Sunday, February 27, 2011
မြဝတီ ကော့ကရိတ်ကားလမ်းဘေးက ရွာတရွာကို နအဖ က လက်နက်ကြီးတွေနဲ့ တိုက်ခိုက်
Labels: new
Saturday, February 26, 2011
ဝေါ်လေအနီး နအဖ ကားလမ်းလုံခြုံရေးတပ်တွေ တိုက်ခိုက်ခံရ
နေ့သစ်
ဖေဖော်ရီလ ၂၃ ရက်နေ့ကစလို့ မြဝတီနဲ့ ပတ်ဝန်းကျင်ဒေသတွေဖြစ်တဲ့ ကော့ကရိတ် ကုက္ကိုနေရာတွေမှာ ဒီကေဘီအေ ဘက်က ဝင်ရောက် စစ်ဆင်တိုက်ခိုက်မယ်ဆိုတဲ့ သတင်းတွေအရ စစ်တပ်လုံးခြုံရေးတွေ ထူထပ်စွာချထားခဲ့ရတယ်။ အဲဒီရက်ထဲမှာပဲ နအဖ ဘက်က ထောက်ပို့ကားတန်းတွေ မြဝတီကို ရောက်ရှိလာကာ ဖလူးနဲ့ ဝေါ်လေဘက်ကို ဆက် သွားမယ်လို့လည်း သတင်းတွေ ရရှိခဲ့ပြီး။ ဒီကနေ့မှာ ဝေါ်လေဘက်ကိုတက်မယ့် နအဖ စစ်ကားတန်းကို လုံခြုံရေးယူ ထားတဲ့ တပ်တွေကို ဒီကေဘီ နဲ့ ကေအန်ယူ ပူးပေါင်းတပ်ဖွဲ့တွေက ကနဲ့လေးနဲ့ ဘလဲ့ဒို့ ဘက်မှာ တိုက်ခိုက်ခဲ့တယ်လို့ ကြားသိရပါတယ်။
နအဖ တပ်မ ၂၂ လက်အောက်ခံတပ်တွေကို ဒီကနေ့ နေ့လည်ပိုင်းက ဝေါ်လေအနီးက ကနဲလေးနေရာမှာ ဒီကေဘီအေ နဲ့ ကေအန်ယူပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်လိုက်တာ ဖြစ်ပါတယ်။ ဒီထိတွေမှုမှာ နအဖ ဘက်က ၄ ယောက် သေပြီး ၁၀ ယောက် ဒဏ်ရာရတယ် လို့ သိရပြီး၊ ဘလဲ့ဒို့ ဘက်မှာတော့ နအဖ ဘက်က ၂ ယောက်သေ၊ ၄ ယောက်ဒဏ်ရာရ တယ်လို့ သိရှိရပါတယ်။
ဒီကေဘီအေ တပ်မဟာ ၅ စစ်ဆင်းရေးမှူး ဗိုလ်မှူးဆန်းအောင် ပြောပြတာက …
“ဟုတ်ကဲ့ ဒီနေ့နေ့လည် ကနဲ့လေမှာ ဖြစ်တယ်။ သူတို့ဘက်က ရိက္ခာနဲ့ စစ်သားတွေသယ်လာတဲ့ ကားတန်းတွေအတွက် လုံခြုံးရေးလမ်းကင်းကို တိုက်လိုက်တာဖြစ်တယ်။ သူတို့ဘက်က ၄ ယောက်သေပြီး ၁၀ ယောက် ဒဏ်ရာရတယ်။ အခု ဒီရက် ပိုင်းထဲမှ တက်လာတဲ့ နအဖ ကားတန်းတွေက ရိက္ခာတွေအပြင် ချူကလီးနေရာမှာ မြို့တည်ဖို့လိုအပ်တဲ့ ပစ္စည်း တွေပါ ပါ နိုင်တယ်။ ဒီနေ့လည်က တိုက်ပွဲဖြစ်တဲ့နေရာမှာ မိုးတွေလည်း တအားရွာနေတယ်၊ ဒီနေ့ တနေ့ထဲပဲ ဝေါ်လေ အနီးက ဘလဲဒို့ မှာလည်း ဒီကေဘီအေဘက်က ပြောက်ကျားစစ်ဆင်ခဲ့တဲ့အတွက် နအဖ ဘက်က ၂ ယောက်သေပြီး လေးယောက် ဒဏ်ရာရတယ်” လို့ ပြောပြသွားပါတယ်။
နအဖ အနဲ့နဲ့ ဝေါ်လေအနီးက ချူကလီးနေရာမှာ မြဝတီမြို့နယ်ခွဲတခု တည်ဖို့အတွက်ပြင်နေတယ်ဆိုတာ ကြားသိရပြီး လုံခြုံရေအတွက် ရဲတပ်ဖွဲ့အင်အား ၁၀၀ နဲ့ မြို့နယ်အုပ်ချုပ်ရေးဝန်ထမ်း၊ အထွေးထွေရုံဝန်ထမ်းတွေ ဆောက်လုပ်ရေး ဝန်ထမ်းတွေကို တာဝန်သတ်မှတ်ပြီးဖြစ်တယ်လို့လဲ သိရှိရပြီး အရပ်သားဝန်ထမ်းတွေ အနေနဲ့ အခု မြို့တည်မယ့် နေရာ အခြေအနေကို ကြိုတင်စုံစမ်းတာတွေလုပ်နေပြီး သွားရောက်တာဝန်ထမ်းဆောင်ရမှာ အထူးစိုးရိမ်နေတယ်လို့လဲ ကြား သိရပါတယ်
Labels: new
ပြည်တွင်းစစ် ရပ်ဆိုင်းရန် KNU တောင်းဆို
နယူးဒေလီ (မဇ္ဈိမ)။ ။ ပြည်တွင်းစစ်ပွဲများ ရပ်ဆိုင်းပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အားလုံးပါဝင်သည့် တွေ့ဆုံဆွေးနွေးပွဲ ဖြစ်ပေါ်လာစေရန် စစ်အစိုးရကို နိုင်ငံတကာက ဖိအားပေးရန် ကရင်အမျိုးသားအစည်းအရုံး KNU က တောင်းဆိုလိုက်သည်။
တိုင်းရင်းသားဒေသများတွင် စစ်အစိုးရတပ်များ၏ ထိုးစစ်ဆင်တိုက်ခိုက်မှုများကြောင့် ဒေသခံလူထု ထိခိုက်နေရပြီး၊ တွေ့ဆုံဆွေးနွေးရေးဖြင့်သာ နိုင်ငံရေးပြဿနာများကို ဖြေရှင်းနိုင်လိမ့်မည်ဟု ယုံကြည်သောကြောင့် ယခုတပတ် ကြာသပတေးနေ့တွင် ကြေညာချက်ထုတ်ကာ တောင်းဆိုလိုက်ခြင်း ဖြစ်သည်။
“စစ်တပ်က လူထုတွေကိုသုံးပြီး အမျိုးမျိုး အနိုင်ကျင့်တယ်။ ဒါကိုဆက်လုပ်မယ်ဆိုရင် တိုင်းရင်းသားတွေက ဒီ့ထက် ပိုပြီး ခံစားနေရမှာ။ အဲဒါကြောင့် နိုင်ငံတကာက နအဖကို အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေး ဖြစ်လာဖို့၊ ဖိအားပေးဖို့ ကျမတို့က တောင်းဆိုတာ” ဟု KNU အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန်က မဇ္ဈိမကို ပြောသည်။
သုံးပွင့်ဆိုင်ဆွေးနွေးရေးအတွက် KNU နှင့် အခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက အဆင့်သင့်ရှိနေကြောင်း ကြေညာချက်က ဆိုသည်။ ထို့ပြင် KNU ၏ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် အပြစ်မဲ့ပြည်သူများ ထိခိုက်သေဆုံးနေကြောင်း စစ်အစိုးရအာဘော် သတင်းစာများတွင် ဖော်ပြလေ့ရှိပြီး၊ ၎င်းဖော်ပြချက်မှာ အခြေအမြစ် မရှိသည့် စွပ်စွဲချက်များဟုလည်း ကြေညာချက်ထဲတွင် ငြင်းဆိုထားသည်။
စစ်အစိုးတပ်များကသာ အရပ်သားများကို လူသားမိုင်းရှင်းကိရိယာအဖြစ် အသုံးပြုခြင်း၊ ရှေ့တန်းစစ်ဆင်ရေးများတွင် ဒေသခံပြည်သူများကို ရိက္ခာသယ်ရန် ပေါ်တာဆွဲခြင်းများကို ပြုလုပ်လျက်ရှိသည်ဟု နော်စီဖိုးရာစိန်က မဇ္ဈိမကို ပြောသည်။
နအဖ တပ်များကသာ အရပ်သားများကို ပစ်ခတ်မှုကိုခွင့်ပြုထားပြီး စစ်ဆင်ရေးများတွင် ဒေသခံများကို ရိက္ခာသယ်ရန် ပေါ်တာစွဲခြင်း၊ လူသားမိုင်းရှင်းကိရိယာအဖြစ် အသုံးပြုခြင်းများ ရှိကြောင်းနှင့် KNU အနေဖြင့် တွေ့ဆုံဆွေးနွေးရေးကို တောင်းဆိုနေသော်လည်း စစ်အစိုးရက စစ်ရေးဖြင့် ဖိအားပေးလာလျှင် တိုင်းရင်းသား လက်နက်ကိုင်များပူးပေါင်းကာ ပြန်လည်ကာကွယ်သွားမည်ဟု ဆိုသည်။
KNU သည် နှစ်ပေါင်း ၆၀ ကျော်ကြာအောင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် တောင်းဆိုခဲ့ပြီိး ထိုင်း-မြန်မာနယ်စပ်တွင် ခြေကုပ်ယူလှုပ်ရှားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ဖြစ်သည်။
ပြည်သူများကို ငဲ့ကွက်ခြင်းမရှိသည့် စစ်အစိုးရ၏ သဘောထားတင်းမာမှုကြောင့်သာ တွေ့ဆုံဆွေးနွေးရေးမှာ ခက်ခဲနေဆဲဖြစ်သည်ဟု တရုတ်အခြေစိုက် စစ်ရေးအကဲခတ် ဦးအောင်ကျော်ဇောက သုံးသပ်သည်။
“လူ့အခွင့်အရေး တစက်မှ နားမလည်တဲ့၊ လူမျိုးရေးစိတ်နဲ့ ဖြေရှင်းနေတဲ့ စစ်တပ်နဲ့ ငြိမ်းချမ်းရေးရဖို့ဆိုတာ နိုင်ငံတကာ ဖိအားမပါဘဲ မရနိုင်ဘူး။ ပြည်တွင်းစစ်အကြောင်းပြပြီး စစ်တပ်ကြီးကြီး ထောင်ထားမယ်၊ စစ်တပ်ကြီးကြီးနဲ့ တိုင်းပြည်ကို လုပ်ချင်သလို လုပ်မယ်။ ဒါ့ကြောင့် သူတို့က ပြည်တွင်းစစ်ကို မရပ်စဲချင်ဘူး။ သူတို့သဘောနဲ့ သူတို့တော့ စားပွဲဝိုင်းကို လာမှာမဟုတ်ဘူး” ဟု မဇ္ဈိမကို သုံးသပ်သည်။
အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အတိုက်အခံပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးရန် စစ်အစိုးရကို ကုလသမဂ္ဂနှင့် နိုင်ငံတကာ အဖွဲ့အစည်းများမှ တောင်းဆိုနေကြသော်လည်း ယနေ့အထိ အကောင်အထည်ဖော်ခြင်း မရှိပေ။
နှစ်ပေါင်း ၂၀ ကျော်အပြီး ထွက်ပေါ်လာသည့် လွှတ်တော်က တင်မြှောက်သည့် သမ္မတထွက်ပေါ်လာချိန်ကလည်း ကုလအထွေထွေအတွင်းရေးမှူး ဘန်ကီမွန်းက အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အားလုံးပါဝင်သည့် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ရန် ယခုလ ၄ ရက်နေ့တွင် စစ်အစိုးရကို ထပ်မံတောင်းဆိုခဲ့သေးသည်။
စစ်အစိုးရက ပြီးခဲ့သည့်နှစ် မေလမှစ၍ ငြိမ်းချမ်းရေးယူထားသည့် အပစ်ရပ်အဖွဲ့များကို စစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းလဲရန်အတွက် ဖိအားပေးခဲ့သည့်နောက်ပိုင်း အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအကြား သဘောထားတင်းမာမှု ဖြစ်ပေါ်ခဲ့သည်။
“၀”ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် UWSA၊ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO၊ မွန်ပြည်သစ်ပါတီ NMSP၊ ရှမ်းပြည်တပ်မတော်တောင်ပိုင်း SSA-S၊ မိုင်းလား ခေါ် အမျိုးသားဒီမိုကရေစီ မဟမိတ်အဖွဲ့ NDAA တို့က နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးအတွက် ငြင်းဆန်ထားကြသည်။
ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ ရွေးကောက်ပွဲနောက်ပိုင်း ထိုင်း-မြန်မာနယ်စပ်တလျှောက်တွင် စစ်အစိုးရတပ်များနှင့် ကရင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား နေ့စဉ်နီးပါး တိုက်ပွဲများ ဖြစ်ပေါ်ခဲ့သည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက တွေ့ဆုံဆွေးနွေးရေးအတွက် တဖက်တွင် တောင်းဆိုနေသော်လည်း စစ်အစိုးရက စစ်ရေးဖြင့် ဖိအားပေးလာပါက ကာကွယ်ရန်အတွက် တိုင်းရင်းသားအဖွဲ့ ၁၂ ဖွဲ့ ပါဝင်သည့် “ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ” (United Nationalities Federal Council-Union of Burma) ကို ယခုလ ၁၇ ရက်နေ့တွင် ဖွဲ့စည်းခဲ့သေးသည်။
ထိုင်း-မြန်မာနယ်စပ်တွင် ဖွဲ့စည်းသည့် အဆိုပါကောင်စီတွင် အပစ်မရပ်နှင့် အပစ်ရပ် အဖွဲ့များသာမက ပြည်ပအခြေစိုက် တိုင်းရင်းသား အဖွဲ့အစည်းအချို့လည်း ပါရှိသည်။
Labels: new
ယနေ့သတင်း (၂၆ ရက် ဖေဖော်ဝါရီလ ၂၀၁၁)
ဆုံဆည်းရာ၊ ၂၆ ရက် ဖေဖော်ဝါရီလ ၂၀၁၁
Labels: new
Thursday, February 24, 2011
နှစ်ရက်တာတိုက်ပွဲအတွင်း နအဖ ၁၀ဦးကျော် ထိခိုက်သေဆုံး
Labels: ကရင်သတင်း
Wednesday, February 23, 2011
မြ၀တီ မြို့နယ်ခွဲ အသစ် DKBA တိုက်မည်ဟု သတိပေး
ဧရာဝတီ
မြ၀တီမြို့နယ်ခွဲ ချူးကလိမြို့သစ်သည် မြ၀တီတောင်ဘက် မိုင် ၃၀ ကျော်အကွာ မြ၀တီနှင့် ကြာအင်းဆိပ်ကြီး မြို့နယ် အစပ်တွင် တည်ရှိပြီး လက်ရှိလုံခြုံရေး တာဝန်ကို ရဲ ၀န်ထမ်း ၁၀၀ ကျော်က တာဝန်ယူထားသည်ဟု သိရသည်။
“ကျနော်တို့ရဲ့ အဓိက ပစ်မှတ်က နအဖပဲ ဖြစ်တယ်၊ ဒါပေမယ့် စစ်ဆင်ရေး လုပ်တဲ့အချိန်မှာ အရပ်သား တချို့ကို ထိခိုက် ခဲ့တာတွေရှိတဲ့ အတွက် ကြိုတင်အသိပေးရတာ ဖြစ်တယ်”ဟု ဗိုလ်မှူးဆန်းအောင်က ဖြည့်စွက် ပြောကြားသည်။
DKBA ၏ အဆိုအရ ၎င်းမြို့သစ်တွင် ထိုင်းနိုင်ငံဘက်၌ ရောက်ရှိနေသည့် မြန်မာဒုက္ခသည်များအား မြန်မာဘက်ကပြန် လည်လက်ခံမည့် အစီအစဉ်ကို နှစ်ဘက် အာဏာပိုင်များ သဘောတူညီမှု ရရှိထားသည်ဟုလည်း သိရသည်။
မြန်မာအစိုးရအား ဆန့်ကျင်တိုက်ခိုက်နေသည့် အဖွဲ့အစည်းများကို ထိုင်းနိုင်ငံက အားပေးမည်မဟုတ်ကြောင်းနှင့် ထိုင်း နယ်မြေကိုလည်း ခြေကုတ်ယူခွင့်မပြုဟု ထိုင်းအာဏာပိုင်များက မကြာသေးမီက ထုတ်ဖော်ပြောဆိုမှုများနှင့် ပတ်သက် ၍လည်း DKBA က လက်မခံနိုင်ကြောင်း ပြောဆိုသည်။
ယင်းကိစ္စနှင့်ပတ်သက်၍ DKBA ၏ ပြောရေးဆိုခွင့်ရှိသူလည်းဖြစ်သည့် ဗိုလ်မှူးဆန်းအောင်က“ကျနော်တို့တော်လှန်ရေး လုပ်တာက ကိုယ့်အားကိုယ်ကိုးပဲ၊ ထိုင်းကိုမှီခိုပြီး လုပ်နေတာမဟုတ်ဘူး၊ ထိုင်းဆီကလည်း ဘာမှအလကားမရဘူး၊ နအဖ ကို တော်လှန်နေတဲ့အဖွဲ့တွေကို တင်းကျပ်မှုတွေလုပ်နေတာက သူ့အကျိုးစီးပွားနဲ့ မြ၀တီတံတားပြန်ဖွင့်ဖို့ အတွက် နအဖ ကို မျက်နှာလုပ်တာဖြစ်တယ်”ဟု ပြောသည်။
ထိုင်း-မြန်မာ နယ်စပ် မဲဆောက်-မြ၀တီ ချစ်ကြည်ရေးတံတား ပိတ်သည့်ပြဿနာသည် နှစ်နိုင်ငံနယ်ခြား သောင်ရင်းမြစ် အတွင်း ထိုင်းဘက်မှ ကမ်းထိန်းနံရံတည်ဆောက်ရာ မြန်မာဘက်ကမကျေနပ်၍ ချစ်ကြည်ရေးတံတားကိုပိတ်လိုက်ခြင်း ဖြစ်ပြီး DKBA အပါအ၀င် မည်သည့်တော်လှန်ရေး အဖွဲ့အစည်းများနှင့် တစုံတရာပတ်သက်မှုမရှိကြောင်းလည်း ဗိုလ်မှူးဆန်းအောင် က ပြောဆိုသည်။
ဖေဖော်ဝါရီ လလယ်ပိုင်းကလည်း ကရင်ပြည်နယ် မြ၀တီ-ကော့ကရိတ် ကားလမ်းကို ဖြတ်တောက်မည့် စစ်ဆင်ရေး ရှိသည့်အတွက် ယနေ့မှစ၍ အရပ်သားများ ခရီးသွားလာခြင်းမပြုလုပ်ရန် DKBA က သတိပေးခဲ့ပြီး ဖေဖော်ဝါရီ ၁၇ ရက်တွင် မြ၀တီ-ကော့ကရိတ် ဒေါနတောင်ကျော် ကားလမ်းပေါ်ရှိ ကျောက်တလုံးစခန်းကို တိုက်ခိုက်မှုကြောင့် မြ၀တီ မှ ကော့ကရိတ်သို့ ထွက်ခွာသည့် ယာဉ်တန်းများ၏ ထက်ဝက်ခန့်မှာ မြ၀တီသို့ နောက်ကြောင်းပြန်လှည့်ခဲ့ရသည်။
ဗိုလ်မှူးကြီး စောလားပွယ်(ဗိုလ်နှုတ်ခမ်းမွေး) ဦးဆောင်သည့် အဆိုပါ DKBA တပ်မဟာ ၅ တပ်ဖွဲ့သည် နယ်ခြားစောင့် တပ် ဖွဲ့စည်းရေးကို လက်မခံဘဲ ရွေးကောက်ပွဲ ကျင်းပနေသည့် ၂၀၁၀ နိုဝင်ဘာ ၇ ရက်နှင့် ၈ ရက်နေ့များမှစတင်၍ ကရင်ပြည်နယ် အတွင်းရှိ နအဖ တပ်များကို တိုက်ပွဲများ ဆင်နွှဲနေခဲ့သည်။
Collapse...
Labels: new
Tuesday, February 22, 2011
ရွှေကုမ္ပဏီနှစ်ခုကို ကေအဲန်ယူက ဧပြီလအထိ ရွှေတူးဖော်ခွင့်ပေး
သူက “မြဌေးကြွယ်နဲ့ ချစ်လေးမြိုင်ကုမ္ပဏီဟာ ကျနော်တို့ကို လာမဆွေးနွေးဘဲ သူ့သဘောနဲ့သူလုပ်ပြီး DKBA(ယခု BGF) ကို လုံခြုံရေး ယူခိုင်းတယ်လေ။ ကျနော်တို့က နယ်မြေခံဆိုတော့ ဒါမျိုးလာလုပ်တာ လက်မခံဘူးလေ။ အခုဆို လုံခြုံရေးလာယူပေး ခဲ့တဲ့ DKBA တွေလည်း BGF ပြောင်းတော့ အရင်လို အင်အားမရှိတော့ဘဲ လုံခြုံရေးယူနိုင်ဖို့ ခက်တယ်။ အခုလာတဲ့အဖွဲ့တွေ က ကျနော်တို့နဲ့ လာတိုင်ပင်တော့ ၄လပိုင်းအထိ လုပ်ခွင့်သဘောတူထားတယ်။”ဟု သူက ပြောသည်။
၎င်းကုမ္ပဏီနှစ်ခုသည် ရွှေတူးဖော်ရေးအတွက် ၂၀၁၀ခုနှစ်၊ နိုဝင်ဘာလနှင့် ဒီဇင်ဘာလများတွင် ကေအဲန်ယူ ဖာပွန်ခရိုင်နှင့် လာရောက်တိုင်ပင်ခဲ့ခြင်းဖြစ်ပြီး ယင်းသို့ ကာလအနည်းငယ် ရွှေတူးခွင့်သဘောတူညီမှုအပေါ် အကျိုးအမြတ် မည်မျှရရှိသည် ကိုမူ ကေအဲန်ယူက ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။
မယ့်ကလယ့်လော်ချောင်းအတွင်း ရွှေတူးဖော်ရေးလုပ်ငန်းများ ပြန်လည်စတင်သည့် အစောပိုင်းတွင် ၀င်းမောင်း(၀ါ့မူ) ကျေးရွာ အုပ်စုအတွင်းရှိ ကျေးရွာအချို့သည် သန့်ရှင်းသည့် သောက်ရေသန့်များ မရရှိသဖြင့် ရွာသူရွာသားများ အခက်ကြုံခဲ့ရကြောင်း ဒေသခံရွာသားတစ်ဦးက ပြောသည်။
သူက “ဒီလို ရွှေပြန်လာတူးတော့ ကျနော်တို့ ၀င်းမောင်းကျေးနယ်အုပ်စုထဲက ရွာတချို့ သောက်ရေပြဿနာနဲ့ ကြုံတယ်။ ဒီအ ကြောင်းကို နယ်မြေခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLAကို တင်ပြတယ်။ ကုမ္ပဏီတွေကို သူတို့ပြန်ပြောပေး တော့ အခု ကျနော်တို့ရွာဘေးက တောင်ကျရေကို ပိုက်လုံးနဲ့ သွယ်ပေးတော့ ပြန်အဆင်ပြေသွားတယ်။”ဟု ပြောသည်။
DKBA (ယခု BGF)တပ်ဖွဲ့သည် ရွှေတူးသည့်နေရာသို့ သွားသည့်လမ်းတလျှောက် ကားလမ်းဖောက်လုပ်ခဲ့သဖြင့် မယ်ကလယ့် လော်ချောင်းကမ်းပါးပေါ်တွင် စုပုံထားသော သဲမြေများကြောင့် အဆိုပါဒေသရှိ ၀င်းမောင်း(၀ါ့မူ)၊ မဲချိုနှင့် မလေးကျောက် (မလေးလယ်) ကျေးနယ်၌ ဧက ၄၀၀ခန့်ရှိ လယ်ကွင်း ၈၅ကွင်းပျက်စီးခဲ့ရသည်။
ထိုဒေသရှိ လယ်ကွင်းများ ပြန်လည်လုပ်ကိုင်နိုင်အောင် မယ့်ကလယ့်လော်ချောင်းနှင့် လယ်ကွင်းများအကြား ဆက်သွယ်ထား သည့် ရေပေးတူးမြောင်းများကို ပြန်လည်ပြုပြင်ပေးရန် လက်ရှိ ရွှေတူးဖော်နေသည့် ကုမ္ပဏီများကို ပြောဆိုထားကြောင်း KNU ဖာပွန်ခရိုင်က ပြောသည်။
Labels: သတင်း
Sunday, February 20, 2011
မြဝတီ ကော့ကရိတ်ကားလမ်းပေါ်က နေရာ ၂ ခုမှာ ဒီကေဘီအေ ဝင်ရောက်တိုက်ခိုက်
Labels: ကရင်သတင်း
Saturday, February 19, 2011
ကျောက်တလုံးစခန်းကို DKBA တိုက်၊ စစ်ဆင်ရေး ဆက်လုပ်မည်
တိုက်ခိုက်မှုဖြစ်ပွားခဲ့သည့် ကျောက်တလုံးစခန်းသည် မြ၀တီခရိုင်အတွင်း တည်ရှိပြီး ၎င်းစခန်းအနီးတွင် နအဖတပ် ခမရ ၃၅၅ နှင့် ၃၅၆ တပ်ရင်းများ အခြေစိုက်သည့်နေရာ ဖြစ်သည်။
ထိုနေ့က တိုက်ခိုက်မှုဖြစ်ပြီးသည့်နောက်ပိုင်း ညဘက်တွင် မြ၀တီမြို့ရှိ ရပ်ကွက် ၅ ရပ်ကွက်ကိုလည်း လုံခြုံရေး အကြောင်းပြချက်ဖြင့် စစ်တပ်၊ ရဲ အပါအ၀င်ဌာနဆိုင်ရာ အဖွဲ့ပေါင်းစုံက ၀င်ရောက်စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။
အဆိုပါ တိုက်ခိုက်မှုတွင် နအဖတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း ကော့ကရိတ်မြို့မှ ကုန်သည်တဦးက ပြောသည်။ ကော့ကရိတ်မြို့ပေါ်တွင်လည်း လုံခြုံရေးတိုးမြှင့်ထားပြီးရပ် ကွက်များအတွင်း ညလုံးပေါက် ဧည့်စာရင်းစစ်သည်ဟု အကြောင်းပြကာ ရှာဖွေစစ်ဆေးမှု များပြုလုပ်ခဲ့သည်ဟု သိရသည်။
အဆိုပါ လမ်းကြောင်းကို DKBA အဖွဲ့က ပိတ်ဆို့ဖြတ်တောက်သည့် စစ်ဆင်ရေး ပြုလုပ်မည်ဖြစ်သောကြောင့် အရပ်သားများ ခရီးသွားလာခြင်းမပြုလုပ်ကြရန် ကြိုတင် အသိပေး ပြောကြားမှုများရှိခဲ့သော်လည်း ခရီးသွားများနှင့် ကုန်သည်အများစုမှာ အချိန်ကုန်သက်သာပြီး ခရီးတွင်သည့် လက်ရှိလမ်းကိုသာ အသုံးပြုနေကြသည်ဟု ခရီးသွားများက ပြောသည်။
DKBA တပ်မဟာ ၅ ၏ တပ်မဟာမှူး ဗိုလ်မှူးကြီး စောလားပွယ်က “လူထုတွေကို အသိပေးလိုတာက မဖြစ်မနေ ခရီးသွားရရင်တောင် သတိထားပြီး သွားလာကြာဖို့၊ နအဖနဲ့ ကင်းကင်းရှင်းရှင်း သွားလာကြဖို့ သတိပေးချင်တယ်။ ဒီစစ်ဆင်ရေးကိုလည်း ဆက်လုပ်သွားမှာ ဖြစ်တယ်။ ကျနော်တို့ရဲ့ပစ်မှတ်က နအဖရဲ့ အာဏာရှင် စစ်ယန္တရားပဲ ဖြစ်တယ်” ဟု ဧရာဝတီသို့ ပြောသည်။
ဖေဖော်ဝါရီလ ၁၈ ရက်နေ့ နံနက်ပိုင်းက မြ၀တီခရိုင် ဖလူးဒေသနှင့် ကျောက်ခက်ဒေသတွင် DKBA နှင့် နအဖတပ်များ လက်နက်ကြီးများဖြင့် အပြန်အလှန်ပစ်ခတ်မှုများရှိပြီး ထိခိုက်သေဆုံးမှုအခြေအနေကို မသိရှိရသေးကြောင်း DKBA ဘက်မှ ပြောသည်။
Labels: ကရင်သတင်း
စစ်မှန်သော ဒီမိုကရေစီမရမချင်း ဆက်လက်တိုက်ပွဲဝင်နေဦးမည်ဟု ဗိုလ်မှူးချုပ်စောလားပွယ်ပြောကြား
ဒီကနေ့ ၁၉-၀၂- ၂၀၁၁ နေ့မှာ ဖလူးမှာ မိုင်းတိုက်ပွဲဆက်လက်ဖြစ်ခဲ့ပြီး
နအဖဘက်က ထိခိုက်ဒဏ်ရာရရှိမှုအသေးစိတ်ကို မသိရှိရသေးကြောင်း၊
အလားတူ မြ၀တီမြို့နယ်၊ သင်္ဃန်းညီနောင်၊ တံတားကျိုးမှာလည်း တိုက်ပွဲ
ဖြစ်ပွားခဲ့ကြောင်း ညနေ(၇း၄၅)မှာ ဒီကေဘီအေ ဗိုလ်မှူးချုပ်စောလားပွယ်က
ပြောကြားသွားပါတယ်။
ဖေဖေါ်ဝါရီလ (၁၂)ရက်နေ့က ပြည်သူတွေ ကော့ကရိတ်-မြ၀တီကားလမ်းကို
အသုံးပြုပြီး မသွားလာကြဖို့ ဒီကေဘီအေဘက်က အတိအလင်းကြေငြာအပြီးမှာ
အခုလို ကားလမ်းမပေါ်ကတိုက်ပွဲ ဆက်ဖြစ်နေခဲ့တာပဲဖြစ်တယ်။
KIO နဲ့ နအဖတို့က တိုက်ပွဲတစ်ကြိမ်သာဖြစ်ပွားခဲ့ပြီး နအဖဘက်က
တပ်ဆုတ်သွားခဲ့ပေမဲ့ ကရင်ပြည်နယ်မှာကျတော့ အလုံးအရင်းနဲ့အင်အားသုံး
ထိုးစစ်ဆင်နေတာနဲ့ ပတ်သက်ပြီး မေးမြန်းကြည့်ရမှာ-
ဗိုလ်မှူးချုပ်စောလားပွယ်က ဘြယ်လိုပဲဖြစ်နေဖြစ်နေ စစ်မှန်တဲ့ ဒီမိုကရေစီ
မရမချင်း ပြည်သူဘက်က ရပ်တည်ပြီးတော့ နည်းမျိုးစုံနဲ့တိုက်ပွဲဝင်နေဦးမှာပဲဋ္ဋဋ္ဋ
ဆိုပြီး ပြောကြားသွားပါတယ်။
လက်ရှိအခြေအနေနဲ့ ပတ်သက်ပြီး ဗိုလ်မှူးချုပ် ဆက်လက်ပြောကြားရာမှာ
ြKNU နဲ့ DKBA က နာမည်သာ ကွဲပြားနေတာ ဦးတည်ချက၊် မျှော်မှန်းချက်နဲ့
လုပ်ဆောင်ချက်တွေက အတူတူပဲ။ အားလုံးဟာ အမျိုးသားလှုပ်ရှားမှုအတွက်
ခေါင်းဆောင်ကြီး စောဘဦးကြီးရဲ့ မူ(၄)ချက်အတိုင်း လုပ်နေကြတာပဲဋ္ဋဋ္ဋ
ဆိုပြီး ပြောသွားပါတယ်။
နယ်ခြားစောင့်တပ်ကို ပြောင်းသွားတဲ့ ဒီကေဘီအေတွေက ကိုယ့်ကရင်အချင်းချင်း
မတိုက်ချင်ကြဘူး။ အထက်က အမိန့်ကိုလည်း ငြင်းဆန်တာနဲ့ ပတ်သက်ပြီး
၎င်း BGF တွေကို ဘယ်လိုသဘောထားရှိပါသလဲလို့ မေးမြန်းရာမှာတော့-
ြ သူတို့တွေက ကျွန်တော်တို့ မိတ်ဆွေတွေ ညီအစ်ကိုတွေပဲ၊ အလုပ်အတူ
လုပ်လာခဲ့ကြတာ၊ သူတို့ဘယ်လိုဖြစ်လာဦးမလဲဆိုတာ စောင့်ကြည့်ရမှာနော်ဋ္ဋဋ္ဋ
လို့ ဗိုလ်မှူးချုပ်က ပြောကြားသွားခဲ့ပါတယ်။
ဆက်လက်၍ ကျွန်တော်က အခုဖြစ်နေတဲ့ တိုက်ပွဲအပေါ် မြိုင်ကြီးငူ
ဆရာတော်အနေနဲ့ စကားမိန့်ကြားတာတို့၊ ၀င်ရောက်ဖြန်ဖြေတာတို့
ရှိပါသလားလို့ မေးမြန်းရာမှာြ အခုဖြစ်နေတဲ့တိုက်ပွဲအပေါ် ဆရာတော်
အနေနဲ့ ၀င်ရောက်မိန့်ကြားတာတွေ ဘာတွေ မရှိပါဘူး။ အရင်တုန်းကတော့
အမျိုးအတွက် သာသနာအတွက် ကာကွယ်လုပ်ဆောင်ဖို့ မိန့်ကြားတာတော့
ရှိပါတယ်ဋ္ဋဋ္ဋ လို့ ပြန်လည်ဖြေကြားသွားပါတယ်။ ဆက်ဖတ်နိုင်ပါသည်။...
ကျေးဇူးတင်ပါသည်။...
Labels: သတင်း
Friday, February 18, 2011
ဗိုလ်မှူး စောစန်းအောင်၏ တိုက်တွန်းပြောဆိုချက်
နအဖ ဖက်စစ် အကြမ်းဖက် တပ်တွေကို သုတ်သင် နှိမ်နှင်းပြီး ကရင်ပြည်ကနေ မောင်းထုတ်နေသူ DKBA တပ်မဟာ ၅မှ ဗိုလ်မှူး စောစန်းအောင်ကို သူရဲ့ ခဏတာ မအားမလပ်တဲ့ ကြားထဲကနေ ယနေ့ (ဖေဖော်ဝါရီလ ၁၈ရက်နေ့) ညနေ ၈နာရီခွဲ အချိန်မှာ ဖုန်းနဲ့ ဆက်သွယ်စကား ပြောဆို နိုင်ခဲ့ပါတယ်။Labels: new
နအဖ တပ်ဖွဲ့ဝင် ၇ဦး DKBA ရှေ့ထွက်မိုင်းကြောင့် ထိခိုက်ကျဆုံး

ဒီကေဘီအေ တပ်ဖွဲ့ဝင်များ၊
ဓါတ်ပုံ အဲခေါင်သောင့်ဖေဖော်ဝါရီလ ၁၈ရက်။ စောခါးစူးညား (ကေအိုင်စီ)
ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်ရှိ ကျောက်ခက်နှင့် ဘလယ့်ဒို့အကြားတွင် လှုပ်ရှားနေသော နအဖ စကခ(၁၂)လက်အောက်ခံ (၂၃၁) တပ်ရင်းကို DKBA က ယနေ့မနက် ၈နာရီအချိန်၌ ရှေ့ထွက်မိုင်းဖြင့် ထပ်မံတိုက်ခိုက်ခဲ့ရာ နအဖဘက်က ၃ဦး သေဆုံးပြီး ၄ဦး ဒဏ်ရာရရှိခဲ့သည်ဟု စုံစမ်းသိရှိရသည်။ အဆိုပါ တိုက်ခိုက်မှုကို ဗိုလ်မှူးချုပ်စောလားပွယ်(ဗိုလ်နှုတ်ခမ်းမွှေး) ဦးဆောင်သည့် DKBA တပ်မဟာ(၅)၊ (၉၀၇) တပ်ရင်းက ပြုလုပ်ခဲ့ပြီး ယခုလို ရှေ့ထွက်မိုင်းတိုက်ခိုက်မှုအပေါ် နအဖဘက်က အထိနာစေသေည်ဟု DKBA တပ်မှူးတဦးက ကေအိုင်စီ ကို ပြောသည်။
“ဖူးခါ့ဆူ့(ဗိုလ်နှုတ်ခမ်းမွှေး)ကတော့ သူ့လူတွေကို လွှတ်ပြီး ဒီမှာလာလှုပ်ရှားတဲ့ နအဖတပ်မှန်သမျှ နည်းအမျိုးမျိုးနဲ့ တိုက်ခိုက် ဖို့ ညွှန်ကြားထားပြီးသားပဲလေ။ ဒါကြောင့် နအဖက ဒီနေရာမှာ ရှိနေသရွေ့တော့ DKBA ရဲ့ တိုက်ခိုက်မှုကို နေ့တိုင်းလိုလို ဆက်ခံရအုံးမှာပဲ။ အထူးသဖြင့် သူတို့ကို ဒီလိုရှေ့ထွက်မိုင်းနဲ့ တိုက်ခိုက်တာ ပိုအထိနာတယ်လေ။”ဟု သူက ပြောသည်။
ဖေဖော်ဝါရီလ ၁၅ရက်နေ့၌လည်း ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်းရှိ ကျောက်ခက်နှင့် ဖလူးလေးအကြား ပဒူအုံ (ပလော တပို့)တွင် DKBA တပ်မဟာ(၅) တပ်ဖွဲ့ဝင်တို့၏ ဆွဲမိုင်းကြောင့် နအဖ တပ်မ(၂၂)လက်အောက်ခံ ခမရ(၃၅၇) တပ်ဖွဲ့ဝင် ၁၀ဦး သေဆုံးပြီး ၁၃ဦး ဒဏ်ရာရရှိခဲ့သည်။

ဖေဖော်ဝါရီလ ၁၈ရက်။ စောခါးစူးညား (ကေအိုင်စီ)
Thursday, February 17, 2011
ဆွဲမိုင်းကြောင့် နအဖ ၂၀ကျော် ထိခိုက်၊ သေဆုံး
ဖေဖော်ဝါရီလ ၁၇ရက်။ စောခါးစူးညား (ကေအိုင်စီ)
ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်းရှိ ကျောက်ခက်နှင့် ဖလူးလေးအကြား ပဒူအုံ(ပလောတပ၀ို)တွင် ဖေဖော်ဝါရီလ ၁၅ရက် နေ့က DKBA တပ်မဟာ(၅)တပ်ဖွဲ့ဝင်တို့၏ ဆွဲမိုင်းကြောင့် နအဖ တပ်မ(၂၂)လက်အောက်ခံ ခမရ(၃၅၇) တပ်ရင်း ၂၀ကျော် ထိခိုက်သေဆုံးခဲ့သည်ဟု စုံစမ်းသိရှိရသည်။ထိုနေ့ည ၈နာရီ ၁၅မိနစ်အချိန်၌ ဆွဲမိုင်းဖြင့် အဆွဲခံရသည့် အဆိုပါ နအဖတပ်ဖွဲ့ဝင်များထဲတွင် ဗိုလ်ကြီး ၁ဦး၊ အရာခံဗိုလ် ၁ဦး၊ တပ်ကြပ်ကြီး ၁ဦး၊ ဒုတပ်ကြပ် ၁ဦးနှင့် တပ်သား ၆ဦး အပါအ၀င် စုစုပေါင်း ၁၀ဦး သေဆုံးပြီး ၁၃ဦး ဒဏ်ရာရရှိခဲ့သည်ဟု DKBA တပ်မဟာ(၅)နှင့် ပြန်လာပူးပေါင်းသည့် DKBA တပ်မဟာ(၉၉၉)မှ တပ်ရင်း(၅)မှူးဖြစ်သူ ဒုဗိုလ်မှူးကြီးစောဖိုးခလိက ကေအိုင်စီကို ပြောသည်။
သူက “ကျနော်တို့လူ(DKBA)တွေ သူတို့(နအဖ)ကို ဆွဲမိုင်း ၂လုံးနဲ့ ဆွဲတာ။ ၂လုံးဆိုတော့ ပိုပြီးတော့ပြင်းသလို ဆွဲတာလည်း နေရာမှန်တော့ နအဖတွေ ဒီလို အထိအခိုက်များတာပဲ။ ကျနော်တို့ဘက်ကတော့ ထိခိုက်မှုမရှိဘူး။ ဘာဖြစ်လဲဆိုတော့ ဆွဲပြီး တာနဲ့ နောက်ဆုတ်တာပဲလေ။”ဟု ပြောသည်။
ဆွဲမိုင်းကြောင့် ဒဏ်ရာရရှိခဲ့သည့် နအဖ ခမရ(၃၅၇)မှ တပ်ဖွဲ့ဝင်များကို မြ၀တီမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့သည်ဟု ကိုယ်တိုင်မြင်တွေ့ခဲ့သူ မြ၀တီမြို့ခံများ၏ ပြောပြချက်အရ သိရသည်။
ယခုလ ၁၃ရက်နေ့၌လည်း ကော့ကရိတ်မြို့ရှိ တပ်မတော် စစ်ဖက်ရေးရာ လုံခြုံရေးအရာရှိချုပ်ရုံး(စရခ)ရုံးကို DKBA တပ်ဖွဲ့ က လက်ပစ်ဗုံးဖြင့် သွားရောက်လှမ်းပစ်ခဲ့ရာ နအဖ ၄ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
Labels: ကရင်သတင်း
Wednesday, February 16, 2011
ဖါပွန်ခရိုင်မှာ လိုင်စင်ရ သူခိုး၊ဓါးပြများသောင်းကျန်း
ဖေဖော်ဝါရီလ ၁၆ရက်။ စောခါးစူးညား (ကေအိုင်စီ)
Labels: သတင်း
