Saturday, July 23, 2011

DKBA ဗိုလ်မှူးဆန်းအောင်နဲ့ ကိုးဒီသွေး မီဒီယာ အင်တာဗျူး



11ReadMore-2.jpg

Friday, July 22, 2011

အချင်းချင်းတိုက်တာ မဆုံးနိုင်တော့ပါလား? စဉ်းစားကြပါဦး ဘယ်သူကြောင့်လဲဆိုတာ



11ReadMore-2.jpg

DKBA ဗိုလ်ဘိအဖွဲ့ နဲ့  စောချစ်သူ BGF တို့တိုက်ပွဲဖြစ်


E-mail Print
ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် မြိုင်ကြီးငူ အထူးဒေသရှိ ထီးလာနဲရွာတွင် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) တပ်ဖွဲ့ဝင်များ အချင်းချင်း ယနေ့ နံနက်က တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

dkba-dec-25-10-01နယ်ခြားစောင့်တပ်မှ ခွဲထွက်သွားသည့် DKBA တပ်ရင်း ၄ ရင်းကို ဦးဆောင်နေသူ တပ်ရင်းမှူး ဒု ဗိုလ်မှူးကြီး စောဘိ (ဗိုလ်ဘိ) ၏ တပ်ဖွဲ့ဝင်များအား DKBA ခေါင်းဆောင်ဟောင်း တဦးဖြစ်သည့် ဗိုလ်မှူးကြီး စောချစ်သူ (ဗိုလ်ချစ်သူ) တပ်ဖွဲ့ဝင်များက သွားရောက်တိုက်ခိုက်ခဲ့ကြောင်း ကရင်အမျိုးသား အစည်းအရုံး (KNU) ဘားအံခရိုင် ဥက္ကဋ္ဌ ဖဒို စောအောင်မော်အေးက ဧရာဝတီသို့ ပြောသည်။

အစိုးရကို သစ္စာခံထားသော နယ်ခြားစောင့်တပ် အမှတ် (၁၀၁၉) တပ်ရင်းမှူး စောလိုက်သိန့် ဦးဆောင်သော တပ်ဖွဲ့ဝင်များ အပါအ၀င် ဗိုလ်ဖားနွီးတပ်ဖွဲ့ဝင်များနှင့် ဗိုလ်ချစ်သူတပ်တို့ ပူးပေါင်း၍ သွားရောက် တိုက်ခိုက်ခဲ့ကြောင်း ၎င်းက ဆိုသည်။

တိုက်ပွဲတွင် နှစ်ဖက် စစ်သည်အင်အား ၄၀၀ ခန့် ရှိကြောင်း၊ သေဆုံး ထိခိုက် ဒဏ်ရာ ရသူများ၏ အခြေအနေများကို စုံစမ်းဆဲဖြစ်ကြောင်း စောအောင်မော်အေးက ဆက်ပြောသည်။

KNU တပ်မဟာ (၇) မှ ဗိုလ်မှူးချုပ် စောဂျော်နီက ယင်း တိုက်ပွဲအခြေအနေများနှင့် ပတ်သက်၍ ဆက်လက်ဖြစ်ပွား လာနိုင်ကြောင်း ပြောဆိုသည်။ 

ပြီးခဲ့သည့် မေလတွင် ခွဲထွက်သွားသော ဗိုလ်ဘိ ဦးဆောင်သည့် ကရင် နယ်ခြားစောင့် တပ်ရင်း ၄ ရင်းကို ပြည်လည်စည်းရုံးရန် ဗိုလ်ချစ်သူက ဇူလိုင်လဆန်းပိုင်းတွင် ကြိုးပမ်းပြီးနောက် နှစ်ဖက် စစ်ရေးတင်းမာ၍ မြိုင်ကြီးငူဒေသ အပြင်ဘက်တွင် နေရာယူထားခဲ့ကြ ခြင်းဖြစ်သည်။

လှိုင်းဘွဲ့မြို့နယ် ပိုင်ကျုံမြို့နယ်ခွဲတွင် ဇူလိုင်လ ၂၀ ရက်နေ့ကလည်း KNU တပ်ဖွဲ့ဝင်များနှင့် နယ်ခြားစောင့်တပ်ဖွဲ့ဝင်များ ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွားခဲ့သေးကြောင်း သိရသည်။ ယင်း တိုက်ပွဲတွင် နယ်ခြားစောင့်တပ်ဖွဲ့ဝင်တဦး ကျဆုံးခဲ့ပြီး ၆၀ မမ လက်နက် အမျိုးအစား တလက်နှင့် လက်နက်ခဲယမ်းများကို သိမ်းဆည်းရမိကြောင်း စောအောင်မော်အေးက ပြောသည်။

ဇွန်လကုန်တွင် ဗိုလ်ဘိ၏ အဖွဲ့က မြိုင်ကြီးငူဒေသရှိ တခွက်ဖိုးရွာအနီး အခြေစိုက်သည့် နယ်ခြားစောင့်တပ် အမှတ် (၁၀၁၁) ကို တိုက်ခိုက်ခဲ့ရာ တပ်ရင်းမှူး ဒု ဗိုလ်မှူးကြီး စိုးနိုင် ကျဆုံးခဲ့သည်။

ကရင်ပြည်နယ်တွင် ဖြစ်ပွားသော တိုက်ပွဲ၊ မငြိမ်မသက်မှုများနှင့် ပတ်သက်ပြီး အစိုးရက သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

ယမန်နှစ် သြဂုတ်လတွင် နယ်ခြားစောင့်တပ် တပ်ဖွင့်ပွဲ အခမ်းအနားများကို လှိုင်းဘွဲ့မြို့နယ် မြိုင်ကြီးငူ ဒေသ၊ ပိုင်ကျုံမြို့နယ် ထန်းတပင်ကျေးရွာ၊ မြ၀တီမြို့နယ် မဲပလဲ့ဒေသ၊ ကော့ကရိတ်မြို့နယ် ထီးဟူးသံ ကျေးရွာနှင့် ကွင်းကလေးဒေသတို့တွင် စစ်အစိုးရက ဦးဆောင်၍ ကျင်းပခဲ့သည်။

DKBA သည် ၁၉၉၅ ခုနှစ်တွင် KNU မှ ခွဲထွက်ပြီးနောက် စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲကာ တဖြည်းဖြည်း အင်အားကြီးမားလာသည့် လက်နက်ကိုင် တပ်ဖွဲ့ တဖွဲ့ဖြစ်သည်။

11ReadMore-2.jpg

မြန်မာဘက်ပို့မည့် လက်နက်များ မဲဆောက်တွင်မိ

မြန်မာပြည်ဘက်သို့ သွားရောက်ပို့ဆောင်မည့် လက်နက်များကို ထိုင်းရဲများက ယမန်နေ့ ညနေပိုင်းတွင် မဲဆောက်မြို့၌ ဖမ်းဆီးလိုက်သည်။

ဖမ်းဆီးရမိသည့် လက်နက်များမှာ M 16 အမျိုးအစား သေနတ်တလက်၊ မောင်းပြန် ရိုင်ဖယ် ၅ လက်နှင့် ကျည်ဆန်များ၊ ဆက်စပ်ပစ္စည်းများဖြစ်ကြောင်း သိရသည်။

Arms_News
ယင်း လက်နက်များကို ဖိဆန်နုလွတ်ခရိုင်မှတဆင့် ထိုင်းနိုင်ငံသား နိုင်နလုလုံး ဘူဆလာခန်က သယ်ယူလာစဉ် မဲဆောက်အနီးရှိ ဟွေ့ယာအု စစ်ဆေးရေးဂိတ်တွင် အဖမ်းခံရခြင်းဖြစ်သည်။

ဘူဆလာခန်က “ဒီပစ္စည်းတွေက မဲဆောက်-မြ၀တီနယ်စပ်က လူတွေဆီ သွားပို့ပေးဖို့ အခကြေးငွေ ဘတ် ၂ ထောင်နဲ့ ဒီပစ္စည်းတွေကို သယ်လာတာပါ” ဟု ထိုင်းရဲထံတွင် ထွက်ဆိုခဲ့သည်။

သတင်းထောက်များ၏ အသေးစိပ် မေးမြန်ချက်များကိုမူ ဘူဆလာခန်က ဖြေကြားရန် ငြင်းဆိုခဲ့သည်။

၎င်း၏ ထွက်ဆိုချက်များနှင့် ပတ်သက်၍ အမှုကွင်းဆက်များ အသေးစိပ်ရရှိရန် ဆက်လက်စစ်ဆေးမှုများ ပြုလုပ်သွားရမည်ဟု မဲဆောက်ရဲတပ်ဖွဲ့မှ ရဲဗိုလ်မှူးကြီး ဒေချာဝထနဖနုံ က ဒေသခံသတင်းထောက်များကို ပြောသည်။

၎င်းက “ဒီလက်နက်တွေက မြန်မာဘက်က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဆီ သွားပို့ကြတာများတယ်။ ဒီအမှုနဲ့ပတ်သက်ပြီး ဆက်လက်ဖော်ထုတ် စစ်ဆေးသွားမှာဖြစ်တယ်။ အခုဖမ်းမိတဲ့ လက်နက်တွေက ထိုင်းစစ်တပ်နဲ့ တခြားလက်နက်ကိုင် တပ်ဖွဲ့တွေက ပျောက်ဆုံးသွားတဲ့ လက်နက်တွေ ဟုတ်မဟုတ်လည်း စစ်ဆေးသွားမှာ ဖြစ်တယ်” ဟု ပြောသည်။

ကရင်ပြည်နယ် မြ၀တီအခြေစိုက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တခုမှ အမည်မဖော်လိုသည့် တာဝန်ရှိသူတဦးက “မြ၀တီနယ်စပ်မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၃ ဖွဲ့ရှိတယ်။ လိုအပ်တဲ့ လက်နက်ခဲယမ်းတွေကို ဟိုဘက်ကမ်း (ထိုင်း) ကပဲ ၀ယ်ရတယ်။ ကျနော်တို့အဖွဲ့လည်း ဒီလိုပါပဲ။ အခုလို အဖမ်းခံရတဲ့ ပြဿနာအများစုက သူတို့အချင်းချင်း ပြန်ပြီး အတို့အထောင်လုပ်လို့ ဖြစ်တာများတယ်” ဟု ဆိုသည်။

မြန်မာဘက်သို့ လက်နက်ပွဲစားများ လာရောက်ပို့ဆောင်သည့် လက်နက်ခဲယမ်းများမှာ အသုံးပြုပြီးသား တပတ်ရစ်များ ဖြစ်သော်လည်း လိုအပ်ချက်အရ တန်ဖိုးငွေ အဆမတန်ပေး၍ ၀ယ်ယူ အသုံးပြုနေရသည်ဟုလည်း ၎င်းက ပြောသည်။

ထိုင်း-မြန်မာနယ်စပ်ရှိ လက်နက်ပွဲစားတဦးက “မြ၀တီအပါအ၀င် မြန်မာနယ်စပ်မှာရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ခွဲတွေကများတော့ ၀ယ်အားနဲ့ ရောင်းအားမှာ ၀ယ်အားက များတယ်” ဟု ပြောသည်။

M 16 သေနတ် တပတ်ရစ်၊ အရည်အသွေး ၅၀ ရာခိုင်နှုန်းကောင်းသေးလျှင် တလက် ထိုင်းဘတ် ၂ သောင်းကျော် (ကျပ် ၅ သိန်းကျော်)၊ ယင်းကျည်ဆန် တတောင့်လျှင် ၁၃ ဘတ် (၃၃၀ ကျပ်ခန့်)၊ AK 47 သေနတ် အရည်အသွေး ၅၀ ရာခိုင်နှုန်း ကောင်းသေးလျှင်လည်း ဘတ် ၂ သောင်းကျော်နှင့် ယင်းကျည်ဆန် တတောင့်လျှင် ၁၅ ဘတ် (၃၈၀ ကျပ်ခန့်)၊ M 79 ကျည်မှာ တလုံးကို ဘတ် ၁ ထောင်ကျော် (ကျပ် ၂ သောင်းခွဲကျော်) ဈေးပေါက်ကြောင်း အဆိုပါ လက်နက်ပွဲစားက ရှင်းပြသည်။

၎င်းက ဆက်လက်၍ ထိုင်း-မြန်မာနယ်စပ်ရှိ လက်နက်ရောင်းဝယ်ဖောက်ကားသည့် ဈေးကွက်သည် သာမန်လူများ လုပ်ကိုင်၍ရသည့် လုပ်ငန်းမဟုတ်ကြောင်းလည်း ပြောကြားသည်။

11ReadMore-2.jpg

နော်ဝေအစိုးရအဆောက်အဦးများ ဗုံးခွဲခံရ

သာကြာ, 22 ဇူလိုင် 2011 VOA

ပေါက်ကွဲမှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အဆောက်အဦးတခုမှထွက်ပေါ်လာသည့် ပျက်စီးစများနှင့် မီးခိုးများကို တွေ့မြင်ရပုံ (ဇူလိုင်လ ၂၂၊ ၂၀၁၁)
ဓာတ်ပုံ AP
ပေါက်ကွဲမှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အဆောက်အဦးတခုမှထွက်ပေါ်လာသည့် ပျက်စီးစများနှင့် မီးခိုးများကို တွေ့မြင်ရပုံ (ဇူလိုင်လ ၂၂၊ ၂၀၁၁)
နော်ဝေနိုင်ငံ အော်စလို (Oslo) မြို့လယ် အစိုးရ ဗဟိုအဆောက်အဦးတွေဟာ ကြီးမားတဲ့ ပေါက်ကွဲမှုကြောင့် ပျက်စီးခဲ့ရပြီး လူအတော်များများ ဒဏ်ရာ ရရှိသွားခဲ့ပါတယ်။ အစိုးရအဆောက်အဦးနားက ရေနံဝန်ကြီးဌာန အဆောက်အဦးဟာလည်း ပေါက်ကွဲမှုကြောင့် မီးလောင်ကျွမ်းခဲ့ရပါတယ်။ ပေါက်ကွဲမှုကြောင့် ၁၇ ထပ်ရှိတဲ့ အဆောက်အဦးရဲ့ ပြတင်းမှန်တွေ အစိတ်စိတ်အမွှာမွှာ ကွဲကျေခဲ့ပါတယ်။
အစိုးရ ဗဟိုအဆောက်အဦးမှာ နော်ေ၀၀န်ကြီးချုပ် ယန်စ် စတိုလန်ဘာ့ဂ် (Jens Stoltenberg) ရဲ့ ရုံးခန်းလည်း ပါဝင်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီနေ့လယ်ခင်း ပေါက်ကွဲမှုကြောင့် ၀န်ကြီးချုပ် ထိခိုက်ဒဏ်ရာမရခဲ့ဘူးလို့ သိရပါတယ်။
ပေါက်ကွဲမှုကြောင့် အနားတ၀ိုက် လူနေအိမ် အပါအ၀င် နော်ဝေနိုင်ငံရဲ့ အကြီးဆုံးလူဖတ်များတဲ့ သတင်းစာ VG နဲ့ တခြား ရုံးအဆောက်အဦးတွေရဲ့ ပြတင်းပေါက်တွေ လွှင့်ထွက်သွားခဲ့တယ်လို့ ဆိုပါတယ်။ ပေါက်ကွဲရတဲ့အကြောင်းရင်းကို ခုထက်ထိ မသိရသေးပေမဲ့ ပျက်စီးသွားတဲ့ ကားတစီးကို အဆောက်အဦးအပြင်ဖက်မှာ မြင်တွေ့ရတဲ့အတွက် ကားနဲ့ဗုံးခွဲတိုက်ခိုက်ခဲ့ပုံ ရတယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။
မျက်မြင်သက်သေတွေရဲ့ အဆိုအရ အစိုးရ အဆောက်အဦးထဲက ထွက်ပြေးလာသူတွေနဲ့ သယ်ထုတ်လာသူတွေကို သွေးအလိမ်းလိမ်းနဲ့ တွေ့မြင်ကြရတယ်လို့ ဆိုပါတယ်။ လူတွေ ကြောက်လန့်တကြား ထွက်ပြေးနေကြပြီး ရိုက်တာသတင်းထောက်ရဲ့ မျက်မြင်တွေ့ရှိချက်အရ အနည်းဆုံး လူ ၈ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

11ReadMore-2.jpg

Thursday, July 21, 2011

ကေအဲန်ယူနှင့် တိုက်ခိုက်မှုကြောင့်နယ်ကြားစောင့် BGF တပ်ဖွဲ့ဝင် ၁ဦး ကျဆုံ


Submitted by on Thursday, 21 July 2011
ဇူလိုင်လ ၂၁ရက်။ နန်းသူးလေ (ကေအိုင်စီ)
ကရင်ပြည်နယ် ပိုင်ကျုံမြို့နယ်အတွင်းရှိ ထီးပယ်ရွာအနားတွင် နယ်ခြားစောင့်တပ်(BGF)နှင့် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်(KLNA)တို့ ယမန်နေ့က တိုက်ပွဲဖြစ်ပွားရာ BGF ဘက်မှ ၁ဦး ကျဆုံးသွားခဲ့သည်ဟု ကေအဲန်ယူဘက်က ပြော သည်။
ယမန်နေ့ နံနက် ၄နာရီတွင် KNLA တပ်မဟာ(၇) တပ်ရင်း(၂၁)၊ (၂၂)တပ်ဖွဲ့ဝင်များနှင့် BGF တပ်ရင်း(၁၀၁၅)တို့ ၁နာရီခွဲအ ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး BGF ဘက်မှ ၁ဦး ကျဆုံးကာ လက်နက်ခဲယမ်းအချို့ကို ကေအဲန်ယူဘက်မှ သိမ်းဆည်းရရှိခဲ့သည်ဟု KNU ဖားအံခရိုင် ဥက္ကဌ ပဒိုစောအောင်မော်အေးက ကေအိုင်စီကို ပြောသည်။
Photo-NPG (ကေအဲန်ယူ တပ်မဟာ(၇) တပ်ဖွဲ့ဝင်တစ်ဦး)
၎င်းက “မနေ့က နံနက် ၄နာရီအချိန် ကျနော်တို့ ကေအဲန်ယူ တပ်မဟာ(၇)တပ်ဖွဲ့နဲ့ နယ်ခြားစောင့်တပ်တို့ ထီးပယ်ရွာဘက်မှာ ၁နာရီကြာ တိုက်ပွဲဖြစ်ပြီး ရန်သူဘက်က ၁ယောက်ကျတယ်။ ပြီးတော့ ရန်သူ့ဆီက ၆၀-မမ တစ်လက်၊ RPG-7 ၆လက်၊ စကား ပြောစက် ၂လုံး သိမ်းဆည်းလိုက်တယ်။”ဟု ပြောသည်။ အဆိုပါတိုက်ပွဲမှာ BGF တပ်ဖွဲ့ဝင် ၂၀ဦးရှိသည့် စခန်းကို သိမ်းဆည်းသည့်တိုက်ပွဲဖြစ်ပြီး ၆၀-၄၄ ကျည် ၁၅လုံး၊ ရှေ့ထွက်မိုင်း ၄လုံး၊ ဆေးဝါးတအိတ်နှင့် အီကွင့်မန့် ၅ချပ်ကိုပါ သိမ်းဆည်းရရှိခြင်းဖြစ်ကြောင်း ကေအဲန်ယူ တပ်မဟာ(၇)မှူး ဗိုလ်မှူးချုပ်စော ဂျော်နီက ထပ်မံ ပြောဆိုသည်။
“ကျနော်တို့လူတွေက စောစောစီးစီး စခန်းတက်သိမ်းတဲ့ တိုက်ပွဲပါ။ အဲဒီမှာ နယ်ခြားစောင့်တပ်က ကျဆုံးသွားတဲ့ အလောင်း တစ်ခုတော့ တွေ့တယ်။ ဒဏ်ရာရတာက ၃ယောက်လို့ သိရပေမဲ့ အတည်မပြုနိုင်ဘူး။ စခန်းကိုတော့ မီးရှို့ပစ်လိုက်တာပေါ့။ ဒီ နယ်ခြားစောင့်တွေက အစိုးရစစ်တပ်နဲ့ ပူးပေါင်းတဲ့တပ်တွေလေ။”ဟု ဆိုသည်။
BGF (၁၀၁၅) တပ်ရင်းကို ဗိုလ်မှူးစောဝင်းနိုင်စိန်က တပ်ရင်းမှူးအဖြစ် ဦးစီးကာ ပိုင်ကျုံမြို့နယ်၊ ထန်းတပင်ကျေးရွာတွင် ၎င်း ၏တပ်ရင်းဌာနချုပ် ထားရှိကြောင်း ကေအဲန်အယ်လ်အေဘက်က ဆိုသည်။
အလားတူ ပြီးခဲ့သည့် ဇူလိုင်လ ၅ရက်နေ့က ကရင်ပြည်နယ်၊ မြ၀တီမြို့နယ် မဲ့ပလဲ့တိုဂွင်၌ လှုပ်ရှားနေသည့် နယ်ခြားစောင့်တပ် ဖွဲ့နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ(၇)တပ်ဖွဲ့များ တိုက်ပွဲများဖြစ်ပွားခဲ့ရာ BGF ဘက်မှ ၃ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

11ReadMore-2.jpg

Wednesday, July 20, 2011

နိုင်ငံတကာခုံရုံး အလိုရှိ ဆာ့ဘ်ဝရမ်းပြေး ဖမ်းဆီးမိ

ဗုဒ္ဓဟူး, 20 ဇူလိုင် 2011
By ဗွီအိုအေ (မြန်မာဌာန)
ဓာတ်ပုံ AP
ဂိုရန် ဟာ့ဒ်ဇစ်ခ်။
စစ်အတွင်း ကျူးလွန်တဲ့ ပြစ်မှုတွေနဲ့ ကုလသမဂ္ဂရဲ့ ခုံရုံးမှာ တင်ဖို့ ကျန်နေသေးတဲ့ နောက်ဆုံးလူတဦးဖြစ်တဲ့ ဂိုရန် ဟာ့ဒ်ဇစ်ခ် (Goran Hadzic) ကို ဆားဘီးယား အာဏာပိုင်တွေက ဖမ်းဆီးလိုက်ပြီလို့ ပြောပါတယ်။
၁၉၉၀ ခုနှစ်တွေက ဖြစ်ပွားခဲ့တဲ့ စစ်ရေး ပဋိပက္ခတွေအတွင်း ပြစ်မှုကျူးလွန်ခဲ့ပြီး ၀ရမ်းပြေးဖြစ်နေတဲ့ ခရိုအေးရှားက ဆာ့ဘ်သူပုန်ခေါင်းဆောင် ဂိုရန် ဟာ့ဒ်ဇစ်ခ်ကို သူတို့ ဖမ်းမိထားတာ သေချာတဲ့အကြောင်း ဆားဘီးယားသမ္မတ ဘိုးရစ် တာဒစ်ခ် (Boris Tadic) က ဒီကနေ့ပဲ အတည်ပြု ပြောဆိုပါတယ်။ သူ့ကို ဒီကနေ့ မနက်ပိုင်းက ဖရာစကာ ဂိုရာ (Fruska Gora) တောင်တန်းဒေသမှာ ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။
၂၀၀၄ ခုနှစ်တုန်းက သူ့ကို လူသားမျိုးနွယ်ပေါ် ကျူးလွန်တဲ့ပြစ်မှု၊ စစ်အတွင်း ကျူးလွန်တဲ့ ပြစ်မှုတွေနဲ့ အရေးယူဖို့ လုပ်ခဲ့ချိန်ကတည်းက သူက ထွက်ပြေးနေခဲ့တာပါ။ သူဟာ ဆာ့ဘ်လူမျိုး မဟုတ်တဲ့ သူတွေကို ရာနဲ့ချီ သတ်ဖြတ်ဖို့ အမိန့်ပေးခဲ့တဲ့သူဖြစ်ပြီး ထောင်နဲ့ချီတဲ့ ဆာ့ဘ်လူမျိုး မဟုတ်သူတွေကိုလည်း တိုင်းပြည်ကနေ နှင်ထုတ်ဖို့ အမိန့်ပေးခဲ့တဲ့သူပါ။
အခုလို သူ့ကို ဖမ်းဆီးမိခဲ့တဲ့အတွက် လိုလိုလားလားကို ကြိုဆိုတယ်လို့ ဥရောပသမဂ္ဂက ဒီကနေ့ပဲ ပြောပါတယ်။
နယ်သာလန်နိုင်ငံ The Hague မြို့ နိုင်ငံတကာ တရားရုံးရဲ့ တောင်းဆိုချက် ထွက်ပေါ်လာပြီး နောက်ပိုင်း ဂိုရန် ဟာ့ဒ်ဇစ်ခ်ကို အခုလို ဖမ်းဆီးမိခဲ့တာပါ။
ဘော့စနီးယား ဆာ့ဘ် စစ်ရေးခေါင်းဆောင် ရတ်ကို မလားဒစ်ရှ် (Ratko Mladic) ကို ပြီးခဲ့တဲ့ မေလတုန်းက ဖမ်းဆီးရမိခဲ့ပြီး အခု ဂိုရန် ဟာ့ဒ်ဇစ်ခ်ကို ထပ်ပြီး ဖမ်းဆီးခဲ့တာပါ။
ရတ်ကို မလားဒစ်ရှ်ဟာ အခု နယ်သာလန်နိုင်ငံ The Hague မြို့ နိုင်ငံတကာ တရားရုံးမှာ တရားရင်ဆိုင်နေရပြီး တကယ်လို့ သူ့မှာ အပြစ်ရှိတယ်လို့ တရားရုံးက ဆုံးဖြတ်ရင် ထောင်ဒဏ်တသက် ကျနိုင်ပါတယ်။

11ReadMore-2.jpg

Tuesday, July 19, 2011

ထိုင်းရဟတ်ယဉ် တစင်းပျက်ကျ တစင်း ပစ်ချခံရ

သောသီခို

ဘိတ်ထားဝယ် ဒေသတွင် ယခုလ ၁၆ ရက်နေ့ က ထိုင်းသစ်တောကို စစ်ဆေးရန်ပျံသန်းနေသော ရဟတ်ယဉ်တစင်း ရာသီဥတုဆိုးဝါးမှုကြောင့် ပျက်ကျသွားတယ်လို့ စုံစမ်းသိရှိရပါတယ်။ အဆိုပါရဟတ်ယဉ်ထဲတွင် ထိုင်းအရာရှိတစ်ဦးအပါအ၀င် ငါးဦးသေဆုံးတယ်ဆို့ သိရပါတယ်။

၎င်းသေဆုံးသူများကို ပြန်လည်သယ်ဆောင်ရန်အတွက် သွားသော ဒုတိယ ရဟတ်ယဉ်မှာ ယနေ့  နေ့ လယ်တွင် အပစ်ချခံရတယ်လို့ ဆိုပါတယ်။ ဗမာ့တပ်မတော်မှ ပစ်ချတယ်လို့  စုံစမ်းသိရှိရပါတယ်။ ရှေးယခင်ကလည်း မြန်မာနယ်စပ်ကိုကျွံဝင်လာသော ထိုင်းကင်းလည့် ရဟတ်ယဉ်ကို ဗမာ့တပ်မတော်မှ ပစ်ချခဲ့တဲ့သဓာက တွေရှိပါတယ်။ အရင်က ပစ်ချခံခဲ့ရတဲ့ထိုင်းရဟတ်ယဉ်ဟာ မြန်မာရှေးတန်းစခန်းတွေ ရှိတဲ့ ဒေသအနီးတွေမှာ ထိုးကျရာမှာ ဗမာ့တပ်မတော်ဖက်မှ ထိုလေယဉ်စအနများကို အကုန်လုံး ဖျောက်ပစ်လိုက်ပါတယ်။ ယနေ့ အချိန်အထိ ဘယ်သူမှ ထိုလေယဉ်ရဲ့ အစအနတွေကို ရှာဖွေမတွေ့ ရှိသေးပါဘူး..

ဗိုလ်ချူပ်မြ အသက်ရှင်စဉ်ကာလက ဗမာ့တပ်မတော်ရဲ့ ရှေးတန်းစခန်းတစ်ခုဖြစ်တဲ့ ဘုရင့်နောင်ကုန်းစခန်းကို KNLA မှ တစ်ခါတိုက်ခိုက်သိမ်းပိုက်ပါသေးတယ်။ ထိုစခန်း သိမ်းပွဲတိုက်ပွဲတွင်ပါဝင်သော တပ်မှုးငယ်တစ်ဦး(ယခုတတိယနိုင်ငံ)မှ ကျနော်တို့ ပြောဆိုရာမှာ " ကျနော်တို့ အဲဒီစခန်းကို တက်တိုက်ဒါ ဘာမှမဟုတ်ပါဘူးကွ.. ထိုင်းအစိုးရက သူတို့ အပစ်ချခံရတဲ့ လေယဉ်က အဲဒီကုန်းမှာရှိတယ်. ဗမာစစ်တပ်က လေယဉ်အစအနတွေကို ဖွဲ့ ထားတယ်ဆို လို့ အဖိုးကြီး(ဗိုလ်ချူပ်မြ)ကို အပူလာကပ်ဒါနဲ့  အဲဒီစခန်းကို ရအောင်ကျနော်တို့ တိုက်ပေးရတယ် လို့ ဆိုပါတယ်။ ဒါပေမယ့် အဲဒီဘုရင့်နောင်ကုန်းစခန်းဝန်းကျင်မှာ လေယဉ်အစအနတွေ ကျနော်တို့ ရှာမတွေ့ လို့  စခန်းကို မီးရှို့ ပြန်လာတယ်" လို့ ဆိုပါတယ်။

ယခုရဟတ်ယဉ်နှစ်စင်းပျက်ကျရာမှာ သတင်းထောက်နှစ်ဦးအပါအ၀င် သေဆုံးသူ အားလုံး ၉ဦး ရှိတယ်လို့ သိရပါတယ်။

ယခုပစ်ချခံရတဲ့လေယဉ်လည်း ဗမာ့တပ်မတော်မှ သူတို့ နဲ့ မဆိုင်သလို နေအုံးမယ့်ပုံပဲလို့  စစ်ရေးလေ့လာသူတစ်ဦး ကျနော်တို့ ကို ပြောပါတယ်။

11ReadMore-2.jpg

မြန်မာ အစိုးရမှာ ဘဏ္ဍာရေးပြဿနာ ပေါ်နေပြီ လို့ NCUB က ထောက်ပြ


RFA     2011-07-19
နေပြည်တော် ဆောက်လုပ်ရေး လုပ်ငန်းတွေမှာ သုံးလ အတွင်း လူနှစ်သောင်းကျော် အလုပ် လက်မဲ့ ဖြစ်သွားရတာဟာ မြန်မာနိုင်ငံမှာ ဘဏ္ဍာရေး ပြဿနာ ပေါ်ပေါက်နေပြီ ဆိုတာ ညွှန်ပြနေတာ ဖြစ်ကြောင်း ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ကောင်စီ NCUB က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

(Photo: AFP)
စစ်အစိုးရ၏ မြို့တော်သစ် နေပြည်တော်ရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင်တခုတွင် နေ့စား အလုပ်သမားများ အလုပ်လုပ်နေပုံ ဖြစ်ပါသည်။ (Photo: AFP)
ဘဏ္ဍာရေး ပြဿနာကြောင့် ငွေကြေး ဖေါင်းပွမှုနဲ့အတူ ဈေးကွက် ထိခိုက်မှုတွေ ပေါ်ပေါက်လြာ့ပီး လစာနည်း အစိုးရ၀န်ထမ်းတွေ၊ တပ်မတော်သားတွေ၊ ရဲဝန်ထမ်းတွေ အပါအ၀င် ပြည်သူအများ စားဝတ်နေရေး ဒုက္ခတွေ ပိုမို ဖိစီးလာနိုင်ကြောင်း၊ စစ်တပ်တွင်းမှာလည်း လစာမပေးနိုင်တဲ့ ပြဿနာတွေ ပေါ်ပေါက်နေတယ် ဆိုတာ ကြားသိနေရကြောင်း NCUB အထွေထွေ အတွင်းရေးမှူး ဦးမောင်မောင် က အာအက်အေ ကိုပြောပါတယ်။ အဲဒါကြောင့် တနိုင်ငံလုံး ငွေကြေး အကြပ်အတည်းနဲ့ ရင်ဆိုင်နေရတဲ့ အခြေအနေမှာ နိုင်ငံအတွက် သက်ဆိုင်သူတွေ အားလုံးပါဝင်ပြီး ညှိနှိုင်း ဆောင်ရွက်နိုင်မယ့် အပြောင်းအလဲတွေ လုပ်ဖို့လိုအပ်နေပြီဆိုတာ ကြေညာချက် ထုတ်ပြန်ရတာ ဖြစ်ကြောင်းလည်း ပြောပါတယ်။ "အနှစ်သာရ ကတော့ ဗမာပြည်မှာ နိုင်ငံရေးစနစ် ပြင်ဖို့ လိုတဲ့အကြောင်းပါ။ စီးပွါးရေး လုပ်ငန်းတွေ လုပ်တဲ့နေရာမှာလည်း တိုင်းပြည်က ပတ်သက်တဲ့လူတွေကို ဆွေးနွေးဖို့ လိုတယ်။ စီးပွါးရေးစနစ်ကို စီမံခန့်ခွဲနေတဲ့ နိုင်ငံရေးစနစ်ကို ပြောင်းဖို့ လိုတယ်လို့ ပြောတာပါ။" ပြီးခဲ့တဲ့ ၂၀၀၃ ခုနှစ်တုံးကလည်း ဘဏ္ဍာရေး ပြဿနာ ကြုံတွေ့ခဲ့ရဖူးကြောင်း၊ အခုတကြိမ် ငွေကြေး အကြပ်အတည်း ပေါ်ပေါက်ရတာဟာ ပြည်ပက စီးပွားရေး ပိတ်ဆို့မှုတွေကြောင့် မဟုတ်ဘဲ၊ တိုင်းပြည်ရဲ့ သယံဇာတ ရောင်းရငွေ တွေကို အနုမြူ သုတေသန နဲ့ ဒုံးကျည် ထုတ်လုပ်ရေး အစီအစဉ်တွေမှာ သုံးစွဲနေတာကြောင့် ဖြစ်ကြောင်း ကြေညာချက်မှာ ထောက်ပြထားပါတယ်

11ReadMore-2.jpg

Monday, July 18, 2011

အစိုးရတပ် ကချင်ဒေသတွင် အကျများ

E-mail Print
ပြီးခဲ့သည့် ရက်ပိုင်းက ကချင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း အစိုးရစစ်သည် ၂၈ ဦးခန့် ကျဆုံးသွားကြောင်း ကချင်လွတ်လပ်ရေး တပ်မတော် (KIA) က ရှေ့တန်း တပ်မှူးများက ပြောသည်။

kachin-war-11
မကြာသေးမီက KIA နောက်တန်း တနေရာတွင် တွေ့ရသော KIA အမျိုးသမီး စစ်သည်များ (ဓာတ်ပုံ - ဧရာဝတီ)

KIA က ခြုံခိုတိုက်ခိုက်သဖြင့် ထိုသို့ အကျအဆုံးများခြင်းဖြစ်ကြောင်း၊ KIA ဘက်မှ တဦး ကျဆုံးပြီး ၄ ဦး ဒဏ်ရာရရှိထားကြောင်း သိရသည်။

“သတင်းအချက်အလက် အသေးစိတ်ကို စုဆောင်းနေတုန်းပဲ” ဟု KIA ၏ နိုင်ငံရေး ဦးဆောင် အဖွဲ့ဖြစ်သော ကချင်လွတ်လပ်ရေး အဖွဲ့၏ တွဲဖက် အထွေထွေ အတွင်းရေးမှူး ဦးလနန်ကပြောသည်။

KIA ရှေ့တန်း တပ်မှူးများ၏ အဆိုအရ ပြီးခဲ့သည့် ၂ရက်အတွင်း ကချင်ပြည်နယ်ရှိ KIA ဌာနချုပ် လိုင်ဇာ ဒေသတွင် အစိုးရ၏ ခြေလျင်တပ်ရင်း အမှတ်၂၁ နှင့် တိုက်ပွဲများ ဖြစ်ပွားခြင်း ဖြစ်ကြောင်း၊ ဗိုလ်ကြီး တဦး အပါအ၀င် တပ်သား ၁၁ ဦးခန့်ကို  လက်နက်များနှင့်တကွ ဖမ်းဆီး ရမိကြောင်း သိရသည်။

ပြီးခဲ့သည့်လက စတင်သည့် တိုက်ပွဲများအတွင်း နှစ်ဘက် သုံ့ပန်းရရှိသည့် သတင်းများ မကြာခဏ ထွက်ပေါ်လာသည်။

အစိုးရက ယခုလ ၄ ရက်နေ့ ရက်စွဲဖြင့် KIA သို့ ပေးပို့သည့် စာတစောင်တွင် ဖမ်းဆီးထားသူများကို ပြန်လွှတ်ပေးရန် တောင်းဆိုထားသည်။ မည်သည့်အချိန်က ဖမ်းဆီးခံရသူများဖြစ်ကြောင်း ဖော်ပြထားခြင်း မရှိပေ။

ကချင်ပြည်နယ် အတွင်း နှစ်ဘက် အပစ်ရပ်ရန် တွေ့ဆုံညှိနှိုင်းမှု၊ အပြန်အလှန် စာရေးသား ဆက်သွယ်မှုတချို့ ရှိသော်လည်း သဘောတူညီမှု တစုံတရာ မရသေးပေ။

အများ လေးစားသည့် ကချင်ဒေသခံ လူကြီးများနှင့် ဖွဲ့စည်းထားသည့် ကချင် အတိုင်ပင်ခံကောင်စီကလည်း ကြားဝင် စေ့စပ်ပေးလျက်ရှိရာ အာဏာပိုင်တို့က ထိုကောင်စီနှင့် မကြာသေးမီက တွေ့ဆုံခဲ့သည်။

ဆက်သွယ်ရေး ၀န်ကြီးဟောင်း မြစ်ကြီးနားမြို့ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော်၊ အာဏာရ ကြံ့ခိုင်ရေးပါတီ အတွင်းရေးမှူး ဦးအောင်သောင်းတို့ ထိုသို့ သွားရောက် တွေ့ဆုံနေစဉ်မှာပင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားပြီး အစိုးရ စစ်သည်များ ဖမ်းဆီးခံရသည့် သတင်း ထွက်ပေါ်လာခြင်း ဖြစ်သည်။

11ReadMore-2.jpg

၅ဝဝဝ တန် အတုမိ

 
 
Written by ကိုဝိုင်း (မဇ္ဈိမ)   
  
ရန်ကုန်တိုင်း ကျောက်တံတားမြို့နယ် မြန်မာနိုင်ငံသားများဘဏ် Myanmar Citizens Bank –MCB ရုံးချုပ်တွင် ၅ဝဝဝ တန် ငွေအတုများ တွေ့ရှိရကြောင်း ရန်ကုန်အခြေစိုက် မော်ဒန်သတင်း ဂျာနယ်တွင်
 ဖော်ပြသည်။

စားအုန်းဆီကိုယ်စားလှယ်တချို့ ဘဏ်သို့လာသွင်းသည့် ငွေထုတ်များထဲတွင် “အဆက်မပြတ်” တွေ့ရှိနေသည်ဟု ဘဏ်တာဝန်ရှိသူကို မေးမြန်းပြီး ဇူလိုင် ၁၅ ရက်နေ့ထုတ်တွင် ဖော်ပြထားသည်။

ငါးထောင်တန် တထုတ်ကို အတုတရွက်နှုန်းဖြင့် ထည့်နေသည်ကို သတိထားမိသည့် ဘဏ်တာဝန်ရှိသူက “ဂိုဏ်းနဲ့ တောင်လုပ်နေလား ထင်စရာ ဖြစ်လာတယ်။ အရင်က ခြောက်လမှ အတု တရွက် နှစ်ရွက်ပဲ ရတာ၊ အခုလို များများ မရဖူးဘူး” ဟု မော်ဒန်ဂျာနယ်ကို ပြောထားသည်။

ဝန်ထမ်းများက ငွေအတုများအစား ငွေအစစ်များဖြင့် အစားထိုး လျော်ပေးနေရသည့်ငွေမှာ ဇူလိုင်လ ပထမအပတ် အတွင်း ၄၅ဝ,ဝဝဝ ကျော်ပြီဟု ဂျာနယ်က ရေးသားထားသည်။

မဇ္ဈိမက MCB ဘဏ်မှ ဝန်ထမ်းတဦးကို မေးမြန်းရာ အတုတွေ့ရှိရကြောင်း ပြောဆိုလိုက်ပြီး “ဗဟိုဘဏ်ကို
 ပြန်အပ်တဲ့အခါကျတော့ ဒီအတုတွေကို ဝန်ထမ်းတွေကပဲ တာဝန်ယူရတာပါ။ အတုပါတာ နံပတ်မတူတာ။ စုတ်ပြဲတာတွေကို ဝန်ထမ်းတွေကပဲ လျော်ပေးရတာပါ” ဟု ပြောသည်။

ငွေတုများတွေ့ရှိမှုကို ယနေ့အထိ အမှုဖွင့်တိုင်တန်းခြင်းမရှိသေးကြောင်း ဘဏ်ဝန်ထမ်းများက ပြောသည်။

ရန်ကုန်အခြေစိုက် ကမ္ဘောဇဘဏ်၊ အာရှ ရန်ကုန်ဘဏ်၊ ထွန်းဖောင်ဒေးရှင်းဘဏ်တို့နှင့် MCB ဘဏ် မန္တလေးဌာနခွဲတို့ကမူ MCB ရန်ကုန်ရုံးချုပ်များတွင်ရှိ ယင်းတို့ဘဏ်များတွင်လည်း အတုမတွေ့ရှိကြောင်းကို တညီတည်း ဖြေကြသည်။

၂ဝဝ၉ ခု အောက်တိုဘာလမှစ၍ ဗဟိုဘဏ်မှ စတင်ဖြန့်ဝေသည့် ၅,ဝဝဝ တန် ငွေစက္ကူ အတုများ ထွက်ပေါ်သဖြင့် ဗဟိုဘဏ်က အသိပေးကြေညာမှုပြုလုပ်ထားရာ ငွေစက္ကူအတုတွင် စက္ကူထောင့် ဖြတ်ရာပါရှိခြင်း၊ ငွေစက္ကူ၏ ဘယ်ဘက်ထောင့်အလယ်၌ လုံခြုံရေး အမှတ်အသားဖြစ်သည့် ရေစာ၊ ငွေကြိုးပေါ်တွင် ငွေစက္ကူတန်ဖိုး ဖော်ပြသည့် စာသား၊ ငွေစက္ကူညာဘက်ထောင့် အလယ်၌ ဗဟိုဘဏ်မှ ရိုက်နှိပ်ထားသောရေစာ စသည်တို့ မပါရှိကြောင်း
 ဖော်ပြခဲ့ဖူးသည်။

မည်သူမဆို ငွေစက္ကူ၊ ဘဏ်ငွေလက်မှတ်များကို အတုပြုလုပ်လျင် ရာဇသတ်ကြီး ပုဒ်မ ၄၈၉ (က) အရ ထောင်ဒဏ် တသက် သို့မဟုတ် ၁ဝ နှစ် ချမှတ်နိုင်သည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။
 ငွေအတုမှန်းသိလျက်နှင့် သုံးစွဲရန်ကြံရွယ်ကာ လက်ဝယ်ထားပါက ထောင်ဒဏ် ၇ နှစ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်ဟုလည်း ဥပဒေပြဋ္ဌာန်းထားသည်။

စီးပွားရေးပညာရှင် ဦးခင်မောင်ညိုက “ကြီးကျယ်တဲ့ ကိစ္စမဟုတ်ဘူး။ ဒါတွေက တွေ့နေကျပဲ။ တနေရာမှာ အရွက်ဘယ်နှစ်သိန်း၊ ဘယ်နှစ်သောင်းတွေ့တာ မဟုတ်ပဲ။ အခုက ၅,ဝဝဝ တန် အရွက် ၁ဝဝ တောင်မရှိဘူး” ဟု စီးပွားရေးလောကအပေါ် အကျိုးမသက်ရောက်နိုင်ကြောင်း ပြောသည်။

၂ဝ၁ဝ ခု ဇန်နာဝါရီလအတွင်းက ပဲခူးမြို့ မြို့မဈေးတွင် ရဲဝန်ထမ်းတဦးက ၅,ဝဝဝ တန်အတုဖြင့် ဈေးဝယ်နေစဉ် ဖမ်းဆီးမိခဲ့ဖူးကြောင်း လွတ်လပ်သည့်အာရှအသံ RFA က သတင်းထုတ်လွင့်ခဲ့ဖူးသည်။

ငွေစက္ကူ တထောင်တန်အစစ် တသိန်းနှင့် အတု ၁ဝ သိန်းကို ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ ဆိုင်ကယ်သမားတဦးထံမှ လဲလှယ်၍ ရန်ကုန်တိုင်း ဒေါပုံမြို့နယ်တွင် ပြန်လည်သုံးစွဲသူ ၃ ဦးကို ဒေါပုံရဲစခန်းက ဖမ်းဆီးခဲ့ကြောင်း ၂ဝ၁ဝ မေလထုတ် ပြည်မြန်မာဂျာနယ်ကဖော်ပြခဲ့သည်။

11ReadMore-2.jpg

မြစ်ဝကျွန်းပေါ်နှင့် ကိုကိုးကျွန်း လှိုင်းကြီးနိုင်






 

Written by သဲသဲ (မဇ္ဈိမ)   
ဧရာဝတီမြစ်ဝကျွန်းပေါ်နှင့် ရန်ကုန်တိုင်း ကိုကိုးကျွန်းအနီး ပင်လယ်ပြင်တွင် တနင်္လာနေ့မှစ၍ လာမည့် ၃ ရက်အတွင်း ၁ဝ ပေခန့်ရှိ ရေလှိုင်းများ တက်လာနိုင်သဖြင့် ရေလုပ်သားများနှင့်
 ရေလမ်းခရီးသွားများ မထွက်ခွာသင့်ကြောင်း မိုး/ဇလ ပညာရှင် ဒေါက်တာထွန်းလွင်က သတိပေး နှိုးဆော် လိုက်သည်။

မြန်မာ့တောင်ဘက်ပိုင်း ကပ္ပလီ ပင်လယ်ပြင်အတွင်း လှိုင်းကြီးကာ မြစ်ဝကျွန်းပေါ်နှင့် ကိုကိုးကျွန်းအနီး ပင်လယ် အထိပါ လှိုင်းကြီးလာနိုင်သည် ဖြစ်ရာ ရေလမ်းခရီးသွားများ အထူးသတိရှိရန် လိုအပ်ကြောင်း နှိုးဆော်ခြင်း ဖြစ်သည်။
mccwလှိုင်းလုံးဝင်ရောက်နိုင်သည့် လမ်းကြောင်းပြ မြေပုံ (ဓာတ်ပုံ - MCCW)
လှိုင်းလုံးဝင်ရောက်နိုင်သည့် လမ်းကြောင်းပြ မြေပုံ (ဓာတ်ပုံ - MCCW)
“လှိုင်းက မြင့်တဲ့အခါ အရှေ့ကို ငိုက်ကျပြီး ခေါင်းဖြူထတယ်၊ တော်တော်လေး ကြီးတယ်။ ရေလုပ်သားတွေဆိုရင်
 လောဘတက်ပြီး ပင်လယ်နက်ထဲ မသွားမိဖို့ အရေးကြီးတယ်။ သင်္ဘောအသေးတွေနဲ့ ခံနိုင်ရည်မရှိတဲ့ သင်္ဘောတွေ
 ဝေးဝေးကို မသွားသင့်ဘူး။ အဓိက သတိထားရမှာက မြစ်ဝကျွန်းပေါ်နဲ့ ကိုးကိုးကျွန်းကြား ဧရိယာတွေ” ဟု ဒေါက်တာထွန်းလွင်က မဇ္ဈိမကို ပြောသည်။ လေပြင်းတိုက်နှုန်းမှာ တနာရီ မိုင် ၄ဝ ခန့်အထိ ရှိနိုင်သည်ဟု ဆိုသည်။



ကပ္ပလီပင်လယ်ပြင်အတွင်း မုန်တိုင်းမဖြစ်ဘဲ လှိုင်းကြီးခြင်းမှာ မုတ်သုန်လေ အားကောင်းခြင်းနှင့် အခြားဘက်မှ ပင်လယ်ရေ စီးဝင်ခြင်းတို့ကြောင့် ဖြစ်ပေါ်တတ်ကြောင်း ဒေါက်တာထွန်းလွင်က ပြောသည်။

တနင်္လာနေ့ထုတ် အစိုးရသတင်းစာ ကြေးမုံ၏ မိုးလေဝသ ခန့်မှန်းချက်တွင်မူ မြန်မာ့ကမ်းရိုးတန်းတလျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တခါတရံ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးနိုင်ကြောင်းနှင့် လေတိုက်နှုန်းမှာ တနာရီ ၃၅ မိုင်အထိ တိုက်ခတ်နိုင်ကြောင်း ရေးထားသည်။

mccw1လှိုင်းလုံးဝင်ရောက်နိုင်သည့် လမ်းကြောင်းပြ မြေပုံ (ဓာတ်ပုံ - MCCW)
လှိုင်းလုံးဝင်ရောက်နိုင်သည့် လမ်းကြောင်းပြ မြေပုံ (ဓာတ်ပုံ - MCCW)
ယနေ့တွင် ဧရာဝတီတိုင်း ပင်လယ်ဝဒေသနှင့် ရခိုင်ပြည်နယ် ကျောက်ဖြူတွင် မိုးရွာနေသည်။

“ကျမတို့ဘက်တော့ မိုးဖွဲဖွဲဖြစ်နေတာပဲရှိတယ်။ ကျန်တာကတော့ ပုံမှန်ပါပဲ။ လှေလည်း ထွက်နေကြတယ်” ဟု ဧရာဝတီတိုင်း ပင်လယ်ဝအနီးရှိ ငွေဆောင်ကျေးရွာသူ တဦးက မဇ္ဈိမကို ပြောသည်။

ကျောက်ဖြူ ဒေသခံက “မနေ့ကတည်းက မိုးဆက်တိုက်ရွာနေတယ်၊ မိုးကြီးတယ်။ ဒါပေမဲ့ လေတော့ သိပ်မတိုက်ဘူး” ဟု ဆိုသည်။

၂ဝ၁၁ မတ်လ ၁၄ ရက်မှ ၁၇ ရက်နေ့အတွင်း စိုက်ဆင်းလေပြင်း ကျခဲ့သဖြင့် ဧရာဝတီတိုင်း ဖျာပုံခရိုင်တခုတည်းပင်
 ရေလုပ်သား ၄ဝဝဝ ကျော် ပင်လယ်တွင်း မျောပါသွားခဲ့သည်။

mccwလှိုင်းလုံးဝင်ရောက်နိုင်သည့် လမ်းကြောင်းပြ မြေပုံ (ဓာတ်ပုံ - MCCW)
လှိုင်းလုံးဝင်ရောက်နိုင်သည့် လမ်းကြောင်းပြ မြေပုံ (ဓာတ်ပုံ - MCCW)
“လှိုင်းက မြင့်တဲ့အခါ အရှေ့ကို ငိုက်ကျပြီး ခေါင်းဖြူထတယ်၊ တော်တော်လေး ကြီးတယ်။ ရေလုပ်သားတွေဆိုရင်
 လောဘတက်ပြီး ပင်လယ်နက်ထဲ မသွားမိဖို့ အရေးကြီးတယ်။ သင်္ဘောအသေးတွေနဲ့ ခံနိုင်ရည်မရှိတဲ့ သင်္ဘောတွေ
 ဝေးဝေးကို မသွားသင့်ဘူး။ အဓိက သတိထားရမှာက မြစ်ဝကျွန်းပေါ်နဲ့ ကိုးကိုးကျွန်းကြား ဧရိယာတွေ” ဟု ဒေါက်တာထွန်းလွင်က မဇ္ဈိမကို ပြောသည်။ လေပြင်းတိုက်နှုန်းမှာ တနာရီ မိုင် ၄ဝ ခန့်အထိ ရှိနိုင်သည်ဟု ဆိုသည်။



ကပ္ပလီပင်လယ်ပြင်အတွင်း မုန်တိုင်းမဖြစ်ဘဲ လှိုင်းကြီးခြင်းမှာ မုတ်သုန်လေ အားကောင်းခြင်းနှင့် အခြားဘက်မှ ပင်လယ်ရေ စီးဝင်ခြင်းတို့ကြောင့် ဖြစ်ပေါ်တတ်ကြောင်း ဒေါက်တာထွန်းလွင်က ပြောသည်။



 
 

11ReadMore-2.jpg

မဲ့ကသာကျေးရွာအတွင်း၌ စာသင်ကျောင်း မဖွင့်နိုင်သေး



ဇူလိုင်လ ၁၈ရက်။ စောသိန်းမြင့် (ကေအိုင်စီ

 
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူဒေသရှိ မဲ့ကသာရွာတွင် တိုက်ပွဲများကြာင့် ထွက်ပြေးတိမ်းရှောင်ခဲ့ကြ သည့် ရွာသူရွာသားများမှာ ယခုအချိန်၌ ရွာတွင် ပြန်လည် နေထိုင်နိုင်ကြပြီဖြစ်သော်လည်း စာသင်ကျောင်းကိုမူ ဖွင့်လှစ်နိုင် ခြင်း မရှိသေးကြောင်း ကေအိုင်စီက စုံစမ်းသိရှိရသည်။
၎င်းရွာရှိ ဘာသာရေးခေါင်းဆောင်တဦးက “ရွာသားတွေ ပြန်နေထိုင်တာ ၁၀ရက်ကျော်သွားပြီ။ အကုန်လုံးတော့ မဟုတ်သေး ပေမဲ့ ထက်ဝက်ကျော်လောက်ရှိပြီ။ ဒါပေမယ့် ပိတ်ထားတဲ့စာသင်ကျောင်းကိုတော့ အခုထက်ထိ ပြန်မဖွင့်နိုင်သေးတဲ့အတွက် ကလေးတွေလည်း မိဘတွေနဲ့အတူ နေ့စားသွားလုပ်တဲ့လူကလုပ်၊ ကျောင်းထွက်ပြီး တခြားရွာကို ပြောင်းသွားတာလည်း ရှိ တယ်။”ဟု ပြောသည်။
ပြီးခဲ့သည့် ဇွန်လ ၁၀ရက်နေ့တွင် မဲ့ကသာကျေးရွာ ဘုန်းကြီးကျောင်းရှိ အစိုးရစစ်တပ် စစ်ကွပ်ကဲရေးဌာနချုပ် (စကခ-၁၉) လက်အောက်ခံ ခမရ(၅၆၃)တပ်ရင်းအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ကေအဲန်အယ်လ်အေ) တပ်ရင်း(၁၆) လက်အောက်ခံ တပ်ဖွဲ့ဝင်တချို့က ၀င်ရောက်ပစ်ခတ်ရာ ရွာသားများအားလုံးနီးပါး အခြားကျေးရွာများသို့ ထွက်ပြေးတိမ်း ရှောင်ခဲ့ရသည်။
အိမ်ခြေ ၉၀ခန့်ရှိ မဲ့ကသာကျေးရွာမှ အိမ်ထောင်စု အများစုမှာ ယခုအချိန်တွင် ရွာတွင်း ပြန်လည်နေထိုင်ကြပြီဖြစ်သော်လည်း အချို့မှာ ကျေးရွာတွင် ထိုဒေသရှိ မိုင်းတွင်းလုပ်ငန်းတွင် နေ့စားအလုပ်လုပ်ကာ နေထိုင်ရပ်တည်ကြသည်။
အမည်မဖော်လိုသူ မဲ့ကသာရွာမှ လူကြီးတဦးက “ကျနော်တို့လူကြီးတွေက ကော်သူးလေကိုလည်း မထိန်းချုပ်နိုင်ဘူး။ အစိုးရ တပ်ကိုလည်း ထိန်းချုပ်နိုင်တာ မဟုတ်ဘူး။ ဒါကြောင့် ဒီစာသင်ကျောင်း ဘယ်အချိန် ပြန်ဖွင့်နိုင်မလဲဆိုတာတော့ တပ်အပ် မပြောနိုင်ဘူး။ နစ်နာတာက ကလေးတွေပဲ။” ပြောသည်။

Photo-KIC (ကရင်ပြည်နယ်မှ မူလတန်းကလေးငယ် ကျောင်းသူကျောင်းသားများ)

ခမရ(၅၆၃)တပ်ရင်းသည် မဲ့ကသာကျေးရွာ ဘုန်းကြီးကျောင်းကို အကာအကွယ်လုပ်ကာ ခြေကုပ်နေရာယူထားသဖြင့် ပြီးခဲ့ သည့် ဇွန်လ ၆ရက်နေ့နှင့် ၁၀ရက်နေ့က ကေအဲန်အယ်လ်အေတပ်ဖွဲ့ဝင်များ ၀င်ရောက်ပစ်ခတ်မှုကို ခံရပြီး ဘုန်းကြီးကျောင်း ခေါင်မိုးကိုထိမှန်ကာ အနည်းငယ် ပျက်စီးသွားခဲ့သည်။ ကိုယ်ထူကိုယ်ထ စာသင်ကျောင်းဖြစ်သည့် မဲ့ကသာ မူလတန်းကျောင်းတွင် ကျောင်းဆရာ ၃ဦးနှင့် ကျောင်းသူကျောင်းသား ၄၀ဦးကျော် ပညာသင်ကြားနေသလို ယခင်ကလည်း အလားတူ ပစ်ခတ်မှုများကြောင့် မကြာခဏ ကျောင်းပိတ်ပစ်ခဲ့ရသည်ဟု ရွာသားများက ပြောသည်။

11ReadMore-2.jpg

ဗိုလ်ကြီး​တဦး​ အပါအဝင် စစ်သုံ့​ပန်း​ ၅ ဦး​ ​ကေအိုင်​အေ ဖမ်း​မိ

by ဒီဗွီဘီ

ကချင်ပြည်လွတ်လပ်​ရေး​တပ်မ​တော် (​ကေအိုင်​အေ)နဲ့​ မြန်မာစစ်တပ်အကြား​ ဖြစ်ပွား​နေတဲ့​ တိုက်ပွဲ​တွေအတွင်း​ မြန်မာစစ်တပ်မှ ဗိုလ်ကြီး​တဦး​ အပါအဝင် စစ်သည် ၅ ဦး​ကို ​ကေအိုင်​အေက ဇူလိုင် ၁၇ ရက်​နေ့​က ဖမ်း​ဆီး​ရမိထား​တယ်လို့​ ​ကေအိုင်​အေတပ်ဖွဲ့​နဲ့​ နီး​စပ်သူ ​ဒေသခံတဦး​က ​ပြောပါတယ်။

ဇူလိုင် ၁၆ ရက်၊​ စ​နေ​နေ့​ ​နေ့​လယ်ပိုင်း​က ဗန်း​မော်-မြစ်ကြီး​နား​ကား​လမ်း​ပေါ်ရှိ မိုး​မောက်မြို့​နယ်၊​ နန့်​ဆန်ယန်​ကျေး​ရွာအနီး​ ခလရ ၂၁ နဲ့​ ​ကေအိုင်​အေ တပ်ဖွဲ့​အကြား​ တိုက်ပွဲဖြစ်ခဲ့​ပြီး​ ခလရ ၂၁ ကို ​ကေအိုင်​အေက ဝိုင်း​ဝန်း​ပိတ်ဆို့​ တိုက်ခိုက်​နေခဲ့​တာ မ​နေ့က အထိ ဖြစ်ပါတယ်။

တိုက်ပွဲစဖြစ်တဲ့​နေ့​ မှာ စစ်ကူလာတဲ့​ လဂျား​ယန်က မြန်မာစစ်တပ်ကို ​ကေအိုင်​အေက ကြား​က ဖြတ်တိုက်လိုက်တာမို့​ ​နောက်ပြန်ဆုတ်သွား​တယ်လို့​ ဆိုပါတယ်။

စစ်သုံ့​ပန်း​ ၅ ဦး​ကို ဖမ်း​ဆီး​ရမိခဲ့​တာနဲ့​ ပတ်သက်လို့​ ​ဒေသခံက အခုလို ​ပြောပါတယ်။

“ဖမ်း ​မိတာ မ​နေ့​က။ စ​နေ​နေ့​ တိုက်ပွဲက​နေ ဟို​ပြေး​လို့​မရ၊​ ဒီလိုလို့​မရလို့​ ပိုက်လုံး​ထဲမှာ ပုန်း​နေတာလို့​ ​ပြောတယ်။ အဲဒါ တပ်ကြပ်ကြီး​ တ​ယောက်ပါတယ်၊​ ဗိုလ်ကြီး​ တ​ယောက်ပါတယ်။ တပ်သား​ ၃ ​ယောက်၊​ အား​လုံး​ ၅ ​ယောက်။ ခလရ ၂၁ လို့​ ​ပြောတယ်။ ​ရေသွယ်တဲ့​ ​ရေနုတ်​မြောင်း​ ပိုက်လုံး​ထဲမှာ ပုန်း​နေတာ။ အ​ရှေ့​လည်း​ ပိတ်ပြီ၊​ ​နောက်မှာလည်း​ တိုက်ပွဲဖြစ်​နေ​တော့​ ​ကေအိုင်​အေ ပိတ်ထား​ပြီဆို​တော့​ မ​ပြေး​တတ်​တော့​လို့​ ပိုက်လုံး​ထဲ ဝင်ပုန်း​နေ​တော့​ ​ကေအိုင်​အေက ဝင်စီး​မိတဲ့​အခါ ပိုက်လုံး​ထဲမှာ ဆွဲထုတ်ခဲ့​တယ် ​ပြောတယ်။”

အဲဒီစစ်သုံ့ ​ပန်း​ ၅ ဦး​စလုံး​ကို ​ကေအိုင်​အေ ဌာနချုပ် လိုင်ဇာကို ​ခေါ်ယူလာပြီး​ ​ကေအိုင်​အေတပ်ဖွဲ့​က ​ကောင်း​ကောင်း​မွန်မွန် ဆက်ဆံထား​ရှိ​ကြောင်း​ အဆိုပါ လိုင်ဇာ ​ဒေသခံက ​ပြောပါတယ်။

ယခင်အ​စောပိုင်း​ကလည်း​ စစ်သုံ့​ပန်း​တွေကို ​ကေအိုင်​အေက အလား​တူ ဖမ်း​ဆီး​ရမိခဲ့​ပြီး​ ​ကောင်း​ကောင်း​မွန်မွန် ဆက်ဆံကာ ပြန်လည် လွှတ်​ပေး​ခဲ့​ပါတယ်။ အခု ဖမ်း​ဆီး​ရမိတဲ့​ စစ်သုံ့​ပန်း​တွေရဲ့​ ကိုယ်​ရေး​ အချက်အလက်​တွေကို​တော့​ ​ကေအိုင်​အေဘက်က ထုတ်ပြန် ​ပြောဆိုတာ မရှိ​သေး​ပါဘူး​။

ဇူလိုင် ၁၆ ရက်​နေ့​ကစလို့​ ဗန်း​မော်-မြစ်ကြီး​နား​ ကား​လမ်း​တ​လျှောက်မှာ တိုက်ပွဲ​တွေ ၂ ရက် ဆက်တိုက်ဖြစ်​နေခဲ့​ရာ ဒီက​နေ့​ မနက်ပိုင်း​မှာလည်း​ ဝိုင်း​မော်မြို့​နယ်အတွင်း​ တိုက်ပွဲ​တွေ ဖြစ်​နေတယ်လို့​ သိရပြီး​ အ​သေး​စိတ် အ​ခြေအ​နေကို​တော့​ မသိရ​သေး​ပါဘူး​။


http://burmese.dvb.no/archives/12802

11ReadMore-2.jpg

Saturday, July 16, 2011

Karen song -Karendy,sorry,ကျံ င် သာ မူး

ဆောရီး ကျင်.သာ.မူးသီချင်းကိုရေးစပ်သီကုံးတဲ့ Kဖိုးခွါးကို

USAမှာကရင်သီးသန့်အများဆုံးနေထိုင်တဲ့မီနီဆိုးတားပြည်နယ်မှာ
လာရောက်စေချင်လိုက်တာနော်ကရင်တွေဘယ်လိုဆန်းသစ်နေကြတာလဲ
ဆိုတာသူရေးတဲ့သီချင်းစာသားထက်ပိုဆိုးနေမလားဘဲ   ကဲကဲ အဲခါန်.သင့် ဆီကနေကုးလာတဲ့သီချင်းလေးကိုရှုစားလိုက်ပါဦး။


11ReadMore-2.jpg

Template by:

Free Blog Templates