Monday, November 22, 2010

မြဝတီမြို့မှာ တိုက်ပွဲဝင်ခဲ့တဲ့ ဒီကေဘီအေ ရဲဘော်များကို စစ်အုပ်စု ခြိမ်းခြောက်



http://arrmhanthit8888.blogspot.com


ဒီကနေ့ မြဝတီမြို့မှာ အရှေ့တောင်တိုင်း တိုင်းမှူးဦးဆောင်ကာ နအဖ စစ်ဘက်ဆိုင်ရာများ နယ်ခြားစောင့် အကြီးအကဲများနဲ့ အစည်းအဝေးတခု ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။

အစည်းအဝေးရဲ့အဓိကရည်ရွယ်ချက်ကတော့ ပြီးခဲ့တဲ့ ဗမာပြည်ရွေးကောက်ပွဲလုပ်တဲ့နေ့ နိုဝင်ဘာ ၇ ရက်နေ့က စတင်ပြီ နအဖ ကို ပြန်လည်တိုက်ပွဲဝင်ခဲ့တဲ့ ဒီကေဘီအေ ဗိုလ်နှုတ်ခမ်းမွှေးအဖွဲ့ကို ခြိမ်းခြောက်လိုတဲ့ အချက်တွေ ပါဝင်နေတာ တွေ့ရပါတယ်။


နအဖကို ပြန်လည်တိုက်ပွဲဝင်ခဲ့တဲ့ ဒီကေဘီအေအဖွဲ့ကို ၃၈ ရက် အချိန်ပေးမယ် ပြန်လာလက်နက်ချရင်ချ မချရင် ဝေါ်လေဒေသကို ချေမှုန်းပစ်မယ်ဆိုတဲ့ ခြိမ်းခြောက်တဲ့ အချက်တွေ ပါဝင်နေပါတယ်။

အခုလို နအဖ စစ်အုပ်စုရဲ့ ပြောဆိုချက်နဲ့ ပတ်သက်ပြီး ဗိုလ်နှုတ်ခမ်းမွှေးမှ ခုလိုတုန့်ပြန်ပြောဆိုသွားတာက..
“နအဖ စစ်အုပ်စု ကို တုန့်ပြန်တိုက်ခိုက်ဖို့ဆိုတာ အချိန်မရွေးဘူး၊ ဝန်မလေးဘူး။ ဒါပေမယ့် နအဖ စစ်အုပ်စုရဲ့ အောက်ခြေတပ်မှူးတပ်သားလေးတွေကို သနားတယ်။ ဖြစ်နိုင်ရင် ပြည်တွင်းစစ်မီးကို တောက်လောင်အောင် ဖန်တီးနေတဲ့ စစ်ခေါင်းဆောင်ကြီးတွေနဲ့ပဲ ထိပ်တိုက်တွေ့ချင်တယ်။ အခု ကျနော်တို့ တိုက်ပွဲဝင်နေတဲ့အတွက် နယ်စပ်ဒေတွေ မငြိမ်မသက်ဖြစ်တာကို ဒေါ်အောင်ဆန်းစုကြည်တို့ အနေနဲ့ စိတ်မချမ်းမသာဖြစ်ရတာ နားလည်ပါတယ်။ ကျနော်တို့တွေလည်း စစ်ကိုမတိုက်ချင်ပါဘူး နိုင်ငံရေးအရအဖြေတခု ထွက်ပေါ်လာအောင် စစ်တိုက်နေရတာဖြစ်ပါတယ်။ ကျနော်တို့အနေနဲ့လည်း ဒီစစ်ပွဲကို စစ်သွေးကြွပြီး တိုက်ပွဲဝင်နေတာမဟုတ်ပါဘူး” လို့ ပြောဆိုသွားပါတယ်။

ဗိုလ်နှုတ်ခမ်းမွှေးဦးဆောင်တဲ့ ဒီကေဘီအေ တပ်ဖွဲ့ဝင်များဟာ နယ်ခြားစောင့်တပ် လုပ်ခိုင်းတာ လက်မခံဘူး။ ၂၀၁၀ ရွေးကောက်ပွဲကို လက်မခံဘူး ဆိုတဲ့ အချက်တွေနဲ့ နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲနေ့မှာ နအဖ စစ်အုပ်စုကို စတင်တိုက်ပွဲဝင်ခဲ့တာ ဖြစ်ပါတယ်။

11ReadMore-2.jpg

ဒေါ်အောင်ဆန်းစုကြည် ပြည်နယ်နှင့်တိုင်း လူငယ်အားတွေ့ဆုံ



11ReadMore-2.jpg

Sunday, November 21, 2010

DVB Entertainment : သန့် ရှင်းစင်ကြည် မြစ်နဒီ -၇



11ReadMore-2.jpg

Saturday, November 20, 2010

ဒုတိယပင်လုံညီလာခံကျင်းပရေး ဒေါ်စု ဦးဆောင်မည်

ဒုတိယပင်လုံညီလာခံကျင်းပရေး ဒေါ်စု ဦးဆောင်မည်

ဓာတ်ပုံ ASSOCIATED PRESS
သက်ကြီးနိုင်ငံရေးသမားများ ပူဇော်ပွဲတွင် ၀ါရင့်နိုင်ငံရေးသမားတဦးကို ဒေါ်အောင်ဆန်းစုကြည် လက်ဆောင်ပေးနေပုံ (နိုဝင်ဘာလ ၂၀၊၂၀၁၀)

ထပ်ဆင့် ဖြန့်ဝေရန်

ဒီမိုကရေစီရေးနဲ့ လူမျိုးတိုင်း တန်းတူညီမျှရေးကို အခြေခံမယ့် ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့အတွက် ဒုတိယပင်လုံညီလာခံ ကျင်းပရေးတာဝန်ကို မြန်မာပြည်က နိုင်ငံရေးခေါင်းဆောင်တွေက ဒေါ်အောင်ဆန်းစုကြည်ထံကို ဒီကနေ့ တာဝန်လွှဲအပ် လိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ဒီလို တာဝန်လွှဲပြောင်းပေးအပ်တာကို လက်ခံလိုက်ပြီး အားလုံးအတူတကွ ပူးပေါင်းဆောင်ရွက်ဖို့ ပြန်လည် ပန်ကြားခဲ့ပါတယ်။ ဒီသတင်းကိုတော့ ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။
ဒီလို ဒုတိယပင်လုံညီလာခံ ဖြစ်မြောက် အကောင်အထည်ဖော်ရေး တာဝန်ကို ၀ါရင့်နိုင်ငံရေးသမား သခင်သိန်းဖေရဲ့နေအိမ်မှာ ဒီကနေ့ မနက်က ကျင်းပတဲ့ သက်ကြီးနိုင်ငံရေးသမားကြီးတွေကို ပူဇော်တဲ့ပွဲမှာ လွှဲအပ်တာ ဖြစ်ပါတယ်။ ဒီအကြောင်းကိုတော့ ကိုယ်တိုင် တာဝန်လွှဲပြောင်းပေးအပ်ခဲ့သူ ဇိုမီး အမျိုးသားများ ကွန်ဂရက်ရဲ့  ဥက္ကဌ ပူးကျင်ရှင်းထန်က အခုလို ပြောပါတယ်။
“အဓိက ကတော့လေ ဒီနိုင်ငံရေးခေါင်းဆောင်တွေ၊ နည်းနည်းအသက်ကြီးတဲ့ လူတွေကို ဂါရ၀ပြုတာ တခုရယ်။ နောက်ပြီးတော့ အောက်တိုဘာ ၂၄ ရက်နေ့မှာ ကလေးမြို့ ဆုံးဖြတ်ချက် မှတ်တမ်းကို အခု ဒေါ်စု လွတ်လာတဲ့အခါမှာ ဒီဥစ္စာကို ဆုံးခန်းတိုင်ဖြစ်ဖို့ အမျိုးသားခေါင်းဆောင်ကြီး ဒေါ်အောင်ဆန်းစုကြည်က လုပ်မှဖြစ်မယ်ဆိုပြီးတော့ ကျနော်တို့က သူ့ကို လွှဲအပ်တာ။ ဒီ ၂ ချက်ပါပဲ။”
ပြီးခဲ့တဲ့ အောက်တိုဘာ ၂၄ ရက်နေ့က ကလေးမြို့မှာ ကျင်းပတဲ့  ဇိုမီးအမျိုးသားများ ကွန်ဂရက် တည်ထောင်တာ ၂၂ နှစ်ပြည့်တဲ့ အခမ်းအနားမှာ ကလေးမြို့ ဆုံးဖြတ်ချက်ကို ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
ဒီဆုံးဖြတ်ချက်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုနဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးကို ဦးတည်တဲ့ တွေ့ဆုံဆွေးနွေးရေးကို ဆောင်ရွက်ဖို့နဲ့ ဒီမိုကရေစီရေးနဲ့ လူမျိုးတိုင်း တန်းတူညီမျှရေးကို အခြေခံမယ့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့ အတွက် ဒုတိယပင်လုံညီလာခံ ကျင်းပရေးဆိုတဲ့ အချက်တွေ ပါဝင်ပါတယ်။
ဒုတိယပင်လုံညီလာခံ အကောင်အထည်ဖော် ဆောင်ရွက်ရေးအတွက် တာဝန်လွှဲအပ်တာကို ဒေါ်အောင်ဆန်းစုကြည်ကလည်း လက်ခံခဲ့တယ်လို့ ပူးကျင်ရှင်းထန်က ပြောပါတယ်။
“ကျနော်တို့က တိုင်းပြည် အခြေအနေကြည့်ပြီးတော့ ပင်လုံကဲ့သို့သော ညီလာခံ ဒုတိယပင်လုံ လိုအပ်နေတယ်။ အဲဒါကို လုပ်ရအောင်ဆိုပြီးလုပ်တော့ အဖွဲ့အစည်း ၅၀ ကျော်ကနေပြီးတော့ ဒါ မှန်ကန်တဲ့အကြောင်း တုံ့ပြန်ကြတယ်။ နောက် ကလေးမြို့ ဆုံးဖြတ်ချက်ကို အားလုံး ဆုံးခန်းတိုင် အကောင်အထည်ဖော်တဲ့အထိ ကျနော်တို့ ဆက်လက် ဆောင်ရွက်ပါမယ် ဆိုပြီးတော့ သံန္နိဌာန်ချပြီး လက်မှတ်ထိုးတဲ့ လူက ၁၀၉ ယောက်လောက် ရှိတယ်။ အဲဒါတွေကို အခု ဒေါ်စု လွတ်လာတဲ့အတွက်ကြောင့် ဆက်လက်ပြီးတော့မှ ဆုံးခန်းတိုင် အကောင်အထည်ဖော်နိုင်ဖို့ လွှဲအပ်တဲ့အခါမှာ သူက ပြောတာက ၀မ်းသာစွာ လက်ခံပါတယ်။ ဒါပေမဲ့ ကျမ တယောက်တည်းတော့ ဘယ်ဖြစ်မလဲ။ အားလုံး ဆက်ပြီးတော့ ၀ိုင်းပြီးတော့ ကူညီကြပါ၊ - ဆိုပြီးတော့ သူက ပြောပါတယ်။”
ဒီလို လက်မှတ်ရေးထိုးရာမှာ ကရင်၊ ချင်း၊ မွန်၊ ရှမ်း စတဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ၊ ၀ါရင့်နိုင်ငံရေးသမားကြီးတွေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တွေ ပါဝင်တာဖြစ်ပါတယ်။ အခု တာဝန်လွှဲအပ်တာကလည်း ဒီလို ပါဝင်လက်မှတ် ရေးထိုးသူများကိုယ်စား သူက လွှဲပြောင်းပေးတာဖြစ်တယ်လို့ ပူးကျင်ရှင်ထန်းက ပြောပါတယ်။
ဒီကနေ့ ကျင်းပတဲ့အခမ်းအနားမှာတော့ ဒေါ်အောင်ဆန်းစုကြည်က အသက် ၈၀ ကျော် အရွယ်ရှိ တိုင်းရင်းသားခေါင်းဆောင်တွေ အပါအ၀င် နိုင်ငံရေး ခေါင်းဆောင် ၂၀ ကျော်ကို ဂါရ၀ပြု ပူဇော်ကန်တော့ခဲ့ပါတယ်။
ဒီပွဲကို နိုင်ငံရေးလှုပ်ရှားမှု အဆက်ဆက်မှာ ပါဝင်ခဲ့ကြတဲ့ ကျောင်းသားဟောင်းတွေ၊ တိုင်းရင်းသားလူငယ်တွေနဲ့  မျိုးဆက်သစ် နိုင်ငံရေးလှုပ်ရှားသူတွေက ပူးပေါင်း စီစဉ်ခဲ့တာဖြစ်ပြီး လူ ၁,၀၀၀ ကျော်လောက် တက်ရောက်ခဲ့ပါတယ်။

11ReadMore-2.jpg

စစ်ခေါင်းဆောင် သန်းရွှေ၏အတ္ထုပတ္တိစာအုပ် အိန္ဒိယနိုင်ငံတွင်ထုတ်ဝေ

(မြန်မာစစ်အာဏာရှင် သန်းရွှေ အကြောင်း)” အမည်ရှိ အင်္ဂလိပ်ဘာသာဖြင့်ထုတ်ဝေသည့် မြန်မာစစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏အတ္ထုပတ္တိစာအုပ် ကို နိုဝင်ဘာ ၁၆ ရက်နေ့က အိန္ဒိယနိုင်ငံတွင်ထုတ်ဝေခဲ့သည်။

အင်္ဂါနေ့က အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီမှာ ဘင်နီဒစ်ရောဂျာစ်ကထုတ်ဝေခဲ့သည်။ စာရေးသူသည် အင်္ဂလန်နိုင်ငံ ကွန်ဆာဗေးတစ်ပါတီ လူ့အခွင့်အရေးကော်မရှင်၏ ဒု-ဥက္ကဋ္ဌနှင့် စီအက်စ်ဒဗလျူ ကမ္ဘာ့ခရစ်ယာန်ဝံဿနု၏ အရှေ့အာရှရေးရာအသင်း ခေါင်းဆောင်လည်း ဖြစ်သည်။
than_shwe
စာရေးဆရာ ဘင်နီဒစ်ရောဂျာစ် မှ အိန္ဒိယနိုင်ငံတွင် နိုဝင်ဘာ ၁၆ နေ့က ထုတ်ဝေလိုက်တဲ့ မြန်မာစစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ အတ္ထုပတ္တိစာအုပ်။

“သူ (သန်းရွှေ) ဒီစာအုပ်ကို ကြိုက်မယ်လို့ ကျွန်တော်မထင်ဘူး။ ဘာ့ကြောင့်လဲဆိုတော့ သူ မကောင်းတဲ့ အကြောင်းအရာ အများအပြားပါနေလို့ပါ” ဆိုပြီး စာရေးသူက ပြောသည်။

အာဏာရှင်သန်းရွှေကြောင့် မြန်မာပြည်သူများ ဒုက္ခပေါင်းစုံခံစားနေရသည့် အကြောင်းကို နိုင်ငံတကာမှ ပိုသိမြင်လာစေရန် ရည်ရွယ်ချက်ဖြင့် ဤစာအုပ်ရေးရခြင်းဖြစ်သည်ဟု စာရေးသူ ရော်ဂျာစ် က ထိုင်းအခြေစိုက် ကချင်သတင်းဌာနသို့ ပြောသည်။

“မြန်မာပြည်ကို ကူညီမှုပေးချင်ရင် စစ်အာဏာရှင်သန်းရွှေအကြောင်း သိဖို့လိုတယ်” ဟု စာရေးသူ က ပြောသည်။

မြန်မာ့အရေး ၁၀ နှစ်ကျော်လေ့လာခဲ့သူ စာရေးသူ ရော်ဂျာစ်က သန်းရွှေနှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို အဓိက အရင်းအမြစ် ၃ ခုမှ စုစည်းရယူခြင်းဖြစ်သည်။

ပထမ သတင်းအရင်းအမြစ်သည် သန်းရွှေနှင့် ပုဂ္ဂိုလ်ရေးအရခင်မင်ရင်းနှီးခဲ့သူများနှင့် ဗိုလ်ချုပ်မှူးကြီးနှင့် စစ်သင်တန်းအတူတက်ရောက်ခဲ့သည့် တပ်ထွက်များထံမှဖြစ်သည်။

ဒုတိယ သတင်းအရင်းအမြစ်သည် နိုင်ငံတကာသံတမန်များမှဖြစ်ပြီး ၎င်းတို့ထဲတွင် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် (၂၀၀၀-၂၀၀၈) ရာဇာလီအစ်မေးလ်နှင့် သန်းရွှေနှင့်တွေ့ဆုံခဲ့ဖူးသည့်
နိုင်ငံတကာ သံတမန်များပါဝင်သည်။

တတိယ သတင်းအရင်းအမြစ်မှာ အာဏာရှင်သန်းရွှေ၏ ရက်စက်စွာအုပ်ချုပ်မှုအောက်၌ အသက်ရှင်နေထိုင်ရသော ပြည်သူများထံမှဖြစ်သည်။

“သူ့အတွက်အရမ်းဝမ်းနည်းတယ်။ ဒီကနေ့မြန်မာပြည်မှာဖြစ်ပျက်တဲ့ပြဿနာအားလုံးအတွက် တာဝန်အရှိဆုံး ဆိုတာကို သူ (သန်းရွှေ) လက်ခံရမယ်” ဟု မြန်မာ့အိမ်နီးချင်း ထိုင်း၊ တရုတ် နှင့် အိန္ဒိယ နယ်စပ်တစ်လျှောက် တိုင်းရင်းသားဒေသများသို့ အကြိမ်ကြိမ်ရောက်ရှိလေ့လာခဲ့သူ ရော်ဂျာစ် ပြောသည်။
“လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက်သူဟာ တရားခံပဲ၊ တရားမျှတမှုတွေရှိလာမယ်လို့မျှော်လင့်တယ်” ဟု ဆက်ဆိုသည်။

ရော်ဂျာစ်၏စာအုပ်တွင် သန်းရွှေ နှင့် အောင်ဆန်းစုကြည်အကြား အဓိကကွာခြားချက်များကိုပါ နှိုင်းယှဉ်ရေးသားထားသည်။ နိုဘယ်ဆုရှင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား စစ်ခေါင်းဆောင် သန်းရွှေ က ဆယ်နှစ်ကျော်ထိန်းသိမ်းခဲ့သည်။

လတ်သလောရွေးကောက်ပွဲရလဒ်ကို “လုံးဝ လက်ခံနိုင်ဖွယ်မရှိသည့်အပြင် ရှက်ဖွယ်ရာရွေးကောက်ပွဲသာ ဖြစ်ကြောင်း” ရော်ဂျာစ်ကဆိုသည်။

သူဆက်ပြီး “နိုင်ငံတကာက ဒီရွေးကောက်ပွဲကို အသိအမှတ်မပြုသည့်အပြင် မြန်မာစစ်ခေါင်းဆောင်များကို တိုးပြီးဝေဖန်နေပါတယ်” ဟု ပြောပါသည်။

“တကယ်လို့ တိုင်းရင်းသားများ ပါဝင်တဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲဖြစ်ပေါ်လာမယ်ဆိုရင် ဒါဟာအပြုသဘော ဆောင်တဲ့ မြန်မာ့နိုင်ငံရေးအပြောင်းအလဲဖြစ်လာမှာပါ” ဟု စာရေးသူ ဘင်နီဒစ်ရော်ဂျာစ်က ပြောသည်။
 
ကချင်သတင်းမှ........

11ReadMore-2.jpg

နအဖစစ်တပ် ကျေးရွာအနီးတ၀ိုက် နှစ်ညဆက်တိုက် လက်နက်ကြီးငယ် ဖြင့် လိုက်လံပစ်ခတ်



နိုဝင်ဘာလ ၂၀ရက်။ စောသိန်းမြင့် (ကေအိုင်စီ)

ဒီကေဘီအေ တပ်ဖွဲ့ဝင်များ လှုပ်ရှားလျှက်ရှိသော ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ထီးတပလယ်ကျေးရွာ အနီးတ၀ိုက် တွင် နအဖစစ်တပ်က နိုဝင်ဘာလ ၁၈ရက်နေ့ညကတည်းက နှစ်ညဆက်တိုက် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လိုက်လံ ပစ်ခတ်လျှက်ရှိသည်ဟု ဒီကေဘီအေတပ်ဖွဲ့က ပြောသည်။

ဒီကေဘီအေ တပ်မဟာ(၅)မှူး ဗိုလ်မှူးချုပ် စောလားပွယ်က “ဒီလိုလိုက်ပစ်တာ နှစ်ညရှိပြီ။ နအဖစစ်တပ်က အကြောက်လွန် အားကြီးလို့ ပစ်ခတ်တာပဲ။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီမှာရှိတဲ့ ကျနော့်လူတွေက ပြန်လည်ပစ်ခတ်တာတို့ ဘာတို့ တခုမှလုပ် တာ မရှိဘူး။”ဟု ပြောသည်။

ထီးတပလယ်ကျေးရွာ တောင်ကုန်းတွင် လှုပ်ရှားနေသော နအဖစစ်တပ် စကခ(၈)လက်အောက်ခံ ခလရ(၉၇)တပ်ရင်းသည် ပြီးခဲ့သည့် နိုဝင်ဘာလ (၁၈)ရက်နေ့ည ၉နာရီခန့်တွင် ဒီကေဘီအေ လှုပ်ရှားနိုင်သည့် နေရာများသို့ လက်နက်ကြီးငယ်များဖြင့် အချက်ပေါင်း ၄၀ခန့်ပစ်ခတ်ခဲ့သည့်အပြင် ယမန်နေ့ညနေ ၄နာရီခန့်ကလည်း လက်နက်ကြီးငယ်များဖြင့် အချက်ပေါင်း(၂၀)အ ထိ ပစ်ခတ်ခဲ့သည်ဟု သိရသည်။

သို့သော် ထိုပစ်ခတ်မှုကြောင့် မည်သူမျှ ထိခိုက်ဒဏ်ရာရခြင်း မရှိခဲ့ကြောင်း ဗိုလ်မှူးချုပ်စောလားပွယ်က ပြောသည်။

အင်အား (၂၀)ကျော်ရှိ အဆိုပါ နအဖတပ်ဖွဲ့သည် ပြီးခဲ့သည့် နိုဝင်ဘာလ ၈ရက်နေ့က ဒီကေဘီအေနှင့် နအဖစစ်တပ်တို့ကြား နှစ်ဘက်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီနောက်ပိုင်း ထီးတပယ်ကျေးရွာအတွင်းသို့ ၀င်ထွက်သွားလာမှုမရှိတော့ဘဲ ယနေ့အချိန်ထိ ၎င်းတို့ အခြေချရာ တပ်စခန်း၌သာ ခိုအောင်းနေကြသည်။

အလားတူပြီးခဲ့သည့် နိုဝင်ဘာလ ၁၆ရက်နေ့က အံဖကျေးရွာတွင် အခြေချသည့် နယ်ခြားစောင့်တပ် အမှတ်(၁၀၁၅)မှ ဗိုလ် ကြီးအကြည် ဦးဆောင်သည့်အဖွဲ့သည် အံဖကျေးရွာအတွင်းသို့ M-79 ၉လုံးနှင့် ၆၀-မမ ၁လုံးပစ်ခတ်ခဲ့သည့်အပြင် ၎င်းအဖွဲ့ သည် ညနေ ၂နာရီအချိန်တွင် နန်းရွှေမှုံကျေးရွာအတွင်းသို့ ၆၀-မမ ၃လုံး ထပ်မံ ပစ်ခတ်ခဲ့ရာ အသက်(၇၀)အရွယ်ရှိ ရွာသား ဦးနိုင်ဦးကို ထိမှန်သွားခဲ့သည်ဟု သိရသည်။

ယနေ့မနက် (၆)နာရီတွင်လည်း နအဖ ခမရ(၄၀၉)နှင့် ဒီကေဘီအေ တပ်မဟာ(၅) တပ်ဖွဲ့တို့နှင့် အူးကလေ့ထာတွင် ချုံခို တိုက်ပွဲတကြိမ်ဖြစ်ပွားခဲ့ရာ နအဖဘက်က ၁ဦး ကျဆုံးသွားခဲ့သည်။


11ReadMore-2.jpg

Friday, November 19, 2010

လျှပ်စစ်မီး ရရန် ကရင်နီတပ်မှ ကြိုးပန်းခဲ့သော စီမံကိန်း စစ်တပ်မှ ဆက်လက်ကူညီနေ

ကန္တာရ၀တီတိုင်း(မ်)


ကရင်နီပြည် ရှားတောမြို့နယ်အတွင်းမှ ဒေါဝယ်ရောကျေးရွာတွင် လျှပ်စစ်မီး အသုံးပြုနိုင်ရန်အတွက် ကရင်နီတပ်မတော်တို့မှ ကူညီထားခဲ့သော စီမံကိန်း တခုအား ဆက်လက်အောင်မြင်နိုင်ရန်အတွက် စစ်အစိုးရတပ်မှ ကူညီဆောင်ရွက်ပေးနေကြောင်း သိရသည်။ ဒေါဝယ်ရော ကျေးရွာနဘေး၌ စီးဆင်းလာသော စမ်းချောင်းမှတဆင့် ရေအားလျှပ်စစ်မီးအား ရွာထဲသို့ သွယ်ယူနိုင်ရန်အတွက် ကရင်နီတပ်မတော်မှ လိုအပ်သော ငွေကြေး အထောက်အကူများ ဆောင်ရွက်ပေးခဲ့သော်လည်း စီမံကိန်းမှာ မပြီးမြောက်သေးသည့်အတွက် စစ်တပ်မှ ဆက်လက်ကူညီပေးမည်ဟု ဒေသခံများက ပြောသည်။
ဒေါဝယ်ရောကျေးရွာ အနီးမှ လျှပ်စစ် ရရန် စီမံကိန်းအတွက် ရွာသားများ လုပ်အားပေးနေ (ဓါတ်ပုံ-ကယားလီဖု)
ဒေါဝယ်ရောကျေးရွာ အနီးမှ လျှပ်စစ် ရရန် စီမံကိန်းအတွက် ရွာသားများ လုပ်အားပေးနေ (ဓါတ်ပုံ-ကယားလီဖု)
“အဲဒီစီမံကိန်းကို လွန်ခဲ့တဲ့ ၁ နှစ်ကျော်က စတင်ခဲ့တာ ဖြစ်တယ်။ ကရင်နီတပ်မတော်တို့ကနေ အကူအညီတစ်ချို့ ရရှိပြီး စတင်အကောင်အထည် ဖော်ခဲ့တယ်။ ငွေကြေး မလုံလောက်တဲ့အတွက် စီမံကိန်း မအောင်နိုင်သေးဘူး။ ဒီစီမံကိန်းကို ဒီနှစ်မကုန်မှီ အောင်မြင်နိုင်ပြီး မီးလင်းနိုင်ဖို့ တပ်ဘက်က ဦးဆောင်ပြီး အလှူငွေ ကျပ် ၅ သိန်းနဲ့ ဒကစမှူးကနေပြီး ၁၁ သိန်း ထပ်မံကူညီပေးမှာ ဖြစ်တယ်” ဟု ဒေါ်ဝယ်ရောရွာသား တဦးက ပြောသည်။

ရွားတောမြို့နယ်သည် သံလွင်မြစ်နှင့် ပွန်ချောင်းအကြားတွင် ရှိပြီး ဆက်သွယ်ရေး၊ သွားလာရေး ခက်ခဲသော မြို့နယ်တခု ဖြစ်သည့်အပြင် လျပ်စစ်မီး မရှိသည့် မြို့နယ်တခု ဖြစ်သည်။
ဒေါဝယ်ရောကျေးရွာမှ ယခုလို ရေအားလျှပ်စစ် ရရှိရန် ဆောင်ရွက်နေသော စီမံကိန်းသည် ရှားတောမြို့နယ်အတွင်း ပထမဦးဆုံးအကြိမ် လျှပ်စစ်မီး ရရှိရန် ကြိုးပန်းနေသော စီမံကိန်း ဖြစ်သည်။

“ဒီလိုလူထုစည်းရုံးခြင်းဟာ အပြုသဘောဆောင်မည့် လက္ခဏာ ဖြစ်တယ်။ အဘက်ဘက်က နောက်ကျနေတဲ့ ရွာသားတွေအတွက် ဖွံ့ဖြိုးရေးတစ်ခု ဖြစ်တယ်။ အောင်မြင်သွားခဲ့ရင် သားသမီးကလေး ပညာရေးအတွက် အထောက်အကူ ပြုလိမ့်မယ်လို့ ယူဆရပါတယ်။ လူနေမှု အဆင့်အတန်းလည်း ပြောင်းလဲတိုးတက်လာမယ်လို့ မျှော်လင့်ရပါတယ်” ဟု ရှားတောမြို့နယ် ကျေးရွာတရွာမှ ရွာသူကြီး တဦးက ပြောသည်။

11ReadMore-2.jpg

အင်အား အလုံးအရင်း တိုးချဲ့လာ သည့် နအဖတပ်များကြောင့် ဒေသခံရွာသားများ စိုးရိမ်ထိတ်လန့်


နိုဝင်ဘာလ ၁၉ရက်။ စောသိန်းမြင့် (ကေအိုင်စီ)

ကရင်ပြည်နယ် ဘုရားသုံးဆူမြို့နယ်ခွဲတွင် ယခုရက်ပိုင်းအတွင်း နအဖ စစ်တပ်များ အင်အား အလုံးအရင်းဖြင့် တိုးချဲ့လာပြီး ကေအဲန်ယူနှင့် တိုက်ပွဲဖြစ်ပွားလာနိုင်သည့်အရေးကို ရွာသားများ အလွန်စိုးရိမ်ထိတ်လန့်ကြသည်ဟု သိရသည်။

နိုဝင်ဘာလ ၁၄ရက်နေ့နှင့် ၁၅ရက်နေ့တွင် မြိုင်ကလေး၊ သက်ကယ်၊ ကျောက်ခွဲ၊ ကျောက်ပူ၊ တာ့ဒေး၊ အပလုံ စသည့်ကျေးရွာ များမှ ရွာသားတချို့သည် ရွာထဲတွင် တိုက်ပွဲ တစုံတရာဖြစ်ပွားပါက နအဖစစ်တပ်၏ ပေါ်တာချောဆွဲခံရမည်ကို စိုးရိမ်ကြ သဖြင့် တမိချောင်းတဘက်ကမ်းသို့ ယနေ့အထိ ကူးလာနေကြောင်း နယ်မြေခံ ကရင်ရဟန်းပျိုသမဂ္ဂအဖွဲ့ဝင်တပါးက မိန့်ကြား သည်။

၎င်းက “အဲဒီရွာတွေဟာ ဗမာစစ်သားတွေ တက်လာတဲ့လမ်းအတိုင်း ဖြစ်နေတယ်လေ။ တိုက်ပွဲဖြစ်ရင် သူတို့တွေပဲ အထိနာမှာ ဆိုတော့ သူတို့အတွက် လုံခြုံတယ်လို့ ထင်တဲ့နေရာတွေမှာ တိမ်းရှောင်သွားတာ အယောက်(၂၀၀)လောက် ရှိတယ်လို့ ပြော ကြတယ်။”ဟု မိန့်ကြားသည်။

ပြီးခဲ့သည့် နိုဝင်ဘာလဆန်းပိုင်းက ဒီကေဘီအေနှင့် နအဖစစ်တပ်တို့ ဘုရားသုံးဆူမြို့အတွင်း ဒီကေဘီအေနှင့် နအဖစစ်တပ် တို့ တိုက်ပွဲဖြစ်ပွားခဲ့ချိန်မှစ၍ ယခုအချိန်အထိ နအဖ စကခ(၈)နှင့် စကခ(၁၂)လက်အောက်ခံ တပ်ရင်း ၅ရင်းမှ စစ်သည်အင် အား ၅၀၀ကျော်တိုးလာသည်ဟု ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(ကေအဲန်အယ်လ်အေ) တပ်ရင်း(၁၆)ကလည်း အတည်ပြု ပြောဆိုသည်။

ကေအဲန်အယ်လ်အေ တပ်ရင်း(၁၆) တပ်ခွဲ(၂) ဒုခွဲမှူး စောဘူ့ဂေက “ဘုရားသုံးဆူ ပစ်ခတ်မှုဖြစ်ပွားတဲ့အချိန်ကစပြီး နအဖက တော့ တဖြည်းဖြည်းချင်း အင်အားတိုးချဲ့လာတာ ကနေ့အထိပဲ။ အခုဆိုရင် စကခ(၈)က ခမရ(၄၀၁)၊ (၄၀၂)၊ (၄၀၅)၊ (၄၀၆) နဲ့ စကခ(၁၂)က ခလရ(၂၈၃)။ အဲဒီတပ်ရင်း (၅)ရင်းဆိုရင် အင်အား ၅၀၀ရှိပြီ။ ဒီနေ့လည်း စကခ(၈)က နည်းဗျူဟာ(၁)မှူး ဗိုလ်မှူးကြီးသိန်းဇော် ဘုရားသုံးဆူကို ရောက်လာပြီ။”ဟု ပြောသည်။

ယမန်နေ့က ဘုရားသုံးဆူဂွင်တနေရာတွင် ကေအဲန်အယ်လ်အေ တပ်ရင်း(၁၆) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးမန်းတင်လှိုင်က သက်ဆိုင်ရာ ရွာသူကြီးနှင့် သံဃာတော်များအား တွေ့ဆုံခဲ့ပြီး ထွက်ပြေးခဲ့ကြသည့် ရွာသားများအား ရွာအတွင်းသို့ ပြန်လည် နေထိုင်ခိုင်းရာတွင် ရွာသားအချို့မှာ ပြန်လည်နေထိုင်ခဲ့သော်လည်း အချို့မှာ တိမ်းရှောင်နေဆဲဖြစ်သည်ဟု သိရသည်။

ထို့အပြင် နအဖစစ်တပ်များ တပ်အင်အား တိုးချဲ့လာသည့်တချိန်တည်းတွင် စစ်ပစ္စည်းနှင့် တပ်ရိက္ခာများကို သယ်ယူပို့ဆောင် ရန်အတွက် ရွာသားများ၏ နွားလှည်းများကို ခေါ်ယူအသုံးပြုသည့်အပြင် ရွာသားကိုယ်တိုင်လည်း ပေါ်တာထမ်းပေးရကြောင်း ရွာခံတဦးက ပြောသည်။

“ပြီးခဲ့တဲ့ ၁၅ရက်နေ့က ဗမာစစ်သားတွေ ရွာထဲကိုဝင်လာတော့ ရွာမှာ ယောက်ျားတွေ အကုန် ထွက်ပြေးခဲ့ကြတယ်။ နအဖက ပြောတယ် ယောက်ျားတွေ ပြန်မလာလို့ရှိရင် အိမ်မှာကျန်တဲ့ မိန်းမတွေကိုပဲ ပေါ်တာခေါ်မယ်လို့ ပြောတော့ ယောက်ျားတွေ အကုန်ပြန်ပြီး ပေါ်တာထမ်းရတယ်။” ဟု ပြောသည်။

အဆိုပါ နအဖတပ်များသည် လက်ရှိအချိန်တွင် ဘုရာသုံးမြို့ပြင် ပတ်ပတ်လည်နှင့် ယခင် ဒီကေဘီအေတပ်ဖွဲ့များ၏ စခန်း၊ ဂိတ်များတွင် ၀င်ရောက်နေရာယူထားသော်လည်း ထူးခြားသည့် စစ်ရေးလှုပ်ရှားမှု တစုံတရာ လုပ်ဆောင်ခြင်းမရှိသေးပေ။


11ReadMore-2.jpg

ဝေါလေတွင် နအဖတပ်များက လက်နက်ကြီးများဖြင့် ပစ်ခတ်နေလျှက်ရှိ

ရိုးမ ၃သတင်း

ထိုင်း- မြန်မာနယ်စပ်ဒေသ ကရင်ပြည်နယ်၊ ဝေါလေဂွင်အတွင်း ဒီကေဘီအေတပ်များ ဝန်းရံထားသည့်အတွက် နအဖစစ်တပ်များ ရွာထဲမှနေ၍ လက်နက်ကြီးများဖြင့် ပစ်ခတ်နေလျှက်ရှိကာ ဒေသခံ ရွာသားများ ဆက်လက်တိမ်းရှောင်နေရသည်။
ဗိုလ်မှူးချုပ် စောလားပွယ်
ဗိုလ်မှူးချုပ် စောလားပွယ်
ယနေ့ မနက် (၃) နာရီခန့်တွင် စစ်အစိုးရတပ်များက ဝေါလေဂွင်၊ ထိပလယ်ရွာအခြေစိုက် စခန်းကနေ လက်နက်ကြီးများဖြင့် ပစ်ခတ်နေခြင်းဖြစ်ကြောင်း ဒီကေဘီအေ တပ်မဟာ (၅) တပ်ရင်းမှူး ဗိုလ်မှူးချုပ် စောလားပွယ်က ပြောသည်။
“ကျနော်တို့ ထွက်ခွင့်မပေးတဲ့အတွက် သူတို့ ကြောက်ကြောက်နဲ့ လက်နက်ကြီးတွေနဲ့ လှမ်းပစ်နေတာ၊ ဝေါလေဂွင် ထိပလယ်ကနေ လှမ်းပစ်တာ၊ (၁၅) လုံးလောက်ရှိတယ်၊ ရွာသားတွေကတော့ ထွက်ပြေးနေတယ်” ဟု ပြောသည်။
ဝေါလေဂွင်အတွင်း စစ်အစိုးရတပ် အင်အား (၅၀၀)ခန့်ရှိပြီး စကခ(၈) လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့များ ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
ဒီကေဘီအေအနေဖြင့် ပြန်လည်ပစ်ခတ်ခြင်း မရှိသေးသော်လည်း အဆင့်သင့် ပြင်ဆင်ထားကြောင်း ၎င်းက ဆက်ပြောသည်။
“ကျနော်တို့ ဘက်မှာတော့ ရွာထဲမှာတော့ ဘာမှမလုပ်သေးဘူး၊ ရွာပြင်ထွက်ရင်တော့ လုပ်ဖို့ကိုင်ဖို့ ပြင်ဆင်ထားတာရှိပါတယ်၊ သူတို့က ရွာထဲမှာဘဲ နေတယ်၊ စစ်တပ်က ကျတော်တို့နဲ့ တိုက်ပွဲမဖြစ်ဘဲ သူတို့ဘက်က လိုက်ပြီး ပစ်နေတာ၊ ဒီနှစ်ရက်အတွင်းမှာ တိုက်ပွဲမဖြစ်သေးဘူး” ဟု ပြောသည်။
ဝေါလေဂွင်အတွင်း ယခုလ ၁၄ ရက်နေ့ကလည်း တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံရွာသားများ ထိုင်းဘက်ကမ်းရှိ ဖုတ်ဖရမြို့နယ်အတွင်းသို့ ထွက်ပြေးတိမ်းရှောင်နေရသည်။

“ဒေသခံရွာသား သုံးထောင်လောက်ရှိတယ်၊ အိမ်ထောင်စု (၅၀၀) ကျော်ပေါ့၊ အခုရွာသားတွေက နီးစပ်ရာ ဝေါလေ၊ ဖုတ်ဖရ ဘက်ကို တိမ်းရှောင်သွားတယ်၊ ဒီနေ့ရော မနေ့ကရောဘဲသွားတာ” ဟု ဆက်ပြောသည်။
နအဖနှင့် ဒီကေဘီအေတပ်များ နယ်စပ်တလျှောက်တွင် တိုက်ပွဲများ ဆက်တိုက်နီးပါး ဖြစ်ပွားနေလျှက်ရှိကာ ဒီကေဘီအေ တပ်ရင်းအချို့မှာ အင်အား ရာနှင့်ချီ၍ မကြာခင်ရက်ပိုင်းအတွင်းက ကရင့်အမျိုးသား အစည်းအရုံးလက်အောက်ခံ ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) သို့ လာရောက်ပူးပေါင်းခဲ့သည်။

11ReadMore-2.jpg

မြ၀တီလူထုအခြေအနေ(မြန်မာစံတော်ချိန် မွန်းလွဲ ၁နာရီခွဲ)

(ကေအိုင်စီ)
နိုဝင်ဘာလ ၁၉ရက်။ မြန်မာစံတော်ချိန် မွန်းလွဲ ၁နာရီခွဲလောက်မှာ မြ၀တီမြို့ထဲက လူထုတွေ ရုတ်ရုတ်သဲသဲ ဖြစ်နေတယ်။ သူတို့ကြားတာက မြို့ထဲမှာ အခြေအနေ မကောင်းဘူး။

ညနေ ၃နာရီလောက်မှာ လက်နက်ကြီးနဲ့ပစ်လိမ့်မယ်ဆိုပြီး ပြောနေကြတာ။ ကျောင်းတွေမှာဆိုလည်း ဆရာမတွေက ကျောင်းသားမိဘတွေကို ကလေးတွေ လာကြိုဖို့ပြောတော့ လူတွေက ရှုတ်ယှက်ခတ်သွားတာပေါ့။ ဒါပေမဲ့ စစ်တပ်ကတော့ လုံခြုံရေးချထားမြဲပဲ။ ၂နာရီခွဲလောက်မှာ အဲဒီရုတ်ရုတ်သဲသဲဖြစ်နေတဲ့ လူထုတွေလည်း ပြန်ငြိမ်သွားတယ်။

ကျောင်းဆရာမတွေလည်း အတန်းငယ်တွေကိုပဲ ပေးပြန်တာ။ အတန်းကြီးတွေကို မပေးပြန်ဘူးလို့ ဆရာမတစ်ယောက်က ပြောတယ်။

11ReadMore-2.jpg

Thursday, November 18, 2010

DKBA တချို့ KNU နဲ့ပေါင်းဟုဆို

မဇ္ဈိမ သတင်းမှ.....

နယ်ခြားစောင့်တပ် မပြောင်းလိုသော တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် အင်အားအချို့ ကရင်အမျိုးသားအစည်းအရုံးနှင့် မနေ့ မနက်က ပူးပေါင်းလိုက်ကြောင်း နှစ်ဖက်ခေါင်းဆောင်များက ပြောသည်။

ဗိုလ်မှူးကြီးစောလားပွယ် (ခေါ်) ဗိုလ်နှုတ်ခမ်းမွှေး လက်အောက်ခံ ဝေါလေ အခြေစိုက် တပ်ရင်း ၉ဝ၉ တပ်ရင်းမှူး စောစတီးလ်၊ ဗဟိုလုံခြုံရေး တပ်ခွဲမှူး စောရွှေဝါးနှင့် တပ်သား ၃၈ ဦး ဗုဒ္ဓဟူးနေ့မနက် ၉ နာရီက သွားရောက် ပူးပေါင်းသည် ဆိုသည်။

၉ဝ၉ တပ်ရင်းမှူး စောစတီးလ်(ဘယ်)နှင့် ဗိုလ်မှူးကြီး နယ်ဒါးမြ (ညာ)တို့အား တွေ့ရစဉ်

“နအဖ စစ်အစိုးရဒဏ်ကို မခံနိုင်လို့၊ နအဖ စစ်အစိုးရက ကျနော်တို့ကို BGF (နယ်ခြားစောင့်တပ်) အလုပ်ခိုင်းတာ မလုပ်ချင်လို့၊ နောက် သူတို့ရွေးထားတဲ့မဲဟာ မရိုးသားတဲ့မဲ မသေချာတဲ့ မဲမှန်း သိသွားတဲ့ အခါကျတော့ ကျနော်တို့ ဒီ KNU ခေါင်းဆောင်ကြီးတွေနဲ့ ပြန်လာပူးပေါင်းရပါတယ်” ဟု တပ်ရင်းမှူး စောစတီးလ်က ပြောသည်။

အေကေ- ၄၇၊ အမ်-၁၆ သေနတ်များ၊ အာပီဂျီ လောင်ချာများနှင့် ၆ဝမမ စိန်ပြောင်းတို့ပါ ယူဆောင်လာသော DKBA များကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ် ဗိုလ်မှူးကြီး နယ်ဒါးမြနှင့် နယ်မြေ စစ်ဘက်အရာရှိများက မနေ့က ကြိုဆိုပွဲလုပ်ခဲ့သည် ဆိုသည်။
“ကျနော်တို့ တအားဝမ်းသာပါတယ်။ အခု ကျနော်တို့ညီအကိုတွေ ပြန်တွေ့ပြီး နောက်ပိုင်းမှာ ရည်မှန်းချက် တူပြီ။ ကျနော်တို့ အတူတူ ဆက်လုပ်မယ်” ဟု ဗိုလ်မှူးကြီး နယ်ဒါးမြက ပြောသည်။

DKBA တပ်ရင်း ၉ဝ၉ တွင် ပုံမှန်အင်အား မည်မျှရှိသည်ကို ရှင်းရှင်းလင်းလင်း မသိရသေးသော်လည်း ကျန်ရစ်သူများ ရှိသေးသည်ဟု KNU သတင်းရပ်ကွက်က ပြောသည်။
နအဖ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် ၈ နည်းဗျူဟာ ၃ မှ စစ်ဦးစီး-တတိယတန်း ဗိုလ်ကြီးသက်နိုင်ကို DKBA တပ်ရင်း ၉ဝ၉ က မြဝတီအနီးတွင် နိုဝင်ဘာ ၈ ရက်က ၅ ရက်ကြာ ဖမ်းထားပြီး ပြန်လွှတ်ပေးခဲ့သည်ဟု DKBA က သတင်းထုတ်ပြန်ခဲ့ဘူးသည်။

ပြန်လည် ဘက်ပြောင်းလာသည့် DKBA တပ်များကို ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးအနီးတွင် လက်ခံထားကြောင်း KNLA တပ်ရင်းမှူးတဦးက ပြောသည်။

နယ်ခြားစောင့်တပ် တပ်ရင်း ၁ဝ၁၂၊ ၁ဝ၁၃ နှင့် ၁ဝ၁၄ တို့ကိုလည်း DKBA အဖြစ် ပြန်ကြေညာရန် အဖွဲ့နာယက မြိုင်ကြီးငူဆရာတော်က မကြာခင်က ကြိုးစားခဲ့သော်လည်း အရှေ့တောင်တိုင်း စစ်ဌာနချုပ်က တားဆီး၍ အထမမြောက်ခဲ့ရဟု နယ်ခြားစောင့်တပ် အရာရှိတဦးက ပြောသည်။ သြဂုတ်လ ၁၈ ရက်က နယ်ခြားစောင့်တပ် မပြောင်းမီ DKBA တွင် အင်အား ၆ ထောင် အနည်းဆုံးရှိသည်ဟု DKBA ဘက်က ထုတ်ပြန်ဖူးသည်။

ထိုင်း-မြန်မာနယ်စပ် နေရာအချို့ကို KNU လက်မှသိမ်းပြီး ထိန်းချုပ်ထားခဲ့သော DKBA များကို နေပြည်တော်က နယ်ခြားစောင့်တပ် ပြောင်းလဲရန် ဖိအားပေး ခံရစဉ်ကတည်းက DKBA တပ်အချို့ KNU နှင့် ပြန်ပူးပေါင်းလိုကြောင်း ပြသခဲ့ကြသည်။

၁၉၉၅ က မြန်မာစစ်အစိုးရနှင့် အပစ်ခတ်ရပ် စာချုပ်ချုပ်ခဲ့သော DKBA များ စစ်အစိုးရတပ်များနှင့် ပူးပေါင်းပြီး KNU ကို ပြန်တိုက်ခဲ့ဖူးသည်။

11ReadMore-2.jpg

ယနေ့ သတင်း (၁၈ ရက် နိုဝင်ဘာလ ၂၀၁၀)

ဆုံဆည်းရာ၊ ၁၈ ရက် နိုဝင်ဘာလ ၂၀၁၀

ရန်ကုန်
- ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် မြို့တော်ခန်းမအနောက်လမ်းရှိ Sky Net အင်တာနက်ဆိုင်တွင် ယနေ့ မနက်ပိုင်းတွင် ဗုံးများတွေ့ရှိသောကြောင့် ရန်ကုန်ရှိ internet ဆိုင်များ ချက်ချင်း ပိတ်ရန် အမိန့် ထုတ်ပြန်လိုက်ကြောင်း သိရှိရသည်။ ပြည်တွင်း အင်တာနက်လိုင်းတချို့ ဖြတ်ထားခံထားရကြောင်း သိရှိရသည်။

မြ၀တီ
- ဒီကေဘီအေ တပ်မဟာ ၅ - ကလိုထူးဘောဗျူဟာ လက်အောက်ခံ တပ်ရင်း ၉၀၉ မှ ဗိုလ်မှူးကြီး စတီး ဦးဆောင်သည့် တပ်ဖွဲ့အင်အား ၁၅၀ ခန့် ယမန်နေ့က ကေအန်ယူနှင့် ပြန်လည် ပူးပေါင်းသွားကြောင်း သိရှိရသည်။

- နအဖ စစ်တပ်နဲ့ ဒီကေဘီအေ တပ်များ တပ်မဟာ ၆ နယ်မြေ ကျိုင်းဒုံဂွင်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း သိရှိရသည်။

- မြ၀တီမြို့တွင် မြို့တွင်းတိုက်ပွဲများ ဖြစ်ပေါ်မည်ဟု သတင်းများ ထွက်ပေါ်လာသောကြောင့် မြ၀တီမြို့တွင် ရပ်ဝေးမှ လာရောက် နေထိုင်လုပ်ကိုင်နေကြသော စီးပွားရေးသမားနှင့် ပြည်သူလူထုများ နေရပ်မြို့များသို့ ပြန်ကုန်ကြကြောင်း မြို့ခံတဦးမှ ပြောသည်။ မြ၀တီမြို့တွင်းတွင် နအဖ စစ်သားများမှ ဟမ်းဖုန်းကိုင်ဆောင်ထားသူများကို ဒီကေဘီအေ သတင်းပေးများဟုဆိုကာ ဟန်းဖုန်းများကို လိုက်လံ သိမ်းဆည်းနေကြောင်း သိရသည်။

ဗွီဒီယို
- ဒေါ်အောင်ဆန်းစုကြည် ပြောသွားတဲ့ ဒုတိယ ပင်လုံညီလာခံအကြောင်း ယမန်နေ့က ထိုင်းတီဗွီလိုင်းက ထုတ်လွှင့်သွားတာပါ။


11ReadMore-2.jpg

Wednesday, November 17, 2010

ဒီကေဘီအေနှင့် ကေအဲန်ယူ ပူးတွဲ တိုက်တော့မည်။




သွေးရင်းညီကိုယ်တွေ ပြန်ဆုံပြီ



ဒီတခါ ငါတို့ ကို သွေးခွဲခဲ့တဲ့ ခွေးတွေကို အပြတ်ပြန်ဆော်မယ် လို့  တိုးတိုးလေး ပြောသံ ကြားလိုက်ရတယ်



ဓါတ်ပုံ  သောသီခို

11ReadMore-2.jpg

အမျိုးသားပြန်လည်သင့်မြတ်မှုကိုလိုလားသော ဒီကေဘီအေ တပ်ဖွဲ့ ဝင်များအား ကရင်လူထုက နွေးထွေးစွာ ကြိုဆို


သောသီခိုမှ.......

ဓါတ်ပုံ + သတင်း = နန်းဖေါခလိန်း

ယနေ့  ၁၇၊ ၁၁၊ ၂၀၁၀ ရက်နေ့ တွင် ကရင်ပြည်နယ်တွင်းတစ်နေရာ၌ ၁၅ နှစ်ကျော်ကြာ နအဖ စစ်အစိုးရ၏ အစီအစဉ်ရှိရှိ ကရင်အချင်းချင်း အိုးမဲသုတ် ရန်တိုက်ပေးပြီး တိုက်ခိုက်သတ်ဖြတ် မှုများ၊ နအဖ စစ်အစိုးရ၏ သပ်လျှိုဖြိုခွဲမှုများကို သဘောပေါက်နားလည်လာပြီး အမျိုးသားပြန်လည်သင့်မြတ်မှုကို ရှေ့ ရှုလျက် ဘုံရန်သူ နအဖ စစ်အစိုးရအား မိခင် ကေအဲန်ယူအစည်းအရုံးနှင့်အတူ ပြန်လည် လက်တွဲ တိုက်ပွဲဝင်လာသော ဒီကေဘီအေ တပ်ဖွဲ့ ဝင်များအား ဒေသခံပြည်သူများ နှင့်နိုင်ငံတကာမှ ကရင်ပြည်သူများက ဂုဏ်ပြုကြိုဆိုပွဲတစ်ခုကို ယနေ့  ကျင်းပကြောင်း သတင်းရရှိပါသည်။

၎င်း ကြိုဆိုပွဲတွင် ဒီကေဘီအေ တပ်ကို ဦးဆောင်သူများမှာ အမှတ်(၉၀၁)တပ်ရင်းမှူး ဗိုလ်မှူးစတီးနှင့် ဌာနချူပ်တပ်မှူးတစ်ဦးဖြစ်သူ ဗိုလ်ရွှေဝ တို့ ဖြစ်ကြောင်းသတင်းရရှိပါသည်။ ယနေ့ ပြည်သူများ၏ ထောက်ခံဂုဏ်ပြုကြိုဆိုပွဲကို တက်ရောက်ခံယူသော ဒီကေဘီအေ တပ်သားအင်အားမှာ ၁၅၀ ကျော်ရှိကြောင်းနှင့် ကျန်ရှိသော တပ်သားအများစုမှာ လှူံခြုံရေးတာဝန်ယူထားရပါသဖြင့် လူမြင်ကွင်းတွင် မတွေ့  ရပါဟု နန်းဖေါခလိန်း မှ သတင်းပေးပို့ လာပါသည်။

၁၅ နှစ်ကျော် လျှောက်သွားနေတဲ့ အမေ့သားငယ်များရဲ့ အိမ်အပြန်လမ်းခရီးကို စောင့်ကြိုနေသူများ






သွေးရင်းညီကိုယ်တွေ ပြန်ဆုံပြီ



ဒီတခါ ငါတို့ ကို သွေးခွဲခဲ့တဲ့ ခွေးတွေကို အပြတ်ပြန်ဆော်မယ် လို့  တိုးတိုးလေး ပြောသံ ကြားလိုက်ရတယ်




သိတ်လှတဲ့ပန်းချီကားတချပ်နဲ့တူတယ်။

11ReadMore-2.jpg

သက်ဆိုင်သူ

ချစ်သူရေ

အရင်လို ယုံကြည်မှုတွေ
နွေးထွေးမှုတွေ
ပျော်ရွှင် ကြည်နူးစရာတွေ
မရှိတော့တဲ့
ချစ်သူနဲ့ ကျွန်မတို့
အချစ်တွေကို
ဘယ်အရာကများ
ပြန်လည်နီးစပ်စေမှာလဲ...


နားလည်ယုံကြည်မှုတွေနဲ့
အနေဝေးရင်
သွေးအေးတယ်ဆိုတဲ့
အဆိုကို
ချစ်သူရေ ကျွန်မလေ....
ဟားတိုက်ပြီး
ရယ်ခဲ့ဖူးတယ်


ဒါပေမယ့်လည်း ချစ်သူရယ်
ဘယ်အရာတွေကများ
အဲလောက် ပြောင်းလဲစေခဲ့တာလည်း
ကျွန်မတွေးမိတိုင်းရင်နာမိတယ်


ချစ်သူကို ချစ်ပေမယ့်
ွှအရင်လို ယုံကြည်မှုတွေ
မရှိချင်တော့တဲ့
ကျွန်မရဲ့ချစ်သူကို စိုးရိမ်မိတဲ့
ိစိတ်တွေကို
ထိန်းချုပ်နိုင်အောင်
ကြိုးစားပေမယ့်လည်း

ချစ်သူကိုဖုန်းဆက်တိုင်း
မအားလို့ပါဆိုတဲ့ အသံကို
ကြားတိုင်း ခံစားခဲ့ရတာပါ...


တကယ်ဆို
ချစ်သူသာကျွန်မကို
အရင်လို အချစ်မျိုးနဲ့
ချစ်သေးမယ်ဆိုရင်......
ချစ်သူကိုယ်တိုင်
ဆက်သွယ်ရမှာပေါ့နော်


အခုတော့....ကျွန်မ
အကြောက်ဆုံး
ရင်မဆိုင်ချင်ဆုံး
လမ်းခွဲရအောင်ဆိုတဲ့
စကားကို

မပြောချင်ပေမယ့်
ရင်နာနာနဲ့ ကျွန်မအရင်
ပြောပါရစေ..
ကျွန်မ ထပ်ပြီး မခံစားနိုင်တော့လို့ပါ....   
ဒီကဗျာလေးနဲ့အတူနုတ်ဆက်ခဲ့တယ်

မေလ်းထဲကပိုပေးလာတဲ့သူငယ်ချင်း အား ကျေးဇူးတင်ပါသည်။

11ReadMore-2.jpg

Template by:

Free Blog Templates