Tuesday, July 5, 2011

မြဝတီရှိ BGF တပ်ဖွဲ့အား KNLA ၀င်ရောက်ပစ်ခတ်၊

Submitted by admin on Tuesday, 5 July 2011--
ဇူလိုင်လ ၅ရက်။ စောသိန်းမြင့် (ကေအိုင်စီ)

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ် မယ့်ပလယ်တိုဂွင်တွင် လှုပ်ရှားသည့် နယ်ခြားစောင့်တပ် BGF တပ်ဖွဲ့အား ယမန်နေ့က ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ(၇) တပ်ဖွဲ့များက သွားရောက်ပစ်ခတ်ခဲ့ရာ BGF တပ်ဖွဲ့ဝင် ၃ဦး ထိ ခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

မြ၀တီမြို့၏ မြောက်ဘက် ၇မိုင် အကွာအဝေးရှိ မယ်ပလယ့်တိုဂွင်တွင် လှုပ်ရှားသည့် BGF တပ်ရင်း(၁၀၁၈)တပ်ရင်းအား ယမန်နေ့ မနက် ၉နာရီကျော်တွင် KNLA တပ်မဟာ (၇)လက်အောက်ခံ တပ်ရင်း(၁၀၁)တပ်ဖွဲ့ဝင်များက ချိန်ကိုက်မိုင်းများနှင့် အတူ သွားရောက်ပစ်ခတ်ခဲ့မှုကြောင့် ယခုလို BGF တပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်ဟု DKBA အရာရှိဟောင်း တစ်ဦးက ပြောသည်။

သူက “ပစ်ခတ်မှုကတော့ ၁၀မိနစ်လောက်ပဲ ကြာတယ်။ ပစ်ခတ်မှုဖြစ်တဲ့နေရာကတော့ ကျော်ဝေါ်ခို့နဲ့ ထီးလော်သီကြားမှာ ဖြစ်တယ်။ BGF တာဝန်ခံကတော့ ခြေထောက် ထိမှန်တယ်။ အခြားနှစ်ယောက်ကတော့ တော်တော်အထိနာတယ်။ ဆီးအိမ် ပေါ်မှာ တစ်ယောက်ထိတယ်။ တင်ပါးမှာ တယောက်ထိတယ်။ ဖြစ်ပွားမှု ပြီးပြီးချင်းမှာပဲ မဲဆောက်ဆေးရုံကို ပို့လိုက်တယ်။”ဟု ပြောသည်။

၎င်းပစ်ခတ်မှု ဖြစ်ပွားရာနေရာတွင် ဗိုလ်မှူးစောမောင်ဝင်း ဦးစီးသည့် BGF တပ်ရင်း(၁၀၁၈)က အစိုးရစစ်တပ်နှင့် ပူးပေါင်း၍ KNLA တပ်ဖွဲ့ဝင်များ၏ ၀င်ထွက်သွားလာမှုကို ချောင်ပိတ်ချင်သောကြောင့် ယခုလို KNLA တပ်ဖွဲ့ဝင်များက လက်ဦးမှု ရယူ လိုက်ခြင်းဖြစ်ကြောင်း ၎င်း DKBA တပ်မှူးက ဆက်ပြောသည်။

အဆိုပါ ပစ်ခတ်မှုမှာ မှန်ကန်သော်လည်း ပစ်ခတ်မှု၏ဖြစ်စဉ် အသေးစိတ်ကို အတိအကျ မသိရှိရသေးကြောင်း KNLA (၁၀၁) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး စောဖောဒိုက ပြောသည်။

ထိုကိစ္စနှင့်ပတ်သက်၍ BGF တပ်ရင်း(၁၀၁၈)မှ တာဝန်ရှိသူများအား ကေအိုင်စီက မေးမြန်းရန် အကြိမ်ကြိမ် ကြိုးစားဆက် သွယ်ခဲ့သော်လည်း ဖုန်းလိုင်းမရရှိခဲ့ပေ။

ပြီးခဲ့သည့် ဇွန်လ ၂၉ရက်နေ့ကလည်း ကော့ကရိတ်မြို့ တောင်ဘက် ၃မိုင်အကွာရှိ နန်းရွှေမုံကျေးရွာတွင် လှုပ်ရှားသည့် ဗိုလ် မှူးစောကျော်သက် ဦးစီးသော DKBA တပ်မဟာ(၅)တပ်ဖွဲ့အား ဗိုလ်မှူးမြတ်ခိုင် ဦးစီးသည့် BGF တပ်ရင်း(၁၀၁၆)မှ တပ်ဖွဲ့ ၀င်တချို့က ရှောင်တခင် ၀င်ရောက်ပစ်ခတ်မှုကြောင့် DKBA တပ်ဖွဲ့ဝင် ၂ဦး ကျဆုံးပြီး လက်နက် ၆လက်ကို BGFမှ သိမ်း ဆည်းသွားခဲ့သည်ဟု စစ်ဘက်ဆိုင်ရာ သတင်းအရ သိရသည်။

11ReadMore-2.jpg

Monday, July 4, 2011

ခိုင်မြဲတည်တံ့သောအစိုးရ (စောဘဦးကြီးရေးသည်)

တိုင်းပြည်မရှိသော  လူတစ်မျိုးသည်  လူမျိုးကြီးတစ်မျိုး(Nation)ဟုကမ္ဘ္ဘာအသိအမှတ်ပြုလိမ့်မည်
မဟုတ်ခြေ။အကြောင်းမှုကား၎င်းလူမျိုးသည်  ကိုယ့်မင်းကိုယ့်ချင်းနဲ့နေနိုင်ခွင့်မရဘဲတပါးလူမျိုး၏
လက်အောက်၌သာနေ ထိုင်ကြရခြင်းကြောင့်ဖြစ်ပေသည်။   ပင်ကိုတိုင်းပြည်ရှိနှင့်သောလူတစ်မျိုး
သည်ကိုယ့်မင်းကိုယ့်ချင်းနှင့်မနေရသော်    မိမိတို့၏ ညံ့ဖျင်းမှုကြောင့် သာလျှင်ဖြစ်ပြီး နိုင်ငံရပ်ခြား
တိုင်းတစ်ပါးသားများ၏    လက်အောက်ခံအဖြစ်ဖြင့်သာအောက်ကျနောက်ကျ   ရှိကြရလေသည်။
သို့ရာတွင်ကိုယ့်တိုင်းကိုယ့်ပြည်ကိုယ့်မင်းကိုယ့်ချင်းနှင့်ရှိသောလူမျိုးတို့သည်ကား သူတပါး၏လက်
အောက်ခံသို့မရောက်စေရန်ခိုင်မြဲတည်တံ့သောအစိုးရကိုရရန်အတွက်အင်တိုက်အားတိုက်လုံးပန်း
ကြရမည်ပင်ဖြစ်သည်။အောက်ပါအချက်ကြီး(၃)ချက်နှင့်ပြည့်စုံသောအစိုးရသည် ကာလကြာမြင့်စွာ
တည်တံ့နိုင်မည်ဖြစ်ပေသည်။

 
( ၁ )    လူထူမေတ္တာ
( ၂ )    လူထု၏ကြည်ညိုခြင်း 

( ၃ )    လုံခြုံမှုတွက်စိတ်ချရခြင်း 


                        

                        (၁) လူထုမေတ္တာ
             

အစိုးရတိုင်း၌ ပထမလိုအပ်သော  တာဝန်ဝတ္တရားသည်ကား   တိုင်းပြည်အတွင်းငြိမ်ဝပ်  ပိပြားရေး
ရရှိအောင်စောင့်ရှောက်ထိန်းသိမ်းရေးပင်ဖြစ်သည်     တိုင်းပြည်အတွင်းငြိမ်ဝပ်ပိပြား ရေး ရရှိသည်
နှင့်အမျှတိုင်းရင်းသားများ၏ အသက်နှင့်စည်းစိမ်လုံခြုံမှုတို့ကို  ရရှိနိုင်မည်ဖြစ်၍  တိုင်းရင်းသားများ
၏သက်သာချောင်ချိရေးသည် ပေါက်ဖွါးလာကာ အစိုးရအပေါ်၌ ကြည်ညိုအားထားလေးစားသော
မေတ္တာစိတ်များသည်    အလိုအလျှောက်ဖြစ်ပေါ်လာမည်ဖြစ်ပေ သည်။လူထု၏မေတ္တာအစစ်အမှန်
ကို  တကယ်တမ်းရရှိသော အစိုးရသည်    မိမိတို့၏  စီမံအုပ်ချုပ်မှု၌ အခက်အခဲဟူသ၍ တို့ကိုလွယ်
ကူစွာအောင်မည်နိုင်မည်ဖြစ်သဖြင့်အုပ်ချုပ်ရေးတည်တံ့မှုကိုရရှိနိုင်မည်ဖြစ်ပေသည်။သို့ဖြစ်၍တည်
တံ့ခိုင်မြဲလိုသောအစိုးရတိုင်းတိုင်ပြည်၏လူထုမေတ္တာကိုရယူသင့်ကြပေသည်။            


       

                         (၂ ) လုထု၏ကြည်ညိုခြင်း 



အစိုးရ၏အုပ်ချုပ်မှုတည်တံ့ရေးတွင်အကျုံးဝင်လျှက်ရှိသော အရင်းခံဝတ္တရားကြီးတစ်ခုသည်ကား
တိုင်းပြည်၏ကိုယ်စားလှယ်အစစ်အမှန်များကို   တရားသောနည်းအတိုင်းရွေးကောက်တင်မြှောက်
၍   အဆိုပါကိုယ်စားလှယ်များက ရေးဆွဲသောဥပဒေများကို  တိုင်းရင်းသားအားလုံးစည်းကမ်းသေ
ဝပ်စွာ ညီညီညာညာလိုက်နာကြခြင်းပင်ဖြစ်၏။အစိုးရသည်တိုင်းပြည်၏စည်းကမ်းဥပဒေအရတရား
သဖြင့်အုပ်စိုးနိုင်မှသာလျှင် လူထုကြည်ညိုခြင်းကိုခံရလိမ့်မည်ဖြစ်၏။ လူထု၏ကြည်ညိုခြင်းကိုရရှိမှ
သာလျှင် အုပ်ချုပ်ရေးတည်တံ့ခိုင်မြဲနိုင်မည်ဖြစ်ပေသည်။  မျက်နှာကြီးငယ်လိုက်ခြင်း၊အဂတိတရား
လိုက်စားခြင်း၊လာဘ်ပေးလာဘ်ယူမှုများကိုလက်သင့်ခံခြင်းစသည်တို့ဖြင့်မကင်းသောအစိုးရသည်
လူထု၏အကြည်ညိုကိုအခိုက်အတန့်မျှသာရယူနိုင်မည်ဖြစ်သဖြင့်လူထု၏ထောက်ခံမှုကိုကြာမြင့်စွာ
မရနိုင်ဘဲအုပ်ချုပ်ရေးတည်တံ့မှုကိုပျက်ပြားစေရန်အကြောင်းတစ်ရပ်ဖြစ်ပေသည်။ 
                  

                   (၃) လုံခြုံမှုအတွက်စိတ်ချရခြင်း                        
 

တိုင်းသူပြည်သားအားလုံးတို့၏လုံခြုံစွာနေထိုင်နိုင်ရေးအတွက် သက်ဆိုင်ရာအစိုးရသည်စီမံပေးနိုင်
ရမည်ဖြစ်၏။ ပြည်တွင်း၏ဆူးညှောင့်ခလုတ်များဖြစ်ကြသော  ခိုးသား။ဓါးပြနှင့်သောင်းကျန်းသူများ
ကိုနှိမ်နှင်းနိုင်ရမည်အပြင် ပြည်ပဖြစ်သောတိုင်းတစ်ပါးသားတို့၏ဘေးရန်ကိုလည်း ကာကွယ်ပေးနိုင်
စွမ်းရှိရမည်ဖြစ်ပေသည်။  တိုင်းပြည်အတွင်းလုံခြုံမှုအတွက်  စိတ်ချလက်ချ မနေကြရလျှင်တိုင်းရင်း
သားများသည် မိမိတို့၏အစိုးရအပေါ်တွင်အယုံအကြပျက်ပြားကာ   အုပ်ချုပ်မှုတည်တံ့ရေးကို ချက်
ချင်းထိခိုက်နိုင်စရာအကြောင်းရှိပေသည် ဖေါ်ပြပါအချက်သုံးချက်နှင့်ပြည့်စုံသောအစိုးရတိုင်းသည်
မိမိတို့၏အုပ်ချုပ်ရေးနှင့်ပတ်သက်၍တိုင်းရင်းသားများ၏   ယုံကြည်အားထားမှု၊ကြည်ညိုလေးစားမှု၊

စိတ်သက်သာမှုစသည်တို့ကို တကယ်တမ်းရရှိနိုင်မည်ဖြစ်ရာ တိုင်းရင်းသားအားလုံးကြီပွါးတိုးတက်မှု
သက်မှုသက်သာချောင်ချမှုတို့ကြောင့် စည်ပင်ဝပြောသောတိုင်းပြည်အဖြစ်သို့အသွင်ပြောင်းနိုင်မည်
ဖြစ်သည့်အတိုင်း တည်တံ့ခိုင်မြဲသောအစိုးရအဖြစ်ဖြင့် တည်မြဲနိုင်မည်ဖြစ်သောကြောင့် ကမ္ဘာတခွင်၌
တိုင်းပြည်အသီးသီးရှိအစိုးရအဖွဲ့တိုင်းသည် တည်တံ့ခိုင်မြဲသောအစိုးရဖြစ်လိုသော ဖေါ်ပြပါအချက်

ကြီး(၃) ချက်ကိုလက်မလွတ်သင့်ကြောင်း ရေးသားရပေသတည်း။         













11ReadMore-2.jpg

Sunday, July 3, 2011

သံမှူးကြီး ဦးကျော်ဝင်း နိုင်ငံရေး ခိုလှုံခွင့် တောင်းခံ

RFA

2011-07-03
ဝါရှင်တန် ဒီစီရှိ အမေရိကန်နိုင်ငံ ဆိုင်ရာ မြန်မာသံရုံး ဒုတိယ အကြီးအကဲဖြစ်တဲ့ သံမှူးကြီး ဦးကျော်ဝင်းဟာ သူ့ရဲ့တာဝန်တွေကို စွန့်လွှတ်လိုက်ပြီး အမေရိကန် ပြည်ထောင်စုမှာ ဒီကနေ့ ဇူလိုင်လ ၄ ရက်နေ့မှာ နိုင်ငံရေး ခိုလှုံခွင့်တောင်းခံလိုက်ပါတယ်။

RFA
၂၀၁၁ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့မှာ အမေရိကန်နိုင်ငံမှာ နိုင်ငံရေး ခိုလှုံခွင့်တောင်းခံလိုက်တဲ့ ၀ါရှင်တန် ဒီစီရှိ အမေရိကန်နိုင်ငံ ဆိုင်ရာ မြန်မာသံရုံး ဒုတိယ အကြီးအကဲဖြစ်သူ သံမှူးကြီး ဦးကျော်ဝင်း ဖြစ်ပါသည်။ ဓါတ်ပုံ - RFA
နိုင်ငံခြားရေးဌာနမှာ ၁၉၈၀ ခုနှစ်က စပြီး တာဝန် ထမ်းဆောင်ခဲ့တဲ့ သံမှူးကြီး ဦးကျော်ဝင်း က သူဟာ မြန်မာ အစိုးရ အပေါ်မှာ ယုံကြည်မှု ကင်းမဲ့ သွားပြီ ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ ကျင်းပခဲ့တာ မှန်ပေမယ့် အမှန် ပကတိမှာ ဒီမိုကရေစီ အရိပ်အယောင် မြင်တွေ့ရခြင်း မရှိကြောင်း၊ အမေရိကန် ပြည်ထောင်စုက မြန်မာအစိုးရ ခေါင်းဆောင်ပိုင်း အပေါ် ကန့်သတ် ပိတ်ပင်မှုကို မိမိ ထောက်ခံကြောင်း၊ တပြိုင်နက်မှာပဲ အမေရိကန် ပြည်ထောင်စု အနေနဲ့ မြန်မာ အစိုးရ အပေါ် အနီးကပ် ဆက်ဆံမှုတွေကို တိုးချဲ့သင့်ကြောင်း စသဖြင့် အာအက်ဖ်အေ နဲ့ သီးသန့် တွေ့ဆုံရာမှာ ပြောဆိုလိုက်ပါတယ်။

11ReadMore-2.jpg

တပ်ရင်းမှူး စောဖေါဒိုနဲ့ ဆက်သွယ်မေးမြန်းချက်

စောဒါးဘို၊ ၀၃-၀၇-၂၀၁၁ 

ကချင်ပြည်နယ်ဘက်က  KIA နဲ့  ဗမာစစ်တပ်တို့ ငြိမ်းချမ်းရေးဆွေးနွေးနေချိန်မှာ ကရင်ပြည်နယ်၊
မြိုင်ကြီးငူဒေသမှာတော့ စစ်ရေးတင်းမာမှုအနေအထားမှာရှိနေတယ်ဆိုတာ အားလုံးသိပြီးသား ဖြစ်
ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး KNU တပ်မဟာ(၇)၊ တပ်ရင်း(၁၀၁)
မှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး စောဖေါဒိုနဲ့ ဆက်သွယ်မေးမြန်းထားပါတယ်။

မေး- မြိုင်ကြီးငူအနီး၊ တခွက်ဖိုးမှာ ဖြစ်ပွားတဲ့တိုက်ပွဲမှာ BGF အမှတ် ၁၀၁၁ မှ တပ်ရင်းမှူး ဒု ဗိုလ်
မှူးကြီး စိုးနိုင်ကျဆုံးသွားတယ်ဆိုတော့ ဒီအချိန်မှာ မြိုင်ကြီးငူရဲ့ အနေအထားက ဆက်ပြီး စစ်ရေး
တင်းမာနေတယ်လို့ ပြောလို့ရမလား။

တပ်ရင်းမှူးစောဖေါဒို - စစ်ရေးက အခု တင်းမာနေတယ်၊ မနေ့ မနက်ပိုင်းကလည်း နအဖရဲ့ တာ
ဝန်ပေးခိုင်းစေချက်အရ မောင်ချစ်သူနဲ့ မုတ်သုန်တို့က အင်အား (၂၀၀ )လောက်ရှိတဲ့  ကားအစီး
(၂၀)နဲ့ မြိုင်ကြီးငူဘက်ကို ထွက်သွားတယ်။ ဒီအင်အားတွေနဲ့ သူတို့ဘာတွေလုပ်မယ်၊ ဘယ်လို
လှုပ်ရှားမယ်ဆိုတာ နောက်ဆက်တွဲသတင်း ဘာမှမရသေးပါဘူး။

မေး- ဒါဆို ဗိုလ်ချစ်သူ၊ ဗိုလ်မုတ်သုန်တို့တပ်ဖွဲ့ဟာ မြိုင်ကြီးငူကို ပြန်လည်သိမ်းပိုက်ဖို့  အရိပ်အ
ယောင် ရှိနေတယ်ပေါ့။

အခုဟာက အဲလိုထင်ကြေးပေးရမှာပေါ့၊ ဘာဖြစ်လို့လည်းဆိုတော့ နအဖ တိုင်းရင်းမှူးအမိန့်အရ
သွားတာကိုး။ တစ်ချို့သော ရဲဘော်တွေကတော့ အချင်းချင်းတိုက်ရမှာ မလုပ်ချင်ကြဘူး။ ညီအစ်ကို
အချင်းချင်း မလုပ်ချင်ကြတဲ့  အနေအထားမှာ ဘယ်လိုပုံလာဦးမလဲဆိုတာ အဖြေက  ထွက်မလာ
သေးဘူး... နော်။

မေး- တကယ်လို့ ဗမာစစ်တပ်ရော၊ ဗမာစစ်တပ်ဘက်က သစ္စာခံ ဗိုလ်ချစ်သူတို့လို နယ်ခြားစောင့်
တပ်ဘက်က ဗိုလ်ဘိကို ငြိမ်းချမ်းရေးအတွက် ဆွေးနွေးဖို့ ကမ်းလှမ်းလာမယ်ဆိုရင် ဗိုလ်ဘိအနေနဲ့
ဘယ်လိုတုံ့ပြန်မယ်လို့ ထင်ပါသလဲ။

ဒီလိုရှိပါတယ်၊ ဒီပြသနာစဖြစ်တာက မေ (၂၅)ရက်ညမှာ၊  ဗိုလ်ဘိတို့တပ်ဖွဲ့က  ဗိုလ်မှူးဘသိန်းတို့
အဖွဲ့ ကို ၀င်ရောက်ပစ်ခတ်ရာမှာ ဗိုလ်ဘသိန်းဘက်တပည့် (၂)ယောက် ကျဆုံးသွားတယ်၊ ဗိုလ်မှူး
ဘသိန်းလည်း ထွက်ပြေးလွတ်မြောက်သွားတယ်၊ ပြသနာက အဲဒီကနေစပြီးတော့ ဇွန်လ(၃)ရက်နေ့
မှာ နအဖဘက်က တိုင်းရင်းမှူး ဗိုလ်ချုပ်ထွန်းနေလင်းဟာ  ဗိုလ်ဘိနဲ့တွေဖို့  မြိုင်ကြီးငူကိုသွားပေမဲ့
ဗိုလ်ဘိကအတွေ့မခံဘူး၊ပြီးတော့ ဇွန်(၆)ရက်နေ့မှာ ဗိုလ်ဘိအား မြိုင်ကြီးငူမှာရှိတဲ့ BGF အားလုံးကို အာဏာသိမ်းခေါင်းဆောင်လို့ မှတ်တဲ့  ဒု ဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းကိုယ်တိုင်က ဗိုလ်ဘိနဲ့ တွေ့ဖို့ သွားပြန်ပါတယ်။  SPDC က ဗိုလ်ဘိနဲ့ ဆွေးနွေးချင်တာကိုး။ ဒါကို ဗိုလ်ဘိက လုံးဝ လက်ခံတွေ့ဆုံ
မှု မရှိပါဘူး။ ပြီးတော့ ဇွန်လ(၈)ရက်နေ့မှာ ဆရာတော်ဦးသုဇနက မြိုင်ကြီးငူကို ပြန်ရောက်လာတယ်၊
အဲဒါ (၉)ရက်နေ့၊ (၁၀)ရက်နေ့မှာ ချစ်သူတို့ဘာတို့ သွားသေးတယ်၊ မောင်ချစ်သူသွားတဲ့အချိန်မှာ
ဆရာတော်က ဗိုလ်ဘိနဲ့ ပေးတွေ့လိုက် ပြီးတော့ သူတို့ကို သစ္စာရေ သောက်ခိုင်းတယ်၊ ဆရာတော်
က '' မောင်ချစ်သူ....မင်းညီအစ်ကို အချင်းချင်း ပစ်ခတ်သတ်ဖြတ်ခြင်း လုံးဝမလုပ်ရဘူး၊  ဗိုလ်ဘိလုပ်
တာကို  မင်းကလက်မခံဘူး၊  မင်းဒီကေဘီအေကို ပြန်ပြီး  လက်မခံနိုင်ရင် နေ..ရတယ်၊   BGF ပဲလုပ်၊
ဒါပေမဲ့ ညီအစ်ကို အချင်းချင်း ပစ်ခတ်သတ်ဖြတ်တာကို မင်းလုံးဝ မလုပ်ရဘူး၊" မိန့်ကြားတာကို လက်
ခံပြီး သစ္စာရေ သောက်တယ်လို့ ကျွန်တော်တို့က သတင်းရတယ်၊ အဲဒီလို အခြေအနေမှာ ရှိခဲ့တယ်။
တင်းမာမှုက တဖြည်းဖြည်းကြီးထွားလာပြီး တပ်မ(၄၄)လက်အောက်ခံ တပ်တွေက လှာကာ၊ ထီ့ဖူးခလုံး
တွေမှာ တပ်လာချထားတဲ့ အနေအထားတွေ ရှိလာတယ်။

မေး- ဗိုလ်ဘိတို့ဘက်ကရော စစ်ရေး ပြင်ဆင်မှု အခြေအနေက ဘယ်လိုရှိပါသလဲ။ဆိုလိုတာကKNLA
နဲ့ ထိရောက်တဲ့ ပူးပေါင်းမှုတွေ ရှိပါသလား။

အဲဒီအတွက် မပူပါနဲ့၊ ကျွန်တော်တို့က မဖြစ်ခင်ကတည်းက အဆက်အသွယ်ရှိပြီးသားပါ။ ကရင့်လက်
နက်ကိုင်တပ်ဖွဲ့တွေဟာ အချင်းချင်း ကူညီဖို့ ၀န်မလေးကြသလို လိုအပ်တဲ့ ဆေးဝါး၊ ရိက္ခာကအစ ပံ့ပိုး
ကူညီမှုတွေ ရှိကြပါတယ်။

မေး- နောက်ပြီးတော့ ဒီကော့ကရိတ်-မြ၀တီကားလမ်းပေါ်မှာ  နအဖစစ်တပ်တွေ တစ်ဂိတ်ပြီးတစ်ဂိတ်
ကားတစ်စီးကို ဘယ်လောက်ဆိုတာ ကောက်ခံနေတယ်။ ဆိုင်ကယ်တစ်စီးဆိုလျှင် ဂိတ်အကုန်ဖြတ်ပြီး
ရင် အနည်းဆုံး သုံးသောင်းလောက် ကုန်ကျသွားတယ်၊ ဒါက မြ၀တီကနေ ဘားအံအထိပေါ့နော်။
ဒါတွေကို လျစ်လျူရှုပြီးတော့ရံပုံငွေရှာဖွေနေတဲ့ DKBA အဖွဲ့တွေကို ကရင်သူပုန်တွေ လမ်းပေါ်ဆက်
ကြေးကောက်ခံနေကြတယ်လို့ မီဒီယာတွေမှာ ဖေါ်ပြကြတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ တပ်ရင်းမှူး
အနေနဲ့ ဘာများပြောဖို့ရှိပါသလဲ။

ဒါကတော့ ဒီလိုပါ။ ဥပမာ ကျွန်တော်ကမြို့ထဲမှာနေတယ်၊  အတွင်းစည်းထဲမှာ ရှိနေတယ်၊ ကျွန်တော်
က ကျွန်တော့်လူမျိုးကို ထောက်ခံချင်ပေမဲ့ ထောက်ခံမရဲဘူး။ လူထုတွေကတော့ နအဖကို လုံးလုံး မ
ထောက်ခံကြဘူး။ တို့တော်လှန်ရေးက မှန်တယ်ဆိုတာကို ထောက်ခံချင်ကြတယ်။  ဒါပေမဲ့ ဗြောင်
မထောက်ခံရဲဘူး။ အဲဒါကြောင့် အရိပ်အယောင်ပြပါဆိုပြီးတော့မှ အခုလို ပညာသားပါပါ လုပ်ကြရ
တာ၊ မီဒီယာမှာ ဒီသတင်းကို တွေ့တွေ့ချင်း ဗိုလ်ကျော်သက်တို့ဆီမှာရော ကျွန်တော့်ရဲဘော်တွေ
ဆီမှာရောဖုန်းဆက်တယ်။ အော် ဒီလိုပါလားဆိုတာ သိရတယ်။

မေး- ကရင့်တော်လှန်ရေးသမားအတွက် တနည်းအားဖြင့် ကရင့်အမျိုးသားလှုပ်ရှားမှုမှာ ဆင်နွဲနေ
ကြတဲ့  လက်နက်ကိုင်  ကရင်တပ်ဖွဲ့တွေကို ကူညီပံ့ပိုးနိုင်ဖို့အတွက် ပြည်ပမှာ ရောက်ရှိနေကြတဲ့
ကရင်လူမျိုးတွေကို အမှာစကားလေး မှာကြားပေးပါဦး။

ဖြေ- လူမျိုးတစ်မျိုးမှာ(ဘယ်လူမျိုးမဆို) အမျိုးသားရေးနဲ့ပတ်သက်ပြီး အယောက်စီတိုင်းမှာ တာဝန်
ရှိကြတယ်ဆိုတာ အားလုံးသိပြီးပဲဖြစ်တယ်။   အရင်တုန်းကဆို ကျွန်တော်မကြာခဏ ပြောဖူးတယ်၊
ဘယ်နေရာ၊ ဘယ်ဒေသပဲရောက်ရောက် အလွယ်ဆုံးဥပမာတစ်ခု ကျွန်တော်ပေးချင်တယ်။ငါးကြည်း
နဲ့ ငါးခူဟာခွဲလို့မရတဲ့ "ငါး'' ဆိုတဲ့ ရေသတ္တ၀ါအတူတူပဲဖြစ်တယ်၊ ဒါပေမဲ့ဒီငါးကြည်းနဲ့ငါးခူကို ရေထဲ
လွှတ်လိုက်ရင် ငါးခူက ငါးခူအုပ်ထဲကို သွားမယ်၊ ငါးကျည်းက ငါးကျည်းအုပ်ကိုပဲသွားတယ်၊  ဒီတော့
DKBA လုပ်တယ်၊ BGF လုပ်တယ် ၊ ဗမာနဲ့ပေါင်းတယ်..... မရဘူး။   ကရင်က ဗမာနဲ့ ပေါင်းလို့ကို
မရဘူး၊ ပေါင်းကြည့်မှ အကြောင်းသိမယ်၊........... ဒါကြောင့် အမျိုးသားစည်းလုံးညီညွတ်ရေးအတွက်၊
အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက်၊ အမျိုးသားပြန်လည်ပေါင်းစည်းရေးအတွက်၊ အမျိုးသား တိုး
တက်ရေးအတွက် ကရင့်အမျိုးသားတိုင်းမှာ တာဝန်ရှိတယ်၊ ထိုနည်းလည်းကောင်းပဲ ကမ္ဘာတစ်ဝှမ်းမှာ
ကရင်အမျိုးသားတွေ ရောက်ရှိပြန့်ကြဲနေပြီဖြစ်တယ်၊ ကရင့်အမျိုးသားအလံတော်ကိုလည်း ကမ္ဘာက
အသိအမှတ်မပြုသေးပေမဲ့ သိနေကြပြီ။ အဲလိုအနေအထားမှာ ဘယ်နေရာပဲရောက်ရောက်၊ ဘယ်
ဘ၀မှာပဲရောက်ရောက် အမျိုးသားရေးအတွက်နဲ့ စွမ်းဆောင်နိုင်တဲ့ဘက်က လုပ်ရမှာပဲ။ အဲဒီတော့
ပြောစကားတွေ၊ ဝေဖန်မှုတွေ၊ ကဲ့ရဲ့မှုတွေ ချီးမွမ်းမှုတွေကို အမျိုးမျိုးကိုလည်း ကြားရမှာဖြစ်တယ်။
ဒါတွေကို ကြံ့ကြံ့ခံနိုင်အောင် အားမွေးပြီးတော့ ဘယ်နေရာ ဘယ်ဒေသပဲရောက်ရောက် အမျိုးသား
သာယာဝပြောရေးအတွက်၊ လွပ်လပ်တဲ့ အချုပ်အခြာအာဏာပြည်နယ်ရရှိရေးအတွက် ကရင်အမျိုး
သားတိုင်းမှာ တာဝန်ရှိတယ်လို့ ကျွန်တော်က ဒီလိုပဲ မှာချင်ပါတယ်....................။
ကိုးဒီသွေးမှကူးယူသည်။

11ReadMore-2.jpg

သိုးရေခြုံသော  ၀ံပုလွေတို့ရေ  ဒီတစ်ပွဲတော့  ရဲရဲကြီးပြောရဲတယ်  DKBAနဲ့KNU ကတော့ ဘယ်တော့မှမပြုတ်နိုင်သလို      ပြုတ်စရာရှိက မင်းတို့လို လက်ကိုင်တုတ် တိုက်ခွေး
တွေဘဲဆိုတာ      ပွဲပြီးမှစောင်ကြည့်ရန်မလို      ဗေဒင်မေးရင်ဆန်ကုန်တယ်ဒီတစ်ခါ
မင်းတို့အလှည့်ဆိုတာ- - - - -

11ReadMore-2.jpg

Saturday, July 2, 2011

KNLA တပ်ဖွဲ့ဝင်များ စောင့်ကြိုပစ်ခတ်မှုကြောင့် ခမရ(၅၄၇) တပ်ရင်းမှူးကျဆုံး

ဇူလိုင်လ ၂ရက်။ စောသိန်းမြင့် (ကေအိုင်စီ)

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် ခလယ့်ဒေးကားလမ်းအတိုင်း တက်လာသည့် အစိုးရစစ်တပ်အား ယနေ့မွန်းလွဲပိုင်းတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်ဖွဲ့များက စောင့်ကြိုပစ်ခတ်ခဲ့ရာ အစိုးရတပ်ဘက်က တပ်ရင်းမှူး တစ်ဦး အပါအ၀င် ၂ဦး ကျဆုံးကာ ၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု KNLA ဘက်က ပြောသည်။

ယနေ့ မွန်းလွဲ ၁း၂၀နာရီအချိန်တွင် ခလယ့်ဒေးကျေးရွာ ကားလမ်းအတိုင်း ချီတက်လာသည့် အစိုးရ စစ်တပ် ခမရ(၅၄၇) စစ် ကြောင်း(၁)အား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ(၇)တပ်ဖွဲ့ဝင်များက စောင့်ကြိုပစ်ခတ်ခဲ့မှု ကြောင့် ယခုလို အစိုးရစစ်ဘက်က ထိခိုက်ကျဆုံးခြင်းဖြစ်သည်ဟု KNLA တပ်မဟာ(၇)၏ ရုံးထိုင်မှူး ဗိုလ်မှူးစောအယ်ဆဲဆဲ က ပြောသည်။

၎င်းက “ဒီနေ့မွန်းလွဲ ၁း၄၅နာရီအချိန်မှာ ခလယ့်ဒေးကားလမ်းအတိုင်း တက်လာတဲ့ ခမရ(၅၄၇)တပ်ရင်းကို ကျနော်တို့လူတွေ သွားစောင့်ပစ်တယ်။ အဲဒီမှာ ရန်သူ့ဘက်က ၂ဦးသေ၊ ၄ဦး ဒဏ်ရာရတယ်။ သေဆုံးသူ ၂ဦးထဲမှာ တပ်ရင်းမှူး ၁ဦးနဲ့ တပ်ခွဲမှူး ၁ဦးပါတယ်။ ဒဏ်ရာရရှိသူထဲမှာ တပ်ခွဲမှူး ၁ဦးနဲ့ တပ်ကြပ်ကြီး ၁ဦး ပါတယ်။ ဒဏ်ရာရတဲ့ တပ်ခွဲမှူးက လည်ပင်းမှာ ထိမှန်တဲ့ အတွက် အသည်းအသန်ပဲ။”ဟု ပြောသည်။

အဆိုပါ ပစ်ခတ်မှုမှာ မိနစ်ပိုင်းခန့်သာဖြစ်ပွားခဲ့ပြီး KNLA ဘက်က အပိုင်နေရာယူထားသောကြောင့် ထိခိုက်ကျဆုံးမှု တစုံတရာ မရှိကြောင်း ဗိုလ်မှူးစောအယ်ဆဲဆဲက ပြောသည်။

KNLA တပ်မဟာ(၇)တွင် ယခုလအတွင်း အစိုးရစစ်တပ်နှင့် ပထမဦးဆုံးအကြိမ် ပစ်ခတ်မှုဖြစ်ပွားခြင်းဖြစ်ပြီး ယခင် ပစ်ခတ်မှု များကလည်း ယခုကဲ့သို့ အစိုးရစစ်တပ်ဘက်မှ တပ်ရင်းမှူးအဆင့်ရှိ သေဆုံးမှုများ ရှိခဲ့သည်။

တဆက်တည်းတွင် ပြီးခဲ့သည့် ဇွန်လ ၂၉ရက်နေ့ည ၁၂နာရီအချိန်တွင် နယ်ခြားစောင့်တပ်(BGF) တပ်ရင်း(၁၀၁၂) တပ်ရင်း မှူး ဗိုလ်မှူးစောဘိ ဦးစီးသည့်တပ်ဖွဲ့များက ဖာပွန်မြို့နယ်၊ ကမမောင်းကျေးရွာရှိ အစိုးရစစ်တပ်အား ၀င်ရောက်ပစ်ခတ်ခဲ့သလို ဇွန်လ ၃၀ရက်နေ့ ညနေ ၄နာရီအချိန်တွင် လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးရွာအနီးရှိ တခေါ့ဖိုးတွင် BGF တပ်ဖွဲ့ဝင် အချင်းချင်း ပစ် ခတ်မှု ဖြစ်ပွားခဲ့သည်။

၎င်းပစ်ခတ်မှုများကို ဖြေရှင်းရန်အတွက် ယနေ့မနက်တွင် BGF အကြံပေးပုဂ္ဂိုလ် စောချစ်သူ(ယခင် ဒီကေဘီအေ ၉၉၉ တပ်မ ဟာ ဗျူဟာမှူး)နှင့် BGF (၁၀၂၂) တပ်ရင်းမှူး ဗိုလ်မှူးမုတ်သုန်တို့သည် ကားအစီး ၂၀ကျော်ဖြင့် မြိုင်ကြီးငူဒေသဘက်သို့ ချီ တက်သွားသည်ဟု ကိုယ်တိုင်မြင်တွေ့သူများရှိသလို စစ်ဘက်ဆိုင်ရာ သတင်းရပ်ကွက်အရလည်း သိရသည်။

11ReadMore-2.jpg

သုတို့နိုင်ငံရေးနှင့် ကရင့်နိုင်ငံရေးဆက်စပ်မှုများ

ထိုင်းရွေးကောက်ပွဲကိုဘဲအချိန်ကုန်ခံအငြင်းပွါးကာကိုယ့်အမျိုးသားနိုင်ငံရေး
ကိုမဆွေးနွေးဖြစ်ကြဘဲသူများနိုင်ငံရေးကိုဘဲဆွေးနွေးနေကြတဲ့ ကျနော့်ရဲ့
သူငယ်ချင်းတစ်စုအတွက်ကျနော်ရဲ့အမြင်တစ်ချို့ ကိုဟာသပုံစံနဲ့
အရှိကိုအရှိအတိုင်း ထိုင်းအစိုးရတို့ရဲ့ကရင်လူမျိုးအပေါ်ထားတဲ့
စိတ်နေသဘောထားကို ထင်ဟတင်ပြပေးလိုက်ခြင်းဖြစ်ပါတယ်





           ကျနော့် ပါတီပြန်လည်အနိုင်ရရင်တော့ ခင်ဗျားတို့ ကရင်ပြည်သူတွေအတွက် ကတော့
တရုတ်ရယ် ဗမာရယ် ထိုင်းရယ် ပေါင်းပြီးကရင်ပြည်နယ် မြ၀တီနားမှာ
 စက်မှုဇုံဖွင့်ဘို့စီမံကိန်းကိုအနောက်အယှက်ပေးနိုင်တဲ့KNU+DKBA 
  နဲ့ကရင်ပြည်သူတွေကိုမျိုးဖြုတ်ပစ်ရလိမ့်မယ်။
===============================================
        


"ငါ့ညီမ"  ဦးဆောင်တဲ့ငါ့ပါတီ အနိုင်ရရင်တော့ 
ငါ့ ၀န်ကြီးချုပ်လက်ထက်က ဆက်မလုပ်ဖြစ်ခဲ့တဲ့
တရုတ်၊ဗမာ၊ထိုင်း ရေကါတာစီမံကိန်းအတွက်      သံလွင်မြစ်ကြောင်း
တစ်လျှောက် ကရင်ပြည်နယ်ကို  ရေအောက်ရောက်အောင် သူမကဘဲ
ဆက်လုပ်ပါလိမ့်မယ်။

11ReadMore-2.jpg

Friday, July 1, 2011

ဓါးစာခံရွာသား ၁၀၀ကျော်အား အစိုးရစစ်တပ် ပြန်လွှတ်ပေးခဲ့

Submitted by admin on Friday, 1 July 2011--
ဇူလိုင်လ ၁ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
ပြီးခဲ့သည့်အပတ်က ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ဓါးစာခံအဖြစ် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသော အဇင်းရွာသား ၁၀၀ကျော်ကို အစိုးရစစ်တပ်က ယမန်နေ့တွင် ပြန်လွှတ်ပေးလိုက်ပြီဟု သိရသည်။
ထိုဒေသရှိ ကရင်တပ်ဖွဲ့များက ၎င်းတို့ အရှင်ဖမ်းဆီးရမိသည့် စစ်တပ်မှ ဒုတပ်ကြပ်တဦးအား ယမန်နေ့က ပြန်လွှတ်ပေးလိုက်ပြီး နောက် စစ်တပ်ဘက်မှလည်း ဓါးစာခံအဖြစ် ၎င်းတို့ ဖမ်းဆီးထိန်းသိမ်းထားသည့် ရွာသားများကို ယခုလို ပြန်လွှတ်ပေးလိုက်ခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောသည်။
ယင်းသို့ ရွာသားများ ပြန်လည် လွတ်မြောက်လာသော်လည်း ရွာပြင်ရှိ ၎င်းတို့၏ လုပ်ငန်းခွင်သို့သွားပါက ယခင်လို ညအိပ်သွားလာ ခွင့်မရှိတော့ဘဲ နေ့ချင်းပြန်ဖြင့်သာ သွားလာခွင့်ရှိသည်ဟု ကရင်လူ့အခွင့်အရေးအဖွဲ့(ကေအိတ်ခ်ျအာရ်ဂျီ)၏ ပြောခွင့်ရ စောအဲလ် ဘတ်က ပြောသည်။
“စစ်တပ်က သုံးလေးရက် ထိန်းသိမ်းထားပြီးတော့ အခု ပြန်လွှတ်လိုက်ပြီလို့ ကျနော်တို့ သိရတယ်။ ဒါပေမယ့် အလုပ်ခွင်ကိုသွား ရင် ညအိပ်သွားလို့ မရဘူး။ နေ့ချင်းပြန်ပဲ သွားခွင့်ရှိတယ်။”ဟု ပြောသည်။
ဒီကေဘီအေတပ်ဖွဲ့များ အစိုးရကို ပြန်လည် တိုက်ခိုက်ပြီးနောက်ပိုင်း အဇင်းကျေးရွာတွင် ပစ်ခတ်မှုများ မကြာခဏ ဖြစ်ပွားလျှက် ရှိပြီး ပြီးခဲ့သည့် ဧပြီလကလည်း အစိုးရစစ်တပ်နှင့် ကရင်တပ်ဖွဲ့များအကြား ဆက်တိုက် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ရာနှင့် ချီသည့် ရွာသားများ ထိုင်းနိုင်ငံနယ်စပ်၊ အုန်းဖန်မြို့နယ်သို့ ခေတ္တ ထွက်ပြေးခိုလှုံခဲ့ရသ

11ReadMore-2.jpg

ကရင်နယ်ခြားစောင့်ချင်း တိုက်ပွဲ ဖြစ်၊ တပ်ရင်းမှူး တဦးကျ

E-mail Print
ကရင် နယ်ခြားစောင့်တပ်ဖွဲ့ချင်း ယမန်နေ့က တိုက်ပွဲဖြစ်ပွားသောကြောင့် နယ်ခြားစောင့်တပ်ရင်းမှူး တဦး ကျဆုံးသွားသည်။

alt
၂၀၁၀ သြဂုတ်လ အတွင်းက ကရင်ပြည်နယ် မြ၀တီ ခရိုင်၌ နယ်ခြားစောင့်တပ် ဖွဲ့စည်းသည့် အခမ်း အနား(ဓာတ်ပုံ - ဧရာဝတီ)
ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် မြိုင်ကြီးငူရွာအနီးရှိ တခွက်ဖိုးရွာ တွင် အစိုးရကို သစ္စာခံသည့် ကရင် နယ်ခြားစောင့်တပ်နှင့် သစ္စာမခံသည့်တပ်များ ယမန်နေ့ညနေ ၄ နာရီခန့်က စတင်ဖြစ်ပွားသည့်တိုက်ပွဲတွင် ကရင်နယ်ခြားစောင့်တပ် အမှတ် ၁၀၁၁ ၏ တပ်ရင်းမှူး ဒု ဗိုလ်မှူးကြီး စိုးနိုင် ကျဆုံးသွားခြင်း ဖြစ်သည်။

ထိုဒေသတွင် တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသား တပ်မတော်(DKBA)ဗဟိုမှ အသွင်ပြောင်းထားသည့် နယ်ခြားစောင့် တပ်ရင်း ၁၀၁၁၊ ၁၀၁၂၊ ၁၀၁၃၊ ၁၀၁၄ စသည့် တပ်ရင်းများအခြေစိုက်ပြီး လက်ရှိအစိုးရ၏ အုပ်ချုပ်မှုအောက်တွင် ဆက်မနေလိုသဖြင့်၊ တပ်ရင်း ၁၀၁၁ မှလွဲ၍ ကျန်တပ်ရင်း ၃ ရင်းမှာ ယခင်လကစ၍ DKBA အဖြစ် ဘက်တံဆိပ်များကိုပြန်လည် တပ်ဆင်ခဲ့ကြပြီး မကျေနပ်မှုများကို အရေးဆိုခဲ့ကြသည်။

အစိုးရကို သစ္စာမခံသည့် နယ်ခြားစောင့်တပ်ရင်း ၃ ရင်းကိုဦးဆောင်သည့် တပ်ရင်း ၁၀၁၂ တပ်ရင်းမှူး ဒု ဗိုလ်မှူးကြီး စောဘိ (ဗိုလ်ဘိ)က ယမန်နေ့ညနေတွင် တခွက်ဖိုးရွာ အနီး အခြေစိုက်သည့် တပ်ရင်းမှူး ဒု ဗိုလ်မှူးကြီး စိုးနိုင်၏ တပ်ရင်း ၁၀၁၁ ကို ၀င်ရောက် တိုက်ခိုက်ရာ ဒု ဗိုလ်မှူးကြီး စိုးနိုင် ကျဆုံးသွားရခြင်း ဖြစ်သည်။

၂ နာရီနီးပါးကြာသည့် အဆိုပါတိုက်ပွဲတွင် ဗိုလ်ဘိ ဦးဆောင်သည့်တပ်ဖွဲ့က စစ်ရေးအရ အချက်အခြာကျသည့် မီးဆိုင်းရွာတံတား၊ လက်ခတ်ရွာ တံတားနှင့် အခြား တံတားတစင်းတို့ကို ဖျက်ဆီးလိုက်သည်ဟု ဗိုလ်ဘိအဖွဲ့က ပြောသည်။

တံတား ၃ စင်းဖျက်ဆီးလိုက်သည့် သတင်းနှင့်ပတ်သက်၍ ဧရာဝတီက သီးခြားအတည်ပြုချက်ရယူနိုင်ခြင်း မရှိသေးပါ။

တိုက်ပွဲဖြစ်စဉ်နှင့်ပတ်သက်၍ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်(KNLA)တပ်ရင်း ၁၀၁ ၏ တပ်ရင်းမှူး ဒု ဗိုလ်မှူး ကြီးဖောဒိုက“မနေ့ညနေ ၄ နာရီကနေ ၆ နာရီအထိဖြစ်တာ စိုးနိုင်က မြန်မာအစိုးရကိုသစ္စာခံပြီး ကိုယ့်အချင်းချင်းပြန်တိုက်ဖို့လုပ်လို့ ဗိုလ်ဘိအဖွဲ့က သွားတိုက်တာ၊ တိုက်ပွဲမှာစိုးနိုင်ကျသွားတယ်၊ အဲဒီ ဒေသမှာ စစ်ရေးအရ လုံးဝတင်းမာသွားပြီ” ဟုဧရာဝတီသို့ ပြောသည်။

KNLA တပ်မဟာ ၇ ၏ တပ်မဟာမှူး ဗိုလ်မှူးချုပ် ဂျော်နီကလည်း ယမန်နေ့က ဖြစ်ပွားခဲ့သည့်တိုက်ပွဲကို အတည်ပြုပြောကြား ပြီး အသေးစိပ် အခြေအနေများကို မသိရှိရသေးကြောင်း ပြောဆိုသည်။

ဗိုလ်ဘိ ဦးဆောင်သောအဖွဲ့သည် လွန်ခဲ့သည့် ဗုဒ္ဓဟူးနေ့ညကလည်း ကမမောင်းရွာရှိ အစိုးရ စစ်တပ် ၏ တပ်စခန်းတခုကို ၀င်ရောက်တိုက်ခိုက်ရာ ဒေသခံရွာသားတဦး သေဆုံးပြီး တံတားတစင်း ပျက်စီးခဲ့သည်ဟု ဒေသ ခံရွာသားများက ပြောသည်။

ဘားအံမြို့ခံ ကရင်နိုင်ငံရေးပါတီတခု၏ တာဝန်ရှိသူတဦးက ဘားအံမြို့မှတဆင့် အစိုးရစစ်တပ်များ လှိုင်းဘွဲ့မြို့နယ်ဘက် သို့ ကုန်းလမ်း ရေလမ်းများမှတဆင့် လက်နက် ခဲယမ်းများနှင့် အင်အားတိုးမြှင့်ပို့ဆောင်မှုများ ရှိနေသဖြင့် ကရင်ပြည်နယ် အတွင်း မကြာမီ စစ်မီး တောက်လောင်နိုင်သည်ဟု သုံးသပ်ပြောကြားသည်။

ဗိုလ်ဘိ ဦးဆောင်သည့်အဖွဲ့ကို ပြန်လည်စည်းရုံး၍နားချပေးရန် ကရင်ပြည်နယ်အစိုးရအဖွဲ့ က DKBA နာယက ဆရာတော် နှင့် အကြံပေးအဖွဲ့များကို စေလွှတ်ခဲ့သော်လည်း ဗိုလ်ဘိ ခွဲထွက်အဖွဲ့က လုံးဝလက်ခံခြင်းမရှိဟုလည်း ၎င်းကပြောသည်။

DKBA သည် ယခင် နအဖ စစ်အစိုးရ ကမ်းလှမ်းသည့် နယ်ခြားစောင့်တပ်အဖြစ် ၂၀၁၀ ပြည့်နှစ် သြဂုတ်လ ၁၈ ရက်နေ့မှ စတင် အသွင်ပြောင်းခဲ့ပြီး လက်ရှိတွင် တပ်ရင်း ၁၀ ရင်းရှိရာ အင်အား၂၀၀၀ ၀န်းကျင်ရှိကြောင်း DKBA တာဝန်ရှိသူများက ပြောဆိုထားသည်။

ဗိုလ်မှူးကြီး စောလားပွယ် ဦးဆောင်သည့် DKBA တပ်မဟာ ၅ တပ်ဖွဲ့သည် နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးကို လက်မခံဘဲရွေး ကောက်ပွဲ ကျင်းပနေသည့်၂၀၁၀ နိုဝင်ဘာ ၇ ရက်နှင့် ၈ ရက်နေ့များမှစတင်၍ ကရင်ပြည်နယ်အတွင်းရှိ အစိုးရတပ်များကို တိုက်ပွဲများ ဆင်နွှဲခဲ့သည်။

DKBA သည် ၁၉၉၄ ခုနှစ်တွင် KNU မှ ခွဲထွက်၍ ယခင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေးယူခဲ့သော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ဖြစ်သည်။

11ReadMore-2.jpg

မီနီဆိုးတားပြည်နယ်မှာ အစိုးရက Shuts down လုပ်လို့ ၀င်ငွေမရှိသူများအခက်ကြုံ

July 1, 2011 1:56 AM

Minnesota gov't shuts down amid deficit fight

Gov. Mark Dayton speaks during a press conference hours before the midnight deadline to pass a budget at the Minnesota State Capitol, June 30, 2011 in St. Paul, Minn. (AP)
(AP)  ST. PAUL, Minn. - Minnesota stumbled into its second government shutdown in six years on Thursday, with a partisan divide over taxes and spending to close a $5 billion deficit becoming only more bitter as a midnight deadline came and went without agreement.
Any hope of a last-minute budget deal between Democratic Gov. Mark Dayton and Republican legislative leaders evaporated around 10 p.m., when Dayton appeared to say he and Republicans were still fundamentally divided over how much the state should spend the next two years and that he saw no chance of avoiding a shutdown.
"It's significant that this shutdown will begin on the Fourth of July weekend," Dayton said. "On that date we celebrate our independence. It also reminds us there are causes and struggles worth fighting for."
Republicans appeared again minutes later, and tried to hang blame for the shutdown around the governor's neck. They said the two sides were closer than he admitted, and they criticized his refusal to call a special session so lawmakers could pass a "lights on" budget bill to keep government running. Dayton refused, saying he's been clear for months that he would only agree to a total budget approach.
"I think the governor's insistence that we pass a full budget is not going to be of much comfort to Minnesotans who are going to see delays on the highways because construction projects stop," said Senate Majority Leader Amy Koch, R-Buffalo. "It's not going to comfort people who can't use our state parks, or who can't get a driver's license."
The two sides didn't meet again ahead of the deadline.
The shutdown means thousands of layoffs, a standstill for road projects and padlocked state parks just ahead of the Fourth of July weekend. The effects were already being felt hours ahead of the deadline, as people rushed Thursday to get driver's and fishing licenses, and park officials began warning campers to pack their gear and leave.
Though nearly all states are having severe budget problems this year, Minnesota was alone in its futility, thanks to Dayton's determination to raise taxes on high-earners to close a $5 billion deficit and the Republican Legislature's insistance that the gap should be closed by cutting spending.
Negotiations between Dayton and legislative leaders were fitful Thursday, starting and stopping with no outward signs of progress. After talks broke down for the last time, Dayton and GOP leaders gave conflicting accounts of the last few rounds of offers.
Republican Sen. Michelle Benson said earlier in the day she wasn't budging, a position that Republican leaders held to even after it became clear the shutdown was coming.
"If we don't start taking a different approach to how we manage our government, we're going to swing from one bad economic circumstance to another," Benson said. "We can't just keep throwing more money at government and hoping that makes things better."
The showdown was something of a small-stage version of the drama taking shape in Washington between President Barack Obama and the Republicans over taxes and the nation's debt ceiling.
Though many states are having budget difficulties this year, those where political power is concentrated in a single party easily passed budgets. Some of those with divided government had healthy reserves, including Alaska, Iowa and Montana; Minnesota's rainy-day accounts are drained. Others such as Louisiana and Nevada used one-time money or federal dollars to patch things together. Nevada and Missouri renewed taxes.
In New Jersey, Republican Gov. Chris Christie used the line-item veto Thursday to pare a budget from the Democratic-controlled Legislature before signing it into law, preventing a shutdown.
Only four other states — Michigan, New Jersey, Pennsylvania and Tennessee — have had shutdowns in the past decade, some lasting mere hours. Minnesota's last shutdown, in 2005, lasted just eight days and was far smaller than this stoppage because lawmakers had agreed on several pieces of the budget.
Minnesota's stoppage halted non-emergency road construction, shut the state zoo and Capitol, and stopped child-care assistance for the poor. More than 40 state boards and agencies would go dark. Critical services, including the State Patrol, prisons, disaster response and federally funded health, welfare and food stamp programs, will continue.
State park officials told campers to strike their tents well before the deadline. They said it would be too difficult to herd campers out in the middle of the night if talks failed.
In Afton State Park, near St. Paul, Rick Miller of Elko-New Market pushed up a camping trip with his 7-year-old son, Jack, to beat the shutdown. Miller originally hoped they could spend Thursday and Friday nights in the park on the picturesque St. Croix River, but he booked a campsite for Wednesday night.
"With the shutdown we decided we better come and get it in," he said. "We don't know how long it will be before we can get back into a state park." He added: "It's too bad they can't just get the job done."
A small group of protesters paraded before reporters clustered outside Dayton's office on Thursday afternoon, chanting and waving signs to support the governor's position. "You say cut back, we say fight back!" they yelled. One woman carried a handmade sign that read: "GOV DAYTON DON'T BACK DOWN!"
Dayton is Minnesota's first Democratic governor in 20 years, and Republicans are running the entire Legislature for the first time in 38 years.
Dayton has proposed raising taxes on couples earning more than $300,000 and individuals making more than $180,000. Republicans have opposed any new taxes or new revenue sources, arguing instead that the state should rely on spending cuts, including deeper reductions in health and welfare spending than Dayton is willing to accept.
Some GOP moderates have talked of breaking the impasse with other means of raising revenue, such as eliminating tax breaks or authorizing a casino. Dayton has said he is open to such ideas.
Rank-and-file Republicans gathered at the Capitol on Thursday, more than a month after their regular session ended. Members of the large Republican freshman class, whose election victories in November helped the party take control of the Legislature for the first time in decades, held tight to their message that a total two-year state budget of $34 billion is big enough.
"I personally think the Republicans will probably be more damaged than the governor" by a shutdown, said freshman Rep. Mike LeMieur, R-Little Falls, who toppled an incumbent Democrat in November. "The fact is that we're all up for re-election again next year, and he's not up for three years."

11ReadMore-2.jpg

Thursday, June 30, 2011

ကမမောင်းရှိ အစိုးရစစ်တပ်အား နယ်ခြားစောင့်တပ်များ ၀င်ရောက်ပစ်ခတ်

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHQGJwExbQCINa3ERfcf0LOYvGwWUEv-tiuxaZbNmsI5Q_OSdlfvuobuP4AZ25FBt5YD_TPYxko1HVmLqb8P-Z7jcp9hRFelKqES6Tpw6JPo4omdUhcYEWbp0nBEXcY6OHYWa4NgQvGkTP/s1600/dkba-solider.jpg
စောသိန်းမြင့် (ကေအိုင်စီ)

ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ် ကမမောင်းကျေးရွာရှိ အစိုးရစစ်တပ်စခန်းတခုအား ဗိုလ်မှူးစောဘိဦးသည့် နယ်ခြားစောင့်တပ် (ဘီ ဂျီအက်ဖ်)တပ်ဖွဲ့များက ယမန်နေ့ည ၁၂နာရီအချိန်တွင် ၀င်ရောက်ပစ်ခတ်ခဲ့သည်ဟု သိရသည်။

လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် မိနစ် ၃၀ကြာ နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှုတွင် လူနေအိမ်တစ်လုံး မီးလောင်ကျွမ်းသွား သလို တံတားတစင်း ပျက်စီးသွားသည်ဟု ကမမောင်းရွာသူတဦးက ယခုလို ပြောသည်။

“ပစ်ခတ်မှုဖြစ်တာ မိနစ်သုံးဆယ်လောက် ကြာတယ်။ လက်နက်ကြီးလက်နက်ငယ် အသံတွေ ဆူညံနေတာပဲ။ အိမ်တလုံး မီး လောင်သွားတယ်။ တံတားတစင်း ပျက်သွားတယ်။ တံတားနားမှာနေတဲ့ လူတယောက် သေသွားတယ်။ ကလေးတွေလည်း ကြောက်လန့်ပြီးတော့ တညလုံးငိုတယ်။ ခွေးတွေလည်း တညလုံးဟောင်တယ်။”ဟု ကေအိုင်စီကို ပြောသည်။

ထိုပစ်ခတ်မှုအပြီး မနက်မိုးလင်းအချိန်တွင် အစိုးရစစ်တပ်မှ ရွာတွင်းရှိ အမျိုးသားများကို ပေါ်တာလိုက်လံဖမ်းဆီးမှုကြောင့် ရွာတွင်း ရှိ အမျိုးသားများသည် လွတ်မြောက်ရာသို့ ထွက်ပြေးတိမ်းရှောင်ကြသလို အမျိုးသမီးများသည်လည်း ကြောက်လန့်ကြသည့်အ တွက် အိမ်ထဲကနေ အိမ်ပြင်မထွက်ရဲကြကြောင်း အဆိုပါရွာသူက ပြောသည်။

ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း(၁၀၁)မှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးစောဖောဒိုက “ဗိုလ်ဘိအဖွဲ့က ၀င်ပြီး ပစ်ခတ်တာကတော့ မှန်တယ်။ ဒါပေမဲ့ ရန်သူ့တပ်ရင်းနံပါတ် အတိအကျနဲ့ နှစ်ဖက်ထိခိုက်မှုကိုကျတော့ ကျနော်တို့ အသေး စိတ် မသိရသေးဘူး။”ဟု ပြောသည်။

ထို့အပြင် ဗိုလ်မှူးစောဘိက နယ်စပ်ဒေသရှိ ၎င်း၏လက်အောက်ခံ BGF တပ်ဖွဲ့ဝင်များအားလုံးကို စစ်ရေးပြင်ဆင်မှု အသင့်အနေ အထားတွင် လုပ်ဆောင်ထားရန် ညွှန်ကြားလိုက်သည်ဟု နယ်စပ်ဒေသမှ စစ်ဘက်ဆိုင်ရာ သတင်းရပ်ကွက်အရ သိရသည်။

ဗိုလ်မှူးစောဘိ ဦးဆောင်သည့် နယ်ခြားစောင့်တပ်(BGF) တပ်ရင်း(၁၀၁၁)၊ (၁၀၁၂)၊ (၁၀၁၃)နှင့် (၁၀၁၄)များမှ အင်အား ၁,၀၀၀ ကျော်သည် မေလအတွင်း မြိုင်ကြီးငူဒေသကို ၀င်ရောက်စီးနင်းသိမ်းပိုက်ခဲ့ပြီးနောက် မေလ ၂၄ရက်နေ့မှစ၍ ဒီကေဘီအေတံဆိပ် ကို ပြန်လည် တပ်ဆင်လိုက်သလို ကေအဲန်အယ်လ်အေ တပ်မဟာ(၇)တို့နှင့် ပြန်လည် လက်တွဲခဲ့ပြီးဖြစ်ကြောင်း ကေအဲန်အယ်လ် အေ တပ်မဟာ(၇)မှူး ဗိုလ်မှူးချုပ်စောဂျော်နီက ကေအိုင်စီကို ပြောခဲ့သည်။

နောက်ဆုံးရရှိသည့် သတင်းအရ ယနေ့မနက် ၉နာရီအချိန်တွင် ရတခတိုင်းမှူး ဗိုလ်မှူးချုပ်ထွန်းနေလင်းက အရှေ့တောင်တိုင်းစစ် ဌာနချုပ် ကွပ်ကဲမှုအောက်ရှိ ရှေ့တန်း၊ နောက်တန်းမှ တပ်ရင်းတပ်ဖွဲ့များအားလုံးကို တပ်လှန့်ထားပြီး လက်နက်ကြီး ၂လက်ပါ တပ်စိတ်အင်အား ၂၀ကျော် ထုတ်ယူကာ နောက်တန်းကျန် စစ်သည်အင်အားများကိုလည်း တပ်ရင်းမှူးများကိုယ်တိုင် ပေးပို့တင်ပြ ရန် ညွှန်ကြားထားသည်ဟု စစ်ဘက်ဆိုင်ရာ သတင်းရပ်ကွက်အရ သိရသည်။

11ReadMore-2.jpg

Tuesday, June 28, 2011

လစ်ဗျား ခေါင်းဆောင်ကို ဖမ်းဝရမ်း ထုတ်ပြီ






BBC News

လစ်ဗျား ခေါင်းဆောင် ဗိုလ်မှူးကြီး ကဒါဖီကို ဖမ်းဆီးဖို့ အတွက် ICC နိုင်ငံတကာ ရာဇဝတ်မှု ဆိုင်ရာ တရားရုံး က ဝရမ်း ထုတ်လိုက် ပါတယ် ။

ဖေဖော်ဝါရီ လတုန်းက စတင်ခဲ့တဲ့ လူထု အုံကြွမှု တွေအပေါ် အစိုးရ လုံခြုံရေး တပ်တွေက လူသား မျိုးနွယ်အပေါ် ကျူးလွန်တဲ့ ပြစ်မှုမျိုး တွေနဲ့ တုန့်ပြန် အရေးယူ ခဲ့တဲ့ ကိစ္စတွေ အတွက် ဗိုလ်မှူးကြီး ကဒါဖီမှာ တာဝန်ရှိတယ်လို့ ICC တရားရုံးက ပြောပါတယ်။

ဗိုလ်မှူးကြီး ကဒါဖီရဲ့ သားဖြစ်သူ Saif နဲ့ ထောက်လှမ်းရေး အဖွဲ့ အကြီးအကဲ Abdullah al-Sennoussi တို့ကို လည်း ဖမ်းဝရမ်းတွေ အသီးသီး ထုတ်ထား ပါတယ်။လစ်ဗျား မြို့တော် Tripoli ဆီကို သူပုန် တပ်ဖွဲ့တွေက စစ်ဆင်မှု အသစ် စတင် လာချိန်မှာ ခုလို ကြေညာချက် ထွက်လာတာပါ။

ထရီပိုလီ မြို့ရဲ့ အနောက်တောင် ဖက်မှာ ရှိတဲ့ Bair al-Ghanam မြို့ ဆင်ခြေဖုံး အရပ်မှာ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွား နေတယ်လို့လည်း သူပုန် တပ်ဖွဲ့တွေ ဖက်က ပြောခွင့်ရသူ တဦးက ဆိုပါတယ်။

11ReadMore-2.jpg

ဗိုလ်မှုးစောဘီခိုသည် မြိုင်ကြီးငူ ဌါနချုပ်တွင် BGF မှ DKBA သို့ပြန်လည်ပြောင်းလဲရသည့်အကြောင်းအရင်းများအားရှင်းပြပြောကြားခြင်း








11ReadMore-2.jpg

Saturday, June 25, 2011

အစိုးရ၏ စွပ်စွဲမှုများ အခြေအမြစ်မရှိဟု KNU ပြောဆို

စောခါးစူးညား (ကေအိုင်စီ)

မွန်ပြည်နယ်၊ ဝေါလေမြို့နယ် ရွှေအေးမြိုင်ကျေးရွာမှ ဦးလှစိန်သည် ဇွန်လ ၂၃ရက်နေ့က တောင်ယာသွားရင်း နင်းမိ သည့်မိုင်းမှာ KNU မှ ထောင်ထားခြင်းဖြစ်ကြောင်း အစိုးရသတင်းစာ၏ စွပ်စွဲဖော်ပြမှုများမှာ အခြေအမြစ်မရှိဟု ကရင်အ မျိုးသားအစည်းအရုံး(KNU) က ပြောဆိုလိုက်သည်။

ကရင်လူမျိုးဖြစ်သူ အသက် ၇၅နှစ်အရွယ် ဦးလှစိန်သည် ထိုနေ့မနက်က တောင်ယာသို့သွားစဉ် ရွာ၏အရှေ့တောင် ဘက် တစ်မိုင်ခန့်အကွာရှိ လမ်းဆုံတစ်နေရာ၌ KNU ထောင်ထားသည့် မိုင်းနင်းမိ၍ ညာဖက်ခြေကျင်းဝတ် ပြတ်သွားခဲ့ သည်ဟု ယနေ့ထုတ် အစိုးရပိုင် ကြေးမုံသတင်းစာတွင် ဖော်ပြခဲ့သည်။

အဆိုပါ စွပ်စွဲထားခြင်းအပေါ် KNU တွဲဖက်အထွေထွေအတွင်းရေးမှူး(၁) ဗိုလ်မှူးစောလှငွေက “မြန်မာအစိုးရကတော့ မီးရထားတွဲမှာ၊ အမှိုက်ပုံးမှာ၊ အိမ်သာထဲမှာ ပေါက်တဲ့ ဗုံးတွေတိုင်း KNU လက်ချက်လို့ စွပ်စွဲပြောနေတာပဲ။ ကျနော်တို့ ကို ဒီလို အခြေအမြစ်မရှိဘဲ စွပ်စွဲတာတော့ ကျနော်တို့ KNU အနေနဲ့ လိုက်ပြီး ဂရုစိုက်စရာ မလိုဘူး။ တကယ်တမ်း ဒီလို ကိစ္စတွေ အဖြစ်အမှန်သိဖို့ ပြည်သူသာ အသိဆုံး ဖြစ်လိမ့်မယ်။”ဟု ကေအိုင်စီကို ပြောသည်။

ဇွန်လ ၁၂ရက်နေ့က နေပြည်တော်၊ ဇမ္ဗူသီရမြို့နယ် မြို့မဈေးရှိ အများပြည်သူသုံး သန့်စင်ခန်းအတွင်း ဗုံးပေါက်ကွဲ၍ အ ပြစ်မဲ့ ပြည်သူ ၃ဦး ထိခိုက်မှုတွင် KNU က ကျပ်သိန်း ၃၀ မက်လုံးပေးကာ ခိုင်းစေခဲ့သည့် အသက် ၃၅နှစ်အရွယ် အောင် ကိုလတ် (ခ) အောင်ကြီးဆိုသူအား ဖမ်းဆီးရမိထားသည်ဟု ၁၈ရက်နေ့ထုတ် အစိုးရသတင်းစာတွင် စွပ်စွဲဖော်ပြခဲ့သေး သည်။

11ReadMore-2.jpg

Thursday, June 23, 2011

BGF စောချစ်သု ရာထူး မြှင့်

June 23, 2011 by နော်နိုရင်း

ကရင်ပြည်နယ်ထဲက နယ်ခြားစောင့်တပ်ရင်း ၄ ခု ဒီကေဘီအေကို ပြန်လည် အသွင်ပြောင်းပြီးတဲ့နောက် လက်ကျန်တပ်တွေကို စုစည်းကွပ်ကဲဖို့ အစိုးရက တပ်နယ်မှူး ဗိုလ်မှူးကြီးစောချစ်သူကို တာဝန်ပေးပါတယ်။

ကရင်ပြည် မြိုင်ကြီးငူဒေသအခြေစိုက် နယ်ခြားစောင့်တပ်ရင်း ၄ ရင်းဟာ သူတို့ရဲ့ မူလအဖွဲ့အစည်း ဒီကေဘီအေတံဆိပ်တွေ ပြန်လည်တပ်ဆင် အသွင်ပြောင်းခဲ့ပြီးတဲ့နောက် လက်ကျန်တပ်တွေကို ကွပ်ကဲဖို့ ပြီးခဲ့ရက်ပိုင်းက အစိုးရအရာရှိတွေက ဗိုလ်မှူးကြီးစောချစ်သူကို ကမ်းလှမ်းခဲ့ပါတယ်။

ကရင်ပြည်နယ်ဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းနဲ့ ပြည်သူ့စစ်နဲ့ နယ်ခြားစောင့် ညွှန်ကြားရေးမှူးချုပ် ဗိုလ်မှူးချုပ် မောင်မောင်အုန်းတို့က ဗိုလ်မှူးကြီးစောချစ်သူကို ပြီးခဲ့ရက်ပိုင်းတွေတုန်းက ကမ်းလှမ်းခဲ့တာ ဖြစ်တယ်လို့ ဗိုလ်မှူးကြီးစောချစ်သူနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

ဒီကေဘီအေတပ်ကနေ နယ်ခြားစောင့်တပ်အသွင်ပြောင်းတဲ့ တပ်ရင်း ၁၁ ရင်း အနက် ၄ ရင်း မရှိတော့တာကြောင့် လက်ကျန် ၇ ရင်းကို ကွပ်ကဲပေးဖို့ ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာ တပ်ရင်း ၄ ရင်းကို ကိုင်တွယ် တာဝန်ယူထားတဲ့ တပ်နယ်မှူးဗိုလ်မှူးကြီး စောချစ်သူဟာ မနေ့က လက်ကျန် နယ်ခြားစောင့်တပ်ရင်းမှူးတွေနဲ့ ဆွေးနွေးတိုင်ပင်ခဲ့တယ်လို့ အဲဒီနီးစပ်သူက ပြောပါတယ်။

“အခုလက်ရှိကျန်နေတဲ့ နယ်ခြားစောင့်တပ်တွေကို စောင့်ရှောက်ထားဖို့၊ ဗိုလ်ချုပ်ကျော်သန်းတို့က ပြဿနာတက်တာ။ အဲဒီမှာ ဒီကေဘီအေလည်း ရှိတာကို။ အခုသူ့ကို နိုင်ငံတော်ကနေ အားလုံးကို တာဝန်ခံအနေနဲ့ထားမယ်။ ကျန်တဲ့နယ်ခြားစောင့်တပ်တွေကို အကုန်လုံး သူကွပ်ကဲရမယ်။ အဲဒါတပ်ရင်းမှူးတွေ အကုန်လုံးခေါ်ပြီးတော့ ၉၉၉ ဂိတ်ထဲမှာ အစည်းအဝေးလုပ်တယ်။ သူ့ကိုအားလုံးတာဝန်ပေးတာ။ အဲဒီလူတွေကို သူကဘယ်လိုသဘောရလဲ၊ လုပ်ရင်ကောင်းမလား၊ မကောင်းဘူးလား တိုင်ပင်တာပေါ့။ ဆွေးနွေးပြီးတော့ ဟိုဘက်မှာ အဖြေပြန်ပေးရမယ်။ သူကတော့ သိပ်မလုပ်ချင်ဘူး။ အားလုံးတာဝန်မခံချင်ဘူး။ အခုရှိတဲ့ တပ်တွေအနေနဲ့ပဲ ဆက်နေချင်တာပေါ့။ ဒါပေမယ့် နိုင်ငံတော်က သူ့ကိုလုပ်ခိုင်းတာ။ ဗိုလ်ချုပ်ကျော်သန်းတို့ကို တာဝန်မပေးတော့ဘူး။ ဗိုလ်ဘိတို့လည်း သူ့ဟာသူ လာနေလည်းနေပေါ့။ နောက်တော့မှ ဖြည်းဖြည်း ပြန်စည်းရုံးမယ်ပေါ့။”

ဗိုလ်မှူးကြီးစောချစ်သူဟာ နယ်ခြားစောင့်တပ်အသွင်းပြောင်းချိန်ကစလို့ နယ်စပ်စီးပွားရေးနဲ့ ကုန်သွယ်ရေး တာဝန်ခံ ဖြစ်သလို တပ်ရင်း ၁၀၁၇ ကနေ ၁၀၂၀ အထိ တပ်ရင်း ၄ ရင်းကို ချုပ်ကိုင်တာဝန်ယူရတဲ့ တပ်နယ်မှူးလည်း ဖြစ်တယ်လို့ ဆိုပါတယ်။

အခုတော့ ကရင်ပြည်နယ်ဝန်ကြီးက ကရင်ပြည်နယ်အတွင်း ကျန်ရှိနေတဲ့ နယ်ခြားစောင့်တပ် အားလုံးကို ကွပ်ကဲဖို့ တာဝန်ပေးတာ ဖြစ်တဲ့အတွက် ကရင်ပြည်နယ်ထဲက နယ်ခြားစောင့်တပ်တွေမှာ အကြီးဆုံးအဆင့် ကွတ်ကဲရေးမှူး ဖြစ်လာမှာပါ။

ဒီကေဘီအေကနေ နယ်ခြားစောင့်တပ်အသွင်ပြောင်းချိန်မှာ ဖွဲ့တဲ့ တပ်ရင်း ၁၁ ရင်းကို နာယက အဖွဲ့ဝင် ၃ ဦးနဲ့ တပ်နယ်မှူးအဆင့် ၄ ဦးရှိပြီး ကွပ်ကဲခဲ့ပါတယ်။ နာယက ၃ ဦးကတော့ ဒီကေဘီအေ ခေါင်းဆောင်ဟောင်းတွေဖြစ်တဲ့ ဦးသာထူးကျော်၊ ဦးကျော်သန်း၊ ဦးလှဘတို့ဖြစ်ပြီး တပ်နယ်မှူးတွေကတော့ ဗိုလ်မှူးကြီး စောချစ်သူ၊ ဗိုလ်မှူး ဘသိန်း၊ ဗိုလ်မှူး ကြာအင်းနဲ့ နောက်တဦး ဖြစ်ပါတယ်။

အခုလလယ်ပိုင်းက မြိုင်ကြီးငူဒေသမှာ ပုန်ကုန်မှုဖြစ်လာပြီးနောက် နာယကနဲ့ တပ်နယ်မှူးတွေကို ဖြုတ်ပြီး ဗိုလ်မှူးကြီး စောချစ်သူကို ကွပ်ကဲရေးမှူး တာဝန်ယူပေးဖို့ ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။
http://burmese.dvb.no/archives/11432

==================================================================
ရှူး  တိုးတိုး    ဘိုးတော်အကြံထုတ်နေတယ်
....................................................................


ဝေသာလီပြည်တစ်လွှားမှာ ဘီလူးတွေထကြွှတုန်းက
မထေရ်မြတ်တွေက မနုသီဟကိုဖန်ဆင်းပြီးဘီလူးတွေကို
တိုက်ထုတ်ပစ်သလို ကရင်ပြည်တစ်လွှားမှာထကြွှနေတဲ့
KNUနဲ့DKBAတွေကို အောင်နိုင်ရန်အရေးမှာ "ကိုက်ဆိုကိုက် တိုက်ဆိုတိုက်" ဟောင်ဆိုဟောင် တဲ့ ငါ့ဒူးမနာသားနှစ်ကောင်ကိုဘဲ "မနုတိုက်ခွေး " အဖြစ်ဖန်ဆင်းပြီး KNUနဲ့DKBA ကိုနှိမ်နှင်းရမယ်။


ကျားဘိုကျော်သန်းနဲ့ကျားဘိုချစ်သူ လာစမ်း   ---  "ဝုတ်   ၀ုတ်

11ReadMore-2.jpg

Template by:

Free Blog Templates