ကိုဝိုင်း | ကြာသပတေးနေ့၊ နိုဝင်ဘာလ ၂၄ ရက် ၂၀၁၁ ခုနှစ် ၁၈ နာရီ ၅၅ မိနစ်
ချင်းမိုင် (မဇ္ဈိမ) ။ ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ နိုင်ငံရေးပါတီ တည်ထောင်ခွင့် ဥပဒေအရ တင်သွင်းမည့် ပါတီတည်ထောင်သူ ၂၁ ဦး တွင် အမျိုးသမီး ထက်ဝက်ကျော် ပါဝင်သလို ကယားပြည်နယ်မှလွဲ၍ နယ်စုံမှပါဝင်သည်ကို တွေ့ရသည်။
၂ဝ၁ဝ ခု မတ်လ ၈ ရက် နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၃ (က) အရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အမည်နှင့်ပင် ပါတည်ထူထောင်လိုသူ အနည်းဆုံး ၁၅ ဦးရှိရမည်ဖြစ်သော်လည်း ၂၁ ဦးရွေးထားသည့် NLD စာရင်းတွင် အမျိုးသမီး ၁၁ ဦး၊ အမျိုးသား ၁ဝ ဦးပါဝင်ပြီး လူငယ်နှင့် သက်လတ်ပိုင်းများဖြင့် ပြောင်းလဲအားဖြည့် ထားကြောင်း ပါတီတွင်း သတင်းရပ်ကွက်က ပြောသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ နိုင်ငံရေးပါတီ တည်ထောင်ခွင့် ဥပဒေအရ တင်သွင်းမည့် ပါတီတည်ထောင်သူ ၂၁ ဦး တွင် အမျိုးသမီး ထက်ဝက်ကျော် ပါဝင် (ဓါတ်ပုံ မဇ္ဈိမ)
ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းတင် စသည့် NLD ပါတီကို စတည်ထောင်သူ သုံး ဦး၊ နောက်တိုး ဗဟို အလုပ်အမှုဆောင်ထဲမှ ဦးဉာဏ်ဝင်း၊ ဦးဟံသာမြင့်၊ ဒေါက်တာ ဒေါ်မေဝင်းမြင့်တို့ အပါအဝင် ပြည်နယ်/ တိုင်း ၁၃ ခုမှ ကိုယ်စားလှယ်များဖြင့် ရွေးချယ်လိုက်ခြင်းဖြစ်သည်။ ကရင်နီဟုလည်း ခေါ်ဝေါ်လေ့ရှိသော ကယားပြည်နယ် တွင် NLD ရုံးခွဲမရှိပေ။
“ကယားမရှိတဲ့အတွက် ရှမ်းကို နှစ်ယောက်လုပ်တယ်။ ရန်ကုန်အတွက်ကို ညီနောင်ပါတီက ဦးစိုးဝင်းကို ထည့်တယ်။” ဟု NLD အဖွဲ့ဝင်တဦးက ပြောသည်။ ဦးစိုးဝင်းသည် ဖျက်သိမ်းခံထားရသော အမျိုးသား ဒီမိုကရေစီ ပါတီမှဖြစ်ပြီး ညီနောင်ပါတီအဖြစ် နိုင်ငံရေးသဘောတူညီချက် ရှိကြသည်။
နိုဝင်ဘာ ၂၃ ရက်နေ့က NLD ဗဟိုအလုပ်အမှုဆောင်နှင့် တိုင်း/ပြည်နယ် ဗဟိုဦးစီးအဖွဲ့ဝင်များ တွေ့ဆုံကြပြီး သင့်တော်သူများအဖြစ် အပြီးသတ် ဆုံးဖြတ်ခဲ့သည့် အဆိုပါစာရင်းနှင့်အတူ ကိုယ်စားလှယ်အဖြစ် ဦးဉာဏ်ဝင်းနှင့် ဦးဝင်းမြင့်တို့က ပါတီတည်ထောင်နိုင်ရေး လျှောက်ထားရန် နေပြည်တော်သို့ သွားရောက်နေသည်။
နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေ အခန်း (၂) အရ ပုဒ်မ ၃ (ခ) အရ တည်ထောင်ခွင့်ရလျှင် ယခု ၂၁ ဦး ထဲမှ ရွေးချယ်ရမည့် ခေါင်းဆောင်နှင့် ဒုတိယခေါင်းဆောင်တို့က မှတ်ပုံတင်ကြေး ကျပ် သုံးသိန်း ပေးသွင်း၍ ပါတီအမည်၊ အလံနှင့် တံဆိပ်၊ နိုင်ငံရေးသဘောတရားနှင့် လုပ်ငန်းစဉ်၊ ပါတီစည်းမျဉ်းနှင့် ဖွဲ့စည်းပုံ၊ ပါတီ တည်ထောင်လိုသူများ၏ ကိုယ်ရေးအချက်များ၊ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လေးစားလိုက်နာပါမည့် အကြောင်း ဝန်ခံချက်နှင့် အတူ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ပေးရန် ရွေးကောက်ပွဲ ကော်မရှင်သို့ လျှောက်ထား ရမည်ဖြစ်
သည်။
ထို့အပြင် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုသည့် နေ့ရက်မှစ၍ ရက်ပေါင်း ၉၀ အတွင်း ပါတီဝင်ဦးရေ အနည်းဆုံး ၁,၀၀၀ ကို စည်းရုံးရမည် ဖြစ်သည်။
လက်ရှိ ဗဟိုအလုပ်အမှုဆောင်နှင့် ဗဟိုဦးစီးအဖွဲ့ အပြောင်းအလဲ၊ အလံ၊ တံဆိပ်တို့ကိုမူ နေပြည်တော်မှ မှတ်ပုံတင် ခွင့်ပြုပြီးနောက်မှ ပြန်လည် ရွေးချယ်ကြမည်ဟု ပါတီအကြီးတန်းတာဝန်ရှိသူတဦးက ပြောသည်။
နိုဝင်ဘာ ၂၃ ရက်နေ့က ပါတီဌာနချုပ်တွင် ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် တိုင်းနှင့်ပြည်နယ်မှ ကိုယ်စား လှယ်များက တာဝန်ယူသွားကြရန်လည်း ဆွေးနွေးခဲ့ကြသည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ တည်ထောင်လိုသူ ၂၁ ဦးစာရင်း (ကြယ်ပွင့်ပြထားသူများမှာ ၁၉၉၀ ခု ရွေးကောက်ခံ အမတ်များ ဖြစ်သည်။)

နိုဝင်ဘာလ ၂၄ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့နယ်ခွဲတွင် ယမန်နေ့က တပ်အကြိုအပို့ လုပ်နေသည့် အစိုးရစစ် တပ်အား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)မှ အလစ်ဝင်ရောက်ပစ်ခတ်မှုကြောင့် စုစုပေါင်း ၆ဦးထိခိုက်ကျ ဆုံးခဲ့သည်။
နောက်တန်းသို့ စစ်သင်တန်းပြန်တက်မည့် စစ်သည်များကို ပြန်ပို့သည့် ဘုရားသုံးဆူမြို့အခြေစိုက် အစိုးရတပ် ခမရ (၅၄၃) တပ်ရင်းအား KNLA တပ်ရင်း(၁၆)တပ်ဖွဲ့ဝင်တချို့က ယမန်နေ့ နံနက် ၁၀နာရီကျော်၌ တာဒေ့နှင့် မြိုင်သာယာကျေးရွာကြား တွင် ၇မိနစ်ခန့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
တိုက်ပွဲဖြစ်ပွားရာ အနီးတွင် လှုပ်ရှားသည့် ဒီကေဘီအေ တပ်မှူးတစ်ဦးက “နေပြည်တော်မှာ သင်တန်းပြန်တက်ရမယ့် တပ် သားတွေကို ပြန်ပို့တဲ့ ဗမာတပ်ဖွဲ့ကို KNLA တပ်ရင်း(၁၆)က အလစ်ဝင်တိုက်တော့ ၂ယောက် သေတယ်။ ၄ယောက်ဒဏ်ရာရ သွားတယ်”ဟု ကေအိုင်စီသို့ ပြောသည်။
KNLA တပ်ရင်း(၁၆) တပ်ခွဲ(၃) ဒုခွဲမှူး ဗိုလ်ကြီးဘူ့ဂေက ၎င်းတိုက်ပွဲနှင့် ပတ်သက်၍ အတည်ပြုပြောကြားခဲ့သော်လည်း ထိခိုက်သေဆုံးမှု အခြေအနေကိုမူ မသိရသေးကြောင်း ယခုလို ပြောဆိုသည်။
“ကျနော်တို့လူတွေ သွားတိုက်တာ မှန်ပါတယ်။ ဒါပေမယ့် သွားတဲ့လူနဲ့ အဆက်အသွယ်ပြတ်သွားတော့ ထိခိုက်သေဆုံးမှု အခြေအနေ မသိရသေးဘူး။ ကျနော်တို့ဘက်ကတော့ အခြေအနေကောင်းတယ်”ဟု သူက ပြောသည်။
အဆိုပါ တိုက်ပွဲနေရာမှာ ဘုရားသုံးဆူမြို့၏ အနောက်တောင်ဘက် ၁၀မိုင်ခန့် ကွာဝေးပြီး တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသားတပ်မတော်(
DKBA)နှင့် မြန်မာအစိုးရတို့ ယာယီ အပစ်အခတ်ရပ်စဲရေး မယူခင်က KNLA နှင့်
DKBA တို့ပူးပေါင်း၍ အစိုးရစစ်တပ်အား မကြာခဏ ချုံခိုတိုက်ခိုက်ရာ နေရာဖြစ်သည်။

နိုဝင်ဘာလ ၂၁ရက်။ စောသိန်းမြင့် (ကေအိုင်စီ)

ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)နှင့်မြန်မာအစိုးရ ကိုယ်စားလှယ်အဖွဲ့တို့သည် ယခုလ နိုဝင်ဘာလ ၁၉ရက်မှ ၂၀ ရက်နေ့အထိ ထိုင်း-မြန်မာနယ်စပ် ချင်းရိုင်းခရိုင်၊ မယ်ဆိုင်မြို့တွင် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးနှင့် ပတ်သက်ပြီး တွေ့ဆုံ ဆွေးနွေးခဲ့သည်။
ဆွေးနွေးပွဲတွင် ပါဝင်ခဲ့သူ ကေအဲန်ယူ ဗဟိုသစ်တောဌာနမှူး ပဒိုစောအားတိုးက “အခုသွားတာ သဘောတူညီချက် လက်မှတ် သွားထိုးဖို့ သွားတာမဟုတ်ဘူးနော်။ Informal အနေနဲ့သွားတာပဲနော်။ ဒါကြောင့် ဒီတွေ့ဆုံမှုမှာ သဘောတူချက် လက်မှတ် ထိုးတာတို့ လုံးဝ မပါဘူး။”ဟု ကေအိုင်စီသို့ ပြောသည်။
၎င်းတွေ့ဆုံမှုတွင် (၁)အပစ်အခတ်ရပ်စဲရေး (၂)ဆက်ဆံရေးရုံးများ အပြန်အလှန်ထားရှိရေး (၃)လက်နက်မပါဘဲ နယ်မြေ ကျော်ဖြတ်ခွင့်ပြုရေး (၄)တိုင်းရင်းသားအားလုံးနှင့် အဖွဲ့ပေါင်းစုံပါဝင်သည့် ဗဟိုအဆင့် ဆွေးနွေးပွဲအတွက် နေရာ၊ သတ်မှတ် ရေး စသည့် အချက်လေးချက်ကို ပဏာမအဆင့် သဘောတူညီခဲ့ကြသည်ဟု ကေအဲန်ယူဘက်က ပြောဆိုသည်။
နှစ်ဘက် အပစ်အခတ်ရပ်စဲရေးကိစ္စတွင် ကရင်ဒေသအခြေအနေနှင့် တခြားတိုင်းရင်းသား ဒေသအခြေအနေနှင့် မတူညီသော ကြောင့် အချေအတင် ဆွေးနွေးသွားရမည့်သဘောရှိသလို အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရရှိမှာသာလျှင် ကျန်သည့် လုပ်ငန်းစဉ်များကို ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပဒိုစောအားတိုးက ပြောသည်။
ယခုတကြိမ် တွေ့ဆုံမှုတွင် အစိုးရဘက်မှ သမ္မတဦးသိန်းစိန် တိုက်ရိုက် ခန့်အပ်စေလွှတ်သည့် ပြည်ထောင်စုဝန်ကြီး ဦးအောင် မင်းတစ်ဦးသာ ဦးဆောင်ဆွေးနွေးခဲ့ပြီး ကေအဲန်ယူဘက်မှ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီမှ ပဒိုစောဒေးဗစ်ထော၊ စစ် ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမူတူးစေးဖိုးနှင့် ပဒိုစောအားတိုးတို့ ပါဝင်သည်။

ကေအဲန်ယူ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နှင့် မြန်မာအစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့တို့သည် နောက်ပိုင်းတွင် ထပ်မံ တွေ့ဆုံဆွေးနွေးရန်ရှိသော်လည်း ရက်အတိအကျ မသတ်မှတ်ရသေးကြောင်း ပဒိုစောအားတိုးက ယခုလို ပြောသည်။
“ကျနော်တို့ ကေအဲန်ယူက သက်ဆိုင်ရာ ကော်မတီတွေ အားလုံးပြန်ပြီးတော့ ညှိနှိုင်းတိုင်ပင်ရအုံးမယ်။ ဆွေးနွေးရအုံးမယ်။ အဲဒီကိစ္စမှာ ကျနော်တို့ သတ်မှတ်ရက်အပေါ်မှာ ဦးအောင်မင်းကိုယ်တိုင် လက်ခံပြီးတော့ လာပြီးကြိုဆိုမယ်လို့ ပြောထားတာ ရှိတယ်”ဟု ၎င်းက ပြောသည်။
ယခုတွေ့ဆုံမှုမှာ ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ (UNFC)၏ မူအရ တွေ့ဆုံဆွေးနွေးခြင်း မဟုတ် ဘဲ ကေအဲန်ယူ ကိုယ်စားလှယ်အရ တွေ့ဆုံခြင်းဖြစ်သည်ဟု သိရသည်။
အလားတူ နိုဝင်ဘာလ ၁၉ရက်နေ့တွင် ရထားပို့ဆောင်ရေး ၀န်ကြီး ဦးအောင်မင်း ဦးဆောင်သည့် အစိုးရ ကိုယ်စားလှယ်အဖွဲ့ သည် လက်နက်ကိုင် တိုင်းရင်းသားတပ်ဖွဲ့များဖြစ်သည့် သျှမ်း၊ ချင်း၊ ကချင်၊ ကရင်နီ ကိုယ်စားလှယ်အဖွဲ့များနှင့်လည်း တွေ့ ဆုံခဲ့သည်ဟု သိရသည်။
ကေအဲန်ယူသည် ၁၉၄၉ခုနှစ်မှ ယနေ့အချိန်ထိ မြန်မာအစိုးရအဆက်ဆက်နှင့် ငြိမ်းချမ်းရေးကိစ္စ တွေ့ဆုံဆွေးနွေးခဲ့သော် လည်း အောင်မြင်မှု မရရှိခဲ့ပေ။ သမ္မတဦးသိန်းစိန် တက်လာပြီးနောက် ကေအဲန်ယူနှင့် တရားဝင် တွေ့ဆုံမှုသည် ယခုအကြိမ် နှင့်ဆိုလျှင် (၂)ကြိမ်မြောက်ဖြစ်သည်ဟု ကေအဲန်ယူဘက်က အတည်ပြု ပြောကြားခဲ့သည်။

နိုဝင်ဘာလ ၁၂ရက်။ စောသိန်းမြင့် (ကေအိုင်စီ)

Photo-KIC (ဗိုလ်မှူးချုပ်စောလားပွယ်၏ ဒီကေဘီအေ တပ်ဖွဲ့ဝင်တစ်ဦး)
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူဒေသတွင် လှုပ်ရှားနေသော တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ)တပ်ဖွဲ့ဝင်များအား လက်နက်အပ်နှံရန် အစိုးရစစ်တပ်၏ တောင်းဆိုခြင်းခံခဲ့ရသည်ဟု ဒီကေဘီအေဘက်က ပြောသည်။
ပြီးခဲ့သည့် ရက်ပိုင်းက ဘုရားသုံးဆူမြို့ရှိ အစိုးရစစ်တပ် ခလရ(၂၁) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးအောင်ဝင်းခိုင်က ဘုရားသုံးဆူ ဒေသတွင် လှုပ်ရှားနေသည့် ဗိုလ်ကြီးအေ၀မ်း ဦးစီးသော ဒီကေဘီအေ တပ်ခွဲ(၃)မှ တပ်ဖွဲ့ဝင်များအား လက်နက်အပ်နှံပြီး မြို့ တွင်းသို့ ပြန်လည်နေထိုင်ရန် ဒီကေဘီအေ အသိုင်းအ၀ိုင်းနှင့် နီးစပ်သူများထံမှ တောင်းဆိုခြင်းဖြစ်သည်ဟု ဗိုလ်ကြီးအေ၀မ်း က ပြောသည်။
၎င်းက “ဘုရားသုံးဆူနယ်မြေဟာ ဝေါ်လေဒေသနဲ့မတူဘူး ပြောတယ်။ ခင်ဗျားတို့ လက်နက်အပ်ပြီးတော့ မြို့ထဲ ပြန်လာနေ ပါ။ စီးပွားရေး ပြန်လာလုပ်စားပါတဲ့။ ကျနော်ကလည်း ဒီကေဘီအေက ဝေါ်လေဒေသ တစ်ခုတည်း သတ်မှတ်ပြီးတော့ အပစ် အခတ်ရပ်စဲတာ မဟုတ်ဘူး။ ကရင်ပြည်နယ်တခုလုံး အတိုင်းအတာနဲ့လုပ်တာ။ ကျနော်တို့ လက်နက်အပ်နှံဖို့ အပစ်အခတ် ရပ်စဲတာ မဟုတ်ဘူးလို့ ပြန်ပြောခိုင်းလိုက်တယ်။”ဟု ပြောသည်။
ထိုကိစ္စနှင့်ပတ်သက်၍ ဒီကေဘီအေ ဗဟိုအဆင့်သို့ တိုင်ကြားထားကြောင်း အကယ်၍ အစိုးရစစ်တပ်ဘက်မှ ယခုလို ပုံစံအ တိုင်း ခွဲခြားဆက်ဆံမှုများ ဆက်လက် ပြုလုပ်လာပါက ၎င်းတို့အနေဖြင့် စစ်ရေးအရ တုန့်ပြန်ရလိမ့်မည်ဟု ဗိုလ်ကြီးအေ၀မ်းက ကေအိုင်စီကို ပြောသည်။
ဘုရားသုံးဆူဒေသတွင် လှုပ်ရှားနေသည့် တပ်အင်အား ၃၀ကျော်ရှိ ဗိုလ်ကြီးအေ၀မ်း ဦးဆောင်သည့် ဒီကေဘီအေ တပ်ရင်း (၉၀၂) တပ်ခွဲ(၃)သည် လက်ရှိအချိန်တွင် ကေအဲန်အယ်လ်အေ တပ်ဖွဲ့နှင့်အတူ လက်တွဲထားဆဲဖြစ်သည်ဟု ဒီကေဘီအေက ပြောသည်။
ဒီကေဘီအေ ပြည်ပဆက်ဆံရေး တာဝန်ခံ ဗိုလ်မှူးစောလုံ့လုံက “ကျနော်တို့ သွားရောက်တွေ့ဆုံတဲ့ ၀န်ကြီးအဖွဲ့က ရှေ့တန်း တပ်မှူးတပ်သားတွေကို အသိပေး အကြောင်းကြားမှု မရှိသေးတာ ဖြစ်နိုင်တယ်။ ဟိုဖက်ခြမ်းမှာရှိတဲ့ ကျနော်တို့ တပ်ဖွဲ့ဝင်တွေ ကိုလည်း စိတ်ရှည်သီးခံဖို့ ပြောထားသလို ဒီကိစ္စကို အစိုးရဖက်ကိုလည်း ၀င်ရောက်ဖြေရှင်းပေးဖို့ အကြောင်းကြားထားပါ တယ်။ ပြဿနာက ဒီလောက် မကြီးကျယ်လောက်ဘူးလို့ ထင်တာပဲ။”ဟု ပြောသည်။
ဗိုလ်မှူးချုပ်စောလားပွယ် ဦးဆောင်သည့် ဒီကေဘီအေတပ်ဖွဲ့မှ ကိုယ်စားလှယ်အချို့သည် နိုဝင်ဘာလ ၃ရက်နေ့က မြန်မာ အစိုးရ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှုအဖွဲ့နှင့် ဘားအံမြို့တွင် တွေ့ဆုံခဲ့ပြီး နှစ်ဘက် အပစ်အခတ်ရပ်စဲရေးအတွက် သဘောတူ လက်မှတ်ရေးထိုးခဲ့ကြသည်။
ထို့နောက် မြ၀တီမြို့တောင်ဘက် ဝေါ်လေဒေသ တာအူထာ့နေရာ၌ အပစ်အခတ် ရပ်စဲရသည့် အကြောင်းနှင့် ပတ်သက်၍ နိုဝင်ဘာလ ၈ရက်တွင် တပ်အစည်းအဝေးနှင့် ၁၁ရက်နေ့တွင် လူထုရှင်းလင်းပွဲများ ပြုလုပ်ခဲ့သည်။
ဒီကေဘီအေသည် ၁၉၉၄ခုနှစ်တွင် ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)မှ ခွဲထွက်ကာ မြန်မာအစိုးရနှင့် ပူးပေါင်းခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲတွင် စစ်အုပ်စုကို ပြန်လည် တိုက်ခိုက်ခဲ့ရာမှ ယခု အပစ်အခတ် ရပ်စဲလိုက်သည့်အပေါ် သံသယ၀င် နေသူများလည်း ရှိသည်။

ဒီစာကတော့ စိုးဒိုကFmailထဲကနေပို့ပေးလိုက်တာပါ အောက်က ပါတဲ့Email လိပ်စာတွေကိုလည်း လိပ်မူ
ထားတာတွေ့ရတယ် တင်သင့် မတင်သင့်လည်းစဉ်းစားခဲ့တယ် အမြင်အမျိုးမျိုးနဲ့ရှိကြမှာပါ ဒါပေမယ့် ထင်မြင်ယူဆချက်တစ်ခုကြောင့် အားလုံးစဉ်းစားနိုင်ကြပါရန်နှင့် အမှန်တကယ်ပါလို့မယူဆစေချင်ပါ
ဒီစာကို ကရင်ဘလော့ဂါ ညီကိုများတစ်ချို့ Emailထဲမှဖတ်ပြီးသားနေမှာပါ ပွဲဆူစေခြင်းမဟုတ်ပါ
အားလုံးသတိရှိရှိနဲ့ ချင့်ချိန်နိုင်ကြရန်လို့ပါ စည်းလုံးခြင်းသတိဖြင့်-
သူရေ၀့်ဖါန်
Ko Soe kosoe6691@gmail.com to ehkhaungthaunt, me, 9dblood, thawthikho.r.k., karenunited, KyokoreaBranch
လေးစားအပ်ပါသော အဲခေါင်သောင့်နဲ့ ကရင်ဘလော့ဂါညီကိုများသို့ ..
ကျတော်ဖတ်နေကြ ကရင်ဘလော့တစ်ချို့ ရဲ့အီးမေးကို သာသိသဖြင့် ယခုကျတော်သိခဲ့တဲ့အရာတွေကို ဝေဌလိုက်ပါတယ်. တခြားညီကိုကရင်တွေ လက်ဆင့်ကမ်းချင်ရင်လည်းရပါတယ်။ ကျတော်အခုပို့ လိုက်ဒါက ကျတော်တို့ ညီကိုအဲခေါင်သောင့်တင်လိုက်တဲ့ ဘုန်းကြီးကျောင်းမီးရှီူ့ ခံရတဲ့ ဗီဒီယို ဖိုင်နဲ့ ပါတ်သက်ပြီး ကျတော်သိခဲ့ဒါတွေ ပြောပြချင်းဖြစ်ပါတယ်။
အားလုံးကို လေးစားစွာဖြင့်
စိုးဒို
အဲခေါင်သောင့်ရဲ့
ဘုန်းကြီးကျောင်း မီးရှို့ ခံရတဲ့မှတ်တမ်းဟောင်းတစ်ခုနဲ့ ကျနော့်ရဲ့အမြင်
ကျတော်နယ်စပ်မှာနေတုန်းက ဒီဗီဒီယိုဖိုင်ကို ကြည့်ဖူးပါတယ်။ အခြေအနေမှန်တွေကို လည်း အတိုင်းတာတစ်ခုထိ သိခွင့်ရခဲ့ပါတယ်။ အဲဒီဗီဒီယိုဖိုင်ကို သေချာကြည့်ရင် အရေးပါတဲ့ အချက်နှစ်ခု တွေ့ ရပါမယ်။ တစ်အချက်က ကေအဲန်ယူ ရန်ကုန်ဆင်းပြီး ငြိမ်းချမ်းရေး ဆွေးနွေးတဲ့ အချိန်ဖြစ်တယ်။ နှစ်အချက်က ဗိုလ်ချူပ်ကျော်သန်းပြောဒါတွေဟာ နိုင်ငံတကာမှာ ရောက်နေတဲ့ လူတွေကို အသိပေးချင်လို့ အလေးပေးပြောကြားနေဒါကို တွေ့ ရပါမယ်။
ပို့ စ် ရေးသူ အဲခေါင်သောင့်လည်း ရေးထားပါတယ်။ ကေအဲန်ယူပဒိုတစ်ယောက်ပြောကြားချက်အရ တိမသေ ၀ါဒဖြန့် တဲ့ခွေ ဆိုပြီး ရေးထားဒါ တွေ့ ရပါတယ်။ ဒီကိစ္စကို ကေအဲန်ယူထဲမှာတောင် လူကြီးတော်တော်များများမသိကြပါဘူး…
ဒီလိုဆိုရင် အားလုံးကို ခြုံကြည့်ပြီး စဉ်းစားကြည့်ရအောင်.. အခင်းဖြစ်တဲ့နေရာက တပ်မဟာ (၁)နဲ့ (၃)နယ်စပ်ကြားဒေသလို့ ကြားသိခဲ့ရပါတယ်။ တပ်မဟာ(၂)တော့လုံးဝမဖြစ်နိုင်ပါ။ တပ်မဟာ(၂)နယ်မြေမှာ ကရင်ဗုဓဘာသာ ရွာမရှိဘူး.. ခရစ်ယန်နဲ့ နတ်စားကရင်အနည်းငယ်ပဲရှိပါတယ်။
ဘာကြောင့် ဆရာတိမသေ နာမည် ပါလာရသလည်းဆိုဒါ အကြောင်းရှိပါတယ်။ ဆရာတိမသေဟာ ကေအဲန်ယူ ဗဟိုကော်မတီကနေ အဖြူတ်ခံရပြီးနောက် ကေအဲန်ယူကို လုံးဝမကြေနပ်ခဲ့ဘူး.. အဲဒီနောက်ပိုင်းမှာ ဆရာတိမသေက ဒီကေဘီအေရဲ့ နိုင်ငံခြားရေးတာဝန်ခံလုပ်နေတယ်ဆိုပြီး သတင်းထွက်ခဲ့တဲ့အချိန်ဖြစ်တယ်. သူ ကေအဲန်ယူဗဟိုကောင်မတီဝင်တစ်ဦးမဖြစ်ခဲ့လို့  ရန်ကုန်ကို ကေအဲန်ယူ သွားဆွေးနွေးတဲ့အချိန်မှာ သူမပါခဲ့ပါဘူး.. အဲဒီနောက်ပိုင်းမှာ နိုင်ငံတကာကို လှည့်ပြီး ကေအဲန်ယူကို စတင်တိုက်ခိုက်ခဲတယ်။ အဲဒီအချိန်က ယခုလို ကရင်တွေ နိုင်ငံခြားမှာ အများကြီးမရောက်သေးပါဘူး.. အဲဒါကတပိုင်း
နောက်တစ်ခုက ကေအဲန်ယူ ရန်ကုန်ဆင်းပြီး ဗမာနဲ့ ဆွေးနွေးချိန်မှာ (၂၀၀၅ - ၄- ၃၀) ဒီကိစ္စပေါ်လာဒါ သိပ်စိတ်ဝင်စားစရာကောင်းပါတယ်။ တိုက်ဆိုင်မှုတော့လုံးဝမဖြစ်နိုင်သလို ထိုဒေသတွေမှာ ကေအဲန်ယူနဲ့ ဒီကေဘီတို့ ရောယှက်ပြီး တပ်မဟာ ၇ နဲ ၆ တွေနေရာမျိုးမှာ မကြာခဏ ထိပ်တိုက်တွေ့ တဲ့နေရာမဟုတ်ပါ။ ဘာရန်ငြိုးလည်းမရှိတဲ့နေရာဖြစ်တယ်။ ငြိမ်းချမ်းရေးအတွက် ရန်သူကြားမှာ သွားဆွေးနွေးချိန်မှာ မဟာဗမာတွေထဲမှာ ကရင်နဲ့ ငြိမ်းချမ်းရေးမဖြစ်စေချင်တဲ့အုပ်စုရှိတယ်။ အကယ်၍ ဗမာနဲ့ ကေအဲန်ယူ ငြိမ်းချမ်းရေးရသည့်တိုင်အောင် ကရင်တွေ အချင်းချင်း ကမ္ဘာမကြေ အချင်းချင်းစိတ်ဝမ်းကွဲအောင် ဖန်းတီးထားခဲ့တယ်လို့  လူလတ်ပိုင်း ခေါင်းဆောင်တစ်ဦးက ကျတော့်ကို ပြောဖူးပါတယ်။ အခင်းဖြစ်တဲ့နေရာက တပ်မဟာ (၃)ဖြစ်ဖို့ များတယ်။ အခင်းဖြစ်တဲ့အချိန်က ညသန်းခေါင်ယံလို့ ပြောတယ်။ ဘယ်သူဘယ်ဝါ ၀င်ရှို့ ဒါ ဘယ်သူမှ သက်သက်ကွဲကွဲ မသိရဘူး.. နောက်ဆုံးနာမည်ထွက်လာဒါ ကေအဲန်ယူဖြစ်တယ်။ တပ်မဟာသုံး သက်ဆိုင်သူတွေကို မေးကြည့်တော့ သူတို့ လူတွေမဟုတ်ဘူးလို့ ပြောတယ် လို့ ကျတော်နဲ့ ရင်နီးတဲ့ ပဒိုလူလတ်ပိုင်းက ကျတော့်ကို ပြောဖူးပါတယ်။
- ဘုန်းကြီးကြောင်းမီးရှို့ ခံရဒါ ကေအဲန်ယူ ရန်ကုန်ဆင်းပြီး ရန်သူနဲ့ ဆွေးနွေးတဲ့အချိန်
- တိမသေ ကေအဲန်ယူ ဗဟိုကနေ ပြုတ်သွားတဲ့နောက်ပိုင်း အဲဒီနောက်မှာ ထိုအချိန်က တိမသေ ဒီကေဘီအေရဲ့ နိုင်ငံခြားရေးတာဝန်ခံ လုပ်နေတယ်ဆိုပြီး သတင်းထွက်နေတဲ့အချိန်
- ဗိုလ်ကျော်သန်းက ဗီဒီယိုထဲမှာ နိုင်ငံခြားရောက် ကရင်တွေကို ပဲ focus ပြီး ပြောသွားခြင်း
စတဲ့ ဒီအချက်ကြီးသုံးချက်ကို ခြုံပြီး သုံးသပ်ကြည့်မယ်ဆိုရင် ရန်သူရဲ့လက်ကွက်ဖြစ်ကြောင်း မပေါ်လွင်နေဘူးလား ဆိုဒါ ကျနော်တွေးမိခဲ့ပါတယ်။။
ဘာပဲဖြစ်ဖြစ် အဲခေါင်သောင့်မှ အကြံပေးပါလို့ ပြောထားတဲ့အတွက် ကျတော်သိခဲ့ရဒါတွေကို ပို့ ပေးလိုက်ပါတယ်။
စည်းလုံးညီညာစွာဖြင့်
အားလုံးကို လေးစားလျက်
စိုးဒို
၇-၁၁-၂၀၁၁

VOA
မန္တလေး-မြစ်ကြီးနား ရထားတစင်းကို KIA ဘက်က ခြုံခိုတိုက်ခိုက်ခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုကြောင့် ရထားဝန်ထမ်းတဦး အနည်းငယ် ထိခိုက်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မြန်မာအစိုးရ စစ်တပ်က KIA အပေါ် ထိုးစစ်အရှိန်မြှင့်လာတဲ့အချိန်မှာ KIA ကလည်း အခုလို တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ဒီသတင်းအပြည့်အစုံကိုတော့ ထိုင်းအခြေစိုက် သတင်းထောက် နူးပန်က တင်ပြပေးထားပါတယ်။
မန္တလေးကနေ မြစ်ကြီးနားကို တက်လာတဲ့ အစိုးရ ရထားတစ်စင်းကို KIO တပ်ရင်း ၁၁ က ခြုံခို တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ မြန်မာအစိုးရစစ်တပ်တွေ စစ်အင်အားဖြည့်ရာမှာ လက်နက်နဲ့ စစ်သားတွေကို ရထားတွေနဲ့ အဆက်မပြတ် ပို့ဆောင်နေတဲ့အချိန်မှာ ခုလို ဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပေါ်လာခြင်းဖြစ်တယ်လို့ နမ္မတီး ဒေသခံတစ်ယောက်က ခုလိုပြောပါတယ်။
“မနက်ပိုင်း ၆ နာရီခွဲ ၇နာလောက်ပေါ့နော်။ အဲအချိန်မှာ ခေါက်ပြန်ရထား မရန့်နဲ့ နမ္မတီးကြား တံတား ညီနောင်မှာ ဗုံးပေါက်ကွဲပြီးမှ စက်ဆရာကို မှန်တွေဘာတွေ ကွဲတဲ့ဟာက စက်ဆရာရဲ့ မျက်နှာမှာ နည်းနည်းပွန်းပဲ့သွားတယ်လို့ အဲဒီလို သတင်းရတယ်။ ပုံမှန်တော့ သွားနေတာပဲ။ တခြားတွဲမှာ ရဲဘော် တွေတော့ တစ်ခါတရံ လေး ငါးတွဲ ပါတယ်လို့ အဲဒီလို သတင်းတော့ ရပါတယ်။ အမြန်ရထား ဒုတိယ အမြန်တို့၊ ပထမအမြန်တို့မှာ ရဲဘော်တွေစီးပြီး တက်လာတယ်လို့ သတင်းတော့ ရပါတယ်”
မြန်မာအစိုးရစစ်တပ်တွေက ကချင်ပြည်လွပ်လပ်ရေးအဖွဲ့ KIO ရှိရာ ဒေသတလျှောက် အဆက်မပြတ် ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်အင်အားကိုလည်း ကချင်ဒေသကို ရေလမ်း၊ ကုန်းလမ်းနဲ့ နိုဝင်ဘာ လဆန်းပိုင်းကနေ ပိုတိုးဖြည့်နေတာလို့ မြစ်ကြီးနားဒေသခံတယောက်ကလည်း အခုလို ပြောပါတယ်။
“KIO ခေါင်းဆောင် ဇောင်းဟရားကို သိန်းဇော်က အပစ်ခတ်ရပ်စဲတဲ့စာ ပို့တယ်ဆိုပေမယ့် ပိုပြီးမှ စစ်အင်အား တိုးချဲ့တာကို အခါတိုင်းထက်ကို တိုးချဲ့တာကို သိရတယ်။ မြစ်ဆုံကိုလည်း ကား၂ စင်း အပြည့်နဲ့ တက်သွားတာကို သိရတယ်”
မြန်မာစစ်တပ်တွေရဲ့ ထိုးစစ်ဆင်မှုများကြောင့်လည်း ခုရက်ပိုင်း ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ် လိုင်ဇာသွားလမ်းတ၀ိုက်မှာ တိုက်ပွဲဖြစ်ပွားနေပြီး ဗန်းမော် -လွယ်ဂျယ်လမ်းပိုင်း ခ၀မ်ဘမ် (ကျောက်စခန်း) ဒေသအပြင်နဲ့ တာပိန်မြစ်၊ ရေအားလျှပ်စစ်ရှိရာ ဆန်ဂန်မှာလည်း ၃ ရက်ကြာ ပြင်းပြင်းထန်ထန် စစ်ပွဲဖြစ်နေတယ်လို့ KIO အဖွဲ့က ပြောပါတယ်။
နှစ်ဘက်အကျအဆုံးရှိရာမှာ မြန်မာစစ်တပ်ဘက်မှ အနည်းဆုံး ၂၀ ကျဆုံးပြီး KIO ဘက်ကလည်း ထိခိုက် ကျဆုံးမှုရှိကြောင်း သိရပေမယ့် အတညိပြုခြင်းတော့ မရှိသေးပါဘူး။
အခုလို တိုက်ပွဲတွေဖြစ်ပွားနေချိန်မှာပဲ တဘက်မှာလည်း ဒေသခံတွေရှိတဲ့ကျေးရွာကို မြန်မာအစိုးရက KIO တပ်ရင်း ၃ နယ်မြေ ဆန်ပိုင်နဲ့ ဂါးရားယန်ဒေမှာ အိမ်ခြေ ၅၀ ခန့်ရှိတဲ့ ကျေးရွာကို မီးရှို့ဖျက်ဆီး မှုကြောင့် ထောင်နဲ့ချီတဲ့ ဒေသခံတွေအိုးမဲ့အိမ်မဲ့ထွက်ပြေးတိမ်းရှောင်နေကြပါတယ်။ ကျေးရွာတွင်း စစ်သားများဝင်ရောက်ပြီး နေအိမ်ဖျက်ဆီးခံခဲ့ရသူ အမျိုးသမီးတစ်ဦးက ကချင်လို အခုလို ပြောပြပါတယ်။
သူပြောသွားတာကတော့- ကျမတို့ကို သူပုန်ဆိုပြီး ကလေးနဲ့ မိခင်တွေအားလုံးကို သတ်ပစ်မယ်လို့ ပြောတယ်။ တချို့ကိုတော့ နှိပ်စက်တာ၊ နှိပ်စက်တာ ခြေထောက်တွေလည်း မကောင်းတော့ဘူး။ တကိုယ်လုံးလည်း ပျက်စီးကုန်ကြပြီ။ အသက်မသေရုံတမယ်ပဲရှိတယ်။ အိမ်မှာရှိတဲ့ ပိုက်ဆံတွေ၊ အလှူငွေတွေ၊ စောင်တွေ အားလုံးလည်း သူတို့ကြိုက်တာ အကုန်ယူသွားတယ်။ ပြီးတော့ ဖျက်ဆီးတယ်။ အိမ်ကို မီးတွေ ရှို့တယ်။ ၃ ယောက်ကိုတော့ သေနတ်နဲ့ရိုက်တယ်။
ဘုရားကျောင်းပလင်ပေါ်မှာဆိုရင် သွေးတွေပဲ။ သူတို့ကိုလည်း သေနတ်နဲ့ချိန်ပြီး ခေါ်သွားကြတယ်လို့ သူက ပြောသွားတာပါ။
ကေအိုင်အေ တပ်ရင်း ၃ ရှိရာ ဌာနချုပ်ဘက်ကို အစိုးရတပ်ရင်း ၁၀ ရင်းခန့် စုပေါင်းပြီး အလုံးအရင်း ချီတက်လာနေသလို KIA ဘက်ကလည်း ခုခံတိုက်ခိုက်နေတဲ့အတွက် လမ်းတလျှောက် ကျေးရွာသားတွေလည်း နှိပ်စက်ဖမ်းဆီးမှုခံရပြီး ဒေသခံတွေလည်း နယ်စပ်ကို ထောင်ချီထွက်ပြေး တိမ်းရှောင်နေကြတယ်လို့ ပြောပါတယ်

နိုင်ငံခြားသားနဲ့သတင်းသမားတစ်ချို့  ဦးသိန်းစိန်နဲ့
အင်တာဗျူးတစ်ခုမှာအောက်ပါမေးခွန်းကိုမေးခဲ့ကြပါသတဲ့။
မေး ။ ။ သမတကြီးဦးသိန်းစိန်ခင်ဗျား အခုဗမာ့တပ်မတော်နဲ့  တိုင်းရင်းသား
လက်နက်ကိုင်တစ်ချို့ တို့အပစ်အခတ်ရပ်ဆဲနေမှုအပေါ်တကယ်ဘဲငြိမ်းချမ်းရေး
ကိုဖေါ်ဆောင်ပေးဘို့ရည်ရွယ်ထားပါသလား
ဖြေ....ဦးသိန်းစိန်။ ။ အ ဟ ဟ သြ အဲတာလား ဒီလောက်တောင်မှ အပုပ်နှံ့တထောင်းထောင်း
နဲ့ နှံစော်နေတဲ့ ငါတို့လို မဲသူခိုး မုဒိန်းလူသတ်အစိုးရရဲ့ ဂတိစကား
ကိုယုံရဲတဲ့ကောင်တွေဟာ ကလေးချေးမှန်းမသိ ပဲဟင်းမှန်းမသိ
နိုက်စားချင်ကြတဲ့ နာခေါင်းမျက်စိမပါတဲ့ ငကြောက်အကောင်တွေဘဲရှိကြတော့မှာပေါ့ လို့ပြန်ဖြေပါသတဲ့။

KNG
ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ် နယ်နိမိတ်တွင် နိုဝင်ဘာ (၆) ရက် တနင်္ဂနွေနေ့၌ မြန်မာအစိုးရ တပ်ကူစစ်ကြောင်းအား ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA)က ခြုံခိုတိုက်ခိုက်သဖြင့် မြန်မာတပ်သား ၇ ဦး ကျဆုံးသည်ဟု မျက်မြင်များပြောသည်။
ကျဆုံးသူများသည် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(ရမခ)လက်အောက်ခံ နောင်ချို နယ်မြေခံ ခမရ (၅၀၄) နှင့် နမ့်လန် နယ်မြေခံ ခမရ (၅၀၅) မှ တပ်သားများဖြစ်သည်ဟု KIA အရာရှိများပြောသည်။
ယင်းစစ်ကြောင်းမှာ ကိုင်ထိပ်တွင် စခန်းချနေသည့် ဆားမှော်နယ်မြေခံ ခလရ (၁၀၅)တပ်သို့ တပ်ကူသွားစဉ် မန်ဝိန်းနှင့် ကိုင်ထိပ်ကြား လမ်းတွင် KIA တပ်ရင်း (၂၇) က ခြုံခိုတိုက်ခိုက် ခံလိုက်ရခြင်းဖြစ်သည်ဟု ဆိုသည်။
ကိုင်ထိပ်စခန်းထဲ ၀င်ရောက်မည့်လမ်းကြောင်းများအား ဇွန်လကတည်းက ပိတ်ဆို့ထားကာ ရံဖန်ရံခါ ၎င်းစခန်းအား KIA က တိုက်ခိုက်သည်ဟု သိရသည်။
ထို့အပြင် တနင်္ဂနွေနေ့ကပင် တပ်ကူလာသော အခြား မြန်မာအစိုးရစစ်ကားတစ်စီးအား ရှမ်းပြည်တပ်မတော် မြောက်ပိုင်း (SSA-N)က နမ့်ခမ်းတွင် ဗုံးခွဲတိုက်ခိုက်လိုက်သည်။ သို့သော် သေကြေဒဏ်ရာရမှု ရှိမရှိ မသိရကြောင်း ဒေသခံများပြောသည်။
နောက်တစ်နေ့ နိုဝင်ဘာ (၇) ရက် ညနေပိုင်းအထိ ၎င်းတပ်ကူစစ်ကြောင်းနှင့် KIA တို့ ဆက်လက်ပစ်ခတ် နေကြသည်ဟု တိုက်ပွဲတွင်ပါဝင်သည့် တပ်ရင်း (၁) နှင့် (၂၇) မှ KIA အရာရှိများပြောသည်။
ပိတ်ဆို့ထားသည့် ကိုင်ထိပ်စခန်းသို့ ရောက်ရှိနိုင်ရန် မြန်မာအစိုးရတပ်က ကြိုးစားနေသည့်အတွက် တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်သည်ဟုလည်း KIA အရာရှိများ သုံးသပ်ကြသည်။

ထွန်းထွန်း | တနင်္လာနေ့၊ နိုဝင်ဘာလ ၀၇ ရက် ၂၀၁၁ ခုနှစ် ၁၈ နာရီ ၅၀ မိနစ်
နယူးဒေလီ (မဇ္ဈိမ) ။ ။ ကရင်ပြည်နယ် ဖာပွန်ခရိုင်အတွင်းရှိ မဲ့ဆာလတ်ရွာ ဆိပ်ကမ်းရှိ ကုန်တင်သင်္ဘော တစင်း တနင်္ဂနွေနေ့က ချိန်ကိုက်ဗုံးဟု ယူဆရသည့် ဗုံးတလုံးပေါက်ကွဲမှုကြောင့် ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။
အဆိုပါ မဲ့ဆာလတ်ရွာ ဆိပ်ကမ်းမှာ သံလွင်မြစ်ပေါ်တွင် တည်ရှိပြီး ပျက်စီးခဲ့သည့် ကုန်တင်သင်္ဘောမှာ ကျွဲ၊ နွား
ကောင်ရေ အနည်းဆုံး ၈ဝ ခန့် တင်ဆောင်နိုင်သည်ဟု သိရသည်။
ယင်းပေါက်ကွဲမှု နံနက် ကိုးနာရီခွဲခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ ပေါက်ကွဲမှုကြောင့် ကုန်တင်သင်္ဘောမှာ ခါးလည်မှ
နှစ်ပိုင်းကျိုးကာ ပျက်စီးခဲ့သည့်အပြင် ဆီဗုံး ၃၀ မှ ၅၀ ထိ တင်နိုင်သည့် အခြား လှေနှစ်စင်းလည်း ပျက်စီးခဲ့သည်။
ယင်းကုန်တင်သင်္ဘောမှာ ထိုင်းနိုင်ငံသားပိုင် သင်္ဘောဖြစ်ကာ မြန်မာနိုင်ငံဘက်တွင် မှတ်ပုံတင်၍ ကုန်စည် ပို့ဆောင်ရေး လုပ်ဆောင်နေသည်ဟု ဒေသခံများ အဆိုအရ သိရသည်။
“သင်္ဘောက အနည်းဆုံး ကျွဲ၊ နွား အကောင် ၈၀ ထိ တင်လို့ ရတယ်။ လူတွေ ဘာတွေတော့ မထိခိုက်ဘူး။ အချိန်ကိုက်ဗုံးပဲ ထင်တယ်။ ကျိုးသွားတဲ့နေရာ သွားပြန်တွေ့တယ်၊ ဓာတ်ခဲငါးလုံး” ဟု မဲ့ဆာလတ် ရွာသားတဦးက မဇ္ဈိမကို ပြောသည်။
“အဲဒီဗုံးက ကျည်ဆံတွေ ပါ၊ မပါတော့ မသိဘူး။ ယမ်းအများကြီး ထည့်ပြီး ခွဲတဲ့ဗုံးမျိုး။ ကြီးတော့ ဘေးနားက လှေက
လေး၊ ဆီအပုံး ၃၅၊ ၅၀ လောက် တင်တဲ့ လှေနှစ်စီးကတော့ နှစ်ခြမ်း ခြမ်းသွားတယ်။ အဲဒီဗုံး တင်ထားတဲ့ လှေကြီး ကတော့ နှစ်ပိုင်း ပိုင်းသွားတယ်။ အလယ်ကောင်ကနေ နှစ်ပိုင်းကျိုးသွားတယ်” ဟု သူက ဆက်ပြောသည်။
အဆိုပါ ဗုံးကွဲမှုမှာ မှန်ကန်ကြောင်းနှင့် မည်သို့မည်ပုံ ဖြစ်သည်ကိုမူ အသေးစိတ် မသိသေးရကြောင်း ယင်းပေါက်ကွဲ ရာ နေရာနှင့် နီးစပ်သည့် ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်၌ တပ်စွဲထားသည့် ကျောင်းသား တပ်မတော် ABSDF ထံမှ စုံစမ်းသိရှိရသည်။
“သံလွင်မြစ်ကမ်းနားက ရွာတရွာရဲ့ လှေဆိပ်မှာ လှေအကြီး တစင်းပေါ့။ အဲဒီလှေအကြီးတစင်းမှာ ဗုံး ဒါမှမဟုတ် မိုင်းတခု ကွဲတယ်လို့ ဆိုပါတယ်။ အဲဒီလောက်ထိပဲ ကျနော်တို့ သိပါသေးတယ်။ Report တွေကတော့ မလာသေးဘူး” ဟု တာဝန်ခံဖြစ်သူ ရဲဘော်ဝင်းတင့်ဟန်က ပြောဆိုသည်။
အဆိုပါသင်္ဘောမှာ စစ်အစိုးရတပ်များက တပ်အပြောင်းအလဲ လုပ်ရန် အတွက် ကူညီပေးရန် လုပ်ဆောင်ခဲ့သည့် အတွက် ဖောက်ခွဲခံရခြင်းဖြစ်နိုင်ကြောင်း ဒေသခံများက ပြောဆိုလျက်ရှိသည်။
ယခုအချိန်အထိ ပေါက်ကွဲခံရသည့် သင်္ဘောကို ပျက်စီးမှုအတိုင်း ဆက်လက်ထားရှိထားပြီး အစိုးရ အာဏာပိုင်များက လုံခြုံရေးချထားကာ စုံစမ်းမှုများ ပြုလုပ်လျက်ရှိသည်။
“နအဖစစ်တပ်က ဒါးကွင်းအနီးက ဒီသော်လေးထကို ပြောင်းမယ်။ တပ်ပြောင်းတာတော့ မဟုတ်ဘူး။ တပ်ချိန်းတာ
ပေါ့။ အဲဒီတပ်ချိန်းတဲ့ဟာကို သွားပို့ပေးဖို့ အကူအညီတောင်းတယ်။ အဲဒီဘက်က ထောက်လှမ်းရေးတွေ ဘာတွေ က မြင်သွားတာမို့လို့ အဲဒီဘက်က စွပ်စွဲတာတွေ ရှိမှာပဲ။ လာမှာက ဖာပွန်က လာမယ့် တပ်တွေပဲလေ။ တပ်ရင်း ၃၀၂ လား ဘာလား မသိဘူး” ဟု ယင်းရွာဒေသခံက ပြောသည်။
ယင်း မဲ့ဆာလတ်ဆိပ်ကမ်းအား သော်လေးထ ဆိပ်ကမ်းဟုလည်း ခေါ်ဆိုသည်ဟု သိရသည်။ ဖောက်ခွဲမှုနှင့် ပတ်သက်၍ မည်သည့် လက်နက်အဖွဲ့၏ လုပ်ရပ်ဆိုသည်ကိုမူ ယခုအချိန်အထိ အတည်မပြုနိုင်သေးပေ။
ယင်းပေါက်ကွဲမှုသတင်းကို ကြားသိသော်လည်း မိမိအနေဖြင့် မည်သူလုပ်ကိုင်သည်ကိုမူ မပြောဆိုနိုင်သေးကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၇ မှ တပ်ရင်းမှူးတဦးက ပြောဆိုသည်။
“ဗုံးကတော့ သူ့ဟာသူနေရင်တော့ မပေါက်တတ်ဘူးဗျ။ လူတွေလုပ်လို့ ပေါက်တာပဲဗျာ။ အဲဒီတော့ ဘယ်သူ လက်ချက်လဲတော့ ကျနော်တို့လည်း မနီးဘူးဗျ။ ” ဟု ကရင်ပြည်နယ် ဖုတ်ဖရမြို့နယ်ရှိ KNU တပ်မဟာ ၇၊ ၁၀၁ တပ်ရင်းမှူး ဗိုလ်မှူးစောဖောဒိုက ဆိုသည်။

မိတ်ဆွေတယောက် ပေးလိုက်ပြီး ခွေအဖုံးမှာတော့ ဒီကေဘီအေ ၀ါဒဖြန့်လို့ ရေးထားပါတယ်။ ဒီခွေ ယူကျူ့ပေါ် မတင်ခင် အချိန်ထိ ယခုခွေနဲ့ ပတ်သက်ပြီး ကေအဲန်ယူ ဗဟိုက ပဒိုတယောက်နဲ့ ဖုန်းစကား ပြောပါသေးတယ်။ သူပြောတာက တီမသေ ကနေ ၀ါဒဖြန့်ပြီး ရိုက်တာလို့ ပြောပါတယ်။ သူပြောတာ အခုခွေလား တခြားခွေလား ဆိုတာတော့ အတည်ပြုလို့တော့ မရပါဘူး။
ဒါပေမယ့် ဒီခွေ တခုလုံးကို ခြုံပြီး ကြည့်ရင် ဖြစ်ပျက်တဲ့ အချိန်က ဘိုချုပ်မြ ရန်ကုန်ဆင်းပြီး ငြိမ်းချမ်းရေး စကားပြောနေချိန် ၂၀၀၄/၂၀၀၅ခုနှစ် ပတ်ဝန်းကျင်ကလို့ ယူဆလို့ ရပါတယ်၊ နေရာလည်း တပ်မဟာ ၁၊၂၊ ၃ထဲကပဲ ဖြစ်ဖို့ များပါတယ်။ ဒီခွေက ခုနက ပဒို ပြောသလို လုပ်ကြံတာလား အမှန်အကန်လား ဆိုတာကတော့ အားလုံး သုံးသပ်ပြီး အတည်ပြုကြပါ။ နောက်ပြီး ဘာဆက်လုပ် သင့်လည်း ဆိုတာလည်း အကြံပေးကြပါ၊
ဒီခွေတင် လိုက်တာနဲ့ ပတ်သက်ပြီး လက်ရှိ ကေအဲန်ယူနဲ့ နားလည်မှုယူထားတဲ့ ဒီကေဘီအေ အဖွဲ့တွေ၊ ဘာသာကွဲပြားနေတဲ့ ကရင့်တော်လှန်ရေး သမားတွေနဲ့ ကရင်လူထုတွေ ကြားထဲ ပြသာနာပိုကြီးထွားစေချင်တဲ့ စိတ်ဆန္ခအလျင်း မရှိပါဘူး။ ချေးခြောက် ရေနူးနေတာလည်း မဟုတ်ပါဘူး။ မိမိတို့ ကရင်လူမျိုးတွေထဲမှာ ဘာသာရေးနဲ့ ပတ်သက်ပြီး ပြသာနာ ရှိနေတယ်ဆိုတာ မီးမောင်း ထိုးပြချင်လို့ပါ။ အနာကို သိဖို့လိုပါတယ်။ အနာကို မသိရင် ဆေးကုလို့ မရတာတော့ပဲ အနာရင့်လာရင် ကုမရတော့တဲ့ အခြေအနေမျိုး ဖြစ်လာနိုင်ပါတယ်။
ဒါကြောင့် မိမိတို့ ကရင်အမျိုးသားတွေ ကြားထဲမှာ ဘာသာ ယုံကြည်မှု အမျိုးမျိုးရှိပြီး ကိုယ့်ဘာသာမှ ကိုယ့်ဘာသာ အစွန်းရောက်ပြီး တခြားဘာသာကို အပြန်အလှန် လေးစားမှု မရှိကြရင် စည်းလုံး မှု မရှိနိုင်တာကို နားလည်းထားဖို့ လိုပါတယ်။ ၉၄ကေအဲန်ယူ ဒီကေဘီအေ ကွဲကြတဲ့ အချိန် ဘာသာရေး ပယောဂတွေကနေ စတင်လာခဲ့တာပါ၊ အဲဒါကို ဘာသာရေ ပြသာနာလို့ မမြင်ပဲ ရန်သူရဲ့ ထိုးခွဲမှုတခုကိုပဲ လက်ညှိးထိုး စွတ်စွဲပြီး ကိုယ့်မှာ ရှိနေတဲ့ ပြသာနာကို ရန်သူရဲ့ လုပ်ရပ်ဆိုပြီးတော့ပဲ အမြဲတမ်း ပြောဆို အပြစ်ဖို့ ခဲ့ကြပါတယ်။ အဲဒီလို ပြောလိုက်လို့ ကိုယ့်မှာ ရှိနေတဲ့ ပြသာနာတွေကို ဖုံးဖိသလို ဖြစ်သွားစေသလို အဖြေမှန်ကိုလည်း မရှာနိုင်ခဲ့ကြပါဘူး။
ဒါကြောင့်လည်း ကျနော်တို့တွေ သင်ခန်းစာ မယူနိုင်ပဲ တော်လှန်ေ၇း နယ်မြေကနေ တဆင့် ဒုက္ခသည်စခန်း၊ အဲဒီကနေတဆင့် တတိယနိုင်ငံအထိ အဲဒီ ပြသာနာတွေ ပါလာခဲ့ပါတယ်။ ကျနော်တို့ ကရင်တွေကြားထဲမှာ ဘာသာရေးနဲ့ပတ်သက်ပြီး နားလည်မှုယူဖို့ အတော်ကြိုးစားရအုံးမှာ ဖြစ်ပါတယ်။ ယနေ့ တတိယနိုင် ငံရောက်နေတဲ့ ကရင့်လူမှု အဖွဲ့အစည်းတွေ ကြားထဲမှာလည်း ဘာသာရေးကို အခြေခံပြီး ကွဲကြတာတွေ များပါတယ်၊ ဘာသာတခုထဲမှာတင် ဂိုဏ်းမတူပဲ မှိုလိုပေါက်ပြီးကွဲနေတဲ့ နိုင်ငံတကာက ကရင်အဖွဲတွေ ကရင်တော်လှန်ရေးထဲက အကွဲအပြဲထက်ပင် ပိုတောင် များပါသေးတယ်။ မယုံရင် ကရင်တွေ ရောက်နေတဲ့ နိုင်ငံတော်တော် များများကို လိုက်လေ့လာကြည့်ပါ။
ဒါကို ကြည့်ခြင်းအားဖြင့် တော်လှန်ရေးကနေ ရှိနေတဲ့ ပြသာနာတွေဟာ ဒုက္ခသည် စခန်းတွေကနေတဆင့် တတိယနိုင်ငံကို လိုက်ပါလာသလို သင်ခန်းစာယူပြီး ပြုပြင်ပြောင်းလဲ၊ နားလည်မှုတွေ ရှိလာရမယ့်အစား ပြသာနာပိုလို့ပင် ကြီးထွားတာကို တွေ့ရပါတယ်။ ငယ်ငယ်တည်းကနေ ဘာသာရေးမှိုင်း တိုက်ခံထိတဲ့ လူငယ်အတော်တော် များများလည်း ရှိလာပြီး အနာဂတ် အမျိုးသား ပန်တိုင် ချီတက်ရာတွင် အနှောင့်အယှက်တွေ ရှိလာနိုင်ပါတယ်။ နောက်ပြီး အမျိုးသားရေးထက် ဘာသာရေးကို နံပါတ်၁ ထားချင်တဲ့လူ ရာခိုင်နှုန်း များလာပါတယ်၊
တနှစ် တကြိမ် ကရင့် နေ့ထူးနေ့မြတ်ကိုပင် ပုံမှန် သွားနေကျ ဘာသာေ၇းကိစ္စနဲ့ တိုက်ဆိုင်သွားရင်တောင် ကရင့်နေ့ထူးနေ့မြတ် ရက်တွေကို မသွားတဲ့လူတွေလည်း များလာပါတယ်။ လူမျိုးချင်းအတူတူ ဘာသာကွဲပြီး အိမ်ထောင်ပြုကြတဲ့အခါ အခက်အခဲအမျိုးမျိုးကို ရင်ဆိုင် ပေါင်းစပ်ခဲ့ရသော်လည်း လူမျိုးခြားပြီး ဘာသာတူတွေ အိမ်ထောင်ပြုတဲ့ အခါမှာတော့ လျောလျောလျှုလျု ဖြစ်တာကို အံသြစွာ တွေ့ခဲ့ရပါတယ်။
ရေခြားမြေခြားမှာ ကိုယ့်လူမျိုး တည်တံ့ဖို့ ထိမ်းသိမ်းရမယ့်အချိန်မှာ ဘာသာတူရင် ပြီးရောဆိုပြီး သားသမီးတွေကို တခြားလူမျိုးလက်ထဲ တာဝန်မဲ့စွာ ထိုးအပ်ပြီး မျိုးရိုးထိမ်းသိမ်းမှု ပျက်ကွက်လာကြပါပြီး။ ယနေ့ ကျနော်တို့လို အဖိနှိမ့်ခံ လူမျိုးတွေ လိုအပ်နေတာက စည်းလုံး ညီညွတ်မှုပါ၊ စည်းလုံးညီညွတ်မှု မရှိရင် ဖိနှိမ့်ခံဘ၀ကနေ ရုန်းထွက် နိုင်မှာ မဟုတ်ပါဘူး။ စည်းလုံးဖို့အတွက် အမျိုးသားရေး အကျိုးစီးပွား တခုကိုပဲ ကြည့်ပြီး တခြားအရာတွေကို ဘေးမှာ ခဏတာ ထားပြီး အမျိုးသားရေးကို နံပါတ် ၁နေရာမှာ အားလုံး ပြန်ထားဖို့ လိုအပ်နေပြီးလို့ ယူဆမိပါတယ်
ဒီမှတ်တမ်းထဲက စကားပြောသွားတဲ့ သူဟာ တချိန်က ဒီကေဘီအေ၇ဲ့ စစ်ဦးစီးချုပ်ဖြစ်သူ ဗိုလ်ချုပ်ကျော်သန်းဖြစ်ပြီး ယခု ဒီကေဘီအေ နယ်ခြားစောင့်တပ် အသွင် ပြောင်းသွားချိန်မှာ အကြံပေးသူ တယောက်အဖြစ် ပါဝင်ခဲ့ပါတယ်။ သူပြောတဲ့ ကရင်ဘာသာလို အကြောင်းအရာတွေကို ဗမာဘာသာလို ဆက်လက်ဘာသာပြန်ပြီး တင်ပြပေးပါအုံးမယ်။
လေးစားစွာဖြင့်
အဲခေါင်သောင့်

မိုးမခ
Nyein Wai – ယာယီအတိုက်အခိုက်ရပ်စဲသည့်နေ့က ကျဆုံးသော ရဲဘော်သို့
နိုဝင်ဘာ ၆၊ ၂၀၁၁
လွန်ခဲ့တဲ့လထဲက အင်တာနက် သတင်းဌာနတစ်ခုမှာ ကချင်ပြည်နယ်ထဲက တိုက်ပွဲတပွဲအကြောင်း ရိုက်ထားတဲ့မှတ်တမ်းတင်ဗွီဒီယိုကို ကျနော် ကြည့်ရပါတယ်။
မီးစွဲလောင်နေဆဲဖြစ်တဲ့ ကားတစင်း၊ မီးကျွမ်းသွားပြီးဖြစ်တဲ့ နောက်ထပ်ကားတစင်း၊ မီးလောင်ထားတဲ့ကားပေါ်မှာ အစိုးရစစ်တပ်က သေ ဆုံးနေတဲ့စစ်သားတွေ။ သူတို့တကိုယ်လုံး မီးသွေးခဲလိုဖြစ်နေတာ၊ ရုပ်ပျက်ဆင်းပျက်သေဆုံးနေကြတာ။ လမ်းဘေးတောစပ်မှာလည်း ဟို တလောင်း သည်တလောင်း။
ပြီးတော့ လက်နောက်ပြန်ကြိုးတုတ်ခံထားရတဲ့ အစိုးရစစ်သား သုံ့ပန်းနှစ်ယောက်။ နောက်ထပ် လက်ရဖမ်းမိထားတဲ့ အစိုးရစစ်တပ် စစ် ဗိုလ်တစ်ဦး။ စစ်ဗိုလ်လုပ်သူက စကားကို ပီပီသသတောင်မှ ပြောမထွက်နိုင်လောက်အောင် ထိတ်လန့်နေတဲ့မျက်နှာ။
ဒီအစိုးရစစ်သားအလောင်းတွေနဲ့ လက်ရဖမ်းဆီးမိခဲ့တဲ့စစ်ဗိုလ် စစ်သားတွေဟာ ကချင်လက်နက်ကိုင်အဖွဲ့များရဲ့ ခြုံခိုတိုက်ခိုက်တာခံရတဲ့ သူတွေပါ။ ကချင်လက်နက်ကိုင်အဖွဲ့များရဲ့လက်မှာကျရောက်သွားတဲ့ အစိုးရစစ်သား သုံ့ပန်းတွေပါ။
ဒီဗီဒိုယိုခွေကို အင်တာနက်ပေါ်တက်လာနိုင်တဲ့လူတိုင်း တွေ့နိုင်ကြမှာပါ။ တခြားကြည့်ရှုခွင့်ရတဲ့သူတွေ ဘယ်လိုခံစားကြရသလဲဆိုတာ မခန့်မှန်းတတ်ပေမယ့် ကျနော်ကတော့ သုံးလေးရက် အဲဒီမြင်ကွင်းတွေကိုပဲ ပြန်ပြန်စဉ်းစားနေမိပြီး မေးခွန်းတချို့ကိုလည်း စိတ်ထဲက အထပ်ထပ်အခါခါ မေးနေမိပါတယ်။
ကျနော်တို့နိုင်ငံမှာ အခုလို အသေအကြေ ပစ်ခတ်တိုက်ခိုက်သတ်ဖြတ်ဖို့အတွက် ဒီစစ်ပွဲဟာ တကယ်ကောလိုအပ်နေသေးလို့လား။ စစ် သားတွေကို စစ်တိုက်ဖို့လွှတ်လိုက်တဲ့ စစ်ဗိုလ်ချုပ်တွေဟာ အခုလို စစ်သားတွေ စစ်မြေပြင်မှာ ရုပ်ပျက်ဆင်းပျက် သေဆုံးနေကြရတဲ့ ဒီဗီဒီ ယိုအခွေကိုကြည့်ပြီး ဘယ်လိုခံစားချက်များရှိနေကြပါ့မလဲ။ ဒီလိုအခြေအနေနဲ့ ဒီလိုအချိန်အခါမျိုးမှာ စစ်သားတွေသေဆုံးစေတဲ့ ဒီနည်းနဲ့ ကိုယ်ဖြစ်စေချင်တဲ့ဆန္ဒကို ဖြည့်ဆီးယူတယ်ဆိုရင်လည်း အဲဒီဆန္ဒဟာ ဘယ်လိုဆန္ဒအမျိုးအစားမျိုးပါလိမ့်။
တခါသေဆုံးသွားကြရတဲ့ စစ်ဗိုလ် စစ်သားတွေရဲ့ ကျန်ရစ်သူမိသားစုတွေက ဒီဗီဒီယိုအခွေကိုကြည့်ပြီး ဘယ်လိုခံစားနေကြရမလည်း။ ဒို့ ခေါင်းဆောင် ဒို့ဗိုလ်ချုပ်ကြီးတွေအတွက် ဒို့လင်သားတွေ ဒို့ဖခင်တွေ အခုလိုသေနေကြရတာ ဂုဏ်ယူစရာပါကွာဆိုပြီး လူပုံအလယ်မှာ ဝံ ကြွားနေကြလိမ့်မယ်ဆိုတဲ့အတွေးကို တစုံတယောက်ကများတွေးမိရင် အဲဒီလိုတွေးတဲ့လူဟာ ကျန်းမာရေးကောင်းတဲ့လူတော့ ဘယ်နည်းနဲ့ မှ မဖြစ်နိုင်ဘူးလို့ဆိုကြရမှာပါ။ ဒီကြားထဲ ဒီကနေ့စစ်သားတွေ သေကြရပြီးနောက်တနေ့ကျတော့ တခါစိတ်ကူးပေါက်ပြီး အပစ်အခတ်ရပ်စဲတဲ့ အလုပ်ကို ဒီစစ်ဗိုလ်ချုပ်တွေကပဲ ကောက်ခါငင်ကာထလုပ်ချင်လုပ်နေဦးမှာ။ ဒါဆိုရင် အပစ်အခတ်မရပ်စဲခင် သေကြရတဲ့ စစ်သားတွေရဲ့ အဖြစ်ကို ကျနော်တို့ ဘယ်လိုမှတ်တမ်းတင်ကြမလဲ။ တကယ့်ကို အမြင် အသိ တိုလွန်း ကန်းလွန်းလှတဲ့ စစ်ဗိုလ်ချုပ်တွေက ဒီလို ခေတ်ကြီး မှာ စစ်ပွဲတွေကို အာသာတငမ်းငမ်းဖြစ်နေတယ်ဆိုတဲ့အမြင်မျိုးနဲ့လည်း ကျနော် မပစ်မှားရက်ပါဘူး။
ဝမ်းနည်းဖို့အကောင်းဆုံးကတော့ စစ်မြေပြင်မှာ လူတွေ၊ စစ်သားတွေ၊ သေကြေ ထိခိုက်နေတဲ့ နေ့စဉ်အဖြစ်အပျက်တွေနဲ့ပတ်သက်ပြီး လွှတ်တော်နှစ်ရပ်စလုံးမှာ တက်ရောက်နေကြတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေဟာ အသံခပ်တိုးတိုးလေးပဲ ရှေ့ပြော နောက်ကြည့် အနေ အထားမျိုနဲ့ ပြောဆိုဆွေးနွေးကြရတဲ့အချက်ပါပဲ။
ကျနော်တို့တိုင်းပြည်ရဲ့ လတ်တလော အရေးအကြီးဆုံးပြဿနာတွေထဲမှာ လူတွေ နေ့တိုင်းသေနေကြရတဲ့ ဒီပြည်တွင်းစစ်ပြဿနာဟာ တကယ်တော့ နေ့ရွှေ့ ညရွှေ့လုပ်နေလို့ရတဲ့ကိစ္စမဟုတ်ပါဘူး။ ဒါဆိုရင် ဒီလွှတ်တော်နှစ်ရပ်စလုံးဟာ ဒီတိုင်းပြည်မှာ လူတွေအချင်းချင်း သတ်ဖြတ်နေကြရတဲ့အဖြစ်ကို ရှောင်ကွင်းပြီး ရပ်ကွက်ထဲက ကလေးတွေမုန့်လုစားတဲ့ကိစ္စမျိုးလောက်ကိုပဲ ဖြေရှင်းပေးနိုင်တဲ့ လွှတ်တော် တွေများ ဖြစ်နေသလား။ ကျနော် အဲသလိုလည်း မယုံကြည်ချင်ပါဘူး။
သက်တော်ရှည် ငြိမ်းချမ်းရေးသမား ကဗျာဆရာကြီးဒဂုန်တာရာက ဒီတိုင်းပြည်မှာ စစ်မက်ဖြစ်ပွားမှုတွေ စပ်စဲဖို့ ကြေညာချက်ထုတ်တဲ့အခါ တပ်မတော်ထဲမှာ ငြိမ်းချမ်းရေးကိုမလိုလားတဲ့သူ ရှိမယ်ထင်တယ်လို့ပြောခဲ့ပါတယ်။ ဒီစကားကို အခြေခံပြီးစဉ်းစားရင် လက်ရှိစစ်ပွဲတွေ အပြင်းအထန်ဖြစ်ပွားလာနေတာကိုထောက်တော့ လွှတ်တော်နှစ်ရပ်စလုံးရဲ့နောက်မှာ စစ်လိုလားသူ သိန်းငှက်တစ်အုပ် ရှိနေတဲ့သဘောများ လား။ အတော့်ကို စိတ်မချမ်းမြေ့စရာကောင်းတဲ့ အခြေအနေမျိုးပါ။
မှန်ပါတယ်။ ကျနော်တို့နိုင်ငံကပြဿနာတွေဟာ တနေ့တည်း တရက်တည်းနဲ့ ဖြေရှင်းလို့မရနိုင်တဲ့ပြဿနာတွေဖြစ်တယ်ဆိုတာ မငြင်းပါ ဘူး။ ဒါပေမယ့် လက်ရှိတိုင်းပြည်မှာ အာဏာအရှိဆုံးပုဂိုလ်တွေဟာ ဖြေရှင်းရခက်တဲ့ပြဿနာတွေကို အခုဖြစ်နေတဲ့စစ်ပွဲတွေက ပိုပြီး ခက် ခဲရှုပ်ထွေးအောင် လုပ်နေသလိုဖြစ်နေတယ်ဆိုတာ မတွေးမိကြလို့များလား။ ဒီလိုလည်း မဖြစ်နိုင်ပါဘူး။ သူတို့က တိုင်းပြည်ကို နှစ်ပေါင်း ရာစုတဝက်ကျော် အုပ်ချုပ်လာခဲ့ကြသူတွေပဲဟာ။ ဒါဆိုရင် ဘာပြုလို့ ပြည်တွင်းစစ်မီးကို ဓါတ်ဆီထပ်လောင်းနေကြတာများလဲ။ ပိုပြီး စိတ်မသက်မသာဖြစ်စေတဲ့အချက်က `ဝ´ လို လက်နက်ကိုင်အဖွဲ့မျိုးကြတော့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာကို ဘေးချိပ်ပြီး နယ်ခြားစောင့် တပ်အသွင်ပြောင်းရေး မလုပ်ခိုင်းတော့ဘူးဆိုပြီး လက်မှတ်ထိုး သဘောတူလို့ရတယ်ဆိုရင် တခြားတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ ကိုလည်း ဘာပြုလို့ အဲသလို ဖြေရှင်းဖို့ မလုပ်နိုင်ကြတာလဲ။ ဘာပြုလို့များ စစ်သားတွေကို သတ်ကွင်းထဲ ဆင်းသွားဖို့ အမိန့်ပေးခဲ့ကြတာလည်း။ ကျနော် မတွေးချင်လောက်အောင်ကိုပဲ ထိတ်လန့်မိတယ်။ စိုးရိမ်မိတယ်။ ကျနော်တို့တိုင်းပြည်ဟာ တကယ့်ကို ကံဆိုးလှပါတယ်။
ခေတ်မမီတော့ပါဘူး။ သဘောထားကွဲတဲ့ တိုင်းရင်းသားတွေကို စစ်တိုက်ပြီး အညံ့ခံခိုင်းတဲ့လုပ်ရပ်မျိုးကို ပြည်ထောင်စုမပြိုကွဲရေးအတွက် လုပ်ရတာဖြစ်တယ်ဆိုတဲ့ ဝါဒဖြန့်မှုမျိုးဟာ တကယ့်ကို တန်းမမီလှတော့ပါဘူး။ ဒီလိုအယူအဆ ဒီလိုနည်းဟာ တိုင်းပြည်တခုရဲ့ခေါင်းဆောင် တာဝန်ရှိသူများအဖို့ မကိုင်စွဲသင့်တဲ့ ခပ်တိမ်တိမ် ခပ်တုံးတုံး အယူအဆပါ။ အတွေးအခေါ်တွေနည်းပညာတွေ ကမ္ဘာနဲ့ချီပြီး အခုလို အလျင်အမြန် ခုန်ပျံပေါက်ကွဲထွန်းကားနေတဲ့အခြေအနေမျိုးမှာ ကိုယ့်ရှိတဲ့သေနတ်အစုတ်ကလေး ခါးခြားက ခဏခဏ ထုတ်ချိန်ပြရတာကို ကျေနပ်နေတဲ့ အဲသလိုဒဿနမျိုး အဲသလိုပြဿနာဖြေရှင်းနည်းမျိုးဟာ ပေမီ ဒေါက်မီတဲ့ အလုပ် ကြပ်ပြည့်တဲ့ အလုပ်မဟုတ်တော့ဘူးဆိုတာ ဘယ်ပညာတတ်မဆို သိနေတဲ့ကိစ္စပါ။
ကျနော်ထင်တယ်လေ။ တကယ်တော့ လက်ရှိတိုင်းပြည်မှာ တာဝန်အရှိဆုံးပုဂိုလ်တွေဟာ အခုတိုက်နေတဲ့စစ်ပွဲဟာ တကယ်ပဲ ပြည် ထောင်စုမပြိုကွဲရေးအတွက် တိုက်နေတဲ့စစ်ပွဲအဖြစ် တကယ်ယုံကြည်လို့ စစ်သားတွေကို စစ်မြေပြင်ဆီလွှတ်နေကြတာ ဟုတ်မယ်မထင် ပါဘူး။ တခြားအကြောင်းတော့ ရှိကိုရှိရပါလိမ့်မယ်။ ဘာပြုလို့လည်းဆိုတော့ သူတို့က တိုက်သာတိုက်နေရတာ မျက်နှာတော့ တော်တော် ပြောင်ပြောင်ထားပြီး တိုက်နေရတဲ့သဘောက သိသာလွန်းနေလို့ပါ။ ဒီလို အခင်းအကျင်းက နေ့စဉ်လူတွေ သေနေရတဲ့ စစ်ပွဲကြီးတပွဲ တိုက်နေတာကို လွှတ်တော်ရဲ့ကန့်လန့်ကာနောက်မှာ လူတစုက ကြိတ်ဝိုင်းလုပ်ပြီး စစ်မီးမွှေး စစ်မီးအားပေးလုပ်နေတဲ့ အခင်းအကျင်း သဘော ဖြစ်မနေစေဘူးလား။ ဒါကြောင့်မို့လည်း ဒီအချက်က သူတို့အတွက် အထိမခံရွှေပန်းကန်ကိစ္စမို့ အခုထက်ထိ အစိုးရစစ်တပ် စစ် သားတွေ စစ်မြေပြင်မှာ ရုပ်ပျက်ဆင်းပျက်သေနေကြရတာ စစ်ပွဲနဲ့နီးတဲ့ဒေသတွေမှာ အရပ်သားတွေကို ရန်သူသဖွယ် ဆက်ဆံအနိုင်ကျင့် နေကြတာကို ဒီအတိုင်း လွှတ်တော်ကြီးက အခြေအနေကြည့်လက်ရှောင်ပြီး အသံတိုးတိုးလေးပဲ ပြောနေကြရတာဖြစ်တယ်လို့ ခန့်မှန်းလို့ ရပါတယ်။
သည့်ထက်ပိုပြီး စိတ်ပူပန်ဖို့ကောင်းတာက အစိုးရက လွှတ်လိုက်တဲ့စစ်သားတွေ အရာရှိတွေကိုယ်တိုင်က ဒီကနေ့ သူတို့တိုက်နေရတဲ့ စစ်ပွဲဟာ ပြည်ထောင်စုမပြိုကွဲရေးအတွက် အချုပ်အချာအာဏာ ကာကွယ်ရေးအတွက် တိုက်ကြရတာဖြစ်တယ်ဆိုတဲ့ နိုင်ငံရေးအယူအဆကို လက်ခံသဘောပေါက် ယုံကြည်လို့ တိုက်နေကြတာမဟုတ်ဘူးဆိုတာ ကလေးကအစ သိနေတဲ့အချက်ပါပဲ။ ဒီလို အခိုင်အမာယုံကြည်ပြီး တိုက်နေတဲ့ စစ်ပွဲမဟုတ်လို့လည်း ဘယ်ဗိုလ်ချုပ်ကမှ လွှတ်တော်ရှေ့ထွက်ပြီး သူတို့တိုက်နေတဲ့ စစ်ပွဲနဲ့ပတ်သက်တဲ့ အချက်အလက်တွေ သဘောထားတွေကို ရဲရဲတင်းတင်းဝင်မပြောရဲပဲ အသံတိတ်လုပ်နေကြတာပေါ့။ စစ်ဖြစ်နေတဲ့သတင်းတွေ အခြေအနေတွေကို အစိုးရသ တင်းစာတွေမှာ အရိပ်အယောင်တောင်မှမရေးပဲ ဖုံးနေကာနေကြတာပေါ့။ ဒါကဘာကိုပြသလဲဆိုတော့ စစ်ဗိုလ်ချုပ်တွေဟာ သူတို့ဖန်တီးတဲ့ စစ်ပွဲအပေါ် သူတို့ကိုယ်တိုင်က နိုင်ငံရေးအရ ခိုင်ခိုင်မာမာယုံကြည်မှုမရှိလို့ လူတွေရှေ့ထွက်ရပ်ပြီး လက်သီးလက်မောင်းမတန်းရဲတာပဲပေါ့။ ဒါဆိုရင် မှန်ကန်တဲ့နိုင်ငံရေးခံယူချက်မရှိတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတခုဟာ ဘယ်ကိုဦးတည်သွားနိုင်သလဲ။ ရှေ့တန်းတွေမှာ အစိုးရ စစ်တပ် စစ်သားတချို့က အရပ်သားတွေအပေါ် လုပ်ကိုင်ဆက်ဆံနေတဲ့ အခြေအနေတွေက အဖြေပေးနေပါပြီ။
(၄၊ ၁၁၊ ၂၀၁၁) နေ့က ဒီကေဘီအေနဲ့ အစိုးရ အပစ်အခတ်ရပ်စဲဖို့ သဘောတူကြပြန်ပါတယ်။ အခြေအနေကိုကြည့်ရတာ ဒီအပစ်အခတ် ရပ်စဲပုံ ရပ်စဲနည်းက ယာယီသဘောများဖြစ်နေမလားလို့လည်း စိတ်ထင့်မိပါတယ်။ ဒီလိုဖြေရှင်းပုံ ဖြေရှင်းနည်းဟာ အချိန်မရွေး သေနတ် သံတွေ ပြန်ပေါ်လာနိုင်တဲ့ ဖြေရှင်းနည်း၊ တချိန်ကျရင် သည့်ထက် ကြီးမားတဲ့အင်အားနဲ့တိုက်ခိုက်ဖို့ကို ဦးတည်တဲ့ဖြေရှင်းနည်းဆိုရင်တော့ ဒါဟာ တော်တော်လေးကို စိတ်ပူပန်ဖို့ ကောင်းတဲ့ဖြေရှင်းနည်းပါ။
ဘယ်လိုပဲဖြစ်ဖြစ် အပစ်အခတ်ရပ်စဲလိုက်ကြတာကိုတော့ ကျနော်တို့ မူအားဖြင့် ကြိုဆိုကြရမှာပါ။ ဒါပေမယ့် သည့်ထက် ခပ်စောစောက တည်းက အပစ်အခတ်ရပ်စဲနိုင်ခဲ့ကြရင် ပိုပြီးမကောင်းပေဘူးလား။ နှစ်ဘက်စလုံး ဘယ်စစ်သားမှ သေကြေဒဏ်ရာရတဲ့အဖြစ်က သက်သာ မသွားနိုင်ပေဘူးလား။ ဒါမှမဟုတ် အစကတည်းက စစ်မတိုက်ပဲ ပြဿနာဖြေရှင်းလို့ရနိုင်ခဲ့ရင် ပိုပြီးမကောင်းပေဘူးလား။ ဘယ်စစ်သား တယောက်တလေမှ မသေမပျောက်စေတဲ့ ဖြေရှင်းပုံ ဖြေရှင်းနည်းဟာ အကောင်းဆုံးနည်း မဟုတ်ပေဘူးလား။
ကျနော်က ကဗျာရေးတဲ့သူပါ။ ကျနော့်မှာ ဒီကိစ္စဝင်ပြောရလောက်အောင် နိုင်ငံရေး စစ်ရေး နယ်ပယ်နဲ့ပတ်သက်တဲ့ ဝမ်းစာမရှိဘူးဆိုတာ ကျနော် ဝန်ခံပါတယ်။ ဒါပေမယ့် နေ့စဉ်ကြားနေ မြင်နေရတဲ့ စစ်ပွဲတွေရဲ့ အနိဌာရုံ သတင်းတွေ မြင်ကွင်းတွေက ယဉ်ကျေးမှုရေးနယ်ပယ်က လူသားတစ်ဦးဖြစ်တဲ့ ကျနော့်အဖို့ အခုလိုဝင်ပြောချင်လောက်အောင် လက်ယပ်ခေါ်နေလို့သာ မနေသာလို့ ဝင်ပြောလိုက်ရတာပါ။
ကဗျာရေးတဲ့သူပီပီ ဒီဆောင်းပါးကို ကဗျာတပုဒ်နဲ့ နိဂုံးချုပ်လိုက်ပါတယ်။
ယာယီအတိုက်အခိုက်ရပ်စဲသည့်နေ့က ကျဆုံးရသောရဲဘော်သို့
စစ်ပြေငြိမ်းလိုက်ပြီ ဆိုပါကလား
သတင်းသည် ငှက်ထက်မြန်၏
လေထက်လည်း မြန်၏
ဒါတင်လည်း မဟုတ်သေး
မိုးကြိုးသွားထက်လည်း မြန်၏။
လောကဓာတ်တခွင်
ငြိမ်းချမ်းရေး ပီတိအဟုန်ဖြင့်
တုန်ခါပဲ့တင်လျက်ပါတကား။
အလို …နေအုန်း
အလာကောင်းပေမယ့်
အခါ နှောင်းလေခြင်း
ကျဆုံးရှာကြကုန်ပြီးသော
ရဲဘော်အဖို့ရာတွင်
တကယ်ကို အခါနှောင်းပါပြီ။
နာရီပိုင်းလောက်စောခဲ့လျင်
ရဲဘော် မသေ
သူ့ရဲဘော်ရဲဘက်တွေနဲ့
ရယ်ကာ မောကာ လက်ဆွဲနှုတ်ဆက်ကာ
ရှင်လျက် တည်အံ့။
ဒီ့ထက်ဒီပိုခဲ့လျင်ကား ကောင်းလေစွ
ဘယ်သူ ဘယ်ဝါ ဘယ်ရဲဘော် တစ်ယောက်မျှ
မသေမပျောက်
မကျဆုံးရှာကြသေးမီဖြစ်ခဲ့မူကား အဟောတဝ ကောင်းလေစွ။ ။
(ခရိုအေရှား ကဗျာဆရာ ဂရီဂေါ်ဗီယက်ရဲ့ကဗျာဖြစ်ပါတယ်။ စာပေါင်းစုစာအုပ်၊ အမှတ်(၂) တွင် ပါရှိတဲ့ ဆောင်းပါးတပုဒ်မှ ကူးယူဖော်ပြပါ တယ်။)
