Monday, May 9, 2011

ကော့ကရိတ် တိုက်ပွဲများတွင် နှစ်ဘက် ထိခိုက်သေကျေမှုရှိ

ကော့ကရိတ် တိုက်ပွဲများတွင် နှစ်ဘက် ထိခိုက်သေကျေမှုရှိ


ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် အတွင်း ယခုရက်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် ကရင်ပူးပေါင်းတပ်များနှင့် မြန်မာအစိုးရ စစ်တပ်တို့၏ တိုက်ပွဲများကြောင့် နှစ်ဘက်ထိခိုက် သေကျေမှုများ ရှိသည်ဟု ကရင် တပ်မှူး များက ပြောသည်။

Battle-News-9-5-11
KNLA တပ်ရင်း ၂၀၁ မှ တပ်သားများ (ဓာတ်ပုံ - ဧရာဝတီ)
ယမန်နေ့ မွန်းလွဲ ၂ နာရီခန့်က ကော့ကရိတ်မြို့နယ် ဝေါ်လေဒေသ ဖောမူ့ဘောထာ့ရွာတွင် ကရင် အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း ၂၀၁ နှင့် ကနဲလေးရွာ အခြေစိုက် မြန်မာ အစိုးရ၏ ခြေမြန်တပ်ရင်း (ခမရ - ၃၇၂) တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ မြန်မာစစ်တပ်ဘက်က တပ်ဖွဲ့ဝင် ၆ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

KNLA တပ်ရင်း ၂၀၁ မှ ဗိုလ်ခုဝါးက “မနေ့က ကျနော်တို့ ပြောက်ကျားနည်းနဲ့ သွားတိုက်တာ သူတို့ဘက်က အကျအဆုံး များတယ်။ အားလုံး ၆ ယောက်ကျတယ်။ လက်နက်၊ လူသူနဲ့ အင်အားခြင်းက ကွာတော့ ကျနော်တို့ ဒီနည်းကိုပဲ သုံးတယ်” ဟု ပြောသည်။

ယခုရက်ပိုင်း အတွင်း ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ချူးကလိဒေသတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲ တွင်လည်း KNLA ဘက်မှ တပ်ဖွဲ့ဝင်တချို့ ဒဏ်ရာရရှိခဲ့ရာ တပ်ဖွဲ့ဝင် ၂ ဦး မှာ ထိုင်း - မြန်မာနယ်စပ်တွင် ဆေးဝါးကုသမှု ခံယူလျှက် ရှိသည်ဟု သိရသည်။

မေ လဆန်းပိုင်းကစ၍ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ကျိုက်ဒုံဒေသတွင် ရက်သတ္တ ၁ ပတ်ခန့် ကြာသည်အထိ ဖြစ်ပွားခဲ့သော တိုက်ပွဲ၌ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) တပ်မဟာ ၅ အဖွဲ့မှ တပ်ဖွဲ့ဝင် ၂ ဦးကျဆုံးပြီး တချို့ ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံတဦးက ပြောသည်။

၎င်း တိုက်ပွဲကြောင့် ကျိုက်ဒုံဒေသခံ ရွာသား ၁၀၀၀ ကျော် ထိုင်းဘက်ခြမ်းရှိ အုန်းဖန်မြို့နယ် အတွင်း ထွက်ပြေး ရောက်ရှိလာခဲ့ပြီး တိုက်ပွဲများအပြီးတွင် ထိုင်းအာဏာပိုင်များက နေရပ်သို့ ပြန်ပို့ခဲ့သည်ဟု သိရသည်။

11ReadMore-2.jpg


11ReadMore-2.jpg

Saturday, May 7, 2011

ရှမ်းမြောက်ပိုင်း အစိုးရ ၀န်ထမ်းများ အသတ်ခံရ

သန်းထိုက်ဦး

စစ်တပ်နှင့် အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တဖွဲ့ဖြစ်သော ရှမ်းပြည် တပ်မတော် မြောက်ပိုင်း (SSA-N) တပ်ဖွဲ့များ စစ်ဖြစ်ပွားရာဒေသများတွင် အစိုးရပညာရေး ၀န်ထမ်းများ အသတ်ခံရမှု ရှိကြောင်း ဒေသခံများ အဆိုအရ သိရသည်။


ssa-n-troops
ရှမ်းပြည်တပ်မတော် မြောက်ပိုင်း စစ်ရေးပြအခမ်းအနား တခု (Picasa/Myanmar Election)
ရှမ်းပြည်နယ် မြောက်ပိုင်း သီပေါမြို့နယ် ကွန်ခိုက်ကျေးရွာမှ ကျောင်းဆရာ၊ ဆရာမ အပါအ၀င် ၄ ဦး ပြီးခဲ့သည့် ဧပြီလ အတွင်း၌ သေဆုံးခဲ့ကြောင်း သီပေါမြို့နယ် ဒေသခံတဦးက ဧရာဝတီသို့ ပြောသည်။

“ကွန်ခိုက်ကျေးရွာမှာ ကျောင်းဆရာမနဲ့ သူ့အမျိုးသားရယ်၊ ကျောင်းစောင့် ကချင်အဘိုးကြီး တယောက်နဲ့ သူ့အမျိုးသမီးရယ် အဲဒီ ၄ ယောက် အသတ်ခံရတယ်” ဟု ၎င်းက ဆိုသည်။

ယင်းသို့ အသတ်ခံရပြီးနောက် ယခုအခါ ဒေသခံများနှင့် ကျောင်းဆရာ၊ ဆရာမများ၊ ဆေးရုံဝန်ထမ်းများမှာ ညဘက် အပြင် မထွက်ရဲကြကြောင်း သီပေါမြို့နယ် ဒေသခံက ဆက်ပြောသည်။

အလားတူပင် တန့်ယန်းမြို့နယ်ရှိ ကျေးရွာတချို့တို့တွင်လည်း ကျောင်းဆရာ၊ ဆရာမနှင့် ဒေသခံရွာသားတချို့ အသတ်ခံရကြောင်း သျှမ်းသံတော်ဆင့် သတင်းစဉ်မှ အယ်ဒီတာ ဦးစိန်ကြည်က ပြောသည်။

SSA-N က ကျောင်းဆရာ၊ ဆရာမများ အသတ်ခံရမှုသည် ၎င်းတပ်ဖွဲ့ဝင်များ၏ လက်ချက် မဟုတ်ကြောင်း လွန်ခဲ့သည့် ဧပြီလ ၂၃ ရက်နေ့တွင် ငြင်းဆိုထားသည်။ အဖြစ်မှန်ကို သိရှိနိုင်ရန်အတွက်လည်း SSA-N က စုံစမ်းရေး ကော်မတီဖွဲ့၍ အချက်အလက်များ စတင် စုဆောင်းနေကြောင်းလည်း သိရသည်။

ဦးစိန်ကြည်၏ အဆိုအရ သီပေါမြို့နှင့် တန့်ယန်းမြို့နယ်တို့တွင် ကျောင်းဆရာ၊ ဆရာမ အပါအ၀င် ဒေသခံ ၉ ဦးခန့် အသတ် ခံရကြောင်းလည်း သိရှိရသည်။

ကျောင်းဆရာ၊ ဆရာမများ အသတ်ခံရမှုနှင့် ပတ်သက်၍ မည်သူ့လက်ချက် ဖြစ်သည်ကိုမှု မသိရှိရသေးပေ။ သို့သော် SSA-N တပ်ဖွဲ့ လက်ချက်ရော အစိုးတပ်များ၏ လက်ချက်ပါ ဖြစ်နိုင်ကြောင်း ဒေသခံများ၏ ထင်မြင်ယူဆချက်များလည်း ပေါ်ပေါက်နေသည်။

သီပေါမြို့နယ် ဒေသခံတဦးက “ဒါမျိုးဆိုတာက တကယ်လို့များ ပုဂ္ဂိုလ်ရေး ရန်ငြိုးရှိရင်လည်း အဲဒီလူက သတင်းပေးပဲ ဘာညာ ဆိုပြီးတော့ အဲဒီလိုမျိုး ပြောလိုက်လို့ရှိရင်လည်း ခံရတတ်တယ်။ ပြောရမယ် ဆိုရင်တော့ စစ်ဖြစ်ရင်တော့ ပြည်သူလူထုက မြေစာပင်ပါပဲဗျာ” ဟု ပြောသည်။

ပြီးခဲ့သော ဖေဖော်ဝါရီလဆန်းပိုင်းမှ စတင်၍ ရှမ်းပြည်နယ်ရှိ မြို့နယ် ၅ မြို့နယ်များတွင် SSA-N တပ်ဖွဲ့နှင့် အစိုးရတပ်များ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

ရှမ်းပြည် တပ်မတော် မြောက်ပိုင်း ထိန်းချုပ်နယ်မြေများဖြစ်သော မိုင်းရူး၊ မိုင်းယန်း၊ တန့်ယန်း၊ ကျေးသီး၊ လားရှိုးမြို့နယ်အပြင် သီပေါမြို့အပါအ၀င် နမ့်ဆန်မြို့နှင့် မိုးမိတ်မြို့နယ် စသည့်မြို့နယ်များအထိ တိုက်ပွဲများ ပျံ့နှံ့ခဲ့ကြောင်း သိရသည်။

ယခင် မြန်မာ စစ်အစိုးရသည် ၂ဝ၁ဝ ရွေးကောက်ပွဲ မတိုင်မီ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့များကို နယ်ခြားစောင့်တပ်ဖွဲ့ အသွင် ကူးပြောင်းရေးအတွက် ကြိုးပမ်းခဲ့ရာ SSA-N က လက်မခံသဖြင့် စစ်ရေးအရ နှစ်ဘက် တင်းမာနေခဲ့သည်။

စစ်အစိုးရက အပစ်ရပ် တပ်ဖွဲ့များကို နယ်ခြားစောင့်တပ် ပြောင်းလဲဖွဲ့စည်းရေးအတွက် ၂၀၀၉ ခုနှစ် ဧပြီလကတည်းက စတင် အကောင်အထည် ဖော်ခဲ့ခြင်းဖြစ်သည်။

၁၉၈၉ မှ ၁၉၉၅ အတွင်း အပစ်အခတ်ရပ်စဲပြီး ငြိမ်းချမ်းရေးယူခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ စုစုပေါင်း ၁၇ ဖွဲ့ ရှိသည်ဟု စစ်အစိုးရ၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။

11ReadMore-2.jpg

ကော့သောင်းတွင် အစိုးရ ရေတပ်က မွတ်စလင် (၃၀)ဦး ဖမ်းဆီးရမိ

 

မေလ ၇ရက်။ (ကေအိုင်စီ)

တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်တွင် မွတ်ဆလင်လူမျိုး ၃၀ဦး စီးနင်းလိုက်ပါလာသော စက်လှေတစ်စင်းကို အစိုးရ စစ်ရေ ယာဉ်အမှတ်(၅၀၃)မှ ဗိုလ်ကြီးဝင်းသိန်းဇော် ဦးစီးသည့် ရေတပ်ဖွဲ့က မေလ (၂)ရက်နေ့တွင် ဖမ်းဆီးခဲ့သည်ဟု စစ်တပ်နှင့် နီးစပ်သည့် သတင်းရပ်ကွက်အရ သိရသည်။

အစိုးရ ရေတပ်အခြေစိုက်ရာ သံကျွန်းစခန်းနှင့် ၁၀ကီလိုမီတာ အကွာအဝေးတွင် အဆိုပါ မွတ်ဆလင်(၃၀)ဦးအား မသင်္ကာသ ဖြင့် ၀င်ရောက်စစ်ဆေးရာမှ ဖမ်းဆီးလိုက်ခြင်းဖြစ်ပြီး ၎င်းတို့သည် စစ်တွေမြို့မှ ထိုင်းနိုင်ငံတောင်ပိုင်း ဖာ့တိုက်ဘက်သို့ တရား မ၀င် သွားရောက်မည့်သူများဖြစ်သောကြောင့် မြိတ်မြို့ရှိ ကမ်းရိုးတန်းစစ်ဌာနချုပ်သို့ ယခု ပို့ဆောင်လိုက်ပြီဟု စစ်တပ်သတင်း ရပ်ကွက်က ဆိုသည်။

တနင်္သာရီတိုင်းရှိ စစ်တပ်နှင့် နီးစပ်သူတစ်ဦးက “ရခိုင်ပြည်နယ် စစ်တွေ-မော်လမြိုင်လမ်းကြောင်းကနေ လာတယ်။ ည ၂နာရီ အချိန်မှာ ဖမ်းဆီးရမိတာဖြစ်တယ်။ သူတို့တွေဟာ မြန်မာနိုင်ငံသားကဒ် ကိုင်ဆောင်ပေမယ့် ထိုင်းနိုင်ငံကို အလုပ်ထွက်လုပ် မယ့် စာရွက်စာတမ်းမပါတဲ့အတွက် ဖမ်းဆီးလိုက်တာဖြစ်တယ်။ အကုန်လုံးက အမျိုးသားချည်းပဲ။ အခု ကရခကို ပို့လိုက်ပြီ။” ဟု ပြောသည်။

ကော့သောင်းခရိုင်တွင် ယခင်ကလည်း ထိုင်းနိုင်ငံသို့ အလုပ်ထွက်လုပ်ရန်အတွက် တရားမ၀င်သည့် ရေကြောင်းခရီးဖြင့် လာ ခဲ့ကြသည့် ရခိုင်ပြည်နယ်မှ မွတ်ဆလင်များမှာ မြန်မာအာဏာပိုင်များ၏ ဖမ်းဆီးမှုကို မကြာခဏ ခံရကာ ပြန်ပို့ခြင်းခံခဲ့ကြရ သည်ဟု အဆိုပါ စစ်တပ်နှင့် နီးစပ်သူက ပြောသည်။

11ReadMore-2.jpg

Friday, May 6, 2011

ထိုင်းက စစ်ပြေး ဒုက္ခသည် ၁၀၀၀ ကျော် ပြန်ပို့




ကရင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံ တာ့ခ်ခရိုင် အုန်းဖန်မြို့နယ် ပိုင်ခလန်ရွာတွင် ခိုလှုံနေသည့် မြန်မာဒုက္ခသည် ၁၀၀၀ ကျော်ကို တိုက်ပွဲများ မရှိတော့ဟုဆိုကာ မြန်မာဘက်သို့ ပြန်ပို့နေသည်ဟု ဒေသခံ ရွာသားများက ပြောသည်။

ထိုင်းဘက် ထွက်ပြေးလာ သူများသည် ယခုလဆန်းက စတင်၍ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ကျိုက်ဒုံဒေသတွင် ကရင်ပူးပေါင်း တပ်ဖွဲ့များနှင့် မြန်မာအစိုးရတပ်များ ဖြစ်ပွားသည့် ရက်သတ္တတပတ်ကြာ တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံ အုန်းဖန်မြို့နယ် အတွင်းသို့ ရောက်ရှိလာသူများဖြစ်သည်။

ကျိုက်ဒုံ ဒေသခံ ရွာသားတဦးက “DKBA က ဗိုလ်နှုတ်ခမ်းမွေး အဖွဲ့က KNU နဲ့ ပေါင်းပြီး မြန်မာစစ်တပ်ကို တိုက်တာ တိုက်ပွဲက တပတ်ရှိပြီ၊ ကျိုက်ဒုံတခွင်က ရွာသားတွေ ဘယ်လိုမှ နေမရလို့ ထိုင်းဘက်ကို လာခိုတာပါ၊ မနေ့ကစပြီး ထိုင်းဘက်က မြန်မာဘက် ပြန်ခိုင်းတယ်၊ တိုက်ပွဲတွေ မရှိတော့ဘူးလို့ ပြောတယ်၊ တိုက်ပွဲက ရှိနေတာပဲ၊ ဒါကြာင့် မြန်မာဘက်ကို မပြန်သေးဘဲ ထိုင်းဘက်ခြမ်း တောထဲမှာပဲ ရှောင်ပုန်းနေတယ်”ဟု ပြောသည်။

ဆန္ဒ မပါဘဲ တိုက်ပွဲဖြစ်ပွားနေရာ မြန်မာဘက်သို့ ပြန်စေခြင်းသည် ရွာသားများကို အသက်အန္တရာယ် များပြားသည့် ဒေသသို့ တမင်ပြန်စေခြင်းဟု ခံစားရကြောင်း ကျိုက်ဒုံ ရွာသားက ဆက်ပြောသည်။

ရွာသားများကို အကူအညီ ပေးနေသည့် အစိုးရမဟုတ်သော အဖွဲ့၏ အဖွဲ့ဝင်တဦးက ယမန်နေ့နံနက် အထိ နောက်ဆုံး ရရှိသည့် ရွာသားများစာရင်းမှာ ၁၀၀၀ ကျော်ရှိကြောင်း၊ ယာယီကယ်ဆယ်ရေး စခန်းတွင် တချို့နေထိုင်လျှက်ရှိပြီး အများစုမှာ တောထဲတွင် ရှောင်ပုံးလျှက်ရှိကြောင်း ပြောပြသည်။

ဒေသ အခြေစိုက် ထိုင်းနယ်ခြားစောင့်တပ်မှ တပ်မှူးတဦးက“အခုဖြစ်နေတဲ့တိုက်ပွဲတွေဟာ နယ်စပ်ရဲ့အတွင်းပိုင်းမှာဖြစ် တဲ့အတွက် စိုးရိမ်စရာမရှိတော့ဘူး၊ အခုရွာသားတွေ သူတို့နေရပ်ကို ပြန်နေကြပါတယ်၊ အခုဆက်ဖြစ်နေတဲ့တိုက်ပွဲတွေက နယ်စပ်နဲ့အတော်ဝေးတဲ့နေရာမှာဖြစ်တယ်”ဟုပြောသည်။

တိုက်ပွဲဖြစ်ပွားမှုကြောင့် ထိုင်းနိုင်ငံဘက်တွင် နယ်စပ်လုံခြုံရေးကို တိုးမြှင့်ထားပြီး တပ်ဖွဲ့ဝင်အင်အားကိုလည်း တိုးမြှင့်ချထားကြောင်း၊ ထွက်ပြေးလာသည့်ရွာသားများကို ထိုင်းနိုင်ငံအခြေစိုက် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ရုံး(UNHCR) နှင့် ထိုင်း - မြန်မာနယ်စပ်တလျှောက် ကူညီစောင့်ရှောက်ရေး ညွန့်ပေါင်းအဖွဲ့(TBBC) အဖွဲ့ များကိုသာ
သွားရောက် ကူညီခွင့် ပြုကြောင်း သိရသည်။

ထိုင်းနိုင်ငံ တာ့ခ်ခရိုင်အတွင်းရှိ အုန်းဖန်မြို့နယ်သည် မဲဆောက်မြို့၏ တောင်ဘက် ၁၈၇ ကီလိုမီတာ အကွာအဝေးတွင် တည်ရှိပြီး ထွက်ပြေးလာသည့် ရွာသားများခိုလှုံနေသော ထိုင်းဘက်ခြမ်းရှိ ပိုင်ခလန် ရွာသည် အုန်းဖန်မြို့နယ်နှင့် ကီလို မီတာ ၃၀ ခန့်ကွာဝေးသည်။

http://www.irrawaddy.org/bur/index.php


11ReadMore-2.jpg

Thursday, May 5, 2011

အကျဉ်းသားပေါ်တာအတွေ့အကြုံ

တပ်အတွက် ရိက္ခာထမ်းရင်း နှိပ်စက်ညှဉ်းပန်းခံရသလို လူသားမိုင်းရှင်းကိရိယာ အဖြစ်လည်း အသုံးချခံကြရပါတယ်။


11ReadMore-2.jpg


11ReadMore-2.jpg

အစိုးရ စစ်သည် ၂ ဦး KNLA ထံ လက်နက်ချ


မေလ ၅ရက်။ စောသိန်းမြင့် (ကေအိုင်စီ)

ကရင်ပြည်နယ် ကော့ကရိတ်မြို့အခြေစိုက် အစိုးရစစ်တပ် စစ်ကွပ်ကဲရေးဌာနချုပ်-စကခ(၁၂) လက်အောက်ခံ ခမရ(၂၃၁) တပ်ရင်းမှ စစ်သည် ၂ဦးသည် ယမန်နေ့က ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA)ထံသို့ လာရောက်လက် နက်ချခဲ့သည်ဟု KNLAက ပြောသည်။

KNLA တပ်ရင်း ၂၀၁ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး စောဖောဒိုက “မနေ့က ကော့ကရိတ်အခြေစိုက် ခမရ(၂၃၁)တပ်ရင်းက တပ်ဖွဲ့ ၀င် ၂ဦး ကျနော်တို့ KNLA တပ်ရင်း(၂၀၁)ကို လာပြီး လက်နက်ချတယ်။ တပ်ကြပ်တစ်ယောက်နဲ့ တပ်သားတစ်ယောက် ဖြစ် တယ်။ သူတို့နဲ့အတူ MA-1 ၁လက်၊ MA-2 ၂လက်၊ MA-4 ၁လက်။ စုစုပေါင်း လက်နက် ၄လက်နဲ့ လမ်းလျှောက် စကားပြော စက်တစ်လုံး ပါတယ်။”ဟု ပြောသည်။

အဆိုပါ လက်နက်ချလာသည့် အစိုးရစစ်သည် ၂ဦးအား လက်ရှိအချိန်တွင် KNLA တပ်ရင်း(၂၀၁) ထိန်းချုပ်ရာ နယ်မြေတနေ ရာတွင် လက်ခံထားခဲ့ပြီး ရှေ့ဆက် ၎င်းစစ်သည်များ၏ဆန္ဒအတိုင်း စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒုဗိုလ်မှူးကြီးစော ဖောဒိုက ပြောသည်။

ယခုနှစ် ၂၀၁၁ခုနှစ်တွင် KNLA တပ်ရင်း(၂၀၁)ထံသို့ အစိုးရစစ်သည်များ မကြာခဏ ထွက်ပြေးရောက်ရှိလာသော်လည်း အ ဆိုပါစစ်သည် ၂ဦးမှာ မေလထဲတွင် ဦးဆုံးထွက်ပြေးရောက်ရှိလာသည့် အစိုးရစစ်သည်များဖြစ်သည်။

ပြီးခဲ့သည့် ဧပြီလက ကော့ကရိတ်မြို့တွင် ပြန်လည် အနားယူခဲ့သည့် ဝေါ်လေဒေသ လှုပ်ရှားတပ်ရင်း ခလရ(၉၇)မှ ဗိုလ်ကြီး တစ်ဦးနှင့် တပ်ကြပ်ကြီးတစ်ဦး အပါအ၀င် စစ်သည် ၂၀ကျော်သည် လစာဖြတ်တောက်ခံရမှုနှင့် ဝေါ်လေဒေသတွင် ဆက် လက် မလှုပ်ရှားလိုတော့သည့်အတွက် တပ်တွင်းမှ ထွက်ပြေးခဲ့ကြောင်း ကော့ကရိတ်မြို့ရှိ အစိုးရစစ်တပ်နှင့် နီးစပ်သူများ၏ ပြောပြချက်အရ သိရသည်။

11ReadMore-2.jpg

Wednesday, May 4, 2011

လယ်သမားတဦး၏ ဦးသိန်းစိန်သို့ ပန်ကြားလွှာ

ကုမ္ပဏီတွေကြောင့် ဆုံးရှုံးရတဲ့ လယ်မြေတွေအတွက် အကူအညီတောင်းခံ
အခု သမတသစ်တက်လာချိန်မှာ ကုမ္ပဏီတွေကြောင့် သူဆုံးရှုံးရတဲ့ လယ်မြေတွေအတွက် ပြန်လည်သုံးသပ်ပေးဖို့ လယ်သမားကြီး ဦးအုန်းငွေက တင်ပြလိုက်ပါတယ်



11ReadMore-2.jpg

ကုလစုံစမ်းရေးကော်မရှင်ဖွဲ့ရေး အမေရိကန်သမတကို တိုက်တွန်း

www.rfa.org/burmese/news/



မြန်မာနိုင်ငံက စစ်ရာဇဝတ်မှုတွေကို ဖော်ထုတ်ဖို့အတွက် ကုလသမဂ္ဂမှာ စုံစမ်းရေး ကော်မရှင်တရပ် အမြန်ဆုံး ဖွဲ့စည်းနိုင်ရေးကိစ္စကို အမေရိကန်အစိုးရအနေနဲ့ အရှိန်မြှင့် ကြိုးပမ်းဆောင်ရွက်ဖို့ အမေရိကန် ဥပဒေပြု လွှတ်တော် အမတ် ၃၀ ကျော်က သမတ အိုဘားမားထံ မေလ ၃ ရက် မနေ့က စာရေးသား တိုက်တွန်းလိုက်ကြပါတယ်။

Photo: Courtesy of Free Burma Rangers)
စစ်အစိုးရတပ်ဖွဲ့များနှင့် ၎င်းတို့ အဓမ္မ အလုပ်ခိုင်းစေသဖြင့် အထုပ်အပိုးများ ထမ်းနေရသော ပေါ်တာများကို တွေ့ရပုံ ဖြစ်ပါသည်။ (Photo: Courtesy of Free Burma Rangers)

မြန်မာနိုင်ငံတွင်းမှာ ကျယ်ကျယ်ပြန့်ပြန့် ဆက်လက် ပေါ်ပေါက်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အမြန်ဆုံး ဖော်ထုတ် စစ်ဆေး အရေးယူနိုင်ဖို့အတွက် စုံစမ်းရေးကော်မရှင် ဖွဲ့စည်းရေး ကြိုးပမ်းမှုတွေမှာ အမေရိကန်အစိုးရက ဦးဆောင်ပြီး အရှိန်အဟုန်မြှင့် ဆောင်ရွက်ဖို့ အောက်လွှတ်တော်အမတ် ၃၁ ဦးက အခုလို စာရေးသား တောင်းဆိုလိုက်ကြတာ ဖြစ်တယ်လို့ အမေရိကန် အခြေစိုက် USCB မြန်မာ့အရေးလှုပ်ရှား ဆောင်ရွက်မှု အဖွဲ့ရဲ့ အမှုဆောင် ညွှန်ကြားရေးမှူး ဦးအောင်ဒင်က ပြောပါတယ်။

“အမေရိကန် အစိုးရရဲ့ အမြင့်ဆုံး ပုဂ္ဂိုလ်တွေပေါ့ဗျာ၊ သမတ အိုဘားမား ကိုယ်တိုင်၊ ဒီ နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန် ကိုယ်တိုင် ဦးဆောင်ဦးရွက်ပြုပြီး ဆောင်ရွက်ဖို့ တောင်းဆိုတာပေါ့။ သူတို့သာ ဦးတောင်ဦးရွက် ပြုမယ်ဆိုလို့ရှိရင် တဖက်က ဆန့်ကျင်ဖက် နိုင်ငံများရဲ့ တုံ့ပြန်မှုကိုလည်း ကျော်လွှားနိုင်မှာ ဖြစ်တဲ့အပြင် ထောက်ခံတဲ့ နိုင်ငံတွေကိုလည်း ပိုပြီး စည်းရုံးနိုင်မှာ ဖြစ်ပါတယ်။”

ဒီိ စုံစမ်းရေးကော်မရှင် ပေါ်ပေါက်ရေးအတွက် အမေရိကန်အစိုးရ အနေနဲ့ ကြိုးပမ်းမှုတွေကို နှစ်ဆတိုးမြှင့်ဖို့ လွှတ်တော်အမတ် ၃၁ ဦးရဲ့ သမတထံ ပေးစာထဲမှာ တိုက်တွန်း ရေးသားထားပါတယ်။ ဒါ့ပြင် မြန်မာနိုင်ငံမှာ တိုင်းရင်းသူတွေ အဓမ္မ ပြုကျင့်ခံရမှုတွေ ဆက်လက် ဆိုးဝါးနေပြီး ချင်းပြည်နယ်က အိမ်ထောင်စု ၉၀ ရာနှုန်းကျော်မှာ အနည်းဆုံး မိသားစုဝင် ဆွေမျိုးတဦး အဓမ္မ လုပ်အားပေး ခိုင်းစေခံနေရတယ်ဆိုတဲ့ လူ့အခွင့်အရေးအတွက် သမားတော်များ (PHR) အဖွဲ့က အခုနှစ် ဇန်နဝါရီလအတွင်း ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံပါအချက်တွေကို ပေးစာထဲမှာ ကိုးကားဖော်ပြထားပါတယ်။

ဒီသမတထံ ပေးစာထဲမှာ နယူးယောက်ပြည်နယ် ဒီမိုကရက်တစ် လွှတ်တော်အမတ် ဂျိုးဆက် ခရိုလီ၊ အီလီနွိုက်စ် ပြည်နယ် ရီပါဘလီကန် လွှတ်တော်အမတ် ဒွန် မန်ဇူလိုစတဲ့ မြန်မာ့အရေး တက်တက် ကြွကြွ ဆောင်ရွက်နေတဲ့ လွှတ်တော်အမတ်တွေ ဦးဆောင် လက်မှတ်ရေးထိုးထားပါတယ်။

အခုလို အမေရိကန် အောက်လွှတ်တော်အမတ်တွေက သမတ အိုဘားမားထံ စာရေးသား တိုက်တွန်း လိုက်ကြတာနဲ့ ပတ်သက်လို့ အမေရိကန်အခြေစိုက် USCB မြန်မာ့အရေး ဆောင်ရွက်မှုအဖွဲ့ရဲ့ အမှုဆောင် ညွှန်ကြားရေးမှူး ဦးအောင်ဒင် ကို RFA အဖွဲ့သား ကိုကျော်ကျော်အောင် ဆက်သွယ် မေးမြန်း တင်ပြထားပါတယ်။

11ReadMore-2.jpg

ဘုရားသုံးဆူမြို့သို့ ဝင်ရောက်တိုက်ခိုက်မည်ကို အာဏာပိုင်များ စိုးရိမ်

http://ehkhaungthaunt.blogspot.com/



ဂျူရီချိုင်း - နယ်ခြားစောင့်တပ်ကို လက်မခံသည့် ဒီကေဘီအေ တပ်ဖွဲ့ဝင်များ ယမန်နေ့ ညဦးပိုင်းတွင် ဘုရားသုံးဆူမြို့စွန်သို့ ခေတ္တရောက်ရှိလာပြီးနောက် မြို့ကို ဆက်လက်တိုက်ခိုက်မည်ကို အာဏာပိုင်များ စိုးရိမ်လျက် ရှိသည်။

ယမန်နေ့ည ၇ နာရီခန့်တွင် ဒီကေဘီအေ တပ်မဟာ ၅ မှ စစ်ဆင်ရေးမှူး ဗိုလ်မှူးဆန်းအောင် ဦးစီးသည့် ဒီကေဘီအေ တပ်ဖွဲ့ဝင် အင်အား ၃၀ ခန့်က ဘုရားသုံးဆူမြို့ တောင်ဝိုင်းရပ်ကွက်သို့ ရောက်ရှိလာခြင်း ဖြစ်သည်။

“ခဏဝင်လာပြီးတော့ ပြန်ထွက်သွားတယ်၊ လူတွေကလည်း တိုက်ပွဲဖြစ်မှာကို စိုးရိမ်နေကြတယ်” ဟု အာဏာပိုင်နှင့် နီးစပ်သူ မြို့ခံတဦးက ပြောသည်။

ကေအင်ယူ၊ ဒီကေဘီအေနှင့် မွန်ပြည်သစ်ပါတီတို့ ပူပေါင်းပြီး ဘုရားသုံးဆူမြို့ကို ဝင်ရောက် တိုက်ခိုက်လိမ့်မည်ကို အာဏာပိုင်တို့က ခန့်မှန်း ပြောဆိုနေသည်ဟုလည်း သူက ပြောသည်။

ဒီကေဘီအေ တပ်ဖွဲ့ဝင်များ မြို့တွင်းသို့ ဝင်ရောက်လာပြီးနောက်တွင် မြို့တွင်းလုံခြုံရေးများကို ရုပ်သိမ်းလိုက်ပြီး ခလရ ၂၈၄ တပ်ရင်းအတွင်း စုစည်းထားခဲ့သည်ဟု သူက ဆက်ပြောသည်။

ဘုရားသုံးဆူမြို့တွင် ဗိုလ်မှူးကြီး စောရန်နိုင် ဦးစီးသည့် ခလရ ၂၈၄ ရှေ့တန်းတပ်ရင်း အခြေစိုက်လျက် ရှိသည်။

လွန်ခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲအပြီး နိုဝင်ဘာလ ၈ ရက်နေ့တွင် ဒီကေဘီအေ ၉၀၆ တပ်ရင်းမှ ဗိုလ်မှူး စောအေဝမ်း ဦးစီးသည့် ဒီကေဘီအေတပ်ဖွဲ့ဝင်များ ဘုရားသုံးဆူမြို့သို့ ဝင်ရောက် တိုက်ခိုက်ခဲ့သေးသည်။

11ReadMore-2.jpg

Monday, May 2, 2011

အ၀ီစိငရဲ တစ်နေရာဝယ်

 
ငရဲတစ်နေရာညောင်ပင်ကြီးတပင်အောက်ဝယ် ညီအကို သုံးယောက်  တီးတိုး တီးတိုးနဲတစ်ယောက်သောသူဘင်လာဒင် ဆိုသူက ။                  ။           အကိုကြီး ဘင်လာရွှေ နဲ့ညီလေးဘင်လာစိန်တို့ကိုတစ်ခုမှာထားခဲ့မယ်  ကျနော့်ကိုဘဲ စံနမူအဖြစ် ကြည့်ကြပါကုန်လော့
   ဘယ်လိုပင်မြေလျှိုးမိုးပျံနိုင်စေကာမူ ပြုခဲ့တဲ့အကုသိုလ်အကျိုးတွေကြောင့် ကလှည့်ကျတော့မနွဲ့စတမ်း အသေဆိုးနဲ့ ငါသေခဲ့ရပြီး အကိုကြီးနဲ့ညီလေးတို့လည်းအချိန်မနှောင်းခင်ပြုပြင်စရာရှိတာပြုပြင်ကြပါလော့
          ဘင်လာရွှေ။                            ။ဟုတ်   ဟုတ် ကဲ့ပါညီလေး လာဒင်
ဘင်လာစိန်။                             ။ ဟုတ်ကဲ့ပါ  ကိုလေးလာဒင်


11ReadMore-2.jpg

ကေအင်ယူကို အစိုးရတပ် ထိုးစစ်လျှော့


ဂျူရီချိုင်း

- အစိုးရတပ်က ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) ကို ထိုးစစ်ဆင်နေခြင်းကြောင့် ကရင်အမျိုးသား အစည်းအရုံး (ကေအင်ယူ) သို့ ထိုးစစ်ဆင်မှု လျော့နည်းလာကြောင်း ကေအင်ယူ အသိုင်းအဝိုင်းမှာ လာသောသတင်းအရ သိရသည်။ 
“ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) ဘက်ကိုပဲ တပ်တွေ သွားစုထားလို့ ကျနော်တို့ကို ထိုးစစ်ဆင်တာ မရှိသလောက် နည်းလာတယ်” ဟု ကေအင်ယူ တပ်မဟာ (၆) တပ်ရင်း (၁၆) တပ်ခွဲ (၂) မှ အရာရှိတဦးက ပြောသည်။
ပြီးခဲ့သော ၂၀၁၀ ခုနှစ် နိုဝင်ဘာလ ဒုတိယပတ်မှ စပြီး ကေအင်ယူနှင့် အစိုးရတပ်တို့ ပျမ်းမျှ တနေ့ သုံးကြိမ် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး  ၂၀၁၁ ခုနှစ် ဧပြီလ (၁၅) ရက် နောက်ပိုင်းတွင် ထိုးစစ်ဆင်မှု လျှော့နည်းလာသည်ဟု အထက်ပါ အရာရှိက ပြောသည်။

ကေအင်ယူ နယ်မြေအတွင်း ပြုလုပ်သည့် အခြေခံ စစ်သင်တန်းဆင်းပွဲ (ဓါတ်ပုံ - ကေအိုင်စီ)
ကေအင်ယူ နယ်မြေအတွင်း ပြုလုပ်သည့် အခြေခံ စစ်သင်တန်းဆင်းပွဲ (ဓါတ်ပုံ - ကေအိုင်စီ)

အစိုးရတပ်၏ စစ်ရေး လှုပ်ရှားမှု လျော့နည်းလာခြင်းကြောင့် ကေအင်ယူကလည်း ယခင်ပိတ်ထားသည့် ဘုရားသုံးဆူ – သံဖြူဇရပ်ကားလမ်းနှင့် ဘုရားသုံးဆူ – ကြာအင်းဆိပ်ကြီးလမ်းကို ပြန်ဖွင့်ပေးခဲ့သည်။
သို့သော်လည်း အချိန်မရွေး တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနိုင်သည့်အတွက် ကေအင်ယူဘက်က သတိအနေအထားနှင့် ပြင်ဆင်ထားကြောင်း အထက်ပါအရာရှိက ပြောသည်။
လွန်ခဲ့သည့် မတ်လကုန်ပိုင်းမှ စပြီး အစိုးရတပ်က ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) ကို စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်။

11ReadMore-2.jpg

ကရင်နီပြောက်ကြားတိုက်ပွဲ ၄ ဦးကျဆုံး ၂ ဦးလွတ်မြောက်


ကရင်နီပြည်နယ် ဘောလခဲခရိုင် မယ်စဲ့မြို့နယ် နန်းဖောင်းချောင်းနှင့် နန်းမားကြားတွင် ဟင်းရှာနေသော အစိုးရစစ်တပ်တို့ကို ကရင်နီ တပ်မတော်ဘက်မှ ခြုံခိုတိုက်ခိုက်မှုကြောင့် ၄ ဦးကျဆုံးခဲ့သည့်ဟု သိရသည်။
ခရီးထွက်နေကြသော ကရင်နီ စစ်သားများ (ဓါတ်ပုံ-KA)
ခရီးထွက်နေကြသော ကရင်နီ စစ်သားများ (ဓါတ်ပုံ-KA)
ကရင်နီတပ်မတော်မှ စစ်ဦးစီးတပ် တပ်ကြပ်ကြီး စောထူးဂေ ဦးဆောင်သည့် အဖွဲ့သည် ပြီးခဲ့သည့် ဧပြီလ ၁၆ ရက်နေ့ နေ့လည် ၁၂ နာရီခွဲအချိန်တွင် အစိုးရစစ်တပ် ခလရ ၁၃၅ အား ခြုံခိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ဖြစ်သည်။

“အဲဒီ နအဖတွေက ငါးထွက်ရှာတယ်လေ။ ဟင်းထွက်ရှာတာပေါ့။ အဲမှာ စောထူးဂေတို့အဖွဲ့က သူတို့ကို စောင့်ပြီးတော့မှ တိုက်ပွဲဖြစ်တာပေါ့” ဟု ကရင်နီတပ်မတော်မှ ပြောရေးဆိုခွင့်ရှိသူ စောထိထာစွေ့က ပြောသည်။

အဆိုပါတိုက်ပွဲ၌ ကရင်နီဘက်မှ တစုံတရာထိခိုက်မှုမရှိဘဲ အစိုးရတပ်ဖွဲ့မှ ၆ ဦးအနက် တပ်ကြပ် တစ်ဦးနှင့် တပ်သား ၃ ဦး သေဆုံးခဲ့ပြီး ကျန် ၂ ဦးမှာ လွက်မြောက်သွားခဲ့ကြသည်ဟု ဆိုသည်။

11ReadMore-2.jpg

Sunday, May 1, 2011

KNLA တပ်မဟာ(၄)တွင် နအဖဒုတပ်ရင်းမှူး အပါအ၀င် (၆)ဦးကျဆုံး


http://ninedeblood.blogspot.com


နအဖတို့၏ အရပ်သားအစိုးရအမည်ခံ ဗိုလ်ချုပ်ဟောင်းဦးသိန်းစိန်၏နေပြည်တော်အစိုးရသစ်တက်လာ
သော်လည်း ပြည်တွင်းစစ်ရပ်ဆဲဖို့နေနေသာသာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့်
ပို၍ပင် တင်းမာမှုများရှိလာပြီး တိုက်ပွဲဖြစ်ပွားမှုနှုန်းလည်း ပို၍ မြင့်တက်လာပါသည်။

ထိုသို့တိုက်ပွဲများစိပ်လာရခြင်းအကြောင်းရင်းမှာ နအဖတို့သည် တိုင်းရင်းသားအသီးသီး၏ နှစ်လရှည်
စွာ လိုလားတောင်းဆိုနေသော နိုင်ငံရေးပြသနာများကို နိုင်ငံရေးအရ စားပွဲဝိုင်းပေါ်သို့ရောက်အောင်
ခေါ်ဆောင်မသွားပဲ ထိုးစစ်ဆင်တိုက်ခိုက်လာခြင်းကြောင့်ဖြစ်သည်ဟု တိုင်းရင်းသားများက ရှုမြင်သုံး
သပ်ကြပါသည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အသီးသီးများက နအဖတို့အား ကျူးကျော် ရန်စမှုမရှိပဲ နအဖတပ်
များကသာ တိုက်စစ်ဆင်ကျူးကျော်လာပြီး တိုင်းရင်းသားလက်နက်ကိုင်တို့မှ နယ်မြေကျွမ်း ကျင်မှုနှင့် စောင့်ကြိုပစ်ခတ်နိုင်မှုကြောင့်နအဖဘက်ကသာ အထိနာရစမြဲသာ ဖြစ်သည်။



 ဧပြီလ(၂၄)ရက်နေ့တွင်လည်း ဗမာစစ်အစိုးရတပ်နှင့် KNLA တပ်မဟာ ၄ တပ်ရင်း ၁၂ တို့ မြိတ်ထားဝယ်ခရိုင်၊ ကစယ်ဒိုမြို့ ပေါင်းချောင်းဂွင်တွင် ရင်ဆိုင်တိုက်ပွဲဖြစ်ခဲ့ပြန်ပါသည်။
ဒုစစ်ကြောင်းမှုးကိုကိုလွင် ဦးဆောင်သော ခမရ ၃၈၅ ကို တပ်မဟာ ၄ တပ်ရင်း ၁၂မှ စောင့်ကြို ပစ်ခတ်ခြင်းဖြစ်ပြီး ဗမာစစ်အစိုးရတပ်ဖက် ၃ဦးသေကာ ၃ ဦးဒဏ်ရာရခဲ့ပါသည်။ 
သေဆုံးသူများထဲတွင် ဒုတပ်ရင်းမှုး ၁ဦးနှင့် ဒုဗိုလ် ၁ ဦးပါဝင်ပါသည်။ 
ဧပြီလ ၂၃ ရက်တွင်လည်း ခမရ ၄၀၃နှင့်ရင်ဆိုင်တိုက်ပြွဲဖစ်ရာ   ဗမာစစ်အစိုးရတပ်မှ ၃ ဦးသေပြီး
၅ဦးဒဏ်ရာရခဲ့ပါသည်။    သေဆုံးသူများထဲတွင်  တပ်ကြပ်ကြီး ၁ဦးပါဝင်ကြောင်း သတင်းရရှိပါသည်။

11ReadMore-2.jpg

Template by:

Free Blog Templates