တနင်္ဂနွေ, 01 ဧပြီ 2012ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲနိုင်
်By VOA (မြန်မာပိုင်း) ဝါရှင်တန်
မြန်မာနိုင်ငံမှာ ဒီကနေ့ကျင်းပခဲ့တဲ့ လွှတ်တော်ကြားဖြတ်ရွေးကောက်ပွဲတွေမှာ ၊ အခုနောက်ဆုံး သိရသလောက်တော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အနိုင်ရသွားပြီ ဖြစ်တယ်လို့ သိရပါတယ်။ လွှတ်တော်မှာ လစ်လပ်နေတဲ့ မဲဆန္ဒနယ် ၄၈ နေရာထဲက မဲဆန္ဒနယ် ၄၅ နေရာမှာ ရွေးကောက်ပွဲတွေကို ကျင်းပခဲ့တာဖြစ်ပါတယ်။ NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ သူမရဲ့ မဲဆန္ဒနယ်ဖြစ်တဲ့ ကော့မှူးမြို့နယ်က ၀ါးသင်္ခ ရွာ ၊ ညောင်ထောက်ရွာ ၊ ငှက်အော်စမ်းကျေးရွာ ၊ ကော်ခြံကျေးရွာတွေက မဲရုံတွေကို ဒီကနေ့ မနက် ၇ နာရီက လိုက်လံကြည့်ရှုခဲ့ပါတယ်။ဒါ့အပြင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌကလည်း ကော့မှူးမြို့နယ်ကို သွားရောက်ပြီးတော့ အားလုံးမျှမျှတတဖြစ်အောင် ဆောင်ရွက်ပေးဖို့ သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်တာဝန်ရှိသူတွေကို ပြောခဲ့တယ်လို့လည်း သိရပါတယ်။ ဒီရွေးကောက်ပွဲမှာ တချို့မဲကတ်ပြားတွေမှာ NLD ပါတီကို မဲပေးလို့မရအောင် ဖယောင်းသုတ်ထားတာတွေ၊ မဲပေးသူတွေကိုလည်း ခြိမ်းခြောက်အကြပ်ကိုင်တာတွေ၊ မဲစာရင်းပြဿနာတွေ နဲ့ မဲသမာမှုတွေလည်းရှိတယ်လို့ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ သူမအနေနဲ့ ဒီရွေးကောက်ပွဲကို လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်လိမ့်မယ်လို့ မမျှော်လင့်ထားကြောင်း ဒါပေမဲ့လည်း ဒီရွေးကောက်ပွဲဟာ အရေးပါတဲ့ရွေးကောက်ပွဲဖြစ်တယ်လို့ ပြောပါတယ်။၁၉၉၀ ခုနှစ်ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မဲအပြတ်အသတ်နဲ့ အနိုင်ရခဲ့ပြီးတဲ့အချိန်ကစပြီး၊ ဒီတကြိမ်ဟာ ဒေါ်အောင်ဆန်းစုကြည်ပထမဆုံးအကြိမ် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် မတ်လက အစိုးရသစ်တက်လာပြီးတဲ့နောက် ပထမဆုံးအကြိမ် ကျင်းပတဲ့ ကြားဖြတ်ရွေးကောက်ပွဲလည်းဖြစ်ပါတယ်။

သဘောမတွေ့ရင် လာရောက်ဆွေးနွေးနိုင်ပါတယ်
themeinkaren@gmail.com မှလှိုက်လှဲစွာဖြင့်ကြိုဆိုပါသည်။
သူရေဝ့်ဖါန်
ဖမ်းတုန်းကဘယ်သူတွေဖမ်းတာလဲ ဘာပြစ်မှုနဲ့ဖမ်းတာလဲ နိုင်ငံရေးတော်လှန်ရေးလုပ်တာ ကိုယ်ညံ့လို့
ကိုယ်ခံရရင်တောင် ရန်သူကိုဒူးထေါက်တောင်းပန် ကျေးဇူးတင်စကားအထပ်ထပ်ပြောနေရမှာလားကွာ
နိုင်ငံရေးတော်လှန်ရေးလုပ်တာ သူခိုးဓါးပြလုပ်နေတာမဟုတ်ဘူး ကရင့်ဘိုးဘွားပိုင်ဘုမ္မိနက်သန်မြေကို
ဝင်ရောက်နယ်ချဲ့ တိုက်ခိုက်ဖျက်ဆီးပြီး မြေပေါ်မြေအောက်သယံဇာတတွေကိုလုယက်ဖျက်ဆီးပြီးကာ
ကရင်လူမျိုးတွေကို ပြတိုက်ထဲထည့်ချင်နေကြတဲ့လူတစ်စုကို တော်လှန်နေတဲ့လူကအမှန်တရားလား ဖမ်းတဲ့လူတစ်စုကအမှန်တရားလား နယ်ချဲ့ တွေစိုးမိုးတဲ့ဗမာပြည်တစ်ချိန်က တောင်သူလယ်သမား
ဘက်ကရပ်တည်ပြီးနယ်ချဲ့ ကိုတော်လှန်ခဲ့တဲ့ဆရာစံဟာ ဗမာပြည်အင်္ဂလိပ်စိုးမိုးချိန်မှာ
သူပုန်ဖြစ်ပေမဲ့ လွတ်လပ်ရေးရပြီးတော့ မျိုးချစ်သူရဲကောင်းအာဇာနည်အဖြစ်အသိ
အမှတ်ပြုကြရပြန်တယ်မဟုတ်လား။
လူဆိုးတွေက သူတော်ကောင်းကိုဖမ်းပြီး ထောင်ထဲကိုတစ်မျိုး ထောင်နှုတ်ခမ်းကိုလျှောက်ခိုင်းလိုတဖုံ
လွတ်ငြိမ်းချမ်းသာခွင့်နဲ့ တမည်အခြေအနေပေါ်မူတည်ပြီး ဥာဏ်နီဥာဏ်နက်တွေနဲ့ နိုင်ငံရေးကို
အမြတ်ထုတ် ကစားနေတာကျေးဇူးတင်စကားထပ်ခါပြောရမယ့်လူတွေမဟုတ်ဘူးထင်တယ်နော်။
ကျေးဇူးသိတတ်တဲ့ကရင်ဆိုတာအဲလောက်အထိ ကြက်ပေးစရာမလိုဘူးထင်တယ်
ခုဟာက ကရင်လည် ဗမာကိုကြက်ပေးမလွတ်ဖြစ်နေပြီး။
(သူရေဝ့်ဖါန်)
ကျေးဇူးအတင်ခံချင်ပေမဲ့ ဒို့ ကတော့မတင်နိုင်သေးပါAuthor: ကိုးဒီသွေး Posted at: 12:20 AM Filed Under: article
တသက်နှစ်ကျွန်းပြန် အတီးမန်းငြိမ်းမောင်ကို ဗမာကြံ့ ဖွတ်အစိုးရ ငြိမ်းကိုယ်စားလှယ်တွေက .. မိခင်ကေအင်န်ယူအဖွဲ့ ထံကို ပြန်လည်အပ်နှံခဲ့ပါပြီ။ တီးမန်းငြိမ်း မပြန်လွတ်ခင်ကတည်းက ဗမာစစ်ဗိုလ် ချုပ်တွေ ဒီလိုမျိုးဇာတ်ညွှန်းရေးမယ်ဆိုတာ လူအများကြိုတင်ခန့် မှန်းပြီးသားပါ။ အမှန်တော့ ဒီလိုဇာတ်ညွှန်းတွေဟာ ရိုးနေပြီးလို့ ပြောရမှာပါ။ တီးမန်းငြိမ်းကို သူတို့ လက်ထဲရောက် တာနဲ့ စိတ်ဓါတ်ပိုင်းဆိုင်ရာအမျိုးမျိုးညှင်းဆဲ သူတို့ လိုချင်တဲ့အချက်၊ ပွိုင့်ကို ရအောင်စစ်ဆေး အကွက်ဆင် ယူ၊ အပေးအယူလုပ် တကယ်ပိုင်နိုင်ပြီးလို့ မှတ်ယူပြီးမှ ဒီလိုမျိုးပြန်လွတ်ပေးလိုက်တာပါ။ တရားစီရင်အမိန့် ချတဲ့သူက အမြင့်ဆုံးပြစ်ဒဏ်ချပြလိုက် ပြီးမှ ဇာတ်လိုက်မင်းသား ရုပ်သေးသမ္မတ သိန်းစိန်က မိမိမှာ သမ္မတပါဝါအပြည့်ရှိကြောင်း ပြသလိုတဲ့အနေနဲ့  သဘောထားကြီးကြီးနဲ့  တရားခံကို ကွင်းလုံးကျွတ်ပြန်လွတ်ပေးလိုက် ကျေးဇူးကုဋေကဋာအတင်ခံ...ဒါဘဲ... တကယ်တော့ ဒီလိုမျိုး ဖမ်းဆီးတာ၊ ပြစ်ဒဏ်ချတာ၊ ညှင်းဆဲတာ၊ ပြန်လွတ်တာတွေဟာ ဇာတ်ညွှန်းဆရာတယောက်ဖြစ်တဲ့ ကန့် လန့် ကါနောက်ကို ၀င်ပုန်းနေတဲ့ ဗမာစစ်အာဏာရှင် မုဒိမ်းစစ်တပ်ခေါင်းဆောင် ကောက်ကျစ် ယုတ်မာကောင် သန်းရွှေက ရေးဆွဲထားတာဖြစ်ပါတယ်။ မသိရင်တော့ ဒီသမ္မတက လုပ်ပိုင်ခွင့်အပြည့်ရှိ တယ်၊ ငြိမ်းချမ်းရေးကို တကယ်လိုလားတယ်၊ တကယ်ဖေါ်ဆောင်နေတယ်လို့ ထင်မှတ်နိုင်ပါတယ်။ အတီးမန်းငြိမ်းကို ကေအင်န်ယူနဲ့ ကြံ့ ဖွတ်သိန်းစိန်အစိုးရရဲ့ ငြိမ်းကိုယ်စားလှယ်တို့  ဇန္န၀ါရီလက ဘားအံမြို့ အပစ်အခတ်ရပ်စဲရေး ပဏာမလက်မှတ်ရေးထိုးကတည်းက ငြိမ်းချမ်းရေးလက်ဆောင် အဖြစ်ပြန်လွတ်ပေးမယ်ဆိုပေမဲ့ တရားရုံးအကြိမ်ကြိမ်တက်ပြီးမှ အခုလိုမျိုး သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာ အမိန့် နဲ့ ပြန်လွတ်ပြလိုက်တာပါ ......ဒီလိုမျိုးလုပ်ဆောင်တာဟာ ရန်သူဟာ ကေအင်န်ယူကို စိတ်ဓါတ်စစ်ဆင်ရေးအရ အရင်သွေးတိုးစမ်းလိုက်တဲ့သဘောပါဘဲ။ အရင်ညစ်ကြည့်တယ်.အရေထွက်လာမလား..ဘယ်လိုပြန်တုံ့ ပြန်လာမလဲပေါ့.. အတီးမန်းငြိမ်းကို ထောင်ထဲကနေ သွားခေါ်ထုတ်ပြီး နေပြည်တော်အထိခေါ်သွားတာလဲ လူတယောက် ကို ခြေတွေ၊လက်တွေ ချည်ပြီးတုတ်ပြီးမှ စကားပြောတဲ့သဘော သက်ရောက်တဲ့အတွက် တရားမျှတ တဲ့ ပြောဆိုနွေးမှုမျိုးလို့ ဆိုလို့ မရပါဘူး။ ဒါအထက်စီးကနေ ဆက်ဆံတာဘဲ။ အတီးမန်းငြိမ်းပြန်လည်လွတ်မြောက်လာတာကို ကျနော်တို့ ကရင်ခေါင်းဆောင်တွေအပါအ ၀င် ပြည်သူ အများက ၀မ်းသာတယ် ကြိုဆိုတယ်လို့ ထုတ်ဖေါ်ပြောဆိုလာတဲ့အပြင် လွတ်ပေးသူ ဗမာစစ်အာဏာရှင် ကို ကျေးဇူးတင်တယ်လို့  ထုတ်ဖေါ်ပြောကြတယ်။ ဒါဟာလည်းလဲ နိုင်ငံရေးအရသံခင်းတမံခင်း စကားအရ``ကျေးဇူးတင်တယ်`` ဆိုတဲ့စကားကို ပြော ဆိုရတာဖြစ်တယ်လို့ နားလည်မိတယ်။ တကယ်တမ်း ကျတော့ ဒီကောက်ကျစ်ယုတ်မာတဲ့ ဗမာစစ်အာဏာ ရှင်တွေကို ကျေးဇူးတင်တယ်ဆိုတဲ့စကားဟာ ပြောဆိုဖို့ အလွန်စောနေသေးသလို သူတို့ နဲ့ ထိုက်တန်တဲ့ စကားမလည်းမဟုတ်ပါဘူး။ နိုင်ငံကို မတရားအာဏာသိမ်းယူ၊ သူတို့ နဲ့ ဆန့် ကျင်ဘက်လူတွေကို မတရားဖမ်းဆီးထောင်ဒဏ်နှစ်ရှည်ချ၊ မသေမချင်းညှင်းဆဲ၊ သေတဲ့သူကသေ၊ မသေတဲ့သူတွေကိုအ၀ညှင်းဆဲပြီးမှ ပြန်လွတ်ပေးလိုက်။ ပြန်လည်လွတ်မြောက်တဲ့သူတွေက ဗမာစစ်အာဏာရှင်တွေကို ပြန်လည်ကျေးဇူးတင်၊ စစ်အာဏာရှင် တွေက လည်း သူတို့ ကိုသူတို့ တကယ်ကျေးဇူးရှင်ကြီးတွေလို မှတ်ယူနေကြပြီး ဗမာစစ် အာဏာရှင် လက်အောက်က မြန်မာ့နိုင်ငံရေး၊ မြန်မာ့လူ့  အဖွဲ့ အစည်းက ဒီလိုဘဲသံသရာလည်နေပါတယ်။ဒါကတော့ ဗမာစစ်အာဏာရှင်နဲ့ ဒီမိုကရေစီဘက်တော်သား(လက်နက်မကိုင်တဲ့သူ)တွေရဲ့  ဖြစ်ပျက်နေတဲ့အကြောင်း တရားတွေပါ။ ကျနော်တို့ တိုင်းရင်းသားအင်သားစုတွေကျတော့ လက်နက်ကိုင်သည်ဖြစ်စေ၊ မကိုင်သည်ဖြစ်စေ ဗမာစစ်အုပ်စုက မဟာလူမျိုးကြီးဝါဒကျင့်သုံးပြီး အညိုးကြီးစွာနဲ့ မုဒိမ်းကျင့်၊ မတရားဖမ်းဆီးသတ်ဖြတ်၊ တိုက်ခိုက် စတာတွေ နေ့ စဉ်နဲ့ အမျှ ပြုလုပ်နေတယ်။ကျနော်တို့ ဘိုးဘွားပိုင်နယ်မြေတွေ မတရားကျူးကျော် ခံနေရတယ်။ ကိုယ့်နယ်မြေက သယံဇာတတွေ ထုတ်ယူသိမ်းဆည်းခြင်း နေ့ တိုင်းလိုလိုခံနေရတယ်။ဒါကြောင့် ယခု ကျနော်တို့ ခေါင်းဆောင်တယောက် ပြန်လည်လွတ်မြောက်လာရုံနဲ့  ဗမာစစ်အာဏာရှင်တွေကို ကျေးဇူးတင်လို့ လုံးဝမဖြစ်သေးဘူး။ ကျနော်တို့ သွေးကြွေးတွေ သမိုင်းကြွေးတွေ အများကြီး(အများကြီး)ကျန်နေတယ်။ မဟာလူမျိုးကြီးဝါဒ ဗမာစစ်အုပ်စုတွေ တကယ်ကျေးဇူးအတင်ခံချင်တယ်ဆိုရင် မတရားကျူးကျော် ခံရတဲ့ ကျနော်တို့ နယ်မြေကနေ အမြန်ဆုံးထွက်ခွါသွားပါ။ ပြည်တွင်းစစ်အတွင်းမှာ (နှစ်ဦးနှစ်ဘက် စစ်သားတွေ ကျဆုံးတာ စစ်ပွဲရဲ့ သဘောအရ သဘာဝကျပေမဲ့) ပြည်သူတွေ မတရားဖမ်းဆီးသတ်ဖြတ်ခံရမှု ၊မုဒိမ်းမှု ၊ အထမ်းသမားပေါ်တာခိုင်းစေမှု ၊ ပြည်သူအိုးအိမ် ဆည်းစိမ်တွေ ခိုးယူလုယက်၊ မီးရှို့ ဖျက်ဆီး ခံရမှု၊သယံဇာတတွေခိုးယူမှု စတဲ့အမှုပေါင်းများစွာ(များစွာ)တွေမှာ ကျူးလွန်ခဲ့တဲ့ ဗမာစစ်အာဏာရှင် တပ်မှူးတပ်သား၊ စစ်ဗိုလ်တွေအားလုံးကို ဖမ်းဆီးအရေးယူအပြစ်ပေးခြင်းလုပ်ပါ။ ဆုံးရှုံးသွားတဲ့ကရင်ပြည်သူတို့ ရဲ့ အသက်၊အိုးအိမ်ဆည်းစိမ်းတွေကိုစစ်တမ်းကေါက်ပြီး လျော်ကြေးပြန်လျော်ရမယ်။ တိုင်းရင်းသားအင်အားစုတွေနဲ့ ငြိမ်းချမ်းရေးတည်ဆောက်တဲ့နေရာမှာ ကောက်ကျစ် ယုတ်မာတဲ့ နဂိုလ်မူလအကျင့်တွေကို ပယ်ဖျက်ပြီး စေတနာအမှန်တဲ့ လုပ်ပါ။ လာမယ့်ဧပြီလဆန်းပိုင်းမှာ ဗမာစစ်အုပ်စုရဲ့ ရုပ်သေးအစိုးရ ငြိမ်းကိုယ်စားလှယ်တွေနဲ့ သွားတွေ့ ဖို့ ကျနော် တို့ ကရင်အမျိုးသားခေါင်းဆောင်တွေ အပေါ်ကပြောခဲ့တဲ့အချက်တွေကိုလည်း ခေါင်းထဲမှာ ထည့်ထားစေချင်တယ်။ ရင်လောက်မှန်းမှ ဒူးလောက်ကျမယ်။ ငြိမ်းချမ်းရေးကို တည်ဆောက်နေပါတယ်ဆိုတဲ့  ရန်သူက ယုံကြည်နိုင်လောက်တဲ့၊ ယုတ်တိရှိတဲ့ လုပ်ဆောင်ချက်တွေ ဘာတခုမှ မတွေ့ ရသေးပါ။ ရှေ့ နောက်ညီတဲ့ပြောဆို လုပ်ဆောင်ချက်တွေလည်း တချက်မှမတွေ့ ရသေးပါဘူး။ ဒီမိုကရေစီအင်အားစု၊ တိုင်းရင်းသားအင်အားစုတွေက ဒီစစ်အာဏာ ရှင်အစိုးရကို နောက်ကြောင်းပြန်မလှည့်စေလိုမှု ၊ လမ်းကြောင်းမှန်ရောက်စေလိုမှုနဲ့  ရှေ့ တိုးလိမ့်နိုးနိုး နဲ့ သီးခံနေတာသာဖြစ်တယ်။ ရန်သူဘက်ကလည်း ဒါကို နှောကြေနေပါတယ်။ နည်းနည်းရိုင်းရိုင်းလေးပြော ရရင် ``သူများကုန်းပြလေ သူလည်းလိုးလေပါဘဲ``။ အချို့ က ဗမာသိန်းစိန်အစိုးရဟာ အထက်ကပြောင်းလဲပြီး အောက်ပိုင်းက မပြောင်းလဲသေးဘူးလို့  သုံးသပ်ကြတယ်။ တကယ်တော့ ဒေါ်စုအပါအ၀င် ဒီမိုကရေစီဘက်တော်သားတွေကိုနည်းအမျိုးမျိုးနဲ့ နှောက်ယှက်စော်ကါးမှု၊ဘုန်းကြီးသံဃာတော်တွေကို တရားဟောခွင့်ပိတ်ပင်မှု၊ ကျောင်းမှနှင်ထုတ်မှု၊ အထက်ကအပစ်ရပ်တယ်ပြောပြီး ရှေ့ တန်းစစ်မျက်နှာတွေမှာ စစ်အင်အားတိုးချဲ့ မှု ၊ လက်နက်ကိုင် တိုင်းရင်းသားအင်အားစုများနဲ့ နေ့ စဉ်နဲ့ အမှု တိုက်ပွဲတွေဖြစ်ပွါးမှု...စတာတွေဟာ ပြောင်းလဲလာပါတယ် ဆိုတဲ့ အထက်ကလူတွေ အမိန့် ပေး စေခိုင်းမှုမပါဘဲနဲ့ ဘယ်လိုမှဖြစ်လာစရာအကြောင်းမရှိပါဘူး။ ရန်သူဟာ သူ့ ရဲ့ ပြိုင်ဘက်တွေကို ထွက်ပေါက်ကျဉ်းကျဉ်းလေးထဲကနေ သူ့ ရဲ့ ထောင်ချောက်ထဲကို မရမက ဖြည်းဖြည်းခြင်း ဆွဲခေါ်သွားတာသာဖြစ်တယ်။ ဒါကိုကျနော်တို့ ခေါင်းဆောင်တွေ ဓမ္မဓိဌာန် ကျကျတွေးပြီး အမျိုးသားရေးကို ရှေ့ ဆက်ဦးဆောင်နိုင်လိမ့်မယ်လို့ မျှော်လင့်တယ်။ အတီးမန်းငြိမ်းမောင်ကို ရန်သူကပြန်လွတ်ပေးလိုက်လို့  ငြိမ်းချမ်းရေးကို မဖြစ်မနေဆက်ဆွေးနွေးရမယ် လက်မှတ်ထိုးရမယ်လို့  မဟုတ်ပါဘူး။တကယ့်ပကတိသဘောတရားအရ တွေးပြီး ရှေ့ ဆက်လျှောက်သင့်မှသာ လျှောက်ပါ။ ကိုယ့်ရဲ့ အမျိုးသားရေးအတွက်၊ ကိုယ့်အဖွဲ့ အစည်းက ချမှတ်ထားတဲ့လမ်းစဉ် ဗျူဟာတွေအတိုင်း လိုက်လျောညီထွေမှုရှိမှသာ ရန်သူနဲ့ ဆက်လက်တွေ့  ဆုံသင့်ကြောင်းပါ။ဆားwww.karentimes.blogspot.comကိုးဒီသွေး Blog Comments ထဲကခွင့်မထောင်းရဘဲ ကူးယူခဲ့တဲ့ ကရင်တစ်ချို့  Comments လို့ထင်ရတဲ့
သဘောထားအမြင်များ
14 comments: Anonymous said...ဒီလိုလူမျိုးနှစ်ကျွန်းမကလို့ သုံးကျွန်းလောက်ကျရင်ပိုကောင်းမယ်။
Anonymous said...လိုင်းပေါ်ကနေ လေကျယ်နေလိုက်တာ စစ်ပွဲထဲ မင်းတို.ပါကြည်.လိုက်ပါ့လား ကိုယ်တိုင်ကျ ဗမာတောထဲသွားနေပြီး ဒါမှမဟုတ် နိုင်ငံခြားမှာနေပြီး အာချောင်နေတယ်
်
Anonymous said...ပြည်တွင်းမှာပဲဖြစ်ဖြစ်၊ ပြည်ပမှာပဲနေနေ ဖိနှိပ်ခံကိုယ့်အမျိုးသားရေးအတွက် ကိုယ်သန်တဲ့နေရာ တတ်စွမ်းတဲ့နေရာကနေ လုပ်ရမှာပဲ။ ပြောစရာရှိရင်ပြောရမှာပဲ။နိုင်ငံရေးလုပ်ရင်တော့ အတိုက်အခံဆိုတာ ရှိမှာပဲ။ စစ်မတိုက်လည်း အမျိုးသားရေးအတွက် လုပ်လို့ရတဲ့အပိုင်းတွေ အများကြီးရှိပါတယ်။
Anonymous said...သူ့နေရာမှာဝင်နေကြည့်ပါလား နင်တို့ဘယ်လိုခံစားရမလဲဆိုတာသိလိမ့်မယ်။ မကောင်းတဲ့ဘက်ကပဲ မမြင်သင့်ဘူး။ သူပြောသလိုမဟုတ်ပဲ တစ်ဖက်နဲ့တစ် ရန်ငြိုးတွေထားပြီးဆက်တိုက်နေအုံးမယ်ဆိုရင် ဒို့ကရင်ပြည်သူတွေရဲ့ဘဝတွေပဲ ဒုက္ခရောက်နေအုံးမှာပဲ။ အပေါ်က ထင်မြင်ချက်ပေးတဲ့လူနှစ်ယောက်ကရင်ရော ဟုတ်ရဲ့လား? စစ်တိုက်တိုင်းလည်း ငြိမ်းချမ်းရေးမရဘူးဆိုတာတော့သိစေချင်တယ်။ စာရေးသူအနေနဲ့လည်း စာရေးပြီး အကောင်းအဆိုး မြင်တတ်ဖို့လိုတယ်။ ဒီ post ကိုရေးတဲ့ ကိုးဒီသွေးအဖွဲ့ကိုလည်း ကျွန်တော်အံ့သြလို့ကိုမဆုံးဘူး
Anonymous said...VOA ဘယ်လို အင်တာဗျူးရသွားသလဲတော့ မသိဘူး။ ဧရာဝတီက ချင်းမိုင်ကနေ လာပြီး အင်တာဗျူးမရလို့ လက်လျှော့ပြီး ပြန်သွားရတယ်။ကေအိုင်စီ(ကရင့်သတင်းဌာန)ကတော့ အတွေ့အကြုံသစ်တွေ ရသွားတယ်။
Anonymous said...သတင်းဌာနငယ်ပေမဲ့လည်း သတင်းသမား ကျင့်ဝတ် စောင့်ထိန်းနေတာပဲ။ ဒီတော့ ပုဇွန်ဆိတ်ကလေး ဘယ်လိုငယ်ငယ် ပင်လယ်တော့ ကူးတတ်ပါတယ်။
Anonymous said...ဖထီးမန်းငြိမ်းမောင်က သမ္မတကို ကျေးဇူးတင်စကားပြောတာ...သူ့ လိုမျိုးတရားခံ တဦးအနေနဲ့ ပြောရမဲ့ သုံးနှုန်းရမယ့် စကားလို့ ထင်မြင်မိပါတယ်။ ဖထီးဖထီမန်းငြိမ်း အနေနဲ့ ငြိမ်းချမ်းရေးကို တကယ်ချစ်မြတ်နိုးတဲ့သူဆိုတာ ယုံကြည်ပါတယ်။ ဖထီးလိုဘဲ ငြိမ်းချမ်းရေးကို တကယ်ချစ်မြတ်နိုးတဲ့သူတွေလည်း အများကြီးရှိပါတယ်။ ဒါပေမဲ့ ဗမာစစ်အာဏာရှင် အသိုင်းအ၀ိုင်းက လူတွေနဲ့ ပါတ်သက်လာရင် ပြောဖို့ အလွန်စောပါသေးတယ်။ ဖထီးမန်းငြိမ်းက တပါတ်နီးပါးလောက် ၀န်ကြီးဦးအောင်မင်းနဲ့ အနေနီးကပ်ပေမဲ့ သူ့ ရဲ့ အတွင်းသဏ္ဍန်အမှန် ပေါ်လာနိုင်လိမ့်မယ်လို့ မထင်မိဘူး။ ဗမာစစ်အာဏာရှင်တွေဟာ ကမ္ဘာကိုပါတ်ပြီး မျက်နှာဖုံးအမျိုးမျိုးနဲ့ သရုပ်ဆောင်နိုင်တာကြောင့် ဒီလောက်ထိ သက်ဆိုးရှည်တာပါ။ ရိုးသားတဲ့ တိုင်းရင်းသားခေါင်းဆောင်တဦးအပေါ် အန်ဝင်ခွင်ကျတဲ့မျက်နှာဖုံးတခု သရုပ်ဆောင်ပြရတာကတော့ သူ့ အတွက်ထမင်းစား ရေသောက်တဲ့အဆင့်ထိတောင်မရှိပါဘူး။ ဖထီးတွေ့ ခဲ့ဘူးတဲ့ အခြားဗမာစစ်တပ် အလွှာအသီးသီးက လူတွေလည်း ငြိမ်းချမ်းရေးကို တကယ်မြတ်နိုးတယ်....ဗမာစစ်တပ်ကလူတွေတင် ဘယ်ကမလဲ ဖထီးရယ်..ဖထီးတို့ အပါအ၀င် တိုင်းရင်းသားတွေနဲ့ တွေ့ ခဲ့တဲ့ ဗမာတွေ ငြိမ်းချမ်းရေးကို ချစ်ပါတယ်၊ ဒီမိုကရေစီနဲ့ တန်းတူညီမျှရေးကို ချစ်မြတ်နိုးပါတယ်ဆိုတဲ့ သူတွေ...နောက်ဆုံးတော့ ဗမာစစ်အာဏာရှင်တွေနဲ့ ဖင်တပေါက်တည်း ဖြစ်သွားကြတာအများကြီးပါ။ဒါကို ဖထီးတို့ အပါအ၀င် ကိုယ်ပိုင်ပြဌာန်းခွင့် မရှိ၊ မရသေးတဲ့လူမျိုးတွေအားလုံး အထူးသတိထားစေချင်ပါတယ်။ လမ်းလျှောက်ရင်း လမ်းမပျောက်ဖို့ အရေးကြီးတယ်။ဝန်ကြီးဦးအောင်မင်းက သူတို့ ရဲ့ အထဲ ..ထဲမှာလည်း အခက်အခဲတွေရှိတယ်...နည်းနည်းသီးခံဖို့ လိုတယ်..ဆိုတာက..စကားလှအောင်ပြောတာပါ။ သူ့ ရဲ့ အပေါ် စစ်ဘီဘူးတွေ...အာဏာရှင်ဟာ အာဏာရှင်ပါဘဲ။ ဦးအောင်မင်းအနေနဲ့ ဘာမှပါဝါရှိတဲ့သူမဟုတ်ဘူး..ငြိမ်းချမ်းရေးကြေးစား၊ ပွဲစားတယောက်ပါဘဲ။ အခုဖထီးမန်းငြိမ်းက သူ့ ကို နည်းနည်းလေးမြှောက်ပြောတာတောင်...သူ့ အတွက်မနည်းတွက်ခြေကိုက်နေပါပြီး။...တိုင်းရင်းသားတွေ၊ ဒီမိုရေးသမားတွေဘက်က သံသယတွေ၊ အာဃာတတွေ..ရန်ညိုးရန်စတွေ.....လျှော့ချခဲ့တာများနေပြီး...ထပ်လျှော့စရာလည်းမကျန်သလောက်ဘဲ....လုံးဝမလျှော့တာက ကောက်ကျစ်စဉ်းလဲဆုံး..ယုတ်မာရက်စက်ဆုံး မဟာဗမာလူမျိုးကြီးဝါဒ စစ်ဘီလူးတွေပါ။
ကိုးဒီသွေး on March 28, 2012 10:34 PM said...လာလည်ကြတဲ့သူတွေကို ကျေးဇူးတင်ပါတယ်။ကိုးဒီသွေးလည်း ပဒိုမန်းငြိမ်းမောင်ကို အမြဲတမ်း ထောက်ခံအားပေးနေတယ်ဆိုတာ အောက်က post တွေက သက်သေပြပါလိမ့်မယ်။ဇာတိသွေး ဇာတိမာန်ပြတဲ့ ရှမ်းတိုင်းရင်းသား ကိုယ်စားပြု ဦးခွန်ထွန်းဦးရဲ့ အင်တာဗျူးကိုလည်း ကျွန်တော်တို့ကြည့်ဖြစ်ပါတယ်။ သူလဲ ထောင်ကလွှတ်လာတာ မကြာသေးပါဘူး။ဆိုလိုတာက တိုင်းရင်းသားအရေးကို လှုပ်ရှားနေကြတဲ့ ခေါင်းဆောင်တွေရဲ့ သဘောထားကို မျက်ခြည်မပြတ်ဘူး ဆိုတာပါပဲ။ပဒိုမန်းငြိမ်းမောင်ဟာ ၀န်ကြီးအိမ်မှာ တပတ်တည်းသာနေခဲ့တယ်လို့ ပြောပါတယ်။နှစ်နဲ့ချီ ပေါင်းသင်းနေထိုင်လာခဲ့တဲ့ ဗိုလ်ချစ်သူတို့ကိုရော ဘယ်လိုမြင်ပါသလဲ ဆိုတဲ့ မေးခွန်းကိုမဖြေခင် ဗိုလ်ချစ်သူတို့ကို ခုထိ ကျွန်တော်တို့ အားပေးမထောက်ခံမိပါဘူးလို့ပဲ ပြောချင်ပါတယ်။ပြီးတော့ ကေအိုင်စီဆိုတာ VOA BBC တို့လို မကြီးမားပေမဲ့ တည်ငြိမ်တဲ့ ကရင့်သတင်းဌာနကြီးတစ်ခုပါ။ လူတိုင်းမှာ ငြင်းပယ်နိုင်ခွင့်ရှိတာမှန်ပေမဲ့ ကိုယ့်အမျိုးသားသတင်းဌာနကို အားပေးအားမြောက် ပြုသင့်ပါတယ်။အားလုံးကို လေးစားတဲ့ကိုးဒီသွေး
ဒေမုနော် on March 28, 2012 11:09 PM said...စာဖတ်ပရိဿတ်တွေ အနေနဲ့ အကြောင်းမျိုးမျိုးကို ဝေဖန်နိုင် ပါတယ်။ ကေအိုင်စီသတင်းဌာနက အဓိကအားဖြင့် ကရင်လူမျိုးတွေ အတွက် ကိုယ်စားပြုထားတယ်လို့ ကြားသိထားရပါတယ်။ အတီးမန်းငြိမ်းမောင် ပြန်လွတ်လာဖို့ အရေးလည်း ကေအိုင်စီက သတင်းတွေ အများကြီးရေးခဲ့တာတွေ့ရပါတယ်။ ကရင်တမျိုးသားလုံးကို ကိုယ်စားပြုတဲ့သတင်းဌာန တစ်ခုလို့ အသိအမှတ်မပြုချင်တာလားမသိပါ။ တခြားတိုင်းရင်းသားတွေနဲ့ စည်းလုံးမှုမရခင် ကိုယ့်တိုင်းရင်းသား အချင်းချင်းသာ စည်းလုံးမှုရှိအောင် ပထမဦးဆုံးကြိုးစားကြပါလို့ ပဲပြောချင်ပါတယ်။
Anonymous said...“ဘယ်သတင်းသမားတွေနဲ့မှ မတွေ့ချင်ဘူး။ မင်းကို ငါသိတယ်။ မင်း ထွက်သွားတော့”အမြော်အမြင်ကြီးသော နိုင်ငံရေးသမားတစ်ဦး
Anonymous said...we have to know ourselves and accept the truth, don't argue among ourselves and see what is right or wrong but be smart all the time.
r@bp!G on March 29, 2012 12:05 PM said...As He like Peace, all of we want to live peacefully. but it is not simple like that. sometime money and opportunities are pretending as peace.
r@bp!G on March 29, 2012 12:09 PM said...နောက်ပြီး ဒီ interview က kic က ဖော်ပြရမှာ။ ကရင် media ကို promote လုပ်ရမှာလေ။ အပြန်အလှန်ပေါ့။ အခုတော့...
.dahbo on March 29, 2012 12:57 PM said...နောက်ထပ်ကြားရတာက ဘယ်လောက်ပဲ မောင်းထုတ်ခံရ၊ ငြင်းပယ်ခံရပါစေ KIC က ဇွဲမလျှော့ပဲ မရရအောင် အင်တာဗျူးဦးမယ်တဲ့။ဘာပဲဖြစ်ဖြစ် ပဒိုမန်းငြိမ်းမောင် အကြပ်အတည်းနဲ့ ရင်ဆိုင်ရတဲ့ကြားကာလမှာလွတ်မြောက်ရေးအတွက် သတင်းတွေ အသားပေးဖေါ်ပြပေးတဲ့ ပေအိုင်စီကို ကျေးဇူးတင်ရှိသလို ကိုယ်ချင်းလည်းစာမိပါတယ်။
်

ပဒိုမန်းငြိမ်းမောင်ကို ကေအဲန်ယူ လက်ထဲသို့ အစိုးရပြန်လည်အပ်နှံ
မတ်လ ၂၄ရက်၊ ၂၀၁၂။ (ကေအိုင်စီ)
ထောင်ဒဏ် ၃နှစ်နှင့် တစ်သက်တစ်ကျွန်းပြစ်ဒဏ်ကျခံရသည့် ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟိုကော်မတီဝင် ပဒိုမန်းငြိမ်းမောင် ကို ယနေ့ နေ့လည်တွင် မိခင်အဖွဲ့အစည်းလက်ထဲသို့ အစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်များမှ ပြန်လည်အပ်နှံလိုက်ပြီ ဖြစ်သည်။ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ၀န်ကြီး ဦးခင်ရီ အပါအ၀င် မြန်မာအစိုးရ ၏ ငြိမ်းချမ်းရေး ဖော်ဆောင်မှုအဖွဲ့ ကိုယ်စားလှယ် ၇ဦးသည် နေ့လည် ၁၁နာရီဝန်းကျင်အချိန်၌ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် လာ ရောက်ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။ပြန်လည်လွတ်မြောက်လာသူ ပဒိုမန်းငြိမ်းမောင်က “နိုင်ငံရေး အပြောင်းအလဲ ဖြစ်နေချိန်မှာ အခုလို အစိုးရက ပြန်လွှတ်ပေးလိုက်တဲ့အ တွက် အတိုင်းမသိ ၀မ်းသာပါတယ်”ဟု သတင်းထောက်များကို ပြောသည်။အဆိုပါ အစိုးရကိုယ်စားလှယ်အဖွဲ့သည် ဗိုလ်ချုပ်ကြီးမူတူးစေးဖိုး ဦးဆောင်သည့် ကေအဲန်ယူ အရပ်ဖက်၊ တပ်ဖက် ခေါင်းဆောင် ၁၀ဦး ခန့် ယနေ့ နေ့လည်တွင် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၌ တွေ့ဆုံဆွေးနွေးကြသော်လည်း အသေးစိတ် သတင်းအချက်အလက်ကိုမူ ကေအိုင် စီမှ ဆက်လက် ဖော်ပြသွားမည် ဖြစ်သည်။ပဒိုမန်းငြိမ်းမောင်အား လာရောက်အပ်နှံသည့် မြန်မာအစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ် ဦးအောင်မင်းက မိမိအနေဖြင့် ကတိအတိုင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ထိုင်း-မြန်မာနယ်စပ်ရှိ သတင်းထောက်များကို ယခုလို ပြောသည်။“ကျနော် ပေးထားတဲ့ ကတိအတိုင်း Complete လုပ်တဲ့ သဘောပါပဲ။”ဟု ခပ်တိုတို ပြောဆိုခဲ့သည်။ထိုတွေ့ဆုံဆွေးနွေးမှုတွင် ကေအဲန်ယူဘက်မှ အထွေထွေ အတွင်းရေးမှူးချုပ် နော်စီဖိုးရာစိန်၊ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမူတူးစေးဖိုး၊ဗိုလ်ချုပ်မဲအေစိန်၊ ဗိုလ်မှူးရောဂျာခင်၊ ပဒိုစောကွယ်ထူးဝင်း၊ ပဒိုစောရွှေမောင်း၊ ဗိုလ်မှူးချုပ်ဒါးကျော်လု၊ ဗိုလ်မှူးကြီးနယ်ဒါးမြ၊ ပဒိုစောသော သီဘွဲ၊ ဗိုလ်မှူးထူးထူးလေးနှင့် သြစတြေးလျားရောက် ကေအဲန်ယူ ဗိုလ်မှူးဟောင်းကနဲမီတို့ ပါဝင်ခဲ့ကြသည်။


တနင်္လာ, 19 မတ် 2012
ဦးမန်းငြိမ်းမောင် လွတ်ငြိမ်းချမ်းသာခွင့် နှင့် ပြန်လွတ်
်By မအေးအေးမာ VOA
ပုဒ်မ (၁၇၁) အရ တရားမ၀င်အသင်းနဲ့ ဆက်သွယ်မှု၊ ပုဒ်မ (၁၂၂) (၁) အရ နိုင်ငံတော် ပုန်ကန်မှု၊ နိုင်ငံတော် နဲ့ စစ်မက်အပြိုင်ခင်းမှု စတဲ့ ပုဒ်မတွေ နဲ့ ထောင်ဒဏ်တသက် တကျွန်း ချမှတ် ခံထားရတဲ့ ကေအန်ယူ ကရင်အမျိုးသားအစည်းအရုံးရဲ့ ဗဟိုကော်မတီဝင် ဦးမန်းငြိမ်းမောင် ကို ပုဒ်မ (၄၀၁) အရ သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့် အမိန့် နဲ့ ဒီကနေ့ လွှတ်ပေးခဲ့ပါတယ်။ မြန်မာအစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့တွေနဲ့ ကေအန်ယူ အကြား အပစ်အခတ်ရပ်ဆဲရေး နဲ့ ငြိမ်းချမ်းရေး ရရှိဖို့ ဆွေးနွေးနေစဉ် ကေအန်ယူ ဘက်ကလည်း ဖမ်းဆီးခံထားရတဲ့ သူတို့ ရဲ့ အဖွဲ့ဝင်တွေကို ပြန်လွှတ်ပေးဖို့ တောင်းဆိုနေတာပါ။ အခုလို ဦးမန်းငြိမ်းမောင် လွတ်မြောက်မှု နဲ့ ပတ်သက်ပြီးတော့ သူရှေ့နေ နဲ့ ကေအန်ယူ တာဝန်ရှိသူတွေကို ဆက်သွယ်မေးမြန်းထားတဲ့ မအေးအေးမာ က သတင်းပေးပို့ထားပါတယ်။ပြီးခဲ့တဲ့အပတ် အင်္ဂါနေ့ကပဲ ဦးမန်းငြိမ်းမောင်ကို နိုင်ငံတော်ပုန်ကန်မှု နဲ့ တရားမ၀င်အသင်းအဖွဲ့ တွေနဲ့ ဆက်သွယ်မှု နဲ့ ထောင်တသက်တကျွန်း ပြစ်ဒဏ်ပေးပြီးတဲ့ နောက် မတ်လ (၁၉) ရက်နေ့ မှာ အင်းစိန်ထောင် ကနေလွှတ်ပေး ခဲ့တာကို ထောင်မှူးကပြောပြခဲ့ကြောင်း ရှေ့နေဖြစ်သူ ဦးကြီးမြင့်ကပြောပါတယ်။“ကျနော်တို့ သွားပြီးတော့ အယူခံ ကိစ္စကို စုံစမ်းရင်းနဲ့ အဲဒီ ကိစ္စကို သိတာ။ အင်းစိန်ထောင်ကနေ ပြီးတော့ ထောင်ကို သွားတဲ့ အခါကျတော့ သူတို့ က မပြောဘူးခင်ဗျ။ မပြောတဲ့ အခါကျတော့ ရီနေတယ်။ ဟာ ခင်ဗျားတို့ ရီနေလို့ မရဘူးလို့။ ကျနော်က တာဝန်နဲ့ လာတာ ဒီမှာ အမိန့်စာတွေ ပါတယ်လို့။ သူ အယူခံ တက်မတက် ကို ဆွေးနွေးရမှာ။ ကျနော်တို့မှာ ကာလ စည်းကမ်းအလိုက် ဆိုတာ ရှိတယ် လို့။ အဲဒီလို ပြောတော့မှ ခဏ နာရီဝက်လောက် စောင့်ပါဆိုပြီးတော့မှ အထက်အမိန့် တောင်းပြီးတော့မှ ဆရာတဲ့ ခုနတုန်းက ပြောခွင့်မရှိလို့ပါတဲ့။ မနက် ရှစ်နာရီက လွှတ်လိုက်ပါပြီတဲ့။ (၄၀၁) နဲ့ အဲဒီလို ပြောတယ်။ ထောင်တာဝန်ရှိတဲ့ ထောင်မှူးပေါ့။ အဝမှာ ရှိတဲ့ ထောင်မှူးက ပြောလိုက်တာ။ သူက အတွင်းနဲ့ အဆက်အသွယ်လုပ်ပြီး ကျနော့်ကို ပြောလိုက်တာ။ နာရီဝက်လောက် စောင့်နေရတယ်။”အခုအချိန်အထိ ဦးမန်းငြိမ်းမောင် လွတ်မြောက်တာ နဲ့ ပတ်သက်လို့ သူရဲ့ မိခင်အဖွဲ့အစည်း ဖြစ်တဲ့ ကေအန်ယူနဲ့ ရှေ့နေ ဖြစ်သူ ကို အာဏာပိုင်တွေ ဘက်က အကြောင်းကြားခြင်း မရှိသေးပါဘူးလို့ ဆိုပါတယ်။ ကေအန်ယူ တွဲဘက်အတွင်းရေးမှူး ဗိုလ်မှူးစောလှငွေ ကတော့ တရားဝင် အကြောင်းကြား တာ မရှိသေး ပေမဲ့ လွတ်လာမယ် ဆိုရင်တော့ သူတို့ အဖွဲ့အစည်းအတွက် ငြိမ်းချမ်းရေး၊ စစ်ရေးအတွက် စဉ်းစား တွေးခေါ်မယ့် သူ တဦးတိုး လာမယ်လို့ ဆိုပါတယ်။“မန်းငြိမ်း တစ်ယောက်ကို လွှတ်ခဲ့လို့ ရှိရင်တော့ မန်းငြိမ်းက ကျနော်တို့ ဗဟို ကော်မတီ (၄၀) ကျော်ထဲမှာ တစ်ဦးဖြစ်တဲ့ အတွက်ကြောင့် ကျနော်တို့ တိုင်ပင်ဖော် တိုင်ပင်ဖက် ဆွေးနွေးဖော် ဆွေးနွေးဖက်တွေ ခေါင်းတစ်လုံး ထပ်တိုးလာပြီးတော့ စုပေါင်း ခေါင်းဆောင်မှုမှာ ပျောက်နေတဲ့ ခေါင်းတစ်လုံး ပြန်ရလာတယ်။ ပြီးရင်လည်း အဲဒီ စုပေါင်း ခေါင်းဆောင်မှု ကနေပြီးတော့ ခွဲဝေတဲ့ သူနဲ့ သင့်တော်တဲ့ တာဝန်တွေ ပေးတဲ့ အခါကျရင် ကိုယ် နဂိုလုပ်ငန်းတွေကို ပြန်လည်လုပ်ဆောင်နိုင်မယ်။ နောက်ပြီး သူ့အတွက် လိုအပ်တဲ့ တာဝန်သစ်တွေ ရှိနေရင် လုပ်ဆောင်နိုင်မယ် ဆိုရင် လုပ်အားတိုး လာတယ်။ အဲဒီတော့ ကျနော်တို့ဘက် ကတော့ အဲဒါ အမြတ်ပေါ့။ အဲဒီ အမြတ်က ငြိမ်းချမ်းရေး ဖြစ်စဉ်မှာဘဲ ဖြစ်ဖြစ် စစ်ရေး ဖြစ်စဉ်မှာဘဲ ဖြစ်ဖြစ်ပေါ့လေ ဒါဟာ ကျနော်တို့ ရဲ့ ခေါင်းဆောင်မှု အပိုင်းမှာ လူတစ်ယောက် တိုးလာတဲ့ အတွက်ကြောင့်မို့ ထူးခြားတဲ့ အချက်၊ ဒါက အားသာတဲ့ အချက် လို့ ပြောလို့ ရတာပေါ့။ အဲဒါကလွဲလို့ကတော့ ဘာမှ မရှိပါဘူး။ ဒါက အဲဒီ ကပါဘဲ။”ဦးမန်းငြိမ်းမောင် အပြစ်မရှိဘူး ဆိုရင် တရားရုံး ကနေ တရားသေ လွှတ်ပေး ရမှာ ဖြစ်ပေမဲ့ အခု လွတ်ပေးခြင်း ဟာမြန်မာနိုင်ငံရဲ့ တရားစီရင်ရေး အတွက် စိုးရိမ်စရာ ဖြစ်ကြောင်း၊ တရားစီရင်မှု ဟာ အာဏာ ရသူရဲ့ လက်အောက် မှာပဲ ရှိနေသေးကြောင်း အာရှ လူ့အခွင့်ရေး ကော်မရှင် က ရှေ့နေ ဦးမင်းလွင်က အခုလိုပြောပါတယ်။“တရားရုံးကနေပြီးတော့ တရားသေလွှတ်နိုင်တဲ့ အခွင့်အရေး ရှိသော်လည်းဘဲ ပြစ်ဒဏ်ပေးခဲ့တယ်။ ပြစ်ဒဏ်ပေးပြီးတော့ တစ်ပတ်မကြာခင်မှာ နိုင်ငံတော်သမ္မတရဲ့ လွှတ်ငြိမ်း ချမ်းသာခွင့် နဲ့ လွှတ်ပေး လိုက်တယ် ဆိုတော့ က ကျနော်တို့က ဒီ မြန်မာနိုင်ငံရဲ့ တရားစီရင်ရေး စနစ်ကို တော်တော် စဉ်းစား ဖို့ဖြစ်လာပါတယ်။ သာမန် ပြည်သူတစ်ဦးလောက်ကို လွှတ်ပေးလိုက်တဲ့ ကိစ္စကိုတော့ ကျနော်တို့ ဝမ်းသာ တယ်၊ ကြိုဆိုတယ်။ သို့သော်လည်းဘဲ အနာဂတ်မှာ ဒီလိုမျိုးတွေ ဆက်တိုက် ဖြစ်လာရင်တော့ မြန်မာနိုင်ငံရဲ့ တရားစီရင်ရေး အတွက် စိုးရိမ်စရာ ကောင်းတယ်။ မြန်မာနိုင်ငံရဲ့ တရားစီရင်ရေး စနစ်က အုပ်စိုးသူ အာဏာပိုင် အစိုးရရဲ့ လက်အောက်မှာဘဲ မူတည်နေ သေးတယ်ဆိုတာ ဒီ အမှုက အပီအပြင် သက်သေ ပြလိုက်တာ ဖြစ်တယ်လို့ ကျနော်တို့ အနေနဲ့ ပြောချင်ပါတယ်။”ဦးမန်းငြိမ်းမောင်ကို အခုချိန် ထိတော့ ဆက်သွယ်လို့ မရသေးပါဘူး။ သူ့ကို ပြန်လွှတ် ပေးပြီးတဲ့ နောက် ရဲ အထူးသတင်း တပ်ဖွဲ့က လာရောက် ခေါ်ဆောင် သွားတယ် ဆိုတဲ့ သတင်းတွေ သာ ထွက်ပေါ်ခဲ့ပြီး ရှေ့နေ ဖြစ်သူ ကိုလည်း ဆက်သွယ် လာခြင်း မရှိသေးဘူး လို့ ပြောပါတယ်။ ဦးမန်းငြိမ်းမောင် ဟာ ပြီးခဲ့နှစ် ဇူလိုင် လ က တရုတ်ပြည် ကူမင်း လေဆိပ်က မြန်မာနိုင်ငံကို ပြန်ရောက်သွားခဲ့ပြီး လူဝင်မှု ကြီးကြပ်ရေး ဥပဒေနဲ့ ထောင်ဒဏ် ခြောက်လ ကျခံခဲ့ရပါတယ်။ ဒီနောက် သူ့ကို တရားမ၀င် အသင်း နဲ့ ဆက်သွယ်မှု နိုင်ငံတော် ပုန်ကန်မှုတွေ နဲ့ တရားစွဲခံရပြီး ပြီးခဲ့တဲ့ အပတ် က ထောင်ဒဏ် တသက်တကျွန်း ချခံထားရတာဖြစ်ပါတယ်။
