Saturday, September 17, 2011
ကျုပ်လှန်ရေးသမား
မန်းကိုကိုမှကူးယူဖေါ်ပြသည်။
အလည်ရောက်လာသူမိတ်ဆွေအပေါင်းတို့ရေ ယိမ်းယိုင်သူတွေရဲ့လေသေနတ်အွန်လှိုင်း
တိုက်ပွဲကိုလေ့လာပြီးရင်ကျနော်တို့တော်လှန်ရေးအတွက်လက်တွေ့ ကျတဲ့ပြင်ဆင်မှုတွေ
ကိုဆွေးနွေးရင်းမန်းကိုကိုရဲ့လက်တွေ့ ကျတဲ့ ကျုပ်လှန်ရေးသမားကနေလူတွေတော်တော်များ
တဲ့စုဖွဲ့ကြစ်လစ်သောတော်လှန်းရေးတစ်ရပ်ကိုပြင်ဆင်နိုင်ရန်အတွက် သက်ဆိုင်ရာလူမျိုး
တိုင်းတော်လှန်ရေးတိုင်းမှာအခြေခံကျတဲ့နည်းလမ်းလေးတစ်ခုမို့လက်ဆင့်ကမ်း
မျှဝေလိုက်ရပါတယ်။
ကျုပ်လှန်ရေးသမား
တော်လှန်ရေးဆိုတဲ့စကားလုံးကို လက်ရှောင်နေခဲ့တာ အတော်ကြာနေပါပြီ ။
ကိုယ်တိုင် တော်လှန်ရေးသမားတစ်ယောက်မဟုတ်သလို ခံလည်းမခံယူထားလေတော့ နှစ် ၂၀ ၊
၆၀ စသည်ဖြင့် လုပ်လာခဲ့ကြသူတွေကို ငြိုငြင်အောင်လုပ်မိသလို ဖြစ်မှာစိုးပါတယ် ။ သာရာမှာနေပြီး
ဖောက်ပြန်ရေးစကားတွေ ပြောနေတယ်တို့ ၊ ဘက်လိုက်တယ်ဆိုပြီး စွပ်စွဲဖို့ အသင့်ဖြစ်နေကြသူတွေ
အတွက် အကြောင်းပြချက်တစ်ခု ထပ်ပေးသလိုဖြစ်နေမှာလည်း ထည့်တွက်နေခဲ့ရပါတယ် ။ ဒါကြောင့်
ရူးချင်ယောင်ဆောင်ပြီး ဟိုဟိုသည်သည်လှည့်နေခဲ့တာလို့ ပြောရင်လည်း ရမှာပါပဲ ။
ဒါပေမယ့် “မပြောမပြီး မထုမကွဲ” ဆိုတဲ့စကားလိုပဲ ၊ ပြောတာက ပိုအကျိုးရှိမလားဆိုပြီး ပြောကြည့်
ဖို့ စိတ်ကူးမိတယ်လေ ။
တဖက်မှာလည်း သူများတွေကို ဟိုဟာဒီဟာကလေး လုပ်လိုက်ပါလားတို့ ၊ ဒီလို ဟိုလိုလုပ်သင့်တယ်
ဆိုတာမျိုးတွေကို လျှော့ပြီးရေးဖို့ လိုမှာတော့သေချာတယ် ။ ဒါမှ အားလုံးနီးပါး နားဝင်ချိုကြမှာကိုး ။ ဒါ
ပေမယ့် လိုရင်းရောက်ဖို့ ၊ အကျိုးဖြစ်ဖို့ဆိုရင် ဒါတွေက မဖြစ်နိုင်သလောက် အနေအထားမှာ ရှိနေပြန်
တယ် ။
ဒီတော့ကာ ကျနော်သာ တော်လှန်ရေးအဖွဲ့အစည်းတစ်ခုမှာ အရေးပါအရာရောက်သူတစ်ယောက်
ဖြစ်နေမယ်ဆိုရင် ၊ လုပ်ချင်တဲ့ လုပ်သင့်တယ်လို့ထင်တဲ့ လုပ်ရမယ်လို့ယူဆတဲ့ အရာတွေကို ရသ
လောက် လက်တန်းချရေးကြည့်မယ်ဗျာ ။
*နိုင်ငံရေး
မြန်မာပြည်အတိုင်းအတာနဲ့ “တော်လှန်ရေး”တွေ “ဆော်ပြန်သလေး” လုပ်လာခဲ့ကြတာလဲ ကမ္ဘာ့
သက်တမ်းအရှည်ကြာဆုံး စံချိန်တွေ တင်နိုင်ခဲ့ကြတာကလွဲရင် အကျိုးစီးပွားဖြစ်သူတွေဆိုလို့ အင်မ
တန်နည်းတယ်လို့ မြင်မိတယ် ။
ကျောက်တုံးကြီးနဲ့ ကျောက်တုံးအသေးတို့ သူမာတယ် ငါမာတယ်နဲ့ အပြိုင်ထုနေခဲ့လိုက်ကြတာ
အကြီးအကျယ်ကွဲတဲ့ဖက်နဲ့ လုံးပါးပါးတဲ့ဖက်လောက်ပဲကွာတယ် ၊ အတူတူနဲ့အနူနူ ကွဲကြေနေကြရ
တာတော့ သေချာတယ် ။ သူကတမတ် ငါကတမူးစာ ပိုရှူရတယ်ဆိုပြီး ပြိုင်ဆိုင်နေကြရတာလဲ မရိုး
နိုင် မငြီးငွေ့နိုင်ကြပေမယ့် ဘေးကကြည့်တဲ့ကိုယ်ကတော့ စိတ်သိပ်မရှည်လှတာ အမှန် ။
စစ်ရေးဆိုတာဟာ အရေးအင်မတန်ပါတာကိုတော့ ငြင်းမနေချင်ဘူး ။ ဒါပေမယ့် နိုင်ငံရေးဟာ ပဓါ
နလို့ ယုံကြည်တယ် ။ ဒီခေတ်ဒီအခါဟာ စစ်ဘုရင်ဆန်ဆန် တစ်ယောက်ကောင်းနဲ့ တစ်သောင်းဗိုလ်
ချေကို ညက်ညက်ကြေအောင် ကြိုးစားရမယ့်ခေတ်မဟုတ်တော့ပါ ။ နိုင်ငံရေးက ဦးဆောင်မှုနေရာမှာ
ရှိနေရတော့မယ် ။
ပြောမယ့်သာပြောရတယ် ၊ နဂါးမျက်စောင်းတွေကလည်း အများသား ။ ဒါပေမယ့် အဲဒီမျက်စောင်း
တွေကို မျက်ကွယ်မပြုရင်တော့ အာဏာရှင်တွေက ရာစုနှစ်နဲ့ချီပြီး နိုင်ငံကို ခေတ်နောက်ပြန်ဆွဲနေချိန်
မှာ ၊ ကိုယ်တွေက သူတို့အမြီးတောင် လိုက်ဆွဲလို့မမီပဲ ကျန်နေတဲ့အဖြစ်မျိုးနဲ့ ကြုံရမှာပဲ ။
* သတင်းကဏ္ဍ
သတင်းကဏ္ဍဟာ ဒီမိုကရေစီစနစ်မှာ စတုတ္ထမဏ္ဍိုင်လို့ဆိုတယ် ။
စာတွေထဲမှာလဲ သတင်းကဏ္ဍဟာ လူမှုအသိုင်းအဝိုင်းကို ရုပ်လုံးဖေါ်ပေးပြီး လူမှုအသိုင်းဝိုင်းရဲ့
အမြင်ကိုလည်း တည်ဆောက်လမ်းကြောင်းပေးတယ်လို့ ဆိုပြန်တယ် ။
တဖက်မှာကလည်း အာဏာယူထားသူတွေက ကိုယ့်ကျိုးစီးပွားနဲ့ ကိုယ်ယုံကြည်ချင်တာတွေကို
မီဒီယာသုံးပြီး ကိုယ့်ကိုယ်ကို အိပ်မွေ့ချသလို ထပ်ကာထပ်ကာရိုက်သွင်းဖို့ အသုံးချစရာကဏ္ဍလည်း
ဖြစ်နေပြန်တယ် ။
တော်လှန်ရေးသမားတွေ အားနည်းနေတာတွေထဲမှာ သတင်းကဏ္ဍဟာ ထိပ်ဆုံးကပါနေတယ်
လို့မြင်တယ် ။ “အခက်အခဲအတားအဆီးတွေ အများကြီးရှိတယ်” ဆိုတဲ့ဆင်ခြေကို ကျနော်ကတော့
မသုံးဘူးလို့ ခံယူထားတယ် ။ လူတွေကြားရောက်သင့်တဲ့ သတင်းတွေကို မရောက်ရောက်အောင်
နည်းမျိုးစုံနဲ့ ပို့ပေးမယ် ။ ရောက်ရုံမကဘူး ပလူပျံနေအောင်ကိုလုပ်မယ် ။ ဒါမှလည်း သတင်းမှိုင်းနဲ့
အညှို့ခံထားရသူတွေ ညှို့ဓါတ်ပြေအောင်လုပ်ပေးနိုင်မှာဖြစ်သလို အများပြည်သူက သိသင့်တာ
တွေကို သိနိုင်ကြမယ် ။
အမှန်တရားဟာ စွမ်းအားပဲ ။ ဒီစွမ်းအားဟာ တော်လှန်ရေးအတွက် ကြီးမားတဲ့အင်အားတစ်ရပ်
ဖြစ်စေရမယ် ။
ဒီခေတ်မှာ သတင်းကဏ္ဍထဲ အကုန်ကျနည်းနည်းနဲ့ လုပ်လို့ရတာတွေက အများကြီး ။ ဘလော့ဆို
ရင် အခမဲ့ ၊ ဝက်ဘ်ဆိုဒ်ဆိုလည်း ဈေးကနည်းနည်းလေး ၊ လူတစ်ယောက် မိတ္တူ ၁၀ စောင်စီ ကူးပေး
နိုင်အောင် စည်းရုံးနိုင်ရင်လည်း ဘာမှမကုန်ဘူး ။
ပါလက်စတိုင်းမှာ ကြည့်အုံးမလား ။ NGO တွေက ဗီဒီယိုကင်မရာ အလုံး ၅၀၀ ကို အခမဲ့ဝေပစ်လိုက်
တယ် ။ အစ္စရေးတွေ မဟုတ်တာလုပ်သမျှ မှတ်တမ်းတင်နိုင်အောင်လို့ပါ ။
ကျုပ်တို့ လုပ်ဖြစ်ဖို့သာလိုတာ ၊ ရိုက်ပြီးရင် တည်းဖြတ်ဖို့က program တွေ ပေါပေါလွန်းလို့မှ ပုံလို့ ။
အဲဒါကိုမှ ကြောင်တောင်တောင် လုပ်နေသေးတဲ့ လူငယ်တွေကို လမ်းနည်းနည်းကြောင်းပေးလိုက်
ရုံပဲ ။ ဥပမာ ရှေ့တန်းမှာ တိုက်ပွဲတွေကို ဗီဒီယိုရိုက်ရင် အနည်းဆုံးသတိထားစရာလေးတွေရှိတယ် ။
ဘယ်သူမှ အချိန်ကုန်ခံပြီး တော်လှန်ရေးသမားတွေ ဆဲနေကြတာ နားမထောင်ချင်ဘူး ၊ လမ်းချည်း
လျှောက်ပြနေတာ မကြည့်ချင်ဘူး ၊ ထမင်းစားပြနေတာ စိတ်မဝင်စားဘူး ။ အဲဒါမျိုးတွေကို သင့်တော်
သလို ဖြတ် ကပ် ညှပ်တတ်ရင် လက်ဘနွန်က သတင်းကဏ္ဍကို အပိုင်ကိုင်နိုင်တဲ့ ဟစ်ဇ်ဘိုလာတွေလို
လူလည်ကျလိမ်နေစရာ မလိုဘူး ။
* အုပ်ချုပ်ရေး
ကျနော်တို့ တော်လှန်ရေးသမားတွေကို “သူပုန်” တွေလို့ပဲ အလွယ်ခေါ်ကြည့်ရအောင် ။
(သူပုန်ဆိုလို့ သောင်းကျန်းသူနဲ့ သူပုန်ဆိုတဲ့စကားလုံးကိုတောင် အဓိပ္ပါယ်မကွဲတဲ့ ဗမာစာ မကျွမ်း
ကျင်သူတွေကိုတော့ နောင်မှရှင်းပါမယ်) ။
သူပုန်ဆိုတာဟာ အင်အားကြီးရင် ၊ စိုးမိုးတဲ့နယ်မြေနဲ့ ဝင်ငွေလမ်းတွေရှိရင် အစိုးရဖြစ်တာပါပဲ ။
ဒါမှမဖြစ်သေးဘူးဆိုရင်လည်း အခါအခွင့်သင့်တဲ့အချိန်တွေကျ အစိုးရရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာ
တတ်တဲ့ သဘာဝလည်း ရှိတာမို့ .... ဘာလုပ်ရရင် ကောင်းမလဲ ....
ကျုပ်ကတော့ ကျုပ်အဖွဲ့စည်းကို စနစ်တကျဖွဲ့မယ် ။ အစိုးရဖြစ်လာဖို့ရှိမှတော့ အစိုးရတစ်ရပ်ရဲ့
လိုအပ်တဲ့ အင်္ဂါတွေပြည့်စုံအောင် ဖြည့်ဆည်း ဖွဲ့စည်းသွားမယ် ။ စနစ်တကျ အုပ်ချုပ်မယ် ။ ဒေသ
တိုးတက်ရေးနဲ့ လူတိုင်းလာပြီးအခြေချနေထိုင်ချင်လာအောင် ပြောင်းလဲပစ်မယ် ။ ဒီလိုလုပ်နိုင်ဖို့ နည်း
ဥပဒေမျိုးစုံကို ပြင်ဆင်လေ့လာရေးဆွဲဖို့ လုပ်ရမှာဖြစ်သလို ၊ ဝန်ထမ်းတွေအတွက် လုံလောက်တဲ့
လစာရိက္ခာနဲ့ အထောက်အပံ့တွေ ပေးနိုင်ဖို့ဟာလည်း အဓိကကျတဲ့ လုပ်စရာတစ်ချက်ပဲ ။
ဆက်ကြေးပဲခေါ်ခေါ် ဘာပဲခေါ်ခေါ် အခွန်အကောက်တွေ ကောက်တယ်ဆိုရင်လည်း အစိုးရတစ်
ရပ်ရဲ့ ဝန်ဆောင်မှုကဏ္ဍကို ပြန်ထည့်တွက်ရမယ် ။ အခွန်ဆောင်ပြည်သူတွေအတွက် ဘာလုပ်ပေးနိုင်
သလဲဆိုတာဟာ အစိုးရတစ်ရပ်အတွက် အရေးကြီးတဲ့ မှတ်ကျောက်တစ်ခုပဲ ။
* အရည်အသွေး
ကျုပ်တို့ရဲ့ တော်လှန်ရေးအဖွဲ့အစည်းထဲမှာ လက်နက်ကိုင်သူပဲဖြစ်ဖြစ် ၊ ကလောင်ကိုင်သူပဲဖြစ်ဖြစ်
ရှိသင့်တဲ့ အရည်အချင်း အရည်အသွေးတွေရှိလာအောင် လေ့ကျင့်ဖြည့်ဆည်းပေးမယ် ။ လူတိုင်းလို
လိုဟာ ဒေါင်ဒေါင်မြည်တဲ့ ကေဒါတွေအဖြစ်နဲ့ ကျစ်လျစ်တဲ့အဖွဲ့အစည်းတစ်ရပ်အနေနဲ့ သိက္ခာရှိရှိရပ်
တည်သွားနိုင်အောင် နည်းလမ်းရှာကြံသွားမယ် ။ ဒီလိုရှာကြံရာမှာလည်း အလွှာပေါင်းစုံလူတွေဆီက
ထွက်လာမယ့်စကားတွေကိုလည်း နားထောင်မယ် ။ ပြောဆိုအကြံပေးကြဖို့လဲ မေတ္တာရပ်ခံပြီး ဒီလို
လုပ်မှ အများအတွက် ကောင်းနိုင်မယ်ဆိုတာကို (ကျနော့်အိမ်မှာ ဘီယာထိုင်သောက်နေမယ့် အချိန်
တွေကိုလျှော့ပြီး) လိုရင်လိုသလို အိမ်ပေါက်စေ့လိုက်ပြောသင့်ရင်လဲ ပြောမယ် ။
လက်ရှိအနေထားမှာ ကရင်ပြည်နယ်စစ်ဆင်ရေးထဲ ပါမသွားရလေအောင် ငွေငါးသောင်း တစ်
သိန်းလောက် လာဟ်ထိုးရှောင်ရှားနေကြရတာတွေ ပြည်မစစ်တပ်ထဲမှာ ဖြစ်ပျက်နေကြပါတယ် ။
ကျုပ်ကတော့ ဒီလောက်နဲ့မတင်းတိမ်နိုင်ပါဘူး ။ အရည်အချင်းပြည့်ဝတဲ့ တော်လှန်ရေးသမားတွေနဲ့
ဖွဲ့စည်းထားတဲ့ ကျုပ်တို့အဖွဲ့စည်း ထိန်းချုပ်ထားရာကို သန်းနဲ့ကုဋေနဲ့ချီပြီး လာဟ်ထိုးရှောင်ရှား ကြရ
လောက်အောင် ဖြစ်စေချင်ပါတယ် ။ လုပ်လို့ရတယ်လို့လည်း ယုံကြည်တယ် ။
တဖက်မှာလည်း သာမန်လူတွေအတွက် အခွင့်အလမ်းတွေနဲ့ မက်လောက်စရာ ဒေသတစ်ခုအဖြစ်
ပြောင်းလဲပစ်ဖို့ လုပ်သွားပါမယ် ။
* စာပေနဲ့ ယဉ်ကျေးမှု
ကျနော့်အဖွဲ့စည်း စိုးမိုးထားတဲ့ နယ်မြေတဝှမ်းမှာ ၊ ပြည်မအာဏာပိုင်တွေက ကျောင်းတွေလာ
တည်မယ်ဆိုရင် အနှောင့်အယှက်မပေးတဲ့အပြင် အကူအညီတွေပါ ပေးမယ်လို့ဆုံးဖြတ်ထားတယ် ။
လူမျိုးစုငယ်တွေကို ဝါးမျိုချင်တာကြောင့်လို့ပြောပြော ၊ Burmese-nization လို့ပဲ ခေါ်ခေါ် ၊ နိုင်ငံသူ
နိုင်ငံသားတွေ တပြေးညီအခွင့်အရေးရနိုင်ဘို့ စေတနာနဲ့ လာဖွင့်တာပါလို့ ရွှေရွှေ (ရွှီးရွှီး) ၊ ဒါတွေက
လက်တွေ့အလုပ်ဖြစ်အောင်လုပ်ချင်တဲ့ ကျုပ်အတွက် အရေးမကြီးလှဘူး ။
ကျုပ်ကူညီမယ့် အစီအစဉ်ကတော့ - ကျောင်းဖြစ်မြောက်ရေး ၊ ဆရာဆရာမတွေ လုံခြုံရေးအပါ
အဝင် အဆင်ပြေချောမွေ့ကြစေရေးတွေ အားလုံးပါတာပေါ့ဗျာ ။ တဆက်ထဲမှာပဲ ကျုပ်တို့ဒေသခံ
တွေအတွက် အကျိုးရှိစေမယ့် ဒေသခံတိုင်းရင်းသားတွေရဲ့ စာပေတစ်ဘာသာနဲ့ လက်တွေ့ကျတဲ့
အသက်မွေးဝမ်းကျောင်း ဘာသာတစ်ရပ်ပါ သင်ရိုးညွှန်းတမ်းမှာ ထည့်သင်ပေးဖို့ မေတ္တာရပ်ခံမယ်
ဗျာ ။ ဒါတွေထည့်သွင်းပေးဖို့ ကျောင်းအတွက် အခက်အခဲရှိတယ်ဆိုရင်လည်း ငွေအား ၊ လူအား ၊
အကြံဥာဏ်အားတွေပါ ဝိုင်းပြီးပံ့ပိုးမယ်ဗျာ ။ ဒီကိစ္စဟာ ဖြစ်သင့်တဲ့ လုပ်သင့်တဲ့ကိစ္စ ၊ ဒေသခံတွေ
သာမက နိုင်ငံတစ်ခုလုံးကိုပါ ဆပွားအကျိုးရှိမယ့် အစီအစဉ်မို့လို့ ၊ စေတနာမှန်တယ်လို့ ကိုယ့်ကိုယ်
ကိုယုံကြည်ကြတဲ့ ပြည်မအာဏာပိုင်တွေနဲ့ ဗမာလူမျိုးတွေလည်း နှစ်သက်ထောက်ခံ သာဓုခေါ်ကြမှာ
အမှန်ပဲ ။ လုပ်ဖို့သာ အရေးကြီးတာပါ ။
* ဇာတိပြန် လုပ်အားပေးအစီအစဉ် (Going Home Program)
ခုဆိုရင် တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ပတ်သက်ပြီး တတိယနိုင်ငံကို အခြေသွားချခဲ့ကြသူ
တွေလည်း မနည်းတော့ဘူး ။ ပညာ ၊ ဥစ္စာ စသည်ဖြင့် အနည်းနဲ့အများ စုဆောင်းမိကြသူတွေရှိသလို
ယဉ်ကျေးမှုနဲ့ ဘာသာစကားဖက်အပိုင်းမှာလဲ လျော့နည်းဆုံးရှူံးမှုတွေက တန်ဖိုးမဖြတ်ကောင်းလောက်
အောင်ပဲ ။
တစ်ချိန်က လယ်ယာကိုင်းကျွန်း လုပ်ကိုင်ခဲ့ကြတဲ့ တိုင်းရင်းသားတွေရဲ့ အနွယ်ဝင်လူငယ်ကလေး
တွေ စပါးပင်ကိုတောင် ဘာပင်လဲလို့ မေးလာတာမျိုး ၊ ဘာသာစကား ဓလေ့ထုံးတမ်းတွေ မသိနိုင်
ကြတော့လို့ မိဘဆွေမျိုးအသိုင်းဝိုင်းတွေက ရင်နာနေရတာတွေမျိုး ၊ ဒုက္ခရောက် ကျန်ရစ်ခဲ့ကြတဲ့
သွေးချင်းတွေ ရှိနေကြသေးတယ်ဆိုတာ မေ့သွားကြတာမျိုးတွေကို မကြုံရလေအောင် ကိုယ်ထူကိုယ်
ထ အစီအစဉ်လေးတွေကို လုပ်ကိုင်ကြဖို့ ကျုပ်ဆော်သြမိမှာတော့ သေချာတယ် ။
ကိုယ့်လူတွေ ဒုက္ခရောက်နေခဲ့ကြတာကို ကိုယ်ထူကိုယ်ထ မကယ်နိုင်ကြပဲ ၊ အမြင်မတော်သူတွေ
က လာကူ လာကယ်ခဲ့ကြပြီးပါပြီ ။ ကိုယ့်ယဉ်ကျေးမှု ၊ ဓလေ့ထုံးစံနဲ့ ဘာသာစာပေတွေ မတိမ်ကော
အောင် သူတပါးတွေ လာကူညီတာကို ထပ်စောင့်နေကြအုံးရင်တော့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးချင်ကြ
သူ တိုင်းရင်းသားအချို့အတွက် ကိုယ်ရွေးတဲ့လမ်းနဲ့ ကိုယ်စိုက်တဲ့အပင်ရဲ့ အကျိုးအမြတ်အသီးအပွင့်
တွေကို မျက်ရည်လည်ရွှဲနဲ့ မြိန်မြိန်ကြီးစားကြရမှာကို မြင်ယောင်တယ် ။
(အချို့ လုပ်နေကြတာတော့ တွေ့မိပါတယ် ၊ ဒါပေမယ့် အင်မတန် နည်းပါးသေးတယ်လို့ မြင်ပါတယ်) ။
* ကွန်ယက် ၊ ရံပုံငွေ ၊ အသိပညာ ဝေဌဖလှယ်မှုနဲ့ စွန့်ဦးတီထွင် စီးပွားရှင်တွေ
နီးစပ်ရာ ၊ စိတ်တူရာ ၊ အဆင်သင့်ရာလူတွေ အစုဖွဲ့ ကွန်ယက်ဖွဲ့ပြီး မကြာမကြာ ရင်းနှီးအောင်
တွေ့ဆုံရင်း ၊ ရံပုံငွေတွေစုကောက် ၊ ဆွေးနွေးဖလှယ် လေ့လာသင်ယူကြဖို့ သိပ်မခက်လှတာမို့ ၊ ဒါ
တွေကို လည်း ပါးစပ်အမြှုပ်ထွက်ချင်ထွက် ပြောရတိုက်တွန်းရမှာကတော့ ကျနော့်အလုပ်လို့ ခံယူ
လုပ်ကိုင်မိမှာပဲ ။ ဒါ့ပြင် ကျနော်တို့တတွေ အားနည်းတဲ့ စီးပွားရေးလုပ်ငန်းတွေကို အားပေးနိုင်ဖို့
စီးပွားရေး တကယ်လုပ်နေသူတွေ ၊ စီးပွားပညာနောက်ခံရှိသူတွေနဲ့ စိတ်ပါဝင်စားသူတွေကို စုစည်း
တွေ့ဆုံ လုပ်ကိုင်နိုင်ကြအောင် မစီစဉ်ပေးနိုင်ရင်တောင် ထုံးစံအတိုင်း ဆော်သြဖို့ကတော့ လုပ်ရမှာ
ပဲ ။ ဒါဟာ သက်ဆိုင်ရာလူတွေအပေါ် မူတည်သလို ၊ ခေါင်းဆောင်တစ်ယောက်ရဲ့ လမ်းကြောင်းပေး
တဲ့အပေါ်မှာလည်း သက်ရောက်မှုတွေ အနည်းနဲ့အများ ရှိလာမယ်လို့ ယုံကြည်တယ် ။
* လူထုစည်းရုံးရေးနဲ့ မြို့ပြတိုက်ပွဲ
စည်းရုံးရေးဆိုတော့ ဒါဟာ စိတ်ပိုင်းဆိုင်ရာ သိမ်းသွင်းမှုဖြစ်တာကို သိကြမှာပါ ။ ဒါကြောင့် သေ
နတ်ပြပြီး လုပ်လို့မရသလို ၊ မြို့ပြတိုက်ပွဲဆိုလို့လည်း လက်နက်ပါမှဖြစ်တဲ့ကိစ္စ မဟုတ်ပြန်ပါဘူး ။
သူပုန်သူကန်ဆိုတာ ကြောက်စရာမဟုတ်ဖူးဆိုတာ လူများစုက လက်ခံလာရင် ပထမအဆင့်
အောင်မြင်တာလို့ ပြောနိုင်သလို ၊ ဘာကြောင့် ပုန်ကန်နေတယ်ဆိုတာကို ကွက်ကွက်ကွင်းကွင်း
သိကြအောင်လုပ်နိုင်ရင် နောက်တစ်ဆင့် အောင်မြင်တယ်လို့ ယူဆနိုင်ပါတယ် ။ ဒီကနေမှ သူပုန်
တွေဟာ လက်ရှိအုပ်စိုးနေတဲ့ အာဏာပိုင်အစိုးရထက် ကောင်းအောင်လုပ်နိုင်ပါတယ်ဆိုတာကို ယုံ
ကြည်လောက်အောင် သက်သေသာဓကတွေနဲ့ ပြနိုင်ပြီဆိုရင်တော့ ယေဘုယျအားဖြင့် ပွဲသိမ်းပြီလို့
ဆိုနိုင်ပါတယ် ။
ဒါတွေနဲ့ပတ်သက်ပြီး လုပ်သင့်တာတစ်ခု တွေးမိပါတယ် ။
နိုင်ငံရေး ၊ စစ်ရေး ၊ စီးပွားရေးတွေနဲ့ပတ်သက်လို့ ၊ ရေတို ရေရှည်စီမံကိန်းနဲ့ ပန်းတိုင်တွေကို
ချမှတ်ပြီး အမြန်ဆုံး စနစ်တကျ အကောင်အထည်ဖေါ်ဖို့ပါပဲ ။ စီမံကိန်းဆိုလို့ မ.ဆ.လခေတ်ကို အ
တုခိုးခိုင်းတာ မဟုတ်ပါ ။ ဒါတွေက ဘယ်ခေတ် ဘယ်နေရာ ဘယ်အဖွဲ့အစည်းမှာမဆို လုပ်သင့်တဲ့
ကိစ္စတွေပါ ။
* အထွေထွေ
သိထားတာတွေအပေါ်မူတည်ပြီး ရေးချင်ပြောချင်တာတွေလည်း ရှိပါသေးတယ် ။ ဒါပေမယ့်
အချို့ကိစ္စတွေကျပြန်တော့ ပုဂ္ဂိုလ်ရေးတိုက်ခိုက်သလို ဖြစ်မှာစိုးတာကြောင့် အသေးစိတ်မပြောချင်
ပါဘူး ။ တခါ တော်လှန်ရေးလို့ဆိုရင် ကျုပ်တစ်ယောက်ထဲမှ ထောက်ပြတတ်တာ မဟုတ်ပါဘူး ။
လူဟောင်းလူသစ် လူကြီးလူငယ်အတော်များများမှာ သိထားတာ မြင်ထားတာတွေ အများကြီးရှိနေ
ကြပါတယ် ။ ပြောကြ ဆွေးနွေးဖလှယ်ကြဖို့လည်း အားပေးချင်တယ် ။
ကျနော့်အနေနဲ့ ယုံကြည်တာတစ်ခုရှိပါတယ် ။
အဲဒါကတော့ ဘယ်သူမှ မပြည့်စုံဘူး ဆိုတာပါပဲ ။
ကုန်ကုန်ပြောရင် ဒေါ်အောင်ဆန်းစုကြည်ကစပြီး တိုင်းရင်းသားတွေ အထွဋ်အမြတ်ထားတဲ့
ခေါင်းဆောင်ကြီးတွေကိုယ်တိုင် အပြစ်အနာအဆာတော့ ကိုယ်စီရှိကြတာပါပဲ ။ ဒီတော့ အသေး
အမွှားတွေကို လျစ်လျူရှုသင့်ရင် ရှုရသလို အများနဲ့သက်ဆိုင်လာလို့ အကျိုးယုတ်နိုင်တာတွေကို
လည်း အပြုသဘောနဲ့ ထောက်ပြဆွေးနွေး တင်ပြသွားသင့်ကြပါတယ် ။
ဒီလိုလုပ်တာဟာ မတရားလုပ်နေသူ အာဏာရှင်တွေကို ကိုယ်ရှိန်သတ်အောင် အဟန့်အတား
အဖြစ် သုံးနိုင်သလို ၊ အများသဘောနဲ့ညီမျှတဲ့ ခေါင်းဆောင်ကောင်းတွေအတွက်လည်း ကောင်း
သထက်ကောင်းအောင် လုပ်ကိုင်လျှောက်လှမ်းနိုင်စေဖို့ အကူညီတွေပါပဲ ။
* နိဂုံး
အပေါ်က ရေးသွားတာတွေထဲမှာ ကျနော်တို့ တိုင်းရင်းသား ညီအစ်ကိုမောင်နှမအချို့ကို စိတ်ထိ
ခိုက်စေအောင် ၊ ဒေါသထွက်စေအောင် လုပ်မိသလို ရှိနိုင်ပါတယ် ။
ဒီတော့ ..... ဒီလိုမြင်ကြည့်ရအောင် ။
အကယ်၍များ လာမယ့်မနီးမဝေး အနာဂါတ်ကာလမှာ တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ အခန်း
ကဏ္ဍ မှေးမှိန်လာခဲ့မယ်ဆိုရင်ကော ..... ဘယ်လိုဖြစ်လာနိုင်မလဲ ။
အရှိန်အဝါ မရှိတော့တဲ့ အဖွဲ့အစည်းနဲ့လူတွေကို လေးစားမှုတွေ နည်းပါးလာကြပြီး ၊ “အလကား
လူတွေပါ” လို့ “အားမနာပ” ပြောကြမယ့်သူတွေက အများစုဖြစ်လာကြပါလိမ့်မယ် ။
ကျနော်ကတော့ အဲဒီအချိန်အထိစောင့်ပြီး စိတ်မကောင်းမဖြစ်ချင်ပါဘူး ။
ခုကတည်းက သာသာနဲ့နာနာနှက်ပြီး အိပ်ငိုက်ကောင်း ငိုက်နေကြမယ့်သူတွေကို စူးကလေးနဲ့
တို့လိုက်တာက ပိုအကျိုးများမယ်လို့ ယုံကြည်တွန်းတိုက်လိုက်ပါတယ် ။
မန်းကိုကို
၁၈ ၊ ၀၉ ၊ ၂၀၁၁
(မှတ်ချက် - အချို့နေရာမှာ လုပ်သင့်တယ်လို့ မြင်သမျှကို အတွေးတိမ်တိမ်လေးလောက်နဲ့ လက်တန်း
ချရေးသွားတာပါ ။ လက်ရှိ ဘယ်သူမှမလုပ်ကြဘူးလို့ မဆိုလိုပါ) ။
11ReadMore-2.jpg
Thursday, September 15, 2011
" ဒီလိုပုံနဲ့ မိုးကြီးချုပ်လျှင် "
ဒီမိုဝေယံမှ ကူးယူသည်။
သခင်ကိုယ်တော်မှိုင်းဆိုတာ ကျွန်တော်တို့အားလုံး တညီတညွတ်ထဲ (ငယ်ငယ်တုံးက 
သင်ခဲ့ရဘူးတဲ့ ဆရာ တယောက်ရဲ့ လေသံအတိုင်းပြောရရင်) “ပါးစပ်နဲ့”
ကြည်ညိုမဆုံးဖြစ်နေကြပြီး “တနှစ်တခါ” အလွမ်းသယ် သယ် နေကြတ၊ဲ့ အမျိုး
သားခေါင်းဆောင်ကြီးလို့ ကန့်ကွက်သူမရှိ 
ကျွန်တော်တို့ ရည်ညွှန်းလေ့ရှိကြတဲ့ ဗိုလ်ချုပ် (အောင်ဆန်း) ကို “ဟေ့ကောင် အောင်ဆန်း၊ မင်းကဆရာလား.. ငါကဆရာလားကွ..ဟေ့” လို့ ငေါက်လို့ရတဲ့အထိ သြဇာကြီးမားသူတဦး 
ဆိုတာကို (အရပ်စကားဝိုင်းထဲ ဆွဲသွင်းမယ်ကြံတိုင်း) မမေ့သင့်ဘူးလို့တော့ ပြောချင်ပါတယ်။
(ဆောင်းပါးရှင်လောကပါလ တစ်ယေါက် သခင်ကိုယ်တော်မှိုင်းရဲ့သေတမ်းစာမှာတိုင်းရင်းသားတွေကိုဘယ်လိုနှိုပ်ကွပ်ဘို့
နဲ့ဗမာဝါဒီတွေဘယ်လိုလုပ်ရမလဲဆိုတာသင်ခဲ့ရရင်
လေါကပါလတစ်ယောက် တိုင်းရင်းသားဖြစ်ခဲ့ရင်းဒီလိုမျိုး ကိုယ်တော်မှိုင်းကိုကြည်ညိုပါ့မလားမသိဘူးနော် ဆောင်းပါးကိုအနှစ်ချုပ်လိုက်ရင်
ရင်ဒေါက်တာလှိုင်မြင့်ဘက်က ရှေ့နေလိုက်ယင်းအာကန့်လန့်ပါးကန့်လန့်ဆောင်းပါး
ဟင်းတခွက်နဲ့ ဒေါက်တာဇာနည်စကားနဲ့ပြောရရင်    မသာပေါင်ဒါဖို့တာပါဗျာ။
" ဒီလိုပုံနဲ့ မိုးကြီးချုပ်လျှင် " (ဆောင်းပါးရှင် လောကပါလ)
ဒေါက်တာလှိုင်မြင့်ရဲ့ ဖက်ဒရယ်ပြည်ထောင်စု ဆောင်းပါးကိုဖတ်ပြီး ဒီဆရာတော့ လုပ်ချလိုက်ပြန်ပြီလို့ စိတ်ထဲက ပြောမိပါတယ်။ မြန်မာနိုင်ငံရဲ့ အရေးအပါဆုံး ဖြစ်သလောက် ပြဿနာအများဆုံး အရှုပ်အထွေးဆုံးနဲ့ (အခန့်မသင့်ရင် မျိုးပါတုံးနိုင်တဲ့) အန္တရာယ် အကြီးမားဆုံး ကိစ္စတခုကိုမှ သွားထိလိုက်တာကိုပါ။ "အန္တရာယ် ဘယ်လောက်ကြီးတယ် ဆိုတာတော့ ပြောဘို့တောင်လိုမယ် မထင်ပါဘူး။ ဒီကိစ္စကို အကြောင်းပြုပြီး ကွဲလိုက်ရတဲ့ စိတ်ဝမ်းတွေ၊ ဖြစ်လိုက်ရတဲ့ရန်တွေ၊ တိုက်လိုက်ရတဲ့စစ်တွေ၊ ဆုံးရှုံးလိုက်ရတဲ့ အသက်အိုးအိမ် စည်းစိမ်တွေ။ ကျွန်တော်ထင်ပါတယ် တိုင်းပြည် လွပ်လပ်ရေးတိုက်ပွဲတွေမှာ ပေးဆပ်ခဲ့ရတဲ့ အသက်တွေထက် လွပ်လပ်ရေးရပြီး ဒီတိုင်းပြည်ကို ဘယ်သူဘယ်လို အုပ်ချုပ်ရေးအပေါ် တိုက်ရင်း ပေးဆပ်ခဲ့ရတဲ့ အသက်တွေက ပိုတောင်မှ များနေမလားလို့ပါ။ ခုချိန်ထိ ပေးဆပ်နေရဆဲ ပေးဆပ်ဘို့ တာစူနေကြဆဲ ဆိုတဲ့ အချက်ကတော့ ကျွန်တော်တို့ တိုင်းပြည်ရဲ့ ထူးခြားချက်လို့ ဆိုရမလိုတောင် ဖြစ်နေပါပြီ။
ဒီလို အခင်းအကျင်းနဲ့ အနေအထားမျိုးမှာ ဒေါက်တာလှိုင်မြင့် ဒီအစ သွားဆွဲလိုက်တာ နဲနဲတော့ မိုက်မဲရာကျ တယ်လို့ ထင်စရာပါ။ ဒါပေမဲ့ အဆိုးထဲက အကောင်းပြောရမလို (blessing in disguise) ဖြစ်လာတာတခုက သူ့စာကြောင့် ကျွန်တော်တို့ ညီအကိုတွေမှာ အကင်းသေပုံ မရသေးတဲ့ ကိုယ်တွင်းနာလေးတွေ ကိုယ်စီကိုယ်စီ အလျှိုအလျှိုဆိုသလို ပေါ်လာကြတာကို မြင်ခွင့်ရလိုက်ခြင်းပါဘဲ။ မြင်ရသမှ ကြောက်ခမန်းလိလိ လို့သာ ပြောပါရစေတော့။ စံနစ်တခုရဲ့ ညံ့ဖျင်းမှုကို နှစ်ပေါင်းအတော်ကြာ ခံစားခဲ့ကြခြင်းရဲ့ ရလဒ်တခုအဖြစ် ဒေါသတွေ၊ အမုန်းတရားတွေ ရောင်ပြန်ဟပ်နေတာကို နားလည်နိုင်သည့်တိုင် အဲသည်အရာတွေရဲ့ လွှမ်းမိုးမှုကိုခံယူရင်း ဆင်ခြင်တုံတရား လွတ်သွားတာမျိုးကတော့ စိတ်မသက်သာစရာပါ။ အထူးသဖြင့် ခေတ်လေးခေတ်လောက်မှာ တစ်ယောက်ပေါ်ထွက်ဘို့ မလွယ်ကူသလို ယနေ့ထိလဲ အစားမရနိုင်သေးတဲ့ သခင်ကိုယ်တော်မှိုင်းလို ပုဂ္ဂိုလ်မျိုး ကိုတောင် ချမ်းသာမပေးနိုင်တဲ့ လက်လွတ်စပယ် အတ္တမျိုးကျတော့ ကမ်းကုန်ပြီဆိုတာထက် “ကျွန်တော်တို့ အားလုံး လွတ်လပ်ရေးနဲ့မှ ထိုက်တန်သေးရဲ့လား” လို့ မေးရမလိုဖြစ်တော့တာပါဘဲ။ ခွင့်ပြုပါ။
သခင်ကိုယ်တော်မှိုင်းဆိုတာ ကျွန်တော်တို့အားလုံး တညီတညွတ်ထဲ (ငယ်ငယ်တုံးက သင်ခဲ့ရဘူးတဲ့ ဆရာ တယောက်ရဲ့ လေသံအတိုင်းပြောရရင်) “ပါးစပ်နဲ့” ကြည်ညိုမဆုံးဖြစ်နေကြပြီး “တနှစ်တခါ” အလွမ်းသယ် သယ် နေကြတ၊ဲ့ အမျိုးသားခေါင်းဆောင်ကြီးလို့ ကန့်ကွက်သူမရှိ ကျွန်တော်တို့ ရည်ညွှန်းလေ့ရှိကြတဲ့ ဗိုလ်ချုပ် (အောင်ဆန်း) ကို “ဟေ့ကောင် အောင်ဆန်း၊ မင်းကဆရာလား.. ငါကဆရာလားကွ..ဟေ့” လို့ ငေါက်လို့ရတဲ့အထိ သြဇာကြီးမားသူတဦး ဆိုတာကို (အရပ်စကားဝိုင်းထဲ ဆွဲသွင်းမယ်ကြံတိုင်း) မမေ့သင့်ဘူးလို့တော့ ပြောချင်ပါတယ်။ တခါတခါတော့ ကျွန်တော်တို့တိုင်းပြည်မှာ ခေါင်းဆောင်ကောင်းတွေ သမင်မွေးရင်းကျားစားရင်း ဖြစ်ဖြစ်နေရတာ မူကြောင့်လား လူကြောင့်လား စဉ်းစား စရာဖြစ်လာရပါတယ်။ ကျွန်တော့်စကား ဘေးရောက်သွား ရင်ခွင့်လွှတ်ပေးကြပါ။ ဒေါက်တာလှိုင်မြင့် ဆောင်းပါးကို ကွန်မာန့် ပေးဘို့ကြိုးစားရာက ဒီအထိရောက်လာတာဟာ ဒီလို ဘေးရောက်ရောက်သွားတဲ့ အတွေးတွေရဲ့ စေ့ဆော်မှုကြောင့် ဆိုတာကိုလဲ ဝန်ခံလိုပါတယ်။ ဘာအကြောင်းကြောင့်ဖြစ်ဖြစ် သူ “လူမိုက်” လုပ်လိုက်လို့ ဒီလိုမြင်စရာ၊ တွေးစရာ၊ ရေးစရာ၊ ဆွေးနွေးစရာတွေ ကြုံကြ၊ ပြောကြဆိုကြ၊ (စောစောကပြောသလို ကိုယ့်မိ ကိုယ့်ဖ အမိအဖသဘွယ် ကြည်ညိုထိုက်သော ပုဂ္ဂိုလ်တွေကို အသားလွတ် မထိပါးဘဲ) ရှုံ့ချ ပစ်တင်ဝေဖန်ကြ တာဟာလဲ လူမသိသူမသိ ကြိတ်ပြီး “ဓါးသွေး” နေတာထက်စာရင် တော်သေးတာမို့ ကြံဖန် ကျေးဇူးတင်ရ မလိုပါဘဲ။ အများအကျိုးအလို့ငှါ သူများကိုဝေဖန်ရင်း သူများပြောတာနားထောင် ကိုယ့်ကိုကိုယ်လဲ သုံးသပ် နိုင်ကြရင် ပိုကောင်းမယ် ယူဆပြီး ဒီဆောင်းပါးကို အဲသည်ဘက်ရှေ့ရှုတဲ့ အချက်အလက်တွေ ပေးသွားဘို့ ရည်ရွယ်ပါတယ်။ တိုင်းပြည်အတွက် အရေးကြီးတယ်လဲ ထင်လို့ပါ။
အထက်မှာပြောခဲ့သလို အင်မတန် အကဲဆတ်တဲ့ပြဿနာ တရပ် (Sensitive issue)ကို ဆရာ ဦးလှိုင်မြင့်က သူ့ဟန်အတိုင်း “ကိုင်” လိုက်လို့ ပွဲဆူသွားရပေမဲ့ သူ့ရဲ့စေတနာကိုတော့ မြင်သာတယ် ထင်ပါတယ်။ သူလဲ ဒီမြေဖွားတဦးဘဲလေ။ အပြောမနပ်လို့ ဆဲသလို ဖြစ်သွားတာကတော့ ဆရာကိုယ်တိုင် သတိထားရမယ့် သူ့အပိုင်းပေါ့။ အထူးသဖြင့် တိုင်းရင်းသားတွေ သနားမှ ချမ်းသာရမလိုဆိုတဲ့ စကားတခွန်းဘယ်လောက် တာသွားသလဲဆိုတာ ခုလောက်ဆို ဆရာလဲ သိလောက်ပြီ ထင်တာပါဘဲ။ ပြောသာပြောရတယ် သူပြောလိုတဲ့ လူမျိုး (races) ကို အခြေမခံဘဲ ဒေသကို အခြေခံတဲ့ ပြည်ထောင်စုစံနစ် ဆိုတာကတော့ ကျိုးကြောင်းသင့်တဲ့ အချက်တခုလို့ဘဲ မြင်ပါတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀ လောက် အထိ ကမ္ဘာကြီး လုံးတယ်ဆိုတာကို ၈၀% လောက်က လက်သင့် မခံနိုင်ခဲ့တဲ့ (အစွဲကြီးတဲ့) တိုင်းပြည်တပြည် အနေနဲ့ လူမျိုးကို (နာမည်ကိုပဲဖြစ်ဖြစ်) ဖျောက်ထားတဲ့ ဖွဲ့စည်းပုံတရပ်ဟာလက်တွေ့မကျလှဘူးဆိုတာတော့ ပြောလိုဇော အားကြီးပြီး သူမေ့သွားပုံရပါတယ်။ ထားပါတော့။
ခုသူစလိုက်တဲ့ ဒို့ပြည်ထောင်စု ဒို့ပြည်နယ် ဆိုတာကို သူများပြည်ထောင်စု သူများပြည်နယ်တွေနဲ့ ယှဉ်ပြီး နည်းနည်း ကြည့်ကြည့်ရအောင်ပါ။ ယှဉ်တယ်ဆိုတာလဲ မြင်သာရုံလောက်ပါ။ ဒီနေရာမှာ ကျွန်တော်တို့ရဲ့ ထူးခြားချက် နောက်တခုဖြစ်တဲ့ လွတ်လပ်ရေးရပြီး နှစ်ပေါင်း ၆၀ အတွင်း အခြေခံဥပဒေ နှစ်ခု ဖျက်သိမ်းခံခဲ့ရပြီး သုံးခု မြောက်ကလည်း ချီကတည်းက ယဉ်သကို ဆိုသလိုမျိုး ဖြစ်နေတာကို ထည့်သွင်းစဉ်းစားရမှာ ဖြစ်သလို ပြည်သူ တွေ မကြုံစဘူး ကြုံနေကြရတဲ့ ဒုက္ခသုက္ခ တွေကိုလည်း မြင်တဲ့အတိုင်း သိကြရမှာပါ။ တဆက်တည်း လက်ရှိ အယောင်ပြလေးဘဲဖြစ်ဖြစ် အပေါင်း လက္ခဏာဆောင်တဲ့ တိုးတက်မှုလေးတွေကို သံသယဘေးချိတ်ပြီး ကြည့်နိုင်အောင် ကြိုးစားဘို့ လိုအပ်မယ်လည်း ထင်ပါတယ်။
မြန်မာနိုင်ငံနဲ့ မရှေးမနှောင်း (တဦးတည်းဆီက) လွတ်လပ်ရေးရခဲ့တဲ့ အိန္ဒိယနိုင်ငံဟာ တမီလ်နာဒူး ဘင်္ဂလား၊ ပန်ဂျပ်၊ အာသံ စသည်ဖြင့် လူမျိုး (သို့မဟုတ်) ဘာသာစကားခြေပြု ပြည်နယ်တွေနဲ့ ဖွဲ့စည်းထားပါတယ်။ နိုင်ငံကြီးပြီး လူမျိုးစုံတဲ့ သူတို့ဆီမှာ ခွဲထွက်ရေးပြဿနာတွေ ရှိခဲ့ ရှိနေဆဲပါ။ အများသိပြီးဖြစ်တဲ့အတိုင်း Jammu and Cashmir ကိစ္စဆိုရင် ကာလသမဂ္ဂလို အဖွဲ့အစည်းမျိုးတောင် မကယ်နိုင်ဘဲ ခုချိန်ထိ တင်းမာဆဲပါ။ သည်အထဲ ရာဇဝင်ချဉ်းနေတဲ့ ဇာတ်နိမ့်ဇာတ်မြင့် ခွဲခြားမှုက ဒီခေတ် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး စံတွေအတွက် ကြီးမားတဲ့စိမ်ခေါ်မှု တရပ်ဖြစ်ရှိ နေဆဲဖြစ်ပါတယ်။ ဒီကြားထဲကဘဲ အိန္ဒိယဟာ ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံအဖြစ် တောက်လျှောက် ရပ်တည်နေရုံမက ဒီနေ့ဆိုရင် စီးပွားရေးမှာပါ ထိပ်တန်းကျတဲ့နိုင်ငံ တခုအဖြစ်ကို ကူးပြောင်းလို့နေပါပြီ။ ရေးပြီးကတည်းက မဖျက်ခဲ့တဲ့ သူတို့ရဲ့ အခြေခံဥပဒေကို နှစ် ၆၀ အတွင်း အကြိမ် ၅၀ ပြင်ဆင်ပြီးသား ဆိုတာကတော့ မှတ်သားစရာလို့ ပြောရမှာပါ။
ဒါ့အပြင် မူလက အချုပ်အချာအာဏာပိုင် ဒီမိုကရက်တစ် သမ္မတနိုင်ငံ ဆိုတဲ့စာသားကို ၁၉၇၆ ခုနှစ်ရောက်မှ ဘာသာပေါင်းစုံ စုစည်းညီညွတ်သော အချုပ်အချာ အာဏာပိုင် ဆိုရှယ်လစ် ဒီမိုကရက်တစ် သမ္မတနိုင်ငံ ဆိုတဲ့စာသားတွေနဲ့ အစားထိုးပြင်ဆင်ခဲ့တယ် ဆိုတာကလဲ စိတ်ဝင်စားစရာပါ။ အရေးမပါလှပေမဲ့ အိန္ဒိယနိုင်ငံ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဟာ ကမ္ဘာပေါ်မှာ အခန်းအများဆုံးနဲ့ အရှည်လျားဆုံး ဆိုတဲ့အချက်ကလည်း “ကုလားကားပေရှည်တယ်” လို့ ပြောလေ့ရှိကြတဲ့ ကျွန်တော်တို့ မြန်မာတွေ ပြုံးမိတဲ့အထိ စိတ်ဝင်စားစရာဖြစ်နိုင်ပါသေးတယ်။ ရယ်စရာ ပြောတာပါ။
ဘယ်နိုင်ငံရဲ့ကိုလိုနီမှ မဖြစ်ခဲ့ဘူးပါလို့ ဂုဏ်ယူလေ့ရှိတဲ့ ထိုင်းနိုင်ငံဟာ စည်းမျဉ်းခံဘုရင်စံနစ် (Constitutional Monarchy) ကို ပြောင်းခဲ့တဲ့ ၁၉၃၂ ခုနှစ်ကစပြီးဒီနေ့ထိ ယာယီဖွဲ့စည်းပုံ အပါအဝင် ဖွဲ့စည်းပုံအခြေခံဥပဒေ ၁၇ ကြိမ် ရေးဆွဲခဲ့ပြီး လက်ရှိတည်ဆဲ အခြေခံဥပဒေကို ၂၀၀၇ ခုနှစ်မှာရေးဆွဲခဲ့တာပါ။ စစ်ဘက်အာဏာ တခါသိမ်း တိုင်း ဥပဒေအသစ် တခါဆွဲတာမို့ ဥပဒေပြုချင်လို့ အာဏာသိမ်းတာလား၊ အာဏာမြဲချင်လို့ ဥပဒေပြုတာလား မေးရလောက်ပေမဲ့ ဘယ်ဥပဒေမှလဲ ၁၀ နှစ်သက်တမ်း မတိုင်ခဲ့ပါဘူး။ မှတ်သားသင့်တာကတော့ ၁၉၉၇ ခုနှစ် အခြေခံဥပဒေဟာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး စံချိန်စံညွှန်းတွေအရ အပြည့်စုံဆုံး၊ အကောင်းဆုံးအဖြစ် နိုင်ငံတကာရဲ့ အသိအမှတ်ပြု ခံခဲ့ရတာပါဘဲ။ အဲသည်ဥပဒေမှာ စစ်တပ်ကအာဏာ သိမ်းလာခဲ့ရင် ကန့်ကွက် ဆန္ဒပြခွင့် ဆိုတာမျိုးအထိ ထည့်သွင်းထားခဲ့ပါတယ်။ ဒါပေမဲ့ ဒီဥပဒေလဲ နောင်တော့် နောင်တော်တွေရဲ့ သခါင်္ရသဘောကို မလွန်ဆန်နိုင်ဘဲ ၂၀၀၆ ခုနှစ် အာဏာသိမ်းမှုမှာ ပျက်ပြယ်ခဲ့ရပါတယ်။ ဒါကိုကြည့်ပြီး ထိုင်းနိုင်ငံရဲ့ နိုင်ငံရေးတည်ငြိမ်မှုကို မေးခွန်းထုတ်စရာအမှန်ဖြစ်ပေမဲ့ နိုင်ငံစီးပွားရေးနဲ့ ပြည်သူတွေရဲ့ဘဝ အဆင့်အတန်းကတော့ သိကြတဲ့အတိုင်းပါ။ အုပ်ချုပ်မှုနယ်ပယ်အဖြစ် ရှေးဟောင်းမြို့တော်တွေ၊ ကံကြွေးချ နယ်ပယ်တွေကို အခြေပြုတဲ့ ပြည်နယ်တွေနဲ့ ဖွဲ့စည်းထားတာပါ။ ဘာသာရေး အကြောင်းပြ ခွဲထွက်လိုတဲ့ တောင်ပိုင်းဒေသကလွဲရင် သာမန်အားဖြင့်ငြိမ်းချမ်းတယ်ပြောနိုင်ပေမဲ့ ပြည်သူတွေ အင်မတန်ကြည်ညို တဲ့ ကမ္ဘာ့နန်းသက်အရှည်ဆုံး ရာမ (၉) ဘုရင်ကြီး (သက်တော် ၈၄) ကံကုန်ပြီးကာလ နောက်ပိုင်းကိုတော့ ခန့်မှန်းရခက် လှပါသေးတယ်။
ပြောရရင် ဖွဲ့စည်းပုံ ဥပဒေရယ်လို့မရှိတဲ့ အင်္ဂလန်နိုင်ငံဟာလဲ ၁၇ ရာစုအလယ် ကာလလောက်မှာ ပါလီမန် ဂိုဏ်းသားတွေနဲ့ ရှင်ဘုရင် ရန်ဖြစ်ရာက ဘုရင်ရှုံးပြီး စည်းးမျဉ်းခံ ဘုရင်ဖြစ်စံနစ် ဖြစ်သွားခဲ့ပြီးနောက်ပါလီမန် ဒီမိုကရေစီနည်းနဲ့ အုပ်ချုပ်လာခဲ့တာ နှစ်ပေါင်း ၃၅၀ ကျော်ပါပြီ။ ဂရိတ်ဗြိတိန်နိုင်ငံဟာ (လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀၀ နဲ့ ၄၀၀ အကြား) လူမျိုးမတူတဲ့ နိုင်ငံငယ်လေးခုကို ပါလီမန်စံနစ်နဲ့ ပေါင်းပြီး ယူနိုက်တက်ကင်းဒမ်း အဖြစ်ရပ်တည်နေတာပါ။ သူလဲခွဲထွက်ရေး ပြဿနာနဲ့ မကင်းခဲ့ပါဘူး (အိုင်ယာလန်)။ ဖွဲ့စည်းပုံဥပဒေရယ်လို့တောင် မရှိဘဲ ကမ္ဘာ့နေမဝင် အင်ပါယာ တခုထူထောင်နိုင်ခဲ့တဲ့ သူတို့ရဲ့ အစွမ်းအစကတော့ စိတ်ဝင်တစား ရှိသင့်တာအမှန်ပါဘဲ။ အရည်အချင်းပြည့်ဝတဲ့ ပုဂ္ဂိုလ်တွေကို ရွှေးချယ်တင်မြှောက်နိုင်ကြတာရယ်၊ အရည်အချင်း ရှိတဲ့ပါလီမန်မှာ ဆွေးနွေးဆုံးဖြတ်ကြပြီးတဲ့နောက် ဥပဒေတွေ (Laws) ပြဌာန်းချက်တွေ (Statutories)၊ စာချုပ်စာတမ်းတွေ(Treaties) အဖြစ်မှတ်တမ်းတင်ပြီးရင် မမှိတ်မသုံ လေးစားလိုက်နာကြတဲ့ စည်းကမ်းရယ် ကြောင့်လို့ သုံးသပ်ရင် လက္ခံနိုင်ကြမယ် ထင်ပါတယ်။
အမှန်တော့ အမေရိကန်နိုင်ငံဟာလဲ လူမျိုးစု(tribes) နဲ့ကင်းတာမဟုတ်ပါဘူး။ တခုရှိတာက သူတို့ကိုယ်တိုင်က ကျူးကျော်သူတွေမို့ မူရင်းတိုင်းပြည် (အင်္ဂလန်) ဆီကနေခွဲထွက်ပြီး လွတ်လပ်ရေး ကြေငြာခဲ့ချိန်မှာ ဒေသခံ လူမျိုးရေးကိစ္စတွေ ရှင်းသလောက်ဖြစ်နေပြီလို့ ယူဆရင် ရမရဆိုတာပါ။ ဒါကို အစပြန်မဖေါ်မိအောင် သို့မဟုတ် အမည်တပ်စရာလူမျိုး မကျန်တော့လို့များ ဒေသအမည်နဲ့ ပြည်နယ် ခွဲခဲ့တာလားတောင် စဉ်းစားစရာပါ။ ရှိပြီးသားဒေသခံလူမျိုးစုတွေရဲ့ ဥပဒေတွေ၊ အုပ်ချုပ်ရေးပုံစံတွေဟာ အမေရိကန်ဖွဲ့စည်းပုံအပေါ် အတိုင်းအတာ တခုထိ သြဇာသက်ရောက်မှု ရှိခဲ့ကြောင်းကိုလည်း မှတ်သားဘူးပါတယ်။ ပြည်နယ်အားလုံး တန်းတူရည်တူ ဖွံ့ဖြိုးပြီးတဲ့ ယနေ့ကာလမှာတော့ ဒါတွေဟာ သမိုင်းထဲမှာ ကျန်ခဲ့တယ်လို့ဘဲပြောရတော့မှာပါ။ ဥပဒေအတည် ဖြစ်တာလည်း နှစ်ပေါင်း ၂၅၀ နီးပါးရှိခဲ့ပါပြီ။ တပါတည်း သတိမူသင့်တာတခုက ကျွန်တော်ကို့ တတွေ အတော်များများစံပြုနေကြတဲ့ အဲသည်အခြေခံဥပဒေ ဟာဒီနေ့အထိ ၂၇ ကြိမ် ပြင်ဆင်ခဲ့ရပြီးပြီ ဆိုတာရယ် အဲသည်ဥပဒေရဲ့အသားအဖြစ် ကိုးးကားလေ့ရှိတဲ့ လွပ်လပ်စွာပြောဆိုခွင့်၊ ကိုးကွယ်ခွင့်ဆိုတာတွေ မူလ ပြဌာန်းချက်မှာ မပါဘဲနောက်မှပြင်ဆင်ချက်နဲ့ ထည့်ခဲ့ရတယ်ဆိုတာရယ်၊ လူ့သမိုင်းမှာ အမဲစက်သဘွယ် တည်ရှိခဲ့တဲ့ ကျွန်စံနစ်ကို မူလဥပဒေက အကာအကွယ်ပေးရုံမက အချိန်အတန်ကြာမပြုပြင်နိုင်မဲ့ ပြဌာန်းချက် တွေပါရှိနေခဲ့တယ် ဆိုတာတွေပါ။
သုံးသပ်မိတာတခုက နိုင်ငံတခု တည်ဆောက်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတို့ အတွက် ဖွဲ့စည်းပုံဥပဒေရယ်၊ အဲသည် ဥပဒေမှာ အခြေခံတဲ့ စည်းမျဉ်းဥပဒေ နည်းဥပဒေတွေရယ်၊ ဥပဒေကိုလိုက်နာကျင့်သုံးကြမယ့် ဥပဒေအောက်က (No one is above the Law) လူတွေ (အုပ်ချုပ်သူ၊ အုပ်ချုပ်ခံသူ) အားလုံးရဲ့ အရည်အသွေးနဲ့ အချိန်နဲ့ရင်းပြီး ယူတတ်မှရတဲ့ အတွေ့အကြုံတွေရယ် အညီအမျှ အရေးပါတယ်ဆိုတာပါ။ မြန်မာနိုင်ငံရဲ့ လွပ်လပ်ရေးရပြီးကစ ယနေ့ထိ ကြုံခဲ့ကြုံနေဆဲ ပြဿနာတွေဟာ ဒုတိယနဲ့ တတိယ အချက်တွေမှာ အများအပြား တည်နေတယ်ဆိုရင် လွန်မယ်မထင်ပါဘူး။ အထူးသဖြင့် ပြည်သူတွေရဲ့ ယုံကြည်ကိုးစားမှုကို ရယူနိုင်စွမ်းမရှိပဲ (လက်နက်နဲ့) အာဏာကို ရယူခဲ့ပြီး တိုင်းပြည်ကို ဆင်းရဲတွင်းနက်စေခဲ့တဲ့ အုပ်ချုပ်မှု အရည်အသွေးကတော့ “ပြရန်မလို၊ပြပြီး” ပါဘဲ။ ဒီအတွက်လည်း အရည်အချင်းပြည့်ဝသူတွေ ဦးဆာင်တဲ့အုပ်ချုပ်ရေးအဖွဲ့တခု ပေါ်ပေါက်ဘို့ ဘက်ပေါင်းစုံက ကြိုးစားနေကြတယ်လို့ မြင်ပါတယ်။ မျှမျှတတဖြစ်အောင် ကျွန်တော်တို့ အုပ်ချုပ်ခံဘက်က အရည်အသွေးကရော။ ဆင်ခြင်တုံတရားနဲ့ ရင့်ကျက်ခြင်း ဦးဆောင်တဲ့ ညီညွတ်မှုဆိုတာ အရည်အသွေးတရပ်လို့ မြင်ပါတယ်။ နိုင်ငံရေးလိုဘ မပြည့်မှုတခုကြောင့် ဆရာကြီးသခင်ကိုယ်တော်မှိုင်းလို ပုဂ္ဂိုလ်မျိုးကိုတောင် လူပုံအလယ်မှာ နင့်နင့်သီးသီး ပုတ်ခတ်ရဲတဲ့ ဆင်ခြင်တုံတရားနဲ့ ရင့်ကျက်မှုမျိုးကတော့ ဖြစ်ခြင်းဖြစ် သံပုရာတခြမ်းနဲ့ခြေမဲ့ အရည်အသွေးဘဲဖြစ်မှာပါ။ ဒီစကား ထပ်တလဲလဲပြောသလိုဖြစ်ရင် ခွင့်လွှတ်ပါလို့ ပြောရင်း စဉ်းစားကြပါလို့ လဲ “ထပ်” ပြောချင်ပါသေးတယ်။
ဒီနေရာမှာ ဆရာကြီးဦးထွန်းဖေရဲ့“ပါလီမန်ဒီမိုကရေစီစံနစ် ဘာကြောင့်ကျဆုံးရသလဲ” ဆိုတဲ့စာအုပ်လေး ကို အမှတ်ရမိပါတယ်။ ဆရာကြီးဟာ ၁၉၂၀ ပထမကျောင်းသားသပိတ်ခေါင်းဆောင်၊ ထွန်းနေ့စဉ် သတင်းစာ တည်ထောင်သူ သတင်းစာဆရာကြီး၊ ပြည်ထောင်စုအစိုးရအဖွဲ့ဝင် ပြန်ကြားရေးဝန်ကြီး စသည်ဖြင့်ဂုဏ်ပုဒ် များစွာ နဲ့ ရပ်တည်ခဲ့ပြီး ပြောင်မြောက်တဲ့ သူ့စာ အရေးအသားကြောင့် ထင်ရှားသူလဲ ဖြစ်ပါတယ်။ ဆရာကြီးရဲ့ အခြားဂုဏ်ပုဒ်တွေကတော့ မဟုတ်မခံစိတ်နဲ့ ဥပဒေကို ယုံကြည်လေးစား လိုက်နာမှုပါ။ ပြန်ကြားရေးဝန်ကြီး ဘဝမှာ ဝန်ကြီးချုပ်ရဲ့ လုပ်ရပ်တွေ အခြေခံဥပဒေနဲ့မညီညွတ်ဘူးလို့ မြင်သမျှ မထောက်မညှာ ဝေဖန် ရုံမက ရာထူးကနုတ်ထွက်ပြီး အခြေခံဥပဒေအားကိုးနဲ့ တရားစွဲခဲ့တဲ့သူ၊ ဝန်ကြီးချုပ်ကို “ဘဝရှင် မင်းတြားကြီး” လို့ လူသိရှင်ကြား အမည်ပေးခဲ့ပြီး လုပ်ဖေါ်ကိုင်ဘက်တွေနဲ့ ပြည်သူတွေကိုလည်း ဥပဒေကို ရဲရဲ လိုက်နာသုံးစွဲ ဘို့ အမြဲဆော်သြခဲ့သူပါ။
တော်လှန်ရေးကောင်စီတက်လာပြီးနောက် ရေးသားထုတ်ဝေခဲ့တဲ့ အထက်ကစာအုပ်မှာ အင်္ဂလန်ပြည်မှာ ကျင့်သုံးခဲ့တာ နှစ် ၃၀၀ ကျော်(အသားကျနေ)ပြီဖြစ်တဲ့ ပါလီမန်ဒီမိုကရေစီစံနစ်ဟာ သက်ဦးဆံပိုင် ပဒေသရာဇ် စံနစ်အသွေးအသားထဲအထိ စိမ့်ဝင်နေတဲ့ မြန်မာပြည်မှာတော့ ၁၄ နှစ်နဲ့ဇီဝိန်ချုပ်ခဲ့ရတယ် လို့ ရေးသားထားပြီး တော်လှန်ရေးကောင်စီဟာ သမိုင်းပေးတာဝန်အရ ပေါ်ပေါက်လာခဲ့တယ်လို့လဲ တဆက်တည်းပြောခဲ့ပါတယ်။ မဆလ ခေါင်းပေါင်းစွတ် အစိုးရ ပေါ်ပေါက်ပြီး မရှေးမနှောင်း ဆိုသလို ကွယ်လွန်ခဲ့တဲ့ အတွက် တရိပ်ရိပ် ထိုးတက်လာတဲ့ အနိဌာရုံတွေ ကို ဆရာကြီးမြင်မသွားရှာပေမဲ့ သူ့အတွေ့ အကြုံအရ သူယုံကြည်သလို ရေးခဲ့တဲ့ သူ့သုံးသပ်ချက်ဟာ ဒီနေ့ကာလဖြစ်ပေါ်တိုးတက်မှုတွေ အတွက်သင်္ခမ်းစာ ယူတတ်ရင်ရနိုင်မယ် ထင်ပါတယ်။ သေချာတာတခုကတော့ ကျွန်တော်တို့နိုင်ငံဟာ ထိုင်းနိုင်ငံလို ၁၇ ခုမြောက် အခြေခံဥပဒေရေးဆွဲတဲ့ ဒဏ်ခံနိုင် လောက်အောင် အင်အားမရှိတော့ပါဘူး ဆိုတာပါဘဲ။
မြန်မာ့သမိုင်းတလျှောက် နှစ်ပေါင်း ၆၀ အတွင်း စူ့ထက်စူ လူစွမ်းကောင်းတွေ ဦးဆောင်ရေးဆွဲခဲ့တဲ့ တတိယမြောက် ဖွဲ့စည်းပုံ အခြေခံဥပဒေရယ်၊ အဲသည် မဟောင်းမသစ် ခပ်ညစ်ညစ်နဲ့ အတည်ဖြစ်ခဲ့ရတဲ့ ဥပဒေအပေါ် ဗိုက်မှောက်ပြီး တယောက်တပေါက် အော်နေကြတဲ့ အဖြစ်သနစ်တွေရယ် မသက်မသာကြည့်ရင်း (မိမိမျိုးဆက်သစ်တွေ အတွက်) ရတက်မအေးသူတဦးရဲ့ ပုဂ္ဂလိကအမြင်လို့ ဆိုနိုင်ပါတယ်။ အားလုံးကို ချင့်ချိန်ပြီး တိုင်းပြည်အတွက် အကောင်းဆုံးစဉ်းစား အရင့်ကျက်ဆုံး (တဦးချင်း) တွေးခေါ် လုပ်ကိုင် နိုင်ကြရင် ပိုကောင်းနိုင်မလားဆိုတဲ့ မျှော်လင့်ချက်နဲ့ တင်ပြခြင်းသာ ဖြစ်ပါတယ်။ ကျွန်တော်တို့ စိုက်ပျိုးသမျှ ကျွန်တော်တို့ဘဲ ရိတ်သိမ်းကြရမယ် (as we sow; so shall we reap) မဟုတ်ပါလား။ တခုပြောသင့်တယ်ထင်တာက နှစ်ပရိစ္ဆေဒ ရှည်ကြာစွာ ဒုက္ခပေါင်းစုံ ခါးစည်းခံပြီး (ကျွန်တော်ဉာဏ်မီ သရွေ့ ပြန်ပြောင်းကြည့်သမျှတော့ သုခပေါင်းစုံရယ်လို့ မရှိသလောက်ပါဘဲ) နေထိုင်လာကြသည် နှင့်အမျှ ကျွန်တော်တို့ ပြည်ထောင်စုသားတွေအချင်းချင်း မမေ့နိုင်တဲ့ဖြစ်ရပ်တွေ နာကျင်မှုတွေ ရှိကြမှာ မလွဲသလို ဒီနာကျင်မှုတွေကို နာကျည်းမှု အဖြစ်သမိုင်းထဲကို သယ်ဆောင်ဘို့သင့်မသင့် ရာမရာချင့်ချိန်ဘို့တော့လိုကြမယ် ဆိုတာပါ။
အင်္ဂလိပ်လူမျိုး စာရေးဆရာကြီး H. Fielding Hall ရေးသားပြီး ဆရာပါရဂူ ဘာသာပြန်ခဲ့တဲ့ သီပေါ၏မဟေသီ (Thibaw’s Queen) စာအုပ်ထဲက မှတ်မိသမျှလေး ဖေါက်သယ်ချပါရစေဦး (နှစ်ပေါင်းသုံးဆယ်ကျော်ခဲ့ပြီမို့ အရင်းအတိုင်းတော့ မဟုတ်ပါ)။ “ငယ်တုံးရွယ်တုံးသာ မေ့မရနိုင်ဘူး မေ့ဘို့မလွယ်ဘူး ပြောနေကြတာပါ။ ကြီးပြင်းလာတဲ့ အခါကျတော့လဲ တကယ်တမ်း မလွယ်တဲ့အရာ ဟာ မေ့ဘို့ မဟုတ်ဘဲ အမှတ်ရဘို့ ဆိုတာ သိလာပါလိမ့်မယ်”။ လူ့သက်တမ်းတခု အတွက်တော့ ဒီစကား ဘယ်လောက်မှန်တယ်ဆိုတာ ရှင်းပြဘို့လိုမယ်မထင်ပါ။ နဲနဲဆန့်ပြီး ကျွန်တော်တွေးမိသလို ပြောလိုတာက နိုင်ငံတခုရဲ့သက်တမ်းနဲ့ပတ်သက်ရင် ပိုလို့တောင်မှမှန်မလားလို့ပါ။ ရှေးအထက်ကျော် ကာရီက သရေခေတ္တရာ၊ တကောင်း၊ ပုဂံ၊ အင်းဝ၊ ဟံသာဝတီ ဆိုတဲ့ ခေတ်တွေကို ကျွန်တော်တို့ ဘယ်လောက်များ မှတ်မိနိုင်ကြပါပြီလဲ။ ဒီလိုဘဲ နောင်လာမယ့်နှစ်ပေါင်း ၃၀၀ (နိုင်ငံတခုရဲ့သက်တမ်း အတွက် နှစ်သုံးရာဆိုတာ မျက်တောင်မွှေးတဆုံး သာသာမျှ ရှိမှာပါ) ကျရင် ဒီနေ့ကျွန်တော်တို့ မမေ့နိုင် ကြတဲ့ အရာတွေကို ဘယ်လို အမှတ်ရချင်ကြသလဲ၊ အမှတ်ရဘို့ ကျွန်တော်တို့တိုင်းပြည် ကျွန်တော်တို့ နိုင်ငံဆိုတာရော ကမ္ဘာ့မြေပုံပေါ်မှာ ရှိပါဦးတော့မလား ဆိုတာဟာ ဒီနေ့ အနေအထားအရ နက်နက်နဲနဲ စဉ်းစားရမဲ့ အချက်တွေပါ။ ကျွန်တော့်အမြင် ပြောရရင် ဒုတိယအချက်ကို ဘယ်လိုဖြေဆိုပြီး လက်တွေ့ ကျကျ ဘာတွေလုပ်တယ် ဆိုတာဟာ ကျွန်တော်တို့သမိုင်းဖြစ်လာပါလိမ့်မယ်။
ဒီဆောင်းပါး ခေါင်းစဉ်ကို ငယ်ငယ်ကကျောင်းမှာ ရွတ်ခဲ့ဘူးတဲ့ “ဒီလိုပုံနဲ့မိုးကြီးချုပ်လျှင်၊ ကျွန်ုပ် အိမ်ပြန် ရောက်ပါ့မလား” ဆိုတဲ့ ကဗျာကလေးက ယူပါတယ်။ ကျွန်တော်တို့မျိုးဆက်အတွက်တော့ တကယ်ဘဲ မိုးချုပ်နေပါပြီ။ အာရုဏ်တက်စ၊ နံက်ခင်း၊ နေမွန်းတည့် နဲ့ မွန်းတိမ်းစ အချိန်အသီးသီး၊ ခွန်အား အရပ်ရပ်ကို ပိုင်ဆိုင်ထားကြတဲ့ မျိုးဆက်တွေ ကျွန်တော်တို့လို မရေမရာ မိုးမချုပ်စေလိုတဲ့ စေတနာနဲ့ (ဦးလှိုင်မြင့်ကို အကြောင်းပြုပြီး) ဒီဆောင်းပါး ကိုရေးပါတယ်။ “မြစ်ဆုံ” အတွက် အရေးကြီးချိန်မှာ ဆေးရိုးသည်က ကန်လန့် ဖြစ်သွားခဲ့ရင် အားလုံးကိုတောင်းပန်ပါတယ်။
လောကပါလ
11ReadMore-2.jpg
Wednesday, September 14, 2011
ဗမာတွေရဲ့ ကိုယ်တွင်း မကောင်းဆိုးဝါးများ
                  ဒေါက်တာ ဇာနည် Tuesday, 10 November 2009 16:15 သူ့အတွေး သူ့အမြင်
အမေ့ဗိုက်က ထွက်လာကတည်းက ကျုပ်တို့ ဗမာတွေဟာ မုသာဝါဒကို ရှောင်ကြဉ်ဖို့ သွန်သင် ဆုံးမတာ ခံခဲ့ရပါ တယ်။ အသက်လေး နည်းနည်းရလာပြီး ဘုရားကျောင်း ကန်ဆောက်၊ သံဃာများနဲ့ ထိတွေ့ ဆက်ဆံတဲ့ အခါကျ တော့လည်း “မုသာဝါဒါ ဝေရာမဏိ”ဆိုပြီး တတွတ်တွတ် ရွတ်တတ်ကြတယ်။ ဒါပေမယ့် တကယ်တော့ ဗမာ တမျိုးသားလုံးဟာ မုသာဝါဒ မှိုင်းတွေမိပြီး ဘိုးဘွားပိုင်တိုင်းပြည်ကြီးဆိုပြီး ဇာတိသွေး ဇာတိမာန်တွေ တက်ကြွ နေတာပါ။ ရေထဲက ငါးတွေ ရေစိုတာ မသိသလိုပါဘဲ။ မိရိုးဖလာ မျိုးချစ်ကြီးတွေ ဖြစ်မှန်းမသိဖြစ်လို့ နိုင်ငံရေး အသိမရှိတဲ့ ဘ၀မှာ အားလုံးက အမျိုးသားဇာတ်ပျက်ကြီးထဲ “ကမ္ဘာမကြေ”ဆိုတာနဲ့ တက်အောင် ထကခဲ့၊ ထက နေကြတာပါ။
စဉ်းစားကြည့်လေဗျာ။ ကျုပ်တို့အားလုံးကို သွင်းထားတဲ့ အမျိုးသားရေးဇာတ်ပွဲရဲ့ ဇာတ်ညွှန်းကို ကြည့်ပါ။ ဗမာ တွေ ပေါက္ကံပြည်ကြီးမှာ ကိုယ့်မင်း ကိုယ့်ချင်း တိုင်းရင်းသား အားလုံးနဲ့ ချစ်ချစ်ခင်ခင် ဥမကွဲ သိုက်မပျက်နေခဲ့ ကြတာ ရှေးပဝေသဏီ ကတည်းက၊ ကမ္ဘာတည်စကတည်းက ဆိုမယ်။ ဒီရွှေနိုင်ငံကြီးကို မိစ္ဆာကုလားဖြူတွေ ကျူးကျော် နယ်ချဲ့လို့ တိုင်းဌာနေ အစိတ်စိတ် အမွှာမွှာကွဲ၊ ပြည်သူတွေလည်း နှစ် ရာကျော် ကျွန်သဘောက် ဘ၀ ရောက်ခဲ့ရတယ်လို့ အမျိုးသားရေး ဇာတ်ထုတ်က ဆိုတယ်။
ဗမာတွေ လွတ်လပ်ရေး ရတာပဲ အနှစ် (၆၀) လောက်ရှိပြီဆိုတော့ ကျုပ်တို့တွေ သမိုင်းကို မျက်မှန်စိမ်းဖြုတ်ပြီး ကြည့်ဖို့၊ ပြန်လည်သုံးသပ်ဖို့ လိုပြီ။
ကျဉ်းမြောင်းတဲ့၊ ပြင်းထန်တဲ့ အမျိုးသားရေး သမိုင်းအမြင်ကို ဂျပန်ခေတ်က စကားနဲ့ ဆိုရင်တော့ “မျက်မှန်စိမ်း”၊ သမိုင်းလောကုတ္တရာ စကားနဲ့ ပြောရရင်တော့ “အမျိုးသားရေး မောဟ” လို့ခေါ်ရမယ်။ ကုန်းဘောင်ခေတ်နှောင်း အချုပ်တန်းဆရာဖေရဲ့ စကားငှားသုံးရင်တော့ ဗမာတွေရဲ့ “ခွ(ဂွ)ကောင်တွေခွေးဖြစ်တဲ့သမိုင်း”လို့များ ဆိုရ မလား မသိပါ။
သမိုင်းသတ္တိရှိကြပါ၊ ကျုပ်တို့ပြည်သူအားလုံးကို “ကျေးတော် ကျွန်တော်” လုပ်ခိုင်းပြီး စီးပွားရေး ကုပ်သွေးစုပ်၊ မယားမှိုလိုပေါက်အောင် ယူပြီးတော့ လောကီစည်းစိမ်ယစ်မူးခဲ့တဲ့ “ပါးစပ်က ဘုရား လက်ကကားယား” ပဒေသရာဇ်ဆိုတဲ့ လူတွေကိုကြည့်။ ယိုးဒယားကိုသိမ်း၊ ရခိုင်ကို ဖျက်ဆီး၊ မွန်တွေကို အမျိုးဖြုတ်၊ ရှမ်းတွေကို နှိပ်ကွပ်၊ ကရင်တွေကို ပေါ်တာဆွဲ ရမ်းချင်တိုင်းရမ်း အဓမ္မဇာတ်ခင်းပြီး လက်နက်နိုင်ငံတော်ကြီးတွေ ထောင်ခဲ့ တာပဲ။ အဲဒါကို ရာဇ၀င် ဆရာကြီး၊ ဆရာလေးများက လက်ခုပ်သြဘာပေး၊ ကိုယ်နဲ့ အတန်းမတူတဲ့ ဘိလပ်က အင်္ဂလိပ်တွေနဲ့ ဟဲဗီးစိတ်တန်းဝင်မြှောက်ပေးကြတော့ ကုန်းဘောင်ဆက်လဲပြုတ်။ ရွှေနန်းတော်ကြီးလည်း ထင်းဖြစ်။ မယားကြောက် သီပေါလည်း အင်္ဂလိပ်ဘွတ်ဖိနပ်စာထိ။ ဗမာတွေလည်း ကုန်းဘောင်ကျွန်ဘ၀ကနေ ၀ိတိုရိယ ကျွန်ဘ၀ အရှင်လတ်လတ် ဘ၀ကူးခဲ့ရတာပေါ့။
ကျုပ်တို့အမျိုးသားရေးသမိုင်း အမြင်မှာတော့ အင်္ဂလိပ်နယ်ချဲ့တွေ ဆိုးဝါးအနိုင်ကျင့်တယ်ပေါ့ဗျာ။ ကိုယ့်ဘုရင် သခင်က တခြားလူမျိုးတွေကို သွားသိမ်းပိုက်အနိုင်ယူတာကျတော့ ပါးစပ်က အမြှုပ်တွေ ထတဲ့အထိ ပီတိဖြာ တယ်။ ပြောလို့ ဂုဏ်ယူလို့မဆုံးတော့ဘူး။ ကိုယ့်လူမျိုးအသုံးမကျလို့ အင်္ဂလိပ်မင်းများက သခင်ကြီးအဖြစ်လဲ ရောက်ရော မတရားဘူး ထအော်ပေါ့။ ဒါက ညစ်ပလီစိတ်ပါ။
ကျုပ်တို့ ဗမာတွေလို့ သိမ်းကျုံးပြီး ရည်ညွန်းလိုက်ပြန်တော့ တစ်မြေတည်းနေ တစ်ရေတည်းသောက် ကြီးလာတဲ့ ညီနောင်ရင်း လူပါးဝလှချည်လားဆိုပြီး ဆဲတာတွေ၊ ကလော်တုတ်တာတွေ လာမယ်ဆိုတာ ခန့်မှန်းမိပါတယ်၊ “ဗမာ”ဆိုတာ အမျိုးသားရေးဝါဒီ ဗမာအားလုံးကို ရည်ညွန်းပါတယ်။ အရပ်သား၊ စစ်သား၊ ဘုရားသား၊ အသည်သား၊ ရုံးသား သားပေါင်းစုံကို ဆိုလိုပါတယ်။ မရှင်းမှာ စိုးလို့ပါ။
လူစင်စစ်က အမျိုးသားရေး “မျက်မှန်စိမ်း” တပ်ခံခဲ့ရ၊ တပ်ခံနေရဆဲ ကျုပ်တို့ရဲ့ဘ၀ကို မချိလို့ပါ။ ဒီညစ်ပလီ အမျိုးသားရေးသမိုင်းကို မိရိုးဖလာ အလား၊ ကိုယ်ပိုင် ဆင်ခြင်တုံတရား မသုံးဘဲ လက်ဆင့်ကမ်း လာလိုက်တာ (၁၉၄၈) က စပါတယ်။ ဒါကြောင့် မျိုးဆက် (၃) ဆက်လောက်တော့ ရှိပါပြီ။ လက်ရှိသမိုင်း သင်ရိုးညွန်တမ်းတွေ ဆိုတာကလဲ အဲဒီ သမိုင်းမျိုးအပေါ်မှာပဲ အခြေစိုက်ထားတာမျိုး ဖြစ်ပါတယ်။
ကောင်းတာမှန်သမျှ အမျိုးသားယဉ်ကျေးမှုရဲ့ အမွေအနှစ်အဖြစ် ပြောမယ်။ မကောင်းတာ၊ ပျက်တာ၊ ဖောက်ပြန် တာ မှန်သမျှ ဗြိတိသျှ သခင်ကြီးများ လက်ကျန် ကိုလိုနီအမွေအနှစ်တွေပါဆိုပြီး တာဝန်ကို ရှန်တိန်လုပ်ထားတဲ့ သမိုင်းပဲ။ မိရိုးဖလာ အမျိုးသားရေးဝါဒီတွေရဲ့ သမိုင်းအမြင်တွေထဲမှာ မှန်တာတွေကတစိတ်လေးလောက်တော့ ပါမှာပေါ့လေ။ ဒါပေမယ့် သုံးသပ်ချက်အမှား၊ သမိုင်းကောက်ချက်အမှားနဲ့ ထိန်ချန်မှုတွေကလည်း တပုံတပင်ပါ။
ကိုယ့်မင်း ကိုယ့်ချင်း ဘ၀ကတည်းက ကျုပ်တို့ဟာ ကျွန်သာသာ ဘ၀မှာ နေခဲ့ရတယ်။ မျက်နှာဖြူ သခင်ကြီးများ လက်အောက်ရောက်တော့လည်း ဒုံရင်း ဒုံရင်းပါပဲ။ ဒီ ပြည်သူအများစုရဲ့ သူမသာ ကိုယ်မသာ ဘ၀ကို ထိန်ချန် ရေးတဲ့ အမျိုးသားဝါဒီ သမိုင်းရာဇ၀င် က၀ိကြီးများက ကျုပ်တို့ရဲ့အတိတ်ဆိုး၊ အတိတ်ပုပ်တွေကို မျှော့ကြိုးလို သဘောထားပြီး ကိုယ်လိုရာ ဆွဲတွေး၊ ဆွဲရေးခဲ့ကြ၊ ရေးနေဆဲဖြစ်တယ်။
ဒါကြောင့် ပြည်သူတွေခမျာလဲ အစဉ်အလာအမျိုးသားရေး၊ လူမျိုးရေး သမိုင်းအမြင်ထဲမှာပဲ တ၀ဲလည်လည်ပေါ့ ဗျာ။ ဖွတ်ကို မိကျောင်းမှတ်၊ မမြင်ဘူး မူးမြစ်ထင်ဆိုသလို ကိုယ့်ကိုယ်ကို သနားလိုက် ဘ၀င်မြင့်လိုက်နဲ့ သံသရာ လည်နေတဲ့ သမိုင်းရေဆွေးထဲပဲ ပိတ်ဆို့ ပေါလောမျောနေတာကိုး။
ဘုရားဆုပန် သာသနာပြု ဆင်ဖြူ နွားဖြူများရှင် မင်းတြားကြီးများရဲ့ လက်ထက်က ပြည်သူတွေရဲ့ လူမူစီးပွား ဘ၀ကို မျက်မှန်စိမ်းချွတ်ပြီး ပြန်ကြည့်ရအောင်။ ပါးစပ်ကတော့ ဘုရား ဘုရားနဲ့၊ ပြည်သူကို ကျောသားရင်သား မခွဲခြားဘဲ မင်းကျင့်တရားဆယ်ပါးနဲ့ အညီ အုပ်ချုပ်ပါတယ် ဆိုတဲ့ ဧကရာဇ်တွေဟာ တကယ့်လက်တွေ့မှာ တိုင်း သူပြည်သားတွေကို ဘယ်လိုများ အုပ်ချုပ်ခဲ့ပါသလဲ။ တိရစ္ဆာန်တွေနဲ့ မခြား ကြီးနိုင်ငယ်ညှဉ်း သမားတွေပဲ။ ထီးဖြူ ကိုဆောင်း၊ ပလ္လင်ပေါ် တင်ပျဉ်ခွေထိုင်၊ ဘောင်းတော်စီးပြီး ဘုရားထူးခံတာက လွဲလို့ အဟိတ်သတ္တ၀ါများနဲ့ သိပ် မကွာလှပါဘူး။
ကုလားပြည်နဲ့ သိပ်မကွာတဲ့ လူတန်းစား ဇာတ်ခွဲခြားမူ လွှမ်းမိုးတဲ့ လူမှုဘ၀ကို ကြီးကြပ်စီမံခဲ့သူတွေပါ။ အ၀တ်အစား အရောင်၊ ခေါင်းပေါင်း ပုဝါ ကစပြီး အိမ်တောင် ဆိုဒ်စုံ ပြဌာန်းချက်တွေ များစွာနဲ့ မလွတ်လပ်တဲ့ ကျွန်လူနေမှုစနစ်ကြီးပါ။ ကျုပ်တို့တွေ ကိုယ့်မင်းကိုယ်ချင်းဘ၀က ဘ၀ရှင်မင်းတြားကြီးဆိုသူများဟာ ဘုရားကြီး တွေတည်၊ နန်းတော်ကြီးတွေ တခုခုပြီးတခုဆောက်၊ သူတို့နန်းဆက်တည်မြဲရေးဆိုတဲ့ စိတ်ဓာတ်နဲ့ တိုင်းပြည်ကို အုပ်ချုပ်ခဲ့တာပဲ။ ကျုပ်တို့ရဲ့ သမိုင်းအစဉ်အလာ အစစ်ကို မယုံရင် ဗဒုံ (ခေါ်) ဘိုးတော်ဧကရာဇ် ဘုရားတည် “ဘုရားကြီး” ကို သွားကြည့်ကြပါ။ ပြည်သူတွေ စားစရာမရှိ၊ ငတ်မွတ်ခေါင်းပါးတဲ့ ဘ၀မှာ ဘိုးတော်ဘုရင်က ပြည်သူသွေးချွေးနဲ့ ရင်းလို့ရလာတဲ့ ဥစ္စာနဲ့ ပြည်သူလုပ်အားကို အဓမ္မသုံးပြီး ဘုရားတည်ခဲ့တာပါ။
ဘိုးတော်ဘုရား တယောက်တည်း ဒီလိုကျင့်ကြံခဲ့တာ မဟုတ်ပါဘူး၊ ပဒေသရာဇ်ခေတ်ကတည်းက ကျုပ်တို့ ဗမာ အားလုံး အခက်ကြုံခဲ့တာတွေ အခုခေတ်မှာလည်း ဂယက်ရိုက်တုန်းပါပဲလား။ ကျုပ်တို့ ဘိုးဘွားဘီဘင်တွေ လက် ထက် ခေတ်အဆက်ဆက်က နိမ့်ကျတဲ့ ဒုတိယတန်းစား လူ့အလွှာအဆင့်မှာ ဆက်ဆံခံခဲ့ရတယ်။ နဖူးကချွေး ခြေမကျမှ ရတဲ့ ဆန်စပါး ကောက်ပဲသီးနှံတွေကို အခွန်ကောက်၊ အမြတ်ထုတ်၊ လက်ဝါးကြီးအုပ် သိမ်းပြီး အုပ်ချုပ်သူနဲ့ မင်းမြှောင်များ မြို့ကြီးသား လူ့ယဉ်ကျေးဆိုသူများက စားတော်ခေါ်ကြ၊ နိုင်ငံထူထောင်ကြတာ ဖြစ်ပါတယ်။
ဗမာအုပ်ချုပ်သူ၊ ရှမ်းအုပ်ချုပ်သူ၊ ရခိုင်အုပ်ချုပ်သူ၊ မွန်အုပ်ချုပ်သူ အစရှိသဖြင့် လူမျိုးတွေ၊ လူတန်းစားတွေ၊ ခေတ်တွေ ပြောင်းသွားပေမယ့် အကျင့်အကြံ အပြုအမူတွေကတော့ သူမသာ ကိုယ်မသာတွေပါ။ သက်ဆိုင်ရာ လူထုကြီးတွေကို ဂုံးပိုးစီးပြီး နိဗ္ဗာန်ကို ဖြတ်လမ်းက ရောက်ချင်သူတွေပါ။
ဒီလို ညစ်ပလီသမိုင်းဆိုးတွေနဲ့ ပတ်သက်လာရင် ကျုပ်တို့ရဲ့ခြံပေါက်အမျိုးသားရေး ၀ါဒီများအပေါ် သမိုင်းက၀ိကြီး တွေက သတ္တိရှိရှိ ပညာရှင် ကျင့်ဝတ်မသုံးဘဲ အမှန်ကို အမှန်အတိုင်း ဓမ္ဗဓိဌာန်ကျကျ မရေးကြတဲ့အပြင် ၎င်းတို့ ကိုယ်တိုင်က မျက်မှန်စိမ်းကြီးတွေ ဆိုဒ်စုံတပ်ပြီး ကလောင်သွေးခဲ့ကြတာ နှစ်တရာကျော်တောင် ရှိလာပြီပဲ။ ခေတ်မီဗမာ့အမျိုးသားရေးစိတ်ဓာတ်များ စတင်သန္ဓေတည်ခဲ့တယ်လို့ဆိုကြတဲ့ (၂၀) ရာစုဆန်းကစပြီး ကျုပ်တို့ ခြံပေါက် ရာဇ၀င်ဆရာကြီးများ ဖန်တီးခဲ့တဲ့ သမိုင်းကို ပြန်ကြည့်ကြရအောင်။
ဦးမေအောင် နဲ့ အဘိဓာန်ဆရာကြီး ဒေါက်တာ ဘဟန်က အစ သွေးအိုင်ထဲမှ မြန်မာ့ဒေါင်း အင်္ဂလိပ်-မြန်မာ ဆက်ဆံရေး သမိုင်း (၁၇၅၃ - ၁၉၄၈) ရေးသူ ကမ္ဘာကျော် မြန်မာပုံပြောဆရာကြီး ဒေါက်တာထင်အောင် အလယ်၊ မြန်မာအမျိုးသား လှုပ်ရှားမှုသမိုင်း(၁၉၄၀ - ၄၈) ရေးသူ ဗိုလ်မှူးချုပ် မောင်မောင်(ကွယ်လွန်) နဲ့ နောက် ဆုံး ခြေရာပျောက်များကို ရှာကြည့်ခြင်း ပုဂ္ဂလိက သမိုင်းရှာပုံတော် ရေးသူ ဒေါက်တာ သန့်မြင့်ဦး အထိ အားလုံး သော က၀ိကြီးများက ဗမာနိုင်ငံတော်ကြီးကို ဗဟိုပြုတင်ဆက်ထားတဲ့ အုပ်စိုးသူဗမာရေပေါ်ဆီတွေရဲ့သမိုင်းကို မသာ ပေါင်ဒါဖို့တာမျိုး ရေးသားကြတာပါ။
ဒီ ညစ်ပလီ အမျိုးသားရေး သမိုင်းအရဆိုရင် တိုင်းပြု ပြည်ပြု ဗမာမျိုးချစ်ကြီးများ လုပ်ဖို့ဆိုတာကတော့ ပြည်မနဲ့ လူမျိုးစုပြည်နယ်များ ပေါင်းစည်းရေးက အဓိကပေါ့ဗျာ။ ဒီမိုကရေစီနည်းနဲ့ပဲခေါ်ရခေါ်ရ၊ သေနတ်အားကိုးနဲ့ နဖား ကြိုးဆွဲခေါ်ရခေါ်ရဆိုတာမျိုးပါ။ ဒါကတော့ လုပ်ပုံလုပ်နည်းမှာ လူလိမ္မာနဲ့ လူမိုက် ကွဲခြားမှုလောက်ပါပဲ။ ရည်ရွယ် ချက်ကတော့ ဗမာကို အလယ်မှာထားပြီး လူနည်းစုလူမျိုးစုတွေက အစွန်အဖျားကနေရမယ့် ဗမာဗဟိုပြု ပြည် ထောင်စုကြီး ထူထောင်ဖို့ပါ။
တကယ်တော့ ကိုလိုနီခေတ်နောက်ပိုင်း မြန်မာနိုင်ငံရဲ့သမိုင်းဟာလဲ သြဇာအာဏာကို လက်ဝါးကြီးအုပ်ထားတဲ့ ဗမာလူမျိုး မြို့နေလူတန်းစား ယောက်ျားရေပေါ်ဆီတွေရဲ့သမိုင်းပါ။
ကျုပ်တို့နိုင်ငံ ကိုလိုနီခေတ်မတိုင်မီက ညစ်ပလီ အတိတ်ဘ၀ကို ကိုယ့်အမျိုးလို့ဆိုပြီး သာသာထိုးထိုး ရေးခဲ့တဲ့ မျက်မှန်စိမ်း သမိုင်း အဖြစ်ကိုရော၊ လွတ်လပ်ရေးရပြီးခေတ် အမျိုးသားစိတ်မွှန်ပြီး လုပ်ခဲ့ကြတဲ့ သမိုင်းဖြစ်ရပ်များ ကိုပါ သတ္တိရှိရှိ ရင်ဆိုင်ဖို့ လိုပါတယ်။
၁၉၄၈ လွတ်လပ်ရေး လွန်ကာလမှာ ကိုယ့်မင်းကိုယ်ချင်းဆိုပြီး နိုင်ငံတော်ထူထောင်ရေး အမျိုးသားသမိုင်း က တကယ်တော့ ဖ ဆ ပ လ နိုင်ငံရေးသမားကြီးများနဲ့ နောက်ပိုင်းကာလ တပ်ထဲက ခေါင်းဆောင်ကြီး၊ ခေါင်း ဆောင်လတ်များက ဗမာဇာတိမာန် ဇာတိသွေးကြွပြီး အားနည်းတဲ့ လူမျိုးစုဝင်တွေကို ပြည်တွင်းဖြစ် ကိုလိုနီ လက်သစ်စနစ်နဲ့ အုပ်ချုပ်ဖို့၊ ဗိုလ်ကျဖို့ လုပ်တဲ့ ခေတ်သစ်ညစ်ပလီ သမိုင်းသာဖြစ်ပါတယ်။ အမျိုးသားဝါဒီ ဗမာနိုင်ငံရေးသမား၊ တပ်မတော်အရာရှိကြီးများ၊ ရေပေါ်ဆီ ပညာတတ်ကြီးများအပါအ၀င် အထူးသဖြင့်တော့ ငါးတောင်ဝတ် နိုင်ငံမျက်နှာဖုံး ဂုဏ်သရေမရှိ လူကြီးများက ကျန်တဲ့ ဗမာလူထုလူတန်းစားများနဲ့ လူမျိုးစုငယ်များ အပါအ၀င် ကုမ္မာရီမိန်းမ လူကြီးအားလုံးထက် ငါတို့ ငါးတောင်ဝတ် ဗမာအမျိုးသားရေးဝါဒီများက တမူးသာတယ် ဆိုတဲ့ အဓမ္မ အမြင်နဲ့ ရေးခဲ့တဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး သမိုင်းပဲ ဖြစ်ပါတယ်။
၁၉၉၄ ဆောင်းရာသီအ၀င်လောက်မှာ အမေရိကန်ပြည်ထောင်စု အခြေစိုက် ယခင်တော်လှန်ရေး ကောင်စီဝင် တဦးဖြစ်ခဲ့ပြီး ဗမာ့သေနတ်ကိုင် တပ်ရင်း(၃) ရဲ့ တပ်မှူးကြီး ဗိုလ်မှူးကြီး ချစ်မြိုင်(အငြိမ်းစား)ကို ကျုပ် အင်တာဗျူး လုပ်ခဲ့တာ အလျင်းသင့်လို့ တင်ပြပါရစေ။
ဗိုလ်မှူးကြီး ချစ်မြိုင်ဟာ ကွယ်လွန်သူ NLD ဦးကြည်မောင် (ဗိုလ်မှူးကြီးဟောင်း နဲ့ တော်လှန်ရေးကောင်စီဝင် ဟောင်း)နဲ့ အတူ သံမဏိအဖွဲ့မှာ ပါခဲ့ပြီး နယ်ချဲ့ဆန့်ကျင်ရေးမှာပါခဲ့သူ လူလေးစားခံခဲ့ရတဲ့ တပ်မတော် ခေါင်း ဆောင်ဟောင်းတဦးလည်း ဖြစ်ပါတယ်။
သူကတော့ ရိုးရိုးဖြောင့်ဖြောင့် သတ္တိရှိတဲ့ စစ်သားဟောင်းကြီးမို့လားတော့ မပြောတတ်ဘူး။ ကျုပ်တို့ ဗမာအမျိုး သားရေးဝါဒီ ခေါင်းဆောင်ကြီးတွေ တခြားလူမျိုးစုတွေကို ဘယ်လိုဖြစ်လို့ လုပ်တယ်ဆိုတာ ဘွင်းဘွင်းပဲ ပြော သွားခဲ့တာက ဒီလိုပါ။
၁၉၅၀ အစောပိုင်းကတည်းက ဗထူးတပ်မြို့ကွဲပြီး ရှမ်းပြည်မှာ သွားတည်တာ ရိုးရိုး သားသားမှ မဟုတ်ဘဲ၊ ရှမ်းတွေ ၁၉၅၈ ရောက်ရင် ခွဲထွက်မှာကို ဗျူဟာအရ ဟန့်တားဖို့နဲ့ စစ်ရေး အရ ခြေခွင်းဖို့ ဗထူးမြို့ကို စစ်အခြေခံ စခန်းအနေနဲ့ ဆောက်ပြီး စစ်ရေးပြင်ဆင်တာပါ။ DSA စစ်တက္ကသိုလ်ကြီးရဲ့မွေးဖွားရာလို့ဆိုရင်လည်း မမှားပါဘူး။
ဖ ဆ ပ လ ခေတ်နိုင်ငံရေး ခေါင်းဆောင်များကလည်း ဗိုလ်နေ၀င်းတို့ ဗိုလ်မောင်မောင်တို့နဲ့ နှစ်ပေါက်တပေါက် ရိုက်ပြီး ဒီစစ်ရေးပြင်ဆင်မှုတွေကို မသိကျိုးကျွန်ပြုပြီး နေခဲ့ကြတာပါ။
မြန်မာ့လွတ်လပ်ရေးဖခင်ကြီး ဦးအောင်ဆန်းက ဗမာတွေကို ကိုယ်စားပြုပြီး အသိအမှတ်ပြု လက်မှတ်ထိုး လက်ခံခဲ့တဲ့ ပင်လုံစာချုပ်ကြီးကို အိမ်သာသုံးစက္ကူလောက်တောင် တန်ဖိုးမထားဘူးဆိုတဲ့ သဘောရောက်ပါ တယ်။ ဒါကတော့ ဗမာနိုင်ငံရေးခေါင်းဆောင်တွေနဲ့ ဗမာအမျိုးသားရေး စစ်ဝါဒီတွေ ညစ်ပလီ ညစ်ပလစ်လုပ်ခဲ့ ကြတဲ့ သမိုင်းပုပ်ကို ပြန်လည်သုံးသပ်ခြင်းပါ။
ကျုပ်တို့ ဗမာအမျိုးသားရေး စစ်ဝါဒီ နိုင်ငံရေးသမားတွေနဲ့ ဒီဗိုလ်ချုပ်ကြီးတွေကို တိုင်းရင်းသားလူမျိုးစုတွေက တခါသေဖူးလို့ ပျဉ်းဖိုး သိနေပြီး မယုံကြတာ ဘယ်သူ့အပြစ်ပါလဲ။
အခုလဲ အပစ်အခတ် ရပ်စဲရေးသဘောတူညီမူတွေကို ယောက်ျားရင့်မာကြီးတွေလုပ်ပြီး ခုတမျိုး တော်ကြာတမျိုး မှောက်ချီလှန်ချီ လုပ်နေကြတော့ “ငြိမ်း” အဖွဲ့တွေခဗျာ အရူးမ လင်လုပ်တဲ့ဘ၀ကို ရောက်မှန်း မသိရောက်နေ တော့တာပေါ့။ မင်းတို့ဗမာတွေ “ညစ်ပလီ”တွေဆိုပြီး ပြောရင်လဲ ခေါင်မိုးက မလုံတော့ ရှက်ရှက်နဲ့ပဲ ခေါင်းငုံ့ခံရ မှာပါ။ ကိုယ့်လူတွေကမှ မရိုးသားကြတာကိုး။
အဲဒီ ၁၉၄၇ ခု ဖွား ဖွဲ့စည်းပုံအခြေခံဥပဒေကို အားမနာတမ်း ဝေဖန်ရရင်တော့ ဖက်ဒရယ် (သို့) ပြည်ထောင်စု ဆိုတာ နာမည်ခံပါ။ တကယ်ကြတော့ ဗမာအမျိုးသားရေးဝါဒီ နောင်တော်ကြီးများက လူမျိုးစုဝင် ညီငယ်တွေကို ဆရာလုပ် ဗိုလ်ကျ လူပါးဝဖို့ကို ဥပဒေနဲ့ညီတဲ့အသွင် ဆောင်အောင်လုပ်ထားတဲ့ အခြေခံဥပဒေသာ ဖြစ်ပါတယ်။ ရန်ကုန်က ၀တ်လုံတော်ရ ဦးရဲထွန်း ဖခင်ကြီး ဖြစ်ပြီး လွတ်လပ်သော မြန်မာပြည်ရဲ့ ပထမဆုံး တရား သူကြီးချုပ် ကွန်လွန်သူ ဦးချန်ထွန်း ပွင့်ပွင့်လင်းလင်း သုံးသပ်သွားတဲ့ ဥပဒေအမြင်ပါ။ ကျုပ် လံကြုတ်လုပ်ပြီး ပြောတာ မဟုတ်ပါဘူး။ ထားတော့ တခြား ဗမာမဟုတ်ဘဲ တိုင်းရင်းသားတွေဘက် လှည့်ကြရအောင်။
ဗမာတွေ လူမျိုးကြီး သမိုင်းကို မျက်မှန်စိမ်း ကပ်ကြည့်ပြီး ပြည်ထောင်စုကြီးကို မောင်ပိုင်စီးဖို့ လုပ်ပြီဆိုတော့ လူမျိုးစု အသီးသီကလည်း အားကျမခံ ဘူးပေါ့ဗျာ။ သူတို့တွေလည်း မျက်မှန်ဝါ ၊ စိမ်း၊ နီ၊ ပြာ ဆိုဒ်စုံတပ် ကိုယ့် လူမျိုးစုသမိုင်းကို ဇောင်းပေးရေး ဒါနဲ့ပဲ လူမျိုးရေး ပေါင်းစုံ ရောင်စုံမျက်မှန်တပ်ပွဲကြီး ကျင်းပခဲ့တာ လွတ်လပ်ရေး ရပြီးကတည်းက ခုဆို နှစ် (၆၀) ကျော်လာခဲ့ပြီ။
ခွေးသေ၊ ၀က်သေ သေတဲ့သူ၊ အသတ်ခံရတဲ့သူ၊ မုဒိန်းကျင့်ခံရတဲ့သူ၊ ကွဲတဲ့သူ၊ ပြဲတဲ့သူ၊ ဘ၀ပျက်တဲ့သူ များလွန်းလို့ အသုဘ စာရင်းကိုင်တွေတောင် မျက်ဖြူစိုက်နေတဲ့ ကျုပ်တို့နိုင်ငံရဲ့ ခေတ်သစ် နိုင်ငံရေးသမိုင်း။
လူမျိုးရေး ဇာတိသွေး၊ ဇာတိမာန်ဆိုတာ တန်ဆေး လွန်ဘေးပေါ့ဗျာ။ ဒီ လူမျိုးရေး စစ်ရေးသွေးကြွတာတွေ များလာတော့ ကျုပ်တို့အားလုံး ဘုရားဆုပန်ဆိုတဲ့ဘ၀ကနေ အမြီးပေါက်ပြီး တရားပျောက်တဲ့ဘ၀။ လူထုက စားဝတ်နေရေး ရုန်းကန်ရလို့ ကျောင်းပညာနဲ့ ဗဟုသုတ ကောင်းကောင်း မရှိနိုင်တဲ့ ဘ၀။
ပါရဂူဘွဲ့ရ က၀ိကြီးများ ကိုယ်တိုင်က မျက်မှန်အရောင်စုံတပ်ပြီး ရခိုင်ပြည်သည် ရခိုင်များအတွက်ဆိုပြီး သွေး စကားတွေ ပြောပြီး ခေတ်နောက်ပြန်စွဲ ညစ်ပလီသမိုင်းထဲမှဘဲ ယက်ကန်ယက်ကန် ပေါလောပေါလာ အဆင့် ကနေ တက်မလာကြတာကို ၀မ်းနည်းစွာ မြင်ရ ကြားရ ဖတ်ရပါတယ်။ ဥပမာ ပြရရင် ဧရာဝတီမှာ ပါသွားတဲ့ ဒေါက်တာ အေးကျော် ရဲ့ အင်တာဗျူး။ ကေအန်ယူ ခေါ် ကရင်အမျိုးသားအဖွဲ့ကြီးရဲ့ သင်ရိုးတွေမှာလည်း ဗမာတွေကို ကလော်တုတ်အောင် ဇောင်းပေးရေးထားတာ အားလုံးက သိကြပါတယ်။ ဒီလူမျိုးရေး အခြေခံ သွေးစော်နံတဲ့ သမိုင်းအမြင်နဲ့ လူမူနိုင်ငံရေး သဘောထား အကျင့်အကြံတွေဟာ ကျူပ်တို့ မဟာ ဗမာတွေနဲ့ “မဟာလူနည်းစု” ၀င်တွေကြားက ပြဿနာတင် မဟုတ်ပါဘူး။
ဗမာတွေကို မဟာဗမာတွေ ဆိုပြီး ကလော်တုတ်ပြီး ဆန့်ကျင်နေတဲ့ ရှမ်း၊ ကချင်၊ ရခိုင် စတဲ့ မဟာလူနည်းစုဝင် များက ၄င်းတို့ထဲမှာ ကြားညပ်နေတဲ့ လူမျိုးစု အငယ် ဘုစု ခရု မှန်သမျှကို မဟာလူနည်းစု ၀ါဒကိုင်စွဲပြီး ညစ် ကျယ်ကျယ်လုပ်ပြ ဗိုလ်ကျ လုပ်တာ မမြင်ချင် မကြားချင်လို့ မရတဲ့ အနေအထား၊ သွေးကိုပဲ အခြေခံခံ၊ ဒေသ အရ အသံထွက် ကွဲပြားတာကိုပဲ ကြည့်ကြည့် ကိုးကွယ်တဲ့ဘုရားမတူတာဘဲ အဓိကထားထား ကျုပ်တို့အားလုံး တမျိုးနဲ့ တမျိုး တဖွဲ့နဲ့ တဖွဲ့ လူမျိုးရေး၊ ဘာသာရေး မှိုင်းတွေမိပြီး ညစ်ပလစ်၊ ညစ်ပလီ နိုင်ငံရေး လုပ်နေကျ တာပဲဗျာ။
ရှည်ရှည်ဝေးဝေး မကြည့်ပါနဲ့၊ ရခိုင်က မဟာမေဒင် ကုလားတွေကို နှိပ်ကွပ်ဖို့ ကြံ၊ ဗုဒ္ဓဘာသာ ကရင်တပ်မတော် ကြီးက အစဉ်အလာအရ ခရစ်ယာန်တွေရဲ့ KNU အဖွဲ့ဝင်တွေကို မေတ္တာရှေ့ထားပြီး လိုက်သတ်၊ ဂျိန်းဖောတွေ က လီဆူးတွေကို ဗိုလ်ကျ၊ ဒါတွေပြောမယ်ဆိုရင် ပြောမဆုံးပေါင် တော သုံးထောင် ဆိုတာလိုမျိုး။
လက်ရှိ စစ်ပါတီများ ချယ်လှယ်တဲ့ န အ ဖ အစိုးရ ကြည့်ပြန်တော့ ဒီလောက်ကြီးတဲ့ “သွေး” ပြဿနာထုကြီးကို ပေါ့သေးသေး နိုင်ငံရေး သူငယ်နာရယ်လိုများ သဘောထားသလား မသိပါဘူး။ လူမျိုးရေးကိစ္စကို “နယ်ခြားစောင့် တပ်”ရဲ့ စစ်သားစုဆောင်းရေးပြဿနာ သဘောလောက်ပဲ ဒီမောင်တွေ သဘောထားပုံရတယ်။
NLD က ဒီမိုကရေစီ ထုတ်ဆေး မန်းဆေးနဲ့ လူမျိုးရေးကို ကိုင်မယ်၊ ကုမယ်။ န အ ဖ စစ်ပါတီကြီးများက M.1 M.2 M.3 ခေါ် မောင်းပြန် ဆေးကြိမ်လုံးတွေနဲ့ လူမျိုးရေး အမင်းထုတ်မဲ့ ဟန်။ ဒါကတော့ တိုင်းပြည်ကြမ္မာကို သုံးသပ်ကြည့်တာပါ။ ဖြစ်နေတာက နာတာရှည် ကင်ဆာ၊ ကုမဲ့သူတွေက စစ် ဆရာ ကြီး တွေ။ လူမျိုးစု၊ လူမျိုးကြီး ပြဿနာဆိုတာ စိတ်ပိုင်းဆိုင်ရာ ၀ါဒရေးရာပြဿနာပဲ ဆိုပြီး ကန့်ကြည့်လို့ မရပါဘူး။
ဒီ အပေါ်ယံ သွေး စကားပြောတာကို နှိုက်နှိုက်ချွတ်ချွတ် လေ့လာကြည့်မယ်ဆိုရင် လူ့အလွှာတွေ၊ လူမျိုးအစုတွေ ထဲမှာ အနိုင်ကျင့်မူ၊ စီးပွားရေး ကုပ်သွေးစုတ်မူတွေ အဖုံဖုံတွေ့ရမှာပါ။
“ကမ္ဘာမကြေ”ဆိုတဲ့ အသံကြားလိုက်တာနဲ့ ဗမာတွေ အားလုံး ရုပ်ရှင်ရုံထဲ မတ်တပ်ထရပ် လောက်အောင် ခေါက် ရိုးကျိုးတဲ့ အထိ အမျိုးသားရေး မျက်မှန်ရောင်စုံတပ်ခံထားရတော့ ဗမာအချင်းချင်း၊ ရှမ်းအချင်းချင်း၊ ကရင် နဲ့ ကချင် အချင်းချင်း ဒါမှမဟုတ် ကျုပ်တို့တမြေတည်းနေ တပြည်ထောင်စုသားတွေ မုဒိတာ ပွားကြမယ်လို့ ထင်ပါ သလား။ သတိမျက်မှန်လေးကပ်ပြီး ကြည့်လိုက်ပါ။ ဟင်္သာကိုးသောင်း ဇာတ်တူသားစား ဇာတ်ခင်းနေတာ မမြင် ချင် အဆုံး။
ရခိုင်ကမ်းလွန်နဲ့ ကန်းခြေမှာ ရေနံနဲ့ သဘာဝဓာတ်ငွေ့တူး၊ ရေနက်သင်္ဘောဆိပ်တွေ ဆောက်တာ ဘယ်သူ့အမိန့် နဲ့ ဘယ်သူ့အကျိုးအတွက်လဲ။ မွန်တွေရဲ့ဒေသ မုတ္တမ ပင်လယ် ကွေ့မှာ သဘာဝဓာတ်ငွေ့တူးပြီး ရလာတဲ့ ဘဏ္ဍာတွေ ဘယ်ရောက်သွားလဲ။ ဘယ်သူ့ အတွက်လဲ၊ ကရင်တွေရဲ့ ကော်သူလေးပြည်မှာ ကျွန်းနဲ့ တခြား သစ် မာတွေ ခုတ်ရောင်းတာ ဘယ်သူတွေ အမြတ်ရသလဲ။ ဒေသခံ ပြည်သူတွေလား။ ကြေးနီ၊ ကြေးဝါ၊ သံနဲ့ ယူရေ နီယမ် ထွက်တာ တူးတာက ရှမ်း၊ ကချင်၊ ကရင်နီဒေသတွေများတယ်။ ဒါတွေထုတ်ရောင်းတော့ အဲဒီနယ်တွေက ပြည်သူတွေ ဘာတွေများ အကျိုးအမြတ်ရပါသလဲ။ ဒီအမြတ်တွေ၊ သယံဇာတတွေ ဘယ်နားရောက်သွားသလဲ။ လို့ မေးကြည့်ပါဦး။
ကျုပ်တို့ နိုင်ငံမှာ လူသန်း ၅၀ ကျော်ရှိတာ ဘယ်လူတန်းစားက ဆန်စပါး၊ ကောက်ပဲသီးနှံတွေ စိုက်ပျိုးထုတ်လုပ် ပေးပြီး အဲဒီ လူတန်းစားရော စားဝတ်နေရေး ရုံးကန်ရတဲ့ဘ၀ကလွတ်ဖို့ အနေအထား ရှိပါသလား။ တံငါသည် တွေ၊ တောင်သူလယ်သမားတွေ ထမင်းရည်ကို ပုလင်းနဲ့ ၀ယ်သောက်ရတယ်လို့ ကြားဖူးပါတယ်။ မြန်မာပြည်ကြီး ရဲ့ ပါမစ်အခြေခံတဲ့ စီးပွားရေးစနစ်ပျက်ကြီးကို ကြိုးကိုင်ပြီး ပထွေးသေလို့ အမွေရတဲ့ ကုန်စုံဆိုင်ကြီးလို လက်ဝါး ကြီးအုပ် အမြတ်ထုတ်နေတာ ဘယ်သူတွေလဲ။ ဘယ်လူတန်းစား ပါလဲ၊ တို့ တိုင်းဌာနေလို့ ဆိုတဲ့ ရွှေဝါပြည် ကြီး မှာ တို့တာဝန်ကြီး သုံးပါးဆိုတာ ဘယ်ခေါင်းဆောင်ကြီးရဲ့ ရွှေဉာဏ်တော်စူး ရောက်မှုပါလဲ။
ဒီမေးခွန်းတွေကို မေးဖို့၊ ဖြေနိုင်ဖို့ ပါရဂူဘွဲ့လည်း မလိုဘူး။ ရေပေါ်ဆီ နိုင်ငံရေးသမား၊ တိုင်းပြုပြည်ပြု သမားတွေ ဖြစ်ဖို့လည်း မလိုပါဘူး။ ဘယ်ဆုရမှ ဘွဲ့ ရမှ အဖြေမှန် ထွက်နိုင်တာလဲ မဟုတ်ပါဘူး။ ဓမ္မာစရိယလည်း အောင်စရာ မလိုပါဘူး။
သာမန်ပြည်သူ အခြေခံလူတန်းစားကအစ ရွှေကိုင်းမျက်မှန်နဲ့ ခါတော်မီ ကိုယ်တော်လေးတွေ အဆုံး ဖြေနိုင်တဲ့ နိုင်ငံရေးပဟေဠိ တွေပါ။
ဗမာတွေ အပါအ၀င် တိုင်းရင်းသား လူမျိုးစု အားလုံးပါ အသည်းနာဖို့ ကောင်းတာက လွတ်လပ်ရေးရတာ နှစ် (၆၀) ကျော်ပါပြီ။ မျက်မှောက် တို့တိုင်းဌာနီကြီးရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမူရေး၊ လူမျိုးရေး အနေအထားတွေ ဟာ ကိုလိုနီ နှစ်ထပ်ကွမ်း အနေအထားပါ။
လူမျိုးစုတွေဘက်က ကြည့်ရင် မျက်မှောက်မြန်မာပြည်ကြီးဟာ မဟာဗမာ စစ်ဝါဒီ တွေရဲ့ လူမျိုးရေး ဗိုလ်ကျမူ၊ စီးပွားရေး ကုပ်သွေးစုတ်မူနဲ့ နယ်ချဲ့သိမ်းပိုက်မူ ဘ၀မှာ နေရတယ်လို့ ပြောလာရင် မှန်တယ်လို့ပဲ ၀န်ခံရမှာပါ။
မျက်မှောက် တို့တိုင်းဌာနီကြီးက သူတို့ အတွက်တော့“လူမျိုးရေး ကိုလိုနီစနစ်”ပါပဲ။ ဗမာအရပ်သား ပြည်သူတွေ (စီးပွားရေးသမား၊ ပညာရှင်၊ အနုပညာသမား၊ လက်လုပ်လက်စားနဲ့ တောင်သူလယ်သမား၊ စက်ရုံ အလုပ်သမား၊ ပြည်သူ့ဝန်ထမ်းတွေအပါအ၀င် ဘုန်းတော်ကြီး၊ သီလရှင်တွေ အားလုံး) ဘက်က ကြည့်ပြန်တော့ သေနတ် အားကိုး နသားပါးရ အုပ်ချုပ်တဲ့ ပြည်တွင်းဖျက် ကိုလိုနီ ယန္တရားထဲမှာ ပြားနေအောင် ၀ပ်နေရတဲ့ “စစ်ကိုလိုနီ”စနစ်။
ဒါကြောင့် တို့တိုင်းဌာနေကြီးကို “ကိုလိုနီ နှစ်ထပ်ကွမ်း” လို့ တင်စားလိုက်တာပါ။ နာဂစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ နဲ့ ဒီမိုကရေစီ ဆိုပြီး လူကြားကောင်းအောင် အော်ပြီး ၂၀၁၀ ရွှေးချယ်ပွဲကနေ ဒီ ပြည်ဖျက် “ကိုလိုနီနှစ်ထပ်ကွမ်း” ကို စင်တင်မှာ ဖြစ်ပါတယ်။
အချုပ်တန်းဆရာဖေများ သက်ရှိထင်ရှားရှိဦးမယ် ဆိုရင် “ညစ်ပလီ”များပေပဲ ဆိုပြီး ကလောင်နဲ့ တွယ်လိုက်ဦး မယ် ထင်ပါတယ်။
ပညာရှင် တယောက်အနေနဲ့ရော ဗမာတယောက်အနေနဲ့ပါ အော့နှလုံးနာမိတာကတော့ အရပ်သား ပညာရှင် က၀ိကြီးများက ကျုပ်တို့ လူမျိုးချင်းချင်း ကိုလိုနီစနစ်မှာ အုပ်ချုပ်မယ့် စစ်ဝါဒီဝင်တွေကို မျိုးချစ်ကြီးများရယ်လို့ သတ်မှတ်ပြီး ရေးကြ၊ သုံးသပ်ကြ၊ ဟောပြောကြနဲ့ ပညာရှင် သိက္ခာမစောင့် လုပ်နေကြတာပါပဲ။
အဲဒီ က၀ိကြီးတွေ နိုင်ငံရေး ဗေဒင်ဆရာတွေ ရေး၊ ပြော၊ ဟောတာတွေက စစ်ဝါဒီ တွေရဲ့လက်အောက်မှာ နင်းပြားကျွန်နှစ်ထပ်ကွမ်း ပြည်သူလူထု တိုင်းရင်းသားအစုအားလုံးကို စော်ကားမော်ကား လုပ်တာပါပဲ။
လူလူချင်း လူပါးဝပြီး သွေးစုတ်ကြ၊ အနိုင်ကျင့် ကြနဲ့ စခဲ့တဲ့ ပဒေသရာဇ် စနစ်ဆိုးတွေရဲ့ ကြားက ဖြတ်သန်းလာ ခဲ့တဲ့ မြန်မာလက်နက်နိုင်ငံကြီးတွေကို ပြည်ထောင်စုရဲ့ အခြေခံအုတ်မြစ်အသွင် လံကြုတ် လုပ်ကြံရေးထားတဲ့ မုသာဝါဒ အမျိုးသားသမိုင်းကို ကျုပ်တို့ ဇီဝိန်ဖြုတ်ဖို့ လိုပြီ။
“နိုင်ငံတော်သည် အမိ၊ နိုင်ငံတော်သည် အဖ” ဆိုတဲ့ နိုင်ငံတော်ဝါဒီ များ၊ မကျက်တကျက် အမျိုးသားဝါဒီ ပညာတတ်လူတန်းစားများ က၀ိကြီးများ က ကျုပ်တို့ လူထုကြီးကို ဆက်ပြီး သမိုင်းမျက်မှန်စိမ်းတပ်ပေးပြီး မြက်ကျွေးတာကို အဓိက ပြဿနာကြီး တရပ်အနေနဲ့ ရှုမြင်ဖို့ လိုပါတယ်။
ကျုပ်တို့ ပြည်သူတွေ၊ လူမျိုးစုတွေဟာ ဒီ“သွေး”၀ါဒီတွေကို ကျော်ပြီး စည်းစည်းလုံးလုံးနဲ့ စစ်မှန်တဲ့ ပြည်ထောင်စုကြီးကို ထူထောင်ချင်တယ်ဆိုရင် ဗမာလူမျိုးကြီးဝါဒ သမိုင်းအပင်းသွင်းတာကိုပဲဖြစ်ဖြစ်၊ တခြားလူမျိုးစု မျက်မှန်စိမ်း တပ်တာကိုပဲဖြစ်ဖြစ် ပြတ်ပြတ်သားသား လက်မခံကြဖို့ လိုပါတယ်။              
                              ဧရာဝတီမှတစ်ဆင့်ကူးယူဖေါ်ပြသည်။
11ReadMore-2.jpg
ဖေါက်ပြန်နေသောမဟာဝါဒီတို့၏အရှုပ်တော်ပုံ
ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို ကြိုးကိုင်အုပ်ချုပ်နေသူတစ်ဥိး
နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ မြန်မာပြည်သူလူထုတွေက၊မြန်မာနိုင်ငံကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေ
ခေါင်းဆောင်တဲ့၊ စစ်ကောင်စီကအုပ်ချုပ်နေတာလို့ သိရှိထားကြပါတယ်။အဲဒီ စစ်ကောင်စီဥက္ကဌ
ဖြစ်တဲ့-ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို နောက်ကွယ်ကကြိုးကိုင်အုပ်ချုပ်နေသူတစ်ဦးရှိနေတာသိရှိသူ
မရှိသလောက်ပါ။သူ့နာမည်က “မောင်မောင် (ခ) သန့်ဇော်ရွှေ” ပါ။ ဦးသန်းရွှေ+ဒေါ်မကြိုင် တို့ရဲ့
အငယ်ဆုံးသား ဖြစ်ပြီး၊ စိတ်ဝေဒနာ အနည်းငယ်ခံစားနေရသူပါ။ဒါပေမဲ့သူ့ကိုတအိမ်သားလုံးက
စိတ်ရောဂါရှင်လို့မသတ်မှတ်ကြဘဲ ဘိုးတော်ဝင်စားသူတဦးအဖြစ် သတ်မှတ်ကိုးကွယ်ကြပါတယ်။
ဘိုးတော်မောင်မောင် (ခ)သန့်ဇော်ရွှေဟာအသက်(၄၀)ခန့်ရှိပြီးဝတ်ဖြူစင်ကြယ်နဲ့နုတ်ခမ်းမွှေးမုတ်
ဆိတ်မွှေးများထားရှိပြီး၊ဘိုးတော်လိုလိုအောက်လမ်းဆရာလိုလိုရှေ့ဖြစ်နောက်ဖြစ်တွေကိုဟောကြား
ပြီးဆောင်ရန်ရှောင်ရန်တွေကို ညွှန်ကြားလေ့ရှိပါတယ်။ မိသားစုကိစ္စတွေသာမကတော့ဘဲ၊ တဖြေး
ဖြေးနဲ့တိုင်းပြည်ရဲ့အရေးကြီးတဲ့မူဝါဒရေးရာတွေပါမကျန် ဘိုးတော်မောင်မောင်ရဲ့အခါပေးညွှန်ကြား
ချက်တွေအတိုင်းအဖေဖြစ်သူဦးသန်းရွှေကလိုက်လံဆောင်ရွက်လေ့ရှိပါတယ်။ဗိုလ်ချုပ်မှူးကြီးသန်း
ရွှေအိမ်ကိုအလုပ်ရှိလို့လာကြရတဲ့ဗိုလ်ချုပ်ကြီးတွေအပါအဝင်ဧည့်သည်အားလုံးဟာကြမ်းပြင်ပေါ်မှာ
ဘဲထိုင်ကြရတာဓလေ့တခုလိုဖြစ်နေပါပြီ။ဧည့်ခန်းအတွင်းအမြင့်တနေရာမှာရှေးဘုရင်များခေတ်က
သလွန်လိုပြင်ဆင်ထားတဲ့နေရာမှာဦးသန်းရွှေနဲ့ဒေါ်မကြိုင်တို့ကထိုင်ပြီး ဧည့်သည်တွေကို လက္ခံ
တွေ့ဆုံပါတယ်။အဲဒီအခြေအနေကို ဘိုးတော်မောင်မောင်က လျှို့ဝှက်ဗီဒီယိုမှတ်တမ်းတွေရိုက်ကူးပြီး၊
ဧည့်သည်တွေ ပြန်သွားတဲ့အခါရိုက်ကူးထားတဲ့ ဗီဒီယိုတွေကိုပြန်ဖွင့်ကြည့်ကြပြီးဘိုးတော်မောင်မောင်
ကဝေဖန်သုံးသပ်ပြခါအဖေဖြစ်သူဦးသန်းရွှေကို လိုအပ်သလိုညွှန်ကြားမှုတွေပေးနေကြပါ။အလားတူ
ယတြာလုပ်ရမဲ့ကိစ္စတွေကိုတော့မိခင်ဖြစ်သူ ဒေါ်မကြိုင်ကို ညွှန်ကြားလုပ်ဆောင်စေပါတယ်။ဘိုးတော်
မောင်မောင်အနေနဲ့အာရုံမှာသဘောမတွေ့သူတွေမှန်သမျှ၊နေရာပြောင်းရွှေ့ခံရတာ၊ရာထူးချခံရတာ၊
အလုပ်ထုတ်ခံရတာတွေရှိသလို၊သူသဘောတွေ့သူမှန်သမျှကတော့ကောင်းစားလေ့ရှိပါတယ်။ဒါပေမဲ့
ဗိုလ်ချုပ်တွေအများစုကတော့ဘိုးတော်မောင်မောင်ကိုအလွန်ရွံရှာကြောက်လန့်ကြပါတယ်အကြောင်း
ကဘိုးတော်မောင်မောင်ဟာလူသတ်ရန်ဝန်မလေးတဲ့သူတယောက်ဖြစ်လို့ပါ။လူမသိအောင်ဖုန်းဖိထား
တဲ့ဖြစ်စဉ်တခုကိုတင်ပြရရင်ကမ္ဘာအေးဘုရားလမ်းရှိဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့အိမ်(၎င်းတို့အဆိုအိမ်
တော်)မှာတပ်ချုပ်ကြီးဝတ်ရန်နေ့စဉ်ယူနီဖောင်းပြင်ဆင်ဝတ်ပေးရတဲ့တာဝန်ကိုယူရသူဗိုလ်ကြီးခင်
မောင်လွင်”ကိုလွန်ခဲ့တဲ့တစ်နှစ်ခွဲလောက်ကဘိုးတော်မောင်မောင်ကသေနတ်နဲ့ပစ်သတ်ခဲ့ပါတယ်။
သူ့အာရုံမှာ သူ့အဖေကို လုပ်ကြံတယ်လို့ ပေါ်လာတာကြောင့်ပစ်သတ်လိုက်တာဆိုပြီး တိုးတိုးတိတ်
တိတ် သတင်းထွက်ပေါ်ခဲ့ပေမဲ့ တကယ်သတ်လိုက်ရတဲ့ အကြောင်းရင်းကို ဒီကနေ့အထိ ဘယ်သူမှ
မပြောရဲသေးပါဘူး။အဲဒီအချိန်တုံးကရန်ကုန်တိုင်းတိုင်းမှူးဗိုလ်ချုပ်လှဋ္ဌေးဝင်းနဲ့မင်္ဂလာဒုံစစ်ဆေးရုံမှ
တပ်မှူးတို့ချက်ချင်းရောက်ရှိလာပြီး၊တခြားကိစ္စတခုကြောင့် သေသွားသလို ဖန်တီးပေးခဲ့ရပါတယ်။
အသတ်ခံလိုက်ရတဲ့ဗိုလ်ကြီးခင်မောင်လွင်ရဲ့မိသားစုတွေကိုတော့ဒီကိစ္စနဲ့ပါတ်သက်ပြီးပါးစပ်ပိတ်
ထားကြဘို့၊ပေါက်ကြားခဲ့ရင်မင်းတို့မိသားစုဝင်အားလုံးထောင်ထဲပို့ထားလိုက်မယ်လို့အိမ်တော်မိသား
စုဝင်များကခြိမ်းခြောက်ထားခဲ့ကြပါတယ်။အလားတူရဟတ်ယာဉ်ပျက်ကြပြီးသေဆုံးသွားတဲ့အတွင်း
ရေးမှူး(၂)ဒုတိယဗိုလ်ချုပ်ကြီးတင်ဦးရဲ့သားဖြစ်သူနိုင်ငံခြားရေးဝန်ကြီးဌာနကကိုဇော်ထွန်းဦးကိုဘိုး
တော်မောင်မောင်နဲ့ဖွဲ့ကကမ္ဘာအေးဘုရားလမ်းနဲ့တက္ကသိုလ်ရိပသာလမ်းဆုံအနီးဓါတ်ဆီဆိုင်ရှေမှာကား
နှစ်စီးနဲ့ပိတ်ရပ်ပြီး၊ဘိုးတော်မောင်မောင်ကိုယ်တိုင်မောင်းတဲ့ကားအကြီးကြီးနဲ့တိုက်သတ်ပါတယ်။သေ
ပြီလို့ ယူဆပြီးထားခဲ့ကြပေမဲ့ကံကောင်းလို့ မသေဘဲ၊ဆေးရုံပေါ်မှာ (၆) လခန့် ဆေးကုသခံခဲ့ရပါ
တယ်။အဲဒီ့လိုတိုက်သတ်ရတဲ့အကြောင်ရင်းကဘိုးတော်မောင်မောင်ရဲ့ အစ်မဖြစ်သူမပြုံး(ခ)ပြုံးပြုံး
ရွှေနဲ့ဇော်ထွန်းဦးတို့ဟာအိမ်ထောင်အသီးသီးရှိရက် နဲ့ဖောက်ပြန်နေကြတာကြောင့်လို့ပြောဆိုနေကြ
ပေမဲ့၊ထုံးစံအတိုင်းအကြောင်းရင်းအမှန်ကိုဘယ်သူမှ ခုချိန်ထိမပြောရဲကြသေးပါဘူး။သေချာတာတစ်
ခုကတော့ အဲဒီဖြစ်စဉ်နောက်ပိုင်း ဒုတိယဗိုလ်ချုပ်ကြီးတင်ဦးရဲ့ဇနီးဒေါ်ခင်သန်းနွဲ့တယောက်စစ်ဗိုလ်
ချုပ်တွေရဲ့ပွဲလမ်းသဘင် အခမ်းအနားတွေကနေပျောက်ကွယ်သွားခဲ့တာပါဘဲ။တပ်ချုပ်ကြီးမိသား
စုတွေထဲမှာကိုယ်ကျင့်တရားဖောက်ပြန်မှုတွေကြောင့်နာမည်ဆိုးနဲ့ထင်ရှားကျော်ကြားလှတဲ့မပြုံး(ခ)
ပြုံးပြုံးရွှေဟာယခုလက်ရှိမင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်မှူးဗိုလ်မှူးချုပ်သိန်းနိုင်ရဲ့တရားဝင်ဇနီးပါ။
ကိုဇော်ထွန်းဦးအပြင်ဟစ်ဟော့အဆိုတော်လူငယ်လေးတဦးကိုလည်းတိတ်တိတ်ပုန်းချစ်သူအဖြစ်မွေး
စားထားသေးတယ်လို့သိရှိနေကြပါတယ်။အခြားသူအလိုရှိတဲ့အခါလူငယ်လေးတွေကိုငွေကြေးအာဏာ
တွေနဲ့ဖိအားပေးခေါ်ခိုင်းကာညကလပ်တွေမှာရုပ်ဖျက်သွားရောက်ပျော်ပါးလေ့ရှိပါတယ်။သူဟာနိုင်ငံခြား
ရေးဝန်ကြီးဌာနမှာဒုတိယအတွင်းဝန်ရာထူးရယူထားပြီး၊ရုံးတက်ခြင်းမရှိဘဲလစာကိုတော့နိုင်ငံခြားငွေ
(ဒေါ်လာ)နဲ့လစဉ်ထုတ်ပေးရပါတယ်။အဲဒီ့လိုအကျင့်ပျက်၊ဦးနှောက်ပျက်၊ခြစားသူတွေစုပေါင်းပြီးတိုင်း
ပြည်ဖျက်နေကြတဲ့စစ်အာဏာရှင်ကြီးရဲ့မိသားစုဟာမြန်မာ့သမိုင်းမှာနာမည်ဆိုးတွေနဲ့ကျော်ကြားခဲ့ကြ
တဲ့တရုပ်ပြေးမင်း၊သိုဟန်ဘွားမင်းသီပေါမင်းတို့ထက်တောင်ပိုမိုဆိုးဝါးပါကြောင်း၊အနီးကပ်လေ့လာနေ
သူတဦးကမှတ်ချက်ချပြောဆိုခဲ့ ပါတယ်။ဂမ္ဘီရအတွေးအခေါ်တွေအပြင်အောက်လမ်းနည်းများအသုံး
ပြုပြီးထင်ရာစိုင်းနေကြတဲ့ တပ်ချုပ်ကြီးမိသားစုတွေရဲ့အန္တရာယ်ကိုနေ့စဉ်နဲ့အမျှကြောက်ရွံနေကြရ
တဲ့ဗိုလ်ချုပ်ကြီးများအပါအဝင်သူတို့နဲ့နီးစပ်တွေဟာဗိုလ်ကြီးခင်မောင်လွင်လိုအဖြစ်ဆိုးမျိုးနဲ့ကွေကွင်း
ရအောင်၊ဘိုးတော်အမည်ခံဦးနှောက်ကြပ်မပြည့်တဲ့ဦးသန်းရွှေဒေါ်မကြိုင်တို့ရဲ့သား၊မောင်မောင်(ခ)
သန့်ဇော်ရွှေကိုနေ့စဉ်မပျက်ရှိခိုးဦးချနေကြ ကြောင်း အိမ်တော်အသိုင်းအဝိုင်းမှစုံစမ်းသိရှိရပါတယ်။
(ရေးသားသူ - အတွင်းသိ) ။ oneshinwar@gmail.com မှကူးယူသည်။
11ReadMore-2.jpg
Sunday, September 11, 2011
ဒေါက်တာလှိုင်မြင့်ဖြေဆိုရန်မေးခွန်းများ
 ဒေါက်တာလှိုင်မြင့်ဖြေဆိုရန် မြန်မာ့နိုင်ငံရေးသူငယ်တန်းဖတ်စာမေးခွန်းများ   
မေးခွန်းနံပါတ်(၁)            
မြန်မာ့နိုင်ငံရေးနယ်ပယ်တွင်ပြောဆိုသောတိုင်းရင်းသားဆိုသည့်ဝေါဟာရတွင်မြန်
မာပြည်ရှိမည်သည့်လူမျိုးများပါဝင်ကြပါသနည်း။
 မေးခွန်းနံပါတ်(၂)
                           ဗမာလူမျိုးများသည် တိုင်းရင်းသားဆိုသည့်ဝေါဟာရတွင်အကြုံးဝင်ပါသလော။
မေးခွန်းနံပါတ်(၃)
                        ဗမာလူမျိုးများသည်ယခုလိုပင်ရှေးယခင်ကတည်းက အဘက်ဘက်မှအင်အားအရာမှာ
တိုးတက်မြင့်မားပြီးသာလွန်နေသောပင်မလူမျိုးကြီးတစ်မျိုးဖြစ်နေခဲ့ပါသလော။
မေးခွန်းနံပါတ်(၄)
                 ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်သည်ပင်    ဗမာလူမျိုးတို့သည်လည်း     တိုင်းရင်းသား
                တစ်ရပ်ပင်ဖြစ်ပါကြောင်း   ဘာကြောင့်ပြောဆိုခဲ့ပါသနည်း။
မေးခွန်းနံပါတ်( ၅)
                        ယနေ့ပြောဆိုနေကြသောတိုင်းရင်းသားလူမျိုးအမည်များတွင် ရခိုင်၊ ထားဝယ်၊ဗမာ
တို့သည် မည်သည့်လူမျိုးများဖြစ်ကြ၍သူတို့တွေမည်ကဲ့သို့ဆက်စပ်ကြပါသနည်း။
မေးခွန်းနံပါတ်(၆ )
ဗမာလုမျိုးတို့သည်မည်သည့်အရပ်ကပေါက်ဖွားဆင်းသက်လာကြပါသနည်း။
11ReadMore-2.jpg
ဖယ်ဒရယ်ပြည်ထောင်စုကိုဆောင်းပါးရေးသူ ဒေါက်တာလှိုင်မြင့် ရရှိသောဘွဲ့ ဂုဏ်ပုဒ်များ
 ဖယ်ဒရယ်ပြည်ထေါင်စုဆောင်းပါးရေးသူဒေါက်တာလှိုင်မြင့်ကို
ကရင်အမျိုးသားများဂုဏ်ပြုပေးအပ်သောဘွဲ့ တံဆိပ်ဆုများ
ဒေါက်တာလှိုင်မြင့် မဟုတ်ပါ။
(1) ဒေါက်တာဘွဲ့ ရှိပြီး ဆင်ခြင်တုံတရား နဲ့ အမြော်အမြင် နည်းတဲ့ လှိုင်မြင့်ပါ။
(2)အသက်ကြီးပြီး အချိန်မစီးတဲ့ လှိုင်မြင့်ပါ။
(3)လူပင်ကြီး၊ လူကြီးပေါလော လှိုင်မြင့်ပါ။
(4) ကြီးလေချဉ်လေ သံပုရာသီး လှိုင်မြင့်ပါ။
(5) လူကြီးဖြစ်ပြီး လူငယ်တွေလောက်တောင် မရင့်ကျက်တဲ့ လှိုင်မြင့်ပါ။
(6)စစ်ခေါင်းဆောင်တွေ မကောင်းလို့ တိုက်နေပါတယ် ဆိုပြီး စစ်ခေါင်းဆောင်
      ဘယ်သူနဲ့ ဘယ်လို   အမျိုးတော်တယ်၊ ဘယ်လို ရင်းနှီးတယ် ဆိုတာကို
       အရသာခံပြီး ကြွားနေတဲ့ လှိုင်မြင့်ပါ။
(7) ဒေါက်တာဘွဲ့ကြီးနဲ့ ဆရာကြီး လုပ်နေတဲ့၊ နာမည်ကြီးတဲ့ သက်ကြီးဝါကြီး
      ဖြစ်ပေမယ့် အတွေးအခေါ် သေးသိမ်တဲ့ လှိုင်မြင့်ပါ။
(8) စကားပြောလိုက်ရင် ကျယ်ကျယ်ပြန့် ပြောတတ်ပေမယ့် အမြင်
      ကျဉ်းမြောင်းတဲ့ လှိုင်မြင့်ပါ။
(9) လေလုံးမိုးလုံးကြီးပြီး အဖျားရှုးသွားတဲ့ လှိုင်မြင့်ပါ။
(10)ချုန်းရုံ ချုန်းပြီး မရွာတဲ့ လှိုင်မြင့်ပါ။
(11) အသံမြည်ရုံမြည်တဲ့ သင်္ကြန်အမြောက် လှိုင်မြင့်ပါ။
(12) ဟောင်ရုံဟောင်ပြီး မကိုက်တဲ့ လှိုင်မြင့်ပါ။
(13) ကိုယ်ရည်သွေးပြီး ပနာယူနေတဲ့ လှိုင်မြင့်ပါ။
(14) ကိုယ့်ဂုဏ်ကိုယ်ဖေါ်၊ မသူတော် လှိုင်မြင့်ပါ။
(15)မသိဘဲ ဖြီးနေတဲ့ လှိုင်မြင့်ပါ။
(16) မတတ်ဘဲ လူတတ်ကြီး လုပ်နေတဲ့ လှိုင်မြင့်ပါ။
(17)နားမလည်ဘဲ ဆရာကြီး လေသံဖမ်းနေတဲ့ လှိုင်မြင့်ပါ။
(18) ကြွားလုံးဝါလုံးတွေနဲ့ တတ်သလိုနပ်သလို လုပ်နေတဲ့ တတ်ယောင်ကား လှိုင်မြင့်ပါ။
(19) ဟိတ်တလုံးဟန်တလုံးနဲ့ ဖြီးဖြန်းနေတဲ့ အရမ်း လှိုင်မြင့်ပါ။
(20)တွက်ရေးတော့ စက်သူဌေး၊ တွက်ကြည့်တော့ စက်မရှိတဲ့ လှိုင်မြင့်ပါ။
(21)အနှစ်မရှိတဲ့ တောမှာ မင်းမူနေတဲ့ ကြက်ဆူပင် လှိုင်မြင့်ပါ။
(22) အနူတောမှာ လူချော လုပ်နေတဲ့ လှိုင်မြင့်ပါ။
(23) မြန်မာ့နိုင်ငံရေး လေ့လာစ လူငယ် အတော်များများ သိနေတဲ့ ကရင်တကျပ်၊
        ဗမာတကျပ် ဆိုတာ စောဘဦးကြီး ပြောခဲ့တယ်ဆိုတာကို မသိဘဲ မြန်မာ့နိုင်ငံရေးဂုရုကြီး
       လုပ်နေတဲ့ လှိုင်မြင့်ပါ။
(24)ကရင်တကျပ်၊ ဗမာတကျပ် ဆိုတာ ဗိုလ်ချုပ်အောင်ဆန်း
       ပြောခဲ့တယ်ဆိုပြီး ဖြီးဖြန်းပြီး ရာဇဝင်အူပေါက်တွေ တီထွင်နေတဲ့ လှိုင်မြင့်ပါ။
(25)မပြည့်တဲ့အိုး ဘောင်ဘင်ခတ်တဲ့ လှိုင်မြင့်ပါ။
(26)သူတော်ကောင်း ကြက်သူခိုး လှိုင်မြင့်ပါ။
(27)ပါးစပ်က ဘုရားဘုရား၊ လက်က ကားယားကားယား လှိုင်မြင့်ပါ။
(28) အပြောတမျိုး၊ အလုပ်တမျိုး လှိုင်မြင့်ပါ။
(29)စကားစကား ပြောပါများ၊ စကားထဲက ဇာတိပြတဲ့ လှိုင်မြင့်ပါ။
(30)အသံကောင်းဟစ်ရုံဟစ်ပြီး တိုင်းရင်းသားတွေအပေါ်မှာ စေတနာမမှန်တဲ့လှိုင်မြင့်ပါ။
(31)ညီညွတ်ရေး အရေးကြီးချိန်မှာ စည်းလုံးမှုကို ပြိုကွဲအောင် လုပ်တဲ့ လှိုင်မြင့်ပါ။
(32) ကိုယ့်တပ် ကိုယ်ပြန်နင်းတဲ့ လှိုင်မြင့်ပါ။
(33)ရန်သူ စစ်အုပ်စု အလိုကျ အချင်းချင်း သပ်လျှိုတဲ့ လှိုင်မြင့်ပါ။
(34) ခွေးဝမ်းသာအောင် လေလည်ပြတဲ့ လှိုင်မြင့်ပါ။
(35) အာဏာရှင် စစ်ခေါင်းဆောင်တွေကို တိုက်နေတယ် ဆိုပြီး အာဏာရှင်
        စစ်ခေါင်းဆောင်တွေလိုပဲ တိုင်းရင်းသားတွေအပေါ် ခွဲခြားဆက်ဆံချင်တဲ့ မဟာဗမာ
        စိတ်တွေ အရိုးစွဲနေတဲ့ လှိုင်မြင့်ပါ။
(36)ဒီမိုကရေစီ နဲ့ လူ့အခွင့်အရေး အတွက် တိုက်နေတယ် ဆိုပြီး တိုင်းရင်းသားတွေကို
       ဒီမိုကရေစီ နဲ့ လူ့အခွင့်အရေး အပြည့်အဝ မပေးချင်တဲ့ လှိုင်မြင့်ပါ။
(37) တိုင်းရင်းသားတွေကို ဗမာနဲ့ အခွင့်အရေး တန်းတူ မပေးချင်တဲ့ လှိုင်မြင့်ပါ။
(38) ငါးရံ့ရတော့အတူတူ၊ ငါးခူရတော့ ခွဲခြမ်းခွဲခြမ်း လုပ်တဲ့ လှိုင်မြင့်ပါ။
(39)ကရင့်ထမင်းကို စားခဲ့ပြီး ကရင့်အခွင့်အရေးကို ချုပ်ချယ် ကန့်သတ်ချင်တဲ့ လှိုင်မြင့်ပါ။
(40)ကရင့်မြေမှာ ကရင့်အထောက်အပံ့နဲ့ အသက်ဆက်ခဲ့ပြီး ကရင်ကို တန်းတူ
       မဆက်ဆံချင်တဲ့ လှိုင်မြင့်ပါ။
(41)ဘုရားပြီးတော့ ငြမ်းဖျက်တဲ့ လှိုင်မြင့်ပါ။
(42) ကမ္ဘာမီးမလောင်ဘဲ သားကောင်ကို ချနင်းတဲ့ လှိုင်မြင့်ပါ။
(42)ဗမာနဲ့ တိုင်းရင်းသားတွေရဲ့ ဆက်ဆံရေးကို ညီအစ်ကိုဆက်ဆံရေး မဟုတ်ဘဲ အရာရှိနဲ့   
        လက်အောက်ငယ်သား ဆက်ဆံရေး ပုံစံ ဖန်တီးချင်တဲ့ လှိုင်မြင့်ပါ။
(43) ပြည်ထောင်စု အသစ်ကို မဟာဗမာဝါဒနဲ့ တည်ဆောက်ချင်တဲ့ လှိုင်မြင့်ပါ။
(44) ပြည်ထောင်စု အမည်ခံပြီး ခေတ်သစ်ဗမာကိုလိုနီ ထူထောင်ချင်တဲ့ လှိုင်မြင့်ပါ။
                         (ဇွဲကပင်မျိုးချစ်)
11ReadMore-2.jpg
Saturday, September 10, 2011
သေ့ဘောပိုးအနီး ဆုံဆည်းမြိုင်မှာ တိုက်ပွဲဖြစ်ပွား
မြဝတီမြို့တောင်ဘက် သေ့ဘောပိုးရွာအနီး ဆုံဆည်းမြိုင်မှာ ကြံ့ဖွံ့အစိုးရစစ်တပ် တပ်မ ၂၂ လက်အောက်ခံ ခမရ ၂၀၄ တပ်ရင်းကို DKBA တပ်ရင်း ၉၀၉ မှ ဗိုလ်ကြီး မင်းဇော်ဦး ဦးဆောင်တဲ့ တပ်ဖွဲ့၊ ကျောင်းသားတပ်မတော် တပ်ဖွဲ့၊ ရခိုင် လွတ်မြောက်ရေး တပ်ဖွဲ့ဝင်တွေ ပူးပေါင်းပြီး ဒီကနေ့ နေ့လည် ၁၁ နာရီလောက်မှာ စစ်ဆင်တိုက်ခိုက်ခဲ့တာ ဖြစ်တယ်။
တိုက်ပွဲဖြစ်ပွားချိန် ၁၅ မိနစ်လောက်ကြာခဲ့ပြီး ထိခိုက်သေဆုံးမှု မသိရှိရသေးပါ။
ဖလူး သေ့ဘောပိုး ဝေါ်လေ ကားလမ်းတလျောက်က စစ်ကြောင်းတက်လာတဲ့ ခမရ ၂၀၄ တပ်ရင်းကို နေရာအတော်များ များက စောင့်ကြိုတိုက်ခိုက်ဖို့ ပြင်ဆင်ထားတာဖြစ်တဲ့အတွက် ညနေ ၅ နာရီလောက်မှာလည်း သေ့ဘောပိုးအနီးမှာ တိုက်ပွဲတွေ ထပ်ဖြစ်ခဲ့ပါသေးတယ်။ အဲဒီအချိန်မှာတော့ ကြံ့ဖွံ့အစိုးရစစ်တပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ဆံ တွေ သေပေါ့ပိုးရွာထဲကို ကျရောက်ပေါက်ကွဲခဲ့ပါတယ်။ အဲဒီ အကြောင်းကိုတော့ ထိုင်းနိုင်ငံဘက်ခြမ်းကို ထွက်ပြေးလာ တဲ့ သေ့ပေါပိုး ရွာသားတဦး ပြောပြတာက …
“အခြေအနေတွေ ရှုပ်ထွေးနေတာတော့ တရက် နှစ်ရက်လောက်ရှိပြီး ဒီနေ့မှ တိုက်ပွဲဖြစ်သံကြားရတာ ရွာနဲ့ နဲနဲဝေးတော့ အေးဆေးသတိနဲ့ နေ နေကြတယ်။ ညနေရောက်တော့ တိုက်ပွဲဖြစ်သံထပ်ကြားတယ် အဲဒီအချိန်မှာပဲ ရွာထဲကို လက်ကြီး တွေ ကျတာ အဲဒါနဲ့ ကျနော်တို့လည်း ထိုင်းဘက်ခြမ်းကို ပြေးလာကြတာ” လို့ ပြောပြသွားခဲ့ပါတယ်။
ဒီနေ့ ထိုင်းမြန်မာနယ်စပ် သေ့ဘောပိုးရွာမှာ ဖြစ်နေတဲ့ အခြေအနေတွေကို DKBA မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး ဆန်းအောင် ကို မေးမြန်းခဲ့ရာ …
“ဟုတ်တယ် ဒီနေ့ သေ့ဘောပိုးနားက ဆုံဆည်းမြိုင်မှာ တိုက်ပွဲဖြစ်တယ်။ ညနေပိုင်းတိုက်ပွဲဖြစ်တဲ့ အချိန်မှာတော့ ရန်သူ က သေ့ဘောပိုးရွာထဲကို လက်နက်ကြီးတွေ ပစ်ထဲ့ခဲ့တယ်။ အထိအခိုက်ကိုတော့ အတိအကျ မသိရသေးဘူး။ မြန်မာနိုင် ငံက စစ်အုပ်စု အစိုးရကတော့ ဒီလိုပဲ လက်နက်မရှိရင် အနိုင်ကျင့်မယ်။ အဖွဲ့သေးရင် ချေမှုန်းမယ် အပေါ်စီးက စကား ပြောမယ်။ အဖွဲ့ကြီးလို့ စမ်းလို့မရဘူးထင်ရင် မျက်နှာချိုသွေးမယ် ဖြည်းဖြည်းချင်း သပ်လျှိုဖြိုခွဲမယ် နောက်ဆုံးချေမှုန်း မယ်။ ဒါ သူတို့ လုပ်နေကျပဲ။ ကျနော်တို့ လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းတွေ တဖွဲ့နဲ့ တဖွဲ့ နေသာသလို နေ နေကြပြီး မစည်းလုံးကြသရွေ့တော့ မြန်မာ စစ်အုပ်စုက လုပ်နေကျ နည်းတွေနဲ့ ဆက်ထိန်းထားအုံးမှာပဲ” လို့ ပြောပြ သွားခဲ့ပါတယ်။
11ReadMore-2.jpg
Tuesday, September 6, 2011
BGF တပ်ဖွဲ့ဝင်အယောက် ၃၀ ဒီကေဘီအေနှင့် ပူးပေါင်း
Submitted by on Tuesday, 6 September 2011--
စက်တင်ဘာလ ၆ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူရှိ နယ်ခြားစောင့်(BGF) တပ်ဖွဲ့ဝင် ၃၀ဦးသည် ထိုဒေသတ၀ိုက်တွင် လှုပ်ရှားနေ သည့် ဗိုလ်မှူးစောဘိ ဦးစီးသော DKBA တပ်ဖွဲ့များထံသို့ ယနေ့ လာရောက်ပူးပေါင်းခဲ့သည်ဟု KNU တပ်မဟာ(၇)က ပြော သည်။
ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၇)မှူး ဗိုလ်မှူးချုပ်စောဂျော်နီက “ဒီနေ့မနက်မှာ ဗိုလ်ဘိဆီကို BGFတပ်ဖွဲ့ဝင် အယောက် ၃၀ မြိုင်ကြီးငူကနေ ဗိုလ်ဘိဆီ ပြန်လာတယ်လို့ သိရတယ်။ လက်နက်အလက် ၃၀ပါတယ်။ လက်နက်အမျိုးအစား တော့ မသိသေးဘူး။ ဗိုလ်စိုးနိုင် လူ ၁၅ယောက်နဲ့ ကျန်တဲ့လူတွေက ဗိုလ်မောင်ချစ်ရဲ့ လူတွေဖြစ်တယ်။”ဟု အတည်ပြု ပြော ကြားသည်။
ဗိုလ်မှူးစိုးနိုင်သည် နယ်ခြားစောင့်တပ် (၁၀၁၁)တပ်ရင်း၏ တပ်ရင်းမှူးဖြစ်ပြီး ဗိုလ်မှူးမောင်ချစ်ကမူ နယ်ခြားစောင့်တပ် (၁၀၁၄)တပ်ရင်း၏ တပ်ရင်းမှူးဖြစ်သည်။
ယင်းသို့ ပြန်လာပူးပေါင်းသူများမှာ အစိုးရစစ်တပ်၏ အုပ်ချုပ်ကွပ်ကဲမှုအောက်တွင် ဆက်လက်၍ တာဝန် ထမ်းဆောင်လိုစိတ် မရှိသောကြောင့် ယခုလို ဒီကေဘီအေတပ်ဖွဲ့နှင့် ပြန်လာပူးပေါင်းခြင်းဖြစ်ကြောင်း ဗိုလ်မှူးချုပ်စောဂျော်နီက ပြောသည်။
အင်အား ၁,၀၀၀ကျော်ရှိ ဗိုလ်မှူးစောဘိ ဦးစီးသည့် DKBA တပ်ဖွဲ့သည် ပြီးခဲ့သည့် ဇွန်လက နယ်ခြားစောင့်တပ်မှ ခွဲထွက် ကာ ဒီကေဘီအေအဖြစ် ပြန်လည်ရပ်တည်ပြီး ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA တပ်မဟာ(၇)တပ်ဖွဲ့နှင့် ပူးပေါင်း၍ အစိုးရကို ပြန်လည်ခုခံတော်လှန်ပြီး ယခုအချိန်တွင် KNU တပ်မဟာ(၁)နှင့် (၅)၊ (၇)တွင် လှုပ်ရှားလျှက်ရှိသည်။
11ReadMore-2.jpg
Sunday, September 4, 2011
ဖလူး စခန်းထိုင် ကြံ့ဖွံ့အစိုးရ စစ်တပ်ကို DKBA ဝင်ရောက်တိုက်ခိုက်
နေ့သစ်
ကရင်ပြည်နယ် မြဝတီမြို့တော်ဘက် ဖလူကြီးကျေးရွာရှိ ကြံ့ဖွံ့အစိုးရ စစ်တပ် အခြေစိုက်စခန်းကို DKBA  ၉၀၈ တပ်ရင်းမှ စက်တင်ဘာလ ၃ ရက်နေ့ ည ၈ နာရီခန့်က ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။
DKBA ၉၀၈ တပ်ရင်းမှ ဗိုလ်ကြီး တောနော့ဖေါ ဦးစီးတဲ့ တပ်ဖွဲ့ဝင်တွေရဲ့ ဝင်ရောက်ခိုက်မှုဟာ နာရီဝက်လောက်ကြာမြင့် ခဲ့ပြီး ထိခိုက်သေဆုံးမှု မသိရှိရသေးဘူးလို့ သိရှိရပါတယ်။
တိုက်ပွဲဖြစ်ပွားမှု အခြေအနေကို DKBA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး ဆန်းအောင် ဆက်သွယ်ပြောကြားလာတာကတော့..
“မနေ့ညက ကျနော်တို့ ဘက်က ကြံ့ဖွံ့အစိုးရ စစ်တပ် စခန်းထိုင်တဲ့ ဖလူးကြီး စခန်းကို ဝင်တိုက်တယ်။ ရန်သူ အထိအ ခိုက်တော့ မသိရသေးဘူး ကျနော်တို့ဘက်က အထိအခိုက်မရှိခဲ့ဘူး။ ကြံ့ဖွံ့အစိုးရ အနေနဲ့ လူမျိုးစုဒေသတွေမှာ တကယ် ငြိမ်းချမ်းရေးလုပ်ချင်တယ်ဆိုရင် ကျနော်တို့ ဒေသတွေမှာ အခြေစိုက်လှုပ်ရှားနေတဲ့ တပ်တွေ စစ်ကြောင်းတွေ ဖယ်ပေး ရ ပါမယ်။ အဲဒီလို မဟုတ်ဘဲ တိုင်းရင်းသားဒေသတွေမှာ စစ်ရေးအရ အသာစီးခြေကုတ်ယူပြီး ငြိမ်းချမ်းရေး လုပ်မယ်ဆို တာကတော့ ဘယ်လိုမှ လက်ခံနိုင်စရာ အကြောင်းမရှိဘူး။ ဒီလိုအနေအထားတွေကိုလည်း အဆက်မပြတ် တိုက်ပွဲဝင် နေမှာ ဖြစ်တယ်။ အခုလည်း တိုင်းရင်းသားဒေသတွေကို ငြိမ်းချမ်းရေး ကိုယ်စားလှယ်တွေပဲ လွှတ်ပြီး ငြိမ်းချမ်းရေး စကားတွေ ပြောတော့မလိုလိုနဲ့ ခုတော့ ဟိုအဖွဲ့ကို အသိအမှတ်ပြုဘူး ဒီအဖွဲ့က မရှိတော့ဘူး ဆိုတဲ့ အသံတွေ ထွက်လာ ပြန်ပြီ။ ကျနော်တို့ကတော့ ကိုယ်လုပ်ရမယ့် တော်လှန်ရေးတာဝန်ကို ဆက်လုပ်နေရအုံးမှာပဲ” လို့ ပြောပြသွားပါတယ်။
၂၀၁၀ ရွေးကောက်ပွဲကို ဆန်ကျင်းကြောင်း သဘောထားပြသတဲ့ အနေနဲ့ ၁၆ နှစ်ကြာ အပစ်အခတ်ရပ်စဲထားတဲ့ DKBA အဖွဲနဲ့ စစ်အစိုးရတပ်တွေဟာ  ကရင်ပြည်နယ်ထဲမှာ တိုက်ပွဲတွေ ဖြစ်နေခဲ့တာ ၁၀ လနီးပါးရှိခဲ့ပါပြီ။ ၂၀၁၁ ခုနှစ် စက် တင်ဘာလ ၂ ရက်နေ့မှာတော့ ဘားအံမြို့ရှိ ကရင်ပြည်နယ် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ (KSDDP) က စက် တင်ဘာ ၂ ရက်နေ့ နေ့စွဲနဲ့ DKBA နဲ့ ပတ်သက်တဲ့ သဘောထားကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပါတယ်။ ဒီကြေညာ ချက်ထဲမှာ DKBA ကို အသိအမှတ် မပြုကြောင်း DKBA ဆိုတာ မရှိတော့ကြောင်း ပါရှိပါတယ်။
11ReadMore-2.jpg
Thursday, September 1, 2011
KNU ဗဟိုကော်မတီဝင် မန်းငြိမ်းမောင် ပျောက်ဆုံးနေ
ဗီဒီယိုဖိုင် - RFA
ဒီဗီဒီယိုဖိုင်က 25 Jan 2011 က RFA မှာတင်ဆက်ထားတာပါ။
သတင်း - VOA
By မအေးအေးမာ
ကရင်အမျိုးသား အစည်းအရုံးရဲ့ ဗဟိုကော်မတီဝင် ဦးမန်းငြိမ်းမောင်ဟာ ထိုင်းနိုင်ငံကနေ တရုတ်နိုင်ငံကို သွားစဉ်မှာ ဗီဇာသက်တမ်း ကုန်ဆုံးသွားတာကြောင့် တရုတ်နိုင်ငံကရော ထိုင်းနိုင်ငံကပါ ပြန်ဝင်ခွင့်မပေးဘဲ ရှိနေရာက တရုတ်နိုင်ငံ ကူမင်းလေဆိပ်ကနေ ပျောက်ဆုံးသွားခဲ့တယ်လို့ KNU ဘက်က ထုတ်ဖော်ပြောကြားပါတယ်။ အပြည့်အစုံကို မအေးအေးမာက သတင်းပေးပို့ထားပါတယ်။
ပြီးခဲ့တဲ့ တလလောက်က ကရင်အမျိုးသား အစည်းအရုံးရဲ့ မဟာမိတ် ဆက်ဆံရေး ဗဟိုကော်မတီဝင် ဦးမန်းငြိမ်းမောင်ဟာ ခရီးသွားရင်း ဗီဇာသက်တမ်း ကုန်ဆုံးသွားတဲ့အတွက် ထိုင်းနိုင်ငံကို ပြန်ဝင်လာဖို့ အခက်အခဲ ရှိရာကနေ တရုတ်နိုင်ငံကို ပြန်ပို့တာ ခံရပြီးနောက် တရုတ်နိုင်ငံ ကူမင်းလေဆိပ်ကနေ ပျောက်ဆုံးသွားခဲ့ကြောင်း KNU တွဲဖက်အတွင်းရေးမှူး ဗိုလ်မှူး စောလှငွေက အခုလို ပြောပါတယ်။
“သူ ထိုင်းနိုင်ငံကနေ ထွက်ပြီး ကူမင်းကို သွားတယ်။ ကူမင်းရောက်ပြီး ပြန်လာတဲ့ အခါကျတော့ သူ့ရဲ့ ထိုင်းနိုင်ငံ ဗီဇာသက်တမ်း ကုန်ဆုံးနေပြီ။ အဲဒီတော့ ဒီကလည်း လက်မခံတော့ဘဲ ကူမင်း ပြန်ပို့တယ်။ ကူမင်းကလည်း ဒီဘက်ကို ပြန်ပို့ရင်း ပို့ရင်းနဲ့ ကျနော်တို့ သိရသလောက် ၂ ပတ် ၃ ပတ်လောက် ဟိုလေဆိပ်နဲ့ ဒီလေဆိပ် လူးလာခေါက်တုံ့ သုံးလေးခေါက်လောက် ဖြစ်ပြီး နောက်ပိုင်းမှာ ပျောက်သွားတယ်။ နောက်ဆုံး ပျောက်သွားတာ ကူမင်းလေဆိပ်မှာပဲ ပျောက်သွားတယ်။”
ဦးမန်းငြိမ်းမောင် ပျောက်ဆုံးသွားတာနဲ့ ပတ်သက်ပြီး တရုတ်ပြည်ကနေ မြန်မာပြည်ကို ပြန်ပို့တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေခဲ့ပါတယ်။
တရုတ်၊ မြန်မာ နယ်စပ်က စစ်ရေးလေ့လာသူ ဦးအောင်ကျော်ဇောကတော့ တရုတ်နိုင်ငံက သက်ဆိုင်ရာ ရုံးတွေကို စုံစမ်းတဲ့ အခါမှာ တရုတ်နိုင်ငံဘက်က ပြန်ပို့တာ မဟုတ်ဘူးလို့ သတင်းရတယ်လို့လည်း ဆိုပါတယ်။ ဒီနောက် ကူမင်းကနေ ရန်ကုန်ကိုထွက်တဲ့ လေယာဉ်ရဲ့ အထွက်စာရင်းမှာ သူ့ရဲ့ ပတ်စ်ပို့ (Passport) နာမည်ကို တွေ့ရှိရကြောင်း စုံစမ်းတွေ့ရှိရတယ်လို့ ဦးအောင်ကျော်ဇောက ဆက်ပြောပြပါတယ်။
“ဇူလိုင်လကုန်ပိုင်းမှာ တပ်ပေါင်းစု ခေါင်းဆောင်တယောက် ကျနော့်ကို အကူအညီတောင်းတယ်။ တရုတ်ပြည်ကို နည်းနည်း စုံစမ်းပေးပါ၊ ကိုမန်းငြိမ်းမောင် ဇူလိုင်လပိုင်းက ခွေးမင်လေဆိပ်မှာ ပျောက်သွားတယ်လို့ သတင်းကြားတယ်။ အဲတော့ ကျနော်နဲ့ သူနဲ့ပဲ သက်ဆိုင်ရာ တရုတ်ဌာနတွေကို စုံစမ်းတဲ့ အခါမှာ ကျနော်တို့ရတဲ့ သတင်းက ၂၃ ရက်နေ့မှာ သူ တခေါက် ချင်းမိုင်ကို ထွက်တယ်။ ချင်းမိုင်လေဆိပ်က လက်မခံလို့ ပြန်လာတယ်။
“နောက်တခါ ညနေပိုင်းမှာ ဘန်ကောက်ကို လေယာဉ်ပျံ တခေါက် ပြန်ကူးတယ်။ ဘန်ကောက်လေဆိပ်က လက်မခံလို့ ပြန်လာရတယ်။ အဲဒီလို ဖြစ်ပြီးနောက် ဒီမှာရှိတဲ့ သူ့ရဲ့အသိတယောက်က ရန်ကုန်လက်မှတ် ၀ယ်ပေးတယ်။ ကျနော်တို့ ၂ ယောက် ထပ်စုံစမ်းတဲ့ အခါကျတော့ သူက ၂၄ ရက်နေ့လား၊ ၂၅ ရက်နေ့လား မသိဘူး၊ အဲဒီ ရန်ကုန်လက်မှတ်နဲ့ လေယာဉ်ကွင်းမှာတော့ အထွက်ပြထားတယ်။ သူ ပါသွား၊ မပါသွားတော့ ကျနော်တို့ မသိဘူးပေါ့ဗျာ။”
ဦးမန်းငြိမ်းမောင် ပျောက်ဆုံးတဲ့ သတင်းနဲ့ ပတ်သက်လို့ ကရင်အမျိုးသား အစည်းအရုံးက ရှာဖွေ စုံစမ်းတာတွေ လုပ်တဲ့အခါမှာ မြန်မာပြည်မှာ အဖမ်းခံထားရတယ်ဆိုတဲ့ သတင်းသာ ကြားရပြီး အတည်ပြုချက်တော့ မရသေးဘူးလို့ ဆိုပါတယ်။
“KNU က ရှာတာတော့ အဲဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ လက်လှမ်းမီသလောက် ပြည်တွင်း ပြည်ပ သက်ဆိုင်ရာ မဟာမိတ်တွေ၊ မိတ်ဆွေတွေနဲ့ ရှာပါတယ်။ မြန်မာပြည်ထဲ ပြန်ရောက်သွားပြီးတော့ လူဝင်မှု ကြီးကြပ်ရေး အက်ဥပဒေနဲ့ ငြိပြီးတော့ တခြားပုဂ္ဂိုလ်တချို့နဲ့အတူ အဖမ်းခံရတယ်လို့ အဲဒီလောက်ပဲ ကျနော်တို့ သိရပါတယ်။”
ဦမန်းငြိမ်းမောင်ဟာ KNU ကရင်အမျိုးသား အစည်းအရုံးရဲ့ ဗဟိုကော်မတီဝင်တဦး ဖြစ်သလို KNU အပါအ၀င် တခြား တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ဖွဲ့စည်းထားတဲ့ တပ်ပေါင်းစုဖြစ်တဲ့ တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) မှာလည်း ကရင်အမျိုးသား အစည်းအရုံးရဲ့ မဟာမိတ် ဆက်ဆံရေး တာဝန်ခံအဖြစ် လုပ်ဆောင်နေသူ ဖြစ်ပါတယ်။
http://www.voanews.com/burmese/news/mann-nyein-maung-arrested-128717873.html
11ReadMore-2.jpg
Wednesday, August 31, 2011
KNU ဗဟိုကော်မတီဝင် မန်းငြိမ်းမောင် ပျောက်ဆုံးနေ
 အင်္ဂါ, 30 သြဂုတ် 2011
KNU ဗဟိုကော်မတီဝင် မန်းငြိမ်းမောင် ပျောက်ဆုံးနေ
By မအေးအေးမာ
ကရင်အမျိုးသား အစည်းအရုံးရဲ့ ဗဟိုကော်မတီဝင် ဦးမန်းငြိမ်းမောင်ဟာ ထိုင်းနိုင်ငံကနေ တရုတ်နိုင်ငံကို သွားစဉ်မှာ ဗီဇာသက်တမ်း ကုန်ဆုံးသွားတာကြောင့် တရုတ်နိုင်ငံကရော ထိုင်းနိုင်ငံကပါ ပြန်ဝင်ခွင့်မပေးဘဲ ရှိနေရာက တရုတ်နိုင်ငံ ကူမင်းလေဆိပ်ကနေ ပျောက်ဆုံးသွားခဲ့တယ်လို့ KNU ဘက်က ထုတ်ဖော်ပြောကြားပါတယ်။ အပြည့်အစုံကို မအေးအေးမာက သတင်းပေးပို့ထားပါတယ်။
ပြီးခဲ့တဲ့ တလလောက်က ကရင်အမျိုးသား အစည်းအရုံးရဲ့ မဟာမိတ် ဆက်ဆံရေး ဗဟိုကော်မတီဝင် ဦးမန်းငြိမ်းမောင်ဟာ ခရီးသွားရင်း ဗီဇာသက်တမ်း ကုန်ဆုံးသွားတဲ့အတွက် ထိုင်းနိုင်ငံကို ပြန်ဝင်လာဖို့ အခက်အခဲ ရှိရာကနေ တရုတ်နိုင်ငံကို ပြန်ပို့တာ ခံရပြီးနောက် တရုတ်နိုင်ငံ ကူမင်းလေဆိပ်ကနေ ပျောက်ဆုံးသွားခဲ့ကြောင်း KNU တွဲဖက်အတွင်းရေးမှူး ဗိုလ်မှူး စောလှငွေက အခုလို ပြောပါတယ်။
“သူ ထိုင်းနိုင်ငံကနေ ထွက်ပြီး ကူမင်းကို သွားတယ်။ ကူမင်းရောက်ပြီး ပြန်လာတဲ့ အခါကျတော့ သူ့ရဲ့ ထိုင်းနိုင်ငံ ဗီဇာသက်တမ်း ကုန်ဆုံးနေပြီ။ အဲဒီတော့ ဒီကလည်း လက်မခံတော့ဘဲ ကူမင်း ပြန်ပို့တယ်။ ကူမင်းကလည်း ဒီဘက်ကို ပြန်ပို့ရင်း ပို့ရင်းနဲ့ ကျနော်တို့ သိရသလောက် ၂ ပတ် ၃ ပတ်လောက် ဟိုလေဆိပ်နဲ့ ဒီလေဆိပ် လူးလာခေါက်တုံ့ သုံးလေးခေါက်လောက် ဖြစ်ပြီး နောက်ပိုင်းမှာ ပျောက်သွားတယ်။ နောက်ဆုံး ပျောက်သွားတာ ကူမင်းလေဆိပ်မှာပဲ ပျောက်သွားတယ်။”
ဦးမန်းငြိမ်းမောင် ပျောက်ဆုံးသွားတာနဲ့ ပတ်သက်ပြီး တရုတ်ပြည်ကနေ မြန်မာပြည်ကို ပြန်ပို့တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေခဲ့ပါတယ်။
တရုတ်၊ မြန်မာ နယ်စပ်က စစ်ရေးလေ့လာသူ ဦးအောင်ကျော်ဇောကတော့ တရုတ်နိုင်ငံက သက်ဆိုင်ရာ ရုံးတွေကို စုံစမ်းတဲ့ အခါမှာ တရုတ်နိုင်ငံဘက်က ပြန်ပို့တာ မဟုတ်ဘူးလို့ သတင်းရတယ်လို့လည်း ဆိုပါတယ်။ ဒီနောက် ကူမင်းကနေ ရန်ကုန်ကိုထွက်တဲ့ လေယာဉ်ရဲ့ အထွက်စာရင်းမှာ သူ့ရဲ့ ပတ်စ်ပို့ (Passport) နာမည်ကို တွေ့ရှိရကြောင်း စုံစမ်းတွေ့ရှိရတယ်လို့ ဦးအောင်ကျော်ဇောက ဆက်ပြောပြပါတယ်။
“ဇူလိုင်လကုန်ပိုင်းမှာ တပ်ပေါင်းစု ခေါင်းဆောင်တယောက် ကျနော့်ကို အကူအညီတောင်းတယ်။ တရုတ်ပြည်ကို နည်းနည်း စုံစမ်းပေးပါ၊ ကိုမန်းငြိမ်းမောင် ဇူလိုင်လပိုင်းက ခွေးမင်လေဆိပ်မှာ ပျောက်သွားတယ်လို့ သတင်းကြားတယ်။ အဲတော့ ကျနော်နဲ့ သူနဲ့ပဲ သက်ဆိုင်ရာ တရုတ်ဌာနတွေကို စုံစမ်းတဲ့ အခါမှာ ကျနော်တို့ရတဲ့ သတင်းက ၂၃ ရက်နေ့မှာ သူ တခေါက် ချင်းမိုင်ကို ထွက်တယ်။ ချင်းမိုင်လေဆိပ်က လက်မခံလို့ ပြန်လာတယ်။
“နောက်တခါ ညနေပိုင်းမှာ ဘန်ကောက်ကို လေယာဉ်ပျံ တခေါက် ပြန်ကူးတယ်။ ဘန်ကောက်လေဆိပ်က လက်မခံလို့ ပြန်လာရတယ်။ အဲဒီလို ဖြစ်ပြီးနောက် ဒီမှာရှိတဲ့ သူ့ရဲ့အသိတယောက်က ရန်ကုန်လက်မှတ် ၀ယ်ပေးတယ်။ ကျနော်တို့ ၂ ယောက် ထပ်စုံစမ်းတဲ့ အခါကျတော့ သူက ၂၄ ရက်နေ့လား၊ ၂၅ ရက်နေ့လား မသိဘူး၊ အဲဒီ ရန်ကုန်လက်မှတ်နဲ့ လေယာဉ်ကွင်းမှာတော့ အထွက်ပြထားတယ်။ သူ ပါသွား၊ မပါသွားတော့ ကျနော်တို့ မသိဘူးပေါ့ဗျာ။”
ဦးမန်းငြိမ်းမောင် ပျောက်ဆုံးတဲ့ သတင်းနဲ့ ပတ်သက်လို့ ကရင်အမျိုးသား အစည်းအရုံးက ရှာဖွေ စုံစမ်းတာတွေ လုပ်တဲ့အခါမှာ မြန်မာပြည်မှာ အဖမ်းခံထားရတယ်ဆိုတဲ့ သတင်းသာ ကြားရပြီး အတည်ပြုချက်တော့ မရသေးဘူးလို့ ဆိုပါတယ်။
“KNU က ရှာတာတော့ အဲဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ လက်လှမ်းမီသလောက် ပြည်တွင်း ပြည်ပ သက်ဆိုင်ရာ မဟာမိတ်တွေ၊ မိတ်ဆွေတွေနဲ့ ရှာပါတယ်။ မြန်မာပြည်ထဲ ပြန်ရောက်သွားပြီးတော့ လူဝင်မှု ကြီးကြပ်ရေး အက်ဥပဒေနဲ့ ငြိပြီးတော့ တခြားပုဂ္ဂိုလ်တချို့နဲ့အတူ အဖမ်းခံရတယ်လို့ အဲဒီလောက်ပဲ ကျနော်တို့ သိရပါတယ်။”
ဦမန်းငြိမ်းမောင်ဟာ KNU ကရင်အမျိုးသား အစည်းအရုံးရဲ့ ဗဟိုကော်မတီဝင်တဦး ဖြစ်သလို KNU အပါအ၀င် တခြား တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ဖွဲ့စည်းထားတဲ့ တပ်ပေါင်းစုဖြစ်တဲ့ တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) မှာလည်း ကရင်အမျိုးသား အစည်းအရုံးရဲ့ မဟာမိတ် ဆက်ဆံရေး တာဝန်ခံအဖြစ် လုပ်ဆောင်နေသူ ဖြစ်ပါတယ်။
11ReadMore-2.jpg
Tuesday, August 30, 2011
KNU ခေါင်းဆောင် ပဒို မန်းငြိမ်းမောင် မြန်မာနိုင်ငံမှာ ဖမ်းဆီးခံရ
KNU ခေါင်းဆောင်တဦး မြန်မာနိုင်ငံမှာ ဖမ်းဆီးခံရ
By ဗွီအိုအေ (မြန်မာဌာန)
ကရင်အမျိုးသား အစည်းအရုံး (KNU) ရဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ မန်းငြိမ်းမောင်ဟာ မြန်မာအစိုးရရဲ့ ဖမ်းဆီးခြင်းကို ခံထားရတယ်လို့ ဗွီအိုအေက သတင်းရရှိပါတယ်။
တရုတ်နိုင်ငံထဲ တရားမ၀င် ၀င်ရောက်မှုနဲ့ ကနဦး ဖမ်းဆီးခံရတာဖြစ်ပြီး နောက်ပိုင်း မြန်မာအစိုးရ လက်ထဲကို တရုတ်အာဏာပိုင်က လွှဲပြောင်းပေးခဲ့တယ်လို့ အမည်မဖော်လိုတဲ့ ပြည်ပရောက် အတိုက်အခံ ခေါင်းဆောင်တချို့ရဲ့ ပြောဆိုချက်အရ သိရပါတယ်။
ဒါနဲ့ပတ်သက်လို့ KNU ကရင်အမျိုးသား အစည်းအရုံးရဲ့ သီးခြား အတည်ပြု ပြောဆိုချက်တော့ မရသေးပါဘူး။
သူ့ရဲ့ အခြေအနေနဲ့ ပတ်သက်လို့တော့ အတိုက်အခံတွေကြား စိုးရိမ်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေပါတယ်။
မန်းငြိမ်းမောင်ဟာ KNU ကရင်အမျိုးသား အစည်းအရုံးရဲ့ ဗဟိုကော်မတီဝင်တဦး ဖြစ်သလို KNU အပါအ၀င် တခြား တိုင်းရင်းသား လက်နက်ကိုင်တွေ စုဖွဲ့ထားတဲ့ တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) မှာ KNU ကိုယ်စား ဦးဆောင် လှုပ်ရှားနေသူ တဦးလည်း ဖြစ်ပါတယ်။ သူဟာ အဓိက ထိုင်း၊ မြန်မာ နယ်စပ်မှာ လှုပ်ရှားခဲ့တာ ဖြစ်ပါတယ်။
မန်းငြိမ်းမောင်ဟာ ၁၉၆၀ ၀န်းကျင် တ၀ိုက်မှာ ကရင်လူငယ် လှုပ်ရှားမှုနဲ့ အာဏာပိုင်တွေရဲ့ ထိန်းသိမ်းမှုကို ခံခဲ့ရပြီး မြန်မာပြည်မနဲ့ မိုင် ၂၀၀ ကျော်ဝေးတဲ့ ကိုကိုးကျွန်းကို ပို့ဆောင်ခံခဲ့ရပါတယ်။ ကိုကိုးကျွန်းကနေ တခြား နိုင်ငံရေး အကျဉ်းသား ၂ ဦးနဲ့အတူ ပင်လယ်ကိုဖြတ်ပြီး ပြည်မဘက်ကို ထွက်ပြေးခဲ့ပါတယ်။ ပြည်မအရောက်မှာ ဒေသခံ အာဏာပိုင်တွေရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရပါတယ်။
သူ့ရဲ့ ကျွန်းအတွေ့အကြုံနဲ့ တခြားနိုင်ငံရောက် အတွေ့အကြုံတွေကို ရဲဘော်ရှောင်းဆိုတဲ့ ကလောင်နဲ့ ပြည်ပ အတိုက်အခံ စာစောင် မဂ္ဂဇင်းတွေမှာ ရေးသားခဲ့သူ ဖြစ်ပါတယ်။
ကွယ်လွန်သွားပြီဖြစ်တဲ့ စာရေးဆရာ မြသန်းတင့်ရဲ့ ဓားတောင်ကိုကျော်၍ မီးပင်လယ်ကိုဖြတ်မည် ဆိုတဲ့ ၀တ္ထုဟာ မန်းငြိမ်းမောင်ရဲ့ ကိုကိုးကျွန်း အတွေ့အကြုံကို မှီးရေးခဲ့တာလို့လည်း စာရေးသူ ကိုယ်တိုင်က ပြောခဲ့ဖူးပါတယ်။
မန်းငြိမ်းမောင်ကို မြန်မာအာဏာပိုင်တွေက ဖမ်းဆီး ထိန်းသိမ်းထားပြီ ဆိုတာနဲ့ ပတ်သက်လို့တော့ မြန်မာအစိုးရဘက်က တစုံတရာ ထုတ်ဖော် ပြောဆိုချက် မရသေးပါဘူး။
11ReadMore-2.jpg
ပြည်နယ်၊ တိုင်းအလိုက် ငြိမ်းချမ်းရေး ကမ်းလှမ်းချက် UNFC ငြင်းဆိုပြန်ကြား
သြဂုတ်လ ၃၀ရက်။ (ကေအိုင်စီ)
မြန်မာအစိုးရ၏ ငြိမ်းချမ်းရေး ဆွေးနွေးရန် ကမ်းလှမ်းချက်သည် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များအတွက် ရလဒ်ကောင်း မရရှိနိုင်သည့်အတွက် လက်မခံနိုင်ကြောင်း ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC မှ ယမန်နေ့က ထုတ်ပြန်လိုက်သည်။
UNFC အနေဖြင့် တဖွဲ့ချင်း သီးခြားဆိုင်ရာ ပြည်နယ် (သို့မဟုတ်) တိုင်းဒေသကြီးအစိုးရများနှင့် ပဏာမဆက်သွယ်ရန် ဆို သည့်အချက်အပေါ် လုံးဝ လက်မခံနိုင်ကြောင်းနှင့် ၎င်းမှာ ရလဒ်ကောင်းမရနိုင်ကြောင်း ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
၎င်းအပြင် ထိုသို့ တဖွဲ့ချင်းဖိတ်ခေါ်မှုသည် တိုင်းရင်းသားလူမျိုးများ၏ စည်းလုံးညီညွတ်စွာ ရပ်တည်မှုကို “သပ်လျှိုဖြိုခွဲရာကျ သည်”ဟု ယူဆသည့်အပြင် ယခင် အတွေ့အကြုံများအရ တဖွဲ့ချင်း ဆွေးနွေးခြင်းအားဖြင့် ထိရောက်မှုမရှိ ရလဒ်ကောင်းမရနိုင် ကြောင်း ကြေညာချက်တွင် ထည့်သွင်းဖော်ပြထားသည်။
“ပြည်နယ်အလိုက် ဆွေးနွေးတယ်ဆိုတာ တိုင်းရင်းသားတွေကို ခွဲချင်တဲ့သဘောပဲ။ ဘာလို့လဲဆိုတော့ အရင်ကလဲ ဒီလိုပဲ။ တွေ့ဆုံဆွေးနွေးရေးတွေ လုပ်ခဲ့တယ်။ ဒါပေမယ့် ရလဒ် ဘာမှပေါ်မလာဘူး။”ဟု UNFC အဖွဲ့ဝင်ဖြစ်သည့် ကရင်အမျိုးသားအ စည်းအရုံး၏ အထွေထွေအတွင်းရေးမှူးချုပ် နော်စီဖိုးရာစိန်က ပြောသည်။
UNFC ထုတ်ပြန်ချက်တွင် နိုင်ငံရေးပြဿနာသည် တိုင်းဒေသကြီး/ပြည်နယ်အလိုက် သီးခြားဖြစ်ပွားနေခြင်းလည်းမဟုတ်၊ ပြည်ထောင်စုအဆင့် သို့မဟုတ် တမျိုးသားလုံးအဆင့်၌ ဖြစ်ပေါ်နေသော ပြဿနာများသာဖြစ်၍ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေး ဖြေရှင်းမှသာလျှင် ပြေလည်နိုင်မည်ဟု (UNFC) အနေနှင့် ယုံကြည်ထားခြင်းကြောင့် အစိုးရ၏ ကမ်းလှမ်းချက်ကို လက်မခံခြင်း ဖြစ်သည်ဟု ပြောဆိုထားသည်။
UNFC က ချမှတ်ထားသည့် မူအတိုင်း တဖွဲ့ချင်းဆွေးနွေးမည်မဟုတ်ကြောင်း တိုင်းရင်းသားအားလုံးသည်လည်း နိုင်ငံရေး ပြဿနာများကို ဖြေရှင်းရာတွင် အတူတကွ ပူးပေါင်းဆွေးနွေးလိုကြောင်း နော်စီဖိုးရာစိန်က ပြောသည်။
အစိုးရဘက်မှ ဆွေးနွေးမည့် အဖွဲ့အစည်း ဖွဲ့စည်းပြီးပါက အဆိုပါ အဖွဲ့အစည်းနှင့် (UNFC) ဘက်မှ အလားတူ ဖွဲ့စည်းတာဝန် ပေးအပ်ထားသော “ဆွေးနွေးရေးအဖွဲ့”နှင့် တိုက်ရိုက်ဆက်သွယ်ဆက်ဆံ၍ ဆွေးနွေးသွားခြင်းဖြင့် လက်နက်ကိုင်တိုက်ပွဲများ ကို ရပ်စဲစေပြီး နိုင်ငံရေးပြဿနာများ ပြေလည်စေကာ ငြိမ်းချမ်းရေးကိုလည်း ဖော်ဆောင် အောင်မြင်နိုင်မည်ဖြစ်ကြောင်း UNFC က ပြန်ကြားထားသည်။
ပြီးခဲ့သည့်အပတ်က ကရင်ပြည်နယ်မှ ငြိမ်းချမ်းရေးကိုယ်စားလှယ် ၂ဦး ကေအဲန်ယူနှင့် လာရောက်တွေ့ဆုံခဲ့ကြောင်း အတည် မပြုနိုင်သေးသည့် သတင်းအရ သိရသော်လည်း ကေအဲန်ယူဘက်မှ မဟုတ်မှန်ကြောင်း ငြင်းဆိုထားသည်။
ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ-UNFC ကို ၂၀၁၁ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ရက်နေ့က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၂ဖွဲ့ဖြင့် ဖွဲ့စည်းခဲ့ပြီးနောက် အမာခံအဖွဲ့ ၆ဖွဲ့ဖြစ်သည့် ကချင်ပြည်လွတ်မြောက်ရေးအဖွဲ့(KIO)၊ သျှမ်း ပြည်တိုးတက်ရေးပါတီ(SSPP)၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကရင်နီပြည်တိုးတက်ရေးပါတီ(KNPP)၊ မွန်ပြည်သစ်ပါ တီ(NMSP)၊ ချင်းအမျိုးသားတပ်ဦး(CNF) တို့ဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။
ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး(PSLF)၊ လားဟူဒီမိုကရက်တစ်သမဂ္ဂ(LDU)၊ ညီညွှတ်သော ရခိုင်အမျိုးသားပါတီ (NUPA)၊ ၀ အမျိုးသားအဖွဲ့ချုပ်(WNO)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့(PNLO)၊ ကချင်အမျိုးသားအဖွဲ့(KNO) တို့ သည် ဆက်စပ်အဖွဲ့များအဖြစ် တည်ရှိနေသည်
11ReadMore-2.jpg
Wednesday, August 24, 2011
နယ်ခြားစောင့်တပ်ဖွဲ့ဝင်( ၇ ) ဥိးကို လက်နက် ၈ လက်နှင့်အတူ ဖမ်းဆီးရမိ
 ဧရာဝတီ
ယမန်နေ့နံနက်ပိုင်းတိုက်ပွဲတခုတွင် ဗိုလ်မှူးစောဘိ ဦးဆောင်သည့် ခွဲထွက် DKBA အဖွဲ့က နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၇ ဦးကို လက်နက် ၈ လက်နှင့်အတူ ဖမ်းဆီးရမိခဲ့သည်ဟု DKBA တပ်မဟာ ၅ ထောက်လှမ်းရေးတပ်ဖွဲ့မှ ဗိုလ်ကြီးစောသရီးထူးက ဧရာဝတီသို့ ယနေ့ ပြောကြားသည်။
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်၊ အနောက် ဘက်ခြမ်း ကံညီနောင်ရွာတွင် အခြေစိုက်သည့် ကရင်နယ်ခြားစောင့်တပ် အမှတ် ၁၀၁၇ ကို သွားရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
သုံ့ပန်းများကို မြန်မာအစိုးရကို ပြန်လည်တော်လှန်ရန် အတွက် စည်းရုံး သိမ်းသွင်းသွားမည်ဟုလည်း စောသရီးထူးက ပြောသည်။
11ReadMore-2.jpg
Monday, August 22, 2011
တိုင်းမှူးနှင့် စစ်အရာရှိကြီးများ ယာဉ်တန်းကို DKBA တိုက်ခိုက်
အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်
ချင်းမိုင် (မဇ္ဈိမ) ။
      ။ အစိုးရ စစ်တပ် ထိပ်တန်း အရာရှိကြီး သုံးဦးပါသည့် ယာဉ်တန်းကို တိုးတက်သော
ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်- DKBA က ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်း ပြောက်ကျား စနစ်ဖြင့် တိုက်ခိုက်ခဲ့သည်ဟု ဒေသတွင်း လုံခြုံရေး အသိုင်းအဝိုင်းက ပြောသည်။
မိုင်းခွဲ တိုက်ခိုက်ခံလိုက်ရသည့် ယာဉ်တန်းပေါ်တွင် ပြည်သူ့စစ်နှင့် နယ်ခြားတပ်များ ညွှန်ကြားရေးမှူးရုံး
ညွန်ကြားရေးမှူး ဗိုလ်ချုပ် မောင်မောင်အုန်း၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် တင်မောင်ဝင်းနှင့် ကရင်ပြည်နယ် ဝန်ကြီးချုပ် ဗိုလ်မှူးချုပ် ဇော်မင်း တို့ပါဝင်သည်။
၎င်းတို့က အစိုးရသြဇာခံ နယ်ခြားစောင့်တပ် အဖြစ်ခံယူထားသည့် ဗိုလ်မှူးကြီး စောချစ်သူ ဦးဆောင်သည့် DKBA တပ်ဖွဲ့၏ မြဝတီခရိုင်၊ ရွှေကုက္ကိုရွာတွင် သြဂုတ်လ ၂ဝ ရက်နေ့က ပြုလုပ်သော နယ်ခြားစောင့်တပ် တနှစ်ပြည့် အခမ်းအနားသို့ တက်ရောက်ပြီး အပြန် သင်္ဃန်းညီနောင်ရွာနှင့် ဒေါနတောင်တန်း အကြားရှိ ခလရ- ၃၅၅ နှင့် ၃၅၆ တို့အနီးတွင် DKBA ပြောက်ကျား တပ်များ က ချောင်းမြောင်း တိုက်ခိုက်ခဲ့သည်ဟု မြဝတီ ရဲစခန်း အရာရှိတဦးက
ပြောသည်။
dkba
အစိုးရ စစ်တပ် ထိပ်တန်း အရာရှိကြီး သုံးဦးပါသည့် ယာဉ်တန်းကို တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်- DKBA က ပြောက်ကျား စနစ်ဖြင့် တိုက်ခိုက်သည်ဟု လုံခြုံရေး အသိုင်းအဝိုင်းက ပြော (ဓါတ်ပုံ မဇ္ဈိမ)
ယာဉ်တန်းထဲတွင် စစ်အရာရှိကြီးများ၊ ကရင်ပြည်နယ် နယ်ခြားစောင့်တပ်-BGF နှင့် ရဲတပ်ဖွဲ့ဝင်များ ပါသည့်
မော်တော်ယာဉ် ၇ စီးခန့် တန်းစီသွားကြစဉ် စစ်တပ် အရာရှိများ ပါဝင်သည့် ယာဉ်ကို ပစ်မှတ်ထား ရွေးတိုက်ခိုက်
ခဲ့ရာ အရာရှိကြီးများ မထိခိုက်ဘဲ လုံခြုံရေး တာဝန်ယူလိုက်ပါခဲ့သူ စစ်သား သုံးဦး ထိခိုက် ဒဏ်ရာရရှိသွားကြောင်း အဆိုပါ ရဲအရာရှိ ကပြောသည်။
“ရွှေကုက္ကိုက အပြန်မှာ ကားလမ်းဘေးကနေ ကပ်ပြီးလုပ်သွားတာ ခံလိုက်ရတာပါ။ လူကြီးတွေတော့ မထိပါဘူး။ တပ်ဘက်က လုံခြုံရေး တာဝန်ယူတဲ့ ၃ ယောက် ဒဏ်ရာရသွားတာပါ” ဟု အဆိုပါ ရဲအရာရှိ က ပြောသည်။
ယခင်က မြဝတီမြို့နယ်အတွင်း ယခုကဲ့သို့ တိုက်ခိုက်ခံရမှုဖြစ်ပွားပါက မြဝတီရဲစခန်းက သွားရောက်၍ အကူအညီ များပေးရသော်လည်း ယခုတကြိမ်တွင်မူ ဒဏ်ရာရသူများကို ယင်းယာဉ်တန်းဖြင့် တပါတည်း သယ်ဆောင်သွားခဲ့ သလို မြဝတီ ရဲစခန်းကိုလည်း အကူအညီ တောင်းခံခြင်း အကြောင်းကြားခြင်း မရှိခဲ့ဟု ဆိုသည်။
“အရင်တုန်းက ဒီလိုမျိုး ဖြစ်ရပ်တွေမှာ ကျနော်တို့ သွားပြီး အကူအညီပေးတာတို့ ဒီမြဝတီ ဆေးရုံပို့ပေးတာတို့ လုပ်ပေးရပါတယ်။ ဒီတခါတော့ ကျနော်တို့ လုပ်ပေးစရာ မလိုဘူး။ ဒဏ်ရာ ရတဲ့လူတွေကိုလည်း သူတို့ပဲ သယ်သွားတာ။ ဒီဆေးရုံ လာမပို့ပါဘူး” ဟု သူက ဆက်ပြောသည်။
DKBA ကမူ စစ်တပ်ဘက်မှ သေဆုံးသူ ၃ ဦး ရှိသည်ဟု ဆိုသည်။ အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့် စစ်ဗိုလ်ချုပ်များ ပါဝင်သော ယာဉ်တန်း ဖြတ်သန်းမည့် သတင်းကို ကြိုသိသဖြင့် DKBA အမှတ် ၉၀၇ တပ်ရင်းမှ
ပြောက်ကျားစနစ်ဖြင့် စီစဉ် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း၊ တိုက်ခိုက်မှုတွင် အခြား ၂ ဦး ဒဏ်ရာရရှိ သွားကြောင်း
၉ဝ၇ တပ်ရင်းမှူး ဗိုလ်မှူး မောင်ကြာ က ပြောသည်။
“ကျနော်တို့ကတော့ ဆွဲမိုင်းနဲ့ စစ်တပ်ကားကို အဓိက ပစ်မှတ်ထား တိုက်တာ။ ကျနော်တို့ ရတဲ့ အတွင်း သတင်း
အရ ၃ ယောက် သေပြီး ၂ ယောက် ဒဏ်ရာရသွားတာ သေချာတယ်။ ဘယ်အဆင့်တွေလည်း ဆိုတာ သေချာ မသိရသေဘူး” ဟု ဗိုလ်မှူး မောင်ကြာ က မဇ္ဈိမကိုပြောသည်။
DKBA ပြောက်ကျား တပ်ဖွဲ့များက စစ်ယာဉ်တန်း အလာကို ကားလမ်းဘေးမှ စောင့်ဆိုင်း ပစ်ခတ်ခဲ့ပြီးနောက်
တောထဲသို့ ချက်ချင်း နောက်ဆုတ်ခဲ့ပြီး ယာဉ်တန်းတွင် ပါဝင်လိုက်ပါလာသည့် လုံခြုံရေး အဖွဲ့များကလည်း
နောက်မှ တရစပ် နောက်မှ ပစ်ခတ်ခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။ သို့သော်လည်း ပစ်ခတ်ပြီး ထွက်ပြေး ခဲ့ကြသည့် ပြောက်ကျား အဖွဲ့များမှ ထိခိုက်မှု မရှိခဲ့ဟု ဆိုသည်။
မြဝတီ ကားကြီးဝင်းရှိ ဂိတ်မှူး တဦးကလည်း DKBA တို့၏ ခြုံခိုတိုက်ခိုက်မှုကြောင့် ယာဉ်တန်းပေါ် လိုက်ပါလာ
သည့် စစ်တပ်မှ အရာရှိ သုံးဦး သေဆုံးသွားသည်ဟု ကော့ကရိတ်မြို့နယ်ဘက်မှ လာသော အစိုးရသတင်း
ရပ်ကွက်မှ ကြားသိရကြောင်း ပြောသည်။ ယင်းနေ့တွင် ကားလမ်း အဆင်းရက် ဖြစ်သော်လည်း တိုင်းမှူးခရီးစဉ်
ရှိသဖြင့် ခရီးသည် ကားများကို အရပ်ခိုင်း ထားခဲ့ရသည်ဟု သိရသည်။
ဗိုလ်နှုတ်ခမ်းမွှေး (ခေါ်) စောလားပွယ် ဦးဆောင်သော ဒီကေဘီအေ တပ်ဖွဲ့များသည် အစိုးရက နယ်ခြားစောင့်တပ် အသွင် ပြောင်းရေးတွင် လက်မခံပဲ ကရင်အမျိုးသား အစည်းအရုံး KNU နှင့် ပူးပေါင်းကာ အစိုးရအား ခုခံ တိုက်ခိုက်နေသည်။
၂ဝ၁ဝ ခုနှစ် သြဂုတ်လဆန်းပိုင်းကလည်း ကော့ကရိတ်မြို့မှ မြဝတီ အသွား ဒေါနတောင်တန်းအနီးတွင် စစ်ဆင်ရေး အထူး အဖွဲ့မှူး ဒုဗိုလ်ချုပ်ကြီး ခင်ဇော် လိုက်ပါလာသော ကား ၁၀ စီးခန့်ပါသည့် ယာဉ်တန်းကို KNU ပြောက်ကျား တပ်ဖွဲ့များက ပစ်ခတ်ခဲ့သဖြစ် အနည်းဆုံး စစ်သားတဦး သေဆုံးသွားခဲ့သည်။
11ReadMore-2.jpg
Template by:
Free Blog Templates