Monday, March 21, 2011

ကနဲလေးစခန်းအနီးအနားတွင် နအဖ တပ်များ တိုက်ခိုက်ခံရ


(ကေအိုင်စီ)

ကရင်ပြည်နယ်၊ ဝေါ်လေဒေသအတွင်းရှိ ကနဲလေးတပ်စခန်း အနီးအနားတွင် ၀င်ထွက်သွားလာနေသည့် နအဖ တပ်ဖွဲ့များကို ကရင်တပ်ဖွဲ့ဝင်များက ယနေ့မနက်ပိုင်း၌ နှစ်ကြိမ်တိုင် အလစ်ဝင်တိုက်ခိုက်ခဲ့ရာ နအဖ တပ်ဘက်မှ ၇ဦးသေဆုံးပြီး ၃ဦးဒဏ်ရာရရှိခဲ့ကြောင်း ကရင်တပ်ဖွဲ့ဝင်ဘက်က ပြောသည်။

ကရင်အမျိုးသား လွှတ်မြောက်ရေး တပ်မတော် KNLA တပ်ရင်း (၂၀၁)မှ ဒုရင်းမှူး ဗိုလ်မှူး စောကြည်အောင်က “ဒီမနက် ၅နာရီ မိနစ် ၂၀လောက်မှာ တစ်ကြိမ်၊ ၇နာရီခွဲလောက်မှာ တစ်ကြိမ်၊ သူတို့စခန်း (ကနဲလေးစခန်း) အနီးအနားမှာပဲ ကျနော်တို့ လူတွေ ၀င်ပစ်တာ အဲဒီမှာ သူတို့လူတွေ ၇ဦးသေတယ်။ ၃ဦး ဒဏ်ရာရတယ်။ ကျနော်တို့ လူတွေ ထိခိုက်တာမရှိ။”ဟု ကေအိုင်စီကို ပြောသည်။

အဆိုပါ ကနဲလေးစခန်းရှိ နအဖ တပ်ဖွဲ့ဝင်များသည် တပ်ရိက္ခာများ သယ်ယူပို့ဆောင်ရေးတွင် အသုံးပြုရန် ၄င်းတို့ စခန်းတွင် မြင်း ၁၇ကောင် ခေါ်ယူထားကြောင်း ထိုဗိုလ်မှူးက ပြောသည်။

လက်ရှိ ကနဲလေးစခန်းတွင် နအဖ ခြေမြန်တပ်ရင်း-ခမရ (၃၄၆)၊ (၅၄၄)နှင့် ခြေလျှင်တပ်ရင်း-ခလရ (၃၁၀) တပ် ဖွဲ့ဝင်များ ၀င်ထွက်သွားလာ လှုပ်ရှားလျှက်ရှိသည်ဟု သိရသည်။

11ReadMore-2.jpg

Sunday, March 20, 2011

တပ်မဟာ ၄မှ တိုက်ပွဲသတင်း



 တပ်မဟာ ၄တပ်ဗိုလ်တပ်မှူးများနှင့် တပ်ဖွဲ့ဝင်များ။
ကေအဲန်ယူ တပ်မဟာ ၄က လွန်ခဲ့တဲ့ မတ်လ ၁၂ရက်နေ့က နအဖတပ်ကို စောင့်ကြို ပစ်ခတ်ရာ နအဖဘက်မှ ၉ယောက် ထိခိုက်ဒဏ်ရာရသည်ဟု တပ်မဟာ ၄ပြန်ကြားရေး ထုတ်ပြန်ချက်အရ သိရသည်။

တိုက်ပွဲ ဖြစ်ပွားသည့် နေရာသည် တပ်မဟာ ၄ တပ်ရင်း ၁၁နယ်မြေ တနင်္သာရီ မြို့နယ်အတွင်းမှာ ဖြစ်ပြီး တပ်မဟာ၎လက်အောက်ခံ တပ်ရင်း ၁၁ တပ်ခွဲ ၂နှင့် နအဖ တပ်ရင်း ၂၂၄နှင့် တပ်ရင်း ၁၇ စစ်ကြောင်တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ ခြင်းဖြစ်သည်။

တိုက်ပွဲ ဖြစ်ပွားချိန် ၁၀မိနစ် ကြာမြင့်ခဲ့ပြီး နအဖဘက်က ၉ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အနက် ၆ယောက်ကျဆုံး ၃ယောက်ဒဏ်ရာရကာ ကေအဲန်အယ်အေ တပ်မဟာ ၄ဘက်က ထိခိုက်ကျဆုံးမှု မရှိကြောင်း တပ်မဟာ ၄သတင်းထုတ်ပြန်ချက်အရ သိရပါသည်။
ကိုးကား-ကွယ်ကလူ
အဲခေါင့်သောင့်

11ReadMore-2.jpg

Saturday, March 19, 2011

ဝေးထိုင့်ဖူ့ဝဲါသီး (အဲမိက်)



11ReadMore-2.jpg

karen song Eh Hser Moo



11ReadMore-2.jpg

Friday, March 18, 2011

ပြောက်ကျားတိုက်ပွဲကြောင့် နအဖ အရာရှိများပါ ထိခိုက်

မတ်လ ၁၈ရက်။ ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ) တပ်မဟာ(၇)နယ်မြေရှိ ကလို့ယော်ထာ့တွင် ကေအဲန်အယ်အေ တပ်ဖွဲ့ဝင်များက နအဖတပ်ဖွဲ့ကို မတ်လ ၁၅ရက်နေ့က ပြောက်ကျားတိုက်ခိုက်ရာ နအဖဘက်မှ တပ်ရင်းမှူး အပါအ၀င် ၃ဦး ထိခိုက်သွားခဲ့ သည်ဟု ကေအဲန်အယ်လ်အေဘက်က ပြောသည်။

ထိုနေ့မနက် ၅း၃၀နာရီတွင် စစ်ကွပ်ကဲရေးဌာနချုပ် စကခ(၁၂) လက်အောက်ခံ ခမရ(၅၄၆)တပ်ကို ကရင်အမျိုးသားလွတ် မြောက်တပ်ဖွဲ့(ကေအဲန်အယ်လ်အေ) တပ်မဟာ(၇)လက်အောက်ခံတပ်ရင်းများ ပြောက်ကျားတိုက်ခိုက်မှုကြောင့် တပ်ရင်းမှူး နှင့် တပ်ကြပ် ၂ဦး ဒဏ်ရာရရှိသွားခဲ့သည်ဟု ကေအဲန်အယ်လ်အေ တပ်မဟာ(၇)မှူး ဗိုလ်မှူးချုပ်စောဂျော်နီက အတည်ပြု ပြောဆိုသည်။

သူက “မနက် ၅နာရီခွဲလောက်မှာ ပစ်ခတ်မှုဖြစ်တာ ခဏလေးပါပဲ။ နအဖဘက်က တက်လာတော့ ကျနော်တို့ဘက် တပ်ရင်း (၁၉)နဲ့ တပ်ရင်း(၂၁)က ရဲဘော်တွေနဲ့ ပစ်ခတ်မှုဖြစ်တယ်လေ။ အဲဒီမှာ ကျနော်တို့ သိရသလောက်က ခမရ(၅၄၆) တပ်ရင်းမှူး နဲ့ တပ်ကြပ်နှစ်ယောက် ထိခိုက်တယ်။ အဲဒီထဲမှာ တပ်ကြပ်တယောက်က ဒဏ်ရာပြင်းတယ်လို့ သိရတယ်။”ဟု ဆိုသည်။

ထိုနေ့မတိုင်ခင် မတ်လ ၁၄ရက် မွန်းလွဲ ၁နာရီခန့်ကလည်း ကော့ကရိတ်မြို့အထွက် ကြောင်လျှာကုန်းနှင့် အနီးတ၀ိုက်တွင် ဒီကေဘီအေမှ နအဖ၊ ဗိုလ်မှူးမုတ်သုန်၏ နယ်ခြားစောင့်တပ်များနှင့် တိုက်ပွဲဖြစ်ပွားရာတွင် နအဖ၊ နယ်ခြားစောင့်တပ်ဘက်မှ ထိခိုက်ကျဆုံးမှု အနည်းငယ်ရှိသည်ဟု သိရသော်လည်း အတိအကျကိုမူ မသိရှိရပေ။

11ReadMore-2.jpg

SSPP/SSA နမ့်လောဝ်းတပ်စခန်း တိုက်ပွဲကြောင့် ဘုန်းကြီး ငါးပါး ပျံလွန်

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsut_G3NWKypL28yMmTgw9vxA8jBeDsQIxENyIyA6odzOH_kc91dzF59KF5bLKOsotxx2TZg-z1FLnNjmPcHwc6k3bhujHaMiH0asNFfjKJVRUE77gp9bnGq1HoZhL5TFiI-ShpmMd-l47/s1600/5monkpa-1.jpg
သျှမ်းသံတော်ဆင့်

11ReadMore-2.jpg

နအဖတပ်မှ ကရင်ရွာသားတစ်ဦးကို ပစ်သတ်


မတ်လ ၁၇ရက်။ နန်းထူးစံ (ကေအိုင်စီ)

ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် လက်ရှိ လှုပ်ရှားနေသည့် နအဖ ခြေမြန်တပ်မ ဌာနချုပ်- တမခ (၁၁)လက်အောက်ခံ တပ် ရင်းမှ ကျွဲအရောင်းအ၀ယ်လုပ်နေသည့် ရွာသားများကို သွားရောက်ပစ်ခတ်ခဲ့သည့်အတွက်ကြောင့် ခေးထာ့ရွာသားတစ်ဦး ပွဲ ချင်းပြီး သေဆုံးသွားခဲ့သည်ဟု ဒေသခံတဦးက ကေအိုင်စီကို ပြောသည်။

သေဆုံးသွားခဲ့သည့် အသက် ၃၉နှစ်အရွယ် ဖားမော့လောသည် ခေးထာ့ရွာမှနေ၍ ကျိုးခိုဒဲရှိ ကျွဲများကိုဝယ်ယူရန် ကျွဲပိုင်ရှင် နှင့် ဆွေးနွေးပြောဆိုနေစဉ် တမခ(၁၁)လက်အောက်ခံ ခမရ(၂၁၄)မှ ဗိုလ်ပြုံးမောင်မောင် ဦးစီးသောအဖွဲ့က တမင်သွားရောက် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းဒေသခံက ပြောသည်။

သူက “စစ်တပ်က ရွာသားတွေ ကျွဲအရောင်းအ၀ယ်လုပ်တာကို ကြိုသိထားလို့ဖြစ်မယ်။ လာပြီးပစ်တာ။ ကျွဲရောင်းတဲ့လူတွေ ထွက်ပြေးလွတ်မြောက်ပေမဲ့ ဖားမော့လောက ထိသွားတယ်။ အဲဒီမှာပဲ သေဆုံးသွားတယ်။ သူ့မှာပါလာတဲ့ ထိုင်းဘတ်ငွေ သုံး သောင်းကိုလည်း စစ်တပ်က အကုန်ယူလိုက်တယ်။”ဟု ပြောသည်။

ယင်းသို့ ဖားမော့လော သေဆုံးသွားသည့်အတွက် ၎င်းအား မှီခိုနေရသူ ဇနီးသည်နှင့် သားသမီး ၃ဦးတို့သည် ယခုအချိန်တွင် စိတ်သောကရောက်နေရကြောင်း သိရသည်။

လက်ရှိ ဖာပွန်ဒေသရှိ နအဖတပ်များသည် တပ်ရိက္ခာ ပို့ဆောင်နေဆဲဖြစ်ပြီး ရိက္ခာပို့ဆောင်ရေးအတွက် ဗိုလ်ပြုံးမောင်မောင် နှင့်အဖွဲ့သည် ခေါပူနှင့် ဆာ့ညာ့ကျေးနယ်အကြားတွင် လုံခြုံရေးတာဝန်ယူကာ လှုပ်ရှားနေကြောင်း ဖာပွန်ခရိုင်အတွင်းရှိ KNU တပ်မဟာ(၅) ရုံးထိုင်မှူး ဗိုလ်မှူးစောကလယ်ဒို့က ပြောသည်။

ဖာပွန်ဒေသတွင် နအဖ တပ်များမှ ပစ်သတ်၊ သတ်ဖြတ်မှုကြောင့် ၂၀၁၀ခုနှစ်အတွင်းတွင် ရွာသူရွာသား ၅ဦး သေဆုံးခဲ့ပြီး ယခု ၂၀၁၁ခုနှစ်တွင် ဖားမော့လောသည် ပထမဦးဆုံး ပစ်သတ်ခံရသည့် ရွာသားတဦးဖြစ်သည်ဟု သိရသည်။
Collapse...

11ReadMore-2.jpg

Thursday, March 17, 2011

တိုကျိုကနေ အမြန်ထွက်ကြ ဟု ဗြိတိန်၊ ပြင်သစ် နှင့် တရုတ်နိုင်ငံများက သတိပေး

ဧဒင်ဥယျာဉ်...........မှ

တိုကျိုကနေ အမြန်ထွက်ကြ ဟု ဗြိတိန်၊ ပြင်သစ် နှင့် တရုတ်နိုင်ငံများက သတိပေး၊ လုပ်သားများကိုလည်း နူကလီးယား စက်ရုံမှ စွန့်ခွါ၊ စက်ရုံမှာ ထိန်းချူပ်မှုအောက်မှ ကင်းလွတ်သွားခဲ့ပြီ။


တိုကျိုကနေ အမြန်ထွက်ကြ ဟု ဗြိတိန်၊ ပြင်သစ် နှင့် တရုတ်နိုင်ငံများက သတိပေး၊ လုပ်သားများကိုလည်း နူကလီးယား စက်ရုံမှ စွန့်ခွါ၊ စက်ရုံမှာ ထိန်းချူပ်မှုအောက်မှ ကင်းလွတ်သွားခဲ့ပြီ။
တိုကျိုကနေ အမြန်ထွက်ကြ ဟု ဗြိတိန်၊ ပြင်သစ် နှင့် တရုတ်နိုင်ငံများက သတိပေး၊ လုပ်သားများကိုလည်း နူကလီးယား စက်ရုံမှ စွန့်ခွါ၊ စက်ရုံမှာ ထိန်းချူပ်မှုအောက်မှ ကင်းလွတ်သွားခဲ့ပြီ။
ဆူနာမီရေလှိုင်း နှင့် နူကလီးယား ဓါတ်ငွေ့များ ယိုစိမ့်ပေါက်ကွဲမှုများ ဖြစ်ပေါ်လျက်ရှိနေသော ဂျပန်နိုင်ငံနေ ဗြိတိသျှ လူမျိုးများ အားလုံး တိုကျိုမြို့မှ အမြန်ဆုံး ထွက်ခွါရန် နိုင်ငံခြားရေးဝန်ကြီး ဌါနက သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း ဆန်းသတင်းစာက ဖေါ်ပြသည်။


တိုကျိုမြို့မှ ထွက်ခွါရန် တရားဝင် သတိပေးထားကြောင်း ဆန်းသတင်းစာ၏ သတင်းဓါတ်ပုံ
ဂျပန်နိုင်ငံ အရှေ့မြောက် ဒေသတွင် ပြင်းထန်သော ငလျင်များ လှုပ်ခတ်ခဲ့ပြီးနောက် နူကလီးယား လျပ်စစ်ဓါတ်အားပေး စက်ရုံများရှိ ဓါတ်ပေါင်းဖိုများ ပေါက်ကွဲခဲ့ရာ ရေဒီယိုသတ္တိကြွမှု အန္တရာယ်မှာ မြို့တော် တိုကျိုအထိပင် သက်ရောက်လာနိုင်သဖြင့် ထောင်ပေါင်းများစွာသော လူအများ စိုးရိမ်သောက ရောက်နေခဲ့ကြသည်။

အသက် ၃၃ နှစ်ရှိ အင်္ဂလိပ်လူမျိုး Matt Saunderson က “ကျွန်တော့် ကလေးနဲ့ မိန်းမကို အခုအိပ်ပြန် လွှတ်နေပါတယ်။ ဂျပန်အစိုးရက ဘယ်လိုဘဲ ပြောနေပါစေ။ နူကလီးယားတွေ အပြင်ဖက် ထွက်လာပြီ ဆိုကတည်းက ကျွန်တော့် ကလေးတွေကို အဲ့ဒီမှာ လုံးဝ မထားနိုင်ပါဘူး။” ဟုပြောကြားခဲ့သည်။


တိုကျိုမြို့ လေဆိပ်အတွင်း လေယာဉ်လက်မှတ်ရရှိရေး ကြိုးစားနေကြသူများ

ဗြိတိန်နိုင်ငံသည် နိုင်ငံသားများ အားလုံးကို တိုကျိုမှ အမြန်ဆုံး ထွက်ခွါရန် ဦးဆုံး သတိပေးချက် ထုတ်ပြန်ခဲ့သော နိုင်ငံဖြစ်ပြီး ပြင်သစ် နှင့် တရုတ်နိုင်ငံ တို့ကလည်း အလားတူ သတိပေးချက်များ ထုတ်ပြန်ခဲ့ပြီ ဖြစ်သည်။ (မြန်မာနိုင်ငံက သတိပေးချက် ထုတ်ပြန်ခြင်း ရှိမရှိကိုမူ မသိရှိရသေးပါ။)

ဂျပန်အစိုးရက ဓါတ်ပေါင်းဖိုများ ပေါက်ကွဲမှုကြောင့် နူကလီးယား ဓါတ်ငွေ့များ ယိုစိမ့်မှု ဖြစ်ရာ ဖူကူရှိမ လျပ်စစ်ဓါတ်အားပေး စက်ရုံရှိ လုပ်သားများ အားလုံးကို ဧရိယာပြင်ပသို့ ထွက်ခွါရန် အမိန့်ထုတ်ပြန်လိုက်ခြင်း အားဖြင့် အဆိုပါ နူကလီးယား စက်ရုံမှာ ထိန်းချူပ်မှု အားလုံး ကင်းလွတ်သွားသော အနေအထားသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။

တိုကျိုမြို့တော်၏ လေဆိပ်သည် ယခုအချိန်အထိ နူကလီးယား ရောင်ခြည်သင့်နှုန်း သာမန် အဆင့်အထိသာ ရှိနေသေးသော်လည်း ဒေသတွင်း၌ အပူချိန်မှာ အနုတ် ငါး ဒီဂရီ စီတီဂရိတ် (-5C) အထိ ကျဆင်းနေသောကြောင့် သွားလာရ ခက်ခဲသော အနေအထား ဖြစ်နေသည်။


ပေါက်ကွဲမှုများ ဖြစ်ပွါးခဲ့သည့် ဖူကူရှီမ နူကလီးယား ဓါတ်အားပေးစက်ရုံ

ဆိုးရွားလှသော အခြေအနေအဖြစ် ငလျင်နှင့် ဆူနာမီရေလှိုင်းများ အန္တရာယ်ကြောင့် သေဆုံးသွားသူပေါင်း ၄၃၄၀ အထိ ရှိသွားပြီဟု အတည်ပြုနိုင်ခဲ့သလို လူပေါင်း ငါးသိန်းမှာလည်း အစားအစာ၊ ဆေးဝါး နှင့် လောင်စာဆီ လိုအပ်မှု ပြဿနာများနှင့် ရင်ဆိုင်နေကြရဆဲ ဖြစ်သည်။

ဖူကူရှီမ နူကလီးယား ဓါတ်အားပေးစက်ရုံ အနေဖြင့် စတုထ္ထမြောက် ဓါတ်ပေါင်းဖို အမိုး ပေါက်ကွဲမှုဖြစ် ပေါ်ခဲ့သလို ယခု အခြေအနေအထိ မီးလောင်ကျွမ်းနေကြောင်း သိရပြီး ရာသီဥတု အခြေအနေအရ နူကလီးယားမိုးများလည်း ရွာသွန်း လာမည်ကိုပါ စိုးရိမ် နေကြရသည်။


ပေါက်ကွဲမှုများ ဖြစ်ပွါးခဲ့သည့် ဖူကူရှီမ နူကလီးယား ဓါတ်အားပေးစက်ရုံ

ဂျပန်လူမျိုး အများစုမှာလည်း ကြည်ဆံရထားများ လေဆိပ်များမှတဆင့် မြို့တော် တိုကျိုမှ ထွက်ခွါ နေကြသည်။ လက်ရှိအချိန်အထိ ဖူကူရှိမ နူကလီးယား စက်ရုံမီးလောင်သည့် မီးခိုးငွေ့များမှာ ပစိဖိတ် သမုဒ္ဒရာအတွင်းသို့သာ လွှင့်ပါးမည်ဟု ကျွမ်းကျင်သူများက မျှော်လင့်နေကြသည်။ တိုကျိုရှိ ယာဉ်မောင်းများသည် ဓါတ်ဆီရရှိရေးအတွက် ဆိုင်ရှေ့၌ ဆယ်နာရီတိုင် စောင့်ဆိုင်းခဲ့ကြရကြောင်း လည်းသိရသည်။ ဖူကူရှီမီ နူကလီးယား လျပ်စစ် ဓါတ်အားပေးစက်ရုံနှင့် ၁၉ မိုင်အကွာရှိ နူကလီးယား ဓါတ်ရောင်ခြည်သင့်နိုင်သည်အထိ အလွန် အန္တရာယ်ကြီးသော ဒေသအတွင်း လူပေါင်း တစ်သိန်းလေးသောင်းကျော်အထိ  ရှိနေဆဲပင် ဖြစ်သည်။









ဖူကုရှီမ နူကလီးယား ဓါတ်အားပေးစက်ရုံ ဓါတ်ပေါင်းဖို အပူချိန်မြင့်တက်နေမှု လျော့ချရန် နောက်ဆုံးကြိုးစားမှု။  အစိုးရ စစ်ရဟတ်ယာဉ်ဖြင့် ပစိဖိတ် သမုဒ္ဒရာအတွင်းမှ ရေသယ်နေစဉ်..








11ReadMore-2.jpg

Tuesday, March 15, 2011

တိုးတက်သော ကရင် ဗုဒ္ဓဘာသာတပ်ဖွဲ့ ဗိုလ်မှူးချုပ် စောလှဘွယ်ရဲ့ စကား




burmatoday

11ReadMore-2.jpg

Friday, March 11, 2011






11ReadMore-2.jpg

ဂျပန်ပြည်တိုကျိုနှင့် မိုင် ၂၄၀ အကွာ ပစ္စဖိတ်ပင်လယ်ဗဟိုပြု ၈.၈ေ မဂ္ဂါစကေးငလျင်လှုပ်

လွန်ခဲ့သော ကြာသာပတေးနေ့ အစောပိုင်းက ဂျပန်နိုင်ငံ မြောက်ပိုင်း Honshu ဒေသမှ စတင်ခဲ့သော မြေငလျင်သည် ၆.၃ Magnitude နှုန်းဖြင့် လှုတ်ခတ်ခဲ့ပြီး တစ်ရက်အတွင်းမှာပင် Sendai-shi ဒေသကို ဗဟိုပြုပြီး ၇.၂ အဆင့်ရှိ ငလျင်ကြီးတိုးမြှင့် လှုတ်ခတ်ခဲ့ပြီး ယနေ့အချိန်အထိ ထပ်မံလှုတ်ခတ်လာသော ငလျင်၏ ပြင်းအားမှာ ၈.၉ Magnitude အဆင့်အထိ တိုးမြှင့် လှုတ်ခတ်လာခဲ့သဖြင့် ရေမျက်နှာပြင် ၃၀.၃ ပေ အမြင့်အထိ တက်လာခဲ့ကြောင်း အင်တာနက် သတင်းများအရ သိရသည်။

တိုကျိုရှိ အမေရိကန် အခြေစိုက် ဘူမိဗေဒ ဌါ၏ ပြောကြားချက်အရ ငလျင် စက်ဝန်းမှာ ၃၇၃ ကီလိုမီတာ (၂၃၁ မိုင်) ရှိပြီး တိုကျိုမြို့တော် အထိပင် ရောက်ရှိနေပြီဟု သိရသည်။ လက်ရှိ အခြေအနေအရ ပြည်သူပေါင်း ၇၀၀၀ အထက် ဒုက္ခရောက်နေကြောင်း နှင့် တိုကျိုမြို့တွင် မြေအောက် ဘူတာရုံ နှင့် လမ်းများ အားလုံး ပိတ်သွားပြီ ဖြစ်သည်။

ယခု တိုက်ခတ်သော ငလျင်မှာ ဂျပန်နိုင်ငံ သမိုင်းတစ်လျောက် အကြီးမားဆုံး ငလျင်တစ်ခုဖြစ်ပြီး ကမ္ဘာ့စံချိန်မှာ လွန်ခဲ့သော မေလ ၂၂ ၊ ၁၉၆၀ ခုနှစ်က ချီလီနိုင်ငံတွင် လှုတ်ခတ်ခဲ့သော ၉.၅ အဆင့်ရှိသော ငလျင်ကြီးဖြစ်သည်။

ယခု ငလျင်ကြော ကျရောက်ရာ ဒေသများတွင် ချိုင့်ဝှမ်းကြီးများကို အရှိန်အဟုန် ကြီးများစွာဖြင့် တစ်ခုပြီးတစ်ခု ပေါ်ပေါက်စေပြီး တိုကျို ပတ်ဝန်းကျင်ရှိ ၄ သန်းခန့်ရှိသော အိမ်ယာများ ရေအောက် မြုပ်မှုများ ဖြစ်ပေါ်ခဲ့သလို လျပ်စစ်လိုင်းများ လုံးဝပြတ်တောက်သွားပြီး အချို့နေရာများတွင် မီးလောင်ကျွမ်းမှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။

လောင်စာဆီ သိုလှောင်ကန်များ မီးလောင်နေစဉ်

၁၉၃၃ ခုနှစ်က ၈.၁ Magnitude အဆင့်ရှိ ငလျင်တစ်ခု ဂျပန် အရှေ့မြောက် ပစိဖိတ်ဒေသအတွင်း လှုတ်ခတ်ခဲ့ဖူးရာ လူပေါင်း ၃၀၀၀ ခန့် သေဆုံးခဲ့ရသည်။ နောက်ဆုံးသိရသော သတင်းများအရ Chiba, Ibaraki, Fukushima မြို့များတွင်လည်း အဆိုးဝါးဆုံး ငလျှင်နှင့် ရေကြီးမှုဒါဏ်တို့ကို ခံစားနေရလျက် ရှိနေသည်။

Updated 3:45 PM
...... ယခုအချိန်အထိ သေဆုံးသူပေါင်း ၁၉ ဦးအထိ ရှိသွားပြီဟု သိရပြီး အချိန်နှင့်အမျှ သေဆုံးသူ အရေအတွက် တိုးလားနေလျက် ရှိသည်။
Updated 4:15 PM
....... Mutdfan.com က Niigata city နေ မြန်မာ တစ်ဦးအား ဆက်သွယ်မေးမြန်းခဲ့ရာ...

မေး - အမရေ ငလျှင်အခြေအနေလေး သိချင်လို့ပါ

ဖြေ - အခုတော့ တီဗီကနေ ငလျှင်သတင်းတွေကို အဆက်မပြတ် ကြေငြာနေတယ်
ရှီးဗာမှာက ဂတ်စ်သိုလှောင်ရုံတွေ ပေါက်တာ အခုထိ မီးလောင်တာ မရပ်သေးဘူး

မေး - အမနေတဲ့Niigata မြို့ အခြေအနေလေးကရော
နေ့လည် ၁နာရီလောက်က ၅.၀ လောက်နဲ့ စလှုပ်တယ် သိပ်ပြီး ဆိုးဆိုးဝါးဝါး မခံစားလိုက်ရဘူး တခြားမြို့တွေလောက် သိသိသာသာတော့ မခံစားလိုက်ရဘူး

မေး - ရေကြီးတာက Fukushima မြို့မှာဆို။ အတော်လေး ဆိုးလား တီဗီမှာပြတာတော့ မြို့ထဲကို ရေတွေ ၀င်လာတာတွေ့မိတယ်။
ဖြေ - ကားတွေ မျောပါကုန်တယ်။ ပင်လယ် ကမ်းခြေနဲ့ နီးတဲ့နေရာမှာ ဖြစ်တာ
ကားထဲက လူတစ်ယောက်နဲ့ သဘော်ထဲက တစ်ယောက် ပါသွားတယ်တော့ကြားတယ်
Sendai မြို့ကတော့ အဆိုးဆုံးလို့ တွေ့နေရတယ်။ ညနေ ၃နာရီ ၅၅မိနစ်လောက်မှာ ကား အစီး ၂၀လောက်ပါသွားတယ် ၈.၄ မီဂါလောက် ရှိပြီး အခု ပြောနေတုန်းမှာဘဲ ကျွန်မနေတဲ့ Niigata မှာ ထပ်လှုပ်နေတယ်
နေ့လည်က လှုပ်တုန်းကဆိုရင် ခေါင်းတွေမူးပြီး အန်တောင် အန်တယ်။
Sendai မြို့မှာ လေယာဉ်ပြေးလမ်းကြောင်းတွေပါ ရေတွေမြုတ်သွားတယ်လို့ လေဆိပ်က တာဝန်ရှိသူက ပြောနေတာ အခု တီဗီမှာ တွေ့နေရတယ်။
ဂျပန်ရဲ့ မြောက်ဘက် Hokkaido Tokushima မှာ ၂.၄၆ မိနစ်တုန်းက တိုင်းတာချက်အရ Level 7 ရှိနေတာကြောင့် က လူတွေကိုပင်လယ်နဲ့ ဝေးရာ ဘေးလွတ်ရာကို ရွေ့ဖို့ စီစဉ်နေကြပြီ

မေး - ဘာတွေများ တခြား ဖြစ်သေးလဲဗျ။
ဖြေ - တိုကျိုမှာတော့ ရထားတွေ ရပ်ကုန်လို့ ခရီးသည်အကုန် လမ်းလျောက်သွားနေရတယ်။ တိုကျိုက သူငယ်ချင်းတစ်ယောက်တော့ တက္ကသိုလ်ဝင်းထဲမှာ ပိတ်မိနေတယ်လို့ ပြောတယ်။
Tokyo မြို့လယ် Odaiba ဘက်မှာတော့ မီးတွေ လောင်နေတယ်လို့ ပြောတယ်။
တီဗွီင်္မှာတော့ တခြား အစီအစဉ် လုံးဝမပြတော့ဘဲ ငလျှင်သတင်းတွေကိုချည်း ပြနေတယ်။ ဖြစ်ပြီးသွားတာတွေရော ဖြစ်နေဆဲဟာတွေရောပေါ့။
ဟုတ် အခုလို ဖြေကြားပေးတဲ့ အတွက် ကျေးဇူးပါဘဲဗျာ။
(အထက်ပါ သတင်းအား ဂျပန်နိုင်ငံသို့ ကိုမှူးသခင် က ဆက်သွယ် ရယူထားခြင်း ဖြစ်ပါသည်။ )
Updated 4:48 : ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ မတ်ဖန် ပရိသတ် တစ်ဦးဖြစ်သော ကိုဖန်ခါးသီး အားဆက်သွယ် မေးမြန်းခဲ့ရာ အိမ်တွင်းရှိ ပစ္စည်းများအကုန် ပျက်စီး ကုန်သော်လည်း လူထိခိုက်မှု မရှိကြောင်း အခြားသော နီးစပ်ရာ မြန်မာများကို မေးမြန်းကြည့်ခဲ့ရာတွင်လည်း လူထိခိုက်ခြင်း ရှိသည့်သတင်း မကြားရကြောင်း သိရသည်။ ငလျင်များ အနေဖြင့်မူ အနည်းငယ် ဆက်လက် လှုတ်နေသေးကြောင်း သိရသည်။ Chanel News Asia သတင်းအရ သေဆုံးသူ ၄၉ ဦးအထိ ရှိသွားပြီ ဖြစ်ကြောင်း သိရသည်။ ပစိဖိတ် သမုဒ္ဒရာနှင့် ထိစပ်နေသော နိုင်ငံ အတော်များများက ဆူနာမီ သတိပေးချက် ထုတ်ပြန်နေကြသည်။ (ထပ်မံ ဖြည့်စွက် ပေးပါမည်။)

News Updated 4:54 PM. ဂျပန်နိုင်ငံနေ မတ်ဖန်ပရိသတ် ကိုဖန်ခါးသီးက အောက်ပါအတိုင်း သတင်းပေးပို့သည်။
"ဆက်လက် လှုတ်ခတ်နေဆဲ ငလျင်များမှာ ဂျပန်နိုင်ငံ မြောက်ပိုင်းပင်လယ်ကို ဗဟိုပြုနေပါတယ်။ ။ ဖုန်းလိုင်းတွေ အားလုံးပြတ်နေပြီး ရထား၊ကား အားလုံး ရပ်သွားပါပြီ။ နေ့လည် ၃နာရီလောက်က လှုတ်သွားတဲ့ ငလျင်က တိုကျိုမှာ တော်တော်ပြင်းပြင်း။လှုတ်သွားပါတယ်။ ခုလဲ နည်းနည်း နဲ့ အကြိမ်ကြိမ်လူပ်တုန်းပါဘဲ။ မြန်မာတွေ အသေအပျောက် မရှိဘူးလို့ ကြားရပါတယ်။ အခုလက်ရှိ နောက်ဆုံးသတင်းအရ ၃၆ ၊ပျောက် ၄၅ယောက် ပျောက်ဆုံးနေတယ် ပြီး နေရာကွတ်ကြား မီးတွေလောင်နေပါတယ်။ "


News Updated 5:14 PM ဂျပန်နိုင်ငံတွင် အင်အား ၈.၉ Magnitude ရှိ ငလျင်ကြီးလှုတ်ခဲ့ပြီးနောက် ယခုအချိန်အထိ နယူးဇီလန်၊ ဖီလစ်ပိုင်၊ အင်ဒိုနီးရှား၊ Papua New Guinea, ဟာဝိုင်အီ နှင့် ပစိဖိတ် သမုဒ္ဓရာနှင့် ထိပ်စပ်နေသော နိုင်ငံ အတော်များများက မကြာမီ နာရီအနည်းငယ်အတွင်း ဆူနာမီ ကဲ့သို့ ရေကြီးမှုများ ဖြစ်လာနိုင်သည်ဟု သတိပေးချက် ထုတ်ပြန်ထားသည်။ ဂျပန်မှ ကိုဖန်ခါးသီး ပေးပို့သော သတင်းအရ ၄၁ သေ၊ ၉၀ ဒဏ်ရာရ သည်ဟု နောက်ဆုံး သိရသည်။

News Updated 5:50 PM ဂျပန်နိုင်ငံတွင် အင်အား ၈.၉ Magnitude ရှိ ငလျင်ကြီးလှုတ်ခဲ့ပြီးနောက် ယခုအချိန်အထိ နယူးဇီလန်၊ ဖီလစ်ပိုင်၊ အင်ဒိုနီးရှား၊ Papua New Guinea, ဟာဝိုင်အီ၊ သြစတေးလျှ၊ နှင့် ပစိဖိတ် သမုဒ္ဓရာနှင့် ထိပ်စပ်နေသော နိုင်ငံပေါင်း ၂၀ က မကြာမီ နာရီအနည်းငယ်အတွင်း ဆူနာမီ ကဲ့သို့ ရေကြီးမှုများ ဖြစ်လာနိုင်သည်ဟု သတိပေးချက် ထုတ်ပြန်ထားကြောင်း သိရသည်။
News Updated 6:50 PM ဂျပန်နိုင်ငံနေ ကို ဖန်ခါးသီး၏ သတင်းပေးပို့ချက်အရ သေဆုံးသူ ၆၃ ယောက် ရှိသွားပြီ ဖြစ်ကာ ဒဏ်ရာရ ၂၄၄ယောက်ဖြစ်နေပြီ ဟုသိရပြီး သေဆုံး ဒဏ်ရာရသူစာရင်းမှာ အချိန်နှင့်အမျှ တိုးနေပြီး မကြာမီ များစွာ ထပ်မံစရင်း တိုးလာဖွယ် ရှိကြောင်း သိရသလို အဆက်အသွယ် အားလုံး ပြတ်တောက် သွားပြီဟုလည်း ဆိုသည်။
http://mm-medicalstudents.com/

11ReadMore-2.jpg

Thursday, March 10, 2011

ယနေ့တိုက်ပွဲ နအဖ ၁၀ဦးကျော်ထိခိုက်ကျဆုံး

မတ်လ ၁၀ရက်နေ့။ (ကေအိုင်စီ)

ကရင်ပြည်နယ်ရှိ ဝေါ်လေဒေသ၌ ယနေ့ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများတွင် နအဖ စစ်တပ်ဘက်မှ ၁၀ဦးကျော် ထိခိုက် သေဆုံးခဲ့သည်ဟု ကရင်တပ်ဖွဲ့ဝင်ဘက်က ပြောသည်။

ယနေ့ညနေ ၅နာရီခွဲခန့်တွင် ဝေါ်လေဒေသရှိ ကနဲလေးစခန်းအနီးတွင် နအဖ တပ်ဖွဲ့ဝင်များနှင့် ကရင်တပ်ဖွဲ့ဝင် များအကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ နအဖ တပ်ဘက်မှ ဒုဗိုလ်တဦးအပါအဝင် ၅ဦးသေဆုံးခဲ့ပြီး ၃ဦး ဒဏ်ရာရရှိခဲ့သည်ဟု ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) တပ်ရင်း(၂၀၁)မှ တပ်မှူးတဦးက ပြောသည်။

လက်ရှိ ကနဲလေးစခန်းတွင် နအဖ ခမရ (၃၄၆)၊ (၄၀၄) တပ်ဖွဲ့ဝင်တချို့နှင့် ခလရ (၉၇)တပ်ဖွဲ့ဝင်တချို့ ဝင်ထွက်လှုပ်ရှားလျှက်ရှိသည်ဟု ၎င်းက ပြောသည်။

ယနေ့မနက် ၁၀နာရီကျော်၌လည်း ယင်းသွားလာလှုပ်ရှားနေသည့် ခမရ(၃၄၆)တပ်ရင်းနှင့် ကရင်တပ်ဖွဲ့ဝင်တို့သည် ကနဲလေးစခန်းနှင့် မနီးမဝေး ထီးဘောကော်ဒေသတွင် တိုက်ပွဲဖြစ်ပွားခဲ့ရာ နအဖ ဘက်က ၂ဦးသေဆုံး၊ ၃ဦးဒဏ်ရာရရှိခဲ့ပြီး ကရင်တပ်ဖွဲ့ဝင်ဘက်က ထိခိုက်မှုမရှိဟု ကရင်တပ်ဖွဲ့ဝင်ဘက်က ပြောသည်။

11ReadMore-2.jpg

Wednesday, March 9, 2011

သေ့ပေါပိုး တောင်နီနဲ့ ကွီးတာဟိုးမှာ ဒီကေဘီအေ ပြောက်ကျားတိုက်ခိုက်

နေ့သစ်


မတ်လ ၈ ရက်နေ့ နေ့လယ် ၁၂ နာရီလောက်က ဝေါ်လေ၊ အုက္ကရေ့ထ၊ ချူကလိသွားတဲ့လမ်းပေါ်က ကွီးတာဟိုး နေ ရာမှာ ခမရ ၂၀၆ တပ်ရင်းကို ဒီကေဘီအေဘက်မှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ နအဖ ဘက်မှာ ၆ ဦးသေပြီး ၅ ဦး ဒဏ်ရာ ရ ရှိခဲ့တယ်။
အဲဒီနေ့ တနေ့ထဲမှာပဲ ညနေ ၃ နာရီလောက်မှာ သေပေါပိုး တောင်နီမှာ ခမရ ၂၀၃ တပ်ရင်းကို ဒီအေဘီအေဘက်မှာ ပြောက်ကျားတိုက်ခိုက်ခဲ့တဲအတွက် နအဖ ဘက်မှ ၃ ယောက်သေ ၆ ယောက် ဒဏ်ရာရတယ်လို့ သိရှိရပါတယ်။

မနေ့က ဒီကေဘီအေနဲ့ ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး ဒီကေဘီအေ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ဆန်းအောင်က ပြော ပြတာကတော့ …
“နေ့လယ်ကဖြစ်တဲ့ နေရာက ကွီးတာဟိုး မှာ ဖြစ်တာ၊ ဒီနေရာမှာ ကားလမ်းရှိတယ်။ ဒီကားလမ်းက ဖလူး ကချောဝါး လေးကနေ ဝေါ်လေနားက အုက္ကရေ့ထ ကိုရောက်တယ်၊ ပြီးတော့ ဆက်သွားရင် ကွီးတာဟိုး ချူကလိ ရောက်တယ်၊ ဒီ ရက်ပိုင်းတွေက ချူကလိမှာ မြို့သစ်တည်ဖို့ ပစ္စည်းတွေ ဝန်ထမ်းတွေ သယ်နေတော့ ကားလမ်းကို လုံးခြုံရေးတွေ အ တော်များများ ယူထားတယ်။ ကျနော်တို့က အဲဒီတပ်တွေကို ဝင်တိုက်တာ” လို့ ပြောပြသွားပါတယ်။

ဒီရက်ပိုင်းတွေထဲ မြဝတီမြို့နယ်ခွဲ့ တခုအဖြစ် ချူကလိနေရာမှာ မြို့သစ်စတည်နေပါတယ်။ အဲဒီအတွက် တာဝန်ကျတဲ့ ဝန်ထမ်းတွေကို မဲစနစ်နဲ့ မဲနှိုတ်ပြီး မဲပေါက်တဲ့သူက ချူကလိမှာ တာဝန်သွားထမ်းဆောင်းရမှာ ဖြစ်တယ်လို့ မြဝတီမြို့ သူ မြို့သားတွေက ပြောပြချက်အရ သိရှိရပါတယ်။

11ReadMore-2.jpg

Monday, March 7, 2011

ချူကလိ ကားလမ်းလုံးခြုံရေးတပ် တိုက်ခိုက်ခံရ



နေ့သစ်

photo by DVB
မြဝတီမြို့နယ် ဝေါ်လေရွာနားက ကနဲလေးအနီး နေရာ ၂ ခုမှာ မတ်လ ၇ နေ့က တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ ညနေ့ ၂ နာ ရီမှာ တကြိမ်၊ ၃ နာရီမှာ တကြိမ် ဖြစ်ခဲ့ပါတယ်။ ကားလမ်းလုံးခြုံရေးယူထားတဲ့ နအဖ ခမရ ၃၄၆ တပ်ရင်းကို ကေအန် ယူ နဲ့ ဒီကေဘီအေတပ်ဖွဲ့ဝင်တွေက တိုက်ခိုက်ခဲ့တာ ဖြစ်တယ်။
မနေ့က ဒီကားလမ်းကနေ ချူကလိဒေသ မြို့သစ်တည်ဖို့အတွက် အစိုးရဝန်းထမ်းတွေကို ပို့ဆောင်နေတဲ့ လမ်းဖြစ်ပါ တယ်။
မြဝတီမြို့က ကျောင်းဆရာ၊ ဆေးဆရာ၊ ရဲ၊ လဝက၊ ရယက စတဲ့ ဝန်ထမ်းတွေကို ကံစမ်းမဲစနစ်နဲ့ လျှို့ဝှက်မဲနိုက်ပြီ တာ ဝန်ပေးပါတယ်။ မဲပေါက်တဲ့ ဝန်ထမ်းက ချူကလိမှာ တာဝန်သွားထမ်းဆောင်ရမှာ ဖြစ်ပါတယ်။ ဒီဒေသက တိုက်ပွဲတွေ လဲ မပြတ် ဖြစ်နေတယ်။ အဲဒီကိုရောက်ဖို့ကလည်း တိုက်ပွဲတွေဖြစ်နေတဲ့ နေရာတွေကို ဖြတ်သွားရမှာ ဖြစ်တယ်၊ ငှက် ဖျား အလွန်ကြမ်းတဲ့ ဒေသဖြစ်တာကြောင့် မဲပေါက်တဲ့ ဝန်ထမ်းတွေအနေနဲ့ စိတ်ပျက်လက်ပျက် ဖြစ်နေကြတယ်လို့ က ရင်သတင်းစဉ် အင်တာနက်စာမျက်နှာမှာ ဖေါ်ပြထားပါတယ်။

ချူကလိ နေရာမှာ မြို့သစ်တည်ပြီး ထိုင်းနယ်စပ်မှာရှိတဲ့ မြန်မာဒုက္ခသည်တွေကို နေရာချထားမဲ့ အစီအစဉ်ရှိပါတယ်။ ဒီအစီအစဉ်ကို ၂၀၁၀ ရွေကောက်ပွဲပြီးလို့ ၂၀၁၁ ခုနှစ်မှာ စပိုင်းမှာ အကောင်အထည် ဖေါ်ဖို့ရှိပေမယ့် ခုချိန်ထိ ဒုက္ခ သည်တွေကို ချူကလိမှာ နေရာချမယ့်အစီအစဉ်ဟာ အကြောင်း ကြောင်းတွေကြောင့် မစနိုင်သေးဘဲ ရှိနေပါသေးတယ် လို့ ဒီကေဘီအေ မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ဆန်းအောင် က ပြောပြပါတယ်။

နောက်ဆုံးကြားသိရတဲ့ သတင်းတွေအရ အမျိုးသမီး ရဲဝန်းထမ်းတွေကိုပါ မြို့သစ်တည်မယ့် ချူကလိ နေရာကို မနေ့က ပို့လိုက်တယ်လို့ မြဝတီမြို့ခံတွေရဲ့ ပြောပြချက်အရ သိရှိရပါတယ်။

11ReadMore-2.jpg

ဒီကနေ့ ဝေါလေ ကနဲလေးမှာ နအဖ ရိက္ခာပို့ကား အတိုက်ခိုက်ခံရ

http://www.naytthit.net


ခမရ ၃၄၆ တပ်ဖွဲ့ဝင်တွေ လိုက်ပါပို့ဆောင်တဲ့ ရိက္ခာပို့ ကားကို ဒီကနေ့ ညနေ ၄ နာရီခွဲလောက်မှာ ကေအန်ယူနဲ့ ဒီကေ ဘီအေ တပ်ဖွဲ့တွေက ဝေါ်လေဒေသ ကနဲလေးအနီးမှာ စောင့်ကြိုတိုက်ခိုက်ခဲ့ပါတယ်။
တိုက်ပွဲဖြစ်ပွားပြီး နအဖ ရိက္ခာပို့ကားတစီး ကားလမ်းဘေးချောက်ထဲ ထိုးကျသွားပါတယ်။ နအဖ ဘက်က တပ်ကြပ်ကြီး တဦးအပါအဝင် လေးယောက် အပြင်းအထန် ဒဏ်ရာရခဲ့တယ်လို့ သိရှိရပါတယ်။
ဒီကနေ့မနကပိုင်း ၇ နာရီးလောက်ကလည်း ကနဲ့လေးမှာပဲ တိုက်ပွဲတပွဲဖြစ်ခဲ့ပါသေးတယ်။ ဒီပွဲမှာတော့ နအဖ ဘက်က ၂ ယောက် သေဆုံးခဲ့ပါတယ်။
ဝေါ်လေ ၁၉၉ ကုန်းမှာတော့ ခမရ ၃၁၀ က ဆေးအရာခံဗိုလ်တယောက် မိုင်းနင်းပြီး သေဆုံးသွားတယ်လို့ သိရှိရပါ တယ်။
ဝေါ်လေဘက်က တိုက်ပွဲအခြေအနေတွေနဲ့ ပတ်သက်ပြီး ဒီကေဘီအေ မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ဆန်းအောင် က…
“ဝေါ်လေဘက်ကတော့ နေတိုင်းနီးပါးလောက်ကို ပြောက်ကျားတိုက်ပွဲတွေက ဖြစ်နေတာ။ နအဖ ဘက်ကလည်း အဲဒီဘက်က တပ်တွေအတွက် ရိက္ခာနဲ့ ချူကလီမှာမြို့တည်ဘို့အတွက် လိုအပ်တဲ့ ပစ္စည်းတွေကို နအဖ က ပို့ဆောင် နေပါတယ်” လို့ ပြောပြသွားပါတယ်။

11ReadMore-2.jpg

Template by:

Free Blog Templates