Wednesday, August 31, 2011

KNU ဗဟိုကော်မတီဝင် မန်းငြိမ်းမောင် ပျောက်ဆုံးနေ

 အင်္ဂါ, 30 သြဂုတ် 2011
KNU ဗဟိုကော်မတီဝင် မန်းငြိမ်းမောင် ပျောက်ဆုံးနေ
By မအေးအေးမာ

 
ကရင်အမျိုးသား အစည်းအရုံးရဲ့ ဗဟိုကော်မတီဝင် ဦးမန်းငြိမ်းမောင်ဟာ ထိုင်းနိုင်ငံကနေ တရုတ်နိုင်ငံကို သွားစဉ်မှာ ဗီဇာသက်တမ်း ကုန်ဆုံးသွားတာကြောင့် တရုတ်နိုင်ငံကရော ထိုင်းနိုင်ငံကပါ ပြန်ဝင်ခွင့်မပေးဘဲ ရှိနေရာက တရုတ်နိုင်ငံ ကူမင်းလေဆိပ်ကနေ ပျောက်ဆုံးသွားခဲ့တယ်လို့ KNU ဘက်က ထုတ်ဖော်ပြောကြားပါတယ်။ အပြည့်အစုံကို မအေးအေးမာက သတင်းပေးပို့ထားပါတယ်။
ပြီးခဲ့တဲ့ တလလောက်က ကရင်အမျိုးသား အစည်းအရုံးရဲ့ မဟာမိတ် ဆက်ဆံရေး ဗဟိုကော်မတီဝင် ဦးမန်းငြိမ်းမောင်ဟာ ခရီးသွားရင်း ဗီဇာသက်တမ်း ကုန်ဆုံးသွားတဲ့အတွက် ထိုင်းနိုင်ငံကို ပြန်ဝင်လာဖို့ အခက်အခဲ ရှိရာကနေ တရုတ်နိုင်ငံကို ပြန်ပို့တာ ခံရပြီးနောက် တရုတ်နိုင်ငံ ကူမင်းလေဆိပ်ကနေ ပျောက်ဆုံးသွားခဲ့ကြောင်း KNU တွဲဖက်အတွင်းရေးမှူး ဗိုလ်မှူး စောလှငွေက အခုလို ပြောပါတယ်။
“သူ ထိုင်းနိုင်ငံကနေ ထွက်ပြီး ကူမင်းကို သွားတယ်။ ကူမင်းရောက်ပြီး ပြန်လာတဲ့ အခါကျတော့ သူ့ရဲ့ ထိုင်းနိုင်ငံ ဗီဇာသက်တမ်း ကုန်ဆုံးနေပြီ။ အဲဒီတော့ ဒီကလည်း လက်မခံတော့ဘဲ ကူမင်း ပြန်ပို့တယ်။ ကူမင်းကလည်း ဒီဘက်ကို ပြန်ပို့ရင်း ပို့ရင်းနဲ့ ကျနော်တို့ သိရသလောက် ၂ ပတ် ၃ ပတ်လောက် ဟိုလေဆိပ်နဲ့ ဒီလေဆိပ် လူးလာခေါက်တုံ့ သုံးလေးခေါက်လောက် ဖြစ်ပြီး နောက်ပိုင်းမှာ ပျောက်သွားတယ်။ နောက်ဆုံး ပျောက်သွားတာ ကူမင်းလေဆိပ်မှာပဲ ပျောက်သွားတယ်။”
ဦးမန်းငြိမ်းမောင် ပျောက်ဆုံးသွားတာနဲ့ ပတ်သက်ပြီး တရုတ်ပြည်ကနေ မြန်မာပြည်ကို ပြန်ပို့တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေခဲ့ပါတယ်။
တရုတ်၊ မြန်မာ နယ်စပ်က စစ်ရေးလေ့လာသူ ဦးအောင်ကျော်ဇောကတော့ တရုတ်နိုင်ငံက သက်ဆိုင်ရာ ရုံးတွေကို စုံစမ်းတဲ့ အခါမှာ တရုတ်နိုင်ငံဘက်က ပြန်ပို့တာ မဟုတ်ဘူးလို့ သတင်းရတယ်လို့လည်း ဆိုပါတယ်။ ဒီနောက် ကူမင်းကနေ ရန်ကုန်ကိုထွက်တဲ့ လေယာဉ်ရဲ့ အထွက်စာရင်းမှာ သူ့ရဲ့ ပတ်စ်ပို့ (Passport) နာမည်ကို တွေ့ရှိရကြောင်း စုံစမ်းတွေ့ရှိရတယ်လို့ ဦးအောင်ကျော်ဇောက ဆက်ပြောပြပါတယ်။
“ဇူလိုင်လကုန်ပိုင်းမှာ တပ်ပေါင်းစု ခေါင်းဆောင်တယောက် ကျနော့်ကို အကူအညီတောင်းတယ်။ တရုတ်ပြည်ကို နည်းနည်း စုံစမ်းပေးပါ၊ ကိုမန်းငြိမ်းမောင် ဇူလိုင်လပိုင်းက ခွေးမင်လေဆိပ်မှာ ပျောက်သွားတယ်လို့ သတင်းကြားတယ်။ အဲတော့ ကျနော်နဲ့ သူနဲ့ပဲ သက်ဆိုင်ရာ တရုတ်ဌာနတွေကို စုံစမ်းတဲ့ အခါမှာ ကျနော်တို့ရတဲ့ သတင်းက ၂၃ ရက်နေ့မှာ သူ တခေါက် ချင်းမိုင်ကို ထွက်တယ်။ ချင်းမိုင်လေဆိပ်က လက်မခံလို့ ပြန်လာတယ်။
“နောက်တခါ ညနေပိုင်းမှာ ဘန်ကောက်ကို လေယာဉ်ပျံ တခေါက် ပြန်ကူးတယ်။ ဘန်ကောက်လေဆိပ်က လက်မခံလို့ ပြန်လာရတယ်။ အဲဒီလို ဖြစ်ပြီးနောက် ဒီမှာရှိတဲ့ သူ့ရဲ့အသိတယောက်က ရန်ကုန်လက်မှတ် ၀ယ်ပေးတယ်။ ကျနော်တို့ ၂ ယောက် ထပ်စုံစမ်းတဲ့ အခါကျတော့ သူက ၂၄ ရက်နေ့လား၊ ၂၅ ရက်နေ့လား မသိဘူး၊ အဲဒီ ရန်ကုန်လက်မှတ်နဲ့ လေယာဉ်ကွင်းမှာတော့ အထွက်ပြထားတယ်။ သူ ပါသွား၊ မပါသွားတော့ ကျနော်တို့ မသိဘူးပေါ့ဗျာ။”
ဦးမန်းငြိမ်းမောင် ပျောက်ဆုံးတဲ့ သတင်းနဲ့ ပတ်သက်လို့ ကရင်အမျိုးသား အစည်းအရုံးက ရှာဖွေ စုံစမ်းတာတွေ လုပ်တဲ့အခါမှာ မြန်မာပြည်မှာ အဖမ်းခံထားရတယ်ဆိုတဲ့ သတင်းသာ ကြားရပြီး အတည်ပြုချက်တော့ မရသေးဘူးလို့ ဆိုပါတယ်။
“KNU က ရှာတာတော့ အဲဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ လက်လှမ်းမီသလောက် ပြည်တွင်း ပြည်ပ သက်ဆိုင်ရာ မဟာမိတ်တွေ၊ မိတ်ဆွေတွေနဲ့ ရှာပါတယ်။ မြန်မာပြည်ထဲ ပြန်ရောက်သွားပြီးတော့ လူဝင်မှု ကြီးကြပ်ရေး အက်ဥပဒေနဲ့ ငြိပြီးတော့ တခြားပုဂ္ဂိုလ်တချို့နဲ့အတူ အဖမ်းခံရတယ်လို့ အဲဒီလောက်ပဲ ကျနော်တို့ သိရပါတယ်။”
ဦမန်းငြိမ်းမောင်ဟာ KNU ကရင်အမျိုးသား အစည်းအရုံးရဲ့ ဗဟိုကော်မတီဝင်တဦး ဖြစ်သလို KNU အပါအ၀င် တခြား တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ဖွဲ့စည်းထားတဲ့ တပ်ပေါင်းစုဖြစ်တဲ့ တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) မှာလည်း ကရင်အမျိုးသား အစည်းအရုံးရဲ့ မဟာမိတ် ဆက်ဆံရေး တာဝန်ခံအဖြစ် လုပ်ဆောင်နေသူ ဖြစ်ပါတယ်။

11ReadMore-2.jpg

Tuesday, August 30, 2011

KNU ခေါင်းဆောင် ပဒို မန်းငြိမ်းမောင် မြန်မာနိုင်ငံမှာ ဖမ်းဆီးခံရ

KNU ခေါင်းဆောင်တဦး မြန်မာနိုင်ငံမှာ ဖမ်းဆီးခံရ
By ဗွီအိုအေ (မြန်မာဌာန)

 
ကရင်အမျိုးသား အစည်းအရုံး (KNU) ရဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ မန်းငြိမ်းမောင်ဟာ မြန်မာအစိုးရရဲ့ ဖမ်းဆီးခြင်းကို ခံထားရတယ်လို့ ဗွီအိုအေက သတင်းရရှိပါတယ်။
တရုတ်နိုင်ငံထဲ တရားမ၀င် ၀င်ရောက်မှုနဲ့ ကနဦး ဖမ်းဆီးခံရတာဖြစ်ပြီး နောက်ပိုင်း မြန်မာအစိုးရ လက်ထဲကို တရုတ်အာဏာပိုင်က လွှဲပြောင်းပေးခဲ့တယ်လို့ အမည်မဖော်လိုတဲ့ ပြည်ပရောက် အတိုက်အခံ ခေါင်းဆောင်တချို့ရဲ့ ပြောဆိုချက်အရ သိရပါတယ်။
ဒါနဲ့ပတ်သက်လို့ KNU ကရင်အမျိုးသား အစည်းအရုံးရဲ့ သီးခြား အတည်ပြု ပြောဆိုချက်တော့ မရသေးပါဘူး။
သူ့ရဲ့ အခြေအနေနဲ့ ပတ်သက်လို့တော့ အတိုက်အခံတွေကြား စိုးရိမ်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေပါတယ်။
မန်းငြိမ်းမောင်ဟာ KNU ကရင်အမျိုးသား အစည်းအရုံးရဲ့ ဗဟိုကော်မတီဝင်တဦး ဖြစ်သလို KNU အပါအ၀င် တခြား တိုင်းရင်းသား လက်နက်ကိုင်တွေ စုဖွဲ့ထားတဲ့ တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) မှာ KNU ကိုယ်စား ဦးဆောင် လှုပ်ရှားနေသူ တဦးလည်း ဖြစ်ပါတယ်။ သူဟာ အဓိက ထိုင်း၊ မြန်မာ နယ်စပ်မှာ လှုပ်ရှားခဲ့တာ ဖြစ်ပါတယ်။
မန်းငြိမ်းမောင်ဟာ ၁၉၆၀ ၀န်းကျင် တ၀ိုက်မှာ ကရင်လူငယ် လှုပ်ရှားမှုနဲ့ အာဏာပိုင်တွေရဲ့ ထိန်းသိမ်းမှုကို ခံခဲ့ရပြီး မြန်မာပြည်မနဲ့ မိုင် ၂၀၀ ကျော်ဝေးတဲ့ ကိုကိုးကျွန်းကို ပို့ဆောင်ခံခဲ့ရပါတယ်။ ကိုကိုးကျွန်းကနေ တခြား နိုင်ငံရေး အကျဉ်းသား ၂ ဦးနဲ့အတူ ပင်လယ်ကိုဖြတ်ပြီး ပြည်မဘက်ကို ထွက်ပြေးခဲ့ပါတယ်။ ပြည်မအရောက်မှာ ဒေသခံ အာဏာပိုင်တွေရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရပါတယ်။
သူ့ရဲ့ ကျွန်းအတွေ့အကြုံနဲ့ တခြားနိုင်ငံရောက် အတွေ့အကြုံတွေကို ရဲဘော်ရှောင်းဆိုတဲ့ ကလောင်နဲ့ ပြည်ပ အတိုက်အခံ စာစောင် မဂ္ဂဇင်းတွေမှာ ရေးသားခဲ့သူ ဖြစ်ပါတယ်။
ကွယ်လွန်သွားပြီဖြစ်တဲ့ စာရေးဆရာ မြသန်းတင့်ရဲ့ ဓားတောင်ကိုကျော်၍ မီးပင်လယ်ကိုဖြတ်မည် ဆိုတဲ့ ၀တ္ထုဟာ မန်းငြိမ်းမောင်ရဲ့ ကိုကိုးကျွန်း အတွေ့အကြုံကို မှီးရေးခဲ့တာလို့လည်း စာရေးသူ ကိုယ်တိုင်က ပြောခဲ့ဖူးပါတယ်။
မန်းငြိမ်းမောင်ကို မြန်မာအာဏာပိုင်တွေက ဖမ်းဆီး ထိန်းသိမ်းထားပြီ ဆိုတာနဲ့ ပတ်သက်လို့တော့ မြန်မာအစိုးရဘက်က တစုံတရာ ထုတ်ဖော် ပြောဆိုချက် မရသေးပါဘူး။

11ReadMore-2.jpg

ပြည်နယ်၊ တိုင်းအလိုက် ငြိမ်းချမ်းရေး ကမ်းလှမ်းချက် UNFC ငြင်းဆိုပြန်ကြား


သြဂုတ်လ ၃၀ရက်။ (ကေအိုင်စီ)
မြန်မာအစိုးရ၏ ငြိမ်းချမ်းရေး ဆွေးနွေးရန် ကမ်းလှမ်းချက်သည် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များအတွက် ရလဒ်ကောင်း မရရှိနိုင်သည့်အတွက် လက်မခံနိုင်ကြောင်း ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC မှ ယမန်နေ့က ထုတ်ပြန်လိုက်သည်။
UNFC အနေဖြင့် တဖွဲ့ချင်း သီးခြားဆိုင်ရာ ပြည်နယ် (သို့မဟုတ်) တိုင်းဒေသကြီးအစိုးရများနှင့် ပဏာမဆက်သွယ်ရန် ဆို သည့်အချက်အပေါ် လုံးဝ လက်မခံနိုင်ကြောင်းနှင့် ၎င်းမှာ ရလဒ်ကောင်းမရနိုင်ကြောင်း ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
၎င်းအပြင် ထိုသို့ တဖွဲ့ချင်းဖိတ်ခေါ်မှုသည် တိုင်းရင်းသားလူမျိုးများ၏ စည်းလုံးညီညွတ်စွာ ရပ်တည်မှုကို “သပ်လျှိုဖြိုခွဲရာကျ သည်”ဟု ယူဆသည့်အပြင် ယခင် အတွေ့အကြုံများအရ တဖွဲ့ချင်း ဆွေးနွေးခြင်းအားဖြင့် ထိရောက်မှုမရှိ ရလဒ်ကောင်းမရနိုင် ကြောင်း ကြေညာချက်တွင် ထည့်သွင်းဖော်ပြထားသည်။
“ပြည်နယ်အလိုက် ဆွေးနွေးတယ်ဆိုတာ တိုင်းရင်းသားတွေကို ခွဲချင်တဲ့သဘောပဲ။ ဘာလို့လဲဆိုတော့ အရင်ကလဲ ဒီလိုပဲ။ တွေ့ဆုံဆွေးနွေးရေးတွေ လုပ်ခဲ့တယ်။ ဒါပေမယ့် ရလဒ် ဘာမှပေါ်မလာဘူး။”ဟု UNFC အဖွဲ့ဝင်ဖြစ်သည့် ကရင်အမျိုးသားအ စည်းအရုံး၏ အထွေထွေအတွင်းရေးမှူးချုပ် နော်စီဖိုးရာစိန်က ပြောသည်။
UNFC ထုတ်ပြန်ချက်တွင် နိုင်ငံရေးပြဿနာသည် တိုင်းဒေသကြီး/ပြည်နယ်အလိုက် သီးခြားဖြစ်ပွားနေခြင်းလည်းမဟုတ်၊ ပြည်ထောင်စုအဆင့် သို့မဟုတ် တမျိုးသားလုံးအဆင့်၌ ဖြစ်ပေါ်နေသော ပြဿနာများသာဖြစ်၍ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေး ဖြေရှင်းမှသာလျှင် ပြေလည်နိုင်မည်ဟု (UNFC) အနေနှင့် ယုံကြည်ထားခြင်းကြောင့် အစိုးရ၏ ကမ်းလှမ်းချက်ကို လက်မခံခြင်း ဖြစ်သည်ဟု ပြောဆိုထားသည်။
UNFC က ချမှတ်ထားသည့် မူအတိုင်း တဖွဲ့ချင်းဆွေးနွေးမည်မဟုတ်ကြောင်း တိုင်းရင်းသားအားလုံးသည်လည်း နိုင်ငံရေး ပြဿနာများကို ဖြေရှင်းရာတွင် အတူတကွ ပူးပေါင်းဆွေးနွေးလိုကြောင်း နော်စီဖိုးရာစိန်က ပြောသည်။
အစိုးရဘက်မှ ဆွေးနွေးမည့် အဖွဲ့အစည်း ဖွဲ့စည်းပြီးပါက အဆိုပါ အဖွဲ့အစည်းနှင့် (UNFC) ဘက်မှ အလားတူ ဖွဲ့စည်းတာဝန် ပေးအပ်ထားသော “ဆွေးနွေးရေးအဖွဲ့”နှင့် တိုက်ရိုက်ဆက်သွယ်ဆက်ဆံ၍ ဆွေးနွေးသွားခြင်းဖြင့် လက်နက်ကိုင်တိုက်ပွဲများ ကို ရပ်စဲစေပြီး နိုင်ငံရေးပြဿနာများ ပြေလည်စေကာ ငြိမ်းချမ်းရေးကိုလည်း ဖော်ဆောင် အောင်မြင်နိုင်မည်ဖြစ်ကြောင်း UNFC က ပြန်ကြားထားသည်။
ပြီးခဲ့သည့်အပတ်က ကရင်ပြည်နယ်မှ ငြိမ်းချမ်းရေးကိုယ်စားလှယ် ၂ဦး ကေအဲန်ယူနှင့် လာရောက်တွေ့ဆုံခဲ့ကြောင်း အတည် မပြုနိုင်သေးသည့် သတင်းအရ သိရသော်လည်း ကေအဲန်ယူဘက်မှ မဟုတ်မှန်ကြောင်း ငြင်းဆိုထားသည်။
ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ-UNFC ကို ၂၀၁၁ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ရက်နေ့က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၂ဖွဲ့ဖြင့် ဖွဲ့စည်းခဲ့ပြီးနောက် အမာခံအဖွဲ့ ၆ဖွဲ့ဖြစ်သည့် ကချင်ပြည်လွတ်မြောက်ရေးအဖွဲ့(KIO)၊ သျှမ်း ပြည်တိုးတက်ရေးပါတီ(SSPP)၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကရင်နီပြည်တိုးတက်ရေးပါတီ(KNPP)၊ မွန်ပြည်သစ်ပါ တီ(NMSP)၊ ချင်းအမျိုးသားတပ်ဦး(CNF) တို့ဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။
ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး(PSLF)၊ လားဟူဒီမိုကရက်တစ်သမဂ္ဂ(LDU)၊ ညီညွှတ်သော ရခိုင်အမျိုးသားပါတီ (NUPA)၊ ၀ အမျိုးသားအဖွဲ့ချုပ်(WNO)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့(PNLO)၊ ကချင်အမျိုးသားအဖွဲ့(KNO) တို့ သည် ဆက်စပ်အဖွဲ့များအဖြစ် တည်ရှိနေသည်

11ReadMore-2.jpg

Wednesday, August 24, 2011

နယ်ခြားစောင့်တပ်ဖွဲ့ဝင်( ၇ ) ဥိးကို လက်နက် ၈ လက်နှင့်အတူ ဖမ်းဆီးရမိ

 ဧရာဝတီ
ယမန်နေ့နံနက်ပိုင်းတိုက်ပွဲတခုတွင် ဗိုလ်မှူးစောဘိ ဦးဆောင်သည့် ခွဲထွက် DKBA အဖွဲ့က နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၇ ဦးကို လက်နက် ၈ လက်နှင့်အတူ ဖမ်းဆီးရမိခဲ့သည်ဟု DKBA တပ်မဟာ ၅ ထောက်လှမ်းရေးတပ်ဖွဲ့မှ ဗိုလ်ကြီးစောသရီးထူးက ဧရာဝတီသို့ ယနေ့ ပြောကြားသည်။
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်၊ အနောက် ဘက်ခြမ်း ကံညီနောင်ရွာတွင် အခြေစိုက်သည့် ကရင်နယ်ခြားစောင့်တပ် အမှတ် ၁၀၁၇ ကို သွားရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

သုံ့ပန်းများကို မြန်မာအစိုးရကို ပြန်လည်တော်လှန်ရန် အတွက် စည်းရုံး သိမ်းသွင်းသွားမည်ဟုလည်း စောသရီးထူးက ပြောသည်။

11ReadMore-2.jpg

Monday, August 22, 2011

တိုင်းမှူးနှင့် စစ်အရာရှိကြီးများ ယာဉ်တန်းကို DKBA တိုက်ခိုက်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင် (မဇ္ဈိမ) ။
      ။ အစိုးရ စစ်တပ် ထိပ်တန်း အရာရှိကြီး သုံးဦးပါသည့် ယာဉ်တန်းကို တိုးတက်သော
ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်- DKBA က ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်း ပြောက်ကျား စနစ်ဖြင့် တိုက်ခိုက်ခဲ့သည်ဟု ဒေသတွင်း လုံခြုံရေး အသိုင်းအဝိုင်းက ပြောသည်။

မိုင်းခွဲ တိုက်ခိုက်ခံလိုက်ရသည့် ယာဉ်တန်းပေါ်တွင် ပြည်သူ့စစ်နှင့် နယ်ခြားတပ်များ ညွှန်ကြားရေးမှူးရုံး
ညွန်ကြားရေးမှူး ဗိုလ်ချုပ် မောင်မောင်အုန်း၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် တင်မောင်ဝင်းနှင့် ကရင်ပြည်နယ် ဝန်ကြီးချုပ် ဗိုလ်မှူးချုပ် ဇော်မင်း တို့ပါဝင်သည်။

၎င်းတို့က အစိုးရသြဇာခံ နယ်ခြားစောင့်တပ် အဖြစ်ခံယူထားသည့် ဗိုလ်မှူးကြီး စောချစ်သူ ဦးဆောင်သည့် DKBA တပ်ဖွဲ့၏ မြဝတီခရိုင်၊ ရွှေကုက္ကိုရွာတွင် သြဂုတ်လ ၂ဝ ရက်နေ့က ပြုလုပ်သော နယ်ခြားစောင့်တပ် တနှစ်ပြည့် အခမ်းအနားသို့ တက်ရောက်ပြီး အပြန် သင်္ဃန်းညီနောင်ရွာနှင့် ဒေါနတောင်တန်း အကြားရှိ ခလရ- ၃၅၅ နှင့် ၃၅၆ တို့အနီးတွင် DKBA ပြောက်ကျား တပ်များ က ချောင်းမြောင်း တိုက်ခိုက်ခဲ့သည်ဟု မြဝတီ ရဲစခန်း အရာရှိတဦးက
ပြောသည်။
dkba
အစိုးရ စစ်တပ် ထိပ်တန်း အရာရှိကြီး သုံးဦးပါသည့် ယာဉ်တန်းကို တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်- DKBA က ပြောက်ကျား စနစ်ဖြင့် တိုက်ခိုက်သည်ဟု လုံခြုံရေး အသိုင်းအဝိုင်းက ပြော (ဓါတ်ပုံ မဇ္ဈိမ)

ယာဉ်တန်းထဲတွင် စစ်အရာရှိကြီးများ၊ ကရင်ပြည်နယ် နယ်ခြားစောင့်တပ်-BGF နှင့် ရဲတပ်ဖွဲ့ဝင်များ ပါသည့်
မော်တော်ယာဉ် ၇ စီးခန့် တန်းစီသွားကြစဉ် စစ်တပ် အရာရှိများ ပါဝင်သည့် ယာဉ်ကို ပစ်မှတ်ထား ရွေးတိုက်ခိုက်
ခဲ့ရာ အရာရှိကြီးများ မထိခိုက်ဘဲ လုံခြုံရေး တာဝန်ယူလိုက်ပါခဲ့သူ စစ်သား သုံးဦး ထိခိုက် ဒဏ်ရာရရှိသွားကြောင်း အဆိုပါ ရဲအရာရှိ ကပြောသည်။

“ရွှေကုက္ကိုက အပြန်မှာ ကားလမ်းဘေးကနေ ကပ်ပြီးလုပ်သွားတာ ခံလိုက်ရတာပါ။ လူကြီးတွေတော့ မထိပါဘူး။ တပ်ဘက်က လုံခြုံရေး တာဝန်ယူတဲ့ ၃ ယောက် ဒဏ်ရာရသွားတာပါ” ဟု အဆိုပါ ရဲအရာရှိ က ပြောသည်။

ယခင်က မြဝတီမြို့နယ်အတွင်း ယခုကဲ့သို့ တိုက်ခိုက်ခံရမှုဖြစ်ပွားပါက မြဝတီရဲစခန်းက သွားရောက်၍ အကူအညီ များပေးရသော်လည်း ယခုတကြိမ်တွင်မူ ဒဏ်ရာရသူများကို ယင်းယာဉ်တန်းဖြင့် တပါတည်း သယ်ဆောင်သွားခဲ့ သလို မြဝတီ ရဲစခန်းကိုလည်း အကူအညီ တောင်းခံခြင်း အကြောင်းကြားခြင်း မရှိခဲ့ဟု ဆိုသည်။

“အရင်တုန်းက ဒီလိုမျိုး ဖြစ်ရပ်တွေမှာ ကျနော်တို့ သွားပြီး အကူအညီပေးတာတို့ ဒီမြဝတီ ဆေးရုံပို့ပေးတာတို့ လုပ်ပေးရပါတယ်။ ဒီတခါတော့ ကျနော်တို့ လုပ်ပေးစရာ မလိုဘူး။ ဒဏ်ရာ ရတဲ့လူတွေကိုလည်း သူတို့ပဲ သယ်သွားတာ။ ဒီဆေးရုံ လာမပို့ပါဘူး” ဟု သူက ဆက်ပြောသည်။

DKBA ကမူ စစ်တပ်ဘက်မှ သေဆုံးသူ ၃ ဦး ရှိသည်ဟု ဆိုသည်။ အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့် စစ်ဗိုလ်ချုပ်များ ပါဝင်သော ယာဉ်တန်း ဖြတ်သန်းမည့် သတင်းကို ကြိုသိသဖြင့် DKBA အမှတ် ၉၀၇ တပ်ရင်းမှ
ပြောက်ကျားစနစ်ဖြင့် စီစဉ် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း၊ တိုက်ခိုက်မှုတွင် အခြား ၂ ဦး ဒဏ်ရာရရှိ သွားကြောင်း
၉ဝ၇ တပ်ရင်းမှူး ဗိုလ်မှူး မောင်ကြာ က ပြောသည်။

“ကျနော်တို့ကတော့ ဆွဲမိုင်းနဲ့ စစ်တပ်ကားကို အဓိက ပစ်မှတ်ထား တိုက်တာ။ ကျနော်တို့ ရတဲ့ အတွင်း သတင်း
အရ ၃ ယောက် သေပြီး ၂ ယောက် ဒဏ်ရာရသွားတာ သေချာတယ်။ ဘယ်အဆင့်တွေလည်း ဆိုတာ သေချာ မသိရသေဘူး” ဟု ဗိုလ်မှူး မောင်ကြာ က မဇ္ဈိမကိုပြောသည်။

DKBA ပြောက်ကျား တပ်ဖွဲ့များက စစ်ယာဉ်တန်း အလာကို ကားလမ်းဘေးမှ စောင့်ဆိုင်း ပစ်ခတ်ခဲ့ပြီးနောက်
တောထဲသို့ ချက်ချင်း နောက်ဆုတ်ခဲ့ပြီး ယာဉ်တန်းတွင် ပါဝင်လိုက်ပါလာသည့် လုံခြုံရေး အဖွဲ့များကလည်း
နောက်မှ တရစပ် နောက်မှ ပစ်ခတ်ခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။ သို့သော်လည်း ပစ်ခတ်ပြီး ထွက်ပြေး ခဲ့ကြသည့် ပြောက်ကျား အဖွဲ့များမှ ထိခိုက်မှု မရှိခဲ့ဟု ဆိုသည်။

မြဝတီ ကားကြီးဝင်းရှိ ဂိတ်မှူး တဦးကလည်း DKBA တို့၏ ခြုံခိုတိုက်ခိုက်မှုကြောင့် ယာဉ်တန်းပေါ် လိုက်ပါလာ
သည့် စစ်တပ်မှ အရာရှိ သုံးဦး သေဆုံးသွားသည်ဟု ကော့ကရိတ်မြို့နယ်ဘက်မှ လာသော အစိုးရသတင်း
ရပ်ကွက်မှ ကြားသိရကြောင်း ပြောသည်။ ယင်းနေ့တွင် ကားလမ်း အဆင်းရက် ဖြစ်သော်လည်း တိုင်းမှူးခရီးစဉ်
ရှိသဖြင့် ခရီးသည် ကားများကို အရပ်ခိုင်း ထားခဲ့ရသည်ဟု သိရသည်။

ဗိုလ်နှုတ်ခမ်းမွှေး (ခေါ်) စောလားပွယ် ဦးဆောင်သော ဒီကေဘီအေ တပ်ဖွဲ့များသည် အစိုးရက နယ်ခြားစောင့်တပ် အသွင် ပြောင်းရေးတွင် လက်မခံပဲ ကရင်အမျိုးသား အစည်းအရုံး KNU နှင့် ပူးပေါင်းကာ အစိုးရအား ခုခံ တိုက်ခိုက်နေသည်။

၂ဝ၁ဝ ခုနှစ် သြဂုတ်လဆန်းပိုင်းကလည်း ကော့ကရိတ်မြို့မှ မြဝတီ အသွား ဒေါနတောင်တန်းအနီးတွင် စစ်ဆင်ရေး အထူး အဖွဲ့မှူး ဒုဗိုလ်ချုပ်ကြီး ခင်ဇော် လိုက်ပါလာသော ကား ၁၀ စီးခန့်ပါသည့် ယာဉ်တန်းကို KNU ပြောက်ကျား တပ်ဖွဲ့များက ပစ်ခတ်ခဲ့သဖြစ် အနည်းဆုံး စစ်သားတဦး သေဆုံးသွားခဲ့သည်။

11ReadMore-2.jpg

Sunday, August 21, 2011

http://burmeseclassic.com/showtime3.php?index=NTYyNw==&d=aW1nL21vdmllLzU2MjcuZ2lm&s=9&p=1&tp=2

http://burmeseclassic.com/showtime3.php?index=NTYyNw==&d=aW1nL21vdmllLzU2MjcuZ2lm&s=9&p=1&tp=2

11ReadMore-2.jpg

Karen Song 2011



11ReadMore-2.jpg

Saturday, August 20, 2011

၁နှစ်မြောက် နယ်ခြားစောင့် တပ် နှစ်ပတ်လည် အခမ်း အနား ရွှေကုက္ကိုမြိုင်တွင် ကျင်းပ

မောင်ချစ်သူ ရယ် မင်းလုပ်ရမှာက မင်းလုမျိုးရဲ့ နေ့ထူးနေ့မြတ်တွေပါ ခုဟာက 
မင်းနဲ့အပေါင်းပါတွေ ဗမာခွေးဖြစ်သွားတာများ အထိမ်းအမှတ်ပွဲလုပ်ရသေးတယ်။
မင်းပေးခဲ့တဲ့ ဂတိတွေနဲ့မရှက်ဘူးလားကွာ

ကရင်ပြည်နယ် မြဝတီမြို့ သင်္ကန်းညီနောင် အနီးမှာ  DKBA ၉၀၇ တပ်ရင်းက ဒုရင်းမှူး ကျော်ပရို့ ဦးစီးတဲ တပ်ဖွဲ့ဝင်တွေ ဟာ ကြံ့ဖွံ့အစိုးရ စစ်တပ် အရှေ့တောင်တိုင်း တိုင်းမှူးပါတဲ့ ကားတန်းကို သြဂုတ်လ ၂၀ ရက်နေ့ မနက်ပိုင်းက ဆီကြို တိုက်ခိုက်ရာမှာ ကြံ့ဖွံ့အစိုးရတပ်ဘက်မှ ၃ ယောက်သေဆုံးပြီး ၂ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရှိရပါတယ်။
အလားတူပဲ ကြံ့ဖွံ့အစိုးရ စစ်တပ် တပ်စခန်းချထားတဲ့ ခင်နှင်းမူ စခန်းကို DKBA ဗိုလ်မှူးကျော်သက် ဦးစီးတဲ့ တပ်ဖွဲ့ဝင် တွေဟာ ညနေ ၃ နာရီခန့်လောက်မှာ ဝင်ရောက်တိုက်ခိုက်ခံပါရာ ကြံ့ဖွံ့အစိုးရ စစ်တပ်ဘက်မှာ ၂ ယောက် ဒဏ်ရရရှိ သွားတယ်လို့ သိရှိရပါတယ်။
သြဂုတ်လ ၂၀ ရက်နေ့က တိုက်ပွဲ အခြေအနေတွေကို DKBA ဗိုလ်မှူး ဆန်းအောင် ကို မေမြန်းစုံစမ်းကြည့်ရာ..
“ဟုတ်ကဲ့ အဲဒီနေ့က ဗိုလ်ချစ်သူ စခန်း ရွှေကုက္ကိုမှာ နယ်ခြားစောင့်ဖွဲ့စည်းတဲ နှစ်ပတ်လည်နေ့ရှိတယ်။ ဒီအခမ်းအနားကို အရှေ့တောင်တိုင်း တိုင်းမှူးတက်တယ်။ ကျနော်တို့ဘက်က တက်လာတဲ့ ကားတန်းကို စောင့်ပစ်ခဲ့တယ်။ ညနေပိုင်းမှာ လည်း ဗိုလ်မှူးကျော်သက် က ခင်နှင်းမူ စခန်းကို ဝင်တိုက်ခဲ့သေးတယ်။ ကျနော်တို့ အနေနဲ့ မြန်မာပြည်က စစ်အာဏာ ရှင် အုပ်စုကို ပြန်တိုက်ပွဲဝင်တဲ့ အချက်တွေထဲမှာ ဒီနယ်ခြားစောင့်လုပ်ခိုင်းတဲ့ဟာ အချက်တချက်အနေနဲ့ ပါတယ်။ ကျနော်တို့ကတော့ နယ်ခြားစောင့်တပ် လုပ်ခိုင်းတယ်ဆိုတာ ကျနော်တို့ တော်လှန်ရေးစိတ်ဓါတ်တွေ တော်လှန်ရေးတပ် တွေကို စစ်အုပ်စုက အပြီးတိုင် ချိုးနှိမ်လိုက်တာပဲလို့ မြင်တယ်။ ကျနော်တို့ တော်လှန်ရေးလုပ်တာ ကျနော်တို့ ကရင် ပြည်သူနဲ့ လူမျိုအားလုံး လွတ်မြောက်ရေး ဖြစ်တယ်။ အခု ကျနော်တို့ လူမျိုးတွေ ဘာတွေ တိုးတက်နေပြီလဲ ဘာမှ မဖြစ်သေးဘူး ဘာမှ တိုးတက်လာတာ မရှိသေးဘူး ဒါကြောင့် ကျနော်တို့ လူမျိုးအတွက် တိုက်နေတဲ့ ရပ်တည်နေတဲ့ တော်လှန်ရေးတပ်တွေဟာ ပြီးပျောက်သွားလို့ မရသေးဘူး။ ကျနော်ကတော့ ဒါလောက်ပဲ ပြောချင်တယ်” လို့ ပြောပြ သွားပါတယ်။
မနေ့ညက မြဝတီမြို့ ပတ်ဝန်ကျင်မှာ လက်နက်ကြီးပစ်သံ၊ ပေါက်ကွဲသံတွေ ကြိုကြား ကြိုကြား ကြားနေရပြီး မြို့ခံတွေ အနေနဲ့ အထူးစိုးရိမ်းနေကြတယ်။ သြဂုတ်လ ၂၁ နေ့မှာ ကျင်ပမယ်လို့ ကြားသိထားတဲ့ ဗိုလ်မုတ်သုန် စခန်းက နယ်ခြား စောင့်ဖွဲ့စည်းခြင်း နှစ်ပတ်လည်း အခမ်းအနားကို ထပ်မံတက်ရောက်ကြမယ့် ကြံ့ဖွံ့အစိုးရ စစ်တပ်အရာရှိတွေလည်း မြဝတီမြို့ထဲမှာ တည်းခိုနေကြတယ်လို့ သိရှိရပါတယ်။
သြဂုတ်လ ၂၀ရက်။ စောသိန်းမြင့် (ကေအိုင်စီ)

(ဗိုလ်ချုပ်မောင်မောင်အုန်း)
ကရင်နယ်ခြားစောင့်တပ် (BGF) အမှတ်(၃)တပ်နယ်ရှိ အမှတ်(၁၀၁၇၊ ၁၀၁၈၊ ၁၀၁၉၊ ၁၀၂၀)တပ်ရင်းများက ၁နှစ်မြောက် တပ်နှစ်ပတ်လည် အထိမ်းအမှတ် အခမ်းအနားကို ယနေ့မနက်တွင် ကရင်ပြည်နယ်၊ မြ၀တီမြို့နယ် ကုက္ကိုမြိုင်ကျေးရွာ၌ ကျင်း ပပြုလုပ်ခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ ပြည်သူ့စစ်နှင့် နယ်ခြားတပ်များ ညွှန်ကြားရေးမှူး ဗိုလ်ချုပ်မောင်မောင်အုန်း၊ အရှေ့တောင်တိုင်းစစ် ဌာနချုပ် ဗိုလ်မှူးချုပ်ခင်မောင်ဝင်း၊ BGF အကြံပေးပုဂ္ဂိုလ် ဗိုလ်မှူးကြီးစောချစ်သူ၊ ကရင်ပြည်နယ် ၀န်ကြီးချုပ် ဗိုလ်မှူးချုပ်ဇော် မင်းနှင့် ပြည်နယ်ဝန်ကြီးအချို့ အပါအ၀င် ပရိဿတ် ၅ထောင်ခန့် တက်ရောက်ခဲ့ကြသည်။
အခမ်းအနားကို မြန်မာစံတော်ချိန် နံနက် ၉နာရီတွင် ၎င်းနယ်ခြားစောင့်တပ်ရင်း ၄ရင်းမှ စစ်ရေးပြအစီအစဉ်ဖြင့် စတင်ဖွင့်လှစ် ခဲ့ပြီး ပြည်သူ့စစ်နှင့် နယ်ခြားတပ်များ ညွှန်ကြားရေးမှူး ဗိုလ်ချုပ်မောင်မောင်အုန်းက အဖွင့်မိန့်ခွန်း ပြောကြားခဲ့သည်။
ဗိုလ်ချုပ်မောင်မောင်အုန်းက “နယ်ခြားစောင့် ဖွဲ့စည်းရခြင်းရဲ့ ရည်ရွယ်ချက်ဟာ မြန်မာနိုင်ငံ နယ်စပ်တစ်လျှောက် နယ်မြေအ တွင်း တဖက်နိုင်ငံက တရားမ၀င် ကျူးကျော်မှုများ မရှိစေရန်၊ ကျူးကျော်တိုက်ခိုက်လာနိုင်သည့် ရန်သူများကို တန်ပြန်တိုက် ခိုက်နိုင်ရေး၊ အပြီးပိုင် ချေမှုန်းနိုင်ရေး ဆောင်ရွက်ရန်နဲ့ နယ်မြေစိုးမိုးရေး၊ လုံခြုံရေးတာဝန်များအား ထမ်းဆောင်နိုင်ဖို့ ဖြစ် တယ်။”ဟု မိန့်ခွန်းပြောဆိုခဲ့သည်။
ထို့အပြင် နယ်ခြားစောင့်တပ်နှင့် ဒီကေဘီအေ (တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်)သည် တသွေး တည်း တသားတည်းဖြစ်ကြောင်း၊ တပ်မတော်သားများ အားလုံး၏အသက်သည် နိုင်ငံတော်က ပိုင်ဆိုင်သောကြောင့် မိမိကျ ရောက်ရာ အရပ်ဒေသတွင် တသွေမတိမ်း တာဝန်ထမ်းဆောင်ကြရန် ဗိုလ်ချုပ်မောင်မောင်အုန်းက ပြောသည်။
နယ်ခြားစောင့်တပ် အကြံပေးအဖွဲ့ဝင် ဗိုလ်မှူးကြီးစောချစ်သူက “ကျနော်တို့ ဒီကေဘီအေက နယ်ခြားစောင့် အသွင်ကူး ပြောင်းသွားတာ ပြည်သူတွေ ထောက်ခံမှုလျော့နည်းလာတာကို တွေ့ရပါတယ်။ ကျနော်တို့ မိဘ ပြည်သူတွေဟာ စစ်ကြောင့် ဆင်းဆင်းရဲရဲ ထွက်ပြေးတိမ်းရှောင်နေရတယ်။ သူတို့တွေဟာ စစ်ကို မလိုလားကြဘူး။ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ နေချင်တယ်။ ဒါ ကြောင့် နိုင်ငံတော်က ငြိမ်းချမ်းရေးလမ်းဖွင့်ပေးတဲ့အတွက် ကျနော်တို့ နယ်ခြားစောင့်တပ်ကို အသွင်ကူးပြောင်းတာဖြစ် တယ်။”ဟု အခမ်းအနားတွင် ပြောဆိုခဲ့သည်။
ဗိုလ်ချုပ်မောင်မောင်အုန်း အပါအ၀င် တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးချုပ်၊ ၀န်ကြီးအဖွဲ့ဝင်များနှင့် ဗိုလ်မှူးကြီးစောချစ်သူတို့က အခမ်းအနားသို့ တက်ရောက်လာကြသည့် မိဘပြည်သူများ၊ တပ်မိသားစုများ၊ ကျောင်းသူကျောင်းသားများကို ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြသလို တိုင်းရင်းသားပေါင်းစုံ စုပေါင်းသည့် ကပြဖျော်ဖြေမှုများ၊ နာမည်ကြီး ကရင်အဆိုတော်များ၏ တေးသီ ချင်းများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။
ယခု ရွှေကုက္ကိုမြိုင်ကျေးရွာတွင် တပ်နှစ်ပတ်လည် ပြုလုပ်သည့် နယ်ခြားစောင့်တပ် (၁၀၁၇၊ ၁၀၁၈၊ ၁၀၁၉၊ ၁၀၂၀) တပ်ရင်း များသည် ယခင် ဒီကေဘီအေ တပ်မဟာ(၉၉၉) လက်အောက်ရှိ တပ်ရင်းများဖြစ်ကြပြီး ယမန်နှစ်၊ သြဂုတ်လ ၂၀ရက်နေ့က နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲဖွဲ့စည်းကာ အသွင်ကူးပြောင်းခဲ့သူများဖြစ်သည်။

အလားတူ မနက်ဖြန် သြဂုတ်လ ၂၁ရက်နေ့တွင် ဗိုလ်မှူးမုတ်သုန် ဦးစီးသည့် နယ်ခြားစောင့်တပ်ဖွဲ့ဝင်များက ၎င်းတို့၏ တပ် နှစ်ပတ်လည်နေ့ အခမ်းအနားကို မြ၀တီမြို့နယ်ရှိ မေတ္တာလင်းမြိုင်ရပ်ကွက်၌ ကျင်းပသွားမည်ဟုလည်း မြ၀တီမြို့ခံများက ပြောဆိုနေကြသည်။
ထို့အတွက် တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြ၀တီမြို့တွင် ယနေ့ည တည်းခိုပြီး မနက်ဖြန်ကျင်းပမည့် မေတ္တာလင်းမြိုင်ရပ်ကွက်ရှိ နယ်ခြားစောင့်တပ် နှစ်ပတ်လည်အခမ်းအနားကို ဆက်လက်တက်ရောက်သွားမည်ဟု သိရသည်။

11ReadMore-2.jpg

Thursday, August 18, 2011

ငြိမ်းချမ်းရေး ကမ်းလှမ်းချက် မြန်မာအစိုးရ ထုတ်ပြန်

 ကြာသပတေး, 18 သြဂုတ် 2011
Byဥိးသားညွန့်ဥိး

 
မြန်မာနိုင်ငံမှာ လက်နက်ကိုင် ပဋိပက္ခ ဖြေရှင်းပြီး ငြိမ်းချမ်းရေး ဖော်ဆောင်လိုတဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးချင်တယ်လို့ မြန်မာအစိုးရက တရားဝင် ကမ်းလှမ်းတာကို မြန်မာအစိုးရပိုင် သတင်းတွေမှာ ဒီကနေ့ညပဲ ကြေညာသွားပါတယ်။ တိုင်းရင်းသားတွေဘက်ကတော့ တဖွဲ့ချင်း တွေ့မယ့်အစား တိုင်းရင်းသား ပြဿနာတွေကို အားလုံး စုစည်း ဖြေရှင်းပေးဖို့ လိုလားနေတာပါ။ ဒီအကြောင်း အပြည့်အစုံကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။
မတူကွဲပြားမှုတွေကို ဘေးဖယ်ပြီး အခြေခံ တူညီမှုတွေကို ရှာသွားမယ်လို့ သမ္မတ ဦးသိန်းစိန်ရဲ့ ပြန်လည်သင့်မြတ်ရေး မိန့်ခွန်း ပြောဆိုပြီး တရက်မှာပဲ အခုလို အစိုးရ သတင်းဌာနတွေကနေ တိုင်းရင်းသား လက်နက်ကိုင်တွေကို ငြိမ်းချမ်းရေး ကမ်းလှမ်းချက် တရားဝင် ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။ ဒီကမ်းလှမ်းချက်ကိုတော့ ပြည်ထောင်စုအစိုးရ အဖွဲ့ရဲ့ အတွင်းရေးမှူး ဦးတင်မျိုးကြည်က လက်မှတ်ထိုးထားပါတယ်။
ငြိမ်းချမ်းရေး ရယူလိုတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ အနေနဲ့ တဖွဲ့ချင်းအလိုက် ပထမဆုံးအဆင့် အနေနဲ့ ဆိုင်ရာ ပြည်နယ်နဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ ဆက်သွယ်ဆောင်ရွက်ဖို့ ကြေညာထားပါတယ်။ ဒီကတဆင့်မှ အစိုးရဘက်က ဆွေးနွေးမယ့် ကိုယ်စားလှယ်အဖွဲ့ ဖွဲ့စည်းပြီး တိုင်းရင်းသား အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ စတင် ဆောင်ရွက်မယ်ဆိုပြီး ထုတ်ပြန်ပါတယ်။
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဋ္ဌလည်းဖြစ်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လည်းဖြစ်တဲ့ ဦးအေးမောင်ကတော့ တိုင်းရင်းသားအရေးကို အဓိက ဆုံးဖြတ်နိုင်သူတွေ ပါဝင်ပြီး တပြည်လုံး အတိုင်းအတာဆောင်တဲ့ ဆွေးနွေးမှုမျိုးကနေ ဖြေရှင်းသင့်တယ်လို့ မြင်ပါတယ်။
“ဒီဥစ္စာက သမ္မတကြီးရဲ့ မိန့်ခွန်းအပေါ်မှာ ထပ်ဆင့်ပြီး ညွှန်ကြားတယ်လို့ပဲ ထင်တယ်။ ကျနော်တို့ကတော့ နေရာဒေသ အကုန်လုံး ပါဝင်တဲ့၊ တိုင်းရင်းသားအားလုံး တပြေးညီ ဆွေးနွေးပွဲလေးတခု လုပ်ပေးနိုင်ရင်တော့ ပိုကောင်းတာပေါ့။ တိုင်းရင်းသားဒေသ တခုချင်းကတော့ လိုလားမှု တူချင်မှ တူမယ်လေ။ ဒါပေမဲ့ ကျနော်ထင်တယ်၊ တိုင်းရင်းသား လက်နက်ကိုင် စတင် ပေါ်ပေါက်လာကတည်းက ဦးတည်ချက်များ တူကောင်း တူနိုင်ခဲ့မယ်။ အဲဒီတော့ ဒီပြဿနာကြီးကို ဖြေရှင်းဖို့အတွက်၊ ဒါ ကျနော့်အမြင် ပြောပြတာပါ၊ ဆုံးဖြတ်ချက် ပေးနိုင်တဲ့ ပုဂ္ဂိုလ်က ပါဝင်မှပဲ၊ သို့မဟုတ် ဆုံးဖြတ်ချက် ပေးနိုင်တဲ့ အဖွဲ့တခုက ဦးဆောင်နိုင်မှပဲ ဒီဥစ္စာက ရှေ့ကို တဆင့် လှမ်းနိုင်မယ် ထင်တယ်။
“အဲတော့ တိုင်းရင်းသား ဒေသတခု ကိစ္စကို ဆွေးနွေးတဲ့ အခါမှာ တိုင်းရင်းသား အကုန်လုံး ပါဝင်တဲ့ Mission လိုဟာမျိုးပေါ့၊ ဆိုလိုတာက ဥပမာ မွန်နဲ့ ပတ်သက်တဲ့ဟာကို ရှမ်းလည်းပါမယ်၊ ကရင်လည်းပါမယ်၊ ကချင်လည်းပါမယ်၊ တိုင်းရင်းသားတွေလည်း ကိုးစားနိုင်တဲ့ပုဂ္ဂိုလ် ပါမယ်၊ အဲဒါမျိုးတွေနဲ့ ဆွေးနွေးကြမယ်ဆိုရင် ဒါ တိုင်းရင်းသား တခုတည်း Issue မဟုတ်တော့ဘူးလေ၊ တိုင်းရင်းသား အကုန်လုံးနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုရဲ့ ယူဆချက်လည်း ဖြစ်သွားမှာပေါ့။ ထဲထဲဝင်ဝင်လည်း ပိုရှိမယ်လို့ ထင်လို့ပါ။”
တိုင်းရင်းသား လက်နက်ကိုင်တွေကတော့ တဖွဲ့ချင်း အစိုးရနဲ့ ဆွေးနွေးတာထက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ စုဖွဲ့ထားတဲ့ မဟာမိတ်အဖွဲ့ကို ကိုယ်စားပြုပြီး ဗဟိုအစိုးရနဲ့ တိုက်ရိုက် ဆွေးနွေးလိုကြပါတယ်။ ဒါ့အပြင် တိုင်းရင်းသား ပြဿနာတွေကို ဖြေရှင်းတဲ့အခါ တနိုင်ငံလုံး ပြဿနာကိုပါ စုပြီး ဒီမိုကရေစီ အင်အားစုတွေ၊ တိုင်းရင်းသား အင်အားစုတွေနဲ့ အစိုးရအကြား သုံးပွင့်ဆိုင်သဘော ဆွေးနွေးလိုတယ်လို့ ပြောကြပါတယ်။
KNU ကရင်အမျိုးသား အစည်းအရုံး ပြောခွင့်ရသူ ဗိုလ်မှူး စောလှငွေကတော့ ဆွေးနွေးပွဲအတွက် ကန့်သတ်မှုတွေ ရှိလာရင် လက်ခံမှာ မဟုတ်ဘူးလို့ ပြောပါတယ်။
“ကျနော်တို့ဘက်ကတော့ ဒီလိုမျိုး ဟိုအစိတ်အပိုင်း၊ ဒီအစိတ်အပိုင်း ခွဲပြီး ဆွေးနွေးတာမျိုး ဆိုရင်တော့ မလုပ်ပါဘူး။ ဥပမာအားဖြင့် ကျနော်တို့ဆိုရင် UNFC တွေ ဘာတွေ ကျနော်တို့ ထူထောင်ထားတဲ့အဖွဲ့ ရှိတယ်။ အဲဒါတွေ ကျနော်တို့ ဆွေးနွေးမယ်။ ဆွေးနွေးတဲ့အခါ ကျနော်တို့ ဗဟိုအစိုးရကိုပဲ တိုက်ရိုက် ဆွေးနွေးမယ်။
“ဆွေးနွေးတဲ့ နေရာမှာလည်း သူတို့ ပြောဆိုနေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အတွင်းကနေ စဉ်းစားပေးမယ် ဆိုတဲ့ဟာတွေ ကျနော်တို့ အဲဒါတွေ နားမလည်ပါဘူး။ ကျနော်တို့ကတော့ အဲဒါလည်း ကျနော်တို့ကို ဖြုတ်ထားတဲ့ဟာ ဖြစ်တယ်လို့ နားလည်ပြီး၊ ကျနော်တို့ အကျိုးစီးပွားနဲ့ မပတ်သက်ဘဲ၊ ကျနော်တို့ ဆန္ဒနဲ့ မပတ်သက်ဘဲ ဖြစ်လာတဲ့ ဖွဲ့စည်းပုံ ဖြစ်တဲ့အတွက်ကြောင့် အဲဒါတွေနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ အနေနဲ့ လက်ခံမှာ မဟုတ်ပါဘူး။”
KNU အပါအ၀င် မြန်မာတိုင်းရင်းသား လက်နက်ကိုင် အများစုဟာ တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ ဆိုတာကို ဖွဲ့ပြီး အဲဒီကောင်စီနဲ့ မြန်မာအစိုးရအကြား တိုက်ရိုက်ဆွေးနွေးပြီး ငြိမ်းချမ်းရေးစကား ပြောဆိုလိုတယ်ဆိုပြီး KIA ကလည်း ကမ်းလှမ်းထားတာပါ။ ဒီကောင်စီဟာ UWSA ၀ပြည် သွေးစည်းရေးကလွဲပြီး ကျန်တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ စုစည်းထားတာ ဖြစ်ပါတယ်။
မြန်မာအစိုးရ ကမ်းလှမ်းချက်မှာတော့ တဖွဲ့ချင်း အနေနဲ့ ဆိုင်ရာပြည်နယ် အစိုးရကို ဆက်သွယ်ပါလို့ ပြောထားတော့ တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ လိုလားချက်နဲ့တော့ အနည်းငယ် ကွာဟနေတယ်လို့ ပြောရမှာ ဖြစ်ပါတယ်။

11ReadMore-2.jpg

Monday, August 15, 2011

လှိုင်းဘွဲမြို့နယ်အတွင်း ပစ်ခတ်မှုများ ဆက်တိုက်ဖြစ်ပွား

                      KNLA ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်သားများ (ပုံ ကေအိုင်စီ)
Submitted by admin on Monday, 15 August 2011-
သြဂုတ်လ ၁၅ရက်၊ နန်းသူးလေ (ကေအိုင်စီ)

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် ယခုရက်ပိုင်းအတွင်း အစိုးရစစ်တပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မ တော်(ကေအဲန်အဲယ်လ်အေ)တပ်ဖွဲ့များအကြား ပစ်ခတ်မှုများ ဆက်တိုက်ဖြစ်ပွားလျှက်ရှိသည်ဟု ကေအဲန်အယ်လ်အေ ဘက်ကပြောသည်။

သြဂုတ်လ ၁၄ရက်နေ့တွင် ဗိုလ်ကြီးစောသယူ့ထူး ဦးဆောင်သည့် KNLA တပ်မဟာ(၇) တပ်ရင်း(၂၁)က ကော့ကရိတ် အခြေစိုက် စစ်ကွပ်ကဲရေးဌာနချုပ်(စကခ-၁၂)လက်အောက်ခံ ခလရ(၂၃၁)အား ခလဲ့ခိုကျေးရွာအနီးတွင် ချုံခိုတိုက် ခိုက်ခဲ့ရာ အစိုးရစစ်တပ်ဘက်မှ ၁ ဥိးဒဏ်ရာရရှိခဲ့သည်ဟု KNLA တပ်မဟာ(၇) ရုံးထိုင်မှူးဗိုလ်မှူး စောအယ်စဲစဲက ကေ အိုင်စီကို ပြောသည်။

၎င်းက “မနေ့က ကျနော်တို့ ကေအဲန်ယူ တပ်မဟာ(၇)တပ်ဖွဲ့ ဝင်တွေနဲ့ စစ်တပ်တို့ ခလဲ့ခို့ ရွာဘက်မှာ ပစ်ခတ်မှုဖြစ် ပွားပြီး ရန်သူ့ဘက်က ၁ ဥိးဒဏ်ရာ ရရှိသွားတယ်။ တိုက်ပွဲက သိပ်တော့မကြာလိုက်ဘူး၊ ခဏလေးနဲ့ ပြီးသွားတယ်”ဟု ပြောသည်။

အဆိုပါ ပစ်ခတ်မှုတွင် အစိုးရစစ်တပ် ခမရ (၂၃၁) တပ်ရင်းမှ တပ်ဖွဲ့ဝင် ၅၀ ဥိး နီးပါးရှိပြီး KNLA အခြေချသည့် နယ်မြေ အတွင်းသို့ ၀င်ရောက်ကျူးကျော်လာခဲ့သောကြောင့် ယခုလို ချုံခိုတိုင်ခိုက်ရခြင်းဖြစ်သည်ဟု ဗိုလ်မှူး စောအယ်စဲစဲက ပြောသည်။

ပြီးခဲ့သည့် သြဂုတ်လ ၁၀ရက်နေ့တွင်လည်း ကေအဲန်အယ်လ်အေ (၂၁)တပ်ရင်းက စကခ(၁၂)လက်အောက်ခံ ခမရ ၅၄၈ တပ်ရင်းအား ၀ါးခို့လော်တယ်ကျေးရွာအနီးတွင် ချုံခိုက်တိုက်ခိုက်ခဲ့ရာ အစိုးရစစ်တပ်ဘက် ၃ ဥိးဒဏ်ရာရရှိခဲ့ပြီး သြဂုတ်လ ၁၁ရက်နေ့တွင်လည်း ကမားထာ့တွင် ကေအဲန်အယ်လ်အေ ၂၁တပ်ရင်းနှင့် အရှေ့တောင်တိုင်း စစ်ဌာနချုပ် (ရတခ) ခမရ ၃၃၉ တပ်ရင်းအကြား ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ရာ အစိုးရစစ်တပ်ဘက်မှ ၂ ဥိးဒဏ်ရာ ရရှိခဲ့သည်ဟု ကေ အဲန်အယ်လ်အေ တပ်မဟာ (၇)က ပြောသည်။

အဆိုပါ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း ကေအဲန်အယ်လ်အေဘက်က ထိခိုက်ကျဆုံးမှု မရှိကြောင်းထုတ်ဖော်ပြော ကြားသော်လည်း ကေအိုင်စီအနေဖြင့် သီးခြားအတည်ပြုချက်မရရှိပေ။

ကေအဲန်အယ်အေ တပ်ဖွဲ့ဝင်များ (ပုံ-ကေအိုင်စီ)

လှိုင်းဘွဲမြို့နယ်တွင် အစိုးရစစ်တပ်ဘက်မှ ရတခ လက်အောက်ခံတပ်ရင်းများဖြစ်ကြသည့် ခမရ ၃၁၀၊ ၃၃၈၊ ၃၃၉၊ ခ လရ ၂၈ တပ်ရင်းနှင့် စကခ (၁၂)လက်အောက်ခံ ခလရ ၂၃၁တပ်ရင်းတို့ လှုပ်ရှားလျှက်ရှိသလို ကေအဲန်ယူ (၇)တပ်မ ဟာ(၇) လက်အောက်ခံ ကေအဲန်အယ်လ်အေ ၂၁တပ်ရင်း လှုပ်ရှားလျှက်ရှိသည်။

11ReadMore-2.jpg

Sunday, August 14, 2011

စွယ်စုံ ဦးကျော်ဆန်း

စွယ်စုံ ဦးကျော်ဆန်း
ဓာတ်ပုံသတင်း
သြဂုတ် ၁၃၊ ၂၀၁၁ မိုးမခ
  
ကျနော် ငိုချင်းနဲ့ မျက်ရည်ထိုးခံပြီးလိမ်ခဲ့ညာခဲ့တာ  လေး ခါရှိပြီး
ယနေ့ သောကြာနေ့တွင် ပြုလုပ်သည့် နေပြည်တော် အစိုးရ သတင်းစာ ရှင်းလင်းပွဲတွင် တွေ့ရသော ဦး ကျော်ဆန်း။ (photo: Reuters)

ဧရာဝတီမြစ်တွင် အကြီးအကျယ် တည်ဆောက်နေသော အငြင်းပွားဖွယ် စီမံကိန်းများနှင့် ပတ်သက်ပြီး ရှင်းလင်းစဉ် ၀န်ကြီး ဦးကျော်ဆန်းက ငိုချင်းချခဲ့သည်ဟု အင်တာနက် သတင်းများက ဆိုသည်။

အောက်ဖော်ပြပါ ရေးသားချက်များမှာ facebook မှ ကူးယူခဲ့ခြင်း ဖြစ်သည်။


( ၁ ) ဟုတ်တယ်ဗျ၊ အမေးအဖြေလုပ်တုံးမှာ ငိုချလိုက်တာ။ ပြီးတော့ ခဏနေမှ တိုင်းပြည်ကိုချစ်တဲ့စိတ်၊ ကျွန်တော်တို့လုပ်သမျှ အကောင်းမမြင်တဲ့စိတ်ကြောင့် Emotion မထိန်းနိုင်လို့ပါ။ တောင်းပန်ပါတယ်။ ဒါကို မဖွကြပါနဲ့လို့ တောင်းပန်သတဲ့။ ဂျာနယ်လစ်များ ကလည်း လိုက်နာရှာပါတယ်။ ဟီးဟီး နှစ်နာရီလောက်ကြာတော့ အင်တာနက်ေ ပ်ါမှာ မောင့်မျက်ရည်ဝိုင်းဇာတ်ကားတက်လာတော့တာပဲ။ ဘာပဲဖြစ်ဖြစ် ဧရာဝတီကတော့ ဒင်းတို့ အသဲနှလုံးကို ထိုးနှက်နေပြီ။

( ၂ )ကိုယ်တိုင် အကယ်ဒမီ တက်ယူတော့ မယ်ထင်ပါ့...။

( ၃ ) အိကနဲ အိကနဲ ဖြစ်နေတာများ... ဟီးဟီး.. ပီးတော့ သေသေချာချာမှာပါတယ်.. ဒီကိစ္စကို မဖွပါနဲ့တဲ့.. ကိုယ်တွေကလဲ မဖွပါဘူး...

( ၄ ) ဟီး မိုက်သကွာ........ အကယ်ဒမီရှော့ ...

( ၅ ) မောင့်မျက်ရည်ဝိုင်း၊ မောင်ငိုမယ်မိုးသဲထဲမှာ ဟဲဟဲ ဧရာဝတီရေမရှိတော့ ဘူးဆိုလို့ မောင့်မျက်ရည်နဲ့ ဖြည့်ပေးလိုက်ပါတယ်

( ၆ ) ဟ ရောင်းရင်းတို့ကလဲကွာ၊ဒီဗီဘီက ဦးနေဇော်နိုင်အတိုင်းပဲပါလားဗျာ...ုဦးနေဇော်နိုင်လုပ်လို့ သတင်းစာရှင်းလင်းပွဲ မလုပ်တာကြာပြီ....ဘာတဲ့ ကျွန်တော်တို့က စိတ်ရှည် သီးခံနေ ပါ တယ် ဆိုတဲ့စကားကို ၀န်ကြီးခင်ဗျားပဲပြောတော့ဗျာလို့ ကျွန်တော်ဖွင့်ထားမိသော ဒကားများဆိုလားဂျာ...အဲဒါနောက်ပိုင်း သူတော်တော် သတင်းစားရှင်းလင်းပွဲမလုပ်တော့ဘူးဗျ

( ၇ ) သတင်းထောက်တွေက မချော့ကြဘူးလား။

11ReadMore-2.jpg

Monday, August 8, 2011

ကရင်အချင်းချင်း မတိုက်ရန် DKBA သတိပေး

E-mail Print
ယခုလအတွင်း အစိုးရတပ်က ပြုလုပ်မည့် ကရင်ပြည်နယ် ထိုးစစ်တွင် ကရင်နယ်ခြားစောင့် တပ်များကို အသုံးပြုမည် ဆိုပါက အိမ်ကြက်ချင်း အိုးမဲသုတ်ပြီး ခွပ်ခိုင်းခြင်းဖြစ် လိမ့်မည်ဟု တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) အရာရှိတဦးက ပြောလိုက်သည်။

DKBA-News-7-8-11
မြ၀တီခရိုင်အတွင်း လှုပ်ရှားနေသည့် DKBA တပ်မဟာ ၅ မှ တပ်ဖွဲ့ဝင် တချို့ (ဓာတ်ပုံ - ဧရာဝတီ)

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ကာကွယ်ရေးဌာန စစ်ဆင်ရေး အထူးအဖွဲ့ အမှတ် ၄ က ကရင်နယ်ခြားစောင့်တပ် တပ်မှူးများနှင့် တွေ့ဆုံပြီး ပူးတွဲစစ်ဆင်ရေးပြုလုပ်ရန် ဆွေးနွေးသည်ဟူသော သတင်းနှင့် ပတ်သက်ပြီး ထိုသို့ ပြောလိုက်ခြင်း ဖြစ်သည်။

"ကရင် နယ်ခြားစောင့်တပ်က တာဝန်ရှိသူတွေကို စဉ်းစား ချင့်ချိန်စေချင်တယ်။  သူတို့ တက်လာရင်တော့ ကျနော်တို့ဘက်က ညှာမှာတော့ မဟုတ်ဘူး" ဟု မြ၀တီခရိုင် အခြေစိုက် DKBA တပ်မဟာ ၅ မှ ဗိုလ်ကြီးကော့ဒို့စိုးက ဧရာဝတီကို ပြောသည်။

DKBA တပ်မဟာ ၅ သည် ဗိုလ်မှူးကြီး စောလားပွယ်(ဗိုလ်နှုတ်ခမ်းမွေး) ဦးဆောင်သည့် အဖွဲ့ ဖြစ်သည်။ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရေးကို လက်မခံဘဲ ၂၀၁၀ ရွေးကောက်ပွဲ ကျင်းပသည့်အချိန်က စတင်ပြီး အစိုးရတပ်နှင့် တိုက်ခိုက်နေခြင်း ဖြစ်သည်။

DKBA တပ်မဟာ ၅ ကို မိုးတွင်းကာလအတွင်း အပြီးသတ် ချေမှုန်းမည့် ကိစ္စမှာလည်း ဖြစ်နိုင်ခြေ မရှိကြောင်း၊ ခံစစ်ရှင် ပြောက်ကျားနည်းဖြင့် ခုခံရန် ပြင်ဆင်ထားပြီးဖြစ်ကြောင်း ဗိုလ်ကြီးကော့ဒို့စိုးက ပြောသည်။

အစိုးရက ထိုးစစ်ဆင်ရန် ဆုံးဖြတ်ရခြင်းမှာ DKBA တပ်မဟာ ၅ ၏ သောင်းကျန်းမှုကြောင့် ဖြစ်သည်ဟု စစ်ဆင်ရေး ဆွေးနွေးပွဲ တက်ရောက်ခဲ့သည့်  မြ၀တီခရိုင် အုပ်ချုပ်ရေး အဖွဲ့ဝင်တဦးက ပြောသည်။

DKBA တပ်မဟာ ၅ အဖွဲ့သည် မြ၀တီ နှင့် ကော့ကရိတ်ကြား ၅၅ မိုင် ရှည်သော ဒေါနတောင်ကျော် ကားလမ်းပေါ်တွင် ဆက်ကြေးတောင်း၊ လူသတ်၊ ပြန်ပေးဆွဲမှုများ မကြာခဏ ပြုလုပ်ခြင်း၊ မြို့များအတွင်း ၀င်ရောက် ပစ်ခတ် ဖျက်ဆီးခြင်းတို့ကို ပြုလုပ်နေသည်ဟု သူက ဆိုသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ DKBA တပ်မဟာ ၅ ၏ တပ်မှူးတဦးက "ကျနော်တို့ အခွန်ကောက်တာ မှန်တယ်၊ လူထုကို ကျနော်တို့ရဲ့ ရည်ရည်ချက်နဲ့ လုပ်ငန်းစဉ်ကို ရှင်းပြပြီးတော့မှ ကောက်တာ ဖြစ်တယ်။ မတော်မတရားတာတွေ တခုမှမလုပ်ဘူး" ဟု ရှင်းပြသည်။ အစိုးရတပ်ဖွဲ့ဝင်တချို့ကို ဖမ်းမိသော်လည်း ပြန်လွှတ်ပေးသည်ဟု သူက ဆိုသည်။

ဖမ်းဆီးမှုများနှင့် ပတ်သက်ပြီး "ကျနော်တို့မှာ မှတ်တမ်း ဗွီဒီယိုတွေ ရိုက်ထားတာတွေ ရှိတယ်။ မကြာခင် ဒီ မှတ်တမ်းစီဒီတွေကို ဖြန့်ချိမှာ ဖြစ်တယ်" ဟု အမည်မဖော်လိုသည့် တပ်မှူးက ပြောသည်။

ထိုမှတ်တမ်းတွင် အစိုးရတပ် စစ်ဗိုလ်တဦး ဖမ်းမိပုံ၊ လက်နက် နှင့် လမ်းလျှောက်စကားပြောစက်ကို သိမ်းဆည်းပြီး ထိုအရာရှိအား ပြန်လွှတ်ပေးပုံတို့ကို တွေ့ရသည်။

11ReadMore-2.jpg

Sunday, August 7, 2011

မီနီဆိုးတားပြည်နယ်တွင်ချည်ဖြူမင်္ဂလာဖွဲ့ ပွဲ ကျင်းပ

                                       သဘာပတိအဖွဲ့ မှ စောနေထူး မိန်းခွန်းပြောကြားစဉ်
               ယနေ့ Aug 7,  2011ရက်နေ့ နံနက်(၁၀း၀၀)နာရီတွင်အမေရိကန်ပြည်ထောင်စု
            မီနီဆိုးတားပြည်နယ်  စိန့်ဖေါမြို့    အာလ်တန်လမ်းမဘေး   ကရင်များစုနေထိုင်ရာ
            ရပ်ကွက်ကြား  အာလ်တန်အထက်တန်းကျောင်းခန်းမဆောင်တွင်  ကရင်ရိုးရာမင်္ဂ                      

            လာ ချည်ဖြူဖွဲ့ ပွဲတော်အခမ်းအနားတစ်ရပ်ကို     စည်ကားသိုက်မြိုက်စွာကျင်းပကြ
            ကြောင်းသတင်းရရှိပါသည်။

                     အဆိုပါအခမ်းအနားတွင်ကရင်အမျိုးသားများနှင့်နိုင်ငံခြားသားများ
              စုစုပေါင်းလူ ဦးရေ (၃၀၀)ကျော်ခန့်တက်ရောက်ကာ စားသောက်ဖွယ်ရာများနှင့်
              ကရင်ယဉ်ကျေးမှု အဆိုအကမျိုးစုံဖြင့်ဧည့်ခံခဲ့ကြောင်းသိရှိရပါသည်။ 


                                                                           ဓါတ်ပုံများ
မန်းရောဘဇန်မှနိုင်ငံခြားအမျိုးသမီးတစ်ဦးအားချည်ဖြူမင်္ဂလာဖွဲ့ ပေးစဉ်

   
                                            အားရ ပါးရ ဝါးကြတယ် ဆိုပါတော့
 
  
ဆိုကြမယ် ပျော်ကြမယ်လေ
         
                                          မြူးကြွသံစဉ်တွေနဲ့ ဟန်မျိုးစုံ မီနီဆိုးတားလူငယ်ဒုံး

11ReadMore-2.jpg

Saturday, August 6, 2011

သင့်တွက်ချည်ဖြူ


                      သင့်တွက်ချည်ဖြူ
       

         မိုးကြီးလေကြမ်း ကလူစယ်
သောင်ရင်း သံလွင်လှိုင်းမာန်ထည်
အုံ့မှိုင်းကာ လျှပ်လဲ့သွန်းဖြိုး
ညှာတာမဲ့ လဝါခေါင်မိုး။
         လမြတ်ဝါခေါင် ရေဖေါင်ဖေါင်
         ဒို့ ရိုးရာပွဲ မျိုးဂုဏ်ဆောင်
         ချည်ဖြူနှောင်ဖွဲ့   ယုံကြည်ချက်
         ကြားစကား နားမယောင်နဲ့။
                    နတ်ပန်းညိုလိုရောက်လေရာ
                    ရှင်သန်ခြင်း ဂုဏ်ကိုဆောင်ပါ
                    ထမင်းဆုပ်ကို စံနမူ
                    မခွဲခြားနဲ့ သူ့လူကိုယ့်လူ။
                               မိမျိုး ဖနွယ်မခွဲခြား
                               ဒို့ တစ်အူတုံ ညီနောင်ဖွါး
                              သစ်ခေါင်းဝါးခေါင်း မျိုးကရင်
                              မှားတာမြင်ရင် အမှန်ပြင်လော့
                              လွဲမှား ယုံလွယ် လိပ်ပြာငယ်
                                သင့်ကို ‘ ပလူးလါ ’ ဘိတ်ခေါ်တယ်။
                                             ပျို့ မောင်မယ် ချည်ဖြူရှင်တို့
                                          သွေးရင်းညီနောင်ပေါင်းဆုံကြစို့
                                          တို့များရဲ့  ဇွဲကပင်မြေဝယ်
                                          ကျူးကျော်သူကိုတွန်းလှန်မယ်
                                          ပြန်လာပါတော့ လှမ်းခဲ့ပေါ့
                                          ချည်ဖြူသင့်တွက်ကမ်းယူလော့ -----

                                                                                  စအိုင်ခန့်  (နှင်းခဲမြေ) 
                                                                                         Jul 19/2008

11ReadMore-2.jpg

သမ္မတ သိန်းစိန်ကို ယခုလို ကျွန်တော် ပြောချင်ပါသည်။

ဆောင်းပါး 

ဘုန်းစည်သူ

ယခု တလော မြန်မာ သတင်းစာများတွင် ကျဉ်းမြောင်းသော လူမျိုးစွဲ ၀ါဒ၊ ဒေသစွဲဝါဒ စကားလုံးကို အဖန်ဖန် အလဲလဲ ထပ်ခါထပ်ခါ တွေ့နေရသည်။ နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်၏ ဇူလိုင်လ ၂၉ ရက်နှင့် ၃၀ ရက်များတွင် ပြုလုပ်ခဲ့သော ရခိုင် ခရီးစဉ်တွင် ထို လူမျိုးစွဲ ၀ါဒ၊ ဒေသစွဲ ၀ါဒ စကားလုံးကို ရခိုင်ပြည်သူများနှင့် တွေ့ဆုံရာတွင် ထပ်ခါ တလဲ လဲ ပြောဆို သုံးစွဲခဲ့ပြီး လူမျိုးစွဲ ၀ါဒ၊ ဒေသစွဲ ၀ါဒကို မထားကြရန် ဆော်သြခဲ့သည်ကို တွေ့ရသည်။ အဆိုပါ စကားလုံးများကိုပင် အစိုးရထုတ် သတင်းစာများက စာလုံး အမဲများဖြင့် Highlight လုပ်ကာ ဖေါ်ပြကြသည်။ ၎င်းအပြင် သြဂတ်စ်လ ၂ ရက်နေ့က ထုတ်ဝေသော အစိုးရပိုင် ကြေးမုံ သတင်းစာ အယ် ဒီတာ အာဘော်ကလည်း ရခိုင်ရေဘေးအကြောင်းကို ရေးသယောင်ယောင်ဖြင့် ရခိုင် လူမျိုးတို့အား လူမျိုးစွဲ ဒေသစွဲ ပြင်းထန်သည်ဟု စွပ်စွဲကာ လူမျိုးစွဲ ၀ါဒ၊ ဒေသစွဲ ၀ါဒ မထားရန် အယ်ဒီတာ့ အာဘော်မှ တဆင့် တိုက်တွန်း ရေးသားထားကို တွေ့ရသည်။

၎င်းပြင် သမ္မတကြီး ဦးသိန်းစိန်က ရေဘေး အကူအညီ အတွက် ရခိုင်သို့ လာရောက်စဉ် ဂွ၊ တောင်ကုတ်၊ မင်းပြား၊ စစ်တွေ စသည့်မြို့ များတွင် ရခိုင်ပြည်သူများနှင့် တွေ့ဆုံစဉ် အောက်ပါ အတိုင်း ပြောကြားခဲ့ကြောင်း သတင်းစာများက ဖေါ်ပြသည်။

“ မိမိတို့နိုင်ငံသည် တိုင်းရင်းသား လူမျိုးပေါင်း ၁၀၀ ကျော် ဥမကွဲ သိုက်မပျက် အတူတကွ လက်တွဲ နေထိုင်လာခဲ့ကြကြောင်း၊ ကျဉ်းမြောင်းသည့် လူမျိုးစွဲ ၀ါဒ၊ ဒေသစွဲ ၀ါဒများ ထားရှိရန် မသင့်ကြောင်း၊ တိုင်းရင်းသား အချင်းချင်း ချစ်ကြည်ရင်းနှီးစွာဖြင့် ပူးပေါင်းနေထိုင်မှသာ မိမိတို့နိုင်ငံ အဓွန့်ရှည် တည်တံ့နေမည် ဖြစ်ကြောင်း၊ အတိတ်က ဖြစ်ရပ်များ အပေါ် သင်ခန်းစာ ယူ၍ တိုင်းရင်းသား အချင်းချင်း ပြည်ထောင်စု စိတ်ဓါတ် အရင်းခံကာ စည်းစည်းလုံးလုံး ညီညီညွှတ်ညွှတ် နေထိုင်ကြရန် လိုကြောင်း။”

သူတို့ ပြောဆို ရေးသားချက်များ အားလုံးကို ပေါင်းခြုံ သုံးသပ် ပြောဆိုရသော် ရခိုင်တို့သည့် လူမျိုးစွဲ၊ ဒေသစွဲ ပြင်းထန်သည်။ သို့အတွက် ယခု ခေတ်အခါတွင် လူမျိုးစွဲ ဒေသစွဲ ထားရန် မသင့်တော့၊ ပြည်ထောင်စု စိတ်ဓါတ် ထားရှိရန် ဆိုလိုသည့် အနှစ်ချုပ် ဖြစ်သည်။

သမ္မတကြီး ဦးသိန်းစိန်သည် တိုင်းပြည် အစိုးရကို ဦးဆောင်နေသော နိုင်ငံ ခေါင်းဆောင် တစ်ဦး ဖြစ်ပါလျက် သူများ မျက်ချေးတော့ မြင်သည်။ ကိုယ့်မျက်ချေးကျတော့ မမြင်ဆိုသကဲ့သို့ ဖြစ်နေသည်။ လူများ အပြစ်ကျတော့ မြင်သည်။ ကိုယ့်အပြစ်ကျတော့ မမြင် ဖြစ်နေသည်။ ရခိုင်လူများကို ကျတော့ ကျဉ်းမြောင်းသော လူမျိုးစွဲ ဒေသစွဲ ရှိသည်ဟု မြင်ပြီး မိမိတို့က မဟာ ဗမာ လူမျိုးကြီး ၀ါဒကျင့်သုံးပြီး တခြား လူမျိုးငယ်များကို ဖိနှိပ် နေသည်ကိုကျတော့ မမြင် ဖြစ်နေသည်။ အမှန် စင်စစ် ရခိုင်အမျိုးသားများ၌ ဖြစ်ပေါ်နေသော ကျဉ်းမြောင်းသော လူမျိုးစွဲ ၀ါဒသည် အုပ်ချုပ်သူများက မဟာ ဗမာ လူမျိုးကြီး ၀ါဒဖြင့် တိုင်းပြည်ကို ဖိနှိပ် အုပ်ချုပ်နေရာမှ ပေါ်ပေါက်လာသော အကျိုးဆက် ဖြစ်သည်။ နေရာတိုင်းတွင် ဗမာမှ ဗမာ၊ ငါတို့ ဗမာသည်သာ တိုင်းပြည်၏ အရှင်သခင် တခြား လူမျိုးများမှာ ငါတို့ လက်အောက်ခံ၊ ငါတို့ လုပ်သမျှ ခေါင်ငုံ့ခံကြရမည် ဆိုသည့် အတွေးအခေါ် သဘောတရားများကို လက်ကိုင်ထားပြီး တိုင်းပြည်ကို အုပ်ချုပ်နေသဖြင့် ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ထိုသို့ စိတ်ဓါတ်ဖြင့် ဖိနှိပ် အုပ်ချုပ်နေသမျှ ကာလပတ်လုံး ထို ကျဉ်းမြောင်းသော လူမျိုးရေး ၀ါဒများသည် အဖိနှိပ်ခံ လူမျိုးများ အကြားတွင် ဆက်လက် ပေါ်ပေါက်နေမည် ဖြစ်သည်။

ရခိုင်လူမျိုးများ အနေဖြင့် ရာစုနှစ်ဖြင့်ချီ၍ ဗမာ အုပ်ချုပ်သူများ အပေါ် နာကျည်းချက်များ ရှိနေသည်ကို ဗမာ အုပ်ချုပ်သူ ခေါင်းဆောင်များ သိရန်လိုသည်။ ယနေ့ ရခိုင်ပြည်နယ်တွင် နေထိုင်သူ မည်သူ့ကို မဆို သွားမေး ကြည့်ပါ။ နိုင်ငံရေးကို စိတ်မ၀င်စားသူ၊ နားမလည်သူ သာမန် လူပြိန်းများကိုပင် ရခိုင်ပြည်နယ်တွင် ဗမာ အုပ်ချုပ်သူများက အနိုင်ကျင့် ဖိနှိပ် အုပ်ချုပ်နေသည်မှာ မှန်ပါသလားဟု မေးလျှင် ဟုတ်မှန်ကြောင်း မဆိုင်း မတွ ဖြေဆိုကြမည် ဖြစ်ပါသည်။ရခိုင်လူမျိုးများ အပေါ် ဗမာ များက အကြီးအကျယ် အနိုင်ကျင့် နေကြသည်ဟု ပြောကြမည် ဖြစ်ပါသည်။ ဤသို့ အနိုင်ကျင့်နေကြောင်း ပြောရသည်မှာ အလိုလို လူမျိုး တမျိုးက အခြား လူမျိုး တမျိုးကို အသားလွတ် မုန်း၍ မဟုတ်သည်ကို နားလည် သဘောပေါက် ကြရန် လိုပါသည်။ လက်ရှိ ရခိုင်ပြည်နယ်တွင် ဗမာ အုပ်ချုပ်သူများက နည်းမျိုးစုံဖြင့် အနိုင်ကျင့်နေသည်ကို ကြောကော့အောင် လက်တွေ့ ခံစားနေကြရ၍ ထိုသို့ ဖွင့်အံကြမည်သာ ဖြစ်သည်။

ရခိုင်ပြည်နယ်တွင် ယနေ့ အုပ်ချုပ်ရေး ပုံစံကို ကြည့်နိုင်ပါသည်။ ပြည်နယ် အဆင့်မှ မြို့နယ် အဆင့်ထိ အာဏာ အရှိဆုံးနေရာများ၊ ၀င်ငွေ အကောင်းဆုံးနေရာများကို ရရှိထားသူများမှာ ဗမာ အမျိုးသားများသာ ဖြစ်သည်။ ရခိုင်များမှာ စာရေး စာချီ လက်အောက်ငယ်သားများသာ ဖြစ်ကြသည်။ ပြောပိုင်ခွင့် ဆိုပိုင်ခွင့် မရှိ။ ထားရာနေ စေရာသွား ဘ၀သာ ဖြစ်ကြသည်။ အင်္ဂလိပ် နယ်ချဲ့ခေတ်က တိုင်းတပါးသား မျက်နာဖြူ နယ်ချဲ့များမှာ ရာထူး ရာခံ အကြီးအကဲ နေရာများတွင် ရှိပြီး မြန်မာများမှာ မျက်နာငယ် စာရေးစာချီဘ၀တွင် ရှိခဲ့သော အခြေအနေမျိုး ဖြစ်သည်။ ဒေသအတွင်း မည်သည့် အရေးကိစ္စမဆို စီမံခန့်ခွဲနေသူများမှာ ဗမာ အုပ်ချုပ်သူ များသာ ဖြစ်သည်။ သူတို့ဆီက ခွင့်ပြုချက် တစ်ခုခု မယူဘဲ လုပ်ကိုင်၍ မရ ဖြစ်နေကြရသည်။ အစိုးရ၊ ရုံး ၊ စာသင်ကျောင်းများတွင်လည်း ဗမာ စကားကိုသာ ပြောဆိုကြရသည်။ ရခိုင်အချင်းချင်းဖြစ်ပါလျှက် ရခိုင် စကားကို ပြောဆိုခွင့်မရ။ စာသင်ကျောင်းများတွင်လည်း ရခိုင်စကားကို ပြောခွင့်မရ။ ရခိုင်စာပေကို သင်ကြားခွင့်မရ။ နောက်ဆုံး ကျောင်းသား အချင်းချင်း ကျောင်းထဲတွင်ရခိုင်စကား ပြောဆိုခွင့် မရအောင်ထိ ပိတ်ပင်လာသည်။ ယခင်က အစိုးရ စာသင်ကျောင်းများတွင် ရခိုင်စကားဖြင့် ပြောဆို သင်ကြားခွင့်ရသော်လည်း ယခုအခါ မပြောဆိုရဟု အမိန့်ထုတ်လာသည်။ ရခိုင်ကလေးငယ် တစ်ဦးအဖို့ အစိုးရ စာသင်ကျောင်းကို စရောက်သည်နှင့် ဗမာ စကား ဗမာ စာပေကို သင်ကြားကြရသည်။ အလယ်တန်း အဆင့် အထက်တန်း အဆင့် တက္ကသိုလ် ကောလိပ် အဆင့်တွင် ဗမာ စာပေကို သင်ကြား ကြရမည်ကို တစုံတရာ အတိုင်းအတာထိ လက်ခံ နိုင်သော်လည်း မူလတန်းကျောင်းများတွင် မိမိစာပေ မိမိစကားဖြင့် သင်ကြားခွင့် မရကြသည် အပေါ် လက်ခံနိုင်စရာ မရှိ။ တမင် သက်သက် လူမျိုးရေး အရ ချိုးနှိမ်ထားလိုသည့် သဘော ဖြစ်သည်။ ကျောင်းသုံး စာအုပ်များတွင်လည်း ဗမာ လူမျိုးကို အထင်ကြီးအောင်၊ ဗမာ ယဉ်ကျေးမူကိုသာ မြတ်နိုးခုံမင်အောင်၊ ဗမာ သမိုင်းကို မိမိသမိုင်း အဖြစ် လက်ခံလာအောင် ပြုလုပ် ဖေါ်ပြထားသည်။ ဤသည်မှာ ကလေးဘ၀ကတည်းက မိမိလူမျိုးထက် ဗမာ လူမျိုးများကို အထင်ကြီးအောင် ဖန်တီးထားခြင်း ဖြစ်သည်။ ဤကဲ့သို့ ပြုလုပ် ထားခြင်းသည် မဟာဗမာ လူမျိုးကြီး ၀ါဒကို သွတ်သွင်ထားခြင်းသာ ဖြစ်သည်။ ၎င်းပြင် ယဉ်ကျေးမူ နယ်ပယ်၌လည်း မိမိ ယဉ်ကျေးမူ ရိုးရာ အစဉ်အလာများကိုသာ ဖေါ်ထုတ်ခွင့်မရဘဲ ဗမာ ယဉ်ကျေးမူ အနုပညာများကို မိမိတို့ ယဉ်ကျေးမူ သဖွယ် ဖေါ်ထုတ်နေကြရသည်။ “ မြန်မာယဉ်ကျေးမူ ဆိုကရေးတီး” ပြိုင်ပွဲများ ပြုလုပ်နေသည်ကို ကြည့်ပြီး သိနိုင်သည်။ ယနေ့ အချိန်ထိ လူမျိုး တစ်မျိုး ဖြစ်ပါလျှက် မိမိရိုးရာ ယဉ်ကျေးမူ အမွေအနှစ်များကို တရားဝင် ဖေါ်ထုတ်ခွင့်မရကြသည်မှာ အလွန်ဝမ်းနည်းဖွယ်ရာ ဖြစ်သည်။ ၎င်းအပြင် ယဉ်ကျေးမူ အရ ၀ါးမျိုနိုင်ရန်လည်း နည်းမျိုးစုံဖြင့် ပြုလုပ် ထားသည်။ ရေဒီယို ရုပ်သံလိုင်းများကိုလည်း အားလုံး မောင်ပိုင် လုပ်ထားပြီး ဗမာ သီချင်း၊ ဗမာ ပြဇာတ်၊ ဗမာရုပ်ရှင်ကားများကိုသာ ကြည့်နေကြရသည်။ ရုပ်သံလိုင်းများကို နယ်စွယ် နယ်ဖျားထိ ကြည့်ရှု့နိုင်အောင် တာဝါတိုင်များကို မြန်မာပြည့်အနှံ့ထောင်ထားသည်ကို တွေ့မြင်နိုင်သည်။ တခြား မည်သည့် စီမံကိန်းများတွင်မှ ယခုကဲ့သို့ အားကြိုး မာန်တက် လုပ်ကိုင် ဆောင်ရွက် သည်ကို မတွေ့ရဘဲ ရုပ်မြင်သံကြားကို တနိုင်ငံလုံး ကြည့်ရှု့နိုင်အောင် စီမံထားခြင်းသည် ဗမာ ယဉ်ကျေးမူ ဗမာ ရိုးရာ အစဉ်အလာများကို တခြား လူမျိုးများကို သွတ်သွင်းရန် ရည်ရွယ်ချက်မှ အပ တခြားမရှိသည်ကို လူတိုင်း နားလည် သဘော ပေါက်နိုင်သည်။

ဘုရား ပုထိုး စေတီ ကျောင်းကန်များကို ဗမာပြည်နှင့် ရခိုင်ပြည်ယှဉ်ထိုး ကြည့်နိုင်ပါသည်။ ဘုရားစေတီ ပုထိုးများတွင် ဗမာပြည်က ဘုရားများမှာ ရွှေရောင် ပြောင်ညီးနေသော်လည်း ရခိုင်ဘုရားများမှာ ထုံးဖြူတောင် မသုတ်နိုင်ဘဲ ဖြစ်နေသည်။ ကျွန်ဖြစ်ရသည်မှာ လူတောင် မဟုတ်။ ဘုရားပါ ကျွန်ဖြစ်ရသည့် သဘောမျိုး ဖြစ်နေသည်။ ပုဂံရှိ ဘုရားများအား နိုင်ငံတော်က စီမံကိန်းချပြီး ပြုပြင် နေသော်လည်း ရခိုင်မြောက်ဦးရှိ ဘုရားများကို မပြုပြင်ဘဲ ပစ်ထားသည်သာမက ဖြိုချ ဖျက်ဆီးနေသည်။ ပုဂံသည် ဗမာ လူမျိုးများ အတွက် အထွဋ် အမြတ်ထားရာ နေရာ ဖြစ်သလို မြောက်ဦးသည်လည်း ရခိုင် လူမျိုးတို့ အထွဋ် အမြတ်ထားရာနေရာ ဖြစ်သည်။ မိမိတို့က ဘိုးဘွား အမွေအနှစ်မို့ ပုဂံကို ချစ်မြတ်နိုး သလို တခြား လူမျိုးတို့ အနေဖြင့် သူတို့ ဘိုးဘွားပိုင် အမွေ အနှစ်များကို ချစ်မြတ်နိုးကြမည်ကို လက်ခံ အသိအမှတ် ပြုရန်လိုသည်။ ယခုကား အုပ်ချုပ်သူ ဗမာများက မိမိတို့ အမွေအနှစ်များမှ တကယ့် အမွေအနှစ် အစစ်၊ တခြား လူမျိုးများ၏ အမွေအနှစ်ကိုကား တန်ဖိုးထား မလေးစားကြ။ ထိုကဲ့သို့ စိတ်ဓါတ်များ ဗမာ အုပ်ချုပ်သူများတွင် ကိန်းအောင်းနေသမျှ တခြား တဘက်တွင် မိမိလူမျိုးမှ မိမိလူမျိုး ဆိုသည့် ကျဉ်းမြောင်းသော စိတ်ဓါတ်များ ရှင်သန်နေမည်သာ ဖြစ်သည်။

ဗမာ အုပ်ချုပ်သူများ အနေဖြင့် ပြည်ထောင်စုကြီး ဥမကွဲ သိုက်မပျက် ဖြစ်စေလိုပါလျှင် အားနည်းသူကို အားသာ သူက အနိုင်ကျင့်လိုသည့် စိတ်ဓါတ် မျိုးကို ဖယ်ထုတ် ပစ်ရမည် ဖြစ်သည်။ အားနည်းသူကို အားသာသူက ဖေးမ တွဲကူ ယူလိုသော စိတ်ဓါတ် အခြေခံကောင်းများ မွေးမြူကြရန် လိုအပ်သည်။ ပြည်နယ်များ စိတ်ဝမ်း မကွဲပြားရအောင် ခေတ်မှီ နောက်ကျနေသော ပြည်နယ်များ ဖွံ့ဖြိုး တိုးတက်ရေးကို ဗမာပြည်မ တိုးတက်ရေးထက် လုပ်ကိုင် ဆောင်ရွက် ပေးရမည် ဖြစ်သည်။ ယခုကား ဗမာ အုပ်ချုပ်သူများက ချမှတ်ထားသော ပေါ်လစီက ပြောင်းပြန် ဖြစ်နေသည်။ ပြည်မ အရင် တိုးတက်ရန် လိုသည်။ ပြည်မတိုးတက်မှ ကျန်ပြည်နယ်များပါ လိုက်ပါ တိုးတက်မည်။ ပြည်မ တိုးတက်ရန် အရင် လုပ်ဆောင်ရန် လိုသည့် သဘော ဖြင့် ရလာသည့် အခွင့်အရေးဟူသမျှ ဗမာများက သိမ်းကျုံးယူသည်။ စက်ရုံ အလုပ်ရုံနှင့် အဆင်မြင့် တက္ကသိုလ် ကျောင်းများ ဟူသမျှကို ဗမာပြည်တွင် တည်ဆောက် ထားသည်။ ယခု ဗမာ အုပ်ချုပ်သူတို့မှ ပြည်နယ်များတွင် ရေကာတာ တည်ဆောက်ပြီး ရရှိလာသော လျှပ်စစ် ဓါတ်အားကို ပြည်နယ်များတွင် မသုံးဘဲ ဗမာပြည်သို့ ယူဆောင်သည်။ ပြည်နယ်များမှ ထွက်သော သဘာဝ သယံဇာတ များကို နိုင်ငံခြား တိုင်းပြည်များသို့ ရောင်းချပြီး ပြည်နယ်များ တိုးတက်ရေး အတွက် တပြားတချပ်မှ မသုံးခြင်း ဖြစ်သည်။

သို့ အတွက် ကျဉ်းမြောင်းသော လူမျိုးစွဲ ၀ါဒ ဒေသစွဲ ၀ါဒကို ဖျောက်ဖျက်သင့်သည်ဟု ပါးစပ်က ပြောနေ၍ မရ။ မိုးဦးကျ ဖါးလို အော်နေ၍ မရ။ ကျဉ်းမြောင်းသော လူမျိုးစွဲ ၀ါဒသည် မည်သည့် အတွက်ကြောင့် ပေါ်ပေါက်လာရသလဲ။ မည်သည့် အကြောင်းအရာပေါ်တွင် အခြေခံသလဲ။ ပေါ်ပေါက်လာရသည့် အခြေခံ အကြောင်း တရားကို အသေအချာ လေ့လာ ဆန်းစစ် သုံးသပ်ရန် လိုသည်။ သို့မှသာ ကျဉ်းမြောင်းသော လူမျိုးစွဲ ၀ါဒကို တိုက်ဖျက်နိုင်မည် ဖြစ်သည်။

စာရေးသူ အနေဖြင် ပြောလိုသည်မှာ ကျဉ်းမြောင်းသော လူမျိုးစွဲ ၀ါဒသည် ကျဉ်းမြောင်းသော မဟာ လူမျိုးကြီး ၀ါဒနှင့် ဒင်္ဂါးစေ့ တစ်စေ့၏ ပန်းနှင့် ခေါင်းလို ဖြစ်သည်။ မြန်မာနိုင်ငံတွင် အင်အားများသူ၊ တိုင်းပြည်ကို အုပ်ချုပ်ခွင့် ရသူ ဗမာများက လူမျိုးကြီး ၀ါဒ ကျင့်သုံးပြီး တခြား လူမျိုးများ အပေါ် ဖိနှိပ် နေသမျှ တခြား အဖိနှိပ်ခံ အနှိမ်ခံ တိုင်းရင်းသား လူမျိုးများတွင် ကျဉ်းမြောင်းသော လူမျိုးရေး ၀ါဒများ အမြင်များ ရှိနေမည်သာ ဖြစ်သည်။ သို့ အတွက် ဦးသိန်းစိန် အနေဖြင့် ရခိုင်လူမျိုးတို့ ၏ လူမျိုးစွဲ၊ ဒေသစွဲများကို ဖျောက်ဖျက်လိုလျှင် သမ္မတကြီး ဦးသိန်းစိန်တို့ ယနေ့ လက်ကိုင် ကျင့်သုံးနေသော မဟာ ဗမာ လူမျိုးကြီး ၀ါဒကို အရင် စွန့်လွှတ်ရန် လိုအပ်မည် ဖြစ်ပါသည်။

11ReadMore-2.jpg

Template by:

Free Blog Templates