Monday, November 8, 2010

မြ၀တီတိုက်ပွဲ အခြေအနေ


အပျက်အဆီးများမှာ- ကမ်းနားလမ်းတွင် ဓါတ်ဆီရောင်းသောအိမ်တစ်အိမ်၊ အစိုးရရုံး (၆)ရုံး၊ မီးလောင်သွားပြီး အမှတ်(၁) ရပ်ကွက် မှ ဘုန်းကြီးကျောင်းမှာ နအဖ မှ ပစ်ခတ်သောလက်နက်ကြီး ကျည်ထိမှန်ပြီး မီးလောင်ပျက်ဆီးခဲ့ပါသည်။ ယနေ့နံနက် (၆) နာရီထိုးခါနီးတွင် လက်နက်ကြီး ပစ်သံ (၃) ချက်ကြားရပါသည်။ ကမ်းနား

တွင်ဝင်လာသော နအဖ တပ် အင်အား (၃၀) ခန့် ကို DKBA မှ လှမ်းပစ်သဖြင့် နအဖ တပ်
မှာ လာရာလမ်းအတိုင်းပြန်လှည့်သွားပါသည်။ မနေ့ညတွင် ဖားအံရှိ ဗိုလ်ချစ်သူ ကို နအဖ မှခေါ်သွားကြောင်းသတင်းရရှိပါသည်။ ယနေ့မနက်တွင် မြ၀တီတွင်တပ်စွဲနေသော ဗိုလ်မှုးချုပ်နှုတ်ခမ်းမွှေးအဖွဲ့ ဆီသို့ ဗိုလ်ချစ်သူလက်အောက် ဒုဗျုဟာမှုး ဗိုလ်ကတုံး ဦးဆောင်သော BGF အဖွဲ့လက်တကမ်းအကွာထိရောက်လာပြီးနှစ်ဦးနှစ်ဖက် ညှိနှိုင်းပြောဆိုမှု့များရှိခဲ့ပါသည်။ ယခုချိန်တွင် ဗိုလ်မှုးချုပ်နှုတ်ခမ်းမွှေးအဖွဲ့သည် မြ၀တီမြို့တွင်းမှ ထွက်ခွါခဲ့ပြီး ကြံခင်း အရပ်တွင် နေရာယူထားပါသည်။ ယခုသတင်းရေးနေချိန်တွင် နအဖ မှ ဗိုလ်မှုးကြီး သန်းဝင်း နှင့်ညှိနှိုင်းနေပြီး အဆင်မပြေပါက ဒေသစံတော်ချိန် နံနက် ၁၀ နာရီနောက်ပိုင်း တိုက်ပွဲ များပြန်စနိုင်ပါသည်။

http://www.karenunited.com/

11ReadMore-2.jpg

စစ်ရေးမဟာမိတ်ပြုထားသော တိုင်းရင်းသားတပ်မတော်များသို့ ပန်ကြားချက်


မတရားမှုတွေကြောင့် တရားသောစစ်ကို ဆင်နွှဲရပြီဖြစ်တယ်။
ဗမာ လူမျိုးအများစုအပါအ၀င် ကျနော်တို့ တိုင်းရင်းသားအားလုံး ညီညီညွတ်ညွတ်နဲ့ တောင်တန်းပြည်မ မကျန် ပူးပေါင်း တော်လှန် ဆောင်ရွက်မှ ကျနော်တို့ လိုချင်တဲ့ စစ်မှန်တဲ့ဒီမိုကရေစီကိုရမယ်။
ကျနော်တို့  နဲ့ တူ တူ ငြိမ်းချမ်းရေး ၊ လူ့ အခွင့်အရေး ၊ ဒီမိုကရေစီနဲ့ အမှန်တရားကိုမြတ်နိုးတဲ့ တပ်မတော်သားများလဲ အမိမြေရဲ့ နေရာအနှံ့ က ပူးပေါင်းပါဝင်ကြပါလို့ဖိတ်ခေါ်ပါတယ် ။

ပြည်တွင်း က အနိုင်ကျင့် ခံ အညာ ခံရတဲ့ ဒီမိုကရေစီမြတ်နိုးသူ အင်အားစုအားလုံး လက်တွဲပါဝင် ပူးပေါင်းပြီး လက်တဆုတ်စာ နအဖ စစ်မိစ္ဆာ အာဏာရှင်တစုကို ပြည်ထောင်စုစိတ်အစစ်နဲ့ တော်လှန်ကြပါ။


ဗိုလ်မှူးချုပ်စောလားဘွယ် (DKBA

11ReadMore-2.jpg

ဗိုလ်မှုးချုပ်စောလားပွယ်ပန်ကြားချက်

အဲခါန်.သင့်(အဲခေါင်သောင့်)

         
       

     

     

ဒီကေဘီအေခေါင်းဆောင် စောလားဘွယ် ပန်ကြားချက်
Monday, November 08, 2010 6:38 PM


ကျနော်တို့  တိုက်နေပြီ။ ရွေးကောက်ပွဲကိုလက်မခံဘူး။ ဘောဒါဂတ်မလုပ်နိင်ဘူး။


ပြည်သူလူထုတွေငတ်ကုန်တာကိုလက်ပိုက်မကြည့်နိင်ဘူး။


 ကျနော်တို့ စောဘဦးကြီးမူလေးချက်မရမချင်းဆက်လက်တိုက်ပွဲဝင်မယ်။


ကျနော်တို့  ဒေါ်အောင်ဆန်းစုကြည်၊ ကျောင်းသားတွေနဲ့ အတူ လက်တွဲတိုက်ပွဲဝင်သွားမယ်။


 တခြားအဖွဲ့ တွေလတည်း ကျနော်တို့ နဲ့ အတူတိုက်ပွဲဝင်ကြပါ လို့ ပြောချင်တယ်။

11ReadMore-2.jpg

နအဖ ဒုရင်းမှူးတစ်ဦး အဖမ်းခံရ

သောသီခိုမှ....


ဝေါလေခီးဒေသအခြေစိုက် နအဖ ဒုရင်းမှူး သက်နိုင် ဦးဆောင်တပ်ဖွဲ့ နှင့် ကေအဲန်ယူ တပ်ရင်း ၁၀၁ ရှေ့တန်းနယ်မြေတွင် လှုပ်ရှားနေသောရဲဘော်များနှင့် ကလော်ခီးအရပ်တွင် ရင်ဆိုင်တိုက်ပွဲဖြစ်ပွားရာ ဒုရင်းမှူးသက်နိုင် အရှင်ဖမ်းဆီးခံရကြောင်း သတင်းရရှိပါသည်။ လက်နက်မျိုးစုံ ၁၁ လက် ကေအဲန်ယူဖက်မှ သိမ်းဆီးရရှိကြောင်း သတင်းရရှိပါသည်။ နှစ်ဖက် အသေအပျောက် သတင်းမရရှိသေးပါ။

11ReadMore-2.jpg

ဗိုလ်ချစ်သူကို နအဖ က ဖမ်းသွားပြီ ။

နေလည် ၃ နာရီခန့် က ဂျပန်မှာ ပြန်လာတဲ့ ဗိုလ်ချစ်သူကို နအဖ က ဖမ်းသွားပြီလို့ သိရပါတယ်။ သူက စစ်မတိုက်ခြင်တော့ပါ။ စောဘဦးကြီး မူ ၄ ချက်ကို ကားပါမစ်နဲ့ လှဲစား လိုက်တဲ့အတွက် ကျန်တဲ့ဒီကေဘီအေရဲဘော်များ က သူကို အမြင်မကြည်ကြ တာကြာပြီးဖြစ်ပါတယ်။


http://komoethee.blogspot.com

11ReadMore-2.jpg

ဖိအားတွေကြောင့်တိုက်တယ်လို့ SSA- South ခေါင်းဆောင် ပြော

ဧရာဝတီသတင်း


ထိုင်း- မြန်မာနယ်စပ် မြဝတီမြို့မှာ ဖြစ်ပွားနေတဲ့ DKBA က ဗိုလ်မှူးကြီး နှုတ်ခမ်းမွေး တပ်တွေနဲ့ စစ်အစိုးရတပ်တွေကြားက တိုက်ပွဲတွေ ဟာ DKBA တပ်တွေအပေါ်ကို စစ်အစိုးရက ဖိအားပေးလွန်းတာကြောင့် ဖြစ်တယ်လို့ ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) SSA- South ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီး ရွက်ဆစ်က ဒီနေ့မှာပဲ ပြောဆိုလိုက်ပါတယ်။

တရားမျှတမှု မရှိတဲ့ရွေးကောက်ပွဲကို ကျင်းပခဲ့ခြင်းဟာလည်း ဒီတိုက်ပွဲတွေဖြစ်ပွားစေတဲ့ နောက်ထပ် အကြောင်း အရင်းတခုဖြစ်တယ်လို့ SSA- South ခေါင်းဆောင်က ဌာနချုပ် လွိုင်တိုင်းလျန်းကနေ ဧရာဝတီကို တယ်လီဖုန်းနဲ့ ပြောဆိုပါတယ်။

အခုတိုက်ပွဲဟာလည်း စစ်ရေး အကဲခတ်တွေ ပြောဆိုနေတဲ့အတိုင်း ရွေးကောက်ပွဲနောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင်တွေကို ချေမှုန်းတဲ့ သဘောမျိုး ဟုတ်၊ မဟုတ် ဆိုတာကိုလည်း SSA- South က အထူး စောင့်ကြည့်နေပါတယ်လို့လည်း SSA- South ခေါင်းဆောင်က ပြောဆိုပါတယ်။

SSA- South အဖွဲ့ဟာ ခန့်မှန်းချေ အင်အား ၇ ထောင်အထက် ရှိတယ်လို့ စစ်ရေးလေ့လာသူတွေက သုံးသပ် ကြပါတယ်။

11ReadMore-2.jpg

ဒီကေဘီအေ တပ်ဖွဲ့က ဘုရားသုံးဆူမြို့ကို စတင် သိမ်းပြီ

နိုဝင်ဘာလ ၈ရက်။ ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့တွင် ယနေ့မနက် ၁၁နာရီကျော်အချိန် နအဖနှင့် ဒီကေဘီအေတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွား ခဲ့ပြီးနောက် မွန်းလွဲ ၂နာရီကျော်အချိန်တွင် ဒီကေဘီအေဘက်က ဘုရားသုံးဆူမြို့ကို စတင် သိမ်းလိုက်ပြီဟု သိရသည်။

ကေအဲန်ယူ တပ်မဟာ(၆)ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ကြီးစောထဲနေက “ဒီမနက် ၁၁း၁၅မိနစ်အချိန်မှာ ဗိုလ်နော်တယာ ဦးဆောင် တဲ့ ဒီကေဘီအေ တပ်ရင်း(၉၀၇)နဲ့ နအဖ ခလရ(၂၈၃)၊ ခမရ(၄၀၅)တပ်ရင်းတို့ကြား ဘုရားသုံးဆူနှင့် မဲ့ကသာသွားရာလမ်း ရပ်ကွက်(၄) နအဖ တပ်စခန်းမှာ တိုက်ပွဲ စတင်ဖြစ်ပွားတယ်။ လောလောဆယ်တော့ နအဖတပ်တွေ တပ်ကုန်းကို အကုန်နေ ရာရွှေ့လိုက်ပြီ။”ဟု ပြောသည်။

လက်ရှိအချိန်တွင် ဘုရားသုံးဆူမြို့တ၀က်ခန့်ကို ၀င်ရောက်သိမ်းဆည်းနိုင်ပြီဖြစ်သလို နအဖ ကြေးနန်းဆက်သွယ်ရေးရုံး၊ စိုက် ပျိုးရေးရုံးကို ဒီကေဘီအေ တပ်ဖွဲ့ဝင်များက ၀င်ရောက်မီးရှို့ဖျက်ဆီးလိုက်ပြီဖြစ်ကြောင်း စောထဲနေက ပြောသည်။

နအဖ ခလရ(၂၈၃)မှ စစ်ဗျူဟာ(၃)ထံသို့ အစီရင်ခံ တင်ပြရာတွင် ဒီကေဘီအေအဖွဲ့မှ အေ၀မ်း ဦးစီးသော အင်အား ၆၀ဦး သည် ဘုရားသုံးဆူ အခြေစိုက်သည့် ၎င်းတို့နယ်စပ်စခန်းအား လက်နက်ငယ်များဖြင့် ၀င်ရောက်တိုက်ခိုက်သဖြင့် နအဖဘက် မှ ၄၀-မမ ဖြင့် ပြန်လည်ခုခံနေကြောင်း ဖော်ပြထားသည်။

ကေအဲန်ယူ တပ်မဟာ(၆) ဗျူဟာမှူး ဗိုလ်မှူးကြီးစောဂျိုးဆွာက ဒီကေဘီအေအနေဖြင့် ရှေ့ဆက် စစ်ရေးအရ အကူအညီ တောင်းခံလာပါက လက်တွဲလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထိုဒေသတွင် ဒီကေဘီအေတပ်ဖွဲ့အပြင် ကေအဲန်ယူ/ကေအဲန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီနှင့် မွန်ပြည်သစ်ပါတီ အဖွဲ့ ၀င်များလည်း အခြေစိုက် လှုပ်ရှားလျှက်ရှိသည်။

ဘုရားသုံးဆူမြို့တွင်း၌ ယခုလို တိုက်ပွဲဖြစ်ပွားမှုကြောင့် မြို့ခံများ အထိတ်တလန့် ဖြစ်ပွားနေသည့်အပြင် အထုပ်အပိုးများ ပြင် ဆင်နေကြောင်း မြို့ခံတစ်ဦးက ယခုလို ပြောသည်။

သူက “အစိုးရတပ်နဲ့ ဒီကေဘီအေတပ်တွေ ပစ်ပြီ။ အခု မြို့ခံတွေကတော့ ကိုယ့်အထုပ်အပိုးတွေ သိမ်းဆည်းကြပြီ။”ဟု ပြော သည်။

11ReadMore-2.jpg

Fighting in Myawaddy! 1

11ReadMore-2.jpg

Fighting in Myawaddy(2)

11ReadMore-2.jpg

Sunday, November 7, 2010

ကြိုက်ရာလမ်းကိုရွေးပေတော့ စစ်အစိုးရသစ် ကြံ့ဖွံ့ရေ

      စစ်အစိုးရရဲ့ တရားမျှတမှုမရှိတဲ့ရွေးကောက်ပွဲကြောင့်ငါတို့ကရင်ပြည်သူတွေလက်မခံနိုင်ဘူးဆိုတာ
ရွေးကောက်ပွဲတောင်မပြီးခင်ကရင်ပြည်ကိုစစ်မီးနဲ့အတူ မွေးပွါးခဲ့ပြီး အရာရာတိုင်းကိုတင်းတိမ်တတ်
တဲ့ကရင်အရာရာတိုင်းကိုသီးခံခွင့်လွတ်တတ်တဲ့ကရင်ကိုနိုင်ငံရေးအသိအားနည်းပါတယ်လို့အထင်သေး
ခဲ့တဲ့ နအဖအတွက်အခုကရင်အမျိုးသားတွေလက်နက်ကိုပုခုံးထက်မှာထမ်းပြီးကရင်အမျိုးသားတို့ရဲ့ရပိုင်ခွင့်
အခွင့်အရေးတွေကို   ဆန္ဒပြတောင်းဆိုနေပါပြီးကဲ မတရားတဲ့နည်းမျိုးစုံနဲ့ အနိုင်ရတဲ့ကြံ့ဖွံ့အစိုးရသစ် ဘယ်လိုဖြေရှင်းမှာလဲ
အမှန်ကတော့ဒီနေ့နိုဝင်ဘာလ(ရ)ရက်နေ့ဟာမဆလခေတ်ကတည်းကပေးထားခဲ့တဲ့ကရင်ပြည်နယ်
အတုအယောင်ကို နိုဝင်ဘာလ(၇)ရက်နေ့ကျရောက်တိုင်း  ကရင်မျိုးသားတွေဘားအံမြို့ ကရင်ပြည်နယ်
ခန်းမတည်ရှိရာရုံကုန်းမှာ နှစ်စဉ်ကျင်းပလာခဲ့တဲ့ ကရင်ပြည်နယ်နေ့ဖြစ်ပါတယ်အဲဒီကရင်ပြည်နယ်
နေ့ဟာ ပြီးပြည့်စုံတဲ့ကရင်ပြည်အဖြစ်   ကရင်လူမျိုးအတွက်သက်ရောက်မှုမရှိတဲ့  အတုအရောင်
ကရင်ပြည်နယ်ဖြစ်သော်ငြားလည်း   ကရင်လူမျိုးတွေစုစည်းပြီးအမျိုးသားရေး စာပေ၊ ယဉ်ကျေးမှုစတဲ့  အမျိုးသားရေးအခွင့်အရေးတစ်ချို့ ကို မဟာဗမာစစ်အစိုးရဖိနှိုပ်မှုကြားကဆွေးနွေးညှိနှိုင်းဖေါ်ထုတ်နိုင်ခဲ့တဲ့
နေ့ထူးနေ့မြတ်တစ်နေ့ လည်းဖြစ်ပါတယ်
        ထို့ကြောင့်လည်းဘဲ    နအဖ  စစ်အစိုးရရဲ့   ကရင်လူမျိုးအပေါ်ထားတဲ့သဘောထားအမှန်တစ်ခု
ဖြစ်တဲ့ကရင်တွေနောင်တစ်ချိန်မြင်ချင်ရင်ပြတိုက်မှာသွားကြည့်ဆိုတဲ့ကရင်အမျိုးသားအားအမျိုးတုံး
သုတ်သင်ရေးအစီအစဉ်ကိုနောက်နှေးစေတဲ့အကြောင်းရင်းထဲမှာကရင်ပြည်နယ်နေ့ဟာတစ်ခုအပါ
အ၀င်ဖြစ်ပါတယ် အဘယ်ကြောင့်ဆိုသော်ကရင်ပြည်နယ်နေ့တွင်ကရင်အမျိုးသားများဇါတိသွေးဇါတိမာန်
မျိုးချစ်စိတ်ဓါတ်ကိုရှင်သန်ထက်မြှက်စေတဲ့အတွက်ကရင်အမျိုးသားစာပေယဉ်ကျေးမှုမျိုးချစ်ပုဂ္ဂိုလ်များကို
မွေးထုတ်ပေးရာနေ့တစ်နေ့ဖြစ်နေခြင်းကြောင့် (၂၀၁၀)ရွေးကောက်ပွဲကိုကရင်ပြည်နယ်နေ့ကျင်းပမြဲဖြစ်
တဲ့နိုဝင်ဘာလ(၇)ရက်နေ့ကိုပြုလုပ်ခြင်းအားဖြင့်အလိုအလျှောက်ပျက်ပြယ်စေခြင်းဖြစ်သည်။
          ကဲအခုတော့မှန်းချက်နဲ့နှမ်းထွက်ကိုက်ပါ့မလား ကရင်တွေနိုဝင်ဘာလ(ရ)ရက်နေ့ကျရောက်
တိုင်းအေးအေးချမ်းချမ်းလေးဘဲကိုယ့်အမျိုးသားစာပေယဉ်ကျေးမှုကိုစုပေါင်းဖေါ်ထုတ်နေရာမှ  လုပ်စရာ
ကရင်ပြည်နယ်နေ့လည်းမရှိတော့ ဖိနှိုပ်မှုရှိရင်တွန်းလှန်မှုရှိတယ်ဆိုတာအခုမြ၀တီမြို့ မှာသက်သေပြနေပြီး
လေ ဒို့ကရင်တွေတစ်ဖွဲ့ နဲ့တစ်ဖွဲ့ စည်းလုံးမှုမရှိတဲ့ကြားကမင်းတို့ရဲ့  BGF နယ်ကြားစောင့်အစီအစဉ်ကြောင့်
ကရင်တွေအချင်းချင်းသွေးချောင်းစီးရမဲ့အဖြစ်မျိုးမှ ကရင်တွေလက်မခံနိုင်ဘူးဆိုတာပြသနေပြီးလေ
ငါတို့ကရင်လူမျိုးတွေကို၂၀၁၀ နိုဝင်ဘာလ(၇)ရက်ရွေးကောက်ပွဲဟာငြိမ်းချမ်းပြီးသာယာဝပြောသော
 ဒီမိုကရေစီနိုင်ငံသစ်ကိုတွန်းပို့မှာလား ဆင်းရဲပြီးစစ်မီးဟုန်းဟုန်းတောက်
လောင်နေတဲ့စစ်အာဏာရှင်နိုင်ငံပျက်ကိုတွန်းပို့မှာလားဆိုတာမင်းတို့မဟာဗမာစစ်အစိုးရဘဲရွေးချယ်ပေ
တော့ငါတို့ကရင်အတွက်ရွေးချယ်စရာမလိုတော့ဘူးလေ
           ငါတို့ကရင်အမျိုးသားတွေရွေးချယ်ရမှာကမိမိကရင်လူမျိုးကိုထိပါးနှောက်ယှက်လာတဲ့
အမျိုးသား အန္တရာယ် ရန်စွယ်ဟူသမျှကိုကာကွယ်စောင့်ရှောက်ဖို့ပါဘဲလေ
                        ကဲ ကြိုက်ရာလမ်းကိုရွေးပေတော့စစ်အစိုးရတို့ရေ………

          

11ReadMore-2.jpg

မြဝတီ စစ်ရေး နောက်ဆုံးအခြေအနေ








သန်းထိုက်ဦး

စစ်အစိုးရ တိုင်းမှူးအဆင့် ရှိသူတဦးက တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) တပ်မဟာ ၅ မှတပ် မဟာမှူး ဗိုလ်မှူးကြီး နှုတ်ခမ်းမွေးကို နိုဝင်ဘာလ ၈ ရက်နေ့ (မနက်ဖြန်)တွင် လာရောက်ဆွေ့ဆုံ ဆွေးနွေးရန် ပြင်ဆင်ထား ကြောင်း သတင်းရရှိသည်။

အဆိုပါ စစ်အစိုးရ တာဝန်ရှိသူက ကရင်ပြည်နယ် မြ၀တီမြို့နယ် ရဲစခန်းနှင့် နယ်စပ် ဂိတ်တချို့ကို ယနေ့ DKBA တပ်ဖွဲ့ဝင်များ နေရာယူထားသည့် ဖြစ်ရပ်နှင့် ပတ်သက်၍ လာရောက်ဆွေးနွေးမည်ဖြစ်ကြောင်း ဗိုလ်မှူးကြီး နှုတ်ခမ်းမွှေးက ဧရာဝတီသို့ ပြော သည်။

“မြန်မာ စစ်အစိုးရက ကျနော်တို့လိုချင်တဲ့ အရာရာတိုင်း ပေးပါမယ်လို့ ပြောခဲ့တယ်၊ ကျနော်တို့ သူတို့ကို ပြန်ပြီး ပြောချင်တာ ကတော့ ကျနော်တို့ ကရင်ပြည်နယ်ကို ကျနော်တို့ ပြန်လိုချင်တယ်။ ပြီးတော့ ကျနော်တို့ ကရင် အမျိုးသားခေါင်းဆောင် စောဘဦးကြီးရဲ့ မူဝါဒ ၄ ချက်ကို ဆက်လက် ဆွဲကိုင်သွားမယ်”ဟု ၎င်းက ပြောသည်။

စောဘဦးကြီး၏ မူဝါဒများသည် လက်နက်ကျ စကား အလျဉ် မပြောရ၊ ကရင့်လက်နက် ကရင့်လက်ထဲတွင်ရှိရမည်၊ ကရင့် ကကြမ္မာ ကရင် ဖန်းတီးမည်၊ ကရင်ပြည်ကို အသိအမှတ်ပြုခြင်း စသည်တို့ ဖြစ်သည်။

မဲဆောက်မြို့ရှိ ကရင်အမျိုးသား အစည်းအရုံး(KNU) ခေါင်းဆောင် တစ်ဦးက “သူတို့ (DKBA နှင့် နအဖ စစ်ကြောင်းတွေ) တွေ ဘယ်သူက ပထမစပြီး ပစ်မလဲဆိုတာကို စောင့်နေကြတာ။ တစ်ဖက်ကပစ် ရင်တော့ တိုက်ပွဲဖြစ်မှာတော့ သေချာတယ်” ဟု ၎င်းက ဆိုသည်။

စစ်အစိုးရ ကမ်းလှမ်းထားသော နယ်ခြားစောင့်တပ်ကို DKBA တပ်ဖွဲ့ဝင် အများစုက ပြီးခဲ့သည့် ဇူလိုင် လကုန်ပိုင်းက လက်ခံခဲ့ ကြသော်လည်း ဗိုလ်မှူးကြီး နှုတ်ခမ်းမွေးကမူ ယင်း အစီအစဉ်ကို သဘောမတူသောကြောင့် DKBA တပ်မှ ခွဲထွက်ခဲ့သည်။

အဆိုပါ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး အစီအစဉ်ကို သဘောမတူသဖြင့် ခွဲထွက်သွားသော ၎င်း တပ်ဖွဲ့များနှင့် စစ် အစိုးရ အကြား နှစ်ဘက် တင်းမာခဲ့ကြသည်။

ဗိုလ်မှူးကြီး နှုတ်ခမ်းမွေးသည် ကရင်ပြည်နယ် မြ၀တီမြို့နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်များတွင် လှုပ်ရှားနေသော တပ်ဖွဲ့ဖြစ်ပြီး တပ်အင်အား ၁၀၀၀ ခန့် ရှိကြောင်း သတင်းများအရ သိရှိရသည်။

ဆရာတော် ဦးသုဇနသည် လှိုင်းဘွဲ့မြို့နယ်၊ မြိုင်ကြီးငူဒေသတွင် သီတင်းသုံးနေပြီး DKBAကို ဦးဆောင်ခဲ့သူ အဖြစ်ထင်ရှား သည်။ DKBA သည် ၁၉၉၄ ခုနှစ်တွင် KNU မှ ခွဲထွက်ပြီးနောက် စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲ ကာ တဖြည်းဖြည်း အင်အား ကြီးမားလာသည့် လက်နက်ကိုင် တပ်ဖွဲ့တဖွဲ့ဖြစ်သည်။

11ReadMore-2.jpg

မြ၀တီမြို့ကို ဒီကေဘီအေ ၀င်ရောက်စီးနင်းထား

နိုဝင်ဘာလ ၇ရက်။ ကေအိုင်စီ
နယ်ခြားစောင့်တပ်ကို လက်မခံသည့် ဒီကေဘီအေတပ်ဖွဲ့ဝင်များသည် ယနေ့နေ့ခင်းပိုင်းတွင် မြ၀တီမြို့ကို ၀င်ရောက်စီးနင်း ကာ နအဖ စစ်တပ်နေရာများနှင့် အရေးပါသည့်နေရာများ၌ နေရာဝင်ယူထားလိုက်သည်ဟု သိရသည်။
အဆိုပါစီးနင်းမှုအပေါ် ဒီကေဘီအေ တပ်မဟာ(၅)မှူး ဗိုလ်မှူးချုပ်စောလားပွယ်(ဗိုလ်နှုတ်ခမ်းမွှေး)က ယခုလို ကေအိုင်စီကို အတည်ပြု ပြောဆိုသည်။
“နအဖရဲ့ ရွေးကောက်ပွဲဟာ တရားမျှတမှု မရှိဘူး။ ပြည်သူလူထုတရပ်လုံးအတွက်လည်း တရားမျှတမှု မရှိဘူး။ နောက်ပြီး ဒီရွေးကောက်ပွဲဟာ ကရင်တပ်ဖွဲ့တွေကိုလည်း ဖျက်လိုဖျက်ဆီးဖြစ်အောင် နည်းလမ်းရှာလုပ်နေတာပဲ။ ပြီးတော့ ကရင်လူမျိုး တွေကို မတိုးတက်စေချင်ဘူးလေ။ ဒါကြောင့် တိုင်းပြည်နဲ့ လူမျိုးအတွက် ကျနော်တို့ အဆင်သင့် စပါယ်ရှယ်ရှိနေပါတယ်။”ဟု ဗိုလ်မှူးချုပ်စောလားပွယ်က ပြောသည်။
ယင်းသို့ နေရာယူထားသည့် ဒီကေဘီအေ တပ်ဖွဲ့မှာ တပ်ရင်း(၉၀၂)မှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး စောကျော်သက်၏ တပ်ဖွဲ့ဝင် များဖြစ်ပြီး ဦးစွာ မြို့ပြင်နားရှိ နအဖ တပ်နေရာများမှ တပ်သားများကို အလစ်ဖမ်းဆီးကာ လက်နက်အချို့ကို သိမ်းဆည်းထား လိုက်ကြောင်း ဒီကေဘီအေ တပ်မှူးတစ်ဦးက ပြောသည်။
သူက “ကိုယ့်နဲ့အနီးဆုံး စစ်တပ်နေရာကို အရင်လုပ်လိုက်တော့ သူတို့ရဲဘော်အချို့နဲ့ လက်နက်အချို့ကို သိမ်းလို့ရတယ်။ အခု လောလောဆယ် ဆက်သွယ်ရေး၊ ခရကရုံး၊ ချစ်ကြည်ရေးတံတားအနီးနဲ့ အချို့နေရာတွေကို နေရာဝင်ယူထားပါတယ်။”ဟု ဆို သည်။
မွန်းလွဲပိုင်းအချိန်ထိ ဆက်သွယ်ရေးရုံး၊ မရက၊ ရဲစခန်း အပါအ၀င် အချက်အချာကျသည့် နေရာအတော်များများတွင် ဒီကေဘီ အေတပ်များ ၀င်ရောက်ထားလျှက်ရှိပြီး နအဖ စစ်တပ်ဘက်မှ တစုံတရာ တုန့်ပြန်မှုမရှိသေးကြောင်း ဒီကေဘီအေတပ်ဖွဲ့ဝင် များက ပြောသည်။
ယနေ့မနက်ပိုင်းတွင် နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၂၀၀ကျော်သည် ၎င်းတို့၏ နယ်ခြားစောင့်ဘက်တံဆိပ်များကို မီးရှို့ဖျက်ဆီးကာ မြ၀တီမြို့နယ်ရှိ ဒုဗိုလ်မှူးကြီး စောကျော်သက် ဦးဆောင်သည့် ဒီကေဘီအေတပ်ဖွဲ့နှင့် ပူးပေါင်းခဲ့သည်။

တပ်မဟာ(၅) ဒီကေဘီ တပ်ဖွဲ့ဝင်အချို့

ယနေ့ညဦးပိုင်းအထိ အင်အား ၃၀ခန့်စီရှိသည့် နအဖနှင့် ဒီကေဘီအေ တပ်ဖွဲ့ဝင်များသည် လက်နက်ကြီးငယ်များဖြင့် ချစ် ကြည်ရေးတံတားအောက်တွင် ရှိနေကြောင်း ကိုယ်တိုင်မြင်တွေ့သူ မြို့ခံတစ်ဦးက ကေအိုင်စီကို ပြောသည်။ “ဒီညပိုင်းအထိ တံတားအောက်မှာ စစ်တပ်ကလည်း အင်အား ၃၀လောက်ရှိတယ်။ နောက်ပြီး ဗိုလ်ကျော်သက်ရဲ့ကားကို လည်း တွေ့တယ်။ ကာယကံရှင် ပါမပါတော့ မသိဘူး။ သူ့လူတွေစီးလာတာဖြစ်မယ်။ ဒီကေဘီအေတွေက 79 သေနတ်တွေနဲ့ အာရ်ပီဂျီသီးတွေကိုင်ပြီး ထိုင်းဘက်ခြမ်းကို ကျောပေးပြီး မြို့ထဲဘက်ကို ချိန်ထားတယ်။”ဟု ဆိုသည်။
ယနေ့မနက် ၁၀နာရီကျော်တွင် ဂျပန်သတင်းထောက်တစ်ဦးကို မြန်မာအာဏာပိုင်များက ဖမ်းဆီးလိုက်သည်ဟု သိရပြီးး ကေ အိုင်စီက စုံစမ်းရာ ထိုအခြေအနေကို ရဲတပ်ဖွဲ့က အတည်ပြုပြောဆိုသော်လည်း မည်သည့်အဖွဲ့က ဖမ်းဆီးသည်ကို ၎င်းတို့ မသိရှိကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

11ReadMore-2.jpg

ဗိုလ်မှူးချူပ် စောလားပွဲရဲ့ နအဖ ရွေးကောက်ပွဲနေ့ အမှတ်တရလက်ဆောင်

Kawthoolei Media Service မှ......




Written by DVB
Sunday, 07 November 2010 12:19
ဒီသတင်းက ကောင်းတော့ကောင်းတယ် ဒါပေမဲ့ မျက်စိစပ်တယ်ဆိုသလိုမျိုးဖြစ်နေတယ်။ ကရင်ပါတီကို မဲပေတော့လည်း ဘာထူမလဲ ၊ နအဖ ရဲ့ နာဂစ်ဥပဒေကို ထောက်ခံနေဆဲဘဲလေ။ ဘာဘဲပြောပြောကရင်လူထုကို ခြိမ်းခြောက်လို့ ဒီလိုလုပ်တဲ့ ဗိုလ်မှူးချူပ် စောလားဘွဲ ကိုတော့ ဂုဏ်ယူလေးစားမိတာ အမှန်ဘဲ။ ရှေ့ဆက်ပြီးတော့လဲ ကရင် လူထုအတွက် အရှေ့မှာ မားမားမှတ်မှတ် ရပ်တည်နိုင်ပါစေလို့ မျှော်လင့်ပြီး ဆုတောင်းမေတ္တာ ပို့သပေးလျှက်ပါ ဗိုလ်မှူးရေ...။ ဒီလိုအခြေအနေမျိုးမှာ အခြား စစ်အာဏာရှင်တော်လှန်ရေးနှင့် တိုင်းရင်းသားလူမျိုးစုတွေလည်း နအဖ ကို စစ်မျက်နှာပြင် ပြန်အောင် လုပ်ကြရင် ပြည်သူကပါ အလိုလိုပါလာလိမ့်မယ်ဆိုတာကြိမ်းသေပါတယ်။ မဟုတ်ရင်တော့ နအဖ က အဖွဲ့ခြင်း အမဲ့ခြွေတာ ခံသွားကြရလိမ့်မယ်။
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgAceJ6NX0THUuiyj8q6Q5y_b78g0wAtfpZsRsQN4inrK3fsEAouWmeuiB9POGTzlaymmnKNzynbdbVGl9ITFX1ROa6-xfpAzfQs88h2cuVdsCTYkFBSbAv9gfJ6bfjLGx4Dwael4zfC4I/s1600/12746-2saw+hla+pwel.gif

11ReadMore-2.jpg

ကရင်ပြည်နယ် မြ၀တီမြို့ကို (DKBA) ဗိုလ်နှုတ်ခမ်းမွေး အဖွဲ့က နေ့လယ်ပိုင်းတွင်သိမ်းပိုက်လိုက်ကြောင်း

ငြိမ်းချမ်းရေးဘလော့မှ....




ဖုန်းထဲကဝင်လာတဲ့သတင်းလေးပါ


ယနေ့ ရွေးကောက်ပွဲ ကျင်းပနေစဉ်မှာပင် ကရင်ပြည်နယ် မြ၀တီမြို့ကို တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသား တပ်မတော် (DKBA) ဗိုလ်နှုတ်ခမ်းမွေး အဖွဲ့က နေ့လယ်ပိုင်းတွင် သိမ်းလိုက်ကြောင်း သိရ သည်။ မြ၀တီ ရဲ စခန်း အပါအ၀င် အချက်အချာ ကျသည့် နေရာများကို DKBA တပ်မဟာ ၉၉၉ နှင့် တပ်ရင်း ၉၀၇ တို့က သိမ်းလိုက်ခြင်း ဖြစ်သည်ဟု ဗိုလ်နှုတ်ခမ်းမွေး ခေါ် စောလားပွယ် က ပြောသည်။ ဗိုလ်နှုတ်ခမ်းမွေး အဖွဲ့သည် စစ်အစိုးရ ကမ်းလှမ်းထားသော နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို ငြင်းဆန်သည့် အဖွဲ့ ဖြစ်သည်။ မြ၀တီမြို့ခံ တဦးကလည်း“ မြ၀တီမှာ အခြေအနေမကောင်းဘူး၊ တချို့တွေကတော့ မဲဆောက် ဘက် ရှောင်သွားနေကြပြီ”ဟု ဆိုသည်။

11ReadMore-2.jpg

Saturday, November 6, 2010

ကမ္ဘာ့ပြည်သူတွေက ထုတ်ဖော် ပြောကြပါ - သမ္မကတော်ဟောင်း လော်ရာ ဘုရှ်

ဧရာဝတီဘလော့မှ.....

ထိုင်း-မြန်မာ နယ်စပ်က ကရင်ဒုက္ခသည်စခန်းတခုရှိ စာသင်ခန်းထဲကို အလည်အပတ်ရောက်ခဲ့တဲ့ လော်ရာ ဘုရှ်ပါ။ (ဓာတ်ပုံ - AFP)

အမေရိကန် သမ္မတဟောင်း ဘုရှ်၏ ဇနီး လော်ရာ ဘုရှ်က မြန်မာစစ်အစိုးရရဲ့ တရားမမျှတသော ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ထုတ်ဖော်ပြောဆိုကြဖို့ ကမ္ဘာကို တိုက်တွန်းလိုက်ပါတယ်။

“ဒီကိစ္စကို ထုတ်ဖော် ပြောဆိုကြဖို့နဲ့ မြန်မာ ပြည်သူလူထုထံ ရနိုင်တဲ့ ဖြစ်တဲ့ နည်းနဲ့ ပြောဆိုအားပေးကြဖို့ ကမ္ဘာက လုပ်ပေးနိုင်ကြပါတယ်” လို့ သတင်းမှောင်ချခံထားရတဲ့ မြန်မာပြည်သူတွေကို ရည်ညွန်းပြီး RFA နဲ့ အင်တာဗျူးမှာ မစ္စက် လော်ရာ ဘုရှ်က ပြောသွားပါတယ်။

အမေရိကန်နဲ့ ဥရောပနိုင်ငံများရဲ့ မြန်မာပြည်သံရုံးများက စစ်အစိုးရရဲ့ ဟန်ပြ ရွေးကောက်ပွဲ လေ့လာရေးခရီးစဉ်ကို မလိုက်ကြဖို့လည်း တိုက်တွန်းပြောဆိုပါတယ်။

“ကမ္ဘာတလွှားက လူတွေ အများကြီး အများကြီးက မြန်မာပြည်သူတွေအတွက် စောင့်ကြည့်နေပါတယ်၊ အလေးထားပါတယ်” လို့ လော်ရာ ဘုရှ်က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီးတော့လည်း လော်ရာဘုရှ်က ဒီလိုပြောပါသေးတယ်။

“ကမ္ဘာတလွှားမှာ သူ့ကို အားပေးနှစ်သက်နေသူပေါင်း များစွာ ရှိပါတယ်ဆိုတာကို သူသိစေချင်ပါတယ်။ နိုင်ငံတလွှားက လူထုတွေ၊ တိုင်းရင်းသားလူမျိုးစုတွေနဲ့ မြန်မာပြည်သူတွေအတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဆက်မပြတ် အားပေးဆောင်ရွက်မှုတွေအတွက်ရယ်၊ သူ့ရဲ့ လှပ ငြိမ်းချမ်းတဲ့ သဘောထားတွေ အတွက်ရော လူတွေက သူ့ကို အားပေးနှစ်သက်ကြပါတယ်”

11ReadMore-2.jpg

Template by:

Free Blog Templates