Friday, March 25, 2011

Earthquake in Shan State

11ReadMore-2.jpg

စကခ (၅) လက်အောက်ခံ တပ်ဖွဲ့ ချောဆွဲ

Burma Army soldiers (In background) with villagers forced to porter. May 25, 2006 , http://www.freeburmarangers.org
စကခ (၅) လက်အောက်ခံ တပ်ရင်း ၃၇၁ ဟာ မဲနတာခီး ရေတံလျှောက်ဂိတ်မှ လာသမျှ ခရီးသည် ဈေးသည်နဲ့ ယာဉ်တွေ ကို အတင်းအဓမ္မလိုက်လံ ချောဆွဲနေတယ်လို့ ဒီကနေ့ သိရှိရပါတယ်။
နအဖ ဗိုလ်မှူး သန်းနိုင်လွင် ဦးစီးတဲ့ တပ်ရင်း ၃၇၁ တပ်ဖွဲ့ဟာ မဲနတာခီး ရေတလျောက်ဂိတ်ကနေ ထိတပေါင်စခန်းကို တပ်ရိက္ခာတွေ ပို့ပေးဖို့အတွက် ခရီးသည် ဈေးသည်နဲ့ ထော်လာဂျီယာဉ်တွေကို အတင်းလိုက်လံ ချောဆွဲနေပါတယ်။ ရေတံလျှောက်ဂိတ်ဟာ မြဝတီမြို့တောင်ဘက် ထိုင်းနယ်စပ်နဲ့ တမိုင်ခရီးလောက်ရှိပါတယ်။
ရေတံလျှောက်ဂိတ်ကနေ ထိုင်းဘက်ကို ရောက်လာတဲ့ ဈေးသည်တဦးက သူတွေ့ကြုံရတဲ့ အခြေအနေကို ပြောပြတာက
“လာသမျှ အကုန် ချောဆွဲနေတာပဲ လူလည်းဆွဲတယ် ကားတွေ ထော်လာဂျီတွေလည်းဆွဲတယ်။ သူတို့ ရိက္ခကို ပို့ဖို့လုပ် နေတာလေ။ ထိတပေါင်စခန်းကိုပို့မှာ၊ မိုးကလည်း ရွာတယ် လမ်းတွေလည်းမကောင်းဘူး။ အရင်နှစ်တွေက ဒီလို့ ရိက္ခာ ပို့တဲ့ကိစ္စ ခုလို ဖမ်းတယ်ဆီးတယ် ချောဆွဲတယ် မကြုံဖူးဘူး၊ အခုဟာက ဒီကေဘီအေနဲ့ ပြန်ပြီး ပစ်ကြခတ်ကြဖြစ် ကုန် တော့ သူတို့လည်း ရိက္ခာသယ်ပို့ရတာ ခက်ကုန်ပြီ ဖြစ်မယ်” လို့ ပြောပြသွားပါတယ်။

11ReadMore-2.jpg

Thursday, March 24, 2011

အမှတ် (၁၉) နယ်ခြားစောင့်တပ်ရင်း သရက်ဖြူစခန်း တိုက်ခိုက်သိမ်းပိုက်ခံရ




ကရင်ပြည်နယ် မြဝတီအနီးက မယ်ပလဲ၊ ဝှေ့ရှမ်း၊ ထိပေါပလော ကြားမှာရှိတဲ့ သရက်ဖြူစခန်းမှာ အခြေပြုတဲ့ နယ်ခြား စောင့်တပ် တပ်ရင်း ၁၉ ကို ကေအန်ယူနဲ့ ဒီကေဘီအေ ပူးပေါင်းတပ်ဖွဲ့တွေက မတ်လ ၂၂ ရက်နေ့က ဝင်ရောက်တိုက် ခိုက် သိမ်းပိုက်လိုက်ပါတယ်။

တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ ဒီကေဘီအေ မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး ဆန်အောင် ပြောပြတာက ..

“ဒီ သရက်ဖြူစခန်းမှာ တာဝန်ယူတာက BGF တပ်ရင်း ၁၉ ပါ ဗိုလ်မှူး ဒီးဒီး က ဦးဆောင်တယ်။ ၂၂ ရက်နေ့ နေ့ခင်း ၁၁ လောက်မှာ ကျနော်တို့ဘက်က စခန်းကို သိမ်းပြီး မီးရှို့ပစ်ခဲ့တယ်။ စစ်အာဏာရှင်လက်အောက်မှာ နယ်ခြားစောင့် အဖြစ်နဲ့ ကျန်ခဲ့တဲ့ ညီအစ်ကိုတွေကို ကျနော်တခုပြောချင်တယ်၊ ကျနော်တို့ တော်လှန်းရေးညီအကိုတွေအချင်းချင်း အ မြန်ပူးပေါင်းဖို့လိုပြီ စစ်အာဏာရှင်က နယ်ခြားစောင့်တပ်တွေကို ရှေ့မှာထားပြီး ထိုးကျွေးထားတာဖြစ်တယ်။ ဒီအတိုင်း ဆက်သွားမယ်ဆိုရင်တော့ လုံးပါးပါးပြီး ပျောက်သွားလိမ့်မယ်။ ကျနော်တို့လည်း ညီအကိုအချင်းချင်းမတိုက်ချင်ပါဘူး၊ ခုလောလောဆယ် သူတို့တွေဟာ စစ်အာဏာရှင်ရဲ့ ဒေါက်တိုင်၊ စစ်အာဏာရှင်က အသုံးချခံဖြစ်နေတဲ့ အတွက် မဖြစ်မ နေတိုက်နေရတာဖြစ်တယ်” လို့ ပြောပြသွားပါတယ်။

ကော့ကရိတ်မြို့နယ်ထဲက ထိပိုးစံရွားအနီးမှာလည်း ကေအန်ယူ တပ်ရင်း ၁၀၁ နဲ့ ဒီကေဘီကေ တပ်ရင်း ၉၀၅ တို့ ပူး ပေါင်း တပ်ဖွဲတွေက နအဖ ခလရ (၉၇) ကို မတ်လ ၂၃ ရက်နေ့က တိုက်ခိုက်ခဲ့ပါတယ်။ တိုက်ပွဲအခြေအနေ အသေး စိတ်ကိုတော့ မသိရှိရသေးပါ။

အခုဆိုရင် ကေအန်ယူနဲ့ ဒီကေဘီအေတပ်ဖွဲ့တွေဟာ မြဝတီမြို့နယ် ကော့ကရိတ်မြို့နယ်တွေမှာ လူထု စည်းရုံးရေး လုပ်ငန်းတွေ လူထု အုပ်ချုပ်ရေးလုပ်ငန်းတွေ ပြုလုပ်နေပြီး နအဖ တပ်စခန်းတွေကို ဆက်လက်ထိုးနှက်တိုက်ခိုက်ဖို့ ပြင်ဆင်နေတယ်လို့လဲ ကြားသိရပါတယ်။

http://www.naytthit.net/?p=10991

11ReadMore-2.jpg

Wednesday, March 23, 2011

KIA တပ်မဟာ ၄ နယ်မြေထဲ မြန်မာစစ်တပ် ၀င်ထွက်ခြင်းမပြုရန် သတိပေး


ရှမ်းပြည်တပ်မတော်မြောက်ပိုင်း (SSA-North)ကို မြန်မာစစ်တပ်က ထိုးစစ် စတင်ပြီးနောက်တစ်ဆက်တည်း ရှမ်းပြည်မြောက်ပိုင်း ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) ထိန်းချုပ်နယ်မြေထဲတွင် မြန်မာစစ်တပ်လှုပ်ရှားမှု ရပ်ရန် KIA သတိပေးခဲ့သည်။

သတိပေးချက်ကို ကချင်ပြည်နယ် လိုင်ဇာ KIA စစ်ဌာနချုပ်ရုံး(ဒိုင်လောန်ရုံး) ညွှန်ကြားချက်အတိုင်း ပြုလုပ်ခြင်းဖြစ်ပြီး မြန်မာစစ်ကြောင်းများ ယခင်လို တပ်မဟာ ၄ နယ်မြေထဲ ၀င်ထွက်သွားလာခြင်းပြုပါက ခုခံပစ်ခတ်မည်ဖြစ်ကြောင်း KIA အရာရှိများပြောသည်။

“ခုတော့ မြန်မာစစ်တပ်များ ယခင်လို ၀င်ထွက်သွားလာခြင်း မရှိတော့ဘူး။ KIA ရဲ့သတိပေးချက်ကို လျစ်လျူရှူရင်တော့ တိုက်ပွဲဖြစ်လိမ့်မယ်။” ဟု မုံးဂိုးဒေသမှ စစ်ရေးလေ့လာစောင့်ကြည့်သူတစ်ဦး ထိုင်းအခြေစိုက် ကချင်သတင်းဌာနသို့ပြောသည်။
kia_4th_brigade
ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်အနီး အခြေစိုက်တဲ့ KIA တပ်မဟာ ၄ ဌာနချုပ်ဂိတ်ဝ။
KIA တပ်မဟာ ၄ တွင် တပ်ရင်း ၅ ရင်းရှိပြီး ၎င်းမှ တပ်ရင်း ၁၇ နှင့် ၂၉ သည် ယခု SSA-N နှင့် မြန်မာစစ်တပ် တိုက်ပွဲဖြစ်ရာနေရာနှင့် အနီးဆုံးဖြစ်သည်။

KIO နှင့် SSA-N တို့သည် မကြာခင်ကဖွဲ့စည်းခဲ့သော အဖွဲ့ဝင် ၁၂ ခု ပါ နိုင်ငံရေးနှင့်စစ်ရေးမဟာမိတ် ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖယ်ဒရယ်ကောင်စီ (United Nationalities Federal Council, UNFC) အဖွဲ့ဝင်ဖြစ်သည်။

ညီညွှတ်သော ‘၀’ ပြည်တပ်မတော် (United Wa State Army, UWSA)သည် KIA ၏ UNFC ပြင်ပမှ မဟာမိတ်ဖြစ်ပြီး မြန်မာနိုင်ငံတွင် အင်အားအကြီးဆုံး တိုင်းရင်းသား လက်နက်အဖွဲ့ဖြစ်သည်။ မြန်မာစစ်တပ် ၎င်းတို့နယ်မြေထဲဝင်ရောက်လာပါက UWSA က တိုက်ခိုက်သွားမည်ဟုဆိုသည်။

SSA-N က ပိုမိုအင်အားကြီးသော KIA နှင့် UWSA အဖွဲ့တို့လည်း မြန်မာစစ်တပ်အား တိုက်ခိုက်မှုပြုရန်လိုလားလျက်ရှိသည်ဟု ဒေသတွင်း စစ်ရေးလေ့လာစောင့်ကြည့်သူများပြောသည်။

တစ်ချိန်ထဲမှာ KIA နှင့် UWSA တို့သည် ရှောင်လွဲ၍မရသော ပြည်တွင်းစစ်အတွက် စစ်ရေး ပြင်ဆင်နေကြသော်လည်း ယခုအချိန်ထိ SSA-N နှင့်မြန်မာစစ်တပ်ကြားဖြစ်ပွားသောတိုက်ပွဲတွင်မူ ပါဝင်တိုက်ခိုက်မှု မရှိသေးပေ။

SSA-N အားမြန်မာစစ်တပ်က တိုက်ခိုက်မှုသည် ယခင်လကဖွဲ့စည်းခဲ့သော UNFC အား မြန်မာစစ်တပ်က သွေးတိုးစမ်းတိုက်ခိုက်လိုက်ခြင်းလည်းဖြစ်နိုင်သည်ဟု တရုတ်နယ်စပ် စစ်ရေးလေ့လာသူတစ်ဦး သုံးသပ်သည်။

KIA သည် မြန်မာပြည်တွင် ဒုတိယအင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်ပြီး ၎င်းအောက် တပ်မဟာ ၅ ခုရှိသည်။ တပ်မဟာ ၄ ခုသည် ကချင်ပြည်နယ်တွင်အခြေစိုက်ပြီး ကျန်တပ်မဟာ ၁ ခုသည် ရှမ်းပြည်မြောက်ပိုင်းတွင် အခြေစိုက်သည်။ စုစုပေါင်း တပ်ရင်း ၃၀ ခန့်ရှိပြီး အရန်တပ်ဖွဲ့အပါအ၀င် စစ်အင်အား ၃၀၀၀၀ ကျော်ရှိသည်ဟု KIA အရာများပြောသည်။

ပြီးခဲ့သည့်နှစ် စက်တင်ဘာလကစပြီး မြန်မာစစ်အစိုးရနှင့် KIA ကြား အပစ်အခတ်ရပ်ဆိုင်းရေးစာချုပ် ကုန်ဆုံးခဲ့သော်လည်း စစ်ပွဲအား နှစ်ဖက်အဖွဲ့မှ ရှောင်ရှားနေဆဲဖြစ်သည်။

11ReadMore-2.jpg

ရွှေကျင်တွင် တနေ့တည်း ဗုံးသုံးကြိမ်ပေါက်ကွဲ

11ReadMore-2.jpg

Tuesday, March 22, 2011

အရပ်သားများကို နအဖက အဓမ္မရိက္ခာပို့ခိုင်းပြီး အကာအကွယ်ယူနေ

စောခါးစူးညား (ကေအိုင်စီ)


ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်အတွင်း လှုပ်ရှားနေသည့် နအဖ တပ်များသည် ၎င်းတို့ စစ်တပ်စခန်းရှိရာ သံလွင်မြစ်နံဘေးတ လျှောက် ရိက္ခာပို့ရန် ဒေသခံအရပ်သားလူထုများကို အဓမ္မခိုင်းသည့်အပြင် အကာအကွယ်အဖြစ် အသုံးပြုနေသည်ဟု ဒေသခံ ရွာသားများ၏ ပြောပြချက်အရ သိရသည်။

ရှေ့တန်းတပ်စခန်းသို့ ရိက္ခာပို့နေသည့် အဆိုပါ နအဖ စစ်ဗျူဟာဌာနချုပ်-စဗခ(၁)လက်အောက်ခံ ခြေမြန်တပ်ရင်း ခမရ (၄၃၄)နှင့် ခြေလျင်တပ်ရင်း ခလရ(၁၉)သည် ၎င်းတို့ကို နယ်မြေခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့ (KNLA)တပ်ဖွဲ့ဝင် များ မနှောက်ယှက်နိုင်ရန် ဖာပွန်မြို့နယ်ရှိ ထို့ဖိုးပါ့ဒဲ၊ ကျိုးခို့ဒဲ၊ ဟိဖိုးဒဲနှင့် ချောဘွဲဒဲရွာမှ အရပ်သားများအား မတ်လ ၁၄ရက်မှစ ၍ ယခုအချိန်ထိ အလှည့်ကျစနစ်ဖြင့် အဓမ္မခိုင်းနေသည်ဟု ဖာပွန်ခရိုင်မှ KNU တာဝန်ရှိတဦးဖြစ်သူ တီးဝေါ်က ယခုလို ပြော သည်။

သူက “သူတို့(နအဖ)ကို ကျနော်တို့ တိုက်လို့မရအောင် ရွာသားတွေကို ရိက္ခာသယ်ခိုင်းတာပဲ။ ရွာသားတွေက သူတို့ရဲ့ ရိက္ခာ ကို ကမမောင်းနဲ့ ဖာပွန်မြို့ကတဆင့် စသယ်ပေးရတယ်။ နောက် ရိက္ခာထမ်းပေးရသလို ရိက္ခာသယ်တဲ့ သူတို့ရဲ့ မြင်းကိုလည်း ဆွဲပေးရတယ်လေ။ ရွာသားတွေက သူတို့နဲ့ ရောနေတဲ့အခါကျတော့ တိုက်မယ်ဆိုရင် အရပ်သားပါ ထိမှာစိုးတယ်။ ရွာသား တွေကို ခိုင်းလည်းခိုင်း၊ အသုံးလည်းချတဲ့သဘောပဲ။ ရိက္ခာသယ်တာကတော့ ဒီလကုန်ခံနီးလောက်မှ သူတို့ ပြီးနိုင်မယ်။”ဟု ကေအိုင်စီကို ပြောသည်။

နအဖတပ်များသည် သက်ဆိုင်ရာ ရွာသူကြီးများအဆင့် ၎င်းတို့ရိက္ခာသယ်ပေးရန် ရွာထဲရှိ ရွာသားများကို စုခိုင်းပြီး ရွာကြီးရွာ ငယ်အလိုက် တရက်လျှင် ၁၀ဦးနှင့် ၁၀ဦးအထက် သွားနေရကြောင်းကို ဒေသခံတဦးက “ကျနော်တို့ ရွာတရွာကို သူတို့က ဒီရက် ၁၀ယောက်သွားရင် နောက်တရက် အခြား ၁၀ယောက်က သွားရတယ်။ အဲလို အလှည့်ကျနဲ့ သွားရတယ်။ ကိုယ်ပိုင်အ လုပ်ပျက်တာထက် လူတိုင်းက ကြောက်လို့သွားရတာပဲ။”ဟု ပြောဆိုသည်။

၎င်းခမရ(၄၃၄)နှင့် ခလရ(၁၉)တပ်ရင်းများ ဖာပွန်မြို့နယ်မှ ၎င်းတို့တပ်စခန်းရှိရာ ခေါပို့၊ ကဟီးကျိုး၊ နတ်တောင်(လယ်တိုး)၊ ကျောက်ညှပ်၊ ၀ါ့လူ၊ မဲ့တရိထာ့စခန်းသို့ ရိက္ခာပို့ရာတွင် လမ်းလုံခြုံရေးအဖြစ် တပ်မ(၁၁) လက်အောက်ခံ ခလရ(၂၁၄)တပ် ရင်းက တာဝန်ယူရပြီး လက်ရှိအချိန်တွင် ရိက္ခာများမှာ ချောဘွဲဒဲရွာတွင် ရောက်ရှိနေသည်ဟု သိရှိရသည်။

ထို့အပြင် နအဖ တပ်မ(၁၁) လက်အောက်ခံ ခမရ(၂၀၂)၊ (၂၅၄)တပ်ရင်းတို့သည် ပဲခူးတိုင်း၊ ကျောက်ကြီးမှတဆင့် ဖာပွန်မြို့ နယ် တေးမူဒဲကျေးနယ်အတွင်းမှ ၎င်းတို့တပ်စခန်းများဖြစ်သည့် မော်ဖူး၊ လယ်ကလေးကျိုးစခန်းများသို့ ရိက္ခာပို့ရန် ရဲဘက် (အကျဉ်းသား)နှင့် မြင်းများကို အသုံးပြုနေပြီး မတ်လ ၁၆ရက်နေ့၌ ၎င်းရိက္ခာများ မော်ဖူးတွင် ရောက်ရှိနေနှင့်ပြီဟု ဒေသခံများ က ပြောသည်။

ယင်းသို့ ရိက္ခာသယ်ယူရာ လမ်းလုံခြုံရေးကို တပ်မ(၁၁) လက်အောက်ခံ ခမရ(၂၅၁)နှင့် (၂၅၃)က တာဝန်ယူပေးသည်ဟု ဒေသခံများက ပြောသည်။

11ReadMore-2.jpg

Monday, March 21, 2011

စစ်ပြေးဒုက္ခသည် မရှိကြောင်း ပြန်ကြားရေးဥက္ကဋ္ဌပြောဆို

http://www.rfa.org/burmese
ထိုင်းမြန်မာနယ်စပ်မှာ နေထိုင်တဲ့ စစ်ပြေးဒုက္ခသည် အမည်ခံတွေထဲက အများစုဟာ သူတို့ဆန္ဒ အလျောက် တဖက်နိုင်ငံမှာ နေထိုင်သူတွေသာ ဖြစ်ကြောင်း အစိုးရ ပြန်ကြားရေးအဖွဲ့ဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းက လွှတ်တော်မှာ ပြောကြားလိုက်တယ်လို့ သိရပါတယ်။

(Photo: Free Burma Rangers)
အစိုးရ စစ်တပ်၏ လိုက်လံ တိုက်ခိုက် သတ်ဖြတ်မှုများကြောင့် တောတောင်များထဲတွင် ထွက်ပြေး ပုန်းအောင်းနေရသော ကရင် ရွာသူရွာသားများကို တောတွင်းတနေရာမှာ တွေ့ရပုံ ဖြစ်ပါသည် ။ (Photo: Free Burma Rangers)

လှိုင်းဘွဲ့ မြို့နယ် အမတ် ဦးစောသိန်းအောင်ရဲ့ အမေးကို ပြန်လည် ဖြေဆိုရာမှာ ဦးကျော်ဆန်းက အဲဒီလို မှတ်ချက်ပြု ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဦးစောသိန်းအောင်က ကရင်ပြည်သူတွေအနေနဲ့ နယ်မြေ ငြိမ်းချမ်းရေးအတွက် ပါဝင်ကူညီလိုကြောင်း မေးခွန်းအပြင်၊ ကရင်ပြည်နယ်တွင်းက စစ်ပြေး ဒုက္ခသည်တွေအရေးနဲ့ ပတ်သက်ပြီး မေးမြန်းခဲ့ကြောင်း ပြည်သူ့ လွှတ်တော် အစည်းအဝေး တက်ရောက်နေတဲ့ NDF ပါတီက ဦးကြီးမြင့်က ပြောပါတယ်။

“အဲဒီတော့ အစိုးရအနေနဲ့ ငြိမ်းချမ်းရေးကို လိုလားပါတယ်၊ စစ်လည်း မဖြစ်ချင်ပါဘူးပေါ့လေ။ ငြိမ်းချမ်းရေးကလည်း ဖြစ်စေချင်ပါတယ်၊ ပြည်သူတွေ ပါဝင်ဖို့ ဆိုတာလည်း ကြိုဆိုပါတယ်၊ တကယ်လည်း လိုအပ်တဲ့အချက် ဖြစ်ပါတယ်ပေါ့လေ။ နောက် စစ်ပြေး ဒုက္ခသည်တွေနဲ့ ပတ်သက်လို့ကတော့ စစ်ပြေး ဒုက္ခသည်၊ စစ်ပြေးလို့သာ ပြောပေမဲ့ ဒီ တဖက်နိုင်ငံရဲ့ နယ်စပ်မှာ ရှိတဲ့ ဒီနယ် အပိုင်းမှာ ရှိတဲ့ ဟို refugees တွေ ဆိုတာက သူတို့ အကြောင်းနဲ့ သူတို့ နေချင်လို့ နေတဲ့ ပုဂ္ဂိုလ်တွေ များပါတယ်ပေါ့။ ကျန်တာတွေကတော့ တကဲ့လူတွေက ကူညီပြီးတော့ သူ့နေရာသူ ရောက်သွားကြတာတွေ ရှိတယ်ပေါ့လေ။ အဲဒီလောက်ပဲ ဖြေသွားတယ်။”

ဒီကနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ မေးခွန်း ၅ ခု မေးမြန်းခဲ့တာ ဖြစ်ပြီး အဆို ၂ ရပ် တင်သွင်းခဲ့ကြောင်း သိရပါတယ်။

မေးခွန်းတွေထဲမှာ ပညာရေးကဏ္ဍနဲ့ ပတ်သက်တဲ့ မေးခွန်းတွေကို လွှတ်တော်အမတ် ဦးခင်မောင်ရီ၊ ဘူးသီးတောင် မဲဆန္ဒနယ်က ဦးရွှေမောင်နဲ့ ဦးစောသိန်းအောင်တို့က မေးမြန်းခဲ့တာ ဖြစ်ပြီး တင်သွင်းတဲ့ အဆိုနှစ်ရပ်ကတော့ လျှပ်စစ်ဓာတ်အား ရရှိရေးနဲ့ ပတ်သက်တဲ့ အဆိုနဲ့ အလုပ်သမားရေးရာနဲ့ ပတ်သက်တဲ့ အဆိုတွေကို တင်သွင်းခဲ့တာပါ။

အဲဒီအဆိုနှစ်ရပ်အနက် အလုပ်သမားရေးရာနဲ့ ပတ်သက်တဲ့ အဆိုကို မနက်ဖြန် မတ်လ ၂၂ ရက်မှာ ဆက်လက် ဆွေးနွေးမယ်လို့ သိရပါတယ်။

11ReadMore-2.jpg

ကနဲလေးစခန်းအနီးအနားတွင် နအဖ တပ်များ တိုက်ခိုက်ခံရ


(ကေအိုင်စီ)

ကရင်ပြည်နယ်၊ ဝေါ်လေဒေသအတွင်းရှိ ကနဲလေးတပ်စခန်း အနီးအနားတွင် ၀င်ထွက်သွားလာနေသည့် နအဖ တပ်ဖွဲ့များကို ကရင်တပ်ဖွဲ့ဝင်များက ယနေ့မနက်ပိုင်း၌ နှစ်ကြိမ်တိုင် အလစ်ဝင်တိုက်ခိုက်ခဲ့ရာ နအဖ တပ်ဘက်မှ ၇ဦးသေဆုံးပြီး ၃ဦးဒဏ်ရာရရှိခဲ့ကြောင်း ကရင်တပ်ဖွဲ့ဝင်ဘက်က ပြောသည်။

ကရင်အမျိုးသား လွှတ်မြောက်ရေး တပ်မတော် KNLA တပ်ရင်း (၂၀၁)မှ ဒုရင်းမှူး ဗိုလ်မှူး စောကြည်အောင်က “ဒီမနက် ၅နာရီ မိနစ် ၂၀လောက်မှာ တစ်ကြိမ်၊ ၇နာရီခွဲလောက်မှာ တစ်ကြိမ်၊ သူတို့စခန်း (ကနဲလေးစခန်း) အနီးအနားမှာပဲ ကျနော်တို့ လူတွေ ၀င်ပစ်တာ အဲဒီမှာ သူတို့လူတွေ ၇ဦးသေတယ်။ ၃ဦး ဒဏ်ရာရတယ်။ ကျနော်တို့ လူတွေ ထိခိုက်တာမရှိ။”ဟု ကေအိုင်စီကို ပြောသည်။

အဆိုပါ ကနဲလေးစခန်းရှိ နအဖ တပ်ဖွဲ့ဝင်များသည် တပ်ရိက္ခာများ သယ်ယူပို့ဆောင်ရေးတွင် အသုံးပြုရန် ၄င်းတို့ စခန်းတွင် မြင်း ၁၇ကောင် ခေါ်ယူထားကြောင်း ထိုဗိုလ်မှူးက ပြောသည်။

လက်ရှိ ကနဲလေးစခန်းတွင် နအဖ ခြေမြန်တပ်ရင်း-ခမရ (၃၄၆)၊ (၅၄၄)နှင့် ခြေလျှင်တပ်ရင်း-ခလရ (၃၁၀) တပ် ဖွဲ့ဝင်များ ၀င်ထွက်သွားလာ လှုပ်ရှားလျှက်ရှိသည်ဟု သိရသည်။

11ReadMore-2.jpg

Sunday, March 20, 2011

တပ်မဟာ ၄မှ တိုက်ပွဲသတင်း



 တပ်မဟာ ၄တပ်ဗိုလ်တပ်မှူးများနှင့် တပ်ဖွဲ့ဝင်များ။
ကေအဲန်ယူ တပ်မဟာ ၄က လွန်ခဲ့တဲ့ မတ်လ ၁၂ရက်နေ့က နအဖတပ်ကို စောင့်ကြို ပစ်ခတ်ရာ နအဖဘက်မှ ၉ယောက် ထိခိုက်ဒဏ်ရာရသည်ဟု တပ်မဟာ ၄ပြန်ကြားရေး ထုတ်ပြန်ချက်အရ သိရသည်။

တိုက်ပွဲ ဖြစ်ပွားသည့် နေရာသည် တပ်မဟာ ၄ တပ်ရင်း ၁၁နယ်မြေ တနင်္သာရီ မြို့နယ်အတွင်းမှာ ဖြစ်ပြီး တပ်မဟာ၎လက်အောက်ခံ တပ်ရင်း ၁၁ တပ်ခွဲ ၂နှင့် နအဖ တပ်ရင်း ၂၂၄နှင့် တပ်ရင်း ၁၇ စစ်ကြောင်တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ ခြင်းဖြစ်သည်။

တိုက်ပွဲ ဖြစ်ပွားချိန် ၁၀မိနစ် ကြာမြင့်ခဲ့ပြီး နအဖဘက်က ၉ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အနက် ၆ယောက်ကျဆုံး ၃ယောက်ဒဏ်ရာရကာ ကေအဲန်အယ်အေ တပ်မဟာ ၄ဘက်က ထိခိုက်ကျဆုံးမှု မရှိကြောင်း တပ်မဟာ ၄သတင်းထုတ်ပြန်ချက်အရ သိရပါသည်။
ကိုးကား-ကွယ်ကလူ
အဲခေါင့်သောင့်

11ReadMore-2.jpg

Saturday, March 19, 2011

ဝေးထိုင့်ဖူ့ဝဲါသီး (အဲမိက်)



11ReadMore-2.jpg

karen song Eh Hser Moo



11ReadMore-2.jpg

Friday, March 18, 2011

ပြောက်ကျားတိုက်ပွဲကြောင့် နအဖ အရာရှိများပါ ထိခိုက်

မတ်လ ၁၈ရက်။ ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ) တပ်မဟာ(၇)နယ်မြေရှိ ကလို့ယော်ထာ့တွင် ကေအဲန်အယ်အေ တပ်ဖွဲ့ဝင်များက နအဖတပ်ဖွဲ့ကို မတ်လ ၁၅ရက်နေ့က ပြောက်ကျားတိုက်ခိုက်ရာ နအဖဘက်မှ တပ်ရင်းမှူး အပါအ၀င် ၃ဦး ထိခိုက်သွားခဲ့ သည်ဟု ကေအဲန်အယ်လ်အေဘက်က ပြောသည်။

ထိုနေ့မနက် ၅း၃၀နာရီတွင် စစ်ကွပ်ကဲရေးဌာနချုပ် စကခ(၁၂) လက်အောက်ခံ ခမရ(၅၄၆)တပ်ကို ကရင်အမျိုးသားလွတ် မြောက်တပ်ဖွဲ့(ကေအဲန်အယ်လ်အေ) တပ်မဟာ(၇)လက်အောက်ခံတပ်ရင်းများ ပြောက်ကျားတိုက်ခိုက်မှုကြောင့် တပ်ရင်းမှူး နှင့် တပ်ကြပ် ၂ဦး ဒဏ်ရာရရှိသွားခဲ့သည်ဟု ကေအဲန်အယ်လ်အေ တပ်မဟာ(၇)မှူး ဗိုလ်မှူးချုပ်စောဂျော်နီက အတည်ပြု ပြောဆိုသည်။

သူက “မနက် ၅နာရီခွဲလောက်မှာ ပစ်ခတ်မှုဖြစ်တာ ခဏလေးပါပဲ။ နအဖဘက်က တက်လာတော့ ကျနော်တို့ဘက် တပ်ရင်း (၁၉)နဲ့ တပ်ရင်း(၂၁)က ရဲဘော်တွေနဲ့ ပစ်ခတ်မှုဖြစ်တယ်လေ။ အဲဒီမှာ ကျနော်တို့ သိရသလောက်က ခမရ(၅၄၆) တပ်ရင်းမှူး နဲ့ တပ်ကြပ်နှစ်ယောက် ထိခိုက်တယ်။ အဲဒီထဲမှာ တပ်ကြပ်တယောက်က ဒဏ်ရာပြင်းတယ်လို့ သိရတယ်။”ဟု ဆိုသည်။

ထိုနေ့မတိုင်ခင် မတ်လ ၁၄ရက် မွန်းလွဲ ၁နာရီခန့်ကလည်း ကော့ကရိတ်မြို့အထွက် ကြောင်လျှာကုန်းနှင့် အနီးတ၀ိုက်တွင် ဒီကေဘီအေမှ နအဖ၊ ဗိုလ်မှူးမုတ်သုန်၏ နယ်ခြားစောင့်တပ်များနှင့် တိုက်ပွဲဖြစ်ပွားရာတွင် နအဖ၊ နယ်ခြားစောင့်တပ်ဘက်မှ ထိခိုက်ကျဆုံးမှု အနည်းငယ်ရှိသည်ဟု သိရသော်လည်း အတိအကျကိုမူ မသိရှိရပေ။

11ReadMore-2.jpg

SSPP/SSA နမ့်လောဝ်းတပ်စခန်း တိုက်ပွဲကြောင့် ဘုန်းကြီး ငါးပါး ပျံလွန်

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsut_G3NWKypL28yMmTgw9vxA8jBeDsQIxENyIyA6odzOH_kc91dzF59KF5bLKOsotxx2TZg-z1FLnNjmPcHwc6k3bhujHaMiH0asNFfjKJVRUE77gp9bnGq1HoZhL5TFiI-ShpmMd-l47/s1600/5monkpa-1.jpg
သျှမ်းသံတော်ဆင့်

11ReadMore-2.jpg

နအဖတပ်မှ ကရင်ရွာသားတစ်ဦးကို ပစ်သတ်


မတ်လ ၁၇ရက်။ နန်းထူးစံ (ကေအိုင်စီ)

ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် လက်ရှိ လှုပ်ရှားနေသည့် နအဖ ခြေမြန်တပ်မ ဌာနချုပ်- တမခ (၁၁)လက်အောက်ခံ တပ် ရင်းမှ ကျွဲအရောင်းအ၀ယ်လုပ်နေသည့် ရွာသားများကို သွားရောက်ပစ်ခတ်ခဲ့သည့်အတွက်ကြောင့် ခေးထာ့ရွာသားတစ်ဦး ပွဲ ချင်းပြီး သေဆုံးသွားခဲ့သည်ဟု ဒေသခံတဦးက ကေအိုင်စီကို ပြောသည်။

သေဆုံးသွားခဲ့သည့် အသက် ၃၉နှစ်အရွယ် ဖားမော့လောသည် ခေးထာ့ရွာမှနေ၍ ကျိုးခိုဒဲရှိ ကျွဲများကိုဝယ်ယူရန် ကျွဲပိုင်ရှင် နှင့် ဆွေးနွေးပြောဆိုနေစဉ် တမခ(၁၁)လက်အောက်ခံ ခမရ(၂၁၄)မှ ဗိုလ်ပြုံးမောင်မောင် ဦးစီးသောအဖွဲ့က တမင်သွားရောက် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းဒေသခံက ပြောသည်။

သူက “စစ်တပ်က ရွာသားတွေ ကျွဲအရောင်းအ၀ယ်လုပ်တာကို ကြိုသိထားလို့ဖြစ်မယ်။ လာပြီးပစ်တာ။ ကျွဲရောင်းတဲ့လူတွေ ထွက်ပြေးလွတ်မြောက်ပေမဲ့ ဖားမော့လောက ထိသွားတယ်။ အဲဒီမှာပဲ သေဆုံးသွားတယ်။ သူ့မှာပါလာတဲ့ ထိုင်းဘတ်ငွေ သုံး သောင်းကိုလည်း စစ်တပ်က အကုန်ယူလိုက်တယ်။”ဟု ပြောသည်။

ယင်းသို့ ဖားမော့လော သေဆုံးသွားသည့်အတွက် ၎င်းအား မှီခိုနေရသူ ဇနီးသည်နှင့် သားသမီး ၃ဦးတို့သည် ယခုအချိန်တွင် စိတ်သောကရောက်နေရကြောင်း သိရသည်။

လက်ရှိ ဖာပွန်ဒေသရှိ နအဖတပ်များသည် တပ်ရိက္ခာ ပို့ဆောင်နေဆဲဖြစ်ပြီး ရိက္ခာပို့ဆောင်ရေးအတွက် ဗိုလ်ပြုံးမောင်မောင် နှင့်အဖွဲ့သည် ခေါပူနှင့် ဆာ့ညာ့ကျေးနယ်အကြားတွင် လုံခြုံရေးတာဝန်ယူကာ လှုပ်ရှားနေကြောင်း ဖာပွန်ခရိုင်အတွင်းရှိ KNU တပ်မဟာ(၅) ရုံးထိုင်မှူး ဗိုလ်မှူးစောကလယ်ဒို့က ပြောသည်။

ဖာပွန်ဒေသတွင် နအဖ တပ်များမှ ပစ်သတ်၊ သတ်ဖြတ်မှုကြောင့် ၂၀၁၀ခုနှစ်အတွင်းတွင် ရွာသူရွာသား ၅ဦး သေဆုံးခဲ့ပြီး ယခု ၂၀၁၁ခုနှစ်တွင် ဖားမော့လောသည် ပထမဦးဆုံး ပစ်သတ်ခံရသည့် ရွာသားတဦးဖြစ်သည်ဟု သိရသည်။
Collapse...

11ReadMore-2.jpg

Thursday, March 17, 2011

တိုကျိုကနေ အမြန်ထွက်ကြ ဟု ဗြိတိန်၊ ပြင်သစ် နှင့် တရုတ်နိုင်ငံများက သတိပေး

ဧဒင်ဥယျာဉ်...........မှ

တိုကျိုကနေ အမြန်ထွက်ကြ ဟု ဗြိတိန်၊ ပြင်သစ် နှင့် တရုတ်နိုင်ငံများက သတိပေး၊ လုပ်သားများကိုလည်း နူကလီးယား စက်ရုံမှ စွန့်ခွါ၊ စက်ရုံမှာ ထိန်းချူပ်မှုအောက်မှ ကင်းလွတ်သွားခဲ့ပြီ။


တိုကျိုကနေ အမြန်ထွက်ကြ ဟု ဗြိတိန်၊ ပြင်သစ် နှင့် တရုတ်နိုင်ငံများက သတိပေး၊ လုပ်သားများကိုလည်း နူကလီးယား စက်ရုံမှ စွန့်ခွါ၊ စက်ရုံမှာ ထိန်းချူပ်မှုအောက်မှ ကင်းလွတ်သွားခဲ့ပြီ။
တိုကျိုကနေ အမြန်ထွက်ကြ ဟု ဗြိတိန်၊ ပြင်သစ် နှင့် တရုတ်နိုင်ငံများက သတိပေး၊ လုပ်သားများကိုလည်း နူကလီးယား စက်ရုံမှ စွန့်ခွါ၊ စက်ရုံမှာ ထိန်းချူပ်မှုအောက်မှ ကင်းလွတ်သွားခဲ့ပြီ။
ဆူနာမီရေလှိုင်း နှင့် နူကလီးယား ဓါတ်ငွေ့များ ယိုစိမ့်ပေါက်ကွဲမှုများ ဖြစ်ပေါ်လျက်ရှိနေသော ဂျပန်နိုင်ငံနေ ဗြိတိသျှ လူမျိုးများ အားလုံး တိုကျိုမြို့မှ အမြန်ဆုံး ထွက်ခွါရန် နိုင်ငံခြားရေးဝန်ကြီး ဌါနက သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း ဆန်းသတင်းစာက ဖေါ်ပြသည်။


တိုကျိုမြို့မှ ထွက်ခွါရန် တရားဝင် သတိပေးထားကြောင်း ဆန်းသတင်းစာ၏ သတင်းဓါတ်ပုံ
ဂျပန်နိုင်ငံ အရှေ့မြောက် ဒေသတွင် ပြင်းထန်သော ငလျင်များ လှုပ်ခတ်ခဲ့ပြီးနောက် နူကလီးယား လျပ်စစ်ဓါတ်အားပေး စက်ရုံများရှိ ဓါတ်ပေါင်းဖိုများ ပေါက်ကွဲခဲ့ရာ ရေဒီယိုသတ္တိကြွမှု အန္တရာယ်မှာ မြို့တော် တိုကျိုအထိပင် သက်ရောက်လာနိုင်သဖြင့် ထောင်ပေါင်းများစွာသော လူအများ စိုးရိမ်သောက ရောက်နေခဲ့ကြသည်။

အသက် ၃၃ နှစ်ရှိ အင်္ဂလိပ်လူမျိုး Matt Saunderson က “ကျွန်တော့် ကလေးနဲ့ မိန်းမကို အခုအိပ်ပြန် လွှတ်နေပါတယ်။ ဂျပန်အစိုးရက ဘယ်လိုဘဲ ပြောနေပါစေ။ နူကလီးယားတွေ အပြင်ဖက် ထွက်လာပြီ ဆိုကတည်းက ကျွန်တော့် ကလေးတွေကို အဲ့ဒီမှာ လုံးဝ မထားနိုင်ပါဘူး။” ဟုပြောကြားခဲ့သည်။


တိုကျိုမြို့ လေဆိပ်အတွင်း လေယာဉ်လက်မှတ်ရရှိရေး ကြိုးစားနေကြသူများ

ဗြိတိန်နိုင်ငံသည် နိုင်ငံသားများ အားလုံးကို တိုကျိုမှ အမြန်ဆုံး ထွက်ခွါရန် ဦးဆုံး သတိပေးချက် ထုတ်ပြန်ခဲ့သော နိုင်ငံဖြစ်ပြီး ပြင်သစ် နှင့် တရုတ်နိုင်ငံ တို့ကလည်း အလားတူ သတိပေးချက်များ ထုတ်ပြန်ခဲ့ပြီ ဖြစ်သည်။ (မြန်မာနိုင်ငံက သတိပေးချက် ထုတ်ပြန်ခြင်း ရှိမရှိကိုမူ မသိရှိရသေးပါ။)

ဂျပန်အစိုးရက ဓါတ်ပေါင်းဖိုများ ပေါက်ကွဲမှုကြောင့် နူကလီးယား ဓါတ်ငွေ့များ ယိုစိမ့်မှု ဖြစ်ရာ ဖူကူရှိမ လျပ်စစ်ဓါတ်အားပေး စက်ရုံရှိ လုပ်သားများ အားလုံးကို ဧရိယာပြင်ပသို့ ထွက်ခွါရန် အမိန့်ထုတ်ပြန်လိုက်ခြင်း အားဖြင့် အဆိုပါ နူကလီးယား စက်ရုံမှာ ထိန်းချူပ်မှု အားလုံး ကင်းလွတ်သွားသော အနေအထားသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။

တိုကျိုမြို့တော်၏ လေဆိပ်သည် ယခုအချိန်အထိ နူကလီးယား ရောင်ခြည်သင့်နှုန်း သာမန် အဆင့်အထိသာ ရှိနေသေးသော်လည်း ဒေသတွင်း၌ အပူချိန်မှာ အနုတ် ငါး ဒီဂရီ စီတီဂရိတ် (-5C) အထိ ကျဆင်းနေသောကြောင့် သွားလာရ ခက်ခဲသော အနေအထား ဖြစ်နေသည်။


ပေါက်ကွဲမှုများ ဖြစ်ပွါးခဲ့သည့် ဖူကူရှီမ နူကလီးယား ဓါတ်အားပေးစက်ရုံ

ဆိုးရွားလှသော အခြေအနေအဖြစ် ငလျင်နှင့် ဆူနာမီရေလှိုင်းများ အန္တရာယ်ကြောင့် သေဆုံးသွားသူပေါင်း ၄၃၄၀ အထိ ရှိသွားပြီဟု အတည်ပြုနိုင်ခဲ့သလို လူပေါင်း ငါးသိန်းမှာလည်း အစားအစာ၊ ဆေးဝါး နှင့် လောင်စာဆီ လိုအပ်မှု ပြဿနာများနှင့် ရင်ဆိုင်နေကြရဆဲ ဖြစ်သည်။

ဖူကူရှီမ နူကလီးယား ဓါတ်အားပေးစက်ရုံ အနေဖြင့် စတုထ္ထမြောက် ဓါတ်ပေါင်းဖို အမိုး ပေါက်ကွဲမှုဖြစ် ပေါ်ခဲ့သလို ယခု အခြေအနေအထိ မီးလောင်ကျွမ်းနေကြောင်း သိရပြီး ရာသီဥတု အခြေအနေအရ နူကလီးယားမိုးများလည်း ရွာသွန်း လာမည်ကိုပါ စိုးရိမ် နေကြရသည်။


ပေါက်ကွဲမှုများ ဖြစ်ပွါးခဲ့သည့် ဖူကူရှီမ နူကလီးယား ဓါတ်အားပေးစက်ရုံ

ဂျပန်လူမျိုး အများစုမှာလည်း ကြည်ဆံရထားများ လေဆိပ်များမှတဆင့် မြို့တော် တိုကျိုမှ ထွက်ခွါ နေကြသည်။ လက်ရှိအချိန်အထိ ဖူကူရှိမ နူကလီးယား စက်ရုံမီးလောင်သည့် မီးခိုးငွေ့များမှာ ပစိဖိတ် သမုဒ္ဒရာအတွင်းသို့သာ လွှင့်ပါးမည်ဟု ကျွမ်းကျင်သူများက မျှော်လင့်နေကြသည်။ တိုကျိုရှိ ယာဉ်မောင်းများသည် ဓါတ်ဆီရရှိရေးအတွက် ဆိုင်ရှေ့၌ ဆယ်နာရီတိုင် စောင့်ဆိုင်းခဲ့ကြရကြောင်း လည်းသိရသည်။ ဖူကူရှီမီ နူကလီးယား လျပ်စစ် ဓါတ်အားပေးစက်ရုံနှင့် ၁၉ မိုင်အကွာရှိ နူကလီးယား ဓါတ်ရောင်ခြည်သင့်နိုင်သည်အထိ အလွန် အန္တရာယ်ကြီးသော ဒေသအတွင်း လူပေါင်း တစ်သိန်းလေးသောင်းကျော်အထိ  ရှိနေဆဲပင် ဖြစ်သည်။









ဖူကုရှီမ နူကလီးယား ဓါတ်အားပေးစက်ရုံ ဓါတ်ပေါင်းဖို အပူချိန်မြင့်တက်နေမှု လျော့ချရန် နောက်ဆုံးကြိုးစားမှု။  အစိုးရ စစ်ရဟတ်ယာဉ်ဖြင့် ပစိဖိတ် သမုဒ္ဒရာအတွင်းမှ ရေသယ်နေစဉ်..








11ReadMore-2.jpg

Template by:

Free Blog Templates