Wednesday, February 2, 2011

ဝေါ်လေ မော်သုနေရာမှာ ပြောက်ကျားတိုက်ပွဲတွေဆက်ဖြစ်


http://www.naytthit.net/
ငဝေါ်လေဂွင် မော်သုနေရာမှာ ဒီကေဘီအေဘက်မှ နအဖ တပ်မ ၂၂ လက်အောက်ခံ ခမရ ၅၈၆ တပ်ရင်းကို ဒီကနေ့ ညနေ  ၃ နာရီခွဲလောက် ဆွဲမိုင်းနဲ့  တိုက်ခိုက်ခဲ့ပါတယ်။ ထိခိုက်ဒဏ်ရာ မသိရသေးပါ။ မနေ့ညကလည်း သေ့ပေါဘိုး နဲ့ ဘရက်တို့ ကြားမှာလည်း နအဖ ကို ဒီကေဘီအေမှ မိုင်းဆွဲ တိုက်ခိုက်ခဲ့ပါတယ်။

အခုလို့ ပြောက်ကျားတိုက်ပွဲတွေနဲ့ ပတ်သက်ပြီး ဒီကေဘီအေ ဗိုလ်ဆန်းအောင် ပြောပြတာက…
“ကျနော်တို့ ၂၀၁၀ နိုဝင်ဘာ ၇ ရက်နေ့က စပြီး တိုက်ပွဲတွေ စဖြစ်ကတည်းက ဝေါ်လေ မော်ခီကုန်းက နအဖ စစ်တပ်တွေကို ကျနော်တို့ဘက်က အဆက်အသွယ်ထောက်ပံ့ရေးလမ်းကြောင်းတွေ ဖြတ်တောက်လိုက်တာဖြစ်တယ်။ အဲဒါကို နအဖ ဘက်က ကြာအင်ဆိတ်ကြီးက တဗျူဟာ မြဝတီ ဘက်ကတဗျူဟာနဲ့ ပိတ်မိနေတဲ့ သူတို့လူတို့လူတွေကို ပြန်ဆက်ဘို့အတွက် ထိုးစစ်ဆင်လာတာဖြစ်တယ်။

ကျနော်တို့ကလည်း သူတို့လာတဲ့ လမ်းကြောင်းကို အထပ်ထပ်ပိတ်ထားတဲ့ တိုက်ပွဲပုံစံတွေဖြစ်တယ်။ နောက်ပိုင်း ကျနော်တို့ ဘက်က ရန်သူ့ နောက်ကျောဘက်ကို ပြောက်ကျားစစ် ပိုမိုဆင်နွှဲမှာဖြစ်တယ် ”
ဝေါ်လေဒေသနဲ့ ဖလူးဒေသတွေမှာ ဇန်နဝါရီလ ၈ ရက်နေ့မှ ၃၁ ရက်ထိ ဒီကေဘီအေနဲ့ နအဖ တို့ရဲ့ တိုက်ပွဲတွေကြောင့် နအဖ ဘက်မှ ၁၈၃ ယောက်သေ ၂၃၃ ယောက် ဒဏ်ရာရ မိုင်းထိတာက ၅၁ ယောက်ရှိခဲ့တယ်လို့ သိရှိရပါတယ်။ ခုဖြစ်နေတဲ့ တိုက်ပွဲမှာ ပါဝင်တဲ့ နအဖ တပ်တွေကတော့ တပ်မ ၂၂ လက်အောက်ခံ (၂၀၃)၊ (၂၀၉)၊ (၂၁၀) ၊ စကခ (၈)၊ တပ်မ ၆၆၊ စကခ (၁၈)၊စကခ (၅)၊ စတဲ့ တပ်တွေဖြစ်ပါတယ်။

11ReadMore-2.jpg

စစ်တပ်ကို ပို့ပေးသော ရိက္ခာအား ကရင်နီနှင့် ကေအဲန်ယူ ပူးပေါင်းတပ် သိမ်းယူ


http://www.ktimes.org/news/regional/item/9


ကရင်နီပြည် အမှတ် ၂ ခရိုင်ရှိ ဒေသခံရွာသားများမှ မြန်မာစစ်အစိုးရတပ်အား စက်လှေဖြင့် ပို့ဆောင်ပေးသော ရိက္ခာများကို ကရင်နီတပ်မတော်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ပူးပေါင်းတပ်ဖွဲ့တို့မှ ဖမ်းဆီးသိမ်းယူလိုက်သည်။ ကရင်နီတပ်မတော်မှ တပ်ရင်း ၁၊ စစ်ဦးစီးတပ်၊ ခရိုင်တပ်တို့ ၃ ဖွဲ့ ပူးပေါင်းထားသော (ထုတ်နှုတ်အင်းအား) ဟု ခေါ်သော တပ်ဖွဲ့နှင့် ကေအဲန်ယူ တပ်မဟာ ၅တို့ တပ်ဖွဲ့သည် စစ်အစိုးရတပ် ရိက္ခာများကို ပြီးခဲ့သည့် ဇန်န၀ါရီလ ၂၁ ရက်နေ့က ဖာဆောင်းနှင့် တောင်လပ်ကြား ပယ်ထာဒေသတွင် ကြားဖြတ်ကာ ဖမ်းဆီးသိမ်းယူလိုက်ခြင်း ဖြစ်သည်။
ကရင်နီတပ်မတော်များ
ကရင်နီတပ်မတော်များ
“သူတို့ စစ်သားက မပါဘူး။ သူတို့ ရွာသားနဲ့ ပို့ခိုင်းတယ်။ ပထမ တခေါက်က သူတို့ ပို့တာ ကျော်သွားပြီ။ အခုလည်း ဒီဒုတိယ တခေါက်မှ မိသွားတာ” ဟု ကရင်နီတပ်မတော် တပ်ရင်း ၁မှ ထောက်လှမ်းရေး အရာရှိ စောခဲရိုက ပြောသည်။

ထိုပူးပေါင်းတပ်ဖွဲ့သည် ရွာသားများ စက်လှေ ၉ စီးဖြင့် သယ်ယူလာသော စစ်အစိုးရတပ် ရိက္ခာများ ဖြစ်သည့် ဆန် (၃ ပုံးအိတ်) ၈၀၀၊ ဘိလပ်မြေ အိတ် ၃၅၀၊ ကုလားပဲ အိတ် ၅၀နှင့် ဓါတ်ဆီ (လှောင်စာဆီ) ဂါလံ ၈၀၀ တို့ကို ဖမ်းဆီးသိမ်းယူ လိုက်ပြီး ရွာသားများနှင့် စက်လှေများကို ပြန်လွတ်လိုက်သည်။ ထိုအပြင် ၎င်းတပ်ဖွဲ့မှ ဖမ်းဆီးသိမ်းယူရသော စစ်အစိုးရတပ် ရိက္ခာများကို ၎င်းတို့ ကိုယ်ပေါ်၌ ဆောင်ထားနိုင်သလောက်ဘဲ ယူထားပြီး ကျန်သည့် ရိက္ခာများကို ရေထဲ၌ လွတ်ချလိုက်သည်။
“အဲဒီစက်လှေက လူထုရဲ့ စက်လှေ ဖြစ်တယ်။ အဲဒီတော့ ဒီနအဖတွေက အရှေ့တောင် တိုင်းနဲ့ အရှေ့ပိုင်းတိုင်း သူတို့ အရှေ့တောင်ပိုင်းအတွက် ပို့ပေးတယ်လေ။ အရှေ့တောင်တိုင်းဆိုတာ ဒီကော်သူးလေ နယ်ဖက်ပေါ့နော်။ စော်ထာတို့၊ ထီးထာတို့ အတွက်ပေါ့။ ရိက္ခာ ပို့ပေးတယ်။ ဖာဆောင်းလမ်းကနေ ပို့ပေးတယ်။ ရေလမ်းနဲ့ သံလွင်မြစ်အတိုင်း စုန်ဆင်းကြတယ်လေ” ဟု စောခဲရိုက ဆက်ပြောသည်

ရှမ်းပြည်နယ်တောင်းပိုင်း ဖယ်ခုံမြို့နယ်ရှိ စစ်ဆင်ရေးကွပ်ကဲမှုစစ်ဌာနချုပ် (စကခ) ၇မှ တနှစ်သာ ရိက္ခာများကို ကရင်ပြည်နယ် သံတောင်မြို့နယ်သို့ ပို့ဆောင်ရန် ဖြစ်သော်လည်း လမ်းခက်ခဲမှုကြောင့် လွိုင်ကော်ဘက်မှ ပြန်လည်ပို့ဆောင်ခြင်း ဖြစ်သည်။ စော်ထာသည် ကရင်ပြည်နယ်အတွင်းတွင် တည်ရှိပြီး ထီးထာမှာ ကရင်နီပြည်နယ်နှင့် ကရင်နီပြည်နယ်စပ်တွင် တည်ရှိပါသည်။

11ReadMore-2.jpg

Tuesday, February 1, 2011

နအဖ လက်နက်ကြီးကျရောက်၍ ယာယီစခန်းမှ ဒုက္ခသည်များ ကစဥ့်ကလျားထွက်ပြေး


(စစ်ဒဏ်ကြောင့် ရွာသားများ သစ်ပင်အောက်တွင် ယခုလို တိမ်းရှောင်နေထိုင်ရသည်)

ဖေဖော်ဝါရီလ ၁ရက်။ နန်းထူးစံ (ကေအိုင်စီ)

မြ၀တီမြို့နယ်၊ ဝေါ်လေဒေသအတွင်းရှိ နအဖတပ်ဖွဲ့များက ယနေ့မနက်တွင် ပစ်ခတ်ခဲ့သည့် လက်နက်ကြီးများ ထိုင်းနိုင်ငံ ဘက်ခြမ်းရှိ စစ်ပြေးဒုက္ခသည်များ ရောက်ရှိခိုလှုံသည့်နေရာအနီး ကျရောက်ပေါက်ကွဲသဖြင့် စစ်ပြေးဒုက္ခသည်များ အပါအဝင် ထိုဒေသခံ ထိုင်းရွာသူရွာသားများပါ ထွက်ပြေးတိမ်းရှောင်ရကြောင်း သိရသည်။

ယနေ့မနက် ၈နာရီခွဲခန့်တွင် ထိုင်းနိုင်ငံ၊ ဖုတ်ဖရမြို့နယ်၊ မောကဲထိုင်းကျေးရွာတွင် လက်နက်ကြီး ၅လုံး ကျရောက်လာသည့် အတွက် ထိုကျေးရွာအတွင်း ရောက်ရှိခိုလှုံနေကြသည့် ဝါ့မီထာ့နှင့် ဆုံဆည်းမြိုင်ကျေးရွာမှ ရွာသူရွာသား ၁,၀၀၀ကျော်နှင့် ထိုင်းရွာသားများ ဘေးလွှတ်ရာနေရာများသို့ ထွက်ပြေးခဲ့ကြရကြောင်း ၀ါ့မီထာ့ရွာသားတစ်ဦးက ပြောသည်။

၎င်းရွာသားက “မနက်က လက်နက်ကြီးတွေ ကျလာတာ ရွာသူအမျိုးသမီးတယောက်ဆိုရင် လန့်ပြီး သွေးတိုးတက်၊ သတိလစ် သွားတယ်။ ဒီလိုတိုက်ပွဲဖြစ်ပြီဆိုရင် ကျနော်တို့ ရွာသူရွာသားတွေပဲ ပိုဒုက္ခရောက်တယ်။ တိုက်ပွဲတွေကြောင့် ကျနော်တို့ ရွာမှာ မနေရဲလို့ တနေရာပြီးတနေရာ ပြေးပြီးမှ ထိုင်းဘက်ကိုရောက်လာတာ။ ထိုင်းဘက်မှာ ရောက်တာတောင်မှ ပြေးရသေးတယ်။” ဟု ကေအိုင်စီကို ပြောသည်။

သတိလစ်သွားသည့် ရွာသူအမျိုးသမီးကို ဖုတ်ဖရမြို့နယ် ဆေးရုံသို့ပို့ဆောင်ကာ ဆေးကုသပေးလျှက်ရှိသည်ဟု သိရသည်။

၎င်းစစ်ပြေးရွာသူရွာသားများသည် မောကဲထိုင်းကျေးရွာတွင် တချို့နေထိုင်လျှက်ရှိပြီး တချို့က ရွာ၏အရှေ့ဘက်ခြမ်းရှိ ထိုင်း စစ်တပ်၏ တပ်စခန်းဝင်းတွင် ထိုင်းအာဏာပိုင်များက ယာယီခိုလှုံခွင့်ပေးထားသလို တောင်ယာခင်းများတွင်လည်း သွားရှောင် နေထိုင်ကြသူများလည်းရှိသည်ဟု ၎င်းရွာသားက ပြောသည်။

(စစ်ဒဏ်ကြောင့် ရွာသားများ သစ်ပင်အောက်တွင် ယခုလို တိမ်းရှောင်နေထိုင်ရသည်)

လက်ရှိအချိန်တွင် ထိုင်းအာဏာပိုင်များသည် ၎င်းတို့ခိုလှုံခွင့်ပေးထားသည့်နေရာရှိ စစ်ပြေးဒုက္ခသည်များကို သောက်ရေနှင့် ထမင်းများ ကျွေးမွေးကူညီပေးခဲ့သည့်အပြင် ထိုစစ်ရေးအခြေအနေများကြောင့် နယ်စပ်ဒေသများတွင်လည်း လုံခြုံရေးကို ပိုမို ချထားလျှက်ရှိသည်။

ဒေသတွင်း တိုက်ပွဲများဖြစ်ပွားမှုကြောင့် ယမန်နေ့က ထိုင်းနိုင်ငံ၊ မော်လီချိုင်းကျေးရွာသို့ ရောက်ရှိလာသည့် တာအူထာ့ရွာသူ တဦးက “အခက်အခဲတွေကတော့ အမျိုးမျိုးပဲ။ ကျမ ယောက်ျားကလည်း နေမကောင်းဘူး။ ပိုက်ဆံကလည်းမရှိ။ ကလေးတွေ ကလည်း တဖက်နဲ့။ အခု မော်လီချိုင်းရွာက သူများအိမ်နားမှာ ခိုကပ်နေရတယ်။”ဟု ပြောသည်။

အဆိုပါ တာအူထာ့ကျေးရွာ အနီးအနားတွင် ကရင်တပ်ဖွဲ့နှင့် နအဖ တပ်များအကြား တိုက်ပွဲများ မကြာခဏဖြစ်ပွားလျှက်ရှိပြီး နအဖတပ်ဘက်က ပြီးခဲ့သည့် ၃ရက်ခန့်ကတည်းက လက်နက်ကြီးများဖြင့် လိုက်လံပစ်ခတ်ခဲ့သည့်အတွက် တာအူထာ့ကျေး ရွာမှ ရွာသူရွာသားအားလုံး ထိုင်းနယ်စပ်ဘက်ကို ထွက်ပြေးတိမ်းရှောင်လာခဲ့သလို ထိုဒေသအတွင်းရှိ အချို့ရွာများမှ ရွာသူရွာ သားများလည်း လွတ်မြောက်ရာသို့ ပြောင်းရွှေ့ခိုလှုံကြသည်ဟု သိရသည်။

စစ်ရေးကြောင့် ထွက်ပြေးတိမ်းရှောင်နေကြသည့် ရွာသူရွာသားများအတွက် လိုအပ်သည့် နေရာထိုင်ခင်း၊ စားနပ်ရိက္ခာ၊ ဆေး ၀ါးကုသမှုများကို နယ်လှည့်ကျောပိုးအိတ်ကျန်းမာရေးလုပ်သားများအဖွဲ့(BPHWT)နှင့် ကရင်လူမှုကယ်ဆယ်ရေးအဖွဲ့တို့မှ ကူ ညီပေးလျှက်ရှိသည်။


11ReadMore-2.jpg

ကော့ကရိတ်အနီးက တောင်သုံးလုံးစခန်းကို ဒီကေဘီအေ ဝင်ရောက်တိုက်ခိုက်

http://www.naytthit.net/?p=7527


ယမန်နေ့ည ၁၂ နာရီလောက်က ဒီကေဘီအေ တပ်မဟာ ၅ တပ်ဖွဲ့ဝင်တွေဟာ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် အနီးက တောင်သုံးလုံး နအဖ တပ်စခန်းကို ဝင်ရောက် တိုက်ခိုက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။ တောင်သုံးလုံးနေရာ မှာ နအဖ တပ်ရင်း ခလရ ၃၂၀ နဲ့ နယ်ခြားစောင့်တပ် ၉၀၇ တပ်ရင်းတွေ ရှိပါတယ်။

တိုက်ပွဲက ပစ်ခတ်သံတွေကို ကြားနေရတဲ့ မြဝတီမြို့ခံတဦး ပြောပြတာက…

“ညကတည်းဖြစ်နေတာ ပစ်သံခတ်သံတွေကတော့ ခု နေ့လည် ၁ နာရီထိုးနေပြီး ကြားနေရတုန်းပဲ” လို့ ပြောပြပါတယ်။

တိုက်ပွဲ အခြေအနေကို ဒီကေဘီအေ တပ်မဟာ ၅ မှ ဗိုလ်ဆန်းအောင် ကို မေးကြည့်ရာမှာ…

“ဟုတ်တယ် ကျနော်တို့ဘက်က ကော့ကရိတ်အဝင် တောင်သုံးလုံးစခန်းကို မနေ့ညက ဝင်တိုက်တယ်။ တိုက်ပွဲအခြေအနေ အသေစိတ်ကိုတော့ အတိအကျ မသိရသေးဘူး။ အခုတိုက်ပွဲဖြစ်တဲ့ နေရာဟာ ကျနော်တို့နဲ့ ဝေါ်လေတို့ ချောင့်ခက်တို့မှာ လာပြီး ရင်ဆိုင်တိုက်ပွဲလုပ်နေကြတဲ့ နအဖတပ်တွေရဲ့ နောက်ကျောဖြစ်တယ်။ ကျနော်တို့ တော်လှန်ရေးတပ်တွေဟာ ဝေါ်လေတို့ ချောင့်ခက်တို့မှာပဲ ရှိတာမဟုတ်ဘူး နေရာအနှံ့ရှိပြီး ရန်သူကို အချိန်အရွေး ထိုးနှက်တိုက်ခိုက်လို့ ရတယ်ဆိုတာ ဒီလို တိုက်ပွဲမျိုးတွေနဲ့ သက်သေပြလိုက်တာဖြစ်တယ်” လို့ ရှင်းပြပါတယ်။

တိုက်ပွဲဖြစ်ပွားနေတဲ့အတွက် မြဝတီ ဘားအံကားလမ်း ခရီးသွားလာမှုတွေ ရပ်နားထားရပြီး ဘားအံဆင်းမယ့်ကားတွေကို အလယ်ဘိုတဲနေရာမှာ ရပ်ခိုင်းထားတယ်လို့ ဒေသခံ ကုန်သည်တွေက ပြောပြပါတယ်။

တိုက်ပွဲအခြေအနေ အသေးစိတ်ကိုတော့ ဆက်လက်စုံးစမ်းနေတုန်းဖြစ်ပါတယ်။

11ReadMore-2.jpg

ကော့ကရိတ်မြို့ရှိ မိုက်ခရိုဝေ့ဗ် ကို ကရင်တပ်ဖွဲ့ဝင်များ ပစ်ခတ် ဖျက်ဆီး

 
ဖေဖော်ဝါရီလ ၁ရက်။ နန်းဖော့ဂေ (ကေအိုင်စီ)
ကရင်ပြည်နယ် ကော့ကရိတ်မြို့အရှေ့နားရှိ တောင်သုံးလုံးစခန်းကို ကရင်တပ်ဖွဲ့ဝင်များက ယမန်နေ့ညက လက်နက်ကြီး ငယ်များဖြင့် သွားရောက်တိုက်ခိုက်ခဲ့ပြီး မိုက်ခရိုဝေ့ဗ်ကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု မြို့ခံများ၏ ပြောပြချက်အရ သိရသည်။
မြို့ခံတစ်ဦးက “မနေ့ည ၁၁နာရီမှာ ချက်ပွိုင့်ဘက်မှာ လက်နက်ကြီးတွေနဲ့ လာပစ်တာ အလုံးတွေက အများကြီး တရစပ်ပဲ။ တနာရီ၊ နှစ်နာရီလောက် ကြာတယ်။ မိုးရွာသလိုပဲ။ ပစ်ခတ်ပြီးတော့ ၀င်လာပြီး မိုက်ခရိုဝေ့ဗ်ကို မီးရှို့လိုက်တယ်။ အဲဒီချက်ပွိုင့် နားမှာ ဈေးရောင်းနေတဲ့သူတွေ ပြောတာက ၀င်လာတဲ့လူတွေဟာ ကရင်လိုပဲ ပြောနေကြတယ်တဲ့။ ညက ကော့ကရိတ်ထဲမှာ ရဲတွေဆို လျှောက်ပုန်းအိပ်ရတယ်။”ဟု ပြောသည်။

ကော့ကရိတ်မြို့ ချက်ပွိုင့်နှင့် အောက်ဘိုတဲကြားရှိ တောင်သုံးလုံးစခန်းကို ဒီကေဘီအေနှင့် ကေအဲန်ယူတပ်ဖွဲ့ဝင်များက လက် နက်ကြီးများဖြင့် စတင်တိုက်ခိုက်ခဲ့ပြီး လက်နက်ငယ်များဖြင့် အနီးကပ် သွားရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဒီကေဘီအေ တပ်မဟာ(၅)မှ ကလို့ထူးဘောဗျူဟာ အခြေစိုက် စစ်ဆင်ရေးမှူး G2 ဗိုလ်မှူးစောဆန်းအောင်က ယခုလို အတည်ပြု ပြောဆိုခဲ့ သည်။
(ကေအဲန်အယ်လ်အေ တပ်ဖွဲ့ဝင်များ)

“မနေ့ည ၁၁နာရီကနေ မနက် ၁နာရီကျော်အထိ တောင်သုံးလုံးစခန်းကို ကျနော်တို့ ကရင်တပ်ဖွဲ့တွေ အနီးကပ် သွားပစ်ခဲ့ တယ်။ တဆက်တည်း မိုက်ခရိုဝေ့ဗ်ကိုလည်း ဖျက်ဆီးခဲ့တယ်။ ထိခိုက်မှုတွေက ဘယ်လိုရှိလဲတော့ ကျနော်လည်း အသေအ ချာ မသိရဘူး။ နေရာကလည်း ကျနော်တို့နဲ့ အလှမ်းဝေးတယ်လေနော်။”ဟု ကေအိုင်စီကို ပြောသည်။ ယခုတိုက်ခိုက်မှု ဖြစ်ပွားသည့်နေရာသည် ကေအဲန်အယ်လ်အေ တပ်ရင်း(၁၈)၏ နယ်မြေဖြစ်ပြီး ၎င်းတောင်သုံးလုံးစခန်းတွင် ရဲတပ်ဖွဲ့ဝင်အချို့သာ စခန်းထိုင်တာဝန်ယူထားကြောင်း ကေအဲန်အယ်လ်အေ တပ်မှူးကြီးတစ်ဦးက ပြောသည်။
အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ယနေ့တွင် ပြည်တွင်းလက်ကိုင်ဖုန်းနှင့် လိုင်းဖုန်းများကို ဆက်သွယ်ရာ ဖုန်းလိုင်းများ ပြတ် တောက်မှုရှိသည့်အကြောင်း မြ၀တီမှ ကုန်သည်တစ်ဦးက ယခုလို ပြောသည်။
“ကော့ကရိတ်မှာ အပစ်ခံရတယ်ကြားတော့ အခြေအနေသိချင်လို့ ဖုန်းလှမ်းဆက်တာ မနက်ကတော့ တချက်ရတယ်။ ဒီနေ့ မွန်းလွဲ ၂နာရီလောက်ကျတော့ မရတော့ပြန်ဘူး။ မနက်က ပြောတာကတော့ အဲဒီပစ်တဲ့အဖွဲ့တွေက မိုက်ခရိုဝေ့ဗ်ကို မီးရှို့ပြီး အဲဒီဂိတ်က ကွန်ပြူတာတွေကိုလည်း အကုန်ဖျက်ဆီးလိုက်တယ်တဲ့။ နောက်ပြီး ရဲတယောက်ကိုလည်း ဖမ်းခေါ်သွားတယ် ပြောတယ်။”ဟု ဆိုသည်။
ယမန်နေ့ညက ပစ်ခတ်ခဲ့သည့် လက်နက်ကြီးအချို့ ချက်ပွိုင့်ကားဝင်းထဲ ကျရောက်ခဲ့ပြီး လူထိခိုက်မှုများမရှိသော်လည်း မြို့ တော်ဦးဘက်သို့ ကျရောက်ခဲ့သည့် လက်နက်ကြီးတလုံးကြောင့် အရပ်သားတစ်ဦး ထိခိုက်ကြောင်း အတည်မပြုနိုင်သေးသည့် သတင်းများအရ သိရသည်။

11ReadMore-2.jpg

Monday, January 31, 2011

Thein Sein clip1



11ReadMore-2.jpg

အဆိပ်မဲ့သစ်ပင်


အို-----အသင်သစ်ပင်


သင်ဟာ တို့တမျိုးသားလုံးအတွက် နားခိုရာ

မရှိမဖြစ်တဲ့ အရိပ်သစ်ပင်

အသင်ရဲ့ သက်တမ်းကား အိုမင်းရင့်ရော်ကာ

ဆယ်စုနှစ် ခြောက်ဆယ်ပြည့်မြောက်ပြီးဖြစ်လဲ

သင်ရဲ့ရွက်ဟောင်းများ ကြွေကျမြေခကျလဲ

မပြိုမလဲ ထီးထီးမားမားရပ်တည်နိုင်ဆဲ၊



ချစားနေတဲ့ ပင်စည်နဲ့

သင်ရဲ့ရေသောက်မြစ်တချို့ကြောင့်

အသင်မစိမ်းလန်းနိုင်ခဲ့ပေမယ့်

ကျိုးတိုးကျဲတဲ သင့်အရွက်တွေနဲ့

တို့တတွေ အရိပ်ခိုနားခွင့်ရခဲ့

အနာဂတ်မျှော်လင့်ချက်တွေ ရှင်သန်နိုင်ခဲ့။



ကိုယ့်ကိုယ်ကို သစ်သားမှန်းမသိတဲ့

သစ် သစ်ချင်းခုတ်တဲ့

ဇါတ်တူပုစိန်ရိုးတွေကြောင့်

အသင်ဟာ အင်အားချိနဲ့ခဲ့ရ

သင့်အကိုင်းအခက်တချို့အား

မက်လုံးပေးပြီး ခုတ်ဖြတ်သွားတဲ့

ကိုင်းဆက်သမားတွေကြောင့်

သင်ဟာ ရွက်နုတွေ မဝေဆာနိုင်ခဲ့



အသင့်အား သစ္စာဖေါက်ပြားပစ်ခွါသွားပြီး

လွင့်စင်သွားတဲ့သင့်ရဲ့မျိုးစေ့တို့သည်လည်း

မဟာမျိုးခြားပင်ရဲ့လောင်းရိပ်အောက်မှာ

အညှောင့်အစို့လေးတောင် မထောင်ထွက်နိုင်

လုံးပါးပါးကာ ကိုယ့်အရိပ်ကိုယ်လန့်နေကြရ

တေမိမင်းဝင်စားတဲ့ ငအတွေလို ဆွံ့အနေကြ။



သို့သော်----သင်ဟာ ထိုဒဏ်အပေါင်း

ခညောင်းရောက်ရှိလဲ ဂရုမမူ

လွတ်လပ်ခြင်းလမ်းကို လမ်းပြဆောင်သူ

အနာဂတ်မျိုးဆက်ရှင်သန်ရန်အရေး

လိုအပ်တဲ့အရိပ်ကောင်း သစ်တပင်အတွက်

အဆိပ်မဲ့တဲ့ လောင်းရိပ်တခု ဖန်တီးနိုင်ဖို့

သင်ထာဝရ ရှင်သန်နေရဦးမယ်

အို---အသင်သစ်ပင်


                       စအိုင်ခန့်(နှင်းခဲမြေ) 
အနှစ်ခြောက်ဆယ် နှစ်နှစ် ပြည့် ကရင့်တော်လှန်ရေးနေ့သို့ 

11ReadMore-2.jpg

Friday, January 28, 2011

နိုဘဲလ်ဆုရှင် ဦးဆောင် တဲ့ အီဂျစ် အထွေထွေ သပိတ်

http://freedomnewsgroup.com/2

မိုဟာမက် အယ်(လ)ဘာရာဒီ ကို ဖမ်းဆီး ( FNG EXCLUSIVE)

၁၆း၀၀ နာရီ တွင် အလက်ဇန္ဒြီးယားရဲစခန်း မီးတင်ရှို့ ခံရ
အချို့  နေရာများ တွင် စစ်တပ်က ဆန္ဒပြသူများ နှင့် ပူးပေါင်း
အီဂျစ် ပြည်သူများ ကာဖျူး ကို အံတု ပြီး ဆက်လက် ဆန္ဒပြ

အီဂျစ် နိုင်ငံ ကိုင်ရို ၊ အလက်န္ဒြီးယား ၊ဆူအက်(ဇ) မြို့ များ တွင် ညမထွက်ရ အမိန့် ထုတ်
CNN သတင်းထောက်၏ ကင်မရာ ကို အီဂျစ် လုံခြုံရေး အဖွဲ့ များ က သိမ်း

ကိုင်ရို ၊ အလက်န္ဒြီးယား ၊ဆူအက်(ဇ) တွင် မြို့ လုံးကျွန် စတင် ချီတက် လမ်းလျှောက်
အီဂျစ် အထွေထွေ သပိတ် ဂါဒီယန်း သတင်းစာ မှ တိုက်ရိုက် တင်ဆက်မှု

နိုဘဲလ် ငြိမ်းချမ်းရေး ဆုရှင် မိုဟာမက် အယ်(လ)ဘရာဒီ ပြည်သူများ နှင့် အတူ ဆန္ဒပြနေစဉ် ဓာတ်ပုံ- အယ်(လ)ဂျာဇီးယား
အသက် ၈၃ နှစ် ထိ နိုင်ငံ ကို နိုင်ငံ ကို နှစ်ပေါင်း ၃၀ ကျော်ကြာ အုပ်ချုပ် လာသည့် မူဘာရက် ကို
ကန် သမ္မတ ဂျိုးဘီဒင် က အာဏာရှင် မဟုတ် ဟု ပြောကြား
အကျယ် ကို PBS မှာ ရှု

လူဦးရေ အများ ဆုံး ပင်လယ်ကွေ့ အာရပ်နိုင်ငံ အီဂျစ် ၏ ဆန္ဒပြမှု ကို နိုဘဲလ် ငြိမ်းချမ်းရေး
ဆုရှင် မိုဟာမက် အယ်(လ) ဘရာဒီ နှင့် အတိုက်အခံ ပါတီ ကြီးများ က ပြည်သူကို ဦးဆောင်

ဆူးအက်(ဇ) ရဲ မင်းကြီး ကို ဆန္ဒပြ သူ များ ကို ကိုယ်တုံး လုံး ချွတ်ပြီး တူးမြောင်းတလျှောက်
ပြေးခိုင်း
ဆူးအက်(ဇ) ရဲစခန်း ကို မီးတင်ရှို့ ပြီး ဖမ်းဆီးထား သူ များ ကို ဆန္ဒပြ သူ များက ကယ်တင်

ဆူးအက်ဇ် ရထား ဘူတာရုံကြီး ကို မီးတင်ရှို့ 

အီဂျစ် အစိုးရက အတိုက်အခံ အဖွဲ့ ဖြစ်သည့် Brother Hood of Muslim မှခေါင်းဆောင် များ ကို
ဖမ်းဆီး၊ အင်တာနက် ဆယ်သွယ်ရေး နှင့် တယ်လီဖုန်း မက်ဆေ့ခ်ျ များ ကို ဖြတ်တောက်


ကင်းဝန်မင်းကြီး ဦးကောင်း ပြင်သစ် သို့ သွားစဉ် က အရမ်းလှပ လွန်း ၍ "မိုးနတ်ကျွန်ယုံ " ဟူသည့် ကဗျာ ကို ပင် ရေးဖွဲ့ ခဲ့ရသည့် အီဂျစ် နိုင်ငံဆူအဇ် မြို့ တွင် ယနေ့ မနက် ရဲတပ်ဖွဲ့ ဝင်များ အရူးမီးဝိုင်း ဖြစ်နေပုံ

အာရပ် ပင်လယ်ကွေ့ နိုင်ငံ တစ်ခု ဖြစ်သည့် ယီမင် ပြည်သူများ ကလည်း အုံကြွတွန်းလှန် ကြရာ အထွေထွေ သပိတ် ကို မကြာခင် ဆင့် ခေါ် နိုင်ရန် ကြေငြာ မည် ဟု ဆာနာ တက္ကသိုလ် ပါမေက္ခ က အယ်အာရေးဗီးယား သတင်း ဌာန သို့ ပြောကြားခဲ့သည်
အသက် ၈၂ နှစ် အရွယ်ရှိ မူဘာရက် အား နိုင်ငံတ၀ှမ်း တွင် စတင် ဆန့် ကျင် အုံကြွ
မြို့ တော် ကိုင်ရို နှင့် ဆူအက်ဇ် တွင် ပြည်သူများ က မူဘာရက် နှုတ်ထွက်ရေး စတင်ဆန္ဒပြနေ
ဆွစ်ဇာလန် နိုင်ငံ ဒါဗိုစ် ကမ္ဘာ့ စီးပွားရေး ဖိုရမ် တွင် အီဂျစ် အရေးမှာ ဦးစားပေး ဆွေး နွေးစရာ ဖြစ်
နေသည်။
အီဂျစ် ပြည်သူများ ငြိမ်ငြိမ် သက်သက် ဆန္ဒပြ ကြရန် အမေရိကန် သမ္မတကြီး ဦး အိုဘားမား က အီဂျစ်
ပြည်သူများ အထွေထွေ သပိတ် ဆင်နွှဲ ရန် နာရီပိုင်း အလို တွင် ၀ါရှင်တန် မှ ပြောကြားလိုက်သည်။
အာဏာရှင် မူဘာရက် က ဆန္ဒပြသူများ သည် ဘင်လာဒင် သွေးထိုးပေးမှု ဟု စွပ်ဆွဲ ထားသောကြောင့်
အမေရိကန် ဝေခွဲမရ ဖြစ်နေ သည်။သို့ နှင့် တိုင် တော်လှန် ရေး သည် မူဘာရက် အစိုးရ ကို စတင်ယိမ်းယိုင်
နေ ပြီ ဖြစ်သည်။
အယ်လအာရေး ဗီးယား သတင်းဌာန မှ တိုက်ရိုက် ထုတ်လွှင့်မှု ကိုဤနေရာမှ ကြည့်ပါ
အမေရိကန် က ယခု ကဲ့ သို့ လက်ရှောင်နေ သောတော်လှန် ရေးများ သည် အရမ်းအောင်မြင် သည်။
ဥပမာ – ဖိလစ်ပိုင် (မားကို စ်) နှင့် ကီရ်ဂျက်စတန် နှင့် တူနီရှား

အီဂျစ် ပြည်သူများ ဘက် မှ ပူးပေါင်းရပ်တည် ၍ ဆန္ဒပြမှု ကို ဦးဆောင်မည် ကမ္ဘာ့ ပထမဦး ဆုံး တော်လှန်ရေး ခေါင်းဆောင် နိုဘဲလ် ဆုရှင် မိုဟာမက် အယ်ဘာရာဒေး ဓာတ်ပုံ- ရိုက်တာ သတင်းဌာန

11ReadMore-2.jpg

Thursday, January 27, 2011

ယနေ့သတင်း (၂၈ ရက် ဇန်န၀ါရီလ ၂၀၁၁)

ယနေ့သတင်း (၂၈ ရက် ဇန်န၀ါရီလ ၂၀၁၁)

ဆုံဆည်းရာ၊ ၂၈ ရက် ဇန်န၀ါရီလ ၂၀၁၁

သတင်း
နံနက် (၁၀ နာရီ ၃၅ မိနစ်) ယခုတပတ်အတွင်း ဒီကေဘီအေ စခန်းတွေကို နအဖ ရဲ့ ထိုးစစ်တိုက်ပွဲတွေ အရှိန်အဟုန်မြင့်လာတာ တွေ့ရပါတယ်။ ၂၀၁၁ ခုနှစ် ဇန်န၀ါရီ ၂၂ ရက်နေ့ကနေစပြီး အပြင်းအထန် ထိုးစစ်ဆင်မှုတွေပြုလုပ်နေတဲ့ ယနေ့ ၂၈ ရက်နေ့အထိ နအဖ ဘက်က အရာရှိအရာခံ အကြပ်စစ်သည် ၁၂၀ ကျော်သေဆုံးပြီး ၂၀၀ နီးပါး ဒဏ်ရာရမှုတွေ ရှိပါတယ်။ နအဖ ဘက် ထိခိုက်ဒဏ်ရာ သေဆုံးမှုတွေ များပြားလာတဲ့အတွက်ကြောင့် နယ်စပ်တိုက်ပွဲတွေအသုံးချဖို့ ဖွဲ့စည်းထားတဲ့ သူတို့လက်ကိုင်ဒုတ်ဖြစ်တဲ့ နယ်ခြားစောင့်တပ်အပေါ်လည်း ယုံကြည်မှု ကင်းမဲ့လာတာတွေ့ရပါတယ်။ ဒါ့အပြင် နအဖ တပ်သားတွေနဲ့ နယ်ခြားစောင့်တပ်တွေ စစ်ပြေးတွေ ယခင်တိုက်ပွဲကာလတွေထက် ပိုမိုများပြားလာပါတယ်။

နံနက် (၉ နာရီ ၅၅ မိနစ်)
ယမန်နေ့မနက်ပိုင်းတွင် လှိုင်းဘွဲမြို့နယ်၊ ကမားထာ့နှင့် ကျော်သလေးခို့အကြား၌ ကေအဲန်ယူ တပ်ရင်း(၂၁)နှင့် နအဖ ခမရ(၃၄၃)တို့ ၁၀ မိနစ်ကြာ ချုံခိုတိုက်ပွဲဖြစ်ပွားရာ ကေအဲန်ယူဘက်မှ ထိခိုက်မှုမရှိသော်လည်း နအဖဘက်မှ ၄ဦး ကျဆုံးကာ ၃ဦးဒဏ်ရာ ရရှိကြောင်း သိရှိရသည်။ (ကိုးကား - ကေအိုင်စီ)

နံနက် (၉ နာရီ ၅၀ မိနစ်) ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့နယ် ချောင်းဆုံနားမှာလည်း ယမန်နေ့က တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။ နအဖတပ် ခမရ (၄၀၁) နဲ့ ကေအဲန်ယူ တပ်ရင်း ၁၆ နဲ့ ဒီကေဘီအေ တပ်ရင်း ၉၀၆ ခွဲက ချောင်းဆုံရွာနားမှာ ယနေ့မနက်က တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာပါ။

နံနက် (၉ နာရီ ၄၀ မိနစ်) KNLA တပ်မဟာ(၇)လက်အောက်ခံ တပ်ရင်း(၂၁)၊ (၂၂)နှင့် အထူးပြောက်ကျားအဖွဲ့ဝင်များ ပါဝင်သည့် အင်အား ၇၀ခန့်ရှိ အဖွဲ့သည် ဇန်န၀ါရီလ ၂၁ရက်နေ့က နယ်ခြားစောင့်တပ် (၁၀၁၅)တပ်ရင်း၏ ဟောသူးခီးစခန်းကို တက်ရောက်သိမ်းဆည်းခဲ့ရာ လက်နက် ၁၂လက် ရရှိပြီး ၎င်း နယ်ခြားစောင့်တပ် တပ်ရင်းမှ ဗိုလ်ချာလယ်၊ ဒုဗိုလ်ရော့ကက်၊ တပ်ကြပ်ကြီးတစ်ဦး အပါအ၀င် ၈ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။

11ReadMore-2.jpg

ကေအဲန်ယူနှင့် ပူးပေါင်းသည့် နယ်ခြားစောင့်တပ်ဖွဲ့ဝင် မိသား စုများ ဖမ်းဆီးခံရ




11ReadMore-2.jpg

ဘုရားသုံးဆူမြို့နယ်က တိုက်ပွဲ(၂၇ရက်၊ ဇန်န၀ါရီလ၊ ၂၀၁၁)

http://ehkhaungthaunt.blogspot.com/

 
ကေအဲန်ယူပိတ်ထားတဲ့ ဘုရားသုံးဆူနဲ့ သံဖြူဇရပ်ကားလမ်း လမ်းဖွင့်ဖို့ ကြိုးစားနေတဲ့ နအဖတပ်နဲ့ ကေအဲန်ယူကြား ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့နယ်ခွဲက ချောင်းဆုံရွာနားမှာ ယနေ့မနက် ၈နာရီကနေ ၁၂နာရီအထိ တိုက်ပွဲတွေ ကြိုကြားကြိုကြား ဖြစ်ပွားပါတယ်။ 
စစ်ရေးလှုပ်ရှားနေတဲ့ ဒီကေဘီအေ တပ်ဖွဲ့ဝင်များ။
 ဒီတိုက်ပွဲဟာ ကေအဲန်ယူ တပ်ရင်း ၁၆နဲ့ ဒီကေဘီအေ တပ်ရင်း ၉၀၆ပူးပေါင်းထားတဲ့ တပ်ဖွဲ့က နအဖရဲ့ ခမရ ၄၀၁ရဲ့ စစ်ကြောင်း၁ကို ၀င်ရောက်တိုက်တဲ့ ပွဲဖြစ်ပါတယ်။ တိုက်ပွဲ ၂ကြိမ်ဖြစ်ပွားခဲ့ပြီး ထိခိုက်မှုရှိမရှိကိုတော့ မသိရသေးပါဘူး။

နအဖတပ်ဟာ အနန်းကွင်းဗျူဟာကနေ ဘုရားသုံးဆူကို တင်လာမယ့် ရိက္ခာယဉ်တန်းအတွက် လုံခြုံရေး ယူထားကြတာ ဖြစ်ပါတယ်။ ကေအဲန်ယူနဲ့ ဒီကေဘီအေတပ်တွေကတော့ အဲဒီယဉ်တန်းကို တိုက်ခိုက်ဖို့ လှုပ်ရှားနေတဲ့ အဖွဲ့ဖြစ်ပါတယ်။

ရိက္ခာတင်ဖို့ဆိုပြီး နအဖတပ်တွေဟာ လွန်ခဲ့တဲ့ ဗုဒဟူးနေ့ကမှ ဘုရားသုံးဆူမြို့မှာ ကားတွေကို ချောဆွဲခဲ့တာ ဖြစ်ပါတယ်။ ကားပိုင်ရှင်တွေဟာ အခုလို တိုက်ပွဲဖြစ်လာမှာကို စိုးရိမ်တဲ့အတွက် ထွက်ပြေးကြရာ နအဖဟာ လိုအပ်တဲ့ ကားအရေအတွက် မရလိုက်ဘူးလို့လည်း သိရပါတယ်။
သတင်း-ဘီဘီစီ

11ReadMore-2.jpg

မြ၀တီမြို့နယ်က တိုက်ပွဲ(၂၇၊ ဇန်န၀ါရီလ၊ ၂၀၁၁)

http://ehkhaungthaunt.blogspot.com/

ကရင်ပြည်နယ် မြ၀တီမြို့ တောင်ဘက် မိုင်၂၀အကွာမှာ ဒီကေဘီအေရဲ့ အရေးကြီး စခန်းတခုဖြစ်တဲ့ ဘောဘောကျိုးစခန်းကို ဒီနေ့မနက်က နအဖတပ်တွေက လက်နက်ကြီးတွေနဲ့ အပြင်းအထန် ပစ်ခတ်ပြီး သိမ်းယူလိုက်ပါတယ်။
တိုက်ပွဲ ဗီဒီယိုမှတ်တမ်းခွေကို ပြန်လည်ကြည့်နေကြတဲ့ ကရင်တပ်ဖွဲ့ဝင်များ
နအဖတပ်တွေက အခုလ ၈ရက်နေ့တည်းက အဲဒီစခန်းကို စတိုက်နေတာဖြစ်ပြီး ဒီနေ့မနက်မှာ သိမ်းယူနိုင်တာ ဖြစ်ပါတယ်။ အဲဒီစစန်းနေရာဟာ မဲဆောက်မြို့မြောက်ဖက် ကီလိုမီတာ ၃၀ကျော်လောက်မှာ ရှိတဲ့ ဖုတ်ဖရမြို့နယ်၊ ချောက်ခက်ရွာရဲ့ တဖက်ကမ်းမှာ ရှိပါတယ်။ 

အခု ဘောဘောကျိုးစခန်းကနေ ဆုတ်ခွာသွားရတာနဲ့ ပတ်သက်လို့ ဒီကေဘီအေ ရှေ့တန်းတပ်မှူး တဦးဖြစ်တဲ့ ဗိုလ်မှူးစောစန်းအောင်က စစ်ရေးအရ နအဖကို ပိုင်ပိုင်နိုင်နိုင် တိုက်ခိုက်နိုင်အောင် သင့်တော်တဲ့နေရာမှာသာ နေရာယူလိုက်တာ ဖြစ်တယ်လို့ ပြောပါတယ်။

နအဖတပ်တွေဟာ ဘောဘောကျိုးတောင်ထိပ်ကို တက်သိမ်းလိုက်ပြီးနောက် ဒီကေဘီအေ ဆုတ်ခွာသွားတယ်လို့ ယူဆရတဲ့ နေရာတွေကို ၁၂၀မမ အဝေးပစ်မော်တာကြီးတွေနဲ့ တနေကုန်လိုက်ပစ်နေသေးတယ်လို့ ဗိုလ်မှူးစန်းအောင်က ပြောပါတယ်။ 

နအဖရဲ့ ဆက်သွယ်ရေးစက်နဲ့ သတင်းပို့တာကို ကြားဖြတ်ဖမ်းပြီး မှတ်ထားချက်တွေအရ နအဖဘက်က တပတ်အတွင်း သေဆုံးသူ ၁၁၁ဦး၊ ၁၆၃ဦး ဒဏ်ရာရတယ်လို့ သူက ပြောပါတယ်။ ဒီကေဘီအေဘက်မှာတော့ တဦး ဒဏ်ရာရတယ်လို့ ဆိုပါတယ်။ ဒါပေမယ့်လို့ အခုလို သေဆုံး၊ ဒဏ်ရာရတဲ့သတင်းကို သီးခြားအတည်ပြုလို့ မရသေးပါဘူး။ 
 သတင်း-ဘီဘီစီ

11ReadMore-2.jpg

DKBA နယ်ခြားစောင့်တပ်မှ ထွက်ပြေးသူနှစ်ဆတိုးလာ


http://phutarmite.blogspot.com/

ကရင် နယ်ခြားစောင့်တပ်မှ ထွက်ပြေးသူ နှစ်ဆတိုးလာ
2011-01-26

အခုလအတွင်း မြန်မာစစ်အစိုးရရဲ့ BGF နယ်ခြားစောင့်တပ်ကနေ ထွက်ပြေးပြီး ကေအန်ယူ တပ်မဟာ ၇ နဲ့ ပြန်လည်ပူးပေါင်း လာကြတဲ့ ဒီကေဘီအေ အဖွဲ့ဝင် အရေအတွက်ဟာ အရင်လကထက် နှစ်ဆလောက် တိုးလာတယ်လို့ သတင်း ရရှိပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်း ထွက်ပြေးပူးပေါင်းလာတဲ့ BGF တပ်ဖွဲ့ဝင်အင်အား ၂၀ လောက်ရှိပြီး အခု ဇန်နဝါရီလ တတိယပတ် အထိ ထွက်ပြေးလာသူ ၄၀ နီးပါး ရှိနေပြီလို့ KNU ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် တပ်မဟာ ၇ တပ်ရင်း ၁၀၁ တပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီး ဖောသိုက ပြောပါတယ်။

သူတို့ အလိုလားဆုံးကတော့ ပြည်တွင်း ငြိမ်းချမ်းရေးပဲ။ အခုက BGF နဲ့ လုပ်ခိုင်းလည်းပဲ ကရင်အချင်းချင်းပဲ ပြန်တိုက်နေရတယ်ဆိုတော့ ဒီကောင်တွေလည်း မလုပ်ချင်တော့ဘူးဗျ။

“သူတို့က အဲဒီ ဟိုဥစ္စာလေ၊ နအဖ တပည့်မခံနိုင်လို့ ပြန်လာကြတာပဲ။ အားလုံး ၃၇ ယောက်နော်၊ ဒီဇင်ဘာလမှာတော့ ၂၀ ကျော်ပဲ။ တိုးလာတယ်။ နောက်ထပ် တိုးဦးမယ်ဗျ။ ဘာကြောင့် တိုးလာလဲဆိုတော့ သူတို့က ဒီစနစ်ကို မကြိုက်ဖူးလေ။ သူတို့ အလိုလားဆုံးကတော့ ပြည်တွင်း ငြိမ်းချမ်းရေးပဲ။ အခုက BGF နဲ့ လုပ်ခိုင်းလည်းပဲ ကရင်အချင်းချင်းပဲ ပြန်တိုက်နေရတယ်ဆိုတော့ ဒီကောင်တွေလည်း မလုပ်ချင်တော့ဘူးဗျ။ အဲလို ဖြစ်နေတယ်။”

ကေအန်ယူရဲ့ အခြား တပ်မဟာတွေမှာလည်း နယ်ခြားစောင့်တပ်က ထွက်ပြေးပြီး ပူးပေါင်းလာသူတွေ ရှိပေမဲ့ စာရင်း အတိအကျတော့ မရရှိသေးပါဘူး။

မြန်မာစစ်အစိုးရဟာ ကေအန်ယူ ကရင် အမျိုးသား အစည်းအရုံး တပ်တွေ၊ ဗိုလ်မှူးကြီး စောလားပွယ် ဦးဆောင်တဲ့ DKBA လက်ကျန်တပ်တွေနဲ့ ဖြစ်ပွားနေတဲ့ စစ်ဆင်ရေးတွေမှာ ဒီကေဘီအေအသွင်ပြောင်း BGF တပ်ဖွဲ့တွေကို အသုံးပြု တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

11ReadMore-2.jpg

နယ်ခြားစောင့် တပ်ဖွဲ့ဝင်တွေ ထွက်ပြေးမှုနှုန်း များလာသဖြင့် နယ်ခြား စောင့်တပ်ခေါင်းဆောင်တွေကို နအဖ အကြပ်ကိုင်လာ

http://ehkhaungthaunt.blogspot.com/

နယ်ခြားစောင့်တပ်ဖွဲ့ အသွင်ပြောင်းခံရပြီး ဖြစ်သော်လည်း နယ်ခြားစောင့်တပ်ဖွဲ့ဝင် မလုပ်လို ကြသူ အများအပြား ကေအဲန်ယူနှင့် ပူးပေါင်းသည့်နှုန်း ပိုမို များပြားလာသည့် အပေါ် နယ်ခြားစောင့်တပ် ခေါင်းဆောင်များကို နအဖစစ်တပ်မှ ဖိအားပေး အကြပ်ကိုင် မှုတွေ ပြုလုပ်လာသည်ဟု သိရှိရသည်။

ကရင့် နယ်ခြားစောင့်တပ် တပ်မှူးများနှင့် ဗိုလ်ချုပ်ရဲမြင့်

ထိုသို့ အကြပ်ကိုင်ရာတွင် သက်ဆိုင်ရာ နယ်ခြားစောင့် တပ်ရင်း အလိုက် ကိုယ်လူ ကိုယ်ထိန်းပြီး ထိထိရောက်ရောက် ကိုယ်တွယ်သွားရန်နှင့် ထိရောက်စွာ ကိုင်တွယ်မှု မပြုလုပ်ပါက လက်နက်ဖြုတ် သိမ်းမည်စတဲ့ အကြပ်ကိုင် ခြိမ်းခြောက်မှု အပါအ၀င် တခြား လုပ်ပိုင်ခွင့်များကိုလည်း ကန့်သတ်မှုတွေ ပြုလုပ်လာသည်ဟု နယ်ခြားစောင့် တပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရှိရသည်။


သိမ်းမည်စတဲ့ အကြပ်ကိုင် ခြိမ်းခြောက်မှု အပါအ၀င် တခြား လုပ်ပိုင်ခွင့်များကိုလည်း ကန့်သတ်မှုတွေ ပြုလုပ်လာသည်ဟု နယ်ခြားစောင့် တပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရှိရသည်။

ဒါ့အပြင် ဗိုလ်နှုတ်ခမ်းမွေး ဦးဆောင်သည့် ဒီကေဘီအေကို နအဖမှ စစ်ဆင်ရေး ပြုလုပ်ရာတွင် ထိခိုက်ကျဆုံးမှုများလာသဖြင့် ၄င်းတို့နှင့် ပူးတွဲစစ်ဆင်ရေး ပြုလုပ်နေသည့် နယ်ခြားစောင့် တပ်ဖွဲ့ဝင်များကို မယုံသင်္ကာမှုတွေ ရှိလာသဖြင့် စစ်ဆေး မေးမြန်းမှုတွေ ပြုလုပ်လာသည်ဟု သိရှိရသည်။


နအဖစစ်ကြောင်း ချီတက်မည့် လမ်းတွေကို နယ်ခြားစောင့်တပ်တွေ ကိုယ်တိုင် မြေမြုတ်မိုင်း ပြန်ထောင်ထားမှု၊ မိုင်းထူထပ်စွာချထားသည့် မိုင်းတောထဲကို လမ်းပြသွားစေမှုနှင့် ပြောက်ကျားစစ် အတိုက်ခံရလွယ်သည့် နေရာများကို သွားရောက်စေပြီး ၄င်းတို့ကိုယ်တိုင် ဗိုလ်နှုတ်ခမ်းမွေးအဖွဲ့နဲ့ နားလည်မှုယူထားမှုကြောင့် ယခုလို နအဖဘက်မှ ထိခိုက်ကျဆုံးမှုများရခြင်းဖြစ်သည် ဆိုသည့် စွပ်စွဲသံတွေ ထွက်ပေါ်လာပြီး သက်ဆိုင်ရာကိုလည်း စစ်ဆေး မေးမြန်းမှုတွေ ပြုလုပ်နေသည်ဟုလည်း သိရှိရသည်။

“ကရင်အချင်းချင်းဆိုတော့ သူတို့ မယုံဘူးလေ။ နောက်ထိလိုက်ရင်လည်း သူတို့လူပဲ၊ ဘီဂျီအက်ဖ်က ထိတာမှ မကြားဖူးသေးတာ။ တိုက်တာတော့ တူတူပဲ။ အခုဘီဂျီအက်ဖ်ကို အားမကိုးပဲ တိုက်ဖို့ လုပ်နေတယ်” နယ်ခြားစောင့်တပ်နှင့် နီးစပ်သူတဦးက ပြောဆိုသည်။

ဗိုလ်နှုတ်ခမ်းမွေး၏ ဒီကေဘီအေအဖွဲ့နှင့် နအဖတို့ မြ၀တီ၊ ဘုရားသုံးဆူမြို့တိုက်ပွဲအပြီး ဆက်တိုက် ဖြစ်ပွားခဲ့သည့် ဖလူး၊ ဝေါ်လေနယ်မြေရှိ တိုက်ပွဲများတွင် နယ်မြေ ကျွမ်းကျင်သည့် ဘီဂျီအက်ဖ် တပ်ဖွဲ့များကို လမ်းပြအနေဖြင့် နအဖမှ ၄င်းတို့ စစ်ဆင်ရေးအတွက် အသုံးပြုခဲ့သည်။

နအဖစစ်တပ်နှင့် ပူးတွဲစစ်ဆင်သူများမှာ ဗိုလ်မုတ်သုံ ဦးဆောင်သည့် နယ်ခြားစောင့်တပ် ၁၀၂၂တပ်မှ ဖြစ်ပြီး အဆိုပါတပ်ဖွဲ့ဝင်များဟာ ယခင်ဗိုလ်နှုတ်ခမ်းမွေး လက်အောက် ဒီကေဘီအေ တပ်မဟာ ၅တပ်ဖွဲ့ဝင်များဖြစ်ခဲ့သည့် အပြင် ဗိုလ်မုတ်သုံဟာလည်း ဗိုလ်နှုတ်ခမ်းမွေးနှင့် ယောက်ဖ တော်စပ်သူတဦး ဖြစ်သည့်အပေါ် နအဖဘက်မှ မသင်္ကာစိတ် ပိုရခြင်းလည်း ဖြစ်နိုင်သည်ဟု အကဲခတ်သူများက ဆိုသည်။

လွန်ခဲ့သည့် ၂၀၁၀ သြဂုတ်လမှ စတင်မှ ဒီကေဘီအေကို နယ်ခြားစောင့်တပ် ပြောင်းလဲ ဖွဲ့စည်းအပြီး နယ်ခြားစောင့်တပ်မလုပ်လိုသူအများအပြား ကေအဲန်ယူ တပ်မဟာ ၁၊ ၆၊ ၇၊ ၅နယ်မြေအတွင်းရှိ ကေအဲန်အယ်လ်အေ တပ်နှင့် ဗိုလ်နှုတ်ခမ်းမွေး ဦးဆောင်တဲ့ ဒီကေဘီအေအဖွဲ့ထံတွင် လက်နက်တွေနဲ့အတူ လာရောက်ပူးပေါင်းခဲ့သည်။

တပ်မဟာ အလိုက် လာရောက်ပူးပေါင်းသည့် စာရင်းအတိအကျကို မသိရှိရသေးသော်လည်း ကေအဲန်ယူ တပ်မဟာ ၇တခုတည်းတွင်ပင် လွန်ခဲ့သည့် လက အယောက်၂၀နှင့် ယခုလ တတိယပတ်အထိ အယောက် ၄၀ခန့်ရှိသည်ဟု အာအက်ဖ်အေသတင်းမှာ ဖော်ပြထားသည်။

အဆိုပါ ပူးပေါင်းသူများတွင် တပ်ခွဲမှူးအဆင့် ဗိုလ်ကြီး ၃ဦးအပါအ၀င် နယ်ခြားစောင့်တပ်တွင် အသက်ကြီးသဖြင့် ပါဝင်ခွင့်မရသူ ယခင်ဒီကေဘီအေ တပ်ရင်းမှူးတဦးလည်း ပါရှိသည်ဟု စုံစမ်းသိရှိရသည်။

11ReadMore-2.jpg

ကေအဲန်ယူ တပ်မဟာ(၇)နယ်မြေ တွင် နအဖနှင့် နယ်ခြားစောင့်တပ် များ သေကြေထိခိုက်မှုရှိ


နန်းဖော့ဂေ (ကေအိုင်စီ)

ကရင်ပြည်နယ် နယ်စပ်ဒေသတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLAနှင့် ဖြစ်ပွားသည့်တိုက်ပွဲကြောင့် နအဖ စစ်တပ်နှင့် ကရင်နယ်ခြားစောင့်တပ်များမှ အရာရှိများ အပါအ၀င် တပ်ဖွဲ့ဝင်အချို့ ထိခိုက်ကျဆုံးမှုရှိကြောင်း ကေအိုင်စီက ယနေ့ စုံစမ်းသိရှိရသည်။

ယနေ့မနက် ၇နာရီဝန်းကျင်တွင် လှိုင်းဘွဲမြို့နယ်၊ ကမားထာ့နှင့် ကျော်သလေးခို့အကြား၌ ကေအဲန်ယူ တပ်ရင်း(၂၁)နှင့် နအဖ ခမရ(၃၄၃)တို့ ၁၀မိနစ်ကြာ ချုံခိုတိုက်ပွဲဖြစ်ပွားရာ ကေအဲန်ယူဘက်မှ ထိခိုက်မှုမရှိသော်လည်း နအဖဘက်မှ ၄ဦး ကျဆုံးကာ ၃ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကေအဲန်ယူ တပ်မဟာ(၇)မှ ဗိုလ်ကြီးစောမျိုးမင်းသူက ယခုလို ပြောသည်။

“ဒီမနက်ဖြစ်တာကတော့ ၇နာရီ ၅မိနစ်မှာပဲ။ ကျနော်တို့ဘက်က တပ်ရင်း(၂၁)က အင်အား ၁၂ဦးနဲ့ နအဖ ခမရ(၃၄၃)က စစ် ကြောင်းတကြောင်းနဲ့ဖြစ်တာ။ ချုံခိုစောင့်ပစ်တာဆိုတော့ ကျနော်တို့ဘက်က ထိလေ့မရှိဘူး။ နအဖဘက်ကတော့ ၄ယောက် သေတယ်။ ၃ယောက် ဒဏ်ရာရတယ်။ လက်နက်သိမ်းယူတာတွေတော့ ကျနော်တို့ဘက်က မလုပ်တော့ဘူး။”ဟု ဆိုသည်။

ပြီးခဲ့သည့် ဇန်န၀ါရီလ ၂၃ရက်နေ့ မနက် ၉း၁၅နာရီကလည်း KNLA တပ်ရင်း(၂၂)တပ်ဖွဲ့နှင့် ကရင်နယ်ခြားစောင့်တပ် BGF အမှတ် (၁၀၁၅) တပ်ဖွဲ့ဝင်များ လှိုင်းဘွဲမြို့နယ်၊ နိုးရီးရွာအနီး၌ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ BGF ဘက်မှ ဗိုလ်ကြီးထွန်း မြင့်ထွန်းနှင့် တပ်သား ၂ဦး ကျဆုံးပြီး ဗိုလ်ထွန်းဝင်းနှင့် တပ်သားတဦး ထိခိုက်မှုရှိခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ပွဲတွင် KNLA က BGF ဘက်မှ ကာဘိုင်တစ်လက်၊ G-3 တစ်လက်နှင့် ၉-မမ တစ်လက် သိမ်းဆည်းရမိခဲ့သည်။

အလားတူ KNLA တပ်မဟာ(၇)လက်အောက်ခံ တပ်ရင်း(၂၁)၊ (၂၂)နှင့် အထူးပြောက်ကျားအဖွဲ့ဝင်များ ပါဝင်သည့် အင်အား ၇၀ခန့်ရှိ အဖွဲ့သည် ဇန်န၀ါရီလ ၂၁ရက်နေ့က BGF (၁၀၁၅)တပ်ရင်း၏ ဟောသူးခီးစခန်းကို တက်ရောက်သိမ်းဆည်းခဲ့ရာ လက်နက် ၁၂လက် ရရှိပြီး ၎င်း BGF တပ်ရင်းမှာ ဗိုလ်ချာလယ်၊ ဒုဗိုလ်ရော့ကက်၊ တပ်ကြပ်ကြီးတစ်ဦး အပါအ၀င် ၈ဦးကို ဖမ်း ဆီးခဲ့သည်ဟု KNLA တပ်မဟာ(၇) ရုံးထိုင်မှူး ဗိုလ်မှူးစောအဲဆဲဆဲက ပြောသည်။

11ReadMore-2.jpg

Template by:

Free Blog Templates