောက်ပိုင်းက မပြောင်းလဲသေးဘူးလို့  သုံးသပ်ကြတယ်။ တကယ်တော့ ဒေါ်စုအပါအ၀င် ဒီမိုကရေစီဘက်တော်သားတွေကိုနည်းအမျိုးမျိုးနဲ့ နှောက်ယှက်စော်ကါးမှု၊ဘုန်းကြီးသံဃာတော်တွေကို တရားဟောခွင့်ပိတ်ပင်မှု၊ ကျောင်းမှနှင်ထုတ်မှု၊ အထက်ကအပစ်ရပ်တယ်ပြောပြီး ရှေ့ တန်းစစ်မျက်နှာတွေမှာ စစ်အင်အားတိုးချဲ့ မှု ၊ လက်နက်ကိုင် တိုင်းရင်းသားအင်အားစုများနဲ့ နေ့ စဉ်နဲ့ အမှု တိုက်ပွဲတွေဖြစ်ပွါးမှု...စတာတွေဟာ ပြောင်းလဲလာပါတယ် ဆိုတဲ့ အထက်ကလူတွေ အမိန့် ပေး စေခိုင်းမှုမပါဘဲနဲ့ ဘယ်လိုမှဖြစ်လာစရာအကြောင်းမရှိပါဘူး။ ရန်သူဟာ သူ့ ရဲ့ ပြိုင်ဘက်တွေကို ထွက်ပေါက်ကျဉ်းကျဉ်းလေးထဲကနေ သူ့ ရဲ့ ထောင်ချောက်ထဲကို မရမက ဖြည်းဖြည်းခြင်း ဆွဲခေါ်သွားတာသာဖြစ်တယ်။ ဒါကိုကျနော်တို့ ခေါင်းဆောင်တွေ ဓမ္မဓိဌာန် ကျကျတွေးပြီး အမျိုးသားရေးကို ရှေ့ ဆက်ဦးဆောင်နိုင်လိမ့်မယ်လို့ မျှော်လင့်တယ်။ အတီးမန်းငြိမ်းမောင်ကို ရန်သူကပြန်လွတ်ပေးလိုက်လို့  ငြိမ်းချမ်းရေးကို မဖြစ်မနေဆက်ဆွေးနွေးရမယ် လက်မှတ်ထိုးရမယ်လို့  မဟုတ်ပါဘူး။တကယ့်ပကတိသဘောတရားအရ တွေးပြီး ရှေ့ ဆက်လျှောက်သင့်မှသာ လျှောက်ပါ။ ကိုယ့်ရဲ့ အမျိုးသားရေးအတွက်၊ ကိုယ့်အဖွဲ့ အစည်းက ချမှတ်ထားတဲ့လမ်းစဉ် ဗျူဟာတွေအတိုင်း လိုက်လျောညီထွေမှုရှိမှသာ ရန်သူနဲ့ ဆက်လက်တွေ့  ဆုံသင့်ကြောင်းပါ။ဆားwww.karentimes.blogspot.comကိုးဒီသွေး Blog Comments ထဲကခွင့်မထောင်းရဘဲ ကူးယူခဲ့တဲ့ ကရင်တစ်ချို့  Comments လို့ထင်ရတဲ့
သဘောထားအမြင်များ

14 comments: Anonymous said...ဒီလိုလူမျိုးနှစ်ကျွန်းမကလို့ သုံးကျွန်းလောက်ကျရင်ပိုကောင်းမယ်။

Anonymous said...လိုင်းပေါ်ကနေ လေကျယ်နေလိုက်တာ စစ်ပွဲထဲ မင်းတို.ပါကြည်.လိုက်ပါ့လား ကိုယ်တိုင်ကျ ဗမာတောထဲသွားနေပြီး ဒါမှမဟုတ် နိုင်ငံခြားမှာနေပြီး အာချောင်နေတယ်

Anonymous said...ပြည်တွင်းမှာပဲဖြစ်ဖြစ်၊ ပြည်ပမှာပဲနေနေ ဖိနှိပ်ခံကိုယ့်အမျိုးသားရေးအတွက် ကိုယ်သန်တဲ့နေရာ တတ်စွမ်းတဲ့နေရာကနေ လုပ်ရမှာပဲ။ ပြောစရာရှိရင်ပြောရမှာပဲ။နိုင်ငံရေးလုပ်ရင်တော့ အတိုက်အခံဆိုတာ ရှိမှာပဲ။ စစ်မတိုက်လည်း အမျိုးသားရေးအတွက် လုပ်လို့ရတဲ့အပိုင်းတွေ အများကြီးရှိပါတယ်။

Anonymous said...သူ့နေရာမှာဝင်နေကြည့်ပါလား နင်တို့ဘယ်လိုခံစားရမလဲဆိုတာသိလိမ့်မယ်။ မကောင်းတဲ့ဘက်ကပဲ မမြင်သင့်ဘူး။ သူပြောသလိုမဟုတ်ပဲ တစ်ဖက်နဲ့တစ် ရန်ငြိုးတွေထားပြီးဆက်တိုက်နေအုံးမယ်ဆိုရင် ဒို့ကရင်ပြည်သူတွေရဲ့ဘဝတွေပဲ ဒုက္ခရောက်နေအုံးမှာပဲ။ အပေါ်က ထင်မြင်ချက်ပေးတဲ့လူနှစ်ယောက်ကရင်ရော ဟုတ်ရဲ့လား? စစ်တိုက်တိုင်းလည်း ငြိမ်းချမ်းရေးမရဘူးဆိုတာတော့သိစေချင်တယ်။ စာရေးသူအနေနဲ့လည်း စာရေးပြီး အကောင်းအဆိုး မြင်တတ်ဖို့လိုတယ်။ ဒီ post ကိုရေးတဲ့ ကိုးဒီသွေးအဖွဲ့ကိုလည်း ကျွန်တော်အံ့သြလို့ကိုမဆုံးဘူး

Anonymous said...VOA ဘယ်လို အင်တာဗျူးရသွားသလဲတော့ မသိဘူး။ ဧရာဝတီက ချင်းမိုင်ကနေ လာပြီး အင်တာဗျူးမရလို့ လက်လျှော့ပြီး ပြန်သွားရတယ်။ကေအိုင်စီ(ကရင့်သတင်းဌာန)ကတော့ အတွေ့အကြုံသစ်တွေ ရသွားတယ်။

Anonymous said...သတင်းဌာနငယ်ပေမဲ့လည်း သတင်းသမား ကျင့်ဝတ် စောင့်ထိန်းနေတာပဲ။ ဒီတော့ ပုဇွန်ဆိတ်ကလေး ဘယ်လိုငယ်ငယ် ပင်လယ်တော့ ကူးတတ်ပါတယ်။

Anonymous said...ဖထီးမန်းငြိမ်းမောင်က သမ္မတကို ကျေးဇူးတင်စကားပြောတာ...သူ့ လိုမျိုးတရားခံ တဦးအနေနဲ့ ပြောရမဲ့ သုံးနှုန်းရမယ့် စကားလို့ ထင်မြင်မိပါတယ်။ ဖထီးဖထီမန်းငြိမ်း အနေနဲ့ ငြိမ်းချမ်းရေးကို တကယ်ချစ်မြတ်နိုးတဲ့သူဆိုတာ ယုံကြည်ပါတယ်။ ဖထီးလိုဘဲ ငြိမ်းချမ်းရေးကို တကယ်ချစ်မြတ်နိုးတဲ့သူတွေလည်း အများကြီးရှိပါတယ်။ ဒါပေမဲ့ ဗမာစစ်အာဏာရှင် အသိုင်းအ၀ိုင်းက လူတွေနဲ့ ပါတ်သက်လာရင် ပြောဖို့ အလွန်စောပါသေးတယ်။ ဖထီးမန်းငြိမ်းက တပါတ်နီးပါးလောက် ၀န်ကြီးဦးအောင်မင်းနဲ့ အနေနီးကပ်ပေမဲ့ သူ့ ရဲ့ အတွင်းသဏ္ဍန်အမှန် ပေါ်လာနိုင်လိမ့်မယ်လို့ မထင်မိဘူး။ ဗမာစစ်အာဏာရှင်တွေဟာ ကမ္ဘာကိုပါတ်ပြီး မျက်နှာဖုံးအမျိုးမျိုးနဲ့ သရုပ်ဆောင်နိုင်တာကြောင့် ဒီလောက်ထိ သက်ဆိုးရှည်တာပါ။ ရိုးသားတဲ့ တိုင်းရင်းသားခေါင်းဆောင်တဦးအပေါ် အန်ဝင်ခွင်ကျတဲ့မျက်နှာဖုံးတခု သရုပ်ဆောင်ပြရတာကတော့ သူ့ အတွက်ထမင်းစား ရေသောက်တဲ့အဆင့်ထိတောင်မရှိပါဘူး။ ဖထီးတွေ့ ခဲ့ဘူးတဲ့ အခြားဗမာစစ်တပ် အလွှာအသီးသီးက လူတွေလည်း ငြိမ်းချမ်းရေးကို တကယ်မြတ်နိုးတယ်....ဗမာစစ်တပ်ကလူတွေတင် ဘယ်ကမလဲ ဖထီးရယ်..ဖထီးတို့ အပါအ၀င် တိုင်းရင်းသားတွေနဲ့ တွေ့ ခဲ့တဲ့ ဗမာတွေ ငြိမ်းချမ်းရေးကို ချစ်ပါတယ်၊ ဒီမိုကရေစီနဲ့ တန်းတူညီမျှရေးကို ချစ်မြတ်နိုးပါတယ်ဆိုတဲ့ သူတွေ...နောက်ဆုံးတော့ ဗမာစစ်အာဏာရှင်တွေနဲ့ ဖင်တပေါက်တည်း ဖြစ်သွားကြတာအများကြီးပါ။ဒါကို ဖထီးတို့ အပါအ၀င် ကိုယ်ပိုင်ပြဌာန်းခွင့် မရှိ၊ မရသေးတဲ့လူမျိုးတွေအားလုံး အထူးသတိထားစေချင်ပါတယ်။ လမ်းလျှောက်ရင်း လမ်းမပျောက်ဖို့ အရေးကြီးတယ်။ဝန်ကြီးဦးအောင်မင်းက သူတို့ ရဲ့ အထဲ ..ထဲမှာလည်း အခက်အခဲတွေရှိတယ်...နည်းနည်းသီးခံဖို့ လိုတယ်..ဆိုတာက..စကားလှအောင်ပြောတာပါ။ သူ့ ရဲ့ အပေါ် စစ်ဘီဘူးတွေ...အာဏာရှင်ဟာ အာဏာရှင်ပါဘဲ။ ဦးအောင်မင်းအနေနဲ့ ဘာမှပါဝါရှိတဲ့သူမဟုတ်ဘူး..ငြိမ်းချမ်းရေးကြေးစား၊ ပွဲစားတယောက်ပါဘဲ။ အခုဖထီးမန်းငြိမ်းက သူ့ ကို နည်းနည်းလေးမြှောက်ပြောတာတောင်...သူ့ အတွက်မနည်းတွက်ခြေကိုက်နေပါပြီး။...တိုင်းရင်းသားတွေ၊ ဒီမိုရေးသမားတွေဘက်က သံသယတွေ၊ အာဃာတတွေ..ရန်ညိုးရန်စတွေ.....လျှော့ချခဲ့တာများနေပြီး...ထပ်လျှော့စရာလည်းမကျန်သလောက်ဘဲ....လုံးဝမလျှော့တာက ကောက်ကျစ်စဉ်းလဲဆုံး..ယုတ်မာရက်စက်ဆုံး မဟာဗမာလူမျိုးကြီးဝါဒ စစ်ဘီလူးတွေပါ။

ကိုးဒီသွေး on March 28, 2012 10:34 PM said...လာလည်ကြတဲ့သူတွေကို ကျေးဇူးတင်ပါတယ်။ကိုးဒီသွေးလည်း ပဒိုမန်းငြိမ်းမောင်ကို အမြဲတမ်း ထောက်ခံအားပေးနေတယ်ဆိုတာ အောက်က post တွေက သက်သေပြပါလိမ့်မယ်။ဇာတိသွေး ဇာတိမာန်ပြတဲ့ ရှမ်းတိုင်းရင်းသား ကိုယ်စားပြု ဦးခွန်ထွန်းဦးရဲ့ အင်တာဗျူးကိုလည်း ကျွန်တော်တို့ကြည့်ဖြစ်ပါတယ်။ သူလဲ ထောင်ကလွှတ်လာတာ မကြာသေးပါဘူး။ဆိုလိုတာက တိုင်းရင်းသားအရေးကို လှုပ်ရှားနေကြတဲ့ ခေါင်းဆောင်တွေရဲ့ သဘောထားကို မျက်ခြည်မပြတ်ဘူး ဆိုတာပါပဲ။ပဒိုမန်းငြိမ်းမောင်ဟာ ၀န်ကြီးအိမ်မှာ တပတ်တည်းသာနေခဲ့တယ်လို့ ပြောပါတယ်။နှစ်နဲ့ချီ ပေါင်းသင်းနေထိုင်လာခဲ့တဲ့ ဗိုလ်ချစ်သူတို့ကိုရော ဘယ်လိုမြင်ပါသလဲ ဆိုတဲ့ မေးခွန်းကိုမဖြေခင် ဗိုလ်ချစ်သူတို့ကို ခုထိ ကျွန်တော်တို့ အားပေးမထောက်ခံမိပါဘူးလို့ပဲ ပြောချင်ပါတယ်။ပြီးတော့ ကေအိုင်စီဆိုတာ VOA BBC တို့လို မကြီးမားပေမဲ့ တည်ငြိမ်တဲ့ ကရင့်သတင်းဌာနကြီးတစ်ခုပါ။ လူတိုင်းမှာ ငြင်းပယ်နိုင်ခွင့်ရှိတာမှန်ပေမဲ့ ကိုယ့်အမျိုးသားသတင်းဌာနကို အားပေးအားမြောက် ပြုသင့်ပါတယ်။အားလုံးကို လေးစားတဲ့ကိုးဒီသွေး

ဒေမုနော် on March 28, 2012 11:09 PM said...စာဖတ်ပရိဿတ်တွေ အနေနဲ့ အကြောင်းမျိုးမျိုးကို ဝေဖန်နိုင် ပါတယ်။ ကေအိုင်စီသတင်းဌာနက အဓိကအားဖြင့် ကရင်လူမျိုးတွေ အတွက် ကိုယ်စားပြုထားတယ်လို့ ကြားသိထားရပါတယ်။ အတီးမန်းငြိမ်းမောင် ပြန်လွတ်လာဖို့ အရေးလည်း ကေအိုင်စီက သတင်းတွေ အများကြီးရေးခဲ့တာတွေ့ရပါတယ်။ ကရင်တမျိုးသားလုံးကို ကိုယ်စားပြုတဲ့သတင်းဌာန တစ်ခုလို့ အသိအမှတ်မပြုချင်တာလားမသိပါ။ တခြားတိုင်းရင်းသားတွေနဲ့ စည်းလုံးမှုမရခင် ကိုယ့်တိုင်းရင်းသား အချင်းချင်းသာ စည်းလုံးမှုရှိအောင် ပထမဦးဆုံးကြိုးစားကြပါလို့ ပဲပြောချင်ပါတယ်။

Anonymous said...“ဘယ်သတင်းသမားတွေနဲ့မှ မတွေ့ချင်ဘူး။ မင်းကို ငါသိတယ်။ မင်း ထွက်သွားတော့”အမြော်အမြင်ကြီးသော နိုင်ငံရေးသမားတစ်ဦး

Anonymous said...we have to know ourselves and accept the truth, don't argue among ourselves and see what is right or wrong but be smart all the time.
r@bp!G on March 29, 2012 12:05 PM said...As He like Peace, all of we want to live peacefully. but it is not simple like that. sometime money and opportunities are pretending as peace.
r@bp!G on March 29, 2012 12:09 PM said...နောက်ပြီး ဒီ interview က kic က ဖော်ပြရမှာ။ ကရင် media ကို promote လုပ်ရမှာလေ။ အပြန်အလှန်ပေါ့။ အခုတော့...
.dahbo on March 29, 2012 12:57 PM said...နောက်ထပ်ကြားရတာက ဘယ်လောက်ပဲ မောင်းထုတ်ခံရ၊ ငြင်းပယ်ခံရပါစေ KIC က ဇွဲမလျှော့ပဲ မရရအောင် အင်တာဗျူးဦးမယ်တဲ့။ဘာပဲဖြစ်ဖြစ် ပဒိုမန်းငြိမ်းမောင် အကြပ်အတည်းနဲ့ ရင်ဆိုင်ရတဲ့ကြားကာလမှာလွတ်မြောက်ရေးအတွက် သတင်းတွေ အသားပေးဖေါ်ပြပေးတဲ့ ပေအိုင်စီကို ကျေးဇူးတင်ရှိသလို ကိုယ်ချင်းလည်းစာမိပါတယ်။


11ReadMore-2.jpg

VOA နဲ့ ပဒိုမန်းငြိမ်းမောင်( အင်တာဗျူး)



11ReadMore-2.jpg

Template by:

Free Blog Templates